Showing posts with label weather-news. Show all posts
Showing posts with label weather-news. Show all posts

ဒေသအချို့တွင် ရေကြီး၊ မြေပြိုနိုင်၍ ကြိုတင်ပြင်ဆင်ရန် ဒေါက်တာထွန်းလွင်သတိပေး



နာဆာဂြိုဟ်တုများ၏ တိုင်းတာ ချက်များအရ မြန်မာနိုင်ငံရှိ ဒေသ  ခြောက်ခုတွင် ရေဖုံးလွှမ်းရန်အ လားအလာများနေပြီး ဒေသနှစ်ခု တွင် မြေပြိုကျရန်အလားအလာ များနေသည့်အတွက် ကြိုတင်ပြင် ဆင်မှုများပြုလုပ်ရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးပြောကြားလိုက်သည်။

ရေဖုံးလွှမ်းရန်အလားအ လာများနေသော ဒေသခြောက်ခု မှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်၊ ရခိုင်တောင်ပိုင်း၊ ရှမ်းတောင်ပိုင်းတို့ဖြစ်သည်။
မြေပြိုကျရန်အလားအလာ များနေသော ဒေသများမှာ ကချင် ပြည်နယ်မြောက်ပိုင်းနှင့် ရခိုင် ပြည်နယ်တောင်ပိုင်းတို့ဖြစ်ပြီးသ တိထားကြရန်၊ လိုအပ်သောကြို တင်ပြင်ဆင်မှုများပြုလုပ်ရန်လို အပ်ကြောင်းဒေါက်တာထွန်းလွင် က ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဇူလိုင် ၂၀ည ၁၁နာရီခွဲဝန်းကျင်တွင်ရေး သားသတိပေးထားသည်။

နာဆာဂြိုဟ်တုများ၏ ဇူလိုင် ၂၀တိုင်းတာချက်များအရ ပြည် နယ်နှင့်တိုင်းဒေသကြီးဆယ်ခု တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သည်။

7day daily
အပြည့်အစုံသို့ »

ရေကြီးရန် တာစူနေသည့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ ကြိုပြင်ထားရန် ဒေါက်တာထွန်းလွင်သတိပေး


ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား  နည်းရပ်ဝန်းကြောင့် ပင်လယ်ပြင် တွင် မုတ်သုံလေအားအလွန် ကောင်းနေပြီး နေရာကွက်၍ မိုး ကြီးနိုင်သည့်အပြင် ပင်လယ်တွင် လှိုင်းကြီးနိုင်သောကြောင့် လိုအပ် သော ကြိုတင်ကာကွယ်မှုများ ပြု လုပ်ရန်လိုအပ်ကြောင်း မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် နှင့် မိုး/ဇလဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

‘‘မိုးကြီးလို့ ရေကြီးဖို့ တာစူ နေတဲ့ဒေသတွေက ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေပါ။ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု တွေ လုပ်ထားသင့်ပါတယ်။ ဒီဒေသတွေမှာ မိုးကောင်းနေတဲ့အပြင် အထက်မှာ ရွာတဲ့မိုးကလည်း ဒီမှာလာစုနေတော့ စိုက်ပျိုးရေးအဓိကနေရာတွေဖြစ်တဲ့အတွက် ပိုသတိရှိဖို့လိုတယ်’’ဟု  ဒေါက်တာထွန်းလွင်က ပြောသည်။

ထို့အပြင် ဘင်္ဂလားပင်လယ် အော်၌ ဇူလိုင်လအတွင်း နှစ်ကြိမ် မြောက် လေဖိအားနည်းရပ်ဝန်း ဖြစ်နေပြီး ပင်လယ်တွင် မုတ်သုံ ပေါ်လေအား အလွန်ကောင်းနေ ကြောင်း မိုး/ဇလဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။ ‘‘ဇူလိုင်လထဲမှာတင် နှစ်ကြိမ်မြောက်ဖြစ်တဲ့ လေဖိအား နည်းရပ်ဝန်းပဲ။ သူကလည်း အား ကောင်းနေတဲ့အပြင် အရှေ့ဘက် ကလာတဲ့ လေတွေကလည်း ဒီ ရက်တွေမှာ အားကောင်းနေလို့ အောက်ပိုင်းဒေသတွေမှာရော ကွက်ပြီးမိုးကြီးနိုင်တဲ့ သတိပေး ချက်ထုတ်ထားတယ်’’ဟု ဦးကျော်မိုးဦးကပြောသည်။

အရှေ့ဘက်မှလာသော လေ ပွေလှိုင်းများကြောင့် ရှမ်းပြည် နယ်ဘက်တွင်လည်း မိုးကောင်းနိုင် ပြီး ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင် ပိုင်းတွင် ဇူလိုင် ၁၂ ရက်က ပုံမှန်ထက် မိုးရွာသွန်းမှုပိုခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။ ရှမ်းပြည်အရှေ့ပိုင်းတာ ချီလိတ်မြို့တွင် ဇူလိုင် ၁၂ ရက် ညနှင့် ၁၃ ရက် နံနက်က သုံးနာရီခန့် ကြာသည်း ထန်စွာရွာခဲ့သော မိုး ကြောင့် မြေပြိုကာ လူခုနစ်ဦးသေဆုံးရသည်အထိ သဘာဝဘေး အန္တရာယ်ရင်ဆိုင်ခဲ့ရသည်။

ယခုရက်ပိုင်း အတွင်းဖြစ် ပေါ်နေသော ရာသီဥတုအခြေအ နေများအရ ရန်ကုန်၊ ဧရာဝ တီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေ ရာကွက်၍ မိုးကြီးနိုင်ပြီး မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန် ပင်လယ်ပြင်တို့တွင် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။

7daydaily
အပြည့်အစုံသို့ »

အောက်မြန်မာပြည်မှာ ရေဖုံးလွမ်းမယ့် အလားအလာတွေ ရှိနေ


မိုးရာသီကာလအတွင်း အောက်မြန်မာပြည်မှာ ရေဖုံးလွမ်းမယ့် အလားအလာတွေ ရှိနေတယ်လို့ မိုးလေ၀သပညာရှင်က ခန့်မှန်းထားပါတယ်။

မိုးကောင်းတဲ့ နှစ်မ ဟုတ်ပေမယ့် လည်း မြစ်ကြောင်း ရေဝေ ရေ လဲတလျှောက် နေ့စဉ် ရက်ဆက် နည်းနည်းချင်းရွာသွန်းနေတဲ့ မိုးဟာ မြစ်အောက်ပိုင်းမှာ လာရောက်စုနေတဲ့ အတွက် ရေ အမြင့်တွေ မြင့် တက်လာတာလို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေဟာ ရေဖုံးလွမ်းမယ့် အလားအလာရှိနေသလို လက်ရှိအနေနဲ့ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးရွာသွန်းမှုက ပုံမှန်ထက် ၄၅၊ ၅၀ ရာခိုင်နှုန်း လောက် ပိုမယ်လို့ အမေရိကန်က ခန့်မှန်းချက်ထုတ်ပြန်ထားတဲ့အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတဲ့ အကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်း မွန်ပြည်နယ်၊ သထုံမြို့ရဲ့ အနောက်တောင်ဘက် ၆၂ ကီလို အကွာမှာ အမြင့်ဆုံး တိုင်းလို့ရတဲ့ ရေအနက်ဟာ ၂၀ လက်မ (၁ ပေ ၈ လက်မ) ရှိနေပြီဖြစ်တယ်လို့လည်း သူရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံမှာ မိုးရာသီအချိန်ရောက်တိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးက မြေနိမ်ပိုင်း၊ မြေနိမ့်ပိုင်းမှာရှိတဲ့ လူနေရပ်ကွက်တွေဟာ ရေဖုံးတဲ့ ဒဏ်ကို ခံစားနေရပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
အပြည့်အစုံသို့ »

အင်အားပြင်းငလျင် လှုပ်နိုင်၊ သတိထားရန်လိုဟု ပညာရှင်ဆို


မြန်မာနိုင်ငံတွင် အင်အားကြီးငလျင်လှုပ်ခဲ့ခြင်းမှာ နှစ် ၈၀ ခန့်ကြာနေပြီဖြစ်ပြီး အချိန်မရွေး တစ်ကျော့ပြန် ပြန်လှုပ်နိုင်သောကြောင့် သတိထားရန်လိုသည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံမှာက ငလျင်ဖြစ်နိုင်ခြေ အမြဲရှိနေတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောကလည်း ၁၉၅၆ ခုနှစ်တုန်းကပဲ လှုပ်ခဲ့ပြီး နောက်ပိုင်းထိ မလှုပ်တာကြာပြီဆိုတော့ ဒီလိုငလျင်ကြီးတွေ အချိန်မရွေးလာနိုင်ခြေရှိတယ်”ဟု ၎င်းက ပြောသည်။ ၁၉၅၆ ငလျင်သည် ပြင်းအား ၆ ဒသမ ၈ မှ ၇ ဒသမ ၃ အထိ လှုပ်ခဲ့သည်။

ထိုသို့ အင်အားကြီးငလျင်လှုပ်မည်ဆိုပါက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည်၊ ၀မ်းတွင်း၊ မြစ်ကြီးနား၊ ပူတာအိုတို့တွင် အန္တရာယ်ရှိနိုင်သည်ဟု ၎င်းက ပြောသည်။

“အဆောက်အအုံတွေနဲ့ ပတ်သက်လို့တော့ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ကြားမှာ ဆောက်ထားတဲ့ အဆောက်အအုံတွေက သတိထားဖို့လိုတယ်။ အဆောက်အအုံ ဒီဇိုင်းပေါ်မှာ မူတည်ပြီးလည်း ငလျင်ဒဏ်ခံနိုင်ခြေရှိမရှိ သိသာပါတယ်။ အဆောက်အအုံပိုင်းကတော့ အမြဲတမ်းကြိုတင်ပြင်ဆင်ထားဖို့လိုတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် အောက်ခြေ၌ ပိုင်ချမထားလျှင် ငလျင်လာပါက ပြိုလဲသွားနိုင်ကြောင်း၊ အဆောက်အအုံနှစ်ခုကို ကပ်လျက် မဆောက်သင့်ကြောင်း၊ အဆောက်အအုံဒီဇိုင်းကို ကျွမ်းကျင်ပညာရှင်များနှင့်သာ ဆောက်လုပ်မှ ငလျင်ဒဏ်ကို ကြိုတင်ကာကွယ်နိုင်သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဘူမိသိပ်္ပံအသင်း အတွင်းရေးမှူး ဦးညွန့်ဌေးက “ငလျင်ပြင်းအား ငါး၊ ခြောက်လောက်ဆိုရင်တော့ သိပ်အန္တရာယ်မရှိသေးဘူး။ ခုနစ်ကျော်ရင်တော့ စိုးရိမ်စရာဖြစ်နေပြီ။ တာလေ ငလျင်တုန်းက အောက်ခြေမခိုင်တဲ့ အဆောက်အအုံတွေ၊ နံရံကပ်တွေ ပြိုကျတာရှိခဲ့တယ်။ စစ်ကိုင်းပြတ်ရွေ့လည်း လှုပ်လာပြီဆိုတော့ အများကြီးသတိထားဖို့ လိုလာပါပြီ”ဟု ဆိုသည်။၊

