Showing posts with label funny. Show all posts
Showing posts with label funny. Show all posts

သစ်ခုတ်သမား ပုံပြင်သစ်



သစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာလေညှင်းခံနေစဉ် လှည်းကို ကုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ ကျလေ၏။
ထိုအခါ ကျယ်လောင်စွာ ငိုယိုအော်ဟစ်နေသောကြောင့် မြစ်စောင့်နတ်သည် ဘွားကနဲပေါ်လာ၏။ မြစ်စောင့်နတ်သည်
ချက်ချင်းမြစ်အတွင်းမှနေ၍ မော်တော်ကားတစ်စီးနှင့်အတူပြန် ပေါ်လာ၏။

” ဒါ သင့် ပစ္စည်းလား..”
” ဟုတ်ပါတယ် ဟုတ်ပါတယ်…ဒါကျနော့်ပစ္စည်း…ဒါ….ဒါကျနော့်ဟာ အစစ်ပါ ”
ထိုအခါ မြစ်စောင့်နတ်လည်းအရမ်းဒေါသထွက်သွား၏။
” မင်းဟာတကယ်တော့ လူလိမ်လူညာပဲ။ ဒါ တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ။
မင်းပစ္စည်းမဟုတ်ဘူး”
ထိုအခါ သစ်ခုတ်သမားမှ တောင်းပန်စကားဆိုလေ၏။
” အိုမြစ်စောင့်နတ်မင်း၊ ကျနော့်အား ခွင့်လွှတ်တော်မူပါ။ တကယ်လို့
ကျနော်က မဟုတ်ဘူးလို့ပြောရင် အသင်နတ်မင်းက နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံမှ
ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ ကားကို
ပြပါလိမ့်မယ်။ ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့် လှည်း အဟောင်းကြီး ကို
ပြန်ဆယ်လာမှာ သေချာပါတယ်။ ဒီလိုဆယ်လာမှ အဲဒါ ကျနော့်
လှည်းပါလို့ပြောလိုက်ရင် နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့
ကျနော့်လှည်းဟာ စလစ်နဲ့ နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ ဒါကြောင့် ပထမ
ချယ်ရီကားမှာကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိ တာပါခင်ဗျာ ”

ရဲစတိုင်း
The Myanma Age
အပြည့်အစုံသို့ »

ဟာသလေးများ


သူငယ်ချင်းနှစ်ဦး မူးပြီးပြန်လာကြသည်။

အိမ်ပြန်ရောက်အောက် မပြန်နိုင်ဖူးဟု ယူဆကြသဖြင့် တည်းခိုခန်းတစ်ခန်းတွင်ဝင်အိပ်ကြသည်။

အခန်းထဲရောက်တော့ မူးမူးနှင့်မီးခလုပ်လိုက်စမ်းကြသည်။ မတွေ့။ သို့နှင့် အမှာင်ထဲမှာပဲ အိပ်ဖို့ပြင်ဆင်ကြသည်။

နှစ်ယောက်သား ခုတင်ပေါ်တက်ကြရင်း တစ်ယောက်ကိုတစ်ယောက် စမ်းမိကြသည်။

" ဟေ့ရောင်သူငယ်ချင်း ငါ့ခုတင်မှာ လူတစ်ယောက်ရှိနေတယ်ကွ ငါ့ကိုလာစမ်းနေတယ် "

"အေး... ငါ့ခုတင်ပေါ်မှာလည်း လူတစ်ယောက်ရှိနေတယ် ဒီကောင်လည်းငါ့ကို လာစမ်းနေတယ.်.မထူးဘူးဟေ့ရောင် ကိုင်ပေါက်ကြရအောင် "

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကိုင်ပေါက်ကြသည်။
တစ်ယောက်ခုတင်ပေါ်တွင် ကျန်၍ တစ်ယောက်ခုတင်အောက်ကျသွားသည်။ 
ခုတင်အောက်က ငမူးက ဤသို့ပြော၏။

"ဟေ့ရောင် သူငယ်ချင်း ငါ့ခုတင်ပေါ်ကကောင်ကို ငါမနိုင်ဘူး ဒီကောင်က ဗလကောင်းတယ်ကွ ငါ့ကိုခုတင်ပေါ်က ပစ်ချတယ် "

ခုတင်ပေါ်ကျန်နေသောငမူးကဤသို့ပြောသည်။

"ငါ့ခုတင်ပေါ်ကကောင်ကိုတော့ ငါကန်ချလိုက်ပြီ
ထူးပါဘူး သူငယ်ချင်းရယ် လာငါနဲ့ပဲ လာအိပ်တော့ "

ချစ်ချစ်ခင်ခင်နှင့်ဖက်အိပ်ကြ လေ၏။ ။

credit >ကိုဆန်း

-------------------------------------------------------------------------------------------------------

ဒါမျိုးလာကျောလို့ကတော့ ဘယ်ရမလဲ 

အမေရိကန်တိုးရစ်တစ်ယောက်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေရင်း taxi ကားဖြင့် ရန်ကုန်မြို့ကို ပတ်လေသည်။ 

ဒရိုင်ဘာမှာ မြန်မာလူမျိုး ဖြစ်သည်။ သွားရင်းလာရင်းနှင့်  ဘုရင့်နောင် ဂုံးကျော်တံတားသို့ ရောက်လာသည်။ ထိုအခါ အမေရိကန်ကြီးမှ မေးလိုက်သည်။ 

" ဟေ့....... ဟိုတံတားက ဘာတံတားလဲ...."

" ဘုရင့်နောင်ဂုံးကျော်တံတား လို့ ခေါ်ပါတယ်......"

" တံတားဆောက်တာ ဘယ်လောက်ကြာလဲကွ......"
"၁နှစ်လောက်တော့ကြာ ပါတယ်...."

" ဒါမျိုးတံတားတွေကို ငါတို့ အမေရိကန်မှာ ဆို၇င် ၆လလောက်နဲ့ပြီးတယ်....."

ထို့နောက် ဆက်မောင်းလာရင်း လှည်းတန်း တံတားနား ရောက်လာသည်။ အမေရိကန်တိုးရစ်မှ ထပ်မေးပြန်သည်။

" ဒါကရောဘာတံတားလဲဟ..."
"လှည်းတန်းကုန်းကျော်တံတားလို့ ခေါ်ပါတယ်......"
"ဘယ်လောက်ကြာလဲဆောက်တာ......"

" ၈လလောက်တော့ရှိတယ်...."

" အင်း.... ဒါမျိုးဆိုရင်တော့ ငါတို့ဆီမှာ ၂လလောက်နဲ့ ဆောက်လို့ရတယ်......"

မြန်မာလူမျိုးကားသမားသည် နည်းနည်းတော့ ဒေါသထွက်လာသည်။ ဒီအမေရိကန်တိုးရစ် သက်သက်လာ ကြွားနေတာခံရသည်။ ကားဆက်မောင်းလာရင်းနှင့် ရွှေခုံတိုင်ဂုံးကျော်တံတားပေါ်သို့ ရောက်လာသည်။ အမေရိကန် တိုးရစ်က မေးပြန်သည်။

" ဒီတံတားကရော ဘာတံတားလဲဟင်......"

ကားသမားက ပြန်ဖြေလိုက်သည်မှာ...

" ကျွန်တော်လည်း မသိပါဘူးခင်ဗျာ.......မနက်ကလာတုန်းက ဒီမှာ ဘာမှမရှိသေးဘူး........"

ငင်..!!!

ငှင်းငှင်း...သေတောင်သွားဦး မယ်..

Credit - Original Writer


မချိုမချဉ်ဟာသများ 
အပြည့်အစုံသို့ »

လူမှု ဆက်ဆံရေးတွင် အပြောနှင့် မတူညီသော ရလဒ် နှင့် အဓိပ္ပါယ်များ



စကားဆိုတာ ပြောတာနဲ့ တကယ် ရလဒ်နဲ့က အမြဲ မတူ နိုင်ပါဘူး။ ဥပမာ May be ဆိုရင် Diplomatic မှာ No လို့ ပြောသလိုမျိုးပဲ သာမန် လူမှု ဆက်ဆံရေးမှာလည်း ကွဲပြား မှုများ ရှိနေ ပါတယ်။ ဥပမာ -

၁။ ‘အဲ့ဒီအစီစဉ်ကောင်းတယ်။ ငါလိုက်နိုင်မလိုက်နိုင် ပြန်အကြောင်းပြန်မယ်လေ’ အဲ့ဒါ မလိုက်တော့ဘူး၊ မပါတော့ဘူးလို့ ပြောတာနဲ့ မကွာပါဘူး။

