Showing posts with label thingyan. Show all posts
Showing posts with label thingyan. Show all posts

Grand Royal သင်္ကြန်မဏ္ဍပ်တွင် အတွင်းခံပေါ်အောင်ကခဲ့သူများသည် အခြောက်များမဟုတ်ဘဲ မိန်းမအစစ်များဟုဆို၊ နာမည်ပျက်စာရင်းသွင်းခြင်းအား လက်မခံနိုင်ဟု ဂျွန်လွင်ဆို


Grand Royal သင်္ကြန်ရေကစားမဏ္ဍပ်အား အမည်ပျက်စာရင်းသွင်းမှုကို လက်မခံနိုင်ကြောင်း
ပွဲစီစဉ်သူဖြစ်တဲ့ Stars and Models Agency မှ ကိုဂျွန်လွင်က ပြောပါတယ်။ သင်္ကြန်အကြိုနေ့
က Grand Royal  မဏ္ဍပ်မှာ တင်ဆက်ကပြခဲ့တဲ့ ဖျော်ဖြေ ပွဲမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ဆန့်ကျင်
တဲ့ ၀တ်စား ဆင်ယင်မှုများကြောင့် နာမည်ပျက်စာရင်း (Black Lists) သွင်းသွားမည်ဖြစ်ပြီး
နောက်နှစ်များတွင် ခံဝန်ချက်နဲ့သာ ခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မဏ္ဍပ်တွင် တင်ဆက်ကပြရန် ထိုင်းနိုင်ငံမှ အကပညာရှင်များကို ခေါ်ယူခဲ့တဲ့ Stars and Models
Agency  မှ ကိုဂျွန်လွင်က "ဗိုလ်မှူးကြီး တင်ဝင်း ပြောသွားတယ်ဆိုတာကို ကျွန်တော်တို့သေချာ
မသိပါဘူး။ နာမည်ပျက်စာရင်းသွင်းတာကိုတော့ လက်မခံပါဘူး။ ကျွန်တော်တို့က ဘိန်းဖြူရောင်း
တာတို့၊ ဒုစရိုက်အလုပ်တွေလုပ်တာမဟုတ်ပါဘူး။ အကြိုနေ့မနက်ပိုင်း ကကြတော့ တစ်ယောက်
က ကရင်းနဲ့ဘောင်းဘီ လိပ်တက်သွားတယ်။ အဲ့ဒါတွေ အွန်လိုင်းမှာ ပြန့်နေတာသိသိချင်း ကျွန်
တော်တို့ ဒီဘက်မှာ ၀တ်စုံတွေလဲပစ်လိုက်တယ်။ ကျွန်တော်တို့ တမင်လုပ်တာဆိုရင် လေးရက်
လုံး ဒီလိုပုံနဲ့ပဲကမှာပါ။ နောက်ရက်တွေမှာ ကျွန်တော်တို့ ၀တ်စုံတွေလဲပြီး ကပါတယ်။ ဒါ တမင်
သက်သက်လုပ်တာ မဟုတ်ပါဘူး။ မြန်မာယဉ်ကျေးမှုကိုထိခိုက်သလို ဖြစ်တယ်ဆိုရင်လည်း
ကျွန်တော် တောင်းပန်ပါတယ်"လို့ ဆိုပါတယ်။

ပွဲမန်နေဂျာ မအိစု ကလည်း "အကြိုနေ့ပွဲပြီးတော့ ဒုတိယရဲမှူးကြီး မြင့်အေး (အရှေ့ပိုင်းခရိုင်) က
လာသတိပေးပါတယ်။ နိုင်ငံခြားသူတွေ ဆိုပေမယ့် ထိန်းထိန်းသိမ်းသိမ်းဝတ်ဖို့လာပြောတာပါ။
အဲဒါကြောင့် နောက်နေ့မှာ ကျွန်မတို့ကိုယ်တိုင် သူတို့အတွက် ၀တ်စုံစီစဉ်ပေးလိုက် ပါတယ်"လို့
ပြောပါတယ်။ လူအများပြောဆိုနေကြသလိုမျိုး ကပြဖျော်ဖြေသူများမှာ မိန်းမလျာများမဟုတ်ဘဲ
မိန်းမစစ်စစ်များဖြစ်တယ်လို့လည်း ကိုဂျွန်လွင်က ပြောပြပါတယ်။ "မိန်းမလျာတွေမဟုတ်ဘူး။ အားလုံးမိန်းမစစ်စစ်တွေပါ။ ဘောင်းဘီလိပ်တက်သွားတဲ့တစ်ယောက်ဆို အိမ်ထောင်ရှိပါတယ်။
သူတို့က အင်တိုက်အားတိုက်ကလို့ အဲ့လိုဖြစ်သွားတာပါ။ ပြီးတော့ ၆ပေလောက် မြင့်တဲ့စင်ပေါ်က
လူကို အောက်ကနေပင့်ပြီး ဓာတ်ပုံရိုက်တော့ အတွင်းခံတွေမြင်ရသလို ဖြစ်သွားတာပေါ့။ကျွန်တော်
ပွဲတွေ တောက်လျှောက်လုပ်ခဲ့တာပါ။ ဒါပေမဲ့ တစ်ပွဲမှ အဲလို နာမည်ပျက်မရှိခဲ့ပါဘူး"လို့ လည်း
ပြောပါတယ်။

Grand Royal မဏ္ဍပ်မှာ ကပြဖျော်ဖြေမှုများကြောင့် သင်္ကြန်ကာလအတွင်း နာမည်ကြီးခဲ့ပြီး
လာရောက်ကြည့်ရှုသူ တစ်သိန်းသုံးသောင်း ကျော်ရှိ ကြောင်းလည်း ကိုဂျွန်လွင်က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ် ၉၀ ကျော်ရှိရာတွင် မဏ္ဍပ် ၃၀ကျော်အား မြန်မာ့
ရိုးရာသင်္ကြန်နဲ့ ဖီလာဆန့်ကျင်မှုများကြောင့် လုံခြုံကင်မရာများမှတစ်ဆင့် ကြည့်ရှုစစ်ဆေးကာ
နာမည်ပျက်စာရင်း သွင်းထားကြောင်း သိရပါတယ်။
Myanmar Times
အပြည့်အစုံသို့ »

စတုဒီသာ သင်္ကြန်ထမင်းကနေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၂၅၀ ၀န်းကျင် အစာအဆိပ်သင့်


စတုဒီသာ သင်္ကြန်ထမင်းကနေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၂၅၀ ၀န်းကျင် အစာအဆိပ်သင့်ကာ မြ၀တီဆေးရုံကို ရောက်ရှိကုသမှု ခံယူနေပါတယ်။ ကရင်ပြည်နယ် မြ၀တီမြို့နယ်အပိုင် ပေါလောကျေးရွာမှာ ပြုလုပ်နေကျ သဲပုံစေတီပွဲကို ဧပြီ ၁၉ ရက်နေ့က ပြုလုပ်ရာမှာ စတုဒီသာ သင်္ကြန်ထမင်းမှာ ပါတဲ့ပဲကနေ စတင်ပြီး ၀မ်းပျက်ဝမ်းလျှော ဖြစ်တာလို့ သိရပါတယ်။ တရွာလုံးရှိ အသက်တစ်နှစ်ခွဲကနေ အသက်၇၀ကြား လူ ၂၅၀ ၀န်းကျင်လောက် ၀မ်းပျက်ဝမ်းလျှောဖြစ်တာ မသက်သာလာတာကြောင့် ဧပြီ ၂၀ရက်နေ့လည်ပိုင်းမှာ မြ၀တီ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ လူအသေအပျောက် စိုးရိမ်ဖွယ်အခြေအနေ မရှိပေမယ့် အခုလက်ရှိ မြ၀တီဆေးရုံကို ရောက်ရှိနေတဲ့ ပေါလောကျေးရွာသားတွေကို မြို့နယ်အာဏာပိုင်တွေ၊ မြ၀တီအန်အယ်ဒီနဲ့ လူမှုအဖွဲ့တွေကနေ ၀ိုင်းဝန်းကူညီနေကြပါတယ်။

သတင်း - ဥာဏ်စိုး
DVB TV News
အပြည့်အစုံသို့ »

လာမည့် သင်္ကြန် တွင် Light Truck ယာဉ် ပေါ်ပါ လူဦးရေကန့်သတ်ချက် များအား ထုတ်ပြန်သွားမည်


ယခုနှစ်သင်္ကြန်အတွင်း Light Truck ယာဉ်များ မဆင်မခြင်မောင်းနှင်မှုနှင့် လူဦးရေ ပိုမို တင်ဆောင်မှုများ ကြောင့် အခြားယာဉ်များထက်ယာဉ်တိမ်းမှောက်မှုများ ပိုမိုဖြစ်ပွားခဲ့သဖြင့် လာမည့်သင်္ကြန်ရက်ကာလများတွင် Light Truck ယာဉ်များနှင့်ပတ်သက်၍ ယာဉ်ပေါ်စီးနင်းမည့် လူဦးရေကန့်သတ်ချက်များ ထုတ်ပြန် သွားမည် ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရ သည်။

