Showing posts with label man-health. Show all posts
Showing posts with label man-health. Show all posts

အမျိုးသားတွေလည်း လက်သည်းတွေကို ဂရုတစိုက် ညှပ်ရန်လို




မေသော် on 2014-07-22 17:21  
အမျိုးသမီးတွေဟာ များသောအားဖြင့် လက်သည်းတွေကို ဂရုတစိုက် ညှပ်တတ်တာ၊ လက်သည်းကို ဂရုစိုက်ပြီး အလှဆင်၊ အလှပြင်တတ်တာ စတာတွေ လုပ်တတ်ပေမယ့် အမျိုးသားတွေကတော့ လက်သည်းရှည်လာပြီဆိုရင် တွေ့ရာ လက်သည်းညှပ်ယူပြီး ညှပ်ပစ်တတ်ကြပါတယ်။ အမှန်တော့ အမျိုးသမီးမှ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း လက်သည်းကျန်းမာရေးအတွက် တတ်နိုင်သလောက် ဂရုစိုက်ရမယ့်အချိန်ပါ။ ဒါဟာ အလှအပထက်စာရင် ကျန်းမာရေးအတွက်လို့ ပိုပြောနိုင်တာမို့ အိမ်မှာပဲ လက်သည်းမညှပ်ခင် ဘယ်လိုဂရုစိုက်ပေးလို့ရတယ် ဆိုတာလေး ပြောပြပေးချင်ပါတယ်။

၁။ လက်ကို hand wash နဲ့ သေချာဆေးကြောသန့်စင်ပါ။

လက်ကို တွေ့ရာဆပ်ပြာနဲ့ကောက်ဆေးမယ့်အစား လက်ဆေးဆပ်ပြာရည်သီးသန့်ထား ဆေးတာက ပိုသင့်တော်ပါတယ်။ ဒါဟာ လက်မှာကပ်ငြိနေတဲ့ ပိုးမွှားတွေကို သန့်စင်ပစ်လိုက်ရာရောက်သလို Hand Wash သီးသန့်ထုတ်ထားတာ မို့ လက်အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင်လည်း ရရှိမှာဖြစ်ပါတယ်။

၂။ လက်သည်းတွေ ပျော့ပျောင်းအောင် လုပ်ပါ။

လက်သည်းတွေ ပျော့ပျောင်းသွားမှသာ လက်သည်းညှပ်ရတာ၊ ပုံသွင်းရတာ အဆင်ပြေမှာပေါ့။ ဒီတော့ ရေနဲ့ဆပ်ပြာရည် နည်းနည်းရောစပ်ထားတဲ့ အရည်ထဲမှာ လက်ချောင်းလေးတွေကို စိမ်ထားပေးပါ။ ဆယ်မိနစ်လောက် စိမ်ထားနိုင်မယ်ဆိုရင်တော့  ဒါဟာ လက်သည်းပုံသွင်းဖို့အတွက် လုံလောက်တဲ့ အချိန်ပမာဏပါပဲ။

၃။လက်သည်းကို သန့်စင်ပါ။

လက်သည်းကြားမှ ဂျီးတွေ ကပ်မနေအောင် လက်သည်းကို သေချာ သန့်ရှင်းရေးလုပ်ပါ။

၎။လက်သည်းညှပ်ပါ။

ကောင်းမွန်တဲ့ လက်သည်းညှပ်နဲ့ လက်သည်းတွေကို လိုသလောက်ညှပ်ပါ။ ညှပ်တဲ့အခါ အရမ်းတိုသွားတဲ့အထိ မညှပ်လိုက်ပါနဲ့။ အနေတော်လောက်သာ ညှပ်ပါ။

၅။တံစဉ်းတိုက်ပေးပါ။

လက်သည်း ညှပ်ပြီးတဲ့အခါ လက်သည်းမှာ အချွန်၊ အစတွေ ကျန်မနေအောင် တံစဉ်းတိုက်ပေးပါ။

၆။moisturizer လိမ်းပေးပါ။

လက်သည်းကျန်းမာရေးအတွက် လက်လိမ်းဖို့ သီးသန့်ထုတ်ထားတဲ့ moisturizer တွေရှိပါတယ်။ အဲ့ဒါတွေ လိမ်းပေးဖို့လိုပါတယ်။

Ref:mensxp.com
Trend Myanmar
အပြည့်အစုံသို့ »

အလုပ်လုပ်နိုင်သောအရွယ်ကောင်းများ သေဆုံးမှု၏ ၁၀ ရာခိုင်နှုန်းမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်


အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ ၁၀ ဦးသေဆုံးမှုတွင် တစ်ဦးမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)၏ လေ့လာမှုတစ်ရပ်အရ သိရသည်။


၂၀၀၆ နှင့် ၂၀၁၀ ပြည့်နှစ်ကြား သေဆုံးသူ ၈၈,၀၀၀ ခန့်မှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း CDC ကလေ့လာတွေ့ရှိခဲ့သည်။ ယင်းသေဆုံးသူ ၈၈,၀၀၀ မှာ ပျမ်းမျှအသက်အရွယ် ၃၀ နှစ်တွင် သေဆုံးကြခြင်းဖြစ်သည်။ အရက်နှင့်  ဆက်နွှယ်သော သေဆုံးမှုများကြောင့် အမေရိကန်နိုင်ငံသားများသည် တစ်နှစ်လျှင် စုစုပေါင်း သက်တမ်းနှစ်ပေါင်း ၂ ဒသမ ၅၆ သန်းဆုံးရှုံးမှုရှိကြောင်း ယင်း လေ့လာမှုအရ သိရသည်။ လူတစ်ဦးစီဆိုပါက တစ်နှစ်လျှင် သုံးရက်ခန့် သက်တမ်းလျော့ကျမှုရှိသည်။

အရက်နှင့် ဆက်နွှယ်သောသေဆုံးမှုအများစုမှာ ယာဉ်မတော်တဆဖြစ်မှုနှင့် အသည်းရောဂါတို့ကြောင့်ဖြစ်သော်လည်း အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် သရက်ရွက်ရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ လည်ချောင်းကင်ဆာရောဂါ၊ ရင်သားကင်ဆာ၊ ခံတွင်းကင်ဆာ၊ လဲကျဒဏ်ရာရခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် ရေနစ်သေဆုံးခြင်း စသော ပြင်းထန်သည့်အကျိုးဆက်များ ဖြစ်လာနိုင်သည်။

၎င်းသေဆုံးသူအများစုမှာ ဝင်ငွေအလယ်အလတ်ရရှိသူများ ဖြစ်သည်ဟု CDC ကပြောပြီး စီးပွားရေးအတွက် အဓိကထိခိုက်မှုတစ် ခုဖြစ်သည်ဟုပြောသည်။ ယင်းကဲ့သို့ အလုပ်လုပ်နိုင်သော အရွယ်ကောင်းများသေဆုံးခြင်းကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ၂၂၄ ဘီလီယံထိခိုက်သည် ဟုလည်း CDC က ပြောသည်။

အသက်(၂၀)မှ (၆၄)နှစ်ကြားရှိသည့် အမေရိကန်နိုင်ငံသားများအရက်နှင့် ဆက်စပ်၍သေဆုံးမှုမှာ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်ကြားအများဆုံးဖြစ်ကြောင်း သိရသည်။ အရက်နှင့် ဆက်စပ်သေဆုံးမှုအများဆုံးဒေသများမှာ အမေရိကန်အနောက်ပိုင်းဒေသများဖြစ်ပြီးနယူးမက္ကဆီကို ပြည်နယ်တွင် အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ သေဆုံးမှု၏ ၁၆ ရာခိုင်နှုန်းမှာ အရက်ကြောင့်ဖြစ်သည်။ အလက်စကာ၊ ကိုလိုရာ ဒို၊ ဝိုင်ယိုမင်၊ အရီဇိုးနား၊ မွန်တာနာ၊ ကယ်လီဖိုးနီးယား၊ နီဗားဒါးအော်ရီဂွန်နှင့် အီဒါဟိုပြည်နယ်တို့သည်လည်း အရက်ကြောင့် သေဆုံးသူ အများဆုံးပြည်နယ်များဖြစ်သည်။

—Ref: Internet
7day daily
အပြည့်အစုံသို့ »

အမျိုးသားတို့ကို နုပျိုကျန်းမာစေမည့် အချက်များ


အိုမင်းမှုဖြစ်စေတဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ် ထိန်းချုပ်လို့ ရပါတယ်။ လူတစ်ယောက်က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် နုပျိုတယ်လို့ ယူဆနေရင် ကြည့်ကောင်း နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တဲ့ နုပျိုကျန်းမာရေး နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

နုပျိုစေမည့် နေထိုင်နည်း

အမျိုးသားတွေက မကြာခဏ မျက်မှောင်ကြုတ်လေ့ ရှိတာကြောင့် မျက်ခုံးနှစ်ခုကြား အရေးကြောင်းက ပိုသိသာတတ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ လူငယ် ၄၇ ဦးကို မျက်မှောင်ကြုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ပိုရင့်ရော်တဲ့ အသွင် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မျက်မှောင် မကြုတ်မိအောင် အထူးသတိထားပါ။ ဒါ့အပြင် နေရောင်အောက် သွားတဲ့အခါ မျက်မှောင် မကြုတ်မိစေဖို့ နေကာနိုင်စွမ်း SPF အဆ ၃၀ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။

အသက်ကြီးလာလျှင် ပိုဂရုစိုက်နည်း

အသက်ကြီးလာတဲ့အခါ ဆဲလ်အသစ် ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။ အသက် ၂၀ အရွယ်မှာ နှစ်ပတ်ကြာတိုင်း အရေပြား အပေါ်ယံလွှာက ကွာကျလေ့ရှိပြီး အသက် ၅၀ အရွယ်မှာ နှစ်ဆလောက် အချိန်ကြာတတ်ပါတယ်။ အရေပြားက ကော်လာဂျင် ဓာတ်ဆုံးရှုံးမှုလည်း ဖြစ်လာတာကြောင့် အရေးကြောင်း၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ အရေးကြောင်း ထင်တဲ့အခါ သင့်ကို ပိုမိုအိုမင်း ရင့်ရော်စေပါတယ်။ ဒါကြောင့် အိုမင်းမှု တားပေးတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို မှန်မှန် လိမ်းသင့်ပါတယ်။

