Showing posts with label singapore-news. Show all posts
Showing posts with label singapore-news. Show all posts

သိက္ခာမဲ့ စေတဲ့ ပုံစံနှင့် အိမ်ဖော်ကြော်ငြာပုံကို စင်္ကာပူအစိုးရ သတိပေးပြီ



စင်္ကာပူနိုင်ငံမှာ အိမ်ဖေါ်အလုပ် လုပ်ကိုင်ဖို့ သွားရောက်ခဲ့ကြတဲ့ မြန်မာ အပါအ၀င် တောင်အာရှနိုင်ငံ တွေက အိမ်ဖေါ် အလုပ်သမတွေကို သိက္ခာမဲ့ တဲ့ပုံစံနဲ့ ရောင်းအားမြှင့်ကြော်ငြာနေတာတွေ အမြန်ဆုံး ရပ်တန့်ကြဖို့၊ အိမ်ဖေါ်လုပ်ငန်းကုမ္ပဏီတွေကို စင်္ကာပူအစိုးရက မနေ့က သတိပေးလိုက်ပါတယ်။

စင်္ကာပူရဲ့ လူစည်ကားရာ ဈေးရုံကြီးတွေမှာ နိုင်ငံခြားအိမ်ဖေါ်တွေကို ရောင်းကုန် ပစ္စည်းတွေသဖွယ် သဘော ထားပြီး၊ ကြော်ညာရောင်းချနေတာတွေဟာ စာနာစိတ်ကင်းမဲ့တဲ့ မတော်မတရား လုပ်ရပ်တွေဖြစ်ကြောင်း လူအင်အား ၀န်ကြီးဌာနက ပြောပါတယ်။

  ပြီးခဲ့တဲ့ ဇွန်လက စင်္ကာပူ ကုန်တိုက်ကြီးတစ်ခုမှာ အိမ်ဖေါ်လုပ်ငန်းကုမ္ပဏီတွေက နိုင်ငံခြားအိမ်ဖေါ်တွေကို ကလေးပြုစုနေဟန်၊ အ၀တ်တွေလျှော်ဖွပ် မီးပူတိုက်နေဟန်၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပြုစုနေဟန် စတဲ့ လူကိုယ်တိုင် သရုပ်ပြကြော်ငြာခိုင်း ပြီး အရောင်းမြှင့်တင်ရေးလုပ်ခဲ့ပါတယ်။

အဲသလို အရောင်းမြှင့်တင်ရာမှာ မိမိတို့ ကုမ္ပဏီက အိမ်ဖေါ်တွေ ဘယ်လောက်ဈေးချိုကြောင်း၊ အရောင်းမြှင့် လျှော့ဈေးအနေနဲ့ ဘယ်လောက် ရာခိုင်နှုန်း ဈေးချထားကြောင်း၊ သုံးပြီးလို့ ကျေနပ်မှု မရှိရင် အချိန်မရွေး လဲလှယ်နိုင်ကြောင်း စတဲ့ ကြော်ညာတွေ နဲ့အတူ ရောင်းချခဲ့ပါတယ်။

အဲဒီလုပ်ရပ်တွေဟာ လူတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားရာရောက်တဲ့အတွက် သိက္ခာမဲ့တဲ့ အပြုအမူ ဖြစ်ကြောင်း စင်္ကာပူ လူအင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး၊ မိမိတို့ ၀န်ကြီးဌာနအနေနဲ့ မဖွယ်မရာ လုပ်ရပ် ကျူးလွန်သူတွေကို လုပ်ငန်းလိုင်စင် ရုတ်သိမ်းတဲ့အထိ လုပ်ပိုင်ခွင့်ရှိကြောင်း သတိပေးလိုက်ပါတယ်။

စင်္ကာပူမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သိရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကနေ အိမ်ဖေါ်အလုပ် လာရောက်လုပ်ကိုင်နေကြသူ အမျိုးသမီး ဦးရေ နှစ်သိန်း တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
အပြည့်အစုံသို့ »

စင်ကာပူရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူများအပါအ၀င် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာန ဖော်ပြ

အယ်လ်ဂျားဇီးရားသတင်းဌာနမှ မိုက်ကယ်မလေး ရေးသားခဲ့သည့် Buy a discount maid at Singapore's malls သတင်းဆောင်းပါးအား တွေ့ရစဉ်


စင်ကာပူနိုင်ငံရှိ ဈေးဝယ်စင်တာများတွင် မြန်မာအိမ်အကူများအပါအဝင် အိမ်အကူအလုပ်သမားများအား  ရောင်းကုန်ပစည်းတစ်ခုသဖွယ် ရောင်းချနေကြကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာနမှ မိုက်ကယ်မလေး ရေးသားခဲ့သည့် သတင်းဆောင်းပါး “Buy a discount maid at Singapore's malls” အရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အိမ်အကူများအဖြစ် သွားရောက်လုပ်ကိုင်နေကြရာတွင် စင်ကာပူနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ထိုသို့ သွားရောက်လုပ်ကိုင်ရာတွင် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ရလေ့ရှိပြီး ယခုနောက်ဆုံး အိမ်အကူများအား အလုပ်အကိုင်ခန့်ထားသည့် အေဂျင်စီများက ရောင်းကုန်ပစည်းများသဖွယ် ဈေးဝယ်စင်တာများတွင် ပြသရောင်းချနေကြခြင်း ဖြစ်သည်။

“စင်ကာပူမြို့လယ်မှာရှိတဲ့ ဘူကစ်တီမာရှော့ပင်းစင်တာကို သွားလိုက်ပါ။ မီးရောင်တွေ ထိန်ထိန်ညီးအောင်ထွန်းထားတဲ့အခန်းတွေပါဝင်တဲ့ ငါးထပ်ဆောင်နဲ့ “အိမ်အကူ” ဒါမှမဟုတ် “တွက်ခြေကိုက်သော အိမ်ဖော်” လို့ရေးထားတဲ့ ပြခန်းတွေကို တွေ့ရပါလိမ့်မယ်။ အဲဒီအခန်းတွေထဲမှာတော့ စိတ်မပါတဲ့အမူအရာနဲ့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကြတဲ့ ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေကို တွေ့နိုင်ပါလိမ့်မယ်။ သင်ဝင်လာတဲ့အချိန်မှာ သူတို့က ရိုရိုသေသေပဲ ခေါင်းညိတ်ပြကြပါလိမ့်မယ်။ တချို့က သင်အဲဒီအခန်းက ဝန်ထမ်းတွေနဲ့ စကားပြောနေချိန်မှာ အသေအချာကြည့်နေကြလိမ့်မယ်။ သူတို့ထဲက တစ်ယောက်ကို နှစ်နှစ်ဒါမှမဟုတ် အဲဒီထက်ကြာကြာပဲဖြစ်ဖြစ် သင်အိမ် ခေါ်သွားချင်ခေါ်သွားပါလိမ့်မယ်။ အဲဒီမှာထိုင်နေတဲ့ အမျိုးသမီး အိမ်တွင်းအလုပ်သမားတွေဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတွေဆီကနေ လာကြတာပါ။ သူတို့ဟာ အိမ်ရှင်နဲ့ ဘယ်လောက် ရင်းရင်းနှီးနှီးရှိတယ်၊ အလုပ်ဘယ်လောက် ကြိုးစားတယ်ဆိုတာကို ချီးကျူးပြောဆိုထားတဲ့ ဆိုင်းဘုတ်တွေရယ်၊ အထူးအရောင်းမြှင့်တင်ခြင်း၊ ဈေးလျှော့ပေးခြင်းလို့ ကြော်ငြာထားတဲ့ အရောင်တောက်တောက်ပြောင်ပြောင် ပိုစတာတွေရယ်ရဲ့ အောက်မှာ သူတို့ တွေ တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေကြတယ်” ဟု အဆိုပါ သတင်းဆောင်းပါးတွင် ရေးသားထားခဲ့သည်။

အိမ်အကူအမျိုးသမီးများအား ရောင်းကုန်သဖွယ်ပြသထားရာတွင် ၎င်းတို့လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်များပုံစံ သရုပ်ပြ လုပ်ဆောင်ရမှုများလည်း ရှိနေသည်ဟု အဆိုပါဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

“ဈေးဝယ်စင်တာက မိန်းလမ်းမရဲ့ တစ်ဘက်မှာဆိုရင် အိမ်အကူအလုပ်သမားတွေဟာ တစ်ဦးနဲ့တစ်ဦးကို လက်တွန်းလှည်းပေါ်မှာတင်ပြီး တွန်းပြနေကြတယ်။ သူတို့ဟာ သက်ကြီးရွယ်အိုတွေကို ဘယ်လိုစောင့်ရှောက်နိုင်တယ်ဆိုတာမျိုးကို သရုပ်ပြနေကြတာပါ။ နောက်တစ်ခန်းမှာတော့ အမျိုးသမီးတစ်ယောက်က ကလေးအရုပ်ကလေးကို ပုခက်လွှဲပေးနေပြီး ကလေးအရုပ်ကလေးကို သေးခံလဲပေးနေတဲ့ပုံစံ သရုပ်ပြနေတယ်။ တခြားလူတွေက ဧည့်ခန်းထဲမှာ ရှပ်အင်္ကျီတွေကို မီးပူတိုက်နေတဲ့ပုံစံ၊ အိပ်ယာပြင်ဆင်နေတဲ့ပုံစံတွေနဲ့ သူတို့ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်ပြီး သရုပ်ပြနေကြပါတယ်” ဟု ရေးသားထားခဲ့သည်။

စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် အဓိကလာရောက်လုပ်ကိုင်နေသည့်နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများဖြစ်ကြပြီး  စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူအရေအတွက်မှာ ယခင်က ၂ဝဝဝဝ ခန့်ရှိရာမှ နှစ်နှစ်အတွင်း ၃ဝဝဝဝ အထိ တိုးတက်လာခဲ့သည်။ အင်ဒိုနီးရှားအိမ်အကူအရေအတွက်မှာ ၁၂၅ဝဝဝ ကျော်ရှိပြီး ဖိလစ်ပိုင်အိမ်အကူအရေအတွက်မှာ ၇ဝဝဝဝ ကျော်ရှိသည်။

လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီးအိမ်အကူများမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၄ဝဝ မှ ၄၃ဝ ကြား ရရှိနေကြသော်လည်း နားရက်အဖြစ် ခံစားခွင့်မရှိပေ။ ထို့ပြင် အိမ်အကူဝန်ဆောင်ခအဖြစ် လစာ ရှစ်လစာ သို့မဟုတ် ဒေါ်လာ ၃ဝဝဝ ထက်မနည်းကိုလည်း ပေးဆောင်ရသေးသည်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အိမ်အကူများမှာ အနည်းဆုံးတစ်လလျှင် ဒေါ်လာ ၄၅ဝ မှ ၅ဝဝ ထိ လစာပေးရန် သတ်မှတ်ထားပြီး တစ်ပတ်လျှင် တစ်ရက် အနားယူခွင့်ပေးရသည်။ ဖိလစ်ပိုင်နိုင်ငံက ၎င်း၏အိမ်အကူများအတွက် ဝန်ဆောင်ခပေးဆောင်ရန် မလိုလားဘဲ အင်ဒိုနီးရှားကမူ လစာ၏ ခြောက်လစာ သို့မဟုတ် ဒေါ်လာ ၂ဝဝဝ ကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရန် သတ်မှတ်ထားသည်။

အဆိုပါ သတင်းဆောင်းပါးတွင် စင်ကာပူနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအကာအကွယ်ပေးရေးအဖွဲ့အစည်းများအနေဖြင့် အိမ်အကူများအား အကာအကွယ်ပေးနိုင်ရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုများပြုလုပ်ထားသော်လည်း မည်သို့မည်ပုံ စနစ်တကျအကူအညီပေးအပ်နေသည်ဆိုသည့် အချက်အလက်များကိုမူ ရှင်းလင်းစွာပြောကြားထားခြင်း မရှိပေ။

“စင်ကာပူနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအကူအညီပေးရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရွှေ့ပြောင်းစီးပွားရေးများ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်း (HOME) ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဂျိုလိုဗန်ဝမ်းကတော့ တချို့ အိမ်အကူတင်ပို့တဲ့ အေဂျင်စီတွေဟာ အိမ်အကူတွေကို လူသုံးကုန်ပစ္စည်းတွေလိုမျိုး ဈေးကွက်မြှင့်တင်တာတွေ လုပ်နေကြတယ်လို့ ပြောပါတယ်။ သူက ဖြည့်စွက်ပြောရာမှာ လူမျိုးအပေါ်မူတည်ပြီး ဝယ်ယူသူတွေစိတ်ကြိုက် ပြောဆိုသတ်မှတ်တာတွေရှိတယ်လို့လည်း ပြောပါတယ်။ လူမျိုးအပေါ် မူတည်ပြီး ပုံစံသတ်မှတ်တယ်ဆိုတာက ဖိလစ်ပိုင်တွေက ပိုပြီးဥာဏ်ကောင်းကြတယ်၊ အင်ဒိုနီးရှားတွေက နည်းနည်း ထုံတုံတုံရှိတယ်။ မြန်မာတွေကတော့ ချိုချိုသာသာရှိတယ်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိတယ် ဆိုတာမျိုးတွေပေါ့” ဟု ရေးသားထားခဲ့သည်။

စင်ကာပူရှိအိမ်အကူများ ကြုံတွေ့ရသည့်အခက်အခဲများတွင် လစာငွေမရရှိခြင်း၊ အစားအစာ လုံလောက်စွာမစားသောက်ရခြင်း၊ သတ်မှတ်ထားချိန်ထက်ပိုအောင် နာရီပေါင်းများစွာ ခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ခံစားရခြင်းတို့အပြင် အိမ်တွင်းအကူ အလုပ်သမားများအနေဖြင့် အလုပ်ရှင်အိမ်တွင်မနေမဖြစ် ဥပဒေအရသတ်မှတ်ထားသည့် စင်ကာပူနိုင်ငံ၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းကြောင့်လည်း အမျိုးသမီးအိမ်အကူများအနေဖြင့် အလွဲသုံးစားမှု ပိုမိုခံစားနေရကြောင်း သတင်းဆောင်းပါးက အိမ်အကူများအရေး အကူအညီပေးနေသည့် အဖွဲ့အစည်းများကို ကိုးကား၍ ရေးသားထားခဲ့သည်။

စင်ကာပူနိုင်ငံသည် မြန်မာအမျိုးသမီး အိမ်အကူအများစု သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်မတ်လတွင် မြန်မာအမျိုးသမီးအိမ်အကူဟု ယူဆရသူတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ ထို့ပြင် ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီးအိမ်အကူများအား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပရောက်အိမ်အကူများအား အိမ်ရှင်များက အကြမ်းဖက်မှုအဖြစ်အပျက်များ ဖြစ်ပွားလျက်ရှိသောကြောင့် အမျိုးသမီးအိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ များမကြာမီအချိန်က ဟောင်ကောင်ရောက် အင်ဒိုနီးရှား အိမ်အကူတစ်ဦးအား ဟောင်ကောင်အိမ်ရှင်လင်မယားက အလွန်အမင်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏အမျိုးသမီးအိမ်အကူတင်ပို့မှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက ၂ဝ၁၇ ခုနှစ်နောက်ပိုင်း အိမ်အကူပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံသားများအား ပို့ဆောင်ခြင်းခွင့်မပြုတော့ဟု ရည်ရွယ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားသို့ အလုပ်သမားတင်ပို့ရာ ဈေးကွက်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။
ထိုသို့ ပြည်ပရောက် အိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်စရာများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ပြည်ပသို့ အိမ်အကူပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက် တွန်းအားပေးလုပ်ဆောင်လျက်ရှိနေပြီး ယခု နှစ်အနည်းငယ်အတွင်း ဟောင်ကောင်သို့ အိမ်အကူထောင်နှင့်ချီ၍ တရားဝင်ပို့ ဆောင်ရန်လည်း စီစဉ်လျက်ရှိသည်။ မြန်မာအစိုးရက ယခုလောလောဆယ်တွင် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်သို့ အိမ်အကူတင်ပို့ခြင်းအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့လည်း တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားသည်ဟု သိရသည်။


news-eleven
အပြည့်အစုံသို့ »

ယောက်ျားလေး သူငယ်ချင်းနဲ့ အိပ်ယာတစ်ခုတည်းမှာ အတူအိပ်ဖို့ သဘောတူခဲ့တဲ့ အမျိုးသမီးက အဓမ္မကျင့်ခံရဟုဆို


စင်္ကာပူမှ ယူကေကို လွန်ခဲ့တဲ့ ဒီဇင်ဘာတုန်းက ခရီးထွက်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ယောက်က သူမ ယူကေမှာ ရှိနေစဉ် နောက်ဆုံးညမှာ အဓမ္မကျင့်ခံရတယ်လို့ တိုင်ကြားလာပါတယ်။

သူမရဲ့ ရည်းစားကတော့ အားလပ်ရက်နောက်ဆုံးတစ်ရက်ကို သူ့မိသားစုထံကို ပြန်ခဲ့တာကြောင့် သူမက တစ်ယောက်တည်း ဖြစ်နေခဲ့ပြီး နေစရာ အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာပဲ သူမနဲ့ ကျောင်းတူ ဂျူနီယာတစ်ယောက်က သူရဲ့ အဆောင်ခန်းက အိပ်ယာကို မျှသုံးဖို့ ပြောခဲ့ပါတယ်။

သူမက ဒီအကြံဥာဏ်နဲ့ပတ်သတ်ပြီးတော့ သိပ်တော့ သဘောမကျခဲ့ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပိုက်ဆံချွေတာလိုတဲ့အတွက်ကြောင့် သူမရဲ့ ဂျူနီယာ ယောက်ျားလေး သူငယ်ချင်းနဲ့ အိပ်ယာ မျှသုံးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီညမှ သူမတို့ စကားပြောကောင်းပြီး အိပ်ပျော်သွားကြပါတယ်။

ဒါပေမယ့် သူမရဲ့ ပြောကြားချက်အရ အိပ်နေစဉ် ညအချိန်အတွင်းမှာ သူ့ရဲ့လက်တွေက သူမရဲ့ တင်ပါးကို လာထိတာကြောင့် လန့်နိုးလာခဲ့တယ်လို့ ဆိုပါတယ်။

သူမက တွန်းဖယ်ဖို့ ကြိုးစားပေမယ့် သူမသူငယ်ချင်းကောင်လေးက ဆက်ပြီး လိုက်ထိတွေ့နေတဲ့အပြင် ရုတ်တရက် တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်းမှ သူမသူငယ်ချင်းက သူမကို အဓ္ဓမ ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်နေ့မနက်မှာ စင်္ကာပူကို စောစောပြန်ရမှာဖြစ်တာက တစ်ကြောင်း ညက ဖြစ်စဉ်ကြောင့် စိတ်ရှုပ်နေတာက တစ်ကြောင်း၊ သူမ UK မှာ အမူမဖွင့်ခဲ့ဖြစ်ပဲ စင်္ကာပူ ပြန်ရောက်တော့မှ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် UK မှာ ဖြစ်တဲ့ ကိစ္စအတွက် စင်္ကာပူရဲတွေက သူတို့ဘာမှမတတ်နိုင်ကြောင်းနဲ့ UK မှာ ဖြစ်ပွားခဲ့တာမို့လို့ အဲဒီမှာသာ အမှုဖွင့်နိုင်ကြောင်း ပြောပါတယ်။

သူမဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး။ သူမရဲ့ မိဘတွေကိုလည်း ယခုနှစ် မတ်လပိုင်းလောက်မှ အသိပေးခဲ့ပါတယ်။ သူမရဲ့ ဖခင်ကတော့ သိသိချင်းပဲ လေယာဉ်လက်မှတ်ဝယ်ပေးပြီး UK မှာ အမှုသွားဖွင့်ခိုင်းပါတယ်။

UK ကရဲတွေလည်း အရေးယူသင့် မယူသင့် တော်တော်လေး ဆုံးဖြတ်ရကျပ်နေပါတယ်။ သူမကို မုဒိမ်းကျင့်ခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် သူငယ်ချင်းကိုတော့ စုံစမ်းမေးမြန်မှုတွေလုပ်ခဲ့ပေမယ့် အရေးမယူခဲ့ပါဘူး။

အဓိက ပြဿနာကတော့ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးက အတော်ကလေး ကြာသွားတော့မှ အမှုဖွင့်ခဲ့လို့ပါ။ သူမ အမှုဖွင့်တဲ့အချိန်မှာ ဆေးစစ်ချက်လုပ်ပေမယ့် အဓမ္မကျင့်ခံရတဲ့ အနေအထားမျိုး မတွေ့ရတော့ပါဘဲ သူမရဲ့ ဖြစ်စဉ်ကို အတည်ပြုဖို့ ခက်ခဲတဲအတွက် အရေးမယူနိုင် ဖြစ်နေရတာပါ။

စင်္ကာပူ အမျိုးသမီးအခွင့်အရေး အဖွဲ့ကတော့ ဒီလိုမျိုး အဓမ္မကျင့်ခံရနိုင်မယ့် အဖြစ်မျိုးကို သိပေမယ့် အဓမ္မကျင့်ခံရတဲ့ ဖြစ်စဉ်မျိုးတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်မှာ အဓမ္မကျင့်ခံရသူကို လုံးဝ အပြစ်မတင်သင့်ပါဘူး လို့ ဆိုပါတယ်။

သင်ကော ဒီဖြစ်စဉ်မှာ ဘယ်သူအပြစ်ရှိတယ်လို့ ထင်ပါသလဲ?

