Showing posts sorted by relevance for query ပြည့်တန်ဆာ. Sort by date Show all posts
Showing posts sorted by relevance for query ပြည့်တန်ဆာ. Sort by date Show all posts

ရန်ကုန်မြို့လယ်တွင် ပြည့်တန်ဆာများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးခဲ့



ရန်ကုန်မြို့မှ ညငှက်တချို့ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ယမန်နေ့ညပိုင်းက ရန်ကုန်မြို့လယ် တ၀ိုက်တွင် ပြည့်တန်ဆာ ပပျောက်ရေးအတွက် စီမံချက် ပုံစံဖြင့် လိုက်လံ ဖမ်းဆီးခဲ့ ကြကြောင်း မျက်မြင်တွေ့ရှိသူ တချို့က ပြောသည်။

ညပိုင်း ၈ နာရီ ၀န်းကျင်တွင် လူစည်ကားရာ နေရာများ၌ ကျင်လည်နေကြသော လိင်အလုပ်သမ များကို ဖမ်းဆီးခြင်းကြောင့် လူအများ အုံးအုံးကြွက်ကြွက် ဖြစ်ခဲ့ရကြောင်း၊ သိမ်ကြီးဈေး အနီး လှုပ်ရှားနေသူ ၃ ဦးခန့် ဖမ်းဆီး ခံလိုက်ရသည်ကို မြင်တွေ့ရကြောင်း သိမ်ကြီးဈေး ဘေးတွင် ကွမ်းယာရောင်းနေသူ တဦးက ဧရာဝတီသို့ ပြောသည်။

“မနေ့ညက ရန်ကုန်မြို့လယ်မှာ ပြည့်တန်ဆာတွေ လိုက်ဖမ်းလို့ ထွက်ပြေးလိုက်ကြတာ အများကြီးပဲ။ ဆိုက်ကား သမားတွေ ရော၊ လုပ်စားကြတဲ့ သူတွေရောပဲ။ တည်းခိုခန်းတွေပါ မကျန်ဖြစ်သွားကြတာ” ဟု မျက်မြင် တွေ့ရှိသူ တဦးက ဆိုသည်။

ပြည့်တန်ဆာ ဖမ်းဆီးရေးနှင့် ပတ်သက်ပြီး အထူးစီမံချက်ဖြင့် ဖမ်းဆီးနေခြင်း မဟုတ်ဘဲ ရဲ လုပ်ထုံးလုပ်နည်းအရ ပြည့်တန်ဆာ ပပျောက်ရေး အတွက်သာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ မြို့နယ်ရဲစခန်းတချို့မှ သိရသည်။

ပြည့်တန်ဆာများကို လစဉ် ဖမ်းဆီးလျှက် ရှိနေပြီး အသွင်ယူ ဖမ်းဆီးမှုက အများဆုံး ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်တွင် တလလျှင် ၁၀ မှုခန့် ဖမ်းဆီးရမိနေပြီး ယခုနှစ် အတွင်း အမှုပေါင်း ၉၀ ကျော်ပြီ ဖြစ်ကြောင်း၊ ယခုလတွင် ပြည့်တန်ဆာမှု ၄ မှု ရှိနေပြီဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်မှူးက ဧရာဝတီကို ပြောသည်။

“မီဒီယာတွေမှာ ရေးလာကြလို့ စီမံချက်ပုံစံမျိုးနဲ့ ဖမ်းတာတော့ မဟုတ်ပါဘူး။ အထွေထွေ အုပ်ချုပ်ရေး ဘက်ကလည်း ညွှန်ကြားချက် ပေးတာမျိုး ရှိတယ်။ ကျနော်တို့ မြို့နယ်မှာဆိုရင် မြို့နယ် အသီးသီးက လာလုပ်စားကြတာ၊ တခြား အလုပ်
လုပ်နေကြတဲ့ သူတွေတောင် ပါတယ်။ ဖုန်းလေးတွေ၊ အိတ်ကလေးတွေ၊ ထမင်းချိုင့် ကလေးတွေနဲ့။ သူတို့ မြို့နယ်မှာတော့ ကောင်းရောင်း ကောင်းဝယ် အလုပ်တခုခု လုပ်သလို ပုံစံမျိုးနဲ့” ဟု ကျောက်တံတား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ထို့အပြင် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပြည့်တန်ဆာပုဒ်မ ၅ (၁) ဆိုလျှင် ထောင်ဒဏ် ၁ နှစ်ခွဲ၊ အသွင်ယူ ဖမ်းဆီးသော ပြည့်တန်ဆာ ပုဒ်မ ၃ (ခ) ဆိုလျှင် ထောင်ဒဏ် ၁ နှစ်၊ ကျော်ကြားမှု ဖြစ်သော ပြည့်တန်ဆာ ပုဒ်မ ၇ (၁) ဆိုလျှင်
ခံဝန် ကတိတို့ဖြင့် အရေးယူလျှက် ရှိကြောင်း၊ မှုခင်း ကျဆင်းရေးအတွက် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး ပြည့်တန်ဆာ သီးသန့် ဖမ်းဆီးရေးမျိုး မဟုတ်ဘဲ ရဲအရေးပိုင်သော အမှုအခင်းများ အားလုံးကို ဖမ်းဆီးနေခြင်းသာ ဖြစ်ကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။

တာမွေမြို့နယ်တွင် တလလျှင် ၂ ဦးခန့် အနည်းဆုံး ဖမ်းဆီးမိပြီး ဗိုလ်တထောင် မြို့နယ်တွင် တလလျှင် အနည်းဆုံး ၄ ဦး
ခန့် ဖမ်းမိလေ့ရှိကြောင်း၊ ပန်းဘဲတန်း မြို့နယ်တွင် ယမန်နေ့ညက ဖမ်းဆီးမှုကြောင့် ၁ ဦး မိခဲ့ပြီး တလလျှင် ၁၀
ဦးခန့် ဖမ်းဆီးမိရာ ယခုနှစ် ဇန်န၀ါရီလမှ ယနေ့အချိန်အထိ အမှုပေါင်း ၉၀ ကျော်သွားပြီ ဖြစ်ကြောင်း အဆိုပါ ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းရာမှ သိရသည်။

လိင်အလုပ်သမ များကို ကူညီ ဆောင်ရွက်ပေးနေသော တော်ဝင်ခရေ ကွန်ရက်က နှစ်စဉ်နိုင်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလများ တွင် ပြည့်တန်ဆာများကို အများအပြား ဖမ်းဆီးလေ့ ရှိသည်ဟု ဝေဖန်ထားသော်လည်း ရဲစခန်းအများစုက ထိုအချက်ကို ငြင်းဆိုကြသည်။

ပြည့်တန်ဆာ လုပ်ငန်းများသည် ပပျောက်သွားရန် မည်သည့်အချိန်တင်မှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ ထိန်းကျောင်း သွားရန် တရားဝင် လိုင်စင်ပေးသော နည်းအပြင် နည်းလမ်း အမျိုးမျိုးရှိကြောင်း၊ ပြည့်တန်ဆာလုပ်ငန်း ထွန်းကားခြင်းသည် ခေတ်၊ နေရာ၊ ပထ၀ီ အနေအထား၊ သမိုင်းကြောင်းများနှင့် များစွာ သက်ဆိုင်ကြောင်း Marie Stopes International Myanmar မှ ဒါရိုက်တာ ဒေါက်တာစစ်နိုင်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို ရာဇ၀တ်မှုဟု ဥပဒေ ပြဌာန်းထားခြင်းနှင့် ပက်သက်ပြီး မိမိအနေနှင့် မှတ်ချက် တစုံတရာ မပေးလိုကြောင်း၊ လူထုနှင့် သက်ဆိုင်သော လူထု ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ ငြင်းခုံ ဆွေးနွေး အဖြေရှာရမည့် ကိစ္စဖြစ်ပါကြောင်း ၎င်းက ဆက်ပြောသည်။

“လိင် အလုပ်သမတွေကို အာဏာပိုင်တွေ ဘက်က ဥပဒေအရ အရေးယူတဲ့ အထဲမှာ ဥပဒေရဲ့ အသုံးချမှုတွေ ဖြစ်နေရတာ က တကယ်တော့ အုပ်ချုပ်ရေးတွေ ဘက်ကလည်း အခိုက်အတန့် သူတို့မှာ ပြန်ပြီး အခက် ကြုံကြရတာတွေကြောင့်
ဒီလို ဖြစ်သွားရတာပါ။ စီမံချက်လို ရဲတယောက် အမှု ဘယ်လောက် ဆိုတော့ သူတို့ ကြုံရတဲ့ အခက်အခဲကို ဘယ်သူတွေက ၀င် ဖြေရှင်းပေးမှာလဲ။ အဲဒါကြောင့်ပဲ သူတို့နိုင်တဲ့ ဘက်ကို ပြန်လုပ်တဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။
 ဧရာဝတီ

အပြည့်အစုံသို့ »

ပြည့်တန်ဆာတွေ အတွက် ပြစ်ဒဏ်ကြီးကြီး လာတော့မည်


အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့် မိန်းကလေးများအား အရောင်း အဝယ် ပြုလုပ်ခြင်း ကို နှိပ်ကွပ်ရန် အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံး အားလုံး သို့ ညွှန်ကြားချက် ပေးပို့ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

အဆိုပါ လုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့်သာ အရေးယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန်ကြားမှုများ ထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့် အားဖြည့်၍ ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။
ခေတ်ကာလအလျောက် ပြည့်တန်ဆာ လုပ်ငန်းများ များပြားလာသဖြင့် ယင်းကို မနှိမ်နင်းနိုင်ပါက အကျင့်စာရိတ္တ ပျက်ယွင်းခြင်း၊ လူမျိုးဂုဏ် ကျဆင်းခြင်းနှင့် ကျန်းမာရေး ထိခိုက်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် တင်းကျပ်စွာ အရေးယူမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့အထိ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူခဲ့သော အမှု ၄,၈၁၆ မှုရှိကြောင်း ဝန်ကြီးက ပြောသည်။

ယင်းတွင် ကျား ၂၂၂ ဦးနှင့် မ ၄,၉၁၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ဝန်ကြီး၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အစိုးရသစ် လက်ထက်၌ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဝန်ကြီးက အထက် ပါအတိုင်း ဖြေကြားခဲ့သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ် ရေး ဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ဝေဖန်မှုများ ရှိနေပြီး ရှေးရိုး အစဉ်အလာ ထိန်းသိမ်း စောင့်ရှောက်လိုသူများက ယင်းကို လူ့ဘောင် ယဉ်ကျေးမှုအရ ထိန်းသိမ်းသင့်ပြီဟု ဆိုကြပြီး အချို့ မှာ ခေတ်ကာလနှင့် အညီ ပြင်ဆင်ရန် သင့်သည်ဟု ဝေဖန်မှုများ ရှိနေကြောင်း ဒေါက်တာညိုညို သင်းက ပြောသည်။

၁၉၉၈ ခုနှစ် ဧပြီလတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်ခဲ့ပြီး ယင်းတွင် ထောင်ဒဏ်များကို တိုးမြှင့် ချထားပေးရန်နှင့် မကျမနေ ထောင် ဒဏ်အပြင် ငွေဒဏ်ကိုလည်း ချမှတ်ရန် ပြင်ဆင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးကြီး မြင့်က ”ဒီဥပဒေမှာက ပျော်ပါးတဲ့ အမျိုးသားတွေကိုတော့ အရေးမယူဘူး။ အမျိုးသမီးတွေကိုပဲ အရေးယူတယ်။ ဒါကတော့ တစ် မျိုး ဖြစ်နေတာပေါ့”ဟု ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနှင့် ပတ်သက်၍ ပြောသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ပြည့်တန်ဆာ လုပ်ငန်းကို လိုင်စင်ဖြင့် လုပ်ကိုင်ခြင်းများ ရှိရာ ယင်းကဲ့သို့ စီမံ၍ အများပြည် သူများရှေ့တွင် မဖွယ်မရာ ပြုလုပ်ခြင်းကိုသာ ဥပဒေအရ တားမြစ်ခြင်းဆောင် ရွက်ရန်သင့်သည်ဟု ၄င်းက သုံးသပ် ပြောသည်။

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြင်ဆင်လိုက်ခြင်းမှာ ပုဒ်မ ၅ ၊ ပုဒ်မခွဲ ၁ တွင် တစ်နှစ်အောက် မနည်း သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ကျခံရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ တွင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ စီရင်ရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
From: Popular Myanmar

အပြည့်အစုံသို့ »

အမေရိကတွင် ကလေးငယ်များကို ပြည့်တန်ဆာ အဓမ္မလုပ်ခိုင်းမှုဖြင့် ၁၅၉ ဦး FBI ဖမ်းဆီး


ဝါရှင်တန်၊ ဇူလိုင် ၃၀

အမေရိကန်ပြည်ထောင်စုတွင် FBI တပ်ဖွဲ့က နိုင်ငံလုံးအနှံ့ ကလေးသူငယ်အဓမ္မ လိင်ဖျော်ဖြေလုပ်သား လုပ်ကိုင်စေခြင်း နှိမ်နင်းမှု စစ်ဆင်ရေးကို နိုင်ငံလုံးချီ၍ ပြုလုပ်ခဲ့ရာ စုစုပေါင်း ၁၅၉ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း New York Times သတင်းစာက ရေးသားဖော်ပြ ထားသည်။

မိန်းကလေးငယ် ၂၇၀၀ ကို ကယ်တင်နိုင်ခဲ့ပြီး အချို့မှာ အသက် ၁၃ နှစ်ခန့် သာရှိသေးကြောင်း လည်း ယင်းသတင်းအရ သိရသည်။

အဆိုပါ စစ်ဆင်ရေးသည် ဆယ် စုနှစ်တစ်ခု ကြာပြီဖြစ်သော တရားရေး ဌာန၏ အစီအစဉ်တစ်ခု ဖြစ်သည့် Innocence Lost National Initiative ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး ကလေးသူငယ်များကို လိင်လုပ်သား လုပ်ကိုင်စေသည့် ဒုစရိုက် ဂိုဏ်းများကို ဖြိုခွင်းရန် ရည်ရွယ်သည်။

ကယ်ဆယ်ထားသော လိင်လုပ်သား ကလေးငယ်များကို နှစ်သိမ့်ဆွေးနွေး အားပေးရန်နှင့် ၄င်းတို့အတွက် နေထိုင်စရာ စီစဉ်ပေးရန်လည်း FBI ကဆောင်ရွက် လျက်ရှိသည်ဟု အဆိုပါ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့အစည်း၏ လက်ထောက်ဒါရိုက်တာ ရွန်ဟော့စ်ကို က ပြောကြားသည်။