အမွေးမှန်မှန် ရိတ်ပြီး နုပျိုစေသော နည်း

နံနက်တိုင်း အမွေးရိတ်ပါ။ အမွေး ရိတ်တာကြောင့် ပွတ်သပ်မှုဟာ ကော်လာဂျင် ထွက်နှုန်းကို လှုံ့ဆော်ပေးပြီး အသားအရေ ချောမွေ့စေပါတယ်။ အမျိုးသားတွေက ပုံမှန်အမွေးရိတ်လေ့ ရှိတဲ့အတွက် အမျိုးသမီးတွေထက် အရေးကြောင်း လျော့ပါးနေတာ ဖြစ်ပါတယ်။

ဆံပင်ပုံမှန် ညှပ်ပြီး နုပျိုစေသည့်နည်း

နုပျိုချင်ရင် ဆံသဆရာနဲ့ မိတ်ဆွေ ဖွဲ့ထားပါ။ ဆံပင်စကျွတ်တဲ့ အရွယ်မှာ ဆံပင်တိုတို ညှပ်တာကြောင့် ခေါင်းမှာ ဆံပင်အပြည့်ရှိသလို ထင်ရစေပါတယ်။ ဆံပင်တိုတိုကို ထောင်ထားတဲ့ ပုံစံက ထူထဲတယ်လို့ ထင်ရစေပါတယ်။

နုပျိုစေမည့် အိပ်စက်နည်း

အိပ်ရေးပျက်တာ ကြာလာရင် မျက်နှာက ရင့်ရော်လာပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ မျက်စိပြင်ပ ကြွက်သားတွေ အလုပ်လုပ်ပြီး တင်းရင်း စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်း ညိုတတ်ပါတယ်။ အိပ်မပျော်ရင် ညဘက်မှာ ကာဗိုဟိုက်ဒရိတ်များတဲ့ ညစာ စားပါ။ အိပ်ရာမဝင်ခင် ကာဗိုဟိုက်ဒရိတ် များများစားတဲ့ အမျိုးသားတွေက နှစ်နှစ်ခြိုက်ခြိုက် ကြာရှည် အိပ်ပျော်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

ကယ်လိုရီ လျှော့စားခြင်းဖြင့် နုပျိုစေသောနည်း

ဂျာမန် လေ့လာမှုတစ်ခုအရ အစာကို နည်းနည်းပဲ စားတာက ကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေပြီး အသက်ကြီးတဲ့အထိ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

အူလှိုက်သည်းလှိုက် ရယ်မောခြင်းဖြင့် နုပျိုစေသောနည်း

ကလေးတွေနဲ့ လူကြီးတွေအကြား သိသာတဲ့ ခြားနားချက်တစ်ခုက ကလေးတွေက အပူအပင်ကင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု များနေချိန်မှာ ရယ်မောတဲ့နည်းနဲ့ နုပျိုမှုကို အရယူလိုက်ပါ။ အူလှိုက်သည်းလှိုက် ရယ်မောတာကြောင့် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းကို ၃၉-၇၀ ရာခိုင်နှုန်း အထိ လျော့ကျစေတယ်လို့ လိုမာလင်ဒါတက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ ရယ်မောတာက နှလုံးကိုလည်း ကျန်းမာစေပါတယ်။

ဆန့်ကျင်ဘက် ပြုလုပ်ခြင်းဖြင့် နုပျိုစေသောနည်း

ဦးနှောက်စွမ်းအားဟာ အသက်ကြီးလာချိန်မှာ တဖြည်းဖြည်း ကျဆင်း လာတတ်ပါတယ်။ ဒါကို တွန်းလှန်ချင်ရင် ဆန့်ကျင်ဘက် ပြောင်းလုပ်ပါ။ ဥပမာ- ဥယျာဉ်ခြံမြေထဲမှာ နောက်ပြန် လမ်းလျှောက်တာမျိုး၊ သွားကို မသန်တဲ့လက်နဲ့ တိုက်တာမျိုးတွေကို လုပ်ဆောင်ပေးပါ။ ဒီနည်းလမ်းတွေက ဦးနှောက်ထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဦးနှောက်အာရုံကြော ဆက်သွယ်မှုကို အားဖြည့်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နုပျိုစေသောနည်း

အသက်ကြီးလာချိန်မှာ သွေးခဲဖတ် ပိတ်ဆို့မှုကြောင့် အမျိုးသား လိင်တံရှိ သွေးကြောငယ်တွေထဲမှာ သွေးစီးဆင်းမှုကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ၄၅ နှစ် အရွယ်မှာ အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းက လျော့ကျ လာပါတယ်။ ဒီလို မဖြစ်စေဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း မှန်မှန် လုပ်ဆောင်ပေးသင့်ပါတယ်။

အရက် လျှော့သောက်ခြင်းဖြင့် နုပျိုစေသောနည်း

သင့်အသက် ၈၅ နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲချင်တယ်ဆိုရင် တစ်နေ့ အယ်လ်ကိုဟော နှစ်ပက်ထက် ပိုမသောက်ပါနဲ့။ အရက်မသောက်တတ်ရင် အကောင်းဆုံးပါ။ တကယ်လို့ သောက်တတ်ရင် ဝိုင်နီကို ရွေးချယ်သင့်ပါတယ်။ ဝိုင်နီမှာ ပါတဲ့ ရက်စ်ဗာရထရောဟာ နာတာရှည်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

နံနက်စာစားပြီး ဝမ်းဗိုက် ချပ်ရပ်စေသောနည်း

ဗိုက်ပူတာက ကြည့်ရဆိုးစေရုံ သာမက အမျိုးသား ပီသမှုကိုလည်း ထိခိုက်စေပါတယ်။ ဟော်မုန်းဗေဒ လေ့လာမှုတစ်ခုအရ အမျိုးသားတွေ ကိုယ်အလေးချိန် ပေါင် ၃၀ ခန့် ပိုများရင် ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေထက် တက်စတိုစတီရုန်းအဆင့် သိသိသာသာ လျော့နည်းကြောင်း သိရပါတယ်။ နံနက်စာကို ပရိုတင်း များများရရှိအောင် စားပြီး နေ့လယ်စာနဲ့ ညစာကို လျှော့စားတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါတယ်။

ကြွက်သား သန်စွမ်းစေခြင်းဖြင့် နုပျိုစေသောနည်း

ကြွက်သားတွေကို မသုံးရင် ဆုံးရှုံးရပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သား တည်ဆောက်မှု မလုပ်ရင် အဆီနဲ့ အစားထိုးပြီး ကြာလာတဲ့အခါ ခါးနဲ့ဗိုက်က ပူဖောင်းတစ်လုံးလို ဖြစ်လာပါလိမ့်မယ်။ ကြွက်သား သန်စွမ်းစေဖို့ အလေးမတာအပြင် ဟင်းနုနယ်ရွက်ကို များများစားပါ။ ဟင်းနုနယ်ရွက်မှာ ဗီတာမင်ကေ၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်တွေ ပါဝင်တာကြောင့် အရိုးပါးရောဂါ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

နှလုံးကျန်းမာစေရန် လှုပ်ရှားခြင်းဖြင့် နုပျိုစေသောနည်း

နုပျိုချင်ရင် နှလုံးကို သန်စွမ်းအောင် ပြေးတာ၊ စက်ဘီးစီးတာ တို့လို လေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကြောင့် နှလုံးက ပုံမှန် အလုပ်လုပ်နိုင်ပြီး ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ကောင်းကောင်း ရယူပြီး အသုံးပြုနိုင်ပါလိမ့်မယ်။

.
Good Health

အပြည့်အစုံသို့ »

အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း (၅)မျိုး



အမျိုးသားအများစုက ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြပါတယ်။ နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရ ခက်ခဲတာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလိုက်နာသင့်ပါတယ်။

စစ်ဆေးပါ - ဆံပင်

ဆံပင်အကွက်လိုက် ကျွတ်နေလျှင်

ဆံပင်တွေက ဦးရေပြား တစ်နေရာတည်းကနေ အထွေးလိုက် ကျွတ်နေရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေက သွေးဖြူဥတွေကို လှုံ့ဆော်တာကြောင့် ဆံခြည်မျှင် အိတ်တွေကို သွားရောက် ထိခိုက်စေကာ ဆံပင် အထွေးလိုက် ကျွတ်လာတာပါ။ ခေါင်းဖြီးရင်း၊ ခေါင်းလျှော်ရင်း ဆံပင်တွေက စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် အများကြီး ကျွတ်နေရင်တော့ သတိပြုသင့် နေပါပြီ။ နာတာရှည် စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါကနေ မှတ်ဉာဏ်ချို့တဲ့မှုအထိ ဖြစ်စေနိုင်ပါတယ်။

လိုက်နာပါ- စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ကြာရှည် စိတ်ဖိစီးမှု များတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာတို့လို စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းလမ်းတွေကို လိုက်နာပါ။ တကယ်လို့ ပူပင်သောက များနေပြီး ဆံပင်ကျွတ်နှုန်း များနေတယ်ဆိုရင် သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် B12 တို့ပါတဲ့ အာဟာရတွေကို မှီဝဲပါ။ ဆယ်လ်မွန်ငါးနဲ့ ပန်းဂေါ်ဖီစိမ်းဟာ ဆံပင်သား ကျန်းမာရေးအတွက် အကောင်းဆုံး အစာတွေ ဖြစ်ပါတယ်။

စစ်ဆေးပါ - ရင်သား

ရင်သားတစ်ဖက်က ကြီးလာလျှင်

လိုက်နာပါ- အမျိုးသားတွေရဲ့ ရင်သား တစ်သျှူးက အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးလာရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အမျိုးသားတွေက တစ်နှစ်မှာ ရင်သားကင်ဆာ ဖြစ်သူ ၂၁၄၀ ဦးလောက်ရှိကြောင်း သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်ဖို့ မိမိဘာသာ စစ်ဆေးတဲ့နည်းကို သုံးသင့်ပါတယ်။ ရေချိုးတဲ့အခါ ရင်သားအရွယ်အစား ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ။ ဥပမာ အလုံးအဖု ဖြစ်နေသလား၊ အရောင်ပြောင်းလဲ နေသလား၊ နို့သီးခေါင်း အရွယ်အစား ပြောင်းလဲ နေသလား ဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။

လိုက်နာပါ- ရင်သားမှာ တစ်ခုခု ပြောင်းလဲနေတယ်လို့ ယူဆရင် ဆရာဝန်နဲ့ပြပါ။ အမျိုးသားတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို မေ့မထားပါနဲ့။ ရင်သားကင်ဆာ မျိုးရိုးရှိတဲ့ အမျိုးသား ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ရင်သားကင်ဆာ ဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။

