Showing posts sorted by relevance for query ရန်ကုန်. Sort by date Show all posts
Showing posts sorted by relevance for query ရန်ကုန်. Sort by date Show all posts

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရန် ဂျပန်ချေးငွေ ယန်းဘီလျံ ၂၀ ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင်ပြီးစီးရန် မျှော်မှန်း


ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ ရထားပို့ဆောင်ရေးဝန်ကြီး ဦးသန်းဌေးက ဇန်န၀ါရီ ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားစဉ်

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရန်အတွက် ဂျပန် (JICA) ချေးငွေ ယန်းဘီလျံ ၂၀ ဒသမ ၀ ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဇန်န၀ါရီ ၂၈ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး လမ်းပိုင်းအား ရန်ကုန်-တောင်ငူလမ်းပိုင်း၊ တောင်ငူ-ရမည်းသင်းလမ်းပိုင်းနှင့် ရမည်းသင်း-မန္တလေးလမ်းပိုင်း စသည်ဖြင့် အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

“လုပ်ငန်းလုပ်မယ့် နေရာတွေကို ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေ လာရောက်စစ်ဆေးမှုတွေ စတင်နေပါပြီ။ ရထားလမ်းပိုင်းကိုတော့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ၊ အောက်တိုဘာကစပြီး ဆောင်ရွက်မှာပါ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ လေးနှစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စီမံကိန်းပြီးစီးမှု အခြေအနေကို တင်ပြခြင်းကို ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အထိ နှစ်နှစ်ကိုတော့ စောင့်ကြည့်ကာလအဖြစ် သတ်မှတ်ထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

ရန်ကုန်-မန္တလေးလမ်းပိုင်းအား ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ပြီးစီးရန် လျာထားကြောင်း၊ ရထားလမ်းတစ်လျှောက် တာပေါင်များနှင့် မြေကြီးမွမ်းမံခြင်း၊ ရထားသံလမ်းများ အသစ်လဲလှယ်ခြင်း၊ တံတားအဆင့်မြှင့်တင်ရန်နှင့် လိုအပ်သည့် တံတားအသစ်များ တည်ဆောက်ခြင်း၊ ရထားလမ်းတစ်လျှောက် ခြံစည်းရိုး၊ ရထားကားလမ်းကူးများ တည်ဆောက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခေတ်မီအချက်ပြ စနစ်များ၊ စက်ခေါင်းတွဲများ အဆင့်မြှင့်တင်ခြင်း၊ ရထားတွဲဆိုင်းသစ်များ အစားထိုးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက ခေတ်မီရထားတွဲ ဆိုင်းသစ်များဖြင့် ခရီးသည်အမြန်ရထားများသည် အမြန်နှုန်း တစ်နာရီကီလိုမီတာ ၁၀၀ (၆၂ ဒသမ ၅ မိုင်)အထိ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးလမ်းပိုင်းသည် ၃၈၅ ဒသမ ၅ မိုင်ရှိပြီး တစ်နာရီ ၄၃ မိုင် ခွင့်ပြုထားသော်လည်း လက်ရှိတွင် ၂၅ မိုင်နှုန်းသာ မောင်းနှင်နိုင်ကာ ၁၅ နာရီကျော် ကြာမြင့်နေကြောင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းသည် ၃၄၂ ဒသမ ၇၅ မိုင်ရှည်လျားပြီး တစ်နာရီတွင် ၁၉ မိုင်ခန့်သာ မောင်းနှင်နိုင်သည့်အတွက် ရှစ်နာရီကျော် မောင်းနှင်နေရကြောင်း သိရသည်။

JICA ချေးငွေဖြင့် ပြုပြင်မွမ်းမံမည့် ရန်ကုန်-မန္တလေး လမ်းပိုင်းအတွက် ချေးယူထားသည့် ယန်းဘီလျံ ၂၀ အား အတိုးနှုန်းအဖြစ် ၀ ဒသမ ၀၁ ရာခိုင်နှုန်းသာ ပေးရမည်ဖြစ်ပြီး ပြန်ဆပ်ကာလအဖြစ် နှစ် ၄၀ (ဆိုင်းငံ့ကာလ ၁၀ နှစ်)ဖြစ်ကြောင်း သိရသည်။

ပထမဦးစားပေးအဖြစ် သတ်မှတ်ထားသည့် ရန်ကုန်-တောင်ငူလမ်းပိုင်းသည် ရန်ကုန်-ပဲခူး ၄၆ ဒသမ ၅ မိုင်၊ ပဲခူး-ပြွန်တန်ဆာ ၄၁ မိုင်၊ ပြွန်တန်ဆာ-တောင်ငူ ၇၈ ဒသမ ၃ မိုင် ရှည်လျားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ရထားလမ်း၏ လက်ရှိခံနိုင်ဝန် ၁၇ တန်အား အိမ်နီးချင်းနိုင်ငံများကဲ့သို့ တန် ၂၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်း၊ တံတား၏အမြင့်နှင့် အကျယ်ကို ကိုးပေခြောက်လက်မအမြင့်ရှိ ကုန်သေတ္တာများ သယ်ဆောင်နိုင်သည်အထိ ပြောင်းလဲရန်၊ ရန်ကုန်နှင့် တောင်ငူကြားရှိ အဓိကကျသည့် ဘူတာကိုးခုတွင် Computerized Interlocking System တပ်ဆင်မည်ဖြစ်ကြောင်း၊ ရန်ကုန်ဘူတာကြီးတွင် ရထားပြေးဆွဲမှု ဗဟိုထိန်းချုပ်ရေးစနစ် တပ်ဆင်ပြီး ရန်ကုန်-တောင်ငူလမ်းပိုင်းရှိ ရထားများပြေးဆွဲမှုကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘူတာရုံနှင့် စက်ခေါင်းမောင်းများ ဆက်သွယ်သည့်စနစ်များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ ပြုပြင်မွမ်းမံမှု အားနည်းခြင်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအတွင်း အဂတိလိုက်စားမှုတို့ကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အရည်အသွေးမှာ ပိုမိုကျဆင်းခဲ့ကြောင်း သိရသည်။

eleven media group
အပြည့်အစုံသို့ »

တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြန်ခံစားနိုင်ဖို့ ဆိုရင်

၂၀၁၂ ဇူလိုင်လ အတွင်းကတွေ့ရသည့် တံခါးပိတ်ထားဆဲ ရန်ကုန် တက္ကသိုလ် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

အထက်တန်း စာမေးပွဲ အောင်မြင်လို့  တက္ကသိုလ် တက်ရတဲ့ အချိန်ဟာ ကျမတို့ အားလုံး မျှော်လင့် စောင့်စားခဲ့ကြတဲ့ အချိန်ပါပဲ။ တက္ကသိုလ်နဲ့ ပတ်သက်တဲ့ သီချင်းတွေကို နားထောင်၊ တက္ကသိုလ် ကျောင်းသားဘ၀ကို ရေးဖွဲ့ထားတဲ့ ၀တ္ထုတွေကို ဖတ်ပြီး စိတ်ကူးထဲက တက္ကသိုလ်ကို ပုံဖော်ကြည့် မိခဲ့ကြမှာပါ။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူတွေဟာ ပင်ပန်းခြင်းကြီးစွာနဲ့ တက္ကသိုလ်ရဲ့  နေ့ရက်တွေ ဖြတ်သန်းနေ ကြရတာကို စိတ်မကောင်းစရာ တွေ့မြင်နေရပါတယ်။

ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် ဆိုတာ မြန်မာနိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်ကြီး နှစ်ခုပါပဲ။ ရန်ကုန် တက္ကသိုလ်ကနေ ကိုအောင်ဆန်းလို ကျောင်းသား ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင် ခဲ့ပါတယ်။ မန္တလေး တက္ကသိုလ်ကနေ စာပေပညာရှင်တွေ၊ သမိုင်းပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အဓိပတိလမ်း၊ ဦးချစ် လက်ဖက်ရည်ဆိုင်၊ အင်းလျားကန်၊ တောင်ပိန္နဲပင် တို့ဟာ ရန်ကုန် တက္ကသိုလ်အကြောင်း ပြောရင် မပါမဖြစ် ဇာတ်ကောင်တွေပါပဲ။ မန္တလေး တက္ကသိုလ်အကြောင်း ပြောရင် တမာ၊ ထနောင်း၊ ရေနီမြောင်း၊ ရာဇတ်ဟောလ်၊ ယူနီစံ လက်ဖက်ရည်ဆိုင်တွေက မပါမဖြစ် ဇာတ်ကောင်တွေပါပဲ။
တက္ကသိုလ်တွေကို ဝေးလံတဲ့ မြို့ပြင်အရပ်တွေမှာ မတည်ထောင်ခင် အထိ ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် တွေမှာ တက်ရောက် ပညာသင်ယူ နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ တက္ကသိုလ် အငွေ့အသက် University Atmosphere ကို အပြည့်အ၀ ရခဲ့ကြပါတယ်။ ကျမက ၁၉၉၄ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ အထိ မန္တလေး တက္ကသိုလ်မှာ ရူပဗေဒ ဘာသာရပ် အထူးပြု နေ့ကျောင်းသူ အနေနဲ့ ပညာသင်ခဲ့တာပါ။

အဲ့ဒီ အချိန်တုန်းက မန္တလေး တက္ကသိုလ်ဟာ မန္တလေး၊ မတ္တရာ၊ အမရပူရ၊ စစ်ကိုင်း၊ စဥ့်ကူး၊ စဥ့်ကိုင်၊ ပင်လယ်ဘူး၊ ခင်ဦး စတဲ့ မြို့တွေက ကျောင်းလာတက်ကြတဲ့ သူတွေနဲ့ အရမ်း စည်ကားပါတယ်။ ဝေးလံတဲ့ မြို့က ကျောင်းသားတွေကို တက္ကသိုလ်ထဲမှာပဲ အဆောင်နေခွင့် ပေးထားပါတယ်။ ကျမ မှတ်မိသလောက် ပြောရရင် ကျောင်းသားတွေက အောင်မင်္ဂလာ၊ ရွှေပြည်အေး၊ ရတနာပုံ အဆောင်တွေမှာ နေခွင့်ရပြီး ကျောင်းသူတွေက ရွှေမန်း၊ သစ္စာ၊ မြတမာ စတဲ့ အဆောင်တွေမှာ နေခွင့် ရကြပါတယ်။

အကြောင်းကြောင်းကြောင့် အစိုးရအဆောင် မနေရသူတွေက တက္ကသိုလ်နဲ့ နီးတဲ့ ဗောဓိကုန်းဘက်က အပြင်ဆောင်တွေမှာ နေကြပါတယ်။ အပြင်ဆောင်တွေဟာ ပြောလောက်အောင် ဈေးမကြီးသလို လုံခြုံမှုလည်း ပေးစွမ်းနိုင်ပါတယ်။ နေ့ကျောင်းတက်တဲ့ သူတွေအတွက် သက်ဆိုင်ရာ မြို့တွေက ဖယ်ရီတွေ စီစဉ်ပေးထားပါတယ်။ ဖယ်ရီခကလည်း အရမ်း သက်သာပါတယ်။ ကျမဆို စစ်ကိုင်းကနေ မန္တလေးကို ကျောင်းတက်တာ အသွား အပြန်မှ ၆ ကျပ်ပဲ ကုန်ပါတယ်။ ၁၉၉၄-၁၉၉၅ ခုနှစ်ကပါ။ နောက်ပိုင်း ကျောင်းကားခ တက်ပေမယ့် အသွား အပြန်မှ ၁၀ ကျပ်ပဲ ကုန်ပါတယ်။ အတန်းပြီးလို့ ပြန်မယ် ဆိုရင် “မိန်း” အဆောက်အအုံကြီးနားမှာ မြို့အသီးသီးက ဖယ်ရီတွေက လာကြိုနေကြတာ တကယ်ပဲ ပျော်စရာ ကောင်းပါတယ်။

တက္ကသိုလ်ရဲ့ အငွေ့အသက်ကို အပြည့်အ၀ရတဲ့ အတွက် စာအုပ်ငှားချင်ရင် ရာဇတ်ဟောလ်လို့ ခေါ်တဲ့ မန္တလေး တက္ကသိုလ် စာကြည့်တိုက်ကို သွားငှားနိုင်ပါတယ်။ ရေနီမြောင်းဘေးက အရိပ်ကောင်းတဲ့ သစ်ပင်တွေအောက်မှာ ဘူးသီးကြော် စားနိုင်ပါတယ်။ စာပေ၀ါသနာ ပါတဲ့သူတွေအတွက် မြန်မာစာဌာနက “မြကွန်းသာ” နံရံကပ် စာစောင်နဲ့ ဘူမိဗေဒဌာနက “ကျောက်ရိုင်း” နံရံကပ် စာစောင်တွေမှာ ကလောင်သွေးခွင့် ရှိပါတယ်။

တက္ကသိုလ် တခုမှာ ရှိသင့်ရှိထိုက်တဲ့ အားကစားကွင်း၊ စာတိုက်၊ ဆေးရုံတွေ အကုန်လုံး ရှိပါတယ် တက္ကသိုလ် စာတိုက်ဘက်ကို သွားတဲ့ လမ်းလေးဟာ တမာပင်တန်းတွေနဲ့ နေပြောက်မထိုးအောင် အရိပ် ကောင်းပါတယ်။ တက္ကသိုလ်ဝင်းထဲက “မန်းရတနာ”၊ “Ruby” စတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နိုင်သလို တက္ကသိုလ် ၀င်းအနီး ၇၃ လမ်းရဲ့ ဘေးမှာရှိတဲ့ “Unison” လက်ဖက်ရည်ဆိုင်ဟာ ကျောင်းသား၊ ကျောင်းသူတွေ အသည်းခိုက်တဲ့ နေရာတခုပေါ့။

University Atmosphere ရတဲ့ အတွက် တက္ကသိုလ် ကျောင်းသူ တယောက်ရဲ့ ဘ၀ကို ဘာနဲ့မှ မတူအောင် တန်ဖိုးထား ခဲ့မိပါတယ်။ တခြားမေဂျာက သူငယ်ချင်းတွေနဲ့ ရင်းနှီးခင်မင်ခွင့် ရခဲ့သလို အတွေ့အကြုံ အသစ်တွေလည်း ရခဲ့ပါတယ်။ ကျမနဲ့ ခင်မင်တဲ့ သူတွေထဲက တက္ကသိုလ်မှာ ဆရာ၊ ဆရာမ ပြန်ဖြစ်နေသူတွေ၊ စာရေးဆရာ ဖြစ်နေသူတွေလည်း အများကြီး ရှိပါတယ်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာလမှာ ကျမက နောက်ဆုံးနှစ် ကျောင်းသူတယောက် ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်မှာပဲ ကျောင်းသား အရေးအခင်းဖြစ်ပြီး တက္ကသိုလ်တွေကို စစ်အစိုးရက ရက်အကန့်အသတ် မရှိ ပိတ်လိုက်ပါ တော့တယ်။ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ အထက်ကျောင်းတွေမှာ စာမေးပွဲ ဖြေဆိုပြီး ကျောင်းပြီးခဲ့ရပါတယ်။ မန္တလေး တက္ကသိုလ်အစား “ရတနာပုံ” တက္ကသိုလ် ၊ ရန်ကုန် တက္ကသိုလ် အစား “ဒဂုံ တက္ကသိုလ်” ၊ “အရှေ့ပိုင်း တက္ကသိုလ်” ၊ “အနောက်ပိုင်း တက္ကသိုလ်” တွေ ပေါ်ပေါက် လာခဲ့တာပါ။

“ရတနာပုံ” တက္ကသိုလ် သွားရာလမ်းဟာ နွေမှာဆိုရင် ဖုန်တထောင်းထောင်း၊ မိုးမှာဆိုရင် ရွှံ့ဗွက် ဗရပွနဲ့ပါ။ ဒါ့အပြင် မြစ်ရေကြီးတဲ့ တချို့နှစ်တွေမှာ တက္ကသိုလ် ၀င်းထဲထိ ရေ၀င်တာတောင် ရှိပါတယ်။ ရတနာပုံ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ တက္ကသိုလ်ထဲမှာ အဆောင်နေခွင့် မရကြရှာပါဘူး။

ဒါကြောင့် အနီးဝန်းကျင်က အဆောင်လို့ မည်ကာမတ္တ နေရာလေးမှာ ငှားနေပါတယ်။ လူနေအိမ်ရဲ့ အဖီလို နေရာမျိုးမှာ အဆောင်ဆိုပြီး နေရတာဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒါတင် မကသေးပါဘူး၊ အနီး ၀န်းကျင်မှာ ထန်းရည်ရတဲ့ အတွက် ကျောင်းသားတွေဟာ ထန်းရည် သောက်တတ်တဲ့ အကျင့်ပါ ရသွားတာ၊ နေပူပူ ကွင်းခေါင်ခေါင်ထဲက စာသင်ဆောင်တွေမှာ ပညာသင်ယူရတဲ့ အတွက် ကျောင်းစာထဲမှာ အပြည့်အ၀ အာရုံ မစိုက်နိုင်တာတွေ ရှိလာပါတယ်။ မန္တလေး တက္ကသိုလ် အဆောင်နေ ကျောင်းသားတွေလို နေထိုင်ရတာ “လုံခြုံမှု” လည်း မရှိပါဘူး။ ဆိုင်ကယ်နဲ့ ကျောင်းတက်ကြတဲ့ ကျောင်းသားတွေဟာလည်း မတော်တဆ ဖြစ်မှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ်ကြားထဲက ကျောင်းတက်နေရ တာပါ။

မိဘတွေ အနေနဲ့ ပညာသင်စရိတ် ပိုကုန်လာသလို ကိုယ့်သား သမီးတွေ လမ်းမှားရောက်မှာလား၊ ထန်းရည်မူးသူတွေ ဖြစ်တော့မှာလား ဆိုပြီး စိုးရိမ်ပူပန် နေရပါတယ်။ တဖက်က စဉ်းစားကြည့်ရင် ကျောင်းသား ထောင်၊ သောင်း ချီပြီး ပညာသင်ပေးနိုင်တဲ့ မန္တလေး တက္ကသိုလ်ကြီး ရှိနေပါလျက်နဲ့ ကျောင်းသားတွေ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာမှာစိုးလို့ မြို့ပြင်ထုတ်ပြီး ရတနာပုံ တက္ကသိုလ်ကို ထပ်မံ တည်ဆောက်တာဟာ နိုင်ငံ့ဘဏ္ဍာကို ဖြုန်းတီးရာလည်း ရောက်ပါတယ်။ ကျောင်းသားတွေ အနေနဲ့ ကတော့ သူတို့ ရသင့်ရထိုက်တဲ့ University Atmosphere ကို ဆုံးရှုံးလိုက်ရတာပါပဲ။

တက္ကသိုလ် ဆိုပြီး ဖုန်ထူထူ၊ ရွှံ့ထူထူထဲမှာ ပညာသင်ကြားနေရသလို တဖက်ကလည်း ကျောင်းတက်ရတဲ့ ခရီးစရိတ် ပိုကုန်နေတာ တွေ့ရပါတယ်။ ရန်ကုန် တက္ကသိုလ်ကြီးဟာ အထင်ကရ တက္ကသိုလ်ကြီး ဖြစ်ပါလျက်နဲ့ တခါတုန်းကဆို ခြုံနွယ် ပိတ်ပေါင်းတွေ ထူထပ်နေတာကို ရင်နင့်စရာ မြင်ခဲ့ရဖူးပါတယ်။ ဝေးလံတဲ့ ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်း တက္ကသိုလ်၊ အနောက်ပိုင်း တက္ကသိုလ်တွေကို ကျောင်းသွားတက်ရတဲ့ ကျောင်းသားတွေဟာ ပင်ပန်းနုံးချည့် လောက်အောင် ကားစီးသွားလာ ကြရပါတယ်။ ကျောင်းကားခ ကလည်း တလတလမှာ သောင်းဂဏန်း အထိ ကုန်ကျနေပါတယ်။ သူတို့ အနေနဲ့ အဓိပတိလမ်းမှာ မလျှောက်နိုင်ကြသလို တောင်ပိန္နဲပင် အောက်မှာလည်း လက်ဖက်ရည်ဆိုင် မထိုင်နိုင်ကြပါဘူး။

