အမှန်တကယ် အလေးအနက်ထားပြီးအောင်မြင်ချင်သူများအတွက် အကောင်းဆုံးသောနည်းလမ်းတခုမှာ
အောင်မြင်ကျော်ကြားသူများ၏ ဘ၀ဖြတ်သန်းပုံများကိုလေ့လာသင်ယူပြီး လက်တွေ့ကျကျအကောင်အထည်ဖော် ရန်ဖြစ်သည်။
အောင်မြင်လိုသောစိတ်ရှိသူတော်တော်များလည်း ဘ၀တွင်ကျရှုံးမှုများ ကြုံတွေ့ရလေ့ရှိတတ်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် အောင်မြင်သူများ၏သာယာလှပသော ဘ၀ကိုသာမြင်တွေ့ကြတတ်ပြီး လက်ရှိဘ၀ကို ရောက်ဖို့ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရလည်းဆိုတာ မမြင်နိုင်၊မသိနိုင်ခဲ့ကြလို့ပါ။
အောင်မြင်သော သူများ၏ ဘ၀ဖြတ်သန်းပုံကိုသိရှိခြင်းအားဖြင့် သင်လည်းပဲဘယ်လိုအတုယူကျော်ဖြတ်နိုင်မလဲ သင့်အတွက်ကောဘယ်လိုအခွင့်အရေးတွေရရှိပြီး ပန်းတိုင်ကိုရောက်ဖို့ဘယ်လိုလျှောက်လမ်းရမလဲဆိုတာ သင်ခန်းစာယူနိုင်မှာပါ။
ကျွန်တော်ဝေမျှလိုသော အကြောင်းအရာလေးကတော့ အောင်မြင်ကျော်ကြားသူများ၏ အတိုချုန်းထားတဲ့ဘ၀သင်ခန်းစာလေးတွေပါ။ အခက်အခဲတွေကိုကျော်ဖြတ်ပြီး အများလေးစားဂုဏ်ယူတဲ့ဘ၀ကိုရောက်ရှိခဲ့ပုံလေးပေါ့။
Soichiro Honda – ဟွန်ဒါကုမ္ပဏီကိုတည်ထောင်ထားသူပေါ့။ ဟွန်ဒါလို့ဆိုလိုက်တာနဲ့ မသိသူမရှိလောက်ဖြစ်တဲ့ကမ္ဘာကျော်ကားအမျိုးအစားပါ။ တချိန်ကဟွန်ဒါ မတည်ထောင်ခင် တိုယိုတာကားကုမ္ပဏီမှာဝန်ထမ်းအဖြစ်အလုပ်လျှောက်စဉ် မိမိနှင့်သင့်တော်သောနေရာမရှိဟု အငြင်းခံလိုက်ရသူတဦးဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်မကျတဲ့အပြင် မခံချင်စိတ်ဖြင့်ကြိုးစားသဖြင့်ယခုအချိန်မှာ တိုယိုတာနှင့်အပြိုင်ကုမ္ပဏီတခုအဖြစ် ရပ်တည်နေနိုင်ပါပြီ။ သင်လည်းပဲဘယ်လိုပဲအငြင်းခံရပါစေ သင်ရောက်လိုသော ပန်းတိုင်ကို ရောက်အောင်သွားပါ။
Stephen King- နာမည်ကြီးစာရေးဆရာတဦးလို့ လူသိများတဲ့စတီဗင်ကင်းဟာဆိုရင်လည်းပဲ ပထမဦးဆုံးဝတ္တုကိုဖြန့်ချီရန်ကြိုးစားရာတွင်ဘယ်လိုမှ အစဉ်မပြေခဲ့ပဲ အမှိုက်ပုန်းထဲအထိမိမိစာအုပ်ကိုစွန့်ပစ်ခဲ့ပြီး ဇနီးမယား၏ အားပေး၊တိုက်တွန်းမှုဖြင့် အမှိုက်ပုန်းထဲကပြန်လည်ကောက်ယူ
ကာနောက်တကြိမ်ဖြန့်ချီရန် ကြိုးစားရာမှ အစပြုကာအောင်မြင်ကျော်ကြားသူ တဦးဖြစ်လာခဲ့သည်။ သင်ခန်းစာအနေဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်ပါ ဘယ်သူမှလက်မခံသေးခင်ကာလမှာ စိတ်ရှည်၊ဇွဲရှိစွာကိုယ်သွားလိုသော ခရီးကိုရောက်အောင်သွားပါ။
Thomas Edison- သောမတ်စ်အဲဒီစင် လို့ဆိုလိုက်ရင်တော့လူအများသိပြီးတဲ့အတိုင်း မီးသီးတလုံးထွန်းလင်းဖို့အတွက် မီးသီးပေါင်း ၉၉၉လုံးကိုအရင်စမ်းသပ်ခဲ့ရာ မအောင်မြင်သေးပဲ အလုံးတထောင်ရောက်မှပင်အောင်မြင်စွာတည်ထွင်နိုင်ခဲ့တာပါ။ မဆုတ်မနစ်ကြိုးပမ်းမှုအတွက် အံအားသင့်စရာကောင်းပေမယ့် သူ့ရဲ့တုံ့ပြန်မှုကတော့ မအောင်မြင်ခဲ့သောမီးသီးတလုံးကိုစမ်းသပ်တိုင်းဒါဟာနည်းလမ်းအမှန်မဟုတ် မီးသီး မီးထွန်းလို့ရတဲ့အထိထပ်ကာတလဲလဲ ကြိုးစားခဲ့သူ တဦးဖြစ်သည်။ သင်လည်းပဲ ဘ၀တွင်ဘယ်လိုကျရှုံးမှုများစွာကြုံတွေ့နေပါစေ သောမတ်စ်အဲဒီစင်ရဲ့ ဘ၀သင်ခန်းစာကိုယူက သင်လိုချင်သောဘ၀မျိုးဖြစ်အောင် ကြိုးစားပါ။
Oprah Winfrey- ကမ္ဘာ့အချမ်းအသာဆုံး အမျိုးသမီးတွေထဲကတဦးဖြစ်တဲ့ ရုပ်သံတင်ဆက်သူ အိုပရာဟာ ဆိုရင်လည်းပဲသူမရဲ့ဘ၀ ယခုလိုမဖြစ်ခင်စဉ်က အလုပ်မှတကြိမ်အထုတ်ခံရဖူးပြီး ရုပ်သံလောကကိုဝင်စ က သူမနဲ့ မကိုက်ညီနိုင်ဟုအပြောခံခဲ့ရဖူးသူဖြစ်သည်။ သူမလည်းမည်သို့သောအခါကမျှအရှုံးသမားလို့ မခံယူပဲရုန်းကန်ကြိုးစားရာမှ ယခုလိုအများအထင်ကြီးလေးစားရတဲ့လူတဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။
Bill Gates – ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မိုက်ကရိုဆော့ဖ်ကို တည်ထောင်သူဘေးလ်ဂိတ်ဟာဆိုရင်လည်း တချိန်ကအခြားကုမ္ပဏီတခုမှာပရောဂျက်တခုအ
တွက်၎င်း၏အိုင်ဒီယာကိုအဆိုတင်သွင်းရာ အငြင်းခံခဲ့ရဖူးပါတယ်။ သူလည်းပဲလူတကာအထင်ကြီးလေးစားတဲ့ ဘေးလ်ဂိတ်ဖြစ်လာပြီ မဟုတ်ပါလော။
ထိုအောင်မြင်ကျော်ကြားသူများရဲ့ ဘ၀သင်ခန်းစာများကိုအမိအရ ရယူပြီး သင့်ဘ၀အတွက် အကျိုးရှိအောင် လက်တွေ့အသုံးချနိုင်မယ်ဆိုရင် သင်လည်းပဲ သင်လိုချင်သော အောင်မြင်သောဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။
ကျွန်တော်အတွက်တော့ဘ၀သင်ခန်းစာများအဖြစ်ရရှိလိုက်တာကတော့……………….
၁) အငြင်းခံရခြင်းများစွာရှိခဲ့သော် ကိုယ့်ဘ၀အတွက်အရှုံးသမားအဖြင့်မခံယူရန်
၂) ရှုံးနိမ့်ခဲ့ဖူးခြင်းကို ပြသနာတခုဟု မထင်မှတ်ရန်
၃) ကိုယ့်ကိုလက်မခံသူများဟာ ကိုယ့်အကြောင်းကိုမသိသောသူများအဖြစ်သာ မှတ်ယူရန်
၎) ဘယ်သူလက်ခံခံ မခံခံ ကိုယ့်ကိုကိုယ် ယုံကြည်မှုအမြဲတမ်းရှိရန်
ဘ၀တွင်ဘယ်လိုပင်ခက်ခဲကြမ်းတမ်းပါစေ မလျှော့သောဇွဲဖြင့်ပန်းတိုင်ကိုအရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
Ref: M.Farouk Radwan, MSc
Mr. Guy
World Myanmar (world-myanmar.com)
Mr. Guy ရေးသားသောဆောင်းပါးများနှင့်ပတ်သတ်၍ အကြံပေး ဆွေးနွေးလိုသူများ အောက်ပါလင့်ခ်တွင်တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း အသိပေးလိုပါတယ်။
https://www.facebook.com/profile.php?id=100005524216303&fref=ts
အပြည့်အစုံသို့ »
Written by:
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊စီးပွားရေးပေါ်လစီ)
ကမ္ဘာ့နိုင်ငံအများစုတွင်မဆို အားနည်းချက် (Weaknesses)နှင့် အားသာချက် (Strengths) ရှိတတ်သည်။
ထို့ကြောင့် “အားနည်းချက်များ” ကို နည်းသထက်နည်းရန်နှင့် “အားသာချက်များ” ကို များသထက်များစေရန် လုပ်ဆောင်ကြရသည်။ ဆိုလိုသည်မှာ အားနည်းချက်များ နည်းသည်ထက်နည်းလာလျှင်၊ အားသာချက်များ များသည်ထက်များလာလျှင် ယင်းနိုင်ငံသည် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ (Challenges Threats) နှင့် အခွင့်အလမ်းများ (Opportunities) အတွက် အသင့်အနေအထားတွင် ရှိလာပြီဟု ပြောနိုင်ပေမည်။
အားနည်းချက်များနှင့် အားသာချက်များကို သရုပ်ခွဲလေ့လာပြီး ယင်းအားနည်းချက်များကို ပိုမိုလျော့နည်းအောင် ဆောင်ရွက်ရင်း အားသာချက်များကိုလည်း ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားခြင်းဖြင့် ယင်းနိုင်ငံ၏ အထွေထွေအင်အားသည်လည်း ပိုမိုတိုးတက်မြင့်မားလာစေမည် ဖြစ်သည်။
ဥပမာ ယနေ့အမေရိကန်ပြည်ထောင်စုသည် ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် (၁) တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားကြီးထွားလာမှု၊ (၂) စွမ်းအင်လောင်စာ အဆမတန် တင်သွင်းနေရသော မိမိနိုင်ငံ၏ စီးပွားရေးအတွက် စွမ်းအင်ဈေးနှုန်းအပေါ် စိုးရိမ်မှု၊ (၃) အမေရိကန်အစိုးရ ကြွေးမြီပမာဏကြီးမားလာမှု၊ (၄) အကြမ်းဖက်မှုဝါဒသည် အမေရိကန်စီးပွားရေးအပေါ် ခြိမ်းခြောက်လာမှုတို့ကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးတွင် စိန်ခေါ်မှုများ (Challenges) သို့မဟုတ် ခြိမ်းခြောက်မှုများ (Threats) ကို ရင်ဆိုင်လာရသည်ဟု American Defenders ဟူသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖူးသည်။
ထိုကဲ့သို့ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံသည် ထိုကဲ့သို့သော စိန်ခေါ်မှုများ (သို့မဟုတ်) ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန်အတွက်ဆိုလျှင် မိမိနိုင်ငံ၏ အဓိကအားနည်းချက်များနှင့် အဓိကအားသာချက်များကို ဘက်ပေါင်းစုံ ပြန်လည်ညှိနှိုင်းပြု ပြင်နေပြီဖြစ်သည်ကို တွေ့ရသည်။
အထူးသဖြင့် အထွေထွေအင်အား မတောင့်တင်းမခိုင်မာသောနိုင်ငံများအနေဖြင့် ယနေ့ ယူကရိန်းနိုင်ငံကဲ့သို့သော အခြေအနေများ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံအချို့ ၏ အခြေအနေများကဲ့သို့သော အခြေအနေများနှင့် ပိုမိုမြင်တွေ့လာရပေမည်။
ထိုကဲ့သို့သော အခြေအနေများမှ ရှောင်လွှဲနိုင်ရန်အတွက်ဆိုလျှင် နိုင်ငံရေးဦးဆောင်နေသူများအကြားတွင် အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန်လေးစားမှုတို့အပေါ် အခြေခံကာ နိုင်ငံ၏အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးမှုများလည်း မလွဲမသွေ လိုအပ်ပေသည်။
အကြောင်းမှာ အားနည်းချက်များ (Weaknesses) သည် နည်းသထက်နည်းမလာဘဲ များလာလျှင်လည်းကောင်း၊ အားသာချက်များ (Strengths) များသည် များသထက်များမလာဘဲ နည်းလာလျှင်လည်းကောင်း ယင်းနိုင်ငံ၏ အနာဂတ်တစ်ချိန် ချိန်တွင် ပဋိပက္ခပေါင်းစုံ စုပေါင်းကာ ပြိုကွဲပျက်စီးသွားပေလိမ့်မည် ဖြစ်သည်။
ယနေ့ ကမ္ဘာ့နိုင်ငံများထဲတွင် အတုယူဖွယ်နိုင်ငံများ၊ သင်ခန်းစာယူဖွယ်နိုင်ငံများဟူ၍ နိုင်ငံများ၏ပကတိအနေအထားတွင် နမူနာယူဖွယ်နိုင်ငံများ၏ နိုင်ငံသားများသည် ပျော်ရွှင်ချမ်းမြေ့သော လူနေမှုဘဝများ၊ တည်ငြိမ်သော နိုင်ငံရေး၊ စီးပွားရေးစနစ်များ၊ စုစည်းညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုများရှိလေ့ရှိပြီး သင်ခန်းစာယူဖွယ်နိုင်ငံများ ၏ နိုင်ငံသားများမှာမူ လူမှုစီးပွားရေးမတည်ငြိမ်မှု၊ တရားမျှတသော၊ ပြိုင်ဆိုင်မှုကင်းမဲ့သော နိုင်ငံရေး၊ စီးပွားရေးစနစ်များ၊ စုစည်းညီညွတ်မှုမရှိသော အခြေအနေများနှင့်လည်း ရင်ဆိုင်ရတတ်ပါသည်။
တစ်နည်းအားဖြင့် အားနည်းချက်များ (Weaknesses) ကို အားသာချက်များ (Strengths) အဖြစ်သို့ ပြောင်းလဲပေးနိုင်သော နိုင်ငံများသည် အောင်မြင်သောနိုင်ငံများဖြစ်လာပြီး အားသာချက်များ တစ်စတစ်စ နည်းပါးလာသောနိုင်ငံများသည် ကျဆုံးသောနိုင်ငံများ ဖြစ်လာလေ့ရှိသည်။
news-eleven
အပြည့်အစုံသို့ »