Translated by Ygn News
အပြည့်အစုံသို့ »

စင်္ကာပူ ချန်ဂီလေဆိပ်အတွင်းမှ လည်ပတ်စရာ နေရာလေးများ


Changi လေဆိပ်ကို အခေါက်ခေါက်အခါခါ  ဖြတ်သန်းဖူးပေမယ့် ကမ္ဘာ့အဆင့် best airport award ဆုတွေရထားတဲ့ လေဆိပ်ကြီးအတွင်းမှာ ဘယ်လို Entertainment တွေရှိတယ်ဆိုတာ သတိမထားမိခဲ့ဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် အမြဲတမ်း သုတ်ချည်တင်နေရလို့ပါ။

မကြာသေးမှီကမှ duty free ၀ယ်ဖို့ Airport website ကိုမွှေနှောက်ရင်း တွေ့မိသမျှ free entertainment ရတာလေးတွေကို ဘော်ဒါတွေ စိတ်ဝင်စားမယ်ထင်လို့ ရှယ်လိုက်တယ်။

၁။ Sunflower garden 
Terminal 2 အတွင်း တတိယအထပ်မှာရှိပါတယ်။ အမှတ်တရ ဓာတ်ပုံရိုက်လို့ကောင်းတယ်။ နေကြာပန်းခင်းအပြင် ကွင်းထဲမှာရှိတဲ့ လေယဉ်ပျံ အကြီးစားကြီးတွေအပါအ၀င် နောက်ခံထားအမှတ်တရ ရိုက်ပြီး ရွာကအမျိုးတွေ ကြွားလို့ရတာပေါ့။ (ကြွားပြီးပြီ။)

၂။ Movie Theatre 
Terminal 2 transit lounge တတိယထပ် နဲ့ Terminal 3 Department lounge တတိယထပ် မှာ ရှိပါတယ်။ တကယ့် ရုပ်ရှင်ရုံကြီး အပြင်အဆင်နဲ့မခြား ခုံ ၃၀ လောက်နဲ့ mini Theatre သဘောလေးဖန်တီးထားတာပါ။ Transit သုံးလေးနာရီလောက် အချိန်ဖြုန်းရမယ့် သူတွေအတွက် သင့်တော်ပါတယ်။ Free ဖြစ်ပြီး ခဏတော့ ကြည့်ဖြစ်ခဲ့တယ် T2 မှာ။

၃။ Gamer များအတွက် Entertainment Deck 
Xbox Kinect Room, MTV booth, XBOX360 and Playstation 3 consoles, music area and the aforementioned movie theatre စတဲ့ နေရာတွေမှာ free ကစားလို့ရတယ်။ Terminal 2 အတွင်း level 2 မှာ ရှိပါတယ်။ ဂိမ်းစိတ်မ၀င်စားလို့ ကြည့်ရုံပဲကြည့်ခဲ့တယ်

၎။ Social Tree 
Terminal 1 အတွင်းမှာပဲ ရှိပါတယ်။ photo booths ၈ ခုရှိပြီး ချက်ချင်းရိုက် ချက်ချင်းပို့ ချက်ချင်း facebook upload လုပ်လို့ရပါတယ်။ social tree က မိသားစုလိုက် ဓာတ်ပုံရိုက်ပြီးရင် Airport history ဒါမှမဟုတ် မိသားစုအမှတ်တရအတွက် နှစ်ပေါင်းများစွာ သိမ်းဆည်းထားနိုင်တယ်လို့ ဆိုပါတယ်။ အချိန်မရလို့ အများကြီး မစမ်းသပ်နိုင်ခဲ့ပါ။

၅။ Rest area နဲ့ free message chairs 
T1, T2, T3 အတွင်းနေရာတော်တော်များများမှာ ရှိပါတယ်။

၆။ Free Internet, Free Phone, free Wifi & free charging 
T1, T2, T3 အတွင်းနေရာတော်တော်များများမှာ ရှိပါတယ်။ free Wifi သုံးမယ်ဆို ကိုယ့်ဖုန်နံပတ် ရိုက်ထည့်လိုက်တာနဲ့ password ပို့ပေးပါလိမ့်မယ်။ ဒါမှမဟုတ် information counter ကနေ password ယူပြီးအသုံးပြုလို့ ရပါတယ်။ ကောင်တာမှ မိန်းကလေးတွေ သဘောကောင်းပါတယ်။

၇။ Orchid garden 
T2 အတွင်း level 2 မှာ ဓာတ်ပုံရိုက်သူများစွာဖြင့် တွေ့ရပါတယ်။ သစ်ခွပန်းအစစ်များရေပန်းများဖြင့် တော်တော်အလှဆင်ထားပါတယ်။

၈။ the Xperience Zone 
ဆိုဖာခုံ ကောင်းကောင်းနဲ့ latest sport news တွေကို ငြိမ့်ငြိမ့်ညောင်းညောင်း ကြည့်လို့ရတာ T2 အတွင်းမှာ ရှိပါတယ်။

၉။ Butterfly garden 
T3 အတွင်း departure transit lounge Level 2 & 3 မှာ ရှိပါတယ်။ လိပ်ပြာအမျိုးအစားပေါင်း ၄၇ မျိုးနဲ့ အကောင်အရေ ၁၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

၁၀။ Enchanted Garden 
T2 အတွင်း level 2 မှာ ရှိပါတယ်။ ပန်းအလှဆင်မှုတွေ လှပါတယ်။ ဓာတ်ပုံရိုက်သူများနဲ့ ရှုပ်ယှက်ခက်နေတဲ့ နေရာပါ။

၁၁။ Cactus Garden (ရှားစောင်း၊ ဇောင်းကြမ်း ဥယာဉ်)
T1 အတွင်း Level 3 မှာရှိပြီး လေယဉ်ပျံများ နောက်ခံထားပြီး ဓာတ်ပုံရိုက်လို့ကောင်းတယ်။

၁၂။ အမြင့် ၁၂ မီတာရှိ လျှောစီး 
၁ စက္ကန့်ကို ၆ မီတာနှုန်းဖြင့် လျှောစီးလို့ရပါတယ်။ T3 public area မှာရှိတာပါ။ Airport မှာ ၁၀ ဖိုး ၀ယ်တဲ့ single receipt ၁ခု ပြနိုင်ရင် စီးလို့ရပါတယ်။

၁၃။ Information counter တွေမှာ free candy လည်းရသေးတယ်။  
ဘယ်လိုနှံ့အောင် လည်ရမလဲဆိုတော့ စင်္ကာပူကပြန်ရင် အစေားဆုံး check in လုပ်ပြီးဝင်ပါ။ အတွင်းမှာ Terminal 1,2 & 3 ကို ဆက်သွယ်တဲ့ sky train ရှိပါတယ်။ ကိုယ့်လေယာဉ် Gate ပိတ်ချိန်တော့ သတိထားပေါ့။ ၁ နာရီခွဲ အချိန်ပေးနိုင်ရင် နှံ့စပ်နိုင်ပါတယ်။

တခြားနိုင်ငံကနေ စ လုံးကိုဝင်ရင် ချက်ချင်းမထွက်ပါနဲ့။ Sky Train စီးပြီး ပတ်လိုက်ပါဦး။ baggage ရွေးရမယ်ဆိုပြီး စိတ်မပူပါနဲ့ ။ နောက်ဆုံး ကိုယ်အိတ်ပဲ ကျန်ပြီး တနေရာရာမှာ ပုံထားပါလိမ့်မယ်။ လုမရွေးရတော့ဘူးပေါ့။ အိတ်မှာ နာမည် အကြီးကြီးရေးထားဖို့တော့လိုတယ်။ တော်ကြာ မှားပါသွားရင် အချိန်ကုန်မှာစိုးလို့ပါ။
မသိသေးသော သူငယ်ချင်းများအတွက်ဖြစ်ပါတယ်။ ပျော်ရွှင်စွာ လည်ပတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း….

လွမ်းအောင် ကူချွဲ
အပြည့်အစုံသို့ »

ကမ္ဘာ့ပထမဆုံး စမတ်နိုင်ငံ ဖြစ်လာရန် စင်ကာပူ စီစဉ်နေ


စင်ကာပူနိုင်ငံသည် ကမ္ဘာ့ပထမဆုံး စမတ်နိုင်ငံ ဖြစ်လာရန်အတွက် စီမံကိန်းတစ်ရပ်ဖြင့် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း CommunicAsia ကုန်စည်ပြပွဲတွင် Infocomm Development Authority (IDA) က ပြောကြားခဲ့သည်။



စမတ်နိုင်ငံစီမံကိန်း စမ်းသပ်လုပ်ဆောင်မှုကို စင်ကာပူမြို့လယ်မှ မိနစ် ၄၀ ခန့် သွားရောက်ရမည့် Jurong Lake စီရင်စုတွင် စတင်မည် ဖြစ်သည်။ ၎င်းစီရင်စုတွင် fiber-optic လိုင်းများနှင့် ချိတ်ဆက်ထားသည့် above-ground box များကို အသုံးပြုကာ နိုင်ငံတစ်ဝန်းရှိ လမ်းမီးများနှင့် ကားမှတ်တိုင်များအတွက် အသုံးချသွားမည် ဖြစ်သည်။



အဆိုပါ above-ground box များသည် sensor များနှင့် ချိတ်ဆက်ထားနိုင်သည့် အတွက် လေထုညစ်ညမ်းမှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လမ်းပိတ်ဆို့မှုများကို စုံစမ်းထောက်လှမ်းပေးနိုင်သည်။ ထို့အပြင် ကင်မရာနှင့် ချိတ်ဆက်ထားသည့် sensor များသည် ပြည့်လျှံနေသည့် အမှိုက်ပုံးများကို စုံစမ်း ဖော်ပြပေးနိုင်သလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကိုလည်း ၎င်းတို့၏ အမှိုက်များ ကောက်ယူရန် သတိပေးမှုများ ပြုလုပ်ပေးမည် ဖြစ်သည်။



စင်ကာပူနိုင်ငံသည် စမတ်နိုင်ငံ စီမံကိန်းအတွက် အခြေခံ လုပ်ဆောင်ချက်များကို ပြုလုပ်ထားပြီး ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် အိမ်ထောင်စု အားလုံးနီးပါး၌ တစ်လ စင်ကာပူဒေါ်လာ ၅၀ သာ ကျသင့်သည့် အလွန်လျင်မြန်သော 1Gbps ဖိုင်ဘာအင်တာနက်ကို အသုံးပြုလျက်ရှိသည်။



အဆိုပါ ခေတ်မီမြို့များတွင် နေထိုင်သူများတွင် sensor box များတွင် တပ်ဆင်ထားသည့် wireless hotspot များကို အသုံးပြုကာ ဖုန်းများနှင့် tablet ကွန်ပျူတာများအကြား mobile data နှင့် Wi-Fi ကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်စေရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။



Ref: CNET
Internet Journal
အပြည့်အစုံသို့ »

စင်ကာပူအိမ်ရှင်ကို သတ်သည်ဆိုသော မြန်မာအိမ်အကူ စိတ်ကျန်းမာရေးပုံမှန် မဟုတ်၍ တရားရုံးမထုတ်နိုင်သေး


စင်ကာပူနိုင်ငံတွင် ပြီးခဲ့ သည့် နှစ်လခန့်က အသက် (၈၅) ကျော်အရွယ် အိမ်ရှင်အမျိုးသမီး ကို သတ်၍ ရေကူးကန်ထဲ၌ ပစ်ချထားသည်ဟု စင်ကာပူထုတ် သတင်းစာများက ဖော်ပြခဲ့သော မြန်မာအိမ်အကူ အမျိုးသမီးအား ဖမ်းဆီးထားသော်လည်း စိတ်ကျန်းမာရေးအခြေအနေပုံမှန် မဟုတ်၍ တရားရုံး စစ်မေးမှုများ တွင် တက်ရောက်နိုင်ခြင်းမရှိ ကြောင်း သတင်းရရှိသည်။

မသန်းသန်းဝင်းသည် ၎င်း အား အမြဲဆူပူနေသော အိမ်ရှင်အ ဘွားကြီးကို ကျန်အိမ်သားများ မရှိချိန်တွင်သတ်၍ ရေကူးကန်ထဲပစ်ချထားသည်ဟု စင်ကာပူတရားရုံး၌  တရားစွဲဆိုထားသော်လည်း စိတ်ကျန်းမာရေး ပုံမှန်အခြေအနေမရှိ၍ ဆရာဝန်နှင့် ပုံမှန်ပြသနေရကြောင်း ၎င်းကို ကူညီစောင့် ရှောက်ထားသူ စင်ကာပူအခြေစိုက်ဟုမ်းစင်တာမှ မကစ်တီက ပြောကြားသည်။

‘‘အိမ်ရှင်အဘွားကြီးဆူ ကြောင်း၊ စကားများကြောင်းတော့အောက်ထပ်က မြန်မာအ မျိုးသမီးကို သူပြောဖူးတယ်။ သူ့ ကလေးဘ၀ကလည်း မကောင်းခဲ့ဘူး။ အဖေက မိန်းမတွေ အများကြီးယူထားပြီး တာဝန်မကျေဘူးပေါ့။ သူ့မှာ စိတ်ညစ်စရာတွေ ရှိပေမယ့် သူသိပ်ချစ်ရတဲ့ မောင်လေးအတွက် သူသည်းခံပြီးလုပ်နေတယ်လို့ သူ့ဟန်းဖုန်းထဲမှာ ရေးထားတာတွေရှိတယ်။  အဲဒါတွေအခုရဲက သိမ်းထားတယ်။ သူ့စိတ်က ပုံမှန်မရှိတာတော့ သေချာတယ်။ ဆရာဝန်နဲ့ ပုံမှန် ပြနေတယ်’’ဟု မကစ်တီကပြောသည်။

စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိသော်လည်း အမှုမှာ တရား ရုံးကိုရောက်နေပြီဖြစ်၍ စွပ်စွဲခံရ သူ မသန်းသန်းဝင်းမလာနိုင်ပါက ဗီဒီယိုရိုက်ယူ၍ တရားရုံးက စစ် မေးမှုစတင်နေကြောင်း၊ ရုံးချိန်း လေးချိန်း ကြားနာပြီးဖြစ်ကြောင်း သိရသည်။

‘‘စစ်ဆေးမှုတွေကတော့ မရပ်ဆိုင်းပါဘူး’’ဟု ၎င်းကပြော သည်။

စင်ကာပူရောက် မြန်မာ အသိုင်းအ၀ိုင်းတွင်လည်း မသန်း သန်းဝင်းမှာ ကျန်းမာရေးအခြေအ နေမကောင်းသဖြင့် စစ်မေးမှုများ မပြုနိုင်သေးဟု သိရကြောင်း စင် ကာပူမြေအောက်ရထားလိုင်း SMRT မှ အင်ဂျင်နီယာကိုဇော်မိုး ကလည်းပြောသည်။

‘‘စင်ကာပူမှာက အိမ်အကူ ခေါ်ရင် လူ့စွမ်းအားဝန်ကြီးဌာန က ပေးရမယ့် Leavy ကြေးရယ်။ အိမ်အကူလခရယ်ပေါင်းလိုက် ရင် ဒေါ်လာရှစ်ရာလောက်ဖြစ် နေပြီ။ ဒီမှာ အိမ်ဖော်တွေရဲ့ ဘ၀က တော်တော်ဆိုးပါတယ်။ နှိပ်စက်မှုတွေမရှိဦးတော့ ထမင်းမစားရတာများတယ်။ ဒီကလူတွေက လူပိုတစ်ယောက်ဆန်ဖိုး၊ ဟင်းဖိုးပါလိုက်တွက်တာ။ ကျွန်တော့် အသိတရုတ်မတစ်ယောက်ဆို သူ့အိမ်ဖော်ထမင်းအရမ်းစားလို့ ညည်းပြတာကြုံဖူးတယ်’’ဟု ကို ဇော်မိုးကပြောသည်။

ထို့ကြောင့်စင်ကာပူအိမ်ရှင် အများစုက အိမ်အကူများအတွက် ခေါက်ဆွဲခြောက်ထုပ်များဖာ လိုက်ဝယ်ထားပြီး နံနက်နှင့်ညကိုတစ် ထုပ်စီသာကျွေးကြောင်း ၎င်းက ပြောသည်။

‘‘ဒီအမှုက သတင်းတော့ ကြားတယ်။ စင်ကာပူမှာ အလုပ် လုပ်ရတဲ့ မြန်မာတွေမှာ ဖိအား တွေများတယ်။ ဒါက ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမဟုတ် တော့ အလုပ်လုပ်ရတာ ဘယ် ပျော်ကြမလဲ။ ပညာတတ်လည်း ပညာတတ်အလျောက်စိတ်ညစ် ရတာတွေရှိတယ်။ အခုဒီလူသတ် မှုက သူနဲ့ အိမ်ရှင်အဘွားကြီးပဲ ကျန်ခဲ့တာ။ သူသတ်တယ်လို့ တော့ အများစုက ငြင်းမရအောင် ထင်ရှားတယ်ပေါ့။ ဒါပေမဲ့ တကယ်သတ်ချင်ရင်တောင်  နာ ကြည်းချက်နဲ့  လုပ်တာမဟုတ် လောက်ဘူး။ အဘွားကြီးက အရမ်းလည်း ဆူပူတော့ စိတ်ဖိစီးမှုအရမ်းများသွားပြီး ထွက်ပေါက် မဲ့သွားလို့ဖြစ်နိုင်ပါတယ်’’ဟု စင် ကာပူရောက် အိုင်တီကျွမ်းကျင်သူ မသင်းစုလဲ့က ပြောသည်။

နောက်တစ်ကြိမ်ရုံးချိန်းမှာ ဇူလိုင် ၁ ရက် နံနက် ၉ နာရီဖြစ် ပြီး မသန်းသန်းဝင်းဘက်က Homeစင်တာမှ မကစ်တီ တက်ရောက်ကြားနားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