“သာမန်အားဖြင့် Light Truck ယာဉ် တွေအနေနဲ့ သတ်မှတ်ထားတဲ့လူဦးရေထက် ပိုမိုတင်ဆောင်ပြီး အရှိန်ပြင်းမောင်းနှင်မှုနဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေကြောင့် ဒီနှစ်သင်္ကြန်မှာ ယာဉ်မတော်တဆမှုတွေ ပိုဖြစ် လာတယ်။ ဒါကြောင့် နောက်နှစ် သင်္ကြန်တွေမှာ ဒါနဲ့ပတ်သက်ပြီး အသိပေးနှိုးဆော်ကန့်သတ်ချက် စည်းကမ်း တွေကို ထုတ်ပြန်သွားဖို့ရှိပါတယ်” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ယခုနှစ်သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၆၂ ခုမှ ဒဏ်ရာရရှိသူ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၆၇ဦးနှင့် သေဆုံးသူ အမျိုးသား ၁၃ ဦး၊အမျိုးသမီး ၂ ဦးရှိခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆဖြစ်စဉ်များတွင် Light Truck ယာဉ်များမှာ မှုခင်းဖြစ်စဉ်ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် ၁၃ မှုနှင့် နယ်နိမိတ်ပြင်ပတွင် တစ်မှုဖြင့် စုစုပေါင်း ၁၄ မှုထိဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိသူ ၇၀နှင့် သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်းသိရသည်။

ယခုနှစ် သင်္ကြန်ရက်များတွင် ယာဉ်မတော်တဆဖြစ်စဉ် ၆၂ ခုဖြစ်ပွားခဲ့သော အကြောင်းအရင်းများ ကိုပြန်လည် သုံးသပ်ကြည့်ပါက ယာဉ်မောင်းသူ၏ မဆင်မခြင်မောင်းနှင်မှု၂၁ မှု၊ လမ်းကူးသူပေါ့ဆမှု လေးမှု၊ခရီးသည် ပေါ့ဆမှုကြောင့် နှစ်မှု၊ အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ၁၆ မှု၊ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှု၁၇ မှု၊ အရက်သေစာသောက်စားမောင်းနှင်မှု ၂ မှုတို့အားတွေ့ရှိခဲ့သည်။

ပါဝင်ခဲ့သော ယာဉ် အမျိုးအစားအရ မှုခင်းဖြစ် စဉ်များမှာကိုယ်ပိုင်ယာဉ်များကြောင့် ၃၀ မှု၊အငှားယာဉ်များကြောင့် ငါးမှု၊ခရီးသည်တင်ယာဉ်များ ကြောင့် ခြောက်မှု၊ မော်တော်ဆိုင်ကယ်
များ ကြောင့်၁၃မှု၊တက္ကစီယာဉ်များကြောင့် လေးမှု၊ထော်လာဂျီများ ကြောင့်၎ မှုရှိခဲ့သည်။

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ၄၉ မှုနှင့်နယ်နိမိတ်ပြင်ပတွင် ၁၃ မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ဒီနှစ်သင်္ကြန်မှာ ရေကစားတာပိုများလာသလို ကားတွေထွက်လာတာလည်း များလာပါတယ်။ ဒီအချက်တွေ ထဲမှာ ယာဉ်တွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်တာပါတယ်။လစဉ် ယာဉ်တစ်သောင်းကျော် တိုးလာတာ လည်းပါပါတယ်” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှဒုတိယရဲမှူးကြီး လင်းထွဋ် ကပြော သည်။
ယခုနှစ် သင်္ကြန်ရက်များအတွင်းယာဉ်မတော်တဆဖြစ်မှုများထက်ယခင်နှစ်ထက် ၁၆ မှု ပိုမိုဖြစ်ပွား ခဲ့ပြီး၂၀၁၃ ခုနှစ်တွင် ယာဉ်မတော်တဆမှုဖြစ်စဉ် ၄၆ မှုတွင် ဒဏ်ရာရရှိသူ ၉၂ ဦးနှင့် သေဆုံးသူ လေးဦးသာရှိ ကြောင်းသိရသည်။
စိုးအောင်ဖေ

MOI Webportal Myanmar
အပြည့်အစုံသို့ »

ကမ္ဘာအနှံ့က ရေသဘင်ပွဲတော်များ အကြောင်း (မြန်မာ၊ ထိုင်း၊ China)

မြန်မာ သင်္ကြန်


အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာတော့ သင်္ကြန်ကို လေးရက် (သို့) ငါးရက် ကျင်းပြကြပြီး၊ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဘုရားသွား၊ ကျောင်းတက်၊ အလှူအတန်းလုပ်၊ သက်ကြီးရွယ်အိုတွေကို ပြုစု အစရှိသဖြင့် လုပ်ကြပါတယ်။
အပြည့်အစုံသို့ »

သင်္ကြန်မှာ ရင်သားဖော်ပြတဲ့ လေဒီဘွိုင်းတွေ အဖမ်းခံရ


မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက သင်္ကြန်ပွဲတော်အတွင်းမှာ လိင်ပြောင်းထားသူတွေဟာ သူတို့ရဲ့ ရင်သားကို ဖော်ပြလို့ ထိုင်းရဲက ဖမ်းပြီး သူတို့ကို ဒေသဆိုင်ရာ နတ်တွေကို တောင်းပန်ခိုင်းပြီး ဒဏ်ငွေလည်း ရိုက်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ပစ်စန်နူလွတ် ခရိုင်မှာ ထိုင်း သင်္ကြန်ကာလအတွင်း လိင်ပြောင်းထားသူတွေက ထရပ် ကား တစီးနဲ့ ဧပြီလ ၁၃ ရက်နေ့က လှည့်လည်စဉ် သူတို့ရဲ့ ရင်သားတွေကို ဖော်ပြထားတဲ့ ဓာတ်ပုံတွေလည်း အင်တာ နက် လူမှု ကွန်ရက် တွေမှာ ပျံ့နှံ့ခဲ့အပြီး လူအများက ဝေဖန်ရှုတ်ချမှုတွေဖြစ်လာပြီး ရဲက ဖမ်းဆီးလိုက်တာလို့ ဆိုပါ တယ်။

အသက် ၂၃ နှစ်ရှိ မစ္စတာ ချတ်ချိုင်း ဆီ အာဝတ် ဆိုသူနဲ့ အသက် ၂၁ နှစ်ရှိ မစ္စတာ ၀ါရော့ သီးဆွန်ငွန် ဆိုသူ တတိယ လိင် ၂ ဦးကို သူတို့ရဲ့ ရင်သားတွေ ဖော်ပြမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ဆိုပါတယ်။

သူတို့ ၂ ဦးကို ပထမတော့ ဒဏ်ငွေ ဘတ် ၅၀၀၀ ( ကျပ် ၁ သိန်းခွဲ ကျော် ) တပ်ထားခဲ့ရာကနောက်ဆုံး မှာတော့ တဦးကို ဘတ် ၅၀၀ နဲ့ လျှော့ပေး လိုက်တယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးဟာ မြန်မာအခေါ် ရွာတော်ရှင်နတ်ကို မိမိတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်အတွက် ခွင့်လွှတ်ဖို့ လည်း တောင်းပန် ခဲ့ရပါသေးတယ်။

ပစ်စန်နူလွတ် ခရိုင်မှာကပဲ နောက်ထပ် ထူးခြားမှု တခုကတော့ သင်္ကြန်ကာလအတွင်းမှာ အမျိုးသား တဦးက သူ့ ငယ်ပါ အင်္ဂါဇာတ်ကို လူအုပ်ကို ပြသနေတဲ့ ဓာတ်ပုံရိုက်ခံထားရသူကိုလည်း ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က ကြိုးစားရှာဖွေ နေတယ်လို့ ဆိုပါသေးတယ်။

မြန်မာသင်္ကြန်ကာလတွေအတွင်း ဒီလိုပြုမူခဲ့တာတွေရှိရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဘယ်လို အရေးယူ သလဲဆိုတာ တော့ ရဲဇာနည် စာမျက်နှာမှာ စောင့်ကြည့်သွားရမှာပါဘဲ။

အိမ့်သံစဉ် ~
ဧရာဝတီ
အပြည့်အစုံသို့ »

သင်္ကြန်ကို သရော်သော ကာတွန်းများ - မြန်မာ့ခေတ်

အပြည့်အစုံသို့ »

Grand Royal ၏ လုပ်ရပ်ကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ရဟု နယ်လုံဝန်ကြီးပြော


