မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် မြန်မာနှစ်ဦးပါဝင်သည်ဆိုသော ၀တ်လစ်စလစ်ပွဲတစ်ပွဲအား ရိုက်ကူးခဲ့သည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ရဲများက စုံစမ်း လျက်ရှိကြောင်း သိရသည်။ ပီနန်ပြည်နယ် အနောက်မြောက်ဘက်ရှိ တာလုဘာဟန် ကမ်းခြေပေါ်တွင် ကိုယ်ပေါ်တွင် ဆေးများရေးခြယ်ခြင်းနှင့် ကိုယ်လုံးတီး ကခုန်နေသူ ၁၈ ဦးတို့အား ရိုက်ကူးထားသည် ဗီဒီယိုသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် မလေးရှားမှ ၇ ဦး၊ မြန်မာမှ ၂ ဦး၊ ဖိလစ်ပိုင်မှ ၁ဦး နှင့် အိန္ဒိယမှ ၁ ဦး တို့ပါဝင်ကြောင်း ပီနန်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကားလျက် The Star သတင်းစာက ဖော်ပြခဲ့သည်။ ယင်းပွဲအတွက် ကမ်းခြေနှင့်အနီးဝန်းကျင်ကို တာဝန်ယူထိန်းသိမ်းရသည့် ပီနန်အမျိုးသားဥယျာဉ်၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောကြားခဲ့သည်ဟု မလေးရှားအွန်လိုင်းသ တင်းဝက်ဘ်ဆိုက် The Rakyat Post တွင် ဖော်ပြခဲ့သည်။ အဆိုပါ ရေးသားမှုနှင့်ပတ်သက်ပြီး ပီနန်ပြည်နယ်ဝန်ကြီးချုပ်က “ပီနန်မှာ ကျွန်တော်တို့အနေနဲ့ ကာစီနိုရုံတွေကိုတောင် ဖွင့်ခွင့်မပေးတာ ဒီလိုပွဲမျိုးကို ခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။ Ref:CAN mizzima
အပြည့်အစုံသို့ »
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မလေးရှားလေယာဉ်ပျက်ကျသွားတဲ့နေရာနားတ၀ိုက်က တချို့နယ်မြေတွေကို ရုရှားလိုလားတဲ့ သူပုန်တွေဆီကနေ တနင်္လာနေ့မှာ ပြန်ပြီးတော့ သိမ်းယူနိုင်လိုက်တယ်လို့ ယူကရိန်းစစ်တပ်က ပြောလိုက်ပါတယ်။
ဒါ့အပြင် မလေးရှားလေယာဉ်မှတ်တမ်းတွေအရ လေယာဉ်ဟာ Shrapnel ဒုံးကျည်နဲ့ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။
ယူကရိန်းတပ်တွေဟာ ရုရှားနယ်စပ်နားမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ထိုးစစ်တွေဆင်နေတဲ့တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Andriy Lysenko က ကိယဗ်မြို့တော်မှာ တနင်္လာနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျသွားတဲ့နားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နိုင်ငံတကာစုံစမ်းစစ်ဆေးသူတွေဟာ အဲဒီနားတ၀ိုက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့ရဲ့ အစီအစဉ်တွေကို ၂ ရက်ဆက်တိုက်ဖျက်ခဲ့ရပါတယ်။
လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းကို လေ့လာသုံးသပ်နေတဲ့ ဗြိတိန်နိုင်ငံက စုံစမ်းစစ်ဆေးသူတွေကတော့ Shrapnel ဒုံးကျည်ထိခဲ့တာလို့ Lysenko ပြောတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးပြောကြားခဲ့ခြင်းမရှိဘဲ ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ ဒတ်ခ်ျ စုံစမ်းစစ်ဆေးသူတွေကလည်း ဒါကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
အပြည့်အစုံသို့ »
မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ယူကရိန်း အရှေ့ပိုင်း၌ ပစ်ချခံခဲ့ရသော ၎င်းတို့၏ MH 17 လေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များအတွက် စေတနာ ထောက်ပံ့ကြေးငွေ အဖြစ် ကနဦးပေးငွေ ဒေါ်လာ ငါးထောင်စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မလေးရှား အစိုးရပိုင်ဖြစ်သည့် ထိုနိုင်ငံပိုင် လေကြောင်းလိုင်းက ၎င်း တို့သည် လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သည့် ခရီးသည်များ၏ ကျန် ရစ်သူ မိသားစုများ အတွက် စေတနာဖြင့် ထောက်ပံ့ငွေ သဘောအပြင် စီးပွားရေးလိုအပ်ချက်များလည်း ပြေလည်နိုင်စေရန် ပေးခဲ့ခြင်း ဖြစ်ကြောင်းဆို သည်။
လေကြောင်းလိုင်းမှ ထုတ်ပြန်ချက်တွင် ရန်ပုံငွေတွေကို ထောက်ပံ့ရေး ရည်ရွယ်ချက်တွေအတွက် ယခင်ကလည်းထားရှိပြီးသား ဖြစ်ပါတယ်။ ဒီဘဏ္ဍာရေး အထောက်အပံ့တွေက သေဆုံးသူတွေအတွက် နောက်ဆုံးပိတ် အပြီးသတ် လျော်ကြေးမဟုတ်သလို မိသားစုတွေဘက်က တရားဥပဒေ ကြောင်းအရ စွဲဆိုမှုတွေကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး ဟု ဆိုထားသည်။ လေကြောင်းလိုင်းသည် ကျန်ရစ်သူ မိသားစုများ အတွက် ဟိုတယ်များ ငှားရမ်းထားရှိပေးခြင်း၊ အစားအသောက်နှင့် ပို့ဆောင်ဆက်သွယ်ရေး စီစဉ်ပေးခြင်း၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေသည်။ MH 17 လေယာဉ်သည် ခရီးသည် (၂၈၃) ဦးနှင့် ယာဉ်ဝန်ထမ်း(၁၅)ဦး အပါအ၀င် ယူကရိန်းအရှေ့ပိုင်း ဝေဟင်မှ ဖြတ်ပျံသန်း နေစဉ် ရုရှားလိုလားသည့် ခွဲထွက်ရေးဝါဒီများက ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်ဖြင့် ပစ်ချလိုက်ဖွယ် ရှိကြောင်း သိရသည်။
AFP
The Messenger
အပြည့်အစုံသို့ »
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မလေးရှားနိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ကို
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခဲ့တဲ့ ဖြစ်စဉ်မှာ ရုရှားနိုင်ငံက တိုက်ရိုက် ပါဝင်ပတ်
သက်နေတယ်ဆိုတဲ့ အထောက်အထား သူတို့ထံမှာ မရှိဘူးလို့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ပြောဆိုပါတယ်။
