ကျွန်တော် အသုံးပြုနေတာကတော့ New iPad ကိုအသုံးပြုနေတာပါ။ ကျွန်တော့် iPad မှာအစက iPad ကိုလက်ငါးချောင်းနဲ့ ဆွဲလိုက်ရင် အသုံးပြုနေတဲ့ App စနစ်တွေပိတ်သွားတာတို့ အောက်ကနေ လက်ငါးချောင်းနဲ့ ဆွဲတင်လိုက်ရင် အသုံးပြုပြီးသားစနစ်တွေ ပေါ်လာပြီးဖျက်လို့ရတဲ့ စနစ်မျိုးတွေကို အသုံးပြုလို့ရနေပါတယ်။ ဒါပေမဲ့ ခုအဲဒီစနစ်တွေ တစ်ခုမှအသုံးပြုလို့ မရတော့ပါဘူး။ Home Key ကိုနှိပ်မှပဲ အသုံးပြုနေတဲ့ စနစ်ကိုပိတ်လို့ရပါတယ်။ ပြီးတော့အသုံးပြုပြီးသား App တွေကိုလည်းပြန်ရှာလို့ မရဘူးဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲခင်ဗျာ။
ဒါကတော့ iPad မှာ အသုံးပြုနေတဲ့ Gesture Sensor စနစ် ပိတ်သွားလို့ ဒါမှမဟုတ်ရင် ပျက်သွားလို့ ဖြစ်နိုင်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ iPad ထဲမှာရှိနေတဲ့ Setting ထဲကိုသွားလိုက်ပါ။ Setting ထဲမှာ General ဆိုတဲ့ထဲကို ဝင်လိုက်ပါ။ General ထဲမှာ Multitasking Gesture ဆို တဲ့စနစ်ရှိပါတယ်။ အဲဒီစနစ်နေရာ မှာ On ဖြစ်နေသလား Off ဖြစ်နေ သလားဆိုတာကို ကြည့်လိုက်ပါ။ Off ဖြစ်နေတယ်ဆိုရင်တော့ On လုပ်ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ Multitasking Gesture ဆိုတဲ့နေရာမှာ On ဖြစ်နေပြီး Multi Touch စနစ်တွေက အသုံးပြုလို့မရတာ ဆိုရင်တော့ ပထမဆုံး Touch Screen ကိုစစ်ဆေးရပါလိမ့်မယ်။ Touch Screen က Multitouch စနစ်ကို အသုံးပြုဖို့အတွက် Gesture Sensor စနစ်တွေမကောင်းတော့ တာဆိုရင်တော့ ဒါက Hardware ပိုင်းက ဖြစ်တာဖြစ်နိုင်တဲ့အတွက် ပြန်လည်ပြင်ဆင်တာမျိုး ဒါမှမဟုတ် OS က Multitasking စနစ်ကိုအထောက်အပံ့ မပေးနိုင်တော့တာမျိုး ဖြစ်ခဲ့တာဆိုရင်လည်း OS ကိုအသစ်ပြန်လည် တင်တာမျိုးတွေပြုလုပ်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ ပထမဆုံးတော့ Setting ထဲမှာသွားပြီးတော့ Multitasking Gesture စနစ်ကိုအရင် ဆုံးစစ်ဆေးကြည့်လိုက်ပါ။
-ကိုသက်
Internet Journal
အပြည့်အစုံသို့ »
Amazon ကုမ္ပဏီသည် ၎င်းတို့၏ ပထမဆုံး စမတ်ဖုန်းသစ်အဖြစ် Fire Phoneကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ စမတ်ဖုန်း နယ်ပယ်တွင် Appleနှင့် Samsungတို့က ကြီးစိုးနေရာ ယင်းတို့ကို စိန်ခေါ်မည့် Featureများဖြင့် Fire Phoneကို Amazonက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယခုဖုန်းတွင် အထင်ရှားဆုံး ဆန်းသစ်တီထွင်မှုမှာ 3D effectများ ထောက်ပံ့ပေးနိုင်ခြင်းဖြစ်ပြီး မြေပုံစနစ်နှင့် ဂိမ်းကစားခြင်းတို့ကို 3D နည်းပညာဖြင့် ပံ့ပိုးနိုင်မည် ဖြစ်သည်။ Androidကိုပင် အခြေခံ ဖန်တီးထားသည့် Fire OS 3.5.0ကို အသုံးပြုထားသည့် ဖုန်းတွင် အရာဝတ္ထုများ၊ ပုံရိပ်နှင့် သီချင်းများကို ခြေရာခံ စစ်ဆေးကာ Amazon၏ ဝန်ဆောင်မှုများဖြင့် ဝယ်ယူနိုင်သည့် ထုတ်ကုန်များကို သုံးစွဲသူအား သတင်းအချက်အလက် ထောက်ပံ့ပေးမည့် Fireflyခေါ် Featureလည်း ပါဝင်လာသည်။
ဖုန်း၏ Screenမှာမူ ဈေးကွက်ထဲတွင် လူကြိုက်များသည့် Androidဖုန်း အများစုထက် သေးငယ်ကာ (၄.၇)လက်မသာရှိပြီး ရော်ဘာအုပ်ထားသည့် ကိုယ်ထည်တွင် အလူမီနီယံ ခလုတ်များကို တပ်ဆင်ပေးထားသည်။ ဖုန်း၏ CPUအဖြစ် 2.2GHz Quad-core Qualcomm Snapdragon Processorကို အသုံးပြုထားပြီး 2GB RAMဖြင့် အားဖြည့် ပံ့ပိုးပေးထားသည်။ GPUမှာမူ Adreno 330ဖြစ်သည်။ ဖုန်း၏ နောက်ဘက်ကင်မရာမှာ 13megapixel ပုံရိပ်ဖော် အရည်အသွေးရှိပြီး ဖုန်း၏ ရှေ့ဘက်တွင် Video Chatအတွက် 2.1megapixel ကင်မရာကို တပ်ဆင်ထားပေးသည်။ ဖုန်း၏ ကျောဘက်မှ ကင်မရာသည် iPhone 5Sနှင့် Galaxy S5 ဖုန်းများထက် ပုံရိပ်အရည်အသွေး ပိုမိုကောင်းမွန်စွာ ရိုက်ကူးနိုင်ကြောင်းလည်း Amazonက ဆိုသည်။
ဓာတ်ပုံများကို Amazon Cloud Deviceဖြင့် ပမာဏ ကန့်သတ်ချက် မရှိဘဲ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Amazon၏ အမှုဆောင်ချုပ် ဂျက်ဖ်ဘီဇော့စ်က 720p HD Display တပ်ဆင်ထားသော ဖုန်းအသစ်ကို ဆီယက်တဲလ်မြို့တွင် မိတ်ဆက်ခဲ့ပြီးနောက် “ခုချိန်မှာတော့ Appleဆီက သရဖူကို လက်ပြောင်းယူဖို့ အချိန်တန်လာပါပြီ”ဟု ပြောကြားခဲ့သည်။ ၎င်းက Fire Phoneအတွက် ရည်မှန်းချက် ကြီးကြီးမားမား ထားရှိသော်လည်း စမတ်ဖုန်း ဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးနိုင်ရန်မှာမူ ဖြစ်နိုင်ခြေ မရှိကြောင်းလည်း ဆိုသည်။
