Showing posts with label learn-english. Show all posts
Showing posts with label learn-english. Show all posts

အင်္ဂလိပ်စကားပြော စာကြောင်းတိုများ



(1) Rightly or wrongly,..
မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ....

(2) More's the pity!
ဝမ်းနည်းစရာ ကောင်းလိုက်တာ။

(3) Not a pretty sight!
လူမြင်လို့ မကောင်းပါဘူးကွာ။

(4) Listen everyone!
အားလုံး..နားထောင်ပေးကြပါ။

(5) Have the heart?
စိတ်ပါရဲ့လား။

(6) So sudden!
ဘာတွေ...ပြာယာခတ်နေတာလဲ။

(7) It's not intentional!
တမင်လုပ်တာ..မဟုတ်ပါဘူး။

(8) Cross my heart!
ဘုရားစူးရပါစေရဲ့။
(ငါ..တစ်ကယ် ပြောနေတာပါ။)

(9) How astonishing!
ဘယ်လောက် အံ့သြဖို့ ကောင်းလဲ။

(10) That's not chicket!
ဒါ..မတရားဘူး။

(11) Don't talk rot!
မဟုတ်တာ..မပြောနဲ့။

(12) I'm like you!
ကျွန်တော်လည်း ခင်ဗျားလိုပဲ။

(13) Nice chat!!!
စကားပြောရတာ အာတွေ့တယ်။

(14) That's it!
ဒါပေါ့။ (ဟုတ်ပါ့)

(15) All is forgiven!
ရပါတယ်။ဗွေမယူပါဘူး။
(အားလုံးကို ခွင့်လွှတ်ပါတယ်)


(1) How's by you?
အခြအနေ..ဘယ်လိုလဲဗျ။

(2) God bless you!
ဘုရားသခင် ကောင်းချီးပေးပါစေ။

(3) What happened next?
နောက် ဘာဆက်ဖြစ်လဲ။

(4) Not any feeling!
ဘာ..ခံစားချက်မှ မရှိပါဘူး။

(5) Not only that!
အဲဒါတင် ဘယ်ကမလဲ။

(6) Stairs is stairs!
နဂိုရှိမှ နဂိုင်းထွက်တာပါကွာ။

(7) Go chase yourself!
သွားစမ်းပါ..။(ငါ့ဆီလာမရှုပ်စမ်းနဲ့။)

(8) Going to complain!
တိုင်ပြောလိုက်မှာနော်။

(9) Make no mistake!
မမှားစေနဲ့။

(10) Mind your head!
ခေါင်းတိုက်မိမယ်။သတိထား။

(11) Hold your horses!
စိတ်ထိန်း...စိတ်ထိန်း။

(12) It all depends!
အခြေအနေအရပဲ။

(13) All in all,...
အတိုချုံး..ပြောရရင်...

(14) Couldn't be happier!
ဒီ့ထက် ပျော်စရာကောင်းတာ မရှိတော့ဘူး။
(အရမ်းကို ပျော်တာပဲ။)

(15) Tell me another!
တော်စမ်းပါ...။(မင်းပြောတာ မယုံဘူး။)


(1) Surprised to see you!
မင်းကို တွေ့လိုက်ရတော့ အံ့အားသင့်သွားတာပဲ။

(2) There you go again!
မင်းကတော့..လုပ်ချလိုက်ပြန်ပြီ။

(3) What's it to you?
မင်းနဲ့ ဆိုင်လို့လား။

(4) Stay away from him!
သူနဲ့...ကင်းကင်းနေပါ။

(5) You're my age.
မင်းနဲ့ငါ..အသက်တူတယ်။

(6) Long time no see!
မတွေ့ရတာ ကြာပြီနော်။

(7) Back in a moment!
ချက်ချင်း ပြန်လာပါ။

(8) Are you day dreaming?
ဘာတွေများ အတွေးနယ်လွန်နေတာလဲ။

(9) I cross my heart!
ကျိန်ပြောရဲတယ်..တစ်ကယ်ပါ။

(10) I think you can!
မင်းလုပ်နိုင်မယ်လို့ ငါထင်တယ်။

(11) It fits just right!
အနေတော်ပါပဲ။

(12) Sorry to bother you!
ဒုက္ခပေးသလိုဖြစ်သွားတာ တောင်းပန်ပါတယ်။

(13) You're most understanding!
ခင်ဗျားက အရမ်းနားလည်ပေးတတ်တာပဲ။

(14) Nice talking to you!
ခင်ဗျားနဲ့ စကားပြောလို့ သိပ်ကောင်းပါရဲ့..။

(15) I'd better get going!
သွားလိုက်ဦးမယ်ဗျာ။ ။

(ပထမဆုံးစာအုပ်ဖြစ်တဲ့ နေ့စဉ်သုံးအင်္ဂလိပ်စကား Daily English Expressions ကို အားပေးဝယ်ယူကြတဲ့ အင်္ဂလိပ်စာချစ်သူများအား အထူးကျေးဇူးတင်ရှိပါတယ်။ဒုတိယစာအုပ်ဖြစ်တဲ့ အင်္ဂလိပ်စကားပြောအတိုများ Short Conversations In Use စာအုပ်လည်း မကြာခင် ထွက်လာတော့မှာမို့ ဆက်ပြီး အားပေးကြပါဦး..လို့။)

--------------------<<< ဂိုဂို-ဆေးတက္ကသိုလ်>>>----------------------
အပြည့်အစုံသို့ »

အရာဝတ္တု တခုခုကို 'white elephant' 'ဆင်ဖြူ ' လို့ ပြောလိုက်ရင် ဒီအရာဝတ္တုက ငွေကုန်ကြေးကျများပြီး ဘာမှအသုံးမကျတာကို ဆိုလိုတာပါ။




ဥပမာ A lot of the stadiums built for the Olympics are now just white elephants. လို့ပြောရင် 'အိုလံပစ်အားကစား ပြိုင်ပွဲအတွက် ငွေကုန်ကြေးကျခံပြီး တည်ဆောက်ခဲ့တဲ့ အားကစားရုံတွေဟာ အခုအခါမှာတော့ ဘာမှ အသုံးမဝင်တော့ဘူး' လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

'white elephant' အသုံးအနှုန်းက ထိုင်းနိုင်ငံကနေ စတင်တာလို့လည်း ပြောကြပါတယ်။ ထိုင်းဘုရင်က သူမကြည်တဲ့ လူတွေကို ဆင်ဖြူ လက်ဆောင်ပေးလေ့ရှိတယ်တဲ့။ အကြောင်းရင်းကတော့ ဆင်ဖြူတွေဟာ ကြည့်ရှုစောင့်ရှောက်ဖို့ စရိတ်များပြီး အသုံးမကျတဲ့အတွက် ဆင်ဖြူတွေကို လက်ဆောင်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ (Alpha)
Radio Australia - Myanmar
အပြည့်အစုံသို့ »

Meeting New People - အင်္ဂလိပ်စာ


Jam : The Web Design Company that Teaches You English



၅. မျက်နှာစိမ်းများနှင့် တွေ့ဆုံနှုတ်ဆက်ခြင်း(Meeting New People)



ဒီနေ့ဟာ Sanjeev တစ်ယောက် Jam ကိုရောက်တဲ့ပထမဆုံးနေ့ပါ။ သူဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ တွေ့ဆုံ နှုတ်ဆက်နေပါတယ်။

"Sanjeev မင်းကို Jeef Delini နဲ့မိတ်ဆက်ပေးပါရစေ။ သူကအရမ်းတော်တဲ့ Designer လေ။ ပြီးတော့ ကျွန်မတို့ရဲ့ ကွန်ပျူတာ ကျွမ်းကျင်သူလည်း ဖြစ်တယ် တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ။ ကျွန်တော် လည်း တွေ့ရတာ ဝမ်းသာပါတယ် ပြီးတော့ ဒါက Maria Sanchez ပါ။ ကျွန်မတို့ရဲ့ Office Manager ပေါ့။ သူကစပိန်နိုင်ငံကပါ။ တွေ့ရတာဝမ်းသာပါတယ် Maria တွေ့ရတာဝမ်းသာပါတယ်ရှင် အဲ့ဒီနောက်တော့ Sanijeev ဟာသူရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်တွေအကြောင်း ပိုသိလာဖို့ ကြိုးစားပါတယ်။



ဒီမှာအလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ

Jeff "နှစ်နှစ်လောက်ရှိပြီခင်ဗျ

ဒီမှာခင်ဗျား ဘာလုပ်ရလဲ

ကျွန်တော်က websites တွေကို ဒီဇိုင်းဆွဲပေးရတယ်။ ပြီးတော့သူများတွေ နားမလည်တဲ့ နည်းပညာဆိုင်ရာလုပ်ငန်းတွေ လုပ်ရတယ်ပေါ့ဗျာ



"Maria ခင်ဗျားရော ဒီမှာဘာလုပ်ရလဲ ကျွန်မကတစ်ရုံးလုံးကို လည်ပတ်အောင်လုပ်ရတယ်။ ဖုန်းဖြေတာကအစ စာရင်းအင်းတွေကို ကြည့်ပေးတာအထိ အကုန်လုံးပါပဲဟာ၊ ခင်ဗျားတော်တော် အလုပ်များမှာ ပဲနော်ကဲ Sanjeev တစ်ယောက် မိမိရဲ့ လုပ်ငန်းခွင်ကို လာလည်တယ်လို့ စိတ်ကူးယဉ်ကြည့်ပါမယ်။



Sanjeev နဲ့စကားပြောရအောင်လို့ ကိုယ်ပြောမယ့် အပိုင်းလေးတွေကို ချရေးကြည့်ပါဦး။ ဟဲလို။ တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျားဒီမှာ ဘာလုပ်ရသလဲ ဒီမှာအလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ သိတဲ့ စာလုံးတွေရှိရင်လည်း အဘိဓာန်ကို သုံးပါနော်။



ကဲ။ သူတို့ပြောသွားတဲ့ စကားတွေကို နည်းနည်းအသေးစိတ် လေ့လာကြည့်ရအောင်။ ကိုယ်ကအခြားမျက်နှာစိမ်း နှစ်ယောက်ကို သူတို့အချင်းချင်း မိတ်ဆက်ပေးချင်ရင်May I introduce you to (Name).This is (Name).