7Day Daily
အပြည့်အစုံသို့ »

စင်္ကာပူမှာကောလဟလ ဖြစ်နေတဲ့ အောက်လမ်းအတတ်နဲ့ စီရင်ထားတဲ့အရုပ်


ဒီလိုအရုပ်မျိုးတွေ့ရင် သူ့မျက်လုံးကို အုပ်ထားတဲ့အဝတ်စကို သွားမဖယ်ပါနဲ့။ ဒီလိုမှ မဟုတ်ရင်တော့ သင့်နောက်ကို လိုက်လာပါလိမ့်မယ်။
အပြည့်အစုံသို့ »

CCTV ဖမ်းယူမှုတွင် ထင်ထင်ရှားရှား ပေါ်လာသော အဖွားအို ဝိဉာဉ် (video)

Singapore Raffles Place မှာ ဖြစ်ပွားခဲ့တာပါ။ ဓာတ်လှေကားထဲကို ဝင်လာစဉ်က လူရွယ်နှစ်ယောက်သာ ဝင်လာပြီး ပြန်ထွက်တဲ့အချိန်မှာတော့ လူရွယ်နှစ်ယောက်ထွက်ပြီး နောက်ကနေ နှေးကွေးစွာ အဖွားအိုတစ်ယောက် တရွေ့ရွေ့ ထွက်လာတဲ့ video ပါ။




အပြည့်အစုံသို့ »

အတုယူစရာ စင်ကာပူက လူမျိုးဘာသာကွဲပြားမှု

Singapore Flyer


ကျနော်တို့က လူမျိုးရေး၊ ဘာသာရေး သဟာဇာတဖြစ်ခြင်းကို အာမခံပေးနိုင်ပြီလို့ ဘယ်တော့မှ မဆိုသာဘူး။ ပြဿနာတွေကို ဖြေရှင်းမယ်၊ ဒါ့ပြင် တချိန်ထဲမှာပဲ အခြေခံနည်းနာအချို့ကို နည်းမှန်လမ်းမှန်ဖြစ်အောင် ဆောင်ရွက်ရမယ်။ အဲဒီ အခြေခံနည်းနာတွေထဲက အချို့ကို ပြောပြချင်တယ်။ ပထမက အုပ်စုအားလုံးသည် (ဆန့်ကျင်ဘက် ဘာသာသာသနာအားလုံးကို) သည်းခံတတ်ရမယ်၊ အစွန်းမ ရောက်ဘဲ အလယ်အလတ်သဘောထားမျိုး ထားရမယ်။ ခရစ်ယာန်တွေကလည်း ဒီ (စင်ကာပူနိုင်ငံ) ကို  ခရစ်ယာန် အသိုက်အ၀န်းကြီး ဖြစ်လာရမယ်လို့ မျှော်မှန်းနေလို့ မရဘူး။ မွတ်စလင်တွေကလည်း ဒီနိုင်ငံကြီးကို မွတ်စလင်နိုင်ငံ အသိုက်အ၀န်းဖြစ်လာရမယ်လို့ မျှော်မှန်းလို့ မရဘူး။ ဒီလိုပဲ ဗုဒ္ဓဘာသာတွေ၊ ဟိန္ဒူနဲ့ အခြားအုပ်စုတွေကလည်း မျှော်မှန်းနေလို့ မရဘူး။ ဒီမြေကို  မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်သူတွေ အများကြီးက (တခန်းတကဏ္ဍစီ) နေရာယူထားတယ်။


မလေးကျွန်းဆွယ်ထိပ်မှာ တည်ရှိပြီး ၇၁၆ စတုရန်းကီလိုမီတာအကျယ်သာရှိတဲ့ စင်ကာပူနိုင်ငံကို city-state ခေါ် မြို့တစ်မြို့ထဲသာရှိတဲ့ နိုင်ငံရယ်လို့ သိကြပါတယ်။ စင်ကာပူမှာ လူဦးရေ ၅ မီလီယံရှိပါတယ်။ အဲဒီ လူဦးရေ ၅ မီလီယံမှာ အဓိက လူမျိုးစု ၄ ခုပေါင်းစပ်ပါဝင်နေပါတယ်။ အများစုကတော့ တရုတ် ၇၄ ရာခိုင်နှုန်း၊ အဲဒီနောက်က မလေး ၁၄ ရာခိုင်နှုန်းနဲ့ အိန္ဒိယ ၇ ရာခိုင်နှုန်း၊ အခြားလူမျိုးစုက ၅ ရာခိုင်နှုန်း ဖြစ်ပါ တယ်။

နိုင်ငံသေးသေးလေးဖြစ်တဲ့ စင်ကာပူမှာ ကိုးကွယ်ယုံကြည်မှုနဲ့ ယှဉ်ရင် သာသနာပေါင်း ၁၀ ခုထိရှိနေတာကို တွေ့ရပါတယ်။ ဗုဒ္ဓ၊ တာအို၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ခရစ်ယာန်သာသနာတွေက အဓိက ကိုးကွယ်ကြတဲ့ ဘာသာတွေဖြစ်ပြီး ဆစ်ခ်၊ ဂျိန်းဝါဒ၊ ဇိုရိုအေစတာ၊ ဘဟာအီနဲ့ free thinker ခေါ် ဘယ်ဘာသာကိုမှ နောက်လိုက်ခြင်းမရှိတဲ့ အုပ်စု စတဲ့အုပ်စုများကတော့ မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမယ့် လူနည်းစုစာရင်းဝင် ဘာသာရေး အုပ်စုတွေပဲဖြစ်ပါတယ်။ အမေရိကန်အခြေဆိုက် လူမှုရေးအခြေခံ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးတဲ့ Pew Research Center ရဲ့ အဆိုအရ စင်ကာပူဟာ ကမ္ဘာပေါ်မှာ သာသနာအမျိုးအစား ပျံ့နှံ့မှုအများဆုံးလို့ သိရပါတယ်။ (www.pewforum.org/2014/04/04/global-religious-diversity/)

စိတ်ဝင်စားဖို့ကောင်းတာက စင်ကာပူမှာ လူတစ်ဦးဟာ မိမိကိုးကွယ်တဲ့ သာသနာက ပြဌာန်းထားတဲ့ အလေ့အကျင့်တွေအပြင် အခြား သာသနာတစ်ခုသို့မဟုတ် အများရဲ့ အလေ့အကျင့်တွေကိုပါ လက်ခံကျင့်သုံးနေတာမျိုးကို သမရိုးကျကိစ္စတစ်ခုလိုမျိုး မြင်တွေ့နိုင်ပါတယ်။ အထူးသဖြင့် polytheistic ခေါ် ဘုရားအများကိုးကွယ်တဲ့ ဘာသာအုပ်စုဝင်တွေမှာ တွေ့ရတာပါ။ ဒါကလည်း ဗုဒ္ဓဘာသာ၊ တာအို၊ ကွန်ဖြူး ရှပ်နဲ့ ရိုးရာဘိုးဘွားမိဘတွေကို ကိုးကွယ်တဲ့ ယုံကြည်မှု စတာတွေဟာ အလေ့အကျင့်အားဖြင့် တစ်ခုနဲ့တစ်ခု ပေါင်းစပ်ရောယှက်နေ တာကြောင့်လို့ ဆိုနိုင်ပါတယ်။

လမ်းဘေးတဘက်တချက်မှာရှိတဲ့ သာသနိကအဆောက်အဦငယ်တွေမှာ ဟိန္ဒူတွေရဲ့ ဂနေသျှား၊ ဟာနုမာ၊ ခရစ်ယာန်တွေရဲ့ ယေရှု၊ မယ်တော် မာယာ သာမက အာဖရို-အမေရိကန် ဘာသာအများစုမှာ ထင်ရှားတဲ့ ပင်လယ်နတ်ဘုရားမ (Mother Goddess of the Sea) ရုပ်တုတွေပါ တစ်နေရာထဲ တွေ့နိုင်ပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓနဲ့ တရုတ်လူမျိုးများကိုးကွယ်ကြတဲ့ ဘာသာသာသနာများအကြား မှာတော့ သာသနာ တစ်ခုရဲ့ ဘာသာရေးအခမ်းအနား ဒါမှမဟုတ် ဘာသာရေးအလေ့အကျင့် ထုံးတမ်းတွေမှာ အခြားဘာသာဝင်များကလည်း ပေါ့ပေါ့ပါးပါး ပါဝင်ဆောင်ရွက်ကြတာမျိုးတွေလည်း ရှိပါတယ်။

သာသနာများ ပျံ့နှံ့မှု
၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းအရ စင်ကာပူမှာ ဗုဒ္ဓဘာသာဝင် ၃၃.၃ ရာခိုင်နှုန်း၊ တာအို ၁၀.၉ ရာခိုင်နှုန်း ၊ ခရစ်ယာန် ၁၈.၃ ရာခိုင်နှုန်း၊ အစ္စလာမ် ၁၄.၇ ရာခိုင်နှုန်း၊ ဟိန္ဒူ ၅.၁ နဲ့ အခြားဘာသာ ၀.၇ ရာခိုင်နှုန်း ရှိပါတယ်။ ဘာသာမဲ့ကတော့ ၁၇ ရာခိုင်နှုန်းရှိပါတယ်။ (ပုံ – က)


ပုံ (က)
ပုံ – ခ ကတော့ ဘာသာကိုးကွယ်သူတွေကို လူမျိုးစုတွေအလိုက်ပြန်ပြီး ခွဲထုတ်ပြထားတာပါ။ ဗုဒ္ဓနဲ့ တာအိုဘာသာကိုတော့ တရုတ်လူမျိုးတွေ အများဆုံးကိုးကွယ်ပါတယ်။ မလေးလူမျိုးတွေကတော့ အစ္စလာမ်ဘာသာဝင်တွေအများဆုံးဖြစ်နေတာ အံ့သြစရာမဟုတ်သလို အိန္ဒိယ လူမျိုးစုတွေမှာလည်း ဟိန္ဒူဘာသာဝင်အများဆုံးဖြစ်နေတာကလည်း အံ့သြစရာမဟုတ်ပါ။

ဒါပေမယ့် သတိပြုရမယ့်အချက်တစ်ခုကတော့ တရုတ်တွေဟာ မလေးနဲ့ အိန္ဒိယတို့ထက်ပိုပြီး ကိုးကွယ်ရာ ဘာသာ ပြောင်းကြတယ်ဆိုတဲ့ အချက်ပါ။ အဲဒီအချက်ကိုလည်း ပုံ (ခ) ပါ စာရင်းဇယားတွေက ရည်ညွှန်းဖော်ပြ နေပါတယ်။ ဥပမာ တရုတ်လူမျိုးတွေထဲမှာ ဗုဒ္ဓ ဒါမှမဟုတ် တာအိုဘာသာဝင်တွေက ၂၀၀၀ ခုနှစ်မှာ ၆၄ ရာနှုန်းကျော်ရှိပေမယ့် ၂၀၁၀ ကျတော့ ၅၇ ရာနှုန်းကျော်ကို လျော့ကျသွားတယ်။  ခရစ်ယာန်၊ အခြားဘာသာနဲ့ ဘာသာမဲ့ကဏ္ဍတွေမှာကျတော့ ၂၀၀၀ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်နှိုင်းယှဉ်ရင် ပမာဏ မြင့်တက်လာတာကို တွေ့ရပါတယ်။

ပုံ (ခ)
၂၀၁၀ သန်းခေါင်စာရင်းအရ သာသနာပျံ့နှံ့မှုအပေါ် သုံးသပ်ချက်
စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ရဲ့ သာသနာရေးကဏ္ဍတွေအပေါ် အထူးပြုလေ့လာတဲ့ ပရောဖက်ဆာ လီလီကောင်း (www.nus.edu.sg/about-nus/nus-structure/management/item/9-professor-lily-kong) ကတော့ စင်ကာပူရဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ စာရင်း ဇယားတွေက တခါတလေ မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ မလွယ်ဘူး၊ ဘာကြောင့်လဲဆိုတော့ လူတွေက သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာဝင် တွေပါလို့ ဆိုကြပေမယ့် တကယ်တမ်းကြတော့ တကယ့်ဗုဒ္ဓဒေသနာတွေအတိုင်း နေထိုင်ပြုမူဆောင်ရွက်ကြတာမျိုး မရှိကြဘူး လို့ဆိုပါ တယ်။

ဒါ့ပြင် လီလီကောင်းက အခုလို မှတ်ချက်ပေးပြန်ပါတယ်။ တရုတ်ဘာသာဆိုတာ ရှင်းရှင်းပြောရမယ်ဆိုရင် နတ်ဘုရားနဲ့ ၀ိညာဉ်တွေကို ကိုးကွယ်ကြတဲ့ ဘာသာပါပဲ။ အဲဒီနတ်ဘုရားတွေထဲမှာ စစ်မက်တွေကို အစိုးရတဲ့ နတ်ဘုရားကနေ ကွန်ဖြူးရှပ်အထိ၊ ကွမ်ယင်မယ်တော်ကနေ တုဒိဂုန်လို့ခေါ်တဲ့ မြေနတ်မင်း၊ မာဇူးလို့ခေါ်တဲ့ ပင်လယ်နတ်ဘုရားမ တို့ပါဝင်ပါတယ်။

“ပြီးခဲ့တဲ့ နှစ်တွေမှာ စင်ကာပူနိုင်ငံသားတွေ ပိုပြီးတော့ ပညာတတ်တွေ ဖြစ်လာကြတယ်။ ဒီတော့ တရုတ်ဘာသာ ဆိုတာ ဗုဒ္ဓဘာသာမဟုတ် ဘူးဆိုတာလည်း သူတို့ သိလာကြတာနဲ့အမျှ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာ ၀င်တွေပါလို့ ခေါ်ဆိုမှုတွေလည်း လျော့လာတယ်။” လို့ လီလီကောင်းက ဆိုပါတယ်။ ဒါ့ပြင် သူမက အဲဒီတရုတ်ဘာသာဝင်အများစုဟာ အခုအခါ သူတို့ကိုယ်သူတို့ တာအိုဘာသာဝင်တွေလို့ သတ်မှတ်လာကြကြောင်း၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အရေအတွက်ဟာလည်း လျော့နည်းလာပြီး တာအိုဘာသာဝင် အရေအတွက် တိုးလာ ကြောင်း ဆိုပါတယ်။

၂၀၁၀ ခုနှစ် စင်ကာပူ သန်းခေါင်စာရင်းအချက်အလက်တွေအရ ပညာတတ်အရေအတွက် တိုးတက်လာတာနဲ့ အမျှ ဘာသာမဲ့ရာနှုန်းလည်း တိုးတက်လာကြောင်း သိရပါတယ်။ တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရရှိထားကြသူတွေထဲမှာ ၂၄ ရာခိုင်နှုန်းက ဘာသာမဲ့တွေ ဖြစ်နေတာ ကလည်း ပညာတတ်ဖြစ်လာမှုနှုန်းနဲ့ ဘာသာမဲ့အရေအတွက်တိုးလာမှု တိုက်ရိုက်အချိုးချလို့ရတယ်လို့ ဆိုရမှာပါ။

လီလီကောင်းရဲ့ အဆိုအရ ခရစ်ယာန်ဘာသာဝင် တိုးတက်များပြားလာရခြင်းရဲ့ အကြောင်းကတော့ ချာခ်ျခေါ် ခရစ်ယာန် ဘုရားကျောင်း တွေရဲ့ လုံ့လစိုက်ထုတ်မှုကြောင့်ဖြစ်ကြောင်း၊ ဒီဘုရားကျောင်းတွေဟာ ပညာတတ်ပြီး ငယ်ရွယ်တဲ့ လူထုအပေါ် အဓိကထား အာရုံ စိုက်ကြကြောင်း၊ မိမိတို့ကိုယ်ကို ဗုဒ္ဓ ဒါမှမဟုတ် တာအိုဘာသာဝင်လို့ သတ်မှတ်ထားတဲ့ မိဘတွေဟာ လက်တွေ့မှာတော့ အဲဒီဘာ သာတရားကို ကျင့်ကြံခြင်းမရှိတော့တာကြောင့် သားသမီးတွေကလည်း ဘာသာပြောင်းတာတွေ များပြားလာခြင်းဖြစ်ကြောင်း သိရပါတယ်။

သန်းခေါင်စားရင်းအရ ဟိန္ဒူနဲ့ မွတ်စလင် အရေအတွက်ကတော့ ၂၀၀၀ခုနှစ်ကနေ ၂၀၁၀ ထိနှိုင်းယှဉ်ရင် တည်ငြိမ်နေတာကို တွေ့ရပါ တယ်။

စင်ကာပူသို့ ကိုးကွယ်ယုံကြည်ရာ သာသနာများ ရောက်ရှိလာပုံ
၁၉ ရာစုအစောပိုင်းမှာ စင်ကာပူကို ၀င်လာကြတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ တရုတ်လူမျိုးတွေကနေ တဆင့် မဟာယနဗုဒ္ဓဘာသာ စင်ကာပူကို ရောက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတွင်းရှိ Telok Ayer ဘူတာရုံနားက သီယန်ဖုဂေါင်နဲ့ Tai Seng Avenue ပေါ်ကဂျင် လောင်းဆီ ဘုရားကျောင်းတွေကတော့ အစောဆုံးဆောက်လုပ်ခဲ့တဲ့ မဟာယန ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေဖြစ်ပါတယ်။

ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီနဲ့အတူ ပါလာကြတဲ့ တောင်အိန္ဒိယအနွယ် ရွှေ့ပြောင်းအခြေချသူတွေကြောင့် စင်ကာပူမှာ ဟိန္ဒူသာသာနာ အခြေတည်ခဲ့ပါတယ်။ ၁၉ ရာစု အစောပိုင်းမှာပဲ စတင်ပျံ့နှံ့ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာကိုတော့ ထိုင်းရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ယူဆောင်လာတာလို့ သိရပါတယ်။

အစ္စလမ်ဘာသာကတော့ ၈ ရာစု ဒါမှမဟုတ် ၉ ရာစုမှာ အာရပ်နဲ့ အိန္ဒိယမွတ်စလင်တွေ ယူဆောင်လာတာဖြစ်ပြီး ၁၂ သို့မဟုတ် ၁၃ ရာစုကျမှ မလေးဘုရင့်နိုင်ငံတော်တွေရဲ့ အစ္စလာမ်ဘာသာကို တရားဝင်ဘာသာအဖြစ် ပြဌာန်းလာတာနဲ့အတူ စတင်အခြေတည်ခဲ့တယ်လို့ သိရပါတယ်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ ယင်းကို အကာအကွယ်ပေးထားသည့် ဥပဒေများ
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို စင်ကာပူနိုင်ငံ အခြေခံဥပဒေက ပြဌာန်းပေးထားပါတယ်။ Interfaith dialogue ခေါ် ဘာသာ တရား အချင်းချင်း အပြန်အလှန်နားလည်မှုတွေ ရရှိစေဖို့ ဆွေးနွေးညှိနှိုင်းကြပုံမျိုးကို စင်ကာပူအစိုးရက အားပေးပါတယ်။ ဘာသာရေးကိစ္စရပ် တွေမှာ စင်ကာပူအစိုးရကိုယ်တိုင် တက်ကြွလှုပ်ရှား သူနေရာကနေ ပါဝင်ဆောင်ရွက်လေ့ရှိပါတယ်။