ပေါ့ပေါ့တန်တန် သင်တန်းတက်ထားတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက မှားယွင်း ပစ်ခတ်ခဲ့ပုံ ရတယ်လို့လည်း ပြောဆိုပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဖြစ်ပျက်နဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေက အင်္ဂါနေ့ ၀ါရှင်တန်ဒီစီ မြို့တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
အခုလို ပဏာမ စုံစမ်းတွေ့ရှိချက်တွေကို ရှင်းပြသူတွေက သူတို့ရဲ့ နာမည်တွေကို ထုတ်ဖော်မပြောကြဖို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက် တင်ဆောင်လာတဲ့ လေယာဉ်ကြီးကို ခွဲထွက်ရေးသူပုန်တွေက ရုရှားနိုင်ငံလုပ် မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်တဲ့ SA-11 မစ်ဇိုင်းဒုံးနဲ့ ပစ်ချခဲ့ပုံရကြောင်း သူတို့က ပြောပါတယ်။ လေယာဉ်ပေါ်ပါသူတွေထဲမှာ အသက်ရှင်ကျန်ရစ်သူ တယောက်မှ မရှိပါဘူး။
မစ်ဇိုင်းဒုံးပျံ ပစ်ခတ်လိုက်ချိန်မှာ ရုရှားနိုင်ငံဘက်က တာဝန်ရှိသူတဦးတယောက် ရှိနေ မနေဆိုတာကို သူတို့မသိဘူးလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ပစ်ခတ်နိုင်တဲ့ အနေအထားမျိုး ရရှိအောင် ရုရှားက ဖန်တီးပေးထားတယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်တာကာလအတွင်း အမေရိကန်ပြည်ထောင်စု၊ ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံဟာ အခုလို လေယာဉ်ကို ပစ်ချနိုင်စွမ်းရှိတဲ့ ဒုံးပျံလွှတ်စဉ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
VOA(မြန်မာပိုင်း)
အပြည့်အစုံသို့ »
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရုရှားကိုလိုလားသူ ခွဲထွက်ရေးသူပုန်တွေက ပျက်ကျ
သွားတဲ့ မလေးရှားလေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ black box ကို မလေးရှား
ကျွမ်းကျင်သူတွေ လက်ကို လွှဲပေးလိုက်ပါတယ်။
တနင်္လာနေ့နှောင်းပိုင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetask ဒွန်းနပ်စ်မြို့မှာ လွှဲပြောင်းပေးလိုက်တာပါ။ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ သူပုန်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Alexander Borodai တို့အကြား တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုခဲ့ကြပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာ အခုလို လွှဲပြောင်း ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်လည်လွှဲပြောင်းပေးတဲ့ ပျံသန်းမှုမှတ်တမ်းတင် ကိရိယာမှာ ထိခိုက်ပျက်စီးမှုတွေရှိကြောင်း မလေးရှား ဗိုလ်မှူးကြီး Mohamed Sakri ကပြောပါတယ်။ ဒါပေမဲ့ လက်ရာမပျက် ရှိပြီး အခြေအနေကောင်းမွန်ပါတယ်လို့ ပြောပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်တင်ဆောင်လာတဲ့ မလေးရှား နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး ပစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တညီတညွတ်တည်း ချမှတ်လိုက်ပါတယ်။
ဒါ့အပြင် လေယာဉ်ပျက်ရှိရာနေရာကို ထိန်းချုပ်ထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေအနေနဲ့ အဲဒီနေရာ တ၀ိုက်ကို စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အတားဆီးမရှိ ၀င်ထွက်နိုင်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။ အခုလို တညီတညွတ်တည်း မဲပေးဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့အပေါ် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ကြိုဆိုလိုက်ပါတယ်။ ဒါဟာ မနှစ်မြို့ဖွယ်ကောင်းတဲ့ လုပ်ရပ်အပေါ် ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တာဖြစ်တယ်လို့ Ms. Bishop ကပြောပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူတွေထဲမှာ သြစတေးလျနိုင်ငံသား ၃၇ ယောက် ပါဝင်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လေယာဉ်ဟာ မြေပြင်ကနေ ဝေဟင်ပစ်ခတ်တဲ့ မစ်ဇိုင်း ဒုံးကျည် ထိမှန်ပြီး ပျက်ကျခဲ့ရတာဖြစ်တယ်လို့ ယူကရိန်း၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က အစိုးရတာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေအနေနဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးသူတွေကို လေယာဉ်ပျက်ရှိရာကို သွားရောက်နိုင်ရေးအတွက် ခွင့်ပြုအောင် ရုရှားနိုင်ငံက သူ့ရဲ့သြဇာအရှိန်အ၀ါကို အသုံးပြုဖို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
VOA (မြန်မာပိုင်း)
အပြည့်အစုံသို့ »
မလေးရှားလေယာဉ် ပေါ်မှာ ပါသွားတဲ့ ဘယ်လ်ဂျီယံကလေးငယ် Steven Noreilde ရဲ့ ဓာတ်ပုံနဲ့ လွမ်းသူ့အမှတ်တရများ။
မလေးရှားနိုင်ငံသားအများအပြားဟာ နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ပစ်ချခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ ရုရှားကိုလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေအပေါ် ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ သူတို့ရဲ့အစိုးရနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တောင်းဆိုနေကြပါတယ်။
တချို့ကလည်း စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုကြပါတယ်။
ကြာသပတေးနေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားနယ်စပ်အနီးမှာ လေယာဉ်ပစ်ချခဲ့မှုအပေါ် သူပုန်တွေနဲ့ ယူကရိန်းအစိုးရတို့ကြားမှာ အပြန်အလှန် စွပ်စွဲနေကြတာပါ။ ရုရှားအစိုးရကိုတော့ လေယာဉ်ပျက်နဲ့ပတ်သက်ပြီး လုံလောက်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင် ပြည့်ပြည့်၀၀ ဆောင်ရွက်မပေးဘူးဆိုပြီး စွပ်စွဲကြပါတယ်။
