Showing posts with label health-news. Show all posts
Showing posts with label health-news. Show all posts

ဗိုက်ကြီးသည်များ မသုံးသင့်တဲ့ ဆပ်ပြာ


ပိုးသတ်ဆေးပါသည့် ဆပ်ပြာများ (Antibacterial
Soap) သုံးခြင်းသည် သန္ဓေသားနှင့် မိခင်ကိုပါ အန္တရာယ်ဖြစ်စေသောကြောင့် ယင်းဆပ်ပြာ
များကို မသုံးစွဲရန် ကျန်းမာရေးပညာရှင်များ
က သတိပေးထားသည်။



ဘက်တီးရီးယားများကို သေစေနိုင်သည့် ဒြပ်ပေါင်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင် သူများအတွက် စိုးရိမ် ဖွယ်ဖြစ်လာပြီး အမေရိကန်ဓာတုဗေဒအသင်းကလည်း ယင်းကိစ္စရပ်ကို ယခုကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေး တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းကြောင့် မွေးကင်းစကလေးများ ကိုယ်အလေးချိန်မပြည့်ရသည့် အ ကြောင်း ဆက်နွှယ်မှုများကို သိပ္ပံပညာရှင်များက ဆွေးနွေးတင်ပြသွားကြမည်ဖြစ်သည်။

ယင်းပြဿနာသည် အလွန်နူးညံ့သိမ်မွေ့သော်လည်း ရေရှည်တွင် မွေးကင်းစကလေးများ၏ ကြီးထွားမှု အရွယ်အစားပေါ်တွင် များစွာ သက်ရောက်မှုရှိလာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

သုတေသနပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ ဘန်နီပစ်ကေက ပိုးသတ်ဆေး ပါဝင်သည့် ဆပ်ပြာများအတွင်းမှ ဓာတုပစ္စည်းများက သန္ဓေသားကြီးထွားမှုနှင့် မျိုးပွားမှုများအပေါ်တွင် သက်ရောက်မှု များ ရှိနေကြောင်း တိရစ္ဆာန်များတွင် အထောက်အထားတွေ့ရှိထားပြီး လူများအပေါ်တွင်လည်း ထိခိုက်နိုင်သည့် အလားအလာ များရှိနေ ကြောင်း ပြောကြားသည်။


၂၀၁၀ ပြည့်နှစ်တွင် ဖလောရီဒါတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ Triclosan ဓာတုပစ္စည်းသည် ခန္ဓာ ကိုယ် အတွင်းမှ အီစတိုဂျင် ဟိုမုန်းများ၏ ဇီဝကမ္မဖြစ်စဉ်နှင့် ဆက်စပ်နေသော အင်ဇိုင်းများ ထုတ်လုပ်ခြင်းကို အဟန့်အ တားဖြစ်စေကြောင်း သိရသည်။

ဓာတုပစ္စည်းများဖြစ်သည့် Triclosan နှင့် Triclocarban တို့ကို သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ကော်ဇောများ၊ သုတ်ဆေးများ၊ ကျောင်းသုံးပစ္စည်းများနှင့် ကလေးကစားစရာများအပါ အ၀င် နေ့စဉ်သုံးပစ္စည်း ၂၀၀၀ ခန့်တွင် ထည့်သွင်း အ သုံးပြုနေကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် Oestrogen sulfotransferase ဟုခေါ်ဆိုသော အဆိုပါ အင်ဇိုင်း များသည် အီစတိုဂျင်များ၏ ဇီဝကမ္မဖြစ်စဉ်ကို အကူအညီပေးပြီး အချင်းမှတစ်ဆင့် သန္ဓေသားအတွက် အာဟာရဖြစ်စေသည်။

အီစတိုဂျင်သည် ဦးနှောက်ဖွံ့ဖြိုးရေးနှင့် မျိုးဗီဇများ ထိန်းညှိရေးတွင် များစွာအရေးပါကြောင်း သုတေသနပညာရှင် များက ရေးသားထားသည်။

ထို့ပြင် ပိုးသတ်ဆေးဆပ်ပြာများတွင် အရောင်နှင့် ထိန်းဆေးအတွက် ထည့်ထားသည့် ပစ္စည်း အချို့သည် ပဋိဇီဝဆေး မတိုးသည့် ပြဿနာဖြစ်ပွားနိုင်သောကြောင့် လူများ၏ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်ပေါ် လာနိုင်ကြောင်း လေ့လာတွေ့ရှိမှုအချို့တွင် ဖော်ပြထားသည်။

အိမ်သုံးပစ္စည်းများတွင် ပါသည့် ဓာတုပစ္စည်းများသည် မေလအတွင်းက ထုတ်ပြန်ခဲ့သည့် လူတို့၏ သုတ်ပိုးများကို ပျက်စီး ထိခိုက်စေကြောင်း ပထမဆုံးအကြိမ် လေ့လာတွေ့ရှိမှုတစ်ခုကို မေလအတွင်းက ထုတ်ပြန်ခဲ့သည်။
Ref: Daily Mail

Mizzima News Daily
အပြည့်အစုံသို့ »

ကိုယ်ဝန်ဆောင်မိခင် နဲ့ အနေအထိုင်ဆိုင်ရာ



ကိုယ်ဝန်ဆောင်စဉ် အနေအထိုင် မမှန်တာကြောင့် မိခင် နဲ့ ခလေး ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အနေအထား ရုတ်တရက် ပြောင်းတာတွေ၊ ကြာကြာတစ်ပုံစံထဲ နေတာတွေကြောင့် ခါး၊ ဆီးခုံ၊ဆီးစပ်နာတာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရပါလဲ။ ဒါ့အပြင် ကြာကြာရပ်တာ၊ ထိုင်တာနဲ့ ပက်လက်အိပ်တာတွေကြောင့်လည်း မိခင်ခြေထောက် ဖောတာအပြင် ကလေးကြီးထွားမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဘာကြောင့်ပါလဲ။

ဒီပြဿနာတွေကို ကာကွယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် စောင်းတာ၊ ကုန်းတာ၊ ကွတာတွေ မလုပ်ဘဲ၊ ဖြည်းဖြည်းသာသာ ဂရုစိုက်လုပ်သင့်ပါတယ်။ဒီ့အပြင် ကြာကြာထိုင်တာ၊ ထတာတွေမလုပ်ပဲ ခေတ္တနေထိုင်ပုံ အပြောင်းအလဲ လုပ်ပေးဖို့ လဲလျောင်းသင့်ပါတယ်။ ဒါပေမဲ့ ပက်လက်လှန် လဲလျောင်းတာမျိုး မဟုတ်ဘဲ ခဏတာ ဘေးစောင်းလဲလျောင်း အနားယူသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အနေအထိုင် မမှန်တာကြောင့် မိခင် နဲ့ ခလေး ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကိုယ်အနေအထား ရုတ်တရက် ပြောင်းတာတွေ၊ ကြာကြာတစ်ပုံစံထဲ နေတာတွေကြောင့် ခါး၊ ဆီးခုံ၊ဆီးစပ်နာတာတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရပါလဲ။ ဒါ့အပြင် ကြာကြာရပ်တာ၊ ထိုင်တာနဲ့ ပက်လက်အိပ်တာတွေကြောင့်လည်း မိခင်ခြေထောက် ဖောတာအပြင် ကလေးကြီးထွားမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဘာကြောင့်ပါလဲ။

ဒီပြဿနာတွေကို ကာကွယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် စောင်းတာ၊ ကုန်းတာ၊ ကွတာတွေ မလုပ်ဘဲ၊ ဖြည်းဖြည်းသာသာ ဂရုစိုက်လုပ်သင့်ပါတယ်။ဒီ့အပြင် ကြာကြာထိုင်တာ၊ ထတာတွေမလုပ်ပဲ ခေတ္တနေထိုင်ပုံ အပြောင်းအလဲ လုပ်ပေးဖို့ လဲလျောင်းသင့်ပါတယ်။ ဒါပေမဲ့ ပက်လက်လှန် လဲလျောင်းတာမျိုး မဟုတ်ဘဲ ခဏတာ ဘေးစောင်းလဲလျောင်း အနားယူသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

VOA

http://burmese.voanews.com/audio/2405107.html
အပြည့်အစုံသို့ »

ကွန်ပျူတာနှင့်မျက်စိ


အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ရန်ကုန်၊ မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။

ကွန်ပျူတာ အသုံးများတာကြောင့် မျက်စိယားတာ၊ မျက်စိညောင်းညာတာတို့ ဖြစ်တတ်ပါသလား ဆရာ။

ကွန်ပျူတာ အသုံးများလို့ မျက်စိယားတာတော့ မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ အသုံးများတဲ့သူတွေမှာ အများဆုံး ဖြစ်တာက မျက်စိဝန်ပိပြီး ညောင်းတာ(Eye Strain) ပဲဖြစ်ပါတယ်။

မျက်စိညောင်းတာမှာ အဓိက နားလည်ဖို့လိုတာက ကွန်ပျူတာမော်နီတာဆိုတာ မျက်လုံးကကြည့်လိုက်ရင် အပေါင်း ၆၀ ဒီဂရီရှိတဲ့ မှန်ဘီလူးတစ်ခုပဲ။ ဒါကြောင့် မှန်ဘီလူးဆိုတဲ့အတွက် Focus ကျနေဖို့ လိုပါတယ်။ Focus ကျနေရင် ကြည့်လို့ကောင်းတယ်။ ထိုင်ကတည်းက ထိုင်ခုံကိုလိုသလို ရှေ့တိုး နောက်ဆုတ်လုပ်ပြီး ကွန်ပျူတာကို ကြည့်သင့်ပါတယ်။ စာလုံးအရွယ်အစား ကြီးသွားရင် ကြီးသွားသလို၊ စာလုံးအရွယ်အစား သေးရင် သေးသွားသလို၊ အဖြူအမည်းဖြစ်ရင်ဖြစ်သလိုမျိုး အဆင်ပြေအောင် လိုသလို ညှိကြည့်ရမယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ တွဲသုံးတဲ့ ထိုင်ခုံတွေက လိုသလို ညှိလို့ရတဲ့ ထိုင်ခုံမျိုးကို ကုမ္ပဏီ အများစုကထားလေ့ ရှိပါတယ်။ အဲဒီလို ထိုင်ခုံမျိုးကိုပဲ ထားသင့်ပါတယ်။

မျက်စိညောင်းတာ မဖြစ်အောင် ကွန်ပျူတာသုံးရင် အချိန်ဘယ်လောက်ကြာကြာ သုံးသင့်ပါသလဲ ဆရာ။

မျက်စိက အဝေးကိုကြည့်ရင် သက်သာပါတယ်။ အနီးကို ကြည့်တဲ့အခါမှာ စုပြီးကြည့်ရတယ်။ မျက်စိက စုကြည့်နိုင်တဲ့ အစွမ်း(Convergence Power)က ၂၀မိနစ်ပဲရှိပါတယ်။ ဒါကြောင့် AAo( American Academy Of Ophthalmology) က စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။၂၀-၂၀-၂၀(၂၀,၂၀,၂၀) ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ဆိုလိုတာက အချိန်မိနစ်၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးပါလို့ ပြောတာ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက ကျွန်တော်သုံးနေတဲ့ ကွန်ပျူတာအခန်းက ငါးပေပဲ ရှိတော့ ဘယ်လိုလုပ်ပြီး ပေ ၂၀အကွာကို ကြည့်ရမလဲ ဆိုပြီး မေးစရာရှိပါတယ်။ အဲဒီလိုဖြစ်နေရင်လည်း အကွာအဝေး ပေ ၂၀ကို ကာထားတဲ့ အုတ်နံရံဖောက်ပြီး မှန်ကြည့်ရပါမယ်။ ကွန်ပျူတာသုံးရင်း မိနစ် ၂၀ကြာတိုင်း ဒီလိုနားပေးတာက တကယ်တမ်းပြောရရင် ကျိုက်ထီးရိုးတောင်ကို တက်သလိုပါပဲ။ တောင်ခြေကနေ အပေါ်ကိုရောက်ဖို့ နားနားပြီး တက်ရသလိုပါပဲ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တဲ့အခါမှာလည်း နားနားပြီး လုပ်ပေးရပါမယ်။ ဒါကို Intermittent Relaxationလို့ ခေါ်ပါတယ်။

ကွန်ပျူတာသုံးရင် မျက်စိမညောင်းအောင် တခြားဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နိုင်ပါသေးသလဲ ဆရာ။

ဆရာတို့ စာဖတ်တဲ့အခါ စာရွက်ကဘာမှ အလင်းမပြန်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာသုံးတဲ့အခါ အလင်းပြန်ပါတယ်။ ဒီလိုအလင်းပြန်တာကြောင့် မျက်စိညောင်းရတဲ့အတွက် အလင်းပြန်တာကို ရှောင်လွှဲနိုင်ဖို့ သင့်တော်တဲ့နေရာမှာ Light Source တစ်ခုကို တပ်ထားပေးရပါမယ်။ ဒါဆိုရင် ကွန်ပျူတာသမားတွေ မျက်စိညောင်းတဲ့ ဒဏ်မရှိနိုင်တော့ပါဘူး။

ကွန်ပျူတာ အသုံးများရာက မျက်စိဝေဒနာရပြီး လာပြတဲ့ လူနာတွေများပါသလားဆရာ။

အခုဆိုရင် ညနေပိုင်းလောက်မှာ လူနာလာပြတဲ့အခါ လက်တော့ပ်အိတ်လေးကိုင်ထားတယ်ဆိုရင် ဒါက ကွန်ပျူတာ အသုံးများပြီး မျက်စိညောင်းလို့ လာပြတယ်ဆိုတာ ဆရာတို့သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ်။

သူတို့က ဘာပြောတတ်သလဲဆိုရင် ‘ မျက်မှန်တပ်ချင်တယ်’ ဆိုတာပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အကာအကွယ် မျက်မှန်လေး တပ်လိုက်ရင် ကွန်ပျူတာ သုံးတဲ့အခါ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ထင်နေကြပါတယ်။ ဆရာတို့ မျက်စိဆရာဝန်တွေ အများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ဆေးမျက်မှန်ဆိုတာ ဘာမှ မဟုတ်ဘူး။ စီးပွားရေးသမားတွေ ညာပြီး ရောင်းနေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ မျက်စိညောင်းလို့ မျက်စိစမ်းသပ်လိုက်ရင် ပါဝါပါတဲ့ မျက်မှန်လေးရတဲ့အခါ ခဏတော့ ကျေနပ်သွားကြတယ်။ နောက်တော့ ပါဝါမကိုက်လို့ ပြန်ပြောင်းလိုက်၊ ကျေနပ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်လောက်လည်းကြာရော မျက်မှန်လည်းချွတ်လို့မရတော့ဘူး။ မျက်မှန်တပ်မှ မြင်ရသလိုလို ဖြစ်လာပါတယ်။ တကယ်တော့လည်း မျက်မှန်ပါဝါရှိတာ မဟုတ်ပါဘူး။

ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရသလဲ ဆရာ။

မျက်စိစမ်းသပ်မှုမှာ လူနာအများစုက မျက်မှန်ပါဝါကိုပါ စမ်းသပ်ပြီး မျက်မှန်ပေးလိုက်မှ ကျေနပ်ကြတာ များပါတယ်။ မုန့်ဟင်းခါးစားရင် ဟင်းရည်အဆစ်တောင်းလိုက်ရမှ ကျေနပ်သလိုမျိုးပါပဲ။ ဆရာတို့ကလည်း မျက်မှန်မလိုပဲနဲ့ မပေးချင်ပါဘူး။ မျက်မှန်လို မလိုဆိုတာ စမ်းသပ်လိုက်ရင် သိပါတယ်။ မလိုမှန်း သိရက်နဲ့ မျက်မှန်ကို မပေးချင်ပါဘူး။ဒါပေမယ့် လူနာတွေက မကျေနပ်ကြဘူး။ မျက်မှန်မလိုဘူး ဆိုပေမယ့် ကျွန်တော့်မျက်စိက ညောင်းတုန်းပဲလို့ ဆရာတို့ကို ပြန်မေးတာ ကြုံဖူးပါတယ်။ တကယ်တော့ လူနာအများစုရဲ့ စိတ်ထဲမှာ ကွန်ပျူတာကို မနားဘဲသုံးလို့ မျက်စိညောင်းတာကို မျက်မှန်လိုတယ်လို့ပဲ ထင်နေကြတာပါ။ တကယ်က မျက်မှန်တပ်စရာမလိုပါဘူး။ ဆရာ စောစောကပြောသလို အချိန် မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးလိုက်ရင် မျက်စိညောင်းတာ သက်သာသွားမှာ ဖြစ်ပါတယ်။

ကွန်ပျူတာအသုံးများတဲ့သူတွေကို ဘာပညာပေးလိုပါသလဲ ဆရာ။

ကွန်ပျူတာ အသုံးများလို့ မျက်စိညောင်းတယ်ဆိုတာ ဥပမာပြောရရင် လူတွေ လမ်းလျှောက်တာများရင် ခြေထောက်ညောင်းရော… လမ်းလျှောက်တာကို ရပ်နားလိုက်မှ သက်သာတယ်။ အဲဒီသဘောပါပဲ။ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ မျက်စိကို ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် လက်ညောင်းလာသလိုမျိုးပေါ့။ မျက်စိက အိပ်ရာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလုပ်တွေလုပ်နေရတာပါပဲ။ ကွန်ပျူတာသုံးတာလို မျက်စိအတွက် ကြီးတဲ့တာဝန်(Heavy Duty) တွေ မလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ်(Light Duty) ကိုတော့ မျက်စိဖွင့်လိုက်ပြီ ဆိုကတည်းက လုပ်နေရတာပါပဲ။ အဲဒီတော့ ကွန်ပျူတာသုံးသူတွေအနေနဲ့ မျက်စိညောင်းညာတာ မဖြစ်အောင် လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာငေးကြည့်တဲ့နည်းနဲ့ ပုံမှန်အနားပေးပါလို့ အကြံပြုလိုပါတယ်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ သြဂုတ်လထုတ် အာရောဂျံမဂ္ဂဇင်း အမှတ်(၂၆၅) မှ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)ရေးသားသော ပါမောက္ခ ဦးတင်ဝင်း မျက်စိအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

MOI Webportal Myanmar
အပြည့်အစုံသို့ »

နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာဝနည်းလေးများ


(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့  အရိုးများနာကျင်ကိုက်ခဲနေပါသလား?
ဂျင်း လက်တဆစ်လောက်ကို နေ့ တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)

(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား?
လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု့ံ၍ ၀ါးပေးပါ။

(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား?
ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။

(၄) နားကိုက်နေပါသလား?
ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။

(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား?
ချယ်ရီသီး လက်တဆုပ် စာလောက် နေ့  စဉ်စားပေးပါ။

(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား?
အဆီများတဲ့ငါးများဖြစ်ကြတဲ့ ဆယ်လ် မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့် ပင်လယ် ငါးအ မျိုးမျိုး တို့ စားပေးပါ။

(၇) ကျန်းမာရေးအတွက် ဘက်စုံ ကောင်းချင်ပါသလား?
အဆီမပါတဲ့ ဒိန်ချဉ် ကို နေ့ စဉ် ၂-ခွက်လောက်သောက်ပေးပါ။

(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်)နာကျင်ကိုက်ခဲနေပါသလား?
နနွင်းမှုန့် စစ် စစ်ကို နေ့ စဉ် လ္ဘက်ရည် ဇွန်း ၄-ပုံ ၁-ပုံ လောက် သောက်ပေးပါ။ (အရိုး/အကြောနဲ့  ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို သက်သာစေတဲ့အပြင် ကင်ဆာရောဂါများ၊ မျက်လုံး ရေတိမ်စွဲခြင်း နဲ့ အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် အကြိုဇရာ ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါ တယ်)

(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား?
ကွေကာအုပ်(အကြမ်း) နေ့ စဉ်စားပေးပါ (သားအိမ်အတွင်းမြှေးများကို ကောင်းကျိုးပြု ပါ တယ်)

(၁၀) ခြေစွယ်ငုပ်ပြီး ပြည်တည်နေပါသလား?
ဇလုံ တစ်ခုထဲမှာ ရေနွေး ၁-ခွက်ကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်းနှုန်းဖြင့်ရော ၍ ခြေထောက် ထဲ့စိမ်ပေးပါ။ (မိနစ် ၂၀ ခန့်ကြာအောင် တနေ့  ၂-ကြိမ် ကျ ခြေထောက် စိမ်ပေးရပါမယ်)