စင်ကာပူနိုင်ငံရဲ့ MRHA (The Maintenance of Religious Harmony Act) ခေါ် ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဥပဒေကတော့ ထင်ရှားတဲ့ ဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။ ဒီဥပဒေက PCRH (Presidential Council for Religious Harmony) ခေါ် သမ္မတကွပ်ကဲတဲ့ “ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကောင်စီ” စတင်ဖွဲ့စည်းနိုင်ဖို့ကို အထောက်အကူ ပြုပေးပါတယ်။ လက်ရှိ PCRH ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး သမ္မတ တိုနီတန်ရဲ့ တိုက်ရိုက်တာဝန်ပေးမှုအရ အငြိမ်းစား တရားသူကြီး မစ္စတာ ဂိုးဂျွန်းဆန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။ PCRH က ဘာသာရေး သဟဇာတဖြစ်ခြင်းကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေနဲ့ ပတ်သတ်ပြီး  ပြည်ထဲရေးဝန်ကြီးဌာနကို အကြံပေးအဖြစ် ဆောင်ရွက်သလို၊ MRHA ဥပဒေရဲ့ အ၀န်းအ၀ိုင်း အတွင်းမှာ အမိန့်ကြေညာစာတွေ ထုတ်ပြန်နိုင် ဖို့ရာအတွက်လည်း သမ္မတကို တိုက်ရိုက် အစီရင်ခံရပါတယ်။ PCRH ရဲ့ အဖွဲ့ဝင်တွေအဖြစ် စင်ကာပူရဲ့ အဓိက ကိုးကွယ်ရာ ဘာသာသာသနာအကြီးအကဲတွေကို ရွေးချယ်ထားပါတယ်။

၁၉၉၀ နိုဝင်ဘာ ၉ မှ စတင်ပြဌာန်းပြီး ၁၉၉၂ မတ် ၃၁ မှ စတင်အသက်ဝင်စေခဲ့တဲ့ MRHA ဥပဒေမှာ – ဘယ်သာသနာအဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဒါမှမဟုတ် အဖွဲ့ဝင် ဖြစ်ပါစေ၊ ပြည်ထဲရေးဝန်ကြီးကသာ အောက်ပါ အချက်တွေထဲက တစ်ခုခုကို ချိုးဖောက်တယ်၊ ဒါမှမ ဟုတ် ချိုးဖောက်ဖို့ ကြိုးစားတယ်လို့ ယူဆရင် အရေးယူ ခံရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကွဲပြားခြားနားတဲ့ ဘာသာရေးအဖွဲ့အစည်းတွေအကြား အမုန်းတရား၊ ရန်လိုမှု၊ အကောက်ကြံမှုနဲ့ ရန်ညှိုးရန်စထားရှိမှုတွေ ဖြစ်ပေါ်လာ အောင် ဆောင်ရွက်မယ်၊ ဘာသာရေး ကျင့်ကြံ ဆောင်ရွက်မှု ဒါမှမဟုတ် ဘာသာရေးဖြန့်ချိမှု စတာတွေကို အကာအကွယ်ယူပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မထီမဲ့မြင်ပြုတဲ့ ဆောင်ရွက်ချက်တွေ လုပ်မယ်၊ ဘာသာရေး ကျင့်ကြံ ဆောင်ရွက်မှု ဒါမှမဟုတ် ဘာသာရေးဖြန့်ချိမှု စတာတွေကို အကာအကွယ်ယူပြီး သမ္မတ သို့မဟုတ် အစိုးရအဖွဲ့ကို အနှောင့်အယှက်ဖြစ်အောင် ဆောင်ရွက်မယ်။ ဘာသာရေးခေါင်းဆောင် ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်းတစ်ခုခုကို ဖော်ပြခဲ့တဲ့ အချက်တွေ လုပ်ကိုင်ကြဖို့ တနည်းနည်းနဲ့ ကြိုးပမ်းမယ်၊ လှုံ့ဆော် တိုက်တွန်းမယ်။ ဘာသာရေးခေါင်းဆောင် မဟုတ်ပေမယ့်လည်း သာမာန်လူတစ်ယောက်အနေနဲ့ ဘာသာသာ သနာတွေအကြားမှာ ရန်လိုမှု၊ အမုန်းပွားမှု၊ အကောက်ကြံမှုနဲ့ ရန်ညှိုးရန်စဖြစ်အောင် ဆောင်ရွက်မယ်။

အဲဒီအချက်တွေထဲက တစ်ခုခုကို ကျူးလွန်ခဲ့မယ်ဆိုရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနက restraining order ခေါ် ပိတ်ပင်တားမြစ်တဲ့အမိန့်ကို ကျူးလွန်သူနဲ့ ဆန့်ကျင်ပြီး ထုတ်ပြန်ပြဌားန်ခွင့်ရှိပါတယ်။ ကျူးလွန်သူက restraining order ကို ထပ်ပြီးချိုးဖောက်ရင် ရာဇ၀တ်မှု မြောက် ပါတယ်။

(http://statutes.agc.gov.sg/aol/search/display/view.w3p;page=0;query=DocId%3A77026343-e30d-40e2-a32e-b1f5d46c5bd7%20%20Status%3Ainforce%20Depth%3A0;rec=0)

အပြစ်ပေး အရေးယူမှုများ
အရေးယူမှုတွေထဲက အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်မှာ Jehovah’s Witnesses လို့ခေါ်တဲ့ ယေဟောဝါကို သက်သေခံသူများအမည်ရ ဘာသာရေးအဖွဲ့ကို စစ်မှုထမ်းခြင်း၊ နိုင်ငံတော်အလံအား  အလေးပြုခြင်း၊ နို်င်ငံတော်အား သစ္စာပြုအဓိဌာန်ခြင်း စတာတွေကနေ ပိတ်ပင်တားမြစ်ခဲ့သလို ၁၉၈၂ မှာ Unification Church ကို ပိတ်ပစ်ခဲ့တာမျိုးတွေ ရှိပါတယ်။

စင်ကာပူရင်ဆိုင်နေရသော ဘာသာသာသနာများအကြား သဟဇာတဖြစ်ရေးကို စိန်ခေါ်နေတဲ့ ပြဿနာများ
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ၂၀၀၉ ခုနှစ် အမျိုးသားနေ့အခမ်းအနားမှာ တင်ပြခဲ့တဲ့ မိန့်ခွန်း ကို လေ့လာရင် စင်ကာပူရင်ဆိုင်နေရတဲ့ ဘာသာသာသနာများအကြား လိုက်လျောညီထွေဖြစ်ခြင်းကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေ ဘာတွေလဲဆိုတာ သိသာနိုင်ပါတယ်။

လီရှန်လွန်းပြောတဲ့ နံပါတ် ၁ ပြဿနာကတော့ မိမိကိုးကွယ်တဲ့ ဘာသာကို ပြင်းပြင်းထန်ထန် ဖြန့်ချိသာသနာပြုခြင်း ဒါမှမဟုတ် တခြားသူတွေကို မိမိကိုးကွယ်တဲ့ ဘာသာထဲ ၀င်ရောက်ဖို့ အတင်းအဓမ္မစည်းရုံးခြင်းပဲ ဖြစ်ပါတယ်။

လီရှန်လွန်းက “ခင်ဗျားတို့က ခင်ဗျားတို့ယုံကြည်တဲ့ သာသနာကို တခြားလူတွေကို ယုံကြည်ဖို့ ဖိအားပေးမယ် ဆိုရင် ဒါက အနှောင့် အယှက်ဖြစ်သလို ကျူးလွန်မှုလည်း မည်တယ်။ မကြာသေးမီက သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ခုကို ခင်ဗျားတို့ ဖတ်မိကြမှာပါ။ လင်မယားနှစ်ယောက်က ခရစ်ယာန်အယူကို ပြင်းပြင်းထန်ထန်ဖြန့်ချိတယ်၊ သူတို့ ဖြန့်ချိတဲ့ ခရစ်ယာန်အယူက တခြားအယူဝါဒတွေကို ကျူးလွန်စော်ကားရာလည်း ရောက်နေတယ်။ အဲဒီ အစော်ကားခံရတဲ့ အယူတွေက ခရစ်ယာန်အ၀န်းအ၀ိုင်းအပြင်က ဘာသာတွေ တင်မကဘူး၊ ကက်သလစ်ခရစ်ယာန်တွေလည်း ပါနေတယ်။ အဲဒီလင်မယားက ကက်သလစ်တွေဟာ ခရစ်ယာန်မဟုတ်ဘူးလို့ ဆိုကြ တယ်။ သူတို့ကို အရေးယူပြီး ထောင်ဒဏ်အပြစ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအမှုမျိုးလောက် ပြင်းထန်တဲ့အကျိုးသက်ရောက်မှုမရှိပေမယ့် ပြဿနာဖန်တီးနိုင်တဲ့ အခြားကိစ္စတွေ ရှိနေသေးတယ်။

ဥပမာ ဆေးရုံတွေက ရောဂါကြီးတဲ့ လူနာတွေကို ဘာသာပြောင်းနိုင်ဖို့ ကြိုးစားတာမျိုးတွေ ရှိတယ်ဆိုတာ ကျနော်တို့ ခဏခဏကြား သိနေရတယ်။ ဒီလူနာတွေက ဘာသာမပြောင်းချင်ဘူး။ လူနာတွေအနေနဲ့က သူတို့ဘ၀ထဲ စီးနင်းဝင်ရောက်လာတဲ့ ပုဂ္ဂလိက ပြဿနာ တွေကို အလိုမရှိဘူး။ ဒါပေမယ့် တခါတလေတော့ ဒါမျိုးတွေ ဖြစ်နေရတယ်။ နောက်ထပ်ပြဿနာက ဘာသာခြားကို သည်းခံနိုင်စွမ်းမရှိမှုပဲ။ ဘာသာခြားရဲ့ ယုံကြည်ကိုးကွယ်မှု့ကို မလေးစားတာ၊ ဘာသာခြားရဲ့ သဘောဆန္ဒကို မလိုက်လျောပေးနိုင်တာမျိုးတွေ ဖြစ်တယ်။ ခုဒီလိုပြောတော့ ခင်ဗျားက ဒီပြဿနာမျိုးကို  အုပ်စု တစ်ခုနဲ့ အခြားအုပ်စုအကြားမှာရှိတဲ့ ပြဿနာပဲဆိုပြီးတော့ ထင်မယ်။ မဟုတ်ဘူး၊ ဒါမျိုးပြဿနာက မိသားစု တစ်စုထဲမှာတင်လည်း ရှိနိုင်တယ်။

တခါတလေကျတော့ အဖေအမေက ဘာသာတမျိုးကိုးကွယ်မယ်၊ သားသမီးကျတော့ အဖေအမေကိုးကွယ်တဲ့ ဘာသာကို စွန့်ပြီး တခြားဘာသာကိုးကွယ်တယ်၊ အဖေအမေက ကွယ်လွန်တော့ သူတို့ ဘာသာဓလေ့ထုံးတမ်း အတိုင်း သင်္ဂြိုလ်ခံရဖို့ ဆန္ဒထားတယ်၊ ဒီတော့ သားသမီးက အဖေအမေဆန္ဒကို မလိုက်လျောပေးဘူး၊ ဈာပနကို မတက်တော့ဘူး။ ဒါဟာ အလွန်ဝမ်းနည်းစရာကိစ္စပါပဲ။ အစဉ်အလာဆိုတဲ့ ရှုထောင့်ကနေကြည့်ရင် ဒါဟာ သားသမီးဝတ်မကျေပွန်တာပဲ၊ ဒါမျိုးတွေ မကြာခဏဖြစ်နေတယ်။ နောက်ပြဿနာ တစ်ခုက ဘာသာခြားကို သည်းမခံပေးနိုင်တာ၊ နားလည်မပေးနိုင်တာနဲ့ အစွန်းရောက်တဲ့ ကိစ္စတွေ။ ဘာသာခြားအုပ်စုတွေကနေ ခွဲထွက်နေမယ်။ မရောနှော မဆက်ဆံဘူး။ ဒါဟာ ဘာကို ဆိုလိုသလဲ။ တသီးပုဂ္ဂလ ဆန်မှု။ ခင်ဗျားက ခင်ဗျားနဲ့ အမျိုးတူလူတွေနဲ့ပဲ ရောနှောမယ်။ အခြားလူတွေနဲ့ မရောဘူး၊ ဒီတော့ ခင်ဗျားအဖွဲ့အစည်းက အထီးကျန်တဲ့ အဖွဲ့ကြီးဖြစ်နေပြီ။”

ဖော်ပြပါအချက်တွေကတော့ လီရှန်လွန်းပြောတဲ့ စင်ကာပူက ဘာသာရေးဆိုင်ရာ ပြဿနာအချို့ပါ။

ဘာကြောင့် ဘာသာသာသနာတွေအကြား သဟဇာတဖြစ်ခြင်းက နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတာလဲ
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ၂၀၀၉ ခုနှစ် အမျိုးသားနေ့အခမ်းအနားမှာ တင်ပြခဲ့တဲ့ မိန့်ခွန်းမှာ ဘာသာသာသနာတွေအကြား လိုက်လျောညီထွေ သဟာဇာတဖြစ်ဖို့ စင်ကာပူအတွက် ဘာကြောင့် အရေးကြီးသလဲဆိုတာကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ အချို့ကို ကောက်နုတ်ဖော်ပြရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ကျနော်တို့က လူမျိုးရေး၊ ဘာသာရေး သဟာဇာတဖြစ်ခြင်းကို အာမခံပေးနိုင်ပြီလို့ ဘယ်တော့မှ မဆိုသာဘူး။ ပြဿနာတွေကို ဖြေရှင်းမယ်၊ ဒါ့ပြင် တချိန်ထဲမှာပဲ အခြေခံနည်းနာအချို့ကို နည်းမှန်လမ်းမှန်ဖြစ်အောင် ဆောင်ရွက်ရမယ်။ အဲဒီ အခြေခံနည်းနာတွေထဲက အချို့ကို ပြောပြချင်တယ်။ ပထမက အုပ်စုအားလုံးသည် (ဆန့်ကျင်ဘက် ဘာသာသာသနာအားလုံးကို) သည်းခံတတ်ရမယ်၊ အစွန်းမ ရောက်ဘဲ အလယ်အလတ်သဘောထားမျိုး ထားရမယ်။ ခရစ်ယာန်တွေကလည်း ဒီ (စင်ကာပူနိုင်ငံ) ကို  ခရစ်ယာန် အသိုက်အ၀န်းကြီး ဖြစ်လာရမယ်လို့ မျှော်မှန်းနေလို့ မရဘူး။ မွတ်စလင်တွေကလည်း ဒီနိုင်ငံကြီးကို မွတ်စလင်နိုင်ငံ အသိုက်အ၀န်းဖြစ်လာရမယ်လို့ မျှော်မှန်းလို့ မရဘူး။ ဒီလိုပဲ ဗုဒ္ဓဘာသာတွေ၊ ဟိန္ဒူနဲ့ အခြားအုပ်စုတွေကလည်း မျှော်မှန်းနေလို့ မရဘူး။ ဒီမြေကို  မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်သူတွေ အများကြီးက (တခန်းတကဏ္ဍစီ) နေရာယူထားတယ်။ သူတို့မှာ ကွဲပြားတဲ့ သွန်သင်ချက်၊ အလေ့အကျင့်တွေ ရှိတယ်။ အုပ်စုတခုထဲကို အကျိုးသက်ရောက်နေတဲ့ ဥပဒေမျိုးကို ဥပဒေလို့ မဆိုသာဘူး။ ဥပဒေဆိုတာ အားလုံးအပေါ် အကျိုးသက် ရောက်နေရမယ်။ မွတ်စလင်တွေ အရက်မသောက်တာနဲ့ ပဲ အရက်ကို ပိတ်ပစ်ဖို့မလိုဘူး။ ဘာသာအများစုက တားမြစ်တဲ့ လောင်းကစား မှုကိုလည်း ပိတ်ပစ်စရာမလိုဘူး။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုကြတယ်ဆိုရင် ‘live and let live’ ခေါ် မိမိကိုယ်တိုင်လည်း မှီတင်းနေထိုင်မယ်၊ အခြားသူကိုလည်း နေရာပေးပြီး မှီတင်းနေထိုင်စေမယ်ဆိုတဲ့ နည်းနာကို ကျင့်သုံးရမယ်။ ဒုတိယအနေနဲ့ ဘာသာရေးကို နိုင်ငံအုပ်ချုပ်ရေးနဲ့ ရောထွေးမနေဖို့ လုပ်ဆောင်ရမယ်။ စင်ကာပူရဲ့ သာသနာဟာ အမေရိကရဲ့ သာသနာမဟုတ်သလို အစ္စလာမ်မစ်တိုင်းပြည်တစ်ခုရဲ့ သာသနာလည်း မဟုတ်ဘူး။ ဥပမာ- အီရန်ကို ကြည့်မယ်။ အစ္စလာမ်မစ်တိုင်းပြည်။ အားလုံးက ရှီးယိုက်တွေ။ သူတို့တွေ ရွေးကောက်ပွဲလုပ် ကြတော့ ပြိုင်ဆိုင်မှုက ကြမ်းတမ်းတယ်။ ရလဒ်အပေါ်မှာလည်း ငြင်းခုန်တာမျိုးတွေ ရှိတယ်။ အဟ်မဒ်ဒီနီဂျက်နဲ့ မူဆာဝီတို့ ပြိုင်ကြတာပါ။ နှစ်ဘက်စလုံးက အစ္စလာမ်သာသနာကို ဗန်းပြကြတယ်။ မူဆာဝီထောက်ခံသူတွေက စစ်ညာသံပေးသလိုမျိုး အလ်လာဟို့အက္ကဘာရ် (အလာဟ်အကြီးဆုံး) ဆိုပြီး ဟစ်ကြွေးကြတယ်။ ဒါပေမယ့် အီရန်က ရှီးယိုက်အစ္စလာမ် မစ်နိုင်ငံ။ ပြဿနာတွေဖြစ်ပြီးတဲ့နောက် သူတို့က အသိုက်အ၀န်းတစ်ခုထဲ အသွင်ပြန်ရောက်သွားမှာပဲ။ အကယ်၍ စင်ကာပူမှာ အုပ်စုတစ်ခုက (အီရန်မှာမဲဆွယ်သလို) ဘာသာရေးကို ဗန်းပြမယ်ဆိုရင်၊ အခြားအုပ်စုကလည်း သူတို့ကိုးကွယ်တဲ့ ဘာသာကို ရှေ့တန်း တင်ပြီး ထောက်ခံမှုရဖို့ လုပ်လာကြမှာပဲ။ တအုပ်စုကလည်း ငါတို့က ဘုရားအလုပ်လုပ်နေတာလို့ဆိုမယ်၊ အခြားအုပ်စုကလည်း ထိုနည်းလည်းကောင်း ဆိုမယ်။ နှစ်ဖက်စလုံးက သဘောတူညီချက်ရရှိဖို့ မလုပ်နိုင်ဘူးလို့ ပြောကြမယ်။ ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စကြီးပဲ။ ရလဒ်က ဘာသာခြားအုပ်စုနှစ်ခုအကြား အညိအစွန်းတွေဖြစ်လာမယ်၊ မျက်ရည်နဲ့ လမ်းခွဲရမယ်။ ဒါမျိုးကို ကျွန်တော်တို့  (စင်ကာပူနိုင်ငံက) အလွန်သတိဝီရိယကြီးစွာနဲ့ ကိုင်တွယ်တယ်။ ”

စင်ကာပူက ကွဲပြားခြားနားတဲ့ ဘာသာဝင်များအကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီလား
လီရှန်လွန်းက ၂၀၀၉  ခုနှစ် အမျိုးသားနေ့မိန့်ခွန်းမှာ အောက်ပါအတိုင်း ထည့်သွင်း တင်ပြခဲ့ပါတယ်။