Mizzima
အပြည့်အစုံသို့ »

ပေါက်တောမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ ကျောင်းခေါင်မိုးလွှင့်ပါသွားပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရ

လေဆင်နှာမောင်းကြောင့် ပြိုပျက်သွားသော ချောင်းနွယ် မူလွန်ကျောင်း ( ဓါတ်ပုံ- နိရဉ္စရာ)

(နိရဉ္စရာ ၂၀ ဇွန်လ ၂၀၁၄)/လင်းမြတ်

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် ချောင်းနွယ်ကျေးရွာတွင် ယမန်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့သည့် အတွက် ကျေးရွာမူလွန်စာသင်ကျောင်း၏ ခေါင်မိုးပွင့်ထွက်ပြီး ကျောင်းသားတစ်ဦး ဒဏ်ရာများရရှိသွားကြောင်း သတင်း ရရှိသည်။

ယမန်နေ့က နံနက်(၁၀)နာရီ(၁၀)မိနစ်တွင် ထို့သို့ လေနှာမောင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်စဉ် အလျား(၉၀)ပေ အနံ(၃၀)ပေရှိသော စာသင်ဆောင်ခေါင်းမိုးများ ပွင့်ထွက် သွားပြီး တတိယ တန်းကျောင်းသား မောင်ဥာဏ်ထွန်းတွင်ဦးခေါင်းဒဏ်ရာများ ရရှိသွားကြောင်း ချောင်းနွယ်ရွာ မှ ကျောင်းအုပ်ဆရာကြီး ဦးဘတင် က နိရဉ္စရာသို့  ပြောသည်။

“ကျောင်းတက်ချိန်(၁၀)နာရီ(၁၀)မိနစ်လောက်မှာဖြစ်တာပါ။ကျောင်းကရွာပြင်စမှာလေ။လေဆင်နှာမောင်းက ရုတ်တရက်ဝင်တိုက်ပြီး ကျောင်းခေါင်မိုး ဝုန်းခနဲ ပြုတ်ထွက်သွားတယ်။လွှင့်ပါသွားတဲ့ ခေါင်မိုးသွပ်ပြားက သစ်ပင်မှာ ထိပြီး သုံးတန်းကျောင်းသား မောင်ဥာဏ်ထွန်းကို လာထိတဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာ ရသွားတယ်၊ ရွာဆေးပေးခန်းမှာ ငါးချက် ချုပ်လိုက်ရတယ်” ဟု ကျောင်းအုပ်ကြီးက ဆိုသည်။

shaung-nwe-school-(1)

ယခုအခါ ပျက်စီးသွားသော စာသင်ကျောင်းဆောင်အား ပြန်လည် ပြုပြင်နိုင်ရန် ပေါက်တောမြို့နယ်အာဏာပိုင် များထံ သတင်းပို့ တင်ပြထားကြောင်း ဆရာကြီးက ဆက်လက်ပြောဆိုသည်။

“သက်ဆိုင်ရာ ပညာရေးဌာန၊မြို့နယ် အုပ်ချုပ်ရေးဌာနတွေကို တင်ပြ အကြောင်းကြား ထားပါတယ်။ မြို့နယ်ကတာဝန်ရှိသူတွေ ကျောင်းကို လာရောက် ကွင်းဆင်းစစ်ဆေးဖို့ လုပ်နေတယ်လို့ သတင်းရပါတယ်” ဟု ဆိုသည်။

အဆိုပါ ချောင်းနွယ်ကျေးရွာရှိ မူလွန်ကျောင်းတွင်  သူငယ်တန်းမှ သတ္တမတန်းထိ ကျောင်းသား (၃၀၀) ခန့်  ပညာသင်ကြားနေကြပြီး ဆရာဆရာမအင်အား (၁၂)ဦး ရှိကြောင်း သိရသည်။

Narinjara
အပြည့်အစုံသို့ »

မိုးကြီးလို့ ရခိုင်မှာ လူသေဆုံး

ပြီးခဲ့တဲ့ တပတ်က မိုးဆက်တိုက်ရွာလို့ ရန်ကုန် တစ်မြို့လုံးနီးပါး ရေကြီးရေလျှံဖြစ်

ရခိုင်ပြည်နယ် မှာ မိုးဆက်တိုက် ရွာပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့ အတွက် ဇွန်လ ၁၈ ရက်နေ့က လူသေဆုံးမှုတွေ ရှိခဲ့ ပါတယ်။

မြောက်ဦးမြို့မှာ မိသားစုတစ်စုက မြေတူးနေတုန်း မြေတွေ ပြိုကျခဲ့တဲ့ အတွက် အသက် ၄၃ နှစ် အရွယ် မိခင်ဖြစ်သူနဲ့ ၄ နှစ် အရွယ် သားလေး သေဆုံးခဲ့ပါတယ်။

သေဆုံးသူရဲ့ သမီး ဖြစ်သူကတော့ ဒဏ်ရာ ရတဲ့ အတွက် ဆေးရုံတင် ကုသမှု ပေးနေပါတယ်။

အဲဒီ တစ်ရက်တည်းမှာပဲ ရေကြီးတဲ့ အတွက် ပေါက်တောမြို့၊ ပုဏ္ဏားကြီးရွာက အမျိုးသမီး နှစ်ယောက် ရေနစ် သေဆုံးခဲ့ ပါတယ်။


မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ ဂြိုလ်တုက တိုင်းထွာရရှိတဲ့ အချက် အလက်တွေ အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေလို့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ အခု တပတ်အတွင်း စိုးရိမ်စရာ ကောင်းလောက်အောင် မိုးများနိုင်တယ်လို့ သတိပေးနေပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တစ်ပတ်လောက် မိုးဆက်ရွာမယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မြေနိမ့်ပိုင်း နေရာတွေနဲ့ လယ်ကွင်းတွေမှာ ရေတွေနစ်မြုပ်ခဲ့တဲ့ အတွေ့ အကြုံ ရှိခဲ့တာကြောင့် သတိထားဖို့ လိုတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။

အန္တရာယ်အရှိနိုင်ဆုံး လို့ ပြောနိုင်တဲ့ မြို့တွေအနေနဲ့ ထားဝယ်၊ မအူပင်၊ ရန်ကုန်၊ ပဲခူးနဲ့ သထုံ စတဲ့မြို့တွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါတွေကို ကာကွယ်နိုင်ဖို့ နှစ်စဉ် ကြိုတင် လုပ်ဆောင်ရမယ့် ရေဝင်ရေထွက်ကောင်းအောင် လုပ်ဆောင်မှု၊ တာတမံ ဖောက်မှု တွေကို အုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနတွေက လုပ်ဆောင်သင့်တယ်လို့လည်း သူက ပြောပါတယ်။

bbc burmese
အပြည့်အစုံသို့ »

ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ရေကြီးနိုင်




ဇာဏီထွဏ်း၊ ဖိုးစိုးသူ| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းများတွင် ယခုရက်သတ္တပတ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့် တိုင်းအလိုက် သတင်းအချက်အလက် ထုတ်ပြန် သတိပေးမှုများပြုလုပ်ပေးလျက်ရှိသည်ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဇွန်လ ၁၆ရက်တွင် မဇ္ဈိမကို ပြောသည်။

မိုးဇလမှ တိုင်းတာချက်များအရ မွန်ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးတန်းဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းနှင့် မကွေးတိုင်း အနောက်ခြမ်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ မိုးရေချိန်မှာ စိုးရိမ်မှတ်သုံးလက်မနှင့် အထက်တွင်ရှိနိုင်ပြီး ဇွန်လ ၂၂ ရက်အထိ ဆက်လက်ဖြစ်ပေါ်နိုင်သည် ဟု ဦးကျော်လွင်ဦးက ပြောသည်။

“ မုတ်သုံအားကောင်းနေတယ်ဆိုတော့ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေ ၊ ပြည်တွင်းရေကြောင်း ခရီးသွားလုပ် ငန်းတွေ ၊ မြစ်ဝကျွန်းပေါ်ခရီးသည်ပို့ ဆောင်ရေးလုပ်ငန်းတွေ သတိထားနိုင်ဖို့ကို ထုတ်ပြန်ကြေညာတာ တွေလုပ်နေပါ တယ်။ မိုးဇလ၀က်ဘ်ဆိုက်မှာလည်း အချိန် နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးနေပါတယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ၎င်းကရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သော်လည်း မြစ်ရေကြီးမှုအခြေအနေမှာ စိုးရိမ်ရေအမှတ်အထိ မရောက်နိုင်ဟု ခန့်မှန်းပြောဆိုသည်။ကမ္ဘာ့အသိအမှတ်ပြု အဖွဲ့အစည်းဖြစ်သော အမျိုးသားအာကာသနှင့် လေကြောင်း ဦးစီးဌာန (NASA) ၏ ဇွန်လ ၁၆ ရက်၊ မြန်မာစံတော်ချိန် နံနက် ၃ နာရီခွဲ တိုင်းတာချက်အရ ရန်ကုန်တိုင်းအရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်းတို့တွင် ရေကြီးနိုင်သည်ဟု မိုးလေ၀သပညာနှင့်ဇလဗေဒ ရှင်ဦးထွန်းလွင်၏ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

နာဆာကဖော်ပြထားသော ရေကြီးနိုင်သည့်နေရာများမှာ ရန်ကုန်တိုင်းတွင် မင်္ဂလာဒုံမြို့နယ်နှင့် အနီးတ၀ိုက်၊ ဧရာဝတီ တွင် ပုသိမ်၊ မအူပင်မြို့များနှင့် အနီးတစ်ဝိုက်၊ ပဲခူးတိုင်၊ ပဲခူးမြို့နှင့်၊ မွန်ပြည်နယ်သထုံမြို့နှင့် အနီးတစ်ဝိုက်တို့ ဖြစ် သည်။