စိတ်ဆိုးဒေါသထွက်ကြသူအများစုဟာ မွတ်ဆလင်ဘာသာဝင်တွေဖြစ်ကြပြီး သေဆုံးသွားသူတွေကို ဘာသာရေး ထုံးစံအတိုင်း အမြန်ဆုံး မြေမြှုပ်သင်္ဂြိုဟ်နိုင်ဖို့ မဆောင်ရွက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၉၈ ယောက်အနက် ၄၃ ယောက်ဟာ မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံသားတွေနဲ့ ၁၂ ဦးဟာ မွတ်ဆလင်ဘာသာဝင် အများဆုံးရှိတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဖြစ်ကြပါတယ်။
မလေးရှားနိုင်ငံသားတွေဟာ ရုရှားသမ္မတ မစ္စတာ ဗလာဒီမီယာ ပူတင်ကို ဝေဖန်ပြစ်တင်နေကြပြီး နိုင်ငံရေးသမား အများစုကလည်း ဘယ်သူဘယ်ဝါရယ်လို့ တိုက်ရိုက် စွပ်စွဲတာမျိုးမရှိပေမဲ့ စိတ်ဆိုးဒေါသထွက်နေကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
အပြည့်အစုံသို့ »
ဒုံးကျည်ထိမှန်ပျက်ကျသွားတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်ပျက်အပိုင်းအစများ။
ရုရှားနယ်စပ်အနီး ယူကရိန်းသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသအတွင်း မလေးရှားလေယာဉ် ပစ်ချခံရမှုမှာ ရုရှားနိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြောင်း ယုံကြည်နိုင်ဖွယ်ရှိတဲ့ အထောက်အထားတွေ ရှိထားပြီဖြစ်တဲ့အကြောင်း ယူကရိန်း တန်ပြန် ထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။ ခွဲထွက်ရေးသူပုန်တွေမှာ buk 1 လို အဆင့်မြင့် နည်းပညာသုံး ဒုံးလက်နက်ကို အသုံးပြုနိုင်တဲ့ သင်တန်းမျိုးမရှိဘူးလို့ ဒီကနေ့ စနေနေ့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Vitaly Nada ( ဗစ်တလေ နာဒါ) က ပြောပါတယ်။
ဘက်က် ၀မ်း ဒုံးလက်နက်ကို အသုံးပြုဖို့ ဆိုရင် စစ်ရေးပညာနဲ့  သင်တန်းတွေရှိဖို့ လည်း လိုပါတယ်။ ကျနော်တို့ သေချာသိထားသလောက် ဒါ ရုရှားအဖွဲ့ပါ။ ရုရှားနိုင်ငံသားတွေ ဘက်က်ဝမ်းကို အသုံးပြုနေတာ ရှိပါတယ်။ ရုရှား ဖက်ဒရေးရှင်းနယ်မြေကနေ မစ်ဇိုင်း လက်နက်တွေနဲ့ အတူ သူတို့ လာခဲ့တာပါဆိုပြီးတော့လည်း မစ္စတာ နာဒါက ပြောသွားပါတယ်။
ကြာသပတေးနေ့က လူပေါင်း ၃၀၀ နီးပါး တင်ဆောင်လာတဲ့ မလေးရှား လေယာဉ်ကို ပစ်ချလိုက်ပြီးတဲ့နောက် လေယာဉ်ပျက်ကျရာနေရာက အထောက်အထားတွေကို ရုရှားလိုလားတဲ့ ယူကရိန်းသူပုန်တွေက ဖျောက်ဖျက်ပစ်ဖို့ လုပ်ဆောင်ရာမှာ ရုရှားနိုင်ငံက ကူညီခဲ့တယ်လို့လည်း ယူကရိန်းဘက်က စွပ်စွဲပါတယ်။ သူပုန်တွေဟာ အလောင်း ၄၀ နီးပါးကိုလည်း လေယာဉ်ပျက်ကျရာနေရာကနေ သူတို့ ထိန်းချုပ်ရာ ဒေါညန့်စ်မြို့ ကို ယူဆောင်သွားခဲ့တဲ့အကြောင်း အစိုးရက ဒီကနေ့ စနေနေ့ မှာ ပြောပါတယ်။ ယူကရိန်းခွဲထွက်ရေးသမားတွေကို သယ်ယူပို့ဆောင်ရေးအတွက် ကူညီပေးနေသူတွေဟာ ရုရှားသံဝဲ၀ဲနဲ့ ပြောဆိုတယ်ဆိုပြီးတော့လည်း ပြောပါတယ်။ အခုလို စွပ်စွဲချက်တွေအပေါ် ရုရှားဘက်ကတော့ တုံ့ပြန်ပြောဆိုတာမျိုး မရှိပါဘူး။
ထူးခြားမှုတခုကတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဂျာမန် ၀န်ကြီးချုပ် အန်ဂလာ မာကဲလ်တို့အကြား လေယာဉ်ပစ်ချခံရမှုနဲ့  ပတ်သတ်ပြီး နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့  သဘောတူညီချက် ရလိုက်တာပါ။ နိုင်ငံခေါင်းဆောင် ၂ ယောက်ဟာ ဒီကနေ့ စနေနေ့မှာ တယ်လီဖုန်းနဲ့  ဆက်သွယ်ပြောကြားခဲ့ပြီး နိုင်ငံတကာ မြို့ပြ လေကြောင်းဆိုင်ရာ အဖွဲ့အနေနဲ့သာ ဒီစုံစမ်းစစ်ဆေးမှုကို လုပ်သင့်တယ်ဆိုပြီး သဘောတူညီခဲ့ကြတဲ့အကြောင်း ဂျာမနီအစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
အပြည့်အစုံသို့ »
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပေါ်ရှိ မြန်မာစားသောက်ဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
မလေးရှားနိုင်ငံတွင် မကြာသေးမီက မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်ပြီးနောက် မြန်မာအလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်)ပို့ (နိုင်ငံကူးလက်မှတ်)စစ်ကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်အပေါ် တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအား တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း မြန်မာအလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်) ပို့စစ်ကာ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကြောင့် မလေးရှားရှိ မြန်မာအလုပ်သမားများမှာ အပြင်မထွက်ရဲဖြစ်နေပြီး အပြင်ထွက်ပါကလည်း မလေးရှားရဲများက ပတ်(စ်)ပို့(နိုင်ငံကူးလက်မှတ်) စစ်ဆေးဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။
“အခြေအနေကတော့ ငြိမ်နေတယ်။ ငြိမ်နေတယ်ဆိုတာ အကောင်းတော့မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး မြို့လယ်ကို မထွက်ရဲဘူး။ အသတ်ခံရမှာ ကြောက်နေတယ်။ အသတ်ခံရမှာကြောက်လို့ အပြင်မထွက်ဘူး။ အပြင်ထွက်ရင်လည်း မလေးရဲက ပတ်(စ်) ပို့စစ်ပြီး ဖမ်းတယ်။ ငွေတောင်းတယ်။ မလေးရှား-ထိုင်းနယ်စပ်မှာဆို မလေးရှားရဲက တော်တော်လေးကို အဖမ်းအဆီးကြမ်းနေပါတယ်” ဟု ဦးဆန်းဝင်းက ပြောကြားသည်။
မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ ပတ်(စ် )ပို့(နိုင်ငံကူးလက်မှတ်)နှင့် အလုပ်လုပ်ခွင့် လက်မှတ်များကို အလုပ်ရှင် အတော်တော်များများက သိမ်းဆည်းထားလေ့ရှိခြင်းကြောင့် အလုပ်သမားများအနေဖြင့် အပြင်ထွက်ရာတွင် အခက်အခဲဖြစ်နေသည်ဟု သိရသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်သမားများ ပပျောက်ရေး စီမံချက်အနေဖြင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က စတင်၍ တရားမဝင် မြန်မာအလုပ်သမားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ စီမံချက်ကြောင့် မြန်မာအလုပ်သမား အများအပြား ဖမ်းဆီးခံခဲ့ရပြီး အလုပ်သမား အများအပြား နေရပ်သို့ ပြန်ရောက်လာခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ပီရိုင်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးကို ၎င်းနေထိုင်ရာ အိမ်အနောက်ဘက်၌ သေဆုံးလျက်ရှိနေသည်ကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ပြီး သေဆုံးသူ ကိုအောင်ခင် (ကိုတိုနီ)သည် နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ညာဘက်လက်ကောက်ဝတ်မှာလည်း ပြတ်တောက်လုနီးပါး အလှီးခံထားရသည်ဟု သိရသည်။
အလားတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သေဆုံးသည့် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးနေသည့် ကွာလာလမ်ပူ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီက ပူချွန်မြို့မန်ချူးချိုင့်၌ အသတ်ခံခဲ့ရသည်။
“သံရုံးက ဘာမှအကူအညီမပေးဘူး။ သတိထောက်လွှာ သွားပို့တာလည်း မထိရောက်ဘူး။ ဒါ့အပြင် မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ဖြစ်စဉ်တွေ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး” ဟု ၎င်းကဆိုသည်။
နန်းစုနှင်းထွေး
Eleven Media
အပြည့်အစုံသို့ »
မလေးရှားလေကြောင်းလိုင်းအနေနဲ့ သိသိသာသာကြီးကြီးမားမားငွေကြေးအထောက်အပံ့မရဘူးဆိုပါက တစ်နှစ်ကျော်အတွင်းမှာ ရှင်သန်ဖို့လမ်းမမြင်တော့ကြောင်း ကွာလာလမ်ပူမှာရုံးစိုက်တဲ့ မေဘဏ်ရဲ့ ရင်းနှီးမြှပ်နှံမှုသုံးသပ်စိတ်ဖြာမှုကျွမ်းကျင်သူ မိုရှင်းအာဇစ်က ဘီဘီစီကမ္ဘာတစ်လွှားအစီအစဉ်ကိုပြောကြား လိုက်ပါတယ်။
ယူကရိန်းမှာ မလေးရှားလေကြောင်းပိုင် ခရီးစဉ်အမှတ် MH 17 လေယာဉ်ကို ယူကရိန်းခွဲထွက်ရေးသမားများ က ယမန်နေ့က မှားယွင်းပစ်ချခံရအပြီးမှာ မလေးရှားလေကြောင်းရဲ့ အစုရှယ်ယာတန်ဖိုးဟာ ဈေးကွက်မှာ ၁၁ရာခိုင်နှုန်းထပ်မံကျဆင်းသွားခဲ့ရပါတယ်။
မလေးရှားလေကြောင်းအနေနဲ့ မတ်လက MH370 လေယာဉ်အိန္ဒိယသမုန္ဒရာမှာ ထူးဆန်းစွာပျောက်ဆုံးပျက်ကျအပြီး ဒုတိယမြောက်အဖြစ်ဆိုးကြီးနဲ့ကြုံရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ကိုးလက
စပြီးရေတွက်မယ်ဆိုရင် မလေးရှားလေကြောင်းရဲ့ဈေးကွက်တန်ဖိုးဟာ ၄၀ရာခိုင်နှုန်းအထိကျဆင်းသွားရပြီဖြစ်ပါတယ်။
`ဒါဟာတကယ့်တိုက်ဆိုင်မှုပဲဆိုဆို၊ လေကြောင်းလိုင်းတစ်ခုတည်းကနေ လအနည်းငယ်အတွင်း ကြောက် မက်ဖွယ်ရာ မတော်တဆဖြစ်မှုကြီး နှစ်ကြိမ်တောင်ကြုံလိုက်ရတာကတော့ သမိုင်းမှာမရှိဘူးလေ`လို့ မလေးရှားလေကြောင်းလိုင်းကို အဓိကငွေကြေးထောက်မနေတဲ့ ဒီဗီဘီဘဏ်ရဲ့လေကြောင်းဌာနအကြီးအကဲ ဘာထရန်ဂရာဘိုစကီးက ပြောတယ်လို့ ဘီဘီစီကရေးပါတယ်။
ငွေကြေးကို လုံလုံလောက်လောက်ထောက်ပံ့မှုထပ်ရတယ်ထားဦး၊ရေရှည်မှာ ဒီလေကြောင်းရှင်သန်နိုင်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ သုံးသပ်သူများကပြောကြပါတယ်။
`အခုနောက်ဆုံးဖြစ်ခဲ့တဲ့ကြေကွယ်ဖွယ်ဖြစ်ရပ်ဆိုးမှာ ဒီအမှတ်တံဆိပ်ဆက်လက်ရှင်သန်နိုင်ပါ့မလား မေးစရာပဲ`လို့ ဘတ်အင်န်ဘတ်က လေကြောင်းဆိုင်ရာမိတ်ဖက် လီရိုဖာတိုရီနီကပြောပါတယ်။
Source bbc.com
Yangon Media Group
အပြည့်အစုံသို့ »
ပျက်ကျသွားသည့် MH-17 ခရီးသည်တင် လေယာဉ်နှင့် လိုက်ပါရန် စီစဉ်ထားသော မိသားစု တစ်စုသည် ခုံနေရာ မရသဖြင့် ကျန်နေရစ်ခဲ့ပြီး ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
စကော့တလန်မှ ဘယ်ရီဆင်မ်နှင့် ဇနီးဖြစ်သူ အိုင်ဇီဆင်မ်တို့သည် ကလေးငယ်နှင့်အတူ အဆိုပါ လေယာဉ်ပေါ် လိုက်ပါရန် စီစဉ်ထားသော်လည်း လေဆိပ် တာဝန်ရှိသူများက နေရာ မလောက်တော့ကြောင်း အသိပေးခဲ့သဖြင့် ကွာလာလမ်ပူသို့ သွားရောက်မည့် တော်ဝင်ဒတ်ခ်ျ လေကြောင်းလိုင်း (KLM)၏ လေယာဉ်ကိုသာ ရွေးချယ်ခဲ့ရသည်။
MH-17 သည် ရုရှားနှင့် ယူကရိန်း နယ်နိမိတ်အနီး ဝေဟင်တွင် ပစ်ချခံရသည်ဟု ယူဆရသော အခြေအနေ တစ်ရပ်ကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါခဲ့သူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။ ၎င်းတို့ မလိုက်ပါဖြစ်သည့် လေယာဉ် ပျက်ကျကြောင်း သတင်းကို ကြားသိရသည့်အခါ ဘယ်ရီက “ဗိုက်ထဲက ပျို့တက်လာသလို ခံစားရတယ်”ဟု ဖွင့်ဟခဲ့သည်။ အိုင်ဇီကလည်း “ပုဂ္ဂိုလ် တစ်ပါးပါးက ကျွန်မတို့ကို စောင့်ကြည့်နေပြီး ဒီလေယာဉ်နဲ့ မလိုက်သွားရဘူးလို့ ဆုံးဖြတ် ညွှန်ကြားပေးခဲ့တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ”ဟု ပြောကြားခဲ့သည်။
သူမက “ကျွန်မတို့က မလေးရှား လေကြောင်းလိုင်းရဲ့ တကယ့် အမာခံ ဖောက်သည်တွေပါ။ ဒီလေကြောင်းလိုင်းရဲ့ လေယာဉ်တွေနဲ့ပဲ ခရီးသွားဖို့ အမြဲတမ်းလိုလို ကျွန်မတို့ ရွေးချယ်လေ့ရှိတယ်”ဟုလည်း ဆိုသည်။ သူမက “ဒါပေမဲ့ သိလား။ ဒီတစ်ခါမှာတော့ မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ်အစား KLM လေကြောင်းလိုင်းနဲ့ ခရီးသွားဖြစ်လိုက်တာကို ကျွန်မ အရမ်း ပျော်သွားမိတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။