စစ်ဆေးပါ - ဆီးသွားခြင်း

ဆီးသွားရ ခက်ခဲနေလျှင်

ဆီးသွားရခက်ခဲတာဟာ ဆီးကျိတ်ဂလင်း ကြီးတာကြောင့် ဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ဂလင်းက အမျိုးသား ဆီးပြွန်ချောင်းရဲ့ အပေါ်မှာ ရှိတာကြောင့် ဆီးကျိတ်ကြီးလာရင်၊ ရောင်လာရင် ဆီးသွားရ ခက်ခဲတတ်ပါတယ်။

လိုက်နာပါ- ဆီးကျိတ်စစ်ဆေးမှု ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ အမျိုးသား ခြောက်ဦးအနက် တစ်ဦးဟာ ဆီးကျိတ်ကင်ဆာဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။ ရောဂါကို စောစောစစ်ဆေး တွေ့ရှိဖို့ အရေးကြီးပါတယ်။

စစ်ဆေးပါ - ခံတွင်း

ခံတွင်းထဲ မပျောက်နိုင်သော အနာဖြစ်နေလျှင် စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ခံတွင်းအနာလို့ မထင်ပါနဲ့။ သွားဖုံး၊ လျှာ၊ လည်ချောင်းနဲ့ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အနာက သူ့အလိုလို မပျောက်ရင် ကင်ဆာဖြစ်နိုင် ခြေရှိပါတယ်။ တစ်နှစ်မှာ ခံတွင်းကင်ဆာဖြစ်သူ လေးသောင်းကျော်အနက် အများစုက အမျိုးသားတွေ ဖြစ်ကြတယ်လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။

လိုက်နာပါ- ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးပါ။ သံသယရှိဖွယ် တစ်စုံတစ်ရာ ပြောင်းလဲမှု ခံစားရရင် အထူးဆိုးဆေးသုံးပြီး စစ်ဆေးတာ ဒါမှမဟုတ် အသားစယူ စစ်ဆေးတာတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။

စစ်ဆေးပါ - ခါး

ခါးအတိုင်းအတာ ၃၇ လက်မ ကျော်လျှင် ဒါဆိုရင် ခါးတုတ်နေပြီလို့ ယူဆနိုင်ပါတယ်။ ခါးအရွယ်အစား ကြီးမားပြီး ဗိုက်နာတာက ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးသား သုံးယောက်မှာ တစ်ယောက်ကျော်ဟာ နှလုံးရောဂါ အမျိုးအစားတစ်မျိုး ရှိနေပြီး အသက် ၂၀ ကျော် အမျိုးသား ၁၁ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါ ရှိနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်အလေးချိန် များတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အခုကစပြီး ခါးကို သေချာ တိုင်းတာကြည့်လိုက်ပါ။

လိုက်နာပါ- ဗိုက်ပူနေရင် ခါးအရွယ် အစားလျှော့ချဖို့ အရေးကြီးပါတယ်။ ခါးအရွယ်အစားကို လျှော့ချနိုင်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပဲ ဖြစ်ပါ တယ်။ ဗိုက်ပူတာ လျော့ကျစေဖို့ အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပြီး လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါ တယ်။

BY GOOD HEALTH

အပြည့်အစုံသို့ »

Penis enlargement Risks ကျားအင်္ဂါဆေးထိုးတဲ့အန္တရာယ်တွေ


ကျားလိင်အင်္ဂါကို ဆေးထိုးကြတာတွေမှာ ဒုက္ခရောက်ကြလို့ မေးလာသူတွေ မနည်းပါ။ မေးတာ-ဖြေတာတွေကို အများဖတ်အောင် မတင်သင့်လို့ မတင်ပါ။ တချို့ဆိုရင် လူစဉ်မမှီဖြစ်သွားလို့ ဝမ်းနည်းပက်လက် ဖြစ်ကြရတယ်။ ဖေ့စ်ဘွတ်မှာ တင်ဘို့မသင့်လို့ မတင်တော့ပါ။ ဒါပေမဲ့ သတိပေးဘို့လိုနေတာ အမှန်ပါ။ သိချင်သူတွေ တိုက်ရိုက် စာရေးနိုင်ပါတယ်။ အရပ်နည်းတွေ၊ အွန်လိုင်းကြော်ညာတွေကို မယုံကြပါနဲ့။ ကာကွယ်ရေး ကင့်ပိန်း လုပ်လို့လဲမသင့်လို့ လူဖြစ်ရှုံးသွားသူတွေ မနည်းတော့ပါ။ လက်လှမ်းမီသလောက် မလုပ်ကြအောင် သတိပေးကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၆-၂ဝ၁၄
အပြည့်အစုံသို့ »

ညစ်ညမ်းရုပ်ရှင် ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ



(မေ-၃၀)

ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့် အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုးသားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျသွားစေကြောင်း
ထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။

လူ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၄င်းတို့က အကြံပြုသည်။

ဦးနှောက်တွင်ပါရှိသော အမြှောင်းလေးများသည် ယင်းသို့သောကြည့်ရှုမှုများ တွင် ပုံမှန်ထက် ပိုအလုပ်လုပ်ရသည်ဟုလည်း သူတို့က ယုံကြည်ကြသည်ဟု ဆိုသည်။

" လိင်စိတ်နိုးကြားစေဖို့ ဒီလိုကားတွေ ကြည့်တဲ့သူတွေမှာ ဦးနှောက်မှာရှိတဲ့ အမြှောင်းလေးတွေ ရဲ့လှုပ်ရှားမှု ပိုမို လျှင်မြန်လာတာတွေ့ရပါတယ်'' ဟု သုတေသနပြုလုပ်သူများက ပြောသည်။

KTZO
Ref: The Telegraph
Popular Myanmar News Journal
အပြည့်အစုံသို့ »

ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ကြောင်း ယူဆမှုများရှိ



ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုးအဖြစ် သိပ္ပံပညာရှင်များက ယူဆလာခဲ့ကြောင်း သိရှိရသည်။ ရောဂါပိုးမွှား ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကင်ဆာအမျိုးအစား အနည်းငယ် ရှိသော်လည်း ယင်းတို့အနက် ဆီးကြိတ်ကင်ဆာကို ယခင်က ထည့်သွင်းမထားခဲ့ချေ။ သို့သော်လည်း ဗြိတိန်နိုင်ငံ၊ ကင်ဆာသုတေသန ဌာနမှ ပညာရှင်များက ယခုအခါ ဆီးကြိတ်ကင်ဆာသည်လည်း လူအချင်းချင်း ကူးစက်နိုင်သည့် ကင်ဆာမျိုးနွယ် တစ်ခုအဖြစ် ယူဆသင့်သည့် အလားအလာမျိုး ရှိနေကြောင်း ယုံကြည်လာခဲ့သည်။

သို့သော်လည်း ယင်းအချက်ကို အခိုင်အမာ ယုံကြည်ရန်မှာမူ စောလွန်းနေသေးကြောင်းလည်း ၎င်းတို့က ဝန်ခံခဲ့သည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် လူသားများ၏ ဆီးကြိတ်ဆဲလ်များကို ဓာတ်ခွဲစမ်းသပ်ကြည့်ခဲ့ကြသည်။ ၎င်းတို့သည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် Trichomoniasis ရောဂါပိုးသည် ဆီးကြိတ်မှ ကင်ဆာဆဲလ်များ တိုးပွားလာမှုကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ အဆိုပါ သုတေသန ရလဒ်ကို အမျိုးသား သိပ္ပံအကယ်ဒမီက ထုတ်ဝေသော ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ဓာတ်ခွဲခန်း သီအိုရီများအရ ဆီးကြိတ်ကင်ဆာ ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါပိုးများနှင့်အတူ ဖွံ့ဖြိုး ဖြစ်ပေါ်နိုင်သည်ဟု ယူဆစရာ ရှိနေသော်လည်း လက်တွေ့အားဖြင့်မူ ယင်းအချက်ကို အတည်ပြုနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ကမ္ဘာပေါ်တွင် Trichomoniasis ကူးစက်သူ အရေအတွက် (၂၇၅)သန်းမျှ ရှိနေပြီး ယင်းသည် ဗိုင်းရပ်စ်မဆန်သည့် သာမန် လိင်မှတစ်ဆင့် ကူးစက်ဝင်ရောက်သော ပိုးမွှားတစ်မျိုးအဖြစ် သတ်မှတ်ခံထားရသည်။ ဆီးကြိတ်ကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို Trichomoniasisက အားပေးနိုင်သည် ဆိုသည့်တိုင် ယင်းအခြေအနေသည် အမြဲတမ်း မှန်ကန်နေသည်ဟု ယူဆနိုင်ရန် လက်ဆုပ်လက်ကိုင် အထောက်အထား မရှိသေးချေ။

(၂၀၀၉)ခုနှစ်ကလည်း Trichomoniasisသည် ဆီးကြိတ်ကင်ဆာနှင့် ဆက်စပ်နိုင်ကြောင်း သုတေသန စစ်တမ်းတစ်ခု ထွက်ပေါ်ခဲ့သေးပြီး ယင်းရောဂါပိုး ကူးစက်ခံရသူ အမျိုးသားများ၏ ဆီးလမ်းကြောင်းတွင် အကြိတ်အဖုများ ဖြစ်နိုင်ခြေ မြင့်တက်လာကြောင်း တွေ့ရှိခဲ့သည်။ ဆီးကြိတ်ကင်ဆာသည် အသက်(၇၀)အထက် အမျိုးသားများတွင် အဖြစ်များပြီး မျိုးရိုးလိုက်တတ်သည့် ကင်ဆာတစ်မျိုးအဖြစ်လည်း သတ်မှတ်ခံထားရကြောင်း သိရှိရသည်။

Planet Myanmar Network
အပြည့်အစုံသို့ »

မျိုးမအောင်တဲ့အမျိုသားများ သေဆုံးမှုအန္တရာယ် နှစ်ဆရှိ




သီဟနိုင် on 2014-05-17 12:22    


သုက်ထဲမှာ ချို့ယွင်းချက်ရှိတာကြောင့် မျိုးမအောင်တဲ့ အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးဖို့ အန္တရာယ် အရမ်းများကြောင်း လေ့လာမှုသစ်တစ်ရပ်က ထုတ်ဖော်လိုက်ပါတယ်။

သုက်ထဲမှာ ပုံမှန်မဟုတ်တာ နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုတဲ့ အမျိုးသားတွေဟာ ရှစ်နှစ်ကျော်အချိန်ကာလအတွင်း သေဆုံးနိုင်ဖွယ်အလားအလာဟာ ပုံမှန်သုက်ရှိတဲ့ အမျိုးသားတွေထက် နှစ်ဆပိုများတယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

