Showing posts sorted by relevance for query ဆန္ဒဖော်ထုတ်. Sort by date Show all posts
Showing posts sorted by relevance for query ဆန္ဒဖော်ထုတ်. Sort by date Show all posts

ဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးက အနားပေး၍ ဧရာဝတီတိုင်း ပြည်သူများ ဆန္ဒပြမည်



 သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးမှ အနားပေးလိုက်ခြင်းကြောင့် ဧရာတီတိုင်း အတွင်းရှိ ပြည်သူများက ဇွန်လ နောက်ဆုံးပတ်တွင် တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်မည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်မှ ဦးထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

“ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တုန်း ပြည်သူတွေအခက်အခဲတွေကို ဦးဆောင်ပြီး ဖြေရှင်းပေးခဲ့တယ်၊ သာသနာရေး ဝန်ကြီးဖြစ်တော့လည်း တိုင်းက ပြည်သူတွေ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့သူပါ၊ ဧရာဝတီတိုင်းသား တစ်ယောက်လည်း ဖြစ်တယ်၊ နိုင်ငံပိုင်ငွေတွေကို အလွဲသုံးစားအများကြီး လုပ်နေတဲ့သူတွေ ရှိနေတာကို ပြည်သူတွေအတွက် လုပ်ဆောင်ပေးသူကို အခုလိုလုပ်တာ တရားမျှတမှု မရှိဘူး၊ လူအခွင့်အရေး ချိုးဖောက်ခံရတာပဲ”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ဇွန်လ နောက်ဆုံးပတ်၌ ပုသိမ်မြို့တွင် ပြည်သူအင်းအား ၅ဝဝခန့်က ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး ဟစ်တိုင်တွင် ဦးထွန်းထွန်းဦးက ပြောဆိုမည်ဖြစ်သည်။ ပုသိမ်မြို့ ထဲတွင်လည်း လှည့်လည် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။

“သမ္မတ အမိန့်ကို မလိုက်နာလို့လုပ်တာဆိုတာမျိုး အငြိုးထားလုပ်တာဖြစ်နေတယ်၊ ပြည်သူအတွက် အလုပ်လုပ်ပေးနေသူ ဝန်ကြီးဖြစ်တယ်။ ငွေ ၇၂ သိန်း ဆိုတာလည်း ညှိနှိုင်းဆောင်ရွက်သင့်တယ်။ အခု အနေအထားမျိုး မဖြစ်သင့်ဘူး။ ဝန်ကြီး တစ်ယောက်ရဲ့သိက္ခာကို ပြန်ကြည့်သင့်တယ်၊ နေရာတိုင်းမှာ အဂတိလိုက်စားမှုတွေရှိနေတာ ကျန်တာတွေ ဘာမှမဖြစ်ခဲ့ဘဲ ဦးဆန်းဆင့်မှ ဖြစ်တာဆိုတာတော့”ဟု ပုသိမ်မြို့ လူအခွင့်အရေး ကာကွယ်စောင့်ကြည့်မြှင့်တင်ရေး ကွန်ယက်က ဦးမြင့်နိုင်က ပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ဝန်ကြီးဦးဆန်းဆင့်အား ယခုကဲ့သို့ အရေးယူခြင်းသည် သမ္မတ ခိုင်းသည်ကို မလုပ်ခြင်း၊ အချို့ကိစ္စများတွင် သမ္မတအား ဘောင်ကျော်လုပ်ခြင်း တို့ကြောင့် ဖြစ်သည်ဟု ပြောဆိုထားသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဇွန်လ ၁၉ရက် နေ့လည်က အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရမည်းသင်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသည်။

ဦးဆန်းဆင့်အား အမှုဖွင့်ထားသည့် ပုဒ်မ ၄ဝ၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေး တွေ့ရှိရပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၁ဝနှစ်မှ တစ်သက် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

၎င်းအား ဇွန်လ ၁၉ရက် ည၌ပင် တာဝန်မှ ရပ်နားကြောင်း သမ္မတလက်မှတ်ဖြင့် အမိန့်ကြေငြာချက် ထွက်ရှိခဲ့ပြီး ၂ဝရက်တွင် သာသနာရေးဒုဝန်ကြီး ဦးစိုးဝင်းအား ဝန်ကြီးအဖြစ် ခန့်အပ်ရန် သမ္မတ ပြည်ထော်စု လွှတ်တော်သို့ အကြောင်းကြားစာ ပို့ခဲ့သည်။

ဦးဆန်းဆင့်အား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရာထူးမှ သာသနာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့ နယ်မှ ပြည်သူ ၁ဝဝဝခန့်က မပြောင်းရွေ့ရန် ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။



စည်သူမောင်မောင်

Mizzima

အပြည့်အစုံသို့ »

တစ်နှစ်ကျော်ကြာသည့်တိုင် CNG ပြောင်းလဲတပ်ဆင်ခွင့် ချမပေးသဖြင့် ပဲခူးယာဉ်လိုင်း ပိုင်ရှင်များ ဆန္ဒထုတ်ဖော်


11ရန်ကုန်၊ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး ခရီးသည်တင် ယာဉ်လိုင်းမှ အငှားယာဉ် (City Taxi)သို့ ပြောင်းလဲကာ CNG ပြောင်းလဲ တပ်ဆင်ခွင့် လျှောက် ထားသော်လည်း အချိန်(၁)နှစ်ကျော်ကြာ ကြန့်ကြာ နေသည့်အတွက် ပဲခူးတိုင်း ဒေသကြီးမှ လျှောက်ထားသည့် မော်တော်ယာဉ် ပိုင်ရှင်များက ဇွန် ၁၀ ရက်နေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရုံးရှေ့တွင် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ခရီးသည်တင် ယာဉ်လိုင်း စုစုပေါင်း အစီးရေ (၁၃၀) အနက် ရန်ကုန်တိုင်း ဒေသကြီးမှ လျှောက်ထားသည့် ၅၇ စီးကို ၂၀၁၄ ခုနှစ် မတ်လတွင် အငှားယာဉ်အတွက် CNG ပြောင်းလဲ တပ်ဆင်ခွင့် ပြုခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး ခရီးသည်တင် ယာဉ်လိုင်းမှ ၇၃ စီးမှာ ၂၀၁၃ ခုနှစ် မေလ ၁၂ ရက်နေ့မှ စတင်လျှောက်ထားခဲ့ရာ အချိန်တစ်နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မရသေးသောကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်။

““တက္ကစီ ၇၃ စီးကို CNG ချထားပေးဖို့ တောင်းတာ တစ်နှစ်ကျော် ကြာပြီပေါ့။ ပထမအသုတ် အနေနဲ့ ရန်ကုန်တိုင်းက လျှောက်တဲ့ လိုင်းကားတွေအတွက် ဆိုပြီး ၅၇ စီး ချပေးလိုက်တယ်။ ကျွန်တော်တို့ ပဲခူးကား ၇၃ စီးကိုတော့ ချန်လှပ် ထားတာပေါ့။ ဒီကြားထဲ တစ်နှစ်ကျော်တည်းက CNG လျှောက်ထားဆဲ ဖြစ်တဲ့ အတွက်ဖြစ်သလိုပဲ ဆီနဲ့ပဲ ဆွဲနေရတာပေါ့။ အခုက တက္ကစီတွေက များလာတဲ့အတွက် ဆီနဲ့ ဆွဲနေရတာ ဆိုတော့ ၀င်ငွေမကောင်းဘူး။ CNG ကျလာရင် ဆီိဖိုးလည်း သက်သာသွားတယ်။ မိသားစုတွေရဲ့ စားဝတ် နေရေးလည်း ပြေလည်လာမယ်။ CNG က လိုင်းကားတွေက လီတာ ၂၀၀ ပါ။ တက္ကစီကို ပြန်ယူတဲ့ အခါကျတော့ လီတာ ၇၀ ပဲ ပြန်ယူတဲ့အတွက် သူတို့အနေနဲ့ နစ်နာဆုံးရှုံးမှုလည်း မရှိပါဘူး။ ကားသေး ဖြစ်သွားတဲ့အတွက် CNG တွေလည်း အများကြီး သက်သာသွားပါတယ်””ဟုဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုဇော်နိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူများ၊ သာကေတ မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံညှိနှိုင်းမှု များ ပြုလုပ်ခဲ့သော်လည်း ထပ်မံ၍ အချိန်၂ လ စောင့်ဆိုင်းရန်နှင့် အထက်အမိန့်အရ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ပြောဆိုမှုများကြောင့် ယင်းကဲ့သို့ ဆန္ဒဖော် ထုတ်ရခြင်း ဖြစ်သည်ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ခရီးသည်တင် ယာဉ်လိုင်းမှ အငှားယာဉ်အတွက် CNG ပြောင်းလဲ တပ်ဆင်ခွင့် ကြန့်ကြာနေခြင်း အပေါ် မော်တော်ယာဉ် ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုမျိုးကျော်ကလည်း ““CNG အမြန် ချပေးရေးအတွက် ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေ စုပေါင်းပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီကို တိုင်ဖို့ စီစဉ်ထားပါတယ်။ အချိန် တစ်နှစ်ကျော် ကြာနေတဲ့အတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက တစ်ဆင့် သက်ဆိုင်ရာ လူကြီးတွေ သိအောင်ပေါ့။ မထသ ထောက်ခံစာ လိုတယ်ဆိုလို့ ပဲခူးတိုင်း မထသထောက်ခံစာ သွားယူတယ်။ ဒါမဟုတ်ဘူး။ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာနကို သွားဆိုတော့လည်း ဒါမင်းတို့ တောင်းလို့ရတာ မဟုတ်ဘူး။ ၀န်ကြီးဌာန အချင်းချင်း စာပို့ပြီး တောင်းရတဲ့ဟာ၊ ပေးလို့မရဘူးလို့ ပြောတယ်။ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့လည်း တွေ့တယ်။ ကျွန်တော်တို့ဘက်က အချိန် ၂ ပတ် တောင်းတယ်။ သူတို့ကအချိန် ၂ လ စောင့်ခိုင်းတယ်။ လူကြီး တစ်ယောက်အနေနဲ့ တာဝန်ယူမှု ဘာရှိလဲဆိုတော့ ရေရောရာရာ ဘာမှ မပြောဘူး။ အထက် လူကြီးတွေ လုပ်တာလို့ပြောတယ်””ဟုပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ လျှောက်ထားသည့် မော်တော်ယာဉ် ပိုင်ရှင်များက ပဲခူး ခရီးသည်တင်ယာဉ်မှ Taxi သို့ တရားဝင် ပြောင်းလဲထားသော မော်တော်ယာဉ်များအား CNG ယာဉ် ပြုလုပ်ခွင့် အမြန်ချပေးရန်၊ ကျန်ရှိ ခရီးသည်တင်ယာဉ်လိုင်းမှ Taxi ၇၃ စီး တရားဝင်ဌာနတွင် တင်ထားပေးသော CNG အမြန်ချပေးရန်၊ လိုင်းကားမှ Taxi ၇၃ စီး အမြန်ချပေးရန်စသော စာသားများပါသည့် ဆိုင်းဘုတ်များကိုင်၍ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်

အပြည့်အစုံသို့ »

မိကျောင်းကန်သပိတ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်သဖြင့် ဆန္ဒဖော်ထုတ်


နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်သည့် ခေါင်းဆောင် ဦးစိန်သန်းကို ဖမ်းဝရမ်း
ထုတ်ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် လသာစည်ပင်တရားသူကြီးရုံးရှေ့တွင် သပိတ်စခန်းဖွင့်လှစ်သူများက
လူအင်အား ၈၀ ခန့်ဖြင့် မေ ၂၁ ရက်၊ နံနက်က ဆန္ဒဖော်ထုတ်လိုက်ကြသည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် ဆူးလေ မြို့တော်ခန်းမှရှေ့မှ စတင်ကာ မဟာဗန္ဓုလလမ်းအတိုင်း
လမ်းလျှောက်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်း ဖွင့်လှစ်ထားသည့်နေရာတွင် တဲထိုးပြီး အဆောက်အဦ ဆောက်သည့်အတွက် သပိတ်ခေါင်းဆောင်
ဦးစိန်သန်းကို စည်ပင်ဥပဒေအရ ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းကို မေ ၂၁ရက် ပေးထားသော်လည်း
ယင်းမတိုင်မီ ဦးစိန်သန်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု ကာယံရှင်ကိုယ်တိုင်က ဆိုသည်။

