ကာဇက်စတန် နိုင်ငံမှ လူငယ်လက်ရွေးစင် ဘော်လီဘော အားကစားမယ်လေး တစ်ဦးသည် သူမ၏ ရုပ်ရည် အလှအပကြောင့် ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် အကျပ်ရိုက်စရာများ ကြုံနေရကြောင်း သိရသည်။
အသက်(၁၈)နှစ်သာ ရှိသေးသည့် ဆာဘီနာ အယ်လ်တင်ဘီကိုဗာသည် ထိုင်ဝမ်တွင် အသက်(၁၉)နှစ်အောက် ချန်ပီယံရှစ် ဘော်လီဘော ပြိုင်ပွဲသို့ သွားရောက်မယှဉ်ပြိုင်မီက သူမကို သိရှိသူ နည်းပါးလှသည်။ သို့သော်လည်း ထိုင်ဝမ်ပရိသတ်များက သူမ၏ အလှအပကို သတိပြုမိသွားပြီး Facebookနှင့် Twitterကဲ့သို့ Social Mediaများတွင် ဓာတ်ပုံများ မျှဝေခဲ့ရာ ယခုအခါ သူမအကြောင်း စိတ်ဝင်စားသူ သန်းပေါင်း အတော်များများ ရှိလာပြီ ဖြစ်သည်။ အယ်လ်တင်ဘီကိုဗာ၏ ပရိသတ် အများစုသည် အရှေ့တောင် အာရှမှ ဖြစ်ကြသည်။
Social Mediaများတွင် သူမအနေဖြင့် သတင်းကြီးလွန်းခြင်းကြောင့် အသင်းဖော်များထံမှ ဝေဖန်မှုများ ထွက်ပေါ်လာသည်။ အယ်လ်တင်ဘီကိုဗာ၏ အသင်းဖော်များက ပရိသတ်များသည် ပွဲအပေါ် စိတ်မဝင်စားဘဲ မိန်းမလှလေးထံတွင်သာ အာရုံစိုက်နေခြင်းကို ကန့်ကွက်ခဲ့ကြသည်။ “အခုဆိုရင် ဘော်လီဘောပွဲမှာ ပရိသတ်တွေက ပွဲရလဒ်ကို လုံးဝ စိတ်မဝင်စားဘူး။ အယ်လ်တင်ဘီကိုဗာကိုပဲ လိုက်ကြည့်နေတော့တယ်”ဟု ကာဇက်စတန်တွင် ဩဇာကြီးမားသည့် Vesti သတင်းစာက ဖော်ပြခဲ့သည်။
ကာဇက်စတန် အသက်(၁၉)နှစ်အောက် အမျိုးသမီး လက်ရွေးစင် ဘော်လီဘော အသင်း၏ နည်းပြ နာလန်ဆာဒီကော့ဗ် ကိုယ်တိုင်ကလည်း အဆိုပါ အခြေအနေကို မလိုလားကြောင်း ဆိုသည်။ “ဒီလိုပုံစံနဲ့တော့ အလုပ်လုပ်လို့ မရဘူး။ ပရိသတ်တွေက ချန်ပီယံရှစ် ပြိုင်ပွဲကြီး တစ်ခုလုံးမှာ ပြိုင်ပွဲဝင် တစ်ယောက်တည်းကိုပဲ လူရာသွင်းတဲ့ သဘောမျိုး ဖြစ်နေတယ်”ဟု ဒီကော့ဗ်က ဝေဖန်ခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် အယ်လ်တင်ဘီကိုဗာသည် အသင်းတွင် ချန်လှပ်ခံလာရနိုင်ကြောင်း ကောလာဟလများလည်း ထွက်ပေါ်နေသည်။
တရုတ်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် လူပြောများနေသည့် မိန်းကလေးက သူမသည် အစောပိုင်းက ဂုဏ်ယူမိသော်လည်း ယခုအခါ ပရော်ဖက်ရှင်နယ် ဘဝအတွက် စိုးရိမ်စိတ် ဝင်လာမိကြောင်း ဝန်ခံခဲ့သည်။ ထို့ကြောင့် ပရိသတ်များ အနေဖြင့် သူမ၏ ဘော်လီဘော စွမ်းရည်ကိုသာ အာရုံစိုက် အားပေးပါရန်လည်း အယ်လ်တင်ဘီကိုဗာက ပန်ကြားခဲ့သည်။
“စစချင်းမှာတော့ ကျွန်မစိတ်ထဲမှာ ပျော်ရွှင် ဂုဏ်ယူနေမိတယ်။ ဒါပေမဲ့ အခြေအနေတွေက လွန်လွန်ကဲကဲ ဖြစ်လာတယ်လေ”ဟု သူမက ဆိုသည်။ အယ်လ်တင်ဘီကိုဗာက “အခုတော့ ကျွန်မအနေနဲ့ ဘော်လီဘောကိုပဲ အာရုံစိုက်ပြီး ကစားချင်ပါတယ်။ ကျွန်မကို ပရိသတ်တွေ အသိအမှတ်ပြု စိတ်ဝင်စားကြတာဟာ ဘော်လီဘော ကစားတဲ့ စွမ်းရည်ကြောင့်ပဲ ဖြစ်စေချင်တာပါ။ တခြားနည်းလမ်း တစ်ခုခုနဲ့ နာမည်မကြီးချင်ပါဘူး”ဟု ဖွင့်ဟသွားသည်။
7Day Daily
အပြည့်အစုံသို့ »
၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့်ဗိုလ်လုပွဲတွင်မူ ပွဲချိန် မိနစ် (၉၀)ပြည့်သည်အထိ ဂိုးမရှိသရေကျနေခဲ့ပြီး အချိန်ပို မိနစ်(၃၀)အဆုံးအဖြတ် ဆက်ကစားခဲ့ရာတွင် ဂျာမနီအသင်းက လူစားဝင်လာသည့် ဂေါ့ဇီ၏ (၁၁၂)မိနစ်တွင် သွင်းယူသည့်တစ်လုံးတည်းသော ဂိုးဖြင့် အာဂျင်တီးနားအသင်းကို အနိုင်ရဗိုလ်စွဲခဲ့သည်။
ဂျာမနီအသင်းသည် တုံ့ပြန်ကစားခဲ့သည့် အာဂျင်တီးနား၏ ခြေစွမ်းကောင်းမွန်ခဲ့သော်လည်း ဟီဂူအင်၊ ပလာစီယိုတို့ ဂိုးသမားနှင့်တစ်ယောက်ချင်းကန်ခွင့်ရသည့် အပိုင်အခွင့် အရေးများကို လွဲချော်ခဲ့မှုကြောင့် ဒုတိယဖြင့်သာကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်း ပေးခဲ့ရသည့်ဂိုးကလည်း ဂျာမနီတိုက်စစ်ကို ပွဲချိန်တစ်ခုလုံးထိန်းထားနိုင်သည့် ဒီမစ်ချယ်လစ်၊ ဂါရေးတို့၏ အမှားတစ်ကြိမ်က တန်ဖိုးကြီးမားသွားစေခဲ့သည်။
ပွဲရလဒ်
ဂျာမနီ ၁-၀ အာဂျင်တီးနား
Eleven Media
အပြည့်အစုံသို့ »
”ကက်စတယ်လာအိုမှာ ကစားခဲ့တဲ့ ပွဲစဉ်တုန်းက မင်းမျက်နှာမှာပေါ်နေတဲ့ နာကျင်မှုကို မြင်လိုက်ရတာ ငါ အရမ်းရင်နာမိတယ်။ ဘရာဇီးပြည်သူတိုင်းလည်း ၀မ်းနည်းပက်လက် ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒဏ်ရာရနေတာတောင် သူ့ကိုယ်သူ လဲပြိုခံမှာ မဟုတ်တဲ့ ထိပ်တန်းစစ်သည် တစ်ယောက်ရဲ့ ခွန်အားတောင့်တင်းမှုကို ငါတို့ သိထားပြီးသားပါ။