“ဆေးလိပ်သောက်တာ နဲ့ အ၀လွန်တာဟာ လူတစ်ယောက်ရဲ့ သေဆုံးနိုင်ဖွယ်အလားအလာကို နှစ်ဆမြင့်တက်စေပြီး၊ ဒီနှစ်မျိုးစလုံးကို လူတွေက အာရုံစိုက်ကြတယ်။ ဒါပေမဲ့ အမျိုးသားမျိုးမအောင်မှု ဟာလည်း ထိုနည်းတူ သေဆုံးနိုင်ဖွယ်အလားအလာကို နှစ်ဆမြင့်တက်စေတယ် ဆိုတာကို ကျွန်တော်တို့ ဒီမှာ တွေ့မြင်နေရတယ်။” လို့ Stanford တက္ကသိုလ်က မျိုးပွားအင်္ဂါ ရောဂါဗေဒ တွဲဖက်ပါမောက္ခ၊ လေ့လာမှုရဲ့ ဦးဆောင်စာတမ်းပြုသူ ဒေါက်တာ Michael Eisenbergက ပြောခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
အပြည့်အစုံသို့ »

ကိုယ်သင်းနံ့လေးမွှေးစေဖို့ (ယောက်ျားများအတွက်အထူး)


လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိ ယုံကြည်မှု ရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။
ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။
ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိက အကြောင်းအရာ တွေလို့ လေ့လာတွေ့ရှိရပါတယ်။
ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့ စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။
ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူးစတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့ နည်းလမ်းပါပဲ။ ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာဝတ်ဆင်ပါ။ ဒါပေမယ့်လက်ပြတ်အင်္ကျီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေလို့ပါပဲ။

ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။
- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။
- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။
- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။
By: Good Health
အပြည့်အစုံသို့ »

သုတ်ကောင် မထုတ်နိုင်တဲ့ ယောင်္ကျားများအတွက် မျှော်လင့်ချက်


မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
အပြည့်အစုံသို့ »

အရွယ်တင်ချင်သော အမျိုးသားများ အတွက်


သက်တူရွယ်တူ အပေါင်းအသင်းတွေနဲ့ ယှဉ်လိုက်ချိန်မှာ သင်က အသက်ပိုကြီးတယ်လို့ သူများတွေ မထင်စေဖို့အတွက်  အောက်ပါအချက်တွေကို  လိုက်နာပေးဖို့ လိုပါတယ်။

အိပ်ရေးပျက်မခံပါနှင့်

အမျိုးသားအများစုဟာ အိပ်ချိန်နည်းတတ်ကြပါတယ်။ တချို့တွေက အရမ်းနောက်ကျမှ အိပ်ရာဝင်တတ်ကြပြီး မနက်ပိုင်းမှာ အိပ်ရာထ နောက်ကျတတ်ပါတယ်။ အိပ်စက်မှု ပုံစံ မှန်ကန်မှု မရှိတာကလည်း သင့်အရေပြားက ဆဲလ်တွေကို လျော့တွဲစေပြီး အရေးအကြောင်း တွေ ဖြစ်စေပါတယ်။ တစ်နေ့ကို ပျမ်းမျှ ရှစ်နာရီ လောက် အိပ်စက်ဖို့ လိုပြီး အိပ်ရာဝင်ပြီးလို့ မိနစ် ၂၀ လောက်မှ အိပ်ပျော်ပါစေ။

ဆေးလိပ်ရှောင်ပါ

ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူတွေဟာ ဆေးလိပ်မသောက်တတ်တဲ့သူတွေ ထက်ပိုပြီး ရင့်တတ်ကြပါတယ်။ ဆေးလိပ်သောက်သူတွေဟာ အသက်အရွယ် တူပေမယ့် ၁၀နှစ်လောက် ကွာနေတယ်လို့ ထင်ရစေပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာ အရေပြား ပေါ်မှာ အရေးအကြောင်းတွေနဲ့ လိုင်းတွေပေါ်လာတတ်ပြီး အရေပြားလည်း ခြောက်သွေ့နေတတ်ပါတယ်။

အမွှေးရိတ်ချိန် သတိထားပါ

အမျိုးသားတိုင်း မုတ်ဆိတ်မွေးနဲ့ ပါးသိုင်းမွေးတွေကို ရိတ်တတ်ကြပါတယ်။ သတိထားရမှာက အမွေးမရိတ်ခင် အချိန်မှာ ခရင်မ်တစ်မျိုးသုံးပေးပြီး အရေပြား ထိခိုက်မှုကို ကာကွယ်ပါ။ အမွေးရိတ်ပြီးချိန်မှာလည်း ရေနွေးနွေးနဲ့ သန့်စင်ပေးပြီး ရေဓါတ်ပါဝင်တဲ့ တိုနာ ဒါမှမဟုတ် ဖောင်ဒေးရှင်းခရင်မ် တစ်မျိုး သုံးပေးပါ။

အရက်ကို ကန့်သတ်ပါ

အရက်သောက်တာက သွေးကြောတွေကို လိုအပ်တာထက် ပိုကျယ်ပြီး သွေးလည်ပတ်စီးဆင်းစေပါတယ်။ အရက်ကို တစ်နေ့နှစ်ပက် ထက်ပိုသောက်တဲ့သူတွေက အရက်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ခံစားကြရပြီး အိုစာတတ်ကြပါတယ်။ အသားအရေ ကြည်လင်မှု မရှိဘဲ ပွယောင်းယောင်းဖြစ်ကာ ချွေးထွက်များပြီး ကိုယ်နံ့လည်း မကောင်းတတ်ကြပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ

ကြွက်သားများ သန်မာစေမယ့် လေ့ကျင့်ခန်းတွေက အမျိုးသားတွေနဲ့ အသင့်တော်ဆုံးပါပဲ။ နေ့စဉ် လေ့ကျင့်ခန်းပုံမှန် ပြုလုပ်တာကြောင့် ကျန်းမာတဲ့ နေထိုင်မှု ပုံစံအပြင် ကောင်းမွန်တဲ့ အရေပြားကိုလည်း ပိုင်ဆိုင်နိုင်တာ ကြောင့် သင့်ကို နုပျိုစေပါတယ်။

တစ်ပတ်နှစ်ကြိမ် သန့်စင်ပါ

တစ်ပတ်ကို နှစ်ကြိမ်လောက် နို့်ပါဝင်တဲ့ ကြေးချွှတ်ဆေးကို အသုံးပြုပြီး သန့်စင်ပေးတာက သင့်အရေပြားဆဲလ်တွေကို ရှင်းသန့်စေပြီး ဆဲလ်အသေတွေကို လည်း သန့်စင်ပြီးသား ဖြစ်စေတာကြောင့် အိုမင်းမှုကို ဟန့်တားနိုင်ပါလိမ့်မယ်။

အနှိပ်ခံပါ

တစ်ပတ်မှာ တစ်ကြိမ်လောက် ပုံမှန် အနှိပ်ခံတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ကြည်လင် လန်းဆန်းစေကာ ဖိစီးမှုတွေကို ကင်းစေပါတယ်။ တစ်နေ့တာ လုပ်ငန်းတွေ ပြီးချိန်မှာ အေးချမ်းတဲ့ ပတ်ဝန်းကျင် မျိုးမှာ အနှိပ်ခံပြီးမှ ရေချိုးပေးတာက စိတ်ကို ကြည်လင်စေပြီး ဖိစီးမှု ကင်းတာကြောင့် နုပျိုစေပါတယ်။

အစိမ်းရောင်မှီဝဲပါ

နေ့စဉ် အစားအစာတွေထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပါဝင်အောင် စားပေးပါ။ အမျိုးသား အများစုက ဟင်းရွက်တွေကို မကြိုက်တတ်ပါဘူး။ ဟင်းရွက်တွေကို ပိုစားမိစေဖို့ အသုတ်လုပ်စားတာမျိုး၊ ဟင်းချိုလုပ်ပြီး သောက်တာမျိုး၊ ထမင်းစားပြီးချိန်နဲ့ သရေစာစားချိန်မှာ အသီးအနှံ စားတာမျိုးကို လေ့ကျင့်ယူပါ

နေရောင်ကို ရှောင်ပါ

နေရောင်ခြည်ဟာ အရေပြားကို အမှန်တကယ် ပျက်စီးစေတဲ့ အနှောင့်အယှက်ပါပဲ။ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေက အအေးခန်းထဲမှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေထက် ပိုပြီး အိုစာတတ်ကြပါတယ်။ နေရောင်ကို အတတ်နိုင်ဆုံး ကာကွယ်ပါ။

ရေများများ သောက်ပါ

အမျိုးသားတွေက အရက်နဲ့ ဘီယာလောက် ရေကို မသောက်တတ်ကြပါဘူး။ ရေသောက်နည်းတာက သင့်အရေပြားကို  ခြောက်သွေ့စေတဲ့အပြင် လန်းဆန်းမှု လည်း မရှိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ရေကို ရှစ်ခွက်လောက်တော့ အနည်းဆုံးသောက်ပါ။

World-Myanmar News (world-myanmar.com)

လမင်းလေး
အပြည့်အစုံသို့ »