မိန်းကလေးငယ်များကို မည်သည့် အမှုနှင့်မျှ တရားစွဲဆိုအရေးယူသွားမည် မဟုတ်ကြောင်းလည်း FBI က ထုတ်ပြန် ထားသည်။

"ပြည့်တန်ဆာ အတင်းအဓမ္မ လုပ်ခိုင်းခံရတဲ့ ကလေးတွေကို ပြည့်တန်ဆာမှုနဲ့ အရေးယူမှာ မဟုတ်ပါဘူး။ သူတို့ကို သားကောင် အဖြစ်ခံရသူတွေလို့ သဘော ထားပါတယ်။ သူတို့ဟာ ရွေးချယ်စရာမရှိခဲ့ ပါဘူး။ အဓိကက ဒီလိုသံသရာ လည်နေတာကို ရပ်တန့်ချင်ပြီးတော့ သူတို့ဘဝကို သူတို့ ပြန်ထိန်းကျောင်းနိုင်အောင် လုပ်ပေး ရမှာပါ" ဟု ရွန်ဟော့စ်က ပြောကြားသည်။

အများဆုံး ဖမ်းမိသည့်နေရာမှာ ဒက်ထရွိုက်တွင် ဖြစ်ပြီး ပြည့်တန်ဆာခေါင်း ၁၈ ဦးကို ဖမ်းမိခဲ့ကာ မိန်းကလေး ၁၀ ဦးကို လည်းကယ်တင်ထားနိုင်ခဲ့သည်။

ဆန်ဖရန်စစ္စကို တွင်လည်း ပြည့်တန်ဆာခေါင်း ၁၈ ဦး ဖမ်းမိထားပြီး မိန်းကလေးငယ် ၁၂ ဦး ကယ်တင်ထား နိုင်ကာ အတ္တလန္တာတွင်လည်း ပြည့်တန်ဆာ ခေါင်း ၁၇ ဦးနှင့် မိန်းကလေးနှစ်ဦးတို့ ရရှိထားသည်။

အမေရိကန်ပြည်ထောင်စု မြို့ကြီး ပေါင်း ၇၀ တွင် ဖော်ပြပါစစ်ဆင်ရေးကို အချိန်ကိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

အာဏာပိုင်များသည် အင်တာနက် ပေါ်မှ ဖောက်သည်ရှာသော ပြည့်တန်ဆာ အုပ်စုများနှင့် ဘတ်ကားမှတ်တိုင်များ၊ ကာစီနိုများတွင် လှုပ်ရှားကြသည့် အဖွဲ့များကို ပစ်မှတ်ထား ခြေရာခံ ကြခြင်းဖြစ်ပြီး ၄င်းတို့မှတစ်ဆင့် ကလေးသူငယ်များကို အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းသည့် အမှုများကို ဖော်ထုတ်ကြခြင်းဖြစ်သည်။

FBI နှင့် ပျောက်ဆုံး၊ ခေါင်းပုံဖြတ်ခံ ကလေးများအတွက် အမျိုးသားဗဟိုဌာန ကဲ့သို့သော ဥပဒေ ဘက်တော်သား အဖွဲ့ အစည်းများ ပူးပေါင်းကာ စစ်ဆင်ရေးများကို လုပ်ဆောင်ကြခြင်း ဟုလည်း ယင်း သတင်းကဆိုသည်။
The Voice Weekly

အပြည့်အစုံသို့ »

လူဦးရေ ၈ သန်း၊ ပျော်တော်ဆက်မယ် တစ်သိန်းနှင့် မြို့တော်ရန်ကုန် - သံဖနောင့်



သန်းခေါင်စာရင်း ကောက်ယူအပြီး သိလိုက်ရသည်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ရှစ်သန်းရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၁၈ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်ဟု ဖြစ်သည်။ ထိုနေထိုင်သူများသည် စီးပွားရေး လုပ်ငန်းမျိုးစုံဖြင့် စားဝတ်နေရေးကို ဖြေရှင်းလျက်ရှိရာ လုပ်ငန်းရှင်၊ အစိုးရ အမှုထမ်း၊ စာရေးစာချီ၊ ကုမ္ပဏီဝန်ထမ်း၊ စတိုးဆိုင် ပိုင်ရှင်၊ စားသောက်ဆိုင် ပိုင်ရှင်၊ စားပွဲထိုး၊ လမ်းဘေးဈေးသည်၊ ကြုံရာကျပန်း အလုပ်သမား၊ ဆိုက်ကားနှင့် အငှားယာဉ်မောင်း စသဖြင့် မျိုးမည်စုံလှသော လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။

ထိုအထဲတွင် လူတကာ နှာခေါင်းရှုံ့ သော်လည်း ထိုနှာခေါင်းရှုံ့သူများလည်း မကင်းလွတ်သော ပျော်တော်ဆက်မယ်များကလည်း ရန်ကုန်တွင် တစ်နေ့တစ်ခြား ပေါများလာသည်။ တိုက်ရိုက်(CSW)နှင့် သွယ်ဝိုက်လုပ်ကိုင်နေသူ (ICSW) ပျော်တော်ဆက်မယ် အရေအတွက်မှာ လူဦးရေ တစ်သိန်းခန့်အထိ ရှိနေပြီဟု လူမှုရေး အဖွဲ့အစည်း တစ်ခုထံမှ သိရသည်။ ထိုနှုန်းအရ ရန်ကုန်တွင် လူ၈၀ရှိတိုင်း တစ်ဦးမှာ ပျော်တော်ဆက်မယ် အလုပ်လုပ်ကိုင်နေသည့် သဘောဖြစ်သည်။ အင်တာနက်ပေါ်တွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ပြည့်တန်ဆာ လုပ်ငန်းအတွက် လူအရင်းအမြစ်ပေးသည့် နိုင်ငံဟုပင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ HIV ရောဂါကူးစက်နှုန်းမှာ အာရှတွင် တတိယဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံနောက်တွင် တည်ရှိကာ ပျော်တော်ဆက်မယ် အားလုံး၏ ၃၂ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက်ခံထားရသူများဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ပျော်တော်ဆက်မယ် လုပ်သူများ၏ ၂၅ ရာခိုင်နှုန်းသာ ရောဂါ ရှိမရှိ စစ်ဆေးခံထားကြသူများ ဖြစ်သည်။

၂၀၁၂-၂၀၁၃ခုနှစ် ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် HIV ဆေးသောက်သုံးရန် လိုအပ်သူ နှစ်သိန်းလေးသောင်းကျော် ရှိသော်လည်း လူရှစ်သောင်းကိုသာ ဆေးပေးနိုင်သေးသည်ဟု သိရသည်။ အစိုးရနှင့် ပြည်ပအဖွဲ့အစည်းများ ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ အလုပ်လုပ်သူ Commercial Sex Workers (CSW)မှာ ခြောက်သောင်းကျော်ရှိပြီး Indirect Commercial Sex Workers (ICSW)မှာ ထို့ထက် အဆများစွာ ရှိနိုင်သည်ဟု သိရသည်။ အဆိုပါ စာရင်းမှာလည်း အမှန်စာရင်းထက် များစွာလျော့နည်းနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည့်တန်ဆာ စာရင်း ကောက်ရသည်မှာ သန်းခေါင်စာရင်း ကောက်ရသကဲ့သို့ မဟုတ်သောကြောင့်ဟု အဆိုပါ စာရင်းကောက်ယူရာတွင် ပါဝင်သော ဆရာဝန်တစ်ဦးက ပြောသည်။

ထိုပျော်တော်ဆက်မယ်များတွင်လည်း လမ်းဘေးတွင် မတ်တပ်ရပ်ပြီး ကိုယ့်ခန္ဓာကိုယ် ဈေးဖြတ် ရောင်းသူများမှသည် တယ်လီဖုန်းဆက်ခေါ်က ကိုယ်ပိုင် ကားမောင်းပြီးလာသော တစ်ကိုယ်တော် ပျော်တော်ဆက်မယ်များ အထိ အတန်းတန်း အစားစား ရှိနေပြီ ဖြစ်သည်။ ထိုပျော်တော်ဆက်မယ်လေးများကို တွေ့ဆုံ အင်တာဗျူးခဲ့ရာတွင် (၁)မိသားစု စားဝတ်နေရေးကြောင့် မိဘကိုယ်တိုင်က သိလျက်ဖြင့် ထိုအလုပ်လုပ်ရန် ခိုင်းစေခံရသူ (၂) ကာရာအိုကေ၊ အနှိပ်ခန်းနှင့် စင်တင်ဂီတ ကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်ရင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်တုဂုဏ်ပြိုင် လုပ်ရာမှ ဖြစ်စေ၊ ဆိုင်ရှင်၏ ငွေကြေးရှာဖွေရန် သတ်မှတ်ချက် အရဖြစ်စေ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ (၃) ရည်းစားက လိင်ဆက်ဆံမှုပြုပြီး ပစ်သွားချိန်တွင် မထူးဇာတ်ခင်းသူ (၄) မသိနားမလည်ဘဲ လူကုန်ကူးခံရပြီး ငြင်းဆန်ခွင့် မရှိဖြစ်ကာ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ (၅) စားဝတ်နေရေး အတွက် ဖြစ်စေ၊ ပညာရေး အတွက် ဖြစ်စေ ရန်ကုန် တက်လာပြီး ရသည့်အလုပ်ဖြင့် အဆင်မပြေသောကြောင့် လူမသိသူမသိ ပျော်တော်ဆက် အလုပ်လုပ်သူ (၆) ငွေကြေး ချမ်းသာသူများ၏ စပွန်ဆာကို ရယူပြီး တစ်ဦးတည်း အတွက်သာ ပျော်တော်ဆက်သူ (၇) ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပျက်ပြီး ပျော်တော်ဆက်မယ်ဘ၀ ရောက်လာသူ (၈) လိင်ဆက်ဆံဖက် တစ်ဦးတည်းဖြင့် မတင်းတိမ်သဖြင့် လိင်ဆက်ဆံဖက် များများထားရာမှ ပျော်တော်ဆက်မယ် ဘ၀ ကူးပြောင်းလိုက်သူဟု ရှစ်မျိုးခွဲခြားနိုင်သည်။

အချို့မှာ လုပ်ငန်း သဘော သဘာဝအရ ပျော်တော်ဆက်မယ် ဘ၀သို့ သူတို့ကိုယ်သူတို့ မသိပဲ ရောက်သွားသူများရှိသည်။ ဥပမာ စင်တင်ဂီတ စားသောက်ဆိုင်တွင် အဆိုတော်လေးများ၏ လစာမှာ ကျပ်လေးသောင်းခန့်သာ ဖြစ်သည်။ ပိုင်ရှင်က ဧည့်သည်ရရန်၊ ပန်းကုံး မည်မျှရရန် သတ်မှတ်ပြီး ထိုသတ်မှတ်ချက် မပြည့်ပါက တစ်လအကြာ အလုပ်ဖြုတ်မည်ဆိုသောအခါ တွေ့သည့် ဧည့်သည်ကို မိမိ၏ ခန္ဓာကိုယ် ထိုးကျွေးပြီး အလုပ်မပြုတ်ရန် ဆွဲဆောင်ရင်း ဧည့်သည် တဖြည်းဖြည်းများလာကာ သူမ ကိုယ်တိုင် ပျော်တော်ဆက်မယ် ဘ၀သို့ ရောက်မှန်းမသိ ရောက်သွားတော့သည်။ နောက်ဆုံးတွင် အဆိုပါ စင်တင်ဂီတမယ် အများစုသည် အေအိုင်ဒီအက်စ် ရောဂါသည် ဘ၀ဖြင့် ဇာတ်သိမ်းရလေ့ရှိသည်။ စင်တင်ဂီတ လောကတွင် တစ်ကြိမ်တည်း ပန်းကုံး ၁၄၅သိန်းဖိုးရသော အဆိုတော်မလေးများ အထိပင် ရှိခဲ့သည်။ ထိုရသော ပန်းကုံးမှာ ဆိုင်ရှင်တစ်ဝက်၊ ကာယကံရှင် တစ်ဝက် ခွဲဝေယူသဖြင့် အဆိုပါ အဆိုတော်များကို ဆိုင်ရှင်များက အထူး အခွင့်အရေး ပေးလေ့ရှိသည်။ ကန်တော်ကြီး ပတ်လမ်းပေါ်မှ စင်တင်စားသောက်ဆိုင်ဆိုလျှင် အသက် ၁၇နှစ်၊ ၁၈ အရွယ် အဆိုတော်လေးများ မွေးမြူပြီး ပန်းကုံးရှာလေ့ရှိသည်။ ဆိုင်၏ အစားအသောက် ရောင်းရငွေနှင့် တစ်ညတာ ပန်းကုံးရကြေး ယှဉ်လျှင် ပန်းကုံးကြေးက ပိုများကြောင်းလည်း သိရသည်။