"ကျန်းမာရေးမကောင်းလို့ ဆေးရုံကြီးက ဆေးစာနဲ့ ခွင့်သွားတင်ထားတယ်။ တရားသူကြီး ဒေါ်ဌေးဌေးဝင်းက
၂၁ ရက်နေ့ ရုံးချိန်းပေးတယ်။ ပေးပြီးမှ ဘယ်လိုဖြစ်လဲမသိဘူး ကျောက်တံတားရဲစခန်းက ရုံးချိန်းပျက်ကွက်မှုနဲ့
ဖမ်းဝရမ်းထုတ်ခဲ့တယ်”ဟု ဆိုသည်။

ဦးစိန်သန်းသည် လသာစည်ပင်တရားရုံးသို့ မေ ၂၁ ရက်ရုံးချိန်းတွင် သွားရောက်ခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လွတ်ခဲ့ကာ
မေ ၂၉ ရက်တွင် ၎င်းကို ရုံးချိန်း ပြန်ခေါ်ထားသည်။

“တရားရုံးကနေပြီး ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်ကို လည်းကောင်း မချမှတ်ရသေးဘူး။ သက်သေစစ်ပြီးမှ
ပြစ်ဒဏ်တစ်ခုပေးမယ်။ အခုရုံးချိန်းမှာ ခံဝန်နဲ့ပဲ ပြန်လွှတ်လိုက်တာ။ ဖမ်းဝရမ်းထုတ်တာကို ရုတ်သိမ်းပေးခဲ့တယ်” ဟု
ဦးစိန်သန်းက ဆိုသည်။

ဒေါ်စောစန္ဒာက “ရုံးချိန်းမပျက်ဘူး။ တရားရုံးကို ခေါင်းဆောင် ကျန်းမာရေးမကောင်းလို့ ခွင့်သွားသွားတင်တယ်။
အခု ရုံးချိန်းပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်တော့ မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာ ”ဟု ပြောသည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် တူညီဝတ်စုံများဝတ်ဆင်ပြီး လမ်းလျှေက်ခဲ့ရာ လသာနှင့် ပန်းဘဲတန်းရဲစခန်းမှ
ခွင့်ပြုချက်ယူရန် လမ်းတွင်သတိပေးခဲ့သည်။

မိကျောင်းကန်သပိတ်စခန်း တတိယအကြိမ် ဖွင့်လှစ်ခြင်းကို မတ်လ ၂၄ ရက်က မဟာဗန္ဓုလပန်းခြံဘေး၊
ရန်ကုန်တရားရုံးရှေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယခုချိန်အထိ ဖွင့်လှစ်ထားသည်မှာ ၃လ ခန့်ရှိပြီး ဖြစ်သည်။


Mizzima Burmese 

အပြည့်အစုံသို့ »

ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွေကြောင့် ဆူဆူပူပူဖြစ်ရင် တိုင်းပြည်နစ်နာမယ်လို့ သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားလိုက်ပါတယ်။



မေ ၁၅ ရက်က မန္တလေးမြို့ စာတတ်မြောက်ရေး လှုပ်ရှားမှုအောင်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောကြားရင်း အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး အခမ်းအနားနဲ့တော့ မသက်ဆိုင်ပါဘူး။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ဒီကိစ္စကလည်း ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတွေ ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ လုပ်နိုင်ပါတယ်။ ကျနော်တို့ အချုပ်အခြာအာဏာကို အထိပါးမခံပဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို ဘယ်သူမှ မလိုလားကြပါဘူး။ ကိုယ့်တိုင်းပြည် ဆူဆူပူပူဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ ပြည်သူတွေပဲ ထိခိုက်နစ်နာကြမှာ ဖြစ်ပါတယ်။ အမှားအမှန်၊ အဆိုးအကောင်းတွေကို ဒီကနေ့ ဆူဆူပူပူဖြစ်နေတဲ့ နိုင်ငံရဲ့ သင်ခန်းစာကို ရယူပြီး ကျနော်တို့ နိုင်ငံမှာ အလားတူ နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူ ပြည်သူလူထုအားလုံး ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါ။”

သမ္မတ အခုလို ပြောကြားချိန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ကို အဓိကထား ပြင်ဆင်ရေး လူထုဟောပြောပွဲလုပ်ဖို့ နှစ်ရက်အလိုမှာ ပြောဆိုသတိပေးချက်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ဖွဲ့စည်းပုံပြင်ဖို့လုပ်တာနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မထိခိုက်နိုင်ဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“တိုင်းပြည် ဆူပူမှုဖြစ်အောင် လုပ်တာမဟုတ်ဘူးလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာက ဟောပြောပွဲတွေလုပ်တာက ပြည်သူ့ဆန္ဒနဲ့အညီ လုပ်တာဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာက လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောကြားခွင့်ရှိတယ်၊ သဘောထားပြောခွင့် ရှိတယ်၊ ဒါက ဖွဲ့စည်းပုံက ပေးပြီးသားအခွင့်အရေးအပေါ်မှာ ဥပဒေနဲ့အညီ ဆောင်ရွက်တာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေက ဘယ်လောက်ပြင်ချင်တယ်၊ မပြင်ချင်တယ်ဆိုတာကို ဆန္ဒဖော်ထုတ် ပေးတာပဲလေ။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့လည်း ဘာမှ မပတ်သက်ပါဘူး။”

ပုဒ်မ ၄၃၆မှာ ဖွဲ့စည်းပုံပြင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒဖြင့်သာ ပြင်ဆင်ရမယ်လို့ ဖော်ပြထားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဟောပြောပွဲတွေကို ရန်ကုန်မှာ မေလ ၁၇ ရက်နေ့၊ မန္တလေးမှာ မေလ ၁၈ ရက်တို့မှာ ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒရှိတဲ့ ပြည်သူတွေရဲ့ လက်မှတ်ကောက်ယူရေး လုပ်ငန်းကိုလည်း မေလအတွင်း စတင် လုပ်ဆောင်ကြဖို့ အဖွဲ့ချုပ်က ညွှန်ကြားချက် ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။
DVB Burmese

အပြည့်အစုံသို့ »

န၀ဒေးတံတားအောက် လူသတ်မှုတရားခံ ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမည်

ပြည်မြို့ နဝဒေးတံတားအောက်တွင် ၂၀၁၃ခုနှစ် မေလက ဖြစ်ပွားခဲ့သည့် လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်မှုလုပ်ရန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်က ပြည်မြို့ရှိ သံလွင်ခက် လူ့အခွင့်အရေးရုံးတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ- ရေခဲ(ပြည်)

ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ တပ်မတော်သားသုံးဦး ပါဝင်ပတ်သက်နေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ န၀ဒေးတံတားအောက်မှ လူသတ်မှု တစ်နှစ်ပြည့်ပြီးအချိန်အထိ တရားခံဖော်ထုတ် အရေးမယူနိုင်သေးသဖြင့် တရားခံ အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု လူ့အခွင့်အရေးကူညီလှုပ်ရှားသူ
ပြည်မြို့ခံတစ်ဦးဖြစ်သည့် ကိုမင်းမင်းကပြောသည်။

“ပြည်မြို့ခံတစ်ဦးအနေနဲ့ရော လူ့အခွင့်အရေး ကူညီလှုပ်ရှားသူ အနေနဲ့ရော ဆက်လက်ကြိုးစားသွားမယ်။ အားလုံးပေါင်းပြီး ဆန္ဒဖော်ထုတ်ဖို့ လုပ်သွားမယ်”ဟု ကိုမင်းမင်းကဆိုသည်။

၂၀၁၄ခုနှစ် ဧပြီလ ၂၇ရက်တွင် ပြည်မြို့ သံလွင်ခက်လူ့အခွင့်အရေးရုံးတွင် ပြုလုပ်သည့် အကြမ်းဖက် လူသတ် လူယက်မှု တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းမင်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အမှုဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်နှင့် တစ်လပြည့်သည့်အချိန် မေလ(၂၃)ရက်တွင် ပြည်မြို့သူမြို့သားများနှင့် မြို့ခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ
ဆန္ဒပြမည်ဟု ၎င်းက ပြောသည်။

တရားခံကို တရားဥပဒေအရ အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန်၊ အလားတူဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေရေး အာမခံချက်ပေးရန်၊ ပြစ်မှုကျူးလွန်ခံရသူများကို အမြန်ဆုံး ကုစားခွင့် ရရှိစေရေး စသည့်အချက်များကို ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဟု ကိုမင်းမင်းက ပြောသည်။

၂၀၁၃ခုနှစ် မေလ ၂၃ရက် ည ၉နာရီခွဲ အချိန်က ပြည်မြို့ န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစား စုံတွဲတစ်တွဲကို အကြမ်းဖက်သမား သုံးဦးက အကြမ်းဖက်
လူသတ် လုယက်မှု တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ လက်ချက်ဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ ကောင်းမလေးမှာလည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရသည့်
အပြင် သူမ၏ လက်စွပ်ကိုလည်း ချွတ်ယူသွားခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားပြီးချိန်တွင် ဆင်စုရပ်ကွက်နေ လူထုက ၀ိုင်းဝန်းရှာဖွေရာ တံတားအလွန် သောင်ပြင်နှင့် တဆက်တည်း ကမ်းပါးရံကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရ ၇၅)မှ စစ်သားသုံးဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ရာ နှစ်ဦးဖမ်းမီပြီး တစ်ဦးလွတ်သွားခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်း အချုပ်၌ ချုပ်ထားသည် ဟုဆိုကာ ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။

Mizzima Burmese

အပြည့်အစုံသို့ »

DVB သတင်းထောက် ထောင်ဒဏ် ချခံရခြင်းအတွက် မော်လမြိုင်တွင် သတင်းသမားများ ဆန္ဒဖော်ထုတ်မည်


ရန်ကုန်၊ မဇ္ဈိမ။             ။ DVB (Democratic Voice of Burma) သတင်းထောက်ကို ဇော်ဖေ (သူရသက်တင်)ကို မကွေးတိုင်း တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ခြင်းအတွက် မော်လမြိုင်မြို့တွင် သတင်း သမားများက ဆန္ဒပြကန့်ကွက်သွားမည် ဟု  မော်လမြိုင် သတင်းစာဆရာများ အသင်း (MJA) ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ဧပြီ ၂၀ရက်တွင် မဇ္ဈိမကို ပြောသည်။

DVB သတင်းထောက် ကိုဇော်ဖေ ပြန်လည်လွှတ်မြောက်ရေး၊ လွတ်လပ်စွာသတင်းရယူခွင့်ရရှိရေး တို့အတွက် ဧပြီ ၂၅ရက် နံနက် ၈ နာရီခွဲတွင် အင်အား ၁၀၀ခန့်ဖြင့် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးသိန်းလှိုင်က “မော်လမြိုင်ရဲစခန်းကို ဧပြီ၂၀ရက်မှာ ခွင့်ပြုချက်သွားတင်မှာပါ။ အရပ်ဖက်အဖွဲ့စည်း တွေနဲ့အခြားပြည်နယ်နဲ့ တိုင်းက သတင်းသမားတွေလဲ ပါဝင်လို့ရအောင် အင်အားကို ၁၀၀ခန့်အထိ တင်မှာပါ"ဟုပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် မော်လမြိုင် အမှတ်(၄) တံတားအနီးတွင် စုရပ်အဖြစ် စတင်မည် ဖြစ်ပြီး မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ် ကွန်ယက် (SMJN)နှင့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း(မော်လမြိုင်) တို့ပူးပေါင်းကာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။ ယင်းအပြင် သတင်းလွတ်လပ်ခွင့်ကို လိုလားသည့် ပြည်သူများ၊ လူမှုရေးအဖွဲ့စည်းများကို ပါဝင်ခွင့်ပြုသွားမည်ဖြစ်သည်။

မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက် (SMJN) မှ ကိုဥာဏ်စိုးဝင်းက “SMJN ကသတင်းသမား ၃၀ ကျော်လောက်ပါမယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က အဖွဲ့ဝင် သတင်းသမား အချို့ပါဝင်မယ်။ ကိုဖော်ဖေကို ပိုက်နက်ကျူးကျော်မှုနဲ့ အရေးယူလိုက်တာ သတင်းထောက်တွေကို  ခြိမ်းခြောက်သလိုဖြစ်နေတယ်။ တစ်နိုင်ငံ လုံးမှာသတင်းလွတ်လပ်ခွင့်လိုချင်တယ်။"ဟုပြောသည်။

DVB သတင်းထောက်ကိုဇော်ဖေကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ၃၅၃၊ ပညာရေးမှူးရုံးအတွင်း ဝင်ရောက် သတင်းယူသည့်အတွက် ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂၀၁၂ခုနှစ်ကတည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဧပြီ ၇ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း
ဖြစ်သည်။

ယင်းအပြင် ပြည်မြို့နယ်ရှိ သတင်းသမားများကလည်း ဧပြီလ ၂၅ရက်၌ပင် ဆန္ဒဖော်ထုတ်သွားရန်ရှိပြီး တနသာင်္ရီတိုင်းရှိ သတင်းသမားများကလည်း ကန့်ကွက်ကြောင်း ကမ်ပိန်းများပြုလုပ်သွားမည်ဖြစ်သည်။

ဂျပန်နိုင်ငံ ကိုအိဇုမိ ဖောင်ဒေးရှင်း၏ ပညာသင်ဆု ရွေးချယ်မှုနှင့် ပတ်သက်၍ သတင်းရယူရန် မကွေးတိုင်း ပညာရေး ဦးစီးမှုး ရုံးအတွင်း သတင်းဝင်ယူခြင်းကြောင့် ကိုဇော်ဖေနှင့် ကျောင်းသား မိဘ တစ်ဦးဖြစ်သူ ဦးဝင်းမြင့်လှိုင်တို့ကို  ပညာရေးမှုးက တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကိုဇော်ဖေအတွက် အယူခံ တင်သွင်းခြင်းကို မကွေးခရိုင် တရားရုံးက ဧပြီ ၉ ရက်က ပယ်ချခဲ့သေးသည်။

သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)သည် ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ် ပညာရေးဌာန မှတစ်ဆင့် ရယူခဲ့ခြင်း သည် သတင်းထောက်တစ်ယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု DVB သတင်းဌာနက ယုံကြည်သည့် အတွက် ၎င်းအား ပြစ်ဒဏ်ချမှတ်မှုကို DVB သတင်းဌာနအနေဖြင့် လုံးဝကန့်ကွက် ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဧပြီ  ၇ ရက်တွင် DVB သတင်းဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Mizzima Burmese

အပြည့်အစုံသို့ »

ဝမ်ပေါင်ကုမ္ပဏီ လခတိုးပေးရေး မြန်မာဘွဲ့ရ ၂၀၀ ကျော် ဆန္ဒဖော်ထုတ်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှာ သင်တန်းတက်နေသူ ဒေသခံဘွဲ့ရ ၂၃၃ ဦးက လစာတိုးရရှိရေးအတွက် ဒီကနေ့ မနက်ပိုင်းက ၀မ်ပေါင်ကုမ္ပဏီကို လမ်းလျှောက် ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံဘွဲ့ရ ၂၃၃ဦးကို သင်တန်း ၅ လတက်စေပြီးတဲ့နောက် လစာတစ်လကို အမေရိကန်ဒေါ်လာ ၁၂၀ ပေးတာကို ဒေသခံတွေက  ၂၄၀ တိုးတောင်းခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုချက်ကို ပြီးခဲ့တဲ့မတ်လ ၂၉ရက်နေ့က တစ်ကြိမ် ကုမ္ပဏီကငြင်းပယ်ခဲ့ပြီး ဧပြီလ ၅ရက်နေ့ လစာထုတ်ပေးချိန်မှာလည်း အလုပ်သမားတစ်ဦးခြင်းကို လစာနဲ့အတူ ငြင်းပယ်တဲ့ စာတစ်စောင်စီပေးခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားတစ်ဦးဖြစ်တဲ့ ဖေါင်းဝသာရွာသား ကိုသန်းလွင်က သတ္တုတွင်းလုပ်သားအနေနဲ့ မိမိတို့ရရှိတဲ့လစာဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းလွန်းတယ်လို့ ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကို  လစာတိုးပေးဖို့ နောက်ထပ် သင်တန်း ၁၈ လ တက်ပြီးတဲ့နောက်မှ စာမေးပွဲဖြေဆိုအောင်မြင်ရင် အမေရိကန် ဒေါ်လ ၁၈၀ ပေးမယ်လို့ ပြောဆိုထားသလို လုပ်သက် ၂ နှစ်ပြည့်ချိန်မှာ စာမေးပွဲဖြေဆိုပြီးမှ လစာတိုးပေးမယ်လို့လည်း ပြောဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းဆန္ဒပြပွဲကို မုံရွာတဘက်ကမ်း ညောင်ပင်ကြီးဆိပ်ကနေ ရန်ကုန်ပြည်လမ်းမအထိ လမ်းလျောက်ဆန္ဒပြထုတ်ဖေါ်တာဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒပြတာလို့ သိရပါတယ်။ ဆန္ဒထုတ်ဖေါ်တာကို  မနက်ဖြန်မှာလည်း ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

မန္တလေးမြို့မှာ မီတာခ မြင့်တက်သွားတာနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်





မန္တလေးမြို့မှာ မီတာခ မြင့်တက်သွားတာနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ပွဲကို ၂၆လမ်း ၇၇လမ်း နဲ့ ၇၈လမ်ကြားမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဆန္ဒပြမှုကို ၂၆လမ်း ပိုက်ကျုံးထိပ်ကနေ ဖယောင်းတိုင်ထွန်း လမ်းလျှောက်ခဲ့ကြပြီး ၈၉ လမ်း နဲ့ ၂၆လမ်းထိပ်မှာ ရဲအင်အားများက ပိတ်ဆို့တားဆီးခဲ့ပါတယ်။ အခုချိန်မှာတော့ ဆန္ဒပြပွဲပြီးစီးသွားပြီး ဖမ်းဆီးခြင်းတော့ မရှိသေးပါဘူး။

ဆန္ဒထုတ်ဖော်သူတွေဟာ -
၁ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသောအစိုးရ (အလိုမရှိ)
၂ အများပြည်သူဆန္ဒနဲ့ဆန့်ကျင်ပြီး လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း (အလိုမရှိ)
၃ လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူ ၃ စားဝတ်နေရေးကြပ်တည်းလာနိင်င်သည်
၎ လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံခြင်း (အလိုမရှိ)
၅လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း ချက်ချင်းရပ်ဆိုင်းရေး (ဒို့အရေး)
၆ ၂၄နာရီ လျှပ်စစ်မီးလင်းရေး (ဒို့အရေး)
၇ မြေယာပြဿနာများ၊ လူထုအခက်ခဲများ ဖြေရှင်းပေးရေး (ဖြေရှင်းပေး)
စတဲ့ကြွေးကြော်သံများနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - Super


အပြည့်အစုံသို့ »

ကြံ့ခိုင်ရေးအမတ်အချို့ နှမြောနေသည့် မြစ်ဆုံစီမံကိန်း – တာမွေအောင်ကို


အခုလူတွေက မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြတယ် ဒီစီမံကိန်းက ကျွန်မတို့ တိုင်းပြည်ကို အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်တယ် ဒီအကျိုးရှိမယ့် စီမံကိန်းကို ကျွန်မဆို မကန့်ကွက်ဘူး တစ်တိုင်းပြည်လုံး မီးတွေ လင်းသွားမယ်၊ ကောင်းသွား မယ် နှမြော ဖို့ကောင်းတယ် . . .

ဧရာဝတီမြစ်အစ မေခမလိခ ပေါင်းစုံရာဒေသ သုံးမြှောင့်ပုံသဏ္ဌာန် ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံစီမံကိန်း အလုံးစုံ ဖျက်သိမ်းေ ပးရေး တောင်းဆိုသံများ၊ ဆန္ဒဖော်ထုတ်ပွဲများ ယခင်ကလောက် အသံတွေ မကြားရတာ ကြာပြီဖြစ်သည် မြန်မာနိုင်ငံအတွင်း ပွတ်လောရိုက် ဆူညံခဲ့သော အသံများ ယခုတော့ သွေးအေးနေပြီ။ ကချင်ဒေသ မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားတာ ယခုဆို သုံးနှစ်ကျော်၊ လေးနှစ်ခန့် ရှိပြီဖြစ်သည်။ ဤစီမံကိန်းအား ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဟုဆိုကာ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထက်တွင် တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် ဒီဇင်ဘာလ ၂၀၀၆ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး၍ သဘောတူ စာချုပ်ချုပ်ဆို ခဲ့ကြခြင်းဖြစ်သည်။ လုပ်ငန်းစတင် လုပ်ဆောင်ခွင့်ကိုတော့ ယခင်အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ကျမှ ပါမစ်ချပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်ဘက်မှလည်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ အလုံးအရင်း များစွာဖြင့် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်ဟု သိရသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းအား အပြီးအပိုင် ရပ်ဆိုင်း၍  မြန်မာတစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဆန္ဒဖော်ထုတ် ခဲ့ကြသောကြောင့် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး မြစ်ဆုံ စီမံကိန်းကြီးအား ရပ်ပစ်ရန် ဆန္ဒအသီးသီး ဖော်ထုတ်ခဲ့ကြသော်လည်း ဒီမြစ်ဆုံစီမံကိန်းကြီးက ယနေ့အထိ သက်ဝင်လျက် လှုပ်ရှားမှု ရှိနေဆဲပင် ဖြစ်သည်။ တစ်ဖက် နိုင်ငံဘက်ကလည်း ပြန်လည် ကမ်းလှမ်း လာတာတွေ ကြားနေရပြန်သည်။ ဒီစီမံကိန်းကြီးအား လိုလားသူများကလည်း လိုလားလျက် ရှိနေကြဆဲပင်ဖြစ် သည်။ လိုလားသူတွေက မြန်မာနိုင်ငံတော်ကြီးနှင့် ပြည်သူ့ အကျိုးစီးပွား ဖျက်ဆီးလို သူများနှင့် မျိုးချစ်စိတ်ဓာတ် ခေါင်းပါးသူများ။ အမျိုးသားရေး စိတ်ဓာတ် အားနည်းနေသူများကတော့ စီမံကိန်းကြီး  ပြန်လည် လုပ်ဆောင်စေချင်နေတာကတော့ အမှန်ပင် ဖြစ်ပါသည်။