ဂျင်းဆိုတာ ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်ပဲပါ့။ ဂျင်းဘောင်းဘီတစ်ထည်ဆိုရင်လည်း တစ်ထည်ဆို တစ်ထည်ဆိုသလောက် နှစ်ပေါက်အောင်ကို ၀တ်လို့ရတာနော်။ ဒါပေမယ့် ဘောင်းဘီရဲ့ ချုပ်ရိုးချုပ်သား၊ ဒီဇိုင်းစတာတွေကိုတော့ ကိုယ်ကြိုက်ဖို့၊ ကိုယ်နဲ့အဆင်ပြေဖို့ လိုတာပေါ့။ ၀ယ်တုန်းက အဆင်ပြေပြီး သေချာဝတ်ကြည့်လိုက်တာ့မှ အဆင်မပြေတာမျိုး ဒါမှမဟုတ် ကိုယ်အထိန်းအသိမ်း ညံ့လို့ ဂျင်းဘောင်းဘီဟာ လုံးဝမ၀တ်ဖြစ်တော့တာမျိုးတွေ မဖြစ်ရအောင် ကိုယ့်မှာရှိတဲ့ ဂျင်းဘောင်းဘီကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ အမေးအဖြပုံစံလေးတွေနဲ့ ပြောပြပေးချင်ပါတယ်။
၁။ဂျင်းဘောင်းဘီကို လျှော်မယ်ဆို လက်နဲ့သေချာလျှော်တာက ကောင်းလား၊ သူများတွေ ပြောသလို အခြောက်လျှော်တယ်ဆိုတာမျိုးက ကောင်းသလား။
ဂျင်းကတော့ မလျှော်လေး ကောင်းလေပဲ။ လျှော်တာများရင် အရောင်ကျသွားတတ်သလို တစ်ခါတစ်လေ ၀တ်ရတာ သိပ်အဆင်မပြေတော့တာမျိးတွေ ဖြစ်တတ်တယ်။ လျှော်မယ်ဆိုရင်တော့ လက်နဲ့လျှော်လည်းရတယ်၊ စက်နဲ့ဆိုလည်း ရေညှစ်တာတို့ဘာတို့ မလုပ်ရင်ရတယ်။ တစ်ခုပဲအခြောက်ခံစက်ထဲ ထည့်တာမျိုးတွေ ဘာတွေတော့ မလုပ်သင့်ဘူး။
၂။ဆွဲသားပါတဲ့ဂျင်း၊ နောက် ဖယောင်းလိုဟာမျိုးပါတဲ့ နည်းနည်းပြောင်တဲ့ဂျင်းဆိုရင်ရော ဘယ်လိုလျှော်ရမလဲ။
အဲ့ဒါမျိုးဆိုရင်တော့ မလျှော်နိုင်လေ ကောင်းလေပဲ။ အနံ့အသက်အတွက် စိုးရိမ်တယ်ဆိုရင် ဘောင်းဘီကို ထိပ်ပိတ်ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထည့် ထည့်ထားလိုက်ရုံပဲ။
၃။အရောင်ရင့်တဲ့ ဂျင်းဘောင်းဘီနဲ့ အရောင်ဖျော့တဲ့ ဂျင်း သူတို့ကိုလျှော်တဲ့အခါ ဘယ်အချက်တွေကို ဂရုစိုက်ပေးဖို့လိုမလဲ။
အရောင်ရင့်တဲ့ ဘောင်းဘီတွေကို ရေအေးနဲ့ပဲ လျှော်ပေးရပါလိမ့်မယ်။ ဒါမှ အရောင်ကျမသွားမှာ။ အရောင်နည်းနည်းဖျော့တဲ့ဟာဆိုရင်တော့ လျှော်တဲ့အခါ အရင့်လောက် စိတ်ပူစရာ မလိုပါဘူး။
၎။ဂျင်းဘောင်းဘီက ၀တ်ရတာ တောင့်တောင့်ကြီးနဲ့ သိပ်အဆင်မပြေဘူး ဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ။
တစ်ချိန်လုံးသား ၀တ်နေလိုက်။ အဆင်ပြေသွားလိမ့်မယ်။
၅။ချုပ်ဝတ်မယ်ဆို အပ်ချုပ်ဆိုင် မသွားခင် ဘာတွေ သိထားဖို့ လိုအပ်သလဲ။
ခုသွားအပ်မယ့် ဂျင်းဘောင်းဘီနဲ့တွဲဝတ်မယ့် ဖိနပ်က ဘယ်လိုဖိနပ်မျိုး ဖြစ်မလဲဆိုတာ ကြိုစဉ်းစားသွားရလိမ့်မယ်။ နောက်ပြီးတော့ အတိုင်းကို သေချာလုပ်မှ ဖြစ်မယ်။ ဘယ်လောက်ထိ ရှည်မယ်။ ကွက်တိဆိုလည်း ကွက်တိပေါ့။ ကျန်တာကတော့ ချုပ်တဲ့သူ ကျွမ်းကျင်ရင် စိတ်ပူစရာ မလိုပါဘူး။
Credit: Trend Myanmar
အပြည့်အစုံသို့ »
သူဌေးဖြစ်ချင်တယ်ဆိုပြီး ဘုရားမှာ ဆုတောင်းနေရံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နေ့စဉ်လိုက်နာဆောင်ရွက်ရမဲ့ ကိစ္စလေးတွေကို မမေ့မလျှော့ပဲ လုပ်ဆောင်သွားမယ်ဆိုရင် မအောင်မြင်စရာ အကြောင်း မရှိပါဘူး။ လိုက်နာရမဲ့ အဓိက အချက်လေးတွေကတော့ အောက်ပါအတိုင်းပါဘဲ။
၁. ကျန်းမာရေးသာလျှင် အဓိက
နေ့စဉ်နေထိုင်မှု ဘဝမှာ ကျန်းမာရေးက အဓိက ကဏ္ဏမှာ ပါဝင်ပါတယ်။
ကျန်းမာမှသာလျှင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှာပါ။
၂. အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်နိုင်ခြင်း
နေ့တိုင်းပိုက်ဆံမရှိဘူးဆိုပြီးထိုင်ပြီးစိတ်ညစ်နေလို့လဲဘာမှဖြစ်မလာပါဘူး။ဒါကြောင့်စဉ်းစားနေတာထက်ပြုံးပြုံးရွှင်ရွှင်နေတက်မှသာလျှင်လူချစ်လူခင်ပေါလာပြီး ကံကောင်းခြင်းနဲ့ အလုပ်လည်းအဆင်ပြေလာမှာပါ။
၃. ဈေးအဝယ်တော်တာကလည်း သူဌေးဖြစ်မယ့် အမျိုးသမီးတွေ အတွက် မရှိမဖြစ်တဲ့ အချက်
ပိုက်ဆံကိုချွချွေတာတာနဲ့လိုအပ်တဲ့နေရာမှာလိုအပ်သလိုအသုံးချတက်တဲ့သူဟာ သူဌေးဖြစ်ကိုဖြစ်မှာပါ။
၎. အမျိုးသမီးဖြစ်တဲ့အတွက် လှလှပပနေထိုင်ဖို့ဆိုတာဟာလဲ မမေ့နဲ့
ကိုယ်က မိန်းကလေးတယောက်ဆိုတာကိုလည်း မမေ့ထားပါနဲ့။ လှလှပပ နေထိုင်တက်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။
၅. အိမ်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းကိုလည်း သေသေချာချာ ပြုစုရန်
အိမ်ရဲ့လိုအပ်ချက်က ဘာလဲဆိုတာကို သေသေချာချာ လေ့လာပြီး လိုအပ်တဲ့နေရာမှာ ပိုက်ဆံကို သုံးပြီး ပိုရင်စုဖို့ဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်။
myeyshin
အပြည့်အစုံသို့ »
ဒီရက်ပိုင်းအတွင်း Mr. Guyဖတ်ဖြစ်ခဲ့သော ဆောင်းပါးလေးနှင့်နှလုံးသားထဲမှာစွဲနေသော အောင်မြင်သောသူ အများဆုံးသုံးတတ်သောဆောင်ပုဒ်လေးတခုနှင့် ကိုက်ညီမှုရှိသွားလို့အများသူငါပြန်လည် မျှဝေနိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်။
ခေါင်းစဉ်လေးကတော့ “လိုချင်သောစိတ်သာတကယ်ရှိမယ်ဆိုရင် ရယူဖို့အတွက်နည်းလမ်းဆိုတာရှိစမြဲပါ” အောင်မြင်မှုကိုတိုင်းတာတဲ့အခါ နေရာ၊ဒေသ၊
ပတ်ဝန်းကျင်၊ရပ်တည်မှု အလိုက်ကွဲပြားပေမယ့် အောင်မြင်မှုကိုဆွတ်ခူးနိုင်မယ့်ပန်းတိုင်ဆိုတာ ပြိုင်ပွဲဝင်သူတို့အတွက်ရှိစမြဲပါ။ ငွေကြေးချမ်းသာသူများရဲ့
အောင်မြင်မှုကတော့ချမ်းသာကြွယ်ဝမှုလို့ဆိုနိုင်သလို ဘောလုံးသမားများရဲ့အောင်မြင်မှုကိုတိုင်းတာရာမှာတော့ အများအားဖြင့်ဆုတံဆိပ်နှင့်ဆုဖလားတို့မဟုတ်လား။
အလားတူဘွဲ့ရပြီးခါစကျောင်းသား ကျောင်းသူတဦးရဲ့ရည်မှန်းချက်မှာ မိမိသင်ယူထားသောပညာရပ်ကို ပရောဖယ်ရှင်နယ် အသက်မွေးဝမ်းကြောင်းမှာအသုံးချနိုင်ရန် မဟုတ်ပါလော။
အဆိုပါဆောင်ပုဒ်လေးကို အောင်နိုင်သူများကလက်တွေ့အသုံးချခဲ့ပြီး နယ်ပယ်အရပ်ရပ်မှာ အောင်မြင်မှုများဖြင့်ရပ်တည်နေခဲ့ကြပါတယ်။ အဲဒီလိုလက်တွေ့ကျင့်သုံးတဲ့သူတွေထဲကမှ မကြာခင်အချိန်ကအကောင်အထည်ဖော်ခဲ့တဲ့ ဘွဲ့ရကစ ကျောင်းသားတစ်ယောက်ရဲ့ဖြတ်သန်းပုံလေးကို ပြန်လည်ဖော်ပြပါရစေ။
အမေရိကန်နိုင်ငံတွင် ထောင်သောင်းပေါင်းများစွာသော ကျောင်းသား၊ကျောင်းသူများ နှစ်စဉ်ဘွဲ့ရပညာတတ်များအဖြစ် တက္ကသိုလ်ပေါင်းများစွာက မွေးထုတ်ပေး
တာဂုဏ်ယူစရာဆိုပင်မယ့် အဓိကကျတဲ့ သင်ယူထားသောပညာနဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတထပ်တည်းကျဖို့ဆိုတာ မလွယ်ကူလှပါ။ လုပ်ငန်းရှင်တွေက လူတော်၊လူတတ်တွေ အလွန်များပြားတဲ့နိုင်ငံမှာ ကျောင်းအလိုက်၊အဆင့်အလိုက် အရည်အချင်း၊အမှတ် အစရှိသည်တို့ဖြင့်လူကောင်းရဖို့
ရွေးချယ်တတ် ကြသလို အဓိကတွေထဲကမှ တချက်ဖြစ်တဲ့ အဆက်အသွယ်ကောင်းသူ၊ တနည်းအားဖြင့်နီးစပ်ရာ သူတွေကိုလုပ်ငန်းခွင်ထဲကို ဆွဲသွင်းတတ်ကြ ပါတယ်။
တချို့ဆိုတော်တော်လေးရုန်းကန်ကြိုးစားပြီးမှ သူတို့လိုချင်သောအိပ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့တာပါ။ ထိုသူတွေထဲကမှ Danu Phromrat ဆိုတဲ့အမေရိကန်နိုင်ငံရောက်ထိုင်းလူမျိုးဘွဲ့ရခါစ သူတဦးရဲ့ မဆုတ်မနစ်ကြိုးစားမှုနှင့်လိုချင်သောအလုပ်ကို ရအောင်စွမ်းဆောင်ခဲ့တဲ့အကြောင်းကို ဘ၀သင်ခန်းစာအဖြင့်ယူလိုသောသူများ အတွက်တဆင့်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။
Danu Phromrat ဟာ ဘွဲ့ရခါစမှာ အချိန်ကြာမြင့်စွာအလုပ်တခုရရန် နည်းလမ်းအဖုံဖုံဖြင့်ကြိုးစားခဲ့သော်လည်း အချိန်သာကုန်၊လျှောက်လွာတင်ခဲ့တာလည်း အရေအတွက် ၁၀၀မကရှိခဲ့ပြီး ကံအကြောင်းမလှစွာအလုပ်ရဖို့နေနေသာသာ အင်တာဗျူတခုပင်မရခဲ့ပါ။ ပုံမှန်လုပ်နည်းတွေထက်ပိုမိုထိရောက်နိုင်ရန် အတွေးများစွာဖြင့် နောက်ဆုံးမိမိကိုယ်ကို ကုန်ပစ္စည်းတခုလို့ လူပုံအလယ်မှာကြော်ငြာရန်ဆုံးဖြတ်ချက်ချလိုက်သည်။ အ၀တ်အစားကိုကျကျနန၀တ်ဆင်ပြီးလူစည်ကားသောလမ်းတနေရာတွင် အလုပ်ရှာနေပါသည်ဟူသော ဆိုင်းဘုတ်ဖြင့်ရပ်ကာ လူအများမြင်သာစေရန်ပြုလုပ်ခဲ့ပါတယ်။ ထိရောက်မှုကတော့ လွန်ခဲ့သောနေ့ရက်တွေနဲ့မတူညီတော့ပါ အင်တာဗျူ ၆ခုအထိရရှိခဲ့လို့ပါ။
သူ့ရဲ့အလုပ်ရရှိရန်ရှာဖွေပုံနှင့်ကြိုးစားပုံကို သိရှိသွားတဲ့လုပ်ငန်းရှင်တဦးမှာတော့ Danu Phromrat ရှိရာချဉ်းကပ်သွားခဲ့ပြီး အင်တာဗျူဖြေဆိုရန်အခွင့်အရေး
ပေးခဲ့သလို နှစ်နာရီကြာပြီးနောက် ၎င်းလုပ်ငန်းမှာလုပ်ကိုင်ရန်သဘောတူခဲ့သည်။ ပျှော်ရွှင်မှုကတော့အတိုင်းအထက်အလွန်ပေါ့။ Danu လမ်းပေါ်တွင်ရပ်ပြီး အလုပ်ရှာနေစဉ်တလျှောက်ဖြတ်သန်းဖြတ်လာ သွားသူများက လက်ဆွဲနှုတ်ဆက်ကာအားပေးခဲ့သူများရှိခဲ့သလို၊ ဒိုနပ်ကျွေးသူများနှင့် Starbucks ကော်ဖီဝယ်သောက်နိုင်ရန်လက်ဆောင်ကဒ်များကိုပေးခဲ့သူများလည်းရှိပါတယ်ဟုဆိုသည်။ ဒီလိုသာဖြစ်မယ်ဆိုတာသိရင်စောစောထဲက လုပ်ပါတယ်ဟုလည်းဆိုပြန်ပါတယ်။
ကဲ သူလည်းပဲ အများသူငါများသင်ခန်းစာယူနိုင်ရန်ပြောကြားခဲ့ပါတယ်၊”လိုချင်သောစိတ်သာတကယ်ရှိမယ်ဆိုရင် ရယူဖို့အတွက်နည်းလမ်းဆိုတာရှိစမြဲပါတဲ့”။ ဒီဆောင်းပါးလေးအတွက်တော့ဒီနေရာမှာတင်နိဂုံးချုပ်ပါရစေ။ ဘ၀အတွက်အောင်မြင်လိုသူများ၊အောင်မြင်ပြီးသူများ၊ထပ်ဆင့်အောင်မြင်လိုသူများလည်း အဆိုပါဆောင်ပုဒ်လေးကို အသုံးချနေသူများ၊အသုံးချမယ့်သူများရှိမယ်လို့လည်းယုံကြည်ပါတယ်။
Ref: NBC Chicago
Mr. Guy
World Myanmar(world-myanmar.com)
အပြည့်အစုံသို့ »
Facebook ဟာ လူမှုကွန်ယက်တွေရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခုဖြစ် လာနေပါပြီ။ သင့်ရဲ့ status ကို အခုပဲ Update မလုပ်ဘူးဆိုရင် ဓါတ်ပုံတွေကို တင်တာ၊ (သို့) ထူးခြားတဲ့ မေးခွန်းမျိုးစုံတွေကို ရရှိပါလိမ့်မယ်။ ဘယ်သူ့ကိုမှပြောလေ့မရှိတဲ့ ကျွနိုပ်တို့ရဲ့ကိုယ်ရေးသတင်းအချက်အလက်တွေကို တင်ကြတယ်။ နောက် ပြီး ကျွနိုပ်တို့ရဲ့ ကိုယ်ရေးအသေးစိတ်အချက်အလက်တွေကို မှန်မှန်ကန်ကန်ထည့်သွင်းပေးနေသရွေ့ လုံခြုံစိတ်ချရတယ်၊ ကိုယ့်သူငယ်ချင်းအချင်းချင်းဆက်သွယ်ရာမှာ အဆင်ပြေတယ်လို့ ထင်တတ်ကြတယ်။