တချို့ ကျောင်းသားတွေဆို ကျောင်းသွားတက်ရတာ ဝေးပြီး ခရီးပင်ပန်းလွန်းလို့ စာကျက်ချင်တဲ့ စိတ်တောင် ကုန်ခန်းရပါတယ်လို့ ကျမကို ပြောပြဖူးပါတယ်။ ရန်ကုန် တက္ကသိုလ်ဟာ အခုကျမှ တက္ကသိုလ် တခုရဲ့  အင်္ဂါရပ်တွေနဲ့ အညီ ပြန်အသက်ဝင်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကလည်း ရန်ကုန် တက္ကသိုလ် ပြင်ဆင်မွမ်းမံ ရေးအတွက် ကြိုးစားသူတွေ ရှိလာလို့ပါ။

အစဉ်အလာကောင်း ရှိခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးဟာ တချိန်တုန်းက အရှေ့တောင် အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်ထဲမှာတာင် ပါဝင်ခဲ့ပါတယ်။ ထူးချွန် ကျောင်းသားတွေကို ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ်တွေမှာ တက်ရောက်ခွင့် ပေးမယ်ဆိုတဲ့ သတင်းကို ကြားရပါတယ်။ ဒီသတင်းဟာ ၀မ်းမြောက်စရာ သတင်းပါ။ ဒါပေမယ့် ပိုဖြစ်သင့်တာက ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ်ကြီး ကို စည်စည်ကားကားနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ နားခိုရာ ဖြစ်စေဖို့ ၀ိဇ္ဖာ / သိပ္ပံ ကျောင်းသား၊ ကျောင်းသူ အားလုံးကို တက်ရောက် ပညာသင်ကြားခွင့် ပေးသင့်ပါတယ်။

“တက္ကသီလာ မြကျွန်းသာ” ဆိုတာ ပညာသင်ကြားရုံ သာမက တနယ်တကျေးကနေ ကျောင်းလာတက်သူတွေ အချင်းချင်း ရင်းနှီးခင်မင်ခွင့် ရတဲ့ အခွင့်အရေးကိုပါ ဖန်တီးပေးနေတာပါ။ Social Activities လို့ခေါ်တဲ့ လူမှုလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးကို ဖန်တီးပေးပါတယ်။ စာရေးတာ ၀ါသနာ ပါသူတွေအတွက် ကလောင်သွေးခွင့်၊ အားကစား ၀ါသနာ ပါသူတွေအတွက် အားကစားပွဲတွေမှာ ပါဝင်ခွင့်၊ လွတ်လပ်ပေါ့ပါးတဲ့ ရယ်သံတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခွင့်တွေကို တက္ကသီလာ မြကျွန်းသာကပဲ ပေးစွမ်းနိုင်တာပါ။

စိန်ရတုကျော်နေပြီ ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးနဲ့ ရွှေရတုကျော်နေတဲ့ မန္တလေး တက္ကသိုလ်ကြီး လှုပ်ရှား သက်ဝင်နေမှသာ University Atmosphere ရဲ့ အဓိပ္ပာယ် လေးနက်ပေါ်လွင်မှာ ဖြစ်ပါတယ်။ လူမြင်ကောင်းရုံ ပြုပြင်မွမ်းမံမှုတွေ လုပ်နေတာထက် ကျောင်းသား၊ ကျောင်းသူတွေကို တက္ကသိုလ်ကြီးရဲ့ ရင်ခွင်မှာ ပညာသင်ခွင့်ပေးဖို့၊ တက္ကသိုလ်ဝင်းထဲက အဆောင်တွေမှာ ပြန်လည် နေထိုင်ခွင့် ပေးဖို့ လိုအပ်နေပါတယ်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ၀မ်းမြောက်စရာ ကောင်းတဲ့ သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် အပါအ၀င် ဒီဇင်ဘာ ပထမပတ်မှာ စတင်မယ့် သင်တန်းအသီးသီး တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေ အနက် ပထမနှစ် တက်ရောက်မယ့် ကျောင်းသား ကျောင်းသူ အသစ်တွေကို ဦးစားပေးပြီး အဆောင်မှာနေထိုင် တက်ရောက်နိုင်ဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းပါပဲ။

ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ် တွေမှာ အတန်းအားလုံးရဲ့ ကျောင်းသား ကျောင်းသူများကို အဆောင်ထားပေးမှာ ဖြစ်ကြောင်း၊ ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တချို့မှာတော့ ပထမနှစ် ကျောင်းသား ကျောင်းသူများကိုသာ ဦးစားပေး အဆောင်ထားမယ်လို့ ဆိုပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးက အရေးကြီးတာမို့ ပညာရေးနဲ့ ပတ်သက်တဲ့ အသုံးစရိတ်တွေ တိုးမြှင့်ပေးရမှာ ဖြစ်သလို တက္ကသိုလ်ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ တက္ကသိုလ် နေ့ရက်တွေကို ဖန်တီးပေးဖို့  ကြိုးစားမှုတွေကသာ အဆင့်အတန်းမြင့်တဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ပညာရေး စနစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။    ။

ဧရာဝတီ
အပြည့်အစုံသို့ »

ကျပ်သုံးသောင်းကျသင့်ကာ အချိန် ၁၂ နာရီကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲမည်


(ခရီးစဉ်ပြေးဆွဲမည့် နှစ်ထပ်ဘတ်စ်ကားအား တွေ့ရစဉ်)
ကျပ် ၃၀၀၀၀ ကျသင့်ကာ အချိန် ၁၂ နာရီ ကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ အဲကွန်းနှစ်ထပ် ဘတ်စ်ကားဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

"ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ လက်မှတ်ခ အနေနဲ့ကတော့ တစ်ဦးကို ကျပ် ၃၀၀၀၀ ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားသားဆိုရင် အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသည်တွေ အနေနဲ့ နိုင်ငံကူးလက်မှတ် လိုအပ်မှာ ဖြစ်ပါတယ်။ မြ၀တီကို ရောက်ရင်တော့ Free Visa အတွက် ဘတ် ၅၀ ပေးသွင်းရမှာ ဖြစ်တယ်။ Free Visa နဲ့ဆိုရင် ရက်ပေါင်း ၄၅ ရက်လောက် ထိုင်းမှာနေလို့ရမှာပါ။ နိုင်ငံကူးလက်မှတ် မပါဘူး။ Free Visa မလုပ်တဲ့ ခရီးသည်တွေက မဲဆောက်မှာ ခရီးဆုံးမှာ ဖြစ်ပါတယ်" ဟု Yangon Air Bus-Taxi လိုင်းသစ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇွန်မောင်မောင်က ပြောကြားသည်။

ခရီးစဉ်တွင် အသုံးပြုမည့် အဲကွန်းနှစ်ထပ် ဘတ်စ်ကားများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ခရီးသည်တင် ဘတ်စ်ကားထုတ် ကုမ္ပဏီများမှ တင်သွင်းရောင်းချသည့် ကားများကို ပြန်လည်ဝယ်ယူ ထားခြင်းဖြစ်ပြီး ခရီးသည် ၁၂၀ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ် ပြေးဆွဲရာတွင် (၁) ရန်ကုန်-ဘားအံ-မြ၀တီ-မဲဆောက်-ဘန်ကောက်ခရီးစဉ်၊ (၂) ရန်ကုန်-ထားဝယ်-ထီးခီး-ကန်ချနာပူရီ-ဘန်ကောက်ခရီးစဉ်၊ (၃) ရန်ကုန်-ထားဝယ်-မြိတ်-မောတောင်-ပရာကျွတ် ခရီးစဉ်၊ (၄) ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-ရနောင်း-ဟိုင်းဂျိုင်း-ပီနန်-ကွာလာလမ်ပူ ခရီးစဉ်၊ (၅) ရန်ကုန်-နေပြည်တော်-မန္တလေး-လားရှိုး-မူဆယ်-ရွှေလီ-ယူနန်-ကူမင်း ခရီးစဉ်၊ (၆) ရန်ကုန်-နေပြည်တော်-မန္တလေး-မုံရွာ-ကလေး-တမူး-မိုးရေး-အင်ဖာလ်ခရီးစဉ်နှင့် (၇) ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်-ချင်းမိုင်-ဘန်ကောက်ခရီးစဉ်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

ခရီးစဉ်ကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကျန်းမာရေးဆိပ်ကမ်း ကားဝင်းမှ နံနက် ၆ နာရီ စတင်ထွက်ခွာမည်ဖြစ်ပြီး ဘားအံမြို့သို့ နံနက် ၁၀ နာရီ၊ ကော့ကရိတ်မြို့သို့ နံနက် ၁၁ နာရီ၊ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်မြို့သို့ ည ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အတွက် စုစုပေါင်းအချိန် ၁၂ နာရီ ကြာမြင့်မည်ဖြစ်ပြီး တစ်ရက်ခြားစီ ပြေးဆွဲမည်ဟု သိရသည်။

eleven media group
အပြည့်အစုံသို့ »

အမြန်လမ်းတွင် သေဆုံးမှုစံချိန်တင်ခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရာဇာမင်းယာဉ်လိုင်း တာဝန်ရှိသူတို့ တွေ့ဆုံ


ရာဇာမင်းယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနရုံး၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နေပြည်တော် မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ တာဝန်ရှိသူများသည် မေ ၁၃ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ၁၄ ဦးအား တစ်ဦးလျှင် ရာဇာမင်းယာဉ်လိုင်းမှ
အပြည့်အစုံသို့ »

ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည်ဖော်မည်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အချို့အား တွေ့ရစဉ်

ဂျပန်မှချေးယူရန် သဘောတူညီမှု ရရှိခဲ့သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆင့်မြှင့်တင်ရန် စီစဉ်ထားသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် ယခုနှစ် အောက်တိုဘာလ အတွင်းမှစပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူနေမှုဘ၀ ထိခိုက်နိုင်မှုတို့အပေါ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက စတင်လေ့လာခဲ့ကြောင်း သိရသည်။
ယင်းလေ့လာမှုများ အပြီးတွင် ရထားလမ်းကို အဆင့်မြှင့်တင်မှုအပိုင်း သုံးပိုင်းခွဲခဲ့ပြီးနောက်တွင် ရန်ကုန်-တောင်ငူ၊ တောင်ငူ- ရမည်းသင်း၊ ရမည်းသင်း-မန္တလေးတို့ဖြစ်ပြီး ၎င်းအပိုင်းများအတွက် ဂျပန်နိုင်ငံမှ ရထားလမ်းပိုင်းဆိုင်ရာ လေ့လာရေး အဖွဲ့များနှင့် ထပ်မံအတည်ပြု လုပ်ဆောင်သွားရမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် အပိုင်းသုံးပိုင်း ခွဲပြီးတဲ့နောက်မှာ ဂျပန်က ပညာရှင်တွေနဲ့ အစီအစဉ်တွေ ရေးဆွဲရမယ်။ ထပ်ပြီးတော့ လေ့လာမှုတွေ ထပ်လုပ်ရမယ်။ နောင်နှစ်အတွင်းမှာတော့ အကောင်အထည် ဖော်နိုင်မှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆင့်မြှင့်တင် သွားမည်ဖြစ်သော ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် တစ်နာရီ ကီလိုမီတာ ၁၀၀(မိုင်၆၀) နှုန်းအထိ မောင်းနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအတွက် ယခင်က ကြာမြင့်ချိန် ၁၅ နာရီရှိသော ခရီးစဉ်ကို ၈ နာရီသို့ လျော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း အပိုင်းများတွင် ရထား-ကား လမ်းဆုံများကို ပြုပြင်ခြင်း၊ ရထားလမ်းရှိ တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံ၊ ရထား အလုပ်ရုံများအား ပြုပြင်ခြင်း၊ အချက်ပြ စနစ်များ၊ ဆက်သွယ်ရေး စနစ်များ၊ ထိန်းချုပ်ရေး ဌာနများကို ခေတ်မီအောင် ဆောင်ရွက်ခြင်းနှင့် တွဲ-စက်ခေါင်းများ၏ စက်ရုံများကို အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ၎င်းတို့ အစီအစဉ်ဖြင့် ရန်ကုန်-မန္တလေး အစုန်-အဆန် ပြေးဆွဲနေသော ရထားကြာမြင့်ချိန် ၁၅ နာရီတွင် တစ်နာရီခွဲအထိ လျော့ချမည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော် ရထား ကြာမြင့်ချိန်ကိုမူ တစ်နာရီထိ လျော့ချပြေးသွားမည်ဖြစ်ပြီး ခရီးစဉ် အခေါက်ရေကိုပါ လျှော့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
eleven media group
အပြည့်အစုံသို့ »

ဆိုတေး သွေးပေါင်ချိန် ပြန်တက်လာပြီ၊

The Voice Weekly

တေးသံရှင်ဆိုတေး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်

ရန်ကုန်၊ ဇူလိုင် ၁၄

မီးအိမ်ရှင် တေးသီချင်းဖြင့် နာမည်ကျော်ကြားခဲ့သော တေးသံရှင်ဆိုတေး စီးနင်းလာသော ကိုယ်ပိုင်ယာဉ်သည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် တိမ်းမှောက်ခဲ့ရာ တေးသံရှင်ဆိုတေး ဒဏ်ရာရရှိခဲ့ပြီး ၎င်းနှင့်အတူ အဖော်အဖြစ် လိုက်ပါလာသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက The Voice သို့ပြောကြားသည်။

တေးသံရှင် ဆိုတေးသည် မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့နယ်၌ ပြုလုပ်မည့် ဖိုးချစ်ဇာတ်ပွဲတွင် သီချင်းသီဆိုရန် အသွားတွင် ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တေးသံရှင် ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

“သူ့ ( ဆိုတေး ) ကို အောက်ဆီဂျင် ပေးထားတယ်၊ CT Screen လည်း ရိုက်ထားတယ်၊ သွေးပေါင်ချိန်လည်း ပြန်တက်လာပြီ၊ အခြေအနေ ပြန်ကောင်းလာပါပြီ” ဟု မန္တလေးတွင် နေထိုင်သူ တေးသံရှင်ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

ယနေ့ည ၁၁နာရီအထိရရှိသော သတင်းများအရ တေးသံရှင်ဆိုတေးသည် ခွဲစိတ်ကုသမှု ပြီးစီး၍ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သတိအပြည့်အဝ မရသေးသော်လည်း ပြန်ကောင်း လာနိုင်သည့် အခြေအနေတွင် ရှိနေပြီ ဖြစ်ကြောင်း ခွဲစိတ်ခန်းမှ ပြန်ထွက်လာစဉ် ညီဖြစ်သူက လက်စွပ်ကို ချွတ်ယူချိန်၌ ပြန်ရုန်းကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ပြောကြားသည်။

လူမှုကွန်ရက် Facebook စာမျက်နှာတွင် တေးသံရှင် ဆိုတေး သေဆုံးသည်ဟုဆိုကာ သတင်းများ ထွက်ပေါ်ခဲ့သည်။
ဆိုတေး စီးနင်းလိုက်ပါလာသော KIA အမျိုးအစားယာဉ်သည် ရှေ့ညာဘက် ဘီးပေါက်ပြီး အရှိန်လွန်ကာလမ်း၏ ညာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး နေဝင်းက ဆက်လက်ပြောကြားသည်။

ယာဉ်ပေါ်တွင် တေးသံရှင်ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး စီးနင်းလိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချောကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တေးသံရှင် ဆိုတေးမှာလည်း စိုးရိမ်ရသည့် အခြေအနေ ရှိသဖြင့် မန္တလေး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူး ကြီးဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူ ဦးသန်းဝင်းလှိုင်ကို ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

တေးသံရှင် ဆိုတေးသည် မီးအိမ်ရှင်အမည်ဖြင့် တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိထားသူဖြစ်ပြီး အခြားသော တေးသံရှင်များနှင့်လည်း တေးစီးရီးများ ထွက်ရှိထားသူ ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂/၃ နှင့် ၂၆၂/၄ အကြားတွင် ဇူလိုင်လ ၇ ရက်နေ့တွင် ဟိုင်းလပ် ဆာ့ဖ်ယာဉ်သည် ကျော်တက်သည့် ခရီးသည်တင်ယာဉ်ကို ရှောင်ရာမှ တိမ်းမှောက်ခဲ့ရာ လူလေးဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင်လည်း မိုင်တိုင် အမှတ် ၁/၇ နှင့် မိုင်တိုင်အမှတ် ၂ ကြား ဆီဖြည့်နေသည့် နစ်ဆန်း ကိုရိုလာယာဉ်ကို Toyota Belta ယာဉ်က ဝင်ရောက်တိုက်မိရာ နစ်ဆန်းယာဉ်ပေါ်မှလူနှစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မိုင်တိုင် ၁၄/၃ နှင့် ၁၄/၅ ကြားတွင် တောင်ငူ-ရန်ကုန် ပြေးဆွဲသည့် စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးထံမှ သိရှိရသည်။

မိုးတွင်းကာလ၌ အမြန်လမ်းတွင် မောင်းနှင်သည့် ယာဉ်များအနေနှင့် ယာဉ်ကျော်တက်ရာတွင် သတိထားသင့်ကြောင်း အမြန်လမ်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်ကြီးများ၏ လေအရှိန်ကြောင့် ယာဉ်ငယ်များ လွန့်လူးကာ အရှိန်မထိန်းနိုင်ခြင်းကြောင့် လည်းကောင်း၊ ယာဉ်မောင်းနှင်သူများက အရက်သောက်သုံးခြင်း သတ်မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်ခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်လေ့ရှိကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး လမ်းမကြီး တစ်ဖက်လျှင် အကျယ်၂၅ ပေရှိသည့် ယာဉ်သွားလမ်းနှစ်လမ်း ပါရှိသည်။ အဆိုပါ လမ်းမကြီးသည် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိသည်။

ယင်းလမ်းမ စတင်အသုံးပြုသည့် ၂၀၀၉ ခုနှစ်မေလမှ ယခုနှစ်ဧပြီလအထိ လေးနှစ်အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အပြည့်အစုံသို့ »