myit sone2ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် မိမိတို့ကြံ့ခိုင်ရေး ပါတီထဲတွင် ရှိနေစဉ်တုန်းက မိမိနားဖြင့် ကြားခဲ့ရသော စကားလုံးများကြောင့် ထိုသို့ ပြောရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း အမိန့်ထွက်ပေါ်ခဲ့ပြီး ကာလ အနည်းငယ်အကြာ တာမွေကြံ့ခိုင်ရေး၊ ပြည်သူ့လွှတ်တော် အမတ်ကြီး လွှတ်တော်မှ ပြန်အလာ ရပ်စည်းများနှင့် အပတ်စဉ် အစည်းအဝေး တစ်ခုတွင် ပြောကြားခဲ့သည်က ““အခုလူတွေက မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြတယ်။ ဒီစီမံကိန်းက ကျွန်မတို့ တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်။ ဒီအကျိုးရှိမယ့် စီမံကိန်းကို ကျွန်မဆို မကန့်ကွက်ဘူး။ တစ်တိုင်းပြည်လုံး မီးတွေ လင်းသွားမယ်၊ ကောင်းသွားမယ် နှမြောဖို့ ကောင်းတယ်””ဟု ပြောကြားခဲ့သည့် စကားများနှင့် အခုတစ်လော ကြားနေကြရပြန်သည့် အထက်ပိုင်း အညာဒေသ၊ နယ်တွေက ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး အစည်းအဝေး၊ အခမ်းအနားတွေမှာ လက်ရှိလွှတ်တော် ပြည်ခိုင်ဖြိုး အမတ်တွေက ဘာပြောပြီး စည်းရုံးကြသလဲဆိုရင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီး တကယ် ဖြစ်ပေါ်လာရင် ဒီလို ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိရေး အစည်းအဝေးတွေ လုပ်စရာတောင် မလိုဘူး။ ရွာတွေအားလုံး မီးလင်းသွားမယ်ဟု ပြောဆို စည်းရုံးနေကြသည်ကို ကြားနေရသည်။ ဒီမြစ်ဆုံစီမံကိန်းကို လိုလားနေကြသည့် သဘောသက်ရောက်နေသည်။ အခု တရုတ်အစိုးရ ကလည်း ပြန်လည်ကမ်းလှမ်း လာတယ်လို့ ကြားနေကြပြန်တယ်။ ဒါကလည်း မဆန်းပါ၊ သူရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေက နည်းမှမနည်းဘဲ၊ သူတို့ဘာကြောင့်  ဒီမြစ်ဆုံစီမံကိန်းကြီးကို ဘာကြောင့် လက်လွှတ် အဆုံးရှုံးမခံနိုင်ရတာလဲ၊ အကြောင်း တစ်ခုခုတော့ ရှိလိမ့်မည်ထင်တယ်၊ မြစ်ကြီးနား ဇာတိဖွားတစ်ယောက်က မိမိကိုပြောခဲ့ဖူးသည်။ ကျွန်တော်တို့ မေခ၊ မလိခ မြစ်ဆုံနေရာ ဧရာဝတီမြစ်မှာ ဟိုတုန်းကတည်းက ရွှေတွေ ကျင်နေခဲ့ကြတာ။ ခဲကိုပြဒါးထည့်ပြီး မြစ်ရေမှာ မြှုပ်ထားတာ ရေစီးပါလာတဲ့ရွှေက အဲဒီထဲကိုဝင်၊ အဲဒါကို ရွှေကျင်ကြတာ လျှပ်စစ်က အဓိက မဟုတ်ဘူး ထင်တယ်၊ ရွှေကို အဓိက လုပ်တာ၊ မြစ်ဆုံဆိုတဲ့ နေရာက တကယ် ရွှေထွက်တဲ့နေရာ၊ အဲဒါကို ရအောင် မရှာကြဘူး၊ အဲဒီကထွက်တဲ့ မြေတွေက တန်ဖိုးရှိတယ်။ ရေအားလျှပ်စစ်ပဲ အပေါ်ယံ သဘောလေး လာပြောနေကြတာ၊ ရွှေကို မပြောကြဘူး၊  သေချာ စုံစမ်းကြည့်စေချင်တယ်၊ နှစ်ပေါက်တစ်ပေါက် ရိုက်နေသလို ဖြစ်နေတယ်။ ဆရာမ ရွှေကူမေနှင်းရေးတဲ့ ဂျာနယ်မဂ္ဂဇင်း တစ်စောင်ထဲမှာ ဖတ်ရတယ်။ ဧရာဝတီမြစ် မေခ၊ မလိခက ရွှေကြောဖြတ်ကို ဖြတ်လာတယ်လို့ ရေးသားထားတယ်။ အဲဒီက ရေကိုသောက်ရင် ကိုယ်ရေပြား ရောဂါတောင် မဖြစ်ဘူးတဲ့၊ တစ်ခါလာလည်း ဒီလျှပ်စစ် ရေအားစီမံကိန်း၊ အဓိကယက ရွှေ၊ အံ့အားသင့်တယ်၊ ကျွန်တော်ထင်တာကို ပြောတာနော်။ တကယ်မဖြစ်သင့်တဲ့ကိစ္စ၊ ကျွန်တော်တို့ မြန်မာတွေ သေချာစုံစမ်းပြီး စမ်းသပ်စေချင်တယ်။ အဲဒီမှာရှိတဲ့ ကချင်တွေကို သေချာမေးကြည့်ရင် ကောင်းမယ်ဟု  ပြောခဲ့သည်ကို ပြန်စဉ်းစား နေမိသည်။

myit sone1

ယခုငြိမ်သက်နေသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကိစ္စ အလုံးစုံ ရပ်ဆိုင်းရန်၊ ရန်ကုန်မြို့မှနေပြီး ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံဒေသအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြမည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုမှ ဦးဆောင်၍ ပြုလုပ်ကြမည်ဟု သိရသည်။  တရုတ်အစိုးရက ပြန်လည် ကမ်းလှမ်းလာတဲ့အခါမှာ ကျွန်တော်တို့က အမျိုးသားရေး စိတ်ဓာတ်နဲ့ ပြည်သူတွေ ငြိမ်သက်နေတာကို ပြန်လည် လှုပ်နှိုးလိုက်တာ နိုင်ငံရေး အမြတ်ထုတ်တာ မဟုတ်ပါဘူး ဟုလည်း ဦးဆောင် ပြုလုပ်သူများက ပြောသည်။ အဆိုပါဆန္ဒဖော်ထုတ်ရာတွင် လိုက်ပါသူများအတွက် လိုအပ်သော အကူအညီ၊ ဆေးဝါး အစစအရာရာ ကူညီရန်အတွက် အမည် မဖော်လိုသူများကလည်း ငွေကြေးများ လှူဒါန်းထားသူများလည်း ရှိကြောင်း၊ မြစ်ဆုံဒေသမှာရှိတဲ့ ကချင်တိုင်းရင်းသား တွေကလည်း ဒီမြစ်ဆုံဒေသကြီး မရပ်ဆိုင်းဘူးဆိုရင် သူတို့ရင်ထဲမှာ ပင်လုံစိတ်ဓာတ်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါ အရမ်းကြောက်ဖို့ ကောင်းတယ်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင်တစ်ဦးက ပြောသည်ဟုလည်း ကြားသိရသည်။ မြန်မာနိုင်ငံသားတို့၏ မျိုးချစ် စိတ်ဓာတ်ကို ကမ္ဘာကသိအောင် ရန်ကုန်မှ မြစ်ဆုံဒေသသို့ ရက်ပေါင်း ၁၀၀ ကျော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြမည့် သူများအား မြန်မာပြည်ကိုချစ်သော မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော ပြည်ထောင်စု စိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ရှိကြသော သူများကတော့ မြစ်ဆုံ စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ယခု ဆန္ဒဖော်ထုတ်သည့် ပုံများအား အပြည့်အ၀ ထောက်ခံ အားပေးနေကြမည်သာ ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့က ဤမြစ်ဆုံ စီမံကိန်းကြီးအား နိုင်ငံတော် သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်း လိုက်ကြောင်း ရေဒီယို၊ မြန်မာ့ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့် ကြေညာလိုက်စဉ်က မြန်မာပြည်သူ ပြည်သားအားလုံး ပျော်မဆုံး မော်မဆုံး လက်ခုပ်သြဘာတီး၍ အားပေးခဲ့ကြတာကို ပြန်မြင်ယောင်နေမိပြီး အဲဒီ အချိန်က ကျွန်တော်တို့အားလုံး သမ္မတကြီးဦးသိန်းစိန် ကျန်းမာစေလိုကြောင်း ဆုမွန်ကောင်းများ ဆုတောင်း ပေးခဲ့ကြသည် မဟုတ်ပါလားခင်ဗျား ….။         ။

Myanmar Thandawsint Newspaper

အပြည့်အစုံသို့ »

ရခိုင်ပြည်နယ် မြောက်ဦးတွင် နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်


(ဓာတ်ပုံ- ရခိုင်လူမှုကွန်ရက်)

ကေဇူး | တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ရက်၊၂၀၁၄ခုနှစ်။

ရန်ကုန် မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေးရန် ဖေဖော်ဝါရီလ ၉ရက်တွင် ဒေသခံ တစ်ထောင်ကျော်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ် မြို့ကြီးများဖြစ်သော စစ်တွေ၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့များသာမက မင်းပြားနှင့်ကျောက်တော် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို တိကျစွာအကောင်အထည်ဖော်ပေးရန်၊ အဖြူရောင်ကဒ်များဖြင့်
မဲပေးခွင့်ရွေးချယ်ခံခွင့်ကို တားမြစ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ INGO များက ဘက်လိုက်မှုများရှိနေသဖြင့် ဒေသတွင်းမှ ထွက်ခွာပေးရန်၊ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးရဲဝန်ထမ်းများကို ခေတ်မှီလက်နက်များ တပ်ဆင်ပေးရန်တို့ကို ရခိုင်ဒေသခံတို့က အစဉ်တစ်စိုက် တောင်းဆိုကြခဲ့ခြင်းဖြစ်သည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုကိစ္စတွေကို ကမ္ဘာကို မဟုတ်မမှန်သတင်းလွှင့်နေတယ်။ ဒီလိုပြသနာတွေ နောက်လည်း မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ဥပဒေကို အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ”ဟု ဖေဖော်ဝါရီ ၉ရက်တွင် မြောက်ဦးမြို့၌ ဦးဆောင်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သူ ကိုထွန်းစံက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်နှင့် ၆ ရက်တို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့တို့တွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်နယ် အားလုံးတွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဦးဆောင်ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၁ခုနှစ်က မသီတာထွေးသေဆုံမှုနှင့် ပတ်သက်ပြီး လူမျိုးစုနှစ်စု ပဋိပက္ခဖြစ်ပွားရာမှ စတင်ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခသည် တည်ငြိမ်လျှက်ရှိသော်လည်း ဒူးချီးရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တပ်ကြပ်ကြီးပျောက်ဆုံးမှုနှင့် ကျေးရွာအတွင်းမှ ဘင်္ဂလီ လူမျိုးများ သတ်ဖြတ်ခံရသည်ဆိုသည့် သတင်းအပေါ်တွင် နိုင်ငံတကာသံရုံးများ၊ EU အဖွဲ့အစည်းများက ဝမ်းနည်းကြောင်းကြေညာချက်ထုတ် တောင်းဆိုထားသည်။

Mizzima - News in Burmese

အပြည့်အစုံသို့ »

ခွဲခြားမှုတွေ ရပ်တန့်ပေးပါ ( ရုပ်/သံ)

 နို့ဘိုးစခန်းတွင် UNHCR အရာရှိတချို့လာစဉ် ခွဲခြားမှုတွေရပ်တန့်ပေးရေးဆန္ဒပြနေစဉ်

ထိုင်း မြန်မာနယ်စပ်က နို့ဖိုး ဒုက္ခသည်စခန်းမှာ ခွဲခြားဆက်ဆံမှုတွေ ရပ်တံ့ပေးဖို့အတွက် ဒုက္ခသည်တွေက စခန်းတွင်းမှာရှိတဲ့ UNHCR ရုံးကို ဆန္ဒထုတ်ဖေါ်တဲ့ ရုပ်သံဖြစ်ပါတယ်။

 ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ရှိ နို့ဘိုး ဒုက္ခသည်စခန်းတွင် လူ့အခွင့်အရေး ချိုးဖေါက်မှု များနဲ့ ခွဲခြား ဆက်ဆံမှုများ ရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR အား အဆိုပါလုပ်ရပ်များ ရပ်တန့်ပေးရေး ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ တာပါ။

“ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်းကြီးမှာကိုယ်က လူသားအချင်းချင်း ခွဲခြားဆက်ဆံလို့မရဘူးဆိုတာကို ပြဋ္ဌာန်း ထားပါ လျှက်နဲ့ UNHCR ကိုယ်တိုင်ကနေ ဒီကနေ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီးခွဲခြားဆက်ဆံနေ တာတွေ့ ရတဲ့ အတွက် အဲဒီလိုခွဲခြားခြင်းတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြတာဖြစ်ပါတယ်”ဟု ဆန္ဒပြသူ တဦးက ဧရာဝတီကိုပြောပါတယ်။

တတိယနိုင်ငံတွေမှာ မိသားစုဆွေမျိုးများရှိရင် UNHCR က တတိယနိုင်ငံအခြေချခွင့်ကိစ္စ မိသားစု ပြန် လည် ပေါင်း စည်းရေး အစီအစဉ်နဲ့ ဆောင်ရွက်ပေးနေပြီး တတိယနိုင်ငံတွေမှာ မိသားစုဆွေမျိုးများမရှိပါက တတိယနိုင်ငံအခြေ ချခွင့် ကူညီဆောင်ရွက်ပေးမှု မရှိကြောင်း၊ ဒုက္ခသည်အားလုံးအား တန်းတူညီမျှ ကူညီစောင့်ရှောက်ပေးရန် လိုကြောင်း UNHCR က အရာရှိတချို့ အဲဒီ ဒုက္ခသည် စခန်းကို လာရောက်တဲ့ အချိန်မှာ အခုလို ဆန္ဒဖော်ထုတ် တင်ပြခဲ့တာလို့ သူက ဆက်ပြောထားပါတယ်။





