Showing posts with label korea-news. Show all posts
Showing posts with label korea-news. Show all posts

ရုပ်ရှင်အကြိုခံစားခြင်း - မာယာနန်းတော်


ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္လာနေ့မှ သော ကြာနေ့အထိ ထုတ်လွှင့်ပြသလျက်ရှိတဲ့ မာယာနန်းတော် (Cruel Palace - War of Flowers) အမည်ရ ကိုရီးယားနန်းတွင်း ဒရာမာဇာတ်လမ်းတွဲအကြောင်း ပြောပြချင်ပါတယ်။

မာယာနန်းတော် ဒရာမာ ဇာတ်လမ်းတွဲဟာ ရှင်ဘုရင်ရဲ့ အ ချစ်နဲ့ အာဏာရရှိဖို့ ကြိုးစားရင်း ကောက်ကျစ်စဉ်းလဲတဲ့ အကြံ ဉာဏ်တွေကိုသုံးတဲ့ ကိုရီးယား နန်းတွင်းထဲက မိဖုရားငယ်လေး တွေရဲ့ တိုက်ပွဲကို သရုပ်ဖော်ထား ပါတယ်။ ဒီဇာတ်လမ်းဟာ ရုပ်ရည် ချောမောလှပပေမယ့် ကောက် ကျစ်စဉ်းလဲတဲ့ ဂျိုမိဖုရားငယ် (ယမ်ဂျောင်) ရဲ့ ဇာတ်ရုပ်ကို အဓိ က ပုံဖော်ထားတာဖြစ်ပါတယ်။

ကိုရီးယားနန်းတွင်း အမတ် ဂျိုရဲ့ တရားမ၀င်ဇနီးကနေ မွေး ဖွားလာတဲ့ ဂျိုဆိုယောင်လို့ခေါ်တဲ့ မိန်းမချောလေးဟာ ငယ်စဉ်က တည်းက အရွယ်ရောက်ချိန်ထိ အမြှောင်မယားကနေ မွေးတဲ့ အ ဆင့်အတမ်းနိမ့်သူအဖြစ် အနှိမ်ခံ ခဲ့ရပါတယ်။ ဂျိုဆိုယောင်ရဲ့ ချစ် သူ နမ်ဟော့ရဲ့ မိခင်ကလည်း နမ်ဟော့နဲ့ ဂျိုဆိုယောင်ကို လုံးဝ သဘောမတူခဲ့ပါဘူး။ နာကျည်း မှု၊ ခံပြင်းမှုတွေများတဲ့ ဂျိုဆို ယောင်ဟာ ဉာဏ်များတဲ့ အမတ် ကြီး ကင်ဂျာဂျင်ရဲ့ မွေးစားသမီး ကင်ယမ်ဂျောင်အဖြစ်နေဖို့ သဘောတူလိုက်ပြီး ဘုရင့်မိဖုရား ငယ်အဖြစ် ဆက်သခြင်းကို လက်ခံခဲ့ပါတယ်။

အဲဒီအချိန်က ကိုရီးယားဘုရင်အင်ဂျိုဟာ နန်းချခံရပြီး မန်ချူးဘုရင်ရဲ့ သစ္စာတော်ခံရုပ်သေးရုပ် ဘုရင်အဖြစ် နေရတဲ့သူ ဖြစ်ပါတယ်။ စစ်ရှုံးဘုရင် အင်ဂျိုဟာ အိမ်ရှေ့စံမင်းသားအပါအ၀င် သားတော်ကြီးနှစ်ပါးနဲ့ အိမ်ရှေ့စံမိဖုရားတို့ကို မန်ချူးတို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကို လက်ခံခဲ့ရပါတယ်။ အဲဒီလို အရာရာ ရှုံးနိမ့်နေတဲ့ ဘုရင့်ထံပါးကို ဂျိုဆိုယောင် ရောက်လာခဲ့ပါတယ်။

နန်းတော်ထဲမှာ သြဇာအာ ဏာ အကြီးဆုံး မိန်းမဖြစ်ဖို့ဆိုရင် သားယောက်ျားလေးမွေးပြီး မိဖုရားကြီးနေရာကို ရမှဖြစ်မယ်လို့ ယမ်ဂျောင်တစ်ယောက် မှတ်ယူခဲ့ပါတယ်။ ယမ်ဂျောင်ခေါ် ဂျိုမိဖုရားငယ်ဟာ ရှင်ဘုရင် အင်ဂျိုကို သူ့အလှ၊ သူ့မာယာတွေနဲ့ ဆွဲဆောင်နိုင်ခဲ့ပြီး သားတော်တစ်ပါးကို မရရတဲ့နည်းနဲ့ မွေးဖွားပေးခဲ့ပါတယ်။

ဂျိုမိဖုရားငယ်တစ်ယောက် သူ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ စိတ်ထားအလွန်ကောင်းတဲ့ အိမ်ရှေ့စံမင်းသားကို ဘယ်လိုလုပ်မလဲ။ ထက်မြက်တဲ့ အိမ်ရှေ့စံမိဖုရားနဲ့ရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။ ငယ်ချစ်ဦး နမ်ဟော့နဲ့ အချစ်ဇာတ်လမ်းကရောဘယ်လိုလဲ။ ဘုရင်ကြီး အင်ဂျိုအနေနဲ့  သူအရမ်းချစ်ရတဲ့ ဂျိုမိဖုရားငယ်ရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို ဘယ်လိုသိမလဲ။ မကောင်းမှုပြုသူအတွက် နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကို တီဗီဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားရအောင်ပါ။ ဒီဇာတ်လမ်းတွဲမှာ ဂျိုမိဖုရားငယ် ခေါ် ကင်ယမ်ဂျောင်အဖြစ် ကင်ဟွန်းဂျူ၊ ဘုရင်အင်ဂျိုအဖြစ် လီဒေါ့ဟွာ၊ အိမ်ရှေ့စံမင်းသား အဖြစ် ဂျောင်ဆောင်းဝမ်၊ အိမ်ရှေ့စံမိဖုရားအဖြစ် ဆောင်းဆွန် မီ၊ အမတ်ကြီး ကင်ဂျာဂျင်အဖြစ် ဂျောင်ဆောင်းမိုနဲ့ နမ်ဟော့အဖြစ် ဂျန်းထယ်ဆူတို့ ပါဝင်ထားပါတယ်။ မာယာနန်းတော်ဇာတ်လမ်းတွဲကို ၂၀၁၃ မတ်လမှာ jTBC ရုပ်သံလိုင်းကနေ အပိုင်းပေါင်း ၅၀ ထုတ်လွှင့်ပြသခဲ့ပါတယ်။

7day daily
အပြည့်အစုံသို့ »

ကင်မ်ဂျုံအန်းကို စော်ကားသည့် အမေရိကန် ရုပ်ရှင်များကို ဒဏ်ခတ်တုံ့ပြန်မည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်


မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက မိမိတို့၏ ခေါင်းဆောင် ကင်မ်ဂျုံအန်းကို စော်ကားသည့် အမေရိကန် ရုပ်ရှင်များအတွက် အညှာအတာမရှိ တုံ့ပြန် ဒဏ်ခတ်သွားမည်ဟု ခြိမ်းခြောက် ပြောကြားလိုက်သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကြီးကို လုပ်ကြံသည့် ဇာတ်လမ်းမျိုး စိတ်ကူးပုံဖော်ထားသည့် အက်ရှင်ဇာတ်မြူး ရုပ်ရှင်တစ်ခု မကြာမီ ရုံတင်ရန် စီစဉ်ထားရာ ယင်းကို ရည်ညွှန်းပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

The Interview ဟု အမည်ပေးထားသော ဇာတ်ကားကို အောက်တိုဘာလတွင် စတင်ပြသမည်ဖြစ်ပြီး မြောက်ကိုရီးယားက ရည်ရွယ်သတိပေးသည့် ဇာတ်ကားအဖြစ်လည်း ယူဆရသည်။ အဆိုပါ ရုပ်ရှင်တွင် ဂျိမ်းစ်ဖရန်ကိုနှင့် ဆက်သ်ရိုဂျန်တို့သည် Talkshow အစီအစဉ်မှူးများ ဖြစ်ကြပြီး ကင်မ်ကို အင်တာဗျူးခွင့် ရလာသည့်ပုံစံမျိုး ပုံဖော် ရိုက်ကူးထားသည်။ ၎င်းတို့နှစ်ဦးကို CIAက စည်းရုံးသိမ်းသွင်းကာ ကင်မ်ကို လုပ်ကြံစေမည် ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မိမိတို့၏ ခေါင်းဆောင်ကို စော်ကားခြင်းသည် စစ်ကြေညာသည့် သဘောမျိုးဟု ယူဆကြောင်း ဆိုသည်။ ၎င်းက “လူဆိုးဂိုဏ်းသားတွေလို ပုံစံမျိုးနဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဖန်တီးသူတွေဟာ မြောက်ကိုရီးယား ခေါင်းဆောင်တွေကို ပြည်သူလူထုနဲ့ စစ်တပ်ကြား သွေးထိုးပေးထားသလို ဖန်တီးယူနေကြတာပါ”ဟုလည်း စွပ်စွဲခဲ့သည်။

အဆိုပါ ပြောရေးဆိုခွင့်ရ အရာရှိက “တကယ်လို့ အမေရိကန် အစိုးရက ဒီလိုရုပ်ရှင်မျိုးတွေ ပြသခွင့်ကို ကာကွယ်ပေးမယ် ဆိုရင်တော့ မြောက်ကိုရီးယားဘက်က အညှာအတာမရှိ တုံ့ပြန်လာတဲ့ အခြေအနေမျိုးကို မျှော်လင့်ရပါလိမ့်မယ်”ဟုလည်း ပြောကြားခဲ့သည်။

အခြားသော သတင်းများအရ မြောက်ကိုရီးယားသည် ၎င်းတို့၏ ဒုံးကျည်လက်နက် နည်းပညာကို မြှင့်တင်မှုများ ပြုလုပ်နိုင်ခဲ့ပြီဟု ယူဆရကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်ခဲ့သည့် ဝါဒဖြန့် ဗီဒီယိုတွင် ခရုစ်ဒုံးကျည်များ တိုက်သင်္ဘော အသစ်တစ်စင်း၏ ပုံရိပ်ကို မြောက်ကိုရီးယားစစ်တပ်က ပထမဆုံးအကြိမ် ထည့်သွင်းပြသသွားခဲ့သည်။

_Ref: BBC
အပြည့်အစုံသို့ »

ကိုးရီးယား ဇာတ်လမ်းတွဲများမှ မှတ်သားစရာများ - ဟာသ


၁။ ချမ်းသာပြီး ချောမောသော ယောက်ျားများသည် ပြောချင်ရာပြောတတ်သော ရွက်ကြမ်းရေကျို မိန်းမများကို ကြိုက်လေ့ရှိသည်။

၂။ မိန်းကလေးများ၏ အရင်းနှီးဆုံး ယောက်ျားလေးသူငယ်ချင်းတိုင်းသည် သူမတို့ကို သေချာပေါက် ချစ်လေ့ရှိသည်။

၃။ ညီအစ်ကိုများ၊ သူငယ်ချင်းများ၊ ကျောင်းနေဘက်များ၊ ရန်သူများသည် မိန်းကလေး တစ်ယောက်တည်းကိုသာ စုပြုံကြိုက်လေ့ ရှိသည်။