ရေဝေးသုဿ န်သမိုင်ကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ-ကျော်သူ


၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်တွင် သံမဏိစိတ်ဓါတ်နှင့်လူသား ဟု တင်စား ခေါ်ဝေါ်နေကြသော ဟံသာဝတီ ဘဘ ဦးဝင်းတင် ၏ ဈာပနအခမ်းအနား အစီအစဉ်ပြုလုပ်ရန် ရန်ကုန်ဆေးရုံကြီး အဆောင် ၅/၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ ဦး ဆောင်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား ရေဝေးသုသာန်သို့ သယ်ဆောင်ခဲ့ရာတွင် ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြက်ကြီးအား ဦးခိုက်ပြီး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် စက္ကန့်ပိုင်းမျှ ရပ်နား၍ ရေဝေးသုသာန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ကြီးဖြင့် ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည့် အစီအစဉ်နှင့် ဂူသွင်းမည့်နေရာအား ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့နှင့် ကာယကံရှင် မိသားစုတို့မှ ညှိနှိုင်းဆောင်ရွက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူများတို့သည် အသင်းရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အသင်းရုံး ချုပ်သို့ရောက်သည်နှင့် တပြိုင်နက်တည်း ဘဘ ဦးဝင်းတင် ၏ ဈာပနတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ယူဆောင်ရွက်မည့် နိဗ္ဗာန်ယာဉ်၊ Cool Box ၊ အုတ်ဂူမြေနေရာကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပြီး ဘဘ၏ ရုပ်ခန္ဓာအား ထည့်သွင်းနိုင်ရန် အခေါင်းသေတ္တာများအား မိသားစုဝင် များတို့မှ ရွေးချယ်မှုပြုလုပ်ရာတွင် ဘဘ၏ ခန္ဓာကိုယ် အချိုးအစား၊ အတိုင်းအထွာအရ ကျွန်တော် ကိုယ်တိုင် ဝင်ရောက်စေကာ တိုင်းထွာပြခဲ့ပြီး ရိုးရှင်းမှုသာနှစ်သက်သည့် ဘဘအတွက် သာမန်ကျွန်း အခေါင်းသာ ရွေးချယ်အသုံးပြုခဲ့သည်။

ယနေ့ ၂၃.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ထားသော ဘဘ ဦးဝင်းတင် အား လွမ်းဆွတ်အောင့်မေ့ခြင်း၊ လွမ်းသူ့ပန်းခြင်းများအား ပြည်လမ်းရှိ ယုဒသာန်ခန်းမသို့ ပို့ဆောင်ပေးခြင်း၊ ဂရပ်ဖတီ အာကာကျော် တစ်ညအတွင်းအပြီး ရေးဆွဲထားသော ဘဘဦးဝင်းတင်၏ ပန်းချီကားအား ယုဒသာန်ခန်းမသို့ ပို့ ဆောင်ခြင်း၊ ဘဘ၏ ရုပ်ခန္ဓာအားသယ်ဆောင်မည့် နိဗ္ဗာန်ယာဉ်တွင်လည်း ဘဘ၏ ပန်းချီကားချိတ် ဆွဲခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင် များမှ ဈာပနအခမ်း အနားသို့ တက်ရောက်လာမည့် ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့အတွက် အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန် လူနာတင်ယာဉ်နှစ်စီးဖြင့် ရေဝေးသုသာန်တွင် တာဝန်ချစေလွှတ်ထားခြင်း၊ ရွှေစင်စကြာင်္ ခရီးသွားမော်တော်ယာဉ်လိုင်းမိသားစုမှ ထုတ်လုပ်ဖြန့်ချီ လှူဒါန်းသော 600 ML ကျော် လွှားသောက်ရေသန့်ဘူး (၃ဝဝဝ) အား ဘဘ ဦးဝင်းတင် ၏ ဈာပနသို့ လိုက်ပါပို့ဆောင်သူများအား ဝေငှပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထို့နောက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်ကြီး မောင်းနှင်ခဲ့တော့သည်။

ဈာပနပို့ဆောင်လာကြသော ကြက်ပျံမကျများပြားလှသည့် မိဘပြည်သူလူထုနှင့် မော်တော် ယာဉ်များပိတ်ဆို့နေသည့် လမ်းကြောင်းအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ရာ ရေဝေးသုသာန် ခန်းမ (၁/က) အရောက်တွင် နိဗ္ဗာန်ယာဉ်ကြီးသည် စက်သေ၍ ထိုးရပ်သွားခဲ့ပြီး ဆက်လက်မောင်း နှင်၍ မရချေ။ စက်ပြင်များခေါ်ယူ၍ ပြင်ဆင်သော်လည်း မော်တော်ယာဉ်ကြီးမှာ မည်သို့မျှ ပြန်လည် စက်နှိုး၍ မရချေ။ ထိုအချိန်သည်ကား နေ့လည် (၃းဝဝ) နာရီအချိန်ဖြစ်နေပေပြီ။ ဘဘ၏ ရုပ်ခန္ဓာအား ဂူသွင်းမည့် အုပ်ဂူသို့ ပို့ဆောင်ရမည့်အချိန်မှာ ညနေ (၅းဝဝ) နာရီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစီးအား ထပ်မံစေလွှတ်၍ ဘဘဦးဝင်းတင်၏ ရုပ် ခန္ဓာအား အချိန်မှီမော်တော်ယာဉ်၍ ဂူသွင်းမည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုသာန်၌ ပူပြင်းလှသော ရာသီဥတုကြောင့် မူးမေ့သွားသော အမျိုးသမီးလူနာနှစ်ဦးအား အရေးပေါ်လူနာတင် ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဈာပနအခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ကျောင်းသား လူငယ်၊ ပြည်သူလူထု၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များအား ဓါတ်ဆားဖျော်ရေများ ဖျော်၍ဝေငှပေးခဲ့ သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်ပြုလုပ်သော သာရေး/နာရေး အခမ်းအနားများ၊ တွေ့ဆုံပွဲများ၊ လူထု အစည်းအဝေးပွဲများတွင် မြန်မာပြည်သူလူထု အများစု သတိမထားမိသော အကျင့်ပါနေသော စွန့်ပစ် အမှိုက်များကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် မှဦးဆောင်၍ အမှိုက်များအား လိုက်လံကောက် သိမ်းပေးခြင်းတို့လည်း ပြုလုပ်ခဲ့သည်။ ထိုမျှစည်ကားလှသော တစ် ကြိမ်တစ်ခါမှ မတွေ့မကြုံဖူးသော၊ နိုင်ငံ့အကျိုးသယ်ပိုးသော၊ နိုင်ငံအပေါ်သစ္စာရှိရှိ ပြည်သူအကျိုးလို လားသော၊ အမှန်တရားဘက်က ရပ်တည်သော၊ အကြောက်တရားမရှိသော သံမဏိစိတ်ဓါတ်လူသား ဟံသာဝတီ ဘဘ ဦးဝင်းတင်၏ နောက်ဆုံးဈာပန အခမ်းအနားကြီးတွင် နိုင်ငံတော်တာဝန်ရှိသူများ၊ လူကြီးများအား လုံးဝ(လုံးဝ) မတွေ့ရှိရခြင်းမှာ အင်မတန်မှ ထူးခြားနေလေသည်။ ထိုလူကြီးများ အမှန် တရားအား မချစ်မြတ်နိုး၍လား..?၊ အမှန်တရားချစ်မြတ်နိုးသူ၏ မျက်နှာအားမကြည့်ဝံ့၊ မမြင်ဝံ့၊ ရင် မဆိုင်ဝံ့၍လေလား..? တော့မသိပေ။ မော်တော်ယာဉ်တန်းများ၊ လူစုလူဝေးများအား စနစ်တကျ လိုက် ပါပို့ဆောင်နိုင်ကြရန် နှိုးဆော်ခြင်းအား ပြည်သူလူထုနှင့် ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတို့မှ မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ဓါတ်တို့ဖြင့် ဦးဆောင်ပြုလုပ်သော အောင်မြင် စွာပြီးဆုံးခဲ့သော ဈာပနပွဲကြီးဖြစ်သည်။ ထိုဈာပနပွဲကြီးအပြီးတွင် ကျွန်တော် အတွေးတစ်ခုရလိုက် သည်။

သံမဏိစိတ်ဓါတ်သူသားကြီး ဟံသာဝတီ ဘဘဦးဝင်းတင် တစ်ယောက် ကျွန်တော်တို့ ပြည်သူ လူထု၊ ကျောင်းသားလူငယ်၊ နိုင်ငံရေးအဖွဲ့အစည်းများအား စိတ်မချ၍များ ကျွန်တော်တို့၏ နိဗ္ဗာန် ယာဉ်ကြီး ရေဝေးသုသာန်မှ ဂူသွင်းရာနေရာသို့ မောင်းနှင်၍ မရခြင်းများလား၍ပင်ဖြစ်သည်။ ကျွန် တော်သည် ဘဘ ဦးဝင်တင် အား တိုင်တည်ကတိပေးလိုက်မိသည်။ “ဘဘ၏ ခိုင်မာပြတ်သားသော စိတ်ဓါတ်၊ တည်ကြည် သန့်ရှင်းသော ရဲသွေး၊ အမှန်တရားအား အကြောက်တရားမရှိ ရင်ဆိုင်နိုင်သော စိတ်ဓါတ်၊ အများအကျိုးအတွက် စည်းလုံးညီညွတ်စွာ ဦးဆောင်နိုင်သော ခွန်အားတို့သည် ကျွန်တော် တို့နှင့်အတူ ကျောင်းသားလူငယ်၊ ပြည်သူလူထုတို့၏ အသွေးထဲအသားထဲစီးဝင် ရှင်သန်နေသည်ကို ဘဘ၏ ဈာပန အခမ်းအနား၍ သက်သေပြုသွားနိုင်သည်ဟုပင် ဖြစ်တော့သည်။

ရေဝေးသုဿန်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ ဤမျှလောက်စည်ကားမှုကိုကား မမြင်မတွေ့မိ ချေ။ ထို့ကြောင့် ရေဝေးသုဿန်သမိုင်းအား ရိုက်ချိုးခဲ့သော ပြည်သူများ၏ ကြေကွဲစွာဖြင့် သူရဲကောင်း ၊ ပြည်သူများ၏ စံပြအာဇာနည်ကြီး၏ ပြည်သူ့ဈာပနပွဲဟူ၍ ဂုဏ်ပြုဦးညွှတ်လိုက်ရပါတော့သည်။
ကျော်သူ
Dawnmanhon( ဒေါင်းမာန်ဟုန်)
အပြည့်အစုံသို့ »

နာရေး ကူညီမှုအသင်း (ရန်ကုန်)သို့ ဆေးလှူဒါန်းသော အမေရိကန် ဆရာဝန်များကို ရန်ကုန်လေဆိပ် တာဝန်ရှိသူများက ခေါ်ယူသတိပေး




ရန်ကုန်၊ ဇန်န၀ါရီ ၂၉

နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ဆေးသေတ္တာ လှူဒါန်းခဲ့သော အမေရိကန် ဆရာဝန်များကို ရန်ကုန်လေဆိပ် တာဝန်ရှိသူများက ခေါ်ယူ သတိပေးခဲ့ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ဇန်န၀ါရီ ၂၈ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အမေရိကန် ဆရာဝန်များ အဖွဲ့သည် ဇန်န၀ါရီ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို စစ်ဆေး ကုသပေးပြီး ပို လျှံသော ဆေးသေတ္တာ ၃ လုံးကို ဇန်န၀ါရီ ၂၀ ရက်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)ထံ လှူ ဒါန်းခဲ့ကာ အဆိုပါညတွင် ၎င်းတို့ ၏ နေရပ် နိုင်ငံများသို့ ပြန်လည် ထွက်ခွာစဉ် ယင်းကဲ့သို့ ခေါ်ယူ သတိပေးခဲ့ခြင်း ဖြစ်သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆေးများ လှူဒါန်းခဲ့သော အမေရိကန် ဆရာဝန်များအဖွဲ့ကို လေဆိပ် တာဝန်ရှိသူများ ဖိအားပေး ပြောကြားခဲ့ပုံကို ဦးကျော်သူက ““ကျွန်တော်တို့ထံ ဆေးလှူသွားတဲ့ သူတွေကို နောက်တစ်ခါ လှူရင် မြန်မာပြည်ဝင်ခွင့် ခက်ခဲသွားမယ်လို့ အဲဒီက တာဝန်ရှိသူတွေက ဖိအားပေးတယ်လို့ ကျွန်တော့်ထံကို ဖုန်းဆက်ပြီး အကြောင်းကြားတော့ စိတ်မကောင်းဘူး။ အစိုးရ အနေနဲ့ကတော့ နိုင်ငံတကာ အလှူရှင်တွေကို ဖိအား မပေးသင့်ဘူး။ ကိုယ်ချင်းစာစိတ် မကင်းမဲ့သင့်ဘူးလေ။ လိုအပ်တဲ့ ဆေးမရှိလို့ ရောဂါ ဖြစ်လာခဲ့ရင် အဲဒီထဲမှာ သူတို့ရဲ့ အမျိုးတွေ ပါလာခဲ့ရင်ကော ဘယ်လို ခံစားရမလဲ။ ကိုယ်ချင်းစာတရား ထားသင့်တယ်””ဟု ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ယခင် စစ်အစိုးရ လက်ထက်တွင် ယခုကဲ့သို့ ပြည်တွင်း၊ ပြည်ပ အလှူရှင်များက လာရောက် လှူဒါန်းရာတွင် ကန့်သတ် ပိတ်ပင်မှုများ ရှိခဲ့သည်။ သို့သော် ဦးသိန်းစိန် အစိုးရ လက်ထက်တွင်မူ နာရေး ကူညီမှု အသင်းထံ ဆေးလှူဒါန်းမှုများ ကန့်သတ် ပိတ်ပင်မှုများ မရှိခဲ့သော်လည်း ယခုအချိန် ပထမဆုံး အကြိမ်အဖြစ် ပြန်လည် တားဆီး ခံရခြင်း ဖြစ်သည်။

အမေရိကန် ဆရာဝန်များ အဖွဲ့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တာဝန်ရှိသူများက ခေါ်ယူ သတိပေးခဲ့မှုကို မြန်မာသံတော်ဆင့်မှ လေဆိပ်(လ၀က) ဦးစီးမှူး ဦးကျော်ကျော်သန်းထံ ဆက်သွယ် မေးမြန်းရာတွင်““ကျွန်တော်တို့ထံမှာက ၀န်ထမ်း ၁၀၀ ကျော်ခန့် ရှိတယ်။ ပြောတယ်၊ မပြောဘူးတော့ သေချာမသိဘူး။ အဓိကတော့ ကျွန်တော်တို့ထံ လာမယ့်သူတွေက နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ အမည်ပျက် စာရင်းထဲမှာ မပါဝင်ဘူးဆိုရင် ဘာမှပြောစရာ မရှိဘူး””ဟု ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ၎င်း၏ အသင်းသူ၊ အသင်းသားများသည် အိုဇုန်းလွှာ ပျက်စီးမှု ကာကွယ်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလမ်း စိုပြည်စေရန် သစ်ပင်များ ရေလောင်းပေးခြင်းအား အစိမ်းရောင် စစ်ဆင်ရေးအဖြစ် မြောက်ဒဂုံတွင် ပြုလုပ်ခဲ့ပြီး မေလ ၁၈ ရက်နေ့ ၂၀၁၃ ခုနှစ်၊ ကျောက်တံတား မြို့နယ်တွင် အလားတူအတိုင်း လုပ်ဆောင်ရာတွင် ရန်ကုန်မြို့တော် စည်ပင်မှ ၎င်းတို့ကို သတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။

နာရေးကူညီမှုအသင်းမှာ နာရေးကိစ္စရပ်များအပြင် အများပြည်သူ ကျန်းမာရေးအတွက် ၂၀၀၆ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ““သုခ””ဆေးခန်း တည်ထောင်ပြီး အခမဲ့ ဆေးကုသမှုများ ပြုလုပ် ပေးခဲ့သည်။ ထို့ပြင် သုခ ဆေးခန်းသို့ မလာရောက်နိုင်သည့် ဒေသများမှ လူနာရှင်များ အတွက်လည်း နယ်လှည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်။

ကျော်စိုးဦး

Myanmartandawsint Newspaper
အပြည့်အစုံသို့ »

ရာဇာမင်းကား မှောက်ပြီးနောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း တိုးချဲ့ရန် အစိုးရ ဆုံးဖြတ်


မေစစ်ပိုင်

မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း

ခရီးသည် ၁၄ ဦးသေဆုံးစေခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာ တိုးချဲ့သွားရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရ၀န်ကြီးဌာနများ စုံညီစွာ တက်ရောက်သော အမြန်လမ်း အဆင့်မြှင့်တင်ရေး အစည်းအဝေးကို မေလ ၁၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာကို တိုးချဲ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ မိုင် ၂၀၀ ရှည်လျားသော ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်လိုက်မည် ဆိုပါက လက်ရှိဖြစ်ပွားနေသည့် မတော်တဆ ထိခိုက်မှုများ နည်းပါးသွားနိုင်သဖြင့် ယခု ၂၀၁၄ ခုနှစ်မှ စ၍ အဆင့်မြှင့်ရန် အစိုးရက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“တခြားဦးစားပေး ကိစ္စတွေလည်း ရှိခဲ့တော့ အမြန်လမ်းမကြီး အဆင့်မြှင့်ဖို့ကို စောင့်နေခဲ့ရတယ်။ မတော်တဆမှုတွေလည်း ဖြစ်လာတော့ ဒီနှစ်ထဲမှာတင် ခြောက်လမ်း၊ ရှစ်လမ်းသွား လမ်းအဖြစ် ဖောက်ဖို့လူကြီးတွေက သဘောတူလိုက်ကြပြီ။ အဆင့်မြှင့်လိုက်ရင်တော့ မတော်တဆမှုတွေ နည်းသွားမယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ရှင်းပြသည်။

ရန်ကုန်-နေပြည်တော် လမ်းမကြီးဧရိယာ တိုးချဲ့ရန်အတွက် မြန်မာကျပ်ငွေ ဘီလီယံ ထောင်ချီ ကုန်ကျခံ သုံးစွဲမည်ဖြစ်ပြီး အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမ ပြဿနာ ဖြေရှင်းနိုင်ရေး ဝန်ကြီးဌာန ပေါင်းစုံမှ တာဝန်ရှိသူများစုပေါင်း အဖြေရှာ ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက “အရင်တုန်းကတော့ ယာဉ်မောင်းတွေနဲ့ ယာဉ်တွေအပေါ် စစ်ဆေးမှု၊ အရေးယူမှုတွေ မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရေးယူမှုတွေ ရှိလာတော့မယ်။ ရာဇာမင်းကား တိမ်းမှောက်မှုဖြစ်စဉ်က ယာဉ်မောင်းကိုတော့ အချုပ်နဲ့ ဆေးရုံမှာထားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အမြန်လမ်းတွင် မတော်တဆမှုများ တားဆီးနိုင်ရန် ဒုတိယ သမ္မတ ၂ ဦးဥာဏ်ထွန်း ဦးဆောင်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်၊ အမြန်လမ်းရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် အဝေးပြေးမော်တော်ယာဉ် ထိန်းသိမ်းရေးလုပ်ငန်းတို့ ပါဝင်သော အမြန်လမ်း မတော်တဆမှု လျော့နည်းရေးစီမံချက် အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရှိရသည်။

“အဝေးပြေးလမ်းတွေမှာလည်း ထိခိုက်မှုတွေ ဖြစ်တာတွေက အမြန်လမ်းထက် များနေပေမယ့် ကြီးကြီးမားမား ဆိုရင် အမြန်လမ်းမှာ လာဖြစ်နေတာ တွေ့နေရတယ်” ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် က သုံးသပ်သည်။

မေလ ၁၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ရာဇာမင်းကားသည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ည ၆ နာရီ ၄၅ မိနစ် မိုးရွာသွန်းနေချိန် မိုင်တိုင် ၁၉၇ အနီး လမ်းပေါ်တွင် တင်နေသော ရေအိုင်ကို ဖြတ်သန်းစဉ် ကားသည် အရှိန်လွန် စလစ်ဖြစ်ကာ တပတ်လည်၍ မီးရထား ခုံးကျာ် တံတား အောက်သို့ ပြုတ်ကျသွားခဲ့သည်။