ကွန်ပျူတာရှေ့ အထိုင်များသော ယောက်ျားလေးများ အရိုးပျော့လာနိုင်



No. 115
ကွန်ပျူတာ သို့မဟုတ် တယ်လီဗေးရှင်းကို အကြည့်များတဲ့ အမျိုးသားငယ်တွေဟာ အရိုးပျော့ခြင်းကို ကြုံတွေ့လာရနိုင်ပြီး အရိုးပွခြင်း၊ အရိုးကျိုးခြင်းတွေကိုပါ ရင်ဆိုင်ရနိုင်တယ်လို့ နော်ဝေနိုင်ငံကပြုလုပ်တဲ့ သုတေသနတစ်ခုက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အရိုးတည်ဆောက်ပုံဟာ မွေးကင်းစကနေ ဆယ်ကျော်သက် နှောင်းပိုင်းအရွယ်အထိ ကြီးထွားဖွံဖြိုး နေတာဖြစ်ပြီး ဆယ်ကျော်သက် အချိန်ဟာ အရိုးကြီးထွားဖွံဖြိုးမှုနှုန်းအမြင့်မားဆုံးဖြစ်ပါတယ်။ ““ဒီအချိန် မှာ လှုပ်လှုပ်ရှားရှားမရှိဘဲ တီဗွီ၊ ကွန်ပျူတာနဲ့ဂိမ်းတွေမှာပဲ အချိန်ကုန်မယ်ဆိုရင် အ၀လွန်ခြင်းကိုသာမက အရိုးကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်””လို့ နော်ဝေတက္ကသိုလ်မှ သုတေသီAnne Wintheru ပြောကြားထားပါတယ်။
လေ့လာမှုမှာ တွေ့ရှိရတာကတော့ ကွန်ပျူတာအသုံးများတဲ့ ဆယ်ကျော်သက်တွေဟာ အရိုးရဲ့ဓာတ်သတ္တုသိပ်သည်းဆ (Bone Mineral Density,BMD) ကျဆင်းလာတာပဲ ဖြစ်ပါတယ်။ ဒါဟာ အသက် ၁၅နှစ် ကနေ ၁၈နှစ်အတွင်းရှိတဲ့ ယောက်ျားလေးငယ် ၄၈၄ဦးကို သုတေသန ပြုပြီးမှ ရရှိလာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုမှာ ဆယ်ကျော်သက် အမျိုးသားငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာအင်္ဂါဖွံဖြိုးမှု၊ ကိုယ်အလေးချိန် အညွှန်းကိန်း၊ အားလပ်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုအခြေအနေ၊ ဆေးလိပ်၊ ယမကာမှီဝဲမှု ရှိ မရှိစတဲ့ အချက်တွေကိုပါ ထည့်သွင်း စဉ်းစားခဲ့ပါတယ်။ ဒါ့အပြင် ကွန်ပျူတာ၊ တီဗွီတွေရှေ့မှာပဲ အချိန်ကုန်များတဲ့ ယောက်ျားလေးငယ်တွေဟာ အရိုးတွင်းဓာတ်သတ္တုသိပ်သည်းဆ နည်းပေမယ့် ကိုယ်အလေးချိန် အညွှန်းကိန်းကတော့ ၂ဆမြင့် တက်နေပါတယ်။
အပြည်ပြည်ဆိုင်ရာ အရိုးပွရောဂါဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ အသက်၅၀နဲ့အထက် အမျိုးသား ၅ယောက်မှာ ၁ယောက်ဟာ အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်းကို ခံစားနေရတယ်လို့ သိရှိရပါတယ်။
ငြိမ်းအေး
ref;IANS

Health Updates Journal

အပြည့်အစုံသို့ »

လက်တော့ပ်ကွန်ပျူတာများ၏ ဝိုင်ဖိုင်က သုက်ပိုးများအား ပျက်စီးစေကြောင်းတွေ့ရှိရ


လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင် အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏ သုက်ပိုးများအားအန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။

ကျန်းမာသောအမျိုးသားအလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍ အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာတစ်လုံးအနီးတွင် လေးနာရီကြာထားရှိခဲ့သည်။ အခြားအိုးတစ်အိုးကိုမူ တူညီသော အခြေအနေတွင် ကွန်ပျူတာမပါဘဲထားရှိခဲ့ကြောင်း လေ့လာမှုတွင် ရေးသားခဲ့သည်။ လက်တော့ပ်ကွန်ပျူတာ အနီးတွင်ထားရှိသော အိုးထဲမှသုက်ပိုးများမှာ ပျက်စီးသွားကြောင်း လေ့လာသူများက တွေ့ရှိခဲ့ရသည်။ သုက်ပိုးများ၏ ကူးခတ်နိုင်စွမ်း လျော့ကျသွားသလို၊ ၎င်းတို့သယ်ဆောင်လာသော ဗီဇများလည်း ပြောင်းလဲသွားကြသည်။ အပူချိန်မြင့်မားခြင်းသည် သုက်ပိုးများအား ပျက်စီးစေနိုင်သော်လည်း ယခုကဲ့သို့ သုက်ပိုးများပျက်စီးမှုမှာ လက်တော့ပ်ကွန်ပျူတာများမှ ထွက်လာသော အပူရှိန်ကြောင့်ဟု တော့လေ့လာသူများက မယုံကြည်ကြပေ။ယခုလေ့လာမှုအား Fertility and Sterility ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ယခုလေ့လာမှုမှာ လက်တွေ့ဘဝတွင် စမ်းသပ်ခဲ့ခြင်းမဟုတ်၍ အမျိုးသားများအနေနှင့်  မလိုအပ်ဘဲ စိုးရိမ်ပူပန်ရန် မရှိကြောင်းဆိုကြသည်။ သို့သော် ၎င်းတို့က ထပ်မံလေ့လာမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

Health Digest
အပြည့်အစုံသို့ »

ဆွဲဆောင်မှု ရှိသော အမျိုးသားတို့ နှာခေါင်းတွင် ဘက်တီးရီးယား နည်းပါး


လေ့လာမှု အသစ်အရ ခန္ဓာကိုယ် ကြည့်ကောင်းပြီး ဆွဲဆောင်မှုရျိတဲ့ အမျိုးသားတို့ နှာခေါင်းမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား ပမာဏလျော့နည်းနေတယ်လို့ သိရပါတယ်။

နှာခေါင်းဆိုတာ ခန္ဓာကိုယ်ထဲ ၀င်ရောက်တဲ့ ရောဂါပိုးတွေရဲ့ ပင်မဂိတ်တစ်ခု ဖြစ်ပါတယ်။ နှာခေါင်းအချွဲတွေက ရောဂါပိုးတွေကို ခန္ဓာကိုယ်ထဲ မ၀င်ခင် ဘီးတီးရီးယားပိုးတွေကို ဖမ်းဆုပ်လိုက်ပါတယ်။ ဘက်တီးရီးယားလို့ ပြောလိုက်ရင် တုပ်ကွေးနဲ့ အအေးမိရောဂါပိုးတွေကိုပဲ စိတ်ထဲထင်ပေမယ့် အခြားပိုပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကိုလည်း နှာခေါင်းအချွဲတွေက ဖမ်းဆုပ်လေ့ရှိပါတယ်။
လေ့လာမှုအရ အမျိုးသား ၉၀နဲ့ အမျိုးသမီး ၁၀၃ဦးရဲ့ လည်ချောင်းနဲ့ နှာခေါင်းက အချွဲမြှေးတွေကို စုဆောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိမရှိကို လေ့လာခဲ့ပါတယ်။ လေ့လာသူတွေက အမျိုးသားတွေရဲ့ ခန္ဓာကိုယ် ထုထည်အညွှန်းကိန်း (BMI) နဲ့ အမျိုသမီးရဲ့ ခါးနဲ့ တင် အချိုးကိုပါ လေ့လာမှု ပြုလုပ်ခဲ့ပြီး မတူညီတဲ့ ဘက်တီးရီးယား ခြောက်မျိုးပမာဏကို စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုအရ အတွေ့ရအများဆုံး ပိုးက Staphylococcus aureus ဖြစ်ပြီး အရေပြားပိုးဝင်တာကနေ အစာအဆိပ်သင့်တာ အထိ နာမကျန်းမှု အမျိုးမျိုးကို ဖြစ်စေနိုင်တဲ့ ပိုးဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်

အမျိုးသမီး ကိုယ်အလေးချိန်နဲ့ ပိုးများတာ နည်းတာ အကြား ဆက်စပ်မှုကို မတွေ့ခဲ့ရပေမယ့် အဆီများတဲ့ အမျိုးသားတွေမှာ ခန္ဓာကိုယ်သန်စွမ်း ကျစ်လျစ်တဲ့ အမျိုးသားတွေထက် နှာခေါင်းမှာ ဘက်တီးရီးယားပိုများတာကို လေ့လာ တွေ့ရှိခဲ့ရပါတယ်။

ခန္ဓာကိုယ် သန်စွမ်းကျစ်လျစ်ပြီး ဆွဲဆောင်မှု ပိုရှိတဲ့ အမျိုးသားတွေမှာ ဘက်တီးရီးယား ပိုနည်းတာက တက်စတိုစတီးရုန်း အဆင့် ပိုများများရျိတာကြောင့်  ဖြစ်တယ်လို့  လေ့လာသူတွေက  ကောက်ချက်ချ ထားပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကောင်းတဲ့ အမျိုးသားတွေဟာ စိတ်ဖိစီးမှုလျော့နည်းပြီး ပိုပြီး ဆွဲဆောင်မှု ရှိတယ်လို့ တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

World-Myanmar
အပြည့်အစုံသို့ »

Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်းများ - ဒုက္ခရောက်နိုင်စရာသူတွေအတွက် အကူအညီဖြစ်ဖို့ ပြန်တင်ပေးလိုက်ပါတယ် ( ၁၈နှစ်ကျော်မှ ဖတ်ပါ။)


ဒီစာကို ဖေ့စ်ဘွတ်မှာတင်ရမလား စဉ်းစားနေခဲ့တာ အတော်ကြာပါပြီ။ အခုလဲ မတင်သင့်ဘူးလို့ ပြောမှာတွေ ရှိနိုင်ပါတယ်။ အပြစ်တင်ခံပြီး၊ ဒုက္ခရောက်နေသူတွေနဲ့ ဒုက္ခရောက်နိုင်စရာသူတွေအတွက် တင်ဘို့ဆုံးဖြတ်လိုက်ပါတယ်။

ယောက်ျားတွေ ကိုယ့်အင်္ဂါကို ဘာအတွက်ဖြစ်ဖြစ် အဆန်းလုပ်တာတွေမှန်သမျှ နောက်ကြောင်း မအေးပါ။ အဆန်း ဆိုတာတွေက တကယ့်အဆန်းတွေ။ ပစ္စည်းတမျိုးမျိုး ထည့်တာ၊ ဆေးထိုးတာတွေပါတယ်။ လူဖြစ်ရှုံးတဲ့အထိ ဆက်ဖြစ်တာတွေ တကယ်ရှိပါတယ်။ တိုက်ရိုက်မေးလို့ တိုက်ရိုက်သာဖြေတာမို့ ဘလော့ခ်မှာရော ဖေ့စ်ဘွတ်မှာပါ မတင်ပါ။


၁။ ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ၊
၂။ အရပ်နည်း ထပ်ပြီးမလုပ်ကြပါနဲ့၊
၃။ ကျားအင်္ဂါ ကြီးစေခြင်း (၆) ဆိုးကျိုးတွေ၊
၎။ ကျားလိင်အင်္ဂါ ဆေးထိုးခြင်း (၂) စာတွေရေးထားပါတယ်။ ဖေ့စ်ဘွတ်မှာတော့ မတင်ပါ။