အသက်အရွယ်အားဖြင့် ပျော်တော်ဆက်မယ်လေးများသည် အငယ်ဆုံး ၁၄နှစ်မှ အကြီးဆုံး အသက် ၄၀ကျော် အထိရှိသည်။ အဆက်အသွယ် မရှိသော ပျော်တော်ဆက်မယ်များ အနေဖြင့် လမ်းမကြီးများပေါ်တွင် ရပ်ပြီး ဖောက်သည်ရှာရလေ့ရှိသည်။ အထူးသဖြင့် ပြည်လမ်းမကြီးပေါ်တွင် ကိုးမိုင်မှသည် လှည်းတန်း ယခင် မာလာဆောင်(ယခု အမျိုးသား အင်္ဂလိပ်စာဌာန)ရှေ့အထိ နေ့လယ်ပိုင်းမှ ညပိုင်းအထိ ဖောက်သည်ရှာနေသော ပျော်တော်ဆက်မယ်လေးများကို နေ့စဉ် မြင်တွေ့ရသည်။ ယခုအခါ ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမကြီးပေါ်တွင်ပါ တွေ့လာရပြီ ဖြစ်သည်။ အလားတူ နေစောင်းသည်နှင့် ကန်တော်ကြီး ပတ်လမ်းတွင် အလျှိုအလျှို ထွက်လာသော ပျော်တော်ဆက်မယ်များနှင့် လိင်တူရှာသော ဂေးများကို တွေ့မြင်နိုင်သည်။ မြို့ထဲတွင်လည်း ပန်းဆိုးတန်း တစ်ဝိုက်နှင့် လမ်း၄၀ ကားမှတ်တိုင်များတွင် တွေ့ရသည်။ ဝေဇယန္တာ လမ်းမကြီးပေါ် တစ်လျှောက်လည်း နေ့စဉ်နံနက် ၁၀မှ ညနေစောင်းအထိ ပျော်တော်ဆက်မယ်များကို လမ်းပေါ်တွင် တွေ့နိုင်သည်။ သူတို့၏ကြေးမှာ တစ်ညတာ ပျော်ပါးခ ကျပ်သုံးသောင်းမှ ငါးသောင်းအထိဖြစ်ပြီး တစ်ကြိမ်သာ ပျော်ပါးမည် ဆိုပါက ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကြား ရှိသည်။ ထိုကဲ့သို့ မဟုတ်ဘဲ တယ်လီဖုန်းဆက်ခေါ်မှလာသော ပျော်တော်ဆက်မယ်လေးများလည်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရှိသေးသည်။ ထိုသူများ၏ ကြေးများမှာ တစ်ကြိမ် ပျော်ပါးလျှင် ကျပ်ငါးသောင်းမှ ကျပ်လေးသိန်းအထိ ရှိတတ်သည်။ ခေါ်သည့်နေရာသို့ မိန်းမထိန်းလုပ်သူက ကားဖြင့်လာပို့ပြီး အပြန်တွင်လည်း ကားဖြင့် လာကြိုလေ့ရှိသည်။ နောက်ပိုင်းတွင် ပျော်တော်ဆက်မယ် အများစုသည် တယ်လီဖုန်းဖြင့် အဆက်အသွယ် လုပ်ပြီးမှ ဖောက်သည်ရှိရာ နေရာသို့ လာလေ့ရှိသည်။

Yangonunderground.blogspot.comတွင် ရန်ကုန်ရှိ ကလပ်နှင့် ဘား၁၀ခု အမည်နှင့် လိပ်စာများ သာမက တစ်ခုချင်းစီတွင် ရနိုင်သော ပျော်တော်ဆက် မိန်းကလေးများ ဈေးနှုန်းကိုပါ တင်ပေးထားသည်ကို တွေ့ရသလို အနှိပ်ခန်းနှင့် ကာရာအိုကေခန်းများမှ ပျော်တော်ဆက်လေးများ၏ ဈေးနှုန်းများပါ ရေးထားသည်ကို တွေ့ရသည်။

ယခင်က အနုပညာ လောကသားထဲမှလည်း ထိုသို့လုပ်ကိုင်သူ စုန်းပြုး အနည်းငယ်ရှိခဲ့သည်။ သို့သော် ယခုအခါ ပျော်တော်ဆက်မယ်လေးများက အနုပညာလောက အတွင်း ၀င်ရောက်ပြီး သူတို့ ကိုယ်သူတို့ မော်ဒယ် အမည်တပ်ကာ လုပ်စားလာကြသည်။ သူတို့ကို ထိန်းထားသူများမှာ အလှဖန်တီးရှင်များ ဖြစ်ပြီး လိင်ဆက်ဆံကြေးမှာလည်း ကျပ်နှစ်သိန်းနှင့်အထက် ဖြစ်သည်။ နာမည်ကျော် သူဌေးကြီး များ၊ စီးပွားရေး လုပ်ငန်းရှင်များက နိုင်ငံခြားမှလာသော ဧည့်သည်များကို ဖျော်ဖြေရန် ဆက်သွယ်နိုင်သည့် ထိပ်သီး မိန်းမထိန်း သုံးဦးရှိသည်။ နှစ်ဦးမှာ အမျိုးသားများ ဖြစ်ပြီး တစ်ဦးမှာ အမျိုးသမီးဖြစ်သည်။ ထိုသူများထံမှ ခေါ်ပါက အနိမ့်ဆုံး တစ်ညတာ ပျော်တော်ဆက်ခ ကျပ်၁၀သိန်းမှ ကျပ်သိန်း၅၀ကြားရှိပြီး ပျော်တော်ဆက်နှင့် မိန်းမထိန်းတို့ တစ်ဝက်စီ ခွဲဝေယူ ကြသည်ဟု သိရသည်။

အချို့သော မော်ဒယ် အေဂျင်စီများကလည်း ပျော်တော်ဆက် အလုပ်ကို တရားဝင်သဖွယ် လုပ်ကိုင် နေကြသည်။ အေဂျင်စီမှ မော်ဒယ် အသစ်လေးများ( အထူးသဖြင့် သင်တန်းသူလေးများ)ကို သူဌေးများထံ ထည့်ပေးလေ့ရှိပြီး ထိုသို့ မငြင်းမဆန် လက်ခံသူကိုသာ ပွဲများတွင် ထည့်သုံးပေးလေ့ ရှိသည်။ အကွက်မြင်လာသော မော်ဒယ်အချို့ကလည်း စိတ်တူကိုယ်တူ စုပြီး ကိုယ်တိုင် ပျော်တော်ဆက် လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ ထိုမော်ဒယ်များသည် စနေနှင့် တနင်္ဂနွေဆိုလျှင် အစိုးရ အရာရှိကြီးများကို ဖျော်ဖြေရန် ငွေကြေး အကုန်အကျခံမည့် သူဌေးများ နှင့်အတူ နေပြည်တော်သို့ တက်လေ့ရှိသည်။

အလားတူ ဆိုရှယ် မီဒီယာများ ဖြစ်သည့် ဖေ့စ်ဘွတ်နှင့် ဂျီတော့များတွင် မိမိကိုယ်ကို ကြေညာ ရောင်းချနေသော အမျိုးသမီး များစွာရှိသည်။ တစ်ဦးဆိုလျှင် ၂နာရီ ကျပ်ငါးသောင်းဟု သူ၏ဈေးနှုန်းကို ဗြောင်ရေးထားသည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော ပြည့်တန်ဆာ ဆိုသည်မှာ အဆက်အသွယ် မရှိသူ၊ အဆက်အသွယ် မကောင်းသူ၊ တစ်ကိုယ်တော် ပျော်တော်ဆက် လုပ်သူများနှင့် အနှိပ်ခန်း အမည်ခံ ပျော်တော်ဆက် လုပ်ငန်းလုပ်သူများသာ အဖမ်းခံရလေ့ရှိပြီး မျက်နှာကြီး ပျော်တော်ဆက်များမှာ မည်သူ၏ ရန်ရှာမှုမှ မခံရဘဲ စီးပွားရေး အဆင်ပြေလျက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် အပြောင်းအလဲတွင် ပျော်တော်ဆက် လုပ်ငန်း တစ်ရှိန်ထိုး ကြီးထွားလာသည်မှာ မငြင်းနိုင်သော ကိစ္စဖြစ်သည်။ ပျော်တော်ဆက် လုပ်ငန်း၏ နောက်ဆက်တွဲ ဖြစ်သော လိင်ဆက်ဆံမှု မှတစ်ဆင့် ကူးစက်သော ရောဂါများကို မည်သို့ ထိန်းချုပ်မည်။ ထိုပျော်တော်ဆက်မယ်လေးများကို မည်သို့ ကျန်းမာရေး အသိပညာပေးမည် ဆိုသည်မှာ အရေးကြီး လှသည်။

မြောက်ဒဂုံမှ အသက် ၁၅နှစ်အရွယ် ပျော်တော်ဆက်မယ်လေး တစ်ဦးက “အိမ်ပေါင်တာကို ရွေးရတော့မယ့် အချိန်မှာ အစ်မက ရည်းစားနဲ့ နေဖူးတော့ ပါကင်ဖွင့်တဲ့ အလုပ် လုပ်လို့ မရတော့ဘူး။ ဒီတော့ အမေက သမီးကို ဒီတစ်ခါတော့ အိမ်အတွက် လုပ်ပေးပါလို့ ပြောတယ်။ တစ်ကြိမ်လုပ်ပေးပြီး ပေမယ့် အမေက ထပ်ထပ်ခိုင်းနေလို့ ကျောင်းပိတ်ရက်တွေမှာ တစ်လကို သုံးခါလောက် ဒီအလုပ်လုပ် ရတယ်။ အခုတော့ အစ်မကလည်း သမီးနဲ့တွဲပြီး ဒီအလုပ်လုပ်နေတယ်”ဟု ပြောပြသည်။ ပျော်တော်ဆက်မယ် လုပ်နေသူ အနုပညာ လောကမှ တစ်ဦးက “သမီးက နယ်ကတက်လာတာ။ ကိုယ့်ရုပ်ရည်နဲ့ဆို အနုပညာ လောကမှာ အောင်မြင်မယ်ထင်လို့။ ဒါပေမဲ့ အိမ်က ပေးတဲ့ငွေနဲ့ ဒီမှာနေထိုင် စားသောက် စရိတ်က မလွယ်ဘူး။ အထူးသဖြင့် ကိုယ်က အနုပညာ လောကကို ၀င်တာဆိုတော့ အ၀တ်အစားက အရမ်းဝယ်ရတယ်။ သမီးရဲ့ မိတ်ကပ် ဆရာက နင်ဒီအတိုင်းဆို ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုပြီး ဒီအလုပ်ကို သူက ဆက်သွယ်ပေးတာ။ သူက ၁၅သိန်းတောင်းပြီး သူတစ်ဝက် သမီးတစ်ဝက် ယူကြတယ်။ တခါတလေတော့ သူဌေးတွေနဲ့ နိုင်ငံခြားအထိ လိုက်ရတယ်။ သူဌေး တစ်ယောက်ဆို မင်းသမီးလေး တစ်ယောက်ကို နိုင်ငံခြားသွားတိုင်း ခေါ်သွားတယ်။ နိုင်ငံခြားမှာ လောင်းကစား လုပ်တိုင်း အဲဒီ့မင်းသမီးပါရင် နိုင်တယ်လို့ သူဌေးက အယူရှိလို့ခေါ်တာ။ ပျော်တော်ဆက်ဖို့က အဓိက မဟုတ်ဘူး”ဟု ပြောပြသည်။ အလှ ဖန်တီးရှင် တစ်ဦးကမူ “သူတို့ အတွက် စားဝတ်နေရေး အဆင်ပြေအောင် ဖောက်သည်ရှာပေးတ ပါ။ ဒါပေမဲ့ ကိုယ်က တစ်ခါပဲ စားရတာ။ သူတို့ချင်း ဖုန်းနဲ့ချိတ်ပြီး နောက်ပိုင်းတွေ့ကြတာမှာ ကိုယ်တွေက ဘာမှရတော့တာ မဟုတ်ဘူး။ သိတောင် မသိရတော့ဘူး။ ကိုယ်က ပိုက်ဆံလိုချင်ရင် နောက်ထပ် ဖောက်သည် အသစ် ထပ်ရှာ ပေးရတာ။ ဖုန်းထဲမှာ သူတို့ပုံတွေနဲ့ နာမည်တွေ ထည့်ထားပြီး စိတ်ချရတဲ့သူဆိုရင် Viberကတစ်ဆင့် ပို့ပေးရတယ်။ ဟိုကကြိုက်တာရွေးပြီး ပြန်ပို့ရင် သူတို့ခေါ်တဲ့ နေရာ လိုက်ပို့ပေးရတာ။ ကိုယ်တွေဆီမှာတော့ အနုပညာလောကထဲ ၀င်ကာစလေးတွေ များပါတယ်။ အမှန်က ဒါလေးတွေက ပစ္စည်းသန့်တာ၊ နာမည်ကြီးချိန်ဆိုရင် ဗတ်လပိုင် လိုက်နေပြီ”ဟု သူ၏ အတွေ့အကြုံနှင့် သူ၏အလုပ်ကို ပြောပြသည်။

ပျော်တော်ဆက် လုပ်ငန်းသည် မည်သည့်နိုင်ငံမှ မကင်းသော လုပ်ငန်းဖြစ်သော်လည်း ရေရှည်တွင် အမျိုးသား ကျန်းမာရေးကို မထိခိုက်စေရန် အတွက် ယခုထက် ပွင့်လင်း မြင်သာသည့် အစီအမံများကို ချမှတ်လုပ်ဆောင်သင့်ပြီ ဖြစ်သည်။ အထူးသဖြင့် ပျော်တော်ဆက်မယ်များကို ကျန်းမာရေး ဗဟုသုတ ပေးရန် အလွန်အရေးကြီးလှသည်။ ပြည်သူ့ကျန်းမာရေး ဆရာဝန် တစ်ဦးက ဘယ်လောက်တောင် ကျန်းမာရေး အသိပညာ နည်းသလဲဆိုရင် အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံရင် အေအိုင်ဒီအက်စ် အပါအ၀င် ရောဂါတွေရမယ်ဆိုတာ မသိကြဘူး။ တွေးကြည့်မယ်ဆိုရင် ကြောက်စရာပေါ့။ ပျော်တော်ဆက် လုပ်ငန်းတွေ တရှိန်ထိုး ကြီးထွားလာချိန်မှာ အစိုးရကလည်း အာဏာရှင် အစိုးရဆိုတော့ ကွန်ဒုံးကြေညာတာ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပေးတာတွေကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ခွင့် မပြုခဲ့ဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ များလာတာလည်း ဖြစ်တယ်”ဟု သူ၏အမြင်ကို ပြောပြခဲ့သည်။ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက “ဘယ်သူမှ မွေးကတည်းက ပျော်တော်ဆက်မယ် လုပ်စားမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက် ထားခဲ့ကြတာ မဟုတ်ဘူး။ အခြေအနေ အမျိုးမျိုးကြောင့် ဒီအလုပ်ကို သူတို့ လုပ်ရတာ ဖြစ်တယ်။ ဒီအလုပ် လုပ်ပြီးမှလည်း တခြားအလုပ်ကို သူတို့ ပြောင်းမလုပ်ချင်ကြတော့ဘူး။ သွေးသား ဆန္ဒကို ဖြေဖျောက်နိုင်ရင်း တစ်ချိန်တည်းမှာ ဒီအတွက် ငွေက ရနေတာကိုး။ ဒီတော့ သူတို့ကို လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ၊ STD အကြောင်းသိအောင် ပညာပေးဖို့လိုတယ်။ အထူးသဖြင့် ဒီပျော်တော်ဆက်မယ် ဘ၀ မရောက်ခင် ရအောင် တားနိုင်ရင်တား၊ မတားနိုင်ရင်တော့ သေတဲ့အထိ ဒီအထဲက ပြန်မထွက်နိုင်တော့ဘူး”ဟု သူ၏ အမြင်ကို ပြောပြ သွားခဲ့သည်။