ပြဿနာက ကျွန်ုပ်တို့ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူတွေဝင်ရောက်ကြည့်ရှုနေကြသလဲဆိုတာ ဘယ်လိုမှမသိနိုင်ပါဘူး။ သင်နှင့် သင့်မိသားစု ဘေးကင်းလုံခြုံမှုရှိဖို့အတွက် သင့် facebook ပေါ်ထည့်မတင်သင့်တဲ့ အချက်အလက်အချို့ရှိပါတယ်။ Facebook နှင့် တခြားလူမှုကွန်ယက်တွေပေါ်ကနေ ဖယ်ထုတ်သင့်တာ (သို့) မတင်သင့်တဲ့ အချက်(၅) ချက်တွေက။
(၁) သင်နှင့် သင့်မိသားစု မွေးနေ့ အပြည့်အစုံ
ကျွန်ုပ်တို့အားလုံး Facebook စာမျက်နှာပေါ် ကိုယ့်သူငယ်ချင်းတွေဆီက “Happy birthdays” ကိုရချင်ကြတယ်။ လူတွေက ကိုယ့်ကို သတိတရရှိနေကြတယ်၊ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်မှာ ဂရုစိုက်ပြီး စာတွေရေးပေးကြတယ်ဆိုတဲ့အသိကို ရင်ထဲခံစားရရှိစေတယ်။ ပြဿနာက သင်မွေးနေ့မွေးရက်တွေကို ဖော်ပြလိုက်တဲ့အချိန်မှာ ကိုယ်ရေးအချက်အလက်ခိုးယူရရှိနိုင်အောင် တစ်စိတ်တဒေသကို အထောက်အကူပေးလိုက်သလိုဖြစ်နေပါတယ်။ နေ့ရက်ကို လုံးဝမထည့်သွင်းတာအကောင်းဆုံးပဲဖြစ်တယ်။ တကယ်လို့ထည့်မယ်ဆိုရင် အနည်းဆုံး ခုနှစ်လောက် ကိုချန်လတ်ထားလိုက်ပါ။ သူငယ်ချင်းစစ်စစ်တွေက သိရင်သိလောက်မှာပါ။
(၂) သင့်ရဲ့ Relationship Status
သင့်မှာတစ်စုံတစ်ယောက်နဲ့ ဆက်နွယ်မှုရှိရှိ၊ မရှိရှိ အဲဒါကို လူတိုင်းသိနိုင်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ Status ကို single ပြောင်းလိုက်မယ်ဆိုရင် စိမ်းရောင်လေးပြပေးမှာ ဖြစ်တယ်။
(၃) သင့်ရဲ့ လက်ရှိတည်နေရာ
တစ်ရက် ၂၄နာရီအတွင်း သင်ဘယ်နားရောက်နေသလဲဆိုတာ သိရှိစေနိုင်တဲ့ Facebook ပေါ်က (Location tagging feature)တည်နေရာဖော်ပြပေးတဲ့ အချက်အလက်ကို ကြိုက်နှစ်သက်သူတွေအများအပြားရှိကြတယ်။ အိမ်မှာမရှိဘူး၊ အပန်းဖြေခရီးသွားနေတယ်လို့ ပြောလိုက် location feature ထည့်ထားတယ်ဆိုရင် ခရီးမိုင်ဘယ်လောက်ဝေးတယ်ဆိုတာ သိသွားပြီး သင့်အိမ်ဖောက်ထွင်းခံရနိုင်ပါတယ်။ ကိုယ်ရှိတဲ့နေရာကို ဘယ်တော့မှမပြောပါနဲ့။ ခရီးသွားနေတဲ့အချိန်ရိုက်ထားတဲ့ဓာတ်ပုံများကိုလည်း တင်ချင်ရင် အိမ်ရောက်ပြီးမှတင်ပါ။
(၄) ကလေးတွေသာ အိမ်မှာရှိနေကြောင်းသိစေတဲ့အချက်
မိဘတွေက ကလေးတွေသာအိမ်မှာ ရှိနေကြောင်းသိစေတဲ့ အချက်အလက်တွေကို မထည့်သွင်းမိဖို့အရေးကြီးပါတယ်။ ကိုယ့်သူငယ်ချင်းအချင်းချင်းကသာ ကိုယ့်status ကိုဝင်ကြည့်နိုင်မယ်လို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ ကိုယ့် account ထဲကို ဘယ်သူဝင်ကြည့်နေလဲဆိုတာ မသိနိုင်ပါဘူး။
(၅) နာမည်ဖော်ပြထားတဲ့ ကလေးတွေရဲ့ ဓာတ်ပုံများ
ကျွန်ုပ်တို့ ကလေးတွေကိုချစ်တော့ ဟုတ်ပါတယ်။ သူတို့ အတွက်ဆိုရင် ဘာမဆိုလုပ်ပေးကြတယ်။ လူအများစုက ကလေးတွေရဲ့ဓာတ်ပုံတွေကို နာမည်နဲ့တကွ (သို့) ဗီဒီယို ဖိုင်တွေကို facebook ပေါ်တင်သင့်မတင်တချက်မှတောင်မစဉ်းစားကြဘဲ ချက်ချင်းကောက်တင်လိုက်ကြတာပါပဲ။
မိဘ ၁၀ ဦးတွင် တစ်ဦးက သူတို့ကလေးတွေရဲ့ မွေးနေ့၊ မွေးတဲ့အချိန်ကအစ အသိအကျဖော်ပြထားတယ်။ သူတို့ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးတွေရဲ့ ပုံတွေပါ တင်ကြတယ်။ အဲဒီလိုအချက်အလက်မျိုးတွေကို ကိုယ့်ကိုအနောက်ယှက်ပေးချင်တဲ့သူတွေကနေ အသုံးပြုခံရနိုင်ပါတယ်။
Trend Myanmar
အပြည့်အစုံသို့ »
အကောင်းမြင်ဝါဒီ ကျင့်သုံးသူများဟာ အဖိုးမဖြတ်နိုင်အောင်ကာင်းမွန်သောအောင်မြင်မှုများ၊ပျှော်ရွှင်မှုနှင့်စိတ်ချမ်းသာမှုတို့ကိုဆွတ်ခူးနိုင်မှာအသေချာပင်။
အောက်ပါအချက်(၇)ချက်ကိုလိုက်ပါလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ သင့်ရဲ့ဘ၀ဟာ ပျှော်ရွှင်မှုနှင့်အတူအောင်မြင်စွာဖြတ်သန်းသွားရမှာပါ။
၁) ကျေးဇူးသိတတ်ပါ- လူတယောက်ပဲဖြစ်ဖြစ်၊မည်သူမဆိုကိုယ့်အပေါ်ကြင်နာတတ်သောသူ၊ကိုယ့်အားကူညီပေးသောသူကို ရိုးသားစွာကျေးဇူးစကားဆိုပါ။ မိမိဆုတောင်းတဲ့အခါတိုင်း သူတို့အတွက်ပါဆုတောင်းပါ။
၂) အားထားယုံကြည်ရသူတဦးဖြစ်အောင်ကြိုးစားပါ- သဘောတူညီမှုယူထားတဲ့ အရာတွေကိုတာဝန်သိတတ်စွာထိန်းသိမ်းစောင့်ရှောက်ပါ။မထင်မှတ်ပဲကြာမြင့်ခဲ့ ရင်လည်းဂတိတာဝန်ကို မဖောက်ဖျက်မိပါစေနဲ့။
၃) ဇွဲမလျှော့ပဲမဆုတ်မနစ်ကြိုးပမ်းပါ- အန္တရာယ်၊အခက်အခဲ၊အတားအဆီးတွေကြုံလာခဲ့ရင် စိတ်ရှည်စွာရင်ဆိုင်ကျော်ဖြတ်နိုင်ရန်အားစိုက်ပါ။ ရည်မှန်းချက်ကြီးသူတဦးအနေနဲ့ဇွဲမလျှော့ပဲပန်းတိုင်ကိုရောက်အောင်သွားနိုင်မယ်ဆိုရင် သင့်ကို ဘယ်အရာမှတားဆီးနိုင်မှာမဟုတ်ပါ။
၎) အားပေးတိုက်တွန်းပါ- ထူးချွန်သောသူ၊အောင်မြင်သောသူတွေရဲ့လုပ်ရပ်တွေကိုအားပေးပါ။ထောက်ပံ့ပါ။ အလားတူ သင့်လိုပဲဘ၀အတွက်တိုက်ပွဲဝင်သူများကို လည်းဖေးမကူညီပါ။
၅) အကြင်နာမေတ္တာ မျှဝေပါ- အခက်အခဲကြုံနေသူများကို ကူညီရိုင်းပင်းပါ။ လောကကြီးရှိလူသားများကို
မေတ္တာတရား၊ပေးကမ်းလိုစိတ်၊ခွင့်လွှတ်နားလည်မှုများစွာဖြင့် ဆက်ဆံပါ။
၆) ပူးပေါင်းဆောင်ရွက်ပါ- သင်ဟာနှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်အရာတွေ အများအတွက်ကောင်းကျိုးဖန်တီးပေးနိုင်မယ့်ဘယ်အရာကိုမဆို ညှိနှိုင်း၊တိုင်ပင်၊ကြိုဆိုပါ။ အမြင်မတူသူများနှင့်လည်းအဆင်ပြေနိုင်စေရန် နည်းလမ်းရှာဖွေပါ။
၇) အဆက်မပြတ်သင်ယူပါ- တိုးတက်ရာတိုးတက်ကြောင်းအတွက် ကျွမ်းကျင်မှုအသစ်၊နည်းပညာအသစ် အစရှိသည်တို့ကိုအဆက်မပြတ်လေ့လာသင်ယူပါ။ ကျွမ်းကျင်ပြီးသောအရာများနှင့်နောက်ထပ်ပိုပြီး ရလာမယ့်အသိပညာ၊အတတ်ပညာတို့ဖြင့်ပေါင်းစပ်ကာ အနာဂတ်နှင့်ပစ္စုပ္ပန်ကိုပို၍လှပအောင်ဖန်တီးပါ။
ကမ္ဘာကျော်ကဗျာဆရာတဦးဖြစ်တဲ့ ဂျွန်ဒရိုင်တန်ရေးထားတဲ့ “ပထမဦးဆုံးကောင်းသောအမူအကျင့်များကိုဖန်တီးပါ နောက်ပိုင်းထိုအမူအကျင့်များက အကောင်းအဆိုးများကိုဝေဖန်ပိုင်းခြားနိုင်သူဖြစ်အောင်ဆောင်ရွက်ပေးသွားပါလိမ့်မယ်”။ အမူအကျင့်ပဲဆိုဆိုဗီဇပဲဆိုဆို အသစ်တခုကိုရယူတဲ့အခါ မိမိရဲ့ဆုံးဖြတ်ချက်သန္ဒိဌာန်မှအစပြု၍ ဘ၀အတွက်တန်ဖိုး၊ရည်မှန်းချက်တို့ကိုထိုမှတဆင့်ရယူနိုင်သွားမှာပါ။
အောက်ပါမေးခွန်းများဖြင့်ကိုယ့်ကိုကိုယ် မကြာခဏဆိုသလိုပြန်လည်ဆန်းစစ်ကြည့်ပါ။ ဘယ်အမူအကျင့်ကကိုယ့်ဘ၀အတွက်အကျိုးရှိနိုင်မလဲ။ မိမိကိုယ်ပိုင်ဘဝ
မှာသော်လည်းကောင်း၊အလုပ်အကိုင်နယ်ပယ်မှာသောလည်းကောင်း၊ မိမိဘ၀အတွက်ဘယ်အမူအကျင့်ကြောင့်တိုးတက်မှုရှိသလဲ၊ဆုတ်ယုတ်မှုရှိသလဲ၊ ဆုတ်ယုတ်မှုရှိခဲ့ရင် ဘယ်အမူအကျင့်ကြောင့်လဲ၊ အဲဒါကိုဘယ်လိုပြန်လည်ပြုပြင်ပြီး အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့မေးခွန်းတွေကိုဖြေ
ကြည့်ပါ။ ထိုမှတဆင့်အဆိုးတွေကိုရှောင် အကောင်းတွေကိုယူကာသာယာကြည်နူးဖွယ်ကောင်းသောဘ၀လေးကို တည်ဆောက်ပါလို့ဆန္ဒပြုရင်နိဂုံးချုပ်ပါတယ်။
Ref: Steve Brunkhorst
Mr. Guy
World Myanmar(world-myanmar.com)
အပြည့်အစုံသို့ »
ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးလူသားကိုသင်သိပါသလား? သာမန်လူအများစုရဲ့ အိုင်ကျူဟာ ၁၀၀ပတ်ဝန်းကျင်မှာရှိပင်မဲ့၊ ဥာဏ်ကြီးရှင်များရဲ့ အိုင်ကျူဟာဆိုရင် ၁၄၀နှင့်အထက်မှာရှိကြပါတယ်။
အသိဥာဏ်ကို အိုက်ကျူအမှတ်နှင့်တိုင်းတာရာမှာအငြင်းပွားစရာများစွာရှိသလို ကျွန်တော်တို့အားလုံးဟာ အလွန်တော်တဲ့ ပါရမီရှင်ဖြစ်ဖို့မလွယ်ကူပါဘူး။ သို့သော်ငြားလည်း ကမ္ဘာကျော် ဥာဏ်ကြီးရှင် အထင်ကရများဖြစ်တဲ့ ဘေးလ်ဂိတ်၊ အဲလ်ဘတ် အိုင်းစတိုင်အစရှိသည် တို့ရှေ့ဆောင်လုပ်ပြခဲ့တဲ့
ပင်ကိုလက္ခဏာ၊ အကျင့်စရိုက်တို့ကို လေ့လာဆည်းပူးပြီး လက်တွေ့အသုံးချမယ်ဆိုရင်တော့ သင်ဟာ အောင်မြင်ပြီးသြဇာကြီးမားတဲ့ သူတစ်ဦးဖြစ်လာမှာပါ။
အဆိုပါအောင်မြင်သူများရဲ့ အကျင့်စရိုက်တွေထဲက အချက်လေးချက်ကိုဝေမျှလိုက်ပါတယ်။
၁) မဆုတ်မနစ်ကြိုးစားပါ- အရှုံးသမားတစ်ယောက်လို ဘယ်တော့မှမခံယူပါနဲ့။ သောမတ်အဲဒီဆင်ဟာဆိုရင်ဖြင့် မီးသီးတစ်လုံးထွန်းလင်းတောက်ပဖို့ အတွက် ထောင်ပေါင်းများစွာသောမီးသီးများစွာကိုစမ်းသပ်ပြီးမှ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်တာပါ။
၂) ရယ်မှန်းချက်ကိုအလေးနက်ထားပါ- ဘ၀အတွက် အမြင့်ဆုံးသောရည်မှန်းချက်ကိုထားပါ။ အပေါင်းအသင်းများနဲ့လည်း ဆွေးနွေးတိုင်ပင်ပါ။ ထိုမှတဆင့်ရည်မှန်းချက်ကို ရအောင်ဖန်တီးနိုင်တဲ့သူတစ်ဦးဖြစ်အောင်ကြိုးစားပါ။
၃) စာများများဖတ်ပါ- တစ်ရက်မှာ စာ၁၅မိနစ်ဖတ်ရုံဖြင့် တနှစ်မှာ စာလုံးပေါင်းတသန်းကျော်ဖတ်ရှုသူတဦးဖြစ်လာမှာပါ။
၎) သိလို၊လေ့လာလိုစိတ်ရှိပါ- ထက်မြက်သူများဟာ အမြဲလိုလိုမေးခွန်းများစွာရှိပြီး၊ ပတ်ဝန်းကျင်ရှိအရာများကို လေးလေးနက်နက်တွေးခေါ်သူများဖြစ်သလို၊
အကောင်းဆုံးသောအရာ ဟာဘာလဲဆိုတာကောက်ချက်ချနိုင်သူများလည်းဖြစ်ကြပါတယ်။
Ref: Entrepreneur
Mr. Guy
World Myanmar
အပြည့်အစုံသို့ »
အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ သိရှိရပါတယ်။ အကြောင်းကတော့ သူတို့တွေ မကြာခဏဆိုသလို ခွဲခြား ဆက်ဆံခံရတာကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီကွဲပြားတဲ့ နေထိုင်မှုပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှုရှိပြီး လူနေမှုဘ၀မှာအဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူတတ်မြောက်ကြပါတယ်။Proceedings of the National Academy of Sciences မှာဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသားတွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန်ရတဲ့အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထားမခံရတာ သိသာထင်ရှားပါတယ်။ ဒါကြောင့်ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနားသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန်အရေးပါတယ်ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့်ထားပါတယ်။