မိတ်ဆက်ပေးရင်းနဲ့မှ သူတို့အကြောင်းလည်း နည်းနည်း ထပ်ပြောပေးလေ့ ရှိပါတယ်။

He's a brillant designer, and our computer expert.

And this is Maria Sanchez, our office manager.

She's from Spain.

ဒီနေရာမှာ လောလောဆယ် ကိစ္စကိုပြောတာမို့လို့ "simple present tense" ကိုသုံးပါတယ်။

သူများက မိတ်ဆက်ပေးပြီးရင် ကိုယ်ကဒီလိုပြန်ပြောကြပါတယ်။

Nice to meet you!

Nice to meet you, too!

Pleased to meet you!

Pleased to meet you, too!

ဒီနေရာမှာ ခုမှတွေ့တာမို့လို့ 'Meet' လို့သုံးတာပေါ့။ သိပြီးသားသူချင်းတွေ့ရင် "Pleased to see you" လို့သုံးပါတယ်။

1.

Q. How long have you worked here?

A. For about two years.

မေးခွန်းက အလုပ်စဝင်တဲ့ အချိန်ကနေပြီး အခုထိလို့မေးချင်လို့ Present Perfect (have + past participle) သုံးပြီးမေးထားပါတယ်။ ကြာမြင့်ချိန်အရှေ့မှာ for ထည့်ပြီးဖြေသွားတာကို သတိပြုပါ။

2.

Q. What do you do here?

A. I design websites and do the technical stuff that no one understands.

A. I run the office, everything from answering the phone to looking after the accounts.

ဒီမေးခွန်းရဲ့ အဖြေကလည်း နေ့စဉ်လုပ်ငန်း အကြောင်း ပြောတာဖြစ်လို့ "Simple Present tense" ပါပဲ။

ဒီစာဖတ်ပြီး သူငယ်ချင်းတွေနဲ့ လေ့ကျင့်ကြည့်ဦးနော်။

Happy Learning English!

ပေါ့ပါးပျော်ရွှင်စွာ အင်္ဂလိပ်စာ သင်ယူနိုင်ပါစေ။

(Daw May May Win, MA (English) (YU), MA (TESOL) (Lancaster University) မှ မြန်မာဘာသာ ပြန်ဆို ရေးသားထားပါသည်။)

Internet Journal
အပြည့်အစုံသို့ »

Shall နှင့် Should ကွဲကွဲ ပြားပြား အသုံးပြုံပုံ



အင်္ဂလိပ်စာ အရေးအသားနဲ့ အပြောအဆိုမှာ Should ကို အသုံးများ ကြ ပေမယ့် Second language speaker များက Shall ကို အသုံးနည်း ပါတယ်။ အကြောင်း ကတော့ အသုံးပြုရမယ့် နေရာကို သေသေချာချာ မသိကြ လို့ပါ။ ဒါကြောင့်မို့ မျှဝေ ပေးလိုက် ရပါတယ်။


Should ကို အကြံပေးခြင်း (Giving advice) နဲ့ ထောက်ခံပေးခြင်း (Making a recommendation) တို့မှာ အသုံးများ ပါတယ်။

ဥပမာ - You should read this post carefully.

Should က ဖြစ်ပြီး ပျက်ပြီး ကိစ္စ တွေအပေါ် နောင်တ ရတဲ့ အခါကျရင် လည်း အသုံးများပါ သေးတယ်။ အဲ့ဒီအခါကျ Should တစ်လုံးတည်း မဟုတ်ပဲ Should နဲ့ have ကို ပေါင်းပြီး Should've ကို အသုံးပြု ပါတယ်။

ဥပမာ - I should’ve studied harder.

Shall ကို တောင်းဆိုမှု (Offer) မှာ အသုံးပြု ပါတယ်။
ဥပမာ - Shall I pick you up from the airport?


ပြီးတော့ shall ကို အနာဂတ် အကြောင်း ပြောဆိုတဲ့ အခါ အသုံးပြု ပါတယ်။ သိုပပေမယ့် အများစုမှာ Will ကို အသုံးပြုတာ အကောင်းဆုံး ပါပဲ။

ဥပမာ - I shall stop soon. = I will stop soon.

ဒီလောက်ဆိုရင် Shall နဲ့ Should ကို ကွဲကွဲ ပြားပြား အသုံးပြု နိုင်ပြီ လို့ မျော်လင့် ပါတယ်။
.
Ref: Learn English
အောင်ခမ်း (www.innewsmyanmar.com)
အပြည့်အစုံသို့ »

နေ့စဉ်သုံး..အင်္ဂလိပ်စကား (၉၃)


ဒီနေ့တော့..နေ့စဉ်သုံး အင်္ဂလိပ်စကားတွေထဲက Even though, What's taking so long? နဲ့ Can't make it တို့ကို ရွေးကောက် ဖော်ပြပေးလိုက် ပါတယ်။

(1) Even though
------------------
ဆန့်ကျင်ဖက် အကြောင်းအရာနှစ်ခုကို ဖော်ပြချင်တဲ့အခါ "..ပေမယ့်" လို့ မြန်မာလို သုံးပြောကြပါတယ်။အင်္ဂလိပ်လိုကတော့..Even though ပေါ့။

(a) Even though he is rich and successful,he is not a happy person.
သူက ချမ်းသာပြီး အောင်မြင်နေပေမယ့် ပျော်ရွှင်ရွှင်နေရတဲ့ လူတစ်ယောက် တော့ မဟုတ်ဘူး။

(b) Samsung Galaxy s5 is very good.So,even though it is expensive,most people use it.
ဆန်ဆောင်း ဂလက်ဆီ အက်စ်ဖိုက်က အရမ်းကောင်းတာပဲ။ဒါကြောင့်လည်း ဈေးကြီးပေမယ့် လူအများစု သုံးနေကြတာပေါ့။

(2) What's taking so long?
-----------------------------
တစ်စုံတစ်ခုဟာ အချိန်ကြာနေရင် "ဘာလို့ ဒီလောက်ကြာနေရတာလဲ"လို့ မေးတတ်ကြပါတယ်။အင်္ဂလိပ်လိုWhat's taking so long?ကိုသုံးပြီးမေးနိုင် ပါတယ်။

(a) We've been waiting for the bus for an hour. What's taking so long?
ငါတို့ ဘတ်စ်ကားစောင့်နေရတာ တစ်နာရီရှိပြီ။ဘာကြောင့် ဒီလောက်ကြာနေ တာလဲကွာ။

(b) He still hasn't arrived.What's taking so long?
သူ အခုထိ ရောက်မလာသေးဘူး။ဘာလို့ ကြာနေတာလဲ။
ံHe's stuck in traffic.
သူ မီးပွိုင့်မှာ ကားပိတ်မိနေလို့ပါ။

(3) Can't make it
----------------------
အကြောင်းတစ်ခုခုကြောင့် အစည်းအဝေး ဒါမှမဟုတ် အခြားလူမှုရေးပွဲတစ်ခု ခုကို မတက်ရောက်နိုင်ရင်.. "လာနိုင်မှာ မဟုတ်ဘူး"...လို့ ပြောတတ်ကြပါ တယ်။ အင်္ဂလိပ်လိုတော့ Can't make it လို့ ပြောနိုင်ပါတယ်။

(a) My wife and I are having a party on Friday night.Can you come?
ငါနဲ့ ငါ့မိန်းမ သောကြာနေ့မှာ ပါတီပွဲ ကျင်းပမလို့။မင်း လာနိုင်မလား။
Sorry,I can't make it.I have other plans.
စိတ်မကောင်းလိုက်တာ။ငါမလာနိုင်ဘူးကွာ။တစ်ခြား အစီအစဉ်တွေ ရှိနေလို့ ပါနော်။

(b) The meeting starts at 3 o'clock sharp.
အစည်းအဝေးက ၃ နာရီတိတိမှာ စမယ်။
I can't make it by three.I'll be a little late.
သုံးနာရီတော့ ငါလာနိုင်မှာ မဟုတ်ဘူး။နဲနဲတော့ နောက်ကျမယ်နော်။

အင်္ဂလိပ်ဘာသာ လေ့လာစရာ
အပြည့်အစုံသို့ »

နေ့စဉ်သုံး..အင်္ဂလိပ်စကား (၉၁)


ဒီနေ့တော့..နေ့စဉ်သုံး အင်္ဂလိပ်စကားတွေထဲက That's funny, Any minute now နဲ့ How soon တို့ကို ရွေးကောက် ဖော်ပြပေးလိုက်ပါတယ်။

(1) That's funny
-----------------
အကြောင်းကိစ္စတစ်ခုဟာ ဖြစ်သင့်တဲ့အချိန်မှာ ဖြစ်မလာခဲ့ရင် "ထူးဆန်းလှ ပါလား"လို့ ပြောတတ်ကြပါတယ်။အင်္ဂလိပ်လို ပြောချင်ရင်တော့.. That's funny ကို သုံးလိုက်ပါ။