Irrawaddy ဧရာဝတီ သတင်း

အပြည့်အစုံသို့ »

ဆုံးရှုံးလယ်မြေများအတွက် နစ်နာကြေးမရ၍ စေတုတ္တရာဒေသခံ ၇၀၀ နီးပါး ဆန္ဒပြ


ဆုံးရှုံးသွားသော လယ်ယာမြေများ နစ်နာကြေးမရရှိသဖြင့် ဒေသခံ ၇၀၀ နီးပါးက မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ နယ်တွင် ဇန်န၀ါရီလ ၁၉ ရက်၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

““မုန်းတမံကို ပိတ်လိုက်တော့ ရေတွေမြင့်တက်လာတယ်။ လယ်ယာမြေအပါအ၀င် လူနေအိမ်တွေ ရေထဲကိုမြုပ်သွားတယ်”” ဟု ဆန္ဒဖော်ထုတ်ပွဲ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်အောင်လွင်က ပြောသည်။

စေတုတ္တရာမြို့နယ်တွင် ကျေးရွာအုပ်စု ၂၂ စု၊ ရွာပေါင်း ၅၀ နီးပါး ရှိသည်။ မုန်းတမံ ရေထိန်းသိမ်းမှုကြောင့် လယ်ယာမြေ ဧကနှစ်ရာကျော် ရေနစ်မြုပ်ဆုံးရှုံးနေရမှုအပေါ် သက်ဆိုင်ရာအာဏာပိုင်များထံတွင် အကြိမ်ကြိမ် စာဖြင့် တင်ပြခဲ့သော်လည်း မည်သည့်အရေးယူမှုမျှ ယခုအချိန်ထိမရှိဟုဆိုသည်။

““ကျွန်မတို့မှာ လယ်လုပ်စရာမရှိတော့လို့ ကောက်သင်းကောက်စားနေရပါတယ်။ ကောက်သင်းကောက်တယ်ဆိုတာ သူများလယ်ရိတ်ပြီး ကြွေကျကျန်နေခဲ့တဲ့စပါးကို လိုက်ကောက်စားရတဲ့ဘ၀ပါ”” ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ ဒေါ်ခင်ဥက ပြောသည်။ မုန်းတမံရေလှောင်မှုကြောင့် အိမ်၊ လယ်ယာမြေများ ဆုံးရှုံးမှုမှာ သုံးနှစ်ဆက်တိုက်ဖြစ်ခဲ့ပြီး စားရမဲ့သောက်ရမဲ့ဘ၀ ရောက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စေတုတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးအား တွေ့ဆုံမေးမြန်းခဲ့ရာ ရေ၀ပ်ဧရိယာများ ကြိုတင်သတ်မှတ်၍ ဒေသခံများအား အသိပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Author: မိုးကျော်
7 Day Daily

အပြည့်အစုံသို့ »

ခင်ဦးတွင် တရားဥပဒေ စိုးမိုးရေးအတွက် သုံးရက်တိုင် ဆန္ဒဖော်ထုတ်မည်


ခင်ဦး၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် တရားဥပဒေ စိုးမိုးရေးအတွက် ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ သုံးရက်တိုင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခင်ဦးမြို့နယ်ရုံးခွဲ တာဝန်ခံ ဦးသိန်းအောင်က ပြောကြားသည်။
“ဆန္ဒဖော်ထုတ်ဖို့ ဒီလ ၆ ရက်နေ့က မြို့နယ်ရဲစခန်းကို အကြောင်းကြားတယ်။ ခွင့်ပြုချက် မရလည်း ဆန္ဒဖော်ထုတ်သွားမယ်” ဟု ၎င်းကဆိုသည်။

ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စုပေါင်း ၆၃ အုပ်စုမှ တောင်သူ လယ်သမားများ ရင်ဆိုင် ကြုံတွေ့နေရသော လယ်ယာမြေ အမှုတွဲများကို တရားရုံးများ ကြန့်ကြာအောင် လုပ်ဆောင်နေမှုများ ရှိသောကြောင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ် မြေစာရင်းဦးစီးမှူးနှင့် မြို့နယ်တရားရုံး တရားသူကြီးတို့က ကိုယ်ကျိုးရှာ လုပ်ဆောင်နေမှုများ ရှိသောကြောင့် အလိုမရှိဟူသော ကြွေးကြော်သံများဖြင့် ယင်းနေ့များတွင် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခွဲမှ မြို့နယ်ဌာနဆိုင်ရာ ရုံးများရှိရာ မြို့အဝင်အထိ လမ်းလျှောက် ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ခင်ဦး မြို့မရဲစခန်းသို့ ဇန်နဝါရီလ ၆ ရက်နေ့က တင်ပြလာသော ဆန္ဒဖော်ထုတ်ခွင့် ကြွေးကြော်သံများမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများသာ ဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်စေနိုင်သောကြောင့် ခွင့်မပြုခဲ့ကြောင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၉ အရ အယူခံဝင်နိုင်ကြောင်း အကြောင်းပြန်ကြား ခဲ့ရာတွင် ကြွေးကြော်သံများ ပြောင်းကာ ထပ်မံ ဆန္ဒဖော်ထုတ်ခွင့်ကို ဇန်နဝါရီလ ၉ ရက်နေ့က တင်ပြလာကြောင်း ခင်ဦး မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဦးဘိုဘိုထွဋ်က ပြောကြားသည်။

ပြောင်းလဲ တင်ပြလာသော ကြွေးကြော်သံများမှာ ပြည်သူလူထုနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေး၊ အာဏာပိုင် အဖွဲ့အစည်းများ ပြည်သူလူထုကို လေးစားစွာ ဆက်ဆံရေးနှင့် နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးတို့ ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် တင်ပြလာသော ဆန္ဒဖော်ထုတ်ခွင့် ပြု၊ မပြုကို အကြောင်း မပြန်ရသေးကြောင်း ခင်ဦး မြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly Myanmar

အပြည့်အစုံသို့ »

တရားခွင့်ဆန္ဒဖော်ထုတ်ခွင့်မရသော်လည်း မန်းသတင်းထောက်များ ဆန္ဒဖော်ထုတ်


အင်္ဂါနေ့၊ ဇန်နဝါရီ ၇ရက်၊ ၂၀၁၄ခုနှစ်။

မန္တလေး၊ မဇ္ဈိမ။ ။ Eleven Media Group၏ ကယားပြည်နယ်လွိုင်ကော်မှ သတင်းထောက် မခိုင်အား ပုဒ်မ၃ခုဖြင့် မုဒုံမြို့နယ် တရားရုံးက ထောင်သုံးလ ချမှတ်ခဲ့သည့်အတွက် ဇန်န၀ါရီ(၇)ရက်က မန္တလေးအခြေစိုက် သတင်းထောက် ၂၀ခန့်က အိုးဘိုထောင်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို အိုးဘိုထောင်ရှေ့မှစ၍ ဆိုင်ကယ်များဖြင့် မန္တလေးမြို့ပတ်ပြီး မဟာမြတ်မုနိ ဘုရားကြီးတွင် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။

"ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ဘာမှပြောစရာမရှိပါဘူး။ မီဒီယာဖိနှိပ်တာကို မလိုလားလို့ ဆန္ဒဖေါ်ထုတ်တာပါ။ ဒီလိုတွေဆက်ပြီး လုပ်နေမယ်ဆို နိုင်ငံရဲ့သတင်းကို အမှောင်ချတာနဲ့ အတူတူပါပဲ" ဟု DVBသတင်းထောက် ဘကြီးအောင်က မဇ္ဈိမကိုပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရန် တရားဝင်စာတင်ခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။

မန္တလေးမြို့ခံ ဝါရင့်သတင်းထောက် ဆရာမင်းထက်ငြိမ်းချမ်းက “ ဆန္ဒဖော်ထုတ်ခွင့်တင်လိုက်တယ်။ မပေးဘူး။ ငြင်းတာကလည်း အကြာင်းပြချက်မခိုင်လုံဘူး" ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါလွိုင်ကော်မြို့မှ နယ်သတင်းထောက် မခိုင်(ခ)နော်ခိုင်ခိုင်အေးချိုအား ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၃လ အမိန့်ချလိုက်ခြင်းအပေါ် မန္တလေးသတင်းထောက်များက မီဒီယာဖိနှိပ်မှုကို မလိုးလား သည့်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု မန္တလေးခေတ် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က မဇ္ဈိမကိုပြောသည်။

ခွင့်ပြုမိန့်မရခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ရှုတ်ချကြောင်းနှင့် သတင်းထောက်မခိုင် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မန္တလေး အခြေစိုက်သတင်းထောက်များမှ ကြေငြာချက်တစ်စောင် အမြန်ဆုံးထုတ်ပြန်သွားမည်ဟု သိရ သည်။

အဆိုပါ သတင်းထောက် မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း မြန်မာဂျာနယ်လစ် ကွန်ရက်မှဦးဆောင်ပြီး သတင်းထောက် ၂၀၀ခန့်နှင့် လူမှုအဖွဲ့အစည်းများက ဇန်န၀ါရီ(၇)ရက် နံနက်(၉)နာရီမှ ၁၁နာရီခွဲအထိ မြို့တော်ခန်းမရှေ့မှ Eleven Media Groupရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

အောင်ကိုဦး
Mizzima - News in Burmese

အပြည့်အစုံသို့ »

မြစ်ကြီးနားတွင် KIA ကို ဆန္ဒထုတ်ဖော် ကန့်ကွက်


စစ်မြေပြင်တွင် တွေ့ရသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်သား နှစ်ဦး (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ကချင် လွတ်လပ်ရေး တပ်မတော်(KIA)က ဖမ်းဆီးထားသည့် ရှမ်း တိုင်းရင်းသား လူငယ်များ ပြန်လည် လွတ်မြောက်ရေးအတွက် ယနေ့ လမ်းလျှောက် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကို မြစ်ကြီးနားမြို့ရှိ ၀န်းသို ဘုန်းကြီးကျောင်းအတွင်း ပြောင်းရွှေ့ပြုလုပ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIA ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်း အဖွဲ့ရုံး ရှေ့တွင် ဆန္ဒဖော်ထုတ်ရန် မူလက စီစဉ်ထားခြင်း ဖြစ် သည်။

KIA ရုံးရှေ့သို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကို အစိုးရ အာဏာပိုင်များက ဆီးဂိမ်း ကျင်းပနေသော အချိန်တွင် တနိုင်ငံလုံး အရေးပေါ်ကာလ သတ်မှတ်ထားသည့် အတွက် ခွင့်မပြုကြောင်း တရားဝင် စာပို့ထား၍ အစီအစဉ်ပြောင်းရခြင်း ဖြစ်သည် ဟု ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့မှ နာယက ဦးစိုင်းသာဇုံ က ဧရာဝတီသို့ ပြောသည်။

“ဒါကြောင့် လမ်းမကြီး တလျှောက် ဆန္ဒဖော်ထုတ်ဖို့ မလုပ်တော့ဘူး၊ ၀န်သို ကျောင်းတိုက်ထဲမှာပဲ လူထုညီလာခံ ဟောပြောပွဲနဲ့ အစည်းအဝေး တရပ်ပြုလုပ် လိုက်တယ်”ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် အနှံ့ရှိ တခြားသော တိုင်းရင်းသားများကို KIA တပ်ဖွဲ့များက အဓမ္မ တပ်သားစုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း စသည့် လူအခွင့်အရေး ချိုးဖောက်ခြင်းတို့ကို ဆန့်ကျင်သည့် အနေဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း ဦးစိုင်းသာဇုံ က ဆက်ပြောသည်။