ဘရာဇီးအသင်း တိုက်ပွဲဝင်နေတဲ့ စစ်မြေပြင်မှာ အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ စစ်သည်ဟာ တိုက်ခိုက်နေတာကို ခဏရပ်တန့်ခဲ့ရပါတယ်။ ဒါပေမဲ့ မင်းဘယ်တော့မှ အရှုံးမပေးဘူးဆိုတာ၊ ငါတို့ အသက်ဓာတ်အတွက် ပျော်ရွင်မှုတွေ၊ ငါတို့သမိုင်းအတွက် အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးဖို့ ထင်ထားတာထက် စောပြီး မင်းပြန်လာနိုင်လိမ့်မယ်ဆိုတာ ငါတို့ ဘရာဇီး ပြည်သူအားလုံး သိထားကြပါတယ်။ ဘုရားသခင်က မင်းကိုအမြဲ ကာကွယ်ပြီး ခွန်အားတွေ ပေးသနားပါစေ”
ဒါကတော့ ကိုလံဘီယာ ကစားသမား ဇူနီဂါရဲ့ ဒူးတိုက်ချက်ကြောင့် ကျောအောက်ပိုင်း တတိယမြောက်အဆစ် ကျိုးသွားလို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားတဲ့ နေမာအတွက် ဘရာဇီးသမ္မတ ရိုဆက်ဖ်ရဲ့ပေးစာပါ။
Credit : Football Cafe
အပြည့်အစုံသို့ »
ဇူလိုင် ၉ ရက်နေ့ ကစားမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဂျာမနီအသင်းဟာ ဘရာဇီးနိုင်ငံရဲ့ ဆီလီကာအိုလို့ခေါ်တဲ့ အောက်လမ်းမှော်ပညာနဲ့ တိုက်ခိုက်ခံရဖွယ် ရှိနေပါတယ်။
“ကျနော်တို့် ဘရာဇီးအသင်းဟာ ကြယ်ပွင့်ကစားသမားနေ မာ မပါဘဲ ဘယ်လိုဟော်ရိုင် ဇွန်တဲမြို့မှာ ဂျာမနီအသင်းကို ဧည့်ခံကစားရမှာပါ။ ဒါပေမယ့် ဘရာဇီးက ဗူးဒူးမှော်ဆရာတွေက ဂျာမနီ အသင်းကို မှော်အတတ်နဲ့ တိုက်ခိုက်သွားမှာပါ။ ကျနော့်ရဲ့ ဂါထာမန္တရားက ဂျိုးအာချင်လိုးရဲ့ အသင်းကို ဟန့်တားသွားမှာပါ။ သူတို့ရဲ့ ထိပ်တန်းကစားသမားတွေရဲ့ ခြေထောက်ကို လှုပ်လို့၊ ပြေးလို့မရအောင် လုပ်ထားပါတယ်” လို့ ရီယိုဒီဂျနေရိုးမြို့က အောက်လမ်းဆရာ ဟီလီယိုဆီးလ်မန်းက ပြောပါတယ်။
ဂျာမနီအသင်းရဲ့ သောမတ်စ်မူလာ၊ မန်နျူရယ်နူအာနဲ့ မတ်စ်ဟမ်းမဲလ်တို့ကို ဗူးဒူးဆရာတွေက သတိပေးထားပါတယ်။
By ဒီဗွီဘီ
အပြည့်အစုံသို့ »
၂၀၁၄ ကမ္ဘာ့ဖလားမှာ ကစားသမားတွေကို sex ကိစ္စတားမြစ်ခဲ့တဲ့ နိုင်ငံအသင်းတွေ အကုန်လုံးဟာ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
ဒီကိစ္စပေါ် သဘောထားမတင်းမာတဲ့ အသင်းတွေကတော့ ရလဒ်ကောင်းတွေရခဲ့ပါတယ်။
ဂျာမနီနဲ့ ဟော်လန်အသင်းတို့ရဲ့ မန်နေဂျာတွေဟာ သူတို့ကစားသမားတွေရဲ့ ဇနီးတွေကို အသင်းရဲ့ ဟော်တယ်မှာ နေခွင့်ပြုခဲ့ပါတယ်။ ဒီနှစ်သင်းစလုံးဟာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။
ပြိုင်ပွဲဝင်နေစဉ်မှာ sexနဲ့ပက်သက်လို့ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ ချမှတ်ထားပေမဲ့ ဒါကို ခွင့်ပြုခဲ့တဲ့ အသင်းတွေကတော့ ကော်စတာရီကာ၊ ပြင်သစ်နဲ့ ဟော်လန်တို့ဖြစ်ပါတယ်။ သူတို့ဟာ ပြိုင်ပွဲမှာ အသင်းကောင်းတွေ အဖြစ် ဆက်လက်ယှဉ်ပြိုင်နေပါတယ်။
သူတို့လို ကွာတားတက်အသင်းတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘယ်ဂျီယံနဲ့ ကိုလံဘီယာတို့ကတော့ ဒါနဲ့ပက်သက်ပြီး ထုတ်ပြောတာမျိုး မရှိပါဘူး။
ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ပါးပါး နေခွင့်ပြုခဲ့တဲ့ အခြားအသင်းတွေကတော့ ဥရုဂွေး၊ ဆွစ်ဇာလန်၊ နိုက်ဂျီးရီးယားနဲ့ အမေရိကန်တို့ဖြစ်ပြီး သူတို့အားလုံးကတော့ ၁၆ သင်းအဆင့်ထိ ရောက်ခဲ့ပါတယ်။
Sex ကို တားမြစ်ခဲ့တဲ့ အသင်းတွေကတော့ စပိန်၊ ရုရှား၊ ဘော့စနီးယား၊ ချီလီနဲ့ မက္ကဆီကို တို့ဖြစ်ပြီး ဒီအသင်းတွေ အကုန်လုံးဟာ ၁၆ သင်းအဆင့်ကို မကျော်ခဲ့ပါဘူး။
တစ်ချို့မန်နေဂျာတွေဟာ ဒီကိစ္စပေါ်မှာ အခြားလူတွေထက် ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။ ဘရာဇီးနည်းပြ စကိုလာရီဟာ ဒါကို မတားမြစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူက စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ သူပြောသွားတာက
“ကမ္ဘာ့ဖလားမှာ ကစားသမားတွေ ပုံမှန် sex လုပ်လို့ရတယ်။ ပုံမှန် sex ဆိုတာက ဟန်ချက်ညီတဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ တခြားပုံစံတွေနဲ့ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်။ ထူးထူးဆန်းဆန်းသမားတွေလည်း ရှိသေးတယ်။ ကျွန်တော်တို့က အကန့်အသတ်လေးနဲ့ စောင့်ကြည့်လေ့လာသွားပါမယ်” လို့ ဆိုပါတယ်။