(a) Did you get my letter?
ငါ့စာ..ရရဲ့လား။
No.
ဟင့်အင်း။မရဘူး။
That's funny.I mailed it two weeks ago.
ထူးဆန်းလိုက်တာကွာ။လွန်ခဲ့တဲ့ နှစ်ပတ်က ငါစာတိုက်က ပို့ခဲ့တာ။

(b) Paing Soe isn't here yet.
ပိုင်စိုး ဒီကို ရောက်မလာသေးဘူး။
That's funny.He called me two hours ago and said he was on his way.
ထူးဆန်းလှပါလား။ပြီးခဲ့တဲ့ နှစ်နာရီက သူ.ငါ့ကို ဖုန်းဆက်တော့ သူလာနေပြီ ပြောပြီးတော့။

(2) Any minute now
----------------------
''်မကြာခင်" ဆိုတဲ့အဓိပ္ပါယ်ကို very soon သုံးပြီးပြောကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။ဒီအဓိပ္ပါယ်ကိုပဲ Any minute now သုံးပြီး ပြောနိုင်ပါသေးတယ်။

(a) Win Naing Tun is outside parking his car.He'll be here any minute now.
ဝင်းနိုင်ထွန်း အပြင်မှာ ကားပါကင် ထိုးနေတယ်။သူ..မကြာခင် ဒီရောက်လာ ပါလိမ့်မယ်။

(b) Would everyone please sit down.Saya Ko Chit Wai is going to start the meeting any minute now.
ကျေးဇူးပြုပြီး အားလုံးထိုင်ပေးလို့ ရမလားဗျာ။ဆရာ ကိုချစ်ဝေ မကြာခင် အစည်းအဝေး စတော့မှာမို့ပါ။

(3) How soon
---------------
တစ်ခါတစ်ရံမှာ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး အစောဆုံးပြီးမယ့်အချိန်၊ အစော ဆုံး စမယ့်အချိန်ကို မေးမြန်းကြရပါတယ်။ဒီလို ..အစောဆုံးအချိန်ကို ..မေး ချင်ရင် How soon ကို သုံးပြီး မေးနိုင်ပါတယ်။

(a) How soon can you finish the project?
လုပ်ငန်းစီမံချက်ကို ဘယ်အချိန်လောက် ခင်ဗျား အစောဆုံး အပြီးသတ်နိုင် မလဲ။
We can get it done by Friday.
သောကြာနေ့လောက်ဆို အပြီးသတ်နိုင်ပါပြီ။

(b) How soon can you start working ?
ခင်ဗျား ဘယ်အချိန်လောက် အစောဆုံး စလုပ်နိုင်မလဲဗျ။
I can start on Monday.
တနင်္လာနေ့ဆို စလုပ်နိုင်ပါတယ်။

အင်္ဂလိပ်ဘာသာ လေ့လာစရာ 
အပြည့်အစုံသို့ »

အင်္ဂလိပ် စကားလုံးတွဲလေးများ - အပိုင်း(၂)



အင်္ဂလိပ်စာ လေ့လာတဲ့အခါ စကားလုံးတွဲတွေ (Collocations) တွေကို မဖြစ်မနေ လေ့လာကြရပါမယ်။တစ်ခါက မန္တလေးမှာနေတဲ့ ကျွန်တော့်ညီမ ဖြစ်သူ စိမ်းမို့မို့ က Collocations နဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးခဲ့ဖူးပါ တယ်.။ဒီနေ့တော့..အဲဒီအမေးအဖြေ ဒုတိယပိုင်းကို ဖော်ပြပေးလိုက်ပါတယ်

Collocations: (၇)မျိုး
------------------------------
စိမ်းမို့မို့။ ။ Collocations ဘယ်နှမျိုးလောက်ရှိလဲ..အစ်ကို။

ကျွန်တော်။ ။(၇)မျိုးလောက်ရှိတယ်။အစ်ကို သိသလောက်ပေါ့နော်။ ဘာတွေလဲ ဆိုရင်....

(၁) နာမ၀ိသေသန+နာမ် (adjective+noun) စကားတွဲ
-------------------------------------------------------
ဥပမာ..
(a) Excruciating pain = ပြင်းထန်သော နာကျင်မှုဝေဒနာ
He was writhing on the ground in excruciating pain.
သူဟာ ပြင်းထန်တဲ့နာကျင်မှုနဲ့ မြေကြီးပေါ်မှာ လူးလွန့်နေခဲ့တယ်။

(b) maiden voyage =ပွဲဦးထွက် ရေကြောင်းခရီးစဉ်
The Titanic sank on its maiden voyage.
တိုက်တန်းနစ် သင်္ဘောဟာ ပထမဦးဆုံး ခရီးစဉ်မှာပဲ နစ်မြုပ်သွားခဲ့တယ်။

(၂) နာမ်+နာမ် (noun+noun) စကားတွဲ
-----------------------------------------
ဥပမာ..
(a) ceasefire agreement = အပစ်ခတ်ရပ်စဲရေး သဘောာတူညီချက်
The ceasefire agreement came into effect at 11am.
အပစ်ခတ်ရပ်စဲရေး သဘောာတူညီချက်ဟာ နံနက်ပိုင်း ၁၁ နာရီက စပြီး အကျုံးဝင်ခဲ့တယ်။
(b) two bars of soap = ဆပ်ပြာ ၂ ချောင်း
I'd like to buy two bars of soap please.
ကျေးဇူးပြုပြီး ဆပ်ပြာ ၂ ချောင်း ၀ယ်ချင်လို့ပါ။

(၃) ကြိယာ+နာမ် (verb+noun) စကားတွဲ
-------------------------------------------
ဥပမာ..
(a) do my homework = အိမ်စာလုပ်သည်။
I always try to do my homework in the morning,.
ငါကတော့ အမြဲတမ်း မနက်ပိုင်းမှာ အိမ်စာကို လုပ်တယ်။

(b) committing murder= လူသတ်မှု ကျူးလွန်သည်။
The prisoner was hanged for committing murder.
လူသတ်မှုကျူးလွန်မှုအတွက် အကျဉ်းသားကို ကြိုးပေးခဲ့တယ်။

(၄) ကြိယာဝိသေသန+ နာမ၀ိသေသ(adverb+adjective) စကားတွဲ
---------------------------------------------------------------------
ဥပမာ..
(a) utterly stupid = လုံးဝမိုက်မဲသော
Invading that country was an utterly stupid thing to do.
အဲဒီနိုင်ငံကို ကျူးကျော်တာဟာ လုံးဝမိုက်မဲတဲ့ လုပ်ရပ်ပဲ။

(b) richly decorated = အဆန်းတကြယ် ပြင်ဆင်ထားသော
We entered a richly decorated room.
ကျွန်တော်တို့ဟာ အဆန်းတကြယ် ပြင်ဆင်ထားတဲ့ အခန်းတစ်ခုထဲကို ၀င်ခဲ့ကြတယ်။

(၅) ကြိယာ+ ၀ိဘတ်စကားစု (verbs+prepositional phrase (phrasal verbs) စကားတွဲ
------------------
ဥပမာ..
(a) run out of = ကုန်ခန်းသွားသည်။
We had to return home because we had run out of money.
ပိုက်ဆံကုန်သွားလို့ ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြရတယ်။

(b) burst into tears = ချုံးပွဲချ ငိုကြွေးသည်။
At first her eyes filled with horror, and then she burst into tears.
ပထမတော့ သူမရဲ့ မျက်ဝန်းမှာ ကြောက်ရွံ့မှုအပြည့်နဲ့။နောက် ...ချုံးပွဲချ ငိုပါလေရော။

(၆) ကြိယာ+ ကြိယာဝိသေသန (verb+adverb) စကားတွဲ
-----------------------------------------------------------
ဥပမာ..
(a) placed gently = ညင်သာစွာ ထားသည်
She placed her keys gently on the table and sat down.
သူမဟာ သော့ကို စားပွဲပေါ် ညင်ညင်သာသာ ထားပြီး ထိုင်ချလိုက်တယ်။

(b) whispered softly = တိုးတိုးတိတ်တိတ် ပြောသည်။
Moh Moh Wai whispered softly in Phyu Lay's ear.
မို့မို့ဝေက ဖြူလေးနားကပ်ပြီး တိုးတိုးတိတ်တိတ် ပြောလိုက်တယ်။

(၇) နာမ်+ ကြိယာ (Noun + Verb) စကားတွဲ
----------------------------------------------
ဥပမာ..
(a) lions roar = ခြင်္သေ့ ဟိန်းသည်။
The lion started to roar when it heard the dog barking.
ခွေးဟောင်သံကြားတော့ ခြင်္သေ့က စပြီး ဟိန်းလိုက်တယ်။

(b) plane took off = လေယဉ်ပျံတက်သည်။
Snow was falling as our plane took off.
ကျွန်တော်တို့လေယဉ် ပျံတက်တော့ နှင်းတွေ ကျနေတယ်။

(c) bomb went off = ဗုံးပေါက်ကွဲသည်။
The bomb went off when he started the car engine.
သူ ကားအင်ဂျင်ကို စနှိုးလိုက်တော့ ဗုံးပေါက်ကွဲသွားခဲ့တယ်။

-----------------(To Be Continued)--------------------



အင်္ဂလိပ်ဘာသာ လေ့လာစရာ
အပြည့်အစုံသို့ »

အသုံးများတဲ့..စကားအတိုလေးများ


(Short Conversations In Use)

ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Don't fly without wings!
ဝမရှိဘဲ ၀ိမလုပ်နဲ့။