၎။ ကိုးရီးယားတွင် ဘယ်လမ်းမဆို ဂငယ်ကွေ့ ကွေ့ခွင့်ရှိသည်။
ကိုယ်ကွေ့ချင်သည့်လမ်းတွင် ဘယ်တော့မှ ကားမရှိ (တစ်စီးမှကို မရှိ) ။

၅။ စားသောက်ပြီး မရှင်းပဲ ထပြေးသွားခွင့် ရှိသည် (မပြေးခင် တစ်ယောက်ယောက်ကိုတော့ ငိုပြီး ပါးရိုက်ခဲ့ရမည်)။

၆။ လူတိုင်း ကင်ဆာဖြစ်နေကြသည်။

ရ။ မိုးရေထဲတွင် ငါးမိနစ်ခန့်နေပါ။ သေချာပေါက် ဖျားမည်။

၈။ ဖျားလျှင် ပူစရာမလို။ ရည်းစားက ကျောပိုးပြီး ဆေးရုံသို့ ပြေးလိမ့်မည်။ (Taxi, car, ambulance ဘာမှ ခေါ်စရာမလို၊ ပြေးတာက ပိုမြန်၏)။

၉။ ရေဆင်းကူးလျှင် ဘယ်တော့မှ အဝတ်အစားလဲစရာ မလို။ ဒီတိုင်း ဆင်းသွားရုံသာ။

၁၀။ ချမ်းသာသူ = မကောင်းသောလူ။

၁၁။ ဆင်းရဲသူ = လွန်စွာရိုးသားဖြူစင်သူ။

၁၂။ မင်းသား၊ မင်းသမီး၏ အစ်ကိုသည် ဘယ်တော့မှ အသုံးမကျ။
အစ်ကိုအရင်းဖြစ်လျှင် ပိုဆိုးသည်။ ရုပ်ချင်းတောင် တစ်စက်မှ မတူ၊ မချော။

၁၃။ စာတကယ်ကြိုးစားရင် နှာခေါင်းသွေးယိုရမည်။

၁၄။ နှာခေါင်းသွေးယိုရင် ကင်ဆာဖြစ်ဖို့ သေချာသလောက် ရှိပြီ။ ခွဲစိတ်မှ အသက်ရှင်မည်။ သို့သော် ခွဲစရာ ပိုက်ဆံ ဘယ်တော့မှ မရှိ။
ဆရာဝန်တွေနားမလည်နိုင်သော အကြောင်းများစွာနှင့် ရောဂါချက်ချင်း ကြီးလာမည်။

၁၅။ ကော်ဖီဆိုင်တွင် coffee/orange juice သာ မှာရမည် (မှာရုံသာမှာရန် ဖြစ်သည်။ ဘယ်တော့မှ မသောက်)။

၁၆။ လျှို့ဝှက်ချက်များကို တိုင်ပင်ချင်လျှင် တံခါးကို သေချာမပိတ်ရ (ဒါမှသာ နားစွန်နားဖျား ကြားတဲ့သူ ရှိမှာဖြစ်သည်။

၁ရ။ America သွားပြီး ပြန်လာရင် အံ့သြစရာကောင်းလောက်အောင် အောင်မြင်မည်။ England က ပြန်လာရင် အလွန်တရာကို လန်းသွားမည်။ ကိုးရီးယားမှာနေလျှင် ဆံပင်ပုံစံကလွဲလို့ ဘာမှမပြောင်း။

၁၈။ အဲလို ကိုးရီးယားကို ပြန်လာခြင်းသည် ကင်ဆာဖြစ်နေလို့ ဖြစ်သည်။

၁၉။ ဘယ်နေရာမှာပဲနေနေ ဆေးရုံတစ်ခုတည်းသာ အတူတက်ကြသည်။

၂၀။ စားစရာမရှိလောက်အောင် ဆင်းရဲသော်လည်း အဝတ်တစ်ထည်ကို ဘယ်တော့မှ နှစ်ခါပြန်မဝတ်။

၂၁။ ဆင်းရဲသောကလေးတိုင်းသည် ဆံပင်ဘုတ်သိုက်၊ ညစ်ညစ်ပတ်ပတ်သာ နေကြသည်။

၂၂။ လူတစ်ယောက်ကို ကားမတိုက်အောင် တွန်းထုတ်ပြီးလျှင် သူ့နေရာမှာ ဆက်ရပ်နေရမည် (ဒါမှ ကားက တိုက်စရာရမည်)။

၂၃။ လူတိုင်းတွင် ငယ်ငယ်ကတည်းက ကွဲကွာသွားသော ညီအစ်ကို မောင်နှမများ ရှိကြသည်။

၂၄။ ရည်းစားထံမှ ဖုန်းကို မကိုင်ချင်လျှင် ပိတ်ထားလို့ မရ။ ဘက်ထရီကို ဆွဲထုတ်မှသာ ရသည်။

၂၅။ ကိုးရီးယားယောက်ျားတိုင်းသည် အရက်ကောင်းကောင်းသောက်နိုင်၊ သီချင်းကောင်းကောင်းဆိုတတ်၊ စန္ဒရားကောင်းကောင်းတီးတတ်သည်။ အများအားဖြင့် စန္ဒရားထားပေးသော စားသောက်ဆိုင်များတွင် ထိုအလုပ်များကို တပြိုင်တည်းလုပ်လေ့ ရှိသည်။ သူဒါတွေ လုပ်တတ်မှန်း ရည်းစားက လုံးဝမသိ (ပထမဆုံး တွေ့ဖူးခြင်း ဖြစ်၏)။

၂၆။ ချစ်သူရည်းစားဖြစ်ပြီးလျှင် တစ်ချိန်တွင် နိုင်ငံခြား သေချာပေါက် ထွက်ရမည်။ ထွက်ရမှာကို ကြိုအသိပေးစရာမလို။ လေဆိပ်ရောက်လျှင် ရည်းစားက မျက်ရည်နှင့် ပြေးလိုက်လာလိမ့်မည်။ (၆၀% လောက်တော့ တွေ့ရန် အခွင့်အရေး ရှိသည်။ ကျန်သော ၄၀% က တစ်ယောက်ကို တစ်ယောက် ၆ ခါလောက် ဖြတ်လျှောက်ရင်း လွဲသွားမည်၊ ဘယ်တော့မှ မမြင်ကြ)။

၂ရ။ လေယာဉ်ပေါ်က ဆင်းလျှင် နေကာမျက်မှန် တပ်ထားရမည်။

၂၈။ ယောက်ျားများသည် ဘာအားကစားလုပ်လုပ် လည်ပင်းအထိ လုံသော Tracksuit များ ဝတ်ကြသည်။

၂၉။ မိန်းကလေးများ စိတ်ဆိုးလျှင် လှည့်ထွက်သွားတတ်သည်။ သို့သော် လက်ကို တစ်ချက်ဖမ်းဆွဲလိုက်လျှင် ချက်ခြင်း လည်ပြီးပါလာသည်။ ပုခုံးရိုးတွေ ဘာတွေ ဘယ်တော့မှ ဘာမှ မဖြစ်။

၃၀။ ကားတိုက်မှုဖြစ်ကာ ခေါင်းကို ထိခိုက်မိလျှင် အတိတ်မေ့သွားတတ်သည်။ သို့သော် ပူစရာမလို၊ နောက်တစ်ခေါက် ခိုက်မိလျှင် ပြန်သတိရလာမည်။

၃၁။ ပျော်စရာတစ်ခုခု ဖြစ်ပြီးလျှင် အမြဲငိုရမည်။

၃၂။ ဓာတ်လှေကားနှင့် အိမ်သာများကို ဝင်လျှင် မတွေ့ချင်သောသူများနှင့် တွေ့လေ့ရှိသည်။

၃၃။ အိမ်သာမှားဝင်ခြင်းသည် ဖြစ်နေကြ ဖြစ်သည်။

၃၄။ အလွန်တရာ ချမ်းသာသူ မဟုတ်သရွေ့ ခမည်းခမက်များက ကြည့်မရ။

၃၅။ ယောင်းမကလည်း ထိုနည်းလည်းကောင်း။

၃၆။ မတ်နှင့် ခဲအိုများကို သတိထားပါ။ သင့်ကို ကြိုက်နေလေ့ရှိသည်။

၃ရ။ နမ်းပုံနမ်းနည်း နှစ်မျိုးသာ ရှိသည်။ ပါးစပ်ကို အသေပိတ်ထားပြီး ငြိမ်ပြီးနေရင်နေ၊ ဒါမှမဟုတ် တစ်ဘက်လူကို ကိုက်စားတော့မလို ဆွဲစုပ်နိုင်ရမည် (ဘယ်လိုပဲ နမ်းနမ်း ရှိသမျှ အရာတွေ အကုန်ချာချာလည်၏)။

၃၈။ ကားတစ်ခုခုဖြစ်လျှင်၊ ဆီကုန်လျှင် ဘယ်သူမှ အသွားအလာမရှိသော တောလမ်းတွင် ညကြီးမိုးချုပ်သာ ဖြစ်လေ့ရှိသည် (ဖုန်းလိုင်းတောင် မရှိ)။ ထိုနေရာမှ မြို့ပြန်ရောက်အောင် ငါးလက်မဒေါက်ဖိနပ်နှင့် ဆယ်မိုင်လောက် လမ်းလျှောက်ရမည်။

၃၉။ ဟိုတယ်တွင် အခန်းငှားလျှင် အမြဲတမ်း တစ်ခန်းသာ အလွတ်ရှိသည် (အဲဒီအခန်းတွင် ကုတင် တစ်လုံးပဲရှိ၏၊ ဘယ်တော့မှ အပိုမရှိ)။

၄၀။ ပထမဆုံး အကြိမ် အတူအိပ်ရုံဖြင့် ကိုယ်ဝန်ရလာမည်။

၄၁။ နဖူးပေါ်ကို နမ်းလိုက်လျှင် ကိုယ်ဝန်ရှိလာမည်။

၄၂။ လက်တွဲပြီးသွားလျှင်တောင် ကိုယ်ဝန်ရှိလာတတ်၏။

၄၃။ အခက်အခဲများကို အတူကျော်ဖြတ်ရန် ကြုံလာပါက တစ်ယောက်သေချာပေါက် သေပေးရမည် (ကင်ဆာဖြစ်ဖို့ များ၏)။

၄၄။ ချစ်သူစုံတွဲများသည် ဘတ်စ်ကား၏ နောက်ဘက် ညာဘက်ခြမ်းထိုင်ခုံတွင် အမြဲထိုင်ကြသည်။ တစ်ယောက်တည်း အထီးကျန် ဖြစ်လာပါက ထိုနေရာတွင် သွားပြန်ထိုင်ကာ အတိတ်ကို ပြန်စဉ်းစားလေ့ ရှိသည်။

၄၅။ သာမန်ယောက်ျားတစ်ယောက်သည် လူဆိုးငါးယောက်ခြောက်ယောက်ကို တစ်ယောက်ချင်း တန်းစီကာ အလဲထိုးနိုင်သည်။ အားလုံးလဲသွားပြီးလျှင် ပြန်ထလာကာ တစ်ပြိုင်တည်း ပြန်ချကြ၏။ ထိုအခါတွင် ပြန်အထိုးခံရပြီး ဘယ်နေရာမှန်းမသိသော ဂိုဒေါင်ကြမ်းပြင်တွင် မှောက်သွားမည်။ သူ့ရည်းစားက ထိုအဖြစ်က အစအဆုံး မြင်သည်။ သို့သော် ဘယ်တော့မှ ၉၁၁ ကို ဖုန်းမဆက်။ ငိုရုံသာ တတ်၏။ သို့သော် ပြဿနာမရှိ။ နောက်တစ်နေ့တွင် အထိုးခံရသောကောင်က ပတ်တီးနည်းနည်းနှင့် ပြန်ကောင်းနေမည် ဖြစ်သည်။ ဘယ်လောက်အထိုးခံရခံရ မျက်ကွင်းမညို။