(၁၁) လေပွနေပါသလား?
နာနတ်သီး လတ်လတ်ဆတ်ဆတ် ၁-စိပ် လောက်ကို ညက် ညက်ဝါးစားပေးလိုက်ပါ။

(၁၂) မှင်ရောဂါကြောင့် အသားတွေရောင်ကိုင်း နာကျင်နေပါသလား?
ပူစီနံရွက် များများစားပါ (သို့ မဟုတ်) ပူစီနံရွက်အဆီလိမ်း ပေးပါ။

(၁၃) ခါးနာနေပါသလား?
နေ့ စဉ် စပျစ်သီး လက်တဆုပ်လောက် စားပေးပါ။

(၁၄) သွေးယားယံခြင်း ရောဂါခံစားနေရပါသလား?
သောက်ရေသန့် သန့်  ၈-ခွက်လောက် နေ့ စဉ်သောက်သုံးပေးပါ။ (သွေးရော ဂါအမျိုးမျိုး တို့ ကို ပျောက်ကင်းစေတဲ့အပြင် သွေးသန့် စေပါတယ်)

(၁၅) ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးအိမ်ရောင်နေပါသလား?
ဘလူးလယ်ရီသီးကို လက်တဆုပ်စာလောက် နေ့ စဉ်စားပေးပါ။

(၁၆) နာတာရှည် ကိုယ်ရေပြားရောင်ရမ်းနာ ဖြစ်နေပါသလား?
သဘာဝ ပျားရည်စစ်စစ် ကို တနေ့  ၄-ကြိမ်လောက် လိမ်းပေးပါ။

(၁၇) ကိုယ်ခံအားနည်းလို့  မကြာခဏ နေမကောင်းဖြစ်နေပါသလား?
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ အ၀ါရောင် ဂုန် လျှော်စေ့(ဂုန် လျှော်ပင်ရဲ့ အစေ့) ကို နေ့ စဉ် လ္ဘက်ရည်ဇွန်း ၃-ဇွန်းစားပေးပါ။ (အမျိုးသမီးများ သားမြတ် (ရင် သား) ရောင် ရမ်း နာ ကျင်မှုကိုပါ ပျောက်ကင်းစေပါတယ်)

့(၁၈) ခေါင်းတခြမ်းကိုက်နေပါသလား?
ကော်ဖီပူပူလေး ဖျော်သောက်လိုက်ပါ။

(၁၉) ခြေသလုံးသားတွေ မကြာခဏ ကြွက်တက်နေပါလား?
ပိုတက်စီယမ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီးမှည့်မှည့်ကို နေ့ စဉ်စားပေး ပါ။ (ကိုင်းခရမ်းချဉ် သီး မဟုတ်ပါ)

လူတိုင်းသက်ရှည်ကျန်းမာစေဖို့ ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

(တင်ထက်ထက်ဇော်……မျှဝေသည်)
(ကိုးကား….Healthy and Natural World)
promise.pauk
အပြည့်အစုံသို့ »

သံဓာတ်ချို့တဲ့သည့် လက္ခဏာများ



အောက်ဖော်ပြပါရောဂါလက္ခဏာများကို သတိပြုမိပါက ဒေါက်ခွရွက် (Spinach)နှင့် အမဲသားသုပ်စတင်စားသုံးပေးပါ။
အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန CDCP ၏ လက်ရှိ စာရင်းဇယားများအရ အမျိုးသမီးများ၏ ၉ ရာခိုင်နှုန်းမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဆိုးကျိုးများခံစားနေရကြောင်း သိရသည်။ သို့သော် သံဓာတ်ချို့တဲ့နေသည့် ရုပ်ပိုင်းဆိုင်ရာတက်တက်ကြွကြွရှိသော အမျိုးသမီးများအရေအတွက်မှာ ပို၍ပင်မြင့်မားကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ သံဓာတ်ချို့တဲ့မှုကို အောက်ပါလက္ခဏာရပ်များကို ကြည့်၍ သိရှိနိုင်သည်။

ပင်ပန်းနွမ်းနယ်ခြင်း

အောက်စီဂျင်သယ်ဆောင်သည့်သွေးနီဆဲလ်များအတွင်းပါဝင်သော ဟေမိုဂလိုဘင်ကိုထုတ်လုပ်ရန် ခန္ဓာကိုယ်က သံဓာတ်(Iron)ကို အသုံးပြုသည်။ ကျန်းမာသန်စွမ်းသည့် သွေးဆဲလ်များလုံလောက် သော ပမာဏမရှိပါက မောပန်းနွမ်းနယ်မှုကို စတင်ခံစားလာရမည်ဖြစ်သည်။

အာရုံစိုက်ရန်ခက်ခဲခြင်း

သံဓာတ်ချို့တဲ့မှုနှင့်အတူ လူများတွင် အာရုံကြောများကြားဆက်သွယ်ဆောင်ရွက်ပေးသော ဓာတုဒြပ်ပေါင်းမှာလည်း အပြောင်းအလဲရှိမည်ဖြစ်သည်။ သံဓာတ်ချို့တဲ့မှုကြောင့် ယင်းဒြပ်ပေါင်းလုပ်ဆောင်ချက်မှာ သာမန်ထက်လျော့ကျသွားနိုင်သည်။

စိတ်ပါဝင်စားမှုမရှိခြင်း

အာရုံကြောများကြား ဆက်သွယ်ဆောင်ရွက်ပေးသော ဓာတုဒြပ်ပေါင်းပြောင်းလဲမှု၏ နောက်ထပ်ဆိုးကျိုးတစ်ခုမှာ မည်သည့်ကိစ္စကိုမဆို စိတ်ပါဝင်စားမှုမရှိဖြစ်ခြင်းပင်ဖြစ်သည်။

အသက်ပုံမှန်ရှူ၍မရခြင်း

သွေးထဲတွင် လုံလောက်သောသံဓာတ်မရှိခြင်းကြောင့် ခန္ဓာကိုယ်တွင် အောက်စီဂျင်ဓာတ်များစွာလိုအပ်လာ၍ အသက်ပုံမှန်ရှူမရခြင်းကို ဖြစ်စေသည်။

ပုံမှန်မဟုတ်ဘဲ အသားအရေဖျော့တော့ခြင်း

သွေးလည်ပတ်စီးဆင်းမှုနှုန်းလျော့ကျခြင်းနှင့် သွေးနီဆဲလ်အရေအတွက်လျော့ကျသွားပါက အသားအရေဖျော့တော့လာနိုင်သည်။

ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန်ခက်ခဲခြင်း

သံဓာတ်ချို့တဲ့ပါက ယခင်က ပုံမှန်လုပ်ဆောင်နေကျဖြစ်သော ကိုယ်လက်လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။

ကြွက်သားများအလွန်နာကျင်ခြင်း

လေ့ကျင့်ခန်းလုပ်ပြီးနောက် သာမန်ထက်ပိုမိုကြာရှည်စွာပင်ပန်းနွမ်းနယ်ပြီး ကြွက်သားများနာကျင်နေပါက သံဓာတ်မလုံလောက်ခြင်းကြောင့် ကြွက်သားများအသေအချာပြန်လည်ကျန်းမာရန် စွမ်းရည်နည်းပါးပြီး နာကျင်ကိုက်ခဲနိုင်သည်။

ခြေသည်းလက်သည်းများ ကြွပ်ဆတ်မာကျောခြင်း

ခြေသည်းလက်သည်းများ ကြွပ်ဆတ်မာကျောပြီး အလွယ်တကူ ကျိုးပဲ့ခြင်းမှာလည်း သံဓာတ်ချို့တဲ့မှုလက္ခဏာတစ်ခုဖြစ်သည်။

မကြာခဏနာမကျန်းဖြစ်ခြင်း

အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် မကြာခဏနာ မကျန်းဖြစ်ခြင်းမှာ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သည်။

ဆီးပန်းရောင် (သို့မဟုတ်)အနီရောင်သွားခြင်း

သံဓာတ်ချို့တဲ့မှုကြောင့် အူသိမ်အူမများက အရောင်ပါဝင်သော ပစ္စည်းများကို ပိုမိုစုပ်ယူသဖြင့် ဆီးသွားသည့်အခါ ပန်းရောင် (သို့မဟုတ်) အနီရောင်ဆီးများသွားလေ့ရှိကြောင်း သိရသည်။

—Ref: Time
7day daily
အပြည့်အစုံသို့ »

Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ



နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်းမှာရှိတယ်။ မရိုးနိုင်အောင်ဆန်းပြားတာတွေလဲ ကြာရတယ်။ စိတ်ကူးယဉ်ပုံပြင်တွေထက် ထူးခြားတာတွေလဲပါတယ်။ အရိုးစွဲအယူအဆများစာအုပ်က အဲလိုအယူမှားတွေကို Absurdities အဓိပ္ပါယ်မရှိတာတွေလို့ ဆိုလိုက်ပါတယ်။ မိခင်တွေကနေ သမီးတွေကို မှန်တာတွေကိုသာ သင်ပေးပါလို့ အကြံပြုလိုက်ပါတယ်။

မှားတဲ့အယူအဆ နမူနာတွေ -
• You can’t go swimming during your period ရေမကူးရ။
• It’s unhealthy to have sex during your period ခင်ပွန်းနဲ့အတူမနေရ။
• Don’t wash your hair when you’re menstruating ခေါင်းမလျှော်ရ။
• Girls shouldn’t use tampons during their first periods ရာသီစလာတဲ့မိန်းကလေး စုပ်ယူတဲ့ပစ္စည်းမသုံးရ။
• You shouldn’t exercise အားကစားမလုပ်ရ။
• You won’t get pregnant if you have sex during menstruation ရာသီလာနေစဉ်ဆက်ဆံရင် ကိုယ်ဝန် သေချာပေါက်မရဘူးဆိုတာလဲ % ပြည့်မမှန်ပါ။ မျိုးဥထွက်တာ မတူကြပါ။
• Only mothers have heavy bleeding ကလေးမွေးဘူးမှသာ ရာသီအဆင်းများတယ်။
• Menstruating women are prone to cold so do not take shower အအေးမိတတ်လို့ရေမချိုးနဲ့။

တချို့ဟာတွေကို မမှန်ပါဘူးလို့ အသားလွတ်ငြင်းရတာခက်လို့ နည်းနည်းပါးပါး မှန်တယ်ဘဲထားပါအုံး ကောင်းတဲ့ အကြံဥာဏ်ကိုတော့ လက်မလွတ်ပါနဲ့။ အစားအသောက် ကောင်းကောင်းစားတာ၊ ကိုယ်လက် လှုပ်ရှားမှုလုပ်တာ၊ စိတ်ကို အပြုသဘောဆောင်တာတွေက မလွဲမသွေလိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၄
အပြည့်အစုံသို့ »

အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ


တစ်ချိန်က ကုရာနတ်္ထိဆေးမရှိခဲ့သော အေအိုင်ဒီအက်စ်ကို လာမည့် နှစ်ပိုင်းများအတွင်း တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲတင်းတင်း ပြောနိုင် သည့် အခြေအနေရောက် လာပြီ။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အေအိုင်ဒီအက်စ်ရောဂါကို ၂၀၃၀ ပြည့်နှစ်မှာ အပြည့်အ၀ထိန်းချုပ်နိုင် မည်ဟု နိုင်ငံတကာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများက ရဲရဲတင်းတင်း ပြောလိုက်ပြီ။ ယခင်က ကုရာနတ်္ထိ ဆေးမရှိ၊ ယခုလည်း အမြစ် ပြတ်ကုစရာ ဆေးမရှိသေးသည့်တိုင် အပြည့်အ၀ ထိန်းချုပ်နိုင်မည်ဟု ဆိုလိုက်ခြင်းမှာ ယုတ်္တိမရှိဟု ထင်စရာရှိသည်။ မည်သည့် နည်းလမ်းများဖြင့် ထိန်းချုပ်ကြပါမည်နည်း။

၂၀၃၀ မှာ အေအိုင်ဒီအက်စ် အမြစ်ပြတ် ဆေးပေါ်ပြီး အားလုံးကို ကုသပေးနိုင်မည်ဟု မဆိုလို။ သို့သော် လက်ရှိပေါ်နေပြီဖြစ်သော အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးဖြင့်ပင် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်သူ မရှိအောင် ၂၀၃၀ ခန့်တွင် ထိန်းချုပ်နိုင်တော့မည်။ ထိုအခါ အိပ်ခ်ျအိုင်ဗွီကြောင့်ဖြစ် သည့် အေအိုင် ဒီအက်စ်ဖြစ်ပွားသူ ပမာဏကိုလည်း ထိန်းချုပ်နိုင်တော့မည်။ အသစ်ကူးစက်၊ အသစ် ဖြစ်ပွားသူ မရှိအောင် ထိန်းနိုင်ပြီဆိုလျှင် အမြစ်ပြတ် တိုက်ဖျက်နိုင်ရေး လွန်စွာ နီးစပ်သွားပြီဖြစ်သည်။ လက်ရှိမှာပင် အေအာဗွီဆေးဖြင့် ကမ္ဘာတစ်ဝန်းမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ (၁၃) သန်းကျော်ကို လူ့သက်တမ်းစေ့နေနိုင်အောင် စောင့်ရှောက်ထားနိုင်ပြီ။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီကို အသေမသတ်နိုင် သော်လည်း ခန္ဓာကိုယ်ထဲ ၀င်နေသော အိပ်ခ်ျ အိုင်ဗွီကို မလှုပ်နိုင်အောင်၊ ဆက်မပျံ့ပွားနိုင်အောင် ထိန်းပေးထားသည်။ ထိုသို့ ထိန်းလိုက်သဖြင့် အိပ်ခ်ျအိုင်ဗွီပိုးသည် ခန္ဓာကိုယ် ခုခံအားစနစ်ကို ဒုက္ခ မပေးနိုင်တော့။ ထိုအခါ ခုခံအားကျဆင်းသည့် အေအိုင်ဒီအက်စ်ရောဂါ အဆင့်သို့ မရောက်ရှိတော့ဘဲ ပိုးရှိလျက်နှင့်ပင် သက်တမ်းစေ့နေနိုင်သွားသည်။

အိပ်ခ်ျအိုင်ဗွီပိုးရှိသူ တစ်ဦးထံမှ ထပ်ဆင့်ကူးစက်ခံရသည့် နှုန်းကို တစ်ယောက်ထက် နည်းအောင် ကြိုးပမ်းသွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ အိပ်ခ်ျအိုင်ဗွီ ရှိသူ (၁၀) ဦးရှိသည်ဆိုပါက ထိုလူများက တစ်ဆင့် ထပ်ကူးခံရသူ ပမာဏသည် (၁၀) ဦးအောက်သာ ရှိအောင် ထိန်းချုပ်သွားမည်။ ထိုသို့ ထိန်းချုပ်သွားခြင်းဖြင့် အချိန်တို အတွင်းမှာပင် အိပ်ခ်ျအိုင်ဗွီဖြင့် နေထိုင်ရသူ ပမာဏသည် ကျပြီးရင်း ကျဆင်းသွားမည်။ အိပ်ခ်ျအိုင်ဗွီကို သိပ္ပံပညာက စတွေ့သည်မှာ (၃၃)နှစ်လောက်သာရှိ သေးသည်။ ထိုကာလတို အတွင်း အိပ်ခ်ျအိုင်ဗွီကို နိုင်နင်းအောင် ထိန်းချုပ်နိုင်သည့် အခြေအနေမျိုးရှိလာသည်မှာ ကြီးမားသော အောင်မြင်မှုကြီးဖြစ်သည်။သိပ္ပံသုတေသနပိုင်းကလည်း အားကောင်းသလို၊ နိုင်ငံရေးပိုင်းကလည်း အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ်တိုက်ဖျက် ရေးအား တက်သရောရှိခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအဖွဲ့ကြီး UNAIDS ၏ စာရင်းအရ ပြီးခဲ့သည့်တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း အေအိုင်ဒီအက်စ် ဖြင့် လူ (၁ ဒသမ ၅)သန်း သေဆုံးကြောင်း သိရသည်။ သေဆုံးနှုန်း အများဆုံးဖြစ်ခဲ့သော ၂၀၀၅ ခုနှစ်က (၂ ဒသမ ၄) သန်းထက်သိသာစွာ လျော့ကျ လာပြီဖြစ်သည်။ သေဆုံးနှုန်းလျော့ကျလာသလို အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်ခံရသူနှုန်း ကလည်း တစ်နှစ်ပြီးတစ်နှစ် လျော့ကျလာနေပြီကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်ရောက်သည့်အခါ အိပ်ခ်ျအိုင်ဗွီ အသစ်ကူးစက်မှု လုံးဝထိန်းချုပ်နိုင်ရမည်ဟူသော ရည်မှန်းချက်မှာ အဓိပ္ပာယ်ရှိ၍ ဖြစ်နိုင်သော ရည်မှန်းချက်ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လက်နက်ကောင်းများကို ပြီးခဲ့သည့် အပတ်က သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သောအကြိမ် (၂၀)မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ပညာရှင်များ တင်ပြခဲ့ကြသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အစည်းအဝေးတက်ရန် လာသည့် ကိုယ်စားလှယ် ခြောက်ဦးသည် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၌ မလေးရှား လေယာဉ် MH 17 ပျက်ကျမှုတွင် ကွယ်လွန်ခဲ့ရသည်။ ၎င်း တို့အနက် တစ်ဦးမှာ နိုင်ငံတကာ အေအိုင်ဒီအက်စ် အဖွဲ့ကြီး (International AIDS Society) ၏ ဥက္ကဋ္ဌ ဟောင်းဂျိုးလန်း ဖြစ်သည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလှုပ်ရှားမှု၏ မီးရှူးတန်ဆောင်တစ်ဦး အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ မည်သို့ပင် ဆိုစေ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားမှုများကား အင်အားကောင်းကောင်း ဆက်ချီတက်မည်ဖြစ်သည်။

ကူးစက်မှု ဘရိတ်အုပ်

အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ထိန်းချုပ်နိုင်မည့် နည်းလမ်းများစွာလည်း ရှိနေပြီဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော တောင်အာဖရိ က အေအိုင်ဒီအက်စ် သုတေသနစင်တာမှ စလင်းအဗ္ဗဒူးကာရင်မ်က ပြောသည်။ အိပ်ခ်ျအိုင်ဗွီ ရှိသူများကို ဆွေးနွေး ပညာပေးခြင်းနည်း၊ ကွန်ဒုံးသုံးခြင်း နည်း၊ အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများပေးခြင်းနည်းများသည် လွန်စွာ ထိရောက် သောနည်းလမ်းများ ဖြစ်လာပြီ။ ထိရောက် သောနည်းလမ်း များထဲမှ ပို၍ထိရောက်သော နည်းလမ်းကား အေအာဗွီဆေး ဖြစ်သည်။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီရှိသူ ခန္ဓာကိုယ်ထဲက ပိုးကိုသိသိသာသာ ထိန်းချုပ် ပေးနိုင်ရာ ထိုသူမှတစ်ဆင့် အခြားသူများသို့ ကူးနိုင်ခြေ အလွန်နည်းသွားသည်အထိ ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရသည်။

လေ့လာမှုတစ်ရပ်အရ ဇနီးခင်ပွန်း တစ်ဦးဦး၌ အိပ်ခ်ျအိုင်ဗွီရှိနေသော အိမ်ထောင်သည် စုံတွဲများတွင် ပိုးရှိသူကို အေအာဗွီဆေးသုံးစေပါက ကူးစက်မှု (၉၆) ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း တွေ့ရသည်။ ပုံမှန် နေ့စဉ်ဘ၀ လူပေါင်းစုံထဲတွင် ကူးစက်မှု လျှော့ချ ပေးနိုင်စွမ်းကိုလည်း လေ့လာမှု စစ်တမ်း တစ်ရပ်ပြုစုထားသည်။ တောင်အာဖရိကနိုင်ငံ ကွာဇူလူ-နာတယ် တက္ကသိုလ်က စစ်တမ်းပြုစုခြင်း ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၀)မှ (၄၀)ရာ ခိုင်နှုန်းထိကို အေအာဗွီဆေး တိုက်ကျွေးထားနိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများနှင့် အေအာဗွီ ဆေး (၁၀) ရာခိုင်နှုန်းခန့်သာ တိုက် ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါ မရှိသူများကို ယှဉ်ကြည့်သည်။ ထိုအခါ အေအာဗွီဆေး ရာခိုင်နှုန်း များများ တိုက်ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများသည် အိပ်ခ်ျအိုင်ဗွီကူးစက်ခံ ရနိုင်ခြေ (၃၈)ရာခိုင်နှုန်းထိ နည်းပါးကြောင်း တွေ့ခဲ့ရသည်။