ကားပြုတ်ကျမှုကြောင့် ကားပေါ်မှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေ အနေရှိသည်။

မေ ၁၄ ရက်နေ့ နေပြည်တော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသော ခရီးသည် ၁၄ ဦး အတွက် အလုံးစုံ အာမခံ ကျပ် ၁၀သိန်း၊ အထူးခရီးသွား အာမခံ ကျပ် သိန်း ၃၀၊ သူတပါးထိခိုက်မှု အာမခံ ကျပ် ၅ သိန်း စုစုပေါင်း ၄၅ သိန်းပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဒဏ်ရာရသည့် အခြေအနေပေါ်မူတည်၍ ငွေကျပ် ၁ သောင်းမှ ၂၄ သိန်း အထိ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရာဇာမင်းယာဉ်လိုင်းကလည်း သေဆုံးထိခိုက်သော ခရီးသည်များအတွက် ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးတွင် ဧပြီလ ၁ ရက်မှ မေလ ၁၃ ရက်အထိ ထိခိုက်မှုပေါင်း ၇၆ မှု၊ ဒဏ်ရာရသူ ၁၆၉ ဦးနှင့် သေဆုံးခဲ့သူ ၄၈ ဦးရှိခဲ့ပြီး သေဆုံးမှု စံချိန်တင်ခဲ့သည့် လများ ဖြစ်ခဲ့ပြီး အမြန်လမ်းမကြီး စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ဧပြီ ၂၂ ရက်အထိသေဆုံးသူ ၃၅၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၈၄ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။

Irrawaddy Burmese
အပြည့်အစုံသို့ »

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌ ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးပြီးသည့်နောက်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးအား လေးလမ်းသွားမှ ရှစ်လမ်းသွားအထိ တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် ပြင်ဆင်သွားဖို့ စီစဉ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အချက်အလက်အကုန်လုံးကို သမ္မတကိုတင်ပြထားပါတယ်။ အခုအရင်ဆုံးအနေနဲ့ တံတားအပိုင်းတွေကို တိုးချဲ့ဆောင်ရွက်နေပါပြီ။ အမြန်လမ်းမှာ လုံခြုံရေးနဲ့ စည်းကမ်းပိုင်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့အင်အားကိုလည်း ဖွဲ့စည်းပုံအင်အားထက်ပိုပြီး တိုးချဲ့သွားပါမယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ဇွန် ၃ ရက်တွင်ဆိုသည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၁၂ရက် ည ၇နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၆ဦးသေဆုံးခဲ့ပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုဖြစ်ခဲ့သည့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

eleven media group
အပြည့်အစုံသို့ »

တစ်မိုင် ကျပ်သန်း ၂၅၀၀ အကုန်အကျ ခံခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်း စံချိန်စံညွှန်း မမီဟု အစိုးရအဖွဲ့ ဝန်ခံ


နေပြည်တော်၊ မတ် ၁၅

၃၆၇ မိုင် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းသည် တစ်မိုင်လျှင် ကျပ်သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ်ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးတို့က ဝန်ခံ ပြောကြားလိုက်သည်။

ယာဉ်မတော်တဆမှုကြောင့် ခရီးသွားပြည်သူ ၃၆၇ ဦး သေဆုံးခဲ့သော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် မေလ ၁၂ ရက်နေ့က ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမြန်လမ်း မဟုတ်တော့ဘူး။ ကွန်ကရစ်လမ်းပါ။ ဒီလမ်းကို စံချိန်မီ ဖြစ်စေချင်ပါတယ်။ အစိုးရအဖွဲ့မှာ အမှားတွေ အားနည်းချက်တွေ ရှိနေဆဲပါ။ ပြုပြင်သွားရမှာပါ” ဟု ဝန်ကြီး ဦးသန်းဌေးက ဆိုသည်။

အဆိုပါလမ်းသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ညီညွှတ်မှု မရှိသည့်အပြင် လက်ရှိ စံချိန်စံညွှန်း၏ အတိုင်းအတာကိုလည်း ပြောကြား၍ မရနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ထပ်လောင်း ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတကာ စံချိန်စံညွန်းများ မှီစေနိုင်ရန် အမေရိကန်အစိုးရ၏ အကူအညီဖြင့် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း မည်သည့်အချိန်တွင် ပြီးစီးအောင် လုပ်နိုင်မည်ကို ခန့်မှန်းမရသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် နိုင်ငံတကာ စံချိန်စံညွန်း မမီသော်လည်း ဖွင့်လှစ်လိုက်သည့် ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မေလ ၁၂ ရက်နေ့ ည ၇ နာရီ ၂၀ ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် အမှတ် ၁၉၇ တွင် ဖြစ်ပွားခဲ့သော ရာဇာမင်း ခရီးသည်တင် အမြန်ယာဉ် တိမ်းမှောက်မှုကြောင့် ၁၄ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ရာ ယင်းယာဉ်လိုင်းကို မဆင်မခြင် မောင်းနှင်ခြင်းနှင့် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရာတွင် စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် နေပြည်တော် ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့က ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်ကို မေလ ၁၅ ရက်နေ့မှ ရပ်ဆိုင်းခဲ့သည်။

“ကားသမားတွေက ခေါက်ပြန် မောင်းနေရတာ။ ရန်ကုန်က မနက်ထွက် နေပြည်တော်က နေလယ် ပြန်ထွက်။ တနင်္ဂနွေဆို တချို့ သုံးခေါက် မောင်းရတယ်” ဟု အဝေးပြေး ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

၃၆၆ မိုင်ခန့် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးမှာ ရန်ကုန်-နေပြည်တော်လမ်း စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀၀ ဦးကျော်အထိ ရှိခဲ့သဖြင့် အမြန်သေလမ်းမကြီးဟု ပြောဆို ဝေဖန်ခဲ့သည်ကို ထောက်ရှုရလျှင် အမြန်လမ်းကို တာဝန်ယူ တည်ဆောက်ခဲ့သည့် ကုမ္ပဏီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေနှင့် ရှက်မည်ဆိုလျှင် ရှက်သင့်ပြီ ဖြစ်ပါကြောင်း တောင်ငူမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ် ပြောကြားသည်။

လမ်းတည်ဆောက်မှုအတွက် ကျွမ်းကျင် ပညာရှင်များကို အသုံးပြု၍ အမှန်တစ်ကယ် အရည်အသွေး ပြည့်ဝသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း သေချာသည့် သက်သေ သာဓကကို မတွေ့ရသေးကြောင်း လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် ၁၅ နှစ်နီးပါး လုပ်သက်ရှိသူ တောင်ငူမြို့ခံ အင်ဂျင်နီယာတစ်ဦးက သုံးသပ် ပြောဆိုသည်။

“ကွန်ကရစ် လမ်းခင်းမယ် ဆိုရင် အောက်ခံမြေသားက အနည်းဆုံး အသား သေလောက်တဲ့ အတိုင်းအတာ ပမာဏလောက် ထားရှိရပါမယ်။ ဒါပေမဲ့ အမြန်လမ်းမကြီးက နှစ်တိုတိုအတွင်း ပြီးစီပြီး နှစ်တိုတိုအတွင်းမှာပဲ ဖြတ်သန်း သွားလာခွင့် ပြုခဲ့တာကို ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

The Voice Weekly
အပြည့်အစုံသို့ »

ရန်ကုန်- ကျိုက်ထို အမြန်ရထား ပြေးဆွဲရက် ပြောင်းလဲရန်ရှိ


ရန်ကုန်၊ ဇန်နဝါရီ ၂၀။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက စတင်ပြေးဆွဲခဲ့သော ရန်ကုန်- ကျိုက်ထို အမြန်ရထားအား ပြေးဆွဲသည့်ရက် အားပြောင်းလဲသွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထားရုံးမှ ဇန်နဝါရီ ၂၀ ရက်နေ့က သိရသည်။

အဆိုပါ ရန်ကုန် ကျိုက်ထို အမြန်ရထားသည် စနေ တစ်ရက်ထဲသာ ပြေးဆွဲသော်လည်း စီးနင်းသူ နည်းပါးခြင်းနှင့် ရန်ကုန် ကျိုက်ထိုပို့ ဆောင်နေသော အဝေးပြေးကား ဈေးကွက်အား ယှဉ်နိုင်ရန်အတွက် ယင်းကဲ့သို့ ပြောင်းလည်းရ ခြင်းဖြစ်ကြောင်း မြန်မာမီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြေးဆွဲတဲ့ပြောင်းလဲဖို့ အတွက်ကတော့ လုပ်နေတယ် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနကို တင်ပြထားတယ် ပြန်မကျသေးဘူး ဒီအတွက်လည်း စောင့်နေတယ်” ဟု  မြန်မာမီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန် ကျိုက်ထို အဆုံအဆန် ရထားသည် ရိုးရိုးတန်း မှ ၁၃၀၀ ကျပ် အထူးတန်းမှ ၂၃၀၀ ကျပ် အထိပေးရပြီး ရန်ကုန် ကျိုက်ထို အဝေးပြေးကားခသည် ၃၀၀၀ ကျပ်မှ ၅၀၀၀ အထိ ပေးရကြောင်း သိရသည်။

“ပြေးဆွဲခိျန်ကို ပြောင်းမှာမဟုတ်ဘူး ရက်ကိုပဲ ပြောင်းလိုက်မှာ ခါတိုင်းကတော့ စနေ ည ၇း၀၀ ထွက်တယ် အခုပြောင်းလိုက်တာကတော့ သောကြာနေ့ည ၇း၀၀ အဓိကတော့ ကားစီးတဲ့လူက များနေတယ် အပြောင်း အလဲဖြစ်အောင်လို့ ပါ” ဟု မြန်မာ့မီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ထပ်လောင်း ပြောဆိုသည်။

လက်ရှိ ရန်ကုန်မြို့တွင်  ရထား အသုံးပြုသူသည် တစ်ရက်လျင် ရထားခရီးသည် ၉၀၀၀၀ ခန့်သွားလာနေလျက် ရှိပြီး ယင်းထဲတွင် ခရီးသည် ၂၀၀၀၀ ခန့်သည် ရပ်ဝေးခရီးများသို့ သွားရောက်ကျကြောင်း Jica မှ သိရသည်။ ၎င်းအပြင် ရန်ကုန်တွင်း ပြေးဆွဲလျက်ရှိသည့် မြို့ပတ် ရထားသည် တစ်ရက်လျင် သိန်း ၂၀ ခန့် အရှုံးပေါ်လျက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထားရုံးမှ သိရသည်။

နှင်းနွယ်
The Myanma Age
အပြည့်အစုံသို့ »

ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာခြား တင်ဆောင်ခြင်း ကို ခေတ္တ ရပ်ဆိုင်းထား


ဇင်မျိုးထက် ၊ စိုးချစ်ချစ်ပိုင်

ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။

''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦးကပြောသည်။

ယင်းကဲ့သို့ ပဋိပက္ခများဖြစ် ပေါ်လျက်ရှိသော်လည်း သံတွဲမြို့ သို့သွားရောက်သည့် ခရီးသည် များမှာ လျော့နည်းသွားခြင်းမရှိ သည့်အပြင် ယခင်ကထက် ခရီး သွားသူပိုများလာကြောင်း အောင် သစ္စာကားဂိတ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

''ဒီရက်ပိုင်းအတွင်း ရန်ကုန် နဲ့သံတွဲကို အသွားအပြန်သွားဖြစ် ကြတာများတယ်။ ပုံမှန်အားဖြင့် တော့ မိုးတွင်းမှာသွားလာမှုနည်း တယ်။ သံတွဲမှာပြဿနာပေါ်လာ တော့ သွားကြသူတွေများလာ တယ်။ ကားတစ်စီးမှာ ခရီးသည် ၃ဝလောက်ရှိတယ်။ နှစ်စီးဆွဲတယ် ဆိုတော့ ၆ဝကျော်လောက်တော့ သွားဖြစ်ကြတာပေါ့။ ခုလို ပြ ဿနာတွေ ထပ်ဖြစ်မှာကိုစိုးရိမ် တာတို့ရှိတယ်။ ဖြစ်လာရင်တော့ ပိတ်လိုက်ရတော့မှာပဲ''ဟု ယင်း ကထပ်မံပြောသည်။

တချို့သောယာဉ်လိုင်း များမှာ နိုင်ငံသားမှတ်ပုံတင်ပါရှိ ပါက ဘာသာခြားတင်ဆောင်ခြင်း မျိုးရှိသော်လည်း ယာဉ်လက်မှတ် ဝယ်ယူသူအား လက်မှတ်ရောင်း သင့် မရောင်းသင့်ကြည့်ပြီးမှ ရောင်းကြခြင်း မျိုးလည်းရှိကြောင်း ရန်ကုန်မှ သံတွဲသို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ထံမှ သိရသည်။

''သံတွဲမှာ ပြဿနာဖြစ်နေ တယ်ဆိုပြီးကြားတော့ ဒီက ရန် ကုန်-သံတွဲပြေး ဆွဲတဲ့ ကားတွေ မှာ ဘာသာခြားတွေကို မတင် တော့ဘူး။ လမ်းခရီးမှာလဲ စစ် တာတို့ ဘာတို့ကတော့ ပုံမှန်အ တိုင်းရှိပါတယ်။ ပဋိပက္ခကြောင့် ကားပြေးဆွဲတာမှာ အခက်အခဲ တော့မရှိဘူး။

တင်ပေးလိုက်လို့ ပြဿနာအကြီးကြီး ဖြစ်သွားမယ် ဆိုရင် ဂိတ်တွေပိတ်ပစ်ရမှာ''ဟု ရဲအောင်လံကားဂိတ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်-သံတွဲသို့ ခရီးသည် တင်ယာဉ်များပြေးဆွဲရာတွင် အ ဆင်ပြေမှုများရှိစေရန်အတွက် လုံခြုံရေးအင်အားများကိုလည်း အပြည့်အဝယူထားကြောင်း သံ တွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၈ ရက်က စက်ပစ္စည်း အရောင်းဆိုင်တစ် ဆိုင်ရှေ့ သုံးဘီးဆိုင် ကယ်တစ်စီး ရပ်ထားသည့်အတွက် ရင့်သီးစွာ ဆဲဆိုပြောဆိုကြရာ မှ အစပြုဖြစ် ပွားခဲ့သည့် သံတွဲမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှု မှာ အောက် တိုဘာ ၃ ရက်တွင်မှ ဒေသအခြေ အနေအနည်းငယ် တည်ငြိမ်သွား ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လူနေအိမ် ၁၀၀ ကျော်၊ ဗလီနှစ် လုံးနှင့် ဈေးဆိုင် တစ်ဆိုင် တို့ မီး ရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး လူပေါင်း ၅ဝဝခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် သံ သယရှိသူ ၄၄ဦးကိုလည်း သက် ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Yangon Media Group
အပြည့်အစုံသို့ »

မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အစ္စလာမစ် နိုင်ငံများမှ ၀င်ရောက်လာသူများအား အဓိကထား စစ်ဆေးဟုဆို


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေး ကောင်တာတွင် အစစ်ဆေးခံရန် စောင့်ဆိုင်းနေသူများ

မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အရှေ့အလယ်ပိုင်း နိုင်ငံ များနှင့် အစ္စလာမ္မစ် နိုင်ငံများမှ ၀င်ရောက်လာသူများအား အဓိကထား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ နိုင်ငံများမှ ၀င်ရောက်လာသူများကို အဓိကထား စစ်ဆေးခြင်းမှာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ ကျောင်းတော်ဝင်း အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ခရီးသည် ၀င်ထွက်စစ်ဆေးမှုများအား ယခုကဲ့သို့ တိုးမြှင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသည်များအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေး ဌာနမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးမှသာ နိုင်ငံတွင်း ၀င်ရောက်ခွင့် ပြုလျက်ရှိသည်။

ယင်းသို့ စစ်ဆေးမေးမြန်းရာတွင် နိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် ဘာသာနှစ်ခုကြား ပဋိပက္ခများနှင့် ဇူလိုင် ၇ ရက်က အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ ကျောင်းတော်ဝင်း အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အစ္စလာမ္မစ် နိုင်ငံများမှ ၀င်ရောက်လာသူများအား အဓိကထား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''လေဆိပ်လူဝင်မှု ကြီးကြပ်ရေးဌာန အနေနဲ့ လက်ရှိဖြစ်စဉ်တွေကြောင့် ခရီးသည် အ၀င်အထွက်ကို သေသေချာချာ စိစစ်နေပါတယ်။ အထူးသဖြင့် အစ္စလာမစ် နိုင်ငံတွေက ၀င်ရောက်လာသူတွေကို ပိုပြီး စစ်မေးတယ်။ စီးပွားရေးကိစ္စနဲ့ လာတယ် ဆိုရင်လည်း သူတို့ ဆက်သွယ်မယ့် စီးပွားရေး သမားတွေ၊ ကုမ္ပဏီတွေကို သေချာမေးမြန်းမှုတွေ လုပ်တယ်။ ဒါ့အပြင် ဗီဇာအစစ်၊ ပတ်စ်ပို့အစစ်နဲ့ ၀င်ရောက်လာတာ ဟုတ် မဟုတ်ကိုလည်း သေချာစစ်ဆေးပါတယ်။ ရန်ကုန်လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာန အနေနဲ့ အရင်ထက်ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်နေပါတယ်'' ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သီဟက ဇူလိုင် ၁၀ ရက်က ပြောကြားသည်။

ယင်းပြင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ခရီးသည်များအား ဗီဇာအစစ်၊ ပတ်စ်ပို့အစစ်များဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်းကိုလည်း စက်ပစ္စည်းများဖြင့် သေချာစွာ စစ်ဆေးမှုများ ပြုလုပ်နေကြာင်း သိရသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံအသီးသီးမှ ခရီးသည်များအား ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က ''အရှေ့အလယ်ပိုင်း နိုင်ငံတွေကပဲဖြစ်ဖြစ်၊ မြန်မာသံရုံး မရှိတဲ့ နိုင်ငံတွေကပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုလာဖို့ ဗီဇာလျှောက်မယ်ဆိုရင် မြန်မာသံရုံးရှိတဲ့ အနီးဆုံး နိုင်ငံမှာ သွားပြီးတော့ လျှောက်ထားရမယ်။ ဗီဇာလျှောက်ရင်တော့ နိုင်ငံကူး လက်မှတ်မှာပါတဲ့ အချက်တွေအပြင် မြန်မာနိုင်ငံမှာ ဘယ်နှစ်ရက်နေမယ်၊ ဘာကြောင့် လာတယ်၊ ဘယ်မှာတည်းမယ် စတဲ့အချက်တွေကို ဖြည့်ရတယ်။ အရင်ကတော့ အချက် ၃၁ ချက်လောက် ဖြည့်ရတယ်။ အခုတော့ သာမန်အဆင့်လောက်ပဲ ဖြည့်ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အနေနဲ့လည်း တိုင်းပြည် လုံခြုံရေးအတွက် ဗီဇာပေးတဲ့အခါမှာ စောင့်ကြည့်ရမယ့် နာမည် စာရင်းတွေကို အရင်အတိုင်းပဲ စစ်ဆေးပြီးတော့ ဆောင်ရွက်နေပါတယ်။ စောင့်ကြည့်ရမယ့် စာရင်းထဲမှာ မပါဘူးဆိုရင်တော့ ဗီဇာ ထုတ်ပေးသွားမှာပါ'' ဟု ဇူလိုင် ၁၀ ရက် ညနေပိုင်းက ပြောကြားသည်။