၂။ ‘ရိုင်းတာတော့ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင်’ အဲ့ဒါ တစ်ဖက်သား နားမခံနိုင်မယ့် စကားမျိုးတွေ ထွက်လာပါလိမ့်မယ်။ ၃။ ‘အင်းပါ စိတ်ချ သူတို့ကို ငါဘယ်တော့မှ မပြောဘူး’ အဲ့ဒါ သူတို့ကို မပြောပေမယ့် အခြားလူတွေကို ပြောပါလိမ့်မယ်။ ၄။ ‘အဲ့ဒါနဲ့ အဆင်ပြေပါတယ်။ (သို့မဟုတ်) အဲ့ပုံစံနဲ့လည်း ကြည့်ကောင်းပါတယ်။ ‘ ‘ငါဆိုရင် အဲ့လိုမျိုး တစ်ခါမှ ဝတ်စားမှာ မဟုတ်ဘူး။ အချိန်မရတော့လဲ ဘယ်တတ်နိုင်မလဲ အဲ့သလိုပဲ လိုက်ခဲ့’

၅။ ‘ခုလို ခင်ရလို့ ဝမ်းသာတယ်။ နောက်မှ အေးဆေးတွေ့ကြတာပေါ့’ မျော်လင့်မနေပါနဲ့ သင့်ကို သူငယ်ချင်း မိတ်ဆွေ စာရင်းထဲ မထည့်ပါဘူး။

၆။ Congratulation ပါ သယ်ရင်း။ ဒမင်းတို့ နှစ်ယောက် မင်္ဂလာပွဲ အတွက်တာ့ ဝမ်းသာတယ်ကွာ…’ ငါကတော့ လူပျိုလူလွတ်ဘဝမှ အေးဆေးပဲ။ မင်းတို့တော့ ဒုက္ခရောက်ပေတော့

၇။ မင်တို့တွေ ကျောင်းပြီးကတည်းက ဘာတွေ လုပ်ဖြစ်ကြသလဲ ပြောစမ်းပါအုံး ‘ငါတို့ထဲက ဘယ်သူဟာ ကျောင်းပြီးကတည်းကက ဒီအချိန်မှာ အအောင်မြင်ဆုံးလည်း ဆိုတာကို ကြည့်ရသေးတာပေါ့’

၈။ ဟုတ်လား။ ဖုန်းထဲစာရောက်လာမှန်း ငါမသိလိုက်ပါဘူး။ များသောအားဖြင့် အဲ့ဒါ စာဖတ်ပြီးသားရဲ့ တမင် မပို့ပဲ ထားပြီး တစ်ဖက်သား စိတ်ချမ်းသာအောင် ပြောတာပါ။

၉။ တ⁠တ်နိုင်သလောက် ကြိုးစားပေးကြည့်မယ်လေ။ မရတော့ပါဘူးဆိုမှ ဇွတ်ပဲ။ စိတ်ချမ်းသာအောင်တော့ ပြောပေးလိုက်ပါမယ်။

၁၀။ မင်းကို တကယ် ရိုသေပါတယ်။ အဲ့ဒါ လုံးဝ မရိုမသေတာ ပါပဲ…

မှတ်ချက် – ရယ်စရာ သက်သက်သာ

(အမှန်စင်စစ် – အယူအဆ ကွဲလွဲချက်များ မတူညီသည့်အခါ ငြင်းရမှာ ကြော်က်သဖြင့် ‘ရယ်စရသက်သက်သာ’ ဟု စကားခံခြင်းဖြစ်သည်။ )

အောင်ခမ်း (ရိုးရာလေး)
အပြည့်အစုံသို့ »

” မစွပ်စွဲပါဘူး..” (ဟာသ)



ကိုမိုးကြီးက ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ နယ်ဘက်မှာ တံတားဆောက်ဖို့ တာဝန်ကျတယ်။

သူ့မိန်းမက ကျောင်းဆရာမ၊ မြို့ပေါ်မှာ တာဝန်ကျတယ်။
ဒီတော့ မိန်းမလုပ်သူက ယောက်ျားတာဝန်ကျရာကို လိုက်နေလို့ မရဘူး။
သီတင်းကျွတ်မှာ ကျောင်းက တပတ်ပိတ်တော့ ကိုမိုးကြီးရှိရာကို သူ့မိန်းမ လိုက်လာတယ်။

ကျန်တာက ပြသနာမရှိပေမယ့် အိမ်ဖော်ကောင်မလေး ခေါ်ထားတာက ပြသနာဖြစ်နေတယ်။

‘ရှင့် အိမ်ဖော်ကလဲ ချောလှချည်လား ကိုမိုးကြီးရဲ့’

‘ချောလား မချောလား မသိပါဘူးကွာ၊ အဝတ်လျှော် ထမင်းချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ’

‘ရှင်နဲ့ရော ကင်းရှင်းရဲ့လား’

‘ရှင်းပါ့’

‘တအိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့’

‘ဘာဆိုင်လဲကွာ၊ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ်၊ ငါ့အခန်းငါအိပ် သီးခြားဆီပါ’

‘ပြီးတာပါပဲ’

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း ပြန်သွားတယ်။
နှစ်ရက်၊ သုံးရက်နေတော့ အိမ်ဖော်လေးက သတင်းပို့တယ်။
ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့။
ဆရာမ ပြန်သွားကတည်းက ပျောက်တာ၊ မှားများပါသွားလေသလား မေးကြည့်ပါအုံး ဆိုတော့….
ကိုမိုးကြီးလည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့… …

‘မိန်းမရေ…
မင်းယူတယ်လို့ မစွပ်စွဲပါဘူး
မင်းပြန်သွားကတည်းက ဒယ်အိုးကြီး ပျောက်နေလို့’

သူ့မိန်းမဆီက စာပြန်လာတယ်… …

‘ယောက်ျားရေ…
ရှင်တို့ အတူအိပ်တယ်လို့ မစွပ်စွဲပါဘူး
သူသာ သူ့အိပ်ယာမှာ သူအိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ၊
ဒယ်အိုးက သူ့ခေါင်းအုံးအောက်မှာ’

အွန်

credit > မောင်ကောင်းထိုက်
အပြည့်အစုံသို့ »

ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ (ဟာသ)



၁။ ရုပ်ရှင်ရုံတွင် -

အတန်းစီနေချိန် “သယ်ရင်း. မင်းဘာလုပ်နေလဲ” ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ – “အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ”

၂။ ဘတ်စ်ကားပေါ်တွင် -

အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး “ဆောရီးနော်. နာသွားလာဟင်” ဟု မေးသော အခါ အကောင်းဆုံး အဖြေ – ” ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး”

၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -

သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး “ဆောရီး..။ အိပ်ပျော်နေတာလား” ဟု မေးသောအခါ အကောင်းဆုံး အဖြေ “ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ”

၎။ ဆံပင် အတိုညပ် ထားသော အခါ -

သူငယ်ချင်းက ” သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား” ဟု လာမေးလျှင် အကောင်းဆုံး အဖြေ ” ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ”

၅။ အိမ်ကြိုးဖုန်းတွင် -

သူငယ်ချင်းက “သယ်ရင်း မင်းဘယ်တွေရောက်နေလဲ” ဟု မေးသော အခါ အကောင်းဆုံး အဖြေက “အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်”

၆။ ကားရေဆေးနေသော အခါ -

အိမ်နီးချင်းမိတ်ဆွေက “မိတ်ဆွေ ကားရေဆေးနေတာလား” ဟုမေးသော အခါ အကောင်းဆုံး အဖြေ – “ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ

၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -

သူငယ်ချင်းက ရောက်လာပြီး “မင်း တီဗီကြည့်နေတာလား” ဟုမေးသော အခါ အကောင်းဆုံး အဖြေ “ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ”

အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ …

Ref: everjokes

အောင်ခမ်း ( ရိုးရာလေး )
အပြည့်အစုံသို့ »

တော်ပါသေးရဲ့__ဆြာရယ် - ဟာသ




တိုက် ၂လွှာမှာနေတဲ့ အမျိုးသမီးတစ်ဦး အခန့် မသင့်ဘဲ ခြေထောက်ကျိုးသွားရာ

ဆရာဝန် က

သူမ၏ ခြေထောက်အား ကျောက်ပတ်တီး စီးပေးပြီးနောက် သူမအား လှေကားများ မတက်ရန်ပြောကြားပြီး...