အိပ်ခ်ျအိုင်ဗွီရှိသူများကို အေအာဗွီဆေးဖြင့် ထိန်းပေးနိုင်သလို အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ရနိုင်ခြေများသည့် ပတ်ဝန်းကျင်တွင် နေထိုင်သော လူကောင်းများအတွက်လည်း Truvada ကဲ့သို့အိပ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးများရှိသေးသည်။ ဆန်ဖရန်စစ်္စကိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရောဘတ် ဂရန့်သည် Truvada ဆေးကို အစဦး စမ်းသပ်တီထွင်သူများထဲတွင် ပါဝင်သည်။ မဲလ်ဘုန်းမြို့ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် မစ္စတာ ဂရန့်က ကမ္ဘာ့ တိုက်ကြီးလေးခုရှိ နေရာ (၁၁) နေရာတွင် ပြုလုပ်ခဲ့သော ၎င်း တို့၏ သုတေသနများအကြောင်း ဆွေးနွေးတင်ပြသွားသည်။

Truvada သည် အိပ်ခ်ျအိုင်ဗွီ ကူးစက် မခံရအောင် (၉၀)ရာခိုင်နှုန်းထိ ကာကွယ် ပေးနိုင်ကြောင်း မစ္စတာ ဂရန့်က ပြောသည်။ နေ့တိုင်း သောက်ဖို့လည်း မလို။ တစ်ပတ် လေးကြိမ်သောက်လျှင် စိတ်ချရသည်။ နေ့တိုင်းဆေးသောက်ဖို့ မေ့တတ်သူများအတွက် အဆင်ပြေစေမည်ဖြစ်သည်။ သို့သော် Truvada သည် ဈေးကြီးလွန်းနေသေးသည်။ ဆေးတစ်လစာကို ဒေါ်လာ(၁၃၀၀) လောက်ကျသင့်သည်။ ဈေးကြီးလွန်းခြင်းက Truvada ၏ တွင်ကျယ်မှုကို အတားအဆီး ဖြစ်စေလျက်ရှိသည်။

အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ဖို့ လက်နက် ကောင်း တော်တော်များများရှိလာပြီ။ သို့သော် Truvada ဥပမာကဲ့သို့ပင် ဈေးကြီးနေ သေးခြင်းသည် အတားအဆီး ဖြစ်နေသည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အတွက် နိုင်ငံရေးပိုင်း၏ စိတ်အားထက်သန်စွာ အားပေးမှုအရှိန်မသေဖို့လည်း လိုသေး သည်။ ၂၀၀၀ ပြည့်နှစ်တွင် စတင်ချမှတ် အကောင် အထည်ဖော်ခဲ့သော ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များထဲတွင် အေအိုင် ဒီအက်စ် တိုက်ဖျက်ရေးကို အဓိက လုပ်ငန်း စဉ်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းခဲ့သဖြင့် ကမ္ဘာ့ နိုင်ငံများသည်လည်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ၂၀၁၅ တွင် သက်တမ်းကုန်ဆုံးတော့မည်။ ၂၀၁၅ လွန်ရည်မှန်းချက် မူကြမ်းများထဲတွင် ကား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးကို အဓိကအသားပေး ဖော်ပြထားသည်မျိုး မတွေ့ရသေးရာ နိုင်ငံရေးပိုင်းက စိတ်အား ထက်သန်မှုကျဆင်းသွားမှာ စိုးရိမ်ရသည်။ စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ကမ္ဘာ တစ်ဝန်း တစ်နှစ်ကို ဒေါ်လာ(၁၉) ဘီလီယံ လိုအပ်ရာ ရှေ့လာမည့် နှစ်ပိုင်းများတွင် ပြည့်မီအောင် ကောက်ခံမရနိုင်မည့် အလားအလာများတွေ့နေရပြီ။ အေအိုင်ဒီ အက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများ ငွေနည်းနည်း နဲ့ အလုပ်များများတွင်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာဖွေကြရမည်။

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီးနောက် ဖြစ်နိုင်သမျှ အချိန်တိုအတွင်း အေအာဗွီဆေး သောက်သုံးနိုင်လျှင် အိပ်ခ်ျအိုင်ဗွီဆိုးကျိုး ခံစားရမှု အနည်း ဆုံးဖြစ်မည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ သို့သော် မည်သူသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ဖို့က မလွယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၅) သန်းရှိသည်။ ၎င်းတို့အနက်(၁၉) သန်းခန့် သည် အိပ်ခ်ျအိုင်ဗွီပိုး ရှိကြောင်း ကျန်းမာရေးအဖွဲ့များက ဖော်ထုတ်မှတ်တမ်းတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဖော်ထုတ်သိရှိခြင်း မရှိသည့်အတွက် ထိုလူများကို အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးပေးဖို့ မဖြစ်နိုင်သေးသလို၊ ထိုသူများထံကတစ်ဆင့် အခြားသူများထံ မကူးစက်အောင် ပညာပေး ဆွေးနွေးခြင်းမျိုးလည်း မလုပ် နိုင်ဘဲ ဖြစ်နေသည်။ ထိုလူများ ကျန်ရှိနေသမျှ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ဖို့က ခက်နေဦးမည်ဖြစ်သည်။ အေအိုင်ဒီအက်စ် အဆုံးသတ်ပစ်ဖို့ ဝေးနေဦးမည်။ ထိန်းချုပ်ရေးအပြင် ကျန်ရှိနေသေးသူ (၃၅) သန်းခန့်ကို ပျောက်အောင် ကုပေးနိုင်အောင်လည်း ထပ်တိုး ကြိုးပမ်းကြရမည်။

လွန်ခဲ့သည့် နှစ်နှစ်က ၀ါရှင်တန်တွင် ကျင်းပသော (၁၉)ကြိမ်မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမှု များထဲ၌ ကုသနိုင်မည့် မျှော်လင့်ချက်များလည်း ပါသည်။ အမေရိကန် နိုင်ငံ မစ်္စစ်္စပီပြည်နယ်မှ ကလေးငယ် မိန်းကလေး တစ်ဦးကို မွေးပြီးပြီးချင်းမှာပင် အေအာ ဗွီဆေးပေး၍ ကုသခဲ့သည်။ ကလေးငယ် သည် မိခင်ထံမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်လာ ခြင်းဖြစ်သည်။ ကလေးငယ်ကို (၁၈) လသားအထိ အေအာဗွီဆေးပေးကာ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူသည် နေရပ်ပြောင်းသွားရာ ကလေးကိုလည်း အေအာဗွီဆေး ဆက်တိုက်ကျွေးနိုင်ခြင်း မရှိဘဲ အဆက်ပြတ်သွားခဲ့သည်။ ကလေးနှင့် ပြန်ဆက်သွယ်နိုင်သည့် အချိန်တွင် စစ်ဆေးကြည့်ရာကလေးတွင် အိပ်ခ်ျအိုင်ဗွီပိုး လုံးဝမရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ထိုအတိုင်းမှန်လျှင် ကလေး၏ အိပ်ခ်ျအိုင်ဗွီကို ပျောက်အောင် ကုလိုက်နိုင်ပြီဟု ဆိုနိုင်သည်။ ဆရာဝန်များသည် ကလေးကို အေအာဗွီဆေး ဆက်မတိုက်ဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။ ယခု ဇူလိုင်လ ဆန်းပိုင်းတွင် ကလေးမှာ အိပ်ခ်ျအိုင်ဗွီ ပြန်ပေါ်လာ သည်။ ဆေးဖြတ်လိုက်ပြီး ၂၇ လအကြာတွင် အိပ်ခ်ျအိုင်ဗွီ တစ်ကျော့ပြန် ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ယောက်ကား ဂျာမနီနိုင်ငံ ဘာလင်မြို့မှ တင်မိုသီ ဘရောင်းဖြစ်သည်။ ဘရောင်းသည် အိပ်ခ်ျအိုင်ဗွီ ရှိပြီး သွေးကင်ဆာဒဏ် လည်း ခံစားနေရသဖြင့် သွေးကင်ဆာကုထုံးအဖြစ် ၎င်း ကို ရိုးတွင်းခြင်ဆီ လဲလှယ်ခဲ့သည်။ ၎င်း ထံ လဲလှယ် ထည့်သွင်းခဲ့သော ရိုးတွင်းခြင်ဆီသည် မျိုး ဗီဇအရ အိပ်ခ်ျအိုင်ဗွီဒဏ်ခံနိုင်သူတစ်ဦးထံမှ ဖြစ်ရာ ရိုးတွင်းခြင်ဆီ လဲလှယ်ပြီးနောက် ဘရောင်းတွင် အိပ်ခ်ျအိုင်ဗွီပိုး မရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ယခုအချိန်ထိ ဘရောင်းသည် ပထမဆုံးသော အိပ်ခ်ျအိုင်ဗွီ ကုသပျောက်ကင်းသူအဖြစ် သတ်မှတ်ခံထားရသည်။ဘရောင်းကို ကုသခဲ့သော နည်းမျိုးသည် လူတိုင်းကို လုပ်ပေးနိုင်သော နည်းကားမဟုတ်။

သုတေသနများက ဝေဒနာရှင်တစ်ဦးချင်းစီ၏ မျိုးဗီဇကိုယူကာ အိပ်ခ်ျအိုင်ဗွီဒဏ် ခံနိုင်သည့် မျိုးဗီဇများအဖြစ် ဓာတ်ခွဲခန်းတွင် ပြောင်းလဲပြီး နောက် ဝေဒနာရှင်ထံ ထည့် သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့်နည်းကိုလည်း စမ်းသပ်နေကြပြီ။ ထိရောက်သော လက်တွေ့နည်းတစ်ရပ်အဖြစ် ပေါ်လာဖို့ အချိန်ယူ လုပ်ကိုင်ဖို့တော့ လိုသေးသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့်တော့ အိပ်ခ်ျအိုင်ဗွီကို မလွှဲမသွေ တိုက်ဖျက်နိုင်လာလိမ့်မည်။ ယခု ထိတော့ တိုက်ရိုက်ကုဆေး မရှိသေး။ သို့ဖြစ်ရာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ထားရသူများ လက်ရှိမှာ လုပ်ရန်ကား အကျိန်းသေဆုံးနည်းဖြစ်သည့် အေအာဗွီ ဆေး ပုံမှန်သောက်သုံးကြဖို့ ဖြစ်သည်။

Ref: The 20th International AIDS Conference _ Is the end in sight? (The Economist)
messengernewsjournal
အပြည့်အစုံသို့ »

အူအတက်ရောင် ရောဂါ (ဒေါက်တာအောင်ခင်ဆင့်)


ဗိုက်နာတာ၊ ဗိုက်အောင့်တာ ဗိုက်ရဲ့ညာဘက်အောက်ပိုင်း Right Iliacfossa ဆိုတဲ့နေရာမှာ ဗိုက်နာရင်၊ အောင့်ရင်တော့ ယေဘုယျ အားဖြင့် Acute Appendicitis အူအတက်ရောင်ရောဂါလို့ ခေါ်ပါတယ်။ လူအများခေါ်ဝေါ်ကြတာကတော့ အူအတက်ပေါက်ရောဂါလို့ အများက ခေါ်ကြပါ...တယ်။

ဗိုက်ညာဘက်နာတာအပြင် ဗိုက်အမြှေးပါးရောင်တဲ့ လက္ခဏာတွေလည်း တွေ့ရတယ်။ Sign of Peritonitisလို့ခေါ်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့ -

(၁) ဗိုက်ညာဘက်နာတယ် (PAIN)
(၂) အဖျားဝင်လာတယ် (FEVER)
(၃) နာတဲ့နေရာထိလိုက်ရင် ပိုနာတယ်၊ TENDERNESS လို့ခေါ်တယ်။
(၄) နာတဲ့နေရာကို အသာလေးဖိလိုက်ပြီး ရုတ်တရက်ဖိထားတာကို လွှတ်လိုက်ရင် ပိုနာလာလို့ လူနာက 'အမယ်လေးဗျ'လို့ အော်တော့ တာပါပဲ။ ဒီလိုနာတာမျိုးကို REBOUND TENDERNESS လို့ ခေါ်ပါတယ်။
(၅) ဗိုက်ဘယ်ဘက်က တင်းမနေဘဲ ညာဘက်က တင်းမာနေတယ်၊ RIGIDITY လို့ခေါ်ပါတယ်။
(၆) ဆရာဝန် လူနာနားကပ်လိုက်ရင်ကိုပဲ မျက်နှာက နာတဲ့ပုံသဏ္ဌာန် ပြလိုက်ပါတယ်။ CONSCIOUS PAIN လို့ခေါ်ပါတယ်။ GUARDING လို့လည်း ပြောကြပါတယ်။
အထက်ပါ လက္ခဏာတွေအားလုံးဟာ အူအတက်ရောင်(အူအတက်ပေါက်) နာတွေရဲ့ လက္ခဏာတွေဖြစ်ကြောင်း တင်ပြလိုက်ပါရစေ။

တိတိကျကျ ပြောလို့မရပါ
အူအတက်ရောင်ရောဂါ ဟုတ် ၊ မဟုတ်ကို တိတိကျကျ ပြောလို့မရပါဘူး။ အကြောင်းရင်းကတော့ -
(၁) အထက်ပါလက္ခဏာတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘဲ အမျိုးမျိုးခြားနားကြလို့ဖြစ်တဲ့ရောဂါဟာလည်း အူအတက်ပေါက်ရောဂါလို့ တိတိကျကျ မပြောနိုင်ပါဘူး။
(၂) အူအတက်ရောင်ရောဂါက အူသိမ်နေရာ(ILEUM)နဲ့ အူမကြီး (CAEUM) တို့ တွေ့ဆုံဆက်တဲ့နေရာမှာရှိလို့ ဗိုက်ရှေ့ပိုင်းမှာလည်း ရှိတတ်တယ်။ ရှေ့မှာဆိုရင် ဗိုက်ရှေ့က သိပ်နာတတ်ပါတယ်။ နောက်မှာရောက်နေခဲ့ရင် ဗိုက်ရှေ့မှာ မနာမအောင့်ဘဲ နောက်ဘက်မှာ နာတတ်အောင့်တတ်ပါတယ်။ ဗိုက်နောက်ပိုင်းမှာ အောင့်ရင်၊ နာရင် အူအတက်နာအောင့်တယ်လို့မထင်ဘဲ သည်းခြေအိတ်ထဲ ကျောက် တည်တဲ့ရောဂါကြောင့် အောင့်တယ်ထင်တတ်တာရယ်၊ ကျောက်ကပ်ထဲက ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်ရောဂါတို့နဲ့ အူ အတက်ပေါက်ရောဂါတို့ မှားယွင်းကုသတတ်တဲ့အကြောင်း ဆေးပညာမှာ ဆိုရိုးစကားရှိပါတယ်။

ဗိုက်ခွဲပြီးမှ အူအတက်ပေါက်တာ မတွေ့လို့၊ မဟုတ်လို့ မထူးပါဘူးဆိုပြီး အခြေအနေကောင်းရင် အူအတက်ကို ဖြတ်တောက်လိုက် တတ်ကြပါတယ်။

အူအတက်ပေါက်တာဟုတ်၊ မဟုတ်ကိုတော့ အခုစမ်းသပ်စစ်ဆေးတဲ့ (FACILITY) စက်တွေ ပေါ်နေပါပြီ။ ဥပမာ - ULTRASOUND စမ်းသပ်စက်တို့ဖြစ်ပါတယ်။

အဲဒီလို အာထရာဆောင်းစက်ဖြင့် ဖိစမ်းသပ်လိုက်တဲ့အခါမှာ လူနာက နာတယ်နာတယ် လို့ထအော်တတ်ပါတယ်။ စက်ကလည်း ကောင်းမယ်၊ စမ်းသပ်တဲ့ဆရာဝန်ကလည်း တော်မယ်ဆိုလို့ရှိရင် အူအတက်ရောင်တာ၊ ပေါက်နေတာတို့ကို ကောင်းကောင်း မြင်ရ တယ်လို့ ပြောပါတယ်။ အဲဒီလို အူအတက်ပေါက်ခြင်း သိသိသာသာ သိသာရင်တော့ ခွဲစိတ်ဖို့ကို ခွဲစိတ်အထူးကုဆရာဝန်ကြီးတို့က လုပ်ပေးကြပါတယ်။

အူအတက်မခွဲရင် ဘာဖြစ်တတ်သလဲ
အူအတက်ရောင်တာကို မခွဲစိတ်ဘူးဆိုပါရင် နောက်ထပ် ဘာတွေဖြစ်နိုင်ပါသလဲဆိုတာကို ကျွန်တော်ပြောပြရပါတော့မယ်။
အူအတက်ရောင်တာကို မခွဲရင် ကောင်းတာလည်းဖြစ်နိုင်တယ်။ မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ တချို့အူအတက်ရောင်တာမှာ လည်း Type တွေက အမျိုးမျိုးရှိတယ်။

(၁) Catarnal Type မှာတော့ နည်းနည်းလေးရောင်ပြီး အနည်းငယ် Partially ပိတ်နေပါတယ်။ Catarnal နာတာလည်း သိပ်အဆိုးကြီး မဟုတ်ပါဘူး။ Type အနေနဲ့ မပိတ်ဆို့နေတဲ့ Non Obstructive အမျိုးအစားဖြစ်လာတယ်။
(၂) Obstructed Type မှာတော့ ပိတ်တဲ့ဟာတွေက Faeces တို့၊ စမြင်းတုံးတွေ၊ နောက် မာလကာသီးအစေ့တွေ၊ ဆီးစေ့တွေဖြစ်ပါ တယ်။ ဒါတွေနဲ့ မပိတ်ရင်တောင်မှ အဲဒီ Appendix မှာရှိတဲ့ Lyphoid Follicles ကြီးလာပြီး ပိတ်တတ်ပါတယ်။
အဲဒီတော့ အူအတက်ကြွက်သားတွေက ညှစ်ရတယ်။ ညှစ်ရတဲ့အခါကျတော့ တစ်ချက်တစ်ချက် ပိုနာပြီး Complication တွေလည်း ဖြစ် တတ်တယ်။ ကံကောင်းတဲ့လူနာတွေမှာ သူ့ဘာသာ Resolve ဖြစ်ပြီး သူ့ဟာသူပျောက်သွားတယ်။ တကယ်လို့ ရောင်ပြီးပိတ်နေရင် တော့ ဒီရောင်တဲ့ဟာက ပိုပိုကြီးလာပြီး အူအတက်ကိုသွားတဲ့ သွေးကြောလေးတွေပါရောင်ပြီးတော့ သွေးခဲနဲ့ ပိတ်သွားပါတယ်။
အဲဒီသွေးမစီးတဲ့အခါကျတော့ ရောင်နေတဲ့အူအတက်က ပုပ်သွားတယ်။ ပုတ်ပြီးတော့မှာ ပေါက်ထွက်သွားတယ်။ Burst Appendix ပေါ့။
အဲဒါဆိုရင် အူအတက်ထဲမှာရှိတဲ့ ပိုးတွေ၊ မစင်တွေက ၀မ်းဗိုက်ခေါင်းထဲပျံ့နှံ့ပြီး Peritonium ၀မ်းဗိုက်အမြှေးပါးပါ ရောင်ရမ်းကာ ပိုးတွေ က ထုတ်ပေးတဲ့ အဆိပ်တွေကြောင့် သွေးဆိပ်တတ်လာပြီး ဒုက္ခရောက်တတ်ပါတယ်။

လူနာက Resistant ကိုယ်ခံအားကောင်းတယ်၊ ရောင်တဲ့အချိန်မှာ ဘေးနားကအူတွေနဲ့ Omentum လို့ခေါ်တဲ့ ၀မ်းတွင်းအဆီပြင်တွေက လာရောက်ဖုံးအုပ်တဲ့အခါကျတော့ Appendicular Mass ဖြစ်သွားပါတယ်။

Appendicular Mass ကနေပြီးတော့မှ ဆေးတွေပေးတဲ့အခါမှာ ရောဂါပျောက်ကင်းပြီး Resolve ရနိုင်တယ်။ တချို့ကျတော့ Appendicular Mass ကနေတစ်ဆင့် ပေါက်ထွက်ပြီးတော့မှ ပြည်တည်နာ ဖြစ်သွားတယ်။