(2) Okay,yah!
ဟုတ်ကဲ့ပါ..ဗျာ..။

(3) What's with you?
မင်းက ဘာဖြစ်နေတာလဲ။

(4) Draw it mild!
လိုရင်းကိုပဲ .. ပြော။

(5) How annoying!
တယ်လည်း..စိတ်ပျက်စရာ ကောင်းပါလား။

(6) No need to apologize!
တောင်းပန်စရာ မလိုပါဘူးဗျာ။

(7) Just relax!
အေးဆေးပေါ့..။

(8) Hold everything!
အားလုံး..ခဏနေကြပါဦး။

(9) Near miss!
ကပ်လွဲသွားတယ်..ကွာ။

(10) Cut the comedy!
လာနောက်မနေနဲ့။

(11) Let bygone be bygone!
ပြီးတာတွေလည်း ပြီးပါစေတော့။

(12) Go fly your kite!
အသာနေစမ်းပါ။

(13) It's groundless!
အဲဒါ အခြေအမြစ် မရှိပါဘူး။

(14) Here's to you!
မင်းအတွက် ဆုတောင်းပေးပါတယ်။
(ဖန်ခွက်ကို ကိုင်မြှောက်ပြီး ဆုတောင်းပေးတာ)

(15) All the best!
အကောင်းဆုံးတွေ ဖြစ်ပါစေ။

အင်္ဂလိပ်ဘာသာ လေ့လာစရာ
အပြည့်အစုံသို့ »

အင်္ဂလိပ် စကားလုံးတွဲလေးများ


( C O L L O C A T I O N S )
အပိုင်း(၁)

အင်္ဂလိပ်စာ လေ့လာတဲ့အခါ စကားလုံးတွဲတွေ (Collocations) တွေကို မဖြစ်မနေ လေ့လာကြရပါမယ်။တစ်ခါက မန္တလေးမှာနေတဲ့ ကျွန်တော့်ညီမ ဖြစ်သူ စိမ်းမို့မို့ က Collocations နဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးခဲ့ဖူးပါ တယ်.။ဒီနေ့တော့ ..အဲဒီအမေးအဖြေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Collocation နဲ့ Idioms ကွာခြားချက်
--------------------------------------------

စိမ်းမို့မို့။ ။''အစ်ကို collocations ကလည်း Idioms တစ်မျိုးမဟုတ်လား"..။

ကျွန်တော်။ ။''မဟုတ်ဘူး..ငါ့ညီမ။collocations ဆိုတာ မူရင်းစကားလုံးတွေ ရဲ့ အဓိပ္ပါယ် လုံးလုံးလျားလျားမပျက်စီးပဲ ဘာသာစကားအရ သဘာဝကျကျ တွဲထားတဲ့ စကားလုံးတွဲတွေကို ခေါ်တာ။ ဥပမာ..မြန်မာစကားမှာပဲကြည့်လေ။သမရိုးကျတွဲထားတဲ့ စကားတွေ အများကြီး ရှိတာပဲ။''သေတာ"ချင်းတူပေမယ့်..လူကို ''သေသည်၊ကွယ်လွန် သည်''.လို့သုံးတယ်။ရှင်ဘုရင်ကျတော့ 'နတ်ရွာစံသည်၊' ဘုန်းကြီးကျတော့ 'ပျံလွန်တော်မူသည်'၊ ရဟန္တာကျတော့ 'ပရိနိဗွာန်ပြုသည်'.....စသဖြင့် ဘာသာစကားအရ သဘာဝကျအောင် တွဲပြောကြရတယ်။အလားတူပဲ တိရိစ္ဆာန်ကျတော့ တစ်ကောင်၊ လူကျတော့ တစ်ယောက်၊ဘုန်းကြီးကျတော့ တစ်ပါး..ဒီလို မူသေ တွဲပြောရတဲ့ စကားတွေလည်း ရှိတယ်။
အင်္ဂလိပ်စာမှာလည်း ဒီလိုပါပဲ။စကားတွဲတွေ အများကြီး ရှိတာပါပဲ။
ဥပမာ..မြန်မာတွေက ကတိတည်တယ်လို့ သုံးတာကို အင်္ဂလိပ်စာကျတော့ ပေးထားတဲ့ကတိကို ထိန်းသိမ်းထားတဲ့ သဘောနဲ့ keep promise လို့ သုံးတာမျိုးပေါ့။ဒါ collocation ပဲလေ။မြန်မာက ခန္ဒာကိုယ် အအေးဓာတ် အပတ်ခံရတာမျိုးကို အအေးပတ်သည် လို့ သုံးတယ်။အင်္ဂလိပ်ကတော့ အအေးဓာတ်ကို ခန္ဒာကိုယ်က ဖမ်းယူလိုက်တဲ့သဘောနဲ့ catch cold လို့ တွဲပြောကြပါတယ်။

ကျွန်တော့်သားအတွက် မွေးနေ့ပါတီပွဲလုပ်ပေးတယ်ဆိုတာကို “I made a birthday party for my son,”လို့ ရေးရင် မှားပါတယ်။ “I threw a birthday party for my son.” လို့ ပြောမှ မှန်တယ်။ဒီနေရာမှာ ‘Throw’နဲ့ ‘party’ ဟာ ပုံမှန်အတွဲဖြစ်လို့ Collocation လို့ ခေါ်တယ်။ကိုယ့်ဘာသာစကားနဲ့ တွေးပြီး made a party လို့ မသုံးရပါဘူး။

နောက်ပြီး "ဟိုတယ်အခန်း" ကို ပြင်သစ်နဲ့ စပိန်လူမျိုးတွေက “the room of the hotel,” လို့ သုံးပြောတတ်ကြတယ်။အင်္ဂလိပ်လူမျိုးတွေအတွက်တော့ အဲဒီလိုပြောတာ တော်တော်ကြောင်တယ်လို့ ဆိုရမှာပါ။တကယ့် သဘာဝ ကျကျအင်္ဂလိပ်စကားနဲ့ ပြောချင်ရင် ‘hotel room.’လို့ သုံးပြောရမှာပါ။ဒါဟာ နာမ်+နာမ် စကားလုံးတွဲလေးတွေကအစ သတိပြုရမယ့်ချက်လေးတွေ ရှိတယ်ဆိုတာ မှတ်ရမယ်...စိမ်းမို့ရေ..။။

နောက်ပြီး မြန်မာနဲ့ဆင်တဲ့ အသုံးတစ်ခုကို ပြောပြမယ်။မြန်မာလို ရူးသွားသည် ဆိုတာကို အင်္ဂလိပ်လို go=သွားသည် mad=ရူးသည် နှစ်ခုတွဲပြီး go mad လို့ တွဲသုံးတာမျိုးပေါ့။ go mad ဆိုတာ ရူးသွားသည်လို့ အဓိပ္ပါယ်ရတော့ မူရင်း စကားလုံးတွေရဲ့ အဓိပ္ပါယ် လုံးဝ ပျက်စီးမသွားဘူးလေ။
ဒါမျိုးကို.. collocation လို့ ခေါ်တယ်။

အလားတူပဲ ...အာရုံစူးစိုက်သည် ဆိုတာကို pay attention လို့ပဲ အင်္ဂလိပ် လူမျိုးတွေက တွဲပြောတယ်။အဓိပ္ပါယ်တူတာပဲဆိုပြီး "give attention, တို့ put attention"တို့ သွားမလုပ်ရဘူး။အဲလို စကားတွဲမျိုး အင်္ဂလိပ်ဘာသာမှာ မရှိဘူး။ အင်္ဂလိပ်ဘာသာမှာ မူသေတွဲသုံးလေ့ရှိတဲ့ Collocation တွေကိုပဲ သုံးရတယ်။ကိုယ့်ဖာသာ စတန့်ထွင်တွဲချင်လို့ မရဘူးနော်။

ဥပမာ..လက်ထပ်တာကို marry ဆိုတာ စိမ်းမို့တို့ သိတယ်။သူမနဲ့ကျွန်တော် လက်ထပ်တယ်ဆိုတာကို I married with her. လို့ ရေးရင်တော့ သွားပြီ။ အင်္ဂလိပ်လူမျိုးကြားရင်တော့ ရယ်မှာပဲ။ဘာသာစကားအတော်များများမှာ ''..နဲ့(with) လက်ထပ်တယ်"လို့ပဲ ပြောတယ်။"..သို့(to) လက်ထပ်သည်"လို့ မပြောကြဘူးလေ။အင်္ဂလိပ်ကတော့ ..I got married to her.ဆိုပြီး to ၀ိဘတ်နဲ့ သုံးပြောကြတယ်။married to ဆိုမှ မှန်မယ်။ဒါဟာ collocation ပဲပေါ့။
အလားတူပါပဲ........
Do me a favour
Do the cooking
Do the housework
Do the shopping
Have a bath
Have a drink
Have a haircut
Take a look
Take a rest
Take a seat...စတာတွေဟာ collocations လို့ခေါ်တဲ့ စကားလုံးတွဲတွေပဲ ပေါ့။

စိမ်းမို့မို့။ ။ဒါဆို အီဒီယမ်ကျတော့ COLLOCATION နဲ့ ဘာကွာသွားတာလဲ. .အစ်ကို။

ကျွန်တော်။ ။Idioms ကျတော့ မူရင်းစကားလုံးတွေရဲ့ အဓိပ္ပါယ် မပါတော့ပဲ အဓိပ္ပါယ်သစ် ထွက်လာတဲ့ စကားတွဲတွေလို့ ပြောရမှာပေါ့။ဥပမာ.. "it's raining cats and dogs" ဆိုပါတော့။ခွေးနဲ့ကြောင်တွေ ကောင်းကင်ကနေ မိုးရွာသလို ကျလာတာမဟုတ်ဘူး။''မိုးသည်းထန်စွာ ရွာသည်လို့ အဓိပ္ပါယ် ရတယ်။"ဒီလို စကားလုံးတစ်ခုချင်းစီရဲ့ မူရင်းအဓိပ္ပါယ်မျိုးမဟုတ်ဘဲ သီးခြား ထွက်တဲ့ စကားတွဲတွေကို iDIOMS လို့ ခေါ်တာပေါ့။
A cuppa to go.လက် ဖက်ရည်တစ်ခွက် ပါဆယ်။
Go to it! လုပ်လိုက်စမ်း..စတဲ့ စကားတွေကို ကြည့်လိုက်လေ.။Go ရဲ့ အဓိပ္ပါယ်ပျောက်သွားတာတွေ့ရမယ်။ ဒါ.. အီဒီယမ်ပဲပေါ့..။"