၇ လအကြာ မှာ ကျောက်ပတ်တီးကို ဖယ်ရှားပေးလိုက်သော အခါ-

အမျိုးသမီး ။ ။ " ဒါဆို ကျွန်မ လှေကားတက်လို့ ရပြီပေါ့ "

ဆရာဝန် ။ ။ " ရပါပြီ ခင်ဗျာ "

အမျိုးသမီး ။ ။ " အမလေး... တော်ပါသေးရဲ့ဆရာရယ်၊ ကျွန်မတို့ တိုက်က ဓာတ်လှေကားမရှိတော့လေ "

" ကျွန်မ ရေပိုက်ကြီးကို ဖက်တက်ရတာ မောလှပြီ "

" Oိာန် "

__ #Aung_Lay.@ ( မချိုမချဉ်ဟာသများ ) :D

အပြည့်အစုံသို့ »

ဆောရီးကွယ်


အင်္ဂလန်အသင်းလက်ရွေးစင် ဂျွန်တယ်ရီသည် ဝေးလ်အသင်းကိုအနိုင်ရရှိပြီးနောက်
ဝမ်းသာအားရဖြင့် သောက်စားပြီး သူတည်းခိုရာသို့ ပြန်ရောက်လာသည်။
အခန်းတံခါးဖွင့်လိုက်သောအခါ သူ့ဇနီးကို အခြားလူတစ်ယောက်နှင့်
ပက်ပင်းတွေ့လိုက်ရ၍ စိတ်မထိန်းနိုင်ဘဲ ထိုသူကို ပြတင်းပေါက်မှ
ပစ်ချလိုက်သည်။
‘အင်း ဒီငနဲတော့ မသေတောင် ကျိုးပဲ့သွားမှာ အသေအချာပဲ’
‘မသေဘဲနေပါ့မလားရှင်၊ ဒီအထပ်က ၂၅ ထပ်တောင်မြင့်တာလေ’
‘ဘာ၊ ၂၅ ထပ်ဟုတ်လား၊ ဘုရား ဘုရား၊ ဒါဆို ကျွန်တော်မူးမူးနဲ့
အထပ်မှားပြီးဝင်လာမိပြီထင်တယ်။ ကျွန်တော်နေတာ ၈ လွှာမှာ။ ခင်ဗျားလည်း
ကျွန်တော့်မိန်းမ မဟုတ်ဘူး၊ ဆောရီးနော်’

ရဲစတိုင်း
The Myanma Age
အပြည့်အစုံသို့ »

ပြောပြရင် ဒေါပွမှာလား


အရိုင်းနှင့် နေဇော်နိုင်တင်ဆက်သည့် ဒီဗီဘီ အစီစဉ်သစ် ( ၁ ဇူလိုင် ၂၀၁၄)

DVB TV New

 
အပြည့်အစုံသို့ »

ငွေပြန်အမ်းလိုက် - ဟာသ


ချမ်းသာ ကြွယ်ဝသော လူတစ်ယောက်သည် မသေမီ အလွန် ကပ်စေးနည်း သော်လည်း ကွယ်လွန်သော အခါ နတ်ပြည် ၀င်ခွင့် ပြုရန် သိကြားမင်းထံသို့ ခွင့်ပန်လေသည်။

"မောင်ရင်ကို နတ်ပြည် ၀င်ခွင့် ပြုနိုင်ဖို့ လူ့ပြည်တုန်းက ပြုခဲ့တဲ့ ကောင်းမှု့ ကုသိုလ်တွေ ပြောပြစမ်း"

"တစ်ခါက သူတောင်းစား တစ်ယောက်ကို ဆယ်ပြား ထည့်ဖူးပါတယ်... ရပ်ကွက် သံဃာ့ဒါန အလှုခံမှာ ငါးမူး လှူခဲ့ပါတယ်"

"သြော်... မေ့လို့ ဘုရားဖူး ထွက်တော့ စံပယ်ပန်း ဆယ့်ငါးပြားဖိုး လှုခဲ့ပါတယ်"

"အင်း... အားလုံး လှုခဲ့တာ သုံးမတ်ပဲ"

"ဟေ့ မာတလိ... ဒီကောင်ကို ပိုက်ဆံ သုံးမတ် ပြန်အမ်းပြီး ငရဲ ပို့လိုက်ပါကွာ"

credit > unknown
မချိုမချဉ်ဟာသများ
အပြည့်အစုံသို့ »

ဒါမှ သတ္တိ - ဟာသ



အမေရိကန်စစ်ဗိုလ်ချုပ်၊ တရုတ်စစ်ဗိုလ်ချုပ်နှင့် မြန်မာစစ်ဗိုလ်ချုပ်တို့
ရေကန်တစ်ခုအနီးတွင် ထိုင်နေကြသည်။ ထိုကန်ထဲတွင် မိကျောင်းများမွေးထားသည်။
အမေရိကန်စစ်ဗိုလ်ချုပ်က သူ့ကိုယ်ရံတော်စစ်သား၏ အမိန့်နာခံမှုကို
သက်သေပြရန် နာရီကိုချွတ်၍ ရေကန်ထဲလွှင့်ပစ်လိုက်သည်။
“ကိုင်း၊ ရဲဘော်၊ ငါ့နာရီကို ပြန်ယူပေးစမ်း”
အမေရိကန်စစ်ဗိုလ်ချုပ်၏သက်တော်စောင့်က ရေကန်ထဲခုန်ဆင်းပြီး
နာရီပြန်ယူလာခဲ့သည်။ အနီးရှိ သတင်းထောက်များနှင့် ၀န်ထမ်းများက
လက်ခုပ်တီးပြီး အားပေးလိုက်ကြသည်။ တရုတ်စစ်ဗိုလ်ချုပ်ကလည်း အားကျမခံ
သူ့နာရီကို မိကျောင်းကန်ထဲ လွှင့်ပစ်လိုက်ပြီး သူ့သက်တော်စောင့်ကို
အမိန့်ပေးလိုက်သည်။
“ကဲ…ငါ့ကောင်ကြီး၊ နာရီယူလာပြစမ်း”
ကိုယ်ရံတော်တရုတ်စစ်သားက ရေထဲဒိုင်ဗင်ထထိုးပြီး နာရီကို ပြန်ယူလာခဲ့သည်။
ကြည့်နေသူအားလုံး တကယ့်သတ္တိခဲဟု အော်ဟစ်အားပေးလိုက်သည်။
မြန်မာစစ်ဗိုလ်ချုပ်ကလည်း အားကျမခံ သူ့နာရီကိုရေကန်ထဲပစ်ချလိုက်ပြီး
ရဲဘော်စစ်သားကို အမိန့်ပေးလိုက်သည်။
“ကဲ၊ ငါတဆို့ မြန်မာ့သတ္တိလည်း ပြလိုက်စမ်းကွာ”
“ဟင့်အင်း၊ ဒါ သတ္တိမဟုတ်ဘူး၊ မိုက်ရူးရဲတာပဲဗိုလ်ချုပ်၊ ကျွန်တော်မလုပ်နိုင်ဘူး”
ထိုအခါ ရပ်ကြည့်နေသူ ပရိသတ်အားလုံးက ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။
“ဒါမှ တကယ့်သတ္တိကွ၊ တကယ်သတ္တိ”

ရဲစတိုင်း
The Myanma Age
အပြည့်အစုံသို့ »

တိုးလုပ်ပါ့မယ်


နိုင်ငံတော်အကြီးအကဲတစ်ဦးက လူထုကို မိန့်ခွန်းချွေနေသည်။
“မိဘပြည်သူများခင်ဗျာ၊ ကျွန်တော်တို့တိုင်းပြည်မှာ စီးပွားရေး ချွတ်ခြုံကျလာတာကြောင့် နောက်တစ်လ
လောက်ဆိုရင် အသားတွေ ဝယ်လို့သိပ်မရလောက်တော့ပါဘူး၊ ဘာများ အဆိုပြုချင်ပါလဲခင်ဗျာ”
“ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ အလုပ်ချိန် တစ်နေ့ ၁၀ နာရီ တိုးလုပ်ပါ့မယ်”
ရှေ့ဆုံးတန်းတွင် ထိုင်နေသူတစ်စုက အဆိုပြုလိုက်သည်။
“အင်း ကောင်းတယ်။ ပြီးတော့ ဆန်လည်း ရှားသွားဖို့ရှိနေပါတယ်”
“ဟုတ်ကဲ့၊ ဒါဆို ကျွန်တော်တို့ အလုပ်ချိန် တစ်နေ့ ၁၂ နာရီ တိုးလုပ်ပါ့မယ်”
“၀မ်းသာစရာပါလား၊ နောက် ဆက်ပြောရရင် လျှပ်စစ်မီးလည်း လုံးဝ
ပေးနိင်မယ်မထင်တော့ဘူး၊ ဆီလည်း မပေးနိုင်တော့လို့ ယာဉ်ကားတွေ
မောင်းလို့မရလောက်တော့ဘူး”
“ဟုတ်ကဲ့၊ ရပါတယ်၊ ဒါဆို ကျွန်တော်တို့ တစ်နေ့ကို ၁၆ နာရီ အချိန်ပိုလုပ်ပါ့မယ်”
အကြီးအကဲက ထိုသူတို့ကို အပြုံးဖြင့် မေးလိုက်သည်။
ခင်ဗျားတို့လို ၀န်ထမ်းကောင်းတွေရှိရင် တိုင်းပြည် အခုလိုမဆင်းရဲဘူးဗျ။
ဒါထက် မိဘပြည်သူတွေက ဘယ်မှာ လုပ်ကြတာတုန်း”
“ကျွန်တော်တို့က မီးသဂြိင်္ုဟ်စက်မှာ လုပ်ကြတာပါခင်မျ”

ရဲစတိုင်း
The Myanma Age
အပြည့်အစုံသို့ »

ကျွန်ုပ်ကို သင်လမ်းခွဲလို့ မရသည့် အကြောင်း (ဟာသ)



ရန်ဖြစ်နေကြတဲ့ ချစ်သူ နှစ်ဦးမှာ မာန်မာန ကြီးတဲ့ ချစ်သူ အမျိုးသမီးက ယခုလို ပြောပါတယ်။

အမျိုးသမီး – ကျမ ဟာ အင်တာနက် ဆိုတာကို လုံးဝ သုံးတော့တဲ့သူ မဟုတ်ဘူး။

အမျိုးသား – ဘာဖြစ်လို့လဲ

အမျိုးသမီး ကျမ ပထမ ပြတ်သွားတဲ့ ချစ်သူက အင်တာနက်ဆိုင်ဖွင့်တာ။

ကျမ ဒန်ပေါက် ကို ဒီတစ်သက် စားတော့မှာ မဟုတ်ဘူး

အမျိုးသား – ဘာဖြစ်လို့လဲ

အမျိုးသမီး – ပြတ်သွားတဲ့ ကျမ ရဲ့ ဒုတိယ ချစ်သူက ဒန်ပေါက်ဆိုင် ဖွင့်ထားလို့

အမျေိုးသား – အော်. ဒါပေမယ့် မင်းကိုယ့်ကိုယ် ပြတ်လို့ ရတော့မှာ မဟုတ်ဘူး။

အမျိုးသမီး – အို. ဘာဆိုင်လို့လဲ..