“စင်ကာပူရဲ့ ဘာသာသာသနာများအကြား သဟဇာတဖြစ်မှုအခြေအနေကို အာမခံချက်ပေးနိုင်တဲ့အဆင့်လို့ ဆိုရင် ရကောင်း ရနိုင်မယ်။ ဒါပေမယ့် စင်ကာပူကို အလည်အပတ်ရောက်လာတဲ့သူတွေကတော့ ဒီဟာနဲ့ပတ်သတ်ပြီး အံ့သြကြတယ်။ မကြာသေးခင်ကာလကပဲ ဆီးရီးယားနိုင်ငံရဲ့ အစ္စလာမ်ဘာသာ  ဦးဆောင် ဓမ္မသတ်မှူး (မုဖ်သီ)နဲ့ ဆုံခဲ့ပါသေးတယ်။ သူ့ဆီက ပညာတော်တော်ရလိုက်တယ်။ သူက စင်ကာပူရဲ့ လူမျိုးစုတွေ၊ ဘာသာသာသနာတွေအကြား နားလည်မှုရှိစွာ ငြိမ်းချမ်းနေတာကို ရည်ညွှန်းပြီး နိုင်ငံရဲ့ ကြီးမားတဲ့ ရတနာလို့ ကင်ပွန်းတပ်တယ်။  ကွဲပြားခြားနားမှုတွေကို ဘယ်လိုမျိုး သည်းခံရောင့်ရဲနေကြသလဲဆိုတဲ့အပေါ်မှာ သူက တော်တော်ကြီး အထင်တကြီး ဖြစ်နေတယ်။ ဆီးရီးယားဓမ္မသတ်မှူးက ကျွန်တော်ကို ဒီလိုပြောတယ်။ ဥပမာ ခရစ်ယာန်ဘာသာဝင် ကလေးတစ်ဦး၊ ဗုဒ္ဓဘာသာဝင် ကလေးတစ်ဦး၊ မွတ်စလင်နဲ့ဂျူးဘာသာဝင် ကလေးတစ်ဦး စုစုပေါင်း လေးဦးရှိတဲ့ မိခင်အနေနဲ့ ဘယ်ကလေးကို ပိုချစ်မလဲဆိုပြီးတော့ပါ။ ဒီမေးခွန်းက သူကပဲ ခုလို ဖြေကြားခဲ့ပါတယ်။ မေးခွန်းက မဖြစ်နိုင်တဲ့ မေးခွန်းမျိုးပဲ၊ မိခင်က သူ့ကလေး လေးဦးစလုံးကို သာတူညီမျှချစ်မှာပဲ၊ ဘာကြောင့်လဲဆိုတော့ အားလုံးက သူ့ကလေးတွေဖြစ်နေလို့ပဲ။ ဒါပေမယ့် အဲဒီလေးဦးထဲကမှ ကျန်တဲ့ သုံးဦးအပေါ် အကောင်းဆုံး ကြည့်ရှုစောင့် ရှောက်တတ်သူကို မိခင်က ပိုပြီး သဘောကျလိမ့်မယ်။ အဲဒီအခါ ကျွန်တော်က ဆီးရီးယားဓမ္မသတ်မှူးကို ကျေးဇူးတင် တဲ့အကြောင်း ပြန်ပြောခဲ့တယ်။ တဆက်တည်း ကျွန်တော့်အနေနဲ့ စင်ကာပူသည်လည်း ပန်းတိုင်ကို လုံးဝဥဿုံ အရောက်လှမ်းနိုင်ခဲ့ပြီလို့ မခံစားရသေးတဲ့အကြောင်း၊ ကျွန်တော်တို့အနေနဲ့ သတိဝီရီယထား ကြရအုန်းမှာဖြစ်တဲ့အကြောင်း၊ ဘာကြောင့်လဲဆိုတော့ လူမျိုးရေး ဘာသာရေး အငြင်းပွားမှုမျိုး ဆိုတာက ကျွန်တော်တို့အားလုံးကို တကွဲတပြားဆီ ဆွဲထုတ်သွားနိုင်တဲ့အတွက်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။”

နိုင်ငံသားတွေရဲ့ သဘောထားကို သိသာအောင် ဘယ်လို ရှာဖွေဖော်ထုတ်မလဲ
နိုင်ငံသားတစ်ဦးဟာ သူနဲ့ လူမျိုးမတူ ဒါမှမဟုတ် ဘာသာမတူတဲ့ အခြားနိုင်ငံသားတစ်ဦးအပေါ် သဘောထား ဘယ်လိုရှိသလဲဆိုတာကို သိအောင် လုပ်ယူကြရပါမယ်။ ဒါမှသာ သင့်တင့်မျှတတဲ့ နောက်ဆက်တွဲဆောင်ရွက်မှု မျိုးကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

စင်ကာပူကတော့ နိုင်ငံသားတွေရဲ့ သဘောထားကို survey ခေါ် စစ်တမ်းတွေ ကောက်ပြီး လေ့လာကြပါတယ်။

နန်ယန်နည်းပညာတက္ကသိုလ် (NTU) က ဦးစီးဆောင်ရွက်တဲ့ ၂၀၀၇ နိုဝင်ဘာလထုတ် “စင်ကာပူနိုင်ငံရဲ့ လူမျိုးကွဲ ဘာသာကွဲများအကြား ဆက်ဆံရေးံ” ခေါင်းစဉ်ပါ စစ်တမ်းအစီရင်ခံစာကို လေ့လာကြပါမယ်။

ဒီစစ်တမ်းမှာ လူမျိုးကြီးလေးခုဖြစ်တဲ့ တရုတ်၊ မလေး၊ အိန္ဒိယ နဲ့ အခြားဆိုတဲ့တာတွေကို အုပ်စု ၄ခု ခွဲတယ်။ ဗုဒ္ဓ သို့မဟုတ် တာအို၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဘာသာမဲ့ ဆိုပြီး ဘာသာတွေအလိုက်က အုပ်စု၎ ခု ခွဲတယ်။ စစ်တမ်းကို ပါဝင်ဖြေဆိုသူပေါင်း ၁၈၂၄ ဦးအပေါ် အခြေခံပြီး တွက်ချက်ပြထားတယ်။ စစ်တမ်းပါ မေးခွန်းတွေက ရိုးရှင်းတယ်၊ ဖြေဆိုသူရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း သိသာစေတယ်၊ ဖြေဆိုသူကိုလည်း မေးခွန်းက ဘာကို ဆိုလိုတာလဲဆိုတာ သိသာအောင် သွယ်ဝိုက်တဲ့ အသုံးအနှုံးတွေ ရှောင်ပြီး စကားလုံးကို ကျစ်ကျစ်လစ်လစ် ထိထိမိမိ သုံးထားတယ်။ ဒီစစ်တမ်းမှာ အဓိက မေးခွန်းတွေက ဥပမာ – ပါဝင်ဖြေဆိုသူက ဗုဒ္ဓဘာသာဝင် သို့မဟုတ် တာအိုဘာသာဝင်ဖြစ်တယ်ဆိုပါစို့။ သူ့အတွက်မေးခွန်းက -

မေးခွန်း (၁) ဘ၀မှာ အရေးကြီးတဲ့ အခမ်းအနားတွေကို ဘယ်လို သူငယ်ချင်းတွေနဲ့ အတူ ကျင်းပလိုပါသလဲ။ (ဥပမာ – မွေးနေ့ကနေ မင်္ဂလာအခမ်းအနားအထိ) ရွေးချယ်ဖို့က – ဗုဒ္ဓဘာသာတာအိုသူငယ်ချင်းများ၊ မွတ်စလင် သူငယ်ချင်းများ၊ ဟိန္ဒူသူငယ်ချင်းများ၊ ခရစ်ယာန် သူငယ်ချင်းများ၊ အခြားဘာသာဝင် သူငယ်ချင်းများ၊ ဘာသာမဲ့ခေါ် free thinkers သူငယ်ချင်းများ။ ဖြေဆိုသူက သူရဲ့ အထူးအခမ်းအနားမှာ ဗုဒ္ဓဘာသာ သို့မဟုတ် တာအို သူငယ်ချင်းဘယ်လောက်ထိ ပါဝင်စေချင်သလဲ၊ တခြားဘာသာဝင်တွေကို ဖိတ်ချင်ပါသလား၊ မွတ်စလင်တွေပါရင် နှစ်သက်သလား၊ ဟိန္ဒူတွေ ပါရင် နှစ်သက်သလား၊ ခရစ်ယာန်တွေပါရင် နှစ်သက်သလား၊ ဘာသာခြားတွေပါရင်ရော၊ ဒါမှမဟုတ် ဘာသာမဲ့တွေ ပါရင်ရော နှစ်သက်ပါသလား။ ဘယ်လောက်ထိ နှစ်သက်ပါသလဲ၊ စသဖြင့် ဖြေပေးရပါတယ်။

မေးခွန်း (၂) ကတော့ သားသမီးတွေရဲ့ အပေါင်းအသင်း သူငယ်ချင်းများ။ ကိုယ့်မွေးထားတဲ့ သားသမီးများရဲ့ သူငယ်ချင်းတွေထဲမှာ ဘာသာခြားတွေ ပါနေရင် လက်သင့်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၃) ကတော့ ညီအစ်ကိုမောင်နှမများရဲ့ ခင်ပွန်း သို့မဟုတ် ဇနီး။ ကိုယ့်ရဲ့ ခယ်အို သို့မဟုတ် ခယ်မကသာ ဘာသာခြားဖြစ်နေရင် လက်သင့်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၄) ကတော့ မိမိကိုယ်ပိုင်ရဲ့ ခင်ပွန်းသို့မဟုတ် ဇနီး။ ဘာသာခြားကို ခင်ပွန်းသို့မဟုတ် ဇနီးအဖြစ် ရွေးချယ်မလား။

မေးခွန်း ၁ ကနေ ၄ အထိက ပုဂ္ဂလိက (personnel) နဲ့ ဆိုင်တဲ့မေးခွန်းတွေဖြစ်ပြီး ကျန်တဲ့ မေးခွန်းတွေကတော့ ဘုံမေးခွန်း (public) တွေ ဖြစ်ပါတယ်။

မေးခွန်း (၅) ကတော့ social ခေါ် လူမှုဆက်ဆံရေးနဲ့ဆိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။
၅.၁ ကိုယ့်ရဲ့ အနီးကပ်ဆုံးအိမ်နီးချင်းဟာ ဘာသာခြားဖြစ်နေရင် ဒါမှမဟုတ် လူမျိုးကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၂ ကိုယ့်ကို စာသင်ကြားပြသပေးတဲ့ ဆရာများဟာ လူမျိုးကွဲ ဒါမှမဟုတ် ဘာသာကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၃ ရထား သို့မဟုတ် ဘတ်စ်ကားပေါ်မှာ ထိုင်ရင် ဘေးချင်းကပ်လျက်ထိုင်နေတဲ့သူက လူမျိုးကွဲသို့မဟုတ် ဘာသာကွဲဖြစ်နေရင် လက်ခံနိုင်မှုအတိုင်းအတာ။
၅.၄ အကူအညီလိုအပ်လို့ အကူအညီတောင်းချင်ရင် ဘာသာခြား သို့မဟုတ် လူမျိုးကွဲထံမှာ အကူအညီ တောင်းချင်ပါသလား။

မေးခွန်း (၆) ကတော့ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ မေးခွန်းတွေ။
    ၆.၁ လူမျိုးခြား၊ ဘာသာခြားသူဌေးထံမှာ အလုပ်လုပ်လိုပါသလား။
    ၆.၂ လူမျိုးခြား၊ ဘာသာခြားတွေနဲ့အတူတူ အလုပ်လုပ်လိုပါသလား။
    ၆.၃ လူမျိုးခြား၊ ဘာသာခြားတွေကို ကိုယ့်ရဲ့အလုပ်မှာ ခန့်ထားလိုပါသလား။

မေးခွန်း (၇) ကတော့ နိုင်ငံရေးမေးခွန်းတွေ။
၇.၁ ကိုယ်နေထိုင်တဲ့ နယ်မြေရဲ့ ပါလီမန်အမတ်က ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။
    ၇.၂ စင်ကာပူရဲ့ ၀န်ကြီးချုပ်က ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။
    ၇.၃ စင်ကာပူရဲ့ သမ္မတက ဘာသာခြားလူမျိုးခြားဖြစ်နေရင် လက်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၈) က လုံခြုံရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ။
    ၈.၁ ရဲဌာနက ရဲသားတွေထဲမှာ ဘာသာခြားလူမျိုးခြားပါနေရင် လက်ခံနိုင်မှု အတိုင်းအတာ။
    ၈.၂ စစ်သားတွေထဲမှာ ဘာသာခြားလူမျိုးခြားပါနေရင် လက်ခံနိုင်မှု အတိုင်းအတာ။

မေးခွန်း (၉) ကတော့ လူနည်းစုနဲ့ လူများစုဆိုတဲ့ majority – minority အဆင့်သတ်မှတ်ထားမှုတွေနဲ့ ဆိုင်တဲ့ မေးခွန်းတွေ။ နိုင်ငံတစ်နိုင်ငံမှာ လူနည်းစု လူမျိုးကွဲနဲ့ လူများစုဆိုပြီး အုပ်စုတွေ ကွဲပါတယ်။ အဲဒီလိုကွဲတဲ့အခါ -

၉.၁ နေရာတစ်နေရာကို သွားလို့ အဲဒီမှာ တရုတ်တွေချည့်ပြည့်နေရင် ဒါမှမဟုတ် မလေးတွေချည့်ပြည့်နေရင်၊ ဒါမှမဟုတ် အိန္ဒိယတွေချည့်ပြည့်နေရင် ဒါမှမဟုတ် ဘာသာခြားတွေချည့်ပြည့်နေရင် လက်ခံနိုင်မှု၊ သွားရောက်လိုမှု အတိုင်းအတာ။

၉.၂ စင်ကာပူရဲ့ လူများစုလူမျိုးက တရုတ်တွေဖြစ်လာရင် ဒါမှမဟုတ် အိန္ဒိယတွေဖြစ်လာရင် ဒါမှမဟုတ် မလေးတွေဖြစ်လာရင် ဒါမှမဟုတ် ဘာသာခြားလူမျိုးကွဲတွေဖြစ်လာရင် လက်ခံနိုင်မှုအတိုင်းအတာ။

အောက်ဖော်ပြပုံကတော့ မေးခွန်းတွေအပေါ်အခြေခံပြီး ရာခိုင်နှုန်းအလိုက်တွက်ချက်ပြီး အဖြေထုတ်ပြထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာဝင်တစ်ယောက်အနေနဲ့ မေးခွန်းတွေကို ဖြေထားပြီး အဲဒီဖြေဆိုထားချက်အားလုံးအပေါ်မှာ ရာခိုင်နှုန်းအလိုက် ဖော်ပြထားပါတယ်။


အောက်ဆုံးမှာ မေးခွန်းတွေအလိုက် ရရှိလာတဲ့ ရာခိုင်နှုန်းတွေကို mean value ဆိုတဲ့ သမတ်ကိန်းနဲ့ ဖော်ပြထားပါတယ်။ ရလဒ်က ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာဝင်များဟာ မွတ်စလင်များနဲ့ အဆက်အဆံ လုပ်လိုမှု ဒါမှမဟုတ် မွတ်စလင်များကို နှစ်လိုမှုက ၈၇ ရာခိုင်နှုန်း၊ ဟိန္ဒူများကို အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုကလည်း ၈၇ ရာခိုင်နှုန်း၊ ခရစ်ယာန် များကို အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုက ၉၅ ရာခိုင်နှုန်း၊ အခြားဘာသာဝင်များနဲ့ အဆက်အဆံလုပ်လိုမှု ဒါမှမဟုတ် နှစ်လိုမှုက ၉၃ ရာခိုင်နှုန်းနဲ့ ဘာသာမဲ့များကို နှစ်လိုမှု ဒါမှမဟုတ် အဆက်အဆံလုပ်လိုမှုက ၉၇ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။

စစ်တမ်းရဲ့ အနှစ်ချုပ်မှတ်တမ်းအရ ဆန္ဒမဲပေးခဲ့တဲ့ ဘာသာကွဲလူမျိုးကွဲအားလုံးရဲ့ အနည်းဆုံး ၉၀ ရာခိုင်နှုန်းက မိမိနဲ့ အမျိုးမတူ ဘာသာလူမျိုးကွဲနဲ့ ပေါင်းသင်းဆက်ဆံ၊ အတူတကွယှဉ်တွဲနေထိုင်ကြရမှာကို လက်ခံနှစ်လိုကြကြောင်း သိရပါတယ်။

လူမျိုးဘာသာကွဲပြားမှုကြောင့် ဖြစ်လာမယ့် အစိုင်အခဲတစ်ခုခုကို ကြိုတင်တွက်ချက်မိစေဖို့ အဓိကပြဿနာနှစ်ရပ် တင်ပြဖို့ လိုအပ်တဲ့ အကြောင်း စစ်တမ်းက ဆိုပါတယ်။ နံပါတ် ၁ က ဘာသာကွဲလူမျိုးကွဲအုပ်စုတိုင်းရဲ့ ပေါင်းသင်းဆက်ဆံမှု အလေ့အထအပေါ်မှာ လူမျိုး ဘာသာ ကွဲပြားခြင်းက  ကောင်းကျိုးဆိုးကျိုးသက်ရောက်နေသလား၊ တကယ်လို့ ဆိုးကျိုးသက်ရောက်မှု ရှိနေတယ် ဆိုရင် အဲဒီသက်ရောက်ခြင်းက အမြဲတမ်းရှိနေတာလား၊ အုပ်စုကွဲ တစ်စု ဒါမှမဟုတ် ဘာသာအမျိုးအစား တစ်ခုအားဖြင့် သက်ရောက်နေတာလား။ နံပါတ် ၂ က လူမျိုးကွဲအုပ်စုတိုင်း၊ ဘာသာကွဲအုပ်စုတိုင်းက မိမိတို့နဲ့ မတူကွဲပြားတဲ့ အခြားအုပ်စုအားလုံးအပေါ်မှာ တပြေးညီ သဘောထားမျိုးရှိရဲ့လား၊ ဒါမှမဟုတ်ဘဲ အုပ်စုတစ်ခုကိုတော့ဖြင့် ကွက်ပြီး အခြားအုပ်စုတွေထက် ပိုနှစ်သက်နေသလား ဆန်းစစ်ပါတယ်။

စစ်တမ်းဖော်ပြချက်အရ စင်ကာပူနိုင်ငံသားများဟာ နိုင်ငံရေး ခေါင်းဆောင် ရွေးချယ်တဲ့ ကိစ္စအပါအ၀င် အခြားကိစ္စအားလုံးမှာ လူမျိုးကွဲ ဘာသာကွဲဖြစ်နေခြင်းကို အရေးတကြီးနေရာထားပြီး စဉ်းစားရမယ်လို့ မသတ်မှတ်ကြကြောင်း သိရပါတယ်။ ဒါပေမယ့် စင်ကာပူက လူမျိုးကွဲအုပ်စုတိုင်းဟာ မိမိတို့ရဲ့အိမ်ထောင်ဖက်ကို ရွေးချယ်ရာမှာတော့ လူမျိုးကွဲ ဘာသာကွဲပြားနေခြင်းကို အရေးကြီးတဲ့ နေရာကနေ ထည့်သွင်းစဉ်းစားရမယ်လို့ သတ်မှတ်ထားတဲ့အကြောင်း ဆန္ဒမဲ ပေးခဲ့ကြတာ တွေ့ရပါတယ်။