ဆက်သွယ်ရေးစနစ် တိုးတက်ပြီး လူတိုင်း လက်ကိုင်ဖုန်း ကိုင်နိုင်သည့်အချိန်၊ စီးပွားရေးအတွက် ယခင်ကထက် ငွေရှာရန် ပိုမိုလိုအပ်လာချိန်၊ ပြည်တွင်းသို့ နိုင်ငံခြားသားများ ပိုမိုဝင်ရောက်လာချိန်၊ နည်းပညာကြောင့် အသစ်အဆန်းများ အချိန်နှင့်အမျှ ပေါ်လာချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ပျော်တော်ဆက်မယ် ဘ၀ ရောက်သူ များစွာရှိနေလေရာ ထိုသူများကို ဖမ်းဆီးရန်ထက် ကျန်းမာရေး အသိပညာပေးရန်က နိုင်ငံအတွက် အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရသည်။

သံဖနောင့်

Tomorrow

အပြည့်အစုံသို့ »

ပြည့်တန်ဆာတစ်ယောက်၏ အရိုးရှင်းဆုံး ဖွင့်ဟ၀န်ခံချက်


ဒီမိုကရေစီခေတ်သို့ လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ အမျိုးသမီးအခွင့်အရေး တက်ကြွစွာလှုပ်ရှားမှုများနှင့် ပြည့်တန်ဆာတရားဝင် ရှိသင့်/မရှိသင့် လွှတ်တော်တွင် ဆွေးနွေးမှုရှိခဲ့သော်လည်း ထင်ရှားသည့် ပြောင်းလဲမှုကို မတွေ့ရသေးပေ။

ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်ခဲ့ရင်း သက်ဆိုင်ရာ၏ အနိုင်ကျင့်ခြယ်လှယ်မှုများ၊ လူ အချင်းချင်း ခေါင်းပုံဖြတ်မှုများရှိနေသည့် ယင်းလုပ်ငန်းမှ ကြိုးစားရုန်းထွက်ရန်ခဲ့သူ၊ HIV ဝေဒနာခံစားနေရသော အမျိုးသမီးတစ်ဦးက News Watch ဂျာနယ်သို့ ရင်ဖွင့်စာပေးပို့ခဲ့သည်။

ပြည့်တန်ဆာ လောက၏ ပုံရိပ်အား အနည်းနှင့်အများ ပေါ်လွင်အောင်ရေး
သားထား ခြင်းဖြစ်၍ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည် ခင်ဗျား။

“ကျွန်မ ဒီရောဂါရတာ သွေးသွင်းလို့၊ ကတုံးရိတ်လို့၊ မျက်ခုံးမွေးရိတ်လို့ဆိုတဲ့ ရုပ်ရှင်တွေဇာတ်လမ်းတွေအတိုင်းတော့ မဟုတ်ပါဘူး။ လွယ် လွယ်ငွေနောက်လိုက်တယ်ပဲပြောပြော၊ ခေတ်ကြီးကြောင့်ပဲဆိုဆို တိုင်းပြည်က စစ်အာဏာရှင်ကြောင့် ဆင်းရဲလို့ပဲပြောပြော ဘယ်လိုအကြောင်း
ပြပဲပြောပါစေ ကျွန်မကိုယ်တိုင် ပြဋ္ဌာန်းခဲ့တဲ့ဇာတ်ကာင်ပါပဲ။

ပြောရရင် ကျွန်မပြည့်တန်ဆာလောကမှာ ကျင်လည်ခဲ့ဖူးတယ်။ ဒီလောကဟာ တော်တော်ဇာတ်လမ်းပေါင်းမြောက်မြားစွာ က ရတဲ့ဘ၀ပါ။ ကျွန်မဘ၀ ဟာ အမေရယ်၊ အစ်မတစ်ယောက်ရယ်၊ မောင်အငယ်ဆုံးလေးရယ် လှိုင်သာယာမှာ နေပါတယ်။

အစ်မက ရောဂါသည်။ အမေကတော့ စက်ချုပ်တယ်။ အဲဒီဝင်ငွေ နှင့်မလောက်ဘူးပဲပြောကြပါစို့။ မောင်လေးကတော့ ဆိုးတယ်။ ဇာတ်နာအောင်တော့ မပြောချင်ပါဘူး။ ကျွန်မလည်း ထွက်ပေါက်တစ်ခုဖြစ်တဲ့ အသက် (၂၀)ကျော်မှာ ယောကျာင်္းယူလိုက်တယ်။ ယောကျာင်္းကလည်း လက်ကြောတင်းအောင် အလုပ်မလုပ်ဘူး။

သိပ်မကြာပါဘူး၊ တစ်နှစ် ကျော်ကျော်မှာပဲ ကွဲတယ်။ သူကတော့ ပြန်ပေါင်းချင်ပါတယ်။ အဲဒီလိုနဲ့ ကျွန်မ တရုတ်ဘီးကျဲဘောစေ့တစ်ယောက်ကို ပြုစုပေးရမယ်ဆိုပြီး ကျွန်မ တို့နားက အစ်မတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့် ကိုယ်တစ်ပိုင်း သေနေတဲ့ အသက် (၅၀)ကျော် ယောကျာ်းတစ်ယောက်ကို ဟင်းတွေ ဘာတွေ တစ်ပတ်ခြားချက်ပေးရတယ်။

ကိုယ်လက်သန့်စင်၊ အ၀တ်လျော်၊ မီးပူတိုက်ပေါ့ရှင်။ သူကတော့ ငွေစ၊ ကြေးစလေးလည်း ပိုပိုမိုမိုပေးပါ တယ်။ နောက် လက်ဝတ်လက်စားလည်း ဆင်ပေးပါတယ်။ တိုတိုပြော ရရင် သူနဲ့နေတယ်ပဲပြောကြပါစို့။ အဲဒီလိုနဲ့ သူရဲ့မယားကြီး ထိုင်ဝမ်က ပြန်လာတဲ့အချိန်မှာ ကျွန်မရဲ့စိတ် မထိန်းနိုင်မှုကြောင့် စိန်လော့ကတ်သီး ခိုးမိတယ်။

အဲဒီပုဒ်မကြောင့် ထောင်တစ်နှစ်ကျပြီး ဒီလိုင်းကိုကျရောက် လာတာပါရှင်။ ပထမတော့ ကျွန်မ ပြည့်တန်ဆာခေါင်းနဲ့ အလုပ်လုပ်ပါ တယ်။ ဖောက်သည်ကို ကိုယ့်ဘာသာရှာစရာမလိုဘူး။ သူ့ ရဲ့ထိန်းချုပ်မှု အောက်မှာလုပ်ရုံပဲ။ ရုပ်ချောရင် ချောသလောက် ချေးငွေပေးထားတယ်။ အများဆုံး တစ်သိန်း၊ တစ်သိန်းခွဲလောက် ငွေကြိုပေးတဲ့သဘောပါ။ နောက်လုပ်ငန်းခွင်ထဲက ဖဲ့ဆပ်ပေါ့။

သူရဲ့ခေါင်းကြေးက ကျွန်မတို့တစ်သောင်းရရင် သူက ခြောက်ထောင်ယူတယ်။ ရဲလိုင်းကြေးပေးပြီး စားစရိတ်၊ သောက်စရိတ်အပြီး အိမ်ပြန်ရင် (၁၀)ယောက်ဆိုရင် လေးသောင်းယူသွား၊ ဧည့်သည်တွေ စေတနာရှိလို့
ပိုပေးရင် ကျွန်မတို့လက်ထဲကိုထည့်မှရတယ်။ အဲဒီလိုနဲ့ လုပ်လာခဲ့တာ၊ အပိုင်နယ်ထိန်းက ကျွန်မတို့နဲ့နေချင်တယ်ဆိုလည်း နေ ပေးရပါတယ်။

သူမပြန်မချင်း ကျွန်မတို့ ဖောက်သည်မရဘူးပေါ့။ အဲဒီ လောက်အထိ ကျွန်မ စိတ်မပျက်သေးဘူး။ နောက်တစ်ချက်က အမှုလို တယ်ဆိုပြီး အဖမ်းပြတယ်။ အဲဒီနေ့က ကျွန်မနေမကောင်းလို့ကံကောင်း သွားတယ်။ အလုပ်မဆင်းဘဲ အိမ်မှာနေတဲ့အချိန်ဖြစ်နေလို့ပေါ့။

ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေ ပြည့်တန်ဆာပုဒ်မနဲ့ အင်းစိန်ထောင်ထဲရောက် သွားတယ်။ အဲဒီအချိန်မှာ ကျွန်မခေါင်းနဲ့လုပ်စားတဲ့ကိစ္စကို စိတ်ပျက် သွားတယ်။ လုပ်ငန်းလည်း ကျွမ်းကျင်သွားပြီဆိုတော့ ကိုယ်တိုင်ကွင်း ဆင်းတယ်။ ကိုယ်ရတဲ့ငွေကြေးဟာ ကိုယ့်အတွက်ချည်းပဲ။ အန္တရာယ်တော့ ကြည့်ရှောင်ပေါ့။

'ညောင်သီးလည်းစား လေးသံလည်းနားထောင်'ဆိုရိုးစကားလိုပါ ပဲ။ အဲဒီမှာ သီရိမင်္ဂလာဈေးတို့ KTV တို့က အောက်လိုင်း၊ လေယာဉ်ကွင်းတို့၊ ကန်တော်ကြီးဟိုတယ်တို့၊ ဘာတို့က အထက်လိုင်းဆိုပြီးခွဲထား တဲ့ဈေးကွက်လည်း ရှိသေးတယ်။ တချို့က တော်တော်နပ်သွားတော့ ကိုယ့် ဘာသာ လိုင်းကြေးပေးပြီး သွားတယ်။

အဖမ်းအဆီးရှိရင် ကြိုသတင်းရ အောင်ပါ။ အဲဒီလိုနဲ့ ဗိုလ်ချုပ်ဈေး၊ မြို့ထဲ၊ ကန်တော်ကြီးတို့ဟာ ကျွန်မ စားကျက်တွေပါပဲ။ တစ်ပတ်ကို (၃)ရက် အလုပ်ဆင်းပါတယ်။ ကျွန်မ နှစ်နှစ်လောက်လုပ်ကိုင်ရင်း
နေမကောင်းဖြစ်လာတယ်။ အဲဒီလိုနဲ့ ကျွန်မ AZG ကိုရောက်တယ်ပဲဆိုပါစို့။ AZG ကတော့ အတော်လေးကောင်း ပါတယ်။ ကျွန်မကို အလုပ်နားခိုင်းတယ်။

'တစ်လ၊ နှစ်လလောက်နားပါ' ဒီမှာ ဆေးကုနေတဲ့အချိန်မှာ အလုပ်မဆင်းပါနဲ့။ ရောဂါဟာ HIV အဆင့် (၂)ဖြစ်နေတယ်။ ဒီကြားထဲမှာ အိမ်ကို ဆီ၊ ဆန်၊ ရိက္ခာပေးတယ်။ ကျွန်မ ရဲ့ရောဂါကို နောက်လူမကူးနိုင်အောင် အသိပညာပေးတယ်။ အဖော်လည်း ဆောင်ခိုင်းထားပါတယ်။

ကျွန်မတို့ မိန်းမကိုယ်ကိုလည်း တစ်ပတ်တစ်ကြိမ် ဆေးကြောပေး တယ်။ တစ်လတစ်ကြိမ် ဆေးခန်းကို လာပြရတယ်။ အနီးကပ်ကုသပေး တဲ့သဘောပေါ့ရှင်။ နောက်ထူထူထောင်ထောင်ဖြစ်တော့ အလုပ်ပြန်ဆင်း တယ်။ ကံဆိုးချင်တော့ ကျွန်မလက်ထဲမှာ အဖော်နဲ့ လက်ပူးလက်ကြပ် မိတယ်။ ထောင် (၁) နှစ်ပြန်ကျတယ်။ စစ်အစိုးရ လက်ထက်မှာပါ။

အခုလို ဒီမိုကရေစီအစိုးရတို့ လွှတ်တော်ခေတ်တို့ ဘာတို့မှာတော့ အဖော်မိ လို့ရှိရင် ဘယ်လိုပုဒ်မနဲ့ ဖမ်းမလဲ ကျွန်မလည်းမသိဘူး။ အခြေခံဥပဒေ ဘယ်လိုပြဋ္ဌာန်းတယ်ဆိုတာလည်း မသိပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ကျွန်မတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာလေး ကျွန်မ ကြားမိတယ်။ ကျွန်မတို့နဲ့ ပတ်သက်ပြီး ရှိသင့်တယ်။ မရှိသင့်ဘူးဆိုတဲ့ အဓိကအကြောင်းအရာပဲ သိတယ်။

ကျွန်မ အနေနှင့်ကတော့ ရှိသင့်တယ် လို့ ထင်တယ်။ ဥာဏ်နည်းလို့၊ အသိပညာမရှိလို့ ထင်ချင်ထင်ပါစေ၊ ကျွန်မတို့ရဲ့ ဘ၀တွေကို ရဲတွေ၊ ခေါင်းတွေရဲ့ မတရား အလုပ်ခံရတဲ့ အကြောင်းတွေကြောင့် တရားဝင်ရှိသင့်တယ်လို့ ကျွန်မ ပြောချင်တယ်။

ဘယ်နိုင်ငံကများ ပြည့်တန်ဆာမရှိဘူးလို့ပြောရဲလဲ ကျွန်မ မေးချင်တယ်။ တရားဝင်ရှိတာနဲ့ တရားမ၀င်ရှိတာပဲကွာတယ် မဟုတ်လား။ တရုတ်နိုင်ငံမှာလည်းရှိတယ်။ ဒီလောက်တောင် သတ်နေဖြတ်နေပါ တယ်ဆိုတဲ့ မြောက်ကိုရီးယားနိုင်ငံမှာလည်းပဲ ပြည့်တန်ဆာ မရှိဘူးလို့ ဘယ်သူပြောနိုင်သလဲ။

လူသားတွေရှိတဲ့နေရာမှာ အာဏာရှင်ဆန်ဆန် ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မတွေဟာ မှောင်ခိုဈေးကွက်အားပေးတဲ့သဘော သက်ရောက်သွားပြီး လုပ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့ အိတ်ထဲကို ငွေများများရောက်သွားတဲ့ အကြောင်းအရာပဲ။ မရှိလို့ လုပ်စားတဲ့ အခြေခံလူတန်းစားတွေအနေနှင့် သူတို့ပြုသမျှ နုရတဲ့သဘောပဲ ရှိတယ်။