အမျိုးသား – အေး.  ကိုယ်က အဝတ်အထည် ဆိုင် ဖွင့်ထားတယ်။

Ref:Eng.Joke.

innewsmyanmar.com
အပြည့်အစုံသို့ »

အရာအားလုံးထက်မြန်သောအရာ - ဟာသ



တနေ့ မှာ ကုမ္ပဏီတစ်ခုက ၀န်ထမ်း အသစ်ခေါ်ပါတယ်။
ထုံးစံအတိုင်း အင်တာဗျူးတာပေါ့လေ....Psycho questions (ဆိုင်ကိုမေးခွန်း) တွေမေးပါတယ်။

ပထမ တစ်ယောက်ကိုမေးပါတယ်။

" လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ..."

" အလင်းပါ"..

.အမေးခံရတဲ့သူကဖြေပါတယ်....

" ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..."

"ကျနော်တို့ ခလုတ်နှိပ်လိုက်တာနဲ့ ..စက္ကန့် တောင်မခြားပဲ..ချက်ခြင်းရောက်လာပါတယ်..."

မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ်။

ဒုတိယတစ်ယောက်ကိုမေးပါတယ်။
" လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ..."

"အတွေး ပါ....". အမေးခံရတဲ့သူကဖြေပါတယ်။

" ဟုတ်ပါပြီ ဘာလို့  အဲ့လိုပြောနိုင်ရတာလဲ..."

"ကျနော်တို့ တွေးလိုက်ပြီ ဆိုတာနဲ့ အ၇မ်းမြန်ပါတယ်..ဘယ်လောက်ကွာဝေးဝေး ရောက်သွားပါတယ်"

မေးခွန်းမေးသူက ခေါင်းညိတ်လက်ခံလိုက်ပြီး အမှတ်ပေးလိုက်ပါတယ်။

တတိယတစ်ယောက် ကိုမေးပါတယ်။
"လောကမှာ အမြန်ဆုံး အရာက ဘာလဲ ဆိုတာ ဖြေနိုင်ရင်ဖြေပါ..."

"၀မ်းသွားတာပါ .."

မေးတဲ့သူအံ့ သြသွားပါတယ်။
"ခင်ဗျားကဘာလို့ အဲ့လိုပြောနိုင်ရတာလဲ ...."

အင်တာဗျူးသူက မေးတော့ ..သူက ဒီလိုပြန်ဖြေလိုက်ပါတယ်။

"တကယ်ပါ ဆရာ..ကိုယ်တွေ့ ပါ...ဟိုတနေ့ က ကျနော်အိမ်သာ အရမ်းသွားချင်လာပါတယ်...
အဲ့ဒါနဲ့ အိမ်သာကိုပြေးရပါတယ်... အိမ်သာထဲလဲရောက်ရော... မီးခလုတ်ကိုလဲမဖွင့်နိုင်ခင်... ဘာမှလဲမတွေးနိုင်ခင်မှာပဲ အားလုံးထွက်ကျသွားပါတယ်.."

#NcNc@
credit by original writer
အပြည့်အစုံသို့ »

ကိုးရီးယား ဇာတ်လမ်းတွဲများမှ မှတ်သားစရာများ - ဟာသ


၁။ ချမ်းသာပြီး ချောမောသော ယောက်ျားများသည် ပြောချင်ရာပြောတတ်သော ရွက်ကြမ်းရေကျို မိန်းမများကို ကြိုက်လေ့ရှိသည်။

၂။ မိန်းကလေးများ၏ အရင်းနှီးဆုံး ယောက်ျားလေးသူငယ်ချင်းတိုင်းသည် သူမတို့ကို သေချာပေါက် ချစ်လေ့ရှိသည်။

၃။ ညီအစ်ကိုများ၊ သူငယ်ချင်းများ၊ ကျောင်းနေဘက်များ၊ ရန်သူများသည် မိန်းကလေး တစ်ယောက်တည်းကိုသာ စုပြုံကြိုက်လေ့ ရှိသည်။

၎။ ကိုးရီးယားတွင် ဘယ်လမ်းမဆို ဂငယ်ကွေ့ ကွေ့ခွင့်ရှိသည်။
ကိုယ်ကွေ့ချင်သည့်လမ်းတွင် ဘယ်တော့မှ ကားမရှိ (တစ်စီးမှကို မရှိ) ။

၅။ စားသောက်ပြီး မရှင်းပဲ ထပြေးသွားခွင့် ရှိသည် (မပြေးခင် တစ်ယောက်ယောက်ကိုတော့ ငိုပြီး ပါးရိုက်ခဲ့ရမည်)။

၆။ လူတိုင်း ကင်ဆာဖြစ်နေကြသည်။

ရ။ မိုးရေထဲတွင် ငါးမိနစ်ခန့်နေပါ။ သေချာပေါက် ဖျားမည်။

၈။ ဖျားလျှင် ပူစရာမလို။ ရည်းစားက ကျောပိုးပြီး ဆေးရုံသို့ ပြေးလိမ့်မည်။ (Taxi, car, ambulance ဘာမှ ခေါ်စရာမလို၊ ပြေးတာက ပိုမြန်၏)။

၉။ ရေဆင်းကူးလျှင် ဘယ်တော့မှ အဝတ်အစားလဲစရာ မလို။ ဒီတိုင်း ဆင်းသွားရုံသာ။

၁၀။ ချမ်းသာသူ = မကောင်းသောလူ။

၁၁။ ဆင်းရဲသူ = လွန်စွာရိုးသားဖြူစင်သူ။

၁၂။ မင်းသား၊ မင်းသမီး၏ အစ်ကိုသည် ဘယ်တော့မှ အသုံးမကျ။
အစ်ကိုအရင်းဖြစ်လျှင် ပိုဆိုးသည်။ ရုပ်ချင်းတောင် တစ်စက်မှ မတူ၊ မချော။

၁၃။ စာတကယ်ကြိုးစားရင် နှာခေါင်းသွေးယိုရမည်။

၁၄။ နှာခေါင်းသွေးယိုရင် ကင်ဆာဖြစ်ဖို့ သေချာသလောက် ရှိပြီ။ ခွဲစိတ်မှ အသက်ရှင်မည်။ သို့သော် ခွဲစရာ ပိုက်ဆံ ဘယ်တော့မှ မရှိ။
ဆရာဝန်တွေနားမလည်နိုင်သော အကြောင်းများစွာနှင့် ရောဂါချက်ချင်း ကြီးလာမည်။

၁၅။ ကော်ဖီဆိုင်တွင် coffee/orange juice သာ မှာရမည် (မှာရုံသာမှာရန် ဖြစ်သည်။ ဘယ်တော့မှ မသောက်)။

၁၆။ လျှို့ဝှက်ချက်များကို တိုင်ပင်ချင်လျှင် တံခါးကို သေချာမပိတ်ရ (ဒါမှသာ နားစွန်နားဖျား ကြားတဲ့သူ ရှိမှာဖြစ်သည်။

၁ရ။ America သွားပြီး ပြန်လာရင် အံ့သြစရာကောင်းလောက်အောင် အောင်မြင်မည်။ England က ပြန်လာရင် အလွန်တရာကို လန်းသွားမည်။ ကိုးရီးယားမှာနေလျှင် ဆံပင်ပုံစံကလွဲလို့ ဘာမှမပြောင်း။

၁၈။ အဲလို ကိုးရီးယားကို ပြန်လာခြင်းသည် ကင်ဆာဖြစ်နေလို့ ဖြစ်သည်။

၁၉။ ဘယ်နေရာမှာပဲနေနေ ဆေးရုံတစ်ခုတည်းသာ အတူတက်ကြသည်။

၂၀။ စားစရာမရှိလောက်အောင် ဆင်းရဲသော်လည်း အဝတ်တစ်ထည်ကို ဘယ်တော့မှ နှစ်ခါပြန်မဝတ်။

၂၁။ ဆင်းရဲသောကလေးတိုင်းသည် ဆံပင်ဘုတ်သိုက်၊ ညစ်ညစ်ပတ်ပတ်သာ နေကြသည်။

၂၂။ လူတစ်ယောက်ကို ကားမတိုက်အောင် တွန်းထုတ်ပြီးလျှင် သူ့နေရာမှာ ဆက်ရပ်နေရမည် (ဒါမှ ကားက တိုက်စရာရမည်)။