“ရသင့်ရထိုက် လုပ်သင့် လုပ်ထိုက်တဲ့ အခွင့်အရေးကို ဥပဒေ ဘောင်အတွင်းကနေ လုပ်တာပါ၊ ဥပဒေကို ဆန့်ကျင် ပြီးတော့မလုပ် ချင်လို့၊ ဥပေဒကိုဆန့်ကျင်ပြီး လုပ်တယ်ဆိုတာ ယဉ်ကျေးမှုမရှိတဲ့ လူတွေရဲ့ အလုပ်ဖြစ်တယ်လို့ ကျနော်တို့ခံယူထားတာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ မလုပ်လိုက်ပါဘူး၊ ဥပေဒေ ဘောင်အတွင်းကပဲ လုပ်လိုက်တာပါ”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ဆန္ဒဖော်ထုတ်သူများက ၎င်းတို့၏ ခံစားချက်များ အပါအ၀င် ဖမ်းဆီးထားသည့် လူငယ်များကို အမြန်ဆုံး ပြန်လွှတ်ပေးရေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကျောင်းဝင်းအတွင်း၌ပင် ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ် ပွဲသို့ တက်ရောက်လာသူဦးရေ ထောင်ချီ ရှိကြောင်း ဦးစိုင်းသာဇုံက ဆိုသည်။

“လူထုကို နှိပ်စက်နေတဲ့ KIA ရဲ့ အကြောင်းအရာတွေကို ရှုတ်ချတဲ့ပွဲကို တောင်းဆိုထားတဲ့ ကျနော်တို့ကို ခွင့်မပြုဘူးဆိုတော့ ကျနော် တို့ ရှမ်းလူမျိုးတွေရဲ့ ရင်ထဲမှာ ခံစားလိုက်ရတယ်”ဟုလည်း ၎င်းက ပြောသည်။

ဒီဇင်ဘာလဆန်း ၄ ရက်နေ့ မှ စတင်၍ ၁၆ ရက်နေ့အထိ ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မံဖွ နှင့် မန်ဝင်းလေ ကျေးရွာ အပါ အ၀င် ရွာပေါင်း ၁၄ ရွာမှ ဒေသခံလူ ၈၀ ခန့်ကို KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။ KIA တပ်ဖွဲ့ဝင်များက လူငယ်ဒေသခံများကို တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေစဉ် ဖမ်းဆီးခြင်း ဖြစ်ပြီး အသက် ၁၈ နှစ်အောက် လူငယ် အများဆုံး ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရရှိထားသည့် သတင်းများအရ KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသည့် ဒေသခံ ၃၂ ဦး မံစီမြို့နယ်သို့ ပြန်ရောက်နေပြီ ဖြစ် ကြောင်း၊ ပြန်လည် လွတ်မြောက်လာသူများ အနေနှင့် ပိုက်ဆံပေးဆောင်ရခြင်း ရှိမရှိ မသိရသေးကြောင်း ဦးစိုင်းသာဇုံက ပြော သည်။
“ကျနော်တို့ မတောင်းဆိုဘဲနဲ့ ပြန်လွှတ်ပေးခြင်း မရှိပါဘူး၊ တချို့ကလည်း ပိုက်ဆံ ၁၅ သိန်း ပေးခဲ့ရတယ်၊ တချို့မပေးခဲ့ရဘူးလို့ ကြားပါတယ်”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၉ ရက်နေ့က နိုင်ငံတော် အစိုးရနှင့် KIA ခေါင်းဆောင်များ ထံ ပေးပို့ထားသည့်စာတွင် KIA အဖွဲ့သည် ရှမ်းမျိုးနွယ်စုများအား လက်နက် အားကိုး အနိုင်ကျင့်မှုများ ရပ်တန်းက ရပ်ရန်နှင့် ဖမ်းဆီးခံ ရသူများကို ပြန်လွှတ်ပေးရန် တိုက်တွန်းထားသည်။ ဆက်လက်ကျူးလွန်သော အနိုင်ကျင့်မှုများကြောင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ကြီးထွားလာပါက အဓိက တရားခံသည် KIAအဖွဲ့သာ ဖြစ်သည်ဟုလည်း ၎င်းစာတွင် ပါရှိသည်။
ဧရာဝတီ သတင်း

အပြည့်အစုံသို့ »

တပ်သိမ်းမြေကိစ္စပြောရန် ကာချုပ်ကို တွေ့ခွင့်တောင်းသူ ရဲစခန်းတွင် ကိုးနာရီကြာ စစ်ဆေးခံရ


ထားဝယ်၊ ဒီဇင်ဘာ ၂၁

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထားဝယ် ခရီးစဉ်အတွင်း သဗြေချောင်း ကျေးရွာတွင် တပ်မတော် ဆေးကုသမှု အဖွဲ့နှင့်အတူ ဒေသခံများအား ဆေး ကုသမှု ပေးနေစဉ် တပ်သိမ်းမြေကိစ္စ ပြောရန် ကာချုပ်ကို တွေ့ခွင့်တောင်းရာ ထားဝယ်မြို့မ ရဲစခန်းတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကိုးနာရီခန့်ကြာ ခေါ်ယူ စစ်ဆေးခံခဲ့ရကြောင်း စစ်ဆေး ခံခဲ့ရသည့် သဗြေချောင်း ကျေးရွာမှ ဦးစိုးသိန်းက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ဆေးကုသမှု အဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် သဗြေချောင်းကျေးရွာ ငါးကျဲအင်း ကျောင်းတိုက်တွင် ဒေသခံ ပြည်သူများနှင့် တပ်မှ မိသားစုဝင်များအား အခမဲ့ ဆေးကုသမှု ပေးနေစဉ် တပ်မတော်အရာရှိ တစ်ဦးအား ကာချုပ်နှင့် တွေ့ခွင့်တောင်းရာ ခွင့်မပြုခဲ့ကြောင်း၊ ဝန်ကြီးချုပ်ထံ တင်ပြရန် ပြောဆိုခဲ့သော်လည်း သွားရောက် မပြောဖြစ်ခဲ့ဘဲ ဆေးကုသရန် ဆက်စောင့်နေရာမှ တပ်မတော် အရာရှိတစ်ဦးက ဝန်ကြီးချုပ်ထံသို့ လိုက်ပို့ပေးခဲ့ရာ ဝန်ကြီးချုပ်က မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စေလွှတ်ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံစဉ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရောက်ရှိလာကာ အကျိုးအကြောင်းကို မေးမြန်းပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ရဲစခန်းတွင် နံနက် ၁၀ နာရီကျော်ခန့်မှ ည ၇ နာရီအထိ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရကြောင်း ဦးစိုးသိန်းက ရှင်းပြသည်။

“ဆေးကုဖို့ စောင့်နေရင်းနဲ့ တပ်သိမ်းမြေကိစ္စ ပြောပြချင်တဲ့ စိတ်ကူးပေါက်လာလို့ ခွင့်တောင်းမိတာပါ။ ရဲစခန်းကနေ ည ၇ နာရီမှ ပြန်လွှတ်တယ်” ဟု ၎င်းကဆိုသည်။

ထားဝယ်မြို့မ ရဲစခန်းတွင် ကိုးနာရီခန့်အကြာ စစ်ဆေး မေးမြန်းခြင်းများ ခံခဲ့ရသော်လည်း အချိန်ကြာစေရန် တမင်တကာ စောင့်ဆိုင်း၍ စစ်ဆေးနေခြင်းမျိုး မဟုတ်ဘဲ ရဲတပ်ဖွဲ့ဝင်များမှာ အလုပ်များသည့်အတွက် အချိန်ကြာမြင့်နေခြင်းဟု ထင်မြင်မိကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ဆေးကုသမှု အဖွဲ့များနှင့် တာဝန်ရှိသူများက ဒေသခံ များအား ဆေးကုသမှု ပေးနေစဉ် ဆေးကုသနေမှု အနှောင့်အယှက် မဖြစ်စေရန် ထားဝယ်မြို့မ ရဲစခန်းသို့ ခေါ်ယူ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။
“စခန်းမှာ ထိန်းသိမ်းထားတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတော် အကြီးအကဲအတွက် အနှောင့်အယှက် မဖြစ်စေဖို့ စခန်းကိုခေါ်ပြီး စစ်ဆေး မေးမြန်းတာပါ” ဟု ၎င်းကရှင်းပြသည်။

တပ်မတော်မှ သိမ်းဆည်းခံ ထားရသောမြေနှင့် ပတ်သက်၍ မိမိပိုင် တစ်ခုတည်းအတွက် တောင်းဆိုခြင်း မဟုတ်ဘဲ မြေယာများ သိမ်းဆည်း ခံထားရသော ဒေသခံ ပြည်သူများ အတွက် တွေ့ဆုံခွင့် တောင်းခဲ့ခြင်း ဖြစ်ကြောင်း သဗြေချောင်းကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ စည်းရုံးရေးမှူး တစ်ဦးလည်း ဖြစ်သည်ဟုဆိုသူ ဦးစိုးသိန်းက ဆိုသည်။

ထားဝယ်မြို့နယ် ရဲစခန်းတွင် ကိုးနာရီခန့်အကြာ စစ်ဆေး ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ‘ပြောပြတဲ့သူကိုပဲ မေးပါ’ ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ရုံးဝန်ထမ်းတစ်ဦးမှ တစ်ဆင့် ပြန်လည် ဖြေကြားသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထားဝယ် ခရီးစဉ်အတွင်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရွှေတောင်စား စေတီလုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း အောင်ပွဲသို့ တက်ရောက်ခဲ့ပြီး ထားဝယ် ဘိုးဘွားရိပ်သာတွင် အလှူငွေများနှင့် ဆေးဝါးများ ပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် သဗြေချောင်း ကျေးရွာ ငါးကျဲအင်း ကျောင်းတိုက်တွင် ဆေးကုသမှု အဖွဲ့နှင့်အတူ ဒေသခံ ပြည်သူများအား အခမဲ့ ဆေးကုပေးခြင်းနှင့် ဆေးဝါးများ လှူဒါန်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့ မြောက်ရွာရပ်တွင် ထားဝယ် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွှေတောင်စားစေတီ ထီးတော် တင်လှူပွဲတွင်လည်း လာရောက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ထားဝယ် ခရီးစဉ်တွင်လည်း လယ်သမားများ လယ်သိမ်းခံရမှု ဆန္ဒဖော်ထုတ် ပြောဆိုခွင့် ပိတ်ပင်ခံခဲ့ရသည်။

(Dawei Watch)

အပြည့်အစုံသို့ »

နွားကျောင်းသားများ ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့ နယ်အတွင်းရှိ ရွှေလင်းချောင်း နွားစားကျက်မြေနှင့် မိုးကုတ် စားကျက်မြေ အတွင်း နွားဝင်ကျောင်းသော လူငယ်၇ဦးအား ထောင်ဒဏ် ချမှတ်ခံရခြင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် ဆန္ဒဖော်ထုတ် မည် ဖြစ်ကြောင်း ဦးဆောင်သူ ဦးဝင်းမြင့်က ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ညောင်တုန်းမြို့ နယ် တရားရုံးမှ နွားကျာင်းသား ၇ဦးကို ပိုင်နက်ကျူးလွန်မှု၊ သီးနှံဖျက်ဆီးမှု တို့ဖြင့် ထောင်ဒဏ် ၃လစီ ချမှတ်ခဲ့ခြင်းအား ဆန့်ကျင်ကန့် ကွက်ပြီး ပြန်လည်ပြင်ဆင်ပေးရန်အတွက် ခရိုင်တရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားမည်ဖြစ်ပြီး ပြန် လည်မပြင်ဆင်ပေးပါက သံဃာအပါး၁၀၀ကျော်အပါအ၀င် ကျေးရွာ၁၁ ရွာမှ ဒေသခံနှစ်ထောင်ကျော်စုပေါင်း ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လွတ်လွတ်လပ်လပ် နွားကျောင်းဖို့ အထက်ကလည်း ခွင့်ပြု ပေးထားပြီးပြီ။ သက်သက်လုပ်ကြံပြီးတော့ ကလေးတွေကို ထောင်ထဲပို့  လိုက် တာ။ အမိန့်ကို ပြန်လည်ပြင်ဆင်နိုင်ဖို့ သက်ဆိုင်ရာဌာနအဆင့်ဆင့်ကို စာတွေပို့ပြီး တောင်းဆိုသွား မှာပါ။ မရရင် တော့ ဆန္ဒဖော်ထုတ်မှာပါ ”ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ရွှေလင်းချောင်းစားကျက်မြေအတွင်း နွားကျောင်းနေသော နွားကျာင်းသား၎ ဦးနှင့် မိုးကုတ်စားကျက်မြေအတွင်း နွား ၀င်ကျောင်းသော နွား ကျောင်းသား ၃ဦးအား ပဲစိုက်ခင်း အတွင်း နွားများဝင်ရောက်စားသည်ဟုဆိုကာ ဦးသန်းမင်းစိုးနှင့် ဦးစိန်ညွန့်တို့မှ ပိုင်နက်ကျူးလွန်မှု၊ သီးနှံဖျက်ဆီးမှု တို့ဖြင့် ညောင်တုန်းရဲစခန်းသို့  ပြီးခဲ့သည့် ဇန်န၀ါရီ (၂)ရက်နေ့တွင် တိုင်ကြား အမှုဖွင့်ခဲ့သည်။