ပြည်တည်တာ ဖြစ်လာပြီဆိုရင်တော့ အဖျားကလည်း ပိုတက်လာတယ်။ Mass ကလည်းပဲ ပိုပြီးတော့နာလာတယ်။ အဲဒီအခါမှာ သမားတော်အနေနဲ့ လူနာရဲ့အခြေအနေကို ကြည့်ရပါတယ်။

ဒီမှာလည်း ကျွန်တော်တို့က Two Schools of Thought ပေါ့။ အယူအဆနှစ်မျိုးရှိတယ်။ မခွဲသင့်သေးတဲ့ အခြေအနေနဲ့ ခွဲသင့်ပြီဆိုတဲ့ အခြေအနေ နှစ်မျိုးပါပဲ။

Caurse and Complication ရောဂါအခြေအနေနဲ့ ပြောမယ်ဆိုရင် -
နံပါတ်(၁)က ရောဂါပျောက်ကင်းပြီး ကောင်းသွားနိုင်တယ်။
နံပါတ်(၂)က ပေါက်ကွဲ Burst ဖြစ်သွားနိုင်တယ်။
နံပါတ်(၃)က Mass အလုံးအကျိတ် ဖြစ်သွားနိုင်တယ်။
နံပါတ်(၄)က Abscess ပြည်တည်နာဖြစ်နိုင်တယ်။
နံပါတ်(၅) ကတော့ လူကို ဒုက္ခအများကြီးပေးနိုင်တဲ့ အခြေအနေလို့ပဲပြောလိုက်ပါရစေ။
ဒါကြောင့် စောစီးစွာ ခွဲစိတ်ကုသလိုက်တာ အကောင်းဆုံးပါပဲလို့ ပြောလိုပါတယ်။

ကျွန်တော်ပြောချင်တာ နောက်တစ်မျိုးကတော့ မာလကာစေ့တွေ၊ ခရမ်းချဉ်သီးအစေ့၊ ငရုတ်သီးခြောက်အစေ့ ဒါတွေကြောင့် Appendicitis ဖြစ်တတ်တယ်ဆိုတာကိုတော့ ကျွန်တော် ပြောပါရစေဦး။
Appendicitis မဖြစ်အောင်တော့ ထူးခြားတဲ့ ကာကွယ်နည်း သီးသန့်မရှိပါဘူး။ ၀မ်းချုပ်မခံဘူး။ အစေ့ပါတဲ့ မာလကာသီး၊ ဆီးသီး စတာတွေကို မစားရဘူး။

Viral Infection ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ထိထိရောက်ရောက် ကုသပေးရင်တော့ ထိုက်သင့်သလောက် အဖြစ်နှုန်း လျော့သွားနိုင်ပါတယ်။

Appendicitis မဖြစ်အောင် အခုနတုန်းက မာလကာသီးက အစေ့တွေ၊ ဆီးစေ့တွေပါအောင် မစားတော့ဘူးဆိုရင်တော့ အဲဒီဟာတွေ ကြောင့်ဖြစ်မယ့် လူနာတွေအတွက်တော့ ကာကွယ်လို့ရမှာဖြစ်ပါတယ်။
တချို့ Viral Infection ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ (Dengue Virus) ဆိုတာတွေမှာလည်း အူအတက် အနည်းငယ်ရောင်နေတတ် ပါတယ်။ သတိထားသင့်တဲ့ ကိစ္စတစ်ရပ်ပါပဲ။

လူတွေအများဆုံးသိလိုတဲ့ အကြောင်းတစ်ရပ်ကတော့ Appendix က ခန္ဓာကိုယ်အတွ့် သိပ်မလိုအပ်ဘူး။ အဲဒါကြောင့် Appendicitis မဖြစ်ခင် တချို့ကလည်း ကြိုပြီးတော့ ခွဲသင့်တယ်ပေါ့။ အခုနောက်ပိုင်းကျတော့လည်း Appendix ကမလိုအပ်ဘူးရယ် မဟုတ်ဘူးပေါ့။ သူက Micro Organism တွေ ခိုအောင်းလို့ရတယ်။ ဒီ Organism တွေက အူလမ်းကြောင်းအတွက် အကျိုးပြုတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရာတစ်ခုအနေနဲ့ဖြစ်လာတော့ ကျွန်တော့်အနေနဲ့ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် Appendix က သိပ်ပြီးတော့ Essential တော့မဟုတ်ပါဘူး။ လူတွေမှာလည်း (၁၀၀)မှာ Appendicitis က ဖြစ်မယ်ဆိုရင်လည်း လေး၊ငါးယောက်ပေါ့။ လေး၊ငါးယောက်အတွက် ကျန်ခဲ့တဲ့ (၉၀)ကျော်က ခွဲခံရမယ်ဆိုရင်တော့ မသင့်ဘူးလို့ ထင်တယ်လေ။

ဘယ်လိုလူမျိုးတွေမှာ အကြံပြုနိုင်မလဲဆိုရင် ဥပမာ တချို့ခရီးဝေးသွားရမယ်။ Medical Facility ကမရှိဘူး။ တောတွေဘာတွေမှာ အလုပ်သွားလုပ်ရတယ်။ မိုင်းတွေဘာတွေ သွားရှာရတဲ့ မိုင်းလုပ်တဲ့လူတွေက သွားရေးလာရေး ခက်ခဲတယ်။ ဒီဟာမျိုးတွေမှာတော့ လူနာရဲ့ဆန္ဒရှိရင်တော့ လုပ်ပေး၊ ခွဲပေးသင့်ပါတယ်။

စာဖတ်ပရိသတ်တွေကို အကြံပြုပြောကြားချင်တာကတော့ Acute Abdomen ဆိုတာဟာ လူတွေ့ရဲ့အသက်ကိုပါ အန္တရာယ်ပေးနိုင် ပါတယ်။ ဒါနံပါတ်(၁)အချက်ပေါ့။ နံပါတ်(၂)ကတော့ Acute Abdomen ဖြစ်နိုင်တဲ့ Causes တွေကလည်း အများကြီးရှိတာကြောင့် တိတိကျကျ ဘာကြောင့်နာတယ်ဆိုတာ မပြောနိုင်ပါဘူး။ ရောဂါအဆင့်ဆင့် အခြေအနေနဲ့ စမ်းသပ်ပုံကို ပြောပါရစေ။

(၁) ဗိုက်နာတဲ့အခါ အသာဖိကြည့်ပါ။ ဖိကြည့်လိုက်လို့ နာတာက အဖိကိုခံနိုင်တယ်၊ ဖိထားရင် သက်သာတယ်ဆိုရင် သိပ်အရေးမကြီး ပါဘူး။

(၂) ဒါပေမဲ့ ဗိုက်နာခြင်းက ပြင်းထန်မယ်၊ စဉ်ဆက်မပြတ် နာကျင်မှုဖြစ်မယ်၊ အသက်ရှူရင် လူနာက ရင်ဘတ်နဲ့ရှူပြီး ၀မ်းဗိုက်မှာ တင်း မာမယ်၊ အသက်ရှူတဲ့အခါ ဗိုက်က မလှုပ်ရှားဘူး၊ ဗိုက်ကို လက်ဖ၀ါးနဲ့စမ်းသပ်ရင် အထိမခံနိုင်ဘဲ နာကျင်မယ်ဆိုပါက ဖြစ်နိုင်ရင် ဆေးရုံ ကို အမြန်ပြဖို့ လိုအပ်ပါတယ်လို့ ကျွန်တော် အူအတက်ရောင်ရောဂါအကြောင်း ပြောကြားခြင်းကို နိဂုံးချုပ်လိုက်ရပါတယ်။

ဒေါက်တာ အောင်ခင်ဆင့်
The Express Times
အပြည့်အစုံသို့ »

ယောဂ ကျင့်ခြင်းကြောင့် ရနိုင်တဲ့ ကြီးမားသော အကျိုးကျေးဇူးများ



 ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခန္ဓာကိုယ် သန်မာဖျတ်လတ်စေခြင်း၊ အသားအရေကြည်လင်တောက်ပခြင်း၊ စိတ်တည်ငြိမ်အေးချမ်းခြင်း၊ ကျန်းမာရေးကောင်းခြင်းတို့အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပြည့်ဝရုံသာမက စိတ်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုလည်းရှိပါမှ အမှန်တကယ် ကျန်းမာသည်ဟု ခေါ်ဆိုနိုင်ပေမည်။ ကျန်းမာသည်ဆိုသော အခြေအနေမှာ ရောဂါမရှိသော အခြေအနေမျှသာမဟုတ်ဘဲ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုနှင့် ချစ်ခင်ကြင်နာမှုစသော ဘ၀၏စွမ်းအားများကို ဖော်ပြမှုတစ်ခုဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်ရောစိတ်ပါ ကျန်းမာစေရန် ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။
တစ်နေ့လျှင် မိနစ်အနည်းငယ်မျှ ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်ပြီး ကိုယ်ရောစိတ်ပါ ဖိစီးမှုကို ပြေလျော့သွားစေသည်။ ယောဂကျင့်သည့် ကိုယ်နေဟန်ထား၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့မှာ စိတ်ဖိစီးမှု လျော့ကျစေရန် အစွမ်းထက်သော နည်းလမ်းများ ဖြစ်သည်။
ငြိမ်းချမ်းလှပသော နေရာများနှင့် သဘာဝအလှတို့ကို ကျွန်တော်တို့ အားလုံး ခုံမင်နှစ်သက်ကြသော်လည်း ငြိမ်းချမ်းမှုကို မိမိကိုယ်တွင်း၌သာ ရှာဖွေတွေ့ရှိနိုင်သည်ဆိုခြင်းကို သိသူမှာ နည်းပါးသည်။ ယောဂကျင့်ခြင်းမှာ အနှောင့်အယှက်ဖြစ်နေသော စိတ်အခြေအနေကို တည်ငြိမ်သွားစေမည့် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခု ဖြစ်သည်။
ကိုယ်ခန္ဓာအပေါ် ပုံမှန်မဟုတ်သော အကျိုးသက်ရောက်မှုများက စိတ်ကိုလည်း အလားတူ မပျော်မရွှင် (သို့မဟုတ်) မတည်မငြိမ်ဖြစ်စေပြီး ယင်းအခြေအနေကို ကိုယ်ခန္ဓာနာမကျန်းဖြစ်ခြင်းကဲ့သို့ပင် ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။ ယောဂကျင့်ခြင်းကြောင့် ကိုယ်အင်္ဂါများကို နှိပ်နယ်ပေးသကဲ့သို့ ဖြစ်စေပြီး ကြွက်သားများကို ပိုမိုသန်မာလာစေသည်။ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းနှင့် တရားထိုင်ခြင်းက စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး ကိုယ်ခံအားစနစ် ပိုကောင်းလာစေသည်။
  ယောဂကျင့်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သတိရှိမှု အားကောင်းလာစေမည်ဖြစ်ကာ အိမ်ထောင်ဖက်၊ မိဘ၊ မိတ်ဆွေများ (သို့မဟုတ်) ချစ်ခင်ရသူများနှင့် ဆက်ဆံရေး တိုးတက်လာစေ မည်ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ရောင့်ရဲသော စိတ်အခြေ အနေကြောင့် ထိခိုက်လွယ်သော လူမှုဆက်ဆံရေး ကိစ္စများကို ဖြေရှင်းရာတွင် ပိုမိုလွယ်ကူစွာဖြေရှင်းလာနိုင်မည် ဖြစ်သည်။
  ယောဂကို နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးရန် လိုအပ်သည်။ ယင်းသို့ ယောဂပုံမှန်ကျင့်သူအနေဖြင့် လမ်းလျှောက်နေချိန်ဖြစ်စေ အိပ်နေ၊ ထိုင်နေ၊ ရပ်နေချိန်ဖြစ်စေ ကိုယ်ဟန်အနေအထား တိုးတက်လာအောင် ကူညီနိုင်သည်။ အပြန်အလှန်အားဖြင့် မမှန်ကန်သော ကိုယ်နေဟန်ထားရှိခြင်းကြောင့် ကိုယ်ခန္ဓာနာကျင်မှုများကိုလည်း ယောဂကျင့်ခြင်းဖြင့် သက်သာစေမည် ဖြစ်သည်။
  ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းကြောင့် သိရှိမှတ်မိနိုင်မှုစွမ်းရည်ကိုလည်း မြင့်တက်လာစေမည်ဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် မည်သည့်ကိစ္စကို ပြီးမြောက်အောင် လုပ်ရန်လိုအပ်သည်၊ မည်သည့်အချိန်တွင် မည်သို့ လုပ်ရန်လိုသည်ဆိုခြင်းကို များစွာ ကြိုးပမ်းအားထုတ်စရာမလိုဘဲ တွေးမိနိုင်သော စွမ်းရည်ကိုပိုင်ဆိုင်လာမည် ဖြစ်သည်။
Internet

New Myanmar News
အပြည့်အစုံသို့ »

ဘောင်းဘီအကြပ်ဝတ်ပြီး လှချင်သူတွေသတိ၊ ဘောင်းဘီအကြပ်က အောက်ပိုင်း သေစေနိုင်


ချက်ချင်းတော့ မသေပါဘူး။ အချိန်ကာလ တစ်ခုအထိပါ။ ဂျင်း ဘောင်းဘီအကြပ်များက အောက်ပါ သွေးလမ်းကြောင်း စီးဆင်းမှုကို နှေးကွေး စေပါတယ်။ ကြွက်သားကိုပါ ညစ်ထားပြီး သွေးပေါင်ချိန် အတက်အကြ များစေပါတယ်။

၂၄ နာရီ ဝတ်ထားတာမျိုး မလုပ်ရဘူးလို့ ဆရာဝန်များက လမ်းညွန် ထားပါတယ်။ နေ့စဉ် ဂျင်းဘောင်းဘီ အကြပ်၊ စကင်နီတို့ ဝတ်ဆင် ခြင်းက ခါးအောက်ပိုင်း ကျန်းမာရေးကို ထိခိုက် စေပါတယ်။ အရွယ်ငယ်တုန်း သိသာမှု မရှိပေမယ့် အသက် ၄၀ နောင်းပိုင်းမှာ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း၊ အသား နာကျင်ကိုက်ခဲခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံး အဆင့်ကတော့ ခါးအောက်ပိုင်း သေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျင်းဘောင်းဘီ အကပ်များ၊ စကင်နီများ၊ ခါးအောက်ပိုင်း ခန္ဓာကိုယ်ကို ချုပ်တည်းစေသော အဝတ်အစား များ ဝတ်ဆင်မှုကို နေ့စဉ် ပြုလုပ်ရန် မသင့်ပါဟု တိုက်တွန်းထားကြောင်း သိရပါတယ်။

Credit - ရိုးရာလေး
အပြည့်အစုံသို့ »

ကိုယ်ဝန်ဆောင်စဉ် လူသိနည်းသော သတိပြုစရာအချက်များ


ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဆရာဝန်တွေ၊အသိတွေ၊ ကိုယ့်ပတ်ဝန်းကျင်က ကလေး
မိခင်တွေ၊ ကိုယ့်မိသားစုဝင်တွေက ဘာတွေလုပ်ရမယ်၊ ဘာတွေရှောင်ရမယ်ဆိုပြီး
ဝိုင်းဂရုစိုက်ကြပါလိမ့်မယ်။ ကိုယ်ဝန်သုံးလလောက်ဆိုရင် ဘယ်လိုဖြစ်လာမယ်၊ ဘာတွေရှောင်ရတော့မယ် စသဖြင့်ပေါ့။

 ဒါပေမယ့် ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသူတွေအနေနဲ့ ဘယ်သူကမှလည်း သူတို့ကို ပြောလေ့ပြောထမရှိတဲ့ အချက်လေးတွေ ရှိနေပါတယ်။ သိလည်းသိသင့်ပါတယ်။ ခုပြောပြပေးမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်တဲ့အရာတွေကို ကိုယ်ဝန်ဆောင်ဖူးတဲ့အမျိုးသမီးတွေက ပြန်လည်ဝေငှာပေးထားတာမို့ တစ်ချက် ဖတ်ကြည့်လိုက်ပါဦး။

၁။ကိုယ်လည်း ကိုယ်ဝန်ဆောင်ဖြစ်ရော ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခြားကိုယ်ဝန်ဆောင်တွေကို အရင်ထက် ပိုသတိပြုမိလာမယ်။

၂။အူကြောင်ကြောင်နိုင်တဲ့ အိပ်မက်တွေ မက်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေ အဲ့ဒီအိပ်မက်တွေက လက်တွေ့ဘ၀နဲ့ ဆက်နွယ်ပြီး နမိတ်ပြတာတွေတောင် ဖြတ်တတ်တယ်။

၃။လူတွေကတော့ ကိုယ်ဝန်ဆောင်နေတုန်း စားချင်တာအကုန်သာစား၊ ကလေးမွေးပြီးတာနဲ့ ၀ိတ်ကကျသွားမှာ စိုးရိမ်စရာ မရှိဘူးတဲ့။ ဒါဟာ လုံးဝမှားပါတယ်။ အဲ့ဒီလို မဖြစ်ပါစေနဲ့။

၎။ကိုယ်ဝန်ဆောင်တိုင်းဟာ မနက်ပိုင်းအော့အန်တာမျိုး၊ နေရထိုင်ရတာ မသက်မသာဖြစ်တာမျိုးတွေ ခံစားကြရလိမ့်မယ်လို့ ပြောကြပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်တိုင်းတော့ မဟုတ်ပါဘူး။

၅။ကိုယ်ဝန်ရင့်လာချိန်မှာ နှာချေတာတောင် ဆီးထွက်ကျတတ်ပါတယ်။ သတိထားရမယ့်အချက်ပါ။

၆။ရုံးကပြန်လာပြီး မိနစ်ပိုင်းလေး အိပ်ယာပေါ် မှေးခနဲဖြစ်သွားတတ်ပြီး မျက်လုံးဖွင့်တဲ့အခါ နောက်တစ်နေ့တောင် ရောက်နေပြီ။ အိပ်လို့အရမ်းကောင်းတာမျိုးပေါ့။

၇။အစားအသောက်တွေကိုပဲ အနံ့လိုက်ခံမိနေသလိုကို အသားကုန် စားလိမ့်မယ်။

၈။ကိုယ်ဝန်ဆောင်စဆောင်ပြီဆိုတာနဲ့ ဘာတွေဖြစ်တယ်၊ ဘယ်လိုဆိုတာကို ချရေးထားတာမျိုး၊ ဓာတ်ပုံတွေ ရိုက်ထားတာမျိုးက နောက်ပိုင်းမှာ တကယ့်ကို အမှတ်တရဖြစ်စေတတ်ပါတယ်။

၉။ကိုယ်ဝန်အရမ်းမရင့်သေးတဲ့အချိန် လူတွေက ကိုယ်ဟာ ကိုယ်ဝန်ဆောင်မှန်းမသိဘဲ ကိုယ်နဲ့လုပြီး ဘတ်စ်ကားပေါ်မှာ ထိုင်ခုံဦးလိုက်တာ၊ ဘယ်နေရာမှာမဆို ဦးစားပေးမခံရတာမျိုးတွေ ရှိတဲ့အတွက် ဒီခံစားချက်ကို ကြိုတင်ပြင်ဆင်ထားပါ။

၁၀။ကိုယ့်ရဲ့ခန္ဓာကိုယ် အနေအထား၊ ရင်သား၊ တင်နဲ့ အင်္ဂါနဲ့ ပတ်သက်ပြီးတော့လည်း ကလေးမွေးဖွားပြီးတဲ့အချိန်ထိတောင် အရင်နဲ့မတူညီတော့တဲ့ အပြောင်းအလဲတွေ ရှိနေပါလိမ့်မယ်။

Ref:womenshealthmag.com
Treand Myanmar
အပြည့်အစုံသို့ »