မိုးရွာသွန်းမှုကြောင့် ရေအနက်တစ်ပေကျော်သည်အထိ ရောက်ရှိနိုင်သည့်ဒေသများဖြစ်သော မင်္ဂလာဒုံမြို့နယ်၊ သထုံ မြို့၊ အနီးရှိဒေသများတွင် ကြိုတင်ကာ ကွယ်မှုများ ဆောင်ရွက်ရန်လိုအပ်သည်ဟု ဦးထွန်းလွင်က ၎င်း၏ဖေ့ဘွတ်စာ မျက်နှာတွင် ရေးသားထားသည်။

ပဲခူးတိုင်းအတွင်း နှစ်စဉ်ရေကြီးရေလျှံ မှုများဖြစ်ပွားလေ့ရှိသော ပဲခူးတိုင်း အနောက်ပိုင်း ပဲခူးမြို့နှင့် တောင်ငူမြို့များ တွင်ရေကြီးရေလျှံမှုများကို ကာကွယ်ရန် အတွက် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ကို ဆက်သွယ်ထားသော ပဲခူးစစ်တောင်း တူးမြောင်းကို နိုင်ငံတော်သမ်တဘဏ္ဍာငွေဖြင့် အကုန်ကျခံကာ ပြန်လည်တူးဖော်ထားပြီဖြစ်၍ ရေကြီးရေလျှံမှုဘေးမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကလည်း မိုးရွာသွန်းမှုများကြောင့် မွန်ပြည်နယ်တွင် နှစ်စဉ်ရေကြီးလေ့ရှိ သော ဘီးလင်း၊ ရေးမြို့၊ ကျိုက်မရော၊ ချောင်းနှစ်ခွ ဒေသများတွင် ရေကြီးရေလျှံမှုသတိပေးစာ ရွက်များကိုဝေငှပြီး သတိ ပေးအကြောင်း ကြား မှုများရေကြီးမှုအန္တရာယ်သတိပေးချက်များကို လုပ်ဆောင်နေသည်ဟု ပြောသည်။

Mizzima Burmese
အပြည့်အစုံသို့ »

ရန်ကုန်မြို့ ရေကြီးရေလျှံမှု လျော့ကျစေရန် ပြည်ပနိုင်ငံများသို့ အကူအညီ တောင်းမည်


ရန်ကုန်မြို့တွင် မိုးရွာသွန်းလျှင် ဖြစ်ပွားလေ့ ရှိသော ရေကြီး ရေလျှံမှုများ လျော့နည်းလာစေရေး အတွက် ပြည်ပနိုင်ငံများသို့ အကူအညီ တောင်းခံရန် စီစဉ်နေပြီ ဖြစ်ကြောင်း YCDC မှ သတင်း ရရှိသည်။ ရေကြီး ရေလျှံမှုများ ပပျောက်စေဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက် နေပေမယ့် နည်းပညာ မရှိ လို့ ထိရောက်မှု သိပ်မရှိဘဲ ဖြစ်နေတယ် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာဌာန) လမ်းနှင့် တံတားမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ဇွန်လ(၁၁) ရက်နေ့ မနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်၊ သမိုင်းလမ်းဆုံ၊ ဘူတာရုံလမ်း၊တောင် ဥက္ကလာပ မြို့နယ် များတွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူများ သွားလာရေး ခက်ခဲခဲ့သည်။ ထို့အပြင် ယခုနှစ် မိုးဦးရာသီတွင် မိုးသည်း ထန်စွာ ရွာသွန်းလျှင် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ ရေကြီးရေလျှံမှုများ ပပျောက်စေရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် သုံးစွဲခဲ့သည်။ ယခုအခါ ရေကြီးရေလျှံ မှုများ လျှော့ချနိုင်ရန် မြစ်ထွက်ပေါက်အသစ်များ၊ ရေထိန်းတံခါးများ၊ ရေမြောင်းများကိုလိုအပ်သော စက်ကိရိယာများဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ အိမ်တွေကလည်း မြောင်းတွေကို ပတ်ပြီး ဆောက်လုပ် ထားတာရှိနေ သလို ပြည်သူတွေ ကလည်း စည်းကမ်းမရှိတာ တွေပါတယ်။ ဒါကို စစ်တမ်း ကောက်ပြီး အဓိက ဘယ်မှာ ရေအကြီးဆုံး ဖြစ်နေလဲ၊ အဲဒီဖြစ်တဲ့ နေရာကို ဦးစားပေးပြီး တစ်ဆင့်ချင်း ဆောင်ရွက်ရင်တော့ ဒါတွေကို လျော့ကျ လာနိုင်ပါတယ် ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသာအေး က ပြောသည်။ ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုများ လျှော့ချ နိုင်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း တစ်သောင်းကျော် သုံးစွဲခဲ့ပြီး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း ငါးထောင်ကျော် တိုးမြှင့် သုံးစွဲခဲ့ကြောင်း YCDC မှ သိရသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal
အပြည့်အစုံသို့ »

ဇွန်လ ၁၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်


ဇွန်လ ၁၃ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အလယ်ပိုင်းမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဘင်္ဂလား ပင်လယ်အော်မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာ ကတော့ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေ မှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

ဇွန်လ ၁၄ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်အနေနဲ့တော့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၃ ပေမှ ၅ ပေလောက်ရှိနိုင်ပါတယ်။ ကျန်မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၆ ပေ ကနေ ၁၂ ပေလောက် အထိမြင့်တက်နိုင်ပါတယ်။

weather14062014အပူရှိန်မြင့်တက်နိုင်မှု အနေနဲ့ကတော့ တနိုင်ငံလုံးနီးပါမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တွေဟာ သိသိသာသာကျဆင်းလာနိုင်ပါတယ်။ လွန်ကဲ အဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ ကျော်နိုင်တဲ့ မြို့တွေကတော့ ဟားခါးမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့၊ မြိတ်မြို့တွေပဲ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင် တာကတော့ မြိတ်မြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးကတော့ ၁၂ ဒသမ ၉ ကျရောက်နိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေဟာ လွန်ကဲ အဆင့်အောက်ကို ကျဆင်းနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးဖြစ်တဲ့ ဟဲဟိုးမြို့မှာတော့ အညွှန်းကိန်းတန်ဖိုး ၄ ဒသမ ၂ သာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းမှာမိုးရွာဖို့ သေချာမှု ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီမီတာ ကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင် ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

ဇွန်လ ၁၄ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၉၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

သုံးရက်ကြာ မိုးကြီးမည်


  အာရေဗျ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော နွားနောက် မုန်တိုင်းအရှိန် ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ နောက်သုံး ရက်အထိ မိုးကြီး မည် ဖြစ်ပြီး ရေကြီး ရေလျှံမှုများဖြစ် ပေါ်လာနိုင်ကြောင်း သတင်း ရရှိသည်။

နွားနောက်(Nanauk) မုန်တိုင်း အရှိန် ကြောင့် မုတ်သုံမိုးအား ကောင်းလာခြင်းဖြစ် ပြီး ရန်ကုန်၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည် နယ်တို့ရှိ နေရာ ၁၁ နေရာတွင် ရေကြီးနိုင် ကြောင်း နာဆာက ခန့်မှန်းထားသည်ဟု မိုးလေဝ သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ ‘‘နာဆာရဲ့ ကောင်းကင် ဓာတ်ပုံတွေအရ ဒီသုံးခုမှ စုစု ပေါင်း ၁၁ နေရာ ရေကြီးရေလျှံ မှုဖြစ်ပေါ်နိုင်တယ်။ ဖြစ်လည်း ဖြစ်ပေါ်နေတယ်လို့ တွေ့ရတယ်။ နောက်သုံးရက်အထိ မိုးကောင်း နိုင်တယ်။ မုတ်သုံကောင်းရင် တော့ ရေကြီးရေလျှံမှုတွေက တော့ ရှိနေဦးမှာပဲ’’ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သည့်နေရာများမှာ ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့ နယ်၊ မွန်ပြည်နယ် သထုံမြို့ အရှေ့ဘက်၊ ပဲခူးတိုင်းဒေသကြီး ဝေါမြောက်ဘက်၊ ကျုံဒိုးနားအနီး ရှိ နေရာများဖြစ်သည်။

အထက်ပါ လေးနေရာတွင်ရေအနက် တစ်ပေကျော်ရှိမည်ဖြစ်ပြီး ကျန်နေရာများတွင် တစ်ပေမကျော်နိုင်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘နွားနောက်က ပိုအားကောင်းလာလေလေ မြန်မာနိုင်ငံဘက်မှာ မုတ်သုံမိုးကြောင့် မိုးပိုရွာလေလေဖြစ်မှာ။ ရန်ကုန်အပါအ၀င် အောက်ပိုင်းဒေသတစ်ခုလုံး မိုးကြီးနိုင်တယ်’’ ဟု မိုးဇ/လဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

နွားနောက်မုန်တိုင်း အရှိန် ကြောင့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလေတိုက်နှုန်း မိုင် ၄၀ ဖြင့် တိုက်ခတ်နိုင်သည်ဟု မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ သတင်းရရှိသည်။

နွားနောက် မုန်တိုင်းသည် အာရေဗျပင်လယ်တွင် ဒုတိယ မြောက်ဖြစ်ပေါ်လာသော မုန် တိုင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မြန်မာနိုင်ငံက အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပေါ်လာသည့်  မုန် တိုင်းငယ်များကို အိန္ဒိယသမုဒ္ဒ ရာနှင့် ထိစပ်နေသော နိုင်ငံ ၁၁ ခုမှ အလှည့်ကျအမည်ပေးခဲ့ခြင်း ဖြစ်ရာ မြန်မာနိုင်ငံအလှည့်တွင် ယခုမုန်တိုင်းကို နွားနောက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

Author: အိဖြူလွင် / အောင်သစ်လွင်

7Day Daily
အပြည့်အစုံသို့ »

နွားနောက်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့ နေရာကွက် မိုးကြီးနိုင်