၂၃။ လူတိုင်းတွင် ငယ်ငယ်ကတည်းက ကွဲကွာသွားသော ညီအစ်ကို မောင်နှမများ ရှိကြသည်။

၂၄။ ရည်းစားထံမှ ဖုန်းကို မကိုင်ချင်လျှင် ပိတ်ထားလို့ မရ။ ဘက်ထရီကို ဆွဲထုတ်မှသာ ရသည်။

၂၅။ ကိုးရီးယားယောက်ျားတိုင်းသည် အရက်ကောင်းကောင်းသောက်နိုင်၊ သီချင်းကောင်းကောင်းဆိုတတ်၊ စန္ဒရားကောင်းကောင်းတီးတတ်သည်။ အများအားဖြင့် စန္ဒရားထားပေးသော စားသောက်ဆိုင်များတွင် ထိုအလုပ်များကို တပြိုင်တည်းလုပ်လေ့ ရှိသည်။ သူဒါတွေ လုပ်တတ်မှန်း ရည်းစားက လုံးဝမသိ (ပထမဆုံး တွေ့ဖူးခြင်း ဖြစ်၏)။

၂၆။ ချစ်သူရည်းစားဖြစ်ပြီးလျှင် တစ်ချိန်တွင် နိုင်ငံခြား သေချာပေါက် ထွက်ရမည်။ ထွက်ရမှာကို ကြိုအသိပေးစရာမလို။ လေဆိပ်ရောက်လျှင် ရည်းစားက မျက်ရည်နှင့် ပြေးလိုက်လာလိမ့်မည်။ (၆၀% လောက်တော့ တွေ့ရန် အခွင့်အရေး ရှိသည်။ ကျန်သော ၄၀% က တစ်ယောက်ကို တစ်ယောက် ၆ ခါလောက် ဖြတ်လျှောက်ရင်း လွဲသွားမည်၊ ဘယ်တော့မှ မမြင်ကြ)။

၂ရ။ လေယာဉ်ပေါ်က ဆင်းလျှင် နေကာမျက်မှန် တပ်ထားရမည်။

၂၈။ ယောက်ျားများသည် ဘာအားကစားလုပ်လုပ် လည်ပင်းအထိ လုံသော Tracksuit များ ဝတ်ကြသည်။

၂၉။ မိန်းကလေးများ စိတ်ဆိုးလျှင် လှည့်ထွက်သွားတတ်သည်။ သို့သော် လက်ကို တစ်ချက်ဖမ်းဆွဲလိုက်လျှင် ချက်ခြင်း လည်ပြီးပါလာသည်။ ပုခုံးရိုးတွေ ဘာတွေ ဘယ်တော့မှ ဘာမှ မဖြစ်။

၃၀။ ကားတိုက်မှုဖြစ်ကာ ခေါင်းကို ထိခိုက်မိလျှင် အတိတ်မေ့သွားတတ်သည်။ သို့သော် ပူစရာမလို၊ နောက်တစ်ခေါက် ခိုက်မိလျှင် ပြန်သတိရလာမည်။

၃၁။ ပျော်စရာတစ်ခုခု ဖြစ်ပြီးလျှင် အမြဲငိုရမည်။

၃၂။ ဓာတ်လှေကားနှင့် အိမ်သာများကို ဝင်လျှင် မတွေ့ချင်သောသူများနှင့် တွေ့လေ့ရှိသည်။

၃၃။ အိမ်သာမှားဝင်ခြင်းသည် ဖြစ်နေကြ ဖြစ်သည်။

၃၄။ အလွန်တရာ ချမ်းသာသူ မဟုတ်သရွေ့ ခမည်းခမက်များက ကြည့်မရ။

၃၅။ ယောင်းမကလည်း ထိုနည်းလည်းကောင်း။

၃၆။ မတ်နှင့် ခဲအိုများကို သတိထားပါ။ သင့်ကို ကြိုက်နေလေ့ရှိသည်။

၃ရ။ နမ်းပုံနမ်းနည်း နှစ်မျိုးသာ ရှိသည်။ ပါးစပ်ကို အသေပိတ်ထားပြီး ငြိမ်ပြီးနေရင်နေ၊ ဒါမှမဟုတ် တစ်ဘက်လူကို ကိုက်စားတော့မလို ဆွဲစုပ်နိုင်ရမည် (ဘယ်လိုပဲ နမ်းနမ်း ရှိသမျှ အရာတွေ အကုန်ချာချာလည်၏)။

၃၈။ ကားတစ်ခုခုဖြစ်လျှင်၊ ဆီကုန်လျှင် ဘယ်သူမှ အသွားအလာမရှိသော တောလမ်းတွင် ညကြီးမိုးချုပ်သာ ဖြစ်လေ့ရှိသည် (ဖုန်းလိုင်းတောင် မရှိ)။ ထိုနေရာမှ မြို့ပြန်ရောက်အောင် ငါးလက်မဒေါက်ဖိနပ်နှင့် ဆယ်မိုင်လောက် လမ်းလျှောက်ရမည်။

၃၉။ ဟိုတယ်တွင် အခန်းငှားလျှင် အမြဲတမ်း တစ်ခန်းသာ အလွတ်ရှိသည် (အဲဒီအခန်းတွင် ကုတင် တစ်လုံးပဲရှိ၏၊ ဘယ်တော့မှ အပိုမရှိ)။

၄၀။ ပထမဆုံး အကြိမ် အတူအိပ်ရုံဖြင့် ကိုယ်ဝန်ရလာမည်။

၄၁။ နဖူးပေါ်ကို နမ်းလိုက်လျှင် ကိုယ်ဝန်ရှိလာမည်။

၄၂။ လက်တွဲပြီးသွားလျှင်တောင် ကိုယ်ဝန်ရှိလာတတ်၏။

၄၃။ အခက်အခဲများကို အတူကျော်ဖြတ်ရန် ကြုံလာပါက တစ်ယောက်သေချာပေါက် သေပေးရမည် (ကင်ဆာဖြစ်ဖို့ များ၏)။

၄၄။ ချစ်သူစုံတွဲများသည် ဘတ်စ်ကား၏ နောက်ဘက် ညာဘက်ခြမ်းထိုင်ခုံတွင် အမြဲထိုင်ကြသည်။ တစ်ယောက်တည်း အထီးကျန် ဖြစ်လာပါက ထိုနေရာတွင် သွားပြန်ထိုင်ကာ အတိတ်ကို ပြန်စဉ်းစားလေ့ ရှိသည်။

၄၅။ သာမန်ယောက်ျားတစ်ယောက်သည် လူဆိုးငါးယောက်ခြောက်ယောက်ကို တစ်ယောက်ချင်း တန်းစီကာ အလဲထိုးနိုင်သည်။ အားလုံးလဲသွားပြီးလျှင် ပြန်ထလာကာ တစ်ပြိုင်တည်း ပြန်ချကြ၏။ ထိုအခါတွင် ပြန်အထိုးခံရပြီး ဘယ်နေရာမှန်းမသိသော ဂိုဒေါင်ကြမ်းပြင်တွင် မှောက်သွားမည်။ သူ့ရည်းစားက ထိုအဖြစ်က အစအဆုံး မြင်သည်။ သို့သော် ဘယ်တော့မှ ၉၁၁ ကို ဖုန်းမဆက်။ ငိုရုံသာ တတ်၏။ သို့သော် ပြဿနာမရှိ။ နောက်တစ်နေ့တွင် အထိုးခံရသောကောင်က ပတ်တီးနည်းနည်းနှင့် ပြန်ကောင်းနေမည် ဖြစ်သည်။ ဘယ်လောက်အထိုးခံရခံရ မျက်ကွင်းမညို။

၄၆။ မိန်းမကောင်းများသည် ကားမမောင်းကြ။ အကျင့်မကောင်းသော မိန်းကလေးများသာ ကိုယ်တိုင်ကားမောင်းကြ၏။ တစ်ခါတစ်ခါတော့ မိန်းမကောင်းများလည်း ကားမောင်းသည်။ သို့သော် ဘယ်လို လိုင်စင်ရထားမှန်းမသိ၊ စုတ်ပြတ်နေအောင် မောင်း၏။

၎ရ။ ချမ်းသာသူများသည် တံတိုင်းကြီးများကာထားသော အိမ်ကြီးအိမ်ကောင်း များတွင် နေကြသည်။ ကျန်တခြားသူများက မြို့ထဲမှတိုက်ခေါင်မိုးများပေါ်၊ သို့မဟုတ် မြို့ပြင်တွင် တဲထိုးနေကြ၏။

၄၈။ ကိုးရီးယားကျောင်းများ တက္ကသိုလ်များတစ်ခုမှ အသုံးမကျ။ စာသေချာ သင်ချင်လျှင် နိုင်ငံခြားသွားမှ ရ၏။