(ဆက်လက်ဖော်ပြပါမည်)


အင်္ဂလိပ်ဘာသာ လေ့လာစရာ

အပြည့်အစုံသို့ »

အသုံးများတဲ့..စကားအတိုလေးများ


(Short Conversations In Use)

ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) I'm buying.
ငါ..ဒကာခံမယ်။

(2) Near miss!
ကပ်လွဲသွားတယ်...ကွာ။

(3) Behave yourself!
ကောင်းကောင်းနေစမ်း။

(4) It's all moonshine!
အဲဒါ..အဓိပ္ပါယ် လုံးဝမရှိဘူး။

(5) Don't talk rot!
မဟုတ်တာ မပြောနဲ့။

(6) Business is business.
စီးပွားရေးက စီးပွားရေးပဲ။

(7) Everybody his due!
သူ့နေရာနဲ့သူပေါ့။

(8) Have a go!
လုပ်ကြည့်လိုက်လေ။

(9) Man matters most in life.
လူသာ ပဓာနပါ။

(10) Dead or alive!
အသေရရ..အရှင်ရရ။

(11) You heard me?
ကြားတယ်နော်..။

(12) Are you nuts?
မင်းရူးနေလား။

(13) Get to the point!
လိုရင်းကို ပြောကွာ။

(14) You're going too far!
မင်း..လွန်လာပြီနော်..။

(15) Don't do double-dealing!!
နှစ်ဖက်ချွန် မလုပ်နဲ့။ ။

အင်္ဂလိပ်ဘာသာ လေ့လာစရာ 
အပြည့်အစုံသို့ »

လွယ်ကူပြောကြားအင်္ဂလိပ်စကား ( 6 )


May + Subject + V1.....
........ပါရစေ၊......::ပါစေ။
ခွင့်တောင်းခြင်း၊ခွင့်ပြုခြင်းမှာသုံးပါတယ်။
May I go there.
အဲဒီကိုကျွန်တော်သွားပါရစေ။
May I learn English from you.
May I sit down here.
May I come here.
May I switch on the light.
May I come along with you.
May I sing a song.
May I know your name.
May I explain you about that.
May I ask you a question.
May I take a bath now.
May I see the once.
May I invite you to my birthday party.
May he go there.
သူအဲဒီကို သွားပါစေ။
May she come in.
May she tell about that.
May they play football today.
May they go out.
May he visit Bagan.
May you be lucky.
May you be happy and healthy.
May you be free from dangerous.
May Aye Aye and Su Su dance on the stage.
May he sleep early.
May he have tea.
May she come back home.
May he apologies to you.
မိမိဥာဏ်ရှိသလိုသုံးသွားပါဗျာ။နောက်ပိုင်းမှconjunction တွေနဲ့တွဲပြောတာတွေတင်ပေးပါမယ်။step by step ပေါ့နော်။
အဆင့်မြင့်သူတွေအတွက်မရည်ရွယ်ပါဘူးဗျာ။
အားလုံးကိုစေတနာထားလျှက်
မင်းမြတ်အာကာ
12.4.2014

မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ
အပြည့်အစုံသို့ »

အသုံးများတဲ့..စကားအတိုလေးများ



ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Come clean!
အမှန် အတိုင်းပြောစမ်း။

(2) Cool your heels!
စိတ်ကိုလျှော့ပါ။

(3) Get on with it!
လုပ်စရာ ရှိတာလုပ်။

(4) Hang in there!
အလျှော့မပေးနဲ့။

(5) Hit the trail!
ကဲ..သွားလိုက်ကြစို့။

(6) Keep track!
ခေတ်နဲ့ မျက်ခြေ မပြတ်စေနဲ့။

(7) Kick up your heels!
ပျော်အောင်နေ။

(8) No money,no honey!
ငွေရှိရင်ရမယ်။မရှိရင် မရဘူး။

(9) On your honour!
ပြောတဲ့စကား တည်ပါစေ။

(10) Play it safe!
သတိနဲ့ နေပါ။

(11) Save your breath!
လေကုန်ခံ ပြောမနေနဲ့..။

(12) Say your piece!
စိတ်ထဲရှိတဲ့အတိုင်း ပြောပါ။

(13) Step on the gas!
မြန်မြန်လုပ်။

(14) Take for granted!
ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့။

(15) This is gonna fly!
ဒါ...အောင်မြင်မှာပါကွာ။ ။

အင်္ဂလိပ်ဘာသာ လေ့လာစရာ
အပြည့်အစုံသို့ »

တစ်ယောက်နှင့် တစ်ယောက်၊ တစ်ခုနှင့်တစ်ခု ဆက်စပ် ပေါင်းစည်းပုံကို သုံးနှုန်းပြောဆိုပုံအချို့


၁) Join = ဆက်သွယ်ပေါင်းစည်းသည်
- She joined our company three months ago.
- Do you mind if I join you?

၂) Link = ချိတ်ဆက်သည်
- The two factors are directly linked.
- The video cameras are linked to a powerful computer.

၃) Connect = အဆက်အသွယ်ရှိသည်
- They met last year but they didn't really connect.
- The towns are connected by train and bus services.

၎) Unite = ပေါင်းစည်းသည်
- His aim was to unite the two families.
- We will unite in fighting crime.

၅) Get together = အတူတကွပူးပေါင်းသည်
- We must get together for a drink some time.
- They may be getting together to organize the festival.

၆) Team up with = ပေါင်းစပ်ဖွဲ့စည်းသည်
- My brother has teamed up with a local partner to do business.

၇) Merge = ပူးပေါင်းသည်
- The sky and sea seem to merge at the horizon.
- These two banks have decided to merge.

စဉ်ဆက်မပြတ် အင်္ဂလိပ်စာစွမ်းရည်
အပြည့်အစုံသို့ »

ရှာမတွေ့တော့ဘဲ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတာကို သုံးနှုန်းပြောဆိုပုံ အမျိုးမျိုး


၁) Disappear
- The money had disappeared from the table.
- The problem won't just disappear.

၂) Vanish
- When she returned, her car had vanished.

၃) Vanish into thin air = အစရှာမရဘဲ ဖြစ်နေတာ
- He was here ten minutes ago; now he's vanished into thin air.

၎) Go missing = ပျောက်ဆုံးနေတာ
- The aircraft went missing six days ago.

၅) Be/Have gone = ပျောက်ဆုံးသွားတာ
- I didn't even notice it was gone.
- When he returned a few minutes later, his equipment had gone.

၆) Go behind
(Go behind a cloud = တိမ် ဖုံးကွယ်သွားတာ)
- He saw the plane just before it went behind a cloud.

၇) Go under
(Go under the fridge = ရေခဲသေတ္တာအောက် ဝင်ရောက်ပျောက်ကွယ် သွားတာ)
- The spider had gone under the fridge.

စဉ်ဆက်မပြတ် အင်္ဂလိပ်စာစွမ်းရည်
အပြည့်အစုံသို့ »

စားသောက်ဖွယ်ရာ..အင်္ဂလိပ်စကားလုံးများ



Fish Cracker= ငါးမုန့်ကြော်
Cashew Nut = ဟီဟိုဠ်စေ့ကြော်
Prawn Cracker = ပုဇွန်ငါးမုန့်ကြာ်
Chicken Salad = ကြက်သားသုပ်
Prawn Salad (Cooked) = ပုဇွန်သုပ် (အကျက်)
Prawn Salad (Raw) = ပုဇွန်အစိမ်းသုပ်
Squid Salad = ပြည်ကြီးငါးသုပ်
Seaweed Salad = ကျောက်ပွင့်သုပ်
Salted Egg Salad = ဆေးဘဲဥသုပ်
Bean Vermicelli Salad = ပဲကြာဇံသုပ်
Tom Yang Goom Soup = တုန်ယန်းဟင်းချို
Chop Suey Soup = ၁၂မျိုး ဟင်းချို
Hot & Sour Soup(Thai Style) = ယိုးဒယားဟင်းချို
Chicken Fried Rice = ကြက်ထမင်းကြော်
Chicken Fried Rice (Pashu Style)= ပသျှူးစတိုင် ကြက်ထမင်းကြော်
Chicken on Rice = ကြက်ထမင်းပေါင်း
Chicken Fried Rice With Pineapple = နာနတ်သီးကြက်ထမင်းကြော်
Fried Prawn Noodle = ပုဇွန်ထမင်းကြော်
Steamed Whole Seabass Salted Plum = ကကတစ် ကောင်လုံး ဆားငံစေ့ပေါင်း
Steamed Whole Seabass (Hong Kong)= ဟောင်ကောင်စတိုင် ကကတစ်ပေါင်း
Sweet & Sour Prawn = ပုဇွန်ချိုချဉ်
Hot & Sour Prawn = ပုဇွန်ချဉ်စပ်
Fried Prawn With Dry Chilli = ပုဇွန်ကုန်းဘောင်
Fried Prawn With Oyster Sauce = ပုဇွန်ခရုဆီ
Fried Prawn With Basil Leave = ပုဇွန်ပင်စိမ်း
Fried Squid Dry Chilli = ပြည်ကြီးငါးကုန်းဘောင်
Hot & Sour Squid= ပြည်ကြီ်းငါးချဉ်စပ်
Braised Eel With Garlic = ငါးရှဥ့်ကြက်သွန်ဖြူကြော်နှပ်
Hot & Sour Eel= ငါးရှဥ့်ချဉ်စပ်
Deep Fried Eel Hot Chilli = ငါးရှဥ့်ခြောက်စပ်
Sweet & Sour Eel = ငါးရှဥ့်ချိုချဉ်
Deep Fried Chicken = ကြက်တုံးကြော်
Fried Chicken Dry Chilli = ကြက်ကုန်းဘောင်
Hot & Sour Chicken = ကြက်ချဉ်စပ်
Sweet& Sour Chicken = ကြက်ချိုချဉ်
Fried Chicken With Ginger = ကြက်ဂျင်းမွှေး
Deep Fried Chicken Wing = ကြက်တောင်ပံကြွပ်ကြော်
Grilled Duck Peking Style = ပီကင်းဘဲကင်
Grilled Chicken Hong Kong Style = ဟောင်ကောင်ကြက်ကင်
Grilled Prawn = ပုဇွန်ကင်
Grilled Squid = ပြည်ကြီးငါးကင်
Grilled Whole Seabass Thai Style = ယိုးဒယားစတိုင် ကကတစ်ကောင်လုံးကင်
Fried Water Cress = ကန်စွန်းရွက်ကြော်
Fried Kailan With Oyster Sauce = ကိုက်လန်ခရုဆီကြော်
Fried Mushroom,Baby Corn & Kailan = မှိုပြောင်းဖူးကိုက်လန်
Fried Cauliflower = ပန်းပွင့်ဖြူမွှေးကြော်