လေယာဉ်ပျက်ကျမှုတွင် နယ်သာလန် နိုင်ငံသား (၁၅၀)ကျော် အသက်ဆုံးရှုံးခဲ့ရာ နယ်သာလန် ဝန်ကြီးချုပ် မက်ခ်ရူတေးသည် သတင်းကြားကြားချင်း ဥရောပသမဂ္ဂ ညီလာခံ တက်ရောက်နေရာမှ ချက်ချင်း ပြန်လာခဲ့သည်။ အမ်စတာဒမ်ရှိ ရှီဖိုးလ် လေဆိပ်၏ ပထမထပ် တစ်ထပ်လုံးကိုလည်း ပိတ်ထားလိုက်ပြီး သေဆုံးသူများ၏ မိသားစုများ၊ ဆွေမျိုးသားချင်းများ ရောက်လာချိန်တွင် နေရာချပေးထားရန် ချန်လှပ်ထားခဲ့သည်။
လေယာဉ် မထွက်ခွာမီ ပြေးလမ်းပေါ်တွင် ရှိနေစဉ် ဓာတ်ပုံရိုက်ပြီး Facebookပေါ် တင်ခဲ့သည့် နယ်သာလန် နိုင်ငံသား အမျိုးသား တစ်ဦးသည်လည်း သေဆုံးသွားပြီဟု ယူဆရသည်။ အစောပိုင်းက ၎င်း၏ ဓာတ်ပုံအောက်တွင် မိတ်ဆွေများက ပျော်ရွှင်သော ခရီးဖြစ်စေရန် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသော်လည်း လေယာဉ်ပျက်ကျသည့် သတင်းကြားပြီးနောက် ဝမ်းနည်းမှုကို ဖော်ပြသည့် Comment များအဖြစ် ပြောင်းလဲသွားကြောင်း သိရှိရသည်။
_Re: Telegraph
7day daily
အပြည့်အစုံသို့ »
(REUTERS/Maxim Zmeyev )
နယ်သာလန်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ပျံသန်းသည့် မလေးရှား လေကြောင်းလိုင်းမှ ခရီးသည် ၂၈၀ နှင့် လေယာဉ်ဝန်ထမ်း ၁၅ ဦး တင်ဆောင်လာသည့် ဘိုးရင်း ၇၇၇ လေယာဉ် MH-17 သည် ရုရှားနယ်စပ်အနီး ယူကရိန်းပိုင်နက်ထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရကြောင်းနှင့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း နိုင်ငံတကာသတင်းဌာနများက အရေးပေါ်ကြားဖြတ်သတင်းအဖြစ် ဖော်ပြသည်။
အဆိုပါလေယာဉ်မှာ ကြာသပတေးနေ့ ညပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်းလိုင်းက အတည်ပြုထားသည်။ လေယာဉ်မှာ အမ်စတာဒမ်မြို့မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းသည့် လေယာဉ်ဖြစ်ကာ နောက်ဆုံးခြေရာခံရသည့် ဆက်သွယ်မှုနေရာမှာ ယူကရိန်း လေပိုင်နက်ထဲတွင်ဖြစ်ကြောင်းဆိုသည်။
ခရီးသည် ၂၈၀ နှင့် လေယာဉ်မှူးနှင့် ဝန်ထမ်း ၁၅ ဦး လိုက်ပါသွားသည့် ထိုလေယာဉ်မှာ ပစ်ချခံရခြင်းဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အကြံပေး အန်တွန်ဂါရာရှန်ကိုက အေပီသတင်းအား ပြောသည်။
(REUTERS/Maxim Zmeyev)
ရိုက်တာသတင်း၏အဆိုအရလေယာဉ်ကို ရုရှားလိုလားသည့်ခွဲထွက်ရေးသူပုန်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေးဌာနသတင်းကို ကိုးကား၍ ဖော်ပြသည်။
ဂါရာရှန်ကိုက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လေယာဉ်မှာ အမြင့်ပေ ၃၃,၀၀၀ ခန့်၌ပျံသန်းနေစဉ် Buk လောင်ချာဖြင့်ပစ်သော ဒုံးကျည်ထိမှန်ပြီး ပစ်ချခံခဲ့ရကြောင်း ဖော်ပြသည်။ ထိုဒုံးပစ်လောင်ချာမျိုးကို ကြာသပတေးနေ့အစောပိုင်းကပင် အေပီသတင်းမှ ဂျာနယ်လစ်များက ယူကရိန်းအရှေ့ပိုင်းမြို့ စနစ်ဇနီအနီးတွင် တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။ အကြံပေးပုဂ္ဂိုလ် ဂါရာရှန်ကိုက ယာဉ်ပေါ်လိုက်ပါသွားသူအားလုံးမှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း ရုရှားအင်တာဖက်စ်သတင်းအား ပြောသည် ။
—Ref: Fox/BBC/AP/Reuters
7day daily
အပြည့်အစုံသို့ »
ကွာလာလမ်ပူမြို့အနီး ကမ်းပုန် ဘာရူး ဇွန်ဂိုင်ပလုတ်ရှိ ပရိဘောဂစက်ရုံတွင်
အလုပ်သမား အချင်းချင်း ငြင်းခုံ ထိုးနှက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီ မြန်မာအလုပ်သမား
တဦး သေးဆုံးသွားခဲ့သည်ဟု ဇူလိုင် ၁၄ ရက်နေ့က NTV7 သတင်းဌာနကနေ ထုတ်လွင့်သွားခဲ့သည်။
အခင်းဖြစ်ပွားမှု ည ၈ နာရီဝန်းကျင် ပရိဘောဂစက်ရုံထဲမှာ ဆူဆူညံညံ အော်ဟစ်အသံတွေ ကြားနေရတဲ့အခါမှာ လော်လီကား မောင်းသမာက အခင်းဖြစ်ပွား နေရာသို့ သွားရောက် ကူညီဖြေရှင်းရန် ပြေးလွှာရောက်သွားတဲ့ချိန်မှာ ဘင်္ဂလာဒေရှ်နိုင်ငံသား ၄ ဦး လက်ချက်နဲ့ သေဆုံးနေတဲ့ မြန်မာနိုင်ငံသား တွေ့ရှိခဲ့သည်ဟု ကားသမားက မှုခင်းရဲတပ်ဖွဲ့ကို ပြန်ရှင်းပြခဲ့သည်။
မှုခင်းတပ်ဖွဲ့မှ သေဆုံးသွားတဲ့အလောင်းကို စစ်ဆေးကြည့်တဲ့အခါတွင် ဦးခေါင်းနှင့် ရင်ဘတ် ချွန်းထက်တဲ့အရာနဲ့ ထိုးသတ်ခံရတာဖြစ်ပြီ ဒီလူသတ်မှုသံသယရှိသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက် သေဆုံးသူရဲ့အလောင်းကို ခွဲစိတ် စစ်ဆေးဖို့ ဇွန်ဂိုင်ပလုတ် ဆေးရုံသို့ ပို့ဆောင်ထားခဲ့တာ ဖြစ်သည်။
သူရိယဂျာနယ် ( မလေးရှား)
အပြည့်အစုံသို့ »
မလေးရှားနိုင်ငံတွင် သုံးရက်အတွင်း မြန်မာနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် မလေးရှားရောက်မြန်မာနိုင်ငံသားများအနေဖြင့် သတိပြုနေထိုင်သွားလာရန်နှင့် လုံခြုံရေးအထူးဂရုပြုရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ဇူလိုင် ၁၀ ရက်တွင် နှိုးဆော်ထားသည်။
ထို့အပြင် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များအား သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူ တရားခံများအား အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
7Day Daily
အပြည့်အစုံသို့ »
မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် တရာမဝင် အထောက် အထားမဲ့ မြန်မာဟု ဆိုသူ ၂၂ ဦး အပါအဝင် နိုင်ငံခြား သား ၂၇ ဦးကို ဖမ်းဆီး လိုက်ကြောင်း မလေးရှား သတင်း များတွင် ဖော်ပြသည်။ ၎င်းတို့ကို ပီနန်ပြည်နယ် ဘာတာဝတ်မြို့ရှိ Kampung Bagan Lebai Tahir အရပ်တွင် ဇွန်လ ၂၆ ရက်နေ့ ညသန်းခေါင်ယံတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖမ်ဆီးခံရမှုတွင် ၄၀ ရက်သား ကလေးငယ် တစ်ဦး ပါဝင်ကြောင်း The Star သတင်း တစ်ရပ်တွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူ ၂၇ ဦးတွင် မြန်မာဟုဆိုသူ ၂၂ ဦးနှင့် အင်ဒိုနီးရှား ငါးဦး ပါဝင်ပြီး Kampung Bagan Lebai Tahir တွင် တရားမဝင် နိုင်ငံခြားသားများ အလွန်များပြားလာသည်ဟု ဒေသခံများက တိုင်ကြား၍ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ပီနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဒါရိုက်တာ Hasbullah Abdul Rashid က The Star ကို ပြောဆို ထားသည်။
ဖမ်းဆီး ခံရသူများမှာ မြန်မာဟု မလေးရှား သတင်းများတွင် ဖော်ပြထားသော်လည်း အမှန်တကယ် မြန်မာ ဟုတ်မဟုတ် အတည်ပြု ဖော်ပြသည်ထားခြင်း မတွေ့ရပေ။ လူပေါင်း ၁၁၁ ဦးကို စစ်ဆေးခဲ့သည့်အနက် တရားဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၇ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အချို့ လုပ်သားများသည် အိပ်ရာအောက်တွင် ပုန်းအောင်း နေကြောင်း Hasbullah Abdul Rashid က ပြောဆိုထားသည်။
ယင်းဖမ်းဆီးမှုတွင် အမျိုးသားမှတ်ပုံ တင်ဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ရေးလာခေါ် မီးသတ်စသည့် ဖမ်းဆီးသူ အင်အား ၁၄၅ ဦး အသုံးပြုကာ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ပီနန်ပြည်နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ရွှေပန်းထိမ်ဆိုင်တွင် အလုပ်သမားတစ်ဦး ဖြစ်သည့် မြန်မာတစ်ဦး ဆိုင်မှ အပြန်တွင် ပစ္စည်းလု ခံရကာ အသတ်ခံခဲ့ရကြောင်း ပီနန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုမြက ပြောကြားသည်။
သို့သော်လည်း ယခု အဖမ်းအဆီးသည် လူသတ်မှု ဖြစ်စဉ်များကြောင့် အထူးစီမံချက်ချကာ တရားမဝင် လုပ်သားများ ဖမ်ဆီးခြင်း မဟုတ်နိုင်ကြောင်း၊ ပုံမှန် ပြုလုပ်နေသည့် အဖမ်းအဆီးသာ ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
Credit : The Voice
အပြည့်အစုံသို့ »
(နိရဉ္စရာ- ၂၈ ဇွန်လ ၂၀၁၄)
မလေးရှားနိုင်ငံတွင် ဇွန်လ ၁၆ ရက်နေ့က ကားတိုက်သေဆုံးသွားသူ ရခိုင်လူမျိုး (၃) ဦးနှင့် ချင်းလူမျိုး (၁) ဦးတို့၏ အလောင်းများအား ၁၀ ရက်ကျော်လာပြီ ဖြစ်သော်လည်း သဂြိင်္ုလ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ သေဆုံးသူထဲက တစ်ဦးကတော့ တိတိကျကျ သိပါတယ်။ ပေါက်တောမြို့နယ် အင်ဂြားးချိုင်ကျွန်းက ကိုစံသာအောင် (၃၉) နှစ် ဖြစ်ပါတယ်။ နောက်ထပ် နှစ်ဦးကတော့ ဘင်္ဂလာဒေခ်ျ့ဘက်က ရခိုင်လူမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တစ်ဦးကတော့ ချင်းလူမျိုးလို့ သိရပါတယ်” ဟု မလေးရှား နိုင်ငံရောက် သေဆုံးသူ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ ကိုကျော်မင်းထွန်းက ပြောသည်။
သူတို့ (၄) ဦးသည် မလေးရှားနိုင်ငံသို့ အောက်လမ်းက အသွား ယင်းနိုင်ငံ၏ ဗဟန်းပြည်
နယ် တမလွှား အရောက်တွင် မတော်တဆ ကားတိမ်းမှောက်မူ ဖြစ်ရာမှ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
“ အလောင်းတွေကို တမလွှားဆေးရုံမှာ သိမ်းထားပါတယ်။ မြန်မာသံရုံးကို သွားပြောတော့ အခု ဖြစ်တဲ့ ကိစ္စက အထောက်အထား စာရွက်စာတန်းတွေလည်း မပါတဲ့အပြင် လူကုန်ကူးမူနဲ့ ဆက်စပ်နေတာကြောင့် ကြားဝင် ဆောင်ရွက်ပေးဖို့ နေရာမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်” ဟု နောက်ထပ် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ကိုဇေယျာဦးက ပြောသည်။
ယခင်က မြန်မာနိုင်ငံသားများအတွက် သာရေးနာရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းများ ရှိသော်လည်း ယခုအခါ ထိုကဲ့သို့ အဖွဲ့အစည်းများ မရှိတော့သလောက် ဖြစ်သွားသဖြင့် ၎င်းအလောင်းများကို သဂြိုလ်ရန် အခက်အခဲ ဖြစ်နေသည်ဟု သူက ဆိုသည်။
အဆိုပါ အလောင်းများကို သဂြိင်္ုလ်ခွင့်ရရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ကိုဇေယျာဦးက ဆက်ဆိုသည်။
သေဆုံးသွားသူ ကိုစံသာအောင်တွင် အရွယ်မရောက်သေးသော ကလေး (၄) ဦးမှာ သူ၏ အမျိုးသမီးဖြစ်သူနှင့် အတူ ရခိုင်ပြည်နယ်တွင် ကျန်ရစ်ခဲ့သည်ဟု သိရသည်။
Narinjara
အပြည့်အစုံသို့ »
ကန်ဘာရာ၊ ဇွန် ၂၆
မလေးရှား လေကြောင်းလိုင်းပိုင် MH-370 လေယာဉ်သည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းစဉ် ဆီကုန်ကာ ပျက်ကျသွားခြင်း ဖြစ်ရန် သေချာသလောက်ရှိပြီး ရှာဖွေရေး လုပ်ငန်းများကို အိန္ဒိယသမုဒ္ဒရာ၏ ယခုထက်ပိုမို၍ တောင်ဘက်ပိုင်းကျသော ဧရိယာတွင် ပြောင်းရွှေ့ ပြုလုပ်သွားမည်ဟု သြစတြေးလျ အာဏာပိုင်များက ကြေညာလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
မတ်လ ၈ ရက်နေ့က လူပေါင်း ၂၃၉ ဦးကို တင်ဆောင်ကာ ပျောက်ဆုံးသွားသော MH-370 လေယာဉ်ကို သြစတြေးလျနိုင်ငံ ဦးဆောင်သော နိုင်ငံတကာ ရှာဖွေရေး တပ်ဖွဲ့ဝင်များက အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေနေသည်မှာ လေးလနီးပါး ရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ခိုင်မာသော အထောက်အထား တစ်ခုမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးချေ။
ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ကာလတစ်လျှောက် တွေ့ရှိခဲ့ရသည့် အချက်အလက်များကို ကျွမ်းကျင်သူများက ပြန်လည်သုံးသပ် ပြီးသည့် နောက်တွင် MH-370 လေယာဉ်သည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းရင်း ပျက်ကျသွားခြင်းဖြစ်ရန် သေချာသလောက်နီးပါး ရှိသည်ဟု သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရင်ထရက်စ်က ကြေညာခဲ့သည်။
ဝါရင်ထရက်စ်၏ ကြေညာချက်ကို သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ဗျူရို၏ အကြီးအကဲ မာတင်ဒိုလန်ကလည်း ထောက်ခံခဲ့ပြီး “MH-370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို ပျံသန်းခဲ့ပြီး ဆီကုန်တဲ့အထိ အလိုအလျောက် မောင်းနှင်စနစ်နဲ့ မောင်းနှင်ခဲ့တာ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဝါရင်ထရက်စ်က ယခုအခါတွင် ရှာဖွေတွေ့ရှိသည့် အချက်အလက်များကို ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ပိုမိုဝေးလံသော နေရာတွင် ရှာဖွေရေး ဧရိယာအသစ်တစ်ခု သတ်မှတ်ပြီးပြီ ဖြစ်ကြောင်းနှင့် ထိုရှာဖွေရေး ဧရိယာအသစ်သည် စတုရန်း ကီလိုမီတာ ၆၀,၀၀၀ ခန့် ကျယ်ဝန်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“MH-370 လေယာဉ်နဲ့ ဂြိုဟ်တုအကြား နောက်ဆုံးဆက်သွယ်မှု ရရှိခဲ့တဲ့ အချက်အလက်ပေါ် မူတည် ရေးဆွဲထားတဲ့ ပျံသန်းမှု လမ်းကြောင်းအရ ရှာဖွေရေး ဧရိယာအသစ်ကို သတ်မှတ်ထားတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ယခု အသစ်သတ်မှတ်လိုက်သော ရှာဖွေရေး ဧရိယာသည် သြစတြေးလျနိုင်ငံ ပက်သ်မြို့ အနောက်ဘက် ကမ်းရိုးတန်းနှင့် မိုင် ၁၁၀၀ ခန့် ကွာဝေးပြီး ရှာဖွေရေး ဧရိယာအသစ်သည် MH-370 လေယာဉ်ပျက်ကျခဲ့သည့် နေရာဖြစ်ရန် အလားအလာများစွာ ရှိသည်ဟု မစ္စတာထရက်စ်က ပြောကြားထားသည်။
လက်ရှိအချိန်တွင် တရုတ်သင်္ဘော တစ်စင်းနှင့် သြစတြေးလျ သင်္ဘောတစ်စင်းသည် ရှာဖွေရေး ဧရိယာအသစ်၏ ရေအောက်ကြမ်းပြင်ကို မြေပုံထုတ်ခြင်းလုပ်ငန်း လုပ်ဆောင်နေပြီး လုပ်ငန်းပြီးဆုံးရန် အချိန်သုံးလခန့် ကြာမြင့်မည် ဖြစ်သည်။
ပင်လယ်ကြမ်းပြင် မြေပုံထုတ်ခြင်းလုပ်ငန်း ပြီးဆုံးမှ လေယာဉ်ရှာဖွေခြင်း လုပ်ငန်းကို စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကာ အချိန်အားဖြင့် တစ်နှစ်ခန့် ကြာမြင့်နိုင်သည်ဟု သြစတြေးလျ အာဏာပိုင်များက ခန့်မှန်းထားသည်။
The Voice Weekly
အပြည့်အစုံသို့ »
MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ်ကို ဖော်ပြထားသည့် မြေပုံ
ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်ကို ဖြန့်ကျက်ရှာဖွေမည့် ဧရိယာသစ်ကို ဩစတြေးလျက အစိုးရက ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့သည်။
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ(၈)ရက်နေ့ ကတည်းက လိုက်ပါသွားသူ (၂၃၉)ဦးနှင့်အတူ အကြောင်းရင်း မသိရဘဲ ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါ ဂြိုဟ်တုပုံရိပ်များကို အခြေခံ တွက်ချက်ကာ နေရာသစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
လေယာဉ်သည် ကွာလာလမ်ပူမှ တရုတ်နိုင်ငံ၊ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း တောင်တရုတ်ပင်လယ် ရေပြင်ထက်တွင် အဆက်အသွယ် ပြတ်သွားသော်လည်း ဂြိုဟ်တုမှ ဖမ်းယူသော ပုံရိပ်များအရ လာလမ်းအတိုင်း ပြန်လှည့်ကာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းသို့ ဦးတည်ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယူဆရသည်။
ယခင်က နယ်နိမိတ် သတ်မှတ် ရှာဖွေမှုများ အောင်မြင်မှု မရခဲ့သည့်နောက် ယခုတစ်ကြိမ်တွင် ဩစတြေးလျ အနောက်ဘက်ကမ်းလွန်မှ ကီလိုမီတာ (၁၈၀၀)မျှ အကွာအဝေးတွင် ဧရိယာ သတ်မှတ်ကာ လေယာဉ်ပျက်ကို ရှာဖွေသွားမည် ဖြစ်သည်။ ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရက်စ် ကြေညာသည့် နေရာသည် ယခင်ရှာဖွေခဲ့သည့် ဧရိယာ၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။
“လေယာဉ်က အလိုအလျောက် မောင်းနှင်စနစ်နဲ့ ဆက်ပြီး ပျံသန်းနေရာက လောင်စာကုန်ချိန်မှာ ပျက်ကျသွားဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။ လေယာဉ် ပျံသန်းသွားနိုင်တဲ့ လမ်းကြောင်းတွေကိုတော့ ဂြိုဟ်တုက ရိုက်ယူထားတဲ့ ပုံရိပ်တွေကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်”ဟု ထရက်စ်က ရှာဖွေရေးဇုန်သစ်ကို သတင်းထုတ်ပြန် ကြေညာရင်း မှတ်ချက်ပေး ပြောကြားသွားသည်။
လေယာဉ်နှင့်အတူ လိုက်ပါသွားသူများ၏ ကျန်ရစ်သူ မိသားစုများမှာမူ လနှင့်ချီ ကြာမြင့်လာသည့်တိုင် ရှာဖွေရေး လုပ်ငန်းစဉ်များ၌ ရလဒ်တိုးတက်မှု ရှိမလာခြင်းအတွက် စိတ်ပျက်လျက်ရှိသည်။
_Ref: BBC
7day daily
အပြည့်အစုံသို့ »
MH370 လေယာဉ် ပျောက်ဆုံးမှုတွင် အဓိက သံသယရှိသူ တစ်ဦးအဖြစ် လေယာဉ်မှူး ဇာဟာရီ အာမက်ရှားကို မလေးရှား ရဲတပ်ဖွဲ့က သတ်မှတ်စုံစမ်းနေကြောင်း သိရှိရသည်။