၄၆။ မိန်းမကောင်းများသည် ကားမမောင်းကြ။ အကျင့်မကောင်းသော မိန်းကလေးများသာ ကိုယ်တိုင်ကားမောင်းကြ၏။ တစ်ခါတစ်ခါတော့ မိန်းမကောင်းများလည်း ကားမောင်းသည်။ သို့သော် ဘယ်လို လိုင်စင်ရထားမှန်းမသိ၊ စုတ်ပြတ်နေအောင် မောင်း၏။

၎ရ။ ချမ်းသာသူများသည် တံတိုင်းကြီးများကာထားသော အိမ်ကြီးအိမ်ကောင်း များတွင် နေကြသည်။ ကျန်တခြားသူများက မြို့ထဲမှတိုက်ခေါင်မိုးများပေါ်၊ သို့မဟုတ် မြို့ပြင်တွင် တဲထိုးနေကြ၏။

၄၈။ ကိုးရီးယားကျောင်းများ တက္ကသိုလ်များတစ်ခုမှ အသုံးမကျ။ စာသေချာ သင်ချင်လျှင် နိုင်ငံခြားသွားမှ ရ၏။

၄၉။ U.S တွင် ပညာသွားသင်လျှင် (Harvard ဆို ပိုကောင်း၏) သင်သည် အတော်ဆုံးကျောင်းသားဖြစ်ကာ English လို မွှတ်နေအောင် ပြောတတ်သူဖြစ်၏ (သို့သော် ဇာတ်လမ်းကြည့်သူ အင်္ဂလိပ်တစ်ယောက်မှ ထိုကိုရီးယားများ ပြောတာ ကိုနားမလည်)။

၅၀။ အကြောင်းတစ်ခု မဟုတ်တစ်ခုကြောင့် ယောက်ျားလေးက ရေချိုးရာမှ အဝတ်မပါပဲ ထွက်လာသည်။ မိန်းကလေးက မြင်ကာ လက်ညှိုးထိုး အော်၏။ ထိုအခါ ထိုယောက်ျားကလည်း အော်ကာ သူ့ရင်ဘတ်ကို ကာ၏ (ရင်ဘတ်မှာ ဘာရှိလို့လဲ မသိ)။

(Credit: http://vanillacherryice.wordpress.com/2007/09/21/50-things-you-learn-from-k-dramas/)

သြ .. ဒါနဲ့  အခုတလော mrtv – 4 မှာပြနေတဲ့ ရင်သွေး ဆိုတဲ့ ဇာတ်လမ်း ..
ကိုရီးယားလို Two Weeks 투윅스 ဇာတ်ကားသည် မင်းသား ဖစ်သူ အပြေးကြီးပဲ တစ်ကားရိုက်ရ သော ရုပ်ရှင်ဖြစ်သည် … တအားကောင်းသည် ..
သို့ သော် ဘာစိတ်ကူးပေါက်ပီး မြန်မာပြည်က လူတချို့  ဇာတ်လမ်းတွဲတွေ ကို နာမည်ပေးတဲ့အခါ … သောက်တလွဲတွေ ဖြစ်နေခြင်းကို စဉ်းစားမရ … တစ်ကြိမ်လဲ မဟုတ် နှစ်ကြိမ်လဲ မဟုတ် .. ကားတိုင်းလိုလို. ဒါကြောင့်လဲ
နိုင်ငံတကာက ဇာတ်လမ်းတွဲတွေကို တုပပီး ရိုက်သည့်အခါ .. ဒိုင်ယာလော့ခ် .. position .. setting တွေ အားနည်းရုံသာမက .. ကင်မရာ ဖလင်လိပ် ရှည်အောင် မလိုအပ်တာတွေ ကို ရိုက်ပြပီး ဦးစားပေးကြသည် … ဇာတ်ကားကိုကြည့်ပီး နာမည်လှလှတောင် မပေးတတ်တာ ဇာတ်လမ်းကို ရှည်အောင် ဇာတ်အိမ်ခိုင်အောင် မဆွဲတတ်တာ မထူးဆန်း …. ကိုရီးယား ကနေ ဇာတ်ညွှန်းကောင်းကောင်းတစ်ခု ၀ယ်ပီး ရိုက်လိုက်လျှင် ရှယ်ပေါက်သွားမည့်
သရုပ်ဆောင်များစွာ ရှိသည် ….
အပြည့်အစုံသို့ »

စစ်သည်(၅)ဦးကို ပစ်သတ်သွားသည့် တပ်ကြပ်ကြီးကို တောင်ကိုရီးယားစစ်တပ် ဖမ်းဆီးရမိ


တောင်ကိုရီးယား စစ်တပ်သည် လုပ်ဖော် ကိုင်ဖက် စစ်မှုထမ်း (၅)ဦးကို ပစ်သတ်သွား သည့် တပ်ကြပ်ကြီး တစ်ဦးကို အင်အား အလုံးအရင်း အသုံးပြုပြီး လိုက်လံဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

မြောက်ကိုရီးယားနှင့် နယ်နိမိတ် အနီးတွင် တာဝန်ကျနေသည့် တပ်ကြပ်ကြီး တစ်ဦးသည် အခြားစစ်မှုထမ်း (၇)ဦးကိုလည်း ဒဏ်ရာများ ရရှိအောင် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်။ ၎င်းသည် သစ်တောထူထပ်သည့် ဒေသတွင် ခိုအောင်းနေခဲ့ပြီး ယခုအခါ မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားရာမှ စစ်ဘက်က လက်ရဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၃ ရက်နေ့တွင် ထောင်နှင့်ချီသော စစ်သားများသည် အထူးတပ်ဖွဲ့များ၊ စစ်သုံးရဟတ်ယာဉ်များ၏ အကူအညီဖြင့် သတ်မှတ်ဧရိယာကို တဖြည်းဖြည်းချင်း နယ်ကျဉ်းလာအောင် ဝန်းရံချဉ်းကပ်ပြီး အဆိုပါ တရားခံပြေးကို ပိတ်ဆို့နိုင်ခဲ့သည်။

“သူက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ သူ့ကို ဝင်ဖမ်းခဲ့တာပါ”ဟု စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။ လင်မ်ဟုသာ အမည်ဖော်ပြထားသည့် အသက်(၂၂)နှစ်အရွယ် တပ်ကြပ်ကြီးကို ယခုအခါ ဆေးရုံသို့ တင်ပို့ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လင်မ်သည် K-2 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်နှင့် အပိုကျည်ကပ်များကို ကိုင်ဆောင်ထားခဲ့သည်။ ၎င်းသည် ဇွန် ၂၁ ရက်နေ့ ညပိုင်းက မြောက်ကိုရီးယားနှင့် နယ်ခြားဒေသရှိ ကင်းစခန်းတွင် အခြားစစ်သားများကို ပစ်ခတ်ပြီး ထွက်ပြေးသွားခြင်း ဖြစ်သည်။ ဇွန် ၂၂ ရက်နေ့ ညပိုင်းက လင်မ်သည် ၎င်းကို လိုက်လံဖမ်းဆီးသူများနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ထို့နောက်ပိုင်းတွင်မူ ရွာငယ်လေးတစ်ခု၏ အပြင်ဘက်ရှိ တောအုပ်အတွင်း ခိုအောင်းနေခြင်း ဖြစ်သည်။

လင်မ်ကို စစ်တပ်ထံ လာရောက်အဖမ်းခံရန် ဖခင်ဖြစ်သူ ကိုယ်တိုင်က လိုက်လံ နားချစည်းရုံးခဲ့သည်။ လင်မ်သည် သေနတ်ဖြင့် ဝှေ့ယမ်းပစ်ခတ်ခဲ့သလို လက်ပစ်ဗုံး တစ်လုံးကိုလည်း စနက်တံဖြုတ် ဖောက်ခွဲခဲ့သေးသည်။ ၎င်းသည် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး လာမည့် လအနည်းငယ်အတွင်း ၎င်း၏ စစ်မှုထမ်းကာလ ပြီးဆုံးမည် ဖြစ်သည်။

လင်မ်၏ အပြုအမူနှင့် ပတ်သက်ပြီး အကြောင်းရင်းကို မသိရသေးသော်လည်း ၎င်းသည် စစ်တပ်နှင့် အံဝင်မှု မရှိဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသည်ဟု ယူဆရပြီး အထက်အရာရှိများ အနေဖြင့် မိမိကို ပိုမိုဂရုစိုက်ရန် တောင်းဆိုခဲ့ဖူးကြောင်းလည်း စစ်ဘက်နှင့် နီးစပ်သူများက ပြောကြားခဲ့သည်။ လင်မ်ကို ဂမ်ဝမ်ဒေသ အရှေ့ပိုင်းရှိ မြောင်ဂါပါ ကျေးရွာလေး အနီးတွင် ဝန်းရံဖမ်းဆီးခဲ့ပြီး ဒေသခံ (၅၀၀)ကျော်ကို အရေးပေါ် အခြေအနေဖြင့် ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း သိရှိရသည်။

_Channelnewsasia
7Day News Daily
အပြည့်အစုံသို့ »

ကူးတို့ယာဉ် နစ်မြုပ်မှုတွင် အထိနာခဲ့သည့် အထက်တန်းကျောင်းမှ ကျောင်းအုပ် ရာထူးမှဆိုင်းငံ့ခံရ



သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးခဲ့သူများအား ရည်စူးကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားကို တွေ့ရစဉ်
တောင်ကိုရီးယား ကူးတို့ရေယာဉ် နစ်မြုပ်မှုအတွင်း ကျောင်းသူ၊ကျောင်းသား အများအပြား သေဆုံးခဲ့သည့် အထက်တန်းကျောင်းမှ ကျောင်းအုပ်ကို ရာထူးမှ ဆိုင်းငံ့ထားလိုက်ကြောင်း သတင်းရရှိသည်။

Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုတွင် လေ့လာရေး ထွက်ခဲ့သည့် ကျောင်းသူ၊ကျောင်းသား (၂၄၀)ကျော်လည်း အသက်ဆုံးရှုံးခဲ့သည်။ ယခုအခါ အဆိုပါ အထက်တန်းကျောင်းမှ ကျောင်းအုပ် ချူကျိုယောင်းကို ရေယာဉ်နစ်မြုပ်မှုနှင့် ဆက်စပ်ပြီး လက်ရှိရာထူးမှ ဆိုင်းငံ့ ဖယ်ရှားထားလိုက်ကြောင်း ပညာရေးဌာနမှ အရာရှိ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။

“လောလောဆယ် ကျောင်းအုပ်ကြီးကို ရာထူးကနေ ဖယ်ရှားထားပါတယ်။ ကူးတို့ရေယာဉ် နစ်မြုပ်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကြောင့်ပါ”ဟု အဆိုပါ အရာရှိက ဆိုသည်။ သို့သော်လည်း စည်းကမ်းပိုင်း အရေးယူမှု၏ အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောဆိုရန်မူ ၎င်းက ငြင်းဆန်သွားသည်။