အင်္ဂလိပ်ဘာသာ လေ့လာစရာ
အပြည့်အစုံသို့ »

အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရန် နည်းလမ်း


အင်တာနက်-မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေ ဝင်ဖတ်သူများ ရှိသလို ဝင်မဖတ်ဖြစ်သူများ လည်း ရှိမယ်ထင်ပါတယ်။

မဝင်ဖတ်ဖြစ်သူများအတွက် မဖတ်ဖတ်ဖြစ်အောင် ဖတ်ဖို့ စာရေးသူမှ တိုက်တွန်းလိုပါတယ်။ ဒီမှာ အခက်အခဲပေါင်း များစွာ ရှိမယ်ဆိုတာလည်း သိရှိနားလည်ပါတယ်။ ယင်းအခက်အခဲများကြောင့်လည်း နိုင်ငံတကာက ဝဘ်ဆိုဒ်တွေကို မဖတ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာဘာသာ နဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်များကို ဘယ်လိုဖတ်သင့်တယ်ဆိုတာ စာရေးသူ လမ်းညွန်လိုပါတယ်။

ဒီလိုပြောလို့ စာရေးသူက အင်္ဂလိပ်စာဘာသာရပ် ဆရာတစ်ဦးလည်း မဟုတ် ရပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က စလို့ မီဒီယာတွေမှာ ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့ဖူးလို့ ဖြစ်ပါတယ်။ ယနေ့တိုင်လဲ ဘာသာပြန်နေရပါတယ်။ ဒါကြောင့် အင်တာနက်မှာ အင်္ဂလိပ်စာ ဘယ်လိုဖတ်ရတယ်။ ဘာသာပြန် ရတယ်ဆိုတာကို စာရေးသူ တတ်သလောက်၊မတ်သလောက် ကူညီလမ်း ညွန်ပေးနိုင်ပါတယ်။

စာအုပ်မှာ အင်္ဂလိပ်စာ ဖတ်ရတာနဲ့ အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရတာ မတူပါဘူး။ ဥပမာ- အင်္ဂလိပ်လို ရေးသားထားတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဝတ္တုတွေ ဖတ်မယ်ဆိုရင် အဘိဓာန် တစ် အုပ်လောက်တော့ ဆောင်ထားရပါတယ်။ ပြီးတော့ နားမလည်တဲ့ စာလုံးတွေ့ ရင် အဘိဓာန် ကြည့်လိုက်ရုံပဲ ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာကျတော့ ဒီလိုလုပ်လို့ အဆင်မပြေပါဘူး။ အင်တာနက်မှာ ဖတ်နေရင်း နားမလည်တာရှိရင် အဘိဓာန်စာအုပ်ဖွင့်ဖို့ဆိုတာ အချို့ လူများ အတွက် အလုပ်ပိုရှုပ်ပါတယ်။ စာဖတ်ရတာလည်း အာရုံပျက်ရပါတယ်။ တစ်ခါခါ အဘိဓာန်မှာတောင် ရှာမရတဲ့ စာလုံးများကို မြင်တွေ့ရ တတ်ပါ တယ်။ ဒါကြောင့်မို့လည်း အနောက်တိုင်းက နိုင်ငံတကာ သတင်းဝဘ်ဆိုဒ် များ၊ ဖျော်ဖြေရေး၊ ပညာရေး အစရှိသဖြင့် တို့အပြင် ဒေသတွင်းက အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေကို ဝင်ရောက် ဖတ်ရှုသူတွေ နည်းသွားရပါတယ်။ ဒီတော့ အားနည်းချက် က မြန်မာလူမျိုး များ အင်္ဂလိပ်စာ မတိုးတက်သလို၊ နိုင်ငံတကာ အပေါ် လေ့ လာမှုလည်း အားနည်းသွားရပါတယ်။ အဆိုးဆုံး ပြောရမယ်ဆိုရင် မြန်မာပြည် ပညာရေး စနစ်အထိကို တိုက်ရိုက်ဆက်စပ် ထိခိုက်နိုင်စေမှာ ဖြစ်ပါတယ်။

မျက်စိပွင့်၊နားပွင့် အသိဥာဏ်ပွင့် နေမှ ဘယ်သူတွေ ဘာလုပ်တယ်ဆို တာ သေရှာ သိရမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကပဲ သိပြီး ယင်း တစ်ဦးတစ်ယောက် ဖော်ပြချက်များကိုသာ မှီခိုနေရရင် အမြဲတော့ မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကိုယ်တိုင် အင်္ဂလိပ်ဘာသာ စာများကို ကိုယ်တိုင်ဖတ်ရှုနိုင်ရန် ကြိုးစားဖို့ လိုအပ်လာပါတယ်။

အင်တာနက်မှာ အခမဲ့ အွန်လိုင်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ပေါင်း မြောက် များစွာ ရှိပါတယ်။ Google Search ထဲမှာ English to Myanmar Online Dictonary လို့ရိုက်ထည့်လိုက်ရင် အားလုံး တန်းစီပြီး ပေါ်လာပါတယ်။ ယင်းထဲက ကြိုက်ရာ ယူသုံးနိုင်ပါတယ်။ ဥပမာ-http://en.my/-mm.org/ Gtalk မှာလည်း အင်္ဂလိပ်- မြန်မာ ဘာသာပြန် ဝန်ဆောင်မှုပေးနေတဲ့ အကောင့် ရှိပါတယ်။ ဥပမာ[email protected] အဲဒါမျိုးတွေကို Add ထားရပါမယ်။ ဘာသာပြန်ပေးတဲ့ အဘိဓာန်ကိုကျတော Tab တစ်ခုနဲ့ ဖွင့်ထားရပါမယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆော့ဖ်ဝဲတွေလည်း ရှိပါတယ်။ အင်တာနက်ဆိုင် တော်တော်များများမှာလည်း သွင်းပေးထားပါ တယ်။ ကိုယ်တိုင်လည်း Google search ကနေ ရှာပြီး Download ဆွဲနိုင်ပါတယ်။ တကယ် ရှာထားပြီးရင်တော့ တကယ်အသုံးပြုရမှာ ဖြစ်ပါတယ်။

ဒီလောက်နဲ့လည်း မလုံလောက်ပါဘူး။ အင်တာနက် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရင် အဘိဓာန်မှာ ရှာမရတဲ့ စကားလုံးက အနည်းဆုံး ၂ လုံး၊ ၃ လုံးလောက် ပါတတ်ပါတယ်။ ပြီးတော့ အမည်နာမတွေဆို ပိုလို့တောင် ရှာမရ တော့ဘူး။ ပြီးတော့ ကိုယ်က အခုမှ စဖတ်တယ်။ သတင်းထဲမှာ BMW ကားအကြောင်းပြောတယ်။ BMW ကားဆိုတာ အမေရိကန်ကလား၊ ဘယ်နိုင်ငံကလဲ။ အဲဒါကိုသိဖို့ကျတော့ အဘိဓာန် အားကိုးလို့ မရတော့ပါဘူး။ အမတ်လောင်း မစ်ရွန်မနီ ဝင်ပြိုင်နေတာ မဲဘယ်လောက်ရပြီ။ သို့ပေမယ့် မစ်ရွန်မနီ ဆိုတာ ဘယ်ပါတီက ဘယ်နှစ်ခုနှစ်ကစလို့ နိုင်ငံရေးလုပ်နေတာ ဒါတွေ မပါပြန်ပါဘူး။ တစ်ခါခါ မကြားဖူးတဲ့ မြို့ နာမည် တွေ ပါလာပါ တယ်။ နိုင်ငံကိုကျတော့ မဖော်ပြထားဘူး။ နိုင်ငံတော့ ဖော်ပြ ထားပါရဲ့ ။ ဘယ်တိုက်က ဘာနိုင်ငံဆိုတာတောင် မသိရပါဘူး ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီမှာတင် သတင်းတစ်ပုဒ်၊ စာတစ်ပုဒ် ဖတ်ဖို့ တော်တော် ကို ခေါင်းမူးသွားပါပြီ။ သို့ပေမယ့် ဒီအဆင့်ကို ကျော်နိုင်ပါတယ်။

