Showing posts with label law. Show all posts
Showing posts with label law. Show all posts

ပုဒ်မ ၄၉၄ ။ ။ လင်သို့ မဟုတ် မယားရှိနေစဉ်ကာလအတွင်း ထပ်မံ လက်ထပ်ထိမ်းမြားခြင်း


မည်သူမဆို အသက်ရှင်လျက်ဖြစ်သော လင်ဖြစ်စေ ၊ မယားဖြစ်စေရှိလျှက်နှင့် အခြားတစ်ဦးတစ်ယောက်ယောက်အား လိမ်လည် ထိမ်းမြားလက်ထပ်လျှင် ထိုသူကို (၇ ) နှစ်ထိ ထောင်ဒဏ်အမျိုးမျိုးချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် ။

မူးယစ်ရမ်းကားလျှင် ချမှတ်နိုင်သည့် ပြစ်ဒဏ်

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

ဥပဒေပညာရှင် မပါသော ပထမဆုံး တရားခွင်လက်တွေ့ သရုပ်ပြမှု ဒဂုံတက္ကသိုလ်တွင် ကျင်းပ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဒဂုံတက္ကသိုလ် ဥပဒေပညာဌာန ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြီး လုပ်ငန်းခွင် ဥပဒေပညာရှင် မပါဘဲ ပထမဆုံး တရားခွင် လက်တွေ့သရုပ်ပြ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခချုပ် ဒေါက်တာ မွန်မွန်တာက ပြောကြားသည်။

ပထမအကြိမ် တရားခွင် သရုပ်ပြ အခမ်းအနားကို ဝါရင့်ရှေ့နေကြီးများ အကူအညီနှင့် ကျင်းပခဲ့သော်လည်း ကျောင်းသားများသာ ပါဝင်သော အဆိုပါသရုပ်ပြ အခမ်းအနားကိုမူ နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း ရန်ကုန်ရှေ့နေအသင်း ပြန်ကြားရေးတာဝန်ခံ တရားလွှတ်တော် ရှေ့နေ ဦးသန်းဌေးက ပြောဆိုသည်။

ယင်းအခမ်းအနားအတွက် ရန်ကုန် ရှေ့နေအသင်းက တစ်ပတ်ခန့် ကြိုတင် လေ့ကျင့်ပေးခဲ့ပြီး သရုပ်ပြ အခမ်းအနားအတွက် ကုန်ကျစရိတ် များကိုလည်း တာဝန်ယူထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
“ကျောင်းသားတွေ လုပ်ငန်းခွင်ဝင်တဲ့အခါ အထောက်အကူဖြစ်လို့ နှစ်တိုင်း ဒီလိုကျင်းပသွားမယ်” ဟု ပါမောက္ခချုပ် ဒေါက်တာ မွန်မွန်တာက ပြောကြားသည်။

တရားခွင်သရုပ်ပြ အခမ်းအနားအတွက် အခြားတက္ကသိုလ်များက လာရောက် ကမ်းလှမ်းမှုများ ရှိပါက လိုက်လံ ကူညီရန် စီစဉ်ထားကြောင်း ရန်ကုန် ရှေ့နေအသင်းထံမှ စုံစမ်းသိရှိရသည်။

နှစ်ပေါင်း ၃၅ နှစ်ကြာ ရပ်နားထားသော တရားခွင် သရုပ်ပြအခမ်းအနားကို ယခင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနက ပြန်လည် စတင်ခဲ့သည်။

The Voice Weekly
အပြည့်အစုံသို့ »

ပြစ်မှု၏မူသဘောတရား


ပြစ်မှုဆိုင်ရာဥပဒေ(Criminal Law)သည်အများနှင်သက်ဆိုင်
သောဥပဒေ(Public Law)တရပ်
ဖြစ်သလိုပြစ်မှု(Crime)သည်လည်း
နိုင်ငံတော်ကတားမြစ် ဟန့် တား
ထား၍ပြစ်ဒဏ်ထိုက်သည့်ပြုမူချက်
တစ်ရပ်မည်ပေသည်။ ကျူးလွန်
သည်ဟုဆိုရာ၌ ပြုလုပ်သင့်သည်
ကိုပျက်ကွက်ခြင်း(Omission)
လည်းအကျုံးဝင်ပေသည်။