တရုတ်လူမျိုးကတော့ အားလုံးလိုလားအနှစ်သက်ဆုံးလူမျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်လူမျိုး ကတော့ အခြားလူမျိုးကွဲကို လိုလားမှုအနည်းဆုံးဖြစ်တယ်လို့ စစ်တမ်းကဆိုပါတယ်။ ဘာသာရေးမှာဆိုရင်တော့ တာအို သို့မဟုတ် ဗုဒ္ဓဘာသာဝင်တွေကို လိုလားနှစ်သက်မှုအများဆုံးရှိကြပေမယ့် တာအို သို့မဟုတ် ဗုဒ္ဓဘာသာဝင်တွေကတော့ ဘာသာကွဲကို လိုလားမှု အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုကြတဲ့သူတွေဟာ သူတို့အနေနဲ့ ဘာကြောင့် အဲလိုဖြေဆိုခဲ့တာလဲဆိုတာနဲ့ ဘယ်အကြောင်းတွေက သူတို့ကို အဲလို အဖြေပေးဖို့တိုက်တွန်းနေသလဲဆိုတာတွေကို အသေအချာလေ့လာဖို့ လိုအပ်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

အထက်မှာ ဖော်ပြခဲ့တာကတော့ နိုင်ငံသားတွေရဲ့ သဘောထားအမှန်ကို ရှာဖွေဖော်ထုတ်တဲ့ နည်းလမ်းတမျိုး ဖြစ်သလို အတုယူစရာ တွေလည်း ပါဝင်နေပါတယ်။

စင်ကာပူရဲ့ ဘာသာကွဲ လူမျိုးကွဲအပေါ်ထားရှိတဲ့ သဘောထားနဲ့ ကိုင်တွယ်ပုံကို အတုယူသင့်သလား
ယေဘုယျအားဖြင့်တော့ အတုယူသင့်တယ်လို့ ဆိုရပါမယ်။ ဥပဒေအားဖြင့်သော်လည်းကောင်း၊ ပညာပေး အစီအစဉ်တွေအားဖြင့်သော်လည်းကောင်း စိစစ်ကြပ်မတ်ထားတာကြောင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေးဟာ စင်ကာပူမှာ စံပြပုံစံအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

စင်ကာပူရဲ့စံပြ သရုပ်နဲ့ ပတ်သတ်ပြီး အစ္စလာမ်သာသနာထဲက ကမ္ဘာပေါ်မှာ နောက်လိုက်လူဦးရေအများဆုံး အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင် ခလီဖာ (Caliph) က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၃ က ခုလို မှတ်ချက်ပေးခဲ့ပါတယ်။ “စင်ကာပူအစိုးရက သာသနာတစ်ခုကို ဆန့်ကျင်ရှုံ့ချတာမျိုး ခွင့်မပြူပေမယ့် သာသနာတစ်ခုရဲ့ အပြုသဘောဆောင် သွန်သင်ချက်တွေကို ဖြန့်ချိဖို့အတွက်တော့ လွတ်လပ်ခွင့်ပေးထားတာကြောင့် စင်ကာပူက အဟ်မဒီမွတ်စလင်မ်တွေအတွက်တော့ အခြေအနေကောင်းတစ်ခု ပဲ ဖြစ်ပါတယ်။”

ဝေဖန်မှုအချို့ရှိနေပေမယ့် pew research centre ရဲ့ အဆိုအရ ဘာသာကွဲပြောင်း အများဆုံးဖြစ်နေတဲ့ စင်ကာပူကတော့ အတုယူရမယ့် စာရင်းထဲမှာ ထိပ်ဆုံးနေရာက ရှိနေဆဲဖြစ်ပါတယ်။ စင်ကာပူရဲ့ လက်ရှိခေါင်းဆောင် လီရှန်လွန်းပြောပြထားတဲ့ အချက်တွေကလည်း ဂရုဓမ္မပြု စဉ်းစားရမယ့် အချက်တွေဖြစ်သလို အတုယူဆောင်ရွက်ရမှာတွေလည်း ပါဝင်နေပါတယ်။ “မိဘက သားသမီးတွေအားလုံးအပေါ် တပြေးညီ ချစ်ပေမယ့် မောင်နှမအချင်းချင်းအပေါ်မှာ  အနွံတာခံတဲ့ သားသမီးကို  ပိုပြီး သဘောကျလက်ခံ လေ့ရှိတယ်” ဆိုတာကို အထူးသတိပြု မှတ်သားကြရမှာပဲ ဖြစ်ပါတယ်။

“Live and let live”  ဆိုတဲ့ မိမိသည်လည်း မှီတင်းနေထိုင်မယ်၊ အခြားသူကိုလည်း နေရာပေးပြီး မှီတင်းနေထိုင်စေမယ် ဆိုတာနဲ့ဘာသာ ရေးကို နိုင်ငံရေး မှာ နှီးနွယ်ပတ်သတ်မနေစေရဘူးဆိုတာ တွေကလည်း ဆင်ခြင်မှတ်သားစရာ ကောင်းလှတဲ့ အချက်များပဲ ဖြစ်ပါတော့တယ်။

ကိုးကား
၁) ၂၀၁၄ ဧပြီလထုတ် The Review of Religions မဂ္ဂဇင်းပါ Religious Trends in Singapore ဆောင်းပါး။
(http://www.reviewofreligions.org/10274/religious-trends-in-singapore/)

၂) စင်ကာပုူဝန်ကြီးချုပ်၏ ၂၀၀၉  ခုနှစ် သြဂုတ် ၁၆ ရက်၊ အမျိုးသားနေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်း
(http://www.pmo.gov.sg/content/pmosite/mediacentre/speechesninterviews/primeminister/2009/August/national_day_rallyspeech2009part3racialreligiousharmony.html#.U4ASn1iSw01)

၃) A report on inter-racial and inter-religious relations in Singapore
(http://www.rsis.edu.sg/publications/reports/RSIS%20Social%20resilience%20report.pdf)

၎) စင်ကာပူ ၂၀၁၀ သန်းခေါင်စာရင်း
(http://www.singstat.gov.sg/publications/publications_and_papers/cop2010/census_2010_release1/cop2010sr1.pdf)

၅) ၀ီကီပီဒီးယား
ဘာသာရေး – အစ္စလာမ်သာသနာထဲမှ အဖွဲ့ခွဲတစ်ခုဖြစ်သည့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ (http://bit.ly/1hDyvCD)

======================================
ယခုဆောင်းပါးနှင့် ပတ်သက်၍ ဆွေးနွေးလိုပါက စာရေးသူအား ဆက်သွယ်ရန်
ဖေ့ဘွတ်စာမျက်နှာ – https://www.facebook.com/tinnasir
LinkedIn www.linkedin.com/profile/view?id=97536841&trk=nav_responsive_tab_profile

ဆက်သွယ်ရန် – [email protected]
Block 661A, Jurong West Street 61, #03-408, Singapore 641661
Singapore FIN: G0740085W Ph: +65 98581727

တင်မောင်ထွေး
အပြည့်အစုံသို့ »

ရေကူးကန်တံတား ပါဝင်သည့် ထူးထူးခြားခြား စင်္ကာပူ အမြွှာမျှော်စင် အဆောက်အအုံ



စင်္ကာပူနိုင်ငံတွင် အသစ်တည်ဆောက်နေသည့် အမြွှာမိုးပျံမျှော်စင် အဆောက်အအုံများတွင် ထူးထူးခြားခြား ရေကူးကန်တံတား ပါရှိလာမည်ဟု သိရှိရသည်။ လာမည့်နှစ်တွင် အပြီးသတ်နိုင်ရန် ရည်ရွယ်ထားသည့် ယင်းမျှော်စင်ကြီး နှစ်ခုကြားတွင် ရှည်လျားသော ရေကူးကန်တစ်ခု သွယ်တန်းထားမည်ဖြစ်ပြီး
အပြည့်အစုံသို့ »

စင်္ကာပူနိုင်ငံ Sims Ave မှ နေအိမ်တိုက်ခန်းတခုတွင် အိမ်သာတက်စဉ် အိမ်သာအိုးထဲမှ မြွေထွက်ကိုက်ခံရ


အမျိုးသမီးတဦးဟာ အိမ်သာတက်နေရာမှပိုက်သွန်မြွေတကောင် အကိုက်ခံရမှုကြောင့်
 ဆေးရုံသို့ ပို့သခဲ့ရပါတယ်။

ပိုက်သွန်မြွေဟာ လွန်ခဲ့တဲ့ ကြသာပတေးနေ့ (မေလ၈ရက် ၂၀၁၄) ညနေပိုင်းမှာ Block 826 Sims Avenue နေအိမ်ရဲ့ အိမ်သာအိုးထဲမှ လျှောထွက်လာပြီး Madam Noraslinda Asat (နော်ရာစလင်ဒါအစ) အမည်ရှိ အမျိုးသမီး၏ ပေါင်ကို ကိုက်လိုက်ခြင်း ဖြစ်ပါတယ်။

အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ အိမ်ထောင်သည် အမျိုးသမီးက သတင်းဋ္ဌာနကို ပြောပြခဲ့ပါတယ်။ သူမဟာ အိမ်သာအိုးမှာ ထိုင်လိုက်စဉ် အိမ်သာအိုးထဲမှ ရေပွက်သံတွေကို ကြားခဲ့ရပါတယ်တဲ့။

သူမ ဘာကိုမှ မလုပ်မိလိုက်စဉ်မှာ သူမ၏ ပေါင်မှာ စူးရှနာကျင်မှု တခုကို ခံစာလိုက်ရပါတယ်တဲ့. အဲဒါနဲ့ အောက်ကို ငုံ့ကြည့်လိုက်တော့ မြွေတကောင်ကို တွေ့ရပါတယ်တဲ့.. ၅ပေခွဲလောက် ရှည်လျှားတဲ့ မြွေဟာ သူ့ရဲ့ သွားတွေနဲ့ သူမရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ် ကိုက်ခဲထားတယ်တဲ့။

အဲဒါနဲ့ ကြောက်အားလန့်အား အော်ရင်း.. မတ်တတ်ရပ်ပြီး မြွေကို ဆွဲထုတ်ပါတယ်တဲ့.. ဒါပေမဲ့ မြွေက ကြီးနေပါတယ်တဲ့။

နောက်ဆုံးမှာတော့ သူမဟာ မြွေကို အတင်း ဆွဲထုတ်နိုင်ခဲပြီး အိမ်သာတံခါးကို ပိတ်ထားခဲ့ပြီး ထွက်ပြေးလာနိုင်ခဲ့ပါတယ်တဲ့။

မြွေကိုက်ခံရပြီးတဲ့ နော်ရာစလင်ဒါ ဟာ အားအင်တွေ ယုတ်လျှော့သွာသလိုခံစားရလို့ သူမ၏ အမျိုးသားက ဆေးရုံတင်ယဉ်ကို ခေါ်ယူကာ ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်တဲ့။

တိရိစ္ဆာန် သုတေသန Animal Concerns Research & Education Society (ACRES)
မှ တာဝန်ရှိပုဂ္ဂိုလ်တေါ ရောက်လာတော့ မြွေကို ရှာလို့ မတွေ့တော့ဘူး။

အဲဒါနဲ့ နော်ရာစလင်ဒါ ရဲ့ အမျိုးသားက တိရိစ္ဆာန် ထိန်းချုပ်ရေးမှာ အလုပ်လုပ်နေကြတဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို ကူအညီတောင်ပြီး လိုက်ရှာတော့ နောက်ဆုံး မြွေကို သူတို့တိုက်ခန်းရဲ့ အပြင် လမ်းမမှာရှိတဲ့ Man hole ထဲမှာ မြွေကို သွားတွေ့တယ်။

နော်ရာစလင်ဒါ - ကတော့ မြွေကိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့ တိုက်ခန်း အိမ်မှာရှိတဲ့ အိမ်သာကို သွာဖို့ ကြောက်ရွံ့နေပါတယ်။

Credit : Dhammadownload Web Master
အပြည့်အစုံသို့ »

မြန်မာအများအပြား အလုပ် လုပ်ကိုင်နေသည့် စင်ကာပူတွင် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒအား နိုင်ငံသားများ ဆန္ဒပြ




May 2, 2014

မေ ၁ ရက်က စင်ကာပူတွင် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုး လူအုပ်ကြီးကို မိန့်ခွန်းပြောနေစဉ်

မေ ၁ ရက်က စင်ကာပူ၌ နိုင်ငံသား ၄၀၀ ခန့်သည် အစိုးရ၏လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် အနီရောင်ဖြင့် “စင်ကာပူ၏ အခွင့်အရေးကို ကာကွယ်ပါ” ဟု ရေးသားထားသော အနက်ရောင်ခေါင်းစည်းများကို ၀တ်ဆင်လျက် ကာလကြာရှည်စွာ အုပ်စိုးလာသည့် People's Action ပါတီကို ဆန့်ကျင်သည့် ကြွေးကြာ်သံများကို ဟစ်ကြွေးခဲ့ကြသည်။

အလုပ်အကိုင် အတိုင်ပင်ခံတစ်ဦးဖြစ်သည့် ဆန္ဒပြခေါင်းဆောင် ဂေးဘတ်ဂိုးက ဆန္ဒပြပွဲသည် စင်ကာပူနိုင်ငံ၌ နိုင်ငံခြားသားအရေအတွက် အလွန်များပြားနေခြင်းကို မကျေနပ်ကြောင်း ဆက်လက်ပြသရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။
သူက “ကျွန်တော်တို့ တိုင်းပြည်အတွက်ပြောတဲ့အခါ ကျွန်တော်တို့ကို နိုင်ငံခြားသားကြောက်သူတွေလို့ တံဆိပ်ကပ်ကြတယ်။ ကျွန်တော် ဒါတွေအားလုံးကို ကျွန်တော့်တိုင်းပြည်အတွက် လုပ်တာပါ။ ကျွန်တော်တိုင်းပြည်အတွက် အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် ဂိုးသည် ရဲတပ်ဖွဲ့ထံမှ ပြင်းထန်သော သတိပေးမှုကို လက်ခံရရှိပြီးနောက် ဆန္ဒပြသူများအား ၀န်ကြီးချုပ်လီရှန်လွန်း၏ ပိုစတာပုံကို ဖျက်ဆီးခိုင်းမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။ စင်ကာပူတွင် လူဦးရေ ၅ ဒသမ ၄ သန်း ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းသာ စင်ကာပူနိုင်ငံသားများ ဖြစ်ကြသည်။ ယခု ဆန္ဒပြပွဲကို လွတ်လပ်စွာပြောဆိုနိုင်ရန် ပြုလုပ်ပေးထားသည့် ပန်းခြံတစ်ခု၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဝေဖန်သူများက နိုင်ငံသားများသည် နိုင်ငံခြားသားများနှင့် အလုပ်အကိုင်အတွက် ယှဉ်ပြိုင်နေရသည်ဟု ဆိုသည်။

Ref:AFP
News Eleven
အပြည့်အစုံသို့ »

ဆင်စွယ်များ တရား မဝင် ရောင်းချ ရာတွင် စင်ကာပူ သည် အဓိက အချက် အချာ ကျသည့် နိုင်ငံ ဖြစ်ကြောင်း Channel New Asia ရုပ်သံမှ ထုတ်ပြန်


စင်ကာပူနိုင်ငံတွင် ယခုနှစ်အတွင်း ဆင်စွယ်များ တရားမဝင်ရောင်းချမှု ကျဆင်းသွားသော်လည်း ယင်းနိုင်ငံ သည် အာဖရိကမှအာရှသို့ ဆင်စွယ်များ တရားမဝင်တင်ပို့ ရောင်းချမှုအတွက် အဓိက အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကျန်ရှိနေသေးကြောင်း
Channel New Asia ရုပ်သံသတင်းဌာနက ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်းသို့ ဆင်စွယ်များ တရားမဝင် ရောင်းချရာတွင် စင်ကာပူနိုင်ငံကို ဖြတ်သန်း နေရပြီး ဆင်စွယ်တရားမဝင် တင်ဆောင်သည့် သင်္ဘောများသည် ကော်ဖီ၊ ဘယ်ရီ သီး၊ ကျောက်ဆစ်ရုပ်တု နှင့် အခြားပစ္စည်းများကို တင်ဆောင်လာသည့် သင်္ဘောများအဖြစ် ဟန်ဆောင်၍ နိုင်ငံအတွင်းမှ ဖြတ်သန်း သွားလျက်ရှိကြောင်း တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားသူများ၏ ပြောကြားချက်ကို ကိုးကား၍ ရုပ်သံဌာနက ဖော်ပြခဲ့သည်။ စင်ကာပူ အစိုးရသည် ၂ဝဝ၈ ခုနှစ်မှ စတင်၍ ဆင်စွယ်တရား မဝင်ရောင်းချမှု ရှစ်ခုကို ဖမ်းဆီးနိုင်ခဲ့သည့်အပြင် ယခုနှစ် ပထမသုံးလအတွင်း ဆင်စွယ် ၂၄၄ ချောင်းအပါအဝင် တရားမဝင် ရောင်းဝယ်မှု သုံးမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Myawady News
အပြည့်အစုံသို့ »

စင်ကာပူအခြေစိုက် SCCP Lakeside ကုမ္ပဏီ လှိုင်မြို့နယ်တွင် ကြယ်သုံးပွင့်အဆင့်ဟိုတယ် တည်ဆောက်ခြင်း လုပ်ငန်းအတွက် ရာနှုန်းပြည့် ၀င်ရောက်မြှုပ်နှံမည်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် ဟိုတယ်တစ်ခုမှ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

စင်ကာပူအခြေစိုက် SCCP Lakeside ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တည်ဆောက်ခြင်း လုပ်ငန်းအတွက် ရာနှုန်းပြည့် ၀င်ရောက်မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြု တင်ပြထားချက်အပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ၀န်ကြီးဌာနများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များ အပေါ်အခြေခံ၍ ဧပြီ ၁၀ ရက်တွင် ပြုလုပ်သည့် ကော်မရှင်၏ ၁၂/၂၀၁၄ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံမှုပြုလုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ အစည်းအဝေး၌ပင် နိုင်ငံသားမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှင့် ၁၄ ထပ်အမြင့်ရှိ အဆောက်အအုံ တည်ဆောက်၍ တိုက်ခန်းများ ငှားရမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်မည့် လုပ်ငန်းများကိုပါ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း၌ နိုင်ငံခြားလုပ်ငန်း ရှင်များသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများတွင် ဆက်တိုက်နီးပါး ၀င်ရောက်မြှုပ်နှံမှု ရှိနေကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးအပါအ၀င် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံးပေါင်း ၂၆ လုံးအထိရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရပြီး မန္တလေး၊ ပုဂံ၊ ကော့သောင်းနှင့် တာချီလိတ် ဒေသတို့တွင်ဖြစ်ကာ အဆိုပါ ဟိုတယ် ၂၆ လုံးမှ အသုံးပြုနိုင်သည့် အခန်းအရေအတွက် စုစုပေါင်း ၃၈၀၀ ခန်းကျော်ရှိကြောင်း သိရသည်။

Eleven Media Group
အပြည့်အစုံသို့ »