နာတာရှည် နာကျင်မှု ရှိသူများ ရှောင်ရှားသင့်သော အစားအစာ ၁၀ မျိုး


နာတာရှည် နာကျင်မှု ရှိသူတွေကို ကုသရာမှာ အလွန် ခက်ခဲလှပါတယ်။ ဆေးဝါး အသုံးပြုတာဟာလည်း နာတာ၊ ပင်ပန်းတာနဲ့ တခြားရောဂါ လက္ခဏာတွေ အနည်းငယ်သာ လျော့အောင် ပြုလုပ်နိုင်ပါတယ်။  ဒါကြောင့် ဝေဒနာ ခံစားရသူတွေ အနေနဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အစားအသောက် ပုံစံတွေကို ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ နာကျင်မှု ဖြစ်ရတာဟာ အာရုံကြောဆဲလ်တွေ ထိရှလွယ်တာကြောင့်ပါ။ တချို့ အစားအစာတွေက နာကျင်မှုဝေဒနာ ပိုဖြစ်စေနိုင်တဲ့ နျူယိုထရန်စ္စမစ်တာတွေကို ထွက်ရှိလာအောင် လှုံ့ဆော်နိုင်တယ်လို့ သုတေသီတွေက ယုံကြည်ကြတာမို့ နာကျင်တာ သက်သာဖို့အတွက် ဘယ်လို အစားအစာတွေကို ရှောင်ရှားရမယ်ဆိုတာ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။

၁။ အချိုစာနှင့် သကြားတုများကို ကန့်သတ်ပြီး စားပါ

ခန္ဓာကိုယ်တွင်း အင်ဆူလင် အဆင့်တွေ မြင့်မားနေရင် ရောင်ရမ်းမှု အခြေအနေနဲ့ နာကျင်မှုအခြေအနေ ပိုမို ဆိုးရွားနိုင်ပါတယ်။ အချိုစာတွေ အားလုံးကို ကန့်သတ်ပြီး စားပါ။သစ်သီးကြိုက်တတ်သူဖြစ်ရင် သစ်သီးဖျော်ရည်အစား လတ်ဆတ်တဲ့ သစ်သီးတွေကိုသာ စားပါ။ ဆေးသကြားလိုမျိုး သကြားတုတွေ ပါဝင်တာတွေကလည်း နာကျင်မှု ဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။

၂။ ကဖင်းရှောင်ပါ

အိပ်ရေးမဝတာကြောင့် နာကျင်မှုဝေဒနာ ပိုဆိုးတတ်ပါတယ်။ ကဖင်းသောက်တာကြောင့် အိပ်မပျော် ဖြစ်တတ်ပါတယ်။

၃။ Night Shade ဟင်းသီးဟင်းရွက်များကို ရှောင်ပါ

ဟင်းသီးဟင်းရွက်တွေဟာ များသောအားဖြင့် ကယ်လိုရီ နည်းပါးစွာ ပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပေမယ့် နာတာရှည် နာကျင်မှု ဝေဒနာ ခံစားရသူတွေ အနေနဲ့ Night Shade ဟင်းသီးဟင်းရွက်တွေကို ရှောင်သင့်ပါတယ်။ ဒီအစားအစာတွေမှာ ပါဝင်တဲ့ အယ်ကယ်လ်လွိုက်တွေက အာရုံကြောလုပ်ငန်းနဲ့ အစာခြေလုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေတာကြောင့်ပါ။ ဒီအစာတွေက အဆစ်ရောင်ရောဂါ ဖြစ်အောင်လှုံ့ဆော်နိုင်ပြီး နာကျင်မှုဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။ ခရမ်းချဉ်သီး၊ အာလူး၊ ခရမ်းသီးနဲ့ ငရုတ်သီးတွေက Night Shade ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။

၎။ တစေး (Yeast) ရှောင်ပါ

တစေးဟာ မီးနဲ့ ဖုတ်ထားတဲ့ အစားအစာတွေမှာ ပါဝင်တတ်ပါတယ်။ သူ့ကြောင့် မှိုပိုးတွေ ကြီးထွားမှု ဖြစ်စေနိုင်ပြီး နာကျင်မှု ပိုဆိုးစေတတ်ပါတယ်။


၅။ နို့နှင့် နို့ထွက်ပစ္စည်း မစားပါနှင့်

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ ပရိုတင်းတစ်မျိုးဟာ အဆစ်ရောင်ရောဂါနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒီပရိုတင်းက အဆစ်တစ်ဝိုက်က တစ်သျှူးတွေကို လှုံ့ဆော်မှု ပေးနိုင်တဲ့အတွက် နာကျင်မှုဝေဒနာ ပိုဆိုးနိုင်ပါတယ်။


၆။ ကာဗိုဟိုက်ဒရိတ်လည်း လျှော့စားပါ

ကာဗိုဟိုက်ဒရိတ်တွေဟာ သကြားဓာတ်တွေလိုပဲ အင်ဆူလင် အဆင့်တွေ မြင့်တက်နိုင်တာကြောင့်ပါ။ ကယ်လိုရီ နည်းပါးတဲ့ ကာဗိုဟိုက်ဒရိတ် အမျိုးအစားကို ရွေးချယ်ပါ။

၇။ အချိုမှုန့် မစားပါနှင့်

Monosodium Glutamate ပါဝင်တဲ့ အချိုမှုန့်တွေက နာတာရှည် နာကျင်တတ်တဲ့ သူတွေကို ပြဿနာ ပိုမို ဆိုးရွားစေတတ်ပါတယ်။

၈။ အရက်နှင့် ဆေးလိပ်ရှောင်ပါ

ဆေးလိပ်သောက်သူတွေက သွေးကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားပြီး နေ့စဉ် အရက်သောက်တတ်သူတွေထက် ဂေါက် အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ အလွန် မြင့်မားပါတယ်။

၉။ ပြုပြင်ထားသော ဟင်းသီးဟင်းရွက်အဆီ ရှောင်ပါ

ပြောင်းဖူးအဆီလိုမျိုး ဟင်းရွက်ဆီ အတော်များများမှာ အိုမီဂါ ၆ ဖက်တီးအက်စစ်တွေ ပါဝင်ပါတယ်။ သူတို့ဟာ ရောင်ရမ်းမှု ဖြစ်စဉ်ကို လှုံ့ဆော်နိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။ အိုမီဂါ ၃ အဆီပါဝင်တဲ့ သံလွင်ဆီ၊ ငါးအဆီတွေကို စားပေးပါ။ အိုမီဂါ ၃ ဟာ ရောင်ရမ်းမှုနဲ့ နာကျင်မှုဝေဒနာကို လျှော့ချနိုင်ပါတယ်။


၁၀။ ပြုပြင်ထားသော အစားအစာနှင့် အရန်သင့် အစားအစာများကို ရှောင်ပါ

ဒီအစားအစာတွေမှာ သကြား၊ အချိုမှုန့်၊ ဆေးသကြား၊ အိုမီဂါ ၆ အဆီ၊ ဆိုဒီယမ်၊ တာရှည်ခံပစ္စည်းနဲ့ တခြား ဒြပ်ပေါင်းတွေ များစွာ ပါဝင်တတ်တာကြောင့်ပါ။ သင်ဟာ နာတာရှည် နာကျင်မှု ဝေဒနာ ခံစားရသူ ဖြစ်နေရင် ဒီအစားအစာတွေကို တစ်မျိုးပြီးတစ်မျိုး ဖြတ်ကြည့်ပါ။ ဘယ်အစားအစာကို မစားတာက နာကျင်တာကို သက်သာစေနိုင်မလဲ ဆိုတာကို စောင့်ကြည့်ပါ။ ဒါ့အပြင် လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားပေးပါ။ သင်ဟာ သက်သတ်လွတ်စားသူ ဖြစ်နေရင် ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သမျှ အစိမ်းအတိုင်း စားပေးပါ။ သူတို့မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ဆဲလ်ပျက်စီးမှုကို ကာကွယ်နိုင်တာကြောင့်ပါ။ လေ့ကျင့်ခန်း အသင့်အတင့်ကို ပုံမှန်လုပ်ဖို့ကိုလည်း မမေ့သင့်ပါဘူး။

ဒေါက်တာခင်မိုးမိုး

Good Health
အပြည့်အစုံသို့ »

သင်မသိသေးတဲ့ နွမ်းနယ်နေပုံ ပေါက်စေတဲ့ အံ့သြစရာအချက်များ


ကျန်းမာရေးဒေါင်ဒေါင်မြည် ဖြစ်နေတဲ့အချိန်မှာတော့ ကြည့်ရတာ ပင်ပန်းနေတဲ့ပုံ ဖြစ်စရာကြောင်းမရှိပါဘူး။ အရက်နာကျတာ (သို့) အိပ်ရေးပျက်တယ်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မျက်စိငိုက်ကျနေတာ၊ အသားအရေ မွဲခြောက်ခြောက်ဖြစ်နေတာ၊ မျက်လုံးတွေ ရဲနေတာတို့ ဖြစ်နေကျဖြစ်တတ်ပါတယ်။ တိုက်ဆိုင်းသွားသလားတော့မသိ။ တစ်နည်းထက်မက ပြုမူနေထိုင်ပြုပြင်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ညလုံးပေါက် မအိပ်ဘဲ နေတာတစ်ခုတည်းက ပင်ပန်းနွမ်းနယ်နေသလိုဖြစ်စေတဲ့ အကြောင်းတော့မဟုတ်ပါဘူး။ အားနည်းနေသလိုဖြစ်စေတဲ့ သင် ထင်မှတ်ထားမှာ မဟုတ်တဲ့ ကြာင်းအရာတချို့ကို ညွန်ပြချင်ပါတယ်။


ပထမအချက်ကတော့ အစာအိမ်ကို ဖိအိပ်ခြင်းပါ။ အိပ်နေချိန် ခန္ဓကိုယ်က သွေးလည်ပတ်မှုကနေတဆင့် မျက်နှာပေါ်အပါအ၀င် တစ်ရှူးထဲကို အရည်တွေကို ထုတ်ပေးပါတယ်။ ဒီအရည်တွေဟာ မျက်လုံးပတ်ပတ်လည်ကို စိုရွှဲစေပြီး ၎င်းမျက်လုံးတစ်ဝိုက်က အရမ်းပါးလွှာတဲ့ အရေပြားကို ဆန့်ထုတ်ပေးပါတယ်။ ဒါကြောင့် နွမ်းနယ်တဲ့ ပုံပေါက်စေတာပဲဖြစ်ပါတယ်။ ခေါင်းအုံး တစ်ခု (သို့) တစ်ခုထက်ပိုသုံးပြီး အိပ်မယ်ဆိုရင် ၎င်းအရည်တွေဟာ မျက်နှာဘက်သို့ စီးမယ့်အစား ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပါလိမ့်မယ်။

ရက်ရှည်ထားတဲ့ အစားအစာ ရက်ရှည်ထားတဲ့ အစားအစာလို့ ဆိုတဲ့အခါမှာ သကြား နှင့် ကာဗွန်ဟိုက်ဒရိုက်လည်းပါဝင်ပါတယ်။ ဒီအစားအစာတွေက အဆီတက်အောင်လုပ်ရုံမက အရေပြားကိုလည်း ပျက်ဆီးစေပါတယ်။ နောက်ပြီး အရေပြားမှာ ယားနာခြင်း နဲ့ အကောက်ကြောင်းများဖြစ်ပေါ်စေပါတယ်။ အရေပြားကို လန်းဆန်းစိုပြေစေအောင်လုပ်ပေးတဲ့ ခုခံအားစနစ်ကို ပျက်ဆီးစေပါတယ်။ ရိုးရှင်းပါတယ်။ အဲ့ဒီ့ အစားအစာကိုရှောင်ပါ။ ဂျုံမှုန့်၊ ဟိုက်ဒရိုဂျင်ပါဝင်တဲ့ ဆီ ၊ အချိုဓာတ်များများပါတဲ့ အစားအစာမျိုးကို ရှာဖွေစားသုံးသင့်ပါတယ်။

ကိုယ်နဲ့မတည့်တဲ့ အစားအစာတွေကြောင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း နဲ့ လည်ချောင်းနာခြင်း စတဲ့ ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ရောဂါတွေကနေ မျက်ကွင်းညိုခြင်းဖြစ်တတ်ပါတယ်။ ဆဲလ်တွေကို အအရောင်ပြောင်းလဲစေပြီး သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။ အဲလိုရောဂါလက္ခဏာတွေ ဖြစ်လာတဲ့အခါမှာ ရာသီအလိုက်ဖြစ်တဲ့ရောဂါတွေကို ကုသနိုင်သလို၊ ရောဂါကိုခုခံကာကွယ်ပေးမယ့် အန်တီဟက်စ်တာမင်း ကို ပုံမှန်သောက်ရပါမယ်။

နောက်တစ်ခုကတော့ မျက်လုံးကို ပွတ်သပ်ထားတဲ့အရှိန်ကြောင့်ေ၇ာ ခြောက်သွေ့တဲ့လေကြောင့်ပါ မျက်လုံးခြောက်ကပ်ကပ်ဖြစ်တတ်ပါတယ်။ ဒီခြောက်သွေ့တဲ့လေက မျက်စိတစ်ဝိုက်အကြောတွေကို ကျယ်လာစေပြီး ထိုင်းထိုင်းမိုင်းမိုင်း ဖြစ်စေပါတယ်။

ကဖင်း(Caffeine) ဓာတ် အနေနဲ့ကတော့ ကိုယ်နေ့စဉ်သောက်သုံးတဲ့ ကော်ဖီပမာဏကို သိဖို့လိုပါတယ်။ ၎င်းဟာ အရေပြားမှာ ရေဓာတ်ခန်း ခြောက်စေပြီး အရေပြား တွန့်လိမ်ခြင်း၊ မည်းညိုခြင်း နဲ့ ခြောက်သွေ့ခြင်းတွေကို ဖြစ်စေပါတယ်။ တစ်နေ့လေးခွက်ထက်ပို မသောက်ပါနဲ့။ အရေပြားကို နုပျိုစေတဲ့ အန်တီအောက်စီဒန့် တွေကို ဖျက်ဆီးပစ်ပါတယ်။ ဒီအချက်အားလုံးတို့သည် အရေပြားကို မွဲခြောက်စေပြီး စိတ်ဝင်စားမှု ကင်းစေပါတယ်။ Caffeine ဓာတ်အနည်းငယ်သာပါဝင်တဲ့ လက်ဖက်ခြောက်ကိုသာ သောက်သုံးသင့်ပါတယ်။

Source: mensxp

Trend Myanmar
အပြည့်အစုံသို့ »

ဘီယာဗိုက်ကို လျော့ချပေးမယ့် နည်းလမ်း (၅) သွယ်


အရက် အလွန်အကျွံ သောက်ရတာကို နှစ်ခြိုက်တတ်တဲ့ သူတွေအတွက်တော့ အခုချက်ချင်း မဟုတ်ရင်တောင် နောက်ပိုင်း ဗိုက်ရွှဲတဲ့ြ ပသနာဖြစ်လာစေမှာ သေချာပါတယ်။ အထူးသဖြင့် အားကစားလုပ်ဖို့ လည်း အချိန်မရှိ၊ ခန္ဓာကိုယ် ထိန်းသိမ်းမှုလေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုရင်ပေါ့။ သာမန်အားဖြင့် သင့်ဝမ်းဗိုက်ထဲမှာ အဆီတွေတက်လာဖို့ဆိုရင် ကယ်လိုရီများများစားစားတောင် မလိုအပ်ပါဘူး။ ဗိုက်အဆီတက်မလာစေချင်ဘူးဆိုရင်တော့ အားကစားကို အသေအချာလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။


အဲဒီ ဘီယာဗိုက်ကို အန္တရာယ်မဖြစ်ရအောင် အောက်က အချက်(၅)ချက်ကို လိုက်လုပ်ကြည့်ပါ။

လိုအပ်တာထက်ပိုမသောက်သုံးသင့်ပါ။

၁၂ အောင်စ ဘီယာပုလင်းတစ်လုံးမှာရှိတဲ့ ကယ်လိုရီ ၁၅၀ ပမာဏကို လျော့ချဖို့ အကောင်းဆုံးဖြေရှင်းနည်းနဲ့ သက်သေအထောက်အထားကောင်းတစ်ခုက ဘီယာကို အလွန်အကျွံ မသောက်ဖို့ပါပဲ။ အကြောင်းရင်းကတော့ အေးအေးလေးနဲ့ အရသာရှိတဲ့ အဲ့ဒီဘီယာကိုသောက်လိုက်တဲ့အခါမှာ သင့်အသည်းက မခံနိုင်ဖြစ်ပြီး အားနည်းစေပါတယ်။ အဆီဓာတ်ကို အာနိသင်အဖြစ် ပြောင်းနိုင်စွမ်း ပိုနည်းစေပါတယ်။ ဒါကြောင့် သင့်ရဲ့ချက်နားတ၀ိုက်ကို ပိုထွက်နေအောင် တွန်းထုတ်ပေးပါတယ်။

ကယ်လိုရီပမာဏကို စဉ်းစားချင့်ချိန်ပါ။

သင်နေ့တိုင်းစားသုံးတဲ့ ကယ်လိုရီပမာဏကို သိရှိဖို့အရေးကြီးပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနေတာကြောင့် မတူကွဲပြားတဲ့ alcohol ပါတဲ့ အရည်တွေကို အကြမ်းဖျင်းလောက်တော့ ခန့်မှန်းတတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဒီဘီယာဗိုက်ကို လျော့ချဖို့ အကောင်းဆုံးနည်းက ကန့်သတ်ချက်ထားပြီး ဘီယာနှစ်လုံးတည်းနဲ့ ကယ်လိုရီပမာဏကို လျော့ချပြီးသောက်ရပါမယ်။

ကယ်လိုရီ အနည်းငယ်သာပါတဲ့ ဘီယာကိုပြောင်းသောက်ပါ။

ပုလင်းအရေအတွက် မဟုတ်ဘဲ ကယ်လိုရီပမာဏကိုသာ လျော့ချပါ။ အဲဒီဗိုက်ကို ၀ိတ်လျာ့ဖို့ ဘီယာကို အဆက်ဖြတ်စရာမလိုပါဘူး။ ဒါပေမဲ့ ကယ်လိုရီ ၈၀ ကနေ ၁၀၀ ကြား ပါဝင်တဲ့ ဘီယာအပျော့စားကို စတင်ပြောင်းသောက်နိုင်ပါတယ်။

ရေများများသောက်ပေးပါ။

ရေဓာတ်မရှုံးဆုံးရအောင် ဘီယာတစ်ခွက်သောက်တိုင်း အနည်းဆုံးရေတစ်ခွက်လောက် သောက်ပေးရတာလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းဟာ ဗိုက်ဝစေရုံသာမက  အသည်းကိုအစာချေဖျက်ရာမှာရော၊ အစာကို အာဟာရအဖြစ်ကို ပြောင်းစေရာမှာပါ အလုပ်ဖြစ်တဲ့ နည်းပါ။ အကျိုးဆက်အနေနဲ့ကတော့ ဘီယာလျော့သောက်ချင်စိတ်ဖြစ်လာမှာပေါ့။

နှလုံးကို အလုပ်လုပ်ပါစေ။

ခပ်သွက်သွပ်က်လေး လမ်းလျှောက်ရာကနေတဖြည်းဖြည်း အရှိန်မြင့်တင်ပေးပါ။ ဒါမှမဟုတ် ခြေလမ်းကျဲကျဲ လှမ်းပေးခြင်းအားဖြင့်လည်း နှလုံးကိုကျန်းမာစေတယ်ဆိုတာ သိထားပါ။ ဒီလိုလေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်းဟာ ၀မ်းဗိုက်အတွင်းမှာရှိတဲ့ အဆီတွေကို လျော့ချပေးပါတယ်။

Trend Myanmar
အပြည့်အစုံသို့ »

မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်


မိဘများသတိထားနိုင်ဖို့ မျှဝေပါတယ် အလွန်သိထားသင့်တဲ့ သတင်းတပုဒ်ပါ။


ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကလေးငယ်များတွင် ပြင်းထန်သည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားနေပြီး ကလေးများ သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။

ဧပြီလနှောင်းပိုင်းက ကမ္ဘောဒီယားနိုင်ငံတွင်စတင်သည့် EV-71 ဟုခေါ်သော အဆိုပါဗိုင်းရပ်စ်မှာ သုံးလနှင့် ၁၁နှစ်ကြား ကလေးငယ် ၇၀ ကျော်တွင် ဖြစ်ပွားခဲ့ပြီး ၅၂ ဦးကျော် သေဆုံးနေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနတို့က ကြေညာခဲ့ပြီး မကြာခင် ထိုင်းနိုင်ငံရှိ ကလေးများတွင်ပါ ကူးစက်ဖြစ်ပွားနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအခါ ကူးစက်ရောဂါများသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ လွယ်ကူစွာကူးစက်နိုင်သော အခြေအနေများရှိသောကြောင့် မြန်မာနိုင်ငံမှ ကလေးများတွင်လည်း ကူးစက်ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတွင်းသို့ ရောဂါကူးစက်မှု မရှိစေရန် ကာကွယ်တားဆီးရေး လုပ်ငန်းများအား ဆောင်ရွက်နေပြီး ပြည်သူများဘက်မှလည်း မိမိကလေးငယ်များ ရောဂါကူးစက်မှု
မရှိစေရန် တစ်ကိုယ်ရေကျန်းမာရေးအား ပိုမိုဂရုပြုရမည့်အချိန် ဖြစ်သည်။