ဆိုးလ်မြို့တော် တောင်ပိုင်းရှိ အန်ဆန်းမြို့မှ ဒါဝမ်အထက်တန်းကျောင်းသည် ဧပြီ (၁၆)ရက်က တန်ချိန်(၇၀၀၀)နီးပါးရှိ ရေယာဉ်ကြီး နစ်မြုပ်မှုတွင် အဆုံးအရှုံး အကြီးမားဆုံး ဖြစ်ခဲ့ပြီး ကျောင်းသူ၊ကျောင်းသား (၂၄၀)ကျော်နှင့် ဆရာ၊ဆရာမ (၁၀)ဦးတို့ သေဆုံးခဲ့ရသည်။

ရေယာဉ်နစ်မြုပ်စဉ်က အသက်ရှင် လွတ်မြောက်ခဲ့သည့် ဒုတိယ ကျောင်းအုပ်ကြီးမှာ ဖြစ်ရပ်အပြီး (၃)ရက်အကြာတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ ရေယာဉ် နစ်မြုပ်စဉ်က ရာသီဥတု ဆိုးရွားနေချိန်တွင် ကျောင်းသူကျောင်းသားများကို ရေယာဉ်ဖြင့် လိုက်ပါရန် ခွင့်ပြုပေးခဲ့ခြင်းအတွက် မိဘအုပ်ထိန်းသူ အချို့က အထက်တန်းကျောင်း စီမံအုပ်ချုပ်ရေး အဖွဲ့ကို ဝေဖန်ခဲ့ကြသည်။

_Ref: Channelnewsasia
7day daily
အပြည့်အစုံသို့ »

အင်တာနက်ပေါ်မှာ နာမည်ကြီးလာတဲ့ တစ်ချိန်တုန်းက အဘွားကြီး


လက်ရှိ တောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်ပေါ်မှာ အရှာခံရဆုံး နာမည်ပိုင်ရှင်ကတော့ Sonyong Moon ဆိုတဲ့ ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။


တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ဖြစ်ရပ်မှန်အစီအစဉ် “Let Me In” မှာ ပါဝင်ခဲ့ပြီးနောက်မှာ ပလစ်ဆာဂျရီလုပ်ပြီး ရုပ်ရည်ပြောင်းလဲခဲ့တဲ့ သူရဲ့အကြောင်းဟာ  ဒီလိုနာမည် ကျော်လာတာ ဖြစ်ပါတယ်။


နာမည်ကျော်လောက်အောင်လဲ သူဟာ ကလေးဘဝ ကတည်းက “အဘွားကြီးရုပ်” (Old Lady Face) လို့ ခေါ်ခံရသူတစ်ဦးဖြစ်ပါတယ်။

အသက်၂၀ ကျော်လို့ လူငယ်ပိုင်းထဲဝင်လာတဲ့အထိ  “အဘွား” လို့ ခေါ်ခံနေရဆဲဖြစ်ပါတယ်။
ရုပ်ရည်ကြောင့် အလုပ်ခွင်မှာလည်း အထက်လူကြီးဆီက ဖိအားပေးတာမျိုးကို ခံစားရတယ် လို့ဆိုပါတယ်။
ခု သူက ဒီလိုကြီး လုံးဝပြောင်းလဲလိုက်တာကြောင့် သူ့ရဲ့လုပ်ငန်းမှာတင်မကဘူး ကိုရီးယားတစ်နိုင်ငံလုံးကပါ အံ့သြသွားကြရပြီး အွန်လိုင်းပေါ်မှာ အရှာခံရဆုံးနာမည် ဖြစ်သွား လာပါတယ်။

မျက်နှာ၊သွားနဲ့ ပြင်ဆင်ရမယ့် အပိုင်းအားလုံး အပါအဝင် သူ့ရဲ ခွဲစိတ် စရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့်ကုန်ကျတယ် လို့ဆိုပါတယ်။



phothutaw
အပြည့်အစုံသို့ »

နစ်မြုပ်တောင်ကိုရီးယားသင်္ဘော တာဝန်ရှိသူများကို ဒုတိယအကြိမ် ရုံးထုတ်


ပြီးခဲ့တဲ့ ဧပြီလက တောင်ကိုရီးယားသင်္ဘော နစ်မြှုပ်ခဲ့မှုမှာ တာဝန်ရှိတဲ့သူတွေကို ဒုတိယအကြိမ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ကြပါတယ်။


နစ်မြုပ်သင်္ဘော ကပ္ပတိန်

သင်္ဘောဝန်ထမ်းတွေကို သင်္ဘောနစ်မြှုပ် ခဲ့တဲ့နေရာ နဲ့ အနီးဆုံးက မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ကြ တာ ဖြစ်ပါတယ်။

ကျောင်းသူ နဲ့ ကျောင်းသားတွေ အများစုပါဝင်တဲ့ လူ ၃၀၀ ကျော် ရေနစ်သေ ဆုံးခဲ့မှုအတွက် တာဝန်အရှိဆုံးဖြစ်တဲ့ သင်္ဘောကပ္ပတိန်နဲ့ ၃ ဦးကို အများဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ကျခံရနိုင်တယ်လို့ ဆိုပါတယ်။

သင်္ဘောကို စွန့်ခွာခဲ့မှုနဲ့ ၂ ဦးကတော့ တသက်တကျွန်း ကျနိုင်ပြီး ကျန် ၉ ဦးကတော့ ထောင်ဒဏ်တွေ ကျခံနိုင်တယ်လို့ ဆိုပါတယ်။

ကျောင်းသူနဲ့ ကျောင်းသားတွေဟာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး သင်္ဘောထဲမှာပဲ စောင့်နေချိန်မှာ သင်္ဘောကပ္ပတိန်အပါအ၀င် တာဝန်ရှိသူတွေဟာ ကိုယ်လွတ်ရုန်းခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိသားစုဝင်တွေလည်း တရားရုံးကို တက်ရောက်ခဲ့ကြပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်စုစုပေါင်း ၄၇၆ ဦးအနက် ၁၇၂ ဦးကိုပဲ ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်သူတွေအားလုံး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။T

DVB Burmese
အပြည့်အစုံသို့ »

“Psy Hangover” သီချင်း ဗွီဒီယိုဖိုင်ကို ၇၄နာရီအတွင်း ကြည့်ရှုသူ သန်း ၄ဝ ကျော်ထိ ရောက်ရှိ (ရုပ်သံ)


“Psy Hangover” သီချင်းဗွီဒီယိုဖိုင်ကို ယူကျုတွင် ကြည့်ရှုသူဦးရေမှာ ၇၄နာရီအတွင်း သန်း၎ဝကျော် ထိအောင်ရောက်ရှိခဲ့သည်ဟု ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်က ဇွန်လ၁၃ရက်တွင် ပြောကြားထားသည်။

ကြည့်ရှုချိန် ငါးမိနစ်ကြာသည့် ယင်းဗီဒီယိုဖိုင်ကို ဇွန်လ၉ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး၊ သတင်း ထုတ်ပြန်သည့်နေ့တွင် ကြည့်ရှုသူပေါင်း ၄ဝ၉၅၅၁၅၄ဖြင့် ကမ္ဘာ့တစ်ဝန်း အပတ်စဉ်အောင်မြင်မှု စာရင်းတွင် နံပတ်တစ် နေရာကို ရရှိခဲ့သည်။

၎င်း၏ ဗီဒီယိုဖိုင်သည် ဟာသ ရသမြောက်အောင် ဖန်တီးထားခြင်းဖြစ်သည်ဟု Billboard အဖွဲ့ကပြောကြားထားသလို Time magazine ကလည်း Psy ၏ ဗွီဒီယိုဖိုင်သည် အနုပညာမြောက်ပြီး ငါးမိနစ်အချိန်ကို ကောင်းစွာ အသုံးချသွားသည်ဟု မှတ်ချက်ပြု ပြောကြားထားသည်။

Hangover တေးသွားကို Psyနှင့် Snoop Dogg တို့ကရေးသားခဲ့ပြီး၊ “Gangnam Style” နှင့်“Gentleman” တို့ကို ရိုက်ကူးသူ ချိုဆူးယွန်ကို မရွေးဘဲ ချာယန်တေး ကိုရွေးချယ်ခဲ့ကြောင်း၊ အကြောင်းမှာ ယခုဗွီဒီယိုသည်  Electronic Dance Music ဖြစ်ပြီး 808 Hip Hop မဟုတ်ခြင်းကြောင့် ပရိသတ်ကို ထူးခြားစွာ ခံစားစေချင် သည်ဟု Psy က CNN အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

Psy သည် အရက်အလွန်သောက်သူဖြစ်ပြီး၊တစ်နှစ်တွင် ခြောက်လပတ်လုံး အရက်နာကျနေခြင်းကြောင့် ယခုဗီဒီယိုကို “Hangover” ဟု အမည်ပေး ထားခြင်း ဖြစ်ကြောင်း ၎င်းက ဖွင့်ဟပြောကြားခဲ့သည်။

Mizzima


အပြည့်အစုံသို့ »

ကိုရီးယားပြန်သွားရမယ့် ပူပူနွေးနွေး သရဖူဆုရှင်လေး မေမြတ်နိုး


မေလ ၅ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)မေလ ၅ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ပူပူနွေးနွေး သရဖူဆုရှင် မေမြတ်နိုးက ပြိုင်ပွဲကနေ ပြည်တော်မပြန်လာခင်မှာ Miss Asia Pacific
World နဲ့ သုံးနှစ် စာချုပ်ချုပ်ဆိုခဲ့တာမို့ ဇူလိုင်လထဲမှာ တောင်ကိုရီးယားနိုင်ငံကို ပြန်သွားရမယ်လို့
ဆိုပါတယ်။

ပြိုင်ပွဲကနေပေးတဲ့ ဆုအနေနဲ့ကတော့ “သူတို့ က ဆုဆိုပြီး ပစ္စည်းတွေ၊ ပိုက်ဆံတွေပေးတာ
မဟုတ်ပါဘူး။ ကိုရီးယားနိုင်ငံမှာ စတားတစ်ယောက်ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ဆုပါ။ အခု
Korea Film Actor Association က ကိုရီးယားကားတွေမှာ ပါဝင်နိုင်ခွင့် Special Member
လက်မှတ် ရခဲ့ပါတယ်။ ပြီးတော့ Miss Asia Pacific World အနေနဲ့ကတော့ စတားတစ်ယောက်
ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ သုံးနှစ် စာချုပ်ချုပ်ခဲ့ပါတယ်”လို့ မေမြတ်နိုး က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

အဲဒီအတွက် ကိုရီးယားဘာသာစကားနဲ့ အကတွေ၊ သရုပ်ဆောင်ပိုင်းတွေကို တောင်ကိုရီးယား
နိုင်ငံမှာပဲ လေ့ကျင့်ခန်း ရယူရမယ်လို့လည်း သူကဆိုပါတယ်။

“ညီမက အသက်လည်း ငယ်သေးတော့ အခုချိန်မှာ ကိုယ်ဖြစ်ချင်တာဘာလဲ၊ လုပ်ချင်တာ
ဘာလဲဆိုတာကို မခွဲခြားတတ်သေးတော့ အနုပညာအလုပ်တွေကို အစုံလုပ်သွားရင်းနဲ့ သင်ယူ
သွားမှာပါ။ ၀ါသနာအပါဆုံးကတော့ သီချင်းဆိုတာပါ”လို့လည်း အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့
မေမြတ်နိုးက သူလုပ်ချင်တာလေးတွေကို ပွင့်ပွင်းလင်းလင်းပဲ ဆိုပါတယ်။