Ref: cosmopolitan.com
Trend Myanmar
အပြည့်အစုံသို့ »
မနက်ရုံးသွားဖို့ ပြင် ဘတ်စ်ကား အလာ နောက်ကျတဲ့ အခါ
၁။ ဒီကားကတော့ အမြဲ ဒီလိုဖြစ်နေတယ်။ ပြဿနာပဲ၊ ရုံးတော့ နောက်ကျပါပြီ။ စိတ်ညစ်ပါတယ်။
(သို့မဟုတ်)
၂။ ‘တစ်ခါ တစ်လေ ကျတော့လည်း ဖြစ်တတ် တာပဲလေ။
(အကယ်၍ ခဏခဏ ဖြစ်ပါက)
၃။ အော် ဒီလို ဖြစ်နေတော့ ငါ ဘယ်တတ်နိုင်ပါ့မလဲ။ နောက်တစ်နည်း စဉ်းစားပြီး သွားရတာပေါ့။ လခ အဖြတ်ခံရလည်း တစ်နာရီ စာပါပဲလေ။ တစ်လစာမှ မဟုတ်တာ’
ယင်း သုံးမျိုးထဲမှာ မိမိရဲ့ စိတ်ထဲ ဘယ်လို အတွေးဝင်မိ ပါသလဲ။ ပထမ တစ်မျိုး ဖြစ်နေပြီ ဆိုပါက မသင့်လျော်ပါ။
(ရှောင်လွဲ မရတဲ့) ပြဿနာ အခက်အခဲ တစ်ခု ကြုံတဲ့အခါ ယင်း အခက်အခဲ နဲ့ ဖြစ်ရပ် အပေါ် အခြေခံပြီး လူတိုင်းမှာ အကောင်းလဲ မြင်နိုင် ခံစား နိုင်သလို၊ အဆိုးလည်း မြင်နိုင် ခံစား နိုင်ပါတယ်။ အားလုံး သိထားကြတဲ့ ဒဿန တစ်ခုလိုပါပဲ ရေတစ်ဝက် ထဲပဲ ကျန်တော့တယ်နဲ့ ရေတစ်ဝက်ကြီးတောင် ကျန်သေးတယ် ဆိုတဲ့ သိမြင်မှု နှစ်ခုထဲမှာ မိမိ စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့် ရှိပါတယ်။
ဘယ်ဖြစ်ရပ်ပဲ ကြုံကြုံ ဒေါသလျော့၊ သောကလျော့ ဖြည့်တွေးမယ် မရှိပဲ ငါသေပြီ ငါသေပြီ လို့သာ ငြီးငြူ နေတတ်မယ် ဆိုရင်၊ တစ်ဖက်ကို ဒေါသ နဲ့ ပြန်တုန့်ပြန်နေ ရင် တော့ ဒါဟာ အဆိုးမြင့်တဲ့ ဝါဒ ဖြစ်ပါတယ်။ အကောင်းဘက်ကနေ တွေးပြီး ဥပေက္ခာ ပြုသင့်တဲ့ အမုန်း၊ အာကာသ များကိုလည်း ဥပေက္ခာ ပြုပေး နိုင်မှသာ ဒါဟာ မှန်ကန်တဲ့ နှလုံးသွင်း လက်ခံမှု (ယောနိသော မနသိကာရ) ဖြစ်ပါတယ်။ ပုထုဇဉ် လူသားမှန်ရင် အားလုံးကို အကောင်းမြင်ပေး နိုင်ဖို့ ဆိုတာ ကတော့ အင်မတန် ခက်ခဲ ပါတယ်။ သို့ပေမယ့် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ မဟုတ်ရင် နှိုင်းယှဉ်လို့ မရအောင် ပူလောင်တဲ့ ဒေါသ၊ သောက မီးတွေထဲမှာ နေ ရရ တယ် ဆိုတာကို ကြုံတွေ့ဖူးသူများ ခံစား သိရှိမှာပါ။ ဒါကြေင့်မို့ အပူသောက ငြိမ်းပြီး ဘဝကို အေးချမ်းစေတဲ့ နည်းလမ်းက အရာရာကို အကောင်းဆုံး ရှုမြင်ပေးနိုင်တဲ့ စိတ်ထား ရှိအောင် မွေးမြူခြင်း ဖြစ်ပါတယ်။
Yoyarlay
အပြည့်အစုံသို့ »
မနေ့က စပြီး အဲ့ စတေးတပ်တစ်ခု ကျွန်တော်စတွေ့ တယ် ဗျ နောက်တော့ သတိထားမိသွား တာ ဖဘ ကမိန်းကလေး တော်တော်များများ ရှဲ ကြတာနဲ့ သတိထားမိနေတာ ဗျာ အဲ့ စတေးတပ် ကဘာတဲ့
“ထမင်းချက်ကောင်းတဲ့ လူကိုသဘောကျရင် အန်တီ့သားကို အိမ်ဖော်နဲ့ပဲ ပေးစားလိုက်ပါတဲ့ ”
သိပ်နည်းလမ်းမကျ သလိုပဲဗျ ကျွန်တော်မှားတယ် မှန်တယ်မပြောဘူးနော် နည်းလမ်းမကျဖူးလို့ပဲပြောချင်တာ ဒီစတေးတပ် ကို ဘယ်သူက စရေးသလဲ ဆရာမဂျူးတော့ဟုတ်ဟန်မတူဘူး အမေရိက က သမီးတော်ကြီးပဲလား ဟိုမိန်းမဝါဒီ ပေ့ခ်ျ ကပဲလား ခပ်ပေါပေါမြန်မာကားတကားကပဲလား
တင်စီးတဲ့ ယောက္ခမလောင်းကို ကြည့်မရတာနဲ့ ခပ်ရွဲ့ ရွဲ့  ပြောလိုက်တင်လိုက်တာ နေမှာပါ ကြီးကြီးမားမား တွေးထား ရည်ရွယ်ထားဟန်မတူာဘူး ကျွန်တော်မသိပါဘူး ။
ကျွန်တော် သည် လည်း မဟာပုရိသ ယောကျာင်္း ဝါဒီ မဟုတ်သလို
ယောကျာင်္းမုန်းဝါဒ မဟာ ကုတ္တိယ ဝါဒကိုလည်း အားမပေးပါဘူး ။ ယောကျာင်္း မကောင်းဘူးတွင်တွင်ရေးပြီး ယောကျာင်္းနဲ့ မကင်းနိုင် ပရိုဖိုင်ထဲတောင် ယောကျာင်္း ပုံကြီးတကားကား နဲ့ အကိုးကွယ်ခံ U S မျေက်မောင်းမ အခွက်နဲ့ မယ်တော်ကြီးတွေကလည်း ရှိသကိုး။ ကိုယ်ကမကင်းနိုင်ဘူးလေ မကောင်းမပြောဘူးပေါ့ခိခိ ..
တကယ်တော့ ယောကျာင်္းမှကောင်းတယ် မိန်းမမကောင်းဘူး ဘာညာ မရှိပါဘူး ကောင်းတယ်ဆိုးတယ်ဆိုတာလည်း လူတွေပါပဲ လိင် နဲ့မဆိုင်ပါဘူး ကျွန်တော်တို့တောင် အမေနဲ့ အဖေ ၂ယောက်ပေါင်းပြီး မှလူဖြစ်လာရတာ မလား ?
ထားတော့ ခုနစတေးတပ်စ် ကိုပြန်ကြည့်ရအောင် ရေးတဲ့သူကို ထားလိုက် သောင်းသောင်းဖြဖြ Like ကြတဲ့ မမများကို ကျွန်တော်မေးချင်တာ က ….
မြန်မာပေါပေါကားတွေ ကိုယီးယား အိမ်ထောင်ရေးကားတွေကြည့်ပြီ ချွေးမဟူသည် ယောက္ခမ နဲ့ ever ရန်သတ်ရမယ် ဆိုတဲ့ idea သူတို့ သစ်ကြားသီးသာသာ ဥနှောက်ကလေးထဲ build in များပါနေသလား ?
ထမင်းဟင်းအချက်အပြုတ်ကောင်းတဲ့အမျိုးသမီးတိုင်းသည် အိမ်ဖော်လား ?
အလှအပမကြိုက် big eyeမ တပ် တကိုယ်လုံးဘရန်းဆင် သူဌေးသားဘဲကိုထား ကလပ်ကိုသွား လှလှပပ ကြွကြွ ရွရွ မနေပဲ မီးဖို ချောင်ထဲ ဆီးဂျီးပေ မီးသွေးပေ တကုပ်ကုပ်နဲ့နေနေရင်ပဲ တောကျနေ date out နေပြီလား ခေတ်မမှီတောဘူးလား အိမ်ဖော်ဆန်နေပြီလား?
်ထမင်းဟင်းချက်ကောင်းတဲ့ နင်တို့အမေ အဘွား ကကော အိမ်ဖော်မ ကြီးတွေ ဟုတ်ခဲ့လို့လား လို့ ငပေါက်တို့ မေးလိုက်ချင်တာ နှုတ်ခမ်းပေါ် ခူယားနဲ့ ဘောက်ဖတ် discoတွဲကနေ သလိုပဲ ပါးစပ်ကိုယားလို့ …
ထားလိုက်ပါ တခါကဟာသ လေးတောင်ကြားဖူးပါတယ် “ကျွန်မ လက်ရာက ရှင့်အမေ တဝက်တောင်မကောင်းဖူး ဆိုရအောင်ရှင့်ဝင်ငွေ ကကောကျမအဖေ လေးပုံတပုံတောင်ရှိလို့လား ဆိုတဲ့စကားလေးပါ ” ဟုတ်ပါတယ် အခုခေတ် က အိမ်ထောင်ဦးစီး တယောက်အလုပ် လုပ်ရင် တမိသားစုလုံးစားလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး လင်ရောမယားရောယဉ်ဘောင်တန်း အလုပ်သွား ရှိတာ ဝယ်စား ချိုင့်ဆွဲစား နေရတဲ့ ခေတ် အဲလိုမျိုး မအားလို့ ရုန်းကန်ရလို့ ဆိုရင်တမျိုးလေ
အခုဟာက ” ဟင်နင်ယောကျာင်္း ယူတော့မလို့လား ထမင်းရောဘယ်လို လုပ်မလဲ ဘယ်သူချက်မလဲ ?”ဆိုရင် “သိပုလေ သာမီးက ထမင်းချက် အိမ်ဖော် အဒေါ်ကြီးတယောက်လောက်ခေါ်ထားမပေါ့ ” ဆိုတဲ့ ခပ်တိမ်တိမ် အတွေးနဲ့ ဘော်ကြော့ ကလေးမတွေများလာတဲ့ခေတ် တကယ့်လွယ်ကြောခေတ် ထမင်းဟင်းချက်တတ်ရင်ကို အောက်တန်းကျတယ် သေးနှပ်တယ်လို ထင်နေတဲ့သူဌေးသမီးဘော်ကြော့မမတွေ ရဲ့ခေတ်ဗျ။
ဘာပဲပြောပြော ယောကျာင်္း ဆိုရင်တော့ ကိုယ့်အိမ်သူသက်ထား လက်ရာလေး စားဖူးကြ ချင် ကောင်းတယ်ကြွားဖူးချင် သူငယ်ချင်းတွေအိမ်ခေါ် ကြွေးဖူးချင် ကြတာချည့်းပဲ မယုံရင် ကြိုက်တဲ့ယောကျာင်္း ဘီယာတိုက်ပြီးမေးကြည့် ဗျာ ။
ကိုယ်တိုင်ချက်တတ် ပြုတ်တတ်ထားတော့ ဟော ဟိုဟင်းကဘယ်လို လူဘယ်ရောက်စာ ဘယ်နှစ်နပ်ဆို ဆန်က နို့ဆီဘူး ဘယ်လောက်ကုန်မယ် ကြက်သွန် အာလူး ကဘယ်ဈေး ဘာကြော်ရင်ဘာဆီ ဘယ်လောက်ကုန်မယ် ပုဇွန်ခြောက်က ဘယ်လို ကိုက အသေးစိတ်သိထား တတ်ထား ချက်တတ်ထားတော့ အိမ်ဖော် ဘတ်တာ အလုပ်သမား ချိုတာ ခိုးတာ မခံရတော့ဘူးပေါ့ ။ မဟုတ်ဖူးလား
ကျွန်တော့အမေအပါ အဝင် သူငယ်ချင်းအမေတော်တော်များများဆိုရင် အိမ်မှူကိစ္စ အတော်နိုင်နင်းတယ် အဝတ်လျှော် မီးပူတိုက် အိမ်သန့်ရှင်းရေး မှန်တိုက်တာ ကြမ်းတိုက်တာ ကအစ အိမ်ဖော်အသစ်တွေလာရင် သူတို့က အရင်သင်ပေး လုပ်ပြပေး ခဲ့တာ ချည်းပဲ ကျွန်တော်သိရသလောက် တော့ ။ အဲ့တော့ အိမ်ဖော်ကလဲရှိန်တယ် ခိုင်းရင်မကပ်ရဲတော့ဘူး မခိုးရဲဘူး ။
အခုခေတ် မိန်ကလေးများကတော့ မဟုတ်ဖူး ဘာတွေ သွေးကြီးနေကြလည်းမသိဘူး မီးဖိုချောင် ကိစ္စ ကို အိမ်ဖော်ကိစ္စ လို့ တရားသေတံဆိပ်ကပ် ကုန်ကြပြီ ။ ကြည့်နေ ပါ သူတို့ ကသာ မိန်းမတို့ တပ်အပ်သော အိမ်ထောင် ထိမ်းသိမ်းမှူအတတ် မသင်ချင်ကြတာ အောက်ကျတယ် ထင်ချင်ကြတာ လိုချင်လိုက်ရင် ဖြင့် ငွေရှာတော် ချစ်ခင်ယုယ တတ် ကြင်နာတတ် ဘာသာရေးကိုင်းရှိုင်း ယောကျာင်္းပီပီသသ တာဝန်ယူတတ် စောင့်ရှောက်တတ် တဲ့ အားလုံးပါဖက် ဖြစ်တဲ့ ၃၆ ပစ်ကင်း အပွန်းအခြစ်ရာ မပါတဲ့ လူမျိုး လိုချင်ပြပါလိမ်မယ်ဗျား ။
သူတို့ကသာ ထမင်း မချက်ချင်ကြတာ ယောကျာင်္းလေးကြ ရည်းစားဘဝ ကထဲ က “ယောကျာင်္းဖြစ်ပြီး ငါ့ဖုန်းလေးတောင် မပြင်တတ်ဖူးလား”တို “အိမ်ကကွန်ပျူတာ ပြတင်းပါက်ကျကွဲ သွားလို့ လာပြန်တင်ပေးပါဦး” “ဖောမက်ရိုက်ပါဦး ပါတေးရှင်းလုပ်ပါဦး
ဖုန်း ကို Factory restart လုပ်ပေးပါဦး” “တို့ ဘယ်လမ်းမှာ ကားပျက်နေတယ်လာနှိုက်ပေးဦး ကားစက်ဖူံး ဖွင့်ပြီးတော့ ”
“ခေါင်မိုးပေါ်က ကြောင်လေး ပြန်ဖမ်းပေးပါဦးတို့ ” ခိုင်းပြပါလိမ့်မယ်
” မလုပ်တတ်ဖူး “တခွန်း ပြောကြည့်ပါ့လား ယောကျာင်္းဂျီး ဖြစ်နေပြီး ဒီစက်ကလေးတောင်မလုပ်တတ်ဖူးလား အားမကိုးရဘူး ဘာညာ ဘော်လီစက်စမိုင်နာ အဲလေ ဘော်ဘီဆော့ဆာ ရှူံးအောင် ပတောက်ပတောက်ပြောပြပါ လိမ့်မယ် ကြည့်နေ ။
ရှေးရှေးကြမ်းတွေမှာ မိန်းမတယောက်ရဲ့ ကောင်းခြင်း အင်္ဂါရပ်တွေထဲမှာ ဆံပင်ရဲ့ကောင်းချင်း အသားအရေ အပြောအဆိုအနေအထိုင် မျက်လုံးမျက်ခုံး ဘာညာ အစ အစချီပြီး အိမ်ထောင်နိုင်နင်းမှုနဲ့ အရေးတကြီး အဆုံးသတ် ပါ တယ် ။ ကိုယ့်ဖက် က ပြည့်အောင်မဖြည့်ဘဲနဲ့ တော့ ပြည့်စုံ တဲ့ အိမ်ထောင်ဖက်ရဖို့ မလွယ်ပါဘူး ။ ကိုယ့်ဖက်က ကိုယ့်လက်တွဲဖော်ကို ဘာလေးလုပ်ပေးလိုက်မယ် ဆိုတဲ့ စိတ်မရှိဘဲ ဘာအခွင့်အရေးပဲ သူဆီက ယူလိုက်မယ် ဆိုတာပဲတွေးနေရင်တော့ ကိုယ့်လို လက်တွဲဖော်နဲ့ပဲတွေ့ မှာပါပဲ ။
ခုဏ က “အန်တီသားကို အိမ်ဖော်နဲ့ ပဲ့ ပေးစားလိုက်ပါ “လို့ ပြောတဲ့ မမ များလဲ ထမင်းမချက်ခိုင်းပဲ ထမင်းဖိုးဈေးဖိုး ပေး အိမ်တလုံးဝယ်ပေး အိမ်ဖော်တွေထားထားကလေးဖိုးပေးပြီး ပြီး ကိုယ့်ကို မချစ်တတ် မယုယတတ် ပွဲထုတ် မပြတတ်တဲ့ လက်ပါတတ် တဲ့ ငွေဝယ်အရုပ်လို ယောကျာင်္း နဲ့ညားရင်ရော ဘယ်လိုလုပ်မလဲ
“ချစ်ကလေး ထမင်းမချက်နဲ့  မောင့်ကိုထိုင်ကြည့် ထမင်းဝတယ် မောင်ချစ်ပြ ယုယပြ မယ် ကိုယီးယားမင်းသား လို နုရွ အုကြွ ဖုထ (ကြွက်သားတွေပြောပါတယ် ) လုပ်တတ် တယ် ပိုက်ဆံတော့ မရှာတတ်ဖူး အိမ်ထောင်မထိမ်းသိမ်း တတ်ဖူး ချစ်မှန်တင်ခုံပဲ လုတတ်တယ် ကိုယ့်ကိုလှအောင်ပဲ လုပ်တတ်တယ် ” ဆိုတဲ့ ယောကျာင်္း မျိုးရော လိုချင့်ပါ့ မလား စဉ်းစားရင် မေးရင် အများကြီးပါ ….