၄၉။ U.S တွင် ပညာသွားသင်လျှင် (Harvard ဆို ပိုကောင်း၏) သင်သည် အတော်ဆုံးကျောင်းသားဖြစ်ကာ English လို မွှတ်နေအောင် ပြောတတ်သူဖြစ်၏ (သို့သော် ဇာတ်လမ်းကြည့်သူ အင်္ဂလိပ်တစ်ယောက်မှ ထိုကိုရီးယားများ ပြောတာ ကိုနားမလည်)။

၅၀။ အကြောင်းတစ်ခု မဟုတ်တစ်ခုကြောင့် ယောက်ျားလေးက ရေချိုးရာမှ အဝတ်မပါပဲ ထွက်လာသည်။ မိန်းကလေးက မြင်ကာ လက်ညှိုးထိုး အော်၏။ ထိုအခါ ထိုယောက်ျားကလည်း အော်ကာ သူ့ရင်ဘတ်ကို ကာ၏ (ရင်ဘတ်မှာ ဘာရှိလို့လဲ မသိ)။

(Credit: http://vanillacherryice.wordpress.com/2007/09/21/50-things-you-learn-from-k-dramas/)

သြ .. ဒါနဲ့  အခုတလော mrtv – 4 မှာပြနေတဲ့ ရင်သွေး ဆိုတဲ့ ဇာတ်လမ်း ..
ကိုရီးယားလို Two Weeks 투윅스 ဇာတ်ကားသည် မင်းသား ဖစ်သူ အပြေးကြီးပဲ တစ်ကားရိုက်ရ သော ရုပ်ရှင်ဖြစ်သည် … တအားကောင်းသည် ..
သို့ သော် ဘာစိတ်ကူးပေါက်ပီး မြန်မာပြည်က လူတချို့  ဇာတ်လမ်းတွဲတွေ ကို နာမည်ပေးတဲ့အခါ … သောက်တလွဲတွေ ဖြစ်နေခြင်းကို စဉ်းစားမရ … တစ်ကြိမ်လဲ မဟုတ် နှစ်ကြိမ်လဲ မဟုတ် .. ကားတိုင်းလိုလို. ဒါကြောင့်လဲ
နိုင်ငံတကာက ဇာတ်လမ်းတွဲတွေကို တုပပီး ရိုက်သည့်အခါ .. ဒိုင်ယာလော့ခ် .. position .. setting တွေ အားနည်းရုံသာမက .. ကင်မရာ ဖလင်လိပ် ရှည်အောင် မလိုအပ်တာတွေ ကို ရိုက်ပြပီး ဦးစားပေးကြသည် … ဇာတ်ကားကိုကြည့်ပီး နာမည်လှလှတောင် မပေးတတ်တာ ဇာတ်လမ်းကို ရှည်အောင် ဇာတ်အိမ်ခိုင်အောင် မဆွဲတတ်တာ မထူးဆန်း …. ကိုရီးယား ကနေ ဇာတ်ညွှန်းကောင်းကောင်းတစ်ခု ၀ယ်ပီး ရိုက်လိုက်လျှင် ရှယ်ပေါက်သွားမည့်
သရုပ်ဆောင်များစွာ ရှိသည် ….
အပြည့်အစုံသို့ »

တရုတ်စကားပြောနည်း - ဟာသ video


ကြည့်ပါ ရယ်ပါ
စိတ်ညစ်နေလား ဒါလေးကြည့်လိုက်ရင် သွားအကုန်ပေါ်အောင်ရယ်စေရမယ်

"တုံးမြင်ခွကျော်..ချီးတွေ့ကွေ့ရှောင်..
ချုံရှင်းမြွေရှာ. မြွေရှာတီတွေ့..တီတွေ့ထခုန်..ထခုန်ချော်လဲ..
ချော်လဲကုန်းထ..ကုန်းထပုဆိုးကျွတ်။ ...

ရှူးရှူးပေါက်..ရှဲရှဲမြည်..ကြမ်းကြမ်းပေါက် ကြမ်းကြမ်းမြည်...
လျှော်..လျှော်..လျှော်.. ညည်းထမီညည်းလျှော်။

ရှောင်ချင်ရှောင်..ရှားချင်ရှား..ရှောင်ရှောင်ရှားရှား...ကြည့်ရှောင်ရှား..
ကြည့်ရှောင်.. ကြည့်ရှောင်။

ကြုံရင်ကြည့်.. တွေ့ရင်ချောင်း.. ကျန်တာဖျောင်.. ၀မ်ကျားပေါင်။"

Animation & Voice Created by: ဆြာစတိ
Credit - Sai Myint Kyaw Moe


အပြည့်အစုံသို့ »

အစကပြန်စကြစို့ - ဟာသ


တခါတုန်းက မင်းတုန်းမင်းနဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံပွဲ လုပ်ကြပါသတဲ့။

ပြင်သစ်သမ္မတကလဲ မြန်မာပြည်ကို ကြည့်ပြီး အထင်သေးစွာနဲ့ သူတို့နိုင်ငံမှာ
ဘယ်လို တိုးတက်နေကြောင်း ကြွားလေးတဲ့ အခါ မင်းတုန်းမင်းကြီးလဲ
ခေါင်းငုံနေရပါရောလား။

နောက် ယောက်ျားတွေဆိုတော့ သိတဲ့ အတိုင်း ပြောတဲ့
စကားတွေက မိန်းမကိစ္စရောက်သွားတာပေါ့။

ပြင်သစ်သမ္မတက သူက တစ်နေ့ကို မောင်းမ
၁၀ယောက်နဲ့ ပုံမှန်နေကြောင်း ကာမာအစွမ်းအလွန်ကြီးကြောင်းပြော
ပါ သတဲ့။

ထိုအခါ မင်းတုန်းမင်းက အားကျမခံ သူက တနေ့ အယောက်၂၀ခန့်နဲ့ နေကြောင်း
ပြန်ပြောပါသတဲ့။ ထိုအခါ ပြင်သစ်သမ္မတက မယုံသလို မျက်နှာပေးနဲ့ ဒီလောက်
အစွမ်းကြီးနေအောင် ဘာတွေများစားသလဲ မယုံနိုင်လောက်အောင်ပါပဲလို
ပြောတယ်တဲ့။

ထိုအခါ မင်းတုန်းမင်းကြီးက စာကလေးအသဲအမြစ်စားကြောင်း
ထို့ကြောင့် ထိုလောက်နေနိုင်နေတာဖြစ်ကြောင်း ပြောပါတယ်။

ပြင်သစ်သမ္မတကလဲ
မယုံတာနဲ့ မင်းတုန်းမင်းကြီးကို စိန်ခေါ်ပါတယ် တနေ့တည်း သူမောင်းမ
၂၅ယောက်နဲ့နေပြမယ် နိုင်ရင် ဘာပေးမလဲ မေးတဲ့ အခါ....

မင်းတုန်းမင်းကြီးက ဘာမှ
ပေးစရာမလိုပါဘူး သူဆို အယောက်၅၀လောက်အထိဆက်တိုက် နေနိုင်ကြောင်းပြောတဲ့
အခါ ပြင်သစ်သမ္မတကလဲ အမြင်ကပ်တာနဲ့ ဒါဆို သူတို့ ပြင်သစ်ပြည်ကိုလာပါ
မိန်းမ အယောက် ၅၀နဲ့ အိပ်ပြပါ အကယ်၍ အိပ်နိုင်ခဲ့လျှင် ပြင်သစ်မှာ
ရှိသတဲ့ မိန်းမတွေထဲက ကြိုက်တဲ့ မိန်းကလေး အယောက် ၅၀ခေါ်သွားပါ အကယ်၍
မအိပ်နိုင်ခဲ့လျှင် မြန်မာ မိန်းကလေး အယောက် ၅၀ သူပြန်ယူမယ်လို့ ပြောတဲ့
အခါ မင်းတုန်းမင်းကြီးက ကတိတည်ပါစေ ကျွန်ုပ် နောက်လ လာခဲ့ပါ့မယ်လို
ဆိုသတဲ့။

ဒီလိုနဲ့ နောက်လရောက်တဲ့ အခါကျတော့ ပြင်သစ်နိုင်ငံ
ပဲရစ်မြို့ရှိ ကွင်းပြင်ကြီးမှာ တဲကြီးထိုးပြီး မိန်းမ ၅၀က
အပြင်မှာတန်းစီနေပါသတဲ့ ဘေးမှာတော့ ဂျူရီလူကြီးမင်းများနဲ့တကွ
မြန်မာပြည်မှ တာဝန်ရှိသူတချို့က ဒိုင်အဖြစ် လုပ်ဆောင်ပေးနေပါတယ်။
ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်နဲ့ မင်းတုန်းမင်းကြီးက ကာမဆံဆက်ပါသတဲ့။

ဒီလိုနဲ့ ၂၅ယောက် မြောက်မှာ ဒိုင်လူကြီးတွေ လူရေတွက်တာမှားလို့
ငြင်းခုန်နေကြပါတယ်။ ထိုအခါ မင်းတုန်းမင်းကြီးက သဘက်လေးပတ်လာပြီး ဒေါနဲ့
မောနဲ့ ထွက်လာပါတယ်။

ဘာဖြစ်တာလဲ ဒီမှာ အရှိန်ပျက်တယ်လို့ပြောတော့
ဒိုင်လူကြီးတွေက ရိုရိုကျိုးကျိုးနဲ့ပြောပါတယ် ကျွန်တော်မျိုးတို့ လူရေတာ
မှားသွားလို့ပါ ဘုရား။ ခွင့်လွှတ်ပါ ဘုရားလို့ပြောတဲ့အခါမှာ.........