မလေးရှား လေကြောင်းလိုင်း၏ အသက်(၅၃)နှစ်အရွယ် လေယာဉ်မှူးသည် လေယာဉ်မပျောက်ဆုံးမီကတည်းက ၎င်း၏ ဒိုင်ယာရီကို ရှင်းလင်းပယ်ဖျက်ထားသလို လူမှုရေးနှင့် အလုပ်အကိုင် နယ်ပယ်မှ ဆက်နွယ်မှုများကိုလည်း ဖယ်ရှားထားခဲ့ကြောင်း ရဲများက ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါ အခြေအနေသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အခြားသော အမှုထမ်းများနှင့် သိသာစွာ ကွဲပြားနေကြောင်း သိရသည်။
မတ်လ(၈)ရက်နေ့ ကတည်းက လူပေါင်း(၂၃၉)ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် လေယာဉ်နှင့် ပတ်သက်ပြီး စက်ချွတ်ယွင်း ပျက်ကျသွားသည်ဟု ယူဆထားသော်လည်း လူတစ်ဦးဦး၏ စနက်ကြောင့်ဖြစ်စေ၊ အကြမ်းဖက်မှုကြောင့်ဖြစ်စေ ဖြစ်နိုင်ကြောင်း ကောက်ချက်များကိုလည်း မလေးရှား စုံထောက်များက မစွန့်ပစ်သေးချေ။
အဆိုပါ အချက်အလက်များသည် လေကြောင်းပျံသန်းမှုဆိုင်ရာ စက်မှုလုပ်ငန်းများမှ သတင်းရင်းမြစ်များနှင့် အရှေ့တောင်အာရှ နိုင်ငံ၏ စုံစမ်းရေး အရာရှိ အချို့ထံမှ စတင်ပေါက်ကြားလာခြင်းဟု ဆိုသည်။
အမေရိကန်မှ လေယာဉ်မှူးဟောင်း တစ်ဦးလည်းဖြစ်၊ လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးလည်းဖြစ်ပြီး Aviation International News Safety မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ယူထားသည့် ရောဘတ်မတ်ခ်က “ခုအတိုင်းဆိုရင်တော့ လေယာဉ်မှူးကို လက်ညှိုးထိုးချင်စရာ အခြေအနေတွေ ပိုများလာပြီပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။
မလေးရှားမှ ထောက်လှမ်းရေး အရာရှိများသည် လေယာဉ်ပျောက်ကွယ်သွားသည့် ကာလအတွင်း အနည်းဆုံး လူပေါင်း(၁၇၀)မျှကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
လေယာဉ်မှူး အာမက်ရှားသည် ကလေး(၃)ဦး၏ ဖခင်ဖြစ်ပြီး မိသားစုနှင့် ပြဿနာအချို့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို အလေးအနက် ထောက်ခံသူလည်း ဖြစ်သည်။ အီဘရာဟင်သည် Boeing 777-200 အမျိုးအစား လေယာဉ်ကြီး ပျောက်ဆုံးမသွားမီ နာရီပိုင်းမျှ အလိုက လိင်တူဆက်ဆံမှု စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
အစောပိုင်းက စုံထောက်များသည် အာမက်ရှား၏ နေအိမ်၌ Flight Simulator တစ်ခုကို အသုံးပြု ဖန်တီးထားသည့် ပျံသန်းမှု လမ်းကြောင်းမြေပုံ တစ်ခုကိုလည်း တွေ့ရှိထားပြီး ယင်းသည် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ လူသူအရောက်အပေါက် နည်းပါးသော ကျွန်းငယ်တစ်ခုသို့ ဦးတည်နေကြောင်း သိရှိရသည်။
အာမက်ရှား၏ ဆွေမျိုးများကမူ လေယာဉ်၏ သေတ္တာနက်ကို ရှာမတွေ့မချင်း အမှန်တရားကို ဖော်ထုတ်နိုင်မည် မဟုတ်ဟု ဆိုသည်။ မလေးရှား ပို့ဆောင်ရေး ဝန်ကြီးအဖြစ် ကြားဖြတ်တာဝန်ယူထားသည့် ဟီရှမ်မူဒင် ဟူစိန်ကမူ ယခုကဲ့သို့ သတင်းပေါက်ကြားမှုများအတွက် ဝေဖန်ပြစ်တင်ခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကမူ “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ခြေရှိတဲ့ ရှုထောင့်အားလုံးကနေ စဉ်းစားရမှာပဲလေ”ဟု ကာကွယ်ပြောကြားထားသည်။
_Ref: Mirror
7day
အပြည့်အစုံသို့ »
အခု တစ်ပတ်အတွင်း မလေးရှားနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ မြန်မာ တစ်ချို့ဆီကို ဒီလို
နံပါတ်တွေနဲ့ Massage ပို့တာတွေ ဖုန်းဆက်လာတာတွေကို ကြုံတွေ့နေရပါတယ်။
ပုံမှာမြှားနဲ့ သေချာပြထားတဲ့ ဖုန်းနံပတ်တွေ မိမိတို့ဖုန်းထဲကို Massage ဝင်လာရင် ပြန်မပြောမိပါစေနဲ့ ။။။
မိမိတို့ဖုန်းထဲမှာရှိတဲ့ ပိုက်ဆံတွေဟာ ဖုန်းတစ်ချက် ဆက်လိုက် တာနဲ့ ကုန်သွားမှာ ဖြစ်ပါတယ်။ မိမိတို့ ဖုန်းထဲက ပိုက်ဆံတွေ ပါသွားမှာ ဖြစ်ပါတယ်။ 010 - 013 - 019 - 016 - 0111 - 018 - 03 - 017 - 012 စတဲ့ ဖုန်းနံတွေ မဟုတ်ပဲ ပုံမှာ ပြထားတဲ့ နံပတ်တွေနဲ့ မက်ဆော့ပို့လာတာတွေဆိုရင် သတိထားကြဖို့အတွက် အသိပေး တင်ပြလိုက်ပါတယ်။
မလေးရှားနိုင်ငံမှ ရွှေမြန်မာများ အားလုံး အလုပ်အကိုင်များ အဆင်ပြေပြီး လိုရာဆန္ဒပြည့်ဝ အောင်မြင်ပါစေ။
နေဇော်လင်း
Free Online Radio Media (Malaysia)
အပြည့်အစုံသို့ »
ယနေ့ နေ့ လည် နှစ်နာရီ ခန့်  ( ၂၂.၆.၂၀၁၄ - ၁၄း၀၀ နာရီ ) တွင် မလေးရှားနိုင်ငံ
ကဒါး မြို့ ( Kedah ) ဘရာပစ်တ် ကျေးရွာ( Kampung Berapit) အနီး ၌ အသက်
၂၀ အရွယ်ခန့်  မြန်မာ အမျိုးသား တစ်ဦးအား ဝမ်းဗိုက်တွင် အူများပွင့်လျက် မျက်နှာတွင် လည်း သွေးချင်းနီ ရဲ နေပြီး ဆိုင်ကယ် ဦးထုပ်ဆောင်းလျက်သား ဖြင့် လဲလျောင်းနေသည် ကို ဒေသခံများကို တွေ့ ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ အား အကြောင်းကြားခဲ့ပါသည် ။
မလေးရှား နိုင်ငံတွင် မြန်မာလူမျိုးများ မကြာခဏ အသတ်ခံနေရခြင်းမှာ မိထ္ထီလာ ကုလားမြန်မာ အရေးအခင်းများ၏ နောက်ဆက်တွဲ ပြဿ နာများဖြစ်ဟန်ရှိသည်ဟု ယူဆရသည်ဟုဆိုသည်။
ယခုသေဆုံးသူသည် ဒါရိုက်တာ မင်းထင် ကိုကိုကြီး ၏ အမိုးမရှိတဲ့ကောင်းကင် အမည်ပေးထားသော တစ်ဖတ်သက်ရိုက်ကူးထားသောဇာက်ကားကြောင်းဖြစ်ဟန်ရှိသည်ဟု'' မလေးရှားနျိုင်ငံ ပူချုန်းရှိ မြန်မာလူငယ်တစ်ဦး ကိုဇော်ဇော်မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။
''' ဒီဇာက်ကား မလေးမှာရှိတဲ့မြန်မာအလုပ်သမားတွေအတွက်အရမ်းစိုးရိမ်းရပါတယ်။
ဒီဇာက်ကားက တစ်ဖတ်နှင့်တစ်ဖတ် သဟဇာတမဖြစ်ဘဲ မလေးမှာရှိတဲ့ မြန်မာတွေ အရမ်းအန္တရာယ်များတယ်ဗျာ။ အခုလို သေဆုံးရတာ ကြားလို့  အရမ်းစိက်
မကောင်းဖြစ်မိပါတယ်"ဟု ပြောသည်။
ရွှေမြန်မာမီဒီယာဂရု
source
အပြည့်အစုံသို့ »