လူဆိုတာ အာရုံခံစားနိုင်စွမ်း မတူကြပါ။ ‘ကဲချင်သူ’ ရှိပေမဲ့၊ ‘လှေကြီးထိုးသမား’ ပိုများတယ်။ အမျိုးသမီးတွေမှာလည်း ဒီလိုပါဘဲ။ အဆန်းဆိုတာမျိုးက စိတ်ကိုလှုတ်ရှားစေနိုင်ပေမဲ့ ကြောက်စရာလည်း ဖြစ်နိုင်တယ်။ လူငယ်၊ လူလွတ်ဘဝမှာ စိတ်နောက် လိုက်ရတာတွေ များကြမယ်။ ဒါပေမဲ့ ဘယ်သူမှ တသက်လုံး ငယ်မနေကြ၊ လွတ်မနေကြပါ။ တချိန်မှာ သူများထက် ကဲချင်သူတွေဟာ သူများထက် သတိကဲစရာတွေရှိပါမယ်။

• လိင်အင်္ဂါထဲဆေးထိုးခြင်း
ဆရာဝန်တွေ ကျားလိင်အင်္ဂါကိုဆေးထိုးခိုင်းတာက Caverject ထိုးဆေးဖြစ်တယ်။ ပန်းသေပန်းညှိုးဖြစ်လို့ ထိုးရတာပါ။ ဆေးကုပေးတာပါ။ ဒါပေမဲ့ အရပ်နည်းနဲ့ လက်တည့်စမ်းကြတယ်။ Vaseline နဲ့ Olive oil တွေကို ထိုးထည့်ကြတယ်။ တခြားနိုင်ငံတွေမှာသုံးတဲ့ Silicone နဲ့ Paraffin ထက် ရှာရတာလွယ်လို့ ဖြစ်တယ်။ ပိုးဝင်တာ အနည်းနဲ့အများ ဖြစ်တယ်။ နောင်မှာ ထိုးထားတာတွေနဲ့ အသားမာတွေကို ပြန်ထုတ်ပြစ်ဘို့ ဆရာဝန်တွေက အကြံပေးရတယ်။ မိမွေးတိုင်း မဟုတ်တော့ပါ။

အလေးစား သတ္တုတွေကိုလဲ ထည့်ကြတယ်။ လိင်အင်္ဂါအနာ ဖြစ်ရင် ကုသရတာ ပိုခက်ခဲတယ်။ ပုံမှန်ခွဲစိတ်ခမ်းသုံး ကရိယာတွေနဲ့ မရတာမျိုးဖြစ်တတ်တယ်။ Ring cutters, Bolt cutters, Motorized rotary tool စတဲ့ စက်ပြင်ကရိယာတွေ သုံးရတတ်တယ်။ Barbell နဲ့ Sledgehammer head တွေကို ထုတ်ပေးရတာ တကယ်ရှိတယ်။ မြန်မာပြည်မှာတော့ ‘စက်ဘီးဘောစေ့’ ထည့်ထားတာကို ကိုယ်တိုင်ထုတ်ပေးရဘူးတယ်။ သူ့ဇနီးပါလိုက်တာပြီး ခွဲထုတ်ခိုင်းတာပါ။

လိင်တံထဲ ဆေးထိုးကြတဲ့ ထိုင်းအမျိုးသား (၈) ဦးကို လေ့လာမှုတခု လုပ်ထားတာ ရှိတယ်။ အသက် ၂၄ နှစ်ကနေ ၅၂ နှစ်အထိဖြစ်တယ်။ သူတို့ထဲက ၇၅% မှာ လိင်အင်္ဂါနာတယ်လို့ ပြောတယ်။ အဲလိုဖြစ်သွားတာကို ဆေးကုပေးရတာလဲ မအောင်မြင်သလောက်ရှိခဲ့တယ်။ ၈၇့၅% က ကိုယ်တိုင် ဆေးထိုးတာကို လေ့လာမှု မတိုင်ခင် ပျမ်းမျှ ၁့၈ နှစ်တုံးက လုပ်ခဲ့တယ်။ သူတို့အားလုံးဟာ လိင်ဆွဲဆောင်မှုကို မျှော်ကိုးပြီး သူငယ်ချင်းတွေ တိုက်တွန်းလို့ လုပ်ကြတာဖြစ်တယ်။ ဒီလေ့လာမှုထဲက လူတွေမှာ နောင်မှာ အနာဖြစ်တာ မတွေ့ရပေမဲ့ အရင်လေ့လာမှုမှာ လိင်တံမှာ အနာဖြစ်တာ ရှိတယ်။

• ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
ယောက်ျားအင်္ဂါမှာ အဆန်းထွင်တာတွေကို ဆေးရုံတွေမှာ လုပ်မပေးပါ။ လုပ်ပေးနိုင်သူများကို တိုးတိုးတိတ်တိတ် အပူကပ်ပြီး၊ တမင်တကာ ပစ္စည်းတခုခု ထည့်ခိုင်းတတ်တယ်။ ဒီလိုလုပ်တာက စိတ်ကူးကတော့ ကြီးအောင်၊ ထူးအောင် နေမှာပေါ့။ ခွဲစိတ်တုံးမှာ ပိုးမွှားမဝင်ရင် ကံကောင်းပါတယ်။ အမှန်က သီအိုရီအရပြောရရင် ကိုယ်ပိုင်ပစ္စည်း မဟုတ်တာကို ကိုယ်ထဲမှာ ကြာကြာလက်မခံပါ။ နောက်ကြ ထုတ်ပြစ်ရမှာပါ။ ‘မောင်အေး-နှစ်ခါနာ’ ဖြစ်ပါမယ်။

ယောက်ျားအင်္ဂါမှာ တခြားအရာတခုခု စွပ်ထားတာ၊ ထိုးသွင်းထည့်ထားတာ၊ ဆေးတမျိုးမျိုးထိုးထားတဲ့လူနာတွေကို တွေ့ရတတ်ပါတယ်။ တချို့မှာ အဖေါ်မိန်းမကနေ ကူညီလုပ်ပေးတာလဲ ရှိတယ်။ အတူနေဖက်က ဘယ်လို စိတ်ထားမလဲ မပြောတတ်ပါ။ တခါတလေဆိုတာမျိုး စိတ်လှုပ်ရှားနိုင်မယ်။ ဒါပေမဲ့ အများစုဟာ သဘာဝမဟုတ်တာကို လက်ခံဘို့ ခက်မယ်ထင်ပါတယ်။ (ကွန်ဒွမ်) သုံးတာတောင် လက်မခံချင်တဲ့ မိန်းကလေးတွေ ရှိတယ်။

သူများကို ဆွဲဆောင်ချင်တဲ့စိတ်ဆိုတာက ပုံမှန်ပါဘဲ။ ဒါပေမဲ့ လမ်းမှန်ပါစေ။ ကိုယ့်အဖေါ်က ဘာကိုလိုလားသလဲ။ ‘ပိုက်ဆံပေးရသူဆိုရင် ပိုက်ဆံသာလိုတာပါ’။ တရားဝင်အိမ်ထောင်ပြုထားသူအတွက် ‘သာယာမှု၊ ကျေနပ်မှု၊ လုံခြုံမှု၊’ တွေကို ပေးစွမ်း-ဖြည့်ဆီးနိုင်ဘို့ဟာ ကိုယ်အင်္ဂါထူးခြားတာထက် ပိုပါတယ်။ ဂဏန်းလိုပြောရင် ရှည်တာ၊ ကြီးတာတွေက အရည်အတွက်အရများတာ မှန်ပါတယ်။ ဒါပေမဲ့ ‘လူ့ဆက်ဆံရေးဆိုတာ သင်္ချာနည်းတက် လေးနက်-နူးညံ့၊ ရှုတ်ထွေး-ကျယ်ပြန့်ပါတယ်’။

ဒီကိစ္စမျိုးကို ဗမာပြည်မှာ ခိုးကြောင်ခိုးဝှက်သာ လုပ်ရတာမို့ ပိုပြီးစိတ်မချရပါ။ ညဈေးလို၊ နေ့ခင်းလမ်းဘေးဈေးလိုမှာ လူကဲခပ်ပြီး၊ လက်တို့ရောင်းတဲ့ အရာတွေဟာ အညာတွေပါ။ ပရုပ်အမှုံ့ကို ပီယဆေးလိုလို၊ ဆွဲဆောင်ဆေးလိုလို လုပ်ရောင်းတာရှိတယ်။ ရာဘာကွင်းမှာ အမွှေးအမျဉ် တပ်ရောင်းတာလဲ ရှိတယ်။ ကိုယ့်အတွက်လဲ စိတ်မချရသလို အဖေါ်ကိုလဲ ထိခိုက်နိုင်တယ်။ သူငယ်ချင်းကောင်း ရွေးပေါင်းပါ။

• ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား။ ရိုးရိုးသာမန်နဲ့ ဘာကွာနိုင်ပါသလဲ။ သူငယ်ချင်းက ထည့်ထားပါတယ် ဆရာ။ သူက အခုကျနော်ကိုထည့်ဖို့ တိုက်တွန်းနေလို့ပါ။ ကိုယ့်အပေါ်စွဲလမ်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဟုတ်နိုင်ပါ့မလား။

သူငယ်ချင်းကပြောတဲ့ ရည်ရွယ်ချက်အတွက်ဆိုရင် သူပြောတာ တချို့တဝက် မှန်နိုင်ပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် ဘယ်ကိစ္စမှာဖြစ်ဖြစ် အကြိုက်မတူကြပါ။ တယောက်ထဲတောင်မှ တချိန်နဲ့ တချိန် မတူတတ်ပါ။ ဆေးပညာသက်သက် ကြည့်ပြောရရင် ကိုယ်အင်္ဂါထဲကို ပစ္စည်းတခုခု ထည့်တယ်ဆိုတာ Foreign body တခု သွင်းထားတာပါ။ လူ့ကိုယ်က ကိုယ့်အရာ မဟုတ်တာဆို လက်မခံဘူး။ နှလုံးအစားထိုး၊ အသဲအစားထိုး၊ ကျောက်ကပ် အစားထိုးပေးရတာမှာ အဲဒီသဘောကို လွန်ဆန်ဘို့ ကြိုးစားရတာဟာ ဆရာဝန်တွေအဖို့ သိပ်ခေါင်းစားတယ်။ လူနာလည်း ငွေကုန်-လူပန်း မဟုတ်လား။ တမင်တကာ ခုခံအားနည်းနေစေအောင်ဆေးမျိုး ပေးနေရတယ်။