“လူတွေက ဖုန်းတွေကို အမျိုးမျိုး ပြောင်းလဲပြီး ကိုင်ချင်ကြတယ်လေ။ ကျွန်တော်တို့က လူတစ်ယောက်အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဖုန်းတစ်လုံးကို ဖန်တီးပေးလိုက်တဲ့ သဘောပါပဲ။ လူတိုင်းက ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲလေ။ တချို့က ဗနီလာကြိုက်တယ်၊ တချို့က ချော့ကလက်ကြိုက်တယ်။ Fire Phoneက စမတ်ဖုန်းတွေ ရွေးချယ်နိုင်ခွင့် နယ်ပယ်ကို ပိုပြီး ကျယ်ပြန့်လာစေပါလိမ့်မယ်”ဟု ဘီဇော့စ်က မှတ်ချက်ပြုခဲ့သည်။ Amazonသည် Fire Phoneကို သိုလှောင်မှု ပမာဏ 32GBနှင့် 64GBဟူ၍ နှစ်မျိုးခွဲခြား ထုတ်လုပ်ထားပြီး AT&Tမှတစ်ဆင့် (၂)နှစ်စာချုပ်ဖြင့် ရောင်းချချိန်၌ (၁၉၉)ဒေါ်လာနှင့် (၂၉၉)ဒေါ်လာစီ ဈေးနှုန်း သတ်မှတ်သွားမည် ဖြစ်သည်။ လက်လီရောင်းဈေးမှာမူ 32GBအတွက် (၆၄၉)ဒေါ်လာ၊ 64GBအတွက် (၇၄၉)ဒေါ်လာ အသီးသီး ရှိကြသည်။
Planet Myanmar
အပြည့်အစုံသို့ »
Android ထုတ်ကုန်တစ်ခုဟာ ဈေးကွက်ထဲမှာရှိတဲ့ အခြားထုတ်ကုန်တွေထက် စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်တဲ့ အားသာချက်ရှိပါတယ်။ Android ထုတ်ကုန်တစ်ခုကို root မလုပ်ထားရင်တောင်မှ Google Play က အသုံးတည့်စေတဲ့ app တွေနဲ့ ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ Android ထုတ်ကုန်တစ်ခုရဲ့ boot animation ကို ပြောင်းလဲတဲ့နည်းလမ်း ဖြစ်ပါတယ်။
Boot Animation ဆိုတာဘာလဲ
Boot Animation ဆိုတာကတော့ Android ထုတ်ကုန်တစ်ခုကို ပါဝါဖွင့်လိုက်တာနဲ့ တွေ့မြင်ရတဲ့ လှုပ်ရှားနေတဲ့ လိုဂို သို့မဟုတ် ဓာတ်ပုံတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဖုန်းကို ဖွင့်ဖွင့်ချင်းမှာ ဟန်းဆက်ထုတ်လုပ်သူရဲ့ လိုဂိုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
တကယ်လို့ root-access ရှိတယ်ဆိုရင် ဖုန်းရဲ့ boot animation ကို ပြောင်းလဲနိုင်ပါတယ်။ Boot animation ကို ပြောင်းလဲတဲ့ အတွက်ကြောင့် ဖုန်းဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ လိုဂို သို့မဟုတ် ဓာတ်ပုံနေရာမှာ ကိုယ့်စိတ်ကြိုက်ပုံကို အစားထိုး ထည့်သွင်းနိုင်ပါတယ်။ ပြုလုပ်ပုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) Google Play store ကနေ Boot Animations app ကို download လုပ်ပါ။ Google Play store ကနေ download လုပ်လို့မရရင် 1Mobile Market ကနေ download လုပ်နိုင်ပါတယ်။
(၂) Download လုပ်ပြီးရင် app ကို ဖွင့်ပါ။
(၃) App ကို ဖွင့်ပြီးရင် boot animation တွေကို ရယူဖို့အတွက် “Server” section ကိုနှိပ်ပါ။ ပြီးရင် စာရင်းထဲက နှစ်သက်ရာ boot animation ကိုနှိပ်ပါ။
(၄) ရွေးချယ်ဖို့အတွက် option တွေ ပါတဲ့ pop up menu တစ်ခုပေါ်လာရင် “Install” ကို နှိပ်ပါ။
(၅) မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးရင် အဆိုပါ boot animation ကို အလိုအလျောက် download လုပ်ပြီး install လုပ်ပေးပါလိမ့်မယ်။
(၆) Install လုပ်ပြီးရင် Android ထုတ်ကုန်ကို restart လုပ်လိုက်ပါ။ ပြောင်းလဲမှုကို မြင်တွေ့ရပါမယ်။
Ref: MakeTechEasier
Internet Journal
အပြည့်အစုံသို့ »
တရုတ်ဟန်းဆက်ကုမ္ပဏီ Huawei ၏ Honor 6 ဓာတ်ပုံများတွင် အွန်လိုင်းပေါ်တွင် ပေါက်ကြား ပေါ်ထွက်လာခဲ့ပြီး ၎င်းသည် ယခင် Huawei စမတ်ဖုန်း ဒီဇိုင်းများနှင့် တူညီသော်လည်း လက်ဗွေဖတ်စနစ် တစ်ခုပါဝင်လာဖွယ်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က Huawei သည် ဇွန်လ ၂၄ ရက်တွင် ကျင်းပမည့် မီဒီယာပွဲတစ်ခု အတွက် ဖိတ်စာများ ပေးပို့ခဲ့ပြီးနောက် ၎င်းတွင် နံပါတ် ၆ ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည့် အတွက် အသစ်ထွက်မည့် စမတ်ဖုန်းကို Honor 4 အစား Honor 6 ဟုခေါ်ဆိုဖွယ်ရှိကြောင်း ဆိုသည်။
သတင်းပေါက်ကြားကာ ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ Honor 6 ဒီဇိုင်းသည် Samsung စမတ်ဖုန်း ဒီဇိုင်းနှင့် တူညီပြီး HTC One Max တွင် ပါဝင်သည့်အတိုင်း လက်ဗွေဖတ်စနစ် တစ်ခု ပါဝင်လာဖွယ်ရှိနေသည်။
အဆိုပါ Huawei Honor 6 တွင် စွမ်းဆောင်ရည်မြင့် hardware အချို့ ပါဝင်လာဖွယ်ရှိပြီး processor အနေဖြင့် Huawei ဌာနခွဲ Hisense က ထုတ်လုပ်ထားသည့် Kirin 920 1.3GHz octa-core chip ကို အသုံးပြုထားဖွယ်ရှိသည်။ RAM အနေဖြင့် Samsung Galaxy Note 3 နှင့် LG G3 တွင် ပါဝင်သည့်အတိုင်း 3GB ပါဝင်လာဖွယ်ရှိသည်။ Screen မှာ 1080p resolution နှင့် ဖော်ပြပေးနိုင်သည့် ၅ လက်မအရွယ် screen ကို အသုံးပြုထားသည်ဟုဆိုသည်။