ပြစ်မှုကျူးလွန်သည်ဟုဆိုရာ၌နိုင်ငံတော်ကပြဋ္ဌာန်းထားသောဥပဒေတစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ခြင်း
ဖြစ်ပေရမည်။ သို့ မှသာသက်ဆိုင်
ရာအာဏာပိုင်များကအရေးယူပြီး
ပြစ်ဒဏ်စီရင်ပိုင်ခွင့်ရှိစေရမည်ဖြစ်သည်။
လူကျင့်ဝတ် ကိုယ်ကျင့်တရား
လူအကျင့်သိက္ခာချိုးဖောက်ရုံမျှဖြင့်
ပြစ်မှုတစ်ရပ်ကျူးလွန်သည်ဟုမဆိုသာချေ။နိုင်ငံတော်ကပြစ်မှုဟုသတ်
မှတ်ထားမှသာလျှင်ပြစ်မှုကျူးလွန်
ရာရောက်ပေသည်။ဥပမာ-ကျေးဇူးရှင်ကိုကျေးစွတ်ခြင်း လိမ်ပြောခြင်း အစားကျူးခြင်း မိဘ
ဆရာတို့ စကားမနာခံခြင်းမလိုက်နာခြင်းများတို့ သည်လူကိုယ်ကျင့်တရားဖောက်
ဖျက်ကျူးလွန်ရာရောက်သော်လည်းး
ပြစ်ဒဏ်ထိုက်မည်ကားမဟုတ်ချေ။
ရေနစ်သူအားမိမိကရေကူးတတါပါလျှက်မကယ်တင်ဘဲနေခြင်း အစား
အစာငတ်ပြတ်နေသူအားမိမိက
ကျွေမွေးနိုင်ပါလျှက်မျက်နှာလွဲခြင်း
များသည်လူကျင်ဝတ်သိက္ခာရှု
ထောင့်မှကြည့်လျှင်များစွာမလျော်
ကန်သည့်လုပ်ရပ်များဖြစ်စေကာမူ
ပြစ်မှုဥပဒေအရပြစ်ဒဏ်ဟူ၍သတ်မှတ်ထားခြင်းမရှိသေးပေ။ပြစ်ဒဏ်ထိုက်မည်လည်းမဟုတ်ချေ။ရုတ်တရက်ခိုက်ရန်ဒေါသဖြစ်ကြပြီးထိုးကြိတ်မိသူများနှင်ပျော်ရွင်ကခုန်ကြရာမှ
သူတပါးပြတင်းပေါက်ကိုချိုးဖျက်မိသူများ၏အပြစ်များမှာအထက်ပါလူမှုရေးပျက်ကွက်မှုများနှင်စာသော်မပြောပလောက်သော်ငြားလည်းပြစ်မှုဆိုင်ရာဥပဒေအရပြစ်ဒဏ်ထိုက်
မည်သာဖြစ်သည်။
ပြစ်မှုနှင့်တရားမနှစ်နာမှု(Tortှု)တို့ ကိုခွဲခြားနားလည်ရန်လည်းလိုအပ်
ပေသည်။ပြစ်မှုသည်တရားမနစ်နာမှုထက်ကြီးလေးသောကျူးလွန်မှု
မျိုးဖြစ်၍ပြစ်ဒဏ်ထိုက်ပြီးတရားမနစ်နာမှုများတွင်လျှော်ကြေးသာ
တောင်းဆိုနိုင်ခွင့်ရှိသည်။ပြစ်မှုများမှာလူအစည်းရုံး(သို့ မဟုတ်)ပြည်
သူအများအားထိခိုက်နစ်နာစေမှု
မျိုးဖြစ်၍တရားမနစ်နာမှုများမှာမူ
တစ်ဦးတစ်ယောက်သောသူ(သို့ 
မဟုတ်)ပုဂ္ဂလိကနစ်နာမှုမျိုးသာလျှငိ
ဖန်တီးပေါ်ပေါက်စေလေသည်။
ပြစ်မှုများမှာတစ်ကိုယ်ကောင်းဆန်
ပြီး ဘယ်သူသေသေငတေမ ပါပြီး
ရော သဘောနှင့်တစ်ချီတည်းအပွကြံ
သောကျူးလွန်မှုမျိုးဖြစ်တတ်ပေ
သည်။ဥပမာ-ဓါးပြတိုက်ခြင်း လိမ်ညာခြင်း သူတစ်ပါးဂုဏ်သိက္ခာကျဆင်းစေရန်အကြံဖြင်တမင်ရည်ရွယ်ပြောဆို
ခြင်းစော်ကားခြင်း ခါးပိုက်နှိုက်ခြင်း
မှောင်ခိုလုပ်ငန်းလုပ်ကိုင်ခြင်းတို့ 
ပင်ဖြစ်သည်။တရားမနစ်နာမှုများ
သည်ပြစ်မှုများတွင်အကျုံးဝင်သည်ဆိုသော်လည်းပြစ်မှုတိုင်းမှာမူတရားမနစ်နာမှုမဟုတ်ပေ။ လက်ရောက်ကျူးလွန်ခြင်း မတရားအကျဉ်းချခြင်း မတရားစွပ်စွဲ
ခြင်း အသရေဖျက်ခြင်းစသည်များ
သည်ပြစ်မှုအနေနှင့လည်းလျော်
ကြေးရလိုမှုစွဲဆိုနိုင်သည်။သို့ သော်
လိမ်လည်အတုလုပ်ခြင်း လက်မှတ်လိမ်ထိုးခြင်း မဟုတ်မမှန်သက်သေခံခြင်း အိမ်ထောင်ရှိလျက်နှင့်မရှိပါဟု လိမ်ညာလက်ထပ်ခြင်း(Bigamy)
လူသတ်မှုများသည်ပြစ်မှုများသာ
လျှင်ဖြစ်သည်။သာမန်ပူးပေါင်းကြံ
စည်ခြင်း မိမိကိုယ်ကျိုးအတွက်အသုံး
ပြုခြင်း ပုဂ္ဂလိကနှောက်ယှက်ငြိုငြင်
စေခြင်းမတရားပစ္စည်းသိမ်းယူခြင်းစသည်များမှာ တးရားမနစ်နာမှုများ
သာဖြစ်သည်။