Myanmar International School မှ ကျောင်းသူတစ်ဦးဖြစ်ပြီး ဒီနှစ်ထဲမှာ IGCSE အိုအဆင့်
ဖြေဆိုဖို့ စီစဉ်ထားကာ ပရဟိတ လုပ်ငန်းတွေကိုလည်း ပညာရေးနဲ့အတူ တတ်အားသမျှ
လုပ်သွားမယ်လိုဆိုပြီး အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ ပညာရေးကိုလည်း ထိခိုက်မခံပါဘူးလို့
ဆိုပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲ မသွားခင်ကတည်းက ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားရိုက်ဖို့
လက်ခံထားခဲ့တာမို့ Miss Asia Pacific World နဲ့ ဆာတိုရီရဲ့ တောင်းဆိုချက်ကြားမှာ
လတ်တလော ဗျာများနေတယ်လို့ ဆိုပါတယ်။

“ဆာတိုရီဘက်က ညီမ ပြိုင်ပွဲမ၀င်ခင်ကတည်းက ပြောခဲ့တာပါ။ သူတို့က ညီမကို ပြည့်ပြည့်လေး
ဖြစ်အောင် အစားများများစားဖို့ ပြောပေမယ့် အခုစာချုပ်ချုပ်ခဲ့တဲ့ ကိုရီးယားဘက်ကကျတော့
အသားအရေ မပြောင်းလဲရဘူး။ ၀ိတ်မတက်ရဘူး ဆိုတာမျိုးတွေပါတယ်။ အဲဒီအတွက် အခု
စဉ်းစားနေပါတယ်”လို့ဆိုပါတယ်။

သာမန်ကျောင်းသူလေးဘ၀ကနေ နိုင်ငံတကာပြိုင်ပွဲကြီးမှာ သရဖူဆောင်းနိုင်ခဲ့တာဟာ ဘ၀မှာ
ကြီးမားတဲ့ အပြောင်းအလဲတစ်ခုလည်း ဖြစ်တာမို့ မေမြတ်နိုးဟာ သူရှေ့ဆက်မယ့်ခရီးအတွက်
သေချာစဉ်းစားဖို့တော့ လိုအပ်မှာပါ။ ညိုချောအလှမယ်လေးက နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကြီးမှာ
အမြင့်ဆုံးဆုကြီးကို ရရှိတဲ့အချိန်မှာ ၀မ်းသာဂုဏ်ယူစိတ်နဲ့ ပျော်လွန်းလို့ မျက်ရည်ကျမိသလို
အဲဒီအချိန်က ခံစားနေရတဲ့ ခံစားမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင်ပါ ပဲလို့လည်း ဆိုပါတယ်။

“ဆုကြေညာတဲ့အချိန်မှာ နောက်ဆုံးကျန်တာ မြတ်နိုးနဲ့ မစ္စကိုရီးယားပေါ့။ နှစ်ယောက်စလုံး
ကလည်း ဘယ်သူပဲရရ ၀မ်းသာပေးမယ် ဆိုပြီး ဆုံးဖြတ်ထားတာပါ။ တကယ်တမ်း
ကြေညာလိုက်တဲ့အချိန်ထိ မြတ်နိုးက သူရသွားတယ်လို့ပဲ ကြားတာ။ နောက်တော့မှ သူက
1st runner up ၊ မြတ်နိုးက သရဖူရတာပေါ့။ အဲတော့ အရမ်းအံ့ဩ၀မ်းသာသွားပြီး နိုင်ငံအတွက်
တစ်ခုခုတော့ ပြန်လုပ်ပေးနိုင်ပြီဆိုတဲ့ စိတ်နဲ့ ၀မ်းသာဂုဏ်ယူမိပါတယ်”လို့ အားပါးတရ ပြုံးရင်း
ပြောပြပါတယ်။

မေလ ၅ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)မေလ ၅ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

မေလ ၁၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကြာမြင့်တဲ့ ပြိုင်ပွဲကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေက
ပျော်စရာတွေများပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံက ကိုယ်စားပြုအလှမယ်တွေနဲ့လည်း ပျော်စရာအချိန်
တွေ ပိုင်ဆိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“အခန်းဖော်ဖြစ်တဲ့ မစ္စကိုရီးယား၊ စင်ကာပူ တို့နဲ့လည်း အရမ်းကို ခင်ခဲ့ပါတယ်။ တခြား
လူတွေလည်းနဲ့လည်း ခင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာပါဝင်တဲ့ မယ်တွေ အကုန်လုံးက ချောကြသလို
talent ရှိတဲ့လူတွေလည်း အများကြီးပါ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းရိုင်းပင်း
ကူညီကြတယ်” လို့လည်း သူ့ပြိုင်ပွဲအတွေ့အကြုံကို ပြောပြပါတယ်။

အခက်အခဲအနေနဲ့ကတော့ ထွေထွေထူးထူးမရှိဘဲ ဘယ်သူ့ကိုမှ ပြိုင်ဘက်လို့ သဘောမထားခဲ့ဘဲ
တစ်နေ့ပြီးတစ်နေ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုကောင်းလာအောင်၊ ပိုလှလာအောင် အမြဲတမ်းဆန်းစစ်ပြီး
နေဖြစ်ခဲ့တာမို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရတာပဲ အခက်အခဲဖြစ်ခဲ့တယ်လို့လည်း မေမြတ်နိုးက
ဆိုပါတယ်။

“သွားစပြိုင်ကတည်းက ဆုရဖို့က အဓိကဆိုပြီး သွားခဲ့တာ မဟုတ်ပါဘူး။ အကောင်းဆုံးလုပ်ခြင်း
သာ အဓိကဆိုတဲ့ စိတ်နဲ့ ကိုယ့် နိုင်ငံရဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုတွေကို တခြား ၃၈ နိုင်ငံက
အလှမယ်တွေနဲ့ ဝေမျှချင်တယ်။ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့
ပြိုင်ခဲ့တာဖြစ်လို့ ဆုရတော့လည်း အရမ်းဝမ်းသာရတယ်”လို့ ပြောပါတယ်။

သီချင်းဆိုရရင် အမြဲပျော်နေတတ်တဲ့သူ ဖြစ်လို့ talent show မှာ ပြိုင်ပွဲဝင်တစ်ယောက်လို့
မခံစားဘဲ ပရိသတ်တွေကို ဖျော်ဖြေနေတယ်ဆိုတဲ့စိတ်နဲ့ ဖျော်ဖြေခဲ့တာဖြစ်လို့ ပရိသတ်ရဲ့ရင်ထဲကို
ရောက်သွားပြီး အားပေးမှုကို ရခဲ့တာပါလို့လည်း သူ့ ထင်မြင်ချက်ကို ပြောပြပါသေးတယ်။

အိပ်မက်ဆုံရာပြိုင်ပွဲဝင် တစ်ဦးဖြစ်ခဲ့တဲ့ မေမြတ်နိုးက အိပ်မက်ဆုံရာ Season 6 ပြီးတာနဲ့
Myanmar Model Management မှ ဆရာမ မြရွှေဝါရဲ့ အကြံပေးချက်ကြောင့် မော်ဒယ်သင်တန်း
စတက်ဖြစ်ခဲ့သလို Miss Asia Pacific World ရဲ့  National Director ဖြစ်တဲ့ ဒေါ်လှနုထွန်းတို့ရဲ့
Style Plus မှာလည်း Personality Enhancement Class ကိုတက်နေရင်းမှ ဒေါ်လှနုထွန်းရဲ့
ကမ်းလှမ်းချက်နဲ့အတူ ပြိုင်ပွဲဝင်ဖို့ ဖောင်တင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ဖောင်တွေ ဖြည့်ရတယ်။ ၀တ်စုံသုံးစုံနဲ့ ဓာတ်ပုံရိုက်ပြီး တင်ခဲ့ရတာပါ။ ညီမတို့ရဲ့ ဓာတ်ပုံတွေကို
ကြည့်ပြီး Miss Aaia Pacific World ပြိုင်ပွဲရဲ့ Organizer ကရွေးချယ်လို့ ပါသွားခဲ့တာပါ။
ရွေးချယ်ခံရမယ်လို့လည်း မထင်ထားဘဲ အခုလိုသရဖူဆောင်းပြီး ပြန်လာဖြစ်မယ်လို့လည်း
မမျှော်လင့်ထားခဲ့ပါဘူး”လို့ မေမြတ်နိုးက ပြောပါတယ်။

ရွေးချယ်ခံလိုက်ရကတည်းက Miss Globe Myanmar နဲ့အတူ ဖိလစ်ပိုင်က ဆရာသုံးယောက်
တို့က လမ်းလျှောက်နည်း၊ မေးခွန်းဖြေနည်းနဲ့ ဗဟုသုတပိုင်းဆိုင်ရာတွေကို သင်ကြားပေးခဲ့ကာ
talent show အတွက်လည်း ပြင်ဆင်မှုတွေအများကြီး ပြုလုပ်သွားခဲ့တာကြောင့်
ကိုရီးယားသီချင်းကို ပြိုင်ပွဲစတိတ်ခ်ျပေါ်မှာ ဖျော်ဖြေရာမှာ ပရိသတ်နဲ့ အကဲဖြတ်ဒိုင်တွေက
သဘောတွေ့စေခဲ့တာဖြစ်မှာပါ။

“ညီမက နဂိုကတည်းက ကိုရီးယား K-Pop ကို အရမ်းကြိုက်ပါတယ်။ သီချင်းတွေ ခဏခဏ
နားထောင်နေရင်းနဲ့ ထမင်းစားရေသောက်ကတော့ ပြောတတ်နေပြီပေါ့။ ပြီးတော့ စာအုပ်တွေ
ဖတ်ပြီးတော့လည်း လေ့လာတယ်။ ပြိုင်ပွဲမ၀င်ခင်မှာတော့ ကိုရီးယားအမျိုးသမီးတစ်ဦး ဖြစ်တဲ့
Ms Hye Ryeong က ကိုရီးယားအသံထွက်ပုံလေးတွေ မှန်ကန်အောင် သေချာသင်ပေးလိုက်တယ်”
လို့ ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ရပုံတွေကို ပြောပြပါတယ်။

မေလ ၁၉ ရက်နေ့ကတည်းက ပြိုင်ပွဲကျင်းပရာ တောင်ကိုရီးယားနိုင်ငံမှာ စခန်းသွင်းလေ့ကျင့်ခဲ့
ရပြီး မေလ ၂၂ ရက်နေ့မှာ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

၂၄ ရက်နေ့မှာတော့ talent ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ရပြီး ၂၅ ရက်နေ့မှာတော့ အမျိုးသားဝတ်စုံနဲ့
ထပ်မံယှဉ်ပြိုင်ခဲ့ပါတယ်။

၂၈ ရက်နေ့မှာ နောက်ဆုံးအဆင့် ဆန်ခါတင်ရွေးချယ်ခဲ့ကာ ၂၉ နဲ့ ၃၀ ရက်တွေမှာ
အစမ်းလေ့ကျင့်ခဲ့ပြီး ဖိုင်နယ်ပွဲစဉ် ၃၁ ရက်နေ့ရောက်အောင် အဆင့်ဆင့်ဖြတ် ကျော်လာနိုင်ခဲ့တယ်
လို့လည်း ပြောပြပါတယ်။

Miss Asia Pacific World ပြိုင်ပွဲကြီးကို တောင်ကိုရီးယားနိုင်ငံ၊ မြို့တော် ဆိုးလ်မှာ ကျင်းပခဲ့ပြီး
လေးကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီနှစ်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် ပါဝင်ခဲ့တာ
ဖြစ်ပါတယ်။

မေမြတ်နိုးဟာ သရဖူဆုအပြင် အွန်းလိုင်းကနေ မဲပေးရွေးချယ်တဲ့ ပရိသတ်အကြိုက်ဆုကိုလည်း
ရရှိခဲ့ပါသေးတယ်။

mmtimes
အပြည့်အစုံသို့ »