ယင်းအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံခြုံရေးအား တာဝန်ယူ ဆောင်ရွက်နေသည့် လေကြောင်း ရဲတပ်ဖွဲ့မှလည်း လေဆိပ် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Eleven
အပြည့်အစုံသို့ »

အမေရိကန်မှ ရန်ကုန်-မန္တလေး အမြန်လမ်းအား ရှစ်လမ်းသွားအဖြစ် တည်ဆောက်နိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့နိုင်ရေးအတွက် အမေရိကန်နိုင်ငံမှ ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်သွားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
"ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ လက်ရှိမှာ လေးလမ်းသွား လမ်းမကြီးပဲ ရှိပါသေးတယ်။ ရှစ်လမ်းသွားအဖြစ် တိုးချဲ့နိုင်ဖို့အတွက် ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ကို အကူအညီ တောင်းထားပါတယ်။ ကိုရီးယားကတော့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကို ကူညီဖို့ ပိုအားသန်ပုံရတယ်။ JICA ကတော့ မြန်မာနိုင်ငံမှာ ကူညီတာတွေ အများကြီးဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းလို စီမံကိန်းကြီးအတွက် အကူအညီပေးဖို့ဆိုရင် သူတို့အစိုးရကို ပြန်တင်ပြရတာ ရှိတယ်။ အခုလည်း သူတို့အစိုးရကို ပြန်တင်ပြနေတယ်လို့ သိရပါတယ်။ အမေရိကန် အနေနဲ့ကတော့ ရှစ်လမ်းသွား တိုးချဲ့နိုင်ဖို့အတွက် စီမံကိန်း ဖြစ်နိုင်ခြေတွေကို လေ့လာမှုတွေ ပြုလုပ်ပြီးသွားပြီ။ ဒါပေမဲ့ ခုချိန်ထိ ဘာမှတော့ အကြောင်းမပြန်သေးပါဘူး" ဟု အထူးစီမံကိန်းအဖွဲ့-၁မှ အင်ဂျင်နီယာချုပ် ဦးကြည်ဇော်မြင့်က ပြောကြားခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ခြောက်နှစ်နှင့်နှစ်လကြာ တည်ဆောက်ပြီးနောက် လက်ရှိလမ်းအရှည်မှာ ၄၄၃ မိုင် ရှည်လျားပြီး ယာဉ်မောင်းကြာချိန် အနေဖြင့် ၁၄ နာရီရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်ရပ်နားစခန်းများ (Rest Camps) လုံလောက်မှု မရှိသေးသဖြင့် တိုးချဲ့တည်ဆောက်လျက် ရှိကြောင်းနှင့် အလားတူ ရဲစခန်းများကိုလည်း ထပ်မံတည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်ရပ်နား စခန်းများကို မိုင် ၅၀ နှင့် ၇၀ အကြားတွင် တစ်ခုစီ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း၊ အမှတ် (၃) လမ်းဆုံမှ မိုင် ၄၀ အကွာရှိ ဘုရားကြီး၊ ဘောနက်ကြီးတွင်တစ်ခု၊ ၁၁၅ မိုင် (ဖြူး)၊ နေပြည်တော်အ၀င် ၂၀၂ မိုင်၊ ၂၈၆ မိုင်ရှိ သီးကုန်း (မိတ္ထီလာ)၊ ၃၅၂ မိုင်ရှိ စကားအင်း (တံတားဦး) လမ်းဆုံတွင်တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် နေပြည်တော်အ၀င် ၂၀၂ မိုင်တွင်မူ လက်ရှိတည်ဆောက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

အပြည့်အစုံသို့ »

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မြင့်တက်လာသည့်အတွက် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့်ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးမည်


Written by:
ဝင်းမြင့်ကျော်
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတစ်နေရာအား ၂၀၁၄ နှစ်ဆန်းပိုင်းက တွေ့ရစဉ်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ ယခုနှစ်အတွင်း ပြန်လည်မြင့်တက်လာသဖြင့် ချို့ယွင်းနေသည့် လမ်းပိုင်းများကို ပြုပြင်ပြီး ယာဉ်မောင်းနှင့် ယာဉ်များကိုလည်း စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့်ယာဉ်များ မတော်တဆ အများဆုံးဖြစ်ပွားသည့် နေရာများတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး စောင့်ကြည့် ကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လမ်းရဲ့ချို့ယွင်းမှုကြောင့် ယာဉ်တိမ်းမှောက်မှုတွေ၊ လူသေဆုံးမှုတွေ ဖြစ်ပေါ်နေတာတွေ ရှိတယ်။ အချို့နေရာတွေမှာဆိုရင် လမ်းတွေလိမ်နေတာ၊ လမ်းတွေကောက်နေတာ၊ လမ်းတွေမဖြောင့်ဖြူးတာတွေ ရှိနေတယ်။ လမ်းရဲ့ချို့ယွင်းမှုကြောင့် ဘီးကွဲပြီး ယာဉ်မှောက်တာတွေ၊ လမ်းလယ်မှာရှိတဲ့ ဘလောက်တုံးတွေကို ကျော်တက်ပြီးတော့ လမ်းလယ်ကိုရောက်သွားတဲ့ ဖြစ်စဉ်တွေ၊ ယာဉ်က ခုန်ပေါက်ပြီးတော့ လေပေါ်မှာလည်ပြီး လွင့်သွားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတယ်။ ပုံမှန်မဟုတ်တဲ့ လမ်းအကွေ့အကောက်တွေကြောင့် ယာဉ်မတော်မဆ တိမ်းမှောက်မှုတွေ ဖြစ်နေတာတွေလည်း တွေ့ရတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းနောင်က ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များ ဖြစ်ပွားနေသည့် အကြိမ်အရေအတွက်နှင့် လူသေဆုံးမှုအပေါ်မူတည်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် အနက်ရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အ၀ါရောင် နယ်မြေနှင့် အဖြူရောင်နယ်မြေဟု ခွဲခြားကာ အသိပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်တွေကလည်း စည်းစနစ်တကျ မောင်းနှင်ဖို့နဲ့ ကြံ့ခိုင်မှုအပိုင်းကို စစ်ဆေးဖို့အတွက် အမြန်လမ်းမကြီးတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် ငါးခုဖွင့်လှစ်ပြီးတော့ စောင့်ကြည့်သွားမှာပါ။ အကြမ်းဖျင်းလတ်တလော ယာဉ်တိမ်းမှောက်မှုတွေ မဖြစ်စေဖို့ ယာဉ်ရဲ့ ဘရိတ်၊ တာယာနဲ့ အောက်ပိုင်းနေရာအချို့တွေကို စစ်ဆေးပြီးတော့မှ မောင်းနှင်ခွင့် ပေးသွားပါမယ်။ မော်ဒယ်အရမ်းနိမ့်တဲ့ ယာဉ်တွေကိုလည်း မောင်းနှင်ခွင့် မပြုတော့ဘူး။ အချို့ယာဉ်တွေဆိုရင် ခရီးသည်ထွက်ပေါက် တံခါးတွေနားမှာ ထိုင်ခုံတွေ ရှိနေတာတွေကြောင့် အရေးပေါ်ဖြစ်တဲ့အခါမှာ အလွယ်တကူ ဆင်းလို့မရတာတွေလည်း ရှိတယ်။ ဒါတွေကို အားလုံးစစ်ဆေးပြီးတော့မှ မောင်းနှင်ဖြတ်သန်းခွင့် ပြုသွားတော့မှာပါ”ဟု ရုံးအဖွဲ့မှူး က ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည့် အဝေးပြေးခရီးသည် ယာဉ်မောင်းများ အားလုံး၏ ယာဉ်မောင်းကျွမ်းကျင်မှုအပိုင်းကို ပြန်လည်စစ်ဆေးပြီး အောင်မြင်သည့် ယာဉ်မောင်းများကိုသာ ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေး၍ မောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ယာဉ်မောင်း၏ ပေါ့လျော့မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါက အဆိုပါယာဉ်မောင်းအား မည်သည့်ယာဉ်လိုင်းတွင်မှ မောင်းနှင်ခွင့် ပိတ်ပင်သွားရန်အတွက် ယာဉ်လိုင်းအသင်းကြီးများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဝေးပြေးခရီးသည်ယာဉ်တွေမှာ ယာဉ်မောင်းနှစ်ဦးစီ ထားရှိမယ်။ ပထမယာဉ်မောင်းက သူ့အနေနဲ့ လူမှုရေးအခက်အခဲတွေ အခြားစိတ်ကို တည်ငြိမ်မှု မရှိနိုင်တဲ့ အခက်အခဲတွေ ရှိနေတယ်ဆိုရင်တော့ ဒုတိယယာဉ်မောင်းကို မောင်းနှင်ခွင့်ပြုသွားမယ်။ အဝေးပြေးယာဉ်လိုင်းမှာ ယာဉ်မောင်းတွေကို စောင့်ကြည့် သတင်းပေးမယ့်စနစ်ကိုလည်း ဆောင်ရွက်သွားမယ်။ ဒါ့အပြင် ယာဉ်မောင်းတွေ ကျန်းမာရေး၊ အသက်အရွယ်အပိုင်းနဲ့ အရက်သေစာ သောက်စားမှု ရှိ၊ မရှိကိုလည်း စစ်ဆေးသွားမယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ပြုပြင်ရန် လိုအပ်နေသည့် နေရာများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည်ဖြစ်ပြီး ယာဉ်နှင့်ယာဉ်မောင်းကို စစ်ဆေးကြပ်မတ်မှုအား ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမြန်လမ်းမတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှု ၂၅၉ မှုဖြစ်ပွားခဲ့ပြီး၊ ၁၁၃ ဦးသေဆုံးခဲ့ကာ ၆၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ရက် မှ ဧပြီ ၂၂ ရက်အထိ ယာဉ်တိုက်မှု ၁၁၅မှု ဖြစ်ပွားခဲ့ပြီး ၆၂ ဦးသေဆုံးခဲ့ကာ ၂၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။    

 News Eleven
အပြည့်အစုံသို့ »

နေပြည်တော်မှကျားဖြူ ရန်ကုန်တိရစ္ဆာန်ရုံရောက်


ရန်ကုန်၊ သြဂုတ် ၁၄

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ နေပြည်တော် ဆာဖာရီဥယျာဉ်မှ အရွယ်ရောက်ပြီး ကျားဖြူမတစ်ကောင် သြဂုတ်လ ၁၂ ရက်က ရောက်ရှိကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက The Voice သို့ ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်တွင် နေပြည်တော်၌ ပေါက်ဖွားခဲ့သည့် ကျားဖြူမကို စနိုးဟု အမည်ပေးထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိလာသည့် ကျားထီးနှင့် ကျားမတို့မှ မွေးဖွားခဲ့ခြင်းဖြစ်၍ အဆိုပါကျား၏ တန်ဖိုးကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ကျားဖြူမသည် ကိုယ်အလေးချိန်ပေါင် ၁၁၀ ခန့်ရှိကာ ခန္ဓာကိုယ်အရှည် လေးပေနှင့် အမြီးအရှည် သုံးပေခန့် ရှိကြောင်း၊ အသက် ၂ နှစ်နှင့် ရှစ်လရှိပြီဖြစ်ပြီး ၂၀၁၃ ဇူလိုင်လက မြိုင်လက္ခဏာ (Oestrus) များ တွေ့ခဲ့ရသဖြင့် အရွယ်ရောက်ပြီး ကျားမဖြစ်ကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ယခင်အစိုးရ တာဝန်ယူစဉ် ကာလကတည်းက တာဝန်ထမ်းဆောင်ခဲ့သည့် တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
“အသားစားသတ္တဝါ အကုန်လုံးကို ကျန်းမာရေးအရ အစာအိမ် အနားပေးတဲ့ Fasing Day အနေနဲ့ ဗုဒ္ဓဟူးနေ့တိုင်း အစာမကျွေးဘူး” ဟု ၎င်းကဆိုသည်။

ကျားဖြူမကို တစ်ရက်လျှင် ကာလတန်ဖိုး ၁၄,၅၀၀ ကျပ်ဖိုး အမဲသား သုံးပိဿာနှင့် ကြက်ဥငါးလုံး ရောနယ်၍ ကျွေးကြောင်း၊ လူနှင့်ယဉ်ပါးနေဟန် ရှိသော ကျားဖြူမသည် ခြံပြောင်းခါစဖြစ်၍ စိတ်ဖိစီးမှု အနည်းငယ်ရှိသည်ဟု ယူဆသဖြင့် ဗုဒ္ဓဟူးနေ့တွင် ကြက်သား နှစ်ပိဿာ ကျွေးကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

အထက်ပါ ကျားဖြူသည် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ ၁၂ ကောင်မြောက်နှင့် လက်ရှိတစ်ကောင်တည်းသော ကျားဖြူဖြစ်ပြီး၊ မျိုးစိတ် ၁၃၀ တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ ၁၃၃၄ကောင်မြောက် တိရစ္ဆာန် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၅၈ ဒသမ ၁၆ ဧက အကျယ်အဝန်းရှိ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် ၁၀၇ နှစ် သက်တမ်းရှိပြီဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍ ထူးကုမ္ပဏီက နှစ်ရှည်လွှဲပြောင်း လုပ်ကိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
အပြည့်အစုံသို့ »

လမ်းတွေကို ပြင်မှာလား၊ စိတ် အမူအကျင့်တွေကို ပြင်မှာလား


ဘတ်စ်ကားများ ပြည့်ကြပ်နေသည့် ရန်ကုန်မြို့လမ်းမတခုကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆီ နှစ်ခေါက် ကျနော်ပြန်ရောက်ခဲ့ပါတယ်။ ၂၈ ရက် စာ Social Visa နဲ့ သွားတဲ့ အတွက် သတင်း ၈ ပတ်ကြာခဲ့တယ် ဆိုပါတော့။ အဲဒီသတင်း ၈ ပတ်အတွင်းက နေ့ရက် အတော်များများဟာ တနေရာနဲ့ တနေရာ သွားရင်း လမ်းပေါ်မှာ ကုန်ဆုံးခဲ့ရပါတယ်။ အဲဒီလို မြန်မာနိုင်ငံက လမ်းမတွေပေါ် သွားရင်းနဲ့ အောက်ဖေါ်ပြပါ လမ်းပေါ်က အမှား တွေကို ကျနော်မြင်ခွင့်ရခဲ့ ပါတယ်။

အဝေးပြေး ကားလမ်းပေါ်က အမှားတွေကို မပြောခင် အားလုံး နေ့စဉ်ကြုံတွေ့ မြင်သိနေရတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေကို အရင်ဆုံးလေ့လာ ကြည့်ရအောင်ပါ။ ရန်ကုန် နိုင်ငံတကာလေဆိပ်ကို လေယာဉ်ဆိုက်ပြီ ဆိုတာနဲ့ ပထမဆုံး ကြုံရတာက လေယာဉ်ကွင်းနဲ့ မြို့ထဲ ပြေးတဲ့ လေယာဉ်ကွင်း ရထားတို့၊ လေယာဉ်ကွင်း ဘတ်စ်ကားတို့ ရန်ကုန်မှာ မရှိသေးတဲ့ ကိစ္စ။ ဒီတော့ ဈေးကြီးတဲ့ တက္ကစီကိုပဲ အားကိုးရတာပေါ့။


စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ရန်ကုန်က တက္ကစီတွေရဲ့ အပြင်အဆင် ကိုလည်း ကြည့်ပါဦး။ နော်ဝေးက တက္ကစီနဲ့ မယှဉ်နဲ့၊ ဘန်ကောက်က တက္ကစီနဲ့ ယှဉ်ရင် တောင် အတော် ကျန်နေခဲ့ပြီ။ တိုင်းပြည်က ဆင်းရဲနေဆဲ ဖြစ်လို့ ကားကောင်းကောင်း မတင်သွင်းနိုင်သေးတာ၊ လမ်းကောင်း ကောင်း မဖေက်လုပ်နိုင်သေးတာကိုတော့ ထားလိုက်ပါတော့။ ဒါပေမယ့် ကားဆရာတွေရဲ့ ဧည့်ဝတ်မကျေမှု၊ ဧည့်သည်ကို ဘယ် လိုဆက်ဆံရမယ် ဆိုတဲ့ အခြေခံမူလေးတောင် မသိမှုတွေ အတွက်တော့ စိတ်ပျက်သွားမိ ပါတယ်။

တက္ကစီပေါ် ရောက်ရောက်ချင်း ထိုင်ခုံ ခါးပတ် ပတ်ဖို့ပြင်တဲ့ လူကို “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်”လို့ တက္ကစီ ဆရာက စပြောပါတယ်။ တကယ်က ဒီမှာတော့ အဲဒီလောက်ထိ စည်းကမ်း မကျပ် သေးဘူး၊ ထိုင်ခုံခါးပတ် မပတ်ရင် အရေး ယူတာမျိုး မရှိသေးဘူး။ ဒါကြောင့် ပတ်စရာမလိုဘူး စသဖြင့် ရှင်းပြသင့်တယ် ထင်ပါတယ်။

ပြီးတော့ ရန်ကုန်က တက္ကစီသမားတိုင်း လိုလို ကွမ်းစား၊ ဆေးလိပ်သောက်တာ တွေ့ရပါတယ်။ လမ်းဆုံ မီးပွိုင့်မှာ ကားရပ်ရင် ကားတံခါးကို ဟပြီး ကွမ်းသွေး ထွေးကြပါတယ်။ မြို့လယ်ခေါင် ကတ္တရာလမ်းမကြီး ပေါ် “ဗြစ်” ဆိုပြီး ဒီအတိုင်း ထွေးချလိုက် တာပါ။ “ကားဆရာ ကြည့်လုပ်နော်။ နောက်က ဆိုင်ကယ် ၀င်တိုက်မိမယ်။ ရဲ နဲ့တိုးရင် ဒုက္ခရောက်နေဦးမယ်” ဆိုပြီး ပြောမိပြန် ပါတယ်။ ဒီတော့ ကားဆရာက “ခင်ဗျားမြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်” ဆိုတဲ့ စကားလုံးကို အသံနဲ့မပြောတော့ဘဲ မျက် လုံး၊ မျက်ခုံးနဲ့ ပြပါတယ်။

မြို့လယ်ရောက်တော့ အခြေနေက ပိုဆိုးပါတယ်။ လူကူး မျဉ်းကြားမှာ လူတွေဖြတ်ကူး နေတာကို မြင်ရဲ့ သားနဲ့ ကားဟွန်း အဆက်မပြတ်တီးပြီး အရှိန်နဲ့ မောင်းဝင်ပါတယ်။ “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့ တူတယ်” လို့ ထပ်အပြောခံရမှာ စိုးတဲ့ အတွက် ဘာမှထပ် မပြောတော့ပါ။ မှတ်တမ်းမှတ်ရာနဲ့ တင်ပြနိုင်ဖို့ အတွက် ကင်မရာအလုပ်ကိုသာ အာရုံစိုက်ရ ပါတော့ တယ်။

ရန်ကုန်ကနေ နယ်မြို့တွေသွားတဲ့အခါမှာလည်း လေယာဉ်တွေ၊ ရထားတွေထက် ကားလမ်းကိုသာ လူတွေ အဓိကထား သွားကြတာ တွေ့ရပါတယ်။ ထားဝယ်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေး၊ မန္တလေး-တောင်ကြီး၊ တောင်ကြီး-ရန်ကုန် ခရီးစဉ်တွေ အားလုံးကို ကျနော် ဘတ်စ်ကား စီးပြီး သွားခဲ့ပါတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့ အတိုင်း တိုင်းပြည်က ဆင်းရဲနေ ဆဲ မို့ လမ်းတွေ ကောင်းကောင်း မပြင်နိုင်သေးတဲ့ ကိစ္စကို အပြစ်တင်စရာ မရှိပါ။