မင်းတုန်းမင်းကြီးက မိန့်တော်မူလိုက်ပါသတဲ

့ "တစ်ကပြန်စမယ် ဒီတခါ
မမှားစေနဲ့.............."တဲ့လေ။


credit: ဟာသမင်းသား
အပြည့်အစုံသို့ »

ဟာသတိုလေးများ



 သေချာစေချင်လို့

လူတစ်ယောက် မီးရထားရုံပိုင်ထံ ရောက်လာကာ မေးမြန်းလိုက်သည်။

"အမြန်ရထား ထွက်သွားပြီလားဗျ"

"ဟုတ်ကဲ့…ထွက်သွားပါပြီ"

"ဒါဆို လောကယ်ရထားရော…"

"ရှစ်နာရီခွဲတုန်းက ထွက်သွားပါတယ်"

"ကုန်တင်ရထားဆိုရင်ရော…"

"ဒီဘူတာကို ညသန်းခေါင်လောက်မှ ဖြတ်သွားမှာပါ"

"ဒါဆို ခုထွက်မဲ့ ရထားမရှိတော့ဘူးပေါ့"

"ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ။ ခင်ဗျား ရထားစီးပြီး အရေးတကြီး သွားစရာများရှိလို့လား" ဟု စိတ်တိုလာသည့် ရုံပိုင်က အော်လိုက်သည်။

ထို့အခါ သူက ပြန်ပြောလိုက်သည်။

"မဟုတ်ရပါဘူးဗျာ…. ကျွန်တော့် ရထားလမ်း ဖြတ်ကူးချင်လို့ပါ"

Cc်.... >:|



 အမလေးတော့ "


အသက်ငယ်ငယ် အမျိုးသမီးချောတစ်ဦး ဟိုတယ်တစ်ခု၏
ခေါင်မိုးပေါ်တွင်နေပူစာလှုံနေသည်။

ချောင်ကျသောနေရာဖြစ်သည်ဟုယူဆပြီးနောက်
သူမ၏ရေကူးဝတ်စုံကိုပါချွတ်ပစ်လိုက်ရန် သူမဆုံးဖြတ်လိုက်သည်။

သိပ်မကြာမှီမှာပင် သူမ၏ အနီးသို့ ချဉ်းကပ်လာသည့်ခြေသံကိုကြားလိုက်ရသဖြင့်
သဘက်ကိုယူပြီး သူမ၏ကိုယ်ပေါ်သို့ လွှားလိုက်၏။

'' ဒီမှာ အမျိုးသမီး'' သက်ပြင်းရှိုက်သံနှင့်အတူ ဟိုတယ်မန်နေဂျာမှပြောသည်။

'' ဒီနေရာဟာ အ၀တ်မပါဘဲနဲ့ နေပူစာလှုံရမယ့် နေရာမဟုတ်ပါဘူးခင်ဗျာ''

'' ဒါပေမယ့် ရှင်....ရှင်းပြစမ်းပါအုန်း'' သူမကဆက်ပြောသည်-

'' ဒီအပေါ်မှာကျွန်မအတွက်ကြောင့် ဘယ်သူမှအနှောင့်အယှက် ဖြစ်မှာမဟုတ်ပါဘူး''

'' ကျွန်တော် သိပါတယ်'' မန်နေဂျာ၏အသံက ဟိန်း၍ထွက်လာသည်။

''ဒါပေမယ့် ခင်ဗျားလှဲအိပ်နေတဲ့ နေရာဟာ ဧည့်ခန်းရဲ့  အပေါ်တည့်တည့်မှာပါ။
ကောင်းကင်ရှုခင်းကိုကြည့်တဲ့ တစ်ဘက်မြင် အလင်းဖောက် ဒိုးယိုပေါက်အမိုးဖြစ်နေပါတယ်ခင်ဗျာ''

'' ရှင်...ဟင်...ဟင်......''


" မေ့တတ်ပုံ "
----------------

အမျိုးသမီးတစ်ဦး သင်္ဘောနဲ့ ခရီးထွက်ရန် သဘောင်္ပေါ်အရောက်...

အမျိုးသမီး~~ သင်္ဘောဝန်ထမ်းရေ… ကျွန်မ တစ်ခုခု မေ့နေတယ်ဆိုတာ သေချာတယ်။
ဒါပေမဲ့ ဘာမေ့နေသလဲဆိုတာတော့ ကျွန်မမသိဘူး။

သင်္ဘောဝန်ထမ်း~~ ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ရော ရှိရဲ့လားဗျ။

အမျိုးသမီး~~ ဟုတ်ကဲ့ ကျွန်မမှာရှိပါတယ်။ ပြီးတော့ သင်္ဘောလက်မှတ်လည်း
ရှိပါတယ်။ မေ့နေတယ်ဆိုတာ နောက်ထပ် ဘာများဖြစ်နိုင်မလဲ။

သင်္ဘောဝန်ထမ်း~~ ခင်ဗျားရဲ့ ခရီးဆောင်အိတ်အားလုံးရော ရှိတယ်မဟုတ်လား။

အမျိုးသမီး~~ ရှိတယ်လို့တော့ ထင်တာပဲ။ စစ်ကြည့်လိုက်ဦးမယ်နော်။
တစ်…နှစ်…သုံး…လေး…ငါး…။ ဟုတ်တယ် …အိတ်တွေအားလုံး ရှိပါတယ်။

သင်္ဘောဝန်ထမ်း~~ ဒါဆိုရင်တော့ ခင်ဗျားလိုအပ်နေတယ်ထင်တဲ့ အရာအားလုံး
ခင်ဗျားမှာ ရှိတယ်ထင်တာပဲ။

အမျိုးသမီး~~ မဖြစ်နိုင်ပါဘူးရှင်။ တစ်ခုခုတော့ လိုနေသလိုပဲ။ ဒါပေမဲ့
ဘာလဲဆိုတာတော့ ကျွန်မ စဉ်းစားလို့မရသေးဘူး။

သင်္ဘောဝန်ထမ်း~~ လောလောဆယ် ဒီအတွက် မပူပါနဲ့ဗျာ။ သင်္ဘောက ခုပဲထွက်တော့မယ်။
ဒါနဲ့ခင်ဗျားယောက်ျားကရော။

အမျိုးသမီး~~ အဲ..ဟုတ်ပါရဲ့။ ကျွန်မ ခုမှပဲသိတော့တယ်။ ကျွန်မ မေ့နေတယ်ဆိုတာ
ကျွန်မ ယောက်ျားပဲလေ။

Uိာုm်...!!!!


credit to : မချိုမချဉ်ဟာသများ
အပြည့်အစုံသို့ »

တရုတ်ရိုးရာအားတိုးဆေး - ဟာသ (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)


ပဲရစ်မြို့ရဲ့ နာမည်ကျော် Lovers Lane တစ်နေရာ… …
တရုတ်လူမျိုး ကမ္ဘာလှည့်ခရီးသွား တစ်ယောက်ဟာ ကြေးစားမလေးတစ်ယောက်ကို လာခေါ်သွားတယ်။
သူတည်းခိုရာ ဟိုတယ်ခန်းကိုရောက်တော့ ကောင်မလေးကို ပြောတယ်… …
“မီးပိတ်ထားမယ်နော်” တဲ့
ဆိုတော့ ကောင်မလေးကလည်း သဘောတူတယ်။

ဒါနဲ့ ခဏနေတော့ ကောင်မလေးနဲ့ ပျော်ပါးသတဲ့။

ကိစ္စပြီးတာနဲ့ ကိုရွှေတရုတ်က… …
-ကုတင်ပေါ်ကနေ ခုန်ချတယ်
-ပြတင်းပေါက်ရှိရာကို ပြေးသွားတယ်
-ရှုးရှဲ ရှုးရှဲနဲ့ ပြင်ပလေကို တစ်ဝကြီး သုံးခါရှုတယ်
-ကုတင်ရှိရာကို ပြန်လာပြီး ကုတင်အောက်ကို ဝင်သွားတယ်
-ကုတင်ရဲ့ တခြားတဖက်ကနေ ပြန်ထွက်လာတယ်
-ပြီးတော့ ကုတင်ပေါ်တက်လာပြီး တခါ ပျော်ပါးပြန်သတဲ့။

တခါပျော်ပါးပြီးပြန်တော့ ခုနလိုပဲ… …
-ကုတင်ပေါ်ကနေ ခုန်ချတယ်
-ပြတင်းပေါက်ရှိရာကို ပြေးသွားတယ်
-ရှုးရှဲ ရှုးရှဲနဲ့ ပြင်ပလေကို တစ်ဝကြီး သုံးခါရှုတယ်
-ကုတင်ရှိရာကို ပြန်လာပြီး ကုတင်အောက်ကို ဝင်သွားတယ်
-ကုတင်ရဲ့ တခြားတဖက်ကနေ ပြန်ထွက်လာတယ်
-ပြီးတော့ ကုတင်ပေါ်တက်လာပြီး တခါ ပျော်ပါးပြန်သတဲ့။