ဟုတ်ကဲ့ အထက် ကstatus ကို like ကြ share ကြတဲ့ မမ များထမင်းမချက်တတ်ပဲ အိမ်ထောင်မထိမ်းသိမ်း တတ်ပဲ ယောကျာင်္း အကောင်းစား လိုချင်ရင်တော့ သူဌေးမယားငယ်ပဲ လုပ်လိုက်ပါ လို့ မရေးချင် ပေမဲ့ မိုက်မိုက် ရိုင်းရိုင်း ပြန်ရေးပါရစေ ခင်ဗျာ ။
ဘဝ မှာ လူရယ်လို့ဖြစ်လာရင် ကိုယ်စိုက်ပျိုးတာ ပဲ ကိုယ် ရိတ်သိမ်း ရတာပါ။ချစ်မှုကြိုက်မှု အိမ်ထောင် ပြု တဲ့အမှုမှ မဟုတ်ပါဘူး ဘယ်အလုပ်မဆို ကိုယ့်ဖက်ကအရင်ပြည့်စုံအောင်ကြိုးစားမှ ပြီးပြည့်စုံချင်းကကိုယ့် ကိုလက်ကမ်း မှာပါ ဒါတောင်မှာ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး လူ့ဘဝ ရလာဒ် ကအမျိုးမျိုး ပြောင်းလဲ နိုင်ပါသေးတယ် ။မသေချာပါဘူး …
မရင့်ကျတ်သေးတဲ့ ဖဘပေါ်က မမများ ကလေးမများ သမီးပျို အပေါင်းကိုပြောချင်တာ ကိုယီးယားကား မြန်မာကား များ နတ်တမျှဗြမ္မာတမျှ လှပကျော့ရှင်း စိတ်ကူးရင် ဝထ္တု များ အိပ်ယာဝင် နတ်သမီး ပုံပြင်များ ကနေ နိုးထပြီး တကယ့်လောကကြီးကို တချက်လောက် မျက်စောင်းထိုးကြည့်ပေးကြပါဦးလို့ ။
မောင်ပေါက်
( အမျိုးသမီး ထုကို လေးစား သမှု စေတနာအစု ဖြင့် အမုန်းခံကာတင်သည် ကလော် တုပ်လိုက စလာတုပ်နိုင်ပါပြီ )
အပြည့်အစုံသို့ »
ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလား ယောင်္ကျားလေးဖြစ်မလားဆိုတာ ၅၀% စီပဲရှိပါသေးတယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့လိင်ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေတော့ ရှိပါတယ်။
သင်မွေးမယ့်ကလေးဟာ မိန်းကလေး ဒါမှမဟုတ် ယောင်္ကျားလေးလား ဆိုတဲ့နေရာမှာ သင့်စားသောက်တဲ့အစားအစာပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီနည်းစနစ်ဟာ ၁၀၀%တော့ မှန်ကန်မှုမရှိပေမယ့် မိမိနှစ်သက်တဲ့ကလေးရနိုင်ဖို့အတွက် ဇနီးမောင်နှံတွေ အသုံးများတဲ့နည်းစနစ်ဖြစ်ပါတယ်။
ယောင်္ကျားလေးဖြစ်စေနိုင်တဲ့ Y chromosomeကို သယ်ဆောင်တဲ့ sperm ဟာသေးငယ်ပြီးတော့ ပေါ့ပါးသွက်လက်တဲ့အတွက် သက်တမ်းမကုန်ဆုံးခင်မှာ မဥကြွေတဲ့နေရာကို အမြန်ဆုံးရောက်နိုင်ပါတယ်။ ဒီလိုနဲ့အမြန်ဆုံးရောက်နိုင်ဖို့အတွက် သူ့ရဲ့ပတ်ဝန်းကျင်မှာAlkaline တွေ ရှိနေဖို့လိုအပ်ပါတယ်။
မိန်းကလေးဖြစ်စေနိုင်တဲ့ X chromosomeကို သယ်ဆောင်တဲ့ spermတွေကျတော့ အရွယ်အစားပိုကြီးပြီး နှေးကွေးပါတယ်။ အဲဒါကြောင့်လည်း ပန်းတိုင်ကိုရောက်ဖို့ အချိန်ပိုကြာစေပါတယ်။ ဒါပေမယ့် သက်တမ်းပိုရှည်နေတာကို တွေ့ရှိရပြန်ပါတယ်။ မဥကြွေတဲ့နေရာရောက်ဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ Acid တွေ လိုအပ်ပါတယ်။
ဒါဆိုရင်တော့ သင့်အနေနဲ့ ကလေးရဲ့လိင်ကိုရွေးချယ်ဖို့ အစားအသောက်နဲ့ အားထုတ်လို့ရပြီပေါ့။
ယောင်္ကျားလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ
Potassium နဲ့ sodium ပါတဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အက်စစ်ပါဝင်နှုန်းတဲ့အတွက် Alkaline များလာဖို့ အားပေးပါတယ်။ အဲဒါကြောင့် ငှက်ပျော်သီး၊ ပြောင်းဖူး၊ အနီရောင်အသား၊ နဲ့ အူအစာသွပ်ထားတဲ့ အစားအစာတွေကို များများစားသုံးဖို့ပဲဖြစ်ပါတယ်။
မိန်းကလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ
ရွေးချယ်ရမှာကတော့ အက်စစ်ဓါတ်များတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ပန်းမုံလာဟာ အသင့်တော်ဆုံး ဥပမာပဲဖြစ်ပါတယ်။ ပြီးတော့ စပျစ်သီး၊ ပန်းသီး၊ နို့ထွက်ပစ္စည်းများ၊ ငါး၊ နဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးနိုင်ပါတယ်။
Ref: onlinehealth.com
credit – trend myanma
အပြည့်အစုံသို့ »
အသည်းကွဲနေတဲ့ ကောင်လေးတွေ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဖော်ပြပေမယ့် အချက်တွေကြောင့် ချစ်သူကောင်မလေးရဲ့ စွန့်ခွာခြင်း ခံခဲ့ကြရတာပါ။ ဒါဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးဖြတ်တဲ့အခါ ဒီလိုအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတတ်တာပါ။
၁။သင်ဟာ သူနဲ့သူ့သူငယ်ချင်းတွေကို တစ်ဖြည်းဖြည်း ဝေးကွာသွားအောင် ဖိအားတွေပေးနေခဲ့တာဆိုရင်
သင့်ချစ်သူကောင်မလေး သင်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သင်က သူ့အသိတွေ၊ သူငယ်ချင်းတွေနဲ့ သူမကို ဝေးကွာအောင် တွန်းအားပေးခဲ့တာကြောင့်လို့ ပြောရင် သင်ယုံကြည်ပါ့မလား။ ဒါတကယ်ပါပဲ။ မိန်းကလေးတွေဟာ သူတို့ဘေးမှာ သူချစ်တဲ့ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ရှိနေတာမျိုးကို နှစ်ခြိုက်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့၊ သူ့အသိတွေနဲ့ မသွားလာဖို့၊ အဆက်အသွယ် မလုပ်ဖို့ သင်က ဖိအားပေးမယ်ဆိုရင် သင့်ကို သူတို့စွန့်လွှတ်သွားပါလိမ့်မယ်။
၂။သင်ဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်နေမယ်ဆိုရင်
အမေတွေဟာ သားတွေကို သဲသဲလှုပ်ချစ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင့်ရဲ့လှုပ်ရှားမှုတိုင်းမှာ သင့်အမေက ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ သူတို့စိတ်အနှောင့်အယှက် ဖြစ်ရပြီပေါ့။ သင့်ဘ၀ကို သင်ထိန်းကျောင်းရတော့မယ့်အရွယ်မှာ သင့်အမေပြောစကားအတိုင်း တသွေမတိမ်း သင်ပြုမူလှုပ်ရှားနေရပြီဆိုရင်တော့ သူမက တတိယနေရာကနေပြီး သင်နဲ့အတူ လက်တွဲသွားဖို့ စဉ်းစားတော့မှာ မဟုတ်ဘူးနော်။
၃။ သူမကို ဂရုမစိုက်တော့ဘူးဆိုရင်
ရည်းစားဖြစ်ခါစအချိန်တွေတုန်းကတော့ သင်ဟာ သူမရဲ့အကြိုက်တွေ၊ အလုပ်အကြောင်းတွေ၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုအကြောင်း အားလုံးကို လိုက်မေးမြန်းတတ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ နောက်ပိုင်းမှာ သင်က ဒီလိုလုပ်စရာ မလိုတော့ဘူးဆိုပြီး သူမကို ဘာဆိုဘာမှ မမေးတော့တာမျိုးတွေ ဖြစ်လာတဲ့အခါ သူမစိတ်ထဲမှာ ငါလည်း သူမမေးတဲ့အတွက် ဘာမှမပြောတော့ဘူးလို့ အရာရောက်သွားပါလိမ့်မယ်။ ပြသနာကတော့ အဲ့ဒါပါပဲ။ အစပိုင်းက စိတ်ဝင်းစားမှုကြီးမားသလို နေပြခဲ့ပြီး နောက်ပိုင်း ဒီလိုအရာတွေ ဆက်လက်မလုပ်ဆောင်တော့တဲ့အခါ သူမကို စိတ်မ၀င်စားတော့သလိုလို ပုံစံမျိုး ဖြစ်သွားတဲ့ သဘောပါ။ ဒါ့ကြောင့် သူမကလည်း ငါ့ကိုဂရုမှမစိုက်တော့တာ။ ငါလည်း ငါ့ဘာသာငါ နေနိုင်အောင် လုပ်ရမှာပေါ့ ဆိုတဲ့ စိတ်ဝင်သွားမှာ စိုးရပါတယ်။
၎။သင်ဟာ ရစ်နိုင်လွန်းသူ၊ ဘာမှမဟုတ်တဲ့အရာကို ပြသနာလုပ်တတ်သူဆို၇င်
အတွဲတိုင်းဟာ ရန်တော့ ဖြစ်ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် နှစ်ယောက်သား ပြဿနာတက်တဲ့ကိစ္စတွေဟာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေမယ်။ ပြဿနာတိုင်းကလည်း သင်ကချည်း ဖန်တီးနေမယ်၊ ရစ်နေတာမျိုးဆိုရင် ဘယ်သူကမှ ကြာရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်ကို တွေးတတ်တဲ့သူဆို ပိုပြီးတော့တောင် သင့်ကို စိတ်ကုန်သွားဖွယ်ရာ ရှိပါသေးတယ်။
၅။သင့်မှာ ဘ၀အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မရှိဘူးဆိုရင်
ဘ၀ကို ဖြတ်သလိုပဲ ဖြတ်သန်းမယ်လို့ သင် စိတ်ကူးထားတာကို သူမကို ပြောပြလိုက်မယ်ဆိုရင် သူမက ကောင်းတယ်၊ အရမ်းမိုက်တယ်လို့တော့ ဘယ်ပြောမှာလဲ။ စိတ်ကုန်သွားမှာပဲလေ။ ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူ ကောင်လေးက ဘယ်လိုတော်တယ်၊ မိုက်တယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုး ဂုဏ်ယူချင်ကြတာချည်းပါပဲ။ ကိုယ်ကအဲ့ဒီလို ဂုဏ်ယူစရာ မကောင်းရင်တောင် ကြိုးစားရပ်တည်နေသူတစ်ဦး ဖြစ်ရင်တော်သေး။ အဲ့ဒီလို မဟုတ်ဘဲ ဘာမှလည်း မလုပ်ချင်တော့ဘူး။ အားလုံးကို စိတ်ကုန်သွားပြီဆိုတဲ့ လူစားမျိုးဆိုရင်တော့ သူလည်း သင့်ကို စိတ်ကုန်သွားမှာ အသေအချာပဲနော်။
Ref:mensxp.com
Trend Myanmar
အပြည့်အစုံသို့ »
စာဖတ်ပရိသတ်များအတွက် ကျွန်တော် Mr. Guy မှအကျိုးရှိအားတတ်စေမယ့် သတင်းဆောင်းပါးလေးကို ဆီလျှော်အောင်ဘာသာပြန်ကာပြန်လည်မျှဝေလိုက်ပါတယ်။
သတင်းလေးရဲ့ခါင်းစဉ် ကတော့အသက်သုံးဆယ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်အောင်ဘယ်လိုလုပ်မလဲတဲ့။ မူရင်းရေးသားသူကတော့ သူ့ဘ၀ရဲ့အတွေ့အကြုံနဲ့ ဘယ်လိုဖြစ်အောင်လုပ်ဆောင်ခဲ့လည်းဆိုတာ သင်ခန်းစာယူနိုင်ရန်နှင့်အများသိစေရန် ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အသက်သုံးဆယ် အရွယ်မှာသန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ရာကျတယ်လို့ ထင်ရက်နိုင်စရာရှိပေမဲ့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အကြွေးပတ်လည်ဝိုင်းကာ အလွန်တရာမွဲနေခဲ့ပါတယ်။ ဒါပေမဲ့အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်။
အောက်ပါ အချက် (၁၀)ချက်ကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သင်သန်းကြွယ်သူဌေးဖြစ်ရန် အာမခံပါတယ်။