နှစ်ဆခွဲခန့် များပြားလာသော ၂၀၁၄ စင်ကာပူ မြန်မာများအကြောင်း


အမေရိကရောက် စင်ကာပူပီအာ (Permanence Residence of Singapore) တစ်ဦးကို အမေရိကန် အမျိုးသမီးကြီး တစ်ဦးက ဘာလူမျိုးလဲ၊ ဘယ်နိုင်ငံကလဲ မေးတော့ မြန်မာလူမျိုး၊ စင်ကာပူနိုင်ငံမှာ နေတယ်လို့ ဖြေလိုက်ပါတယ်။ I am a Burmese, living in Singapore. အဲဒီအမျိုးသမီးက Burmese ဆိုတာ မကြားဖူးပေမယ့် စင်ကာပူကိုတော့ ကြားဖူးပါတယ်။ သူက သြော်...ဟုတ်လား။ ဘားမားဆိုတာ စင်ကာပူနိုင်ငံထဲက ပြည်နယ်တစ်ခုလား ... လို့ ရိုးရိုးလေး ပြောလိုက်ပေမယ့် တော်တော် မခံချိမခံသာ ဖြစ်ရပါတယ်။ မြေပုံထုတ်ပြီး စင်ကာပူဆိုတာ သေးသေးလေး၊ မြန်မာဆိုတာ အကြီးကြီး၊ လူဦးရေလည်း ၁၅ ဆလောက် များတယ်လို့ ပြောရတယ်။ စိတ်ပျက်စရာပါပဲ။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် သံဃာ သပိတ်မှောက်စဉ်က စင်ကာပူမှာ မြန်မာတွေ စုစုပေါင်း တစ်သိန်းလောက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။ အကျယ်အ၀န်း (716.1 km2) ကျွန်းနိုင်ငံလေးမှာ လူဦးရေ ခြောက်သန်းလောက်  နေထိုင်ပါတယ်။ နိုင်ငံသားများက လေးသန်းလောက် ရှိပြီး နိုင်ငံခြားသားက နှစ်သန်းကျော် အလုပ်လုပ်ကိုင်လျက် ရှိပါတယ်။

စင်ကာပူမှာ လူမျိုးလေးခုကို အခြေခံထားပါတယ်။ တရုတ် ၇၀ ရာခိုင်နှုန်း၊ မလေး ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ ၁၀ ရာခိုင်နှုန်းနဲ့ အခြားလူမျိုးတွေ ၅ ရာခိုင်နှုန်းလောက် ရှိပါမယ်။ ၂၀၀၈ အချိန်က မြန်မာလူဦးရေ တစ်သိန်းဆိုတာ ၆၀ ပုံတစ်ပုံ ၀ ဒသမ ၂ ရာခိုင်နှုန်းလောက် မဖြစ်စလောက် ဆိုပေမယ့် အခု ၂၀၁၄ မှာ မြန်မာလူဦးရေ နှစ်သိန်းခွဲခန့် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးမှ အချက်အလက်ကို ST သတင်းစာကြီးက ရေးသားထားပါတယ်။ မြန်မာလူဦးရေ ကြောက်ခမန်းလိလိ တိုးတက်လာပါတယ်။

အများဆုံး တိုးတက်များပြားလာမှုတွေက

၁။ အိမ်အကူ (အိမ်ဖော်များ) စုစုပေါင်း လေးသောင်းခန့်
၂။ အလုပ်သမားများ သင်္ဘောကျင်း၊ ဆောက်လုပ်ရေး၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ ... စတဲ့ နေရာများမှာ ရှစ်သောင်းခန့်၊
၃။ ပညာတတ် လူတန်းစားခေါ်တဲ့ S-pass, PR, Citizen များက ငါးသောင်းလောက် ရှိပါမယ်။
၎။ မြန်မာများရဲ့ ကလေးများ ကျောင်းသား၊ ကျောင်းသူ၊ မြန်မာနိုင်ငံမှာ စီးပွား၊ ကျောင်းနေလာသူများလည်း တော်တော်များပါတယ်။

ဒါကြောင့် ယခင်ငါးနှစ်က စင်ကာပူ ရထားဘူတာရုံပေါင်း ၃၀ လောက် ရှိတာ။ အခု ရထားလမ်းလည်း နှစ်ဆ ပိုရှည်အောင် မြေအောက်ရထားလမ်း ကီလိုမီတာ ၂၀၀ လောက် တိုးချဲ့ထားပါတယ်။ အဲဒီရထား ဘူတာပေါင်း ၆၀ လောက်ထိ နှစ်ဆတိုးတက်လာပါတယ်။ မြန်မာတွေရဲ့ အသံကျယ်ကျယ် စကားပြောသံကို ရထားဘူတာရုံတိုင်းမှာ ကြားနေရပါပြီ။ သာမန်အားဖြင့်တော့ ရထားစီး ခရီးသည်တွေဟာ ခေတ်ပေါ် စမတ်ဖုန်းလို့ခေါ်တဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ ဆမ်ဆောင်းများကို သုံးပြီး ငြိမ်နေကြပါတယ်။ အင်တာနက်ကို တယ်လီဖုန်းတိုင်းမှာ ရရှိတဲ့အတွက် ရုပ်ရှင်ကြည့်၊ အီးမေးကြည့်၊ ဖေ့စ်ဘုတ် ပွတ်သတ်နေသူ များစွာ ရှိပါတယ်။ ၂၀၁၄ လူတွေရဲ့ မရှိမဖြစ် လိုအပ်ချက်မှာ စား၊ ဝတ်၊ နေရေး သုံးချက်မကတော့ဘဲ ဖုန်းကို ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဖုန်းစရိတ်ကလည်း တစ်လစား စရိတ်လောက် ရှိလာပြီ ဖြစ်ပါတယ်။

ဒါကြောင့် တယ်လီဖုန်းလုပ်ငန်းဟာ အလွန်အမြတ်အစွန်းရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အောက်ကပုံမှာ ရထား MRT ပေါ်မှာ စီးနင်းရင်း တယ်လီဖုန်းလေးတွေ ကိုယ်စီနဲ့ ငြိမ်နေတဲ့ စင်ကာပူ ၂၀၁၄ သဘာဝ ဓာတ်ပုံဖြစ်ပါတယ်။

အိမ်အကူလုပ်ငန်း (အိမ်ဖော်)

Domestic Worker
အိမ်ဖော်လုပ်ငန်းကို ဘယ်မှာ လုပ်သလဲမေးရင် အိမ်မှာ လုပ်တယ်လို့ ဖြေကြတယ်။ အများအားဖြင့် အိမ်မှုကိစ္စ၊ ကလေးထိန်း၊ သက်ကြီးရွယ်အိုထိန်း လုပ်ငန်းများ ဖြစ်ပေမယ့် သူဌေးများရဲ့ ကားဆေး၊ ခွေးရေချိုး၊ ခွေးစာကျွေး၊ ဆိုင်ထိုင်၊ စာရင်းဇယား ကူညီလုပ်ခြင်း စတဲ့ အလုပ်များကို လုပ်ရပါတယ်။ လစာကတော့ အိမ်ရှင်အပေါ်နဲ့ မိမိရဲ့ အရည်အချင်းပေါ် မူတည်ပြီး ဒေါ်လာ ၄၀၀ ကျော်လောက်ကနေစပြီး ရရှိပါတယ်။ အများအားဖြင့်တော့ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့သူဆိုရင် လစာဒေါ်လာ ၆၀၀ လောက်ရရှိပြီး၊ တစ်ပတ် တစ်ရက် နားရက်ရပါတယ်။ အခန်းတစ်ခု ပေးရပါတယ်။ အိမ်ရှင်ယောက်ျားတွေက ပိုက်ဆံနဲ့ မက်လုံးပေးပြီး မဟုတ်တာ လုပ်ခြင်း မခံရအောင်၊ အိမ်ဖော်တွေအနေနဲ့ အိမ်ရှင်ယောက်ျားကို နှိပ်နယ်မပေးရလို့ စင်ကာပူအစိုးရက တိုက်တွန်းထားပါတယ်။

စင်ကာပူမှာ အိမ်ဖော်ပေါင်း ရှစ်သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းလောက်က အိမ်ဖော်ငှားကြပါတယ်။ အစိုးရက အိမ်ဖော်ခေါ်သူကို တစ်လ ဒေါ်လာ ၃၀၀ လောက် Levy အခွန်တောင်းပေမယ့် အိမ်ဖော်အလုပ်ကတော့ ကောင်းနေဆဲ ဖြစ်ပါတယ်။ တချို့ လည်ဝယ်သူ မြန်မာများက အိမ်ဖော်ပါမစ်ကို တစ်နှစ်ကို ဒေါ်လာ ၃၀၀၀ လောက်နဲ့ ရောင်းစားကြသူတွေလည်း ရှိပါတယ်။ အိမ်ဖော်ပါမစ်ကို ဝယ်ထားပြီး အချိန်ပိုင်း အိမ်သန့်ရှင်းရေးများကို တစ်နာရီ စင်ကာပူ ခုနစ်ဒေါ်လာနဲ့ လုပ်ကြတယ်။ အဲဒီလို အိမ်ဖော်ပါမစ်ကို ဝယ်ခွင့်မရှိပေမယ့် လုပ်စားနေသူအချို့ ရှိနေပါတယ်။

အများအားဖြင့် အိမ်ဖော်ဈေးကွက်မှာ ဖိလစ်ပိုင်တွေက အင်္ဂလိပ်လို ပြောနိုင်လို့ အများဆုံး နေရာယူထားပါတယ်။ ၅၀ ရာခိုင်နှုန်း ဈေးကွက်ယူထားပါတယ်။ ဖိလစ်ပိုင်အိမ်ဖော်က လစာလည်း ကောင်းပါတယ်။ ဒေါ်လာ ၅၀၀ လောက်တော့ ရကြပါတယ်။ သူတို့က ခရစ်ယာန် နိုင်ငံဖြစ်လို့ ပိုပြီး ဆိုရှယ်လုပ်နိုင်ပါတယ်။ ပေါင်းသင်းပြောဆိုတတ်ပါတယ်။  အင်ဒိုနီးရှားက ဒုတိယ အိမ်ဖော်အများဆုံး ဖြစ်ပါတယ်။ မြန်မာ၊ သီရိလင်္ကာနိုင်ငံတွေကတော့ တတိယအဆင့်ပါပဲ။ ထိုင်း၊ မလေး၊ ဗီယက်နမ်တွေက အိမ်ဖော်အလုပ် မလုပ်ပါဘူး။ သူတို့နိုင်ငံတွင်းမှာ အမျိုးသမီးတွေအတွက် အိမ်ဖော်လုပ်တဲ့လစာကို ပြည်တွင်းမှာ ရနိုင်လို့ပါ။ ရတဲ့ လစာနဲ့ စားဝတ်နေရေး အဆင်ပြေတော့ မိန်းကလေးတွေ မပျက်စီးပါဘူး။

စကားပုံအရ “မိန်းကလေးများသည် ဆင်းရဲဒဏ်မခံနိုင်၊ ဆင်းရဲလွန်းလျှင် မိန်းမများ ပျက်စီးတတ်သည်။ ငွေချမ်းသာလွန်းပါက ယောက်ျားများ ပျက်စီးသည် ...” ဆိုတဲ့ စကားပုံအတိုင်း၊ စင်ကာပူရောက် အိမ်ဖော်တွေဟာ စင်ကာပူမှာ အနိမ့်ဆုံးအဆင့် လူတန်းစားဖြစ်လို့ တော်တော်ပျက်စီးပါတယ်။ တနင်္ဂနွေနေ့ဆို စင်ကာပူ မြို့လယ်ကောင်မှာ အိမ်ဖော်မိန်းကလေးတွေနဲ့ Work Permit အလုပ်သမားများစွာ အကြည်ဆိုက်နေတာကို တွေ့ရပါတယ်။ တချို့ ဝင်ငွေမကောင်းတဲ့ စင်ကာပူက သက်ကြီးလူများလည်း အိမ်ဖော်တွေကို လက်မထပ်ဘဲ တနင်္ဂနွေ ဇနီးသည်အဖြစ် ပေါင်းသင်းနေထိုင်သလို၊ ဝင်ငွေကောင်းတဲ့ နိုင်ငံခြားက အလုပ်လာလုပ်သူတွေလည်း ပေါချောင်ကောင်းဆိုပြီး အိမ်ဖော်မိန်းကလေးတွေကို တနင်္ဂနွေ ရည်းစား လုပ်နေကြပါတယ်။ ခေတ်စနစ်၊ နိုင်ငံကလည်း ဒါမျိုးတွေကို ခွင့်ပြုတော့ မိန်းမများ ပျက်စီးတဲ့ အိမ်ဖော်လုပ်ငန်း ဖြစ်ပါတယ်။

အခု မြန်မာအိမ်ဖော်ပေါင်း လေးသောင်းခန့်မှာ အများစုကတော့ အိမ်ရှင်နဲ့ အိမ်ဖော် အဆင်ပြေကြပါတယ်။ ဦးအေးငြိမ်း မြန်မာဘာသာ ပြန်ထားတဲ့ အိမ်ဖော်ဥပဒေကို ဖတ်ကြည့်နိုင်ပါတယ်။
http://myanmarinsingapore.com/profiles/blogs/foreign-domestic-workers

အိမ်ရှင်တွေရဲ့ မတရားလုပ်တာကို မြန်မာ၊ အင်ဒိုနီးရှား အမျိုးသမီး အိမ်ဖော်များ ခံစားရပါတယ်။ အင်္ဂလိပ်စကား နားမလည်၊ ခေတ်ပေါ်ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဲကွန်း၊ မီးပူ၊ မီးဖို မသုံးတတ်ကြပါဘူး။ မြန်မာအိမ်ဖော်ပေါင်း လေးသောင်းခန့်တွင် ၁၀ ရာခိုင်နှုန်း အဆင်မပြေ ဖြစ်နေတော့ မြန်မာအမျိုးသမီး ၄၀၀၀ ခန့် အိမ်ရှင်-အိမ်ဖော် ပြဿနာ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ တချို့ အိမ်ရှင်ဆိုးဆိုးနဲ့ နေထိုင်ရသူများ၊ နှိပ်စက်ခံရသူများ ရှိပေမယ့် မဖြစ်စလောက် လူနည်းစုပါ။

အဆိုးဆုံးကတော့ လူပွဲစားလို့ခေါ်ရမယ့် အေဂျင်စီတွေပဲ ဖြစ်ပါ တယ်။ ဥပမာ- မြန်မာအမျိုးသမီးတစ်ဦး တစ်လ ဒေါ်လာ ၃၅၀ နဲ့ လုပ်မယ်ဆိုရင် အေးဂျင့်ဖိုး ခြောက်လစာ တောင်းပါတယ်။ အေးဂျင့်ဖိုး ပိုက်ဆံမရှိလို့ အိမ်ဖော်လာလုပ်သူကို ခြောက်လလုံးလုံး ပိုက်ဆံမပေးဘဲ အေဂျင်စီကြေးငွေ ပြန်ဆပ်နေရပါတယ်။ အများစုသော အိမ်ဖော်များရဲ့ ပြဿနာများဟာ အဲဒီရောက်ခါစ သုံးလအတွင်း ဖြစ်ပါတယ်။ အပြင်ထွက်ခွင့်၊ ဖုန်းပြောခွင့် မပေးကြတာ များတယ်။ အိမ်ဖော်က ထွက်ပြေးရင် အိမ်ရှင်က အာမခံတင်ထားတဲ့ ဒေါ်လာငါးထောင် ရှုံးမှာ ကြောက်လို့ အိမ်ရှင်များက အိမ်ဖော်များကို ရောက်ခါစမှာ မယုံတော့ အပြင်မထွက်ခိုင်းပါဘူး။ တချို့အိမ်ဖော်တွေ မိမိကိုယ် အဆုံးစီရင်မှုတွေ တွေ့ရပါတယ်။ အဲဒီရောက်ခါစ သုံးလလောက် အခက်အခဲတွေ ကျော်လွန်သွားပြီးရင်တော့ အိမ်ဖော်များနဲ့ အိမ်ရှင်တို့ ပျော်စရာ ဖြစ်သွားပါပြီ။

တနင်္ဂနွေနေ့ဆို အိမ်ဖော်တွေ နားရက်ရလို့ လျှောက်လည်ကြပါတယ်။ မြန်မာအိမ်ဖော် အများစုကတော့ ထုံးစံအတိုင်း ပင်နီဆူလာ ပလာဇာမှာ ဆုံကြပါတယ်။ အရင်ငါးနှစ်က မြန်မာများ ပင်နီဆူလာ ရှော့ပင်းစင်တာအတွင်း၊ အပြင်နားမှာပဲ နေကြပေမယ့် အခု နှစ်ဆခွဲလောက် လူဦးရေ များလာတော့ ဘေးနားက ရှော့ပင်းစင်တာများ၊ ရထားဘူတာရုံ၊ စိန့်အင်ဒရူး ဘုရားကျောင်းဝင်း မြက်ခင်းပြင်၊ စီးတီးဟော ခရစ်ကတ်ကွင်းပြင်ကနေ နောက်ဆုံး မာရီလင်ရေပန်း ထွက်တဲ့ ပင်လယ်ကမ်းစပ် ပန်းခြံအထိ မြန်မာများစွာ ပျော်ပွဲစားထွက်၊ စကားပြော၊ အနားယူနေကြတာ တွေ့ရပါတယ်။

စည်းကမ်းနဲ့ ပတ်သက်ပြီး ယခင်က မြန်မာများ ကွမ်းတံတွေးထွေး၊ ဆေးလိပ်တို လွှင့်ပစ်၊ အရက်ဘီယာခွက်များ၊ အချိုရည်ခွက်၊ ပုလင်း၊ အမှိုက်အကြွင်းကျန် များစွာ ပစ်ထားလို့ စည်းကမ်းမဲ့တဲ့ မြန်မာများလို့ နာမည်ကျော်ခဲ့ပါတယ်။ အခု အစိုးရအသစ် တက်ပြီး သုံးနှစ်ကြာတဲ့ အချိန်မှာ မြန်မာများ အလွန်စည်းကမ်း ရှိလာပါတယ်။ အမှိုက်မပစ်ဘဲ စိန့်အင်ဒရူးဘုရားကျောင်းမှာလည်း သန့်ရှင်းစွာ နေထိုင်၊ စခန်းချ၊ စားသောက်ကြပါတယ်။

စင်ကာပူရဲ့ အံ့မခန်း တိုးတက်ပုံကလည်း ၂၀၁၄ မှာ ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဆင့်ကို ရောက်သွားပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI မှာလည်း ဒေါ်လာဘီလီယံပေါင်း ကုဋေများစွာနဲ့ ကမ္ဘာ့အဆင့် ၁၅ လောက်မှာ ရှိနေပါတယ်။ အရှေ့တောင်အာရှကို ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများက စင်ကာပူဘဏ်တွေမှာ ယုံကြည်စွာ ငွေလာထည့်ထားခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က တောခေါင်ခေါင် ဘတ်စ်ကားတောင် မရှိတဲ့ Woodlands လို ကန်ပေါင်း (တောရွာ) များက အခုဆို ရှော့ပင်းစင်တာကြီးများ၊ ရထားဘူတာ၊ အိမ်ရာ စီမံကိန်းများနဲ့ လူပေါင်း သိန်းသန်းချီ နေထိုင်ကြပါပြီ။ ရှော့ပင်းစင်တာကြီးများက အစားအသောက်တွေလည်း အမေရိကန်နိုင်ငံထက်ပင် ဈေးကြီးနေပြီ ဖြစ်ပါတယ်။ အလွန်တိုးတက်နေတဲ့ နောက်ဆုံးပေါ် ပစ္စည်းများစွာကို စင်ကာပူမှာ တွေ့နိုင်ပါပြီ။ နယူးယောက်၊ မက္ကဆီကို၊ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ စားသောက်ဆိုင်များ၊ ဟိုတယ်၊ ဈေးဆိုင်များလည်း တရုတ်ကုလား ဆိုင်များလို များစွာ၊ စုံလင်စွာ ရှိနေကြပြီး ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက သင်္ဘောလိုင်းများ၊ ရေနံတင်သင်္ဘောများ၊ လေယာဉ်ပျံ ခရီးစဉ်များစွာနဲ့ အရှေ့တောင်အာရှရဲ့ ဗဟိုဖြစ်နေပါတယ်။ အလွန်အံ့မခန်း တိုးတက်လာတဲ့ တရုတ်ကို မှီပြီး ဟောင်ကောင်ဟာ အရမ်းတိုးတက်လာပါတယ်။ အရင်က ဟောင်ကောင်ထက် သာသွားမယ် မှန်းပေမယ့် အနှစ်၂၀ ကြာလည်း ဟောင်ကောင်ကို မမီနိုင်သေးပါဘူး။ ဟောင်ကောင်က ငွေချမ်းသာရုံမက၊ နိုင်ငံရေး၊ စာပေ၊ ရုပ်ရှင်၊ သိပ္ပံပညာများမှာ စင်ကာပူထက် သာလွန်နေဆဲ ဖြစ်ပါတယ်။