ဈေးနှုန်းနှင့် ရောင်းချမည့်နေ့ကို ဇွန်လ ၂၄ ရက် မီဒီယာပွဲမှသာ သိရှိရဖွယ်ရှိသည်။
Ref: SlashGear
Internet Journal
အပြည့်အစုံသို့ »
မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ပျမ်းမျှဝင်ငွေမြင့်တက်လာပြီး 4G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်သော မိုဘိုင်းဟန်းဆက်များကိုင် ဆောင်လာနိုင်သည့်အခါ နောက် ဆုံးပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အလွယ်တကူဖွင့်ပေးသွား မည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာ မှပြောရေးဆို ခွင့်ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။
"နိုင်ငံတကာမိုဘိုင်းဖုန်းဆက် သွယ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ 4G အဆင့်စဖို့ဆိုတာမခက်ပါဘူး။ ဒါပေမယ့် အသုံးပြုသူလက်ထဲမှာ 4G ကွန်ရက်ကိုထောက်ပံ့ပေးနိုင်တဲ့ လက်ကိုင်ဖုန်းတွေရှိနေဖို့လိုပါ တယ်။ မြန်မာနိုင်ငံမှာ ပျမ်းမျှဝင် ငွေစံနှုန်းမြင့်တက်လာပြီး လူတိုင်း လက်ထဲမှာ 4G ကွန်ရက်အသုံးပြု နိုင်တဲ့ဟန်းဆက်တွေ ကိုင်ဆောင် လာနိုင်တဲ့အခါကြရင် ကွန်ရက်ကို ရုံးသုံးကွန်ပျူတာကနေ အဆင့် မြှင့်ပေးလိုက်ရုံပါပဲ" ဟု ဒေါ်သီရိ ကြာညိုကဆိုသည်။
လက်ရှိအချိန်၌ အော်ရီဒူး၏ အဓိက ပြိုင်ဘက်ဖြစ်သည့် တယ် လီနောသည် 2G နှင့် 3G ကွန် ရက်မိုဘိုင်းဖုန်းလိုင်းများကို ချ ထားပေးမည်ဖြစ်ပြီး အော်ရီဒူး သည် 3G အဆင့်မိုဘိုင်းဖုန်းလိုင်း တစ်ခုတည်းကိုသာချထားပေး မည်ဟု ကြေညာခဲ့ကြသည်။ ၄င်း တို့ကုမ္ပဏီနှစ်ခုသည် နောက်ဆုံး ပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန် ရက်ကို အဆင့်သင့်ပြင်ဆင်ထား သော်လည်း မိုဘိုင်းဖုန်းလိုင်းများ ပထမအဆင့်စတင်အသုံးပြုခွင့် ပေးသည့်အခါ အဆိုပါကွန်ရက်ကို အသုံးပြုခွင့်ပေးအပ်သွားမည် မဟုတ်ကြောင်းသိရသည်။
"4G LTE စနစ်ကို ထောက်ပံ့ ပေးတဲ့ဟန်းဆက်တွေက ဈေး ကွက်ထဲမှာရောင်းအားနည်းသေး တယ်။ 4G ရဲ့အဓိက အားသာ ချက်ကတော့ ဗီဒီယိုစနစ်အရမ်း ကောင်းတာလို့ အကြမ်းဖျင်းပြော လို့ရတယ်။ ဈေးကွက်ထဲမှာ 4G စနစ်ကိုထောက်ပံ့ပေးတဲ့ ဟန်း ဆက်တွေ မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ Samsung ရဲ့ Note 3 ဆိုရင်လည်း 3G နဲ့ 4G ဆိုပြီး နှစ်မျိုး ဈေးကွက်ထဲမှာရှိနေတာပဲ။ ဒါပေမယ့် 4G စနစ်ပါလာရင် ဈေးက နှစ်သောင်းလောက်တော့ ကွာကြမယ်ထင်တယ်။ လူတွေက ဒီမှာလည်း 4G ကို သုံးလို့မရ တော့ ဈေးကြီးမသုံးကြတော့ဘူး" ဟု ACE ဟန်းဆက်အရောင်းဆိုင် မှ ဦးသန်းထိုက်ကပြောသည်။
အော်ရီဒူးမြန်မာသည် ၄င်းတို့ ၏ ဆင်းမ်ကတ်များကို လက်ကိုင် ဖုန်းများနှင့် တွဲဖက်ရောင်းချရန် ပြင်ဆင်ထားကြောင်း အဆိုပါ လက်ကိုင်ဖုန်းများသည် 3G ကွန် ရက်ကိုထောက်ပံ့ပေးနိုင်သည့် လက်ကိုင်ဖုန်းများဖြစ်ပြီး ဈေးနှုန်း ကို အများပြည်သူအသုံးပြုနိုင် သည့်ဈေးနှုန်းအဖြစ် သက်မှတ် ပေးသွားမည်ဖြစ်ကြောင်း ထုက် ပြန်ခဲ့သည်။ အလားတူ တယ်လီ နောသည်လည်း ၄င်းတို့၏ ဆမ်း ကတ်များကို မိုဘိုင်းဟန်းဆက် များနှင့် တွဲဖက်ရောင်းချပေးသွား မည်ဟုသိရသည်။
Internet Journal
အပြည့်အစုံသို့ »
ကြိုးမပါပါဘူး။ တစ်ခြားမျက်စိရူပ်စေမဲ့ တွဲဖက်အရာတွေ တစ်ခုမှ မပါပါဘူး။ သီချင်း နားဆင်ရတာကို မြတ်နိုးသူတွေအတွက် တကယ့် အသုံးဝင်မဲ့ ပစ္စည်းလေးပါ။ Earin လို့ခေါ်တဲ့ ဘလူးတုမ့် ၀ိုင်ယာလစ် ချိတ်ဆက် ကရိယာလေးဟာ သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူရုံမျှမက အသံအရည်အသွေးပိုင်းမှာလည်း စိတ်ချရအောင် ပြုလုပ်ပေးထားတယ်လို့ ဆိုထားပြီး တစ်ခြား ဆင်ဆာ၊ အလင်း၊ မိုက်ခရိုခ်ဖုန်း တစ်ခုမှ တပ်ဆင်ထားခြင်းမရှိတဲ့ နားကြပ်သက်သက်သာ ဖြစ်ပါတယ်။ သူမှာ သိမ်းဆည်းစရာ ဘူးရှည်မျောမျောလေးတော့ ပါရှိပါတယ်။
Sony Ericsson နဲ့ Nokia က အင်ဂျင်နီယာတွေပါဝင်တဲ့ အဖွဲ့တစ်ခုက ဖန်တီးထားတာ ဖြစ်ပြီး အားသွင်းရန်အတွက် (၃) နာရီလောက်သွင်းရမှာ ဖြစ်ပြီး တကယ်တမ်းပြောရရင် ဘတ္တရီပိုင်းမှာ အားနည်းချက်ရှိရကာ( သို့ပေမဲ့ အတွင်းမှာ အကောင်းဆုံး ပစ္စည်းတွေကို သုံးခဲ့) ဒီအတွက်လည်း အဖြေတစ်ခု ရှာနေတယ်လို့ သိရပါတယ်။ အသုံးမပြုတဲ့ အခါမှာတော့ ဘူးလေးထဲမှာထည့်ထားပြီး အားသွင်းကာ သူတို့ကို သိမ်းဆည်းထားနိင်ပါမယ်။ တစ်ခုကို ဒေါ်လာ ၁၇၀ ကျသင့်မှာ ဖြစ်ပါတယ်။
Aung Heine ...