တောင်ကိုရီးယားအသင်းနဲ့ ရုရှားအသင်းတို့ ယှဉ်ပြိုင်စဉ် ဆိုးလ်မြို့မှာ အားပေးဖျော်ဖြေမယ့် Psy



ဆိုးလ်- ကမ္ဘာကျော်အဆိုတော် Psy သည် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့ ယှဉ်ပြိုင်နေစဉ်အတွင်း ဆိုးလ်မြို့ COEX စင်တာ၌ တောင်ကိုရီးယားအသင်းအတွက် အားပေးဖျော်ဖြေသွားမည်ဟု ဂန်းနမ်ခရိုင်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့သည် ဇွန်လ ၁၈ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ တောင်ကိုရီးယား ဘောလုံးအသင်းသည် ဇွန်လ ၂၃ ရက်တွင် အယ်လ်ဂျီးရီးယားအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန်လ ၂၇ ရက်တွင် ဘယ်လ်ဂျီယမ်အသင်းနှင့် ယှဉ်ပြိုင် မည်ဖြစ်သည်။

Psy သည် တောင်ကိုရီးယားအသင်းနှင့် ရုရှားအသင်းတို့ယှဉ်ပြိုင်စဉ် ဇွန်လ ၁၈ ရက်တွင် ဖျော်ဖြေသွားမည်ဟု YG Entertainment က အတည်ပြုပေး  ခဲ့သည်။

Psy သည် ၂၀၀၂ ခုနှစ်တွင် 'Champion'၊ ၂၀၀၆ ခုနှစ်တွင် 'We Are The One' နှင့် ၂၀၁၀ ပြည့်နှစ်တွင် 'Once More, Korea'အပါအဝင် ကမ္ဘာ့ဖလားသီချင်းအချို့ ထွက်ရှိခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် Psy ၏ 'Hangover' အမည်ရ သီချင်းသစ်ထွက်ရှိခဲ့ပြီး ယူကျု့ဘ်တွင် ကြည့်ရှုသူပေါင်း ၅၇ သန်းကျော်သွားပြီဖြစ်သည်။ Psy သည် လာမည့် ဩဂုတ်လတွင် 'Daddy' အမည်ရ သီချင်းသစ်ထွက်ရှိရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

—Ref: Lollipop
7day daily
အပြည့်အစုံသို့ »

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် မိုးလေဝသဌာနကို တိကျသည့် ခန့်မှန်းချက်များပေးရန် ဝေဖန်လမ်းညွှန်



မြောက်ကိုရီးယား ရေနှင့်လေထုလေ့လာရေးဌာနတွင် ကွင်းဆင်းညွှန်ကြားမှုပေးနေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကိုတွေ့ရစဉ် (Jean-Paul Pelissier/REUTERS)




မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအမ်သည် နိုင်ငံ၏ မိုးလေဝသဌာန တာဝန်ရှိဝန်ထမ်း များအား မတိကျသည့် မိုးလေဝသခန့်မှန်းချက်များ ပေးနေခြင်းကို ဝေဖန်ခဲ့ပြီး လမ်းညွှန်မှုပေးနေခြင်းကို နိုင်ငံပိုင်မီဒီယာတွင် ရှားရှားပါးပါး ပြသခဲ့သည်။

သဘာဝဘေးအန္တရာယ်များ မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် မြောက်ကိုရီးယားတွင် ကင်ဂျုံအမ်က ထိုသို့ နိုင်ငံ၏ မိုးလေဝသဌာန သို့ ရှောင်တခင်သွားရောက်စစ် ဆေးပြီးနောက် ဝေဖန်ခဲ့ခြင်းဖြစ် သည်။

‘‘မိုးလေဝသခန့်မှန်းမှုတွေ ဟာ ခေတ်မီတဲ့၊ သိပ္ပံနည်းကျအ ခြေခံနဲ့ မလုပ်တဲ့အတွက်ကြောင့် မတိကျတဲ့ရာသီဥတု ခန့်မှန်းချက် တွေပဲ ထွက်လာနေတာဖြစ်တယ်’’ ဟု ကင်ဂျုံအမ်က မြောက်ကိုရီး ယား မိုးလေဝသဌာနသို့ သွား ရောက်စစ်ဆေးမှုတွင် ဝန်ထမ်း များအား ဝေဖန်သည်။

ထို့အပြင် ဌာနအနေဖြင့် ၎င်းတို့၏ ခန့်မှန်းချက်များ မှန်ကန်လာအောင် ပစ္စည်းကိရိယာများ နှင့် လုပ်အားတို့ကိုလည်း တိုးတက်အောင် ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်ဟု အင်္ဂါနေ့က ထုတ်ပြန်သော နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားတွင် မိုးလေဝသ ခန့်မှန်းချက်များမှာ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် လိုအပ်ကြောင်း၊ မိုးလေဝသဌာနသည် နိုင်ငံ၏ စီးပွားရေးကိစ္စရပ်များ တစ်ခုလုံးပေါ်တွင် သက်ရောက်မှုရှိကြောင်း ၎င်းကဆိုသည်။

မြောက်ကိုရီးယားတွင် နိုင်ငံ ခေါင်းဆောင်များ၏ အစိုးရဌာန များသို့ သွားရောက်စစ်ဆေးလေ့ လာသည့် ခရီးစဉ်များအတွင်း အစိုးရအရာရှိများကို ယခုကဲ့သို့ ခေါင်းဆောင်က ဝေဖန်ပြောကြား ခဲ့သည်မှာ ရှားပါးသောဖြစ်ရပ် ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်မေလတွင် ဆယ်စုနှစ် သုံးခုအတွင်း အဆိုးရွားဆုံးနွေဦး ရာသီ ရေကြီးမှုဖြစ်ခဲ့ပြီး သီးနှံစိုက် ခင်းများ ထောင်နှင့်ချီ၍ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။

—Ref: AFP
7day daily
အပြည့်အစုံသို့ »

နစ်မြှုပ် ကိုရီးယားသင်္ဘော ကုမ္ပဏီပိုင်ရှင်ကို ရဲက ပိုက်စိတ်တိုက် ရှာဖွေ


တောင်ကိုရီးယားရဲတပ်ဖွဲ့ အင်အား ၆ ထောင်ကျော်က ဘာသာရေးရပ်ကွက်အတွင်း ဒီနေ့ ပိုက်စိတ်တိုက် ရှာဖွေနေစဉ်

လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ သင်္ဘောနစ်မြှုပ်မှုနဲ့ ပတ်သက်လို့ သင်္ဘောကုမ္ပဏီနဲ့ ပတ်သက်နေတဲ့ စီးပွားရေးသမားတဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ အင်အား ၆ ထောင်ကျော်က ဘာသာရေးရပ်ကွက်အတွင်း ဒီနေ့ ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြပါတယ်။
အလိုရှိနေတဲ့ စီးပွားရေးသမား ယိုဘောင်အန်းဟာ နစ်မြှုပ်သွားတဲ့သင်္ဘောကုမ္ပဏီကို ထူထောင်ခဲ့သူ ဖြစ်ပြီး သူ့သားတွေက လုပ်ငန်းကို ဦးစီးနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ယိုဘောင်အန်းကို အခုချိန်ထိ မဖမ်းနိုင်တာကို နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ဇွန် ၁၀ ရက်နေ့က ပြောခဲ့ပြီးနောက် ဒီနေ့မှာ သူ့ကို ဖမ်းဆီးဖို့ စစ်ဆင်ရေး စတင်တာ ဖြစ်ပါတယ်။ ယိုနဲ့ သူသားတွေကို ရဲတွေက ဖမ်းဆီးဖို့ ကြိုးစားနေတာ ၁ လနီးပါး ရှိနေပြီး ဖြစ်ပါတယ်။

သားတဦးက အမေရိကန်မှာ အခြေစိုက် နေထိုင်ပြီး သူတို့ သားအဖတွေဟာ တောင်ကိုရီးယားအစိုးရက လက်လှမ်းမမီနိုင်တဲ့နေရာကို ထွက်ပြေးလွတ်မြောက်သွားကြပြီဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

တောင်ကိုရီးယား ယွန်ဟပ်သတင်းအရ စီးပွားရေးသမား ယိုဘောင်အန်းကို အကူအညီပေးတယ်လို့ သံသယရှိသူ လူ ၃ ယောက်ကို ရဲက ဖမ်းထားတယ်လို့ ဆိုပါတယ်။

သူ့ကို ဖမ်းနိုင်ဖို့ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ သန်းတ၀က်နဲ့ ညီမျှတဲ့ ဆုငွေကို ပေးမယ်လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။


DVB Burmese
အပြည့်အစုံသို့ »

တောင်ကိုရီးယား မှ လူများက စိတ်ညစ်ညူးမှု သက်သာစေရန် ထောင်ထဲဝင်ကြ


ယနေ့ခေတ် ကိုရီးယားများသည် စိတ်ညစ်ညူးလာလျှင် စိတ်ညစ်ညူးမှု သက်သာစေရန် ထောင်ထဲဝင်လေ့ရှိကြသည်။ ထိုကဲ့သို့သော လူများကို လက်ခံသည့်နေရာမှာ တောင်ကိုရီးယားနိုင်ငံ ဟောင်ချွန်မြို့ရှိ စိတ်ငြိမ်းချမ်းရေး စင်တာ ဖြစ်သည်။ ထိုစင်တာကို ၄၇ နှစ်အရွယ် ရှေ့နေဟောင်း တစ်ဦးက စတင် တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တုန်းက ဘ၀သည် မိမိစိတ်တိုင်းမကျ မဖြစ်သဖြင့် အလွန် စိတ်ညစ်ခဲ့ရကြောင်း၊ ထို့ကြောင့် ထောင်ထဲဝင်ကာ စိတ်သက်သာရန် လုပ်လိုခဲ့ကြောင်း ထို့အတွက် မိတ်ဆွေထောင်မှုး တစ်ဦးကို အကူအညီတောင်းရာ ယင်းထောင်မှုးက လက်မခံခဲ့ကြောင်း ကုထုံးတစ်မျိုးအဖြစ်  ထောင်ထဲ ခေတ္တ၀င် လိုသည်ဟု ပြောသည်ကိုလည်း လက်မခံကြောင်း၊ ထို့ကြောင့် နောက်ဆုံးတွင် ဒေါ်လာ  ၁၉ သန်း အကုန်ကျခံကာ ထောင်ပုံစံ စိတ်ငြိမ်းချမ်းရေး စင်တာကို တည်ဆောက်ခဲ့ကြောင်း ရှေ့နေဟောင်း ကွန်ယွန်ဆွတ်က ပြောပြသည်။