ဒါပေမယ့် လမ်းအခွန် ကောက်တဲ့ စနစ်ကတော့ တိုင်းပြည် ဆင်းရဲတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ အခု ပြင် အခု ရနိုင်တဲ့ ငွေကုန်ကြေးကျ မများတဲ့ လုပ်ငန်းစဉ်လို့ ထင်မိပါတယ်။ ထားဝယ်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေးလမ်း တွေမှာ ကျနော်ပဲ အိပ်ငိုက် နေလို့လား မသိပါ၊ မြို့ဝင်ကြေး ကောက်တာမျိုး မတွေ့မိပါ။ ကုမ္ပဏီတွေက ဆောက်လုပ်ထားတဲ့ အဝေးပြေးလမ်း Toll ဂိတ်တွေမှာ လမ်းခွန် ကောက်တာကိုတော့ တွေ့မိပါတယ်။

ကိုယ်က နောက်မှာ ထိုင်တာ ဆိုတော့ ကားဆရာနဲ့ ဂိတ်ဆရာ ဘာတွေ ပြောမှန်းမသိပါ။ နော်ဝေးနဲ့ ထိုင်းမှာ တွေ့ဖူးသလောက် ကတော့ Toll ဂိတ်မှာ ဘာမှပြောစရာ မလိုပါ။ ကားကြီး ဘယ်လောက်၊ ကားငယ် ဘယ်လောက်၊ ကျသင့်တဲ့နှုန်းကို ပေးရင် ဂိတ် တခါး ပွင့်မယ်။ လက်မှတ်ရမယ်။ အားလုံး ကွန်ပျူတာ စနစ်နဲ့ထိမ်းချုပ်ထားတယ်။ ဒီလို နားလည်ထားပါတယ်။

ဒါပေမယ့် မန္တလေးကနေ တောင်ကြီး၊ တောင်ကြီးကနေ လင်းခေးမြို့ဆီသွားတဲ့ ခရီးစဉ်တွေမှာတော့ ဘတ်စ်ကားကြီး တွေ အစား ဗင်ကားလို့ ဒေသခံတွေက ခေါ်တဲ့ လူ ၄ ယောက်စီး တက္ကစီလို ကားမျိုးကို စီးမိပါတယ်။ ကားသမားဘေး က ရှေ့ခုံမှာ ထိုင်ခွင့်ရတော့ ကားသမား ပြောသမျှ၊ ကားသမားလုပ်သမျှ အကုန်မြင် နေရပါတယ်။ စဥ့်ကူ၊ ကျောက်ဆည်၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ အေးသာယာ၊ တောင်ကြီး အထိ မြို့တိုင်းမှာ မြို့ဝင်ကြေး ၃၀၀ ကျပ်စီ ပေးတာ တွေ့ရပါတယ်။

အလားတူ ဟိုပုန်း၊ လွိုင်လင်၊ မိုင်းပွန်၊ နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့အ၀င်တွေမှာလည်း ၃၀၀ ကျပ်စီ ပေးရပါတယ်။ ဒါပေမယ့် ၅၀၀ တန်ပေးလိုက်ရင် ပြန် မအမ်းတော့ပါ။ ၃၀၀ အတွက်လည်း ဘာလက်မှတ်မှ မရပါ။ “ဘာလို့ ငွေလက်ခံဖြတ်ပိုင်း မတောင်းတာ လဲ” ဆိုပြီး ကားဆရာကို ကျနော်က မေးတော့ “အလုပ်ရှုပ်ပါတယ်ဗျာ။ အဲဒါ တောင်းနေရင် ကား အကြာကြီး ရပ်နေရလိမ့်မယ်” လို့ဖြေပါတယ်။

အင်း မြို့ဝင်ကြေး ကောက်တဲ့ ဂိတ်တွေမှာ ကွန်ပျူတာစနစ် မရှိသေးတဲ့ အတွက် အခွန်ပြေစာ မပေးနိုင်သေးတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ နောက်တခါ ကွန်ပျူတာစနစ် မရှိသေးတဲ့ အတွက် တနေ့တနေ့ ကားဘယ်နှစ်စီး ဒီဂိတ်ကနေ ဖြတ်သွားတယ် ဆိုတာကိုလည်း ဘယ်သူကမှ အသေချာ မှတ်တမ်းတင်ထားပုံ မရပါ။

ကား ဘယ်နှစ်စီး ဖြတ်တယ် ဆိုတာ မှတ်တမ်း မရှိဘဲနဲ့ ဂိတ်ကြေး ဘယ်လောက်ရတယ် ဆိုတာကို ဘယ်လို တွက်ချက်သလဲ။ ဒီဂိတ်မှာ တာဝန်ယူတဲ့ သူတွေ ပြောတဲ့အတိုင်းပဲ မြို့တော်ဝန်တို့၊ အခွန်ဝန်ကြီးဌာနတို့၊ ကုန်းလမ်း ပို့ဆောင်ရေး ၀န်ကြီးဌာနတို့က လက်ခံလိုက်တာပဲလား။ “ခင်ဗျား မြန်မာပြည်က မဟုတ်ဘူး နဲ့တူတယ်” လို့ ထပ် အပြောခံရဦးမယ့် ကိန်းပါပဲ။

ထားတော့။ တိုင်းပြည်က ဆင်းရဲနေဆဲ ဆိုတော့ ကွန်ပျူတာစနစ် မလုပ်နိုင်သေးတဲ့ အတွက် ဒါတွေကို စိစစ်ဖို့ မဖြစ်နိုင် သေး ဘူး ပေါ့။ ဒါပေမယ့် ကွန်ပျူတာစနစ်နဲ့ အသေအချာ ထိမ်းချုပ်ထားတဲ့ တောင်ကြီးမြို့ဝင်ခါနီး ပုဂ္ဂလိကပိုင် Toll ဂိတ်မှာလည်း အလားတူ အဖြစ်ကို ကြုံရတော့ ကျနော် အတော်အံ့သြသွားရ ပါတယ်။ Toll ဂိတ် တွေရောက်တိုင်း ပေးနေကျ အခကျေးငွေကို ကားဆရာက ထုတ်ပေးတာ ကျနော် မြင်လိုက်ရပါတယ်။

“ဟာ အစ်ကိုကြီးကလဲ၊ အချင်းချင်းတွေကို ပိုက်ဆံလာပေး နေပြန်ပြီ။ ပိုက်ဆံ မယူဘူး။ ပြန်လာမှ မုန့်ဝယ်လာခဲ့လေ”လို့ Toll ဂိတ်ကောင်တာ ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးက ပြန်ပြောပါတယ်။ ကျနော့် နားကို ကျနော် မယုံလို့ ကောင် မလေး ရှေ့က ကွန်ပျူတာကို အသေအချာလှမ်းကြည့် ပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာ ဘာတွေ ပေါ်နေမှန်း ကောင်းကောင်း မမြင်ရပါ။ ပြီးတော့ ဘေးမှာ CCTV ကင်မရာတွေကော မရှိဘူးလား ဆိုပြီး ကျနော် လိုက်ကြည့်ပေမယ့် ဘာမှ မတွေ့ရပါ။

ကျနော့် နားနဲ့ မျက်စိအာရုံတွေ ချွတ်ယွင်းနေတာတော့ မဟုတ်လောက်ပါဘူး။ Toll ဂိတ်စနစ်နဲ့ အကောက် ၀န်ထမ်းတွေ၊ ကား သမားတွေရဲ့ တာဝန်ယူမှု၊ ကိုယ်ကျင့်သိက္ခာတွေက ဘယ်လိုမျိုးကြီးလဲ။ ဒါပေမယ့် ဒါကို လွဲချော်ခြင်း တခု၊ ကိုယ်ကျင့်သိက္ခာ ခြ စားခြင်းတခု၊ လာဘ်စားမှု တခုဖြစ်တယ်လို့ ကားသမားရော၊ Toll ဂိတ် ၀န်ထမ်းတွေကပါ ရှုမြင်ထားပုံ မရပါဘူး။

“ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်” လို့ ခဏခဏ အပြောခံနေရတဲ့ ကျနော်တဦးတည်းကသာ ဒီလိုမြင်နေတာ ဖြစ် ပုံရပါတယ်။

ထားတော့။ နယ်စွန်နယ်ဖျား မို့လို့ ဒီလို လွဲချော်နေတာ ဖြစ်နိုင်ပါတယ်။ တနိုင်ငံလုံး ဒီလို လွဲနေတာ မျိုးတော့ မဟုတ်လောက်ပါဘူး လို့ တွေးရင်း ရှမ်းပြည်ကနေ ကျနော် ပြန်လာခဲ့ပါတယ်။ မန္တလေးကို မ၀င်ခင် စစ်ကိုင်း တောင်ရိုး ပေါ်က ပြန်အဆင်း၊ ဧရာဝတီမြစ်ကူးတံတား (အရင် အင်းဝတံတား) ဘေးက သတိပေး ဆိုင်းဘုတ်တွေကိုမြင်ရတော့ နောက်ထပ် ထူးခြားချက် တခု ကို တွေ့လိုက်ရ ပြန်ပါတယ်။

“ဌာနဆိုင်ရာ မော်တော်ယာဉ်မှန် မမှန် စစ်ဆေးလိုပါသဖြင့် မော်တော်ယာဉ်များ ခေတ္တရပ်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်” တဲ့။ တမျိုးကြီး ပါလား။ နော်ဝေးမှာရော၊ ထိုင်းမှာပါ ဒီလိုမျိုး သတိပေးချက် မတွေ့ မိပါဘူး။ အသေအချာ ပြန်ဖတ်ကြည့်တော့ “ဌာနဆိုင်ရာ တံဆိပ်များ အယောင်ဆောင် တပ်ဆင်၍ လမ်း/ တံတား၊ ဂိတ်ကြေးများ မပေးဘဲ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနေလို့” ဒီလို မေတ္တာရပ်ခံရတာပါ တဲ့။

ဆိုလိုတာက ဌာနဆိုင်ရာကား ဆိုရင် တံတားကြေး၊ ဂိတ်ကြေး ပေးစရာ မလိုဘူးပေါ့။ ဘာကြောင့်လဲ။ ဒီ ကားတွေက မြေနဲ့ မထိ ဘဲ၊ လမ်းနဲ့မထိဘဲ လေပေါ်မှာ မောင်းသွားလို့လား။ လမ်းခွန်ကောက်တာပဲ။ ဘယ် ကားဖြစ်ဖြစ် လမ်းပေါ် ဖြတ်တဲ့ ကားမှန်သမျှ ကောက်ရမှာပေါ့။ ကွန်ပျူတာစနစ်ထဲမှာ ဌာနဆိုင်ရာကားဆိုရင် စခရင် (Screen) မှာ မပေါ်ဘဲ ကိုယ်ဖျောက် စနစ်နဲ့ ဖြတ်သွားလေရော့ သလား။ တခြား နိုင်ငံတွေက ကွန်ပျူတာ စနစ်နဲ့ မြန်မာနိုင်ငံက ကွန်ပျူတာ စနစ် မတူကြဘူးလား။

အင်း လမ်းပေါ်က အမှားတွေ အတွက် လမ်းကိုပဲ အရင်ပြင်ရ မလား၊ မြို့ဝင်ကြေးကောက်တဲ့ ဂိတ်စနစ် ကိုပဲ အရင်ပြင်ရ မလား။ Toll ဂိတ်တွေက ကွန်ပျူတာစနစ်ကိုပဲ အရင်ပြင်ရ မလား။ ဒါမှမဟုတ် တာဝန်ကျ ၀န်ထမ်းတွေ၊ ကားသမားတွေ၊ လူတွေရဲ့ စဉ်းစားပုံ Mindset ကိုပဲ အရင်ပြင်ရ မလား။

“ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်” ဆိုတဲ့ စကားလုံးကို အကာအကွယ်ယူပြီး ဝေဖန်သမျှကို မျက်စိမှိတ်စွတ်ငြင်း လေ့ ရှိတဲ့ အမူအကျင့်ကိုပဲ အရင်ပြင်ရ မလား။ မန္တလေး-ရန်ကုန် အမြန်လမ်းပေါ် ပြေးနေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ရင်း ကျနော် စဉ်းစားနေမိပါတယ်။     ။
Irrawaddy ဧရာဝတီ သတင်း
အပြည့်အစုံသို့ »

တစ်မိုင် တစ်ဦး အမြန်လမ်း




“ကို...ရောဟင်...” ဟု ခုတင်ပေါ်မှ တောင့်တောင့်ကြီး ဆန့်နေရသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးက မပွင့်တပွင့် လေသံဖြင့် ခပ်တိုးတိုးလေး မေးရှာသည်။

သူမ၏ မျက်နှာအနှံ့တွင် ပွန်းရှထားသည့် ဒဏ်ရာဒဏ်ချက်တို့က ပြည့်လုနီးပါး။ မေးစေ့တစ်ခုလုံးမှာ မိုးကျ သပြေသီးပမာ ညိုပြောင်ပြောင် အရောင်တောက်နေသည်။ ပြင်းထန်သော အတွင်းပိုင်း ဒဏ်ရာတို့ကို သူမက ခေတ္တမေ့ထားဟန် တူသော်လည်း ဦးခေါင်း အနည်းငယ် စောင်းရုံဖြင့် သူမထံမှ အော်ညည်းသံ ထွက်လာသည်။

အော်ညည်းသံကြားမှပင် မေလ ၁၂ ညနေပိုင်းက နေပြည်တော်-ရန်ကုန်သွား ရာဇာမင်း အဝေးပြေးကားပေါ်မှ သူမနှင့် ပူးတွဲထိုင်လိုက်လာသော ခင်ပွန်းကို သူမက မေးခြင်းဖြစ်သည်။
Add caption
အထိတ်တလန့်ဖြစ်ဖွယ် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်ခန့်အကြာ မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ခရီးသည်တင်ယာဉ်မှာ အမြန်လမ်းတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ကျန်ရှိ ခရီးသည် ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ ၁၄ ဦးတွင် သူမ၏ ခင်ပွန်းသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ယခုနှစ်အတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သော ဒုတိယမြောက် အမြန်လမ်း ယာဉ်တိမ်းမှောက်မှုလည်း ဖြစ်သည်။

အမြန်လမ်း ၁၁၆ မိုင်တွင် ဧပြီလ ၁၂ ရက် ည ၂ နာရီခွဲအချိန် ဖြစ်ပွားခဲ့သော အဝေးပြေးယာဉ်နှင့် မတ်တူးယာဉ် တိုက်မိအပြီး ၁၃ ဦး သေဆုံးပြီးနောက် တစ်လခန့်အကြာ ရာဇာမင်း ယာဉ်တိုက်မှု ထပ်ဖြစ်ပွားခြင်း ဖြစ်သည်။
“ဟိုဘက်အဆောင်မှာပါ။ ညီမလေး စိတ်မပူနဲ့နော်” ဟု ရာဇာမင်းယာဉ်ပေါ်ပါ ခင်ပွန်းသည်အကြောင်း မေးနေသူကို လူနာစောင့် အမျိုးသမီးက ပြန်အဖြေ ပေးလိုက်သည်။

သို့သော် ဘေးမှ လူနာသတင်းမေးများကို မြင်သာရန် လူနာစောင့်က မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ ထိုလူနာစောင့်၏ မျက်နှာက တစ်ချက်တစ်ချက် ငိုမဲ့မဲ့။ ဆုံးပါးသွားသူ ခင်ပွန်း ရှိနေသေးကြောင်း လိမ်နေရသည့်အပြင် မချိတင်ကဲ ပြုံးရသည့် အလုပ်ကိုပါ လူနာစောင့်က ပူးတွဲလုပ်နေရသည်။
“ဘာမှမဖြစ်ဘူးနော်။ ကောင်းသွားကြမှာပါ” ဟူသော အားပေး စကားလုံးတို့က သွေးညီနံ့၊ သွေးပုပ်နံ့တို့က ပျံ့နှံ့နေသော ခွဲစိတ်ဆောင်အမှတ် (၁) နှင့်(၂) တို့တွင် ရောပြွမ်းနေ၏။

တိမ်းမှောက်သွားသော ရာဇာမင်း ယာဉ်သည် ညနေ ၆ နာရီ ၄၅ ဝန်းကျင်၌ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ် အတက်တွင် လမ်းချော်၍ ချောက်အတွင်း ပြုတ်ကျခြင်း ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို ဝင်ရောက်ကူညီ ကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့သို့ အမြန်လမ်းမှ ပြန်လာသူ ဦးစိုးမင်းလွင်က ပြောကြားသည်။

ဦးစိုးမင်းလွင်မှာ ထိုးကျသွားသော ယာဉ်ပေါ်မှ ခရီးသည်များကို ပထမဆုံး ကူညီခဲ့သူ။

အခြား ယာဉ်တိမ်းမှောက်၊ တိုက်မှုများကဲ့သို့ပင် အမြန်လမ်း သမိုင်းတစ်လျှောက် လူအများဆုံး သေဆုံးခဲ့သော ယခုယာဉ်တိုက်မှုကိုလည်း လူ့အပြစ်လော၊ လမ်းအပြစ်လော အငြင်းပွားကြဦးမည်။ လမ်းအပြစ် ဖြစ်ကြောင်း ပြောသူတို့တွင်လည်း သက်သေများရှိသည်။

လမ်းတည်ဆောက်မှုအတွက် ကျွမ်းကျင် ပညာရှင်များကို အသုံးပြု၍ အမှန်တကယ် အရည်အသွေး ပြည့်ဝသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အသုံးပြုခဲ့ကြောင်း သေချာသည့် သက်သေသာဓက မတွေ့ရသေးကြောင်း လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် ၁၅ နှစ်နီးပါး လုပ်သက်ရှိသူ တောင်ငူမြို့ခံ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကွန်ကရစ်လမ်း ခင်းမယ်ဆိုရင် အောက်ခံမြေသားက အနည်းဆုံး အသားသေလောက်တဲ့  အတိုင်းအတာ ပမာဏလောက် ထားရှိရပါမယ်။ ဒါပေမဲ့ အမြန်လမ်းမကြီးက နှစ်တိုတိုအတွင်း ပြီးစီးပြီး နှစ်တိုတို အတွင်းမှာပဲ ဖြတ်သန်း သွားလာခွင့် ပြုခဲ့တာကို ကျွန်တော် ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခုနှစ် သင်္ကြန်လေးရက်တာ ကာလအတွင်းမှာပင် အဆိုပါ အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်မဆ ဖြစ်ပွားမှုပေါင်း ၂၂ ခု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၁၆ ဦး အထိရှိခဲ့ကာ လူပေါင်း ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ ပြောဆိုချက်ကို ထောက်ရှုပါက အမြန်လမ်း၏ အနေအထားမှာ စိုးရွံ့စရာပင်။