ပြစ်မှုနှင့်တရားမနစ်နာမှုတို့ ၏အဓိခြားနားချက်များမှာ
၁။ ပြစ်မှုများမှာပြစ်မှုကြောင်းအရတရားစွဲဆိုနိုင်ပြီးတရားမနစ်နာမှုမှာ
တရားမကြောင်းအရသာလျှင်အ
ရေးယူနိုင်သည်။
၂။ပြစ်မှုများတွင်ထောင်ဒဏ် ငွေဒဏ်လိုအပ်သလိုချမှတ်နိုင်ပြီး
တရားမနစ်နာမှုတွင်လျော်ကြေးကိုသာလျှင်ချမှတ်စီရင်နိုင်သည်။
၃။ပြစ်မှုများတွင်တရားရုံးခွင်ပြုချက်
ဖြင့်သာလျှင်အမှုရုပ်သိမ်းနိုင်သည်။
တရားမနစ်နာမှုတွင်မိမိသဘောအရအချိန်မရွေးအမှုကိုရုပ်သိမ်းနိုင်
သည်။
၎။ပြစ်မှုများတွင်ပြစ်မှုဆိုင်ရာကျင့်
ထုံးဥပဒေကိုလိုက်နာရပြီးတရားမမှုများတွင်တရားမကျင့်ထုံးဥပဒေကိုလိုက်နာရသည်။
၅။ပြစ်မှုများတွင်ကာလစည်းကမ်းသတ်ချက်မရှိ တရားမနစ်နာမှုများ
တွင်ကာလစည်းကမ်းသတ်ဥပဒေအရကာလစည်းကမ်းသတ်မှတ်ချက်ရှိသည်။ပြစ်မှုများတွင်ကာလစည်းကမ်းသတ်မရှိခြင်းဆိုရိုးစကားတစ်ရပ်မှာ-
Nullum tempus occurit regi
=No time can prejudice the king or state
ဆိုရိုးစကားမှာ ဘုရင် သို့ မဟုတ်နိုင်ငံတော်ကအရေးယူခြင်းနှင့်ပတ်သက်၍အချိန်ကာလသတ်
မှတ်ချက်မရှိစေရ ဟုဆိုလိုပေသည်။