ဇော်ဇော်ထွေး| စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ သင်္ကြန်အကြိုနေ့က Grand Royal မဏ္ဍပ်၏ အရက်ကြော်ငြာရှိုးပွဲတွင် ထိုင်းအကအဖွဲ့၏ ဝတ်စားဆင်ယင်မှုနှင့် ဖျော်ဖြေမှုသည် မြန်မာရိုးရာနှင့် ဆန့်ကျင်သောကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ခဲ့ရသည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၁၉ တွင် မီဒီယာများကို ပြောခဲ့သည်။

မြန်မာ့အတာရေသင်္ကြန် ပွဲတော်ကာလအတွင်း စည်းကမ်းမလိုက်နာခဲ့သည့် မဏ္ဍပ်များကို မည်ကဲ့သို့ အရေးယူမည့်အပေါ် မီဒီယာများက တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဂရမ်းရွိင်ရယ် မဏ္ဍပ်မှာ အရက်ကြော်ငြာ ရှိုးပွဲက သင်္ကြန်နဲ့ ရောသွားပြီး အင်တာနက်မှာ ပြန့်ကုန်တယ်။ ဒါကြောင့် မြန်မာ့သင်္ကြန်မှာ ရိုးရာယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့ ပွဲတွေလုပ်နေတယ်ဆိုပြီး ရန်ကုန်က နာမည်ပျက်သွားခဲ့ရတယ်” ဟု ဝန်ကြီးက ဆိုသည်။

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ကန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည့် Grand Royal အရက်ကြော်ငြာ ရှိုးပွဲတွင် ထိုင်းနိုင်ငံမှ ငှားရမ်းခဲ့သည့် အကအဖွဲ့က အောက်ပိုင်းတွင် အတွင်းခံဘောင်းဘီများသာ ဝတ်ဆင်၍ ကပြဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် အင်တာနက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Grand Royal ရှိုးပွဲအတွက် ထိုင်းအကဖွဲ့အား ခေါ်ယူကျင်းပခဲ့သူ (Star and Model) မှ ဂျွန်လွင်က “ပထမရက်က ဖျော်ဖြေမှုနဲ့ ပက်သက်ပြီးတော့ ဝေဖန်သံတွေ ကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး၊ ခေတ်တွေကလည်း ပြောင်းနေပြီလေ။ သပြေခက်နဲ့ ပက်တဲ့ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘန်ကောက်က အကသမားတွေကို ခေါ်တာ လူစိတ်ဝင်စားစေချင်တဲ့ သဘောပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူလည်း ရှိပါတယ်” ဟု ဧပြီ ၁၄ရက်က မဇ္ဈိမကို ဖြေကြားထားသည်။

ထိုကဲ့သို့ ဖျော်ဖြေမှုများနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာကလည်း ကျန်ရှိသည့် သင်္ကြန်ရက်များတွင် ယင်းကဲ့သို့ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှုဖြင့် ကပြဖျော်ဖြေမှု မပြုလုပ်ရန် သတိပေးရမှုများ ရှိခဲ့သည်။

“ ကျွန်တော်တို့ စည်းကမ်းနဲ့ ချိုးဖောက်ခဲ့တဲ့ မဏ္ဍပ်တွေကို စီစီတီဗီမှတ်တမ်းတွေ၊ ဓါတ်ပုံတွေနဲ့ ပြန်စိစစ်နေပါတယ်။ ဘလက်လစ် (နာမည်ပျက်စာရင်း)သွင်းသွားဖို့ ရှိပါတယ်။ ဂရမ်းရွိင်ရယ်ကိုတော့ သူဋ္ဌေးဖြစ်သူ ကိုအောင်မိုးကျော်ကို ခေါ်ယူ သတိပေးပြောဆိုသွားမှာပါ။ နောက်နှစ်ဆိုရင်တော့ ခံဝန်ချက်နဲ့ပဲ ဂရမ်းရွိင်ရယ်ကို ခွင့်ပြုသွားတော့မှာပါ” ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောခဲ့သည်။

၂၀၁၄ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များတွင် စည်းကမ်းဖောက်ဖျက်မှုများ၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင် ကခုန်မှုများ ရှိခဲ့ပြီး သင်္ကြန်မဏ္ဍပ်ကော်မတီက ခွင့်ပြုပေးခဲ့သည့် ရေကစားမဏ္ဍပ်များ၏ ခန့်မှန်း သုံးပုံတစ်ပုံမှာ စည်းကမ်းဖောက်ဖျက်ခဲ့သည်ဟု ဆိုသည်။

Mizzima Burmese
အပြည့်အစုံသို့ »

ရေပက်ကစားသူများခြင်းနှင့် စပွန်ဆာရရှိ၍ ယခုနှစ် ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ်အများစု အမြတ်ရ

ကမ္ဘာအေးစေတီလမ်းမပေါ်ရှိ ရေပက်ခံမဏ္ဍပ် တစ်ခုရှေ့တွင် ရေကစားနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ရေပက်ကစားသူဦးရေများခြင်းနှင့် စပွန်ဆာ အခက်အခဲမရှိ ရရှိခဲ့ခြင်းတို့ကြောင့် ယခုနှစ်ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ် အများစု အမြတ်ရခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်သူများထံမှ သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ကမ္ဘာအေးစေတီလမ်းပေါ်တွင် မဏ္ဍပ် ၁၂ ခု၊ ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၈ ခု၊ ပြည်လမ်းတွင် မဏ္ဍပ်သုံးခု၊ ဆရာစံလမ်းတွင် မဏ္ဍပ်လေးခု၊ သိမ်ဖြူယာဉ်မောင်းသင်ကွင်းရှေ့တွင် မဏ္ဍပ်သုံးခု အပါအ၀င် တစ်မြို့လုံးတွင် မဏ္ဍပ် ၁၀၀ နီးပါးရှိခဲ့ပြီး အဓိက ရေကစားမဏ္ဍပ်အများစု တည်ရှိရာ ကန်တော်ကြီးကန်ပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်းတို့တွင် ရေပက်ကစားသူ များပြားခဲ့သည်။

“ကျွန်တော်တို့ သူငယ်ချင်း အယောက် ၂၀ လောက်စုပြီး မဏ္ဍပ်ဆောက်ခဲ့ကြတာ။ ဒီနှစ်မဏ္ဍပ်အတွက် စပွန်ဆာလည်း အခက်အခဲမရှိ ရခဲ့တယ်။ ဒီနှစ် တော်တော်စည်တယ်လို့ ပြောရမယ်။ ရေလာပက်တဲ့သူလည်း များခဲ့တဲ့အတွက် အမြတ်ရတယ်လို့ ပြောရမှာပါ” ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ Out of Control မဏ္ဍပ်မှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

ယခင်နှစ်သင်္ကြန်သည် လုံခြုံရေး အခြေအနေများကြောင့် သင်္ကြန်အပေါ် စိတ်ဝင်စားမှု နည်းခဲ့ပြီး မဏ္ဍပ်များကို စပွန်ဆာပေးလိုသည့်ကုမ္ပဏီ နည်းပါးခဲ့၍ စပွန်ဆာအတွက် အခက်အခဲများရှိခဲ့ကာ ပြီးခဲ့သည့်သင်္ကြန်က ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များတွင် ရေပက်ကစားသူများခဲ့၍ အမြတ်ရခဲ့သော်လည်း ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေပက်ကစားသူ နည်းပါးခဲ့ကာ အရှုံးပေါ်ခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်အချို့မှလွဲ၍ အများစုမှာ စပွန်ဆာရရှိခဲ့ကြပြီး ယခင်နှစ်ကဲ့သို့ အခက်အခဲ မရှိခဲ့ကြောင်း၊ စပွန်ဆာပေးလိုသူများမှာလည်း ပိုမိုစည်ကားမည်ဟု မှန်းထားခဲ့သည့် ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များအား ပိုပေးခဲ့သည်ဟု မဏ္ဍပ်ဆောက်လုပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

“အမြတ်ဆိုတာကထက် အရင်းကျေတယ်ဆိုရုံပဲ။ စပွန်ဆာမရခဲ့လို့ပါ။ စပွန်ဆာတွေကလည်း ကမ္ဘာအေးစေတီလမ်းကို ပိုပြီးပေးချင်ခဲ့တဲ့ အတွက်ပါ။ ကန်တော်ကြီးပတ်လမ်းမှာဆိုရင် စပွန်ဆာမရတာ မဏ္ဍပ်ငါးခုလောက် ရှိတယ်။ မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်အမြတ်ပိုနည်းတယ်။ ဒါတောင်မှ လက်မှတ်ရောင်းအားကောင်းလို့။ ကျွန်တော်တို့ လက်မှတ်အစောင် ၁၅၀၀၊ ၂၀၀၀ နီးပါးလောက် ရောင်းခဲ့ရတယ်။ တချို့မဏ္ဍပ်တွေကျတော့ လက်မှတ်ရောင်းအားမကောင်း၊ စပွန်ဆာလည်း မရတော့ ရှုံးတာရှိတယ်” ဟု ကန်တော်ကြီးပတ်လမ်းရှိ Play Boyz မဏ္ဍပ်မှ ကိုအောင်စိုးဟိန်းက ဆိုသည်။