ကော်စတာရီကာနည်းပြ ပင်တို ကလည်း “သေချာပါတယ်၊ သံသယမရှိပါဘူး၊ နောက်တစ်ဆင့်ကို တက်နိုင်သမျှတော့ “သူတို့ကိုယ်သူတို့ ပျော်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Sex ကိစ္စဟာ ကစားသမားတွေကို ဆိုးကျိုးများ သက်ရောက်စေတယ်လို့ ယခင်က ယုံကြည်ထားမှုများ ရှိခဲ့သော်လည်း မကြာသေးခင်က သုတေသနများဟာ ရုပ်ပိုင်းဆိုင်ရာအရ သက်ဆိုင်မှုမရှိဘူးလို့ ထောက်ပြခဲ့ကြပါတယ်။
ကစားသမားများအပေါ် ဒီကိစ္စနဲ့ ပက်သက်လို့ ပျော့်ပြောင်းတဲ့ မူဝါဒများထားရှိခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့တဲ့အသင်းဟာ အင်္ဂလန် ဖြစ်ပါတယ်။ သူကတော့ အထွတ်အထိပ်ကိုမရောက်ဘဲ အုပ်စုအဆင့်ကနေထွက်ခဲ့ရပါတယ်။
Credit: phothutaw
အပြည့်အစုံသို့ »
ဘောလုံးဒိုင်လူကြီးတစ်ဦးဟာ ဘောလုံးသမား တစ်ဦးက ခေါင်းကို ထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ် John Bieniewicz ဟာ Michigan ပြည်နယ်၊ Livonia မြို့ က ဘောလုံးပွဲတစ်ပွဲမှာ ဒိုင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ပွဲချိန်အတွင်းမှာ John ဟာ ကစားသမားတစ်ဦးကို ကွင်းကနေ ထုတ်ပယ်ဖို့  ပြစ်ဒဏ်သတ်မှတ်လိုက်တဲ့အခါမှာ အဆိုပါကစားသမားက John ရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးသွားခဲ့ပါတယ်။
John ဟာ အထိုးခံရပြီးနောက် နှစ်ရက်အကြာ၊ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
John ကို ထိုးခဲ့သူ အသက် ၃၆ နှစ်အရွယ် ကစားသမား Bassel Abdul-Amir Saad ကို ကစားပွဲအပြီး ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ်အနာတရဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုနဲ့  အမှုစွဲထားပြီး တနလာင်္နေ့  က ရုံးတော်ကို ဆင့်ခေါ်ခဲ့ပါတယ်။
အစိုးရရှေ့ နေတွေကတော့ Mr.John ရဲ့ သေဆုံးမှုကြောင့် စွဲချက်ကို ပြန်လည် ပြင်ဆင် လျှောက်ထား သွားမယ်လို့ ဆိုခဲ့ပါတယ်။
ကစားသမားက ဒိုင်ကို ထိုးလိုက်တာကို လူတော်တော်များများ မြင်လိုက်ရကြောင်းလည်း ရဲတွေက ထွက်ဆို ထားပါတယ်။
Bassel ဘက်က အမှုလိုက်ပေးနေသူ ရှေ့ နေ Brian Berry ကတော့ စွဲချက်တွေအတွက် အပြစ်ဒဏ်ကို မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ကစားပွဲက အထုတ်ခံလိုက်ရတဲ့အတွက် လက်တုံ့ ပြန်တာ တော့ မဟုတ်ဘူးလို့ သိရပါလိမ့်မယ်လို့ Berry က ဆိုခဲ့ပါတယ်။
Ref: Mirror.co.uk
Trend Myanmar
အပြည့်အစုံသို့ »
အေသင်အောင်
တောင်ကိုရီးယား လက်ရွေးစင် ကစားသမားဟောင်း ပတ်ဂျီဆန်ဟာ လာမယ့် ဇူလိုင် (၂၇) မှာ ချစ်သူဖြစ်သူ ကင်မင်ဂျီနဲ့ လက်ထပ် မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။
မန်ယူအသင်းမှာ (၇)နှစ်ကြာ ပါဝင်ကစားခဲ့ဖူးတဲ့ ပတ်ဂျီဆန်ဟာ အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အသင်းကို အချိန်တိုင်းမှာ သတိရနေကြောင်း သူ့ရဲ့ မင်္ဂလာဆောင် ဖိတ်စာက သက်သေ ပြသသွားခဲ့ပါတယ်။ ပတ်ဂျီဆန်ဟာ သူ့ရဲ့မင်္ဂလာဆောင် ဖိတ်စာကို အိုးလ်ထရက်ဖို့ဒ်ကွင်း ဒီဇိုင်းပုံစံအတိုင်း ပြုလုပ်ခဲ့ ပါတယ်။ ဖိတ်စာကို ဖွင့်လိုက်တဲ့အခါမှာ ပွဲ ကြည့်စင်နဲ့ မြက်ခင်းစိမ်း ပုံစံကို တွေ့ရမှာ ဖြစ်ပါတယ်။ ပွဲကြည့်စင်ပေါ်မှာ မင်္ဂလာဆောင်ကြမယ့် ပတ်ဂျီဆန် နဲ့ ကင်မီဂျီတို့ရဲ့အမည်ကို ရေးထိုးထားပါတယ်။ နောက်ပြီး The Wedding of Dream ဆိုတဲ့ စာသားကိုလည်း ရေးထိုးထားပါတယ်။
မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းဆောင်ပုဒ်က Theatre of Dreams ကို နမူနာယူပြီး ရေးထိုးထားခြင်း ဖြစ်ပါတယ်။ ပတ်ဂျီဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်မှာ ဘောလုံးလောကကနေ အနားယူခဲ့ရပါတယ်။ ပတ်ဂျီဆန်ကို မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က ခေါ်ယူခဲ့ခြင်းဖြစ်ပါ တယ်။ ပတ်ဂျီဆန်ဟာ မန်ယူမှာကစားခဲ့တဲ့ ကာလတွေမှာ ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အောင်မြင်မှုတွေများစွာ ရယူပေးခဲ့ပါတယ်။ ပတ်ဂျီဆန်ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ အရေးပါတဲ့ နေရာမှာရှိခဲ့တဲ့ မန်ယူအသင်းကို မမေ့လျော့တဲ့အနေနဲ့ မင်္ဂလာဆောင်ဖိတ်စာကို အိုးလ်ထရက် ဖို့ဒ်ကွင်းပုံစံ ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။
messenger
အပြည့်အစုံသို့ »
ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် လွန်ခဲ့သည့်ရက်ပိုင်းများတွင် အီတလီနောက်ခံလူချီလီနီကို ကိုက်ခဲ့ခြင်းမရှိဟု ငြင်းဆန်နေခဲ့သော်လည်း ယခုအခါ သူ၏တရားဝင် Twitter စာမျက်နှာမှတစ်ဆင့် ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့သည်။
ဆွာရက်ဇ်က နေအိမ်တွင်မိသားစုနှင့် အချိန်အနည်းငယ်ယူခဲ့ပြီးနောက် တည်ငြိမ်မှုရရှိခဲ့ပြီး ဇွန်(၂၄)ရက်နေ့မှ အမှန်တရားကို ရင်ဆိုင်ရန်အသင့်ဖြစ်လာခဲ့ကြောင်း၊ ချီလီနီ၏ဒဏ်ရာမှာ မိမိကိုက်ပြီးရခဲ့သည့်ဒဏ်ရာဖြစ်ကြောင်း၊ ဖြစ်စဉ်အတွက်အလွန်နောင်တရမိကြောင်း၊ ချီလီနီနှင့်အတူ ကမ္ဘာ့ ဘောလုံးမိသားစုတစ်ခုလုံးကို တောင်းပန်လိုကြောင်း၊ ယခုကဲ့သို့ အပြုအမူမျိုး နောက်နောင်ဘယ်တော့မှ မပြုလုပ်တော့ပါဟု အဓိဋ္ဌာန်ပြုပါကြောင်းဖော်ပြခဲ့သည်။ ချီလီနီကလည်း ကျေအေးပေးခဲ့ပြီး “ဖီဖာမှ သင်၏ပြစ်ဒဏ်ကိုလျှော့ချပေးရန် မျှော်လင့်သည်”ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။
Photo; AFP
Eleven Media Group
အပြည့်အစုံသို့ »
ချီလီနှင့်ပွဲစဉ်တွင် ဘရာဇီးကစားသမား နေမာမှ ပင်နယ်တီဂိုး သွင်းယူနေစဉ်
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လက်ရွေးစင်အသင်း၏ ပင်နယ်တီ အဆုံးအဖြတ် ခံယူမှုကို စောင့်ကြည့်ရင်း ဘရာဇီး ပရိသတ်တစ်ဦး နှလုံးဖောက်ပြန် သေဆုံးသွားကြောင်း သိရှိရသည်။
ဇွန်လ(၂၈)ရက်နေ့ ညပိုင်းက ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီး အသင်းသည် ချီလီနှင့် (၁၆)သင်း ရှုံးထွက်အဆင့် ယှဉ်ပြိုင်ကစားရာ အချိန်ပို ပြီးဆုံးသည်အထိ တစ်ဂိုးစီ သရေသာ ဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း တောင်အမေရိက နှစ်သင်းအနေဖြင့် နောက်တစ်ဆင့် တက်ရေးအတွက် ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူခဲ့ရသည်။
ဘီလိုဟိုရီဇွန်တေးရှိ ပရိသတ် (၆၂၀၀၀) ဝင်ဆံ့သော မီနိုင်ရာအို ကွင်းကြီးမှ ဘားခန်းတစ်ခုတွင် အဆိုပါပွဲကို TVမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနေသည့် အသက်(၆၉)နှစ်အရွယ် ပရိသတ်မှာ စိတ်လှုပ်ရှားမှု လွန်ကဲလာပြီး နှလုံးထိခိုက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း မကြာမီတွင်ပင် အသက်ဆုံးရှုံးသွားခဲ့သည်။
Estado de Minas သတင်းစာက ချီလီနှင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူနေချိန်တွင် စိတ်လှုပ်ရှားလွန်းသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရသူ ဘရာဇီးပရိသတ် (၉၈)ဦးထိ ရှိခဲ့ပြီး ယခုပုဂ္ဂိုလ်ကမူ ကံဆိုးစွာဖြင့် အသက်ပါ ဆုံးပါးခဲ့ခြင်းဟု ဖော်ပြခဲ့သည်။
ဘရာဇီး အသင်းသည် အဆိုပါ ပင်နယ်တီ အဆုံးအဖြတ်တွင် ချီလီကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ကာ နောက်ထပ် တောင်အမေရိက ပြိုင်ဘက်တစ်သင်းဖြစ်သည့် ကိုလံဘီယာနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
_Ref: Dailymail
7day daily
အပြည့်အစုံသို့ »
ကျင်းပချိန် တစ်လအတွင်း တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပိုပြီးဆန်းသစ်အောင် လုပ်ပေးနိုင်တဲ့နေရာမှာ ဆံသဆရာ တစ်ယောက်ရဲ့ အခန်းကဏ္ဍ ပါဝင်တယ်ဆိုတာ
အပြည့်အစုံသို့ »
 |
ဘရာဇီး နည်းပြ စကိုလာရီ |
ချီလီနဲ့ ရင်ဆိုင်မယ့် ပွဲစဉ်အတွက် ကစားသမားတွေဟာ ကြောက်စိတ်တွေ ၀င်လာနေတယ်လို့ ဘရာဇီး နည်းပြ စကိုလာရီက ပြောပါတယ်။
အိမ်ရှင် ဘရာဇီးအသင်းဟာ ရှုံး ထွက်အဆင့်မှာ တောင်အမေရိကပြိုင်ဖက် ချီလီနဲ့ ရင်ဆိုင်ရမှာပါ။ ရှုံးထွက်အဆင့် ရောက်လာရင် ကြောက်စိတ်တွေ ၀င်လာတာဟာ ပုံမှန်ပါပဲ။ အထူးသဖြင့် ရှုံးထွက်အဆင့်မှာ ရှုံးမှာကို စိုးရိမ်တယ်လို့ ဘရာဇီးနည်းပြ စကိုလာရီက ပြောပါတယ်။
ဘရာဇီးအသင်းဟာ အုပ်စုတွင်းမှာ ၂ ပွဲနိုင် တပွဲ သရေကျထားပါတယ်။ ချီလီအသင်းကလည်း အုပ်စုတွင်း စပိန်နဲ့ သြစတြေးလျကို အနိုင်ယူထားပါတယ်။
ဘရာဇီးနဲ့ ချီလီတို့ နောက်ဆုံး ကစားတဲ့ ၁၂ ပွဲမှာ ဘရာဇီးက ၁၀ပွဲနိုင်ပြီး ၂ ပွဲ သရေကျထား ပါတယ်။ ကမ္ဘာ့ဖလားမှာ ၃ ကြိမ် ဆုံဖူးထားပြီး ၃ ကြိမ်စလုံး ဘရာဇီးက အနိုင်ရထားပါတယ်။
DVB Burmese
အပြည့်အစုံသို့ »
၎ လ နိုင်ငံတကာပွဲ ၉ ပွဲ ၊ ကလပ်ပွဲက ပရီးမီးယားလိဂ် ၉ ပွဲ ၊ ချန်ပီယံလိဂ် ၃ ပွဲ ၊ လိဂ်ဖလား ၁ ပွဲ အားလုံးပေါင်း ၁၃ ပွဲ ပယ်ခံရတယ်။ ဆွာရက်စ် သူမှားလို့ သူပြစ်ဒဏ် ခံရတာမပြောလို။ လေ့ကျင့်ခန်း ကော ၊ ကစားကွင်း အတွင်းပါ မ၀င်ရဆိုတာတော့ နည်းနည်းများသွားပြီ။
ဒီနေရာမှာ အင်္ဂလိပ်မီဒီယာတွေ သတင်းအပြိုင်အဆိုင်တင်တာချင်းအတူတူတောင် ဝေဖန်ထောက်ပြတာထက် ရှုတ်ချတဲ့ သတင်းတွေကပိုများသလို ဖေ့ဘုတ်တခွင် နိုင်ငံတကာမှာလည်း ဒီဖြစ်ရပ်တစ်ခုတည်းကိုသာ ဇောင်းပေးပြီးအသားပေးဖော်ပြတယ်။ ဘီဘီစီ က Pat Navan နဲ့  အဲဗာတွန်နည်းပြ Martinez တို့ က ဆွာရက်စ် ဟာ စိတ်ပိုင်းဆိုင်ရာအကူအညီလိုနေတဲ့သူဖြစ်ကြောင်းထောက်ပြတာကလွဲလို့  ကျန်တဲ့သူအတော်များများ အခွင့်အရေးရတုန်းဆွမ်းကြီးလောင်းဆိုသလို ၂ နှစ်ပယ် တွေဘာတွေဆိုကြတယ်။
ဆွာရက်စ် ကိုက်တယ်။ ဘာလို့ ကိုက်လဲ ? Psychologist တွေအတော်များများက ချယ်ဆီး နဲ့ ပွဲစဉ်ပြီးကတည်းက ဆွာရက်စ် ဟာ စိတ်ရောဂါ အခံရှိတာကြောင့် ကုသမှုလိုတယ်လို့ အသေအချာပြောထားတယ်။ ဒါမျိုးကို သေချာမကုရင် ဆက်ဖြစ်နိုင်တာကြောင့် သူ့ အတွက် ဘေးမှာတစ်ယောက်ရှိဖို့ လိုအပ်တာကြောင့် လစ်ဗာပူးအသင်းက တတ်နိုင်သမျှ ကုပေးခဲ့တာ ၁ နှစ်ကျော်ဘာမှမဖြစ်ခဲ့ဘူး။ ဒီနေ၇ာမှာ မြန်မာပြည်က ကော ၊ နိုင်ငံခြားမီဒီယာအတော်များများကကော သတင်းရေးတွေတဲ့သူကလည်း လူပိန်းကြိုက် ပြီးပြီးရော သတင်းတွေတင်တာဟာလည်း ပိုဆိုးလာတယ်။ ဆွာရက်စ် ရဲ့ လုပ်ရပ်ဟာ လုံးဝ လက်မခံနိုင်စရာလုပ်ရပ်ဟုတ်ပေမယ့် သူ့ ဘ၀နောက်ကြောင်းကိုလည်း ဖော်ပြဖို့ လိုတယ်။ ဘာကြောင့် ဒီလိုဖြစ်လာလည်းဆိုတဲ့အကြောင်းရင်းကိုလည်းအားလုံးသိအောင်ဖော်ပြဖို့ လိုတယ်။ ရေးတဲ့မီဒီယာအချို့ က ရေးပေမယ့် ဆိုရှယ်မီဒီယာတွေအကုန်လုံးက ဖွလို့ ကောင်းတဲ့အကြောင်းပဲတင်ကြတယ်။
ဆွာရက်စ် ဟာ ငယ်ငယ်ကတည်း ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတဲ့အပြင် ငယ်ရွယ်စဉ်ကတည်းက လူကြီးတွေရဲ့ အနိုင်ကျင့်တာ နှိပ်စက်တာခံခဲ့ရလို့ စိတ်ရောဂါ အနေနဲ့ နောက်ဆုံးသည်းမခံနိုင်တော့ရင် ပြန်ပြန်ကိုက်တတ်တဲ့အကျင့်ရှိတယ်။ အဲ့ဒီစိတ်ရောဂါ ဟာ အခုချိန်မပျောက်သေးဘူး။ သေချာမကုရင် နောက်လည်း ထပ်ကိုက်အုံးမှာပဲ။
ဆွာရက်စ် ဘောလုံးကစားတဲ့စတိုင်ဟာ နေမား မက်ဆီ တို့ ရော်နယ်ဒိုတို့ လိုပဲ လိမ်ခေါက်ပြီးတိုက်စစ်ဆင်တာကြောင့် အမြဲအချခံရလေ့ရှိတယ်။ ဒိုင်တွေရဲ့ ကာကွယ်မှုအပြည့်မရရင် အဲ့ဒီပွဲမှာလူးလိမ့်နေအောင်ခံရတယ်။ Pat Navin က ဆွာရက်စ် ရဲ့ လုပ်ရပ်ဟာ မှားပေမယ့် ဒိုင်လူကြီးဟာ အီတလီနောက်ခံလူတွေ ဥပဒေ ပြင်ပကနေ ဆွာရက်စ် ကို ပွဲစဉ်တပွဲလုံး လူချကစားခဲ့တာ ထိထိရောက်ရောက်ပြစ်ဒဏ်ပေးခဲ့ရင် ဒီပြသနာဟာဖြစ်လာမှာမဟုတ်ဘူးလို့ ထောက်ပြတယ်။
ဒီနေရာမှာ လူချခံရတာများရင် အေးပါတယ်ဆိုတဲ့ မက်ဆီ တို့ တောင် မခံနိုင်လို့ တံတွေး နဲ့ ပြန်ထွေးတဲ့ဗီဒီယိုသက်သေတွေရှိတယ်။ ရော်နယ်ဒို တဖက်အသင်းကို ခြေထောက်နဲ့ လိုက်နင်းတဲ့ဗီဒီယိုတွေလည်းသက်သေရှိတယ်။ ဒါပေမယ့် မီဒီယာတွေ မထောက်ပြတာက ဆွာရက်စ် လူချလို့ အနီကတ် ထိဖူးတယ်ဆိုတာ သူ့ ကစားသမားဘ၀မှာမရှိတာပဲ။
ကန်တိုနာ ကွန်ဖူးကစ် နဲ့ ပရိသတ်ကိုကန်တယ်။ သူ့ ပရိသတ်တွေမသိချင်ယောင်ဆောင်ပြီး ဆက်ထောက်ခံခဲ့တာပဲ။ မနှစ်က ဟာဇက် ဘောကောက် ကလေးကို ခြေထောက်နဲ့ ကန်တယ်။ ဘာမှမဖြစ်သလိုပဲပြီးသွားတယ်။ နာမည်ကြီး ကတ်ပတိန် တစ်ယောက်လူ ချလို့ ကစားသမားဘ၀ဆုံးသွားတဲ့သူတွေရှိတယ်။ ဘာအသံမှမထွက်လာဘူး။ ဒီကာနီယို ဒိုင်လူကြီးကို ပွဲကန်နေတုန်း တွန်းထုတ်တယ်။ ဇီးဒန်း က ကမ္ဘာ့ ဖလားဖိုင်နယ်မှာ မာတာ၇ာဇီ ကို ခေါင်းနဲ့ တိုက်တယ်။ ဘာမှမဟုတ်သလိုပြီးသွားတဲ့အပြင် ဖီဖာ က ဂုဏ်ပြုဆုတောင်ပေးထားသေးတယ်။ တခြား ကစားသမားတွေဆက်ပြောနေရင် List ကဆုံးမှာတောင်မဟုတ်ဘူး။ အခု ပရီးမီးယားလိဂ်မှာ လည်းဒိုင်လစ်ရင်လစ်သလို မခုတ်တတ်တဲ့ကြောင် လုပ်နေတဲ့ကစားသမားတွေအများကြီးပဲ။
ဆွာရက်စ် မှားတယ်ဆိုပေမယ့် ဝေဖန်ထောက်ပြတာထက် ပိုတဲ့ လူမျိုးရေးခွဲခြားမှုတွေ ၊ မုန်းတီးမှုတွေများနေတာ တအားသိသာတယ်။ဆွာရက်စ် မိဘမဲ့ကလေးကျော်ငးသွားပြီး လှူတဲ့ပုံတွေဆိုရှယ် မီဒီယာပေါ်မတက်လာဘူး ၊ ကစားကွင်းသွားတုန်း လမ်းဘေးမှာ စိတ်ဝေဒနာရှင်ကလေးလေးက ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ကားဆင်းရပ် ပြီး ဆေးကုသငွေပါလှူသွားတဲ့ပုံတွေ မီဒီယာပေါ်မတက်လာဘူး။ ဥရုဂွေး ဆင်းရဲသားရပ်ကွက် မှာကျောင်းလှူတဲ့သတင်းတွေ မီဒီယာမှာအကျယ်တ၀င့်မတတ်လာဘူး။ ဘောလုံးကွင်းပြင်ပ မှာ လူတကာ ချီးကျူးရတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဆိုတဲ့ သတင်းတွေမတက်လာဘူး။
ဆွာရက်စ် ကိစ္စ နဲ့ ဆက်စပ်ပြီး စဉ်းစားမိလိုက်တာက လူတွေဟာ ကောင်းရင်သာချီးကျူးဖို့ လက်တွန့် နေလိမ့်မယ် ။ မှားပြီဆိုရင်တော့ ဘာမှမစဉ်းစားတော့ပဲ ဆွမ်းကြီးလောင်းဖို့ သာ အားသန်ကြတာများတဲ့လူတွေသာများတယ်ဆိုတာ သင်ခန်းစာရလိုက်တယ်။
အခုလက်ရှိပြစ်ဒဏ်ကတော့ သူ့ အမှားနဲ့ သူမို့ လက်ခံလို့ ရတယ်။ သူလည်း ဆေးကုသဖို့ အချိန်ရသွားသလို အေးအေးဆေးဆေးနားရတာပေါ့လို့ မှတ်လိုက်ပါတယ်။ ဒါပေမယ့် လူတွေဟာ အကြောင်းရင်းကို သေချာမဖတ် မလေ့လာပဲ သူတပါးရဲ့ အမှားနဲ့ အားနည်းချက်ကို အတင်းဇွတ်ကြီး ဖိနှိပ်နေလို့ ရေးရတော့တာပဲ။
(ADMIN – NHTL)
Liverpool Fan Club
အပြည့်အစုံသို့ »
တရုတ်နိုင်ငံသို့ နယ်စပ် ဖြတ်ကျော်ကာ တရားမ၀င်သွား ရောက်အလုပ် လုပ်ကိုင်နေရ သော မြန်မာနိုင်ငံသားများအ တွက် အာမခံချက်ပေးနိုင်ရန် နှစ်နိုင်ငံ တည်ဆဲဥပဒေများနှင့်အ ကာအကွယ်ပေးနိုင်ရေးနားလည် မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးမှုကို တရုတ်နိုင်ငံဘက်က ကမ်းလှမ်းလာမှသာ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘ဒုဝန်ကြီးဖြေသွားတဲ့အထဲ မှာ တရုတ်ကကမ်းလှမ်းမှု MOU ထိုးပြီးလုပ်ပေးမယ်ဆိုတော့ ဒါက မလုပ်ပေးနိုင်ဘူး ဆိုတဲ့သဘော ဖြစ်နေတယ်။ တရုတ်ကတော့ သူတို့အနေနဲ့ ဈေးပေါပေါရပြီးအ ချောင်ရနေတော့ သူတို့ဘက်က တော့ စပြီး ကမ်းလှမ်းလာမှာ မဟုတ်ဘူးလေ’’ ဟု ဦးစိုင်းဘိုး အောင်ကလည်း ပြောသည်။
မူဆယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်း ဘိုးအောင်က တရုတ်နိုင်ငံသို့ နယ် စပ်ဖြတ်ကျော်သွားရောက်အလုပ် လုပ်ကိုင်နေရသော မြန်မာနိုင်ငံ သားများအနေဖြင့် မတရားစေခိုင်း ခံရခြင်း၊ ခေါင်းပုံဖြတ်အမြတ် ထုတ်ခံရခြင်း၊ ထိုင်သင့်သည့်လုပ် ခလစာမရရှိခြင်းတို့ကြောင့် မည် သို့ အကာအကွယ်ပေးနိုင်မည့်ကိစ္စရပ်နှင့်ပတ်သက်၍ မေးမြန်းမှုအ ပေါ် အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးထင်အောင်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
တရုတ်မြန်မာနယ်စပ်ဒေသ များတွင် ထိုကဲ့သို့ ဖြစ်ပေါ်နေ သည့် ကိစ္စရပ်များကို မိမိတို့အနေ ဖြင့် ယခင်က သိရှိရခြင်းမရှိဘဲယ ခုမေးမြန်းမှသာ သိရှိရသဖြင့် ထို ကိစ္စအားဖြေရှင်းပေးနိုင်ရန် အစိုး ရ၀န်ကြီးဌာနသာမက သက်ဆိုင် ရာလွှတ်တော်ရေးရာ ကော်မတီ များကပါ ယခုကိစ္စရပ်များ ကိုင် တွယ်ဆောင်ရွက်ရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦး ရွှေမန်းကပြောသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံ မှ မြန်မာအလုပ်သမားများတရား ၀င်အလုပ်လုပ်ကိုင်ရေးနှင့်ပတ် သက်၍ ကမ်းလှမ်းလာခြင်းမျိုးမ ရှိသေးသည့်အတွက် တရုတ်နိုင်ငံ အတွင်းသို့ သွားရောက်အလုပ် လုပ်ကိုင်သူများအနေဖြင့် ခြောက်ညအိပ် ခုနစ်ရက်သက်တမ်းသာရှိသော ယာယီနယ်စပ်ဖြတ်ကျော်သွားရောက်ခွင့်လက်မှတ်ဖြင့်သာကူးသန်း အလုပ်လုပ်ကိုင်နေရ ကြောင်း ဒုတိယ၀န်ကြီးက ပြော သည်။
‘‘ဒေသခံတွေအနေနဲ့အလုပ် အကိုင်ရှားပါးမှုကြောင့် နယ်စပ် ကနေတစ်ဆင့် တရုတ်ပြည်ထဲမှာ အလုပ်သွားလုပ်ရတော့ တရား ၀င်မဟုတ်တဲ့အတွက် ယာယီ လက်မှတ်နဲ့ပဲသွားရတယ်။ သက် တမ်းကုန်တော့ တရုတ်ရဲက ဖမ်း ရင်ထောင်ကျတယ်။ ထောင်ထဲမှာဆီးစစ်ပြီး မူးယစ်ဆေးသုံးတာ တွေ့ရတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သတ်မှတ်တယ်။ ပြီး တော့ လမ်းခင်းတဲ့နေရာတွေမှာ သုံးတယ်။ အဲဒီလိုခံနေရတဲ့သူ တွေအများကြီးပါ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းဘိုးအောင်က ပြောသည်။
7day daily
အပြည့်အစုံသို့ »
အီတလီနောက်တန်းလူ ချီလီနီကို ကိုက်ခဲ့ခြင်းအတွက် ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်မှာ ဘောလုံးကစားခြင်းမှ လေးလပိတ်ပင်ခြင်းပြစ်ဒဏ်နှင့်အတူ နိုင်ငံအသင်းအတွက် ကိုးပွဲပယ်နှင့် ပေါင် ၆၅,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရသည်။ ထို့ကြောင့် ဆွာရက်ဇ်မှာ လီဗာပူးအသင်းအတွက်လည်း အောက်တိုဘာလကုန်အထိ ပါဝင်ကစားနိုင်မည် မဟုတ်ပေ။