Smart Pro Journal
အပြည့်အစုံသို့ »
ကမ္ဘာ့ဖလားတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံသည့် ဗီဒီယိုများကဲ့သို့ ဗီဒီယို အပိုင်းငယ်များကို ယခုအခါ Facebook Messenger မှတစ်ဆင့် ဝေမျှနိုင်ပြီဖြစ်ကြောင်း CultofMac မှ ဖော်ပြခဲ့သည်။
Facebook မှ အသစ် ဖြန့်ချိလိုက်သည့် Mesenger app update တွင် အခြားမည်သည့် app များ မလိုအပ်ဘဲ ၁၅ စက္ကန့်စာ ဗီဒီယိုများကို ရိုက်ကာ ဝေမျှနိုင်သည့် feature ကို ထည့်သွင်းပေးခဲ့သည်။ အဆိုပါ update သည် iOS 8 အတွက် video messaging feature သစ်ကို Apple က မိတ်ဆက်ပေးခဲ့ပြီး နှစ်ပတ်အကြာတွင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။
Facebook Messenger တွင် ဗီဒီယို ပေးပို့သည့်အခါ keyboard ပေါ်တွင်ရှိသည့် ကင်မရာ icon ကိုနှိပ်ပြီး ဓာတ်ပုံဝေမျှသည့် နည်းလမ်းအတိုင်း ပေးပို့နိုင်သည်။ သို့ရာတွင် ဓာတ်ပုံရိုက်ကူးရာတွင် Send ခလုတ် ကို နှိပ်ရမည့်အစား အဆိုပါ ခလုတ်ကို နှိပ်ကာ ဖိထားခြင်းဖြင့် ဗီဒီယိုရိုက်ကူးနိုင်ပြီး ဖိထားသည့် လက်ကို လွှတ်လိုက်သည့်အခါ ဗီဒီယိုကို ပေးပို့ပေးမည် ဖြစ်သည်။ ၎င်းတွင် cancel လုပ်သည့် option မပါဝင်သောကြောင့် send ခလုတ်ကို နှိပ်ပြီး ဖိထားသည့်နောက် cancel လုပ်နိုင်မည် မဟုတ်ပေ။
၎င်း Facebook Messenger update ကို iPhone အတွက်သာ ဖြန့်ချိထားသည်။
Ref: CultOfMac
Internet Journal
အပြည့်အစုံသို့ »
ပြီးခဲ့တဲ့ ရက်အနည်းငယ်က စတင်ကြောငြာခဲ့တဲ့ Galaxy Tab S ဟာ ကျတော်တို့ မြင်နေကြဖြစ်တဲ့ iPad နဲ့ ယှဉ်ပြိုင်စရာ Tablet တစ်ခု ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ Galaxy Tab Sဟာ အကြီးဆိုဒ်နဲ့ အသေးဆိုဒ်ဆိုပြီး အရွှယ်အစား နှစ်မျိုးထဲမှာ သူရဲ့ ယှဉ်ပြိုင်ဖက် Apple ကဲ့သို့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
iPad ရဲ့ ဗားရှင်း (၂)ခုလုံးဖြစ်တဲ့ iPad Mini နဲ့ 9.7 လက်မ ဆိုဒ် နှစ်ခုလုံးဟာ မျက်နှာပြင် ရုပ်ထွက် resolution, Processor, သိုလှောင်မူတွေကအစ တူညီလျက်ရှိပြီး ဆိုဒ်အရွယ်အစား သာလျှင် ခြားနားပြီး Galaxy Tab S ကတော့ 8.4 လက်မ နဲ့ 10.5 လက်မ ဖြစ် တည်ဆောက်ဖွဲ့စည်း ထားခဲ့တာ ဖြစ်ပါတယ်။
အောက်ဖက်မှာ နှိုင်းယှဉ်မူ အချို့ကိုဖော်ပြလိုက်ပါတယ်။
Samsung Galaxy Tab S
---------------------------------
မျက်နှာပြင်ဆိုဒ် အရွှယ်အစား- Two models: 8.4 inches; 10.5 inches
ရုပ်ထွက် - 2,560 x 1,600
အရွှယ်အချိုးအစား - 8.4 x 4.3 x 0.25 inches; 9.7 x 6.9 x 0.25 inches
လည်ပတ်မူ စနစ် - Android KitKat (4.4)
ပရိုဆက်ဆာ - Samsung Exynos 5 Octa (1.9GHz
quad-core + 1.3GHz quad-core) or
Qualcomm Snapdragon 800 2.3
GHz Quadcore (region dependent)
ဘတ္တရီသက်တမ်း - Up to 11 hours
သိုလှောင်မူနေရာ - 16, 32GB (with microSD up to 128GB)
ကင်မရာ - 8MP w/ LED Flash + 2.1MP Full HD
ဈေးနှုန်း - Wi-Fi: $399.99; $499; LTE pricing not
announced
××××××××××××××××××××××××××
iPad
-------
မျက်နှာပြင်ဆိုဒ် အရွှယ်အစား - Two models: 7.9 inches; 9.7 inches
ရုပ်ထွက် - 2,048 x 1,536
အရွှယ်အချိုးအစား - 7.87 x 5.3 x 0.29 inches; 9.5 x 7.31
x 0.37 inches
လည်ပတ်မူ စနစ် - iOS
ပရိုဆက်ဆာ - Apple A7 chip with 64-bit architecture
, M7 motion coprocessor
ဘတ္တရီသက်တမ်း - Up to 10 hours
သိုလှောင်မူနေရာ - 16, 32, 64 or 128 GB
ကင်မရာ - 1.2MP front, 5MP rear
ဈေးနှုန်း - Wi-Fi: $399 16GB, $499 32GB,
$599 64GB, $699 128GB; LTE:
$529 16GB, $629 32GB, $729
64GB, $829, 128GB
Aung Heine ...
Smart Pro Journal
အပြည့်အစုံသို့ »
ရန်ကုန်၊ ဇွန် ၁၀
နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လာမည့် ၅ နှစ်အတွင်း ၀န်ထမ်းဦးရေ၏ ၉၉ ရာခိုင်နှုန်းအား မြန်မာနိုင်ငံသား ၀န်ထမ်းများ ခန့်အပ် သွားမည်ဖြစ်ကြောင်း အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ဇွန်လ ၁၀ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
လက်ရှိ အော်ရီဒူးကုမ္ပဏီတွင် မြန်မာဝန်ထမ်းဦးရေ အယောက် ၇၀၀ ကျော်ရှိပြီး ၀န်ထမ်းအားလုံး၏ ၇၆ ရာခိုင်နှုန်း ဖြစ်ကာ ကျန် ၂၄ ရာခိုင်နှုန်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ၀န်ထမ်းများ ဖြစ်သည်။
““၀န်ထမ်းခန့်ထားရေးနဲ့ သင်ကြားရေးမှာ အကြီးအကျယ် ရင်းနှီး မြှုပ်နှံထားပါတယ်။ သုံးစွဲသူ ပရိသတ်တွေကို ကမ္ဘာ့အဆင့် ၀န်ဆောင်မှုတွေ ပေးနိုင်အောင် အင်မတန် အရည်အချင်း ပြည့်ဝပြီး ကျွမ်းကျင်တဲ့ ၀န်ထမ်း အများကြီး ရှိနေပါပြီ။ ငါးနှစ်အတွင်းမှာ မြန်မာဝန်ထမ်း ဦးရေ ၉၉ ရာခိုင်နှုန်းခန့် ထားသွားပါမယ်””ဟု ဒေါ်သီရိကြာညိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ကာတာနိုင်ငံ အခြေစိုက်ဖြစ်ပြီး ပိုင်ရှင်မှာ ဘာသာခြားဖြစ် သောကြောင့်ဟု ဆိုကာ အော်ရီဒူးမှ ထွက်သော ကုန်ပစ္စည်းများ ၀ယ်ယူ မသုံးရန်နှင့် အော်ရီဒူးကုမ္ပဏီ၌ အလုပ်မလုပ်ရန် အသိပညာပေး ဟောပြောပွဲအား ဇွန်လ ၇ ရက်နေ့က မကွေးပရိယတ္တိ စာသင်တိုက်၌ ဆရာတော် ဦးပါမောက္ခ ဦးဆောင်ကာ ပြုလုပ်ခဲ့သေးသည်။