EV-71 ဗိုင်းရပ်စ်ကြောင့် ခြေ၊ လက်နှင့် ပါးစပ်များတွင် ဖြစ်ပွားသည့် (Hand,Foot and Mouth Disease(HFMD)) ရောဂါသည် ဖြစ်ပွားလာပါက ကလေးငယ်များမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ နုံးခြင်း ၊ လည်ချောင်းနာခြင်းများနှင့် ခြေ၊ လက်နှင့် မျက်နှာများတွင် အနာလေးများ၊ ပြည်ဖုများ၊ အနီစက်များ ဖြစ်ပေါ်ခြင်း စသည့်ရောဂါလက္ခဏများ ပြသကြောင်း ညွှန်ကြားရေးမှူး (ကူးစက်)မှ ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

အဆိုပါ ဗိုင်းရပ်စ်သည် လွန် ခဲ့သည့် ၂၅ နှစ်ကတည်းက စတင် ဖြစ်ပေါ်ခဲ့သည့် ဗိုင်းရပ်စ်အမျိုးအ စားဖြစ်ပြီး ၂၀၁၁ ခုနှစ်အထိ နိုင်ငံ အချို့ရှိ ကလေးများတွင် ဖြစ်ပွား ခဲ့သော်လည်း အသေအပျောက် မများခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်အတွင်း ကမ္ဘောဒီယားနိုင်ငံတွင် ပြန်လည်ဖြစ်ပွားသည့်အခါတွင်မူ ဗိုင်းရပ်သည် ယခင်ဖြစ်ပွားသော အခြေအနေနှင့်မတူဘဲ ပြင်းထန်လွန်းသည့်အတွက် ကလေးများတွင် သေဆုံးမှုမြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက လက်ဖ၀ါး၊ ခြေဖ၀ါး၊ တင်ပါးတွေမှာ အနာတွေ၊ ပြည်ဖုတွေ၊ အနီစက်တွေ ဖြစ်ကြတယ်။ အဲဒါတွေကလည်း အရမ်းကိုနာတဲ့ ဝေဒနာခံစားကြရတယ်။ အရည်ကြည်ဖုတွေက အရည်တွေကနေ တခြားလူတစ်ဦးကို ထပ်ကူးစက်တယ်။ ဆေးကုသမှု စောစောမရရင် နောက်ဆက်တွဲဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါတွေနဲ့ အသက်သေဆုံးကြတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ရောဂါပိုးအား အတည်မပြုနိုင်ခင်ကလေးများ ထူးဆန်းစွာ သေဆုံးနေရခြင်းမှာ လက်နှင့်ခြေထောက်တွင် အရည်ကြည်ဖုများပေါက်၍ ပါးစပ်၌ အနာများဖြစ်တတ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်နိုင်ကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် EV-71 ဗိုင်းရပ်ကြောင့်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်၍ ရောဂါနှင့်ပတ်သက်သော ကာကွယ်နိုင်သည့် ဆေးဝါးများမရှိဘဲ ရောဂါကူးစက်မှုမရှိစေရန် တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးခြင်းဖြင့်သာ ကြိုတင်ကာကွယ်ရေးနည်းလမ်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။

ရောဂါဖြစ်ပွားနေသည့် နိုင်ငံများတွင်လည်း မကြာခဏလက်ဆေးခြင်းဖြင့် ရောဂါကာကွယ်နိုင်ရန် နှိုးဆော်ထားပြီး ကလေးငယ်များသာမက ကလေးငယ်များအား ပြုစုထိန်းကကျောင်းနေသည့် သူများပါ လက်ဆေးသည့်အကျင့်ကို အဓိကဆောင်ရွက်ရမည်ဖြစ်ကာ ကလေးများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသပါက စောစီးစွာကုသမှုခံယူရန် ဆေးရုံများသို့ အမြန်ဆုံးလာရောက်ရမည်ဖြစ်ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။

ရောဂါပိုးသည် ကိုယ်ခံအားနည်းသည့် အသက်(၃)နှစ်အောက် ကလေးများတွင် အဖြစ်များနေပြီး ကျန်းမာရေးဝန်ကြီးဌာနဘက်မှ ရန်ကုန်ကလေးဆေးရုံကြီးအပါအ၀င် နိုင်ငံတွင်းရှိ ဆေးရုံတိုင်းတွင် ရောဂါဖြစ်ပွားလာပါက ကုသမှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရန် ကုန်းလမ်း၊ ရေလမ်းဝင်ပေါက်များနှင့် လေဆိပ်ဝင်ပေါက်များရှိ ကျန်းမာရေးအဖွဲ့များမှလည်း စစ်ဆေးမှုများအား ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နေပြီး ယခုအချိန်ထိ ပြည်တွင်းတွင် ရောဂါကူးစက်မှု မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနဲ့ ထိရောက်တဲ့ ဆေးကုသရေးလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း ယခုလ ၁၃ ရက်မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ အ၀င်အထွက်နေရာများတွင် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် မူကြိုကျောင်းတစ်ခုမှ ကလေးငယ်များ၌ စတင်စမ်းသပ်တွေ့ရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ၀င်ထွက်သွားလာနေသူများအား ဇူလိုင်လ ၁၃ ရက်တွင် စစ်ဆေးခြင်းများ စတင်ဆောင်ရွက်နေပြီး ရောဂါကူးစက်မှုသည် မိုးရာသီနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်ဖြစ်၍ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အများအပြားသို့ ပျံ့နှံ့မည်ဖြစ်ကြောင်း ထိုင်းပြည်သူကျန်းမာရေးဝန်ကြီးက ပြောကြားထားကြောင်း ထိုင်းနိုင်ငံသတင်းစာများတွင် ဖော်ပြထားသည်။

ထိုဗိုင်းရပ်စ်ပိုးသည် ၁၉၉၇ ခုနှစ်ခန့်မှ စတင်ပြီး ကလေးများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်စသည့် နိုင်ငံအများအပြားတွင် ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရုတ်ရှိ ကလေးအများတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်လည်း ဗီယက်နမ်ရှိ ကလေးငယ် လေးသောင်းခန့်တွင် ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်မှုမရှိခဲ့ပေ။ ၂၀၁၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် မဖြစ်ပွားမီ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားသည့်အခါ ပြင်းထန်သည့် ဗိုင်းရပ်စ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကလည်း ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ဆားစ်ရောဂါ၊ လူတုပ်ကွေးရောဂါများမှာလည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး အချို့နိုင်ငံများတွင် အသက်သေဆုံးမှုများထိ ဖြစ်ပေါ်ခဲ့သည်။

မိဘပြည်သူများအနေဖြင့် ကလေးငယ်များ၏ တစ်ကိုယ်ရေသန့်ရှင်းရေးအား အလေးထားပြီး ကလေးများတွင် အထက်ပါရောဂါလက္ခဏာ ပြသလာပါက ကျန်းမာရေးဌာနသို့ အလျင်မြန်ဆုံး ဆက်သွယ်၍ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်းသိရသည်။

ရေးသားသူ- ၀တ်ရည်အောင်

မူရင်းChit Thu Sky.                                
Myanmaalinn's fb
အပြည့်အစုံသို့ »

ကိုယ်ဝန်တားဆေး ဒီပို ထိုးပြီး ရာသီလာနေလို့ (အမျိုးသမီးများ ဖတ်ရန်)



လေးစားစွာဖြင့် မေးအပ်ပါသည် ဆရာ။ ကိုယ်ဝန်တားဆေး ၃ လ ခံဆေး ထိုးထားပြီး ရာသီနည်းနည်း စီလာနေတာ တပတ်လောက်ရှိပါပြီ ဆရာ။ သူများတွေက ၃ လဆေးက ရာသီ မလာဘူးပြောပါတယ်။ တစ်ခါမှမထိုးဘူးပါ။ ကလေးခွဲမွေးပြီး ၂ လ ကျော်မှ ထိုးတာပါ။ ရာသီလာနေတော့စိတ်ပူပြီး မေးတာပါဆရာ။ စိတ်မချရမှာစိုးလို့ပါ။

Depo ထိုးဆေး ကိုယ့်အတွေ့အကြုံတွေကို (အွန်လိုင်း) မှာပြောကြတဲ့ အမျိုးသမီး ၅ဝ ကိုရွေးပြီး မျှဝေလိုက်ပါမယ်။ ပြောသူအားလုံးက အမေရိကန်တွေပါ။ မြန်မာအမျိုးသမီးတွေပြောတာကိုလဲ သိချင်ပါတယ်ဗျာ။

1) Depo ဆေး မထိုးဘဲနေတာ ၁၅ လကြာတော့ ကိုယ်ဝန် ပျက်တယ်။
2) Depo ကို ၁၂ နှစ်ကြာထိုးထားပြီး ၈ လစောင့်နေတာ ကိုယ်ဝန် မရသေးပါ၊
3) ဆေးမထိုးတာ ၃ လကြာပြီ၊ ရာသီပြန်မှန်အောင်လို့ ဆရာဝန်က စားဆေး စားခိုင်းထားတယ်၊ ၁-၂ နှစ်နေမှ ကိုယ်ဝန်ယူဘို့ ဆရာဝန်က ပြောတယ်။
4) ၆ လထိုးထားတယ်။ အခု ၁ နှစ်နဲ့ ၁ဝ လရှိနေပြီ၊ ရာသီက မမှန်သေးဘူး၊ ဒီကြားထဲမှာ ရာသီ ၆ ခါဘဲ လာတယ်။
5) ၁ နှစ်ထိုးထားတယ်။ မထိုးတာ ၁၆ လရှိပြီ။ Clomid ဆေးကြောင့် မျိုးဥတော့ ထွက်တယ်။ ကိုယ်ဝန် မရသေးဘူး။
6) ၅-၆ နှစ် Depo ထိုးခဲ့တယ်။ ၁၃ လကြာတော့ ကိုယ်ဝန်ရပါတယ်။
7) Depo မထိုးတော့တာ ၄ လရှိပြီး ကလေး မရသေးဘူး။
၁ဝ လ ထိုးထားပြီး အခု Othro tricylen (Norgestimate/Ethinyl estradiol) သောက်နေရတယ်။ ရာသီပြန် မှန်အောင်လို့။ ၆ လ ရှိနေပြီ။ ကလေးထပ်လိုချင်သူတွေ မထိုးစေချင်ဘူး။
9) ၂ နှစ်ခွဲ ထိုးထားတယ်။ မထိုးဘဲ ၄ လနေတော့ ရာသီပြန်လာတယ်။ ဒါပေမဲ့ ၂ ပါတ်တခါ လာနေတာ ၃ လရှိပြီ။ ၁ နှစ် ကျော်စပြုပြီ၊ ကိုယ်ဝန် မရသေးဘူး။
10) ၁ နှစ်ကြာ ထိုးထားတယ်။ ဆရာဝန်က ပြောတယ် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပျောက်အောင် စောင့်ရအုံးမယ်တဲ့။
11) Depo ၅ နှစ်ထိုးခဲ့တယ်။ ဆေးရပ်တာ ၁ နှစ်ကြာပြီ။ ကိုယ်ဝန်လဲမရသေးပါလား။ စိတ်ပိန်လိုက်တာ။
12) ၂ နှစ်ကြာ ထိုးခဲ့တယ်။ ၁၃ လရှိပြီ၊ ရာသီ တခါမှ မပေါ်သေးဘူး။ ဘယ်လောက်ကြာအုံးမယ်လဲ မပြောတတ်ဘူး။
13) သားလေးရပြီး ဆေးထိုးခဲ့တာ အခု သားက ၆ နှစ်ရှိပြီ။ ထိုးဆေးရပ်ပြီး Patch ပြောင်းသုံးနေတယ်။ ဒါကိုလဲ ဖြတ်လိုက်ပြီ။ ရာသီတော့ မှန်ပေမဲ့ ကိုယ်ဝန်မရသေးဘူး။ ခုဆို ၆ လရှိပြီပေါ့။
14) ၄ နှစ်ထိုးထားတယ်။ မထိုးတာက ၁ နှစ်ခွဲ။ မရသေးဘူး။ မရတော့မှာ သိပ်စိုးရိမ်နေတယ်။
15) ၇ နှစ်ထိုးခဲ့တယ်။ ၁ နှစ်စောင့်တော့ ကိုယ်ဝန်ပြန်ရပါတယ်။ ဒီကလေးမွေးပြီး ဆေးထပ်ထိုးနေတယ်။ ကြည့်အုံးမယ်လေ။
16) ဆေးမထိုးဘဲ နေခဲ့တာ ၄ လတော့ ရှိပြီ။ ၃ လနေတဲ့အထိ ရာသီမလာဘဲ အခု တပါတ်ခါ လာနေတယ်။
17) ကိုယ်ဝန်ပျက်ပြီး တခါဘဲ Depo ထိုးဘူးသေးတယ်။ ၈ လရှိပြီ ရာသီမလာဘူး။ လတိုင်း စိတ်ညစ်မိတယ်။
18) ၃ နှစ်ခွဲထိုးထားတယ်။ ကိုယ့်မျိုးပွါးစနစ်ကို ဒုက္ခပေးနေတာဘဲလို့ မြင်လာတယ်။ ဆရာဝန်ကတော့ ဘာမှ မဖြစ်ပါဘူး ပြောပေမဲ့ စိတ်ထဲမှာ သိနေတယ်။ ဆေးမထိုးတာ ၂ နှစ် နဲနဲကျော်ခဲ့ပြီ။ ကိုယ်ဝန် မရသေးဘူး။ ရာသီက ၆ လတော့ မှန်ပါရဲ့ နောက် ၂ လမှာ ၂ ပါတ်တခါ ဆင်းတာကလဲ များလိုက်တာ။ ကလေးမရတော့မှ သိပ်ပူတာဘဲ။ ဘယ်သူမှ မထိုးကြဘို့ ပြောချင်တယ်။
19) ကလေးဘယ်တော့မှ မယူတော့ဘူးဆိုပြီး Depo ဆေး ၂ နှစ်ကျော် ထိုးခဲ့တယ်။ အဲဒီကတည်းက သွေးမဆင်းဘူး။ ၁၉-၆-ဝ၆ မှာ ရပ်လိုက်တာ အခု ၁၃-၂-ဝ၇ အထိ ရာသီမလာသေးပါ။ လိင်စိတ်လဲ လုံးဝ လျှော့ကျသွားတယ်။
20) နောက် Depo ဆေးထိုးရက်က အောက်တိုဘာ ၂ဝဝ၆။ ကလေးယူချင်နေတယ်။ ရာသီက ပြန်မပေါ်သေးဘူး။ ကြွက်တက်တယ်။ အားကုန်သလို ဖြစ်နေတယ်။ အဲဒါ ကိုယ်ဝန်လား။ တခါမှ ကိုယ်ဝန်မရဘူးတော့ မသိဘူးပေါ့။ ရာသီမပေါ်ဘဲ ရတတ်သလားရှင်။
21) ကလေး ၂ ယောက်ရပြီး အောက်တိုဘာ ၂ဝဝ၅ မှာ Depo ထိုးတယ်။ ဧပြီ ၂ဝဝ၆ မှာ မထိုးတော့ဘူး။ ရာသီလဲ မလာဘူး။
22) နိုဝင်္ဘာ ၂ဝဝ၆ ကတည်းက ဆေးဆက်မထိုးတော့ဘူး။ သွေးပြန်ဆင်းပါတယ်။ ဆေးထိုးတုံးက လုံးဝမဆင်းခဲ့ဘူး။ အခု ၃ လ ကြာတော့ နောက်ကိုယ်ဝန်ရနေပြီ။
23) ကျမလဲ မထူးဘူး။ Depo မထိုးတာ ၂ဝဝ၆ ဒီဇင်္ဘာကတည်းက အခု ဖေဖေါ်ဝါရီအထိ သွေးမဆင်းဘူး။
24) ဆေးထိုးတာ ၂၃-၃-၂ဝဝ၇ မှာ ရပ်လိုက်တယ်။ အခု ၁၉ လရှိပြီ။ အရင် စားဆေးစားတုံးက ရာသီ ပြန်ဆင်းပါတယ်။ ရပ်တော့လဲ ကိုယ်ဝန် တန်းရတာဘဲ။
25) Depo ၂ နှစ်ထိုးခဲ့တယ်။ ဝလဲ ဝမလာပါဘူး။ ဆေးရပ်တော့ သွေးနဲနဲလေး ဆင်းတယ်။
26) ၈ နှစ် Depo ထိုးထားတယ်။ သွေးဆင်းများခဲ့တာ အတော်အဆင်ပြေတယ်လေ။ သြဂုတ် ၂ဝဝ၆ မှာ ရပ်လိုက်တယ်။ နောက်လ သွေးဆင်းတယ်။ အခု ဖေဖေါ်ဝါရီ။ ၂ ခါလောက် ရာသီထိန်လို့ စစ်တော့ ကိုယ်ဝန် မဟုတ်ဘူး။ နောက် သွေးဆင်းတာက များလိုက်တာ။
27) Depo ၁ ခါထဲ ထိုးဘူးတယ်။ ၁၉-၁-ဝ၇ မှာပါ။ ရာသီနဲနဲလေး လာတယ်။ နောက်လလဲ နဲနဲလေးဘဲ။
28) ၁၅ နှစ်သမီးကတည်းက ရာသီမှန်အောင် တားဆေးတွေသုံးခဲ့ရတယ်။ ၂ဝဝ၃ မှာ ထိုးဆေးထိုးတယ်။ သြဂုတ်မှာ ရပ်ပြီး ဖေဖေါ်ဝါရီအထိ ရာသီလာအောင်စောင့်ရတယ်။ ဘာဆေးမှမပါဘဲ ငယ်ကတည်းက သူ့ဖါသူဆင်းတာပါ။ အခု ကိုယ်ဝန် ရပါ့မလားလဲ မသိဘူး။
29) ၁ နှစ်တိတိ ထိုးဆေးသုံးတယ်။ နောက်ဆေး ထိုးရမဲ့ရက်လောက် နဲနဲဆင်းတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။
30) ၈ နှစ်လောက် ထိုးဆေးနဲ့ နေခဲ့တယ်။ ၂ဝ-၁ဝ-ဝ၅ မှာ နောက်ဆုံးထိုးတယ်။ ၆ ခါရာသီလာပြီး ရပ်သွားလို့ ဆရာဝန်က Provera pills ဆေးပေးတယ်။ ကြွက်တော့တက်တယ်။
31) ၁ နှစ် Depo ထိုးတယ်။ မထိုးတာလဲ ၁ နှစ်ရှိပြီ။ ရာသီက မဖြစ်စလောက်တော့ လာပါတယ်။
32) ၁ နှစ် ဆေးထိုးပြီးတော့ ဇန္နဝါရီကနေ အောက်တိုဘာအထိ ရာသီလာအောင် စောင့်ရတယ်။ ကိုယ်ဝန်တော့ စောင့်ရတုံးဘဲ။
33) မတ်လ ၂ဝဝ၅ မှာ သမီးမွေးပြီး ဆေးထိုးတယ်။ ဇွန် ၂ဝဝ၅ မှာ နားလိုက်တယ်။ ၂ဝဝ၆ စက်တင်္ဘာအထိ ရာသီလာဘို့ စောင့်ရတယ်။ ထိန်တာ ၂ လတော့ရှိပြီ ကိုယ်ဝန်ဖြစ်ကောင်းပါရဲ့။
34) သြဂုတ် ၁၉၉၅ မှာ ဆေးစထိုးခဲ့တယ်။ နိုဝင်္ဘာ ၂ဝဝ၃ မှာရပ်လိုက်တယ်။ ၂ဝဝ၄ ဒီဇင်္ဘာမှာ ရာသီပြန်လာတယ်။ အခု ဧပြီ ၂ဝဝ၇ ရှိပြီ ကိုယ်ဝန်လဲ မရသေးပါ။
35) ၁ဝ နှစ် Depo ထိုးခဲ့ပါတယ်။ သွေးက စောစောဆုံးမလို နေလို့။ အရိုးအားနည်းတာလဲ ရှိတယ်။ စိတ်မလာဘူး။ အရေပြား ပါးသလိုဘဲ။ ဆေးမထိုးတာ ၁၅ လရှိနေပြီ။ ရာသီ ၃ ခါလောက်တော့ လာတယ်ထင်တယ်။ ကလေး ရချင်တယ်။ ဒါပေမဲ့ ဆေးကြောင့် မရဘဲနေမလား မသိဘူး။
36) ၅ နှစ်ဆေးထိုးခဲ့ပါတယ်။ ၂ဝဝ၅ နိုဝင်္ဘာမှာ ရပ်လိုက်တယ်။ (မိုင်ဂရင်း) ဖြစ်လာတယ်။ စိတ်မူလဲ ပြောင်းနေတယ်။ ပြန်မှန်အောင် ၁၂ လစောင့်ရတယ်။ ခုထိလဲ ရင်သားနာတယ်၊ မောသလိုဘဲ။ နောင်တရနေမိတယ်။
37) ၁၁ နှစ်ထိုးခဲ့တယ်။ ဇွန် ၂ဝဝ၆ ကနောက်ဆုံးပေါ့။ ဆရာဝန်ကတော့ ၁ နှစ် ၁ နှစ်ခွဲကြာတခါ နားဘို့ပြောပါတယ်။ အောက်တိုဘာ ၂ဝဝ၆ ကစပြီးမှန်ပါတယ်။ ဆေးထိုးနေတုံး မကောင်းကျိုးလဲ မရ၊ ရာသီလဲမလာ၊ ကိုယ်ဝန်လဲ မရှိဘူး။ အခု တလရနိုးရနိုး စောင့်နေပါတယ်။ ဆေးက သူတို့ ကြော်ညာသလို ဖြစ်တာမို့ အပြစ်မတင်ချင်ပါ။
38) ၉ နှစ်ထိုးခဲ့တယ်။ ၁ နှစ်မှာ ရာသီ ၁ ခါဆင်းတယ်။ နောက် စားဆေး ပြောင်းခဲ့တယ်။ အဲတော့ ရာသီမှန်ပါတယ်။ ကိုယ်တယောက်ထဲ မဟုတ်တာ သိရလို့ တော်သေးရဲ့။
39) ၁၈ လထိုးထားတယ်။ မထိုးတာ ၁ လရှိပါပြီ။ ကိုယ်ဝန်ရမလားလို့ ဒါတွေဖတ်ရတော့ ဝမ်းနည်းမိတယ်။ အစက ဒီလို ဖြစ်တတ်တာ သိရင် မထိုးခဲ့ပါဘူး။ မပြောပြတဲ့ ဆရာဝန်တွေကို ဆဲချင်တယ်။
40) ၂ နှစ် Depo ထိုးထားတယ်။ ဧပြီ ၂ဝဝ၆ ကနောက်ဆုံးပါ။ နိုဝင်ဘာမှာ ကိုယ်ဝန်ရတယ်။ ဒီလောက် စောမယ် မထင်တာ အမှန်ပါ။ ရာသီလဲ မလာဘဲ ဆက်ရတာ။ ဒါကြောင့် ဒီဇင်္ဘာမှာ ဖျက်ပြစ်လိုက်တယ်။ ဖေဖေါ်ဝါရီမှာ ဆေးပြန်ထိုးတယ်။ ၅ဝ% ဟာ ၆ လ အတွင်း ကိုယ်ဝန်ပြန်ရတယ် ဆိုတယ်လေ။ ကိုယ်က ၅ဝ% ထဲ ပါမယ်ထင်တာဘဲ။
41) ၁ နှစ်ခွဲ ဆေးထိုးထားတယ်။ ရာသီမလာဘူး။ ဝလဲမလာဘူး။ အဲလိုမျိုး ၃ ခါရှိပါပြီ။ အပျိုပေါက်တုံးကတခါ၊ ပဌမ အိမ်ထောင်နဲ့တခါ။ အခု အိမ်ထောင်နဲ့ တခါပေါ့။
42) သူငယ်ချင်းက ပြောလို့ Depo ၂ ခါထိုးထားတယ်။ ကလေး ၂ ယောက်ရှိပါတယ်။ အခု ဆေးရပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဆေးတခါ ထိုးပြီးတိုင်း ၁ လအကြာမှာ စိတ်မူပြောင်းနေတယ်။ နောက်လူတွေကို ဆေးထိုးဘို့ ကျမကတော့ အကြံမပေးချင်ဘူး။
43) အသက် ၁၆ မှာစထိုးပြီး ၁၉ နှစ်မှာရပ်တယ်။ အခု ၂၄ ရှိပြီ။ ကလေးမရှိသေးဘူး။ လတိုင်း သွေးစွန်တာကလွဲရင် ရာသီရယ်လို့ မလာပါ။ ကလေးမရတော့မှာတော့ အတော်စိုးရိမ်နေတယ်။ ကယ်ကြပါအုံး။
44) သမီးမွေးပြီး ကတည်းက ဆေးထိုးတယ်။ ဆေးရဲ့ဆိုးကြိုးတွေက သိပ်ဆိုးတာဘဲ။ (မိုင်ဂရင်း) ဖြစ်တယ်၊ ၃ လထဲ ၁၃ ပေါင် တိုးလာတယ်။ စိတ်မူပြောင်းတယ်၊ မျက်နှာတွေ နီမြန်းတယ်၊ မောနေတယ်၊ ကိုက်ခဲတယ်၊ အိပ်မပျော်ဘူး။ မေလထဲ ထိုးရမှာ မထိုးတော့ဘူး။ ကလေးရချင်သေးတယ်။ သမီးကို အဖေါ်ရစေချင်တယ်လေ။ သွေးကလဲ စွန်းယုံဘဲ။ ကံဆိုးချင်တော့ သားအိမ်ကင်ဆာ ဖြစ်တော့ ဒီနှစ် ဖေဖေါ်ဝါရီမှာ ခွဲရတယ်။ ကလေး ယူလို့လဲ မရတော့ဘူး ထင်တယ်။
45) ၃ နှစ်ရှိပြီထင်တယ် ဆေးထိုးတာ။ ကျမ အသက်က ၁၅ နှစ်ဘဲ ရှိသေးတာ။ အခုတော့ ၂ဝ ပေါ့။ အခု စားဆေးသုံးနေတယ်။ ရာသီလာတယ်။ ဆိုးတယ်နော်။ ကျန်းမာရေး အာမခံ မရှိတော့ဘူး။ ဆေးမထိုးတော့ဘူးပေါ့။ ကိုယ်ဝန်ပျက်-ဖျက်တာလဲ အဆန်း မဟုတ်ဘူး မဟုတ်လား။ အိမ်ထောင်လဲ မကျသေးဘဲ၊ ကိုယ်ဝန်မပျက်ဘူးတဲ့သူ တယောက်မှ မတွေ့သေးဘူး။ ဆေးထိုးပြီး ၁ နှစ်နေတာတောင် ကိုယ်ဝန် မရတာလဲ များလှတယ်။ အစိုးရကို ဆန္ဒပြကြတာ ကောင်းမယ်ထင်တယ်။
46) ၂ဝဝ၄ တုံးက Depo ထိုးတယ်။ ၂ဝဝ၆ မှာ နားလိုက်တယ်။ ကလေး ယူမလို့ပေါ့။ ကံဆိုးချင်တော့ ဆေးကနေ ကျမ အထဲက မျိုးဥအိမ် ခဲသွားပြီတဲ့။ အလုပ်မလုပ်တော့ဘူးတဲ့။
47) ၂ဝဝ၅ ဧပြီမှာ သမီးမွေးပြီးကတည်းက Depo ထိုးတယ်။ လွယ်တယ်ထင်တာကိုး။ ကျန်းမာရေး အာမခံ မရှိတော့တာနဲ့ ဒေသခံဌာနသွား ဆေးအလကား ရတာမေးရတယ်။ ကလေးလိုချင်တာနဲ့ ၂ဝဝ၆ ဇွန်မှာ နောက်ဆုံး ထိုးပြီး ရပ်လိုက်တယ်။ ရာသီပြန်လာတယ်။ အစက ကလေးမရတော့နိုင် ဖြစ်တတ်တာ မသိခဲ့ဘူး။ ဘုရားသခင်ဘဲ အားကိုးရတော့မှာဘဲ ထင်တယ်။
48) ဇူလိုင် ၂ဝဝ၆ မှာ နောက်ဆုံးထိုးတယ်။ အခု သြဂုတ် ရာသီမလာလူး။ အရင်လက အစက်နဲနဲစွန်းတာဘဲရှိတယ်။ ကိုယ်ဝန်လက္ခဏာတွေ အကုန်ရှိပေမဲ့ စစ်တော့ မဟုတ်ဘူးတဲ့။ ပျို့တယ်၊ အားယုတ်တယ်။ ရင်သားတင်းတယ်။ စားချင်တာ စားမရဘူး။ လူတိုင်းကလဲ ကျမကို ကိုယ်ဝန်ရှိပြီ ထင်ကြတာပေါ့။ ဘယ်လောက်စောင့်ရမလဲ မသိဘူး။ ဆေးကို ၂ နှစ်ခွဲ ထိုးခဲ့တာပါ။
49) နောက် Depo ထိုးမဲ့ရက်က သြဂတ်စ် ၁ဝ ရက်။ ထိုးမလား-မထိုးဘူးလား စဉ်းစားနေတယ်။ အခုလို ပြောကြတာတွေ ဖတ်ရတော့ မထိုးတော့ပါဘူးရှင်။
50) ကိုယ်ဝန်ပျက်ပြီး Depo တခါဘဲ ထိုးဘူးသေးတယ်။ ၁၈-၁-ဝ၇ တုံးကပေါ့။ ဧပြီမှာ ထိုးရမှာ မထိုးတော့ဘူး။ ၂၇-၄-ဝ၇ က လာတဲ့ရာသီက မရပ်တော့ဘူး။ ဆရာဝန်က Tranexamic pills ဆေးပေးတယ်။ ကိုယ်ဝန် မရသေးပါ။ ကျမလိုဘဲ ဖြစ်ကြသလားဟင်။