ကိုယ်ဖွင့်တဲ့ Browser လိပ်စာရိုက်တဲ့ (ညာဘက်) ဘေးမှာ Search Engine list ဆိုတာ ရှိပါတယ်။ Firefox ပဲဖွင့်ဖွင့်၊ Chrome ပဲဖွင့်ဖွင့်၊ Safari ပဲဖွင့်ဖွင့် Browser အတော်များများမှာ Search Engine list ဆိုတာပါပါတယ်။ Search Bar လို့လည်း ခေါ်ပါတယ်။ အဲ့ဒီမှာ List ပါပါတယ်။ Google, Twitter, Amazon, eBay, Yahoo, Answer.com, Wikipedia အစရှိသဖြင့် တို့ ပါဝင်ပါတယ်။ ဒီမှာ အင်္ဂလိပ်စာ ဖတ်သူတို့အတွက် ပိုမိုအကျိုးပြုတဲ့ Search engine နှစ်ခုကတော့ Answer.com နဲ့ Wikipedia (http://en.wikipedia.org/) ဖြစ်ပါတယ်။ သို့ပေမယ့် သုံးပုံ သုံးနည်းကို သိသူနည်းနေပါတယ်။ သုံးနည်းက ဒီလို ဖြစ်ပါတယ်။

စာတစ်ခုဖတ်ရင်း ကိုနားမလည်တဲ့ စကားလုံးကို Select မှတ်လိုက်ပါမယ်။ ဥပမာ-egg ဒါကို စာလုံး အကုန်ပါအောင် select မှတ်ပြီး Right click နှိပ်ရ ပါမယ်။ ပြီးရင် Copy, Select All, View source အစရှိသဖြင့်တို့ စာတန်းပေါ် လာပြီးကိုယ်ရွေးချယ်ရမှာက Search for ဖြစ်ပါတယ်။ ဥပမာ ကိုယ်က egg လို့မှတ်ထားရင် Search for “egg” ဆိုတာကိုတွေ့မြင်ရ မှာ ဖြစ်ပါတယ်။ ယင်း Search for ကို click တစ်ချက် နှိပ်ရုံနဲ့ Tab အသစ်တစ်ခုမှာ ယင်းစာလုံးရဲ့ အရင်းအမြစ်အားလုံးကို Wikipeida ကရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။ Answer.com အသုံးပြုရင်လည်း Answer.com ကအလိုလျောက် ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ- မစ်ရွန်မနီကို ရှာထားရင် သူ့ရဲ့  ပရိုဖိုင်အားလုံးကို အပြည့်အစုံ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မပြည့်စုံဘူးထင် ရင် အောက်မှာ သူပေးထားတဲ့ Link များကို ဝင်ရောက်နိုင်ပါသေးတယ်။ နာမ် တွေကိုပဲ မဟုတ်ပဲ Verb, Word form, Adverb အင်္ဂလိပ်စာ အသုံးအနှုန်းအားလုံးကို အချက်ကျကျ လေ့လာရမှာ ဖြစ်ပါတယ်။

သို့ပေမယ့် စာဖတ်သူက အားလုံး ဖတ်ဖို့မလိုပါဘူး။ ကိုယ်သိချင် တဲ့အချက်သိရင်ရပါပြီ။ အားလုံးဖတ်နေရင် ကိုယ်ဖတ်နေတဲ့ စာဆီ ပြန် မရောက်ပဲ ဖြစ်တတ်ပါတယ်။ Verb, Word form, Adverb အစရှိသဖြင့် Grammer များကိုတော့ Anwser.com မှာအရှင်းလင်းဆုံး ရှာဖွေ တွေ့ ရှိနိုင်ပါတယ်။ လူပုဂ္ဂိုလ်၊ နေရာဒေသများကို ရှာမယ်ဆိုရင်တော့ Wikipedia က တော်တော်လေးစုံလင်ပါတယ်။ တစ်ခါခါ လုံးဝ ရှာမတွေ့တာမျိုး လည်း ဖြစ်တတ်ပါတယ်။ သို့ပေမယ့် ယင်းအခြေအနေဟာ အရမ်းရှားပါ တယ်။ အားလုံးနီးပါး ရှိနေတတ်ပါတယ်။

ပြီးတော့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သတင်းကို ဖတ်ဖို့အတွက် ဂရမ်မာအသုံးအနှုန်းများအားလုံးကို အာရုံစိုက်ဖတ်နေဖို့ မလိုပါဘူး။ ကိုယ်အဓိကထားရမှာပါ ဝေါဟာရများ ဖြစ်ပါတယ်။ တစ်ခါခါကျရင် သူတို့ အရေးအသားက ကိုယ်မြင်ဖူးနေကျ ဂရမ်မာတွေက မဟုတ်ပဲ အသစ်အဆန်း လည်း ဖြစ်တတ်ပါတယ်။ သို့ပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ သို့ပေမယ့် အခြေခံ အင်္ဂလိပ်သဒ္ဒါလေးတော့ သိရှိရန် လိုအပ်ပါတယ်။ ဥပမာ- not ဆိုတဲ့ စကားလုံး တစ်ခုမြင်တိုင်း စာသားက အငြင်းဖြစ်ပြီလို့ ယူဆလို့မရပါဘူး။ အငြင်း (Negative) နှစ်ခါ သုံးထားရင် Positive ဖြစ်ပါတယ် ဆိုတာမျိုးတို့ ဖြစ်ပါ တယ်။ တစ်ခါခါ ကျရင် no ဆိုတာတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဥပမာ- No people need it. ဆိုရင် ဘယ်သူမှ ဒါကို မလိုဘူးဆိုတာမျိုးဖြစ် ပါတယ်။ no ဆိုတာကိုချန်ဖတ်ခဲ့ရင်တော့ မိမိဖတ်တဲ့ စာကို တလွဲ ဘာသာပြန်မိ သွားမှာ ဖြစ်ပါတယ်။ ဒါက ဥပမာပေးရုံမျှ သာ ဖြစ်ပါတယ်။ အခြားမှားနိုင်ချေများလည်း၊ သဒ္ဒါအသုံးအနှုန်းများလည်း ရှိပါတယ်။

အထက်ပါ အတိုင်း အွန်လိုင်း အဘိဓာန် သုံးမယ်။ အွန်လိုင်း စွယ်စုံကျမ်းများအသုံးပြုမယ်။ စာကို သဒ္ဒါကျကျ မဖတ်နိုင်ပေမယ့် အဓိကအရေးကြီးတဲ့ Positive နဲ့ Negative ဝါကျများကို ကောင်းကောင်း သိသွားရင် ဖတ်ရှုဖို့ မခက်ခဲပါဘူး။ စာများကို ဖတ်ရှုရာမှာ ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းလာမှာ ဖြစ်ပါတယ်။ စာဖတ်သူများ အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရှုဖို့ လွယ်ကူလာမယ်လို့ မျော်လင့်ပါတယ်။
---
Smart Pro Journal
အပြည့်အစုံသို့ »

အသုံးများတဲ့..စကားအတိုလေးများ


(Short Conversations In Use)

ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Welcome back!
ပြန်လည် ကြိုဆိုပါတယ်။

(2) So soon?
လောလှချည်လား။
(Why so soon? ရဲ့အတို)

(3) Cut the crap!
ပေါက်တကရ မပြောနဲ့။

(4) Out you go!
ထွက်သွားစမ်း။

(5) I'm outta here!
သွားတော့မယ်ကွာ။

(6) Damn you!
မင်းကတော့ လုပ်ချလိုက်ပြန်ပြီ။

(7) What matter?
ဘာဖြစ်လဲကွာ။

(8) Interesting point!
စိတ်ဝင်စားစရာ အချက်ပဲ။

(9) Got it?
နားလည်ရဲ့လား။

(10) I got it.
နားလည်ပါတယ်။
(Gotcha! လည်းရတယ်)

(11) Some hope!
မဖြစ်နိုင်ပါဘူး။

(12) Just you try!
လုပ်ကြည့်လိုက်စမ်းပါ။

(13) What a relief!
တော်ပါသေးရဲ့..။
(Phew! လည်းရ)

(14) Cheer up!
ပျော်ပျော်နေစမ်းပါ။

(15) Not bad!
မဆိုးပါဘူး။

အင်္ဂလိပ်ဘာသာ လေ့လာစရာ
အပြည့်အစုံသို့ »

သဘောတူခြင်းနှင့်ပတ်သက်ပြီး လက်တန်းပြောဆိုသုံးနှုန်းပုံများ




♦ ကျိန်းသေပေါက် သဘောတူလျှင်...
၁) Definitely!
A: Are you going to the party tonight? (ဒီည ပါတီ သွားမလို့လား။)
B: Definitely! I think it'll be really good. (သေချာတာပါ့။ ပျော်စရာကြီးပဲ။)

၂) Of course!
A: Is it ok if he comes to stay with us for a few days? (သူငါတို့နဲ့ တစ်ရက်၊ နှစ်ရက်လာနေရင် အဆင်ပြေပါ့မလား။)
B: Of course! It's no problem for me. (ရတာပေါ့။ ပြဿနာမရှိပါဘူး။)

၃) That's right.
A: You're Ko Myo's brother, aren't you? (ခင်ဗျားက ကိုမျိုးရဲ့ ညီ မဟုတ်လား။)
B: That's right. (ကျိန်းသေတာပေါ့။)