ဆွာရက်ဇ်နှင့်ဥရုဂွေးအသင်းသည် ပြစ်ဒဏ်အတွက်အယူခံပိုင်ခွင့်ရှိသော်လည်း ပွဲပယ်ပြစ်ဒဏ်မှာ ရှုံးထွက် ၁၆ သင်းအဆင့်တွင် ကိုလံဘီယာနှင့်ပွဲမှစတင်၍ ကျခံရမည်ဖြစ်ပြီး ထိုပွဲတွင်ပါဝင်ကစားခွင့်ရမည်မဟုတ်ပေ။ လူးဝစ္စဆွာရက်ဇ်(၂၇)နှစ်မှာ ကစားသမားမပီသသောလုပ်ရပ်အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ဖီဖာ၏စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယခုပိတ်ပင်မှု ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ဆွာရက်ဇ်က ချီလီနီကိုကိုက်ခဲ့ခြင်းမှာ ကမ္ဘာ့ဖလားအုပ်စု(D) တွင် ဥရုဂွေးက အီတလီကိုအနိုင်ရသောပွဲတွင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲတွင် ဥရုဂွေးကအနိုင်ရရှိပြီး နောက်ဆုံး ၁၆ သင်း အဆင့်သို့တက်ရောက်နိုင်ခဲ့သည်။ ၎င်းတို့၏ဆုံးဖြတ်ချက်ကို ကစားသမားနှင့် ဥရုဂွေးဘောလုံးအဖွဲ့ချုပ်သို့ အကြောင်းကြားပြီးဖြစ်သည်ဟု ဖီဖာက ပြောကြားသည်။
ယင်းသို့သော အပြုအမူမျိုးမှာ သည်းခံနိုင်စရာမရှိကြောင်းနှင့် အထူးသဖြင့်လူသန်းပေါင်းများစွာ က ကွင်းအတွင်းရှိအကျော်အမော်များကိုကြည့်ရှုနေချိန်တွင်ဖြစ်ကြောင်း ဖီဖာစည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကလော်ဒီယိုဆူလ်ဆာက ပြောကြားသည်။
Ref: BBC
7day daily
အပြည့်အစုံသို့ »
အီတလီ နောက်ခံလူနဲ့ ဆွာရက်ဇ် ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်က ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကို စည်းကမ်း ထိမ်းသိမ်းရေးနဲ့ ဆိုင်တဲ့ စုံစမ်း စစ်ဆေးမှု စတင် လိုက်ပါတယ်။
အင်္ဂါနေ့က ကမ္ဘာ့ ဖလားပွဲ အုပ်စုပွဲ အီတလီနဲ့ ပွဲစဉ်အတွင်း အီတလီ ကစားသမားကို ကိုက်ခဲ့ပုံ ရပါတယ်။
ဗီဒီယို ပုံရိပ်တွေ အရ ဆွာရက်စ်က ဂျော်ဂျီယို ချီလီနီ Giorgio Chiellini ရဲ့ ပခုံးကို သူ့ပါးစပ်နဲ့ ကိုက်လိုက်တဲ့ပုံမျိုး မြင်ရပါတယ်။
ချီလီနီက သူ့ရဲ့ ပခုံးမှာ သွားရာ ထင်သွားတာကို ဒိုင်လူကြီးကို ပြခဲ့ပေမယ့် အဲဒီ ဘောလုံးပွဲ အတွင်း တစုံတရာ အရေးယူခြင်း မရှိခဲ့ပါဘူး။
ဆွာရက်ဇ်ကတော့ သူက ဝင်တိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဆွာရက်ဇ်ဟာ ကလပ် အသင်း အဆင့်မှာ ကစားစဉ်လည်း တဖက် ကစားသမားကို ကိုက်ခဲ့မှုနဲ့ ကစားခွင့် ၂ ခါ ပိတ်ပင် ခံခဲ့ရဖူးပါတယ်။
အခု စုံစမ်း ဆေးမှုမှာ အပြစ်ရှိတယ်လို့ သတ်မှတ်ခံရရင် ဆွာရက်ဇ် အနေနဲ့ လက်ကျန် ကမ္ဘာ့ဖလားပွဲတွေ အပါအဝင် ပွဲပေါင်း ၂၄ ပွဲအထိ ကစားခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။
BBC Burmese
အပြည့်အစုံသို့ »
နော်ဝေးလူမျိုး ဘောလုံးပရိတ်သတ်တစ်ဦးဟာ ဘရာဇီးကမ္ဘာ့ဖလားမှာ ဘောလုံးသမားတစ်ယောက်ယောက်ကို ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် ကိုက်မယ်လို့ လောင်းခဲ့ရာမှာ ပေါင် ၅၀၀ အနိုင်ရရှိခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ အရင်နှစ်တွေတုန်းကလည်း တခြားကစားသမားတွေကို နှစ်ကြိမ်ကိုက်ခဲ့ဖူးပြီး၊ နော်ဝေးပရိတ်သတ်ဟာ ဒီကမ္ဘာ့ဖလားမှာလည်း ဆွာရက်ဇ် တစ်ယောက်ယောက်ကို ကိုက်အုန်းမယ် ဆိုတဲ့ အပေါ် ငွေ သုံးပေါင် လောင်းကြေးထပ်ခဲ့တာဖြစ်ပါတယ်။
သူထင်တဲ့အတိုင်းပဲ မနေ့ က ကစားခဲ့တဲ့ အီတလီနဲ့ ဥရုဂွေးတို့ ရဲ့ အုပ်စုတက်အဆုံးအဖြတ်ပွဲစဉ်မှာ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်တစ်ယောက် အီတလီနောက်ခံလူ ဂျော်ဂျီယို ခီလီနီ ကို ကိုက်ခဲ့ပါတယ်။
ဆွာရက်ဇ် ကိုက်၊မကိုက်အပေါ် လောင်းကြေး ၁၇၅ ဆ ၁ ဆ ဖွင့်ခဲ့အတွက် အခုဆို နော်ဝေးပရိတ်သတ်ဟာ ပေါင် ၅၀၀ ရရှိခဲ့ပြီးဖြစ်ပါတယ်။
ဖော်ပြပါ လောင်းကြေးဖြတ်ပိုင်းမှာတော့ နော်ဝေးနိုင်ငံသုံး krone ငွေနဲ့ ဖော်ပြထားပါတယ်။
Ref: Metro.co.uk
Trend Myanmar
အပြည့်အစုံသို့ »
ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကြောင့် လူသေဆုံးမှုတွေ တရုတ်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ပါတယ်။
ပထမဦးဆုံး သေဆုံးရသူကတော့ အသက် ၅၁ နှစ်အရွယ် လီမင်ကျင်းဆိုသူ ဖြစ်ပါတယ်။ စပိန်နဲ့ နယ်သာလင် ကန်နေတဲ့ ပွဲကိုကြည့်ရင်း သူလဲကျသွားပါတယ်။ မိတ်ဆွေတွေက သူ့ကို အရေးပေါ်ကားနဲ့ ဆေးရုံခေါ်သွားပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့ရပါတယ်။ စိတ်လှုပ်ရှားလွန်းလို့ နှလုံးရပ်ပြီး သေသွားရတာလို့ ဆရာဝန်က ပြောပါတယ်။