အဲလိုမျိုး မနားတမ်းလုပ်နေတာ ၅ခါလည်း မြှောက်ရော ကောင်မလေးက သူ့ရဲ့ထူးခြားတဲ့ အပြုအမူကို အံ့သြပြီး မေးတော့တာပေါ့… …

“အဲဒါ ဘာလုပ်တာလဲဟင်”
“အော်… ဒါ ငါတို့ရဲ့ တရုတ်ရိုးရာ ကာမလေ့ကျင့်ခန်းလေ၊ အဲလိုလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ခွန်အားတိုးပွား အကျိုးများပြီး သန်စွမ်းစေတယ်၊ မင်း အမြင်ပဲ မဟုတ်လား”

“ဟုတ်ကဲ့ရှင့်၊ ဒါဆို ကျမလည်း စမ်းကြည့်အုံးမယ်”

…. ဆိုပြီး

ကောင်မလေးက… ….
-ကုတင်ပေါ်ကနေ ခုန်ချတယ်
-ပြတင်းပေါက်ရှိရာကို ပြေးသွားတယ်
-ရှုးရှဲ ရှုးရှဲနဲ့ ပြင်ပလေကို တစ်ဝကြီး သုံးခါရှုတယ်
-ကုတင်ရှိရာကို ပြန်လာပြီး ကုတင်အောက်ကိုလည်း ဝင်လိုက်ရော… …

အောင်မယ်လေး…
ကုတင်အောက်မှာ…
တရုတ်လေးယောက်…
ကိုယ်တုံးလုံးလေးတွေနဲ့ ကောင်မလေးကို သွားဖြီးပြီးပြုံးပြကြတယ်… ….

“အဟီး… နေကန်းလား ငင်”

Credit to : Thanlay Ko
အပြည့်အစုံသို့ »

လင်နဲ့ မယား - ဟာသ


ညတစ်ညတွင် ဗစ်တိုးရီးယားက ယောက်ျားဖြစ်သူ ဘက်ခမ်းကို နှိုးသည်။
““ယောက်ျား…ထစမ်းပါဦး… ကျွန်မ အိုက်တယ်ရှင့်””
ဘက်ခမ်းက အိပ်ရာမှထပြီး အခန်းပြတင်းပေါက်တွေ ဖွင့်လိုက်သည်။ ခဏအကြာတွင်
မိန်းမဖြစ်သူမှ ထပ်ပြီး နှိုးပြန်သည်။
““ယောက်ျား….ထစမ်းပါဦး…ကျွန်မ ချမ်းတယ်ရှင့်””
ယောက်ျားက အိပ်ရာမှထပြီး စောင်တစ်ထည်ထပ်ယူပေးလိုက်သည်။ ခဏအကြာတွင်
မိန်းမဖြစ်သူက ပြောပြန်သည်။
““ယောက်ျား… ကျွန်မကို အမျိုးသားတစ်ယောက်က ဖက်ထားတဲ့ နွေးထွေးမှု
လိုချင်တယ်ရှင့်””
ထိုအခါ ဘက်ခမ်းက စိတ်မရှည်တော့သဖြင့် ပြောလိုက်သည်။
““ကြံကြံဖန်ဖန်ကွာ….မနက်၂ နာရီထိုးကြီးမှာ မင်းအတွက်ယောက်ျားကို ငါက
ဘယ်မှာသွားရှာရမှာလဲကွ ဟေ””

ရဲစတိုင်း
The Myanma Age
အပြည့်အစုံသို့ »

ငဖျင်းတစ်ယောက်ရဲ့ ဒိုင်ယာရီ - အရမ်းရယ်ရတဲ့ ဟာသ


ဘွဲ့ရပြီးသိပ်မကြာတဲ့တစ်ရက်မှာ ကောင်မလေးက ကျွန်တော်ဆီ smsပို့တယ်။ “ငါတို့ လမ်းခွဲရအောင်”တဲ့။ ကျွန်တော်ဝမ်းနည်းမယ်ကြံကာရှိသေး သူနောက်တစ်ကြောင်းထပ်ပို့တယ်။ “ဆောရီးပဲ… ငါ မှားပို့မိတယ်”တဲ့။ အဲအချိန်ကျမှ ကျွန်တော်အသည်း တစ်စစီကြွေရော… (ဇန်နဝါရီ ၁၅ရက်)

××××××
ချစ်သူများနေ့မှာ အလယ်တန်းတုန်းက ကျွန်တော်တိတ်တခိုးချစ်ခဲ့ရတဲ့ ကောင်မလေးကို sms ပို့လိုက်တယ်။ “တကယ်လို့ ဆန်ပြုတ်တစ်ခွက်ရှိရင်၊ နင့်ကို တစ်ဝက်အရင်တိုက်မယ်၊ ကျန်တစ်ဝက်ကို အေးမသွားအောင် ငါ့ရင်ခွင်ထဲထည့်ထားမယ်”ပေါ့။
မိနစ်အနည်းငယ်အတွင်းမှာ သူ့ဆီက ပြန်ပို့လိုက်တဲ့စာရတယ်။ “နင့်ကို ဘယ်သူမိတ်ဆက်ပေးတာလဲ? တစ်ခါ ၄ဝဝဝ၊ ညပါရင် ၇ဝဝဝ” တဲ့။ (ဖေဖော်ဝါရီ ၁၄ရက်)

××××××
ဒီနေ့တစ်နေကုန် နေလို့မကောင်းဘူး။ မနေ့ညက တဘက်သတ်စွဲလမ်းခဲ့တဲ့ ကောင်မလေးကို sms ပို့လိုက်တာ သူက တစ်ခါ ၄ဝဝဝတဲ့ စာပြန်တယ်။ သူ လမ်းမှားနေပြီ။ စိတ်မကောင်းဖြစ်မိတယ်။ ဝမ်းနည်းမိတယ်။ ပိုက်ဆံအိတ်ထုတ်ပြီး ပိုက်ဆံရှာကြည့်တော့ ကျွန်တော်ပိုဝမ်းနည်းသွားတယ်။ သူနဲ့အတူ လမ်းလိုက်မှားဖို့ ကျွန်တော့်မှာ အရင်းတောင်မရှိခဲ့ပါလား…. (ဖေဖော်ဝါရီ ၁၅ရက်)

×××××××
ဒီနေ့စာဖတ်နေရင်းက Kangxiဘုရင် အသက်(၂၃)နှစ်မှာ တိုင်းပြည့်ရှင်ဘုရင်မင်းကြီးဖြစ်နေပြီတဲ့။ ကျွန်တော့်ကိုကျွန်တော်ကြည့်ပြီး ဝမ်းနည်းမိတယ်။ နောက် စာဆက်ဖတ်ရင်းက Tongzhiဘုရင် အသက်(၂၃)နှစ်မှာ နတ်ရွာစံတာ၎နှစ်ရှိခဲ့ပြီတဲ့။ ကျွန်တော့်စိတ် သက်သာရာရသွားတော့တယ်။ (မတ်လ ၁၁ရက်)

××××××××
လောကကြီးရဲ့ မမျှတမှုက…..
ဘုရားသခင်က … ငါအလင်းလိုတယ်ဆိုတာနဲ့ နေ့ဆိုတာ ရှိသွားတယ်။
မိန်းမလှက…… ငါ စိန်လက်စွပ်လိုတယ်ဆိုတာနဲ့ စိန်လက်စွပ်ရသွားခဲ့တယ်။
ချမ်းသာသူက….. ငါ မိန်းမလှလိုတယ်ဆိုတာနဲ့ မိန်းမလှရသွားခဲ့တယ်။
ကျွန်တော်က…. ငါ ကွန်ပြူတာသုံးမယ်ဆိုတာနဲ့ မီးပျက်သွားခဲ့တော့တယ်။ (ဧပြီ ၂၃ရက်)

××××××××
တစ်ည ထမင်းစားပြီး ဝရန်တာမှာ ဆေးလိပ်ထိုင်ဖွာနေတုန်း ကောင်းကင်ပေါ်မှာ ရုတ်တရက်အလင်းတန်းတစ်ခု ဖြတ်သွားတယ်။ ကြယ်ကြွေပြီဆိုပြီး ဆု ၄,၅,၆ခုလောက် တောင်းလိုက်တယ်။ ဆုတောင်းပြီးကြည့်လိုက်တော့ ဆေးလိပ်ကတိုနေပြီ။ နှစ်ချက်လောက်ဖွာပြီး လွင့်ပစ်လိုက်တယ်။ အဲဒီမှာ အောက်ထပ်က ကောင်မလေးတစ်ယောက် ရုတ်တရက်ထအော်တယ်။ “ဟော… ကြယ်ကြွေပြီ… မြန်မြန်ဆုတောင်း”တဲ့။ (မေ ၃ရက်)

credit > နိုင်းနိုင်းစနေ
အပြည့်အစုံသို့ »