♦ သဘောတူညီကြောင်း မကျိန်းသေလျှင်...
၁) I think so.
A: Are you coming to the movies with us? (တို့နဲ့ ရုပ်ရှင်လိုက်မလား။)
B: I think so. I have to ask permission from my parents. (လိုက်နိုင်မယ် ထင်တယ်။ လူကြီးတွေကို ခွင့်တောင်းရဦးမှာ။)

၂) Probably.
A: Will you be at home by six o'clock? (ခြောက်နာရီဆိုရင် မင်းအိမ်မှာရှိမလား။)
B: Probably. The class is usually over by five. (မသေချာဘူး။ အတန်းက ငါးနာရီပြီးမှာလေ။)

၃) I guess so.
A: Are you going to buy that car? (မင်းအဲဒီကားကို ဝယ်မလို့လား။)
B: I guess so. But it's a little expensive. (မှန်းထားတာပဲ။ ဈေးကတော့နည်းနည်းကြီးတယ်။

စဉ်ဆက်မပြတ် အင်္ဂလိပ်စာစွမ်းရည်
အပြည့်အစုံသို့ »

Gems of English Conversations ( 46 )



Don't pull my leg.
မနောက်ပါနဲ့ဗျာ။

Can I have you order.
မှာဖို့အဆင်သင့်ဖြစ်ပြီလား။

It totally depends on you.
မင်းအပေါ်မှာ လုံးဝမူတည်တယ်။

You've earned to be successful.
မင်းအောင်မြင်ထိုက်ပါပြီ။

I wouldn't miss you a minute.
မင်းကိုတစ်မိနစ်တောင်မခွဲနိုင်ဘူးကွာ။

You're always critical.
မင်းကအမြဲတမ်းဝေဖန်တာပဲ။

Get a hurry on.
မြန်မြန်သွားတော့လေ။

Don't be jealous.
မနာလိုသဝန်တိုမဖြစ်နဲ့။

I'll join you.
မင်းနဲ့အတူတူစားမယ်လေ။

I want to make local call.
မြို့တွင်းဖုန်းဆက်ချင်တယ်။

Don't use a bad language.
မဆဲပါနဲ့။

Accidently happened.
မတော်တဆဖြစ်ခဲ့ရတာပါ။

Including you.
မင်းအပါအဝင်။

Except of you.
မင်းမပါ။

I rightly understand.
မှန်မှန်ကန်ကန်နားလည်ပါတယ်။

I look forward to see you.
မင်းကိုတွေ့ဖို့မျှော်နေမယ်နော်။

Nothing is returnable.
မည်သည့်အရာမှပြန်လဲမရပါ။

Test it.
မြည်းကြည့်လေ။

That is true.
မှန်တာပေါ့။

I'm flattered.
မြှောက်ပြောပြန်ပြီ။

Hot air.
မဟုတ်တရုတ်တွေနော်။

အားလုံးကိုစေတနာထားလျှက်
မင်းမြတ်အာကာ
3.3.2014
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ
အပြည့်အစုံသို့ »

English for Hotel and Catering Industry


(Unit 24 Dealing with Problems- ပြဿနာများကိုကိုင် တွယ်ဖြေရှင်းခြင်း)

ဒီသင်ခန်းစာဟာ အခန်း ၁၂ -တောင်းဆိုမှုများကို ဖြေရှင်း ဆောင်ရွက်ပေးခြင်းနှင့် အခန်း ၁၄ -မကျေနပ်ချက် များကို ဖြေရှင်းဆောင်ရွက်ပေးခြင်းစတဲ့ သင်ခန်းစာများနဲ့ ဆက်စပ်လို့နေပါတယ်။ ပြဿနာတစ်ရပ်ကို တုံ့ပြန် ဖြေရှင်းပုံကို အဆိုပါ အခန်းများမှာ ပြန်လှန်လေ့လာသင့်ပါတယ်။

Are we service minded enough?

(1)Staff: Reception!

Guest: I requested a non-smoking room. But this room really smells of smoke.

Staff: I'm really. Your requested should have been registered. I'll change your room immediately.(2)

Guest: Excuse me, but my room hasn't been serviced. The bed hasn't been made and the bathroom hasn't been cleaned.

Staff: I'm very sorry. It should have been done this morning. I'll call the housekeeper straight away.(3) Staff: Reception!

Guest: There's still no hot water in our room. This should have been mended yesterday.

(4) Guest: I didn't have a wake-up call this morning. But I asked for one for six thirty.

Staff: Room 152, yes you shouldn't had a call. I'm very sorry. I'll look into it.

(5)Guest: I asked for your overnight laundry service. My shirts haven't arrived back yet.

Staff: I'll chase up housekeeping right away sir to see what happened to your shirts. They should've been ready before 8 AM.

(6)Guest: Excuse me? We still don't have air-conditioning in our room. It hasn't been fixed yet. I told you about it yesterday.

Staff: I'm sorry sir, this should have been dealt with. I'll send a service engineer right away.

လေ့လာထားရမည့် expression များ

I requested a non-smoking room.

ကျွန်မ ဆေးလိပ်မသောက်ရအခန်းကို တောင်းဆိုခဲ့ပါတယ်။

Your requested should have been registered.

လူကြီးမင်းရဲ့ တောင်းဆိုမှုကို မှတ်တမ်းတင်ထားပြီး ဖြစ်ရမှာ။

Excuse me, but my room hasn't been serviced.

တဆိတ်လောက်။ ကျွန်တော့်အခန်း မရှင်းရသေးဘူး။

I'm very sorry, I'll look into it.

အရမ်းဝမ်းနည်းပါတယ်ရှင်။ ကျွန်မဖြေရှင်းပေးပါ့မယ်။ (စုံစမ်းကြည့်ပါ့မယ်)

It hasn't been  fixed yet.

မပြင်ထားရသေးဘူး။I'm sorry sir, this should have been dealt with.

ဝမ်းနည်းပါတယ် ဆရာ။အဲဒီကိစ္စကို ဖြေရှင်းပေးပြီး ဖြစ်သင့်တာပါ။

လေ့လာထားရမည့် ဝေါဟာရမျာ

Access- ဝင်လမ်း၊ (ကြည့်ရန်၊ သုံးရန်၊ တွေ့ရန်)  အခွင့်အလမ်း၊ အခွင့်

mend- ပြုပြင်သည်။ ဖာထေးသည်

overnight- ညတွင်းချင်း၊ တစ်ညတာ

properly- ကောင်းမွန်စွာ

smelt- အနံ့ရသည်

suitable- သင့်တော်သော

wake-up call- အိပ်ယာနှိုးပေးသည့်

ဝန်ဆောင်မှု လေ့လာထားရမည့် ဝါကျတည်ဆောက်ပုံများ

should+has/have+been+past participle လုပ်သင့်တဲ့ တစ်ခုခုကို မလုပ်ရသေးဘဲ နှောင်းချိန်ကျမှ လုပ်ပြီး သင့်တာ ဟုပြောချင်တဲ့ အခါမျိုးဒီပုံစံနဲ့ သုံး ပါတယ်။ အတိတ်က အပြုအမူတစ်ခုကို ဝေဖန် မှတ်ချက်ပေးပါတယ်။ အပြုအမူကို ပြုလုပ်သူဟာ၊ မလုပ်ခဲ့၊ ကောင်းကောင်းမလုပ်ခဲ့ဘူး။ အမှားအယွင်း လုပ်ခဲ့တယ်လို့ ဝေဖန်ရာမှာ ပြောတဲ့ပုံစံပါ။

အောက်ပါဥပမာတို့ကို ကြည့်ပါ။

The room should have been cleaned. အခန်းကို သန့်ရှင်းပြီး ဖြစ်သင့်တာ။ (မသန့်ရှင်းရသေး)

The shirts should have been delvered. ရှပ်အင်္ကျီတွေကို ပြန်ပို့ပြီးသား ဖြစ်သင့်တာ။ (ပြန်မပို့ရသေး)။

လေ့ကျင့်ခန်း၁။

အောက်ပါ ဥပမာတို့ကို ကြည့်၍ တုံ့ပြန်ပြောဆိုပါ။

Example The phone doesn't work. (check)

It should have been checked.

1. The light bulb is broken. (replace)

2. Our bath is dirty. (clean)

3. The rubbish bin is full. (empty)

4. These glasses are dirty. (wash)

၂။ အောက်ပါ complaint  များကို ဖြေရှင်းချက်ပေးပါ။

Example The bed isn't made.

I'm sorry it should have been made. I'll send someone up immediately.

1. Our bathroom hasn't been cleaned.

2. The minibar is empty.

3. The bathroom doesn't have any new soap or shampoo.

၃။ အောက်ပါ ၀ါကျတို့ကို မှန်ကန်သည့် ကြိယာပုံစံရွေးပါ။

1. The floor in room 452 hasn't been cleaned.

a) isn't cleaned b) hasn't clean c) hasn't been cleaned

2. The bed ----------------------

a) isn't done

 b) hasn't been made

c) hasn't made

3. The towels ------------------

a) haven't been changed

b) haven't changed

c) aren't changed

4. Room 261's shirts ----------------- yet from the laundry.

a) hasn't arrived back b) haven't arrived back c) aren't arrived backAnswer

1/

1. It should have been replaced.

2. It should have been cleaned.

3. It should have been emptied.

4. They should have been washed.2/

1. I'm sorry it should have been cleaned. I'll call the housekeeper straight away.

2. I'm sorry it should have been refilled. I'll look into right away.

3. I'm sorry they should have been replaced. I chase up a housekeeper right away.

3/2.b, 3. a, 4. b, ဇာနည် (My Way!)

Internet Journal
အပြည့်အစုံသို့ »