“ခုဆိုရင် ဒီအမှုကို ရင်ဆိုင်နေရတာ တစ်နှစ်ပြည့်တော့မယ်။ ပိုက်ဆံတွေလည်းကုန်တယ်။ ဒီကလေးနှစ်ယောက်က ဆင်းရဲတော့ စားဝတ် နေရေးအတွက်ကတော့ ကိုယ်ဟာကိုယ်ပဲ ရှာစားရတော့မယ် ကျွန်တော်ခလေးတွေကို ထောင်ချလိုက်တာ ဘယ်လိုမှကိုနားမလည်နိုင်ဘူး ”ဟု ကြက်လျှာကုန်း ကျေးရွာမှ ထောင်ကျသူနှစ်ဦး၏ဖခင်ဖြစ်သူ ဦးထွန်းလှက ပြောကြားသည်။

ရွှေလင်းချောင်းစားကျက်မြေသည် ၂၀၁၂နှစ် ၁၀လပိုင်းက မြို့ နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ရာအိမ်မှူးဦးတင်ဝင်းမှ မည်သူမဆို လွတ်လပ်စွာ နွားကျောင်းပိုင်ခွင့် ရှိကြောင်း ကြေငြာထားသည့် စားကျက်မြေဖြစ်ဖြစ်ပြီး မိုးကုတ်စားကျက်မြေသည် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လွတ်လပ်စွာ နွားကျောင်းခွင့် ပေးထားသော စားကျက်မြေ ဖြစ်သည်။

“ပြည်သူလူထုဆိုတဲ့အတိုင်း အထက်ကလူတွေက ထုတာကိုပဲ ခံနေရမှာလားဗျာ။ လူထုတွေကလည်း ထုလွန်းလို့ မာနေပါပြီ။ အဖြစ်မှန်တိုင်းပေါ်ဖို့တော့ လုပ်ဆောင်သွားမှာပါ”ဟု ဦးဆောင်သူ ဦးဝင်းမြင့်က ပြောကြားသည်။

ရွှေလင်းချောင်း စားကျက်မြေသည် ညောင်တုန်းမြို့နယ် မြေစာရင်း၏ ထုတ်ပြန်ချက်အရ ၁၉၈ဧက ကျယ်ဝန်းပြီး ကြောင်လျှာကုန်းကျေးရွာ၊ ညောင်ပင်စု ကျေးရွာ၊ သခွပ်ချောင်းကျေးရွာ၊ ၀ါးတောကျေးရွာ၊ သဲကုန်းကျေးရွာ၊ ပေါက်တောကျေးရွာနှင့် ကျွဲကျောင်းကျေးရွာတို့မှ ကျွဲနွားများ စားသုံးနေသော စားကျက်မြေဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စည်သူဖြိုး

People power

အပြည့်အစုံသို့ »

ပြည်သူနှင့် လွှတ်တော်အား အစိုးရ တောင့်ခံနိုင်ပါ့မလား


အများပြည်သူသို့ အချိန်လုံလောက်စွာ ကြိုတင်အသိပေးခြင်း၊ ရှင်းလင်းပြခြင်း၊ ပြည်သူ့ဆန္ဒအား မေးမြန်းလေ့လာခြင်း၊ လွှတ်တော်သို့ တင်ပြခြင်း မရှိဘဲ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အောက်တိုဘာ ၂၉ ရက်တွင် မီတာခများအား ရုတ်တရက်တိုး မြှင့်လိုက်သည်။
တိုးမြှင့်ပြီး နောက်တွင်လည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်က ''ဒီဈေးနှုန်းက အခြေခံ ပြည်သူလူထုအတွက် ထိခိုက်မှု မဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ၉၉ ရာခိုင်နှုန်းကျော်ဟာ ဒီတိုးမြှင့်လိုက်တဲ့ ဓာတ်အားခအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ အဓိက ထိခိုက်မှာက ၀ ဒသမ ၃၉ ရာခိုင်နှုန်း ရှိတဲ့ စက်မှုလုပ်ငန်းရှင်၊ စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ နီးပါး လောက်ကိုပဲ ထိခိုက်မှာပါ'' ဟူ၍လည်းကောင်း၊ ''မီးမရတဲ့ ပြည်သူ ၇၀ ရာခိုင်နှုန်းကို မီးပေးဖို့ ကုန်ကျစရိတ်လိုတယ်။ မီတာခတက်လို့ ဆန္ဒပြမယ်ဆိုတဲ့ လူတွေကို မေးချင်တာက သူတို့ဘယ်သူ့ကို ကိုယ်စားပြုပြီး ဆန္ဒပြတာလဲ ဆိုတာပဲ'' ဟူ၍လည်းကောင်း ပြည်သူမခံ မရပ်နိုင်မည့် စကားအချို့ကို ထပ်မံပြောကြား ခဲ့ပြန်သည်။
လျှပ်စစ်ဓာတ်အားခကို အိမ်သုံးဆိုပါက ၁၀၀ ယူနစ်အထိ သုံးသူများ တစ်ယူနစ် ၃၅ ကျပ်၊ ၁၀၁ ယူနစ် အထက်သုံးသူများ တစ်ယူနစ် ၅၀ ကျပ်၊ စီးပွားရေး လုပ်ငန်းများအား ယူနစ် ၅၀၀၀ အထိ သုံးစွဲသူများအား တစ်ယူနစ် ၁၀၀ ကျပ်၊ ယူနစ် ၅၀၀၁ အထက် သုံးစွဲသူများအား တစ်ယူနစ် ၁၅၀ ကျပ်အထိ တိုးမြှင့်လိုက်သည်။
ထိုသို့တိုးမြှင့် လိုက်သည့်အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အသေးစား အလတ်စား လုပ်ငန်းများ ထိခိုက်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ကာ ကျပ်တည်းနေသည့် ပြည်သူအပေါ်ပို၍ ၀န်ပိစေခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းသို့သက်ရောက်ခြင်း မရှိစေရန် လျှပ်စစ်ဓာတ်အားခ ပြန်လည်လျှော့ချရေးအတွက် ဆန္ဒပြမှုများကိုလည်း ဆက်တိုက်ပြုလုပ် လာခဲ့သည်။
နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် လျှပ်စစ်ဓာတ်အားခ ပြန်လည်လျော့ချပေးရေး အတွက်ရန်ကုန်မြို့တွင် လူထုဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ် လာခြင်းဖြစ်ပြီး လျော့ချပေးမှု မပြုမခြင်း ပြည်သူများဆန္ဒအရ ဆက်လက် ဆန္ဒပြသွားကြမည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ညနေတွင်လည်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ထပ်မံဆန္ဒဖော်ထုတ် သွားကြဦးမည်ဟု ဆန္ဒပြနေသူများက ဆိုသည်။
လက်ရှိ ဆန္ဒပြရသည့် အကြောင်းရင်းများမှာ ပြည်သူများ အနေဖြင့် နေမှုစားမှု စရိတ်များ မြင့်တက်ပြီး နေ့စဉ်ဝင်ငွေနှင့် မမျှခြင်းကြောင့် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ တိုးမြှင့်ခြင်းဖြစ်ရာ နောက်ထပ်ကုန်ဈေးနှုန်း ထပ်မံကြီးမြင့်မည့် ဒဏ်ကိုပါထပ်မံ ခံစားရနိုင်ခြင်း၊ လစာနည်းပါးသည့် အစိုးရ၀န်ထမ်းများ၊ တပ်မတော်သားများ သည်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ပိုမိုခံစားရနိုင်ခြင်း၊ ဒီမိုကရေစီ အစိုးရဖြစ်သော်လည်းအများ ပြည်သူဆန္ဒအပေါ် လေးစားမှုမရှိခြင်း၊ အများပြည်သူဆန္ဒနှင့် ဆန္ဒဖော်ထုတ်မှုအပေါ် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်မှ လက်လွတ်စပယ် စကားများ ပြောကြားခဲ့ခြင်းတို့အပေါ် အခြေခံ၍ လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချပေးရေး ဆန္ဒပြခြင်းဟု ဆန္ဒပြသူများက ပြောကြားသည်။
နေ့စဉ်ဝင်ငွေနှင့် မမျှခြင်းကြောင့် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ တိုးမြှင့်ခြင်းဖြစ်ရာ နောက်ထပ်ကုန်ဈေးနှုန်း ထပ်မံကြီးမြင့်မည့် ဒဏ်ကိုပါထပ်မံ ခံစားရနိုင်ခြင်း၊ လစာနည်းပါးသည့် အစိုးရ၀န်ထမ်းများ၊ တပ်မတော်သားများ သည်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ပိုမိုခံစားရနိုင်ခြင်း၊ ဒီမိုကရေစီ အစိုးရဖြစ်သော်လည်း အများ ပြည်သူဆန္ဒအပေါ် လေးစားမှုမရှိခြင်း၊ အများပြည်သူဆန္ဒနှင့် ဆန္ဒဖော်ထုတ်မှုအပေါ် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်မှ လက်လွတ်စပယ် စကားများ ပြောကြားခဲ့ခြင်းတို့အပေါ်...
နိုဝင်ဘာ ၇ ရက်ညက ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ ရုံးရှေ့အထိ ဆန္ဒပြရာတွင်လည်း လမ်းတစ်လျှောက် နေထိုင်သူ အများပြည်သူတို့အား ဆန္ဒပြသူများမှ ဓာတ်အားခ လျော့ချရေးအတွက် မိမိတို့ ဆန္ဒပြမှုမှာ ဦးအောင်ခိုင် ပြောသကဲ့သို့ ဟုတ် မဟုတ်၊ အများပြည်သူများ၏ ဆန္ဒအတိုင်း ဟုတ်မဟုတ် မေးမြန်းခဲ့ကြရာ လာရောက်ကြည့်ရှုသည့် လမ်းတစ်လျှောက်နေထိုင်သူ ပြည်သူများမှ ဦးအောင်ခိုင် ပြောသကဲ့သို့ မဟုတ်ဘဲ ပြည်သူကိုယ်စားပြုကြောင်း၊ မီတာခ ပြန်လည် လျော့ချရေး ဆန္ဒမှာလည်း ပြည်သူတို့၏ ဆန္ဒဟုတ်မဟုတ် မေးမြန်းရာ ဟုတ်မှန်ကြောင်း ဆန္ဒပြသူများ ဘက်မှသာ ထောက်ခံပြောကြား ခဲ့ကြသည်။
ယခုအခါ ဓာတ်အားခ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်သူတို့၏ ဆန္ဒဖော်ထုတ် နေမှုများအပြင် လွှတ်တော်သည်လည်း ထပ်မံပါဝင်လာပြီဖြစ်ပြီး အရေးကြီးအဆို တစ်ရပ်ကို တင်သွင်းကာ လွှတ်တော်၏ အတည်ပြုချက်ရယူ လုပ်ဆောင်သွားတော့မည် ဖြစ်သည်။
လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထုဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်(ယနေ့) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။
နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြန်လည် လျော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက် ရှိပါက သီးခြားအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန်လိုကြောင်း'' ဟု ပြောကြားသည်။
၎င်းအရေးကြီး အဆိုအား မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံတာ တွေအပေါ် ပြည်သူလူထု ရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါ တယ်။ လက်ရှိသတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည်လျှော့ချပေးဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
လွှတ်တော်သို့ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု အစိုးရ အဖွဲ့အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာ ဘီလျံများစွာ၊ သတ္တုတွင်းထွက်များမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိပြီး စာရင်းပေါ်တွင် ချမ်းသာနေသည့် မြန်မာနိုင်ငံ၌ အစိုးရသစ် သက်တမ်းအထိပင် အများပြည်သူ ချောင်လည်ခြင်း၊ စီးပွားရေး လုပ်ငန်းအများစု ထိုးတက်ခြင်းမရှိဘဲ လုပ်ပိုင်ခွင့်ရ လူတချို့သာ ထိုးတက်ပြီးရင်း ထိုးတက်နေခဲ့သည်။
အများပြည်သူ နေမှုစားမှု စရိတ်နှင့် ၀င်ငွေမမျှတ၍ ခက်ခဲကျပ်တည်းနေသည့် အချိန်တွင် အခွင့်အရေးပေါင်း များစွာဖြင့် ကြီးပွားပြီးရင်း ကြီးပွားနေသည့် ခရိုနီများလက်သို့ ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးပြီးချိန်မှ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားခကို ရုတ်တရက် တိုးမြှင့်လိုက်ခြင်း အတွက်ယခုအခါ ပြည်သူအပြင် လွှတ်တော်ပါ ပါဝင်လာပြီ ဖြစ်သည်။
အများဆန္ဒကို အလေးထားရသည့် ဒီမိုကရေစီ အစိုးရဟုခေါ်သော လက်ရှိအစိုးရ အနေဖြင့် ဓာတ်အားခ ပြန်လည်လျော့ချမှု မပြုမချင်း ဆက်တိုက်ဆန္ဒ ဖော်ထုတ်သွားမည့် ပြည်သူတို့၏ ဆန္ဒအင်အားအပြင် လွှတ်တော်၏ အားကိုပါ ရင်ဆိုင်ရတော့မည်ဟု ဆိုရမည်သာဖြစ်သည်။
ဆက်လက်တောင့်ခံခြင်း သို့တည်းမဟုတ် လိုက်လျောခြင်းမှာ အစိုးရ၏ အများပြည်သူနှင့် လွှတ်တော်အပေါ် ထားရှိသော သဘောဆန္ဒသာ ဖြစ်ပါတော့မည်။
မာန်သူရှိန်
Eleven Media Group