ပြစ်မှုဆိုင်ရာဥပဒေများနှင့်သက်
ဆိုင်သောဥပဒေဖြစ်ရကားဥပဒေနှင့်ဆန့် ကျင်သောပြုမူချက်တစ်ရပ်ကို
အခြေခံ၍တရားမကြောင်းဖြင့်အ
ရေးယူပိုင်ခွင့်မရှိချေ။ထိုအချက်နှင်ပတ်သက်သောဆိုရိုးစကားတစ်ရပ်
မှာ-Ex turpi causa non oritur
action=No right of action
arises from abase cause.

မတရားမမှန်ကန်သောအချက်ကို
အခြေခံ၍တရားစွဲဆိုပိုင်ခွင့်မရှိဟုဆိုလိုပေသည်။
ဥပမာဆိုသော် အရှုံးအနိုင်လောင်းကစားရာမှရှုံသောသူက ငွေစက္ကူအတုပေးခဲ့သော်
ထိုငွေစက္ကူအတုရသောကြောင့်နစ်နာပါသည်ဟုတရားစွဲဆိုပိုင်ခွင့်မရှိချေအကြောင်းမှာဥပဒေနှင့်ဆန့်ကျင်
သောလောင်းကစားမှုမှပေါ်ပေါက်
လာသောကြောင့်ဖြစ်သည်

ဥပဒေ သုတ
အပြည့်အစုံသို့ »

ယာဉ်ကြီးနဲ့ယာဉ်ငယ် မတော်တစ တိုက်မှူဖြစ်ပွားရင် ယာဉ်ငယ်ကနိုင်တယ်ဆိုတဲ့ အယူအဆ မှားသလား မှန်သလား


ယာဉ်ကြီးနဲ့ယာဉ်ငယ် မတော်တစ တိုက်မှူဖြစ်ပွားရင် ယာဉ်ငယ်ကနိုင်တယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းသောယူဆချက်များသာဖြစ်ပါတယ် ဥပဒေမှာတော့ အမှားကျူးလွန်သူသာလျင် အပြစ်ရှိပါတယ်လို့ ဖော်ပြပါရှိထားပါတယ် ထို့အပြင်စက်တပ်ယာဉ်က လမ်းကူးသူ သို့မဟုတ် အနှေးယာဉ်ကိုရှောင်ရင်း တစ်ခြားတစ်ဖက်ဖက်က လူတစ်ဦးဦးကိုဖြစ်စေ တိုက်မိလို့ သေဆုံးသွားခဲ့လျင် လမ်းကူးသူ သို့မဟုတ် အနှေးယာဉ် အပါအဝင် စက်တပ် ယာဉ်မောင်းပါ အရေးယူခံရမှာဖြစ်တဲ့အပြင် ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ် ဒါကိုတော့ သတိပြုစေချင်ပါတယ် ထို့ကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဖို့အရေးကြီးလှပါတယ်

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

အခွန်လွတ်သာသနာမြေလျှောက်ထားပုံ


သာသနာမြေလှူဒါန်းလိုသော ပုဂ္ဂိုလ်သည် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် စည်းမျဉ်းဥပဒေ အပိုဒ် ၃၀ အရလည်းကောင်း ၊ အောက်မြန်မာနိုင်ငံ ကျေးရွာများနည်းဥပဒေ အခန်း၆ ၊ ပုဒ်မ ၅၁ (၁) အရလည်းကောင်း ၊ ခရိုင်ဝန် (ခရိုင်အုပ်ချုပ်ရေးမှူး ) ထံလျှောက်ထားရပါသည် ။ လျှောက်ထားသူသည် ဂေါပကအဖွဲ့  ( သို့ မဟုတ်) သာသနာရေးအဖွဲ့ အစည်း (သို့ မဟုတ်) ကျောင်းထိုင်ဘုန်းတော်ကြီး (သို့ မဟုတ်) ဒကာ ၊ဒကာမများက လျှောက်ထားရပါမည် ။