 ဒေါက်တာတင့်ဆွေ
HIM
အပြည့်အစုံသို့ »

အဝလွန်အမျိုးသမီးများ စွမ်းဆောင်ရည် နိမ့်ကျကြောင်း သုတေသနမှတ်တမ်းပြော


အဝလွန် အမျိုးသမီးများသည် အစားအသောက်များအား အစဉ်အတိုင်း မှတ်သားရာတွင် အားနည်းချက် ရှိနိုင်ပြီး ထိုအချက်က အဝလွန် အမျိုးသမီးများ၏ အစားအသောက်အပေါ် သဘောထားကို ရှင်းပြနိုင်မည်ဟု ယေးလ် ဆေးတက္ကသိုလ်မှ သုတေသန တစ်ခုက ညွှန်ပြနေသည်။


အဝလွန်သူများ နှင့် ပုံမှန်ကိုယ်အလေးချိန် ရှိသူများကို အုပ်စုခွဲ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ထိုစမ်းသပ်မှုသည် အစားအသောက် ရုပ်ပုံကတ်များ၏ အစီအစဉ်ကို မှတ်သားခြင်းဖြစ်ပြီး အဝလွန် အမျိုးသမီးများမှာ စွမ်းဆောင်ရည် အနည်းဆုံး ဖြစ်နေသည်ကို တွေ့ရှိခဲ့ရဟု သုတေသနက ဆိုသည်။

အမျိုးသားနှင့် အမျိုးသမီး ၁၃၅ ဦးကို စမ်းသပ်ရေးသားထားသော သုတေသန ဆောင်းပါးကို မျက်မှောက်ခေတ် ဇီဝဗေဒ ဂျာနယ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

အဝလွန်ခြင်း ပြဿနာကို ဖြေရှင်းရာတွင် ယခုတွေ့ရှိချက်များကြောင့် နည်းလမ်းသစ်များ ထွက်ပေါ်လာနိုင်ကြောင်းလည်း သုတေသန ဆောင်းပါးက ဆိုသည်။

ယေးလ် ဆေးတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ သုတေသန ဆောင်းပါးရှင် အိုင်ဖက်လယ်ဗီ (Ifat Levy) က စမ်းသပ်မှုအတွင်း အဝလွန် အမျိုးသမီးများ၏ စွမ်းဆောင်ရည် နှင့် အခြားအုပ်စုများ၏ စွမ်းဆောင်ရည် ခြားနားနေခြင်းမှာ သိသိသာသာ ပေါ်လွင်ထင်ရှားနေပြီး ထိုတွေ့ရှိချက်မှာ အရေးပါလှသည်ဟု ဆိုခဲ့သည်။

အရောင်များပါရှိသော ကတ်ပြားများ ကြားတွင် အစားအသောက်ပုံများ နှင့် ပိုက်ဆံပုံများ ပါရှိသော ကတ်ပြားများ (‘ဆုလာဘ်’ ကတ်ပြားများ) အား ထည့်သွင်းထားရာ လူတစ်ဦးချင်းစီအား ထိုကတ်ပြားများ၏ အစီအစဉ်ကို မှတ်သားခိုင်းကာ နောက်တစ်ခေါက်တွင် ကြိုတင်ခန့်မှန်းခိုင်းခြင်းဖြစ်သည်။

ထို ‘ဆုလာဘ်’ ကတ်ပြားများပေါ်တွင် မည်သည့်အရာ ပေါ်လာသည်ဖြစ်စေ ပေးမည်ဖြစ်ကြောင်းလည်း ဖြေဆိုသူများအား ပြောကြားထားခဲ့သည်။

စမ်းသပ်မှု၏ ပထမ အဆင့်တွင် ထို ‘ဆုလာဘ်’ ကတ်ပြားများကို အရောင်တစ်ခုခုပါရှိသော ကတ်တစ်ကတ်၏ နောက်နှင့် အခြားအရောင်တစ်ခုခု ပါရှိသော ကတ်တစ်ကတ်၏ရှေ့တွင် အစီအစဉ်တစ်ခုအတိုင်း ပါလာအောင် စီစဉ်ထားသည်။

ထို့နောက်တွင် ကတ်ပြားအစီအစဉ်ကို ပြောင်းပြန် လှန်လိုက်ရာ ‘ဆုလာဘ်’ ကတ်ပြားများမှာ၊ မူလက အရောင်နှင့် ခြားနားသော အရောင်ရှိသည့် ကတ်ပြားတစ်ခု၏ နောက်သို့ ရောက်ရှိသွားသည်။

ကတ်များကို တစ်ခုချင်းစီ ပြသရင်း မည်သည့် “ဆုလာဘ်” ကတ်ပြား ပေါ်လာမည်ကို ဖြေဆိုသူများအား ကြိုတင်ခန့်မှန်းခိုင်းခြင်း ဖြစ်သည်။

စမ်းသပ်မှု ရလဒ်များအရ အဝလွန် အမျိုးသမီးများသည် မုန့်ချောင်းပုံများ နှင့် ချော့ကလက်များ အပါအဝင် အစားအသောက်ကတ်ပြားများ ပေါ်မည့် အကြိမ်အရေအတွက်ကို ပို၍ ခန့်မှန်းလေ့ ရှိကြရာ စွမ်းဆောင်ရည် အဆိုးဆုံး ဖြစ်ခဲ့သည်။ သုတေသီများအနေဖြင့် အခြား အကြောင်းရင်း အချက်အလက်များကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သော်လည်း ထိုအုပ်စုများ၏ မှတ်သားနိုင်မှု စွမ်းဆောင်ရည် များစွာခြားနားလျက်ရှိကြောင်းမှာမူ သိသာထင်ရှားလျက် ရှိနေသည်။

 မဇ္ဈိမ
အပြည့်အစုံသို့ »

Sleeping မအိပ်ဘဲနေ အသက်-မရှည် (၁)



ကျွန်တော့နာမည်က ဒေါက်တာ့ ပါ။့ ဆရာဝန်တယောက်ပါ။ အသက် ၃၆ နှစ်ပါ။ ကျွန်တော် ခံစားရတဲ့ ဝေဒနာကတော့ အိပ်မပျော်တာပါ။ 4th year စာမေးပွဲဖြေတော့ အစိုးရိမ်လွန်ပြီး အိပ်မပျော်ခဲ့ပါဘူး။ ရင်တုန်လို့ဆိုပြီး နှလုံးအထူးကုသမားတော် ဒေါက်တာ့ နဲ့ပြခဲ့ပါတယ်။ ECG လည်းကောင်းပြီး exam ကြောင့်ဆိုပြီး sove10 (အိပ်ဆေး) နဲ့ propanolol ပေးပါတယ်။ ကျောင်းပြီးသွားတော့ ပိုဆိုးလာတယ်ဆရာ။ နောက်တနေ့စောစောထရမယ့်နေ့တွေဆို အိပ်မပျော်မှာ ကြောက်ပြီး မအိပ်ရာကနေ အခုလုံးဝမအိပ်တော့ပါဘူး။ sedative တွေလည်း မသောက်ချင်ဘူးဆရာ။ ဒီအတိုင်းဆို ဘွဲ့လွန်တွေဆက်တက်ဖို့မလွယ်ဘူးဆရာ။ အရမ်းပင်ပန်းရင်တောင် လူက conscious ပါဘဲ။ တညလုံး သိနေတယ်။ အိပ်မပျော်မှာကြောက်ပြီး မအိပ်တော့တာထင်ပါတယ်။ alprazolam (sedative) တွေရေရှည်စွဲသောက်ရင် မှတ်ဥာဏ်ကိုထိနိုင်လားဆရာ။ ကျွန်တော်ကျောင်းလည်းဆက်တက်ချင်လို.ပါ။

“မေးပါများ-စကားရ၊ သွားပါများ-ခရီးရောက်၊ မအိပ်မနေ-အသက်ရှည်” ဆိုတာ ဒိသာပါမောက္ခက “အညံ့ဆုံး တပည့်” မောင်ပေါက်ကျိုင်းကို သင်ပေးလိုက်တာပါ။ စာသာ ညံ့တယ် ဘုရင်ဇာတာ ပါတော့ ဘုရင်ဖြစ်လာရော။ အိမ်ထောင်ရေး ကံမကောင်းတော့ ဖေါက်ပြားတဲ့ မိဖုရားနဲ့ ညားတယ်။ မောင်ပေါက်ကျိုင်းဟာ တနေရာမှာ မညံ့ပါ။ “မယားထိ ဓါးကြည့်” မိဖုရားနဲ့ ဖေါက်ပြားဘို့ လာတဲ့ နဂါးကို ဓါးနဲ့ ပိုင်းနိုင်လိုက်တယ်။

ဆရာဝန်တွေကတော့ “အိပ်မှ အသက်ရှည်မယ်” လို့ ပြောချင်တယ်။ “အသက်သာမက မှတ်ဥာဏ်လဲ တိုးစေပါတယ်။” အိပ်ပျော်နေရင် နဲ့ လေယာဉ်ကို အလိုအလျှောက်စက်နဲ့ ပျံနေသလိုမျိုး ဖြစ်တယ်။ လူတွေ အိပ်တာကို သေခြာ လေ့လာရင် စိတ်ဝင်စားစရာတွေ များလှတယ်။ အိပ်ပျော်သွားရင် ဦးနှောက်ကလဲ အနားယူ နေလိမ့်မယ် ထင်တာ မဟုတ်ပါ။ Rapid Eye Movement (REM) ဆိုတာကို ကြားဘူးနားဝ ရှိကြပါလိမ့်မယ်။ ၁၉၅၃ မှာ ဇီဝကမ္မဗေဒ ပညာရှင် ယူဂျင်း အဆာရင်းစကီ က စသိလာတာပါ။ အိပ်ပျော်ပေမဲ့ ဦးနှောက် လျှပ်စစ် လှုတ်ရှားမှု လှိုင်းတွေဟာ နိုးနေတုံးကလိုဘဲ ရှိနေတယ်။ လှိုင်းမြန် နဲ့ လှိုင်းနှေးသာ ကွာခြားတာမို့ အိပ်ပျော်နေပေမဲ့ တခုခုတော့ လုပ်နေတယ်ဆိုတာ သိလာရတယ်။