အပြည့်အစုံသို့ »

လျှပ်စစ်မီတာခ လျော့ကျစေရေး ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွား


လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သူများကို တွေ့ရစဉ်
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအ၀င် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများသည် "နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများကို ကယ်တင်ပါ"၊"မီတာခ တိုးမြှင့်ကောက်ခံခြင်း လုပ်ရပ် ချက်ချင်းရပ်"၊ ကုန်ဈေးနှုန်း ကျဆင်းရေး မီတာခတွေ လျှော့ချပေး"၊ မီတာခတွေတက်လို့ တိုင်းပြည် မတိုးတက် လူထုတွေသာ ဘ၀တွေပျက်မယ်"၊ မီတာခတက်ရင် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်မယ်"၊ ပြည်သူတွေရဲ့ဘ၀ ဒီထက်ပိုပျက်မယ်"စသည့် စာတမ်းများ ရေးထားသော စာရွက်များကို လည်ပင်းတွင် ချိတ်ဆွဲကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒပြစတင်မှု မကြာခင်တွင် ပန်းဘဲတန်း မြို့မရဲစခန်းမှ ရဲအုပ်အေးမြင့်နိုင်က လာရောက်ပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြနေပါက ဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ်ကြောင်း လာရောက် ပြောကြားသည်။

"ကျွန်တော်တို့ ပုဒ်မ ၁၈ ကို အယုံအကြည် မရှိတဲ့အတွက် ခွင့်ပြုချက်ကို မတင်တာပါ။ ကျွန်တော်တို့ဟာ မီတာခတက်လို့ ပြည်သူတွေ ခံစားရမယ့် ဒုက္ခတွေအတွက် ပြည်သူတွေရဲ့ကိုယ်စား အခုလို ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ အရေးယူမယ်ဆိုရင်လည်း ရင်ဆိုင်သွားဖို့ အသင့်ပါပဲ"ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က ပြောကြားသည်။


လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သူများကို တွေ့ရစဉ်

နိုဝင်ဘာ ၁ ရက်မှ စတင်၍ ပြင်ဆင်လိုက်သည့် ဓာတ်အားခ ဈေးနှုန်းများမှာ အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိ ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် အထက်သုံးသူများ တစ်ယူနစ် ကျပ် ၅၀ ဖြစ် ပြီး အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ် ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ကျပ် ၅၀၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား လူထုအကြား ဝေဖန်မှုများ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။

အဆိုပါကဲ့သို့ ဆန္ဒပြခဲ့သည့် နေရာအနီးတစ်ဝိုက်နှင့် ထပ်မံဆန္ဒပြမည်ဟု သတင်းထွက်ပေါ်နေသည့် နေရာအချို့တွင် သက်ဆိုင်ရာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အသင့်လုံခြုံရေး ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မဟာဗန္ဓုလ ပန်းခြံရှေ့၌ Generation Youth အဖွဲ့မှ လူအင်အား ၆၀ ခန့်မှလည်း မီတာခများ လျှော့ချရေးအတွက် ဖယောင်းတိုင်များကို ကိုင်ဆောင်ပြီး မဟာဗန္ဓုလလမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဆူးလေဘုရားလမ်းတစ်လျှောက် လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြရာတွင်"လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံမှု ချက်ချင်းရပ်၊ ပြည်သူကို ဆင်းရဲတွင်းနက်စေမည့် လုပ်ရပ် ချက်ချင်းရပ်၊ ဒီမိုကရေစီ အစိုးရဆိုလျှင် ပြည်သူ့ဆန္ဒကို လေးစားပါ" အစရှိသည့် ဆိုင်းဘုတ်များ ကိုကိုင်ဆောင်ကာ ကြွေးကြော်စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်သူတစ်ဦးက"ဆန္ဒထုတ်ဖော်ရတာက မီတာခတွေ တက်တာကို ပြည်သူလူထုကို အသိမပေးဘဲနဲ့ တိုးမြှင့်ကောက်ခံတဲ့အတွက် ပြည်သူတွေကိုယ်စား ကျွန်တော်တို့က ဆန္ဒ ထုတ်ဖော်ရတာပါ။ လျှပ်စစ်မီတာခတွေ တိုးမြှင့်တာဟာ ပြည်သူတစ်ရပ်လုံး ကြုံတွေ့ရမယ့် ပြဿနာဖြစ်ပါတယ်"ဟု ဆိုသည်။

အလားတူ Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က"မီတာခတွေကို တိုးမြှင့် ကောက်ခံလိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါကြောင့် မီတာခကို မူလအတိုင်း ကောက်ခံဖို့အတွက် ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားရပါမယ်။ ခုလိုမျိုး မီတာခတွေ တိုးကောက်လိုက်တဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုပြီး ပြောနေပေမယ့် တကယ်တမ်းတော့ ပြည်သူလူထုကို ဆင်းရဲတွင်း ပိုနက်လာစေတဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်"ဟု ပြောကြားသည်။

ယင်းဆန္ဒထုတ်ရာတွင် ပါဝင်ခဲ့သည့် ဦးဆောင်သူ တစ်ဦးဖြစ်သူ Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်နှင့် M.D.C.S အဖွဲ့မှ ကိုဇေယျာလင်း၊ ကိုနောင်နောင်၊ ကိုတင်မောင်ကြည်၊ ကိုသိန်းအောင်မြင့်တို့အား ကျောက်တံတား မြို့မရဲစခန်းမှ ည ၈ နာရီခန့်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်နေသည်ကို လာရောက် ကြည့်ရှုသည့် ကျောက်တံတားမြို့နယ်မှ ပြည်သူတစ်ဦးက"လျှပ်စစ်မီတာခတွေကို ပြည်သူတွေကို အသိမပေးဘဲ တိုးမြှင့် ကောက်ခံတာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ခုလိုမျိုး ဆန္ဒထုတ်ဖော်တာကို ကြိုဆိုပါတယ်" ဟု ဆိုသည်။ ယင်းဆန္ဒ ထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ကျောက်တံတား မြို့မရဲစခန်းမှူးက"ခွင့်ပြုချက်မရှိပါဘူး။ ဒီဆန္ဒထုတ်ဖော်မှုကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ"ဟု ပြောကြားသည်။
Eleven Media Group

အပြည့်အစုံသို့ »

လိုင်ဇာလမ်းလျှောက်အဖွဲ့ကို နှစ်နာရီသာ လျှောက်ခွင့်ပြုပြီး ကျန်အချိန်ကို ယာဉ်နှင့်သွားခွင့်ပြု


တောင်ငူ၊ သြဂုတ် ၁၄

ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် တောင်သူများကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက သြဂုတ်လ ၁၂ ရက်နေ့တွင် တောင်ငူမြို့နယ်တွင်း ၂ နာရီသာ လမ်းလျှောက်ခွင့်ပြုပြီး ကျန်အချိန်များတွင် ယာဉ်နှင့်သာ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း လက်မှတ်ထိုးပြီး ခွင့်ပြုချက်ပေးခဲ့ကြောင်း လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြား သည်။

တောင်ငူခရိုင်အတွင်း တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းအချို့က အကြောင်းအမျိုးမျိုးဖြင့် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် တောင်သူများကို တရားစွဲဆိုမှုများ ပြန်လည် ရုပ်သိမ်းပေးရန်အတွက် လိုင်ဇာသို့ လမ်းလျှောက်ရန် မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများကို တရားဝင် တင်ပြပြီး ဖြစ်သော်လည်း သြဂုတ်လ ၇ ရက်နေ့တွင် လမ်းလျှောက်ခွင့် ချီတက်ခွင့် ပယ်ချခံရပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ခွင့်ပြုချက် ထပ်မံတင်ပြရာတွင် ငြင်းပယ်ခဲ့ရာမှ ၂ နာရီသာ ခွင့်ပြုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လမ်းလျှောက် ချီတက်ခွင့်၊ စုဝေးခွင့်ဆိုင်ရာ ဥပဒေ နည်းဥပဒေများအရ တရားဝင် လျှောက်ထားလို့ သြဂုတ်လ ၁၂ ရက်နေ့က တစ်နာရီ စုဝေးခွင့်နဲ့ နှစ်နာရီ လမ်းလျှောက်ခွင့် ပေးခဲ့ပါတယ်” ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးဇော်မင်းက ရှင်းပြသည်။

တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်မှ လယ်သိမ်းခံတောင်သူ ၁၄ ဦး၊ သံဃာတစ်ပါး အပါအဝင် လယ်ယာမြေ အကျိုးတော်ဆောင်တစ်ဦး စုစုပေါင်း ၁၆ ဦးသည် သိမ်းဆည်းခံ လယ်ယာမြေများ ပြန် လည် ရရှိရန်၊ တရားစွဲဆို ခံထားရသူ တောင်သူများကို တရားစွဲဆိုခြင်းမှ ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုသည့်အနေနှင့် တောင်ငူမြို့မှ ၆၆၅ မိုင်ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သြဂုတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် တောင်ငူမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း မင်းကြီးညို ရုပ်တု ရင်ပြင်ရှေ့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

တောင်ငူခရိုင်အတွင်း တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များက သိမ်းဆည်းထားသော လယ်ယာမြေဧက ၁၀၀၀ ကျော်ရှိပြီး ယခုနှစ် ဇွန်လတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဒေသခံတောင်သူ အယောက် ၆၀ ကျော်ကို နယ်မြေကျော်နင်းမှု အပါအဝင် ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရားစွဲဆိုခံထားရကြောင်း တောင်ငူမြို့နယ် မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်သိမ်းခံ တောင်သူ ဦးပွေးက ပြောကြားသည်။

အဆိုပါ လမ်းလျှောက်အဖွဲ့သည် ကချင်ပြည်နယ် လိုင်ဇာမှ ပြန်လည် ရောက်ရှိလာပါက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ သိမ်းဆည်းခံ လယ်ယာမြေများပိုင်ရှင် တောင်သူများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း တောင်သူအကျိုးဆောင် ဦးခင်ဇော်က ရှင်းပြသည်။

ယခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ရန်ကုန်နှင့် မုံရွာမြို့တို့မှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ အဖွဲ့နှစ်ဖွဲ့သည် ရန်ကုန်နှင့် မုံရွာမြို့များမှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြသည်။
The Voice Weekly

အပြည့်အစုံသို့ »