၁) ငွေနောက်ကိုလိုက်ပါ- လက်ရှိစီးပွားရေး အခြေအနေရ ပတ်ဝန်းကျင်တွင်သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ဆိုတာ အလွန်ကိုခက်ခဲပါတယ်။ ပထမဦးဆုံး ခြေလှမ်းအနေဖြင့် နှစ်စဉ်ဝင်ငွေတိုးပွားအောင်လုပ်ပါ။ ထပ်ခါတလဲလဲလုပ်ဆောင်ပါ။ ကျွန်တော်ဝင်ငွေ အစပိုင်းမှာ တလကိုဒေါ်လာ ၃၀၀၀ဆိုပင်မဲ့ ကိုးနှစ်ကြာပြီးတဲ့နောက်မှာ တလကို ဒေါ်လာ ၂၀၀၀၀ ဖြစ်လာခဲ့ပါတယ်။ ငွေနောက်ကိုလိုက်နေရင်းနှင့် ၀င်ငွေတိုးပွားလာသလို တဆက်တည်းမှာပင် အခွင့်ရေးများစွာကိုရရှိလာပါလိမ့်မယ်။
၂) မကြွားဝါပါနှင့်၊ လက်တွေ့လုပ်ဆောင်ပြပါ- ကျွန်တော်ရဲ့ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုများ လုံလောက်သော အခြေအနေမရောက်ခင်အချိန်အထိ ကျွန်တော်သည်အကောင်းစားနာရီ၊ ဇိမ်ခံကား အစရှိသည်တို့ကိုဝယ်ယူအသုံးပြုခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်ချမ်းသာလာသည့်အချိန်အထိ သာမန်တိုယိုတာ ကန်မရီကိုသာမောင်းနှင်ခဲ့တာပါ။ သင်ဝယ်ယူ၍ရသော လက်ဝတ်တန်ဆာများဖြင့်ထင်ပေါ်အောင်မလုပ်ပါနှင့်။ သင့်ရဲ့အလုပ် လုပ်ကိုင်ပုံနှင့်ကျော်ဇောနိုင်အောင် လုပ်ပြပါ။
၃) ပိုက်ဆံကိုရင်းနှီးမြုပ်နှံရန်စုပါ၊ သိမ်းထားရန်မစုပါနဲ့- ပိုက်စံစုရခြင်း၏တခုသောရည်မှန်းချက်မှာ ရင်းနှီးမြုပ်နှံရန်သာဖြစ်သည်။ လုံခြုံသောနေရာနှင့် ထိတွေ့မရသောနေရာတွင် ၀င်ငွေတိုးပွားရန်အပ်နှံထားပါ။ ဘယ်လိုအကြောင်းမျိုးနဲ့မှ မထုတ်ပြစ်ပါနဲ့ အရေးပေါ်ဖြစ်လာရင်တောင်မသုံးပါနှင့်။ ဒီကနေ့ အချိန်ထိကျွန်တော်ဟာ တနှစ်မှာ အနည်းဆုံးနှစ်ကြိမ် မွဲလေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပိုဝင်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေမှာပြန်လည်မြုပ်နှံလို့ ဖြစ်ပါတယ်။
၎) ကိုယ့်အတွက်ပိုက်ဆံမရနိုင်မဲ့ အကြွေးယူခြင်းကိုမလုပ်ပါနဲ့- စည်းကမ်းချမှတ်ထားပါ။ ပိုက်ဆံမ၀င်နိုင်မယ့်အကြွေးယူခြင်းကိုမလုပ်ပါနဲ့။ ကျွန်တော်ကားဝယ်ရန်ငွေတခါချေးဖူးပါတယ် ဒါပေမဲ့ကျွန်တော်ချေးယူခြင်းဟာ ၀င်ငွေတိုးပွာစေခဲ့ပါတယ်။ ချမ်းသာသူများဟာ အကြွေးယူသည့်အခါ ရင်းနှီးမြုပ်နှံ မှုနှင့်စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ကြပေမယ့် ဆင်းရဲသူများဟာချမ်းသာသူများ ပိုပြီးချမ်းသာသထက် ချမ်းသာလာအောင်အကြွေးများဖြင့်ဝယ်ယူကြတယ်။
၅) ပိုက်ဆံကိုသ၀န်တိုတတ်သူရည်းစားတဦးလိုဆက်ဆံပါ- သန်းပေါင်းများစွာ ရယူနိုင်ရန်နံပါတ်တစ်ဦးစားပေးထားရှိရန်လိုအပ်သည်။ ချမ်းသာကြွယ်ဝဖို့နှင့် အမြဲတမ်းချမ်းသာနေနိုင်ဖို့ ဦးစားပေးရန်လိုအပ်ပါတယ်။ သ၀န်တိုတတ်တဲ့ချစ်သူလိုပေါ့။ သူတို့ကိုဦးစားမပေးရင် ရန်လိုပြီး ဦးစားပေးနိုင်သူနောက်ကိုပဲပါသွားမှာပေါ့။ ပိုက်ဆံလည်းထိုနည်း၎င်းပါပဲ။
၆) ပိုက်ဆံသည်အိပ်မနေတတ်ပါ- ပိုက်ဆံသည် အချိန်၊နာရီ၊အားလပ်ရက် ဘာကိုမှမသိ သင်လည်းပဲထိုသို့သာဖြစ်သင့်သည်။ အလုပ်ကြိုးစားသူတိုင်းကို ပိုက်ဆံကချစ်သည်။ ကျွန်တော်အသက် ၂၆နှစ်အရွယ်မှာ လက်လီဆိုင်တခုတွင်အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ ဆိုင်မှာညနေ ၇နာရီမှာပိတ်ပင်မယ့်လည်း ကျွန်တော်ည ၁၁နာရီအထိအလုပ်ဆင်းကာ အပိုဝင်ငွေရရန်ဈေးရောင်းခဲ့သည်။ ဘယ်တော့မှာ သူများထက်ပိုလည်၊ ပိုကံကောင်းတဲ့ပုံစံမျိုးများမလုပ်ဆောင် ပါနဲ့။ သာလွန်အောင်ပဲလုပ်ပါ။
၇) ဆင်းရဲခြင်းကိုနားမလည်နိုင်ပါ- ကျွန်တော်ဆင်းရဲဖူးခဲ့ပါတယ်။ တကယ်ကိုဆိုးဝါးပါတယ်။ အဲဒီ့ဘ၀မျိုးဘယ်တော့မှာပြန်မလိုချင်ပါ။ Bill Gates ပြောခဲ့သလိုပေါ့ “သင်ဟာဆင်းရဲသော ဘ၀ဖြင့်မွေးဖွားလာခဲ့လျှင် သင့်ရဲ့အမှားမဟုတ်ပါ၊ ဒါပေမဲ့ဆင်းရဲသော ဘ၀ဖြင့်သေဆုံးသွားခဲ့ရင်တော့ သင့်ရဲ့အမှားပါ”။
၈) ညွန်ပြပေးနိုင်မဲ့သန်းကြွယ်သူဌေးကိုရှာပါ- ကျွန်တော်တို့တွေဟာ ဆင်းရဲသော၊ အလယ်အလတ်အတန်းအစား ဘ၀များပတ်ဝန်းကျင်များဖြင့် ရုန်းကန်လုပ်ရှား
ခဲ့ခြင်းများဟာ အတွေးအခေါ်များကိုကန့်သတ်ထားသလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်သန်းကြွယ်သူဌေးပေါင်းများစွာကို လေ့လာပြီး အတုယူနိုင်ခဲ့ပါတယ်။ သင်တို့ကိုလည်းထိုနည်း၎င်းလုပ်ဆာင်ရန်တိုက်တွန်းလိုပါတယ်။ ရှေ့ ဆောင်လမ်းညွန်ပေးမယ့်သန်းကြွယ်သူဌေးကိုရှာပါ။ ချမ်းသာကြွယ်ဝသူအများစုဟာ သဘောထားပြည့်ဝသူများလည်းဖြစ်ကြပါတယ်။
၉) သင့်ရဲ့ပိုက်ဆံများကို လေးလံသောအရာများကိုသယ်ဆောင်ခိုင်းပါ- ရင်းနှီးမြုပ်နှံခြင်းဟာ သင်အလုပ် လုပ်လို့ရတဲ့ဝင်ငွေများစွာထက် သင့်ကိုပိုက်ဆံပိုမိုရှာပေး
နိုင်ပါတယ်။ ပိုက်ဆံအပိုအလျှံမရှိလျှင် ရင်းနှီးမြုပ်နှံရန် မဖြစ်နိုင်ပေ။ ကျွန်တော်ရဲ့ဒုတိယလုပ်ငန်းဖြစ်တဲ့ လုပ်ငန်းကို ဒေါ်လာ ၅၀,၀၀၀ မတည်ခဲ့ပြီး ကုန်ဆုံးသွားသော ၁၀နှစ်တာ ကာလမှာ တစ်လကို ဒေါ်လာ၅၀,၀၀၀ပြန်ရှာပေးခဲ့ပါတယ်။ အလားတူတတိယလုပ်ငန်းဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ၃၅၀,၀၀၀ နဲ့စတင်ခဲ့ပြီး အခုချိန်ထိဝင်ငွေပေါင်းများစွာကိုရှာဖွေပေးနေတုန်းပါပဲ။ ရင်းနှီးမြုပ်နှံခြင်းသာ တခုတည်းသောအခြားနည်းလမ်းဖြစ်သင့်ပြီး ကိုယ့်အတွက်ပိုက်ဆံကို အလုပ်လုပ်ခိုင်းပြီး လေးလံသောအရာများကိုသယ်ဆောင်နိုင်ရန် သူတို့ကိုပင် တာဝန်ပေးပါ။
၁၀) ဒေါ်လာ၁၀သန်း ရရန်ပစ်မှတ်ထားပါ၊ ၁သန်းမဟုတ်ပါ- ငွေကြေးနှင့်ပတ်သတ်၍တခါတည်းသော ကျွန်တော်ရဲ့အမှားမှာ ကြီးကြီးမားမားမတွေးခဲ့လို့ပါ။ ခင်ဗျားတို့အားလုံးကို ဒေါ်လာ၁သန်းထက်ပိုသောလုပ်ဆောင်မှုကို လုပ်ကိုင်ရန်တိုက်တွန်းလိုပါတယ်။ ပိုက်ဆံပြတ်လတ်သွားသည် ဆိုမှာဒီစင်္ကြာဝဠာ မှာမရှိပါ
လူအနည်းစုသာလျှင်ကြီးကြီးမားမားတွေးခေါ်မှုကိုပြုလုပ်ကြလို့ပါ။
အဆိုပါ(၁၀)ချက်ကိုလုပ်ဆောင်ပါက ငွေကြေးချမ်းသာသောဘ၀ကိုပိုင်ဆိုင်ပါလိမ့်မယ်။ ဖြတ်လမ်းကိုမလိုက်ပါနှင့်။ အများထက်အလုပ်ကိုကြိုးစားပါ။ ဘယ်တော့မှဇွဲမလျှော့ပါနှင့်။ သင်ဟာသန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အချိန်ကျရင်လည်း အများကိုသင့်လိုဖြစ်လာနိုင်ရန် လိုလိုလားလား ကူညီဖေးမပါ။
Credit:World-Myanmar News
အပြည့်အစုံသို့ »
(၁) ကလေးတို့…… ထမင်းချက်တတ်အောင် သင်ထားရမယ်။ ဒါသူများကို ပြုစုတာမပြုစုတာနဲ့မဆိုင်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အခြေခံအရည်အချင်းတစ်ရပ်ဖြစ်နေလို့ပါ။
(၂) ကလေးတို့…ကားမောင်းတတ်အောင်သင်ထားရမယ်။ ဒါဟာဂုဏ်တွေ အဆင့်အတန်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာကို သွားလို့ရအောင် တတ်မြောက်ထားသင့်တဲ့ အခြေခံအရည်အချင်းတစ်ခုဖြစ်လို့ပါ။ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ အာမခံချက် ရှိထားတဲ့သဘောပါပဲ။
(၃) ကလေးတို့…… ကျောင်းတက်စဉ်မှာ စာကောင်းကောင်းကြိုးစားရမယ်။ ဒါဟာရတဲ့ဘွဲ့နဲ့ ဒီဂရီနဲ့ဘာမှမဆိုင်ပါဘူး။ ဘဝရဲ့ အပိုင်းအခြားတစ်ခုမှာ ကြိုးစားဖို့အသင့်တော်ဆုံးအချိန်ပါ။ လူ့ဘဝဆိုတာ အပိုင်းအခြားရှိပါတယ်။ သင့်တော်တဲ့အပိုင်းအခြားမှာ သင့်တော်တဲ့အလုပ်ကို ကောင်းမွန် ပြီးမြောက်အောင် ဆောင်ရွက်ထားနိုင်ရင် ကလေးတွေနောက် နောင်တမရတော့ဘူးပေါ့။
(၄) ကလေးတို့….. ဝေးဝေးလံလံခရီးသွားဖူးသင့်ပါတယ်။ ခရီးများများ သွားသင့်ပါတယ်။ အဝေးသွားဖူးလေ အမြင်ကျယ်လေ စိတ်သဘောထားကြီးလေပါပဲ။ လူဆိုတာ အမြင်ကျယ်သလောက် အမျှော်အမြင်ရှိတယ်။ အမျှော်အမြင်ရှိသလောက် အလုပ်ကိုအောင်မြင်အောင် အကောင်အထည်ဖော်လို့ရတယ်။
(၅) နောင်အခါမှာ ဘယ်လောက်အခက်အခဲတွေ့တွေ့ ကောင်းကင်တစ်ခုလုံးပဲ ပြိုကျနေပါစေ မငိုယိုပါနဲ့။ မငြီးငြူပါနဲ့။ ငိုယိုငြီးငြူခြင်းဟာ မင်းကိုတကယ်ချစ်တဲ့လူတွေအတွက် စိတ်ထိခိုက်စေနိုင်သလို၊ မင်းကိုမုန်းတဲ့လူအတွက်ကျတော့လည်း လက်ညိုးထိုးစရာ အကြောင်းတစ်ခု ဖန်တီးပေးသလို ဖြစ်သွားနိုင်ပါတယ်။
(၆) ကလေးတို့…အဝေးကိုခရီးသွားခဲ့ရင် ဓာတ်ပုံကင်မရာအပြင် စက္ကူနဲ့ ဘောပင်ပါယူသွားရတယ်။ ရှု့ခင်းကို ကင်မရာနဲ့ မှတ်တမ်းတင်လို့ရတယ်ဆိုပေမယ့် အချို့ခံစားချက်နဲ့ အတွေ့အကြုံကိုကျတော့ ရေးမှတ်ထားမှ ပိုသေချာတယ်။
(၇) ငယ်ရွယ်စဉ်အခါက ဗဟုသုတကို စုဆောင်းရပါတယ်။ ကြီးလာလို့ရှိရင် အတွေ့အကြုံကို မျိုးစုံရှာထားရတယ်။ဒါမှ ကလေးတို့ဘဝက အမျော်အမြင်ရှိပြီး ပြည့်စုံမှာ။ လမ်းကွေ့လမ်းကောက် များများလျှောက်လှမ်းဖူးတဲ့လူဟာ ဖြတ်လမ်းကို အလွယ်တကူ တွေ့ရှိတတ်လေ့ရှိတယ်။
(၈) ပြုံးရွှင်တဲ့အကျင့်ရှိခြင်း၊ မိမိကိုယ်ကိုယ် မိမိ ယုံကြည်ခြင်းနဲ့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အကောင်းဘက်ကိုမြင်တတ်ခြင်းတို့ဟာ ကလေးတို့အတွက် အကြီးမားဆုံးသော စိတ်ဓာတ်ကြွယ်ဝမှုတွေပါ။ ဒီကြွယ်ဝမှုတွေသာ ကလေးတို့ပိုင်ဆိုင်ခဲ့ရင် ကလေးတို့ရဲ့ ဘ၀ခရီး တစ်လျှောက်လုံးအတွက် ကိုယ့်ကိုကို ပဲ့ကိုင်ထိန်းသိမ်းနိုင်ပါပြီ။