နိဂုံးသုံးသပ်ချက်

မြန်မာနိုင်ငံ အစိုးရအသစ် တက်လာပြီး စင်ကာပူကို လူတွေ တစ်ဖွဲဖွဲ ထွက်လာမှု ပိုမိုများပြားလာတာ မျက်ဝါးထင်ထင် တွေ့ရပါတယ်။ မြန်မာဆိုရင် ဘိန်းဘုရင်၊ စစ်အာဏာရှင်ဟောင်း၊ လက်ရှိ အာဏာရ ဝန်ကြီး သားသမီးများ၊ စီးပွားရေး၊ ခရိုနီများရဲ့ သားသမီးများစွာ ကျောင်းတက်၊ ဆေးကု၊ ကွန်ဒို၊ အိမ်ရာများ ဝယ်ပြီး နေထိုင်ကြပါတယ်။ ဆင်းရဲသား သားသမီးများလည်း အိမ်ဖော်၊ အလုပ်သမား WP ဘဝနဲ့ စင်ကာပူမှာ လာရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ အဲ.. ပညာတတ် ဆိုတဲ့ ဘွဲ့ရ၊ ဒီပလိုမာ လူငယ်များစွာလည်း S-pass, EP, PR, Citizen, Dependent, Business pass တွေနဲ့ အလုပ်လုပ်ကိုင်ကြပါတယ်။

ဒီတော့ လူဆိုး၊ သူခိုးများကအစ လူကောင်း၊ လူတော်များ၊ ဆင်းရဲမွဲတေသူများ အဆုံး မြန်မာများစွာ စုပြုံ၊ ပြွတ်ကျပ်နေထိုင်တဲ့ စင်ကာပူ ၂၀၁၄ အခြေအနေ တစ်ခန်းရပ်ဖြစ်ပါတယ်။

the voice myanmar
အပြည့်အစုံသို့ »

ကမ္ဘာ့ ဈေးအကြီးဆုံးမြို့ စင်္ကာပူ ဈေးအပေါဆုံးမြို့မှာ မွမ်ဘိုင်းမြို့


စင်္ကာပူမြို့သည် ၂၀၁၄ ခုနှစ်အတွင်း စားသောက်နေထိုင်ရန်ဈေးအကြီး ဆုံးမြို့ဖြစ် လာကြောင်း စီးပွားရေးထောက်လှမ်းရေးအဖွဲ့ (EIU) ၏ ဆန်းစစ်လေ့လာမှု က ဖော်ပြ သည်။

ကုန်ကျစရိတ်များခြင်း ၊ ဘက်စုံဝန်ဆောင်ခများမြင့်မားခြင်းနှင့် ခိုင်မာ သောငွေကြေး စနစ်ကြောင့် စင်္ကာပူမြို့သည်ကမ္ဘာ့ မြို့ကြီး ၁၃၁ မြို့ အနက် ဈေးအကြီး ဆုံးမြို့တော် အဖြစ် သတ်မှတ်ခြင်းခံရသည်။ စင်္ကာပူသည် အဝတ်အစားများ ဝယ်ရန် လည်း ကမ္ဘာ့ ဈေး အကြီးဆုံးမြို့ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် နေထိုင်ရန်ဈေးအကြီးဆုံး ကမ္ဘာ့ မြို့ကြီးငါးမြို့မှာ စင်္ကာပူ၊ ပါရီ၊အော်စလို၊ ဇူးရစ်နှင့် ဆစ်ဒနီတို့ဖြစ်ကြပြီး ကာရာကတ်စ်၊ ဂျီနီဗာ၊ မဲလ်ဘုန်းနှင့် တိုကျိုတို့သည် ပူးတွဲနံပါတ် (၆) နေရာကိုရရှိ ခဲ့ကာ ကိုပင်ဟေဂင်မြို့ သည် နေ ထိုင်ရန်ဈေးအကြီးဆုံးနံပါတ် (၁၀) ဖြစ်လာခဲ့သည်။ စင်္ကာပူမြို့သည် ၂၀၁၃ ခုနှစ် တွင် နေထိုင်ရန် ကမ္ဘာ့ ဈေးအကြီးဆုံးမြို့အဖြစ်သတ်မှတ်ခြင်းခံခဲ့ရသော တိုကျိုမြို့နေရာ ကို အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။

(EIU) ၏ ၂၀၁၄ ခုနှစ်နေထိုင်မှုစရိတ်စစ်တမ်းသည် ကမ္ဘာ့ မြို့ကြီး (၁၃၁) မြို့ ကိုလေ့လာ ခဲ့ရာ အိန္ဒိယနိုင်ငံ၏အဓိကမြို့ကြီးများဖြစ်သော မွမ်ဘိုင်းနှင့် နယူးဒေလီမြို့ တို့သည် နေထိုင်စရိတ်အသက်သာဆုံး မြို့များအဖြစ် သတ်မှတ်ခြင်းခံရသည်။ (EIU) ၏ နေထိုင်စရိတ် အသက်သာဆုံးမြို့ကြီး (၁၀) မြို့စာရင်းတွင် မွမ်ဘိုင်း၊ ကရာချိ၊ နယူးဒေလီ၊ ဒမတ်စကတ်စ်မြို့များက ထိပ်ဆုံးမှရပ်တည်နေကြသည်။

Smart Pro Journal
အပြည့်အစုံသို့ »

စင်ကာပူချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရ


စင်ကာပူချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရ

စင်ကာပူချန်ဂီလေဆိပ် သည် ဗြိတိန်နိုင်ငံအခြေစိုက် Skytrax ကမ္ဘာ့လေဆိပ်ဆုပေးပွဲ ၌ ခရီးသည်များ ရွေးချယ်သော ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆု ကို ၂ နှစ်ဆက်တိုက် ရရှိခဲ့သည်။

ချန်ဂီလေဆိပ်သည် ၂ နှစ် ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် ဂုဏ်ပြုခံရခြင်း မှာ ပထမအကြိမ်ဖြစ်ပြီး ၎င်းသည် ကမ္ဘာ့လူကြိုက်အများဆုံး လေ ဆိပ်အဖြစ် ငါးကြိမ်သတ်မှတ်ခြင်း ခံထားရသည်။

Skytarx ကမ္ဘာ့အကောင်း ဆုံး လေဆိပ်ဆုပေးပွဲတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာလေဆိပ်သည် ဒုတိယဆုရရှိခဲ့ပြီး ဂျာမနီမြူးနစ်လေဆိပ်က တတိယဆုရရှိခဲ့သည်။ ယင်းဆု ပေးပွဲသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀မှ ခရီးသည်ပေါင်း ၁၂ ဒသမ ၈၅ သန်းတို့၏ အဆိုပြုချက်များကို အခြေခံသည်ဟု သိရသည်။

ဗြိတိန်အခြေစိုက် Skytrax အတိုင်ပင်ခံလုပ်ငန်းသည် လေ ယာဉ်ပေါ်တက်ရန် စာရင်းသွင်း ခြင်း၊ ဆိုက်ရောက်ခြင်း၊ ကူး ပြောင်းခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ လုံခြုံရေးနှင့် လူဝင်မှုများမှ ထွက် ခွာသည်အထိ လေဆိပ်ဝန်ဆောင် မှုအတွက် အဓိကလုပ်ဆောင် ချက် ၃၉ ချက်အပေါ် ခရီးသည် များ ကျေနပ်အားရခြင်း ရှိ၊ မရှိ အွန်လိုင်းစစ်တမ်းကောက်ယူခဲ့ ခြင်းဖြစ်သည်။

စင်ကာပူ ချန်ဂီလေဆိပ် သည် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပသော Passenger Ter-minal EXPO ပွဲ၌လည်း နားနေ ချိန် အဆင်ပြေသာယာမှုအတွက် အကောင်းဆုံးလေဆိပ်ဆုကို ရရှိ ခဲ့သည်။ Skytrax ၏ ၂၀၁၄ ကမ္ဘာ့အကောင်းဆုံးလေဆိပ်များ စာ ရင်းတွင် အာရှလေဆိပ်ငါးခုက အဆင့်(၁)မှ (၇)အတွင်း ရရှိခဲ့ သည်။

—Ref: CNA
Myawady News
အပြည့်အစုံသို့ »

စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူများအတွက် အနည်းဆုံးလစာသတ်မှတ်ချက် အပါအ၀င် စည်းမျဉ်းအသစ်များပြဋ္ဌာန်း



Published on: March 25, 2014
ယခင်က တရားမ၀င် သတ်မှတ်ထားခဲ့သည့် အိမ်အကူတင်ပို့ခြင်းအား မြန်မာနိုင်ငံက တရားဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး နိုင်ငံခြားသို့ တင်ပို့ခဲ့သည့် မြန်မာအမျိုးသမီး အိမ်အကူများအား အကာအကွယ် ပေးနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခဲ့ပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူများအား သက်ရောက်မှုရှိမည့် အချက် ၃ ချက် ပါဝင်သည်ဟု The Straits Times သတင်းစာက မတ် ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ စည်းမျဉ်းအသစ်များမှာ မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးအတွက် အနည်းဆုံး အခြေခံလစာ ဒေါ်လာ ၄၅၀ ပေးအပ်ရန်၊ တစ်လလျှင် အနည်းဆုံး နားရက်တစ်ရက် သတ်မှတ်ပေးရန်၊ အိမ်အကူတင်ပို့မှု ၀န်ဆောင်မှု အခကြေးငွေသည် အိမ်အကူ၏ လေးလစာပေါင်းထက် မပိုရန် စသည့်အချက်အလက်များ ပါဝင်သည်ဟု သိရသည်။

သို့သော် စင်ကာပူနိုင်ငံရှိ အိမ်အကူ အမျိုးသမီး တင်သွင်းသည့် ကိုယ်စားလှယ်များက ပြောဆိုရာတွင် စည်းမျဉ်းများ သတ်မှတ်ပြီး ဖြစ်သော်လည်း သက်ရောက်မှုရှိရန်အတွက် အချိန်ယူရလိမ့်ဦးမည်ဟု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူများမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၄၀၀ မှ ၄၃၀ ကြား ရရှိနေကြသော်လည်း နားရက်အဖြစ် ခံစားခွင့်မရှိပေ။ ထို့ပြင် အိမ်အကူ ၀န်ဆောင်ခအဖြစ် လစာ ရှစ်လစာ သို့မဟုတ် ဒေါ်လာ ၃၀၀၀ ထက် မနည်းကိုလည်း ပေးဆောင်ရသေးသည်။

စင်ကာပူနိုင်ငံသို့ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ များကလည်း အိမ်အကူများ တင်ပို့လျက်ရှိပြီး အဆိုပါ အိမ်အကူများအတွက် အနည်းဆုံး တစ်လလျှင် ဒေါ်လာ ၄၅၀ မှ ၅၀၀ အထိ လစာပေးရန် သတ်မှတ်ထားပြီး တစ်ပတ်လျှင် တစ်ရက်အနားယူခွင့် ပေးရသည်။ ဖိလစ်ပိုင်နိုင်ငံက ၎င်း၏ အိမ်အကူများအတွက် ၀န်ဆောင်ခ ပေးဆောင်ရန် မလိုလားဘဲ အင်ဒိုနီးရှားကမူ လစာ၏ ခြောက်လစာ သို့မဟုတ် ဒေါ်လာ ၂၀၀၀ ကို ၀န်ဆောင်ခအဖြစ် ပေးဆောင်ရန် သတ်မှတ်ထားသည်။

စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူ အရေအတွက်မှာ ယခင်က ၂၀၀၀၀ ခန့် ရှိရာမှ နှစ်နှစ်အတွင်း ၃၀၀၀၀ အထိ တိုးတက်လာခဲ့သည်။ စင်ကာပူနိုင်ငံ၌ အင်ဒိုနီး ရှား အိမ်အကူ အရေအတွက်မှာ ၁၂၅၀၀၀ ကျော်ရှိပြီး ဖိလစ်ပိုင်အိမ်အကူ အရေအတွက် မှာ ၇၀၀၀၀ ကျော်ရှိနေသည်။

မြန်မာအစိုးရက ယခုလောလောဆယ်တွင် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်သို့ အိမ်အကူတင်ပို့ခြင်းအတွက် ခွင့်ပြုပေးလိုက် ပြီဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့လည်း တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားသည်ဟု သိရသည်။

ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီး အိမ်အကူများအား ကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွား လျက်ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပရောက် အိမ်အကူများကို အိမ်ရှင်များက အကြမ်းဖက်မှု အဖြစ်အပျက်များ ဖြစ်ပွားလျက် ရှိနေသော်လည်း မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ အိမ်အကူ ပို့ဆောင်ရေးကို ဆက်လက်တွန်းအားပေး လုပ်ဆောင်လျက် ရှိနေသည်။

Credit: EMG
အပြည့်အစုံသို့ »

၁၃ နှစ် ကျောင်းသူနဲ့ဗီဒီယို ရိုက်ပြီး အွန်လိုင်း တင်တဲ့ ကျောင်းသား ( ၂ )


၁၃ နှစ်အရွယ် ကျောင်းတက်ဖော်ကောင်မလေး မသိအောင် အတူနေ ဗီဒီယိုရိုက်ပြီး အွန်လိုင်း တင်ခဲ့ သည့် ကျောင်း သားအကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ အွန် လိုင်းပေါ် တင်ခဲ့တဲ့ အကြောင်းကေ တာ့ ကောင်လေး က ကောင်မလေးကို ဗီဒီယိုထဲက ကဲ့သို့ နည်းလမ်းများဖြင့် လုပ်ပေး ရန် တောင်းဆိုခဲ့ တာကို ကောင်မလေးက ငြင်းဆန်ခဲ့လို့ပဲ ဖြစ်ပါတယ်။

( HE HAD sex with his 13-year-old schoolmate who was also his girlfriend, forced her to perform oral sex on him, then filmed and posted the video online without her knowledge.)


ယခုဆိုရင် အသက် ၁၇ နှစ်ရှိပြီ ဖစ်ြတဲ့ အဆိုပါ ပိုလီကျောင်းသားဟာ ပထမ လေးလ မှာ သတ်မှတ် အီလက် ထရောနစ် ပစ္စည်းများသာ အသုံးပြုခွင့်ရှိမှာဖြစ်ပြီး နောင် ၁၇ လမှာတော့ ကြီးကြပ်မှုအောက်မှာပဲ အီလက် ထရောနစ် ပစ္စည်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ အခန်းထဲမှာ နေရမည်ဖြစ်ပြီး လူမှုရေးလုပ်ငန်း ၁၅၀ နာရီ လုပ်ကိုင်ရအုံးမှာ ဖြစ်ပါတယ်။သူ၏ မိဘများဟာ သူ့ကို ကောင်းမွန်စေပါ့မယ်ဆိုပြီး ဒေါ်လာ ၈၀၀၀ တန် အာမခံထိုးထားရသည့် အပြင် သူ့ရဲ့ အင်တာနက် အသုံးပြုမှုကိုလည်း ကြပ်မတ်သွား ရမှာ ဖြစ် ပါ တယ်။

သူ၏ အမေကတော့ ဒီဖြစ်စဉ် ပြီးကတည်းက သူတော်တော် လိမ်မာနေပါပြီ။ သူ စာကြိုးစားနေပြီး သူ့အ မှတ်တွေလဲ ပိုကောင်းလာတယ်လို့ ဖြေခဲ့ပါတယ်။ အမှုတွေဖြစ်ပေမယ့် သူဟာ ကျွန်မတို့ရဲ့ သားပါပဲ ဆိုပြီး မိဘ တစ်ယောက်ရဲ့ မေတ္တာကိုလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက စင်္ကာပူမှ စင်္ကာပူဆိုပြီး သားသမီး ငယ်များကို နိုင်ငံခြား ပို့ထားတဲ့ မိဘများနဲ့ ပြည်တွင်းက အင် တာ နက်ကို စိတ်တိုင်းကျ သုံးခွင့်ပေးထားတဲ့ မိဘများ သတိထားစရာပါပဲ။ လူငယ် တော်တော် များများရဲ့ လက်ကိုင်ဖုန်းထဲမှာ မိုးဟေကို၊ သဇင်တို့ ရှိနေကြသလို ဖြစ်စဉ်တွေဟာလည်း မကြားချင်မှ အ ဆုံး ကြားေ နရပါတယ်။

ကလေးဆိုပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ တစ်ခုခုဆို အဆုံးအရှုံးကြီးမားကြောင်း သတိပေးဖော်ပြ လိုက် ပါ တယ်။
MWD
မူရင်းသတင်း
အပြည့်အစုံသို့ »

စ လုံးက ရဲတွေ ရင်ဘတ်က စီစီတီဗွီကင်မရာ


စင်ကာပူ ရဲတပ်ဖွဲ့က လှုပ်ရှားထွက်ရမယ့် ရဲအရာရှိတွေဟာ အခုနှစ်လယ်ပိုင်းက စပြီး ယူနီဖောင်း ရဲ့
ရှေ့မျက်နှာစာ အပေါ် ကြယ်သီးနားမှာ ကင်မရာ တပ်ဆင်ရပါတော့မယ်။ ပြောရရင် ရင်ဘတ်မှာ တပ်ဆင် ထားမယ့် CCTV ကင်မရာ လိုမျိုးပေါ့။

ရဲအရာရှိ ရင်ဘတ်က စီစီတီဗွီကင်မရာ၊ ဓာတ်ပုံ- CNA

အခုလို စမ်းသပ်တပ်ဆင်မှုလုပ်လိုက်တာဟာ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနအနေနဲ့ လှုပ်ရှားဆင်းတဲ့အခါတွေမှာ နည်းပညာကို အရှိန်မြှင့် အသုံးပြုသွားဖို့ နည်းလမ်းတခုအနေနဲ့ ဖြစ်တယ်လို့ စင်ကာပူအခြေစိုက် ချန်နဲလ် နယူးအေးရှား CNA သတင်းတပုဒ်က ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တချို့ စင်ကာပူတွေက မှတ်ချက်ပေးထားတာတွေကလည်း ရယ်စရာပါ။

တဦးက ဆိုရင် အကယ်၍ အိမ်သာထဲ သွားနေတဲ့အခါ ဒီကင်မရာတပ်ထားတာဆိုတော့ ပုဂ္ဂလိက လွတ်လပ်မှုတွေ ပျောက် ကုန်မှာပေါ့လို့ ဆိုထားတာလည်း တွေ့ရပါတယ်။
တချို့ကလည်း ပီကေနဲ့ ကင်မရာ မြင်ကွင်းကို ပိတ်လိုက်ရင် ပြီးရောပေါ့ဆိုတာလည်းပါတယ်။
ဘာပဲပြောပြော အိမ်နီးချင်း အာဆီယံ နိုင်ငံတွေမှာ နည်းပညာကို အဆင့်မြှင့် သုံးဖို့ ပြင်ဆင်မှုတွေ လုပ်နေ ချိန်မှာ မြန်မာ နိုင်ငံ က ရဲတပ်ဖွဲ့ဝင်တချို့ရဲ့ ခါးကြားမှာ လောက်လေးခွတွေ အခုထိ ရှိနေတတ်တာက
တော့ လူရယ်စရာဖြစ်မှာပါဘဲ။

အိမ့်သံစဉ် ~
arrawaddy
အပြည့်အစုံသို့ »