ဟိုတလောက ဖတ်လိုက်ရတယ်။ မြောက်ကိုရီးယားက အာဏာရူး ကောင်လေးရဲ့အဖေကို ပြည့်တန်ဆာရှာပေးရတဲ့ သူ့ဦးလေးကို ခွေးစာ ကျွေးလိုက်တယ်ဆိုပဲ။

ကျွန်မပြောချင်တဲ့အကြောင်းအရာက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်လို့ မရှိသင့်ဘူးတို့၊ ရှိသင့်တယ်လို့ ဆွေးနွေးနေမယ့်အစား ရှိရင်ဘာဖြစ်နိုင်တယ်၊ မရှိရင် ဘယ်လိုအကျိုးရလာဒ်တွေထွက်မလဲ စဉ်းစား သင့်တယ်၊ စာရွက်ပေါ်မှာရှိတယ်၊ မရှိဘူးဆိုတာ အရေးမကြီးပါဘူး။ အပြင် မှာ တကယ်ရှိနေတာကို စဉ်းစားမှ အဖြေကောင်းကောင်းထွက်မှာပါ။ ကျွန်မအနေနှင့် တရားဝင်ပြည့်တန်ဆာ ရှိရေး၊ မရှိရေးအတွက်တင် မဟုတ်ပါဘူး။ တခြား ကဏ္ဍတွေမှာပါ စဉ်းစားဖို့လည်း ပါဝင်ပါတယ်။

အဲဒီလို တရားဝင်ရှိတော့ မှတ်ပုံတင်ထားတဲ့ ပြည့်တန်ဆာက ဘယ်နှယောက်၊ ရောဂါဖြစ်နေတဲ့သူက ဘယ်နှယောက်၊ ဆေးဝါးကုသ ပေးနေတဲ့သူက ဘယ်နှယောက်ဆိုပြီး ခွဲခြားထွက်လာမယ်။

အဲဒီမှာ HIV ခံစားနေရသူကို ဘယ်လိုအလုပ်အကိုင်တွေပေးမယ်၊ ဘယ်လို လုပ်မယ် ဆိုရင် ကူးစက်နှုန်းကျဆင်းမယ်ဆိုတဲ့အဖြေတွေ ထွက်လာ ပါလိမ့်မယ်။ ကျွန်မ ဥာဏ်မီသလောက် ပြောကြည့်တာပါ။ ကျွန်မတို့ရဲ့ ပြည့်တန်ဆာ လုပ်ငန်းဟာ ဘုရားရှင်လက်ထက်ကတည်းက ရာဇဂြိုဟ်မြို့ ထဲမှာလည်းပဲ ရှိခဲ့ပါတယ်။

ယခု အချိန်အထိ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်နေတုန်းပဲလို့ မထင်လိုက်ပါနဲ့။ ကျွန်မတို့လို ဘ၀တူညီအစ်မတွေကို ကိုယ်ချင်းစာလို့ပါ။ ကျွန်မ အခု ကွမ်းယာဆိုင် လှိုင်သာယာမှာ ရောင်းနေပါတယ်။ တစ်နေ့ကို ကွမ်း (၇၀) သားလောက်ကုန်ပါတယ်။

လေးငါးထောင်လောက် မြတ်ပါတယ်။ အိမ်စရိတ်လေးတော့ ရပြီ။ (ART) ဆေးတော့ ၀ယ်မသောက်နိုင်ပါ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးကို ပြည့်တန်ဆာတို့၏ ပုံရိပ်ဟာ ဘယ်လောက်ဆိုးဝါးနေသလဲကို သိရှိနိုင်အောင် ရင်ဖွင့်ရေးသားခြင်းသာ ဖြစ်ပြီး တောင်းဆိုမှုတွေ အများကြီးခံနေရသော နိုင်ငံတော် သမ္မတကြီး အနေနှင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါရှင်။

အမည်မဖော်လိုသူတစ်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြည့်အစုံသို့ »

လိင်လုပ်သားတချို့ရဲ့ဘ၀ ငရဲခန်းတမျှလေလား


'ရေနွေးကြမ်းသောက်ပါဦးလား'ဆိုတဲ့ စကားဟာ မန္တလေးမြို့အနောက်ဘက် ဧရာဝတီမြစ်
ကမ်းနားတလျှောက်မှာတော့ သာမန်ဖိတ်ခေါ်မှုထက်ပိုတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်ဆို
တာ နယ်ခံမဟုတ်ရင် မသိနိုင်လောက်ပါဘူး။

ကမ်းနားလမ်းဘက်ကို လူစိမ်းတစ်ယောက်ရောက်လာပြီဆိုရင် ဒီလိုလိုက် မေးတတ်တဲ့သူတွေနဲ့
ကြုံရတတ်ပြီး တကယ်တမ်းမှာ ရေနွေးကြမ်းအစား သွေးသားနဲ့ဧည့်ခံဖို့ စကားလုံးလှလှနဲ့ ဖိတ်ခေါ်
လိုက်တာပဲ ဖြစ်ပါတယ်။

ခပ်ယဉ်ယဉ်ပြောရရင် လိင်လုပ် သား၊ ဒါမှမဟုတ် ပြည့်တန်ဆာတွေဟာ နိုင်ငံအသီးသီးရဲ့ ကန့်
လန့်ကာနောက် ကွယ်က အမှောင်ထဲမှာ ခေတ်အဆက်ဆက်ရှိခဲ့ကြမှာပါပဲ။ ဒီနိုင်ငံမှာလည်း
မန္တလေး ရတနာပုံမင်းနေပြည်တော်ကို ထူထောင်ခဲ့တဲ့ မင်းတုန်းမင်းတရားကြီး လက်ထက်က
တည်းက ပြည့်တန်ဆာ တွေရဲ့ရပ်ကွက်ရှိခဲ့သလို မင်းတရားကြီးကိုယ်တိုင်လည်း ပတ်သက်ခဲ့
တယ် ဆိုတဲ့ သုတေသီတချို့ရဲ့ စာပေ အထောက်အထားတချို့ကို တွေ့ရပါ တယ်။

ပြီးတော့ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ သူတို့ရဲ့ကဏ္ဍဟာ အသွင်အမျိုး
မျိုးနဲ့ ပိုကျယ်ပြန့်လာပါပြီ။ ဒါပေမဲ့ သေမင်းနဲ့ ထိပ်ပုတ်ခေါင်း ပုတ်လုပ်နေရတဲ့ ရောဂါမျိုးနဲ့ လုံခြုံမှုနဲ့
အာမခံချက်မရှိတဲ့ဘ၀မှာ သူတို့ဟာ ဘယ်လိုစိတ်မျိုးနဲ့ ရှင်သန်နေနိုင်ကြသလဲဆိုတာ ဆန်းစစ်ချင်
စရာကောင်း နေပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေကြ
သူတချို့ရဲ့ ပြောစကားအရတော့ ပြည့်တန်ဆာ ဘ၀ရောက်ကြရတဲ့သူတွေရဲ့ အနည်း ဆုံးထက်
ဝက်ကျော်ဟာ ဆင်းရဲတွင်း နက်လွန်းလို့ ရောက်ကြရတယ်လို့ သုံးသပ်နိုင်ပါတယ်တဲ့။

ဆိုလိုတာက အနေအစားချောင်လို့ ပြည့်တန်ဆာ ဘ၀ကိုခံယူသူက ရှိတော့ရှိပေမယ့် ဆင်းရဲလို့ဖြစ်
ရတဲ့သူလောက် အရေ အတွက်မများပါဘူး။ ပြည့်တန်ဆာတွေ၊ အနှိပ်ခန်းတွေ၊ ကေတီဗီနဲ့ စင်တင်
က မိန်းကလေးတွေ ကို အေ့ဒ်စ်နဲ့ပတ်သက်ပြီး ပညာပေး တာ၊ နှစ်သိမ့်ဆွေးနွေးတာတွေ လုပ်ပေး
နေတဲ့ အင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့က လုပ်သက်ရင့်ဝန်ထမ်းဖြစ်တဲ့ အိန်ဂျယ်လေး (နာမည်လွှဲ)ကတော့
ပြည့်တန်ဆာတွေ ကျက်စားတဲ့နယ်ပယ်ကို လေးမျိုး လောက်ခွဲခြားနိုင်တယ်လို့ ပြောပါ တယ်။

ဒါကဘန်းစကားနဲ့ 'ဘိ'လို့ခေါ် တဲ့ သတ်သတ်မှတ်မှတ်နေရာတစ်ခုမှာ 'ခေါင်း'တွေရဲ့ အောက်
မှာရှိသူတွေ၊ ဒုတိယက စင်တင်တချို့၊ နောက်ပြီး ဟိုတယ် တည်းခိုခန်းတွေမှာ စတည်းချ သူတွေ
နဲ့ အလွတ်လပ်ဆုံးလှုပ်ရှားနိုင် သူတွေကကျုံးဘေးလို၊ လမ်းဘေးလို နေရာက ပြည့်တန်ဆာလို့
ဆိုပါတယ်။

ဒီနေရာမှာ တချို့ပြည့်တန်ဆာတွေ ဟာ အခုအခါ အနည်းဆုံး ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀
အထိ ပျမ်းမျှရကြလေ့ ရှိပေမယ့် 'ခေါင်း'ကိုပေးရတာနဲ့ ဘာမှမကျန်ပါဘူးတဲ့။ 'ခေါင်း'ကဖြတ်တာ
နဲ့ ဘာနဲ့ဆိုရင် တချို့ပြည့်တန်ဆာတွေဆို (တစ်ကြိမ်)ကို ကျပ် ၅၀၀ လောက်သာ ကျန်ပါသတဲ့။

"ရုပ်ရည်အရ ချို့ယွင်းချက်ရှိတဲ့သူတွေက 'ခေါင်း'အောက်မှာ လုပ်ကြရ တာများတယ်။ ပြီးတော့
သူတို့ရဲ့လုံခြုံ မှုအတွက်လည်း ခေါင်းတွေအောက်မှာ နေရင်း ဒီလိုခေါင်းပုံဖြတ်ခံပြီး လုပ်ကြ ရတာ
ပဲ။ စီးပွားရေးလုပ်ဖို့ဆိုတာလည်း အရင်းအနှီးရှိမှ ဖြစ်တာလေ၊ စားဖို့ တောင်မှတပိန်ပိန် တလိမ်လိမ်
ဘ၀ မှာ အမေပေးတဲ့လယ်တစ်ကွက်နဲ့ ဒီလို ပဲလုပ်စားကြရတာ"လို့ အိန်ဂျယ်လေး က ပြောပါတယ်။

သူကိုယ်တိုင်က မိန်းမ လျာတစ်ယောက်ဖြစ်ပေမယ့် တချို့ ပြည့်တန်ဆာတွေရဲ့ဘ၀က သူတို့ ဘ၀ လောက်တောင် ကျေနပ်ပျော်ရွှင်စရာမကောင်းဘူးလို့ ပြောပါသေးတယ်။ "ကျွန်တော် သူတို
့(ပြည့်တန်ဆာ တွေ) ကွန်ဒုံးသုံးမသုံး၊ ခေါင်းတွေကို ခွင့်တောင်းပြီး ချောင်းကြည့်ဖူးတယ်။ ကွန်ဒုံး
သုံးကြတယ်ဗျ။ ဒါပေမဲ့သူတို့ကို ကြည့်ရတာ စိတ်ပျက်စရာပါ၊ မျက်လုံး တွေ ကြောင်တောင်တောင်
နဲ့ လုံးဝကို အသက်မဲ့တဲ့သူတွေလိုပါပဲ"လို့ သူက ပြောပါတယ်။ သူ့အပြောအရ လိင်ဆက်ဆံဖက်
များတဲ့ပြည့်တန်ဆာတွေဟာ သူ့ အန္တရာယ်ကို သူကြောက်လို့ ကွန်ဒုံး သုံးဖို့ကြိုးစားကြတာများ
တယ်လို့ သိရ ပါတယ်။

အန္တရာယ်ရှိပြီး ရောဂါဖြစ်နိုင် ခြေများတာက လိင်ဆက်ဆံဖက်နည်းလို့ ကိုယ့်ကိုယ်ကိုယ် သန့်တယ်
ထင်တဲ့ သူတွေလို့ ဆိုပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဖြစ် ပြီး HIV/ AIDS Prevention and Care Centre အဖွဲ့က ဒေါ်ဖြူဖြူသင်းက တော့ သူတို့
လုပ်ကိုင်ဆောင်ရွက်နေတဲ့ အနေအထားအရ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါဖြစ်နှုန်းက ပိုမြင့်လာတာ
ကို တွေ့ရတယ်လို့ ပြောပါတယ်။

"ကျွန်မတို့အဖွဲ့ စလှုပ်ရှားဖြစ်တာ ၂၀၀၂ ကပါ။ ၂၀၀၄ ခုနှစ်နောက်ပိုင်း မှာ ရောဂါဖြစ်ပွားနှုန်း
ပိုမြင့်လာတာမှာ ၂၀၁၀ မှာ အယောက် ၈၀၊ ၂၀၁၃ ခုနှစ် မှာ အယောက် ၃၀၀ ကျော်အထိ တွေ့
လာရပါတယ်။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်နေတယ်ဆိုပေမယ့် မသိ သေးတာတွေ အများ
ကြီးရှိနေဦးမှာပါ။ ပွင့်ပွင့်လင်းလင်းသာ လုပ်နိုင်မယ်ဆိုရင်ဒီထက်အဆများစွာ များနေနိုင်ပါတယ်"
လို့ ပြောပါတယ်။ ကွန်ဒုံးကိုလက်ဝယ်တွေ့ရင်၊ ဆောင် ထားရင် တရားရုံးရောက်ကြရလို့ ပြည့်
တန်ဆာတွေဟာ ကွန်ဒုံးကို အန္တရာယ် တစ်ခုလို မြင်လာကြောင်းလည်း ပြောပါ တယ်။ ကွန်ဒုံးသုံးသင့်တာသိပေမယ့် ပြည့်တန်ဆာတွေမှာ တောင်းဆိုပိုင်ခွင့် ငြင်းဆန်ပိုင်ခွင့် မရှိတာတွေ
ဟာလည်း ရောဂါဖြစ်နှုန်းကို မြင့်စေတာပါပဲ။ ဒီအနေအထားမှာ သူတို့ရဲ့လုံခြုံမှုအတွက် တစ်ဖက်
မှာ တရားဝင်လုပ်ကိုင်နိုင်မယ့်'လိုင်စင်'ကို တချို့ပြည့် တန်ဆာတွေက လိုလားကြတယ်လို့ဆို ပါ
တယ်။