ရေကစားမဏ္ဍပ်ကြီးများ အများဆုံးတည်ရှိသည့် လမ်းများအနက် ကမ္ဘာအေးစေတီလမ်းသည် လမ်းအကျယ်အ၀န်း အနေအထားများကြောင့် ရေပက်ကစားသူ၊ ရေပက်ခံသူ အများဆုံးနှင့် အစည်ကားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်းသင်္ကြန် ဖြစ်ခဲ့သည်ဟု ဆိုကြသည်။

“ဒီနှစ် လူလာလည်းများတယ်။ စပွန်ဆာလည်းပေးတော့ အရှုံးမရှိဘူး။ အမြတ်ရတယ်။ မနှစ်ကနဲ့ယှဉ်ရင်တော့ အမြတ်ရရှိမှု သိပ်မကွာပါဘူး” ဟု ကမ္ဘာအေးစေတီလမ်းတွင် ဆောက်လုပ်ခဲ့သည့် Black Jack မဏ္ဍပ်မှ စီစဉ်သူတစ်ဦးက ဆိုသည်။

ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များတွင်လည်း သတ်မှတ်ထားသည့် ရေကစားသူ အရေအတွက်ထက် ကျော်လွန်ရရှိခဲ့ပြီး မဏ္ဍပ်တစ်ခုဆိုလျှင် တင်ဆောင်သည့် လူဦးရေပမာဏ များပြားခဲ့ခြင်းကြောင့် မဏ္ဍပ်မှာ အောက်သို့အိကျသွားခဲ့ပြီး ညတွင်းချင်း မဏ္ဍပ်အား ပြန်လည်ပြုပြင်ခဲ့ရသည်ဟု ရေပက်ကစားသူ အသိုင်းအ၀ိုင်းမှ သိရသည်။

“ဒီနှစ်က အရမ်းကြီး မြတ်တယ်လို့တော့ မဟုတ်ပါဘူး။ စပွန်ဆာလည်းရတာ့ ဆိုးတော့မဆိုးပါဘူး။ စီးပွားဖြစ် လုပ်တာမဟုတ်တော့ အရမ်းကြီး မမြတ်ပါဘူး” ဟု ကမ္ဘာအေးစေတီလမ်းရှိ 14-Club မဏ္ဍပ်မှ ကိုငြိမ်းချမ်းကျော်ကလည်း ဆိုသည်။

ယခုနှစ် သင်္ကြန်မဏ္ဍပ်တွင် ရေပက်ကစားသည့် လက်မှတ်ခများမှာ ယခင်နှစ်များကထက် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် သင်္ကြန်မတိုင်မီကပင် All Day လက်မှတ်တစ်စောင်လျှင် ကျပ် ၆၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး ယခင်နှစ်များက အများဆုံး ၄၀၀၀၀ အထိသာ ရှိခဲ့သည်။ မဏ္ဍပ်အများစုတွင် မဏ္ဍပ်သင်္ကြန်အတတ်နေ့ လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့သည်။

Eleven Media Group
အပြည့်အစုံသို့ »

နှစ်ဆန်းတစ်ရက်နေ့သာဓုကန်တွင်ကုသိုလ်ယူနေကြစဉ် ဓာတ်ပုံ--အောင်နိုင်စိုး(ကစ္ဆပ)

အပြည့်အစုံသို့ »

သင်္ကြန် ၂ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ မှုခင်းပေါင်း ၄၀ ဖြစ်


ဒီနှစ်သင်္ကြန်ကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၄၀ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၁၄ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ မှုခင်းပေါင်း ၃၅ ခု ဖြစ်ပွားခဲ့ပြီး ယဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ယောက်၊ ဒဏ်ရာရသူ ၁၁ ယောက်ရှိပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာပဲ ခိုးမှုနဲ့ ခါးပိုက်နှိုက်မှု ၁၃ ခု ဖြစ်ခဲ့ပါတယ်။ မှုခင်း ဖြစ်စဉ်တွေကြောင့် စုစုပေါင်း သေဆုံးသူ ၆ ယောက်ရှိပြီး ဒဏ်ရာရတဲ့သူ ၁၇ ယောက်ရှိပါတယ်။

သင်္ကြန်ကာလတခုလုံးအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူ စာရင်းတွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

DVB Burmese
အပြည့်အစုံသို့ »

အခုနှစ်သင်္ကြန် မှုခင်း နည်းပါး


ဒီနှစ်သင်္ကြန်ကာလအတွင်း လုံခြုံရေးကို တင်းတင်း ကြပ်ကြပ်ချထားခဲ့တာကြောင့် သင်္ကြန်ရက်တွေ အတွင်း မှုခင်းမရှိသလောက်ဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့က ဒီနေ့ ပြောပါတယ်။

လုံခြုံရေးတာဝန်ရှိသူတွေ အနေနဲ့ စည်းကမ်း ထိန်းသိမ်းရေး အပိုင်းလောက်ကိုသာ တာဝန် ယူခဲ့ရကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယရဲမှူးကြီး မြင့်အေးက ပြောပါတယ်။

"မဏ္ဍပ်တွေမှာ အဲ့ဒီမှာ တပ်ဖွဲ့ဝင်အားလုံးက မဏ္ဍပ် နှစ်ခု၊သုံးခုမှာ ရဲကင်းလေးတွေ လုပ်ပြီး နေရာ ယူထားပြီးတော့ စောင့်ရှောက်ပေး သလို အဲ့ဒီသက်ဆိုင်ရာ မဏ္ဍပ်တွေမှာလည်း ၂ဝ ကနေ ၄ဝ အထိကုမ္ပဏီ လုံခြုံရေးဝန်ထမ်းတွေလည်း ငှားပြီးတော့ ဆောင်ရွက်တယ်၊ ရဲတပ်ဖွဲ့ ကတော့ ဘေး ကနေရံ ပြီးတော့ ဆောင်ရွက်ပေးရ ပါတယ်၊ အရေးပေါ်အခြေအနေမှ အကုန်လုံး ရှင်းလင်းထုတ်ပေးတယ်၊ ကြီးကြီးမားမားတော့ မရှိပါဘူး အားလုံးအေးချမ်းပါတယ်၊သင်္ကြန်တွင်းမှာ အရက်တို့၊ဘီယာတို့ရောင်းတာဖမ်း တာတော့ လေးငါးဆယ် မကတော့ပါဘူး၊ ဖမ်းပြီးတော့မှချက်ချင်းပဲပေါ့ အထူးတရားရုံးမှာ တရားစွဲပါတယ်၊ခါးပိုက်နှိက် ခုနှစ်ဦး ၊ရှစ်ဦးအထိ ဖမ်းထားပါတယ်၊ကြီးကြီးမားမား အမှုတော့ မရှိပါဘူး"

ဒီနှစ်သင်္ကြန်ရက်တွေအတွင်း ကွပ်ကဲရေးဌာနချုပ်တွေအဖြစ် ပြည်လမ်းက အိုင်ဘီစီရုံးနားမှာ တစ်နေရာ၊ သိမ်ဖြူကွင်းရှေ့မှာ တစ်နေရာ နဲ့ မြကျွန်းသာပန်းခြ၊ံ ကမ္ဘာအေးဘုရားလမ်းမှာ တစ်နေရာ စုစုပေါင်း သုံးနေရာကနေ ကွပ်ကဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ငါးထောင်နီးပါးလောက် ချထားပြီး လုံခြုံရေး တာဝန်ယူ ပေးခဲ့တယ်လို့ ပြောပါတယ်။

သင်္ကြန်အတက်နေ့မှာ ရေပက်ခံထွက်သူတွေရဲ့ ပြောပြချက်ကို RFA သတင်းထောက် မသင်းသင်းထက်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီနှစ်သင်္ကြန်ကာလဖြတ်သန်းမှုအကြောင်း အနုပညာရှင်တချို့ ပြောပြထားတာတွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အခုနှစ်သင်္ကြန်မှာ ကြုံတွေ့ခဲ့ရတဲ့ ပြောင်းလဲမှုတွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာကို လည်း နားဆင်နိုင်ပါတယ်။

မသင်းသင်းထက် ရဲ့ တင်ပြချက်
မခင်ခင်အိ ရဲ့ တင်ပြချက်
မသင်းသီရိ ရဲ့ တင်ပြချက်

RFA Burmese
အပြည့်အစုံသို့ »

နှစ်ဆန်းတစ်ရက်နေ့ မှတ်တမ်းများ

မြို့တော်ဝန်ဦးဘညွန့်က သက်ကြီးရွယ်အို ဘိုးဘွားများကို မြို့တော်ခန်းမသို့ ပင့်ဖိတ်ကန်တော့နေစဉ်