““ကာတာနိုင်ငံက OIC ပါတဲ့ ၅၇ နိုင်ငံထဲမှာ ပါနေတယ်။ OIC ကို ၀င်လို့မရလို့ အော်ရီဒူး (Ooredoo) ကနေ မြန်မာပြည်ကို ၀င်ရောက်လာတာ။ ဆက်သွယ်ရေး လမ်းကြောင်းဆိုတာ တိုင်းပြည်ရဲ့ ပဓာနကျတဲ့ နေရာကို ၀င်ယူလိုက်တယ်””ဟုဆရာတော် ဦးပါမောက္ခက မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ၁၉၆၉ ခုနှစ်၌ အစ္စလာမ်မစ် ခေါင်းဆောင်များက ထိပ်သီး ကွန်ဖရင့် ပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံရှိကာ ၅၆ နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဖြစ်သည်။ OIC ရုံးခန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ရန် စီစဉ်ခဲ့မှုများရှိပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့၍ ရုပ်သိမ်းခဲ့ရသည်။
ယင်းကဲ့သို့ အော်ရီဒူး ထုတ်ကုန်များ မသုံးစွဲရန် ပြောဆိုနေမှုများနှင့် ပတ်သက်၍ ““တကယ်တော့ ကျွန်မတို့က နိုင်ငံတကာ တယ်လီကွန် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ကိုယ့်သုံးစွဲသူ ပရိသတ်ကို အကောင်းတကာ့ အကောင်းဆုံး မိုဘိုင်းပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို ပေးဖို့ပဲ အာရုံစိုက်နေပါတယ်။ ဒီတော့ ကျွန်မတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မိဘပြည်သူတွေဆီ ပျံ့နှံ့ပြီး ပြည်သူလူထုအတွက် ကောင်းကျိုး ဆောင်ရွက် တာတွေ တွေ့တဲ့ အခါမှာရှိနေတဲ့ သံသယတွေ အလိုလို ပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်””ဟု ဒေါ်သီရိ ကြာညိုက ထွက်ပေါ်နေသော အော်ရီဒူးအပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။
အဆိုပါကဲ့သို့ ဘာသာရေးအား နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် ရောယှက်ခြင်းအား နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် စီးပွားရေး အသိုင်းအ၀ိုင်းမှ လည်း ဝေဖန် လျက်ရှိသည်။
““အန်တီက မြင်တာကတော့ စီးပွားရေး ကိစ္စတွေမှာ၊ နိုင်ငံရေး ကိစ္စတွေမှာ ဘာသာရေးတွေ ပါလာတာကို ဒီလို အချိန်မျိုးမှာ မဖြစ်စေချင်ဘူး””ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က သုံးသပ်ခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေးအပေါ်၌ ဘာသာရေး လွှမ်းမိုးမှုများပါက တိုင်းပြည်အတွက် အန္တရာယ်ရှိပြီး တိုးတက်မည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာ မောင်မောင်စိုးကလည်း ““Business က Business ပဲလေ။ ဘာသာရေးဆိုတာ Power ရယ် အာဏာရယ်ပဲ မူတည်တယ်။ Business ကို Business လို့ပဲမြင်စမ်းပါ။ တိုင်းပြည်မှာ မရှုပ်စမ်းပါနဲ့။ နိုင်ငံတစ်နိုင်ငံမှာ ဘာသာရေး လွှမ်းမိုးတာ သိပ်များရင် အဲဒီနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူးဗျ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ယခုလက်ရှိ ကာတာနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အိုမန်နိုင်ငံ၊ အယ်လ်ဂျီးရီးယား နိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အီရတ်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ မော်ဒီးနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ စသည်တို့တွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ရှိခဲ့ကာ၂၀၁၂ ဒီဇင်ဘာအထိ သုံးစွဲသူ ၉၂ ဒသမ ၉ သန်းရှိသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်
အပြည့်အစုံသို့ »
Malware ဆိုတာ ကွန်ပျူတာစနစ်နဲ့ ကန့်သတ်ထားတဲ့ သတင်း အချက်အလက်တွေကို နောက်ယှက်ဖို့သုံးထားတဲ့ ဆော့ဝဲလ်တစ်ခုလို့ ယေဘုယျအားဖြင့် သတ်မှတ်နိင်ပါတယ်။ အခုဖော်ပြမဲ့ သတင်းကတော့ မိတ်ဆွေတို့ရဲ့ မိုဘိုင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အချက်အလက်တွေကို ခိုးယူမူပြုပြီး
ဌင်းတို့ကို ဆုပ်ကိုင်ကာ ပြန်ပေးငွေ ညစ်လာနိင်တဲ့ Android malware အသစ်တစ်ခုတွေ့ရှိတယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။
http://arstechnica.com/ ရဲ့ အဆိုအရ ထို Simplocker လို့ခေါ်ပြီး ဖုန်းအသုံးပြုသူတွေရဲ့ ဖုန်းအတွင်းရှိ ဓာတ်ပုံနဲ့ အခြား အရာတွေကို ခိုးယူ လော့ချထားပြီး ပြန်ပေးငွေအတွက် ပြန်လှယ်သိုလှောင်တဲ့ ဆော့ဝဲလ် တစ်ခုဖြစ်လာခဲ့ပါတယ်။ အခုအနေဖြင့် ဥရောပ အရှေ့ပိုင်းမှာ ရှိတဲ့ လူတွေဟာ အဓိပစ်မှတ်တစ်ခုအဖြစ် ရှိနေကြောင်း သိရပါတယ်။ ပို့စ်တင်ထားတဲ့ Screenshot ထဲမှာ ပါရှိချက်အရ hacker တွေဟာ ဒေါ်လာ ၂၀ နဲ့ ညီမျှတဲ့ ယူကရိန်ငွေကို တောင်းပြီး ဖုန်းကို လော့ ဖွင့်ပေးမယ်လို့ ပြောနေပါတယ်။ ထိုသို့ ငွေပေးချေပြီးတဲ့နောက်မှာတော့ ဖုန်းဟာပြန်လည်အသုံးပြုရန်အတွက် ၂၄ နာရီအတွင်း လော့ပွင့်မှာလို့ ဆိုပါတယ်။ ပေးပို့လာတဲ့ မတ်ဆေ့တွေထဲမှတော့ ဖုန်းအသုံးပြုသူတွေဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဒေါင်းလုပ်ခ်တွေကို
ပြုလုပ်တဲ့အတွက် ထိုသို့ဖြစ်တာပါလို့ အသုံးပြုသူတွေကို ပြန် စွပ်စွဲထားပါတယ်။
ထို malware တွေကို ဒီအတိုင်းဖယ်ပစ်ဖို့ကတော့ ဖုန်းရဲ့ safe mood မှာ ရှိနေတဲ့အချိန် rebooting လုပ်လို့ ရနိင်တယ်လို့ သတင်းဌာနတစ်ခုကလည်း ဆိုပါတယ်။ သို့ပေမဲ့လည်း အသုံးပြုသူတွေရဲ့ အတွင်းရေးတွေကို ကာကွယ်ပေးထားနိင်တဲ့ encrypted ဖိုင်တွေကို ဆုံးရှုံးနိင်ပါတယ်။အကြောင်းကတော့ မော်ဝဲလ်ရဲ့ အထဲမှာ AES Key ကို ပြန်လှယ် ခုခံဖို့ အတွက် သိမ်းယူပြီးသွားလို့ပါ။
ဒီသတင်းကတော့ ပြီးခဲ့တဲ့ ရက်တွေဆီက သြစတြီးရီယားမှာ ရှိတဲ့ Apple အသုံးပြုသူတွေဟာ သူတို့ဖုန်းဟာပြန်ပေးငွေတွေအတွက် ဟတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာပြီးနောက် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဖုန်းကို unlock ဖြစ်ဖို့အတွက် Paypal အကောင့်တစ်ခုဆီကို ဒေါ်လာ (၅၀) ပို့ပါဟု စတဲ့ တိုက်တွန်းတဲ့ မတ်ဆေ့တွေဟာ သြစတြီးရီးယားမှာ ရှိတဲ့ i Phone, iPad, Mac သမားတွေဆီမှာ အမြောက်အမြား ရရှိခဲ့တာ ဖြစ်ပါတယ်။
" Find My Phone " ဆိုတဲ့ alarm ဟာလည်း တစ်ချိန်တည်းမှာပဲ တစ်အိအိ မည်နေတယ်လို့ သိရပါတယ်။
Aung Heine ...