ထိုနည်းတူ ယာဉ်မောင်းအပြစ် (လူ့အပြစ်) ဟုဆိုရန်လည်း အကြောင်းခြင်းရာများ ရှိနေသည်။

မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီတွင် နေပြည်တော် မြို့မဈေးကားဂိတ်မှ ထွက်ခဲ့သော ရာဇာမင်းကားသည် နေပြည်တော် စစ်ဆေးရေးဂိတ်အထွက် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းပေါ် စရောက်ကတည်းကပင် ဘယ်ညာယိမ်းနေပြီဟု ခရီးသည်အဖြစ် လိုက်ပါသွားသည့် အစိုးရဝန်ထမ်း အမျိုးသမီးက ဆိုသည်။
“မြန်တာကလည်း မြန်တယ်။ ထိန်းမရဖြစ်တာ သိသာတယ်” ဟု ၎င်းက ခုတင်ပေါ်မှ ပက်လက် အနေအထားဖြင့် ပြောသည်။

ကားပေါ်လိုက်ပါခဲ့သည့် မန္တလေးမြို့နေ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကမူ ကားမောင်းသူမှာ မူမမှန်ဟု ပြောသည်။
“ကားမောင်းတဲ့သူက မူးနေတာလေကွာ” ဟု ဘယ်လက်မောင်းရိုးနှင့် နံရိုးနှစ်ချောင်း ကျိုးသွားသောသူက မကျေနပ်သော လေသံဖြင့် ဆိုသည်။

ကားမှောက်ရခြင်းမှာ လမ်းချောနေသဖြင့်ဟု ပြောဆိုနေသော်လည်း အခင်းဖြစ်ပွားပြီး မကြာမီ အဆိုပါ နေရာသို့ ရောက်သွားချိန်တွင် လမ်းမှာ ခြောက်နေပြီ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကွန်ပျုတာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဦးဘဆွေက ပြောကြားခဲ့သည်။
“ဒီတော့ လူအမှားတွေလည်း မကင်းဘူးလို့ ပြောရမှာပါ” ဟု ၎င်းကဆိုသည်။

လူအပြစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ လမ်းအပြစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ နှစ်ခုစလုံးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယင်းကြောင့်ပင် အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဝင်းက ယာဉ်မတော်တဆမှုများသည်  ကားကြံ့ခိုင်ရေး ကောင်းမွန်ခြင်း မရှိသည့် အမှားများ ရှိသကဲ့သို လူသားအမှားကြောင့် အများဆုံး  ဖြစ်ပွားရခြင်းကြောင့် အမြန်လမ်းမကြီး တစ်လျှောက်ရှိ အချို့လမ်းပိုင်း နေရာများသည် တစ်ဖြောင့်တည်းရှိပြီး အကွေ့အကောက် နည်းပါးသောကြောင့် ယာဉ်မောင်းများအနေဖြင့် ဂရုစိုက် မောင်းနှင်ရန် လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။

ယာဉ်တိုက်၊ တိမ်းမှောက်မှုများ များပြားလာကတည်းက အမြန်လမ်းမကြီး ပုံမှန်ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထိန်းသိမ်းကွပ်ကဲမှုရုံးမှ အထက်မြန်မာပြည် အင်ဂျင်နီယာမှူး ဦးပြည်ဖြိုးဆယ်က ပြောကြားသည်။

“ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ ယာဉ်မောင်းအနေနဲ့ ပေါ့ဆမှုလေးတွေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရာဇာမင်း ယာဉ်တိုက်မှုဖြစ်စဉ်တွင် ၄၄ ဦးအနက် ၁၄ ဦး ဆုံးပါးသွားခဲ့ပြီး ကျန်ရှိသူများမှာ အနည်းနှင့်အများ ဒဏ်ရာရကြသည်။ အားလုံး နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင်။

နံရိုးကျိုးခြင်း၊ အရိုးအက်ခြင်း၊ ခေါင်းကွဲခြင်း၊ ခါးမလှုပ်နိုင်ခြင်း၊ မျက်နှာဖူးရောင်ခြင်းနှင့် မမြင်နိုင်သည့် ကိုယ်တွင်းပိုင်း ဝေဒနာတို့က အသက်ရှင် ကျန်ခဲ့သူတိုင်းတွင် ဖြစ်နေဆဲ။ ထူးခြားသည်မှာ ခေါင်းကွဲ၊ ခြေပေါက်ဒဏ်ရာတို့က သုံးမြှောင့်ပါ စကေဘာခေါ် အချွန်လက်နက်ဖြင့်  ထိုးခံရသကဲ့သို့ ဖြစ်နေသည်။ (ဥပမာ-မာစီဒီးကားတံဆိပ်နှင့် ခပ်ဆင်ဆင်တူသည်)။ ထို့အပြင် ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာကြောင့် ကွက်၍ရိပ်ထားရသော ကတုံးကွက်တို့က လူနာအများစုတွင် ရှိပြန်သည်။

“ကားရှေ့ပိုင်းနဲ့ အရင်ကျတာ။ ရှေ့မှန်ကွဲသွားတော့ ကျော်ခွပြီး အပြင်ထွက်လိုက်တယ်။ ဘေးမှာက သွေးတွေနဲ့ အကုန်သေနေပြီလို့တောင် ထင်ထားတာ” ဟု နေပြည်တော်မှ ပြန်လာသော အစိုးရဝန်ထမ်းက သူမ၏ လုပ်ဆောင်ချက်နှင့် အတွေ့အကြုံကို ပြန်ပြောပြသည်။

အဆိုပါကား ပြုတ်မကျမီကပင် ခရီးသည်တို့က အော်ဟစ်ခြင်း မရှိသလို၊ အခင်းဖြစ်ပြီး ချိန်တွင်လည်း ကျယ်လောင်သော အော်ဟစ်သံမထွက်ဟု သူမက ထပ်လောင်းဆိုသည်။

ခရီးသည်များ၏ အော်ဟစ် ညည်းတွားသံက လူနာဆောင်တစ်ခုလုံး ခပ်သဲ့သဲ့ ထွက်နေသည်။ ယမန်နေ့ ညပိုင်းကတည်းက တာဝန်ကျနေသော ဆရာဝန်နှင့် သူနာပြုများက လူနာ၏ ဒဏ်ရာများကို ချုပ်ပေးရသည့် အလုပ်က မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင် အချိန်အထိ မပြီးသေး။ မစိုးရိမ်ရသည့် အသေးစား ပေါက်ပြဲဒဏ်ရာတို့ကို ချုပ်ပေးနေရသည့် အလုပ်က တစ်ခုတင်ဝင် တစ်ခုတင်ထွက် ။

“ညတည်းက မအိပ်ရသေးဘူး။ စိတ်ချရလောက်မှ ပြန်ရမှာ” ဟု  အသက် ၃၀ ဝန်းကျင်ခန့်ရှိ သူနာပြု ဆရာမလေးတစ်ဦးက ဆိုသည်။ သူမ စွပ်ထားသော လက်အိတ်နှင့် ဆေးတွန်းလှည်းပေါ်တွင် သွေးစတို့က မြင်မကောင်း။

ခေါင်းတွင် ဆယ်ပြားစေ့ခန့် ဟောင်းလောင်း ပေါက်နေသည့် လူနာ၊ အပြင်းအထန် ညည်းတွားနေပြီး နာလွန်းသဖြင့် အောက်ပိုင်းအဝတ်ပင် မကပ်နိုင်အောင် ရုန်းနေသော လူနာ စသည်ဖြင့် . . . ။

ထိုလူနာများတွင် အစာစားနိုင်သည့် လူနာဟူ၍ အနည်းအကျဉ်းသာ ရှိသည်။ ရာဇာမင်းကားကို မောင်းနှင်သည့် ဒရိုင်ဘာက အတွင်းလူနာအဖြစ် ကုသနေရသည်။ ယာဉ်အကူကား အခြားခရီးသည် ၁၃ ဦးနှင့်အတူ လူ့လောကကို စွန့်ခွာသွားပြီ ဖြစ်သည်။

လူနာတချို့သူတို့မှာ စိုးရိမ်ရသေးသည်ဟု နေပြည်တော်ကောင်စီမှ သတင်းထွက်သည်။ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီးတို့ ရောက်လာသည်။ လူနာ တစ်ဦးစီအတွက် ထောက့်ပံ့ငွေများ ပေးသည်။ သတိရသူကို အားပေးစကား ပြောသည်ကို တွေ့ရသည်။ ထောက်ပံ့ငွေ အရေအတွက် မသိရ။
“စာအိတ်လေးနဲ့ ထည့်ပေးသွားတယ်။ ဘယ်လောက်မှန်း မသိပါဘူး” ဟု လူနာစောင့် အမျိုးသမီးတစ်ဦးက ပြောသည်။

သူမစောင့်နေသော လူနာအမျိုးသမီးမှာ အသက် ၅၀ ခန့်အရွယ် ရှိသည်။ လူနာ သတိမရသေး၍ ဆရာဝန်နှစ်ဦး နံဘေးတွင် ရပ်စောင့်နေသည်။ ကျန်လူနာစောင့် တစ်ယောက်က သတိမေ့နေသူ၏ နှာခေါင်းပေါ်တွင် သံပုရာသီး တစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ အငိုတစ်ဝက် မျက်ဝန်းတို့က ပူလောင်နေသည့်ဟန်ပြ၏။

ဝန်ကြီးတို့က လူနာများကို ကြည့်၍ စိတ်မကောင်း ဖြစ်သည့်ဟန်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် နေ့စဉ် ဖြတ်သန်း သွားလာနေသော ကားအစီးရေမှာ ၃၀၀ နီးပါး ရှိနေပြီး ယာဉ်လိုင်းပေါင်း ၅၀ ကျော်အနက် ယာဉ်မတော်တဆမှု မဖြစ်ပွားသေးသော ကားလိုင်းမှာ မရှိသလောက်ပင် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်ယာဉ်လိုင်းတစ်လိုင်းမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောကြားသည်။ မှောက်သည့် ယာဉ်များမှောက် နေသည်။ လမ်းပြင်သူများကလည်း ဆက်ပြင်နေသည်။

၂၀၁၄ ခုနှစ် မကုန်မီ လမ်းတိုးချဲ့ မှုများအပြင် ၂၅ မိုင် အရှည်ထိ ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ စတီးလက်ရမ်းများ တပ်ဆင်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အမြန်လမ်း အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကားသမား ပေါ့ဆမှုကြောင့် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားခဲ့ရင်တောင်မှ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေနိုင်တဲ့အထိ ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယာဉ်တိမ်းမှောက်မှု များလာသဖြင့် သေမင်းတမန်လမ်းဟုပင် သမုတ်ခံလာရသော ရန်ကုန်-မန္တလေး အမြန်လမ်း၏ အရှည်ကား ၃၆၆ မိုင် ၃ ဖာလုံ ရှိသည်။

လမ်းစဖွင့်သည့် ၂၀၀၉ မှ ယနေ့အထိ ယာဉ်တိမ်းမှောက်မူကြောင့် ၃၆၇ ဦး သေဆုံးခဲ့သည်။
သေဆုံးမှုသည် တစ်မိုင်တစ်ဦးနှုန်း ရှိခဲ့ပြီဖြစ်သော အမြန်လမ်း ဖြစ်နေပြီ။

အောင်ထက်၊ ဇေယျာကို (တောင်ငူ)
ွှThe Voice
အပြည့်အစုံသို့ »

ABSDF မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေဆဲ ဦးသံချောင်း(ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းမှာ အငြင်းပွားဖွယ်ဖြစ်နေ


ပါဂျောင်တွင် အစိုးရ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသော ကျောင်းသားလူငယ် အချို့

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေရဆဲ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံနှင့် RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းအပေါ် အငြင်းပွားဖွယ် ဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးတွင် ဦးသံချောင်းအဖွဲ့မှ အဖွဲ့ဝင် ၂၉ ဦး ပါဝင်ခဲ့ပြီး ဦးသံချောင်းမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ဦးသံချောင်းကို မည်သို့သဘောထားသနည်းဆိုသော မေးခွန်းကို မေးမြန်းရာ၌ ထိုကဲ့သို့ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။
"ကျွန်တော့်အနေနဲ့ မြင်တာကတော့ သူကရာဇ၀တ်မှုကို ကျူးလွန်ခဲ့တယ်။ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ် ၃၈ ယောက်ကို သတ်တဲ့အထဲမှာ သူလည်းပါတာပဲ။ ကိုယ်ကတော့ သူ့ကို နိုင်ငံရေး အကျဉ်းသားတစ်ဦးလို့ မမြင်ဘူး။ ရာဇ၀တ်သား တစ်ဦးလို့ပဲ မြင်တယ်။ ခံခဲ့ရတဲ့ ကာယကံရှင်တွေကတော့ သူ့ကိုတရားစွဲမှာပဲ။ အခုလည်း စွဲနေကြတယ်။ တရားစွဲတဲ့အခါ အချို့နေရာတွေမှာ အမှုသက်သေ မခိုင်လုံလို့ဆိုပြီး ပယ်ချတာ ရှိတယ်။ ဒါကြောင့် ကိုယ်တို့နိုင်ငံတော် သမ္မတအထိ တင်နေတယ်။ ကိုသံချောင်းကိုလည်း ဦးစိန်အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး CID က ၀င်စစ်ထားတာ ရှိတယ်" ဟု ABSDF (မြောက်ပိုင်း)တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ဦးသိန်းထွန်းက ပြောကြားသည်။
ဦးသံချောင်းသည် ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌ အဓိက တာဝန်ရှိသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း)မှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ပြောကြားပါသည်။ လက်ရှိအချိန်တွင် ပါဂျောင်ဒေသ၌ ဖြစ်ပေါ်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ကျူးလွန်သူများအား အရေးယူခြင်း မရှိသေးသည့်အပြင် နစ်နာသူများ၏ တိုင်ကြားချက်များကိုလည်း အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။
ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင်အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ  ၃၉ ဦးရှိခဲ့ . . .
"သူတို့ ကျူးလွန်ခဲ့တာက အရမ်းဆိုးဆိုးဝါးဝါးကြီးလေ။ ဒါကြောင့် သံချောင်းကို နိုင်ငံရေးသမား တစ်ယောက်လို့ ကျွန်မတော့ မသတ်မှတ်ဘူး။ အဲဒီလို သတ်မှတ်လိုက်တာနဲ့ အခြားနိုင်ငံရေး သမားတွေရဲ့ ဂုဏ်သိက္ခာပါ လျော့သွားမှာပေါ့နော်။ ဒီလို အပြစ်ကြီး ကျူးလွန်ခဲ့တာကိုက လူ့အခွင့်အရေးဘက်ကပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘက်ကပဲ ဖြစ်ဖြစ် ခွင့်လွှတ်လို့ မရနိုင်တဲ့ ပြစ်မှုကြီးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ဖြစ်ခဲ့တာ ဆိုပေမယ့် အခုအချိန်အထိတောင် အစ်မတို့ ခံစားနေရတုန်းပဲ။ အစ်မတို့ အဖေတွေ ခံစားခဲ့ရတဲ့ အချိန်တုန်းက တရားမျှတမှု မရှိခဲ့ပါဘူး။ အစ်မတို့ကတော့ သူတို့ကို တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ သူဟာအပြစ်ရှိရင် ရှိမှန်း လူသိထင်ရှား အားလုံးက လက်ခံစေချင်တယ်။ သူအပြစ်ရှိတဲ့ အကြောင်းကို သူကိုယ်တိုင်လဲ သိရမယ်။ သူအပြစ်လုပ်လို့ လုပ်တာက တခြား၊ အစိုးရကို ဆန့်ကျင်လို့ နိုင်ငံရေးသမား ဖြစ်တာက တခြားဆိုတာကို အစ်မတော့ လက်မခံဘူး။ အစ်မတို့တွေစုပြီး နိုင်ငံတော်သမ္မတဆီ စာတင်ထားတာ ရှိတယ်။ နှစ်လကျော်နေပြီ။ အခုအချိန်အထိတော့ ဘာမှအကြောင်းပြန်တာ မရှိသေးဘူး" ဟု ABSDF (မြောက်ပိုင်း) ၌ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် သေဆုံးခဲ့ရသူ ဦးစိန် (မှိုင်းရာပြည့် ကျောင်းသားဟောင်း၊ ဒီးဒုတ်ဂျာနယ် ထုတ်ဝေသူ) ၏ သမီး ဒေါ်စန်းစန်းအေးက ပြောကြားသည်။
ထို့အတူ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရကာ ABSDF (မြောက်ပိုင်း) ရှိ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူပုံအလယ်၌ အ၀တ်အစားများချွတ်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူ ရန်ကုန်တက္ကသိုလ် ဒုတိယနှစ် (မြန်မာစာ) ကျောင်းသူ မခင်ချိုဦး၏ဖခင် ဦးတင်ပိုက အမှန်တရားကိုသာ လိုလားပြီး တရားဥပဒေအတိုင်း ဖြစ်စေလိုကြောင်း ပြောကြားပါသည်။
"သမ္မတဆီ စာတင်ထားတာ နှစ်လကျော်နေပြီ။ အခုအချိန်အထိ ဘာမှအကြောင်းမပြန်ဘူး။ မိသားစုတွေ အနေနဲ့ ဖြစ်စေချင်တာကတော့ မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တယ်။ ဒို့သားသမီးတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲတယ်။ ဒါကဟုတ်မှ မဟုတ်တာဘဲ။ ကိုယ့်သမီးဘာလဲ ဆိုတာတော့ ကိုယ်သိတာပေါ့။ အဲဒါကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုဖို့ နှစ်ပေါင်း ၂၀ ကျော် စောင့်ခဲ့ရတာ။ အခုအချိန်အထိ အမှန်တရားက မပေါ်ခဲ့သေးဘူး။ ဒို့တွေကတော့ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေအတိုင်းလဲ အရေးယူ စေချင်တယ်။ သူ့မှာရှိတဲ့ အပြစ်အတိုင်းကိုလည်း လူတွေက အသိအမှတ်ပြုဖို့ လိုတယ်။ ပြီးတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်တာက သံချောင်း တစ်ယောက်တည်း မဟုတ်ဘူး။ နောက်ထပ်လေးငါးယောက် ကျန်သေးတယ်။ တရားခံတွေ အကုန်လုံး တရားဥပဒေအတိုင်း ဖြစ်စေချင်တာက မိသားစုတွေရဲ့ ဆန္ဒပဲ" ဟု ဦးတင်ပိုက ပြောကြားသည်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရ သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး စစ်ထောက်လှမ်းရေးဟုပင် စွပ်စွဲခံရကာ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ ဓားဖြင့်ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် မန္တလေးမှ ကိုချိုကြီး၏အစ်မ ဒေါ်သင်းသင်းဝင်းကလည်း ဦးသံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကား အနေဖြင့်သာ သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။


ဦးသံချောင်းနှင့် အဖွဲ့အား ဖမ်းမိပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှ မှတ်တမ်းများ