Written By - တင်နိုင်တိုး

နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာ နေ့တစ်နေ့ ဖြစ်ပါသည်။ သက္ကရာဇ်တစ်ခု၏ အစအဦးရက်တွင် ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာလည်း မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သည်။

နှစ်ဆန်းတစ်ရက်

မြန်မာပြက္ခဒိန်အရ မြန်မာနှစ်၏ ပထမဆုံးလမှာ တန်ခူးလ ဖြစ်သော်လည်း နှစ်ဆန်းတစ်ရက်နေ့မှာ တန်ခူးလဆန်း(၁)ရက်နေ့ မဟုတ်ပေ။ သူရိယနေမင်းကြီး မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန်သည် တန်ခူးလအတွင်း ဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ကဆုန်လအတွင်း ကျရောက်နိုင်လေသည်။ သို့ဖြစ်၍ တန်ခူးလ၊ သို့မဟုတ် ကဆုန်လ၏ နှစ်ဆန်းတစ်ရက်နေ့ မတိုင်မီ ရက်များကို နှောင်းတန်ခူး သို့မဟုတ် နှောင်းကဆုန်ဟု ခေါ်ဆိုကြသည်။ ဝေါဟာရ ပြက္ခဒိန်အရ တန်ခူး၊ ကဆုန်လများသို့ ရောက်ရှိသည့်တိုင် နှစ်မကူးသေးဘဲ နှစ်ဆန်းတစ်ရက် နေ့တွင်မှ နှစ်သစ်ကို စတင်ပါသည်။

ရှေးမြန်မာမင်းများ လက်ထက်

ရှေးမြန်မာမင်းများ လက်ထက်ကပင် နှစ်ဆန်းတစ်ရက်နေ့ကို အလေးအမြတ်ပြုကြသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေမြို့တော် ဓာတ်တံခါးလေးရပ်မှ အမြောက်သံပေးရမြဲဖြစ်သည်။ ယင်းနေ့တွင် ရတနာသုံးပါးနှင့်တကွ သမ္မာဒေ၀နတ် အပေါင်းတို့အား ရှေးအစဉ်အလာအတိုင်း လှူဒါန်းပူဇော်မြဲ လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြသည်။ ယင်းနေ့တွင် အတာပွဲတော်ကိုလည်း ဆင်ယင်ကျင်းပလေ့ ရှိခဲ့ကြသည်။

သမိုင်းဝင် နှစ်ဆန်းတစ်ရက်နေ့

မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ် (၁၈၇၁ ခုနှစ်)က နှစ်ဆန်းတစ်ရက်နေ့မှာ သမိုင်းဝင် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မင်းတုန်းမင်းသည် ယင်းနေ့တွင် ပဉ္စမသင်္ဂါယနာတင် အခမ်းအနားကို စတင်ကျင်းပ ခဲ့သောကြောင့် ဖြစ်ပါသည်။

ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီးတွင် “သက္ကရာဇ် (၁၂၃၃) တစ်ထောင်နှစ်ရာ သုံးဆယ့်သုံးခု တန်ခူးလပြည့်ကျော် တစ်ဆယ့်တစ်ရက် (၁၅ ဧပြီ ၁၈၇၁) နှစ်ဆန်းတစ်ရက် စနေနေ့ ကောင်းမြတ်သော မင်္ဂလာအခါတော်၌ အမြောက်သံကြားစေပြီးမှ ဆဒ္ဒန်ဆင်မင်းသခင်အသျှင် ဘ၀ရှင်မင်းတရားကြီးဘုရား၊ အရှင်နန်းမတော် မိဖုရားခေါင်ကြီး ဘုရားနှင့်တကွ မင်းညီမင်းသား မှူးတော်မတ်တော် အပေါင်းတို့ဖြင့် ခြံရံလျက် ထွက်တော်မူ၍ ရွှေနန်းပြာသာဒ်တော်ဦး မြေနန်းတော်တွင် အခမ်းအနား ကြီးကျယ်စွာ စီမံခင်းကျင်းပြီးလျှင် သာသနာပြု သုဓမ္မဆရာတော်၊ တံဆိပ်ရမရ ဆရာတော် သံဃာတော်တို့ကို လျှောက်ထားတောင်းပန်၍ ပဉ္စမသင်္ဂါယနာတင် မင်္ဂလာသဘင် ဆင်ယင်တော်မူသည်” ဟူ၍ ဖော်ပြပါရှိပါသည်။

နောက်ဆုံး အတာပွဲတော်

မြန်မာမင်းများ လက်ထက်တစ်လျှောက် နှစ်ဆန်းတစ်ရက်နေ့တွင် အတာပွဲတော်ကို ကျင်းပမြဲဖြစ်ရာ သီပေါမင်းလက်ထက် ၁၂၄၇ ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ကဆုန်လဆုတ် ၂ ရက် (၁၄ ဧပြီ ၁၈၈၅) တွင် မြန်မာဘုရင်လက်ထက် နောက်ဆုံး အတာပွဲတော်ကို ကျင်းပခဲ့ပါသည်။ ယင်းနေ့တွင် လှူဖွယ်ဝတ္ထု အစုစုကို ပွဲလမ်းသဘင်စုံတို့နှင့်တကွ တောင်စမုတ်တော်၌ ခင်းကျင်းပြသလျက် မင်း၊ မိဖုရားတို့ ရေစက်ချ လှူဒါန်းခဲ့ကြသည်။

ဟံသာဝတီသတင်းစာပါ သတင်း

(၁၃-၄-၁၉၀၁) ရက်စွဲပါ ဟံသာဝတီ သတင်းစာအရ ထိုနှစ်က နှစ်ဆန်းတစ်ရက်နေ့မှာ ၁၆ ဧပြီ ၁၉၀၁ တွင် ဖြစ်ပါသည်။ ယင်းနေ့ထုတ် သတင်းစာတွင် “မဟာသင်္ကြန် အတာမင်္ဂလာနှစ်ဦး အခါတွင် ရတနာသုံးပါး ဘိုးဘွားတို့အား ၀တ္တရားမချွတ်ရအောင် ဆောင်ရွက်အားထုတ်ကြသော သူတော်ကောင်း အပေါင်းတို့သည် ရောဂါဘေးဒဏ် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းပပျောက်လျက် လူနတ်နိဗ္ဗာန်သုံးတန်သုခ အလိုရှိသမျှသည် ဣဋ္ဌဖလအာနိသံသ အကျိုးပွားတိုး စုံလင်အောင်မြင် ပြီးစီးကြစေရန် ကျွန်ုပ်တို့က ထပ်မံနှိုးဆော် လိုက်ပါကြောင်း” ဟု ရေးသားဖော်ပြ ထားသည်ကို တွေ့ရှိရ၏။

သို့သော် ထိုနှစ်ရန်ကုန်သင်္ကြန်က အခြေအနေ ဆိုးရွားခဲ့ကြောင်း သင်္ကြန်ပွဲအပြီး (၂၀-၄-၁၉၀၁) ထုတ် ဟံသာဝတီ သတင်းစာတွင် “မြန်မာလူမျိုးတို့ အတာနှစ်သစ်ကူး သင်္ကြန်အခါ၌ မေတ္တာရည်ညွှန်း သွန်းလောင်းသည့်ရေအတွက် အမျက်ဒေါသ ခိုက်ရန်ပွား၍ တရားကိုမငဲ့ကွက် ရိုက်နှက်ကြခြင်းအကြောင်း” ခေါင်းစဉ်ဖြင့် သတင်းရှည်တစ်ပုဒ် ပါလာသောကြောင့် ဖြစ်ပါသည်။

ကိုလိုနီခေတ် နှစ်ဆန်းတစ်ရက်နေ့

နှစ်ဆန်းတစ်ရက်နေ့တွင် ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ကြခြင်း၊ ဇီဝိတဒါန အလှူပြုခြင်းများကို ဆောင်ရွက်လေ့ရှိကြရာ ကိုလိုနီခေတ်တွင်လည်း ယင်းသို့ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ၁၃၀၀ ပြည့်နှစ် (၁၉၃၈) က မြန်မာတို့ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လျက် နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်ရန် ပြင်ဆင်လျက်ရှိကြရာ နှစ်သစ်ကူးနေ့တွင် အမြို့မြို့ အရွာရွာ၌ ဖွဲ့စည်းထားသော အပျော်တမ်း ရဲတပ်၊ မီးသတ်နှင့် စောင့်ရှောက်ရေး အဖွဲ့တို့က မြို့တွင်းလှည့်လည်ကာ စစ်တပ်ခင်းကျင်း ပြသသည့်အတိုင်း ကျင်းပလျှင် အာဇာနည်စိတ်ဓာတ်များ အသစ်တစ်ဖန် ပေါ်ပေါက်လာနိုင်ကြောင်း ထိုခေတ်ကာလ သတင်းစာတစ်စောင်မှ အကြံပြုထားသည်ကိုလည်း တွေ့ရှိရသည်။ ယင်းအကြံပြုချက်အတိုင်း အချို့မြို့များတွင် စနစ်တကျမြို့တွင်းသို့ လှည့်လည်ချီတက် ကြသည်ကိုလည်း တွေ့ရှိရပါသည်။