ဘင်္ဂလားပင်လယ်အော် နှင့် ဆက်စပ်နေသည့် အာရေဗျ ပင်လယ်အောက်ထဲတွင် မြန်မာ နိုင်ငံ မိုး/ဇလဌာနမှ အမည်ပေး ထားသည့် နွားနောက် (Nanauk) မုန်တိုင်းတိုက်ခတ်နေပြီး ယင်းမုန် တိုင်း၏ အရှိန်ကြောင့် မြန်မာ နိုင်ငံဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်းဒေသ များအား လေပြင်းအန္တရာယ် ကျ ရောက်နိုင်ကြောင်း ပညာရှင်များ က သတိပေးထားသည်။

‘‘မုန်တိုင်းက အာရေဗျပင် လယ်ထဲမှာ တိုက်နေတယ်။ သူ့ရဲ့ အရှိန်ကြောင့် မုတ်သုံလေအား ကောင်းပြီး မြန်မာနိုင်ငံ တချို့နေ ရာတွေမျာ နေရာကွက်ပြီး မိုးကြီး နိုင်တယ်။ ပင်လယ်ပြင်ခရီးသွား လုပ်ငန်းတွေနဲ့ ငါးဖမ်းရေယာဉ် တွေ သတိထားဖို့ လိုပါတယ်’’ ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

မိုး/ဇလဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နွားနောက် (Nanauk) မုန်တိုင်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း သတိ ပေးထားသည်။ ထို့ပြင် မြစ်ဝ ကျွန်းပေး၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်နာရီလေတိုက် နှုန်း မိင် ၄၀ အထိ တိုက်ခတ်နိုင် ကာ လှိုင်းကြီးနိုင်ကြောင်း သတိ ပေးချက် ထုတ်ပြန်ထားသည်။

နွားနောက် (Nanauk) မုန် တိုင်းသည် အာရေဗျပင်လယ်တွင် ၂၀၁၄ ခုနှစ်အတွင်း ဒုတိယ မြောက် ဖြစ်ပေါ်လာသည့် မုန် တိုင်းဖြစ်ပြီး ယခုအကြိမ်တွင် မြန် မာနိုင်ငံမှ မုန်တိုင်းအမည်တပ်ခဲ့ ခြင်းဖြစ်သည်။ ဘင်္ဂလားပင်လယ် အော်၊ ကပ္ပလီပင်လယ်နှင့် အာ ရေဗျပင်လယ်တို့တွင် ဖြစ်ပေါ် သော မုန်တိုင်းများကို အိန္ဒိယ သမုဒ္ဒရာနှင့် ထိစပ်နေသည့် နိုင်ငံ ၁၁ ခုမှ အလှည့်ကျအမည်ပေး ခြင်းဖြစ်ပြီး ယခုနှစ်တွင် မြန်မာ နိုင်ငံမှ ပေးထားသည့် နာမည်ပေး ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် အာရေဗျပင် လယ်အော်တို့သည် ဆက်စပ်နေ သောကြောင့် နွားနောက် (Na-nauk) မုန်တိုင်း၏ အရှိန်သည် မြန်မာနိုင်ငံသို့ပါ သက်ရောက် ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်း လွင်က ရှင်းပြသည်။ မုတ်သုံလေ အားကောင်းလာခြင်းကြောင့် မြန် မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက် ပိုင်းဒေသများ မိုးရနိုင်ကြောင်း ပြောသည်

အောင်သစ်လွင်
7day daily
အပြည့်အစုံသို့ »

မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်အန္တရာယ်


သိပ္ပံစာရေးဆရာ-ကိုကိုအောင်

မိုးဦးကျကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတု ရုတ်ခြည်းဖောက်ပြန် ပြောင်းလဲသော အချိန်အခါမျိုး၌ လျှပ်စီးလက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးကြိုးမုန်တိုင်း ကျရောက်ခြင်းများကို ကြုံတွေ့ကြရလေ့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ မိုးကောင်းကင်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော အခြေအနေများအရ တိမ်တိုက်တစ်ခုနှင့် တစ်ခုအကြားတွင် သော်လည်းကောင်း၊ မိုးတိမ်တိုက်နှင့် မြေလွှာအကြားတွင်သော်လည်းကောင်း လျှပ်စစ်ဖိအား ခြားနားမှု ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်သည်။

ယင်းကာလမျိုးတွင် မိုးတိမ်တိုက်၏ အောက်ခြေပိုင်း၌ လျှပ်စစ်အမဓာတ်များ ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌လည်း လျှပ်စစ်အဖိုဓာတ်များ စုဝေးဖြစ်ပေါ်လာကာ ရင်ဆိုင်မိကြသည်။ မိုးဥတုအခါများနှင့် ရာသီဥတု ရုတ်ခြည်းဖောက်ပြန် ပြောင်းလဲသော အခါများ၌ မိုးသက်မုန်တိုင်းကြောင့် တိမ်လွှာ၏ အောက်ခြေပိုင်းတွင် စုဝေးနေကြသော လျှပ်စစ်အမဓာတ်များသည် ဝေဟင်မှနေ၍ ရွေ့လျားကြသည်။ မြေပြင်ပေါ်ရှိ လျှပ်စစ်အဖိုဓာတ်တို့ ကလည်း လျှပ်စစ်အမဓာတ်များ ရွေ့လျားသည့်အတိုင်း လိုက်ပါရွေ့လျားကြသည်။

ယင်းသို့ ရွေ့လျားကြရင်း လျှပ်စစ်အမဓာတ်တို့၏ ဆွဲဆောင်မှုကြောင့် လျှပ်စစ်အဖိုဓာတ်တို့သည် မြင့်သောနေရာများ ဖြစ်သည့် လျှပ်စစ်ဓာတ်တိုင်များ၊ လျှပ်စစ်ဝိုင်ယာလိုင်းကြိုးများ၊ အလံတိုင်နှင့် သစ်ပင်များ၊ ထိုးထိုးထောင်ထောင် ရှိနေသည့် အဆောက်အအုံများ၏ ထိပ်ဖျားဆီသို့ တက်ရောက်လာကြသည်။ ယင်းသို့ တက်ရောက်လာမှုကြောင့် လျှပ်စစ်အမဓာတ်နှင့် လျှပ်စစ်အဖိုဓာတ်တို့ နီးကပ်စွာ စုဝေးမိကြသည်။ စုဝေးမှုအစိုင်အခဲ ကြီးမားလာသောအခါ ခုန်ကူးပေါင်းစပ်မှု ပြုကြသည်။ ဤသို့ ဖြစ်ပျက်သည်ကို မိုးကြိုးပစ်သည်ဟု ခေါ်ဆိုကြသည်။

မိုးကြိုးအန္တရာယ်

သို့ဖြစ်၍ မြင့်မားသော အဆောက်အအုံများ၊ သစ်ပင်ကြီးများ၊ ချွန်ထက်နေသော ထိုးထိုးထောင်ထောင် ရှိနေသည့် အဆောက်အအုံ စသည်တို့သည် မိုးဥတုအခါများနှင့် ရာသီဥတု ရုတ်ခြည်း ဖောက်ပြန်ပြောင်းလဲလာ၍ မိုးသက် မုန်တိုင်း ကျရောက်သောအခါများ၌ မိုးကြိုးပစ်ခံရရန် အခွင့်အလမ်း ပို၍များသည်။ ယင်းတို့နှင့် နီးကပ်စွာ ရှိနေသော လူနှင့်တိရစ္ဆာန်များ၊ ဝတ္ထုပစ္စည်းများသည်လည်း မိုးကြိုးစက်ကွင်းအတွင်း ကျရောက်နေသည်ဖြစ်၍ အန္တရာယ်ကြီးမား လှသည်။
ထို့ကြောင့် လျှပ်စီးလက်၍ ထစ်ချုန်းသော အခါမျိုးများ၌ ကျယ်ပြန့်သော နေရာများ၊ လွင်တီးခေါင်ဖြစ်သော နေရာများ၊ လယ်ကွင်းပြင်များတွင် မနေသင့်ပေ။ ထိုအခါမျိုးတွင် ကွင်းပြင်နှင့် လွင်တီးခေါင်အလယ်၌ ရပ်နေသောလူ သို့မဟုတ် တိရစ္ဆာန်တို့သည် အဆိုပါနေရာများ၏ အမြင့်ဆုံးသော တည်ရှိမှုများ ဖြစ်နေသည့်အတွက် လျှပ်စစ်အဖိုဓာတ်နှင့် လျှပ်စစ်အမဓာတ်တို့ ခုန်ကူးပေါင်းစပ်မှုပြုရာ ဗဟိုချက် မဖြစ်သွားနိုင်သည်။ တစ်နည်းအားဖြင့် မိုးကြိုးပစ်ရန်အတွက် ပစ်မှတ်နေရာ ဖြစ်သွားနိုင်သည်။

မိုးဥတုအခါများတွင် လယ်ကွင်းပြင်များ၌ လယ်ထွန်နေသူများနှင့် ကျွဲ၊ နွား စသည်တို့ မိုးကြိုးထိမှန် ခံရတတ်ခြင်း မျိုးသည် အထက်ပါ သဘောတရားကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်၍ ယင်းသို့သော အခြေအနေမျိုးတွင် ပြန့်ပြူးသော ကစားကွင်းများ ၊အဆောက်အအုံ ကင်းမဲ့သော ဆင်ခြေဖုံးနေရာများ၊ မြေပြန့်လွင်ပြင်များ၊ မြို့ရွာစသည်တို့နှင့် အလှမ်းကွာဝေးသော နေရာများတွင် ရောက်ရှိနေသူတို့သည် မိုးကြိုးပစ်ခံရရန် အခွင့်အလမ်းအများဆုံး ရှိနေသည်။