လိုင်စင်ရှိခြင်းအားဖြင့် ကျီး လန့်စာစား မဖြစ်တော့ဘဲ သူတို့လှုပ် ရှားတဲ့နေရာတွေမှာ လုံခြုံမှုရနိုင်
တယ် လို့ အိန်ဂျယ်လေးက ပြောပါတယ်။ "တစ်ယောက်က ခေါ်သွားပေမယ့် ဟိုရောက်မှ တစ်
ယောက်မကဘဲ အုပ်စု လိုက် လေးငါးယောက် ဖြစ်နေတာ၊ ပိုက်ဆံအပြည့်မပေးတာ၊ ကိုယ်ထိ
လက်ရောက်ရိုက်တာမျိုးအပြင် ပိုက်ဆံ လုံးဝမရလိုက်တဲ့အဖြစ်မျိုးတွေလည်း ပြည့်တန်ဆာတွေ
ကြုံရတတ်ပါတယ်။

လိုင်စင်ရှိရင် ပိုလုံခြုံမယ်။ လိုင်စင်လုပ် တာဟာ ဒါမျိုးလုပ်စားနေပါတယ်ဆိုပြီး ပေါ်တင်ပြနေမှာမျိုး
မဟုတ်ပါဘူး။ သွေးစစ်ပြီး ရောဂါကင်းရင် လိုင်စင် လုပ်ပေးပေါ့၊ ကားတွေ လိုင်စင်လဲသလို ကာလ
အပိုင်းအခြားနဲ့ လုပ်ရမှာပေါ့။ အင်န်ဂျီအိုအဖွဲ့တွေအားလုံး ပူးပေါင်း လုပ်ရင် ဘယ်သူမှ မလွတ်နိုင်
ပါဘူး၊ တချို့က ကိုယ့်ကိုယ်ကိုယ် ပိုးရှိတာ လည်း မယုံတာမျိုးရှိတယ်"လို့ သူက ပြောပါတယ်။

လိုင်စင်ကိစ္စကို တစ်ဖက်မှာလုပ် သလို ဒီဘ၀က ရုန်းထွက်ချင်သူတွေကို လည်း အလုပ်အကိုင်
အခွင့်အလမ်း တွေဖန်တီးပေးဖို့ အရေးကြီးကြောင်း ဒေါ်ဖြူဖြူသင်းက သုံးသပ်ပါတယ်။

"လိင်လုပ်သားတွေအနေနဲ့ အကူ အညီမဲ့နေပါတယ်။ သူတို့အတွက် ဥပဒေအရလည်း အားနည်း
တော့ အခြေအနေဆိုးတယ်လို့ ပြောလို့ရပါ တယ်။ နိုင်ငံမှာ အပြောင်းအလဲတချို့ လုပ်ဆောင်နေ
ပေမယ့် လိင်လုပ်သားတွေနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ပြောင်းတာ မတွေ့ရသေးပါဘူး။ အား
မရသေးပါဘူး"လို့ သူက ဆိုပါတယ်။

ပြည့်တန်ဆာတွေရဲ့ဘ၀မှာ ကြားရ တာတွေကလည်း စုံပါတယ်။ အသက် မပြည့်သေးတဲ့ သမီး
ကို နှစ်သိန်း၊ သုံးသိန်းရရင် ထည့်ပေးလိုက်တဲ့ အမေ တွေရှိနေသလို ကိုယ့်ပတ်ဝန်းကျင်မှာ လည်း
ကိုယ်တိုင်မြင်ဖူးကြားဖူးခဲ့ ပါတယ်။ ပြည့်တန်ဆာလောကမှာ 'အသစ်'လို့ထင်အောင် သွေးဆွတ်
ထား တဲ့ ဂွမ်းကိုသားအိမ်အစပ်ထိ ထိုးထည့် ပြီး အင်္ဂါဇာတ်ကို ကျောက်ချဉ်စိမ်တာ မျိုး ခေတ်စား
သလို 'အသစ်' ကြိုက်တဲ့သူ တွေ အညာမိနေတာလည်းရှိကြောင်း အိန်ဂျယ်လေးကပြောပြီး ဒါ
တွေဟာ လည်း ကူးစက်ရောဂါနှုန်း များစေတဲ့ အချက်တွေထဲက တစ်ခုပါတဲ့။

 ဖြိုးဝေကျော် - မြန်မာတိုင်း(မ်)

အပြည့်အစုံသို့ »

လိင်အပျော် ခရီးသွားလုပ်ငန်းကျိန်စာ


 လင်းထိုက်(Y.I.T)

မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င်ပါဘူး။ ပြည့်တန်ဆာအိမ်တစ်အိမ်ကို ၀င်ဖမ်းတဲ့ အခါ ပြည့်တန်ဆာ တွေသာ အဖမ်းခံရပြီး လိင်ဆက်ဆံသူကတော့ အဖမ်းမခံရပါဘူး။ ရံဖန်ရံခါ အိမ်ပိုင်ရှင်တောင် အဖမ်းမခံရတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။ လိင်အလုပ်သမတွေဟာ ရဲတွေရဲ့လက်မှာ မတရားပြုမှုတွေကို ခံရလေ့ ရှိတတ်ပါတယ် . . .

 ရန်ကုန်မြို့ရဲ့ အထင်ကရ ဘီယာဆိုင်ကြီး တစ်ဆိုင်ဟာ ညနေခင်းတစ်ခုမှာ အသက်ဝင် လှုပ်ရှားနေတယ်။ မလုံ့ တလုံ အ၀တ်အစားတွေ ၀တ်လာတဲ့ မိန်းမပျို နှစ်ဒါဇင်လောက်ဟာ စင်ပေါ်မှာ စီတန်းပြီး ဆံပင်တွေ ဝှေ့ယမ်း လို့ ပြင်းပြင်းရှရှ ပေါ့ပ်သီချင်း တစ်ပုဒ်ရဲ့ တေးသွားနဲ့ အတူ စည်းချက်ညီ ကနေကြတယ်။ နိုင်ငံခြားသား အနည်း ငယ်နဲ့ မြန်မာအမျိုးသား အများစုကတော့ စင်အောက်က ၀ိုင်းတွေမှာ Tiger ဘီယာကို မြုံ့ရင်း စင်ပေါ်က မြင်ကွင်းကို အမြည်းလုပ်နေ ကြတယ်။ တချို့က လက်ကိုင်ဖုန်းတွေနဲ့ စင်ပေါ်ကို ဗီဒီယိုလှမ်းရိုက်လို့။

ကြည့်နေရင်းမှာပဲ ပရိသတ်ထဲက ယောက်ျားတစ်ယောက်က သူနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ၁၂ ဒေါ်လာတန်တဲ့ ပန်းကုံးတစ်ကုံးကို စားပွဲထိုးက တစ်ဆင့် စွပ်ခိုင်းလိုက်တယ်။…

ကမ္ဘာ့လိင်အပျော် ခရီးသွားမြို့တွေထဲက တစ်မြို့ဖြစ်တဲ့ ဗန်ကောက်က လိင်အသားပေးဆန်တဲ့ ဖော်ချွတ်ရှိုး ပွဲတွေနဲ့ ယှဉ်ရင်တော့ မော်ဒယ်လ် ရှိုးလို့ခေါ်တဲ့ ရန်ကုန်က ရှိုးပွဲတွေဟာ ဘာမှမပြောပလောက်ပါဘူး။ ဆယ်စုနှစ် တွေများစွာ အထီးကျန်ဆန် စွာ နေခဲ့ရပေမယ့် နောင်လာ မယ့်နှစ်တွေမှာ နိုင်ငံတကာအသိုင်း အ၀ိုင်းထဲကို ၀င်ဆံ့ ဖို့ ခြေလှမ်းပြင်နေတဲ့ မြန်မာပြည်အတွက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဟာ မျှော်လင့်ချက်တွေ တစ်ပုံ တစ်ပင် နဲ့ပါ။ အဲဒီကာလတွေမှာ တဖွဲဖွဲ ရောက်ရှိလာမယ့် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ရန်ကုန်မော်ဒယ်လ်ရှိုးပွဲတွေရဲ့ အ နာဂတ်ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို မြန်မာအရာရှိတွေနဲ့ လူ့အခွင့် အရေးအဖွဲ့တွေက ကြိုတင်စိုး ရိမ် ပူပန်နေ ကြပါတယ်။

၂၀၁၁ မှာ ကမ်္ဘာလှည့်ခရီးသည် ရှစ်သိန်းကျော်(၈၁၆၀၀၀) လာရောက်ရာ ကနေ ၂၀၁၂ မှာ ခရီးသည် ဆယ်သိန်း ကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၃ မှာတော့ ကမ်္ဘာလှည့်ခရီးသည် ဆယ့်ငါးသိန်းကျော် ၀င်ရောက်နိုင် တယ်လို့ ခန့်မှန်းထားပါ တယ်။ ခရီးသွားလုပ်ငန်းဟာ အရင်နှစ် တွေထက် ၀င်ငွေပိုမိုတိုးလာပေမယ့် သက် ဆိုင်ရာဟာ ခရီးသွားတွေကို ဆွဲဆောင်တဲ့ အစီအစဉ်ထဲမှာ လိင်လုပ်ငန်းကို ပါစေချင် ပုံမရပါဘူး။ ဘာလို့လဲ ဆိုတော့ အိမ်နီးချင်း နိုင်ငံတွေထဲက ထိုင်းနိုင်ငံဟာ အာဆီယံမှာ  HIV ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေ ပြီး ကမ္ဘောဒီးယား ဆိုရင်လည်း အရွယ်မရောက်သေးသူတွေကို အသုံးပြုပြီး လိင်လုပ်ငန်းနဲ့ စီးပွားရှာရာမှာ နာမည် အလွန် ကြီးနေလို့ပါပဲ။

မြန်မာပြည်တွင်း ပြန်ကြည့်မယ်ဆိုရင်လည်း နှစ်ပေါင်းတာရှည် အမြစ်တွယ်နေခဲ့တဲ့ လူကုန်ကူးမှု လုပ်ငန်းကြီး ဟာ စိုးရိမ်ရေမှတ်ကို ရောက်နေ ပါတယ်။ မြန်မာအမျိုးသမီး ထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံထဲက လိင်ဝန် ဆောင်မှု လုပ်ငန်းတွေဆီ ချောင်းပေါက် သလို ရောက်နေခဲ့တယ်။ အများစုကတော့ ကိုယ့်အလိုဆန္ဒနဲ့သွား ရောက်ခဲ့ကြတာ ဖြစ်တယ် လို့ စောင့်ကြည့် ရေးအဖွဲ့တွေက ဆိုကြတယ်။

““မိန်းကလေးငယ်တွေဟာ အသက် မပြည့်၊ ငယ်ရွယ်သူတွေ များတယ်။ သူတို့ ရဲ့အပျိုစင်ဘ၀ကို ဈေးကောင်း ကောင်းရရင် ရောင်းချလိုက်ဖို့ သူတို့ ၀န်မလေးဘူး။ မိဘတွေ ကိုယ်တိုင်က အသိပညာနည်း ပါးတော့ ဘာဖြစ် မယ်မှန်း သိသိကြီးနဲ့ဒါကို လက်ခံနေကြတယ်။ လက်မခံရင်လည်း အဲဒီမိဘတွေကို ဘယ်သူတွေက ရှာကျွေး ပြီး အထောက်အပံ့ပေးမှာလဲ ဆိုတာမေးစရာ ဖြစ်နေပြီ””လို့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး အေဂျင်စီ (UNLAP) ရဲ့ မြန်မာဆိုင်ရာ ပရောဂျက်အရာရှိက ပြောပါတယ်။

၂၀၀၈ ခုနှစ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ့အသက်ပေါင်း များစွာ ပျက်စီးခဲ့သလို ကျန်ရစ်သူ မိသားစုတွေထဲက အမျိုးသမီးငယ်လေးတွေလည်း ဘ၀ပျက်စီးကိန်း ဆိုက်ခဲ့ တယ်။ ၂၀၀၈ နာဂစ် အလွန်မှာ မြစ်ဝကျွန်းပေါ်က တက်လာ တဲ့ အမျိုးသမီးငယ် မြောက်မြားစွာကြောင့် ရန်ကုန် လို မြို့ကြီးတွေရဲ့ ကာရာအိုကေ၊ အနှိပ်ခန်းနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ လိင်အလုပ်သမဦးရေ သိသိ သာသာ တိုးပွားလာတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ သတင်းပေးပို့ချက်အရ သိရှိခဲ့ရတယ်။

မြန်မာပြည်မှာ နိုင်ငံခြားသား ခရီးသွားတွေကို လိင်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကိုတော့ ပေါ်ပေါ် တင်တင် များများ စားစား မတွေ့ရသေးပါဘူး။ ဒါကလည်း ၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံမှာ နိုင်ငံခြားခရီး သွား ၂၂ သန်း လာရောက် လည်ပတ်တဲ့ အချိန်မှာ မြန်မာမှာတော့ နိုင်ငံခြားခရီး သည်ဟာ အရေအတွက်အားဖြင့် နည်းပါး နေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း တစ်ဟုန်ထိုး တိုးတက်လာရင် ဒါဟာပြဿနာတစ်ရပ် ဖြစ်လာမှာ ဧကန်ပါ။

““မကြာသေးခင်က ကျွန်မဂျပန်နိုင်ငံက လိင်အပျော်ခရီးသွားလုပ်ငန်းရဲ့ ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုကို အမှတ်မထင် သွားတွေ့ခဲ့တယ်။ ဟိုတယ်စာရင်းနဲ့တကွ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဟိုတယ်တစ်ခုချင်း စီရဲ့ ၀န်ဆောင်မှု ပေးနိုင်တာကိုပါ ထည့်ပြီး ကြော်ငြာထားတယ်။ နိုင်ငံခြားသား ဧည့် သည်တွေက တောင်းဆိုရင် ဟိုတယ်ပိုင်ရှင်က ပြည့်တန်ဆာတွေရဲ့ ဖုန်းနံပါတ်ကို ပေးပြီး လိင်ကိစ္စကို ၀န်ဆောင်မှုပေးတယ်”” လို့ မြန်မာပြည်  Tourism Transparency တည်ထောင်သူ Andrea Valentinရဲ့ က ပြောပါတယ်။