မကြာသေးမအီကပဲ ကျင်စုနယ် စုဇိုအရပ်မှာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ယောက် သေနေတာကို တွေ့ကြရပြန်ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ စနေနေ့ (၂၁ ရက်နေ့) ကပါ။ သူ့ကိုလည်း ဆေးရုံပို့တော့ သေနေပြီလို့ ဆရာဝန်တွေက ပြောကြတယ်။ အဲ့ဒီနေ့က ဂျာမနီ နဲ့ဂါနာ၊ နိုက်ဂျီးရီးယားနဲ့ ဘောစနီးယား၊ အာဂျင်တီးနားနဲ့ အီရန် တို့ယှဉ်ပြိုင်ခဲ့ကြတာပါ။ သူရှေ့မှာ ဖွင့်ထားတဲ့ ကွန်ပျူတာက ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်နေဆဲ ဖြစ်တာကြောင့် သူလည်း ဘောလုံးပွဲကြည့်ရင်းက ရှော့ခ်ရပြီး သေဆုံးသွားပုံရတယ်လို့ ရဲတွေက ကြေညာပါတယ်။
တနင်္ဂနွေနေ့ (၂၂ ရက်နေ့) ကလည်း ရှန်ဟိုင်းမှာ ဘောလုံးပွဲစောင့်ကြည့်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဇိုဆိုသူဟာ ဦနှောက်သွေးကြောပြတ်ပြီး သေရပြန်ပါတယ်။ မနေ့ညကတော့ ဘယ်ဂျီယံနဲ့ ရုရှား၊ အယ်ဂျီးရီးယားနဲ့ တောင်ကိုရီးယား၊ ပေါ်တူဂီနဲ့ အမေရိကန်တို့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ သူလည်း ဘောလုံးပွဲကို သုံးညလုံးလုံး မနာတမ်းစောင့်ကြည့်ခဲ့တဲ့ ရလဒ်ကြောင့်လို့ ဆရာဝန်တွေက ဆိုပါတယ်။
ခုဆိုရင် တရုတ်နိုင်ငံမှာ ဘောလုံးပွဲကို မအိပ်မနေ စောင့်ကြည့်ခြင်းမပြုဖို့၊ တစ်ယောက်တည်း မကြည့်ဖို့ ဆရာဝန်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။ အချိန်ကွာခြားချက်ကြောင့် ညဥ့်နက်မှဘောလုံးပွဲ ထကြည့်နေရတဲ့ တရုတ်တွေ နောက်ထပ် ဘယ်နှစ်ယောက် ထပ်သေမယ် ဆိုတာကိုတော့ ကမ္ဘာ့ဖလားဘောလုံးပွဲပြီးမှ စာရင်းအတိအကျ ကောက်နိုင်မယ်လို့ GB Times သတင်းက ဆိုထားပါတယ်။
The Voice Weekly
အပြည့်အစုံသို့ »
ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတစ်ခုက အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အင်္ဂလန်အသင်း လူစာရင်း၌ မှားယွင်း ထည့်သွင်းမိခဲ့ကြောင်း သိရှိရသည်။
သတင်းများက အမည်ဖော်ပြခြင်း မရှိသည့် ဗြိတိန် ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ ကစားသမား တစ်ဦးချင်းစီ၏ ရုပ်ပုံများကို ပုံနှိပ်ထားသည့် မတ်ခွက်များကို ရောင်းချခဲ့သည်။ သို့သော်လည်း နောက်ခံလူ ခရစ်စမောလင်း၏ ဓာတ်ပုံနေရာတွင် အိုဘားမား၏ ဓာတ်ပုံကို ပုံနှိပ်ခဲ့မိခြင်း ဖြစ်သည်။
Sunday Express သတင်းစာက အဆိုပါ ရယ်ရွှင်ဖွယ် လွဲချော်မှုကို စတင်ဖော်ပြခဲ့ပြီး ယခုအခါ ဒေါဆက်တွင် အခြေစိုက်သည့် ယင်းကုမ္ပဏီသည် အိုဘားမားပုံနှင့် စမောလင်းအမည် တွဲဖက်ထားသည့် မတ်ခွက်များကို ဈေးကွက်အတွင်းမှ လိုက်လံသိမ်းဆည်းနေကြောင်းလည်း သိရှိရသည်။
Sunday Express က အမေရိကန်သမ္မတ အိုဘားမားသည် အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်တို့တွင် ခံစစ်မှူးနေရာမှ မကစားဖူးကြောင်းလည်း အရွှန်းဖောက် ရေးသားခဲ့သေးသည်။ ကြီးကြီးကျယ်ကျယ် လွဲချော်မှုကို သတိပြုမိပြီးနောက် မတ်ခွက်များကို လက္ကားဖြန့်ဖြူး ရောင်းချပေးနေသည့် Wholesale Clearance UK ကုမ္ပဏီကလည်း အရောင်းရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
အဆိုပါ မှားယွင်းမှုသည် ကုမ္ပဏီမှ အငယ်တန်း ဝန်ထမ်းတစ်ဦး၏ ဓာတ်ပုံအသုံးပြုမှု အလွဲအချော်မှ စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအရ အဆုံးအရှုံး ကြီးမားသွားခဲ့ကြောင်းလည်း သိရှိရသည်
7day
အပြည့်အစုံသို့ »
သတင်းဖတ်သူ ပရိတ်သတ်တစ်ယောက် ပေးပို့လာတာပါ။ ၈ပေ စလောင်းကနေ ကမ္ဘာ့ဖလား ဘော်လုံးပွဲတွေကို အခမဲ့ တိုက်ရိုက် ကြည့်နိုင်မယ်ဆိုပြီးတော့ ပေးပို့လာတာပါ။ အင်တာနက်ကနေ တိုက်ရိုက် ကြည့်ချင်တဲ့ သူတွေအတွက်ကတော့
ကမ္ဘာ့ဖလား ၂၀၁၄ အင်တာနက်မှ တိုက်ရိုက် ကြည့်နိုင်ပြီ
ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ အင်တာနက်လိုင်း နှေးလို့ စလောင်းက ကြည့်ချင်သူများအတွက်တော့ ၈ပေ စလောင်းအတွက် အောက်ပါအချက်အလက်တွေကို မှတ်သွားပြီး ပြန်ရိုက်ထည့်ပြီး ကြည့်ရှုနိုင်ပါတယ်။ စမ်းကြည့်ပါဦး။ အချက်အလက်တွေကတော့
World Cup Live Satellite TV
Satellite = INSAT 3A/4B 93.5 E {India DD sport line}
Code = 4141 V 5150
Ariana national {atn tv}
can watch 8 feets satellite receiver
ကမ္ဘာ့ဖလားကြည့်ချင်သူ သူငယ်ချင်းများအတွက်လည်း Share လိုက်ပါဦး။
Ygn News မှ တင်ဆက်သည်။
အပြည့်အစုံသို့ »