Smart Pro Journal
အပြည့်အစုံသို့ »
ရန်ကုန်၊ ဇွန် ၅
ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
“တာဝါတိုင်တွေ ပြီးလို့ ကွန်ရက် တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ သုံးနိုင်တဲ့ နေရာတွေ ပိုများလာမယ်။ အချိန်တော့ နည်းနည်းပေးရမယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက် ပိုမိုလွှမ်းခြုံနိုင်ရန် ငါးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း ၈၀၀၀ တည်ဆောက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။
ဆင်းမ်ကတ်များ စတင်ရောင်းချချိန် စက်တင်ဘာလ မတိုင်မီတွင် တာဝါတိုင်ပေါင်း ၁၀၀၀ ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၂၄၀၀ ခန့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၂၀၀၀၀ ခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့်သာ တည်ဆောက်ထားသောကြောင့် တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ပြောဆိုနိုင်ရန် ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရမည် ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယအခြေစိုက် Apollo Towers နှင့် စင်ကာပူအခြေစိုက် Irrawaddy Green Technology တို့ကို ရွေးချယ်ထားသည်။
“စရောင်းတဲ့အချိန်မှာ မြို့ကြီးတွေပဲ ရမယ်ဆိုတော့ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေ အတွက်ကတော့ ဘာမှမထူးပါဘူး။ စောင့်လက်စနဲ့ ဆက်စောင့်ရဦးမှာပေါ့။ လူတွေက အရမ်းမျှော်လင့်နေကြတော့ ဆင်းမ်ကတ် စရောင်းတာနဲ့ တစ်နိုင်ငံလုံး ရမယ် ထင်နေကြတာ” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။
အခြားဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် အော်ရီဒူးကုမ္ပဏီကလည်း သြဂုတ်လ ဆင်းမ်ကတ်များ စတင်ရောင်းချချိန် မတိုင်မီ တာဝါတိုင် ၄၀၀ ခန့် အပြီး တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၁၀၀၀ ခန့် ပြီးစီးအောင် တည်ဆောက်မည်ဟု ဆိုထားသည်။
The Voice Weekly
အပြည့်အစုံသို့ »
ရန်ကုန်၊ ဇွန် ၃
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန် ပြင်ဆင်နေသည့် တယ်လီနောက ဆင်းမ်ကတ်များကို စက်တင်ဘာလမှ စတင်ရောင်းချမည် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့တော် တယ်လီနော ရုံးချုပ်တွင် ပြုလုပ်သည့် Net Monday အခမ်းအနား၌ တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
“ခေါ်ဆိုခကို တွက်ချက်နေဆဲ ဖြစ်တဲ့အတွက် ထပ်ပြီး ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။
ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အသက်အရွယ် မကန့်သတ်ဘဲ မှတ်ပုံတင်ရှိသူတိုင်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
“စက်တင်ဘာဆိုရင် အော်ရီဒူးထက် နည်းနည်းနောက်ကျမှာပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ Hearts မိုဘိုင်းလ်ဖုန်းဆိုင်မှ ဒေါ်ဇာခြည်က ပြောဆိုသည်။
ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သည့် အော်ရီဒူးကမူ သြဂုတ်လဆန်းတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly
အပြည့်အစုံသို့ »
ရန်ကုန်၊ မေ ၃၀- နိုင်ငံတကာအ တွေ့အကြုံနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အတွေ့ အကြုံရရှိရန် ပြည်တွင်းပြည်ပ မှ အကြံပေးများ ခန့်အပ်သွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုအား အ ကောင် အထည်ဖော်ဆောင်ရွက်ရာ တွင် လိုအပ်သော ဆက်သွယ်ရေးဆိုင် ရာ Regulator အကြံဉာဏ်များပေး နိုင်ရန်အတွက် Regulator advisor ရာထူးများ အတွက် ခေါ် ယူခြင်းဖြစ် ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက် ၍ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး က ''မကြာခင်မှာ နိုင်ငံခြား အော်ပရေတာနှစ် ခုနဲ့ ယှဉ်ပြိုင်ရတော့ မယ်။ MPT က နိုင်ငံတကာအတွေ့ အကြုံရော၊ ဈေးကွက်အတွေ့အကြုံ ရော ရင်ပေါင်တန်းနိုင်၊ ယှဉ်ပြိုင်နိုင် ဖို့အတွက် အကြံပေးတွေခေါ် ယူခြင်း ဖြစ်ပါတယ်''ဟု ပြောသည်။
အဆိုပါရာထူးများအတွက် ပြည် တွင်းပြည်ပမှ စိတ်ဝင်စား လိုသူများ အနေဖြင့် အသေးစိတ်အချက်အလက် များအား ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ဝက်ဘ်ဆိုက် www.mcit.gov.mm တွင် ဝင်ရောက်လေ့ လာနိုင် ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းအနေဖြင့် အော်ပရေတာ တစ်ခု အနေဖြင့်ရပ်တည်နိုင်ရန် ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ် သည့် KDDI ကော်ပိုရေးရှင်းဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။
ယင်းသို့အကြံပေးများ ခေါ်ယူ ခြင်းနှင့်ပတ်သက်၍ အိုင်တီလုပ်ငန်း များလုပ် ကိုင်နေ သည့် ဦးရဲမြင့်က ''အခု နိုင်ငံခြားအော် ပရေတာနှစ်ခုက နိုင်ငံ တကာ အတွေ့အကြုံရင့်ကျက်နေတဲ့ ကုမ္ပဏီတွေဖြစ်တယ်။ ဈေးကွက် အ နေအထား သူတို့သိတယ်။ နည်းပညာ ပိုင်းဆိုတာ ပြောစရာကိုမလိုတာ။ အမ် ပီတီအနေနဲ့ လဲ အများကြီးပြင်ဆင်ရ တာပေါ့။ ဒါပေမဲ့ အော်ပရေ တာတွေ ရွေး ချယ် တုန်း ကတော့ ပြည်ပကအကြံ ပေးအဖွဲ့တွေနဲ့ ပူးပေါင်းခဲ့တဲ့အတွက် အခုလို အော်ပရေ တာကောင်းတွေ ရွေး ထုတ်လာနိုင်တာပဲ''ဟုပြောသည်။
ဆက်သွယ်ရေးနှင့်သတင်း အ ချက်အလက်ဝန်ကြီးဌာနအနေဖြင့် တယ်လီ ဖုန်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရာတွင် နိုင်ငံတကာ အကြံပေး အဖွဲ့အစည်းများ ငှားရမ်းခဲ့ ပြီး အဆင့်ဆင့်ရွေးချယ်မှုများ ဆောင် ရွက်ပေး ခဲ့ကြောင်း သိရသည်။
PPT
[--Democracy today Daily Newspaper--]
Yangon Media Group
အပြည့်အစုံသို့ »
ရန်ကုန်၊ မေ ၃၀
မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ Huawei က လက်ရှိ အပါးလွှာဆုံးဖုန်းအဖြစ် သတ်မှတ်ထားခံရသည့် Ascend P7 စမတ်ဖုန်းကို ကျပ်လေးသိန်း နီးပါးဖြင့် ရောင်းချမည် ဖြစ်ကြောင်း Huawei Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mr. Roson Luo က ပြောကြားသည်။
“P7 ကို ၃၉၉,၀၀၀ ကျပ်နဲ့ ဝယ်လို့ရပါပြီ။ 4G LTE စနစ်သုံးနိုင်တဲ့ ဖုန်းပါ” ဟု ၎င်းကဆိုသည်။
Ascend P7 စမတ်ဖုန်းသည် လက်ရှိတွင် ကမ္ဘာ့အပါးလွှာဆုံး ဖုန်းဖြစ်ပြီး iPhone 5S (၇ ဒသမ ၆ မီလီမီတာ) နှင့် Galaxy S5 (၈ ဒသမ ၁ မီလီမီတာ) တို့ထက် ပိုမိုပါးလွှာကာ ၆ ဒသမ ၅ မီလီမီတာ သာထူကြောင်း Huawei ကုမ္ပဏီထံမှ သိရသည်။
“ဈေးနှုန်းကတော့ လက်ခံနိုင်စရာပါ။ ဒါပေမဲ့ အရင် P6 တုန်းက ရောင်းရပေမယ့် ဘက်ထရီက အရမ်းပူလို့ နောက်ပိုင်း လူတွေက သိပ်သဘော မကျတော့ဘူး။ အခုထွက်တဲ့ Galaxy S5 အပါအဝင် ဖုန်းအမြင့်တွေလည်း ဒီအတိုင်းပဲ။ ဘက်ထရီတွေက တော်တော်ပူတယ်။ P7 လည်းပူရင် လူတွေ သိပ်ကြိုက်ကြမယ် မထင်ဘူး” ဟု မရမ်းကုန်းမြို့နယ်ရှိ Mobile Heart မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ ဦးသီဟကိုက ဆိုသည်။
Huawei စမတ်ဖုန်းများသည် မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားဖြစ်ပြီး ဈေးကွက်၏ ၄၅ ရာခိုင်နှုန်းခန့် ရှိကြောင်း ပြည်တွင်း မိုဘိုင်းလ်ဖုန်းဆိုင်ရာ စစ်တမ်းများအရ သိရသည်။
The Voice Weekly
အပြည့်အစုံသို့ »
တရုတ် ကွန်မြူနကေရှင် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Huawei ဟာ ရှန်ဟိုင်း တက္ကသိုလ် တစ်ခုအတွင်းမှာ ၀ိုင်ဖိုင် စမ်းသပ်မူတွေ ပြုလုပ်ခဲ့ပြီး ပြုလုပ်မူတွေကနေ ယနေ့တွေ မှာ အများပြည်သူတို့ ပုံမှန်ရရှိနေတဲ့ ၀ိုင်ဖိုင်ထက် (၁၀) ဆမြန်တဲ့ ၀ိုင်ဖိုင် 10 Gbps ကို ရရှိအောင် စမ်းသပ်နိင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် မှာ တရားဝင် မိတ်ဆက်မဲ့ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဆုံး စမ်းသပ်မူမှာတင် ယခုလို မြန်နှုန်းမြင့် ၀ိုင်ဖိုင်ကို စမ်းသပ် ရရှိခဲ့တာဖြစ်ပါတယ်။
ထိုကဲ့သို့ ၀ိုင်ဖိုင် မြန်နှုန်းများကို ရရှိလာပါမူ အကြီးမားဆုံး ခေတ်သစ်ရဲ့ အချက်အလက် စီးဆင်းမူကို ထောက်ကူနိင်မှာ ဖြစ်ပါတယ်။ အနာဂတ်ခေတ်ရှေ့ပြေးပုံစံ ဖြစ်တဲ့ 10 Gbps ၀ိုင်ဖိုင်နှုန်းကို အချက်အလက် ကူးပြောင်းမူနှုန်း 10.53Gbps ဖြင့် 5GHz ကြိမ်နှုန်းပေါ်တွင် ရရှိခဲ့တာ ဖြစ်ပါတယ်။ Huawei အနေနဲ့ ထို UltraFast မြန်နှုန်းရှိတဲ့ ၀ိုင်ဖိုင်ကို ၂၀၁၈ ခုနှစ် တရားဝင် ထွက်ရှိလာနိင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။
Aung Heine ...
Smart Pro Journal
အပြည့်အစုံသို့ »
မြန်မာနိုင်ငံတွင် ပထမဆုံး Video Call ခေါ်ဆိုမှုအား Telenor Myanmar ၏ ၀က်ဘ်ဆိုဒ်တွင် စတင် အသုံးပြု သွားမည်ဖြစ်သည်။ အခုလောလောဆယ် မှာတော့ ၀က်ဘ်ဆိုဒ်ကနေပဲ အသုံးပြုနိုင် ဦးမှာပါ။ Telenor ဆင်းမ်ကဒ်တွေ စပြီးရောင်းချ ရင်တော့ မိုဘိုင်းဖုန်းတွေ ကနေ အသုံးပြု နိုင်အောင် စီစဉ်ထားတယ် ဟု Telenor Myanmar မှ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။
Video Call ခေါ်ဆိုနိုင်ရန် Telenor Myanmar ၀က်ဘ်ဆိုဒ်ဖြစ်သော www. telenor myanmar.com သို့ဝင်ရောက်ကာ အသုံးပြုရမည် ဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် အသုံးပြုလိုပါက Tango, Viber, Skype စသည့်ဆော့ဖ်ဝဲလ်များအား ထည့်ပြီးမှသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Telenor မှ သိရသည်။
Video Call ခေါ်ဆိုမှုကို ပြီးခဲ့သည့် ဧပြီလဆန်းတွင်း ပထမဆုံး ရန်ကုန် Data Center ၌ စမ်းသပ်ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ ယခုအခါ မန္တလေးရှိ Data Center မှာလည်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ယင်း ၀န်ဆောင်မှု ကို အသုံးပြုနိုင်ခြင်း အားဖြင့် အသံ သာမက ရုပ်ကိုပါမြင် တွေ့ရမည်ဖြစ်ပြီး၊ အနီးပတ်ဝန်းကျင်ရှိ မြင်ကွင်းများ ကိုလည်း တိုက်ရိုက်မြင်တွေ့ နိုင်မည် ဖြစ်ကြောင်း သိရသည်။
အချိန်တိုအတွင်းမှာ အခုလို အောင်မြင်မှုတွေ ရရှိလာတာ ပြည်သူတွေအတွက် ၀မ်းသာစရာပါပဲ၊ အခုမြန်မာ့ဆက်သွယ်ရေး ကလည်း၊ ဒီလို ၀န်ဆောင်မှုတွေကို ပေးနိုင်ဖို့ စတင်လုပ်ဆောင်နေပါပြီ ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးငွေသောင်း က ပြောသည်။
ထို့ပြင် စက်တင်ဘာလတွင် စတင်ရောင်းချပေးမည့် Telenor ဆင်းကဒ်များ၏ ဈေးနှုန်းမှာ ကျပ် (၁၅၀၀) ကျပ်နှင့် အသုံးပြုခ မှာလည်း တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်း အကြမ်းဖျင်း သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်းမ်ကတ်များဖြင့် အင်တာနက်၊ Video Call ၊ Voice Message တို့ အပြင် မိုဘိုင်းနှင့် ဆက်စပ်သောကဏ္ဍများ အားလုံးကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။
messenger news journal
အပြည့်အစုံသို့ »
Ooredoo မှ စွန့်ဦးတီထွင် IT ပညာရှင်များအား ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့မည်
Ooredoo မှ လုပ်ငန်းသစ်များ ပျိုးထောင် ပေးရန် စွန့်ဦးတီထွင် IT ပညာရှင် များအား ကျပ်သိန်း တစ်ထောင်စီ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီက ထုတ်ပြန်သည်။ IT နှင့်ပတ်သက်သော ပြည်သူများ အကျိုး ရှိစေမည့် ဆန်းသစ် တီထွင်မှုများ ပြုလုပ် နိုင်မည့် သူများအား ငွေကြေး ထောက်ပံ့ရုံ သာမက အထောက်အကူပြု ပစ္စည်းများ၊ နည်းပညာ သင်ကြားပေးမှုများနှင့် ရုံးခန်း စသည်တို့ကို ကူညီ ထောက်ပံ့မည် ဖြစ်ကြောင်း Ooredoo မြန်မာ မှသိရသည်။ ““ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်နေတဲ့ ဒေသတိုင်းမှာ နယ်မြေခံ စွန့်ဦးတီထွင်သူတွေဟာ ထူးခြား ဆန်းသစ်တဲ့ ICT လုပ်ငန်း နဲ့ မိုဘိုင်း Application တွေ ဖန်တီး နေကြတယ်။ ဒါပေမဲ့ သူတို့မှာ ဈေးကွက်ထဲထိ ရောက်အောင် ဒါမှမဟုတ် ကျယ်ကျယ် ပြန့်ပြန့် မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် IT ပညာရှင် အသစ် တွေ ပြုစု ပျိုးထောင် ပေးခြင်းဖြစ်တယ်”” ဟု Ooredoo မြန်မာ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack ကပြောသည်။
ကူညီမှုများ အတွက် Ooredoo ၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသော Idea Box အဖွဲ့မှ ကူညီမည်ဖြစ်ပြီး ယင်းအဖွဲ့၏ အဓိကရည် ရွယ်ချက်မှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် 3G ကွန်ရက် ထိုးဖောက်မှုမှ နေ၍ အကျိုးအမြတ်များ ရယူနိုင်ရန် ဖြစ်သည်။ ထောက်ပံ့ ပေးမည့် အကူအညီများကို လေးလမှ ခြောက်လ အတွင်း ဖြည့်ဆည်း ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထောက်ပံရာတွင် IT ပညာရှင်တစ်ဦးလျှင် ကျပ်သိန်း တစ်ထောင် ထောက်ပံ့မည် ဖြစ်ပြီး လူဦးရေကိုမူ လျှောက်လွှာ အပေါ်မူတည်၍ ရွေးချယ် ကန့်သတ် သွားမည် ဖြစ်ကြောင်း သိရသည်။
““ဒီနိုင်ငံမှာ တကယ်တော်တဲ့ လူတွေ အများကြီး ရှိပါတယ်။ အခုလို ထောက်ပံ့မှုတွေ ရှိလာတဲ့ အခါ လူငယ်တွေ အနေနဲ့လည်း အမှန်တကယ် အသုံးချဖို့ လိုအပ်သလို အရည်အချင်း ရှိတဲ့သူတွေကြောင့် ကိုယ့်နိုင်ငံက မိုဘိုင်းကဏ္ဍ အတွက် အများကြီး အထောက်အကူ ပေးနိုင်မှာပါ””ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက် ကပြောသည်။ အဆိုပါ ထောက်ပံ့မှုများဖြင့် လုပ်ငန်း ဆောင်ရွက်မည့် လူငယ်များ အနေဖြင့် www.ideabox.com.mm မှတစ်ဆင့် လျှောက်ထား နိုင်ပြီး၊ လျှောက်လွှာ ပိတ်ရက်မှာ ဇွန်လ (၁၃) ရက်နေ့ဖြစ်သည်။ ရွေးချယ် ခံရသူများအား ဇွန်လ (၂၇) ရက်နေ့တွင် ထုတ်ပြန် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။
messenger news journal
အပြည့်အစုံသို့ »
ကျွန်တော် အသုံးပြုနေတာကတော့ iPhone 5 ပါ။ ကျွန်တော့်ဖုန်း Screen ကကွဲသွားလို့ ရန်ကုန်မှာဖုန်းကို Screen လာလဲပါတယ်။ Screen အသစ်လဲပြီး ပြန်လာတဲ့အချိန်မှာ ဖုန်းကဖုန်းခေါ်တဲ့အခါမှာ ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ်တွေကို နှိပ်လို့မရဘဲ ဖုန်းနံပါတ်တစ်ခုတည်းကိုပဲ ခေါ်နေပါတယ်။ ဖုန်းခေါ်တဲ့ခလုတ်ကို နှိပ်လိုက်ချိန်တိုင်းမှာ သူပေါ်ချင်တဲ့ဖုန်းနံပါတ် တစ်ခုကိုပဲလာလာပေါ်ပြီး ခေါ်နေပါတယ်။ အဲဒီအပြင် ဖုန်းခေါ်နေတာက မှားနေလို့ဖုန်းကို ပြန်ချလိုက်တဲ့အချိန်မှာလည်း ဖုန်းကချလို့ပဲရပြီး ဖုန်း Keypad နေရာပဲရပ်နေပါတယ်။ ပိတ်လို့လည်းမရပါဘူး။ ဘာမှလည်းလုပ်လို့မရဘဲ ဟန်းနေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
iOS7 နဲ့ iPhone 5 တွေမှာအဲဒီလိုပဲ ဖြစ်တတ်ပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ ဖုန်းရဲ့ Hardware စနစ်တစ်ခုခုကိုဖြုတ်ပြီး ပြန်တပ်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ Error ပါ။ ဖုန်းထဲက Hardware စနစ်ဆက်သွယ်မှုတွေကို ခေတ္တဖြတ်တောက်လိုက်တဲ့ အချိန်မှာဖုန်းရဲ့ Chip နဲ့ချိတ်ဆက်ထားတဲ့ စနစ်တွေရပ်တန့် သွားတဲ့အတွက် ပြန်လည်အသုံးပြုချိန်မှာ ဖုန်းက Error ဖြစ်နေတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတယ် ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းက Jailbreak လုပ်ထားပြီး SB Setting တို့ဘာတို့ အသုံးပြုထားတယ်ဆိုရင်တော့ အလွယ်တကူပဲ ဖုန်းကို Restart ပြုလုပ်လိုက်လို့ အဆင်ပြေပါတယ်။ အဲဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ဖုန်းကို ကွန်ပျူတာမှာ iTune နဲ့ချိတ်ဆက်ပြီး Backup လုပ်လိုက်ပါ။ ပြီးရင်တော့ Restore Backup ပြန်လုပ်လိုက်ပါ။ ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်။
-ကိုသက်
Internet Journal
အပြည့်အစုံသို့ »
တကယ်တော့ LG က 4K ရုပ်ထွက် မျက်နှာပြင် ရှိတဲ့ UHD Screen ကို ဖြစ်စေချင်ခဲ့တာပါ။ အခုတော့ ရုပ်ထွက် 2560×1440 2k ရုပ်ထွက် အထက်နားလောက်မှာပဲ ရှိလာတဲ့အတွက် Quad HD မျက်နှာပြင်
အပြည့်အစုံသို့ »
အရင် ထွက်ရှိခဲ့ကြတဲ့ စမတ်နာရီ တော်တော်များများ ဟာ ဖုန်းကနေတစ်ဆင့် ဆက်သွယ်ပြီး ဖုန်းခေါ်ဆိုမူတွေ၊ မတ်ဆေ့ပို့တာ စတဲ့ လုပ်ဆောင်မူတွေကို ပြုလုပ်နိင်တာဖြစ်ပါတယ်။ ဆမ်ဆောင်း ဟာ သူရဲ့ ပြိုင်ဘက်တွေကို ထိုထက်မက ထိုးဖောက်ဖို့အတွက် စမတ်နာရီ နဲ့ ချိတ်ဆက်စရာမလိုဘဲ နာရီ တစ်လုံးကို လက်မှာ ပတ်ထားရုံနဲ့ အားလုံးကို ဆောင်ရွက်အဆင်ပြေစေတဲ့ စမတ်နာရီ တစ်မျိုးကို ပြုလုပ်လျက်ရှိတယ်လို့ Wall Street ဂျာနယ်ရဲ့ သတင်းတွေအရ သိရပါတယ်။ ခေါ်ဆိုမူတွေကို လက်မှာ ပတ်ထားတဲ့ စမတ်နာရီကနေတစ်ဆင့် တိုက်ရိုက်ခေါ်ဆိုနိင်မှာ ဖြစ်ပြီး ဖုန်းလာပါကလည်း ပါးစပ်နားကပ်လိုက်တာနဲ့ ဖုန်းကိုင်နိင်တာမျိုး ဖြစ်ပါတယ်။
နည်းပညာဇုန်တွေထဲမှာ စမတ်နာရီတွေဟာ ကြီးမားတဲ့ နေရာယူမူတွေကို ပိုင်ဆိုင်ထားတဲ့နည်းတူစွာ၂၀၁၄ခုနှစ်ရဲ့ခိုင်မာဖွံ့ဖြိုးမူအတွက် နှစ်တစ်တစ်နှစ်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ထိုဖုန်းနာရီ ( စမတ်နာရီ) တွင် Samsung ရဲ့ ကိုယ်ပိုင် Tizen စမတ်နာရီ
Operationစနစ်ကိုသုံးမှာဖြစ်ပြီးဘာနာမည်ပေးမယ်ဆိုတာကတော့မသိရှိရသေးပါဘူး။
ဆမ်ဆောင်းဟာ စမတ်နာရီ ဈေးကွက်မှာ ပထမဦးဆုံး Galaxy Gear ကရိယာတွေဖြင့် စတင် ချပြခဲ့ပြီး သူရဲ့ ဒုတိယ ဗားရှင်း မျိုးဆက်ဖြစ်တဲ့ Gear2 ဟာဆိုရင်တော့ ယခင်ထက်ပိုပြီးပေါ့ပါးလာတာကို တွေ့ရပါတယ်။ ယခု ဖုန်းနာရီတွင်လည်း ယခင်က မော်ဒယ်လ်များထက် ပိုပြီး ကောင်းမွန်မယ်လို့ မျှော်လင့် ရပါတယ်။
Aung Heine ...
Smart Pro Journal
အပြည့်အစုံသို့ »