““ပြဿနာတချို့ရှိပေမယ့် ဟိုတယ် ဆိုတာ ခရီးသွားတွေကို စိတ်ကျေနပ်မှု ပေးချင်တယ်။ ငါတို့ဘာ လုပ်ရမလဲ””လို့ ဟိုတယ်ပိုင်ရှင်တွေက ပြောပါသေးတယ်။

““မြန်မာနိုင်ငံမှာတော့ မော်ဒယ်လ်ရှိုးတွေ၊ ကာရာအိုကေနဲ့ အနှိပ်ခန်းတွေမှာ လိင်ကိစ္စကို ပေါ်ပေါ်ထင်ထင် သွားတောင်း ဆိုလို့မရဘူး။ ဒါပေမဲ့ သေချာတာကတော့ အဲဒီမှာရတယ်။ သိုသိုဝှက်ဝှက်ပေါ့””လို့ UNLAP ရဲ့ အရာရှိက ပြောပါတယ်။

““သက်သေအထောက်အထားနဲ့ ပြဖို့တော့ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ယောက်ျားတွေဟာ ဘယ် ကာရာအိုကေ ကရတယ်။ ဘယ်ကာရာအိုကေက မရဘူးဆိုတာကို သိနေကြတယ်။ တချို့ တက္ကစီကား မောင်းတဲ့ သူတွေပါ ဒါကိုသိ ကြတယ်””လို့ သူမက ဆက်လက်ပြောဆို ပါတယ်။

မကြာသေးခင်နှစ်ကလည်း ကမ္ဘာလှည့်နိုင်ငံခြားသား ၁၃ ယောက်ကို အရွယ် မရောက်သေးသူ လိင်ဆက်ဆံဖို့ ကြိုးစားမှု (Child Sex) နဲ့ မြန်မာပြည်ကနေနှင် ထုတ်ပြီး အမည်မည်းစာရင်း သွင်းလိုက်ရပါသေးတယ်။ ကမ္ဘော ဒီးယားမှာတော့ ဒီကိစ္စ (Child Sex) ကအဆိုးဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရပိုင်းကတော့ အနာဂတ်ကို ကြိုတွေးပြီး စိုးရိမ်နေပုံရပါတယ်။

““အိမ်နီးချင်းနိုင်ငံတွေက သင်ခန်းစာကိုယူပြီး နောင်မှဆိုတာထက် အခုလက်ငင်း ချက်ချင်း ကျွန်တော်တို့ စတင်ကိုင်တွယ် ဖြေရှင်းရတော့မယ်””လို့ မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးတစ် ယောက်က ပြောဆိုပါတယ်။

အာဏာပိုင်တွေဘက်က လုပ်ဆောင် မှုတစ်ခုကတော့ ဟိုတယ်၊ ခရီးဝန်ကြီးဌာနနဲ့ ဂျာမန် NGO တစ်ခုဖြစ်တဲ့  Hanns Seida ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်း ပေါ်လစီတစ်ခုကို စတင် ရေးဆွဲခဲ့တာပါပဲ။ နိုင်ငံ ခြားသား ခရီးသည် တွေကို ရည်ရွယ်ပြီး လိုက်နာရမယ့် စည်း မျဉ်းတချို့ကိုဟိုတယ်နဲ့ အေဂျင်စီတွေကို လိုက် လံဖြန့်ဝေခဲ့တာပါ။

နော်ဝေနိုင်ငံရဲ့ အထောက်အပံ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ဆိုရင်လည်း အစိုးရ တွေအတွက် ခရီးသွားလုပ်ငန်း အထူးအစီ အမံရေးဆွဲပြီး (Sex Tourism) နဲ့ ပတ်သက် လို့ လူထုကို ပညာပေးမယ့် အစီအစဉ်တွေ ကို ပြုလုပ် နေပါတယ်။ UNLAP အနေနဲ့ ကတော့ ဟိုတယ်ဝန်ထမ်းတွေ၊ ခရီးသွား အေးဂျင့်တွေကို Sex Tourism နဲ့ပတ် သက်လို့ ဘယ်လိုသတိထား ဂရုပြုလေ့လာရ မယ်ဆိုတာမျိုးတွေကို လေ့ကျင့်ပေးဖို့ အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပပေးနေပါတယ်။ လူကုန်ကူးမှု ဆန့်ကျင်ရေးနဲ့ အရွယ်မရောက်သူ လိင်ဆက်ဆံမှု ကာကွယ်ရေး အဖွဲ့ တွေရဲ့ အရေးပေါ်ဖုန်းနံပါတ်တွေကို နိုင်ငံခြားခရီးသွား အများစုရှိရာ နေရာတွေမှာ အလွယ်တကူထားရှိပေးပါ တယ်။

““ဥပဒေတွေ၊ ခရီးသွားအစီအမံတွေ ဘယ်လိုပဲရှိနေနေ ကိုင်တွယ်စီမံမှုအပိုင်းမှာ လျော့ရဲနေရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားမ၀င်ပါဘူး။ ပြည့်တန် ဆာ အိမ်တစ် အိမ်ကို ၀င်ဖမ်းတဲ့အခါ ပြည့်တန်ဆာတွေသာ အဖမ်းခံရပြီး လိင်ဆက်ဆံသူကတော့ အဖမ်းမခံရပါဘူး။ (အကြောင်း ကြောင်းကြောင့်) ရံဖန်ရံခါ အိမ်ပိုင်ရှင်တောင် အဖမ်းမခံရတဲ့ ဖြစ်ရပ် မျိုးတွေလည်း ရှိပါတယ်။ လိင်အလုပ်သမ တွေဟာ ရဲတွေရဲ့လက်မှာ မတရားပြုမှု တွေကို ခံရလေ့ရှိတတ်ပါတယ်””လို့ UNLAP အရာ ရှိက ပြောပါတယ်”” ယူနီ ဆက်နဲ့ NGO တွေက ဒီကိစ်္စမျိုးတွေမှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ရဲအရာ ရှိတွေကို သင်တန်းပေးဖို့ စီစဉ်နေပါပြီ”” လို့ သူမက ထပ်လောင်းပြောဆိုပါတယ်။

““စိန်ခေါ်မှုတွေ ဘယ်လိုရှိနေပေမယ့် လည်း မြန်မာအနေနဲ့ကတော့ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့မှာ ပြဿနာ ဖြစ်နေတဲ့ လိင်အပျော်ခရီးသွားလုပ်ငန်း ကျိန်စာက လွတ်မြောက်နိုင်ပါလိမ့်မယ်””လို့   Tourism Transparency အကြီးအကဲ Valentin က အကောင်းမြင်စိတ်နဲ့ ဆိုပါတယ်။

““နှစ်ခြောက်ဆယ်လောက်တံခါးပိတ် ထားတဲ့နိုင်ငံဟာ အခုဆိုပွင့်လင်းလာပြီဖြစ် တဲ့အတွက် ဒီအရာတွေကို လွန်မြောက်ဖို့ သင်ယူနေပါပြီ။ ရဲရဲရင့်ရင့်နဲ့ ဒီပြဿနာမျိုး ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ အထောက် အပံ့တွေပေးဖို့ လိုအပ်ပါတယ်””

Ref: Can Burma Avoid the curse of sex tourism? By Justin Bergman
myanmarthandawsint

အပြည့်အစုံသို့ »

ဘုရင့်နောင်ပွဲရုံ ပြည့်တန်ဆာ လုပ်ငန်းများကို ပူးပေါင်းအဖွဲ့ စတင်ဖမ်းဆီး



ရန်ကုန်၊ မတ် ၃

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ အဓိက ရောင်းဝယ် ဖောက်ကားရာ ရန်ကုန်မြို့တော်ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုများ ရှိသဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံဖမ်းဆီး စစ်ဆေးနေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကုန်တင်ယာဉ်များ ရပ်နားသည့် နေရာများတွင် ပြည့်တန်ဆာ များဖြင့် မြှူဆွယ် နေကြသဖြင့် အခြားသူများကို အနှောင့်အယှက် ဖြစ်စေကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ဝင် ဦးထွန်းဝင်းက ပြောကြားသည်။

“သူတို့တွေက လူမိုက်တွေပါ ခေါ်ထားတာ။ အဲဒါကြောင့် လူနည်းနည်းနဲ့ဆို မသွားရဲဘူး။ အခုအဖွဲ့က တစ်ညကို ကား ၁၅ စီးလောက်နဲ့ ညတိုင်း ၁၂ နာရီကျော်တာနဲ့ ကင်းလှည့် နေရတယ်။ သူတို့တွေကလည်း ကျွန်တော်တို့ လိုက်စစ်တာကို ကြိုသိနေတာပါ။ ကျွန်တော်တို့ လာပြီ ဆိုတာနဲ့ သူတို့ မရှိတော့ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ယင်းပူးပေါင်း အဖွဲ့ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ကော်မတီနှင့် ရပ်မိရပ်ဖ များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

The Voice Weekly

အပြည့်အစုံသို့ »

အညာက ပါရီကဖေး


Written by  ဉာဏ်မျိုးအောင်

ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီ ဆရာ၊ ဒဿနဆရာတွေ ဆုံတွေ့လေ့ရှိသော ပြင်သစ်နိုင်ငံ ပါရီမြို့က ဖေးတွေလို နေရာလေးတစ်ခု မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရှိပါသည်ဆိုလျှင် မိတ်ဆွေ ယုံကြည်နိုင်မည်လော။ မယုံမရှိပါနှင့်၊ အမှန်တကယ် ရှိပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မကွေးမြို့နှင့် မင်းဘူးမြို့ကို ပိုင်းခြား ဖြတ်စီးနေသော ဧရာဝတီမြစ်၏ အလယ်၌ သဲသောင် ထွန်းနေသည့် မြေနုကျွန်းလေးမှာ အညာဒေသ၏ ပါရီကဖေးလိုပင် ဖြစ်ပါသည်။ ဤကျွန်းကလေးတွင် အညာဒေသမှ အနုပညာရှင်များ နှစ်စဉ် ဆုံတွေ့လေ့ ရှိပါသည်။

ယင်းကျွန်းကလေး၏ ဝန်းကျင်မှာလည်း အနုပညာ ဆန်လှသည်။ ပြည်သူ့ အချစ်တော် မြစ်ဧရာ သယ်ပို့ထားသော မြေဆီမြေဥများ စုနေသည့် ကျွန်းကလေးပေါ်တွင် အညာနေမင်းနှင့် အပြိုင် ထိန်လင်းနေသော နေကြာပွင့်များ၊ ဆံမြိတ်ဖားဖားကြီး များကြားတွင် ခေါင်းထိုးဝင်နေသည့် ပြောင်းဖူးများ၊ မြစ်လေညင်းတွင် အညာရနံ့သင်းသင်း စွက်ပေးတတ်သော ဆီးတော်သီးများ၊ မြစိမ်းရောင်ရင့်ရင့် ပဲပင်အုပ်များကား အနုပညာရှင်များ ဆုံစည်းနိုင်ရန်အတွက် သဘာဝ အခမ်းအနားလေး တစ်ခုကို ဖန်တီးပေးထားသည်။

အနုပညာရှင်များ တွေ့ဆုံမည့် ကိုင်းပင်ခြောက် မိုးတဲငယ်လေးကိုမူ စိမ်းနုရောင်ဖားဖား အရွက်များရှိသော ဘူးနွယ်များက နေပြောက် မထိုးသာအောင် အုပ်မိုး ပေးထားသည်။ တဲဝန်းကျင်တွင်မူ အဖြူရောင်၊ ပန်းနုရောင်၊ အနီရင့်ရောင် ပန်းပွင့်ငယ်များက ဝိုင်းကြီးပတ်ချာလည် စောင့်ကြပ်နေရှာသည်။ ဤဝတိံသာ တဲငယ်တွင်းမှာပင် ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့၌ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ တောင်တွင်း၊ မင်းဘူး၊ မကွေး၊ ကျောက်ပန်းတောင်း စသောမြို့များမှ အနုပညာရှင်များ ပါဝင်သည့် အနုပညာ တွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲကို ကျွန်းမကြီး အနုပညာ တွေ့ဆုံပွဲဟု အများသဘောတူ အမည်မှည့်ထားလေသည်။

ခေတ်ကြေးမုံ

သမိုင်းခေတ်တစ်ခုကို လေ့လာရာတွင် နေ့စဉ် ဖြစ်ပျက်သမျှ အကြောင်းအရာများကို ထောက်လှမ်း ရေးသားထားသည့် သတင်းစာနှင့် ဂျာနယ်များသာမက ကဗျာ၊ ဝတ္ထုစသော အနုရသစာပေ များကိုလည်း လေ့လာမှသာ သက်ဆိုင်ရာ ခေတ်သမိုင်းကို အနီးစပ်ဆုံး ကောက်ချက် ဆွဲနိုင်မည် ဖြစ်သည်။ မင်းတုန်းမင်းခေတ်ကို လေ့လာလိုပါက ရတနာပုံ သတင်းစာပါ အချက်အလက်များ၊ အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်း မှတ်ရာများသာမက အနုစာပေ စာရင်းဝင်သော ဦးပုည၏ ပြဇာတ်များ၊ ဗန်းမော် ဆရာတော်၏ သရော်စာ များကိုလည်း မဖြစ်မနေ ဖတ်ရှု့ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ အနုစာပေ များသည်လည်း ခေတ်သမိုင်းကို ထင်ဟပ်နိုင်စွမ်းသော ခေတ်ကြေးမုံများ ဖြစ်ပါသည်။ ကျွန်းမကြီး အနုပညာ တွေ့ဆုံပွဲတွင် အသီးသီး ရွတ်ဖတ်သွားသော ကဗျာများသည်လည်း လက်ရှိ အစိုးရ၏ ခေတ်စနစ်ကို ထင်ဟပ် ထားပေသည်။