"အစ်မ နားလည်ထားတာက အဲဒီဖြစ်စဉ်မှာ သံချောင်းတို့ကတော့ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ သူတွေဖြစ်လို့ တရားခံမှာဆိုရင် နံပါတ်တစ်ပေါ့နော်။ နောက်ထပ်ကိုယ်တိုင် ကျူးလွန်တာ မဟုတ်ပေမယ့် ကျူးလွန်သူတွေကို အားပေးအားမြှောက် လုပ်ခဲ့တဲ့ လူတွေက နံပါတ်နှစ်ပေါ့။ နောက်ဒီဖြစ်စဉ် ဖြစ်လာဖို့ လှုံ့ဆော်ခဲ့တဲ့သူတွေလည်း ရှိတယ်။ ဘယ်သူတွေ ဘယ်လိုပဲ သတ်မှတ်ပါစေ အစ်မတို့ကတော့ သံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကားလို့ပဲ မှတ်ယူပါတယ်။ သူက ခွေးရူးလိုပဲ မည်းမည်းမြင်ရာ ကိုက်တတ်တဲ့သူဖြစ်လို့ သူ့ကိုတော့ တရားဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ မြင်တယ်" ဟု ဒေါ်သင်းသင်းဝင်းက ပြောကြားသည်။
ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တောခိုခဲ့ပြီး ABSDF (မြောက်ပိုင်း) သို့ ရောက်ရှိခဲ့ကာ စစ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် ကာလအတွင်း ABSDF (မြောက်ပိုင်း) ပါဂျောင်၊ လိုင်စင်စခန်း၌ ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့်ခေါင်းဖြတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင် အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၉ ဦးရှိခဲ့ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။
၁၉၉၄ ခုနှစ်တွင် KIO က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပြီးနောက် ကချင်ဒေသ၌ လှုပ်ရှားနေသော ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းနှင့်အဖွဲ့မှာ ပါဂျောင်ဒေသကို စွန့်ခွာခဲ့ပြီး SSPP/SSA အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် SSPP/SSA နှင့် လမ်းခွဲလိုက်ပြီး RCSS/SSA နှင့် ဆက်လက်ပူးပေါင်းကာ ၂၀၀၂ ခုနှစ် ပန်မိုင်ဆုန်တိုက်ပွဲနှင့် ၂၀၀၅ ခုနှစ် လွယ်တိုင်းလျန် တိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။
၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် နမ့်ခမ်းမြို့နယ် အတွင်းရှိ နမ့်တီးရွာတွင် အဖမ်းခံခဲ့ရပြီးနောက် မတ်လတွင် စွဲချက် ၁၁ ချက်ဖြင့် သေဒဏ်ချမှတ် ခဲ့သည်။
၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က လားရှိုးမြို့၌ ပြုလုပ်ခဲ့သော အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းကို ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် လူသတ်မှုများ ကျူးလွန်ခဲ့သူ ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ABSDF (မြောက်ပိုင်း) ပါဂျောင် လူသတ်မှုတွင် အသတ်ခံခဲ့ရသူများ စာရင်းကို ထုတ်ပြန်ခဲ့သည်။
ဦးသံချောင်းကို လူသတ်မှု၊ ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုများ အပါအ၀င် နိုင်ငံတော် ပုန်ကန်မှုများဖြင့် အရေးယူခဲ့သော်လည်း မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် မည်ကဲ့သို့ အရေးယူခဲ့သည် ဆိုခြင်းကိုမူ ရှင်းလင်းစွာ မထုတ်ပြန်ခဲ့သဖြင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရာ၌ နိုင်ငံရေး အင်အားစုများက ဦးသံချောင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်လာခြင်း ဖြစ်ပါသည်။
သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် . . . .
"RCSS/SSA က တင်လာတဲ့ စာရင်းထဲမှာ သူပါတယ်။ အဲဒါကြောင့် တင်လာတဲ့ စာရင်းကို ထောက်ခံပြီး နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အတွင်းရေးမှူးနှင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ လေ့လာစိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
"သူ့ကို ပုဒ်မ ၁၇/၁ နဲ့ ထောင်ချတယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားလို့ပဲ သတ်မှတ်ပါတယ်" ဟု RCSS/SSA ၏ ကျိုင်းတုံမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောကြားခဲ့ပြီး သီးခြားမှတ်ချက် ပေးရန်ကိုမူ ငြင်းဆန်ခဲ့သည်။
"နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တွေ အနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ သူအခြားမှာ ဖြစ်ခဲ့တဲ့ကိစ္စ အခြားပြဿနာပါ။ သူထောင်ကျရခြင်းရဲ့ အကြောင်းရင်းက နိုင်ငံရေးကြောင့်ဖြစ်လို့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။ သူကျခံထားရတဲ့ ပြစ်ဒဏ်ကတော့ တစ်ကျွန်းနဲ့ အခြားပြစ်မှုတွေရောပေါ့။ ထောင်ထဲမှာ သံချောင်းတစ်ယောက်တည်း ကျန်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ စာရင်းအရကို ၁၀၄ ယောက် ကျန်နေသေးတော့ အဲဒီလူတွေ အကုန်လုံးကို ဆက်လွှတ်ပေးဖို့တော့ တောင်းဆိုထားပါတယ်။ ဒါကြောင့် သံချောင်းကို မြောက်ပိုင်း ABSDF ကိစ္စကြောင့် မလွှတ်တာလို့ ပြောလို့မရနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားဆိုလို့ သူတစ်ယောက်တည်း ကျန်နေတာ ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ လွှတ်ပေးဖို့ စာရင်းတင်ထားတဲ့ အထဲမှာ သူ့နာမည်လဲ ပါပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုမြင့်အောင်က အဖွဲ့၏ သဘောထား အနေဖြင့် ပြောကြားခဲ့ပါသည်။
"ကိုသံချောင်းကို AAPP အနေနဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ ကိုသံချောင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက ABSDF အနေနဲ့ ဖြစ်ခဲ့တာ။ အခု အဖမ်းခံရတာက SSA အနေနဲ့ အဖမ်းခံရတာ။ လူတစ်ကိုယ်တည်း နှစ်ဘ၀ ဖြစ်နေတာပေါ့။ ABSDF အနေနဲ့ ဖြစ်ခဲ့တဲ့ ဥစ္စာကိုတော့ သူ့ဘာသာ ရဲဘော်တွေနဲ့ ရှင်းပေါ့နော်။ အဲဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ ရှင်းပေးလို့လဲ မရဘူး။ ကျွန်တော်တို့ အစိုးရကိုလည်း အခုလိုပဲ ပြောပြထားပါတယ်" ဟု AAPP မှ ကိုဘိုကြည်က ပြောကြားခဲ့သည်။
ထို့အပြင် NLD ပါတီ၏ အမှုဆောင် တစ်ဦးဖြစ်သူ ကိုကျော်ထွေးက "နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူ အားလုံးကိုတော့ နိုင်ငံရေး အကျဉ်းသားအဖြစ် လက်ခံတယ်။ ဥပဒေကို ချိုးဖောက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုတော့ ခွင့်လွှတ်လို့မရဘူး။ အဲဒါတွေ အတွက်တော့ အပြစ်ပေး အရေးယူခံရမှာပဲ၊ ဒါတွေကို ရောနှောလိုက်လို့ မရဘူး" ဟု ပြောကြားခဲ့ပါသည်။
ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူ တစ်ဦးဖြစ်သည့် ကိုရဲလင်းက ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သူတစ်ဦး ဖြစ်ခဲ့သည့်အတွက် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သည်ကို လက်ခံသည်ဟု ပြောကြားခဲ့ပြီး အကယ်၍ လွတ်မြောက်လာခဲ့ပါက ၎င်းအနေနှင့် ရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဇူလိုင် ၂၃ ရက် ပြန်လွတ်လာသူများထဲတွင် ဦးသံချောင်းနှင့်အတူ အဖမ်းခံခဲ့ရပြီး သေဒဏ်ချမှတ် ခံခဲ့ရသူ အများစု ပြန်လွတ်ခဲ့ကာ ဦးသံချောင်းနှင့် အခြားတပ်မှူး တစ်ဦးသာ သာယာဝတီထောင်အတွင်း ကျန်ရှိတော့ကြောင်း သိရသည်။


ဦးသံချောင်းအား RCSS/SSA ၀တ်စုံဖြင့် တွေ့ရစဉ်

၁၉၈၉ တွင် ABSDF (မြောက်ပိုင်း)ရှိ ပါဂျောင်စခန်းတွင် ကျောင်းသားလူငယ်များကို သူလျှိုဟုဆိုကာ စတင်သတ်ဖြတ်မှုများ ရှိနေခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် မြင်းခြံမြို့မှ ကိုမြတ်ကိုကိုအား ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်မှုကို စတင်ပြုလုပ်ခဲ့ပြီး ထိုသတ်ဖြတ်မှုကို ဦးသံချောင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် မိုးကောင်းမြို့မှ ကိုလွှမ်းအား အဖွဲ့အစည်း ပြိုကွဲအောင် လုပ်သည်ဟု စွပ်စွဲပြီး စခန်းအလယ် သင်တန်းကွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျန်ရှိသော အလောင်းကို ထိုနေရာ၌ပင် ကျင်းတူးမြှုပ်နှံပြီး ဘော်လီဘောကွင်း ပြုလုပ်ခဲ့ခြင်း၊ ရန်ကုန်မှ ကိုအောင်ကျော်ကို ထောက်လှမ်းရေးဟု စွပ်စွဲကာ ဖမ်းဆီးညှဉ်းပန်းခဲ့ပြီး ညှဉ်းပန်းနှိပ်စက်နေစဉ် သေဆုံးခဲ့ရခြင်း၊ ၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် ABSDF (မြောက်ပိုင်း) ၏ ပထမဆုံး ဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ မန္တလေးမှ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ၁၅ ဦးကို အစိုးရ ထောက်လှမ်းရေးဟူသော စွပ်စွဲချက်များဖြင့် အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ သွေးအေးအေးဖြင့် ညှဉ်းပန်းနှိပ်စက်ကာ ဓားဖြင့်ခေါင်းဖြတ် သတ်ခဲ့ခြင်းများ၊ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာပင် ကိုကျော်ဝေ၊ ကိုစိုးဝင်းသန်း၊ ကိုဝင်းနောင်တို့ကို လူသတ်ကုန်း၌ပင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းများ အစရှိသည့် လူမဆန်သော လုပ်ရပ်များထဲတွင် ဦးသံချောင်းမှာ အဓိက လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၌ ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် အလွန်အထိ ဖြစ်ပွားခဲ့သော လူမဆန်သော ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများတွင် အင်အားသုံးရာ ခန့်သာရှိသော ကျောင်းသားတပ်မတော်မှ ၁၀၇ ဦးကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခဲ့ကာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ၃၅ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ၇၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက် ခဲ့ပါသည်။
အသတ်မခံရဘဲ ထွက်ပြေးလွတ်မြောက် ခံခဲ့ရသူများလည်း သေရာပါဒဏ်ရာများ ရရှိသည်အထိ နည်းမျိုးစုံဖြင့် နေ့စဉ်ရက်စက် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရကြောင်း၊ ထိုသို့နှိပ်စက်ရာတွင် လက်နောက်ပြန်ကြိုးတုပ်ပြီး တိုင်ငုတ်တွင်ချည်ကာ ရိုက်နှက်ခြင်းများ၊ ထောင်အတွင်း ထိတ်တုံးခတ်ပြီး ရိုက်နှက်စစ်ဆေးခြင်း၊ ရင်ဘတ်ကို ဓားဖြင့်မွှန်းခြင်းများ၊ လျှပ်စစ်ရှော့ခ်ရိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ မြေတွင်စိုက်ထားသော လက်ဝါးကပ်တိုင် ပုံစံတွင် ကြိုးဖြင့်ကပ်ချည် (အချို့သူများကို သံရိုက်သွင်း) ပြီး စခန်းပြင်၌ ထုတ်ထားခြင်း၊ အသတ်ခံခဲ့ရသူ၏ သွေးများကို သောက်ခိုင်းခြင်း၊ အသတ်ခံရသူများ၏ လက်ပြတ်များကို ပါးစပ်ဖြင့် ကိုက်ချီစေခြင်းများ အပါအ၀င် အခြားသော လူမဆန်သည့် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စံခံခဲ့ရပြီး အချို့မှာမူ နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရပါသည်။
ထိုသို့ လုပ်ဆောင်ခဲ့ သူများထဲတွင် ဦးသံချောင်းမှာ အဓိက ပါဝင်သူဖြစ်ပြီး အခြားတာဝန်ရှိသူများမှာ ဦးအောင်နိုင် (ခေါ်) ရော်နယ်အောင်နိုင်၊ ဦးကျော်ကျော်၊ ဦးအောင်ကြီး၊ ဦးစိန်အေး၊ ဦးလှဆိုင်း၊ ဦးနေဒွန်း၊ ဦးမျိုးဝင်း (ကွယ်လွန်)၊ ဦးသန်းဇော် (သာယာဝတီထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်) နှင့် ဒေါက်တာနိုင်အောင် (ထိုအချိန်က ABSDF (ဗဟို) ဥက္ကဋ္ဌ) တို့ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။
"သံချောင်း ဘယ်လိုရက်စက်ခဲ့တယ် ဆိုတာကို အားလုံးသိပါတယ်။ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာတွေ လုပ်ခဲ့တဲ့သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ ဘယ်လိုသတ်မှတ်မလဲ။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်မယ်ဆိုရင် သူ့လိုပဲ ရက်ရက်စက်စက် နှိပ်စက်တာတွေ လုပ်ခဲ့တဲ့ ထောက်လှမ်းရေးတွေကို ဘယ်လိုသတ်မှတ်မလဲ။ သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ထားတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား စံသတ်မှတ်ချက်တွေကို ကန့်ကွက်ပါတယ်။ သူကလူသတ်မှုတွေ ကျူးလွန်ထားတဲ့သူ ဖြစ်တယ်။ လူသတ်မှုကို တရားစွဲဆိုရမှာ အစိုးရရဲ့ အလုပ်ပဲ။ အသတ်ခံရတယ်ဆိုတဲ့ တရားဝင် အချက်အလက်တွေလည်း ရရှိထားပြီးပြီ မဟုတ်လား။ ရဲကစစ်ဆေးပြီး တရားရုံးကို တင်ဖို့က အစိုးရ ဆက်လုပ်သင့်တယ်" ဟု ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုစိုးလင်းက ပြောကြားခဲ့ပါသည်။
"သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး လွှတ်ပေးလိုက်ပြီးမှ လွတ်သွားရင် ဘယ်သူအာမခံမှာလဲ။ အခုအချိန်လို သက်သေတွေ အလုံအလောက် ရှိနေတဲ့အချိန်မှာ မြောက်ပိုင်းအမှုကို ထောင်ထဲမှာပဲ စစ်ဆေးသင့်တယ်။ စစ်ဆေးတဲ့ အခါမှာလည်း သူ့အတွက်ပါ တရားမျှတမှုရှိအောင်၊ အမှန်တရား ပေါ်ပေါက်အောင် အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးသင့်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေ အနေနဲ့လည်း တိုင်းရင်းသားဖြစ်တာ တစ်ခုတည်းနဲ့ သူ့ကိုလွှတ်ပေးဖို့ မတောင်းဆိုသင့်ဘူး။ ရာဇ၀တ် ကျူးလွန်တဲ့ သူတွေထဲမှာ တချို့က အမိန့်ပေးတယ်။ တချို့ကတော့ အမိန့်ပေးစေခိုင်းလို့ လုပ်ရတယ်။ သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ဂုဏ်သိက္ခာလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရန် မြောက်ပိုင်းပြန် ကျောင်းသားများမှ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် တောင်းဆိုခဲ့သည်။
ထို့အတူ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလက ပါဂျောင်စခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံခဲ့ရပြီး အသတ်ခံခဲ့ရသူ ဦးစိန်၏သမီး မစမ်းစမ်းအေးက ဖခင်အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးရန် မြောက်ဥက္ကလာပ ရဲစခန်း၌ ၂၀၁၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင် အမှုဖွင့်ခဲ့ပြီး ထိုအမှုကို ပ/၈၆၉/၁၂/၃၀၂ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ တိုင်ကြားမှုအတွက် CID မှ ဦးသံချောင်းကို သွားရောက်စစ်ဆေး ခဲ့သည်ဆိုသော သတင်းမှအပ အခြားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရှိရပါသည်။
ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသူများ
၁။ ကိုကျော်ဝေ (မန္တလေး၊ ၇-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၂။ ကိုသာဓု (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၃။ မခင်ချိုဦး (ဒုတိယနှစ် (မြန်မာစာ)၊ ရန်ကုန်တက္ကသိုလ် (လှိုင်)နယ်မြေ၊ ၁၂-၂-၁၉၉၂ တွင် အ၀တ်အစားများချွတ်၍ လူပုံအလယ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ)
၎။ ကိုသောင်းမြင့် (တန့်ဆည်ရွာ၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၅။ ကိုတူးတူး (မြစ်ကြီးနား၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၆။ ကိုထွန်းအောင်ကျော် (မန္တလေး၊ ABSDF (မြောက်ပိုင်း) ၏ ပထမဆုံးဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၇။ ကိုချိုကြီး (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၈။ ကိုအေးမြင့် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၉။ ကိုမောင်မောင် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၀။ ကိုဌေးမြင့်ဝင်း (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၁။ ကိုရန်အောင် (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၂။ ကိုသက်နိုင် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၃။ ကိုအောင်ဖိုး ( ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၄။ ကိုလှမြင့် (ခေါ်) ကိုဇော်မင်းသွေး (မြို့ကုန်း၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၅။ ကိုကျော်ကျော်မင်း (ကန့်ဘလူ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၆။ ကိုမောင်မောင်ကြွယ် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၇။ ကိုစိုးဝင်းသန်း (မန္တလေး၊ ၁၅-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ)
၁၈။ ကိုဝင်းနောင် (ရန်ကုန်၊ ၁၉၉၂ ခုနှစ်တွင် ဓားဖြင့်ခုတ်သတ်ခံရ)
၁၉။ ကိုအောင်ကိုး (ဗန်းမော်၊ အဖမ်းခံထားရစဉ် ၁၉၉၁ ခုနှစ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ)
၂၀။ ကိုမြတ်ကိုကို (မြင်းခြံ၊ ၁၉၈၉ ခုနှစ်တွင် သတ်ဖြတ်ခံရ)
၂၁။ ကိုလွှမ်းမိုး (မိုးကောင်း၊ အဖွဲ့အစည်းပြိုကွဲအောင် လုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ၁၉၉၀ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ)
၂၂။ ကိုကျော်ကျော်အုန်း (တန့်ဆည်၊ ၁၉၉၁ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ)
၂၃။ ကိုရန်ရှင်း (မြင်းခြံ၊ ၁၉၉၂ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ)
၂၄။ ကိုအောင်မြင့်ထွန်း (KIA တပ်ရင်း-၆ နယ်မြေတွင် အသတ်ခံရ)
ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူများ
၁။ ကိုစိုးမင်းအောင် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၂။ ကိုတင့်လွင်(မြစ်ကြီးနား၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၃။ ဦးစိန်(ရန်ကုန်၊ စစ်ကြောရေးဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် အချုပ်ထောင်တွင်း သေဆုံး)
၎။ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၅။ ကိုရာကွတ်ဘိုင် (စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး)
၆။ ကိုခင်မောင်စိုး (ခေါ်) စိုးကြီး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး)
၇။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၈။ ကိုအောင်မင်း (ခေါ်) ထိန်လင်း (မန္တလေး၊ ရိုက်နှက်ခံရမှုကြောင့် အချုပ်ထောင်အတွင်း သေဆုံး)
၉။ ကိုအေးကျော် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၁၀။ ကိုကျော်ကျော်ဦး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး)
၁၁။ ကိုပြည့်စိုးနိုင် (ရန်ကုန်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး )
၁၂။ ကိုဇော်ဝင်းချစ် (ဗန်းမော်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
၁၃။ ကိုဝင်းသိန်း (ခေါ်) အရှည်ကြီး (၀န်းသို၊ အချုပ်ထောင်အတွင်း သေဆုံး)
၁၄။ ကိုအောင်ကျော် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၀ တွင် သေဆုံး)
၁၅။ ကိုဝင်းနောင် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး)
၁၆။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး)
အပြည့်အစုံသို့ »