အိပ်စက်တာဟာ လူကို ရုပ်ကျန်းမာအောင် လုပ်ပေးတာမက စိတ်ကိုပါ အလုပ် လုပ်နေစေတယ်။ အိပ်ရင် မှတ်ဥာဏ်ကို တည်ငြိမ်စေတယ်။ မှတ်စရာတွေထဲက အနှစ်ကို ရွေးပြီး၊ ကာလတာရှည် မှတ်မိနေအောင်လဲ လုပ်တယ်။ အဲလို သိမ်းထားတဲ့ စိတ်လှုပ်ရှားစရာ၊ သတိရစရာတွေဟာ အိပ်တာနဲ့ ပိုတောင် ကောင်းစေပါသေးတယ်။ ကြာရင်တော့ ဖြေးဖြေး လျှော့လျှော့ သွားပေမဲ့ အရေးပါတာတွေ ကျန်နေစေပါတယ်။ “နဖူးပေါ်လက်တင် စိတ်ကူးယဉ် ပြီးရင်၊ အိပ်ပျော်အောင် အိပ်ပါလေ။”

အိပ်နေတုံး ဦးနှောက်ထဲက သတင်းအချက်အလက်တွေကို ပြုပြင်-ဆန်းစစ်မှုတွေ လုပ်ပေးယုံမက လိုအပ်ရင် အဖြေပါ ရှာပေးသေးတယ်။ မှတ်ဥာဏ် စုစည်းမှုကို ဖြစ်စေတာကို ၆ နာရီ အိပ်စက်နိုင်မှ ရစေနိုင်ပါတယ်။ တည မအိပ်ရရင် တညစာ မှတ်ဥာဏ် လျှော့သွားစေနိုင်တယ်။

အိပ်စက်ခြင်းရဲ့ လှုတ်ရှားမှုဖြစ်စဉ်ကို အဆင့် ၅ ဆင့်ခွဲတာမှာ အချိန်တဝက်က အဆင့် ၂ မှာ နေတယ်။ REM က နံပါတ် ၅ ဖြစ်ပြီး၊ အိပ်ချိန်ရဲ့ ၂ဝ% ယူတယ်။ ကလေးတွေဆိုရင် ၅ဝ% က REM မှာ ရှိတယ်။ လေ့လာမှုများလို့ပါ။ အဆင့် ၁ က ပြန်နိုးဘို့၊ ပြန်နှိုးဘို့ လွယ်တယ်။ မျက်လုံးက ဖြေးဖြေးလေး လှုတ်ရှားနေတယ်။ တချို့မှာ ကြွက်သားကြုံ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုးလာရင် အာရုံတချို့သာ အမှတ်ရလိမ့်မယ်။ “တရေးနိုးသော် အကြံပေါ်” ဆိုတာ မှန်တယ်။

အဆင့် ၂ ရောက်ရင် မျက်စိလှုတ်ရှားမှု ရပ်သွားပြီး၊ ဦးနှောက်လှိုင်းတွေက နှေးလာတယ်။ အဆင့် ၃ ရောက်ရင် နှေးတဲ့ အထဲမှာ သေးတဲ့ မြန်တဲ့လှိုင်းတွေ ရောနေတယ်။ အဆင့် ၄ မှာ ကိန်းဂဏန်း-လှိုင်းတွေ ဖြစ်လာတယ်။ ၃-၄ အဆင့်တွေမှာ အနိုးရခက်ပြီ၊ အိပ်မောကျချိန် ခေါ်တယ်။ မျက်စိလဲ မလှုတ်၊ ကြွက်သားလဲ မလှုတ်ဘူး။ နိုးလာရင် ရုတ်တရက် အထာမကျ ဖြစ်နေမယ်။ အိပ်မောကျနေချိန်မှာ ကလေးတွေ အိပ်ရာထဲ သေးပါတယ်။ ကြောက်စရာ အိပ်မက်ဆိုး၊ ဆောင်းအိပ်မက်မျိုး၊ အိပ်ရင်း လမ်းလျှောက်မျိုး ဖြစ်နိုင်တယ်။

REM ရောက်ရင် အသက်ရှူတာ မြန်တာ၊ မမှန်တာ၊ တိမ်တာ ဖြစ်လာမယ်။ မျက်လုံးက မြန်မြန် ဆန်ဆန် ဟိုဟို ဒီဒီ လှုတ်ရှားမယ်၊ ခြေ-လက် ကြွက်သားတွေက ယာယီ မလှုတ်တော့ဘူး။ နှလုံးခုန်တာ မြန်လာမယ်။ BP သွေးဖိအား တက်လာမယ်။ ယောက်ျားဆိုရင် လိင်အင်္ဂါ သန်မာတတ်တယ်၊ ဒီအဆင့်မှာ နိုးလာရင် အဆီအငေါ်မတည့်တဲ့၊ ရှုတ်ထွေးတဲ့ အိပ်မက်တွေနဲ့ နိုးလာလိမ့်မယ်။ “အိပ်မှုန်စုံမွှား” ဆိုတာမျိုး။

ပဌမ REM က အိပ်ပျော်သွားပြီး ၇ဝ-၉ဝ မိနစ်အကြာဖြစ်တယ်။ လုံးဝအိပ်ပျော်တာက ပျမ်းမျှ ၉ဝ-၁၁ဝ မိနစ် ကြာမယ်။ ပဌမ တရေးမှာ REM အတို၊ နောက် အရှည်ဖြစ်မယ်။ ဆက်အိပ်ရင် ကြာလေလေ ရှည်လေလေ။ မနက်ပိုင်းမှာ Stages 1, 2 နဲ့ REM မှာ အချိန်ကုန်တယ်။ အိပ်တာက မိနစ်ပိုင်းလောက်သာ ဆိုရင် နောက်ဆုံး မိနစ်က အရာတွေကို မမှတ်မိဘူး။ အဲလို အိပ်ပျော်လို့ မမှတ်မိခြင်း (အမ်နီးစီးယား) ဟာ ဖုန်းနဲ့ပြောတာမျိုး၊ ညဥ့်နက်သန်းကောင် ပြောတဲ့ စကားမျိုးတွေကို မေ့နေတယ်။ နာရီနိုးစက် မကြားဘူး။

ဆေးရုံဟာသတခု “သူနာပြု-ဆရာမက လူနာကို နိုးပြီး၊ အိပ်ဆေး တိုက်တယ်” ဆိုတာ ကြားဘူးကြလိမ့်မယ်။ ဆေးဝါး၊ စားတဲ့အစာ နဲ့ ဦးနှောက်ထဲက အချက်ပြတွေကနေ အိပ်တာ၊ နိုးတာတွေ အပေါ်ကို လွှမ်းမိုးတယ်။ ကော်ဖီလို ကေဖင်း ပါတာတွေနဲ့ ပိန်ဆေး၊ နောက်ပြီး အလာဂျီဆေး တွေကြောင့် အိပ်မရတာ ဖြစ်စေတယ်။ စိတ်မကျဆေး အတော်များများကနေ REM sleep ကို နှိမ်စေတယ်။

ဆေးလိပ် စွဲသူတွေ အိပ်တာ နှစ်နှစ်ခြိုက်ခြိုက် မဟုတ်ဘဲ REM sleep ကိုလဲ နဲစေတယ်။ ၃-၄ နာရီနဲ့ ပြန်နိုးတယ်။ အရက်သောက်သူများ၊ တရေးနိုးလို့ အရက်နဲ့ ပြန်အိပ်နိုင်အောင် ညတခွက် ထပ်သောက်ပြီး ကျိုးစားရင် ခပ်ပေါ့ပေါ့တော့ အိပ်ပျော်စေမယ်။ ဒါက REM နဲ့ Deeper stages ထဲကနေ ခိုးယူလိုက်တာပါ။

REM အဆင့်မှာ ကိုယ်အပူချိန်ကို သမမျှတအောင် သိပ်မလုပ်နိုင်လို့ ပူချင် ပူ၊ အေးချင် အေးနေမယ်။ မေ့ဆေး ပေးထားသူ၊ သိလစ်နေသူတွေဟာာ နိုးနေသလိုဖြစ်တယ်။ သူတို့ကို နိုးလိုက်လို့ မရဘူး၊ ပုမှန် အိပ်စက်မှုမျိုးလို များပြား-တက်ကြွတဲ့ ဦးနှောက်လှိုင်းမျိုး မရှိဘူး။ သိပ်နှေး၊ သိပ်အားနည်းပြီး မသိသာဘူး။

ပုံစံတကျ အိပ်စက်တာမျိုးမှာ အိပ်မက်မက်နေတာ ၂ နာရီ ကြာတတ်တယ်။ ပညာရှင်တွေတောင်မှ အိပ်မက်ကို သိပ် နားမလည် ကြသေးဘူး။ အိပ်မက်ဆိုတာ ဦးနှောက် ရဲ့ (ကောတက်စ်) ကနေ REM မှာ အဆီအငေါ်မတည့် လာနေတဲ့ ပို့လွှတ်မှုတွေကို အဓိပ္ပါယ်ဖေါ်ဘို့ ကျိုးစားတာလို့ ယူဆတယ်။ (ဆစ်ကမွိုက် ဖရော့) ပြောတာက အိပ်မက် ဆိုတာ သတိလက်လွှတ် မဖြစ်စေဘို့ လုံခြုံမှုပေးတဲ့ အဆို့ရှင်ပါတဲ့။

REM ဆိုတာက ဦးနှောက်ရဲ့ အောက်နားမှာရှိတဲ့ (ပေါင်း) ဆိုတဲ့နေရာက အချက်ပြတွေ ပေးတာကနေ စတယ်။ ဒိနောက် သဲလမတ်စ် ဆိုတာကနေ သင်ကြား တတ်မြောက်မှု၊ တွေးခေါ်မှု၊ အစီအစဉ်ကျအောင် လုပ်တတ်မှုတွေကို လုပ်ပေးတဲ့ (ဆယရီဘရယ် ကောတက်စ်) ကို ရောက်လာတယ်။ တချိန်ထဲမှာ ခွးရိုးဆစ်အာရုံကြောကြီးကနေလာတဲ့ အချက်ပေးမှုတွေကို (ပေါင်း) ကနေ တန့်ပေးထားလို့ ခြေတွေ၊ လက်တွေ ယာယီ မလှုတ်နိုင်မရှားနိုင်တဲ့ လေဖြတ်သလို ဖြစ်စေတယ်။ ဒီအခြေအနေမှာ နှောင့်ယှက်မှု လုပ်လိုက်ရင် ပုံမှန် မဟုတ်တာ ဖြစ်လာစေမယ်။ REM sleep behavior disorder လို့ ခေါ်တယ်။ အိပ်မက်ထဲကဟာကို ဆက်လုပ်နေပါလိမ့်မယ်။

အိပ်စက်တာနဲ့ ရောဂါ ဆက်စပ်တာတွေ ရှိတယ်။ ဥပမာ နှလုံးရောဂါ နဲ့ ပန်းနာတွေက ညပိုင်းတို့ မနက်ထတို့မှာ အဖြစ်များတယ်။ အိပ်တာဟာ အတက်ရောဂါကိုပါ တမျိုးတမည် ဖြစ်စေနိုင်တယ်။ REM က တက်မှာကို ကာကွယ်ရာ ကျစေတယ်။ အိပ်စေတာကို ဖြစ်စေတဲ့ အာရုံကြောအစုအဝေး နူရုန်း က ခုခံအားစနစ်နဲ့ ဆက်နေတယ်။ တုပ်ကွေး ဖြစ်သူတွေ ပိုအိပ်ချင်တာက အိပ်နေရင် ခုခံနိုင်စွမ်း ပိုစေတယ်လို့ ယူဆနိုင်တယ်။ အိပ်နေရင် (အင်နာဂျီ) မကုန်စေဘူး။ စိတ်ဝဒနာသည်တွေနဲ့ (စကစ်ဇိုဖရီးနီးယား) က အအိပ်ပျက်ကြတယ်။ အအိပ်ပျက်များသူတွေမှာ ကြောက်စိတ်၊ လန့်စိတ်၊ သူများ မမြင်-မကြားတာတွေ အပေါ်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာစေနိုင်တယ်။

စာတပုဒ် ဖတ်ပြီးတဲ့နောက် ဆက်ပြီး အချက်အလက်တွေကို စုစည်း ခိုင်မာအောင် လုပ်တာမျိုးက မသိစိတ်ကနေ လုပ်ပေးတာပါ။ စာဖတ်နေတုံးကထက် ပိုသေးတယ်။ ဒါကို လျှာထိပ် ဖြစ်စဉ် ခေါ်တယ်။ ဆိုပါစို့ ရုပ်ရှင် ကြည့်ပြီးပြီးချင်း ပြန်အမှတ် မဖေါ်နိုင်တာကို ခဏကြာရင် ဗြုံးကနဲ ဖေါ်နိုင်လာတယ်။ ရေထဲ ခဲတလုံး ပြစ်ချလိုက်သလို ချပြီးတဲ့ နောက်လဲ ဆက်ဖြစ်နေတာမျိုးလိုဘဲ။ ညမအိပ်ခင် စာတွေ ဘယ်လောက် ကျက်ထားထား မအိပ်ဘဲ၊ စာမေးပွဲ သွားဖြေရင်တော့ မမှတ်မိတာ များလိမ့်မယ်။

REM sleep ကနေ လေ့လာမှုကို လှုံ့ဆော်ပေးတယ်။ စိတ်ပိုင်းဆိုင်ရာ လေ့လာမှုတင် မကဘူး၊ ကျွမ်းကျင်မှုကိုပါ သက်ရောက်စေသေးတယ်။ အားကစားသမားတွေ၊ စန္ဒယားတီးခတ်သူတွေ၊ ခွဲစိတ်ဆရာဝန်တွေ၊ (ဗီဒီယို-ဂိမ်း) စွဲသူတွေ အိပ်လိုက်ရမှ သူတို့ရဲ့ ပညာတွေဟာ ပိုပြီး ကျွမ်းကျင်လာစေတယ်။ တိတိကျကျ ပြောရရင် ၃၃့၅% ပိုလာ စေတယ်၊ မှားတာလဲ ၃ဝ% နည်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတခုက ဆိုတယ်။ ဒါကို ဆက်စဉ်းစားရင် လေ့လာမှုဆိုတာ လေ့ကျင့်မှု ရပ်ထားပေမဲ့ ဆက်လုပ်နေသေးတယ်။

နေ့ခင်းမှာ လေ့လာတာတွေ၊ စိတ်ကူးတာတွေ ရှိမှသာ အိပ်စက်တာကနေ ထူခြား-တိုးတက်မှုတွေ လုပ်ပေးနိုင်ပါတယ်။ “ကာလနဂါး” လိုသာ အိပ်နေရင်တော့ အကျိုးထူးမှာ မဟုတ်ပါ။

Dr. တင့်ဆွေ

အပြည့်အစုံသို့ »

ကိုယ်ဝန်ဆောင်ကာလအတွင်း မြေပဲစားပေးပါ



မိခင်လောင်းများ အခွံမာသီးများ စားပေးခြင်းဖြင့် မွေးဖွားလာမည့်သားသမီးများတွင် ဓာတ်မတည့်ခြင်းအန္တရာယ်ကို လျော့ကျစေနိုင်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြေပဲစားခြင်းကို စိုးရိမ်စရာမလိုကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အခွံမာသီးများနှင့် ဓာတ်မတည့်ခြင်း မရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြေပဲပိုမိုစားပေးပါက ၎င်းတို့၏သားသမီးများတွင် မြေပဲနှင့် ဓာတ်မတည့်သည့် အန္တရာယ်ကို လျော့ကျသွားစေကြောင်း ဘော်စတွန်မြို့ ကလေးငယ်ကိုယ်ခံအားစနစ်နှင့် ဓာတ်မတည့်မှု ဆိုင်ရာဌာနမှ ဒေါက်တာမိုက်ကယ်ယွန်းဦးဆောင်သော လေ့လာမှုတစ်ရပ်က ဖော်ပြ သည်။

မိခင်လောင်းများ စားသော အစားအသောက်များနှင့် ၎င်းတို့၏ ကလေးငယ်များတွင် အစားအသောက် ဓာတ်မတည့်မှုတို့ကြား ဆက်စပ်မှုကို သိရှိနိုင်ရန် Growing Up Today Study ဟု အမည်ပေးထား သည့် လေ့လာမှုတစ်ရပ်က ရရှိသော အချက်အလက်ပေါင်းများစွာကို ဒေါက်တာယွန်းနှင့် ၎င်း၏ အဖွဲ့က လေ့လာစိစစ်ခဲ့သည်။

ကလေးငယ်ပေါင်း ၈၂၀၅ ဦး၏ ဆေးမှတ်တမ်းများကို စိစစ်လေ့ လာခြင်းဖြင့် သုတေသီများသည် မြေပဲ (သို့မဟုတ်) အခွံမာသီးများနှင့် ဓာတ်မတည့်သည့် ကလေးငယ် ၁၄၀ ဦးရှိကြောင်း တွေ့ရှိခဲ့သည်။ ယင်းကလေးငယ်တစ်ဦးစီ၏ မိခင်များကိုယ်ဝန်ဆောင်စဉ်က စားသုံးသော အစားအသောက်များကိုလည်း သုတေသီများ စစ်ဆေးလေ့လာခဲ့ပြီး အထူးသဖြင့် မြေပဲနှင့် အခွံမာသီးစားသုံးမှုကို လေ့လာခဲ့ကြသည်။ ယင်းရလဒ်များကို မြေပဲနှင့် ဓာတ်မတည့်ခြင်း မဖြစ်ပေါ်သည့် ကလေးငယ်များ၏ မိခင်များ ကိုယ်ဝန်ဆောင်စဉ်က အစားအသောက် အလေ့ အထများနှင့် နှိုင်းယှဉ်စစ်ဆေးခဲ့သည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မြေပဲစားသော မိခင်များ၏ သား သမီးများတွင် မြေပဲနှင့် ဓာတ်မတည့်မှု သိသာစွာပိုနည်းကြောင်း သုတေ သီများ လေ့လာတွေ့ရှိခဲ့သည်။ ယခုလေ့လာတွေ့ရှိချက်မှာ အရေးပါသော်လည်း ယင်းအချက်အလက်မှာ မိခင်လောင်းများစားသော အစားအသောက်နှင့် ကလေးငယ်များ မြေပဲနှင့် ဓာတ်မတည့်ခြင်း အန္တရာယ်ကြားဆက်စပ်မှုကိုသာ ဖော်ပြခြင်း ဖြစ်သည်။

ယင်းလေ့လာမှုကို JAMA Pediatric ဂျာနယ်တွင် ဖော်ပြထား သည်။-Internet

7day daily


အပြည့်အစုံသို့ »

အဖြစ်များနေသည့် တုပ်ကွေးကို တွန်းလှန်နိုင်သည့် ခွန်အားပြည့် အစာများ



တုပ်ကွေးကို တွန်းလှန်နိုင်စွမ်း ရှိပြီး ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေတဲ့ အောက်ပါအစာတွေကို ဖျားချင်သလိုလို၊ ကိုယ်လက်ကိုက်ခဲ နွမ်းနယ်နေသလိုလို ဖြစ်တဲ့ အခါတွေမှာ စားပေးပါ။ တုပ်ကွေးလက္ခဏာနဲ့ ပြင်းထန်မှုကို လျော့ပါးသွားစေပါတယ်။

မှိုစွပ်ပြုတ်

မှိုတွေကို စွပ်ပြုတ်ထဲ ထည့်ချက်ပြီး သောက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် တိုးတက်စေပါတယ်။ တက်ဖ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မှိုတွေဟာ ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်တဲ့ ပရိုတင်းဓာတ် ထုတ်လုပ်မှုကို တိုးမြင့်စေပြီး တုပ်ကွေးကို တွန်းလှန်ပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်။

ချိစ် (Cheese)

ဆင်းဒဝှစ်ခ်ျ၊ ပီဇာ၊ ပေါင်မုန့်တွေမှာ ချိစ်ထည့်ပြီး စားပေးပါ။ ချိစ်တစ်ပြားမှာ ပါတဲ့ အကျိုးပြု ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။

လိမ္မော်သီး

တစ်နေ့ လိမ္မော်သီး နှစ်လုံး-သုံးလုံးလောက် စားပါ။ ဒါဆိုရင် ဗီတာမင်စီ ၂၀၀ မီလီဂရမ် ရရှိတာကြောင့် တုပ်ကွေးလက္ခဏာ ခံစားရချိန်ကို တိုတောင်းစေပါတယ်။ လေ့လာမှုအရ လိမ္မော်သီးမှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဇွန်

GOOD HEALTH
အပြည့်အစုံသို့ »