လျှပ်စစ်လက်ခြင်းနှင့် ထစ်ချုန်းသံ

တိမ်လွှာ၏ အောက်ခြေရှိ လျှပ်စစ်အမဓာတ်နှင့် မြေပြင်မှ လျှပ်စစ်အဖိုဓာတ်တို့ ခုန်ကူးပေါင်းစပ်မှု ပြုသည့်အခါ တစ်နည်းအားဖြင့် မိုးကြိုးပစ်သည့်အခါ မိုးကြိုးဖြစ်ပေါ်သည့် နေရာတွင် အလင်းရောင်နှင့် အသံတို့ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာမှ ထွက်ပေါ်လာသော အလင်းရောင်နှင့် အသံတို့သည် အတော်အတန် ဝေးကွာသော နေရာများဆီသို့ ပျံ့နှံ့ရောက်ရှိချိန်တွင် အမြန်နှုန်းမတူခြင်းကြောင့် မိုးကြိုးဖြစ်ပေါ်ရာ နေရာမှ အလွန်ဝေးကွာသော နေရာများရှိ လူနှင့်သတ္တဝါတို့သည် အလင်းရောင်ကို အရင်မြင်ကြရပြီး အသံကို နောက်ကျမှ ကြားကြရသည်။ တစ်နည်းဆိုရသော် လျှပ်စီးလက်ခြင်းကို အရင်မြင်ကြရပြီး ထစ်ချုန်းသံကို နောက်မှကြားကြရသည်။
မိုးကြိုးဖြစ်ပေါ်ရာနေရာနှင့် နီးသောနေရာရှိ လူနှင့်သတ္တဝါတို့က မူလျှပ်စီးလက်ခြင်း (အလင်းရောင်)နှင့် ထစ်ချုန်းခြင်း (အသံ)တို့ကို မရှေးမနှောင်း ကြားကြရသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာတွင် ရှိနေသောလူနှင့် သတ္တဝါတို့သည်ကား လျှပ်စီးလက်ခြင်းကိုပင် မြင်ခွင့်မရလိုက်တော့ဘဲ မိုးကြိုးထိမှန်ခံရခြင်းနှင့် မိုးကြိုးစက်ကွင်းမိခြင်းများ ဖြစ်ကြရသည်။ ဤသို့ဖြစ်ရခြင်းမှာ အလင်း၏ အလျင်သည် အသံ၏အလျင်ထက် အဆပေါင်းသိန်းနှင့်ချီ၍ ပိုမိုသောကြောင့် ဖြစ်သည်။

မိုးကြိုးပစ်သည့် နေရာတွင် ဖြစ်ပေါ်လာသော အလင်းရောင်သည် ထွက်ပေါ်လာသော အသံထက် ခရီးအကွာအဝေး အဆများစွာ ပိုမိုရောက်ရှိသွားခြင်းပင် ဖြစ်သည်။
အဆိုပါ သိပ္ပံပညာ သဘောတရားကြောင့် လျှပ်စီးလက်၍ ထစ်ချုန်းသံကြားလျှင် ကြောက်တတ်သူများသည် မိုးကြိုးပစ်ရာနေရာနှင့် မိမိတို့ရှိနေသောနေရာ မည်မျှကွာလှမ်းသည်ကို တွေးဆနိုင်ကြပြီး စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်နိုင်ကြမည် ဖြစ်သည်။

လျှပ်စီးလက်ခြင်းကို ကောင်းစွာမြင်ကြရသူများသည် မိုးကြိုးဖြစ်ပေါ်ရာနေရာနှင့် ဝေးကွာလှသော နေရာတွင် ရှိနေသူများဖြစ်ကြသည်။
မိုးကြိုးလျှပ်စီးအင်အား
မိုးကြိုးပစ်ခြင်းသည် တိမ်လွှာအောက်ခြေနှင့် မြေပြင်အကြား လျှပ်စစ်ဖိအားခြားနားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မိုးကြိုးပစ်ချိန်တွင် လျှပ်စီးအင်အားသည် ပျမ်းမျှအားဖြင့် အမ်ပီယာ သုံးသောင်းခန့်ရှိနေပြီး အမြင့်ဆုံးအားဖြင့် အမ်ပီယာ နှစ်သိန်းအထိပင် ဖြစ်ပေါ်လာတတ်သည်။ လျှပ်စစ်သံဂဟေဆက်ရာတွင် အသုံးပြုသော လျှပ်စီးအင်အား ပမာဏမှာ ၂၀၀ အမ်ပီယာမှ ၄၀၀ အမ်ပီယာခန့်အထိသာရှိရာ မိုးကြိုးလျှပ်စီးအင်အားပမာဏ မည်မျှကြီးမားသည်ကို ခန့်မှန်းနိုင်သည်။

မိုးဥတုကာလရှည်ကြာသော ဒေသနိုင်ငံများ၊ မိုးသက်မုန်တိုင်း မကြာခဏကျရောက်တတ်သော ဒေသနိုင်ငံများနှင့် အီကွေတာရာသီဥတုခေါ် မိုးရွာလိုက်/နေပူလိုက် တစ်လှည့်စီဖြစ်သော ရာသီဥတုရှိသည့် ဒေသနိုင်ငံများတွင် မိုးကြိုးပစ်သော အကြိမ်ရေပမာဏ များပြားတတ်သည်။

မိုးကြိုးပစ်သည့်အခါ ကောင်းကင်ဓာတ်အားလိုင်းများကို မိုးကြိုးထိမှန်ပါက ဓာတ်အားလိုင်းများတွင် ပို့လွှတ်ထားသော လျှပ်စစ်ဖိအားထက် အဆများစွာ ကြီးမားသော လျှပ်စစ်ဖိအားတစ်ရပ် ဝင်ရောက်လာတတ်သည်။ထိုအခါမျိုးတွင် ကောင်းကင်ဓာတ်အားလိုင်းတိုင်များ၏ ကြွေသီးများနေရာ၌ လျှပ်စစ်ဖိအား အဆမတန် မြင့်တက်လာခြင်းကြောင့် ဝိုင်ယာကြိုးများမှ တစ်ဆင့် ကြက်ခြေတန်းများအတွင်းသို့ လည်းကောင်း၊ ဓာတ်တိုင်များ၏ အတွင်းသို့လည်းကောင်း ခုန်ကူးမှုများဖြစ်ပေါ်ပြီး ကွဲအက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်။ အလားတူပင် ထရန်စဖော်မာများအတွင်းသို့ မိုးကြိုးလျှပ်စစ်ဖိအား ဝင်ရောက်ပါက လျှပ်ကာများ ကျိုးပေါက်မှုဖြစ်ပြီး ချွတ်ယွင်းပျက်စီးသွားနိုင်သည်။

ကောင်းကင် ဓာတ်အားလိုင်းကြိုးကြီးများကို မိုးကြိုးတိုက်ရိုက်ထိမှန်လျှင် လျှပ်စစ်အန္တရာယ်မှ ကာကွယ်ရန် မလွယ်ကူပေ။ သို့ရာတွင် သဘာဝအခြေအနေများအရ ကောင်းကင်ဓာတ်အား လိုင်းကြိုးကြီးများကို ပြင်းထန်သော မိုးကြိုးများ တိုက်ရိုက်ထိမှန်မှုမှာ ဖြစ်ခဲလှပြီး မိုးကြိုးစက်ကွင်းမိခြင်းမျိုးသာ ဖြစ်တတ်သည်။

မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များ အနက်မိုးကြိုးကြောင့် ဝင်ရောက်လာတတ်သည့် အလွန်မြင့်မားသော လျှပ်စစ်ဖိအား၏ အန္တရာယ်ကို ကောင်းကင်မြေစိုက်ကြိုးနှင့် မိုးကြိုးလွှဲတို့ တပ်ဆင်ထားခြင်းဖြင့် ကာကွယ်နိုင်သည်။

ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ခြင်း

မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် ကောင်းကင်မြေစိုက်ကြိုးအဖြစ် သွပ်ရည်စိမ်သံမဏိကြိုးကို သော် လည်း ကောင်း၊ ကြေးအုပ်ထားသော သံမဏိကြိုးကိုသော်လည်းကောင်း လျှပ်စစ်ဓာတ်တိုင်များ၏ ထိပ်အစွန်းများ၌ သွယ်တန်း တပ်ဆင်ကြရမည်ဖြစ်သည်။ ကောင်းကင်ဓာတ်အား လိုင်းတိုင်များအတွက် ကောင်းကင်မြေစိုက်ကြိုး တပ်ဆင်ရာတွင် ပထဝီမြေဓာတ် ကောင်းစွာရရှိစေရန် ကောင်းကင်ဓာတ်အားလိုင်းကြိုး အရှည်တစ်မိုင်အတွင်း အနည်းဆုံး လေးနေရာခန့် တွင် မြေမြှုပ်ကြိုးများနှင့် ကောင်းစွာဆက်သွယ် ပေးထားရမည်ဖြစ်သည်။

မြေစိုက်ကြိုးများက ကောင်းကင်လျှပ်စစ်ဓာတ်အားလိုင်းများကို မိုးကြိုးအန္တရာယ်မှ ကာကွယ်ပေးနိုင်သော နယ်ပယ်မှာ အဆိုပါကောင်းကင်မြေစိုက်ကြိုးထိပ်စွန်း၏ ဝဲယာတစ်ဖက်တစ်ချက်စီတွင် ၄၅ ဒီဂရီစီ အသီးသီးရှိသော နယ်ပယ် အတွင်း၌သာဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်မြေစိုက်ကြိုး၏ မိုးကြိုးအန္တရာယ်မှ ကာကွယ်ပေးနိုင်သော အဆိုပါ နယ်ပယ် အတွင်း၌သာ လျှပ်စစ်ဝိုင်ယာကြိုးများကို သွယ်တန်းတပ်ဆင် ကြရမည်ဖြစ်သည်။

ကောင်းကင်ဓာတ်အားလိုင်းကြိုးများကို ဓာတ်အားလိုင်းတိုင် ထောင်မတ်နေသည့် အတိုင်း အထက်အောက်သွယ်တန်း ထားပါက ယင်းတို့ သည် ကောင်းကင်မြေစိုက်ကြိုး ၏ အောက်တည့်တည့် တွင် ရောက်ရှိနေကြခြင်းကြောင့် မိုးကြိုး အန္တရာယ်မှ ကာကွယ်မှု အပြည့်အဝရရှိနေမည်ဖြစ်သည်။ ယင်းသို့မဟုတ်ဘဲ ဓာတ်အားလိုင်းတိုင်များတွင် ကန့်လန့် ကြက်ခြေတန်းများကို အသုံးပြုသွယ်တန်းမည်ဆိုပါက ကောင်းကင်မြေစိုက်ကြိုး၏ အောက်တစ်ဖက် တစ်ချက်စီတွင် ၄၅ဒီဂရီအသီးသီးရှိသော နယ်ပယ်အတွင်း၌သာ သွယ်တန်းလိုင်းကြိုးများ ရှိနေကြရန်လိုအပ်သည်။