ခွဲစိတ်ကုသတဲ့အခါ သွေးထွတ်တာ တားဘို့ သွေးကြောကို ချည်ပေးရတဲ့ အပ်ချည်စကိုတောင် တိုနိုင်သမျှ တိုအောင် ဖြတ်ပေးမှ။ ခြေကျိုး-လက်ကျိုး သတ္ထုချောင်းထည့်ထားရင်လည်း နောက်ဆိုပြန် ဖြုတ်ပေးရတတ်တယ်။ လူ့အသွေးအသားက သူ့ကိုယ်ပိုင်မဟုတ်တာ ဝင်နေလို့ကတော့ ထုတ်ပြစ်ဘို့ အချိန်ရှိသ၍ ကြိုးပမ်းနေလိမ့်မယ်။ ဗိုက်ခွဲချုပ်ရိုးကနေ အပ်ချည်စ ပြန်ထုတ်ပေးရတာ အကြောင်း မဟုတ်လှဘူး။ သူငယ်ချင်းရဲ့ ဟိုနေရာမှာ တခုခု ဖြစ်လို့ကတော့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန် ဖြစ်သွားရင် ပြီးပါလေရော။

• ဆရာဝန်ဘက်က လိုအပ်ချက် (၅-၄-၂ဝ၁၄ နေ့ရတဲ့စာပါ။)
နယ်ဘက်ကပါဆရာ။ အထူးကုဆေးခန်းမှာ ပန်းအဖျားလှီးတာ၊ Circumcision လို့ ပြောပါတယ်။ အရေပြား ဖြတ်တာ များသွားပြီး၊ တိုသွားပါတယ်။ မိန်းမနဲ့လည်း ဆက်ဆံဖို့ ခက်ခဲနေပါတယ်။ ၂ နှစ်ခန့် ရှိပါပြီ ကလေးလဲမရတော့ပါ၊ ကူညီပါဆရာ။

ဆောရီးဗျာ။ ဖြစ်တတ်ကြပါတယ်။ ကလေးမရစေတာကတော့ အဲဒီခွဲစိတ်မှုကြောင့် မဖြစ်နိုင်ပါ။ ဖြတ်တာကလိုတာထက် များသွားလို့ ဖြစ်ပါမယ်။ ပြန်တော့ အလိုလိုရှည်မလာနိုင်ပါ။ ပလပ်စတစ်ခွဲစိတ်နည်းနဲ့ လုပ်ရင် ရနိုင်ပါမယ်။ အရေပြား အစားထိုးပေးတာမျိုးလုပ်နိုင်မယ်လို့ မှန်းဆကြည့်တာပါ။ ဆီးလမ်း အထူးကုဆရာဝန်ဖြစ်ဖြစ်၊ Plastic surgeon ကိုဖြစ်ဖြစ် တိုင်ပင်ကြည့်ပါ။

‘ပန်းအဖျား လှီးဖြတ်ပေးခြင်း’ ထဲမှာ ဒီလိုရေးခဲ့ပါတယ်။ ဖြတ်ပေးတာ နည်းရင်လဲ ကုပေးတာ အရာမရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ ဒီ ‘အော်ပရေးရှင်း’ က ‘ဗဲရီး-မိုင်နာ’ ပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုသာ အားကိုးပါ။ ‘ရှေ့နေပျိုမှ၊ သမားအိုမှ’ ဆိုတာရှိတယ် မဟုတ်လား။ အတွေ့အကြုံများတဲ့ သူတွေက အသေးစိတ်ကအစ ကြိုမြင်တတ်တယ်။ ခွဲစိတ်ဆရာဝန် တယောက်ရဲ့ ရှိအပ်တဲ့ အရည်အသွေး သုံးရပ်ဆိုတာ ပြောစမှတ်ရှိတယ်။ (၁) အမျိုးသမီးရဲ့ လက်များလို ညင်သာ သိမ်မွေ့ရမယ်။ (၂) သိန်းငှက်တို့ မျက်စိလို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။ နောက်ဆုံး (၃) ခြင်္သေ့တို့ထုံး နှလုံးမူဆိုတာ ပိုအရေးကြီးတယ်။ သားကောင်ကိုဖမ်းရင် သားကောင်ကြီးကို စိုက်ထုတ်တဲ့ လုံ့လနဲ့ ယုံကလေးကို စိုက်ထုတ်ရတဲ့လုံ့လ အတူတူ ထားရတယ်၊ ‘မိုင်နာ-အော်ပရေးရှင်း’ ဆိုပြီး ခပ်ပေါ့ပေါ့ မလုပ်ရဘူး။

Dr. တင်ဆွေ
၈-၈-၂ဝ၁ဝ
အပြည့်အစုံသို့ »

ကလေးမွေးပြီးနောက် သွေးခဲဖြစ်ပေါ်နိုင်သည့်အချိန်မှာ ထင်ထားသည်ထက်ပိုကြာ


US  မှ တွေ့ရှိချက်အရ အမျိုးသမီးများတွင် ကလေးမွေးပြီးသည့်နောက် သွေးခဲဖြစ်ပေါ်နိုင်သည့် ကာလမှာ ယခင်တွေ့ထားတာထက် ပိုမိုကြာမြင့်ကြောင်းသိရသည်။ New York’s  Brain and Mind Research Institute  မှအဖွဲ့၏လေ့လာချက်အရ အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင် စဉ်နှင့်ကလေးမီးဖွားပြီးစတွင် သွေးခဲဖြစ်ပေါ်နိုင်သည့် အန္တရာယ်မှာ လွန်စွာများကြောင်း သိရသည်။ သို့သော်လည်း ကလေးမွေးပြီးသည့်နောက်တွင် ကလေးမွေး ပြီး ခြောက်ပတ်အကြာထိ သွေးခဲဖြစ်ပေါ်သည့်နှုန်းမှာ သာမန်အမျိုးသမီးများထက် ၁၀.၈ ဆပိုများပြီး မွေးပြီး ၇ ပတ်မှ ၁၂ ပတ် အတွင်းတွင် ၂.၂ ဆပိုများကြောင်း သိရသည်။ သွေးခဲသည့်နှုန်းမှာ ပုံမှန်နီးပါးအခြေအနေသို့ ပြန်ရောက်ရန် ၂၄ ပတ်ခန့်ကြာပြီး ၁၃ ပတ်မှ ၁၈ ပတ်ကြားတွင် သွေးခဲဖြစ်ပေါ်၍ အန္တရာယ်ရှိနိုင်သည့် နှုန်းမှာ ၁.၄ ဆခန့်ပိုများကြောင်း သိရသည်။ ယင်းကဲ့သို့ သွေးခဲများဖြစ်ပေါ်ခြင်းကြောင့် အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးစ၌  သွေးခဲပိတ်၍ အသက်ဆုံးရှုံးမှုများ၊ မသန်မစွမ်းဖြစ်မှု ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

အ၀င်း
ref:Netdoctor.co.uk
Health Updates Journal
အပြည့်အစုံသို့ »

တစ်ညလုံး အလုပ်လုပ်ဖို့လိုအပ်လာရင်


          ဘယ်တုန်းကမှတော့ ဒီလိုမျိုး တစ်ညလုံးအလုပ်လုပ်ဖို့ အားမပေးဖူးပါဘူး။ ဒါပေမယ့်လည်း အရေးကြီးတဲ့ အခြေအနေတစ်ခု ရောက်လာခဲ့လို့ မလွှဲမရှောင်သာ လုပ်ရတော့မယ်ဆိုရင်တော့ သင့်ကို အထောက်အကူပြုမယ့် ဒီအချက်လေးတွေကို ရေးသားပေးချင်ပါတယ်။ ဒီလိုလုပ်နေကျ မဟုတ်တဲ့ သင့်အတွက် အချိန်ကုန် ၊ လူပင်ပန်းရကျိုးနပ်ပြီး အလုပ်လည်း ပြီးစေမယ့် ဒီနည်းလမ်းလေးတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၁)     သင့်ရဲ့စိတ်ကို ပြင်ဆင်ပါ။

          ပထမဦးဆုံးအနေနဲ့ ပြုလုပ်ရမှာက တစ်ညလုံးစာအတွက် သင့်ကိုယ်သင် အရင်ပြင်ဆင်ပါ။ နောက်ဆုံး အချိန်နီးကပ်နေပြီဖြစ်တဲ့ အရေးအကြီးဆုံး အလုပ်တွေကို ဦးစားပေးပြီး စာရင်းလုပ်လိုက်ပါ။ ဒါမှသာ ဘယ်ဟာကို အရင်လုပ်ပြီး ဘယ်ဟာကို နောက်မှလုပ်ရမယ်ဆိုတာ အစီအစဉ် တကျဖြစ်ပြီး အလုပ်တွင်နိုင်ပါ လိမ့်မယ်။

(၂)     စားရမယ့် အစားအသာက်ကို ပြင်ဆင်ပါ။

ဗိုက်ဆာလာတဲ့ အချိန်မှာစားဖို့ အသီးတွေကို ပြင်ဆင်ထားပါ။ အဆီများတဲ့ အစားအစာတွေနဲ့ သကြားဓါတ်များတဲ့ အစားအစာတွေက သင့်ကို အိပ်ချင်စိတ် ဖြစ်စေပါတယ်။ ပရိုတိန်းဓါတ်များတဲ့ ပေါင်မုန့်ညို ဆန်းဒ၀ှစ်ခ်ျတွေနဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ့် ပေါင်မုန့် တွေလိုမျိုး စားပေးပါ။ ကော်ဖီသောက်မယ်ဆိုရင်တော့ နာရီဝက် (မိနစ်-၃၀) ကို တစ်ကျိုက်လောက် သောက်နိုင်ပါတယ်။

(၃)     ပုံမှန် ခဏနားချိန် ယူပါ။

          ဒီအချက်ကတော့ အနည်းငယ် ဥာဏ်များတဲ့ အချက်ပါ။ သင့်အနေနဲ့ အနားမယူတတ်ရင် ပြန်လည်အိပ်ပျော်သွားတဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ တစ်နာရီပြည့်တဲ့အချိန်တိုင်းမှာ ဆယ်မိနစ် မျက်လုံးကို အနားယူပေးပါ။ ဥပမာ ကွန်ပျူတာနဲ့အလုပ်လုပ်နေတယ်ဆိုပါစို့ မျက်လုံးတွေကို အနားပေးတဲ့အချိန်မှာ ရေခဲထုပ်လေးကို မျက်လုံးပေါ် အုံထားပေးတာမျိုး လုပ်ပေးခြင်းဖြင့် အနားလဲရပြီး ပြန်လည်း အိပ်မပျော်သွားနိုင်ပါဘူး။