စိတ်ငြိမ်းချမ်းမှုအတွက် ထောင်ထဲဝင်လာသူများသည် လက်ကိုင်ဖုန်းနှင့် အခြားသော ပစ္စည်းများကို ထောင်ဝတွင် ထားခဲ့ရမည်ဖြစ်သည်။ ထို့နောက် အိမ်သာ၊ ဘေစင်နှင့် စားပွဲအသေးစား တစ်လုံးသာရှိသည့် အကျဉ်းခန်းသေးသေးတွင် တိုက်ပိတ်နေရမည် ဖြစ်သည်။ အစားအစာများကို တံခါးပေါက်ရှိ အပေါက်ငယ်မှ အထဲသို့ ထည့်ပေးမည် ဖြစ်သည်။ ထောင်ထဲဝင် လာသူသည် ထိုအကျဉ်းခန်းငယ်ထဲတွင် ပင် နေရမည် ဖြစ်ကာ ထိုထဲတွင် စိတ်ကို ငြိမ်းချမ်းအောင် လေ့ကျင့်ရမည် ဖြစ်သည်။ ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးကလည်း ထောင်ထဲသို့ ၀င်လာသူများကို မိမိကိုယ် မိမိ ပိုမိုနားလည်လာစေရန် သင်ကြားပေးသည်။ ထိုထဲတွင် နှစ်ညတာနေထိုင်ရရန် အတွက် တစ်ဦးလျှင် ဒေါ်လာ ၁၄၆ ဒေါ်လာ ပေးသွင်းရသည်။ ထိုအစီအစဉ်သည် အလွန်ကောင်းကြောင်း ထိုထောင်ထဲဝင်ခဲ့ဖူးသူ အချို့က မှတ်ချက်ပေးသည်။ သို့သော် အချို့ကမူ အကျဉ်းခန်းသည် အလွန် သန့်ပြန့်လွန်းနေသည့် အတွက် ထောင်နှင့်မတူဟု မှတ်ချက်ပေးကြသည်။

ချယ်ရီ
World Myanmar News
အပြည့်အစုံသို့ »

အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ်ကျောက်တိုင်ကို အာဇာနည်ဗိမာန်ပရဝဏ်အနီးမှာ ဒီနေ့ ဖွင့်လှစ်


အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ်ကျောက်တိုင်ကို အာဇာနည်ဗိမာန်ပရဝဏ်အနီးမှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
အပြည့်အစုံသို့ »

ဇွန်လ(၈)ရက်နေ့တွင် စတင်ဖြန့်ချီမည့် PSY၏ သီချင်းသစ် Hangover


တောင်ကိုရီးယား Hip Hopဂီတ အဆိုတော် PSY၏ သီချင်းဗီဒီယိုသစ် တစ်ပုဒ်ကို ရက်ပိုင်းအတွင်း ထုတ်ဝေမည်ဟု သိရှိရသည်။ Gangnam Style သီချင်းဖြင့် တစ်ကမ္ဘာလုံးအနှံ့ အောင်မြင်မှုများ ရရှိခဲ့သည့်နောက် PSYသည် ဇွန်လ(၈)ရက်နေ့တွင် နောက်ထပ် သီချင်းသစ်ကို ပရိသတ်များထံ မိတ်ဆက်သွားရန် စိုင်းပြင်းနေခြင်း ဖြစ်သည်။ အဆိုပါ သီချင်းသစ်သည် နာမည်ကျော် အမေရိကန် Hip Hopကြယ်ပွင့် Snoop Doggနှင့် ပူးပေါင်း ဖန်တီးထားခြင်းဟု Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။ အမေရိကန်မှ Jimmy Kimmel Live အစီအစဉ်တွင် ယင်းသီချင်းသစ်ကို စတင်မိတ်ဆက်ပြီး ထိုမှတစ်ဆင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြန့်ဝေသွားမည်ဟု ဆိုသည်။ သီချင်းသစ်ကို Hangoverဟု အမည်ပေးထားပြီး PSY၏ ယခင် Hip Hopဂီတ ချဉ်းကပ်ပုံများမှ အလုံးစုံ ကွဲပြားနေမည်ဟု ၎င်း၏ ကိုယ်စားလှယ်က Wall Streetသို့ ပြောကြားခဲ့သည်။

PSYသည် (၂၀၁၂)ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေခဲ့သည့် Gangnam Style သီချင်းဖြင့် တောင်ကိုရီးယား ဂီတရပ်ဝန်းကို ကျော်လွန်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာထိ လူသိများသော ဂီတကြယ်ပွင့်အဖြစ် တောက်ပခဲ့သည်။ အခြားသော သတင်းများအရ Gangnam Styleသည် YouTubeဝက်ဘ်ဆိုက်၏ သမိုင်းတစ်လျှောက် ကြည့်ရှုသူ (၂)ဘီလျံ ပြည့်မြောက်သည့် ဒုတိယမြောက် ဗီဒီယိုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ ဂျက်စတင်ဘီဘာ၏ Babyသီချင် အယ်လ်ဘမ်သည် ဖေဖော်ဝါရီလက YouTubeတွင် ကြည့်ရှုသူ အရေအတွက် (၂)ဘီလျံကိုကျော်လွန်ခဲ့ပြီး ယခုတစ်ဖန် အဆိုပါ စံချိန်ကို Gangnam Styleက လိုက်မီခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network
အပြည့်အစုံသို့ »

တောင်ကိုရီးယား ခရစ်ယာန် သာသနာပြု တစ်ဦးအား သူလျှိုမှုဖြင့် မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်ချမှတ်


   တောင်ကိုရီးယား နိုင်ငံသား ခရစ်ယာန်သာသနာပြု တစ်ဦးအား သူလျှို လုပ်မှုဖြင့်
 အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်ကျခံရန် ပြစ်ဒဏ် ချမှတ် ခဲ့ကြောင်း မြောက်
ကိုရီးယား နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။

                တောင်ကိုရီးယားတွင် ကင်မ်ဂျွန် -၀ူးဟု ခေါ်ဆိုပြီး မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ကင်မ်ဂျွန်အက်ခ်ဟု ခေါ်ဆိုခဲ့သည့် ခရစ် ယာန် သာသနာပြုအား သေဒဏ် ချမှတ်ပေးရန် မြောက်ကိုရီးယား အမှုစစ် အရာရှိများက တရားရုံးသို့ တိုက်တွန်း ပြောဆိုခဲ့သည်။   သို့သော် ကင်မ်သည် မြောက်ကိုရီးယား နိုင်ငံပြိုကွဲအောင် လုပ်ဆောင်မှု၊ သူလျှိုလုပ်မှု၊ နိုင်ငံအစိုးရ ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများ လုပ်ဆောင်မှုနှင့် မြောက်ကိုရီးယား နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုများ ကျူးလွန်မိ ခဲ့ကြောင်း ၀န်ခံခဲ့သည့် အတွက် သေဒဏ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သို့ ပြောင်းလဲ ကျခံခဲ့ရခြင်း ဖြစ်သည်။

                တောင်ကိုရီးယားနိုင်ငံသား ခရစ်ယာန် သာသနာပြုသည် မြောက်ကိုရီးယား နိုင်ငံတွင်း ဘာသာရေးနှင့် ဆန့်ကျင်သော ပြစ်မှုများကျူးလွန်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ၏ မဟာ ခေါင်းဆောင်ကြီးအား ပြည်ပတွင်နာမည် ဖျက်ရန် ကြိုးပမ်းခဲ့ကာ မြောက်ကိုရီးယား နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်ပြီး အစိုးရ ဆန့်ကျင်ရေး ၀ါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြောင်း KCNA က ပြောဆိုခဲ့သည်။

                 မြောက်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အသိအမှတ်ပြု ထားသော်လည်း လက်တွေ့ တွင်မူ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်မရှိဘဲ အစိုးရ နှင့် ပတ်သက်သော အဖွဲ့အစည်းများသည်သာ ဘာသာရေး အရ လှုပ်ရှားလုပ်ဆောင်မှု ရှိနေ သည်။

                   မြောက်ကိုရီးယား အစိုးရသည် နိုင်ငံခြားသား သာသနာပြု ပုဂ်္ဂိုလ်များအား နိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်ရန် ရည်ရွယ်ရှိ သူများအဖြစ် သတ်မှတ်ထားသည်။ တောင်ကိုရီးယား၏ ကိုရီးယားနှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာန သည် ကင်မ်အား ချက် ချင်းပြန် လွှတ်ပေးရန် ဖေဖော်ဝါရီတွင် စောတစ်စောင်ပေးပို့ပြီး တောင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားက လွှတ်ပေးမည်မဟုတ်ကြောင်း တုံ့ပြန်ပြော ဆိုခဲ့သည်။                

   Source:AFP

The Messenger News Daily

အပြည့်အစုံသို့ »

Sewol သင်္ဘောပျက်မှ ရုပ်အလောင်းများ ရှာဖွေရင်း ရေငုပ်သမားတစ်ဦးသေဆုံး




တောင်ကိုရီးယား နိုင်ငံတွင် နစ်မြုပ်ခဲ့သည့် ကူးတို့ရေယာဉ်မှ ရုပ်အလောင်းများ ရှာဖွေနေရင်း ရေငုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ လူပေါင်း(၃၀၀)မျှ သေဆုံးခဲ့သည့် Sewol ရေယာဉ် နစ်မြုပ်မှုတွင် လက်ကျန် အလောင်းများကို ရေငုပ် ရှာဖွေနေရင်း အသက်(၄၆)နှစ်အရွယ် လူတစ်ဦး သေဆုံးကြောင်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ကင်မ်ဟုသာ အမည်ဖော်ပြသည့် ရေငုပ်သမားသည် သင်္ဘောကိုယ်ထည်တွင် အပေါက်ဖောက်နေရင်း အသိမဲ့ မေ့မြောသွားသလို ၎င်း၏ မျက်နှာတဝိုက်မှ သွေးများ ထွက်လာသဖြင့် ရေပြင်ပေါ်သို့ အရေးပေါ် သယ်ဆောင်လာခဲ့သည်။ သို့သော်လည်း ဆေးရုံအရောက်တွင်မူ ၎င်းသေဆုံးသွားခြင်း ဖြစ်သည်။

သောကြာနေ့က ဖြစ်ရပ်တွင် ကင်မ်အနေဖြင့် အဘယ်ကြောင့် သေဆုံးရသည် ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်း ကြေညာချက် ထွက်ပေါ်မလာသေးချေ။ (၆၈၂၅)တန် အလေးချိန်ရှိ ရေယာဉ်ကြီး နစ်မြုပ်ပြီးသည့်နောက် ရုပ်အလောင်းများ ရှာဖွေနေရာတွင် ကင်မ်သည် ဒုတိယမြောက် အသက်ပေးခဲ့ရသည့် ရေငုပ်သမားလည်း ဖြစ်လာခဲ့သည်။ Sewol နစ်မြုပ်မှုတွင် အလောင်း(၂၈၈)လောင်းကို ရှာဖွေတွေ့ရှိပြီး ဖြစ်သော်လည်း မေလ(၂၁)ရက်နေ့နောက်ပိုင်း မည်သည့် ရုပ်အလောင်းမျှ ထပ်မံမတွေ့ရသေးဘဲ ဖြစ်နေသည်။ လက်ရှိအချိန်ထိ ပျောက်ဆုံးစာရင်းဖြင့် အလောင်းမတွေ့သေးသူ အရေအတွက်မှာ (၁၆)ဦး ရှိနေကြောင်းလည်း သိရှိရသည်။
planet Myanmar Network
အပြည့်အစုံသို့ »

တောင်ကိုရီးယားနိုင်ငံ ကျေးလက်ဆေးရုံတရုံတွင် မီးလောင်၊ ၂၁ ဦး သေဆုံး


တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း ဂျေးအိုလာဒေသ ကျေးလက်ဆေးရုံတရုံမှာ ဒီနေ့ မီးလောင်မှုဖြစ်ပွားခဲ့လို့ နာတာရှည် သက်ကြီးလူနာ ၂၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရပါတယ်။

ဒါဟာ နိုင်ငံတွင်း ကူးတို့ယာဉ် နစ်မြုပ်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးမှုအပြီး ဒုတိယမြောက် အကြီးစား မတော်တဆမှု ဖြစ်ပါတယ်။ မီးဟာ ညသန်းခေါင်က စတင် လောင်ကျွမ်းခဲ့တာလို့ ဒေသခံမီးသတ်ဌာနက ဆိုပါတယ်။