ကောင်းကင်မြေစိုက်ကြိုးသည် မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် အသုံးဝင်ရုံမျှမက လျှပ်စစ်ဓာတ်လိုက်ခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်သည်။ အဆောက်အအုံများသို့ ဓာတ်အားသယ်ဆောင်သော ဝိုင်ယာများ သွယ်တန်း ရာတွင် ယင်းကြိုးများကို သယ်မထားသော ဝန်ထမ်းကြိုး(Bearer Cable)ကို ကောင်းကင်မြေစိုက်ကြိုးနှင့် ဆက်သွယ် ပေးထားခြင်းဖြင့် အကယ်၍ ဓာတ်အားသယ်ဆောင်သော ဝိုင်ယာကြိုးများ ပေါက်ပြဲချွတ်ယွင်းပြီး ဝန်ထမ်း ကြိုး အတွင်းသို့ လျှပ်စစ်ဓာတ်အားဝင်ရောက် စီးဆင်းလာမည်ဆိုပါက ပထဝီမြေဓာတ်နှင့်တွေ့ထိပြီး ဒဏ်ခံကြိုးကို ပြတ် တောက်သွားစေမည် ဖြစ်သည်။

ပထဝီမြေဓာတ်ကို ကောင်းစွာရရှိနေသော ကောင်းကင်မြေစိုက်ကြိုးကို အဆောက်အအုံအတွင်းရှိ လျှပ်စစ်သုံး ပစ္စည်းများ၊ လျှပ်စစ်မီတာ၊ လျှပ်စစ်မီတာအိမ် စသည်တို့နှင့် ဆက်သွယ်ပေးထားခြင်းအားဖြင့်လည်း၊ အဆိုပါပစ္စည်းများ အတွင်း၌ တစ်စုံတစ်ရာ ချွတ်ယွင်းမှုဖြစ်ပြီး ပစ္စည်း၏ကိုယ်ထည်အတွင်းသို့ လျှပ်စစ်ဓာတ်အားစီးဆင်းဝင်ရောက်ခဲ့ပါက ပထဝီမြေဓာတ်နှင့် တွေ့ထိပြီးဒဏ်ခံကြိုးအား ပြတ်တောက်သွားစေမည်ဖြစ်သည်။

မိုးကြိုးလွှဲတပ်ဆင်ခြင်း

လျှပ်စစ်ဓာတ်အားလိုင်းကြိုးကြီးများအတွင်းသို့ မိုးကြိုးကြောင့် ဖြစ်ပေါ်လာသည့် အလွန်မြင့်မားသော လျှပ်စစ်ဖိအား ဝင်ရောက်လာသောအခါ အဆိုပါလျှပ်စစ်ဖိအားကို ပထဝီမြေကြီးအတွင်းသို့ လွယ်ကူလျင်မြန်စွာ စီးဆင်းဝင်ရောက် သွားစေရေးအတွက် အန္တရာယ်ရှိဝန်ပိုများအား လမ်းကြောင်း လွှဲပြောင်းပေးသည့်ပစ္စည်းကို မိုးကြိုးလွှဲ (Lightning Arrester)ဟု ခေါ်သည်။ မိုးကြိုးလွှဲသည် ဓာတ်အားလိုင်းကြိုးများအတွင်း၌ ပုံမှန်ပို့လွှတ်ထားသော လျှပ်စစ်ဖိအားကို ပထဝီမြေကြီးအတွင်းသို့ စီးဆင်းဝင်ရောက်သွားခြင်းအား ခွင့်မပြုဘဲ မိုးကြိုးကြောင့်ဖြစ်ပေါ်သည့် အန္တရာယ် ကြီးမား သော လျှပ်စစ်ဖိအားများကိုသာ မြေကြီးအတွင်းသို့ စီးဆင်းသွားစေရန် လုပ်ဆောင်ပေးသည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံများအနေဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးရာ၌လည်း မိုးကြိုးကြောင့် ဖြစ်ပေါ် လာနိုင်သော လျှပ်စစ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အလို့ငှာ မိုးကြိုးလွှဲများကို အောက်ပါအတိုင်း တပ်ဆင်ကြရမည် ဖြစ်သည်။

(က) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည်၂၃၀/၄၀၀ ဗို့ဖြစ်ပြီး ထိုဗို့အားအဆင့်ဖြစ်ပင် ပေးပို့ဖြန့်ဖြူးပါက စက်ရုံမှထွက်သည့်ဖီဒါလိုင်းအသီးသီးပေါ်တွင် အနိမ့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

(ခ) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၂၃၀/၄၀၀ ဗို့ ဖြစ်သော်လည်း စက်ရုံမှ ထွက်လျှင်ထွက်ခြင်း ဗို့အားမြှင့်ထရန်စဖော်မာကို အသုံးပြု၍ ၆၆၀၀ ဗို့၊ ၁၁၀၀၀ဗို့၊ ၆၆၀၀၀ ဗို့စသည်ဖြင့် ဗို့အားမြှင့်ပြီးမှ ပေးပို့ဖြန့်ဖြူးပါကစက်ရုံရှိ ဗို့အားမြှင့် ထရန်စဖော်မာမှအထွက် ဖိဒါလိုင်းအသီးသီးပေါ်တွင် အမြင့်စား ဖိအား မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

(ဂ) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည်၁၁၀၀၀ ဗို့ကဲ့သို့သော ဗို့အားမြှင့်လျှပ်စစ်ဖြစ်ပြီး ထုတ်လုပ်ဗို့အားအတိုင်း တိုက်ရိုက်ပို့လွှတ်သည်ဖြစ်စေ၊ ဗို့အားမြှင့်ထရန်စဖော်မာကို အသုံးပြု၍ ထပ်မံဗို့အားမြှင့်ပြီးမှ ပို့လွှတ်သည်ဖြစ်စေ၊ စက်ရုံမှထွက်သော ဖီဒါလိုင်းအသီးသီးပေါ်တွင် အမြင့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ် သည်။

(ဃ) ကောင်းကင်ဓာတ်အား လိုင်းကြိုးကြီးများသည် အလွန်ရှည်လျားပြီး လူနေအိမ်ခြေ၊ အဆောက်အအုံများနှင့် ဝေးကွာသောကွင်းပြင်များကို ဖြတ်ကျော်တည်ဆောက် ထားခြင်းမျိုးဖြစ်ပါက၊ ဓာတ်အားလိုင်းမျှော်စင်ကြီးများနှင့် ဓာတ်တိုင်များ အပေါ်တွင်မိုးကြိုးလွှဲများကို တပ်ဆင်ပေးထားရမည် ဖြစ်သည်။

ဤနေရာတွင် လူနေအိမ်ခြေ၊ အဆောက်အအုံများ သိပ်သည်းထူထပ်သော မြို့ကြီး၊ မြို့ငယ်စသည့်နေရာဒေသများ၌ သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအတွင်းသို့ မိုးကြိုးအန္တရာယ် ကျရောက်မည့် အခွင့် အလမ်း နည်းပါးလှသည့်အတွက် တစ်မြို့နှင့်တစ်မြို့ သွယ်တန်းထားသည့် ကောင်းကင်ဓာတ်အားလိုင်း ကြိုးများမှာ ကဲ့သို့ မိုးကြိုးအန္တရာယ်ကိုစိုးရိမ်ရန် မလိုအပ်ပေ။ ကောင်းကင်မြေစိုက်ကြိုး တပ်ဆင်ထားပြီးဖြစ်ကာ မိုးကြိုးအန္တရာယ်မှ စိတ်ချရနိုင်သည်။

သာမန်လူနေအိမ် အဆောက်အအုံများအနေဖြင့်မူ မိမိတို့၏အဆောက်အအုံနှင့် နီးကပ်စွာတည်ရှိနေသော ဓာတ်တိုင် များတွင် ကောင်းကင်မြေစိုက်ကြိုးများဖြင့် မိုးကြိုးလျှပ်စစ်အန္တရာယ်ကို စနစ်တကျကာကွယ်ထားသည် ဆိုပါက မိုးကြိုး အန္တရာယ် ကျရောက်ရန် အခွင့်အလမ်း အလွန်နည်းပါးမည် ဖြစ်သည်။ သို့ရာတွင် ပို၍စိတ်ချရစေရန် မိုးကြိုးလွှဲများ တပ်ဆင်လိုပါက အနိမ့်စား ဖိအားမိုးကြိုးလွှဲကိုတပ်ဆင်လျှင် ကောင်းစွာလုံလောက်မှုရှိသည်။

သို့ဖြစ်၍ မိုးဥတုကာလနှင့် ရာသီဥတု ရုတ်ခြည်းဖောက်ပြန်ပြောင်းလဲသော အခါသမယမျိုး၌ ဖြစ်ပေါ်လာတတ်သည့် လျှပ်စီးလက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းတို့၏ သဘောသဘာဝများနှင့် ယင်းတို့မှတစ်ဆင့် ဆက်စပ်ဖြစ်ပေါ် လာတတ်သော လျှပ်စစ်အန္တရာယ်တို့ကို သိရှိထားကြခြင်းအားဖြင့် မိုးကြိုးပစ်ခံရခြင်းနှင့် မိုးကြိုးကြောင့် ဖြစ်ပေါ် လာနိုင်သော လျှပ်စစ်အန္တရာယ် ကျရောက်ခြင်းတို့ကို ကာကွယ်ပေးသည့် အစီအမံများကို စနစ်တကျဖြင့် ကြိုတင် ပြုလုပ် ထားနိုင်ကြမည်ဖြစ်ပေသည်။ ။


MOI Webportal Myanmar
အပြည့်အစုံသို့ »

နေရာအချို့တွင် မိုးကြီးနိုင်




ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအလွန်ကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အချို့ဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မမှ ၈ လက်မအထိ မိုးရွာသွန်းနိုင်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

‘‘မုတ်သုံလေက တစ်ကျော့ပြန်အားကောင်းလာတာ။ ဒါကြောင့် ဒေသတချို့ နေရာကွက်ပြီး မိုးကြီးနိုင်လို့ ခန့်မှန်းသတိပေးချက်ထုတ်ထားတာပါ’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သကဲ့သို့ မိုးနည်းနေသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံးအနှံ့ နေရာကျဲကျဲ (သို့မဟုတ်) နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း ပြောသည်။

ကမ်းရိုးတန်းဒေသများတွင်လည်း လေပြင်းအန္တရာယ်ရှိနေပြီး မွန်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့် ၁၀ ပေခန့်အထိရှိနိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခိုက်နိုင်ကြောင်း သတိပေးထားသည်။