ငါးလွှတ်ပွဲ

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အများစုက နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနအလှူပွဲများ စုပေါင်းကျင်းပလေ့ရှိကြရာ ထင်ရှားသော ပွဲတစ်ပွဲမှာ ငါးလွှတ်ပွဲ ဖြစ်ပါသည်။ ရန်ကုန်မြို့ ဘောက်ထော်ရပ် ကန်ဘဲ့ရွာ တောင်ပိုင်းတွင် မစ္ဆသမူဟအဘယဒါန အသင်းခေါ် ငါးလွှတ်ပွဲကျင်းပရန် အသင်းတစ်သင်းပင် ဖွဲ့စည်းထားခဲ့သည်။ ယင်းအသင်းကို ၁၉၂၆ ခုနှစ်ကပင် ဖွဲ့စည်းခဲ့သည်။ ၁၃၀၀ ပြည့်နှစ်ဆန်း တစ်ရက်နေ့ကဆိုလျှင် ၁၃ ကြိမ်မြောက် ငါးလွှတ်ပွဲအဖြစ် လှည်းများဖြင့် ကခုန်တီးမှုတ်ကြလျက် အင်းလျားကန်သို့ သွားရောက်ကာ ငါးလွှတ်ပွဲ ကျင်းပခဲ့ကြကြောင်း (၂၃-၄-၁၉၃၈) ရက်စွဲပါ သူရိယသတင်းစာတွင် သတင်းဖော်ပြ ပါရှိပါသည်။

ဘေးမဲ့လွှတ်ပွဲများ

နှစ်ဆန်းတစ်ရက်နေ့တွင် ငါးလွှတ်ပွဲကို သာမက အခြားတိရစ္ဆာန်များအား ဘေးမဲ့ပေးလှူပွဲ များကိုလည်း မြို့ရွာအနှံ့တွင် ကျင်းပလေ့ ရှိကြသည်။ မြို့ရွာအများတွင် ဇီဝိတဒါန ကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းထားကြပြီး ယင်းအဖွဲ့များမှ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ပွဲ ကျင်းပကြသည်။ ၁၉၃၈ ခုနှစ်က သထုံမြို့၌ ယင်းသို့ဘေးမဲ့လွှတ်ပွဲ ကျင်းပခဲ့ပုံနှင့် ပတ်သက်၍ “ဘေးမဲ့ဇီဝိတဒါန ကယ်ဆယ်ရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် ကျွဲ နွားဆိတ်ဝက် ကြက်ငှက်သားငါး တိရစ္ဆာန်များ လွှတ်ပွဲကို နှစ်ဆန်း ၁ ရက်နေ့က မော်တော်ကားနှင့်တကွ လှည်းပေါင်းများစွာဖြင့် တင်ဆောင်ကာ အတီးအမှုတ် အကအခုန် အမျိုးမျိုးတို့ဖြင့် လှည့်လည်ကျင်းပကြောင်း။ ထိုလှည့်လည်ရာတွင် ရှေးဆုံးတွင် သံဃာတော် အရှင်မြတ်များက မော်တော်ဘတ်စ်ကားကြီးတွင် လိုက်ပါကာ ပရိတ်ကမ္မ၀ါများ ရွတ်ကြားသွားကြောင်း” စသည်ဖြင့် သူရိယသတင်းစာ၌ ရေးသားထားသည်ကို တွေ့ရှိရသည်။

ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း

နှစ်ဆန်းတစ်ရက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းဖြင့်လည်း ကုသိုလ်ယူကြသည်။ မိမိတို့နေထိုင်ရာ နယ်မြေဒေသအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်ကြခြင်းမှာ ရှေးအစဉ်အလာ တစ်ရပ်ဖြစ်ပါသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလ ဆောက်တည်သူများ၊ စေတီရင်ပြင်တော်တွင် တံမြက်လှည်း သန့်ရှင်းရေး လုပ်ခြင်းဖြင့် ကုသိုလ်ယူကြသူများကို တွေ့မြင်နိုင်ကြသည်။

ဦးခေါင်းဆေးလျှော်ခြင်း

နှစ်ဆန်းတစ်ရက်နေ့တွင် ရပ်ကွက်ကျေးရွာတွင်းနေ လူငယ်များက သက်ကြီးရွယ်အိုများအား ဦးခေါင်းဆေး လျှော်ပေးခြင်းဖြင့် ကုသိုလ်ယူကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ ပါမလာစေရန် အထိမ်းအမှတ်ဖြင့် ဦးခေါင်းဆေး လျှော်ခြင်းပြုကြပါသည်။ ဦးခေါင်းတွင်တင် ရှိနေသော အညစ်အကြေးများအား မြန်မာ့ရိုးရာ တရော်ကင်ပွန်းတို့ဖြင့် ဆေးကြောပေးကြခြင်း ဖြစ်သည်။

ပါလီမန်ခေတ် သက်ကြီးပူဇော်ပွဲ

နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းများဖြင့်လည်း ကုသိုလ်ယူကြသည်။ အထူးသဖြင့် ပါလီမန်ခေတ် တစ်လျှောက်တွင် ရန်ကုန်မြို့တော်ဝန်များသည် သင်္ကြန်ပွဲတော်ကို စတင်ဖွင့်လှစ်ကာ နှစ်သစ်မင်္ဂလာမိန့်ခွန်း ပြောကြားလေ့ ရှိကြသကဲ့သို့ နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ရန်ကုန်နယ်နိမိတ် အတွင်းရှိ သက်ကြီးရွယ်အို အဘိုးအဘွားများအား မြို့တော်ခန်းမသို့ ပင့်ဖိတ်လျက် ကန်တော့လေ့ရှိပါသည်။ (နောက်ပိုင်းသက်ကြီးဝါကြီး ကန်တော့ပွဲကို သီတင်းကျွတ်လသို့ ပြောင်းရွှေ့ကျင်းပပါသည်။)

၁၉၅၄-၅၅ ခုနှစ်ကဆိုလျှင် ရန်ကုန်မြို့တော်ဝန် ဦးဘညွန့်ကိုယ်တိုင် အဘိုးအဘွားများအား ငွေကြေးဖြင့် ထောက်ပံ့မှု ပြုခဲ့ပါသည်။ ၁၉၅၅ ခုနှစ် မြို့တော်ဝန် ဦးစိန်ဖေ လက်ထက်တွင် ရန်ကုန်မြို့ပေါ် ၃၅ ရပ်ကွက်မှ ဘိုးဘွား ၁၀၅ ဦးအား ငွေကျပ် ၂၀၀ နှင့် မျက်နှာသုတ်ပ၀ါ တစ်ထည်စီ ပေးအပ်ခဲ့သည်။

ကျမ်းကိုး

၁။ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး(တတိယအုပ်)

၂။ ဟံသာဝတီသတင်းစာ(၁၉၀၁ ဧပြီ)

၃။ သူရိယနှင့် ဗမာ့ခေတ်သတင်းစာများ (၁၉၃၈ ဧပြီ၊ ၁၉၅၅ ဧပြီ)
အပြည့်အစုံသို့ »

သင်္ကြန်မှာ ဒေါင်းက ကနေသူများ

အကြောင်းအရာနှင့် သင့်တော်မည့်ပုံအား Ygn News မှ ထည့်သွင်းခြင်း ဖြစ်ပါသည်။

       တောအုပ်ကြီးတစ်နေရာမှာ ငှက်တို့ရဲ့ဘုရင် ဟင်္သာငှက်မင်းဟာ သမီးတော်ဟင်္သာငယ်လေးအတွက် ကြင်ဖော်ရွေးပွဲကျင်းပပါတယ်။ သမီးတော်လေးအား ခါ၊ ကြိုးကြာ၊ ဇီးကွက်၊ ဒေါင်း၊ ကျီးကန်းစသည်ငှက်များ စွာထဲမှာ နှစ်သက်ရာငှက်ကို ကြင်ဖော်အဖြစ်ရွေးစေပါတယ်။ အဲဒီအခါမှာ သမီးတော်လေးဟာ ငှက် အပေါင်းကို လှမ်းမြော်အကဲခက်ကြည့်လိုက်ပါတယ်။ အဲထဲမှာ အမွေးအတောင် အရောင်အသွေးအလွန် လှပတင့်တယ်နေတဲ့ ဒေါင်းငှက်ကို အာရုံစိုက်မိပြီး သူ့ကို ကြင်ဖော်အဖြစ်ရွေးချယ်တဲ့အကြောင်း ဖခင်ငှက် မင်းကို ပြောလိုက်ပါတယ်။

       ငှက်အားလုံးဟာ အားလုံးထဲကမှ ကြင်ဖော်အဖြစ်အရွေးခံရတဲ့ ဒေါင်းငှက်ကို ၀မ်းမြောက်စကား ဆိုကြ၊ ကောင်းချီးပေးကြပါတယ်။ ဒေါင်းငှက်လည်း ငှက်အားလုံးရဲ့အလယ်မှာ ကိုယ့်ကိုယ်ကို အရမ်းကို ဂုဏ်ယူရွှင်မြူးနေပြီး ဣနြေ္ဒမဆည်နိုင်တော့ပဲ အတောင်ကို ဖြန့်ကားလျှက် ကပါတော့တယ်။ အဲဒီမှာ ပြဿ`  နာစတော့တာပါပဲ။ နေရာဌာနကို သတိမထား၊ စိတ်လွတ်ကိုယ်လွတ် မဆင်မခြင်ကလိုက်ခြင်းဟာ ငှက် အားလုံးရဲ့အလယ်မှာ မပြသင့်တာကို ပြလိုက်သလိုဖြစ်သွားပါတော့တယ်။ ဒါနဲ့ ငှက်ဘုရင်ဟင်္သာမင်းဟာ စိတ်ပျက်စွာပဲ ငှက်အားလုံးကို ကြေညာပါတော့တယ်။

       “ငှက်အပေါင်းတို့ နားထောင်ကြလော့..၊ သင်တို့ရဲ့အလယ်မှာကနေတဲ့ ဒေါင်းငှက်ဟာ အမွေး အတောင် စသည် အလွန်လှပပေမယ့် ပရိသတ်အလယ်မှာ အရှက်အကြောက်ကင်းမဲ့စွာ မပြသင့် တာကို ပြနေတယ်။ ဒီလို အရှက်ကင်းမဲ့တဲ့ ငှက်မျိုးကို ငါ့သမီးတော်နဲ့ ဘယ်နည်းနဲ့မှ မပေးစားနိုင်ပါ။ ဒါကြောင့် ငါ့သမီးတော်ကို လှပြီး ဣနြေ္ဒသိက္ခာရှိတဲ့ တူတော်မောင်ဟင်္သာငှက်နဲ့ပဲ ပေးစာပါတယ်။”

       အဲဒီလိုကြေညာလိုက်တဲ့အဆုံးမှာပဲ ဒေါင်းငှက်ဟာ အရှက်ကြီးရှက်ကာ မျက်နှာမပြရဲတော့ပဲ ငှက်အား လုံးနဲ့ဝေးရာကို ထွက်ပြေးသွားပါတော့တယ်။

       လူတွေမှာ အရှက်အကြောက်တရားဟာ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် သူ့ကို လောက ကို စောင့်ရှောက်နေတဲ့တရားလို့ဆိုပါတယ်။ လူတွေဟာ အရှက်အကြောက်ကင်းမဲ့ လာပြီဆိုရင် ဒေါင်း ငှက်လိုပဲ မပြသင့်တာတွေ ဖော်ပြလာပါတယ်။ မလုပ်သင့်တာတွေ လုပ်လာကြပါတယ်။
     
       သင်္ကြန်ကာလမှာ ဟင်္သာလို သိက္ခာရှိရှိ ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေသူများရှိသလို ဒေါင်းငှက် လို ပရိသတ်အလယ်မှာ အရှက်မဲ့ မပြသင့်တာကို ပြပြီး ကနေကြတဲ့သူတွေကိုလည်း တွေ့ရပါတယ်။
ဒေါင်းငှက်ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့အောင်လုပ်သလို အချို့သူများဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့အောင် လုပ်ယူနေကြတယ်။
     
       ကိုယ့်လွတ်လပ်ခွင့်နဲ့ကို ပြတာပဲ ဘာဖြစ်လဲမေးစရာရှိပါတယ်။ အရှက်ကင်းမဲ့တဲ့ လွတ်လပ်မှုမျိုးကို ဘယ်သူမှ အထင်မကြီးသလို အားလုံးက အပေါစားထင်တာပေါ့။ ကိုယ့်ကိုယ်ကို ဒေါင်းငှက်ဖြစ်မှန်း မသိ ဖြစ်သွားတော့တာပါပဲ။ ကိုယ့်ဘ၀ကိုယ့်သိက္ခာကို တန်ဖိုးထားစေချင်တဲ့ ဆန္ဒနဲ့ တင်ပြလိုက်ခြင်းဖြစ် ပါတယ်။ ခေတ်သစ်လူငယ်များအားလုံး ဒေါင်းလို အရှက်မဲ့ ကပြခြင်းမျိုး ရှောင်ကြည်ပြီး ဟင်္သာလို သိက္ခာရှိတဲ့သူများဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ 
အပြည့်အစုံသို့ »

မြန်မာ နှစ်ဆန်း တစ်ရက်နေ့ ရွှေတိဂုံဘုရား မြင်ကွင်းများ

















New Year Day at Shwedagon Pagoda
ဓာတ်ပုံ - ယမင်းဦး
အပြည့်အစုံသို့ »

ရန်ကုန်သင်္ကြန် နောက်ဆုံးနေ့ မြင်ကွင်းဓာတ်ပုံများ (ဓာတ်ပုံ - ပီတာအောင်)













အပြည့်အစုံသို့ »

မြန်မာ့သင်္ကြန် ပျက်ပြီလို့ မပြောနိုင်ဘူး (စာရေးဆရာ ကြည်မင်းနဲ့ ဆက်သွယ်မေးမြန်းချက်)


ဒီနှစ် မြန်မာ့သင်္ကြန်ပွဲတော်ရက်အတွင်း အရက်ကုမ္ပဏီကြီးတွေရဲ့ စပွန်ဆာနဲ့ စင်ပေါ်တက် ကော့ကန်ကားလုပ်ပြနေသူတွေကို ထိုင်ကြည့်နေတဲ့အစိုးရကို မကြိုက်ဘူးလို့ စာရေးဆရာ ကြည်မင်းက ဝေဖန် ပြောကြားလိုက်ပါတယ်။

ဒီလို လုပ်နေသူတွေဟာ ကွက်ကွက်ကလေး လူနည်းစုပဲ ဖြစ်တာမို့ မြန်မာ့သင်္ကြန် ပျက်ပြီလို့တော့ မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒီနှစ် သင်္ကြန်တွင်း ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ ရှိတဲ့ အရက်ကုမ္ပဏီတခုရဲ့ ဖျော်ဖြေရေးမဏ္ဍပ်မှာ ထိုင်းနိုင်ငံက အမျိုးသမီးအကတဖွဲ့ရဲ့ ကပြဖျော်ဖြေခဲ့ပုံတွေဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ် တက်လာပြီး လူပြောသူပြော များခဲ့ပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ စာရေးဆရာ ကြည်မင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား ပါတယ်။
အပြည့်အစုံ နားဆင်နိုင်ပါတယ်။

DVB
အပြည့်အစုံသို့ »

သင်္ကြန်ရေကစားမဏ္ဍပ်များ၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဖမ်းဆီး အရေးယူ




ရန်ကုန်၊ ဧပြီ ၁၆

၁၅.၄.၂၀၁၄ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ရေကစားမဏ္ဍပ်
များ၌ ခါးပိုက်နှိုက်များဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းဆောင်ရွက်ခဲ့
ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ် လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ပြည်လမ်းပေါ်ရှိ
Air Bagan ရေကစားမဏ္ဍပ်ရှေ့၌ ရေကစားနေသော အမျိုးသားများ၏
ဘောင်းဘီအိတ်ကပ်အတွင်းမှ ငွေများနှိုက်ယူ နေသူများဖြစ်သည့် တင်အောင်လင်း(ခ)ဖားကြီး၊ (၂၁)နှစ်၊ (ဘ)ဦးမျိုးငွေ၊ လှိုင်သာယာမြို့နယ်၊
နေသူကို ငွေကျပ်(၅၁၀၀)နှင့်လည်းကောင်း၊ သိန်းအေး၊ (၁၈)နှစ်၊ (ဘ)ဦးသိန်းဆွေ၊ ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူကို
ငွေကျပ်(၄၁၀၀)နှင့်လည်းကောင်း၊ မြင့်သန်း၊ (၂၉)နှစ်၊ (ဘ)ဦးဖေတင်၊ ကြည့်မြင်တိုင်မြို့နယ်နေသူအား HUAWEI အမျိုးအစား အနက်ရောင်
ဟန်းဆက် (၁)လုံးနှင့် ငွေကျပ်(၄၀၀၀)တို့နှင့်လည်းကောင်း၊ ငရှဥ့်(ခ)
ဝင်းထွဋ်၊ (၁၈)နှစ်၊ လှိုင်သာယာမြို့နယ်နေသူကို ငွေကျပ်(၅၈၀၀)နှင့်
လည်းကောင်း၊ ၀င်းမြင့်အောင်(ခ)အထစ်၊ (၂၀)နှစ်၊ (ဘ)ဦးမြင့်အောင်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူအား လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်
(၃၁၅၀၀) နှင့်လည်းကောင်း၊ မိုးသန်းဌေး၊ (၂၂)နှစ်၊ (ဘ)ဦးဌေးအောင်၊ လှိုင်သာယာမြို့နယ်နေသူကို လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်(၃၈၅၀၀)နှင့်
လည်းကောင်း၊ မပပ၀င်း၊ (၂၆)နှစ်၊ (ဘ)ဦးပေါက်စ၊ မရမ်းကုန်းမြို့နယ်
နေသူကို ငွေကျပ်(၆၂၀၀၀)နှင့်လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ (၇)ဦးအား လှိုင်မြို့မရဲစခန်းတွင် အမှုများရေးဖွင့်ကာ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဆက်လက်၍ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်ရှေ့ ပိတောက်ချစ်သူ ရေကစားမဏ္ဍပ်ရှေ့၌ရေကစား
နေသော အမျိုးသားတစ်ဦး၏ဘောင်းဘီ အိတ်ကပ်အတွင်းမှ ငွေကျပ်
(၄၂၂၅၀)ပါ ပိုက်ဆံအိတ်(၁)လုံးကိုနှိုက်ယူခဲ့သူများဖြစ်သည့် ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေ ငတိ(ခ)သက်ထွန်းအောင်၊(၄၇)နှစ်၊ (ဘ)ဦးရွှေနှင့် အင်းစိန် မြို့နယ်နေ စိုးလင်း(ခ)အောင်မင်းထိုက်၊ (၂၄)နှစ်တို့(၂)ဦးကို
တွေ့ရှိဖမ်းဆီးရမိသဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
အပြည့်အစုံသို့ »

သင်္ကြန် (နိုင်ငံရေး) စာ


မြန်မာပြည်နိုင်ငံရေးမှာ အစဉ်အလာတွေ အသေအချာရှိတယ်။

• ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ မှာ အာဏာသိမ်းပြီး ၂၆ နှစ်ကြာအုပ်စိုးတယ်။ အဆုံးမှာ 'ဆီကိုရေချိုး ဆေးရိုးမီးလှုံခဲ့တဲ့ မြန်မာပြည်' ဟာ 'ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ' စာရင်းထဲ ရောက်ပြီးနောက်မှာ တတိုင်းတပြည်လုံးက အုံကြွတာကို ခံလိုက်ရတော့တယ်။
• ၁၈-၉-၁၉၈၈ မှာ (နဝတ) နာမယ်ခံပြီး၊ ဗိုလ်ချုပ်ကြီးစောမောင်ကနေ အာဏာသိမ်းတယ်။ ဦးနေဝင်းကိုလဲ အသက်ချမ်းသာခွင့်ပေးသလို (မဆလ) ကိုလဲ (တစည) အဖြစ် ပြောင်းစေပြီး (မဆလ) ဥစ္စာဓန အမွေမှန်သမျှလဲ ခံစားခွင့်ပေးခဲ့တယ်။
• ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ ၂၇-၅-၁၉၉ဝ မှာ ရွေးကောက်ပွဲလုပ်ပေးပြီး၊ အာဏာလဲလွဲမယ်လို့ပြောတဲ့အခါ NLD က အပြတ်အသတ်နိုင်လို့ ဗိုလ်ချုပ်ကြီးသန်းရွှေကနေ အာဏာသိမ်းလိုက်တယ်။ (နဝတ) ကနေ (နအဖ) လို့ နာမယ်ပြောင်းပြီး (နဝတ) မှန်သမျှကိုလဲ ဘာတခုမှ အရေးမယူပါ။ ဗခ တင်ဦး နဲ့ ဗခ ခင်ညွန့်တို့ကိုစာ နည်းတမျိုးစီနဲ့ ရှင်းပြစ်ပါတယ်။
• ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံမှန်သမျှကို ဖမ်းဆီး၊ နှိပ်ကွပ်၊ ထောင်ချ၊ အကျယ်ချုပ်ချ၊ သေကြောင်းကြံစည်တာတွေ လုပ်တယ်။ ဒိထက်မတတ်နိုင်တော့တဲ့အဆုံးမှာ သူကိုယ်တိုင်က အနားယူပြီး၊ ကြံ့ခိုင်ရေးပါတီ ထောင်စေပြီး လက်လွဲပေးလိုက်တယ်။
• ဦးနေဝင်းကတော့ သူနဲ့အတူ ထိပ်ဆုံးက သူ့လူတွေကိုပါ အတူအနားယူစေခဲ့တယ်။ ဗခမက သန်းရွှေကတော့ သမတ၊ ကာချုပ်အပြင်၊ လွှတ်တော်ဥက္ကဌ ၂ ယောက်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ တယောက်တို့ကိုပါ အာဏာတွေ ခွဲဝေပေးထားခဲ့တယ်။

• အာဏာလွဲပြောင်းမှုဖြစ်စဉ်ကိုကြည့်ရင် -
- (မဆလ) ကို (နဝတ) ကနေ ကယ်ခဲ့တယ်။
- (နဝတ) ကို (နအဖ) ကနေ ကယ်ခဲ့တယ်။
- (နအဖ) ကို ပြည်ခိုင်ဖြိုး ကနေကယ်ခဲ့တယ်။
- အခု ပြည်ခိုင်ဖြိုးကို ဘယ်သူကယ်မလဲ။

ပြောင်းပေးထားတဲ့ စနစ်အရ အရင်ကလို ကယ်ချင်ပေမဲ့ ကယ်ဘို့ခက်နေပြီ။ ကယ်တင်ရှင်လုပ်ချင်သူတွေက ပေါနေလို့ပါ။ စွမ်းအားရှင်နဲ့ သန္ဓေတည်လာခဲ့တဲ့ ကြံ့ခိုင်ရေးဟာ မဲခိုးတာအပါအဝင် နာမည်ဆုံးနဲ့ဖြစ်နေတယ်။ စနစ်ကလဲ မတူလို့ ယှဉ်ကြရမှာမို့ ကိုယ့်ဒူးကိုယ်ချွန်ကြရတော့မယ်။
- ဒူးချင်းတိုက်နေကြပြီ။ ဦးနေဝင်းခေတ်က စကားလုံးလို ‘ဒူးတိုက်ဆွေးနွေးပွဲ’ မဟုတ်ပါ။ ဒူးချင်းရိုက်နေကြတာပါ။
- လက်ဝါးချင်းရိုက်ကြည့်တာလဲ သိပ်ဟန်ပုံမရပါ။
- ပါတီထဲက အလတ်တန်းအဆင့်တွေက ခေါင်းချင်းရိုက်နေကြပါတယ်။
- ကပ်မြောင်ချင်သူတွေကလဲ ကျောချင်းရိုက်နေကြတယ်။

စိတ်ဝင်စားစရာတွေ မကြာမီလာမည်လို့သာ ဆိုပါရစေ။ သူတို့ ရှုပ်ပွနေချိန်မှာ ကိုယ်တို့က သာလုပ်ကြမလဲ။ သမိုင်းကြောင်းရှင်းသူတွေ၊ ခေါင်းကောင်းကောင်းနဲ့ ‘အဏာရှင်မျိုးဆက်ကို မောင်းထုတ်ဘို့အရေး’ သွေးစည်းညီညွတ်ကြပါစို့။

Dr. Tint Swe
၁၆-၄-၂ဝ၁၄
နံနက် ဝဝ နာရီ ၃၅ မိနစ်
အပြည့်အစုံသို့ »

ရန်ကုန်မြို့ ရှင်စောပုလမ်း မှာရှိတဲ့ Myanmar Event Park ပြုလုပ်နေတဲ့ Myanmar summer festival 2014 ပွဲမှာ လက်မှတ်ဝယ်ထားသူ တချို့ဝင်ခွင့်မရတာကြောင့် မကျေနပ်မှုတွေဖြစ်


ရန်ကုန်မြို့ ရှင်စောပုလမ်း မှာရှိတဲ့ Myanmar Event Park ပြုလုပ်နေတဲ့ Myanmar summer festival 2014 ပွဲမှာ လက်မှတ်ဝယ်ထားသူ တချို့ဝင်ခွင့်မရတာကြောင့်
အပြည့်အစုံသို့ »

မသန်စွမ်းသူတွေ ရေကစားနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ ပထမဆုံး မသန်စွမ်းသူရေကစားမဏ္ဍပ်ကို ဖွင့်လှစ် (မေးမြန်းခန်း ရုပ်/သံ)



မသန်စွမ်းသူတွေ ရေကစားနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ ပထမဆုံး မသန်စွမ်းသူရေကစားမဏ္ဍပ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ရိုက်ကူးထွန်းကျော် ယမင်းဦး



DVB TV News
အပြည့်အစုံသို့ »