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

ခုနောက်ပိုင်း media တွေမှာဖော်ပြနေတဲ့ ကျူးကျော် ကိစ္စ ဥပဒေ


ခုနောက်ပိုင်း media တွေမှာဖော်ပြနေတဲ့ ကျူးကျော် ကိစ္စတွေကို ကျွန်တော် သိသလောက်ရှင်းပြချင်ပါတယ် "မြေယာ ကျူးကျော်နဲ့ ပတ်သက်ပြီးသိသင့်တဲံဥပဒေရှိပါတယ် သူတစ်ပါးပိုင်မြေ သို့ မဟုတ် အစိုးရဌာနပိုင်မြေပေါ် ကျူးကျော်နေထိုင်သူများကို မူလမြေပိုင်ရှင် သို့ မဟုတ် အစိုးရဌာနပိုင်မြေ ဖြစ်က ဖယ်ရှားလို က သက်ဆိုင်ရာဌာနဧ။် အမိန့် စာထုတ်ပြန်ကာ မဖျက်ခင် notic စာကပ်မှာဖြစ်ပါတယ် ဘယ်နှစ်ရက်အတွင်းပြောင်းရွှေ့ ပါဆိုတာ လုပ်ထုံးလုပ်နည်းဖြစ်ပါလိမ့်မယ် ထိုသတ်မှတ်ရက်အတွင်းကျူးကျော်နေထိုင်သူက မိမိအဆောက်အဦးကို ဖြုတ်သိမ်းလိုက ဖြူတ်သိမ်းနိုင်ပါတယ် သတ်မှတ်ရက်ကျော်လွန်ရင်တော့ ကျူးကျော်နေထိုင်သူ အပြစ်သာဖြစ်ပါတယ် ဥပဒေမှာပါတဲ့အချက်အရ မူလမြေပိုင်ရှင်က ကျူးကျော်နေထိုင်သူတွေကို တရားစွဲလို့  ရပါတယ် သို့ မဟုတ် အစိုးရဌာနပိုင်မြေဆို ပိုဆိုးပါတယ် အစိုးရပိုင်မြေပေါ် ကျူးကျော်နေထိုင်လျင် ထိုနေထိုင်သောကာလအတွက် ကျူးကျော်နေထိုင်သူက ဒဏ်ငွေပေးဆောင်ရပါတယ်။