မိုး/ဇလဌာန၏ ဇွန်လ ၈ ရက်ညနေအထိ ခန့်မှန်းချက်တွင် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

7day daily
အပြည့်အစုံသို့ »

မိုးတိမ်တောင် ဖြစ်ပေါ်မှုများလာမြန်မာပြည်အနှံ့ မိုးကြိုးပစ်မှုများနိုင်



ကြယ်စင်လင်း(မြစ်မခ)၊ ရန်ကုန်၊ ဇွန်-၇

ယခုနှစ် ရာသီဥတုပူပြင်းလာမှုကြောင့် မုတ်သုံအ၀င်နောက်ကျကာ မိုးတိမ်တောင်ဖြစ်ပေါ်မှုများလာပြီး မြန်မာနိုင်ငံအနှံ့အပြား၌ မိုးကြိုး
ပစ်မှုများနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က
ပြောကြားခဲ့သည်။

" မိုးတိမ်တောင်က မိုးတွင်းမှာ မဖြစ်ဘူး။ မိုးကြိုကာလမှာဖြစ်တာ။
အခု မိုးကြိုကာလကလည်း ရှည်လာတယ်။ ဒါကြောင့် မိုးတိမ်တောင်
ပိုဖြစ်တယ်။ မိုးတိမ်တောင်ကြောင့် မိုးကြိုးပစ်တာ " ဟု ၎င်းက ပြော
ဆိုသည်။

ယခုနှစ်အတွင်း မိုးကြိုးပစ်ခြင်း အပါအ၀င် မိုးတိမ်တောင်များကြောင့်
ဖြစ်ပေါ်သော လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊
မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေခြင်း၊လေဆင်နှာမောင်း
တိုက်ခြင်း၊ ပင်လယ်မီးစုန်းများဖြစ်ခြင်း စသည့် ရာသီဥတုအခြေအနေ
များ ပိုမို ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။တွံတေးမြို့နယ် ထင်းကျေးရွာတွင်
ဇွန် ၄ ရက် ည ၈ နာရီခန့်က မြက်ခုတ်ရာမှ ပြန်လာသည့်အမျိုးသားနှစ်ဦး
ကို မိုးကြိုးပစ်ခံရသည့်အတွက် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

" ခုသတင်းစာတွေထဲမှာ ဖတ်လိုက်ရရင် မိုးကြိုးပစ်တဲ့သတင်းတွေချည်းပဲ။
အရင်ကဆို ရာသီဥတုအကြောင်း နားမလည်တော့ မိုးကြိုးပစ်ခံရတဲ့သူကို
သူမိုက်လို့သူခံရတာ။ အပစ်ခံရသူလည်းနည်းတော့ သတင်းကြားရင်
ဘယ်လောက်ဝေးဝေးအထူးအဆန်း သွားကြည့်ရတာ။ ခုမှ ရာသီဥတု
ကြောင့်ဆိုတာ နားလည်လာတာ "ဟု ဧရာဝတီတိုင်းဒေသကြီး ကြံခင်း
မြို့မှ ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မိုးကြိုးပစ်ခြင်းကြောင့်
တစ်နှစ်လျှင် လူ ၄၀ မှ ၁၀၀ အထိ သေဆုံးနေကြောင်း သိရသည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကာလအလိုက် မုန်တိုင်းဖြစ်ပေါ်မှုကို
လေ့လာကြည့်ပါက မုတ်သုံကာလတွင် မုန်တိုင်းဖြစ်ပေါ်မှု နည်းလာပြီး
မိုးကြိုနှင့်မိုးလွန်ကာလများတွင် ပိုဖြစ်လာကာ မိုးတိမ်တောင်များဖြစ်ပေါ်
မှုမှာ ကာလရှည်လာသည်ကို တွေ့ရှိလာရကြောင်း ပညာရှင်တို့၏ ခန့်မှန်းပြောဆိုမှုများအရသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
အပြည့်အစုံသို့ »

မြန်အောင်နေခြည်ဈေးတွင် လေဆင်နှာမောင်းတိုက်ခတ်


မြန်အောင် ဇွန် ၆

မြန်အောင်မြို့ နေခြည်ဈေး ဈေးမြောက်လမ်း တွင် ဇွန် ၆ ရက်နေ့ နေလည် ၁ နာရီတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မြန်အောင်စည်ပင်သာယာရေး အဖွဲ့ပိုင်နေခြည်ဈေးရှိ ဆိုင်ခန်း ၁၃ ခန်းမှာ အမိုး သွတ်ပြား နှင့် မြှားတန်း သစ်များ ပြုတ်ထွက် ပျက်စီးပြီး သွတ်ပြား ၁၂၃ ချပ် သစ် ၀.၃၂၅ တန် ခန့်မှန်းတန်ဘိုး ၃.၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ပျက်စီးသွားသော ဆိုင်ခန်းအမိုးများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် နေ့ချင်းပြီး ပြင်ဆင်နေကြာင်း သိရှိရသည်။

MOI Webportal Myanmar
အပြည့်အစုံသို့ »

မန္တလေးတွင် အပူဒဏ်ကြောင့် သုံးရက်အတွင်း လူ ၇ ဦး ဆေးရုံရောက်


မန္တလေး၊ ဇွန်

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသို့ မုတ်သုံ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း အပူချိန် မြင့်တက်နေဆဲ ဖြစ်သော မန္တလေးမြို့တော်တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်အတွင်း အပူရှပ်၍ အမျိုးသား ၇ ဦး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ယင်းဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

အပူချိန် မြင့်တက်နေချိန်တွင် အရက်သောက်သုံးသူများ၊ အခြေအနေမဲ့ သွားလာနေထိုင်သူများ၊ နယ်မှ လာရောက်၍ ဈေးလာဝယ်သူများ ရုတ်တရက် အဖျားများ တက်လာခြင်း၊ ချွေးထွက်များ၍ မူးဝေလာခြင်းများကြောင့် ယင်းသို့ ဆေးရုံကြီးကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းလွင်က The Voice သို့ ထပ်မံ ရှင်းပြသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ အပူကြောင့် လူနာ ၅၇ ဦး ရောက်ရှိလာပြီး သေဆုံးသူ အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦးနှင့် အရက်ကြောင့် တစ်ဦး သေဆုံးသွားခဲ့ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်။

မန္တလေးမြို့တော်တွင် မေလ ၂၃ ရက်နေ့က အပူချိန် ၃၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
အပြည့်အစုံသို့ »

သဲမုန်တိုင်းများ တိုက်ခတ်နိုင်သေးကြောင်း တဟီရန်မြို့ခံများကို သတိပေး


အီရန်အစိုးရ အာဏာပိုင်များက ဆိုးရွားသည့် သဲမုန်တိုင်းများ နောက်ထပ် ကြုံလာရနိုင်ဆဲဟု တဟီရန်မြို့ခံများကို သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။ တနင်္လာနေ့က အီရန်နိုင်ငံ၏ မြို့တော်တွင် အလွန်အင်အားကြီးမားသော သဲမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်သွားရာ ယခုအချိန်ထိ အသေအပျောက် ပမာဏ (၅)ဦးထိ ရှိခဲ့ပြီး ဖြစ်သည်။ တဟီရန် သမိုင်းတစ်လျှောက် နှစ်ပေါင်း(၅၀)မျှအတွင်း အားအပြင်းဆုံး လေကြောင်းတိုက်ခတ်မှုများနှင့် ကြုံတွေ့စေခဲ့သည့် သဲမုန်တိုင်းကြီးသည် (၁၅)မိနစ်မျှ ကြာမြင့်ခဲ့ပြီး လူပေါင်း(၃၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။

“သေသွားတဲ့ထဲက တစ်ယောက်က အပျက်အစီးတွေ လွင့်စင်ရာက ထိခိုက်မိပြီး ဆေးရုံရောက်လာတာ။ ဒါပေမဲ့ ဒဏ်ရာပြင်းလွန်းတော့ အသက်ဆုံးရှုံးသွားပါတယ်”ဟု ဆရာဝန် တစ်ဦးက IRNA သတင်းဌာနသို့ ပြောကြားခဲ့သည်။ တစ်နာရီလျှင် ကီလိုမီတာ (၁၂၀)လေတိုက်နှုန်းဖြင့် သဲမုန်တိုင်းကြီး တိုက်ခတ်သွားပြီးနောက် ယခုအခါ နောက်ထပ် သဲမုန်တိုင်းများကို ကြုံရနိုင်ဆဲဟု တဟီရန် မြို့ခံများအား အစိုးရက သတိပေးချက် ထုတ်ပြန် အသိပေးခဲ့သည်။

တဟီရန် မိုးလေဝသဌာန အကြီးအကဲ အာဟက်ဗာဇီဖားဟ်က “နောက်ထပ် သဲမုန်တိုင်းတွေ တိုက်ခတ်လာနိုင်ပါသေးတယ်။ ဒါပေမဲ့ လေတိုက်နှုန်းနဲ့ ကြာမြင့်ချိန်ကို ကြိုတင်ခန့်မှန်းဖို့တော့ မဖြစ်နိုင်သေးဘူး”ဟု ပြောကြားခဲ့သည်။ တနင်္လာနေ့ သဲမုန်တိုင်းများကြောင့် တဟီရန်တွင် အိမ်ခြေ (၅၀၀၀၀)ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့သည်။ သဲမုန်တိုင်းကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သလို ပြူတင်းပေါက်မှန်များ ကွဲကြေကုန်ကာ ဆက်သွယ်ရေး မျှော်စင်များလည်း လဲကျခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network
အပြည့်အစုံသို့ »

တရုတ်-မြန်မာနယ်စပ်တွင် ငလျင်ကြီးများဖြစ်ပေါ်နိုင်ကြောင်း မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက သတိပေးပြောကြား



ရန်ကုန်၊ မေ ၃၁- တရုတ်-မြန်မာနယ်စပ်အနီး တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင် များ ခပ်ကျဲကျဲလှုပ်ခတ်လျက်ရှိရာမှ ရက်ခြား၍ လှုပ်ခတ်လာပါက ငလျင်ကြီးများဖြစ်ပေါ်လာ နိုင်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက သုံးသပ်ပြောသည်။
မန္တလေးမြေငလျင်စခန်း အရှေ့မြောက် ဘက်တရုတ်-မြန်မာနယ်စပ် မြစ်ကြီးနားမြို့၏အရှေ့တောင်ဘက်အနီးတွင် မေလနောက်ဆုံး ပတ်အတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင် နှစ်ကြိမ်ခန့်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန မြေငလျင်ဌာနမှ သတင်းထုတ်ပြန် ထားကြောင်းသိရသည်။