မီးကို အမြန်ငြိမ်းသတ်နိုင်ခဲ့ပေမယ့် သက်ကြီးလူနာတွေက လမ်းမလျှောက်နိုင်၊ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်လို့ သေဆုံးမှု များခဲ့တာလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။

မီးလောင်သေဆုံးသူ လူနာအားလုံးက ကုတင်ပေါ်မှာ လဲနေတဲ့ လူနာတွေ ဖြစ်ပြီး သူတို့ကို ဆေးရုံရဲ့ ကနဦးကယ်ဆယ်ရေး အားထုတ်မှုတွေ ရှိခဲ့ပေမယ့် လွတ်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒမ်ယန်မီးသတ်ဌာန ခေါင်းဆောင် လီမင်ဟိုက ပြောပါတယ်။

သေဆုံးသူအားလုံးက မီးခိုးမွန်ပြီး သေဆုံးတာလို့ ဒေသခံ မီးသတ်ဌာန အရာရှိတဦး တယ်လီဖုန်းကနေ ပြောပါတယ်။

ဒီဆေးရုံဟာ ဦးနှောက်ထိခိုက် ဒဏ်ရာရမှု ဒါမှမဟုတ် လေဖြတ်မှုကြောင့် မသန်စွမ်းဖြစ်နေသူတွေ ကာလကြာရှည် ပြုစုကုသရမယ့် လူနာတွေကို ကုတဲ့ဆေးရုံလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံ ဖြစ်ပေမယ့် ဘေးကင်းရေးစံချိန်တွေကို လိုက်နာမှုနဲ့ စည်းကမ်းထိန်းသိမ်းမှု လျော့ရဲတယ်လို့ ဝေဖန်တာတွေကို ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့ကလည်း ဈေးကြီးတခုမှာ မီးလောင်လို့ မီးခိုးတွေနဲ့ အဆိပ်သင့်မှိုင်းတွေ အမြန်ပျံ့လာတဲ့အတွက် လူ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။

မီးနဲ့ မီးခိုးတွေ ပြန့်လာတာကို တားဖို့ ပုံစံထုတ်ထားတဲ့ပစ္စည်းတွေ တပ်ဆင်ထားပေမယ့် အဆောက်အဦအသစ်မှာ အဲဒီပစ္စည်းတွေက အလုပ်မလုပ်ခဲ့ပါဘူး။ မြေအောက်ရထား မတော်တဆမှု ၂ ခုမှာလည်း လူအယောက် ၂၀၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။

DVB Burmese
အပြည့်အစုံသို့ »

အမာခံပရိသတ်တစ်ဦး သေဆုံးခြင်းကြောင့် ကြေကွဲနေသည့် လီမင်ဟို


လီကို ကိုယ်စားပြုသည့် ဖျော်ဖြေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက လီသည် အဆိုပါ ပရိသတ်နှင့် ပတ်သက်၍ အလွန်အမင်း စိတ်ထိခိုက်နေရကြောင်း ဆိုသည်။
အမာခံပရိသတ်တစ်ဦး သေဆုံးခြင်းကြောင့် ကြေကွဲနေသည့် လီမင်ဟို
ကွယ်လွန်သွားသည့် အမာခံ ပရိသတ် တစ်ဦးအတွက် တောင်ကိုရီးယား နာမည်ကြီးမင်းသား လီမင်ဟိုက Twitterမှတစ်ဆင့် အမှတ်တရ ဝမ်းနည်းစကား ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ၎င်းကို အခိုင်အမာ အားပေးသည့် အမျိုးသမီး ပရိသတ်တစ်ဦး သေဆုံးသည့် သတင်းကို ကြားသိခဲ့သည့်နောက် City Hunterစတား မင်းသားက ယင်းအတွက် ကြေကွဲမိကြောင်း ဖွင့်ဟခဲ့ခြင်းလည်း ဖြစ်သည်။

“ကျွန်တော် ခင်ဗျားကို သတိရနေမှာပါ။ အဆုံးတစ်နေ့ထိ ခင်ဗျားအတွက် မျှော်လင့်ချက် တစ်ခုခု ကျွန်တော် ဖန်တီးမပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။ လွန်ခဲ့တဲ့ (၅)နှစ်အတွင်း ခင်ဗျားအနေနဲ့ ကျွန်တော့်အပေါ် ပြသခဲ့တဲ့ နှစ်လိုအားပေးမှုတွေကို တန်ဖိုးထားတဲ့ အနေနဲ့ ပရိသတ်တွေကို မျှော်လင့်ချက်နဲ့ ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးနိုင်တဲ့ မင်းသားတစ်လက် ဖြစ်လာအောင် ကျွန်တော် ကြိုးစားသွားပါမယ်။ ရောက်ရာဘုံဘဝမှာ ခင်ဗျား ပျော်ရွှင်နိုင်ပါစေ”ဟု လီက အဆိုပါ အမည်မသိ ပရိသတ်ကို ရည်စူးပြီး ရေးသားထားခဲ့သည်။

လီကို ကိုယ်စားပြုသည့် ဖျော်ဖြေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက လီသည် အဆိုပါ ပရိသတ်နှင့် ပတ်သက်၍ အလွန်အမင်း စိတ်ထိခိုက်နေရကြောင်း ဆိုသည်။ သို့သော်လည်း ယင်းပရိသတ်၏ အမည်၊ မင်းသားနှင့် မည်သို့မည်ပုံ ရင်းနှီးကျွမ်းဝင်မှု ရှိသည်ဆိုခြင်းတို့ကိုမူ တိတိကျကျ မှတ်ချက်မပေးခဲ့ချေ။ “ရုပ်ရှင်ရိုက်နေရင်းနဲ့ ဒီသတင်းကို သူကြားမိခဲ့တာပါ။ လီက တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ အဲဒီနောက် Twitterပေါ်မှာ ခုလို ဝမ်းနည်းကြောင်း သတင်းစကားကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ လီက တွေ့ဆုံပွဲတွေ၊ လက်မှတ်ထိုးပွဲတွေနဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ပရိသတ်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံလေ့ရှိတယ်။ သူ့ရဲ့ အမာခံ ပရိသတ်တွေဆီက တစ်ဆင့်စကား တစ်ဆင့်နား ပြန်ကြားပြီး ဘယ်သူဘယ်ဝါ နေထိုင်မကောင်း ဖြစ်နေတယ်ဆိုတာ နားစွင့်နေတတ်တယ်။ ခုလိုမျိုး ပရိသတ်တစ်ယောက် ကွယ်လွန်သွားတယ်ဆိုတော့ သူတော်တော် ကြေကွဲသွားတယ်”ဟု ၎င်းက ပြောဆိုသွားသည်။

ယခုကွယ်လွန်သွားသည့် ပရိသတ်သည် လီ၏ ပရိသတ်တွေ့ဆုံပွဲနှင့် အခြားအခမ်းအနားတိုင်းတွင် အစဉ်တစိုက် သစ္စာရှိရှိ တက်ရောက်အားပေးခဲ့သူ ဖြစ်သည်။ ယင်းအမျိုးသမီး ပရိသတ်နှင့် လီတို့ အတူတွဲ ရိုက်ကူးထားသည့် ဓာတ်ပုံကိုလည်း လီ၏ အေဂျင်စီက ထုတ်ဖော်ပြသခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
အပြည့်အစုံသို့ »

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် တိုက်ခန်းအငှားဈေးများ ကျပ် ၂သိန်းအထိ မြင့်တက်လာ


ရန်ကုန်၊ မေ ၂၅- ရန်ကုန်မြို့တွင်း (၆)မြို့နယ်မှ တိုက်ခန်းအငှားဈေး ကွက်များမှာ လတ်တလောကာလ အတွင်း ကျပ် ၂ သိန်း ထပ်မံမြင့် တက်လာသည်ဟု မြို့တွင်းအခြေ စိုက် အိမ်ခြံမြေလုပ်ငန်းရှင်အသိုင်း အဝိုင်းမှ သိရှိရသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှ စတင်ကာ တိုက်ခန်းအ ရောင်း အဝယ်များအေးလာခဲ့ပြီး လက် ရှိ မေလအထိ အရောင်းအဝယ်ထက် ငှားရမ်းနေထိုင်သူများသာ များလာ ကြောင်းသိရသည်။ အငှားဈေးကွက် အလုပ်ဖြစ်လာ မှုနှင့်အတူ တိုက်ခန်းအငှားဈေးနှုန်း များလည်း မြင့်တက်လာ ကာ ယခင် အငှားဈေးများထက် အနည်းငယ်မြင့် တက်လာသည်။ နေထိုင်သူ အများစု မှာ ဝန်ထမ်းများဖြစ်ပြီး စုပေါင်း ငှားရမ်းနေထိုင်မှုပုံစံဖြင့် ငှားရမ်း နေထိုင်လာကြကြောင်း ၎င်းကဆို သည်။

''အခုအခြေအနေတွေက ဘာ မှန်းမသိသေးဘူး၊ တစ်နှစ်စာ အခွန် နှုန်းတွေလျှော့ပေး မယ်ဆိုတဲ့ သတင်း တွေကလည်း ထွက်နေတော့ ဒါသာ အတည်ဖြစ်လာမယ်ဆိုရင် ဈေးတွေ က ပြောင်းလာနိုင်တယ်၊ ဒါကြောင့် တော်တော်များများက မရောင်းကြ သေးဘူး'' ဟု ဗိုလ်တထောင်မြို့နယ် အတွင်းမှ တိုက်ခန်းဝယ်ရောင်းလုပ် ကိုင်သူ ကိုညီညီ က ပြောသည်။

မြို့တွင်းရှိ တိုက်ခန်းပိုင်ရှင် အများစုမှာ အခွန်နှုန်းထားပြောင်း လဲမည့် သတင်းများကြောင့် ဈေး နှုန်း ထပ်မံတက်လာ နိုင်သည့်အတွက် တိုက်ခန်းများကို ရောင်းချခြင်းမရှိ ဘဲ စောင့်ကြည့်နေသည့် အနေအ ထားကြောင့် အဝယ်ဈေးကွက် ထိုင်း နေခြင်းဖြစ်သည်ဟု ဆိုသည်။

မြို့တွင်း (၆)မြို့နယ်အတွင်း အငှားဈေးကွက်အနေဖြင့် လမ်း ကျယ် မြေညီ ထပ်တစ်ခန်းလျှင် ယခင် တစ် လငှားရမ်းခမှာ ကျပ်(၈) သိန်းဝန်းကျင် သာရှိသော်လည်း လက်ရှိတွင် (၁၀) သိန်းဝန်းကျင် အထိ မြင့်တက် လာ ကြောင်း၊ လမ်းကျဉ်းမြေညီ ထပ်တစ် ခန်းလျှင် ယခင် (၄)သိန်းဝန်းကျင်မှ လက်ရှိ (၈)သိန်းအထိ မြင့်တက် လာကာ အထပ်မြင့်အငှားဈေး အနေ ဖြင့်လည်း ၈လွှာရှိ အခန်းတစ်ခန်း လျှင် ယခင် (၁၂၀၀၀၀)ဝန်းကျင်မှ ကျပ် (၂)သိန်းကျော်အထိ မြင့်တက် လာကြောင်း သိရသည်။

T H [--Democracy today Daily Newspaper--]

Yangon Media Group
အပြည့်အစုံသို့ »