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

ပုဒ်မ ၁၄၄


ပုဒ်မ-၁၄၄-ရဲ့  အမိန့် ကို ထုတ်ပြန်လိုက်တာနဲ့  ပြည်သူတွေဟာ လူ( ၅ ) ဦးထက် မစုရတော့ပါဘူး ။ lလူစုပြီဆိုရင် သက်ဆိုင်ရာ အဓိကရုဏ်းနှိမ်နှင်းရေးအဖွဲ့ တွေက လက်နက်ကိုင်အင်အား အပြည့်နဲ့  ဆန္ဒပြလူုစုလူအုပ် ရှေ့မှာ ရှိနေရပါလိမ့်မယ် ။ ဒီ့နောက်မှာ သံဆူးကြိုးတားထားပေးရပါတယ် ။ အရေးပေါ်ဆေးရုံလူနာတင်ကားတွေကို သေသေချချာ ရှိနေရပါလိမ့်မယ် ။ ဆေးရုံမှာလဲ တာဝန်ကျဆရာဝန်တွေကို ပြည့်ပြည့်စုံစုံ ရှိနေရပါတယ် ။ အဲဒီအချိန်မှာ လူအုပ်လူစုက ဆန္ဒပြနေရာက လူ ( ၅ ) ဦးထက်ကျော်ပြီးသား ဖြစ်နေတဲ့ အတွက် ပုဒ်မ္မ-၁၄၄- အမိန့် ကို ချိုးဖေါက်ပြီးသားဖြစ်နေပြီမို့  သံဆူးကြိုးကို ကာထားရာကနေပြီး မကျူးကျော်လာဖို့ ကို လူအုပ်လူစု ကြားအောင် အသံချဲ့ စက်နဲ့  အော်ပြောရပါတယ် ။ ဒါတွေကိုတောင်မှ လူအုပ်လူစုက လက်မခံဘဲနဲ့  သံဆူးကြိုးကာထားတာကို ကျော်ဖြတ်ပြီး အတင်းဝင်ရောက်လာမယ်ဆိုရင် ဒါဟာ ဥပဒေကို ချိုးဖေါက်သွားပြီမို့  ဥပဒေရဲ့ ဒီ၈ရီအတိုင်း ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သံဆူးကြိုးကာထားတာများကို ကျော်ဖြတ်တဲ့ အတွက် ဆန္ဒပြလူအုပ်ကို ပထမဦးစွာ မျက်ရည်ယိုဗုံးကို အသုံးပြုရပါတယ် ။ မျက်ရည်ယိုဗုံးကို အသုံးပြုသော်ငြားလဲ လူအုပ်လူစုက အတင်းရှေ့ဆက်ပြီး အကြမ်းဖက်လှုပ်ရားလာလို့  ထိမ်းမနိုင် သိမ်းမရ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်လာနိုင်တယ်လို့  သတ်မှတ်ရပြီဆိုရင် သေနတ်နဲ့  ပစ်ဖို့  အမိန့် ပေးရတော့မှာဖြစ်ပါတယ် ။ ဒါဟာ ဥပဒေပုဒ်မ္မ-၁၄၄- ရဲ့ အမိန့် ကို ဆောင်ရွက်ရတာဖြစ်တယ် ။ ဒီတော့ခါ သေနတ်နဲ့ ပစ်တဲ့ အခါ မိုးပေါ်ထောင်ပစ်လို့  မရဘူးဆိုတာ ဥပဒေ ပုဒ်မ္မ-၁၄၄- မှာ ဖွင့်ဆိုထားတာပါ ။ လူအုပ်လူစုဟာ သေနတ်နဲ့  ပစ်တဲ့ အခါ မိုးပေါ်ထောင်ပစ်လို့ ရှိရင် သူတို့ ကို တကယ်မပစ်ဘူးဆိုတဲ့  အသိဝင်သွားပြီးတဲ့ နောက် အတင့်ရဲပြီးတော့ နဂိုရ်ထက် အကြမ်းဖက်မှုများကို ပြုလုပ်တတ်တဲ့  အကျင့်ရှိနေတတ်ပါတယ် ။ ဒါကြောင့် သေနတ်နဲ့  ပစ်တဲ့ အခါ လူအုပ် လူစုကို ပစ်ရပါတယ် ။ ပစ်တဲ့ အခါမှာလဲ အဆူအပူဆုံး လူစုကို ပစ်ရပါတယ် ။ ဆန္ဒပြတဲ့ အခါမှာ ခေါင်းဆောင်တွေရှိတဲ့ နေရာဟာ အဆူအပူဆုံး နေရာဖြစ်တာမို့ တည့်တည့်ပစ်ရပါတယ် ။ အဲဒီလိုပစ်ပြီးမှ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ သေဆုံးသွားတဲ့ သူတွေကို အရေးပေါ်ဆေးရုံ လူနာတင်ကားနဲ့  ချက်ချင်း တင်ယူသွားရပါတယ် ။ လူအုပ်လူစုဟာ ဒီလိုထိထိရောက်ရောက် ပစ်ခတ်နှိမ်နှင်းမှသာ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့် ပြီး သူတို့ ရဲ့  အသက်အန္တရယ်ကို စိုးရိမ်ရလာတဲ့ အတွက် နောက်ဆုပ်သွားကြတာမျိုးဖြစ်တတ်ပါတယ် ။ ဒါကြောင့် ပုဒ်မ္မ-၁၄၄- အမိန့် ကို ထုတ်ပြန်ပြီးလို့  ရှိရင် ဒီလို ဥပဒေရဲ့  အကာအကွယ်နဲ့ ဥပဒေရဲ့  အမိန့် ဒီဂရီတွေကို စောင့်ရှောက်ခံယူ လိုက်နာခြင်းနဲ့  တာဝန်ယူခြင်းများကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ် ။ - ပြည်သူတွေက မလိုက်နာလို့  ရှိနေရင် ခုနက တင်ပြထားတဲ့ အတိုင်း ဆောင်ရွက်စရာတွေကို ဆောင်ရွက်ကြပါလိမ့်မယ် ။

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

အသားရေဖျက်မှုနဲ့  ပြစ်ဒဏ်


မည်သူမဆိုအခြားလူတစ်ဦးဦးဧ။် အသားရေကိုဖျက်ကြောင်း စစ်ဆေးပေါ်ပေါက်လျင် ၊ ထိုသူကို ၂ နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည် ။

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

သဘာဝမကျသည့် လိင်ဆက်ဆံမှုပြုခြင်း (ပုဒ်မ ၃၇၇)


ပုဒ်မ ၃၇၆ လူအများစု သိပြီးဖြစ်ပေမဲ့ ပုဒ်မ ၃၇၇ အကြောင်းသိတဲံသူနဲသေးတဲ့အတွက် ရှင်းပြချင်ပါတယ် ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် သဘာဝမကျသည့် လိင်ဆက်ဆံမှုပြုခြင်း ယောကျာ်းအချင်းချင်း ပြုကျင့်ခြင်း ၊ တိရိစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေတခု ဖြစ်သည်။

အခြားဆက်စပ်အကြောင်းအရာများ



ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

၄၁၃ ။ ပုဒ်မ ၄၁၂ အရ ရေးပေါ်အခြေ အနေ ကြောညာသည့်ကိစ္စရပ်နှင့် ပတ်သက်သည့်ဥပဒေ


တိုင်းပြည်အတွင်းပြည်တွင်းမငြိမ်မသက်မှုများဖြစ်ပေါ်လျင် ကျင့်သုံးနိုင်သည့်အမိန့် ဥပဒေ

(ခ) နိုင်ငံတော် သမ္မတ သည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ်ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များ ကို လည်းကောင်း ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့်သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များ ကိုလည်းကောင်း သတ်မှတ်ပေးရမည် ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက် အာဏာပိုင် တစ်ဦးဦး ကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

အလေးအချိန်အတွယ် တင်းတောင်းနှင့် အတိုင်းအတာဆိုင်ရာပြစ်မှူများ (အလေးခိုးခြင်း) ၂၆၄ / ၂၆၅


မည်သူမဆို မမှန်သော အလးကိုဖြစ်စေ ၊ မမှန်သော အတိုင်းအတာကိုဖြစ်စေ လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် အသုံးပြုလျင် ၊ သို့ တည်းမဟုတ် အလေး တင်းတောင်း အတိုင်းအတာတစ်ခုခုကို ၊ထိုအလေးတင်းတောင်းအတိုင်းအတာနှင့်ကွဲလွဲသော အလေး တင်းတောင်း အတိုင်းအတာအဖြစ် လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်အသုံးပြုလျှင် ၊ ထိုသူကို ၁ နှစ်အထိထောင်ဒဏ် အမျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည် ။

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »

ပုဒ်မ ၃၁၂ - ကလေးဖျက်ချခြင်း


ပုဒ်မ ၃၁၂ ။ ။(ကလေးဖျက်ချခြင်း ) မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမဧ။် အသက်ကို ကယ်ဆယ်လိုသော သဘောရိုးဖြင့်မဟုတ်ပဲ ၊ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်စေရန် ၊ မိမိအလိုအလျောက်ပြုလျင် ၊ ထိုသူကို ၃ နှစ်အထိထောင်ဒဏ်အမျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ။ ကိုယ်ဝန်ဆောင်မိန်းမသည် လှုပ်ရှားသော ကိုယ်ဝန်နှင့် ဖြစ်လျှင် ထိုသူကို ၇ နှစ်အထိထောင်ဒဏ် အမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လဲချမှတ်နိုင်သည် ။ ( ### မိမိ ကိုယ်ဝန်ကို မိမိပျက်စေသော မိန်းမသည် အထက်ပါုပုဒ်မနှင့် အကျုံးဝင်သည်)

ဥပဒေအကြောင်းသိကောင်းစရာ
အပြည့်အစုံသို့ »