(၄)     အလင်းရောင်ကောင်းကောင်းနဲ့ တေးဂီတလေးလည်း ဖွင့်ထားပါ။

အလုပ်ခန်းဟာ လေကောင်းလေသန့်နဲ့ ထိုက်သင့်တဲ့ အလင်းရောင်ရဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် တစ်ညလုံး အလုပ်လုပ်တော့မယ်ဆိုတဲ့အခါ အလင်းရောင်က အရေးကြီးပါတယ်။ အလင်းရောင် ကောင်းကောင်းရနေမှ သင့်မျက်လုံးတွေ လိုအပ်တာထက်ပိုပြီး အားမစိုက်ရမှာပါ။ ပြီး EDM ဒါမှမဟုတ် trance သီချင်းလေးတွေလဲ ဖွင့်ထားဖို့ မမေ့ပါနဲ့နော်။

(၅)     နားချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။

          သင့်အနေနဲ့ တစ်နာရီနဲ့ တစ်နာရီကြား ခဏနားချိန်မှာ ဆေးလိပ်သောက်တာ ပိုလန်းဆန်းစေတယ်လို့ ထင်နေနိုင်ပါတယ်။ ဆေးလိပ်ရဲ့ အကျိုးသက်ရောက်မှုကတော့ သင့်ကို ခဏတာ လန်းဆန်းစေနိုင်ပြီး မိနစ်အနည်းငယ် အကြာမှာတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းကြောင့် ယခင်ကထက်ပိုပြီး ငိုက်မျဉ်းစေပါတယ်။

(၆)     သင့်ရဲ့ စိတ်ဓါတ်ကို အဖျက်ဆီးမခံပါနဲ့။

          တစ်လောကလုံး တိတ်ဆိတ်နေတဲ့ လူခြေတိတ်တဲ့ ညအချိန်ဟာ သင့်စိတ်ကို ထွေပြား ခြောက်ခြား စေပါတယ်။ ဒါကြောင့် သင်လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေ အပေါ်မှာပဲ အာရုံအပြည့်အ၀ ထားပြီးလုပ်ပါ။ ခဏတာအနားယူချိန်မှာ ဆန္ဒရှိတယ်ဆိုရင် ပေါ့ပါးတဲ့ အညောင်းအညာပြေ လေ့ကျင့်ခန်းလေးတွေလည်း လုပ်လို့ရပါတယ်။ ဒါမှ သင့်စိတ်ဓါတ်က ထိုင်းမှိုင်းဆွေးမြည့် မလာမှာပါ။



(၇)     နေထွက်လာတဲ့အခါ အိပ်ပျော်သွားတာမျိုး ရှောင်ကျဉ်ပါ။

အလုပ်တွေအားလုံး ပြီးသွားလို့ မနက်ခင်း နေရောင်လေး ထွက်စပြုလာတဲ့အခါ သင့်စိတ်ထဲ ပေါ့ပါးသွားပြီး “ဒါဟာ ငါအိပ်ရတော့မယ်အချိန်ပဲ” လို့ တွေးနေမိမှာပေါ့။ ဒါမျိုးမလုပ်ပါနဲ့။ သင့်တင့်တဲ့ မနက်စာ အနည်းငယ်စားပြီး အပြင်ဘက်ထွက်လို့ အညောင်းအညာဖြေပြီး လေညင်းခံပါ။ ဖြစ်နိုင်ရင်တော့ နေ့လည်ခင်း (သို့မဟုတ်) ညဘက်ရောက်တော့မှ ခါတိုင်းနေ့ထက် ခပ်စောစောအိပ်ရာဝင်လိုက်ပါ။

(၈)     နောက်တစ်ခါ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပါ။

          တစ်ညလုံး ကောင်းကောင်း လုပ်နိုင်ခဲ့လို့ သင့်ကိုယ်သင် ဂုဏ်ယူသင့်တာ မှန်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် အလုပ်တွေကို ဒီလိုပုံထားပြီး ဒါမျိုးထပ်မလုပ်ဘူးလို့တော့ ကတိပေးပါ။ ဘေးထွက် ဆိုးကျိုးအနေနဲ့ သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပြီး ရက်အနည်းငယ်နဲ့ ပြန်လည်အားမပြည့် ၊ မလန်းဆန်းနိုင်တာကို ခံစားရနိုင်တာကြောင့်ပါ။

Ref:mensxp.com
Trend Myanmar
အပြည့်အစုံသို့ »

အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုး ဖြစ်နိုင်



Sunday, March 2, 2014

အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သောက်တဲ့ အမျိုးသား တွေဟာ ပန်းသေ ပန်းညှိုးဖြစ်နိုင်ခြေ မြင့်မား တယ်လို့ လေ့ လာမှု အသစ်အရ သိရှိထား ပါတယ်။

ကိုဒင်း အပါအဝင် Opioid အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သုံးစွဲတဲ့ အမျိုးသား တွေမှာ အဲဒီ ပြဿနာတွေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ Opioid ကို အသုံးပြုတဲ့ အမျိုးသား တွေဟာ အဲဒီဆေးဝါး မမှီဝဲသူ တွေထက် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ ဆိုပါတယ်။ မော်ဖင်း၊ အိုက်ဒရို ကော်ဒေါနဲ့ အောက်ဆီ ကော်ဒုန်းတွေဟာ အသုံးများတဲ့ အိုပီဝိုက် အကိုက်အခဲ ပျောက်ဆေး အမျိုးအစားတွေ ဖြစ်ပါတယ်။ ခါးကိုက် ခါးနာ ဝေဒနာရှိတဲ့ အမျိုးသားပေါင်း ၁၁၀ဝ၀ ယောက်ကို လေ့လာမှုပြုလုပ် ရာမှာ အသက် ၆၀ကျော် အမျိုးသား တွေဟာ ငယ်ရွယ်တဲ့ အမျိုးသားတွေထက် ပန်းသေပန်းညှိုး ဖြစ်တာ ပိုများ တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။

အိုပီဝိုက် အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို အချိန်ကြာကြာ သောက်သုံး သူတွေမှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားတာကို တွေ့ရှိ ခဲ့ပါတယ်။ အိုပီဝိုက် အမျိုးအစား ဆေးဝါးတွေကို ရေရှည် အသုံးပြုရင် ဆေးစွဲတာ၊ ဆေးလွန်ပြီး အသက် ဆုံးရှုံးတာ၊ မကြာခဏ အိပ်ရာမှ နိုးတာ၊ အသက်ကြီး သူတွေမှာ လိမ့်ကျတာ၊ ဟော်မုန်းထုတ် လုပ်မှု လျော့နည်း တာတွေ အပြင် အခု အခါမှာ ပန်းသေ ပန်းညှိုးပါ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၆၀ နဲ့ ၆၉ နှစ်ကြား အမျိုးသား တွေဟာ အသက် ၁၈ နှစ်နဲ့ ၂၉ နှစ်ကြား အမျိုးသားတွေထက် ပန်းသေ ပန်းညှိုး ဆေးဝါး အသုံးပြုမှု ၁၄ဆ ပိုများပါတယ်။ စိတ်ကျ ဝေဒနာနဲ့ အိပ်ဆေး အသုံးပြုတဲ့ အမျိုးသား တွေမှာလည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။

Good Health
အပြည့်အစုံသို့ »

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ




တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။

လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထား တတ်ပါတယ်။

ဒါကြောင့် elastic ဖြစ်နှုန်း ကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာ ထားကြ ပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက် အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက အင်္ဂါသို့ ရောက်အောင် သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေ ကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွား ပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက် ကတော့ အမျိုးသားတို့ ဆေးလိပ် သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှုကို ပိုမို တိုက်ရိုက် ဆက်စပ် စေကြောင်း သိရပါတယ်။

Ref: medic-facts
Myawady News
အပြည့်အစုံသို့ »

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း




အမျိုးသား တွေမှာ ရောဂါ ဝေဒနာ ခံစား ရတာနဲ့ ဆေးကုသမှု ခံယူရတာ တွေကြောင့် လိင်စိတ်လျော့ နည်းမှု ဖြစ်တတ် ပါတယ်။

အမျိုးသား တွေမှာ လိင်စိတ် ဆန္ဒလျော့ နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်း တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

- ပန်းသေ ပန်းညှိုးရောဂါ

ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်း ကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ် ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင် ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေ ပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ် မှုရှိပြီး လိင်စိတ်လျော့ နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေး ကုသမှု ခံယူနိုင် ပါတယ်။

- ပူပင်သောကများလွန်းခြင်း

အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ်လျော့ နည်းမှု ဖြစ်ပေါ် တတ်ပါတယ်။

- စိတ်ဖိစီးမှုများခြင်း

လုပ်ငန်းခွင် စိတ်ဖိစီးမှု များပြီး စိန်ခေါ် လုပ်ကိုင်ရ တဲ့အခါ အောင်မြင်အောင် မလုပ်ဆောင် နိုင်ရင် အမျိုး သားတွေက ကိုယ့်ကိုယ်ကိုယ် လေးစား စိတ်လျော့နည်း လာပါတယ်။ ဒီအတွက် ကြောင့်လည်း အိမ်ထောင် ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံ နိုင်ပါတယ်။

- ကျန်းမာရေး အခြေအနေ

အမျိုးသား တွေမှာ နာတာရှည် ရောဂါ ဝေဒနာ တွေကြောင့် လိင်မှုဘဝကို ထိခိုက်စေနိုင် ပါတယ်။ ကင်ဆာနဲ့ စိတ်ကျ ရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်း မှုတွေကြောင့် လိင်စိတ်ကို လျော့ကျ စေနိုင်ပါတယ်။ နှလုံးသွေး ကြောရောဂါ၊ သွေးတိုး ရောဂါနဲ့ ဆီးချိုရောဂါ တွေကြောင့် မျိုးပွား အင်္ဂါအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ဆီကို သွေးရောက် ရှိမှု လျော့နည်းသွား ပြီး လိင်စိတ်လျော့နည်း စေပါတယ်။ အရက်စွဲ တာနဲ့ အရက်ကို အလွန်အမင်း သောက် သုံးတာ ကြောင့်လည်း လိင်ဆန္ဒကို လျော့ပါး စေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာ ကြောင့်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- ဆေးကုသမှု

စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ်ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေး ကလည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။ မူးယစ် ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- အိမ်ထောင်ရေး အဆင်မပြေခြင်း

မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသား တွေမှာ လိင်စိတ်လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်း ထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင် သွားတာကြောင့် လိင်စိတ်လျော့နည်း ရတတ်ပါတယ်။

- မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း

တချို့ အမျိုးသားတွေ အတွက် ကလေးငယ်မွေး ဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာ ပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစုစောင့် ရှောက် ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်း ရတတ် ပါတယ်။

ကေအမ်
Myawady News
အပြည့်အစုံသို့ »