ယနေ့ခေတ်တွင် တပ်ပိုင်မြေသိမ်းမှုနှင့် စီမံကိန်းကြီးများအတွက် မြေသိမ်းမှုများ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားလျက် ရှိသည်။ တပ်မတော် တပ်ရင်းတပ်ဖွဲ့ တိုးချဲ့ရေးအတွက်ဟုဆိုကာ တပ်မတော်က သိမ်းယူသော မြေယာသိမ်းမှုများ၊ စီးပွားရေး စီမံကိန်းကြီး များအတွက်ဟုဆိုကာ မြေယာသိမ်းမှုများ စသော မြေသိမ်း ယာသိမ်း ပြဿနာများကို ထင်ဟပ်သော ကဗျာတစ်ပုဒ်ကို ကဗျာဆရာ တစ်ဦးက ရွတ်ဆိုသွားလေသည်။
“အကျအရှုံးများနဲ့
ဘဝဆုံး မသွားချင်တာ
ငါတို့ ကျောက်တိုင်ပဲ။
ဂဠုန်ဆရာစံ မဟုတ်ပေမယ့်
ဂဠုန်ဆရာစံ စိတ်တော့ ရှိရမှာပဲ။
တို့မြေတွေကို ပြန်ပေးကြ။
ဘာမသိညာမသိ သဘာပတိတွေနဲ့၊
ဘာမရှိ ညာမရှိ ဗလာကတိတွေနဲ့
မရှင်သန်လိုကြ။
တို့မြေတွေကို ပြန်ပေးကြ” ဟုဆိုကာ ကဗျာဆရာက မြေသိမ်းခံ ပြည်သူများဘက်က ရပ်တည်ပြီး မြေယာများ ပြန်လည်ပေးရန် တောင်းဆိုသွား လေသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ဖြစ်သော တောင်သူ လယ်သမားများမှာ မြေယာလက်မဲ့ ဖြစ်ရခြင်း၊ သီးနှံ အရှုံးပေါ်ခြင်း၊ သီးနှံပျက်စီးခြင်းနှင့် အရင်းအနှီးအတွက် အတိုးနှုန်းမြင့်မားစွာ ချေးယူထားသော အကြွေးငွေများကို ပြန်လည် မပေးဆပ်နိုင်ခြင်းစသော ပြဿနာ အထွေထွေကို ကြုံတွေ့နေရသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကမူ လယ်သမားများ အနေနှင့် အကြွေးဆပ်နိုင်ရန်အတွက် ထမင်းတစ်နပ် လျှော့စား သင့်သည်ဆိုသော တာဝန်မဲ့သော စကားကို ပြောလိုက်သည်။ ဝန်ကြီး၏ စကားကို မကျေမချမ်း ဖြစ်နေဟန်တူသော ကဗျာဆရာက ကဗျာဖြင့် ပြန်လည် ချေပထားသည်။
“တို့စားနေတဲ့ထမင်းကို
ဘာကြောင့် လျှော့စားရမလဲဆိုတော့
တို့ကိုစားနေတဲ့ လူတွေ ရှိသေးလို့ပဲ . . .
ထမင်းတစ်နပ် လျှော့စားပါတဲ့။
အခြေခံ အစားအစာတို့ ထမင်းပဲ၊
ဆီဦးထောပတ် မပါဘူး။
ငါတို့ဟာ
ပွဲစားတွေရဲ့ ပါးစပ်ပေါက်ထဲမှာ
နေနေရတယ်။
ငါတို့ဟာ
ပွဲစားတွေရဲ့ ပါးစပ်ပေါက်ထဲမှာ
အိမ်ရာပြု နေထိုင်နေရတယ်” တဲ့။

ဧရာဝတီ

ယခုနှစ်အတွင်း ဧရာဝတီမြစ် ရေကြီးမှုကြောင့် မန္တလေး၊ မကွေး၊ မင်းဘူး စသောမြို့ကြီးများရှိ ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် တည်ထားသော ကျေးရွာများ၊ ရပ်ကွက်များ ရေနစ်မြုပ်ခဲ့ရသည်။ ကျွန်းပေါ်တွင် တည်ထားသော ရွာငယ်လေးမှာလည်း ရွာလုံးကျွတ် နစ်မြုပ် ပျောက်ကွယ်ခဲ့ရသည်။ မြစ်ကမ်းပါး တစ်လျှောက်တွင် စိုက်ထားသော သစ်ပင်များကို ခုတ်လှဲမှု အပါအဝင် လက်ရှိ အစိုးရအနေနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးကို ထိထိရောက်ရောက် လုပ်ဆောင်ခြင်း မရှိသောကြောင့် ဧရာဝတီ မြစ်ရေလမ်းကြောင်း ပြောင်းလဲခြင်းတို့နှင့် ကြုံတွေ့ခဲ့ရလေသည်။ သို့အတွက် ရေကြီးနစ်မြုပ်ခြင်း အကျိုးဆက်ကို ခံစားရသော ဒုက္ခသည်များဘက်က ရပ်တည်ပြီး ကဗျာဆရာ သားဖေက . . .
“မြန်မာပြည် မြေပုံထဲက
ဧရာဝတီကို ဖျောက်ကြည့်လိုက်၊
မြန်မာပြည်အနှံ့ မိုးကြီးရေမြုပ်
အိမ်ငုတ်တုတ်တွေက
ဧရာဝတီရဲ့ ဒဏ်ခတ်ခြင်းပေလား။
မင်း စိတ်နာသွားပြီလား ဧရာဝတီ” ဟု ဧရာဝတီမြစ်နှင့် စကားပြောဟန်ဖြင့် ရွတ်ဆိုပြသည်။

“မင်းရဲ့သွေးကြောတွေကို
အဖာအစပ်များစွာနဲ့ မလုံခြုံပိတ်ဆို့။
မင်းရဲ့သန့်စင်တဲ့ ခန္ဓာကိုယ်ကို
အပိုင်းပိုင်း အတစ်တစ် ဖဲ့ချိုးလို့။
မင်းရဲ့တန်ဖိုးရှိတဲ့ သွေးကြောတွေအနှံ့
ပြဒါးဆန်တဲ့အဆိပ်တွေ
ကြဲပက်ခဲ့သူက
ငါတို့ မဟုတ်ဘူး … ငါတို့ မဟုတ်ဘူး” ဟု ကဗျာဆရာက ဆွေးဆွေးမြည့်မြည့် ဝမ်းနည်းအက်ကွဲသော လေသံဖြင့် ဧရာဝတီမြစ်ကို ရှင်းပြလေသည်။

သဘာဝပတ်ဝန်းကျင် ဘေးထွက်ဆိုးကျိုးများ များစွာ သက်ရောက်နိုင်ခြေရှိသော ဧရာဝတီမြစ်ဆုံ စီမံကိန်းကြီးမှာလည်း သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင်သာ ရပ်ဆိုင်းထားခြင်း ဖြစ်လေသည်။ ယင်းစီမံကိန်းကို ပြန်လည် လုပ်ဆောင်နိုင်ရန်အတွက် တရုတ်ကုမ္ပဏီမှာ ကြိုးပမ်းနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍လည်း ကဗျာဆရာတချို့မှာ စိတ်မအေးနိုင်အားပေ။

“ကျွန်းပွဲတိုင်းမှာ ဧရာဝတီကဗျာပဲ ရွတ်တော့မယ်လို့ သန္နိဋ္ဌာန် ချထားတယ်” ဟု ရင်ဖွင့်သွားသော ကဗျာဆရာ မော်ကွန်းက အခြားသော ကဗျာဆရာ များကိုလည်း ဧရာဝတီနှင့် ပတ်သက်သော ကဗျာများကို ဆက်လက် ရေးသားကြပါရန် တိုက်တွန်းသွားသည်။
“ကမ်းရိုးတန်းကအစ
ကုန်းတွင်းပိုင်းအလယ်
ဟိုး…မြေပြန့်လွင်ပြင်အဆုံး၊
ငွေ အာဏာ ရမ္မက် ခုတုံးလုပ်ပြီး
ပဉ္စလက် ကစားကွက်ထဲမှာ
ဧရာဝတီကို ဓားစာခံအဖြစ်
အသုံးချကြဦးမှာလား” ဟု ကဗျာဆရာ မော်ကွန်းက မေးခွန်း ထုတ်သွားလေသည်။ ဧရာဝတီမြစ် ကျန်းမာရေးနှင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း၏ အနာဂတ်ကိုမူ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း အသစ်တက်လာမည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ငြိမ်းချမ်းရေး

လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ရန် ကြွေးကြော်ထားသော သမ္မတ ဦးသိန်းစိန် အစိုးရမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားနေသော တပ်မတော်ကို ထိုးစစ်မဆင်နွှဲရန် သမ္မတက ညွှန်ကြားထားသော်လည်း ကာကွယ်ရေး ဦးစီးချုပ်က လေကြောင်းသုံး တိုက်ခိုက်မှုများပင် လုပ်ဆောင်ခဲ့ရာ သမ္မတ၏ တပ်မတော်အပေါ် သြဇာ သက်ရောက်မှုနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ မီဒီယာများက ဝေဖန် ရေးသားခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေ တပ်ဖွဲ့ကို ရည်ညွှန်းကာ၊ “ရွှေလက်နဲ့ ခေါ်တုန်းလာ၊ ဘူးလက်နဲ့ခေါ်မှ မလာချင်နဲ့” ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက လွှတ်တော်တွင်း၌ နိုင်ငံကျော် စကားဖြင့် ဆွေးနွေး ပြောကြား ခဲ့လေသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကဗျာဆရာ ဆေးခါးက . . .
“အခုတော့ ခေတ်က
ပိုပြီး လွတ်လပ်ပွင့်လင်းလာ ပါပြီဗျာ။
ဘာလဲ ခင်ဗျားတို့
တခိုးခိုး တခစ်ခစ် ရယ်နေတာ
မယုံလို့လား။
ရွှေလက်နဲ့ ခေါ်တုန်းလာ၊
ဘူးလက်နဲ့ခေါ်မှ မလာချင်နဲ့ပြောတာ
ပွင့်ပွင့်လင်းလင်း ရှိလာတာ
မဟုတ်ဘူးလား။
စစ်လေယာဉ်တွေ ဝယ်ထားတာ
အလှပြဖို့ မဟုတ်ဘူး။
စစ်ဖြစ်ရင် သုံးဖို့ပြောတာ
ပွင့်ပွင့်လင်းလင်း ရှိလာတာ
မဟုတ်ဘူးလား” ဟု အစိုးရကို သရော်ထေ့ငေါ့ကာ ကဗျာစပ်ဆိုသွားသည်။

စစ်မက်ဖြစ်ပွားရာ ဒေသများမှာ ဒုက္ခသည် အမျိုးသမီးတချို့မှာ သတို့သမီး ဆာလောင်နေသော အိမ်နီးချင်း တရုတ်ပြည်အတွက် ကုန်ပစ္စည်းတစ်မယ် ဖြစ်သွားရရှာသည်။ တရုတ်ပြည်တွင် ယောက်ျားလေး ဦးရေက များပြားပြီး မိန်းကလေး ဦးရေက နည်းပါးလျက်ရှိရာ တရုတ် အမျိုးသားများသည် မြန်မာ အမျိုးသမီးများကို အခကြေးငွေပေး ကိုယ်ဝန်ဆောင် ခိုင်းသည်များ ရှိလာသည်။ နောက်ထပ် အိမ်နီးချင်း နိုင်ငံတစ်ခု ဖြစ်သော ထိုင်းနိုင်ငံတွင်လည်း ပြည့်တန်ဆာ လုပ်ငန်းဖြင့် ငွေကြေး ရှာဖွေနေရသော မြန်မာအမျိုးသမီးများ ရှိသည်။

ပြည်တွင်းရှိ ရန်ကုန် ကဲ့သို့သော မြို့ကြီးများနှင့် နယ်စပ်မြို့များတွင် အမျိုးသမီးငယ် တချို့မှာ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း နေရရှာသည်။ ဤဖြစ်ရပ်များမှာ စီးပွားရေး တိုးတက်အောင်၊ ငြိမ်းချမ်း တည်ငြိမ်အောင် မလုပ်ဆောင်နိုင်သေးသော အစိုးရ မူဝါဒများ၏ အကျိုးအဆက်များ ဖြစ်သည်ဟု ကဗျာဆရာ နေဇော်ချစ်က ကောက်ချက် ဆွဲပုံရသည်။
“ပီပြင်တဲ့ ဈေးကွက် စီးပွားရေးစနစ်ဟာ
သူမရဲ့ ကိုယ်ခန္ဓာပဲ . . .
လျှပ်စီးလျှပ်သလို
ထင်းခနဲလင်းခနဲ
သူမရဲ့အတွင်းသားဟာ
လွတ်လပ်ခွင့် အပြည့်ရှိတဲ့ မီဒီယာ. . .
ရွှေရည်စိမ် သရဖူနဲ့ မက်လုံးပေး
ထောင်ချောက်ဆင်ထားတဲ့
စကားလုံးတွေ ထုတ်ပြန်၊
ဝိတ်တာတစ်ယောက်နဲ့
ကြေးညှိနေရဆဲ
ငြိမ်းချမ်းရေးဟာ
အယားပြေရုံ သက်သက်ထက် မပိုဘူး”

ပြည့်တန်ဆာ တစ်ဦး၏ ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်ကာ လက်ရှိခေတ် စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေကို ကဗျာဆရာ နေဇော်ချစ်က ဖွဲ့ဆိုပြသည်။ ‘နိုင်ငံရေးတွင် မုန်းသူမရှိ၊ ချစ်သူသာရှိ’၊ ‘နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတဲ့ အနုပညာ’ စသော အယူအဆများကို ရေးသားခဲ့သော ဆရာဒဂုန်တာရာကို ဂုဏ်ပြုရင်း စစ်ပွဲများ ရပ်ဆိုင်းစေလိုသော ကဗျာဆရာတစ်ဦးကမူ . . .
“ဘယ်သူပဲဖြစ်ဖြစ်
စစ်ကို သယ်လာသူဟာ
အလှတရားကို ဖျက်ဆီးသူပဲ…
တောပန်း၊ တောင်ပန်း၊ ချယ်ရီပန်း
ကျောက်သား နှင်းဆီပန်းများပွင့်တာ
သဘာဝရဲ့ သစ္စာတရားလေ။
နှင်းလွှာရုံအောက်မှာ
ထာဝရရှင်သန်ဖို့
စစ်ကင်းပချိန်ကို မြင်လို ဖြစ်လို မိုးလို။
ငြိမ်းချမ်းရေးကို ခေါ်ဆောင်လာတဲ့ပန်းပွင့်
တောင်တန်းများပေါ်မှာ မွှေးမြသင်း၏။ မကြွေစေချင်လိုက်တာ” ဟု စသီကုံးလေသည်။

ငွေရတု

ကဗျာရွတ်ဆိုပွဲ ပြီးသောအခါ အနုပညာရှင်များအားလုံး စုပေါင်းကာ နေ့လယ်စာ စားကြသည်။ ