မကွေး၊ မကွေးမြို့တွင် သီလရှင်တစ်ပါးအား
အတင်းအဓမ္မ ဓားဖြင့်ထောက် ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့သည်ဆိုမှုဖြင့် အမျိုး
သားနှစ်ဦးကို မကွေး ခရိုင်တရားရုံးမှ
စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်ကြောင်း ထင်ရှားခဲ့သဖြင့် ဇူလိုင် ၁၇ ရက်က ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့ စိန်ပန်းရစ်တောင် ဘုန်းတော်ကြီးကျောင်းမှ အေးမြသာယာ ရပ်ကွက်မြောက်ပိုင်းရှိ သီတာရုံသီလရှင် ကျောင်းတိုက်သို့ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက အသက် ၃၇ နှစ်ရှိ သီလရှင်တစ်ပါး တည်း ပြန်လာခဲ့စဉ် သစ္စာမဏ္ဍိုင်ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် အမည်မသိ၊ အရပ်ရှည်ရှည်၊ လက်ပြင်ကုန်း (မြင်လျှင် မှတ်မိ)လူတစ်ဦးနှင့် အမည်မသိအရပ် ပုပု၊ သွားခေါ(မြင်လျှင်မှတ်မိ)လူနှစ်ဦးက ဓားဖြင့်ထောက် အတင်းဆွဲခေါ်ကာ အရပ်ရှည်အမျိုးသားက သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မသိလူနှစ်ဦးအား အရေးယူပေး ရန် တရားလိုအမျိုးသမီးက မကွေးမြို့ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ မြို့မ ရဲစခန်းမှ (ပ)၂၄၂/၂ဝ၁၃ ပုဒ်မ ၃၇၆/ ၅ဝ၆/၁၁၄ ဖြင့် အမှုဖွင့်ထားရှိပြီး အဆိုပါအမှုအားခိုင်မာစွာတည် ဆောက်၍ မကွေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်သည်။
မကွေးခရိုင် တရားရုံးမှ အမှုအ မှတ် ၂/၂ဝ၁၄ ဖြင့် လက်ခံစစ်ဆေး ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ပြစ်မှုကျူးလွန်သူ ခင်မောင်ကြည် အသက် ၅၄ နှစ်နှင့် ဝင်းနိုင် အသက် ၄၁ နှစ်၊ တည်ပင်ကန်ပေါက် ကျေးရွာ၊ မကွေးမြို့နယ်နေသူတို့ နှစ်ဦးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ် ကျွန်းကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
Yangon Media Group
အပြည့်အစုံသို့ »
သတင်း၊ ကိုတိုးကြီး
ဟုမ္မလင်း၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းကျေးရွာအုပ်စု၊ နောင်မိုးကျေးရွာအပိုင်း၊ သပြေကုန်း ဦးပုံလယ်တောတိုက်အနီးတွင် ထင်းခွေနေသည့် အမျိုးသမီးတစ်ဦးအား တုတ်ဖြင့်ရိုက်နှက် ကာ လူငါးဦးက အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့မှုကြောင့် ဇူလိုင် ၂၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် မိုင်းကိုင်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူခဲ့ ကြောင်း သိရသည်။
အသက်(၂၇)နှစ်အရွယ် မ….ဆိုသူသည် လယ်တောစောင့်နေစဉ် တဲအနီးရှိ တောထဲသို့ဝင်၍ ထင်းခွေခဲ့ရာ သူမ ခုတ်ဖြတ်ထားသော အလျားအရှည် တစ်တောင်ခန့်အရွယ်ရှိ ထင်းချောင်းဖြင့် သူမ၏ ဦးခေါင်းနောက် စေ့အား ရိုက်နှက်ခံရသဖြင့် ထိုနေရာတွင် သူမမှာ သတိလစ်မေ့မျှောသွားခဲ့သည်။
အချိန်အတော်ကြာခန့်အကြာတွင် သူမမှာ သတိပြန်လည်ရရှိလာခဲ့သည်။ ထိုအချိန်တွင် သူမ၏ ကိုယ်ခန္ဒာ ပေါ်တွင် ၀တ်ဆင်ထားသည့် လုံချည်နှင့် အောက်ခံဘောင်းဘီးတို့မှာ မရှိတော့ဘဲ သူမအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခံလိုက်ရကြောင်း သူမက သိရှိလိုက်ရခြင်းဖြစ်သည်။
ထိုသို့ မဖြစ်ပွားမီအချိန်က သူမတစ်ယောက်တည်း လယ်တောတဲစောင့်နေစဉ် အမည်မသိ လူငါးယောက် က တောတဲထဲသို့လာရောက်ကာ လူတစ်ဦးမှ ရေတောင်းသောက်ခဲ့သည်။ ရေတောင်းသောက်ခဲ့သည့်သူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ တံငါကျေးရွာနေ ကိုအောင်နိုင်ဦးဆိုသူဖြစ် ကြောင်း သူမ၏ လိုက်လံစုံးစမ်း၍ သိရှိချက်များအရ သူမက အမှုစစ်ရဲအရာရှိထံ ပြောပြ၍ အမှုအားတိုင် တန်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မိုင်းကိုင်းနယ်မြေရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၅/ ၂၀၁၄ (ပ)၇၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆/ ၃၂၅ အရ အမှုအားရေးဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ထင်းခွေနေသည့် အမျိုးသမီး တစ်ဦးအား တုတ်ဖြင့်ရိုက်ကာ လူငါးဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်မှုအား မိုင်းကိုင်းနယ်မြေရဲစခန်းက အမှုရေးဖွင့်ခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဟုမ္မလင်းမြို့မရဲစခန်း၌လည်း အသက်(၁၃)နှစ်အရွယ် ခရီးသွားအမျိုးသမီးတစ်ဦးအား အသက်(၃၀)အရွယ် ရေယာဉ်ဂိတ်မှူးဖြစ်သူ အမျိုး သားတစ်ဦးက အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှုနှင့်ပတ်သက်၍ အမှု ဖွင့်အရေးယူခဲ့ရသေးကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်၊ ကတ်သာကျေးရွာ၊ ဇကောဇကာရပ်ကွက်နေ၊ အသက်(၁၃)အရွယ် မ…ဆိုသူသည် ခရီးသွားလာရန်အတွက် အမြန်ရေယာဉ်လက်မှတ်အား လက်မှတ်အရောင်းဌာနမှ ၀ယ်ယူခဲ့သည်။ ရေ ယာဉ်ဂိတ်မှူးဖြစ်သူ အသက်(၃၀)နှစ်အရွယ် ဦးထိန်လင်းအောင်(ခ)သားကြီး ဆိုသူက အမြန်ရေယာဉ်လက် မှတ်ဖြတ်ပြီး အမြန်ရေယာဉ်ပေါ်၌တည်းခိုအိပ်မည်ဆိုလျင် ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ကြောင်း ပြောခဲ့ သည်။
ထို့နောက် ရေယာဉ်ဂိတ်မှူးမှ အသက်(၁၃)နှစ်အရွယ် ခရီးသွား အမျိုးသမီးအား ဧည့်စာရင်းတိုင်ကြားရန်ဟု ဆိုကာ ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့သည်။ ရေယာဉ်ဂိတ်မှူးဆိုသူက ဧည့်စာရင်းတိုင်ကြားပေးပြီး နောက် ဘုရားဖူးဦးမည်ဟုဆိုကာ ကောင်မလေးအား ဆိုင်ကယ်ဖြင့် ဆက်လက်၍ တင်ဆောင်ခေါ်သွားခဲ့ ပြန်သည်။ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ ကုတင်(၁၀၀)ဆေးရုံ၏ တောင်ဘက်လမ်းကြားနေရာသို့ ရောက်သောအခါ ရေယာဉ်ဂိတ်မှူးက ဆိုင်ကယ်အား ရပ်တန့်ပြီး ခရီးသွားကောင်မလေးအား ပါးစပ်ပိတ်၍ လက်များချုပ်နှောင်ကာ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ရန်ကြံစည်ချိန်တွင် ခရီးသွားကောင် မလေးမှ ထိုသူလက်မှ အတင်းရုန်းကန်ပြီနောက် အနီးဝန်းကျင်ရှိ နေအိမ်တစ်အိမ်ထဲသို့ သူမမှ ၀င်ရောက် ကာ ဖြစ်စဉ်အကြောင်းစုံပြောပြ၍ အကူအညီတောင်ခံခဲ့ရသေးသည်ဟု သူမက အမှုစစ်ရဲအရာရှိထံ ပြေပြ ခဲ့ကြောင်း သိရသည်။
၎င်းအမှုနှင့်ပတ်သက်၍ ဟုမ္မလင်းမြို့မရဲစခန်းက(ပ)၁၀၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ မှုခင်းမှတ်တမ်း များရေးသွင်းဆောင်ရွက်လျက်ရှိကြောင်း သိရရှိသည်။ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်၌ ၂၄ နာရီအတွင်း အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်မှု နှစ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ကိုတိုး ချင်းတွင်း
အပြည့်အစုံသို့ »
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ်သပြုပင်ကျေးရွာတွင် ဆွံ့အ နားမ ကြားသော
အမျိုးသမီးငယ်တစ်ဦး အားတစ်ရွာတည်းနေ အမျိုးသား တစ်ဦးမှ ခေါ်ဆောင်သွားပြီး
အလို မတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄နာရီ အ တွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူနိုင်ခဲ့ကြောင်း ဒေသခံတို့ ထံက သိရသည်။
ဖြစ်စဉ်အကျဉ်းမှာ ဟင်္သာတ မြို့နယ် သပြုပင်ကျေးရွာရှိ အဒေါ် ဖြစ်သူ ဒေါ်....သည် အိပ်ပျော် သွားစဉ် ၄င်းနှင့်အတူနေထိုင်သူ မ---- (ဆွံ့အ နားမကြား) ၁၇နှစ် သည် ဇူလိုင် ၁၉ရက် ည ၈နာရီခန့် တွင် နေအိမ်ရှေ့ ဖိနပ်ချွတ်၌ သင် ဖြူးဖျာရက်နေစဉ် တစ်ရွာတည်းနေ သိန်းထွန်း(ခ)မိုးကြိုး ၅၂နှစ်မှ လက် ဆွဲ၍ ခေါ်ဆောင်သွားပြီး လယ်ကွင်း ကန်သင်းရိုးပေါ်တွင် သားမယားအ ဖြစ်ပြုကျင့်ခဲ့ကြောင်း၊
ထို့နောက်မိန်း ကလေးငယ်အား လိန်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်ဆောင် သွားရာ မိန်းကလေးမှ မနေချင်ကြောင်း ပြုမူသဖြင့် ဇလွန်မြို့နယ် ဂွေးတောက် ချောင်ကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်သွားခဲ့ပြီး မိန်းကလေးငယ် အား ချော့မော့ရာမရ၍ ဇူလိုင် ၂ဝ ရက် နံနက် ၄နာရီခန့်တွင် ဟင်္သာတ မြို့ထဲ၌ထားခဲ့ကြောင်း ဒူးယားနယ် မြေရဲစခန်း၏ စစ်ဆေးပေါ်ပေါက် ချက်အရ သိရသည်။
အဒေါ်ဖြစ်သူ ဒေါ်...သည် ဆွံ့အနားမကြားသော တူမဖြစ်သူ မ...အား ညပိုင်းတွင် လိုက်လံရှာ ဖွေရာ မတွေ့သဖြင့် ဇူလိုင် ၂ဝရက် နံနက်၌ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းတို့တွင် တိုင်ကြားခဲ့ သည်။
''အခုဖြစ်ခဲ့တဲ့ မိန်းကလေးက မိဘတွေမရှိဘူး။ အပျိုအဒေါ်ကြီးနဲ့ ဆွံ့အနေတဲ့ မောင်နှမ နှစ်ယောက်ပဲ အတူနေကြတာ။ သူက လက်ဟန်ခြေ ဟန်နဲ့ဘဲ ပြောနိုင်တယ်။
သူ့ကို ဟင်္သာ တမှာထားခဲ့တယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူတို့ကိုမြင်ခဲ့တဲ့သူက အ ကြောင်းကြားလို့ အခုဖမ်းမိတဲ့သူကို စစ်မေးတော့ ဝန်ခံတယ်''ဟု ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောသည်။
အဒေါ်ဖြစ်သူ ဒေါ်....က ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင် ကြားခဲ့ရာ ဒူးယားနယ်မြေရဲစခန်းမှ သိန်းထွန်း (ခ) မိုးကြိုးအား (ပ) အမှတ် ၁၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။
Democracytoday
အပြည့်အစုံသို့ »
မကွေး ဇူလိုင် ၁၀
မကွေးမြို့တွင် နာမည်ကြီး (SHOPPING MALL) စတိုးဆိုင်တွင် လွန်ခဲ့သော ကိုးနှစ်ခန့်ကတည်းက အလုပ်လုပ်ကိုင်နေသည့် တရားလိုမိန်းကလေးသည် အဆိုပါ ဆိုင်မှပစ္စည်းဝယ်ယူဖောက်သည်ဖြစ်သည့် ဦး...အသက်(၄၂)နှစ် ကန်သာရပ်ကွက်နေသူနှင့် ခင်မင်ရင်းနှီးကာ စတိုးဆိုင်ပိတ်ချိန် နောက်ပိုင်းတွင် တီဗွီအောက်စက် ပြုပြင်သည့် ပညာသွားရောက်သင်ယူခဲ့စဉ် ငြိစွန်းခဲ့ပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် ထိုသူတွင် အိမ်ထောင်ရှိ ကြောင်းသိရသဖြင့် တရားလိုမိန်းကလေးက ရှောင်တိမ်းနေစဉ် ရက်မမှတ်မိ ည ၇ နာရီချိန် ထိုသူရောက်ရှိလာပြီး ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်သို့ အတင်းအကျပ် ခေါ်ဆောင် သွားသဖြင့် လိုက်သွားခဲ့ရာ ၎င်းကသားမယားအဖြစ် နေထိုင်ရန်ပြောကြားခဲ့ရာ ငြင်းဆန်ခဲ့သဖြင့် မိန်းကလေး၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ခန္ဓာကိုယ်အား ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ထို့နောက် သားမယားအဖြစ် နေထိုင်သည့် ပုံများကို အင်တာနက်တင်မည်ဟု ခြိမ်းခြောက်ကာ အခွေများအား မိန်းကလေး ထံလာရောက်ပေးသဖြင့် တရားလို မိန်းကလေးက ရှက်သဖြင့် မန္တလေးသို့ နှစ်ပတ်ကြာထွက်သွားခဲ့သည်။
ထို့နောက် မကွေးမြို့သို့ ပြန်လည်ရောက်ရှိပြီး မိမိအလုပ်လုပ်ကိုင်ခဲ့သည့် စတိုးဆိုင်တွင် ပြန်လည်အလုပ်လုပ် ကိုင်နေစဉ် ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ၎င်းအလုပ်လုပ်ကိုင်နေသည့် ဆိုင်မှဝန်ထမ်းအမျိုးသားက တရားလို မိန်းကလေးနှင့် သားမယားအဖြစ်နေထိုင်သည့် ဗွီဒီယိုအား အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုတွင် ကြည့်ရှုရ ကြောင်းပြောကြားရာ သိရှိခဲ့သဖြင့် ဦး...အား အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့သော အမှုဖြစ်သည်။ မကွေးမြို့မရဲစခန်းမှ ဦး...အား (ပ) ၁၃၇/၂၀၁၃ ပုဒ်မ ၃၇၆/၅၀၀/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး အဆိုပါ အမှုအား ခိုင်မာစွာတည်ဆောက်၍ မကွေးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မကွေးမြို့နယ် တရားရုံးကဇူလိုင် ၄ ရက်တွင် တရားခံ ဦး...အား ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf
အပြည့်အစုံသို့ »
အသက်မပြည့်သေးသူ အချင်းချင်း (၁၃)နှစ်အရွယ် မိန်း ကလေးကို အဓမ္မပြုကျင့်ပြီး အ သေသတ်ကာ မြေမြှုပ်ထားခဲ့မှု ဖြင့် (၁၆) နှစ်အရွယ် အမျိုးသား ငယ်တစ်ဦးကို အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
ပန်းမထိပ်ရွာအနီးရှိ တော ထဲသို့ ထင်းခုတ်သွားကြရာမှ အ သက် (၁၃) နှစ်အရွယ်မိန်းကလေး ကို (၁၆)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်ပြီး လည်ပင်းကို ပုဆိုးဖြင့် ချည်နှောင်ဆွဲခြင်း၊ လက်ကောက်ဝတ်များကို ဓားဖြင့် ခုတ်ခြင်းနှင့် ဗိုက်ကို အချွန်ဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ပြီး သေ သည်အထင်ဖြင့် တွင်းကို လက်ဖြင့်တူး၍ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးနှင့် ကျူးလွန်ခံရသူ၏ မိဘများက ပြောသည်။
သို့သော် မိန်းကလေးမှာ မသေဘဲ နာရီဝက်ခန့်အကြာတွင် သတိရကာ နေအိမ်သို့ ပြန်လာခဲ့ သဖြင့် အချိန်မီဆေးရုံတင်ကုသ နိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကောင်မလေးက မောင်နှမ ၀မ်းကွဲတော်သူနှစ်ဦးနဲ့ ထင်းခွေ ထွက်သွားတဲ့အချိန် ကောင်လေး ကလည်း လိုက်သွားပြီး ကျန်တဲ့ ကလေးနှစ်ယောက် ပြန်သွားတဲ့ အချိန်မှာ ဖြစ်သွားတယ်လို့ သိရ တယ်။ မြေကြီးကို လက်နဲ့ယှက် မြှုပ်ပြီး သစ်ရွက်နဲ့ပဲ အုပ်တယ်။ မျက်နှာကို ချန်ထားခဲ့တော့ မသေ ဘဲ ကလေးက ပြန်လာနိုင်လို့ အ ခုလို အမှုကို ဖော်ထုတ်လိုက်နိုင် တာပါ’’ ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။
‘‘လက်ကောက်ဝတ်တွေကို ဓားနဲ့ခုတ်တယ်လို့ ပြောတယ်။ အခုတော့ လည်ပင်းကလည်း ပုဆိုးနဲ့ချည်ထားလို့ ရောင်နေတဲ့ အပြင် လက်မှာလည်း ဓားဒဏ်ရာ တွေ၊ ဗိုက်ကိုလည်း ထိုးမိထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်နေရတယ်’’ ဟု မိန်းကလေး၏ မိခင်က ပြော ကြားသည်။
အဆိုပါအမျိုးသားမှာ ကျူးလွန်ပြီးနောက် အိမ်ပြန်လာကာခြင်းခတ်နေပြီး မိန်းကလေး မသေဘဲ ရွာပြန်လာသည်ကို သိသောအခါ ထွက်ပြေးသောကြောင့်ညတွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
7Day Daily
အပြည့်အစုံသို့ »
ပြည်၊ ဇွန် ၂၇- ပဲခူးတိုင်းဒေသကြီး အ နောက်ပိုင်း ပြည်မြို့တွင် မန္တလေးမှ ပြည်မြို့ နယ်သို့ပြန်လာသော မိန်းကလေးအား ပြည် မြို့သို့အရောက်တွင် ထွန်းမြင့်နိုင်ဆိုသူက မိန်းကလေးနေထိုင်သောကျေးရွာသို့ လိုက် ပို့ပေးမည်ဆိုကာ တစ်ညတာ ခေါ်ဆောင် သွားပြီးနောက် ဇွန် ၂၆ရက်တွင် ပြည်မြို့ ဘူတာကြီးသို့ ပြန်လည်လိုက်ပို့ရာမှ ဒေသခံ များမှ ဝိုင်းဝန်းဖမ်းဆီး၍ ရဲစခန်းသို့ ပို့ ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါမိန်းကလေးက မန္တလေး မှ ပြည်မြို့သို့ ဇွန်၂၅ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီးနောက် ရွှေဆံတော်ဘုရား ပေါ်တွင် ထွန်းမြင့်နိုင်ဆိုသူနှင့် တွေ့ဆုံခဲ့ ပြီး မိန်းကလေးပြန်မည့်ရွာကို သိကြောင်း၊ ထို့ကြောင့် သူကိုယ်တိုင် လိုက်ပို့ပေးမည် ဟုပြောဆိုကာ နဝဒေးတံတားအနီးရှိလူသူ ပြတ်လတ်သော အလောင်းတော်ကဿပတောင်ပေါ်သို့ခေါ်သွားပြီးနောက် လက်သီးဖြင့်ထိုးကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် ကြောင်း မိန်းကလေး၏ ပြောပြချက်အရဖခင်ကထွက်ဆိုခဲ့သည်ဟု ပြည်မြို့မရဲစ ခန်းမှ တာဝန်ကျရဲအရာရှိကပြောသည်။
ဇွန်၂၅ ရက်ညနေပိုင်းတွင် စွပ်စွဲ ခံရသူကမိန်းကလေးအား ပြည်မြို့တစ်ဖက် ကမ်း ကံမမြို့နယ် ဝဲကြီးရွာသို့ ခေါ်ဆောင် သွားပြီး အုပ်ချုပ်ရေးမှူးအား မိန်းမခိုးလာ သည်ဟုပြောဆိုကာ လက်မှတ်ထိုးခိုင်းခဲ့ သော်လည်း မှတ်ပုံတင်မပါရှိ၍ လက်မှတ် မထိုးပေးခဲ့ကြောင်း၊ ဇွန်၂၆ရက်တွင် အဆိုပါ မိန်းကလေးအား ပြည်မြို့ ဘူတာကြီးသို့ ပြန်လည်ပို့ဆောင်ရာတွင် ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော် ပြထားသည်။
''အဲဒီကောင်က ကျွန်တော်တို့ ဘူတာကို ကောင်မလေးကို ဆိုင်ကယ်နဲ့ လာပို့ပြီး ပြန်မယ်လုပ်တော့ ကျွန်တော်တို့ ကတားတာ ဒီကောင်ကထွက်ပြေးတယ်။ အဲဒါအနီးအနားက လူတွေက ဝိုင်းဖမ်းပြီး ရဲစခန်းပို့လိုက်တယ်။ ကောင်မလေးရဲ့အမေ ဆို မျက်ရည်နဲ့မျက်ခွက်ပဲ။ စိတ်မကောင်း ဖြစ်မိတယ်''ဟု ပြည်မြို့ ဘူတာကြီးအနီးမှ လိုက်လံဖမ်းဆီးပေးခဲ့သော ဒေသခံတစ်ဦး က ပြောသည်။
အဆိုပါမိန်းကလေးသည် မန္တ လေးမြို့ရှိ အဒေါ်ဖြစ်သူထံသို့ သွားရောက် နေထိုင်စဉ် မိခင်နေမကောင်း၍ ပြန်လာ ရန်မှာကြားခဲ့သောကြာင့် အဒေါ်ဖြစ်သူက မန္တလေး-ပြည်ကားဂိတ်သို့ ပို့ဆောင်ပေးခဲ့ ပြီး ဇွန် ၂၅ရက် နံနက်ပိုင်းတွင် ပြန်ရောက် နိုင်ကြောင်း ဖုန်းဆက်ပြောဆိုခဲ့သော်လည်း ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ပြည်မြို့ပေါ် ထိ လိုက်လံရှာဖွေရာမှ ၂၆ရက်တွင် ပြည် မြို့ဘူတာကြီးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း မိန်းကလေး၏ ဖခင်ဖြစ်သူက ရဲ စခန်းတွင်ထွက်ဆိုသည်။
အဆိုပါအမှုအား ပြည်မြို့မရဲစ ခန်းတွင် မိန်းကလေး၏ဖခင်က တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး (ပ) ၄၈ဝ/၂ဝ၁၄ ပြစ် မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆/၃၂၃ ဖြင့်စစ် ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Yangon Media Group
အပြည့်အစုံသို့ »
ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင်ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး
ထဲ၌ လိင်စိတ်ကြွဆေး ခပ်တိုက်၍ သားမယားအဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် ဟန်လင်းမြို့ ဟောင်းတွင် နေထိုင်သည့် တေဇာဝင်း (ခ) မွတ်တား သည် ကန့်ဘလူမြို့ မြန်မာ - အာရဗီ သိပ္ပံကျောင်း၌ ကျောင်းတက်ရန် ဇနီးဖြစ်သူ၏ အဒေါ် နေအိမ်၌ သွားရောက် နေထိုင် ခဲ့သည်။ ထိုသို့ တည်းခို နေထိုင်စဉ် ဧပြီ ၁၄ ရက် ည ၁၂ နာရီက အဆိုပါ နေအိမ် အပေါ်ထပ်တွင် စာကျက် နေသည့် အသက် ၁၅ နှစ်အရွယ် ၁ဝ တန်း ကျောင်းသူ မ----၏ ရေသန့်ဘူးကို ရေဖြည့် ပေးမည်ဟု တေဇာဝင်း (ခ) မွတ်တား က ယူဆောင် သွားခဲ့ပြီး အဆိုပါ ရေသန့်ဘူး အတွင်းမှ ရေများကို မ----- က သောက်သုံး မိခဲ့ရာ ကိုယ်ခန္ဓာ ခြေလက်များ လှုပ်ရှားမရ ချိန်၌ တေဇာဝင်း (ခ) မွတ်တားက အလို မတူဘဲ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၂ဝ ရက်က အမည်မသိသူ တစ်ဦးသည် မ----၏ မိဘများထံ ရောက်လာပြီး စာတစ်စောင် နှင့် ဒီဗွီဒီ အခွေ တစ်ချပ်ကို တေဇာဝင်း (ခ) မွတ်တား က ပေးခိုင်း၍ လာရောက် ပေးကြောင်း ပြောပြ၍ ပေးသွား ခဲ့သည်။ အဆိုပါ စာကို မ---၏ မိဘများက ဖွင့်ဖောက် ကြည့်ရာ တေဇာဝင်း (ခ) မွတ်တား က မ----ဆို သူနှင့် သားမယား အဖြစ် နေထိုင်ပြီး ဖြစ်ကြောင်း၊ အပျိုစင် ဘဝကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ မ-----နှင့် သားမယား အဖြစ် နေထိုင်သည် ကို ဗီဒီယို ရိုက်ကူး ထားကြောင်း၊ ထိုအခွေကို ပို့လိုက်ကြောင်း၊ မ----နှင့် ၄င်းကို မပေး စားပါဘဲ တိုင်ကြားပါက အင်တာနက် ပေါ်တင်ပြီး တစ်ကမ္ဘာလုံး သိ၍ အရှက်ရ စေမည် ဖြစ်ကြောင်း၊ အဆိုပါစာတွင် ခြိမ်းခြောက် ဖော်ပြထား သည်ကို မ-----၏ မိဘများက ဖတ်ရှုသိရှိ ခဲ့ရသည်။ ထို့ကြောင့် မ------မိဘများက ကန့်ဘလူမြို့မ ရဲစခန်းသို့ အမှုဖွင့် အရေးယူ ပေးရန် တိုင်တန်း ခဲ့သည်။
အဆိုပါ တိုင်တန်းချက် နှင့် ပတ်သက် ၍ ကန့်ဘလူမြို့မ ရဲစခန်းက ဇွန်၂၇ ရက် ည ၈ နာရီခွဲက တေဇာဝင်း (ခ) မွတ်တား ကို ပြစ်မှုကြီး ဖြစ်စဉ် အမှတ်၈/၂ဝ၁၄ (ပ)၁၇၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဆာင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၅၄)
Yadanarpondaily
အပြည့်အစုံသို့ »
စင်္ကာပူမှ ယူကေကို လွန်ခဲ့တဲ့ ဒီဇင်ဘာတုန်းက ခရီးထွက်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ယောက်က သူမ ယူကေမှာ ရှိနေစဉ် နောက်ဆုံးညမှာ အဓမ္မကျင့်ခံရတယ်လို့ တိုင်ကြားလာပါတယ်။
သူမရဲ့ ရည်းစားကတော့ အားလပ်ရက်နောက်ဆုံးတစ်ရက်ကို သူ့မိသားစုထံကို ပြန်ခဲ့တာကြောင့် သူမက တစ်ယောက်တည်း ဖြစ်နေခဲ့ပြီး နေစရာ အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာပဲ သူမနဲ့ ကျောင်းတူ ဂျူနီယာတစ်ယောက်က သူရဲ့ အဆောင်ခန်းက အိပ်ယာကို မျှသုံးဖို့ ပြောခဲ့ပါတယ်။
သူမက ဒီအကြံဥာဏ်နဲ့ပတ်သတ်ပြီးတော့ သိပ်တော့ သဘောမကျခဲ့ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပိုက်ဆံချွေတာလိုတဲ့အတွက်ကြောင့် သူမရဲ့ ဂျူနီယာ ယောက်ျားလေး သူငယ်ချင်းနဲ့ အိပ်ယာ မျှသုံးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီညမှ သူမတို့ စကားပြောကောင်းပြီး အိပ်ပျော်သွားကြပါတယ်။
ဒါပေမယ့် သူမရဲ့ ပြောကြားချက်အရ အိပ်နေစဉ် ညအချိန်အတွင်းမှာ သူ့ရဲ့လက်တွေက သူမရဲ့ တင်ပါးကို လာထိတာကြောင့် လန့်နိုးလာခဲ့တယ်လို့ ဆိုပါတယ်။
သူမက တွန်းဖယ်ဖို့ ကြိုးစားပေမယ့် သူမသူငယ်ချင်းကောင်လေးက ဆက်ပြီး လိုက်ထိတွေ့နေတဲ့အပြင် ရုတ်တရက် တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်းမှ သူမသူငယ်ချင်းက သူမကို အဓ္ဓမ ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်နေ့မနက်မှာ စင်္ကာပူကို စောစောပြန်ရမှာဖြစ်တာက တစ်ကြောင်း ညက ဖြစ်စဉ်ကြောင့် စိတ်ရှုပ်နေတာက တစ်ကြောင်း၊ သူမ UK မှာ အမူမဖွင့်ခဲ့ဖြစ်ပဲ စင်္ကာပူ ပြန်ရောက်တော့မှ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် UK မှာ ဖြစ်တဲ့ ကိစ္စအတွက် စင်္ကာပူရဲတွေက သူတို့ဘာမှမတတ်နိုင်ကြောင်းနဲ့ UK မှာ ဖြစ်ပွားခဲ့တာမို့လို့ အဲဒီမှာသာ အမှုဖွင့်နိုင်ကြောင်း ပြောပါတယ်။
သူမဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး။ သူမရဲ့ မိဘတွေကိုလည်း ယခုနှစ် မတ်လပိုင်းလောက်မှ အသိပေးခဲ့ပါတယ်။ သူမရဲ့ ဖခင်ကတော့ သိသိချင်းပဲ လေယာဉ်လက်မှတ်ဝယ်ပေးပြီး UK မှာ အမှုသွားဖွင့်ခိုင်းပါတယ်။
UK ကရဲတွေလည်း အရေးယူသင့် မယူသင့် တော်တော်လေး ဆုံးဖြတ်ရကျပ်နေပါတယ်။ သူမကို မုဒိမ်းကျင့်ခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် သူငယ်ချင်းကိုတော့ စုံစမ်းမေးမြန်မှုတွေလုပ်ခဲ့ပေမယ့် အရေးမယူခဲ့ပါဘူး။
အဓိက ပြဿနာကတော့ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးက အတော်ကလေး ကြာသွားတော့မှ အမှုဖွင့်ခဲ့လို့ပါ။ သူမ အမှုဖွင့်တဲ့အချိန်မှာ ဆေးစစ်ချက်လုပ်ပေမယ့် အဓမ္မကျင့်ခံရတဲ့ အနေအထားမျိုး မတွေ့ရတော့ပါဘဲ သူမရဲ့ ဖြစ်စဉ်ကို အတည်ပြုဖို့ ခက်ခဲတဲအတွက် အရေးမယူနိုင် ဖြစ်နေရတာပါ။
စင်္ကာပူ အမျိုးသမီးအခွင့်အရေး အဖွဲ့ကတော့ ဒီလိုမျိုး အဓမ္မကျင့်ခံရနိုင်မယ့် အဖြစ်မျိုးကို သိပေမယ့် အဓမ္မကျင့်ခံရတဲ့ ဖြစ်စဉ်မျိုးတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်မှာ အဓမ္မကျင့်ခံရသူကို လုံးဝ အပြစ်မတင်သင့်ပါဘူး လို့ ဆိုပါတယ်။
သင်ကော ဒီဖြစ်စဉ်မှာ ဘယ်သူအပြစ်ရှိတယ်လို့ ထင်ပါသလဲ?
Translated by Ygn News
အပြည့်အစုံသို့ »
ဒလမြို့နယ်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့ ဇွန်လ ၂၂ ရက်နေ့ ညနေ
၆ နာရီခွဲခန့်တွင် တိုင်ကြားခဲ့ရာ ယမန်နှစ် စက်တင်ဘာလအတွင်းက ဖခင်ဖြစ်သူ၏ ညီဖြစ်သူ
စန်းဝင်း (၅၅ နှစ်)မှ နေစရာအိမ်မရှိသဖြင့် နေအိမ်တွင်လိုက်နေရန် လက်ခံခေါ်ယူခဲ့သည်။
ယခုနှစ် ဇန်န၀ါရီလတွင်းက ဖခင်မရှိခိုက် ဦးလေးဖြစ်သူက အိပ်ခန်းအတွင်း သားမယားပြုကျင့်ခဲ့
ကြောင်း မိဘများကိုပြန်ပြောပါက သတ်ပစ်မည်ဟုပြောပြ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း
ကိုယ်ဝန် ငါးလခန့် ရရှိချိန်တွင် မိဘများ မေးမြန်းသဖြင့် မေးမြန်းစဉ် စန်းဝင်းမှ သားမယားအဖြစ်
အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဒလမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။
Myanmar Times
အပြည့်အစုံသို့ »
ပြီးခဲ့တဲ့ ဇွန် ၁၀ ရက် နေ့က ချင်းပြည်နယ် မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော်က အသက် ၄၀ အရွယ် အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ္မ ပြုကျင့် ရန်ကြံ စည်ခဲ့မှု နှင့်ပါတ်သက်ပြီး မတူပီအမျိုးသမီးအသင်း (MWO) ဦးဆောင်မှုဖြင့် ဆန္ဒပြမည်ဟု သိရသည်။
မတူပီ အမျိုးသမီးအသင်းသည် ဇွန်လ ၂၄ ရက်နေ့တွင် မတူပီမြို့လယ် ရှစ်လမ်း ဆုံတွင် ဆန္ဒပြရန် အာဏာပိုင် ထံ တင်ပြသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့် မပြုသော် လည်း ပြုလုပ်မည်ဟု ပြင်ဆင်ထားကြောင်း MWO ဥက္ကဌ Pi Hluai Par က ပြောသည်။
” ဒီကိစ္စနှင့် ပါတ်သက်ပြီး အာဏာပိုင်တွေက ခဏခဏခေါ်တယ်၊ ဒါနဲ့ ကျမတို့ ဒီနေ့ အုပ်ချုပ်ရေးရုံးကို ပြန် သွား တယ်၊ သူတို့က ဆန္ဒပြတာ မလုပ်ဖို့ ပြန်ပြောတယ်၊ ဒါပေမဲ့ ကျမတို့က အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးတွေ နစ်နာမှု တားဆီး ကာကွယ်ပေးရေး အတွက် အစိုး ရနဲ့ ပြည် သူကို ဘာ အနှောင့် အယှက်မှ မပေးပဲ ငြိမ်းချမ်းစွာ ကျမတို့ ဆန္ဒကို ဖော်ထုတ်သွားမယ် ” ဟု ပြောသည်။
ဆန္ဒပြ စုဝေးမှုကို နံနက် ၁၀ နာရီမှ ညနေ ၁ နာရီအကြား ရှစ်လမ်းဆုံတွင် ပြုလုပ်ဖို့ ပြင်ဆင် နေပြီး ဆန္ဒပြပွဲတွင် အမျိုးသမီးဥက္ကဌ နှင့် လူငယ်ခေါင်းဆောင်ဖက်မှ Pu Maung Han တို့ အမှာစကား ပြောကြမည်ဟု သိရသည်။
”အုပ်ချုပ်ရေးဖက်က ခွင့်မပြုပေမဲ့ အမျိုးသမီးအဖွဲ့တင်မဟုတ်ပဲ အမျိုသမီးထုအားလုံး ပါဝင်ဖွယ်ရှိတယ်၊ အဓိက က ဇွန်လ ၁၀ ရက်နေ့က ရေဇွာမြို့ပေါ်မှာ အမျိုးသမီးတဦး အဓမ္မပြု ကျင့်ဖို့ ကြံစည်မှုအတွက်ပေါ့၊ ဘယ်လို ဆက်ဖြစ်မ လဲတော့ မသိဘူး ” ဟု ဆန္ဒပြမှုတွင်ပါဝင်မည့် James Roland က ပြောသည်။
အခြေစိုက် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော် သည် တောင်ယာ သို့သွားသည့် အဆိုပါ အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သော် လည်း ရွာသားတွေက အမျိုးသမီးကို အချိန်မှီ ကယ်တင်ခဲ့ကြောင်း သို့သော် တရားခံသည် အမျိုးသမီးကို အနာတရဖြစ်အောင် နှိပ်စက်ခဲ့ကြောင်း သိရသည်။
တပ်သားမျိုးသူရကျော်ကို နယ်မြေခံရဲများက ထိန်းသိမ်းထားခဲ့ရာမှ နယ်မြေခံ တပ်ရင်းမှူးက တရားခံအား မတူပီသို့ ပို့ထားပြီး ယနေ့ထိ မတူပီမြို့တွင် ချုပ်ထားဆဲဖြစ်ကြောင်း သိရ သည်။
လေ့လာချက်များအရ အစိုးရတပ်မတော်သားများ နှင့် အရပ်သားအကြား ပြသနာဖြစ်ပါက တပ်မတော်သားများကို အရပ်ဖက် တရားခုံရုံးတွင် မစစ်ဆေးပဲ စစ်ခုံရုံးက ကိုင်တွယ်ပြီး အရေးယူမှုမရှိပဲ တခြားနေရာသို့ တပ်ပြောင်း လေ့ရှိ ကြောင်းသိရသည်။
ယခင် စစ်အစိုးရအုပ်ချုပ်ရေးကာလတွင် ရေဇွာမြို့ပေါ်၌ ယခုလို အဖြစ်မျိုး အများအပြား ရှိခဲ့ဖူးသော်လည်း ပြည်သူများက စစ်သားများကို ကြောက်လန့်နေခြင်း၊ အမှုလုပ်ရန်ငွေကြေး မတတ်နိုင်ခြင်း၊ နစ်နာသူများဖက်က ရှက်ကြောက် စိုးရိမ်နေခြင်း တို့ကြောင့် တရားစွဲဆို အမှုရင်ဆိုင်ခြင်းများမရှခဲ့ကြောင်း သိရသည်။
လက်ရှိ အစိုးရလက်ထက် ၂၀၀၁၄-၁၅ ခုနှစ်အတွင်း ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ဦးမှ အဓမ္မပြု ကျင့်ရန်ကြိုးစားမှု၊ ရဲစခန်းအတွင်းရဲဝန်ထမ်းတဦးက ရွားသား တစ်ဦး အား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုများရှိခဲ့သော်လည်း အရေးယူဆောင် ရွက်မှုမရှိကြောင်း သိရသည်။
ခိုနူမ်းထုန် သတင်းဌာန
အပြည့်အစုံသို့ »
မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ ရှားပါးတော့ မြန်မာ အမျိုးကောင်းသမီးလေးတွေ
အများစုဟာ ပြည်ပ နိုင်ငံတွေမှာ အလုပ်အကိုင်တွေ ထွက်၍ လုပ်ကိုင်နေကြရပါတယ်
။ဒီလို ပြည်ပ ထွက်ပြီ အလုပ်လုပ်နေကြတဲ့မြန်မာ့ အမျိုးသမီးတချို့ဟာ ရင်နာစရာအဖြစ်တွေနဲ့ ကြုံကြိုက်ခဲ့တာတွေကိုလဲ အားလုံးသိပါတယ်။
အခု ဖြစ်ရပ်ကလဲ ပြည်ပနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မြန်မာ အမျိုးသမီးတစ်ဦးရဲ့ ရင်နာစရာဖြစ်ရပ်ပါ ဒီသတင်းကို အများသိဖို့ လိုအပ်လို့ ဒီနေရာ ထပ်ပြီတောင်းဆိုပါရစေ ..အများသိအောင် SHARE ပေးကြပါ။
ဂျော်ဒန်နိုင်ငံဆိုတာ မွတ်စလင်နိုင်ငံဖြစ်ပါတယ်။
အခု ဖြစ်ရပ်က ၁၈ ...၆ နေ့က ဖြစ်တာပါ ။ဖြစ်ပုံက အဲ့နေမှာ အရေးတကြီး ပိုက်ဆံလိုအပ်မှုကြောင့် အလုပ်မှ အဆောင်ကို အဌားကားစီးပြီပြန်သွားပါတယ်။ အဲ့လို အဌားကားစီးပြီ ပြန်အသွားမှာ အဌားကား သမားက ရောက်အောင်လိုက်မပို့ပဲ နောက်ထပ် လူတစ်ယောက်ဆီကို လွဲခဲ့တယ်လို သိပါတယ်။
မလည်မ၀ယ် ရိုးအ တဲ့ မြန်မာအမျိုးသမီးကို jordan နိုင်ငံသား အလွဲခံခဲ့ရတဲ့ လူယုတ်မာမှ ဆိုင်ကယ်ဖြင့် တက်ဆောင်သွားပြီ အဓမ္မအကြိမ်ကြိမ် ပြုကျင့်ခဲ့ပါတယ်။
ပြုကျင့်ပြီ လူယုတ်မာက မြန်မာအမျိုးသမီးကို ထားပစ်ခဲ့ပြီထွက်သွားပါတယ်။မြန်မာအမျိုးသမီးဟာ စုတ်ပြတ်ပေရေပြီ အလုပ်ရှိရာ အားယူလာခဲ့ပါတယ်။
အဲ့ဒီ အလုပ်မှာ ရှိတဲ့ မြန်မာတွေ ချက်ချင်း မသိကြပါဘူးနောက် တစ်ယောက်စ ပြောရင် အကုန်သိကုန်ပါတယ်။ဘယ်လို လုပ်ကြမယ်ဆိုတာကို မြန်မာ အများစုက မသိပါဘူး အဲ့ဒီ နိုင်ငံမှာ မြန်မာတွေ အတွက်ကာကွယ်ပေးမယ့် ဘာအဖွဲ့ အစည်းမှ မရှိပါဘူး။
မြန်မာ အလုပ်သမားတွေအုပ်ချုပ်တဲ့သူက မြန်မာနိုင်ငံသူရှမ်းတရုတ်မ တစ်ယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တောမြို့တွေက အလုပ်သမားတွေကို ခေါ်ယူပေးပြီ စီးပွားရှာနေတဲ့ သူပါ။
အဓမ္မအပြုကျင့်ခံရတော့ မြန်မာအလုပ်သမားအရေးကိုဆောင်ရွှက်ပေးနေတဲ့ စေတနာရှင်ဂျော်ဒန်နိုင်ငံသူ ရှေ့နေမ တစ်ယောက်မှ အမှုဖွင့်ဖို့ပြောပါတယ်။ အဲ့ဒါကို ဘာအကြောင်းမှ မပြန်သေးပဲ မြန်မာတွေအုပ်ချုပ်တဲ့ ရှမ်းတရုတ်မ နဲ့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး နှစ်ယောက်ထဲတွေ့ဆုံစကားပြောပါတယ် ။
ပြောပြီတော့ဂျော်ဒန်နိုင်ငံသူရှေ့နေကို အကြောင်းပြန်ပါတယ် ဘာအမှုမှ မဖွင့်တော့ဘူးဆိုပြီ ပြောလိုက်ကြပါတယ် ..နိုင်ငံသူရှေ့နေမက အရမ်းစိတ်ဆိုးပြီ နင့်တို့ မြန်မာတွေ လူလိမ်တွေ နောက်ကို နင့်တို့ကို ဘာမှကူညီမပေးဘူးဆိုပြောသွားတယ်လို့ ပြောပါတယ်။
နောက်မှ သိရတာက ရှမ်းတရုတ်မက အပြုကျင့်ခံရတဲ့အမျိုးသမီးကို ...နင့် ဒီမှာဆက်လုပ်ချင်ရင် ငါ့စကား နားထောင် နားမထောင်ရင် နင့်ကို ပြန်ပို့မယ်ဆိုပြီ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့လို သိရတော့ မြန်မာ တွေက မခံနိုင်တော့ပဲ ဆန္ဒပြပြီအရေးဆိုဖို့ လုပ်ကြပါတယ်။ အဲ့ဒါကို သိသွားတဲ့ ရှမ်းတရုတ်မက အပြုကျင့်ခံရတဲ့ အမျိုးသမီးဆီထပ်သွားပြီဘာတွေပြောလိုက်တယ်မသိဘူး အပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ ချက်ချင်းပြန်မယ်ဆိုပြီဖြစ်သွားပါတယ်။
ဘာတွေ ခြိမ်းခြောက်ပြောဆိုလိုက်တယ်ဆိုတာကို အားလုံး ၀ိုင်မေးသော်လည် အမျိုးသမီးက လုံးဝ မပြောပြပါဘူး။
အဲ့ဒါကြောင့် ယခုလ (၁၈) ရက်နေ့မှာ ဖြစ်ပြီ ၁၉ ရက်နေ့ည ၉ နာရီမှာ အမျိုးသမီးကို ချက်ချင်းပြန်ပို့လိုက်ပါတယ်။
ဘာအရေးယူမှုမှ မလုပ်ပေး ဘာကာကွယ်မှုမှမရပဲ မြန်မာပြည်ကို ပြန်သွားရပါတယ်။
အရမ်းရင်နာစရာကောင်းပါတယ်။
အလာတူ ဖြစ်ရပ်မျိုးကို မကြာသေခင်ကလဲ ဖြစ်ခဲ့ပါတယ်ဘာအရေးယူမှုမှ မလုပ် ပဲ ပြန်ပို့ခဲ့ပါတယ်။
အဲ့ဒီလို ဘာအရေးယူမှုမှ မလုပ်ပေးတဲ့ အတွက် လူယုတ်မာတွေဟာ မြန်မာအမျိုးသမီးတွေကို ရဲရဲတင်းတင်း စော်ကားမှုတွေပြု လာနိုင်ပါတယ်။
ဖြစ်တဲ့ စက်ရုံရဲ့ လိပ်စာနဲ့ အတူ မြန်မာတွေပေါ့ ရက်စက်တဲ့ ရှမ်းတရုတ်မပုံရော အပြုကျင့်ခံရတဲ့ အမျိုးသမီးပုံပါ တင်ပေးလိုက်ပါတယ်...။
ဒီအကြောင်းကို သက်ဆိုင်ရာကိုရော မြန်မာနိုင်ငံသားတွေကိုပါ သိစေချင်ပါတယ်
ဒါကြောင့် ရှယ်ပေးကြပါ ခင်ဗျ။။
မိုးသက်အောင် မေးဖြင့် ပို့  ပေးပါသည်။
CENTURY MIRACLE LTD
JORDAN. P.O HOX 5
RAMTHA 21468
AL-HASSAN INDUSTRIAL
ESTATE
RANTHA - JORDAN.. .......
စိုးပြည့်မှူး
ရွှေမြန်မာမီဒီယာ
အပြည့်အစုံသို့ »
အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အားအကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်
၍ငွေေ ကြးပါ ထပ်မံတောင်းခံသဖြင့် MAT နှင့် FED တို့ က နယ်မြေခံရဲဖြင့်ဖမ်းဆီး
အရေးယူထားကြောင်း သိရှိရသည်။
အဖြစ်အပျက်တို့အား ၈လအကြာတွင် မိခင်ဖြစ် သူက သိရှိခဲ့သည်။
ဇွန်လ ၁၈ ရက်နေ့က ၁၅ နှစ်အရွယ် ကလေးမ၏ မိခင်ဖြစ်သူထံသို့ အသက်၄၂ နှစ်အရွယ် ဦးခင်မောင်တင့် ဆိုသူက အဓမ္မပြုကျင့်ထားခြင်းများအား လူအများမသိစေ လိုပါက ဘတ်ငွေ၂၀,၀၀၀ ပေးရမည်ဖြစ်ေ ကြာင်း အကြပ်ကိုင် တောင်ခံလာခဲ့သည်။
အကယ်၍ မပေးအပ်ပါက မြန်မာပြည်သို့လည်း လူသိအောင် အရှက်ခွဲမည်ဟု ပြောပြန်သဖြင့် မိခင်ဖြစ်သူက ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ M.A.Tသို့ အကူညီတောင်းခံလာခဲ့သည်။
M.A.T အဖွဲ့က ထိုင်းတောင် ပိုင်း တကွန်ပါ အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFE နှင့် ညှိနှိုင်းပြီးေ နာက် ချက်ခြင်းအကောင်အထည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
M.A.T အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ခွင့်မလွှတ်ချင်အောင် ယုတ်မာတဲ့အမှုကိစ္စဖြစ်တယ်။ ကျနော်တို့ အတွေ့အကြုံအရ ရဲဆေးရုံ စစ်ဆေး ချက်တို့ သက်သေခံအထောက်အထားတို့ တစ်စုံတစ်ခု ရရှိဖို့ ခက်ခဲနေတယ်။ ဒါပေမယ့်ဖြစ်ရပ်ကမှန်နေတယ်။ ကလေးမလေးဘက်က အလွန်နစ်နာနေ တယ်။
ကျနော်တို့ အတော်စဉ်းစားပြီးတော့လုပ်ရတယ်။ တစ်ခုခုမှားယွင်းမှာ စိုးရိမ်တယ်။ နယ်မြေခံ ရဲအရာရှိကို အကျိုးအကြောင်းတင်ပြတယ်။ အချက်အလက်တွေမှန်ကန်တိကျတယ်ဆိုတော့မှ ပထွေးဆိုသူကို ပိုက်ဆံ လာယူ ဆိုပြီးခေါ်ဖမ်းလိုက်ရတယ်” ဟုပြောသည်။
ဘန်ကောက်မြို့ ဖက်ကဆင်....လမ်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော အသက်၁၅နှစ်အရွယ် မိန်းကလေး၏မိခင်က“ကျမတို့ ထိုင်းမှာ ပေါင်းသင်းလာ တာ ၇နှစ်လောက်ရှိပြီ။
သမီးလေးအရွယ်ရောက်လာတာနဲ့ ခေါ်လိုက်တာ။ ကျမ မသိတဲ့အချိန်မှာ သမီးကို အဓမ္မပြုကျင့်တယ်။ တစ်ခါတစ်ရံ သမီး မျက်နှာညှိးနေတာမြင့်လို့ ကျမမေးတော့ သူဆူထားလို့ ဆိုပြီးပြောတာ။
ကျမကတောင်မှ အဖေဆူတာ သမီးကို ဆုံးမတာဆိုပြီးတော ပြောပြသေး တယ်။ ကျမ ဒီလိုပက်စက်မယ်လို့မထင်ဘူးလေ။ သမီး နေမကောင်း လို့ ဆေးရုံသွားပြတော့ ဆရာဝန်က ကလေးဟာ လိင်ဆက်ဆံခံဖူးတဲ့ လက္ခဏာ ရှိတယ်လို့ပြောမှ သမီးကိုမေးကြည့်တယ်။
ဒီတော့မှ ကျမသိတာ။ သိတော့ ကျမကသူ့ကို မပေါင်းတော့ဘူးဘာညာပြောတော့ သူက အရှက် မကွဲချင်ရင် ဘတ်ငွေ၂၀,၀၀၀ ချက်ခြင်းပေးဆိုပြီး အကြပ်ကိုင်တောင်းတာ” ဟုပြောသည်။
ပထွေးဖြစ်သူ ဦးခင်မောင်တင့် အား ယခုအခါ ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး အမှုရင်ဆိုင်နေရ ဆဲဖြစ်သည်။ ၎င်းသည် မွန်ပြည် နယ် မော်လမြိုင်မြို့နယ်၊ ခရိတ်သစ်ကျေးရွာမှဖြစ်ပြီး အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ ကရင်ပြည်နယ်၊…………….မြို့နယ်၊ ……….ကျေးရွာမှဖြစ်ကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံအနှံ့အပြားတို့တွင် မြန်မာအလုပ်သမားအချင်းချင်း သတ်ဖြတ်မှု၊ အဓမ္မမှု၊ လိမ်လည်မှု စသည့် ရာဇ၀တ်မကင်းသော အမှုများနေ့စဉ်ဖြစ် ပွားလျှက်ရှိသော်လည်း ဖေါ်ထုတ်အရေး
ယူဆောင်ရွက်နိုင်မှုနည်းပါးသည်။
ရွှေလုပ်သား
အပြည့်အစုံသို့ »
ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ဗိုလ်မှူးအောင်သူဝင်း ဦးဆောင်သည့် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ- ၃၇၁၈၅၀ ဖြစ်သူ တပ်သား မျိုး သူရကျော် က အိမ်ထောင်ရှင် အမျိုးသမီးတဦးအား
အပြည့်အစုံသို့ »
ရွှေပြည်သာတံတားပေါ် တွင် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့်
ဒုတပ်ကြပ်အဆင့်ရှိရဲအား လှိုင်သာယာမြို့နယ်တရား ရုံးမှ ထောင်ဒဏ်လေး နှစ်
အမိန့်ချမှတ်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
၂၀၁၃ သြဂုတ်လက ရွှေ ပြည်သာတံတားပေါ်တွင် ရဲတပ် သားတစ်ဦးက အသက်(၁၆)နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့၍ ၎င်းအားလှိုင်သာယာ မြို့နယ် တရားရုံးက ဇွန်လ ၃ ရက် တွင်ထောင်ဒဏ်လေးနှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ၎င်းသည် လက်ရှိရဲစည်း ကမ်းဥပဒေအရ အင်းစိန်ထောင် တွင် ထောင်ဒဏ်တစ်နှစ် ကျခံ လျက်ရှိကြောင်း သတင်းရရှိ သည်။
‘‘အခုချမှတ်တဲ့ အမိန့်က သင့်တော်တဲ့အမိန့်လို့ သုံးသပ်မိ ပါတယ်။ ဒါပေမဲ့ ဒီအမှုက သက် ငယ်မုဒိမ်းမှုပါပဲ။ အာဏာပိုင် ကကျူးလွန်တဲ့ အမှုဆိုတော့ ထိ ရောက်ဟန့်တားမှုမျိုး ဖြစ်သင့် တယ်။ နောက်ကောင်မလေးကို ကယ်ခဲ့တဲ့ ဆိုင်ကယ်သမားတွေ ကိုလည်း တာဝန်ဝတ္တရားနှောင့် ယှက်မှုနဲ့ ပြည်သူပိုင်ပစ္စည်းဖျက် ဆီးမှုတွေနဲ့ ပုဒ်မတပ်ပြီး အမှုရင် ဆိုင်နေတော့ ဒီအမှုအပေါ် သုံး သပ်ချင်တာက ဒီအမှုမှာ ဒီလူတွေသာ မကယ်ခဲ့ရင် ဒီလူတွေ ပြဿနာမဖြစ်ဘူး။ ကောင်မလေးကိုအဓမ္မပြုကျင့်တာ တာဝန်ထမ်းဆောင်နေတာလား။ လက်ပိုက်ကြည့်နေရမှာလား’’ ဟု တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေဦးအောင်သူရိန်ထွန်းကပြောသည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် က လှိုင်သာယာမြို့နယ် ၂၀ ရပ် ကွက်အတွင်း နေထိုင်သူ အသက် (၁၆)နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ခင်ပွန်း ဖြစ်သူနှင့် နေအိမ်တွင် စကားများ ရန်ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် တညင်းကုန်းလမ်းဆုံသို့ သွားခဲ့ ရာ ရွှေပြည်သာတံတားပေါ် အ ရောက်တွင် ရဲတပ်သားတစ်ဦးက ၎င်းတို့ဆိုင်ကယ်ကို တားဆီးခဲ့ သည်။
ထိုသို့ တားဆီးပြီး အမျိုးသမီးငယ်ကို ရဲကင်းတဲအတွင်းသို့ခေါ် သွားခဲ့သည်။ ရဲသုံးဦးရှိသည့်အ နက်တစ်ဦးက ဓာတ်မီးဝယ်ရန် ဆိုင်ကယ် ကယ်ရီသမားအား လိုက်ပို့ခိုင်းစဉ် ဆိုင်ကယ်စက်ပျက်သွားခဲ့၍ ကယ်ရီခတစ် ထောင်ပေးပြီး ပြန်လွှတ်ခဲ့သည်။ ထို့နောက် ကယ်ရီသမားသည် ဂိတ်ရှိအခြားသော ဆိုင်ကယ် ကယ်ရီမောင်း ငါးဦးကိုခေါ် ဆောင်ပြီး တံတားပေါ်သို့ ပြန် လည်လာရောက်ခဲ့ရာ ရဲကင်းတဲ အတွင်း ဒုတပ်ကြပ်ဖြစ်သူက အ မျိုးသမီးငယ်ကို အဓမ္မပြုကျင့်နေ ကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် ၎င်းတို့ငါးဦးက အမျိုးသမီးငယ်ကို ကယ်ထုတ် စဉ်ခိုက်ရန် ဖြစ်ပွားခဲ့၍ ရဲကင်း ပျက်စီးခဲ့ရသည်။ အဆိုပါ ရဲကင်းပျက်စီးမှုဖြင့် ၎င်းတို့ကို ၀တ္တရားနှောင့်ယှက်မှုအပြင် ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့် ဖမ်းဆီးအရေးယူထားသည်။ လက်ရှိတွင်၎င်းတို့မှာ လှိုင်သာယာမြို့နယ် တရားရုံး၌ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။
7 Day News Daily
အပြည့်အစုံသို့ »
ရန်ကုန်၊ မဇ္ဈိမ။ ။ တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ရည်းစားဖြင့် ခိုးရာလိုက်ပြေးလာစဉ် ရည်းစားဖြစ်သူ၏ ဦးလေးက အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၈ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်ပွားပုံမှာ အထက်ပါမိန်းကလေးသည် ၎င်း၏ရည်းစားဖြစ်သူ အုတ်လုပ်သား စိုးမင်းဦးနှင့် ခိုးရာလိုက်ပြေးလာပြီး တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အနီးရှိ အောင်ပြည့်စုံစားသောက်ဆိုင်တွင် စိုးမင်းဦး၏ ဦးလေးဖြစ်သူ စန်းမင်းထွေး (၂၆)နှစ်နှင့် (၃)ယောက်အတူ စားသောက်နေခဲ့သည်ဟု ဆိုသည်။
၁၅ မိနစ်ခန့်အကြာတွင် စန်းမင်းထွေးက အိမ်ငှားပေးမည်ဟုဆိုကာ မိန်းကလေးကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့နောက် တိုက်ကြီးမြို့နယ်၊ လသာကုန်းရွာ(ရန်ကုန်ဘက်သို့အထွက်) မြောင်းတံတားထိပ် လမ်းဘေးအရောက်တွင် အထက်ပါမိန်းကလေးကို ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းပြီး တွန်းလှဲကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး စားသောက်ဆိုင်တွင် ကျန်နေခဲ့သည့် တူတော်စပ်သူ စိုးမင်းဦးထံ ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။
စားသောက်ဆိုင်သို့ ပြန်အရောက်တွင် ၎င်း၏ရည်းစားဖြစ်သူကို ပြောပြပြီး ဥပ္ပုံစုရပ်ကွက် ဆယ်အိမ်မှူးထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ စန်းမင်းထွေးကို အရေးယူပေးပါရန် အထက်ပါ မိန်းကလေး၏ တရားလိုပြု တိုင်တန်းချက်ကို တိုက်ကြီးမြို့မရဲစခန်းက(ပ)၂၁၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို ဖမ်းစီးစစ်ဆေးလျှက်ရှိသည်။
Written by ဖြိုးဝေလင်း
Mizzima - News in Burmese
အပြည့်အစုံသို့ »
(၁၃)နှစ်သမီးကိုသားမယားအဖြစ်ပြုကျင့်
ထွန်းလင်း၊ ရန်ကုန်၊ ဇွန်-၅
တစ်ဆောင်တည်းကပ်လျက်နေသူကသားမယားအဖြစ်ပြုကျင့်ခဲ့သည်ဆိုကာတိုင်ကြားခဲ့သည့်
ဖြစ်စဉ်တစ်ခုလှိုင်သာယာမြို့နယ်တွင်ဇွန်၃ရက်ကဖြစ်ပွားခဲ့သည်။ယင်းနေ့ညနေ၄နာရီတွင်
လှိုင်သာယာမြို့နယ်နေအမျိုးသမီးတစ်ဦးသည်ဘုရင့်နောင်ဈေးသို့ပြန်ရန်(၁၃)နှစ်အရွယ်
သမီးဖြစ်သူကိုနှုတ်ဆက်စဉ်သမီးဖြစ်သူကကျောင်းမတက်ချင်ကြောင်းနှင့်အတူ
လိုက်လိုကြောင်းပြောဆိုခဲ့သည်။သမီးဖြစ်သူကိုမေးမြန်းခဲ့ရာဇွန်၁ရက်ည၁၀နာရီက
နေအိမ်အဆောင်ချင်းကပ်လျက်နေထိုင်သူရဲလင်းထွန်း(ခ)ဂျပု(၂၂ )နှစ်ကသားမယားအဖြစ်
ပြုကျင့်ခဲ့ကြောင်း၊လွန်ခဲ့သောနှစ်ပတ်ခန့်ကလည်းနှစ်ကြိမ်ခန့်ပြုကျင့်ခဲ့ကြောင်းပြောပြသိရသဖြင့်
သမီးဖြစ်သူကိုစစ်ဆေးခဲ့ရာမိန်းမကိုယ်ရောင်ရမ်းနာကျင်နေသည်ကိုတွေ့ရသဖြင့်အရေးယူ
ပေးရန်တိုင်ကြားခဲ့သည်။ သောင်ကြီး နယ်မြေရဲစခန်းမှ(ပ)၃၈၅ /၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၇၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
စံတော်ချိန်နေ့စဉ် သတင်းစာ
အပြည့်အစုံသို့ »
ခင်ငြိမ်းသစ်(ရန်ကုန်)
မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုးခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်း အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ်ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့်ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။
အမှုဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ညပိုင်း၌ လုပ်ငန်းခွင်ဝင်ရလေ့ရှိပြီး မိခင်ဖြစ်သူ သေဆုံးသွားသဖြင့် ညအချိန် တွင် နေအိမ်၌ ကလေးလေးဦးသာ ကျန်ရစ်ခဲ့သည်။ ထိုသို့ အခြေအနေကို သိထားသည့် လှိုင်ကြည် စိုးက ၂၀၁၃ နှစ်ဝက်ခန့်တွင် အိမ်ပေါ်သို့ တက်လာပြီး မိန်းကလေးငယ်ကို ဓားဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ သည်။
ထို့သို့ပြုကျင့်ပြီးနောက် အခြားသူများကိုလည်း အဓမ္မပြုကျင့်လျှင် ရသည့်အကြောင်း ပြောပြခဲ့သဖြင့် တစ်ရွာတည်းနေ ပြူးကျယ်၊ ဇော်မင်းထွန်း၊ ဖိုးခက်တို့ကလည်း အဓမ္မပြုကျင့်ခဲ့သည့် အပြင် အခြား သူများ သိရှိ သွားပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ကာယကံရှင်ကပြောကြားခဲ့သည်။
ထို့နောက် ၂၀၁၃၊ ဒီဇင်ဘာလ ၃၀ ရက်က တစ်ဖက်ရွာနေ ကရင်က ရေခပ်ပြန်လာသည့် မိန်းကလေးငယ်အား အဓ္ဓမပြုကျင့်နေစဉ် တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့သဖြင့် ၎င်း၏ အဒေါ်နှင့်အတူ ရဲစ ခန်းသို့ သွားရောက်ကာ အမှုဖွင့်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့ အမှုဖွင့်စဉ် အဓိက တရားခံ လှိုင်ကြည်စိုးက ထွက်ပေးတိမ်းရှောင်သွားကြောင်း သိရသည်။
ထိုအမှုကိုကိုင်တွယ်ခဲ့သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင်လင်း လူ့အဖွဲ့အစည်းမှ မမီးမီးက “အခုခေတ်မှာ အပြာကားအခွေတွေ ပေါပေါလောလော ၀ယ်လို့ရနေတယ်။ ဒါကြောင့် ဒီလိုအဓမ္မမှုတွေက နိုင်ငံတစ်ဝန်းလုံးများလာတယ်။ အသက်မပြည့်သေးတဲ့ သူတွေကို ဒီလို လုပ်တာကတော့ တော်တော်ဆိုးပါတယ်” ဟု မမီးမီးက သုံးသပ်ပြောကြားသည်။
Mizzima Burmese
အပြည့်အစုံသို့ »
ကျောင်းသားတဦးကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျောင်းတကျောင်းမှ ကျွမ်းဘား ဆရာမတဦး တရားစွဲခံရပြီး ယင်းတို့ ၂ ဦးပတ်သက်မှုအချိန် ၁ နှစ်ခန့်ကြာပြီဖြစ်ပါကြောင်း CBS New York က ဖော်ပြသည်။
အသက် ၃၉ နှစ်အရွယ်ရှိ ဂျိုင်းမော်စီသည် အသက် ၁၆နှစ်အရွယ်ကျောင်းသား၂ဦးနှင့် မဖွယ်မရာပြုမှုများအတွက် ကလေးတယောက်၏ လူမှုဘ၀ကို အန္တရာယ်ပြုမှု၊ အဓမ္မပြုကျင့်မှု၊ ပြစ်မှုဆိုင်ရာလိင်ကိစ္စအနေအထိုင်တို့ဖြင့် တရားစွဲချက်တင်ခံရသည်။
အစိုးရရှေ့နေများက ဆရာမနှင့်ကျောင်းသားဇာတ်လမ်းသည် လွန်ခဲ့သောနှစ်ဇွန်လက စတင်ခဲ့သည်ဟု ပြောသည်။ နယူးယောက်တွင် အမျိုးသားနှင့် အမျိုးသမီး သဘောတူလိင်ဆက်ဆံမှုကို အသက် ၁၇ နှစ်ဟု ပြဌာန်းထားသည်။
“ဒီအမှုဟာ အရမ်းစိတ်အနှေက်အယှက်ဖြစ်စရာကောင်းတယ်၊ အကြောင်းကတော့ တရားပြိုင်ဟာ ဆရာမတဦးဖြစ်လို့ပဲ၊ စာသင်ကျောင်းတွေဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့နေရာဖြစ်သင့်တယ်၊ အဲဒီလို ဖြစ်ရမယ့်အစား တရားပြိုင်ဟာ သူမရဲ့ ကျောင်းသားတဦးနဲ့ လိင်ကိစ္စ မဖွယ်မရာပြုလုပ်ကျောင်း စွပ်စွဲခံရတယ်”ဟု ကွင်းခရိုင်အစိုးရရှေ့နေ ရစ်ချက်ဘရောင်းက ပြောသည်။
မော်စီသည် ကျုးလွန်ခံကျောင်းသားထံသို့ အီးမေးလ်ပို့ပြီး “လူပျိုစစ်သလား”ဟု မေးမြန်းခဲ့ကြောင်း၊ တဏာရာဂနိုးဆွသော ဓါတ်ပုံများ ပေးပို့ခဲ့ကြောင်း CBS New York ရုပ်သံက ဖော်ပြသည်။
Watch News
အပြည့်အစုံသို့ »
မုဒိမ်းကျင့်ခံရသည့် ဆယ်ကျော်သက် မိန်းကလေး ၂ ဦး သရက်ပင်တွင် ဆွဲကြိုးချ သေဆုံးရာ ဥတ္တာပရာဒေ့ရ်ျပြည်နယ်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ဆန္ဒပြနေစဉ် (REUTERS)
လပ်က်နောင်း (အိန္ဒိယ)- အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီအစ်မနှစ်ဦးကို အုပ်စုလိုက် အဓမ္မပြုမှုဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ်အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင်စေရန် အက်စစ်လောင်း ဖျက်ဆီးခဲ့မှု စနေနေ့က ထပ်မံဖြစ်ပွားခဲ့သည်။
ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဘာရိုင်လီမြို့အနီးမှ အစ်ထ်ပူရရွာတွင် ပြန်လည်တွေ့ရှိခဲ့သည့် သေဆုံးသူအမျိုးသမီးရုပ်အလောင်းမှာ အသက် (၂၂) နှစ်ခန့်ရှိသည်ဟု ယူဆရပြီး သေဆုံးသူ၏ မျက်နှာကိုအက်စစ်၊ ဓာတ်ဆီများဖြင့် လောင်းပက်ထားမှုကြောင့် မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်ရန် ဖျက်ဆီးထားကြောင်း ထင်ရှားသည်။
တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များအရ သေဆုံးသူအမျိုးသမီးအား အုပ်စုလိုက်စော်ကားပြီး အက်စစ်များ အတင်းအကျပ်သောက်ခိုင်းကာ လည်ပင်းညှစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအမှုဖြစ်ပွားသည့် နေရာမှာ ပြီးခဲ့သည့် အပတ်အတွင်း ၀မ်းကွဲညီအစ်မနှစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး သစ်ပင်တွင် ချိတ်ဆွဲသတ်ဖြတ်ခံရသည့်ရွာနှင့် မိုင် ၆၀ ကွာဝေးသည့် တစ်ပြည်နယ်တည်းတွင်ရှိသည်။
ထိုဖြစ်ရပ်ကြောင့် တနင်္လာနေ့တွင် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မြို့တော် လပ်က်နောင်း၌ ပြည်နယ်ဝန်ကြီးချုပ်ရုံးရှေ့၌ ပြည်သူများက ၀ိုင်းဝန်းဆန္ဒပြခဲ့ကြပြီး ပြည်နယ်အတွင်း မိန်းကလေးငယ်များနှင့် အမျိုးသမီးများအား တိုက်ခိုက်မှုနှင့် လိင်ပိုင်းစော်ကားမှုများ တိုးပွားလာခြင်းကို ချက်ချင်းအရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ဝန်ကြီးချုပ်ရုံးရှေ့ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်များဖြင့် ထိုးပက်ကာ လူစုခွဲခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် အခီလက်ရှ်ယာဒတ်က ထိုအဓမ္မမှုဖြစ်စဉ်များကို ဗဟိုအစိုးရအဆင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အာမခံထားသော်လည်း ဆန္ဒပြသူများဘက်က ပြည်နယ်အာဏာပိုင်များနှင့် ရဲများ၏ တာဝန်ပေါ့လျော့မှုများနှင့် အမျိုးသမီးထုအပေါ်လုံခြုံရေးစောင့်ရှောက်မှုအားနည်းခြင်းများကို ရှုတ်ချနေသည်။
__Ref : DailyMail
7day daily
အပြည့်အစုံသို့ »
IC တီးဝိုင်းမှ ချစ်စမ်းမောင်နှင့် မျိုးကြီးတို့ကို တွေ့ရစဉ် (Foreign Office news on Burma)
ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ တွင် ပြုလုပ်မည့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာထိပ်သီးညီလာခံ ကို ကြိုဆိုသောအားဖြင့် မြန်မာ နိုင်ငံမှ နိုင်ငံရေးသမား၊ တက်ကြွ လှုပ်ရှားသူများနှင့် အနုပညာရှင် များပါဝင်သော ပညာရေးအစီ အစဉ်ကို ဗြိတိန်သံရုံးကဆောင် ရွက်လျက်ရှိသည်။
အိုင်းရင်းခရော့ခ်တေးဂီတ အဖွဲ့မှ ချစ်စမ်းမောင်နှင့် မျိုးကြီး တို့အပါအ၀င် နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူ ၁၁ ဦးသည် ပဋိပက္ခအတွင်း လိင်အကြမ်းဖက် မှုရပ်တန့်ရေးအစီအစဉ်တွင် မေတ္တာဖြင့် ပါဝင်ကူညီကြကြောင်း သိရသည်။
‘‘ဇွန်လ ၁၀ ရက်ကနေ ၁၃ ရက်အထိ လန်ဒန်မြို့မှာ ပြုလုပ်မယ့်ညီလာခံကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာဆိုတဲ့ ဗြိတိန်သံရုံး က ဆောင်ရွက်တာပါ။ လာမယ့် ၁၀ ရက်မှာလည်း ပညာပေး အစီအစဉ်ပွဲတွေ ကျင်းပဖို့ရှိပါတယ်’’ ဟု ဗြိတိန်သံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗြိတိန်သံရုံး၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အနုပညာရှင်များ နှင့် တက်ကြွလှုပ်ရှားသူများသည် ပဋိပက္ခအတွင်း လိင်အကြမ်းဖက် မှုရပ်တန့်ရေးအတွက် ထောက်ခံ ကြောင်း အစီအစဉ်တွင် ပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာ့လုံး ဆိုင်ရာထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံမှကိုယ်စားလှယ် ၁၀ ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးတိုး တက်မှုကော်မတီ၏ မြန်မာနိုင်ငံ ဆိုင်ရာအစီရင်ခံစာတွင် မြန်မာ နိုင်ငံရှိ ပဋိပက္ခအခြေအနေများ ကြောင့် လိင်အကြမ်းဖက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်နေကြောင်း သုံး သပ်ထားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ၏ ပါဝင်မှုကို ထောက်ပံ့ရန် မြန် မာအစိုးရကို တောင်းဆိုထားသည်။
7DayDaily
အပြည့်အစုံသို့ »