Credit & Thanks : Uncle U Aung Ko lat
အပြည့်အစုံသို့ »
ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား
တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊
အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။
ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။
မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။
အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့ မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။
ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့ ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။
http://www.buddhismbeams.com/2012/11/blog-post_27.html
( မနာပဒါယီ အရှင်ဝိစိတ္တ )
www.buddhismbeams.com
Buddhism Beams(myanmar)
အပြည့်အစုံသို့ »
သမီးရည်းစားဘ၀၊ အိမ်ထောင်သည်ဘ၀တွေမှာ လမ်းခွဲခြင်းဆိုတဲ့အရာက ယောကျာ်းဖြစ်သူတစ်ယောက်တည်းရဲ့ ဒေါသကြောင့်ချည်း
ဖြစ်ပေါ်လာတာမဟုတ်ပါဘူး ။
ဒီလိုပြောလို့ မနုဿက ယောကျာ်းတွေဘက်က ဘက်လိုက်တယ်လို့ မထင်လိုက်နဲ့နော်။ မိန်းကလေးတွေဘက်က ဘက်လိုက်လို့ ခုလိုမျိုး ကိုယ်ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေကို အားလုံးအတွက် ရေးသာတင်ပြပေးလိုက်ရတာပါ။
ဒါလေးကို ဖတ်မိတဲ့ ယောကျာ်းလေးတွေလည်း ကိုယ်ချစ်တဲ့ ချစ်သူကို ပြန်ပြီးဖတ်ခိုင်းပေးပါ။
မိန်းကလေးတွေကလည်း ကိုယ့်ချစ်တဲ့သူကို ကိုယ်ဘာတွေကျူးလွန်မိလဲဆိုတာကို ပြန်လည် ဆန်းစစ်ကြည့်ပြီး ပြုပြင်ကြည့်စေချင်ပါတယ်။
ခုခေတ်မှာ တော်တော်များများ စုံတွဲတွေဟာ ကွာရှင်းပြတ်စဲကြတာတွေရယ်၊ သမီးရည်းစားအတွဲတွေ လမ်းခွဲကြတာတွေဟာလည်း ထမင်းစား၊ ရေသောက် ကိစ္စတစ်ခုလိုမျိုးပဲ တစ်နေ့ထက်တစ်နေ့ ပိုပိုများလို့လာရပါတယ်။ လမ်းခွဲကြပြီဆိုကတည်းက ဘာအကြောင်းကြောင့်ပဲ ခွဲရခွဲရ ဘယ်သူမှ စိတ်ချမ်းသာကြမှာမဟုတ်ပါဘူး ။
တစ်ချို့အတွဲတွေမှာ ယောကျာ်းလေး သစ္စာ မရှိလို့ကြတာပဲဖြစ်ဖြစ် ၊ မိန်းကလေးက ရှုပ်တာပဲဖြစ်ဖြစ် ၊ အကြောင်းရင်းမျိုးစုံတွေနဲ့ အိမ်ထောင်သည်တွေမှာပါ ခွဲခွာခြင်းတွေဖြစ်ပေါ်လာရပါတယ် ။
တကယ်တော့ယောကျာ်းတော်တော်များဟာ ကွာရှင်းဖို့၊ လမ်းခွဲဖို့တို့ကို အလွယ်တကူပြောဖို့ သတ္တိမရှိကြပါဘူး။
ဒါပေမဲ့ မိန်းမတွေက သူတို့တွေမကြိုက်နိုင်တဲ့ အပြုမှုတွေရယ် သူတို့အထိနာလောက်တဲ့ ချက်ကောင်း တစ်နည်းအားဖြင့်ပြောရရင် သေကွင်းကို နှိပ်မိလိုက်တဲ့အခါ သူတို့မှာ ပြောမပြနိုင်တဲ့သတ္တိတွေ ထွက်ပေါ်လာရပြီး မိန်းမဆိုတာ အားနွဲ့တဲ့အမျိုး၊ ပြန်ငဲ့ကြည့်ရမဲ့အမျိုးဆိုတာကို မေ့လာကြပါတယ်။ ဒေါသတွေ ရှေ့ထားပြီးတဖြည်းဖြည်း တစ်ဦးကိုတစ်ဦး ထောက်ထားစရာမရှိရလောက်အောင် မျက်နှာပျက်စရာတွေဖြစ်ပေါ်လာရပြီး ညှိနှိုင်းလို့မရကြပဲ လမ်းခွဲဖို့ဖြစ်ပေါ်လာတတ်ကြပါတယ်။
ဒီနေ့တော့ မနုဿက ကိုယ့်ချစ်တဲ့သူအပေါ် ဘယ်လိုသေကွင်းတွေကို ရှောင်ရှားပြီး မလုပ်သင့်တာလေးတွေကို သတိပေးစကားများနဲ့ တင်ပြပေးလိုက်ပါမယ်နော်။
ဖတ်ရှုပြီး သာယာတဲ့ဘ၀လေးတွေကို ပိုင်ဆိုင်ကြတဲ့အခါ၊ အေးအေးချမ်းချမ်းနဲ့ လူမှုဘ၀ကို ပုံမှန်ဖြတ်သန်းနိုင်ကြတဲ့အခါ မနုဿကို ကျေးဇူးမမေ့နဲ့နော်။
#သေကွင်း(၁)
ယောကျာ်းလေးတွေ ပွဲတစ်ခုခုကိုကိုယ်မပါပဲ သွားပြီးဆင်နွဲတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစားသောက်တဲ့အခါ ၊ ရုံးကလုပ်ဖေါ်ကိုင်ဖက်တွေနဲ့ နှစ်ပတ်လည်ပွဲ အစရှိသဖြင့် ကိုယ်မပါရှိဘဲ သွားကြတဲ့အခါ နောက်ကျတဲ့အခါမျိုးတွေမှာ မိန်းကလေးတွေရဲ့ သံသယက ဒီရေအလား ၀င်လာတတ်ကြပါတယ်။ တကယ်တော့ သူက တစ်ဘက်မှာ မဟုတ်တာလုပ်ချင်လဲ လုပ်နေပါလိမ့်မယ် ဒါမှမဟုတ် တကယ်ပဲ သူငယ်ချင်းတွေနဲ့ ရိုးရိုးသားသားစားသောက်ချင်စားသောက်နေပါလိမ့်မယ်။ ဒါပေမဲ့ မိန်းမတော်တော်များများက သဘောထားမကြီးနိုင်ကြပါဘူး။
သံသယတွေနဲ့ အိမ်မှာ ဂယောက်ဂယက်ရိုက်နေတတ်ပြီး မကြာခဏဆိုသလို သူ့ဆီကို ဖုန်းခေါ်နေမိပါလိမ့်မယ်။ ပြီးရင် ဘယ်တော့ပြန်လာမှာလဲ ၊ ဘယ်သူနဲ့အခုရှိနေလဲ၊ ဟုတ်လို့လား။ ပြန်ခဲ့တော့ အစရှိသဖြင့် သူ့ကိုခဏခဏငြူစူနေမိပါ့လိမ့်မယ်။ တကယ်တော့ ဒီအပြုမှုဟာ ယောကျာ်းလေးတွေတော်တော်များများ မကြိုက်တတ်ကြပါဘူး။ လူရှေ့သူရှေ့ ခဏခဏစစ်ဆေးခံနေရရင် သူတို့သိက္ခာချတယ်လို့ထင်မိတတ်ကြပါတယ်။ သူငယ်ချင်းတွေက မယက တို့ဘာတို့ စနောက်တဲ့ဒဏ်ကိုလည်း သူတို့အောက်တယ်လို့ ယူဆတတ်ကြပါတယ်။ မကြာခဏ ဆက်တဲ့အခါသူ့မှာ လူကြီးနဲ့စားတဲ့အခါမျိုးတွေမှာ မျက်နှာပျက်ရပါတယ်။ အဲဒီမှာသူတို့ရဲ့ ဒေါသက ဖြစ်ပွားလာတတ်ကြပါတယ်။
ဒီလိုအခြေနေမှာ မိန်းကလေးကလည်း မပူရဘူးလားဆိုတော့ ပူပါ ဒါပေမဲ့ ကိုယ့်ရဲ့လူက ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာကို လက်မတွဲခင်က ကြိုတင်လေ့လာထားပါ။ လက်တွဲပြီးရင်လည်း ယုံကြည်မှုတစ်ခုတည်ဆောက်ထားပြီး သူတို့သွားမဲ့လမ်းကို အတတ်နိုင်ဆုံး ခြေထိုးမခံမိအောင်နေပါ။
ယောကျာ်းလေးတွေကလည်း ပွဲတစ်ခုရှိမယ်ဆိုရင် ထိုက်သင့်သလို ကြိုတင်ပြောထားပါ။ ဘယ်သူနဲ့ဘယ်ဝါနဲ့။ နောက်ကျသွားရင်လည်း မတ်ဆေ့ခ်ျတစ်ကြောင်းလောက်ပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို စိတ်မပူအောင် ပို့ထားပြီး အကျိုးအကြောင်းလှမ်းပြောထားပါ။ ဒီလိုဆိုရင် နှစ်ဦးနှစ်ဘက်မှာ အပူပင်တွေလျော့သွားနိုင်ပြီး အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းလို့ရသွားမှာပါ။
#သေကွင်း (၂)
ဘယ်တော့မှ ယောကျာ်းတစ်ယောက်စိတ်ဆိုးဒေါသထွက်နေချိန်မှာ မိန်းမသဘာဝ စိတ်ပူပန်လို့ပဲဖြစ်ဖြစ် ၊ သိလိုစိတ်ပြင်းပြလို့ပဲဖြစ်ဖြစ် ဘေးကနေကပ်ပြီး တဗြစ်တောက်တောက်ပြောမိတာမျိုးတွေ မေးမြန်းတာတွေ လုပ်တတ်ကြပါတယ်။ အဲဒီလိုအပြုမှုတွေက သူတို့တွေကို ပိုစိတ်ရှုပ်စေပြီး ကိုယ်ကတော့ စိတ်ပူလို့ မေးမြန်းနေပေမဲ့ သူတို့အတွက်ကတော့ ကိုယ်ကိုရှုပ်တယ်လို့ ထင်မိမှာပါပဲ။ တကယ်တော့ သူတို့တွေ ဒေါသထွက်လို့၊ စိတ်ညစ်နေတဲ့အချိန်တွေမှာ မိန်းမတွေ လုပ်ရမဲ့အလုပ်က သူ့ဘေးကထွက်ခွာသွားဖို့လည်းမဟုတ်ပါဘူး ။ အနားမှာ သူလိုအပ်တာလေးတွေကို ကြည့်ရှုဖြည့်ဆည်းပေးပြီး မျက်နှာရိပ်မျက်နှာကဲ လေးကြည့်ပြီး ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်ပေးပါ။ သူကိုယ်တိုင် လိုလိုလားလား ဖြစ်ပျက်လာတဲ့ ပြဿနာကိုပြောပြလာရင်တော့ အေးအေးဆေးဆေးနဲ့ နားထောင်ပြီးမှ အကြံဥာဏ်ပေး၊ အားပေးတာမျိုးလုပ်ပါ။
#သေကွင်း (၃)
လူတွေတော်တော်များများဟာ ကိုမြင့်နေတာထက် နိမ့်နေတာကို ပိုသဘောကျတတ်ပါတယ်။ ကိုယ်လှနေတယ်ဆိုရင်တောင် မနာလိုဖြစ်တတ်ကြပါတယ်။
ဒီမှာ နောက်တစ်ခုမှတ်သားရမှာကတော့ ဘယ်တော့မှ အိမ်ကလူတွေရှေ့မှာပဲဖြစ်ဖြစ် သူ့ရဲ့ သူငယ်ချင်းတွေရဲ့ရှေ့မှာပဲဖြစ်ဖြစ် ယောကျာ်းဖြစ်သူ ၊ ရည်းစားဖြစ်သူရဲ့ အားနည်းချက်ကို မထုတ်ဖေါ်ပါနဲ့။ ကိုယ့်ရဲ့လူကို ကိုယ်လေးစားမှ သူများကလည်း လေးစားကြမှာဖြစ်ပါတယ်။ ပြဿနာ တစ်ခုခု ရှိခဲ့ရင်တောင် လူရှေ့သူရှေ့ရှင်းလင်းတာထက် နှစ်ဦးသား အေးအေးဆေးဆေးနဲ့ အများရှေ့မှာ မဖြေရှင်းပါနဲ့။
လိုအပ်မှာသာ သူများအကူညီယူပြီး အကြံဥာဏ်ရယူပါ။ လူရှေ့ရှင်းလင်းရန်ဖြစ်ကြရင် ယောကျာ်းဖြစ်သူက ပိုပြီးရှက်ရမ်းလည်းရမ်းမှာဖြစ်သလို ၊ ကိုယ့်အရှက်လည်းကိုယ်ခွဲလိုက်သလို လည်းဖြစ်ပါလိမ့်မယ်။ မလိုသူတွေကလည်း ကိုယ်တွေအဆင်မပြေတာကို ကြည့်ပြီး ၀မ်းမသာရလေအောင် ဒီအချက်လေးကိုတော့ နှစ်ဦးလုံးဆင်ခြင်စေခြင်ပါတယ်။
#သေကွင်း (၄)
ယောကျာ်းဖြစ်သူရဲ့ မိဘ၊မောင်နှမ မကောင်းကြောင်း ပူညံငြူစူခြင်း မလုပ်မိပါစေနဲ့။ အသစ်တီထောင်ခဲ့တဲ့ အိမ်ထက် သူ့ကိုဖန်တီးခဲ့တဲ့ မိဘကိုတော့ ကိုယ့်ထက်ခင်တွယ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ကလည်း သူ့မိဘတွေ မကောင်းကြောင်းပြောတာထက် မသင့်တော်တဲ့အကြောင်းရှိရင်လည်း မကောင်းတာကို ဦးတည်ပြောတာမျိုးထက် ဘယ်လိုလေးဆို ပိုမကောင်းဘူးလား။ ဒီလိုလုပ်တော့ ကိုယ်က ဘယ်လိုဖြစ်တယ်ဆိုတာမျိုးကို အကျိုးသင့်အကြောင်းသင့် ယောကျာ်းဖြစ်သူကို ရှင်းပြပါ။ ကိုယ့်ရဲ့ မိဘ ၊ ကိုယ့်မောင်နှမ တွေ၊ ကိုယ့်အမျိုးတွေကို သူလာပြောရင်လည်း ကြိုက်မှာမဟုတ်သလို သူအောက်သွားရအောင်လည်း မပြောမိပါစေနဲ့။
#သေကွင်း (၅)
သူတို့အိပ်ကပ် ဒါမှမဟုတ် ပိုက်ဆံအိတ် ထဲမှာ အမြဲထည့်ထားတတ်တဲ့ အသေးသုံးပိုက်ဆံ ၊ ဟန်းဖုန်းကို သူရှေ့မှာပဲဖြစ်ဖြစ် ၊ ကွယ်ရာမှာပဲဖြစ်ဖြစ် မလှန်လှောမိပါစေနဲ့ ။ အချင်းချင်း အပြန်လှန်လေးစားခြင်းနဲ့ ၊ Privacy လေးတစ်ခု ကိုယ်စီရှိနေအောင် ဖန်တီးပေးပါ။ တကယ်လို့ မနေနိုင်မထိုင်နိုင် လှန်လှောကြည့်ပြီး မိန်းကလေးတွေ အများစုဖြစ်တတ်တာက မဟုတ်တာရော ဟုတ်တာရောစုပြီး သ၀န်တိုတာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာရမယ်၊ ကိုယ်ချစ်တဲ့သူလည်း စိတ်ချမ်းသာဖို့အတွက် သူ့ရဲ့ တစ်ကိုယ်ရေ တစ်ကာယ ၀န်းကျင်လေးကိုတော့ သီးသန့်လွပ်လပ်ခွင့်ပေးပါ။
တကယ်တော့ မနုဿ ပြောချင်တာက တစ်ခုတည်းပါ မိန်းကလေးတွေ ပါးနပ်မှုနဲ့ ကိုယ်ချစ်တဲ့သူကို ချုပ်ကိုင်ပါ။ သံသယတွေ ၊ သ၀န်တိုမှုတွေ ၊ စိတ်မချမှုဆိုတဲ့ ကြိုးနဲ့ ချုပ်နှောင်ရင် ချုပ်နှောင်ခံရတဲ့သူက ပိုပြီးရုန်းထွက်ချင်ပါတယ်။ ကိုယ့်ရဲ့ပါးနပ်မှုလက်တစ်စုံက အလျော့အတင်းလေးနဲ့ ဥာဏ်ကိုလွှာပြီး ထိန်းကွပ်လိုက်မယ်ဆိုရင် သင်တို့နှစ်ယောက်အတွက် လမ်းခွဲစကားတွေ လည်းရှိတော့မှာမဟုတ်ပဲ ၊ သင်တို့နှစ်ယောက်ကြားမှာ ခြားနေတဲ့ တံခါးချပ်ဟာလည်း ရှိတော့မှာမဟုတ်ပါဘူး ။ ဒီတံခါးကို မိန်းကလေးဖြစ်တဲ့သင်ဟာ ပါးနပ်ခြင်းသော့တစ်စုံနဲ့ ဖွင့်ဟပေးပြီး ကိုယ်ချစ်တဲ့သူဆီသင်ကိုတိုင်လည်း လျှောက်လှမ်းနိုင်မှာဖြစ်သလို သင်ချစ်တဲ့သူဟာလည်း သင့်ဆီကို အပြေးတပိုင်းနဲ့သင့်ကိုပြန်လည် ဖက်တွယ်လာပါလိမ့်မယ်။
Credit: မနုဿ ရဲ့ စာမျက်နှာလေးများ
အပြည့်အစုံသို့ »
သတိမထားမိပေမယ့် တကယ်စစ်ဆေးကြည့်လိုက်မှ ရွံစရာကောင်းတဲ့အရာတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ အဖြစ်အများဆုံးနဲ့ သင့်အနေနဲ့ ရှောင်ဖို့သိပ်မခက်ခဲတဲ့အချက်တွေကို စုစည်းပေးထားပါတယ်။
၁။ Birthday Cake ပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်မီးမှုတ်ခြင်း
ပျော်စရာကောင်းတဲ့ အပြုအမှုဖြစ်ပေမယ့် မှုတ်ထုတ်လိုက်တဲ့ လေထဲမှာ တံတွေးအမှုန်တွေ အများကြီး ပါသွားပါတယ်။ နှာစေး၊ချောင်းဆိုး၊ ခံတွင်းရောဂါအထိ ကူးနိုင်ပါတယ်။ အဲဒါကြောင့် ဖယောင်းတိုင်မှုတ်မယ့် ကိတ်ကို ဘေးမှာ အသေးတစ်လုံးထားပြီး မှုတ်ခိုင်းသင့်ပါတယ်ဆိုပြီး ဆရာဝန်တစ်ယောက်မှ အကြံ ပေးထားပါတယ်။
၂။ ရေချိုးခန်းထဲ ကော်ဖီခွက်ယူသွားခြင်း
တစ်ခုခုကျန်ခဲ့လို့ဆိုပြီး ရေချိုးခန်းထဲဝင်ရင်း ကော်ဖီခွက်ပါ အမှတ်မထင် ယူသွားတတ်ကြပါတယ်။ ဒါသေချာစဉ်းစားမယ်ဆိုရင် ရွံစရာအရမ်းကောင်းပါတယ်။ ပြန်ထွက်လာတဲ့အချိန်မှာ အဲဒီကော်ဖီခွက်ကိုပဲ စားပွဲပေါ်တင်ပြီး ပြန်သောက်တယ်။ ရေချိုးခန်းထဲက ဘက်တီရီးယားတွေအားလုံး ကော်ဖီခွက်အတူ သင့်ပါးစပ်ထဲ ရောက်နေပြီဆိုတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။
၃။ နားကြပ်မျှပြီး အသုံးပြုခြင်း
သင်နားလည်လောက်ပြီထင်ပါတယ်… ပြောချင်တာကတော့ နှာဖာချေးကိစ္စပါပဲ။ ရွံဖို့ကောင်းရုံတင် မဟုတ်ပါဘူး… ရောဂါကူးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်နားကြပ်ကို ဘယ်သူ့ကိုမှ မျှပြီး အသုံးပြုခွင့် မပေးသင့်ပါဘူး။
၎။ ဘူဖေးမှ ဗိုက်အပြည့်နဲ့ ပြန်လာခြင်း
ဘူဖေးကနေ ဗိုက်အပြည့် အမျိုးစုံစားသောက်ပြီးမှ ဝမ်းသာအားရ ပြန်လာကြတာ အားလုံးမြင်တဲ့ အတိုင်းပါပဲ။ ဒါပေမယ့် သူတို့ကို အားကျစရာ မကောင်းတဲ့အချက်တွေကို သူတို့ သတိထားမိမလားမသိဘူး။ လူစုံ အရွယ်စုံ ဇွန်းတစ်ချောင်းကို လက်တစ်ရာလောက်ကိုင်ပြီးမှ စားတဲ့အစားအစာထဲ ရောဂါပိုးမပါပဲ သန့်ရှင်းနေမလားဆိုတာ စဉ်းစားစရာပါပဲ။
Ref:today.com
Trend Myanmar
အပြည့်အစုံသို့ »
ဆံပင်ဆိုးဆေးတွေ နှစ်ကြိမ်လောက်ဆိုးပြီးပြီ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့ အလုပ်ထဲ ရောက်နေပြီဆိုရင်တော့ သင့်ရဲ့ထူနေတဲ့ဆံသားတွေ သိသိသာသာပါးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သင်နေ့စဉ် ဖြတ်သန်းရတဲ့ဘဝမှာပဲ သင့်ရဲ့ အပြုအမူ သို့မဟုတ် ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်လည်း ဆံပင်ကျွတ်ခြင်းကို ကြုံရတတ်ပါတယ်။ အောက်မှ ဖော်ပြထားတဲ့အချက်တွေကို လေ့လာကြည့်ပါ။
ကိုယ်အလေးချိန်
ရုတ်တရတ် သင့်အလေးချိန်ကျသွားတဲ့အတွက် ခန္ဓာကိုယ်တုံ့ပြန်မှုတွေဟာ တစ်မျိုးမက ရှိနိုင်ပါတယ်။ အဲဒါကြောင့် ပညာရှိတွေ အကြံပေးချက်အတိုင်း ကိုယ်အလေးချိန် လျော့တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ သင့်ဆံပင်တွေ အများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။
စိတ်ဖိစီးမှု
လူအများဆံပင်ကျွတ်ရခြင်း အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဖိစီးမှုတွေဟာ ခဏပဲ ဖြစ်နေရင်တောင်မှ သင့်ဆံပင် အမြစ်ကနေ ဦးရေပြားအထိ ရောက်လာဖို့ အချိန်သုံးလကြာမြင့်ပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်ရှည်လာနှုန်းကို နှေးကွေးစေနိုင်ပါတယ်။
ဖျားနာခြင်း
သင်ဟာ သွေးလွန်တုတ်ကွေးလို အဖျားကြီးပြီး ဖျားနာတတ်တဲ့ အကျင့်ရှိသူ ဖြစ်ရင်တော့ သင့်ဆံပင်တွေဟာ အဖျားတက်လာတဲ့ အပူချိန်ကြောင့် သိသိသာသာ ကျွတ်ကျလာတာကို သင်သတိထားမိမှာပါ။
မျိုးရိုးလိုက်ခြင်း
ဆံပင်ကျွတ်တာက မျိုးရိုးနဲ့ အလွန်ပတ်သတ်မှုရှိတဲ့ အရာတစ်မျိုး ဖြစ်ပါတယ်။ သင့်မိဘတွေဟာ ငယ်ရွယ်တုန်းက ဆံပင်တွေဖြူပြီး ကျွတ်ကျခဲ့ဖူးတယ်ဆိုရင်တော့ အဲဒီအတိုင်းပဲ သင့်မှာလည်း ဖြစ်လာနိုင်ချေများပါတယ်။
အစားအစာ
ကျွမ်းကျင်ပညာရှင်လေ့လာချက်အရ ဆံပင်ရဲ့ ၈၀% ဟာ ပရိုတင်းဓါတ်တွေ ဖြစ်ပါတယ်တဲ့။ ဒါဆို ပရိုတင်းဓါတ်စားတာ နည်းလာပြီဆိုရင် သင့်ဆံပင်က သက်ရောက်မှု အခံရဆုံး ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အသီးအရွက်တွေနဲ့ အနီရောင်အသားတွေ များများစားဖို့ လိုအပ်ပါတယ်။
Ref:herworldplus.com
Trend Myanmar
အပြည့်အစုံသို့ »
လူကြီးသူမသက်ကြီးရွယ်အိုတွေ အသက်အတော်လေးအိုမင်းသွားပြီဆိုရင်လေ အရပ် သုံးစကားတွေအရတော့ ငယ်မူပြန်သွားတယ်လို့ ခေါ်မလား ကလေးငယ်လေးတွေပြုမူ နေထိုင်သလိုနေထိုင်တတ်ကြတယ်လို့ ဆိုရမလားပါပဲ။ ဒါကို အသက်ကြီးရောဂါ၊ သူငယ်ပြန်ရောဂါလို့လည်း အလွယ်ခေါ်တတ်ကြပါတယ်။ သူတို့အတွက် အနားမှာ အဖော်နေပေးမယ့် သူတိုင်းကို မှီတွယ်ချင်ကြတယ်လေ။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာ အသေအကြေတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ကြီး ကင်မ်ဒန် ဟာလေ အခုဆိုရင် အသက် အနှစ်ကိုးဆယ်အရွယ်ကိုတောင်ရောက်လို့နေခဲ့ပါပြီတဲ့။ အသက်ကြီး အထီးကျန်ရောဂါကလွဲလို့ ကျန်းကျန်းမာမာနေထိုင်လျှက်နဲ့လေ။ သူ့ရဲ့ ဒီလိုကျန်းမာသန်စွမ်းဖျက်လတ်နေရတဲ့ လျို့ဝှက်ချက်ကလည်း သူ့ရဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းလို့ပဲဖြစ်ပါတယ်လို့ ဖွင့်ဟလာပါတယ်။
သူ့ပြောတဲ့ သူ့ရဲ့ အကောင်းဆုံး အဖော်မွန်ကတော့ အသက် သုံးနှစ်အရွယ်ရှိ ကလေးငယ်လေး အန်းမက်ရခ်ျနာ ပဲဖြစ်ပါတယ်။ သူရဲ့ ဒီလိုရောဂါမျိုးကိုခံစားရတဲ့ ဆယ်နှစ်ကျော်ကြာကာလအတွင်းမှာတော့ ဒီကလေးငယ် အန်းမက်ကလေးက သူ့ အတွက် အလင်းတံခါးဖြစ်စေခဲ့ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကျော်အချိန်က အိမ်ချင်း ကပ်ရပ်အိမ်ကို ပြောင်းလာခဲ့တဲ့ အချိန်ကစလို့ပေါ့။ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ခံစားမှု တွေ အားလုံးကို ကုသပေးခဲ့တယ်လို့ ဆိုတယ်။ နေ့တစ်နေ့တာရဲ့ အားလပ် ချိန်အားလုံး မှာ သူတို့နှစ်ယောက်အတူအမြဲရှိနေခဲ့ကြတယ်။
အေးစက်လွန်းတဲ့ ဆောင်းရာသီနံနက်ခင်းတွေဆို သူတို့အတူရှိနေကာ ခြေခင်းလက် ခင်းအတူ ဆော့ကစားကြတယ်။ မြက်ခင်းပြင်ပေါ်မှာ ကားမောင်းတမ်း၊ တူတူပုန်းတမ်း၊ ပြေးလိုက်တမ်းတို့ကို အတူကစားဖူးကြတယ်။ သက်တူရွယ်တူအမှီအခိုတစ်ခုလိုပါပဲ။
ကင်မ်ဒန်က ကလေးငယ် အန်းမက်ကို ဆော့ကစားတဲ့ နည်းလမ်းတွေသင်ပေးပါတယ်။ အန်းမက်ရဲ့ ရှေ့ဆောင်လမ်းပြရဲဘော်ကြီးလည်းသူလုပ်ပါတယ်။ ဆရာတစ်ဆူလည်း လုပ်ပါတယ်။ သူငယ်ချင်း အဖော်တစ်ယောက်လည်း သူကလုပ်ပါတယ်။ သူတို့နှစ်ဦး စလုံးရဲ့ဘာကိုမှ ဂရုမစိုက်ပဲ ဒီလိုမျိုးလွတ်လွတ်လပ်လပ်ဆော့ကစားတဲ့ အချိန်တွေမှာ ဆိုရင် ကင်မ်ဒန်ရဲ့ ရောဂါအခြေအနေက အားလုံးအကောင်းအတိုင်းပါပဲ။ ကင်မ်ဒန်လေး ကသူ့အတွက်တော့ တကယ့်ကိုအဖော်မွန်ကောင်းလေးတစ်ယောက်ပါပဲ။ ကင်မ်ဒန် လေးကို အတော်လေးမှီတွယ် သံယောဇဉ်ကြီးနေပြီပေါ့။
ခရစ်နှစ်တစ်ခုကို ဖြတ်သန်းပြီးတဲ့အချိန်မှာတော့ အန်းမက်အတွက် အပြောင်းအလဲ ကြမ္မာတစ်ခုရိုက်ခတ်လာတယ်လို့ဆိုရမလားပဲ။ ဘေးအိမ်က အဖော်မွန် ကင်မ်ဒန် တို့မိသားစု အခြားတစ်နေရာကို အိမ်ပြောင်းသွားပါတော့တယ်။ သူ့အတွက် အတော်လေး အထီးကျန်သွားပါပြီ။ ကင်မ်ဒန်လေးမရှိတော့ရင် သူ့ရဲ့ နေ့ရက်တိုင်း အချိန်တိုင်းကို ဘယ်သူနဲ့ အတူဖြတ်သန်းကုန်ဆုံးရပါတော့မလဲ။
အတူနေတာကြာရင် သံယောဇဉ်တွယ် သွားကြတယ်ဆိုတာ တကယ့်ကိုမှန်ပါတယ်။ ဒါကြောင့်မို့လို့ စာဖတ်သူပရိသတ်ကြီးလည်း မိမိတို့ရဲ့သက်ကြီးရွယ်အို မိခင်ဖခင်တွေ ဒီလိုမျိုးအဖော်မွန်တွေလိုအပ်လာတဲ့အချိန်ရောက်ရင် အထီးမကျန်ကြရအောင်လို့ အနားမှာနေပေးပြီး ပြုစုယူယစောင့်ရှောက်ပေးကာ ကျန်ရှိနေတဲ့ ဘ၀အချိန်တွေမှာ အကောင်းဆုံးနေ့ရက်တွေအဖြစ် ဖန်တီးပေးပြီး အကောင်းဆုံးဖြတ်သန်းပေးကြလို့ တိုက်တွန်းရင်း………………………..။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
အပြည့်အစုံသို့ »