''ဒီဒေသမှာ ငလျင်လှုပ်တာ ဖြစ်ရိုးဖြစ် စဉ်တစ်ခုပါ။ တစ်နှစ်ခြားတစ်ခါ လှုပ်လေ့ရှိတတ် တယ်။ ဒါပေမဲ့ ခပ်ကျဲကျဲ လှုပ်ခတ်နေရာကနေ ရက်ခြားရက်ခြား လှုပ်ခတ်လာရင်တော့ ငလျင် ကြီးတွေ ဖြစ်ပေါ်နိုင်လို့ သတိထားရမှာဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုး သူရထွန်းက ပြောသည်။
မြန်မာနိုင်ငံနှင့်နီးသော နယ်စပ်တစ် လျှောက်တွင် အင်အားရစ်ခ်ျတာစကေး ၅ နှင့် ၆ ကြားရှိသော မြေငလျင်များသာ လှုပ်ခတ်လေ့ ရှိသော်လည်း တရုတ်နိုင်ငံ နယ်စပ်ဒေသများ တွင် အင်အားကြီးငလျင်များ လှုပ်ခတ်တတ် ကြောင်း သိရသည်။

''ဒီငလျင်တွေ ဘာကြောင့်ဖြစ်လာရ တာလဲဆိုတော့ အကြမ်းဖျင်းအားဖြင့် အိန္ဒိယ တိုက်ကြီးက မြောက်ဘက်ကို လွန်ခဲ့တဲ့နှစ်သန်း ပေါင်း ၆ဝ လောက်ကစပြီး တဖြည်းဖြည်းရွေ့ လာခဲ့ရာကနေ အာရှတိုက်နဲ့ တိုက်မိပြီး တောင် တန်းကြီးတွေဖြစ်လာတာ။ ယနေ့ထိလဲဆက်ရွေ့ လျားနေတဲ့အတွက် ငလျင်တွေ အမြဲတမ်း လှုပ် တယ်'' ဟု ဦးစိုးသူရထွန်းက ပြောသည်။

အဆိုပါ တရုတ်-မြန်မာနယ်စပ်အနီး တွင် မြေငလျင်များလှုပ်ခတ်လေ့ရှိသော်လည်း မြန်မာနိုင်ငံအနေနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း၊ သို့သော် တစ်ဖက်တရုတ်နိုင်ငံနယ် စပ်တွင်မူ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆုံး ရှုံးနစ်နာမှုများရှိခဲ့ကြောင်းသိရသည်။

တရုတ်နယ်စပ်တွင် မေ ၂၄ ရက်လှုပ် ခတ်သောငလျင်ကြောင့် လူ ၁၃ဦး ဒဏ်ရာရရှိခဲ့ ပြီး မေ ၃ဝ ရက်တွင် လှုပ်ခတ်သောငလျင်ကြောင့် လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးမှု ဖြစ်ပေါ်နိုင်ခြင်းမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အ ဆောက်အအုံများ ပြိုကျပျက်စီးရာမှ သေဆုံးမှု ပိုမိုဖြစ်ပေါ်တတ်ခြင်းကြောင့် မြေငလျင်ဖြစ်ပေါ် နိုင်ခြေများသည့် ဒေသများ၌ဖွံ့ဖြိုးရေးလုပ်ငန်း များပြုလုပ်ရာ၌ သတိထား၌ ပြုလုပ်သင့်ကြောင်း မြေငလျင်ပညာရှင်များက သုံးသပ်ပြောသည်။
စစ်ကိုင်းပြတ်ရွေ့မှာ မြန်မာပြည်တွင် အကြီးဆုံးဖြစ်ပြီး ရွေ့လျားနှုန်းအမြန်ဆုံးပြတ်ရွေ့ ဖြစ်ကြောင်း၊ ယင်းမှာ တစ်နှစ်လျှင် နှစ်စင်တီမီ တာနှုန်းဖြင့် ရွေ့လျားနေခြင်းကြောင့် ¤င်းနှင့် ဆက်စပ်ဒေသများဖြစ်သည့် ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့၌ ငလျင်လှုပ်ခတ်နိုင် ခြေများကြောင်း ဦးစိုးသူရထွန်းက သုံးသပ်သည်။

အင်အားရစ်ခ်ျတာစကေး ၇ ခန့်ရှိလျှင် အင်အားကြီးမြေငလျင်အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် အင်အားကြီးမြေငလျင်နှစ်ကြိမ် ခန့် ဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ၁၉၁၂ ခုနှစ်တွင် မေမြို့ ၌ အင်အားရစ်ခ်ျစကေး ၈ ရှိသည့် အကြီးဆုံး မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး၊ ယင်းအချိန်တွင် ဖွံ့ဖြိုးမှုမရှိသေးခြင်းကြောင့် လူသေဆုံးမှုမရှိခဲ့ သော်လည်း ၁၉၃ဝ တွင် ပဲခူးမြို့၌အင်အား ၇ ဒသမ ၃ ရှိသည့် အင်အားကြီးမြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူဦးရေ ၅ဝဝ ကျော်ခန့် သေဆုံး ခဲ့ကြောင်းသိရသည်။

Yangon Media Group
အပြည့်အစုံသို့ »

ထိုင်းမြန်မာနယ်စပ် အခြေပြုပြီး ငလျှင်ငယ် ထပ်လှုပ်

၂၀၁၂ ခု၊ နိုဝင်ဘာ ၁၃ က စစ်ကိုင်းတိုင်းမှာ လှုပ်သွားတဲ့ငလျင်ကြောင့် အပျက်အစီး။

ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၁၇ မိနစ်က မြန်မာနိုင်ငံ အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ်အနီးက မြန်မာပြည်တွင်းတနေရာကို ဗဟိုပြုပြီး အင်အား ၂.၂ ရှိတဲ့ ငလျင်ငယ်တခု လှုပ်သွားခဲ့တယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက တိုင်းတာရရှိခဲ့ကြောင်း မိုး/ဇလပညာရှင် ဒေါက်တာ ဦးထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ငလျင်ဗဟိုပြုလှုပ်သွားတဲ့နေရာ အသေးစိတ်နဲ့ ထိခိုက် ပျက်စီးမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

စနေနေ့ညသန်းခေါင်ကျော် တနင်္ဂနွေနေ့မနက် ၁ နာရီကျော်လောက်တုန်းကလည်း ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တခု ရန်ကုန်မြို့နဲ့ ၂၅ မိုင်လောက်အကွာ တွံတေးမြို့ရဲ့ အနောက်မြောက်ဖက် ၁၀ မိုင်လောက်အကွာမှာ လှုပ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

voa burmese
အပြည့်အစုံသို့ »

ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင် ၁၀မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်


ဇွန် ၁ ရက် နံနက် ၁၂ နာရီ ဝ၁ မိနစ် ၄၈ စက္ကန့်အချိန်၌ ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ကမ္ဘာအေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် ၂၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၄ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။

အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် တွံတေးမြို့နှင့် အနီးတစ်ဝိုက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအချို့နှင့် ရန်ကုန်မြို့တို့တွင် သက်ရောက်မှုများ ရှိခဲ့ပြီး လှုပ်ခတ်ချိန် ၁၂ စက္ကန့်ခန့် ကြာမြင့်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊မြေငလျင်ဌာနခွဲ မှ သိရသည်။

မြေငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက“ငလျင်လှုပ်ခတ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။ လှုပ်သွားတာက ၁၂ စက္ကန့်လောက် ကြာပါတယ်။ ဗဟိုပြုတာက တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်လောက်အကွာ၊ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၂၇ မိုင် လောက်အကွာအဝေးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်။ အင်အားအနည်းငယ်ရှိတဲ့ငလျင် ဖြစ်ပါတယ်။ ရစ်ခ်ျတာစကေးက ၄ ဒသမ ၇ ရှိပါတယ်”ဟု နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ပြောကြားသည်။

မြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက “ ကျွန်တော်ရေတင်နေတုန်း ရေကန်ထဲက ရေတွေက သိသိသာသာလှုပ်ခတ်ပြီး ဘောင်ဘင်ခတ်ကုန်တယ်။ ပြီးတော့ တိုက်က နည်းနည်းလှုပ်သွားတော့ ငလျင်လှုပ်တာပဲလို့ သိလိုက်ရတယ်” ဟု နံနက် ၁၂ နာရီ ၁ဝ မိနစ်ခန့် ကပြောကြားသည်။ တာမွေမြို့နယ်နေ ကိုထက်အောင်က “ကျွန်တော်က အိပ်ရာထဲမှာလှဲနေတုန်း တိုက်ကလှုပ်သွားတော့ ငလျင်လှုပ်တာပဲလို့သိလို့ ထထိုင်လိုက်တယ်။ ၆ လွှာမှာ နေတော့ တော်တော်သိသာတယ်”ဟု ဆိုသည်။

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်နေ ဒေသခံတစ်ဦးက“အစ်မတို့ အိမ်က ပျဉ်ထောင်အိမ်ဆိုတော့ အရှေ့နဲ့အနောက် ခါယမ်းပြီး သိသိသာသာ လှုပ်သွားတယ်။ တစ်အိမ်လုံးနိုးကုန်ပြီး ထထိုင်နေကြရတယ်။ အိမ်တွေ ဘာတွေတော့ ပြိုတယ် မကြားမိသေးဘူး” ဟု နံနက် ၁၂ နာရီ ၃ဝ မိနစ် ခန့်က ပြောကြားခဲ့သည်။

“ဒေးဒရဲပြတ်ရွေ့ဘက်မှာ ငလျင်ဇုန်တစ်ခုရှိတယ်။ အဲဒီဇုန်ဘက်မှာ အများဆုံးက ရစ်ခ်ျတာစကေး ၆ ဝန်းကျင် အထိလောက်ပဲ လှုပ်လေ့ရှိတယ်။ ဒီလိုမျိုး ငလျင်ငယ်လေးတွေက လှုပ်လေ့လှုပ်ထ ရှိတယ်။ ၂ဝဝ၂ နဲ့ ၂ဝဝ၄ ခုနှစ်တုန်းကလည်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်ခဲ့ဖူးတယ်”ဟု မြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်း ကပြောကြားသည်။

Eleven Media
အပြည့်အစုံသို့ »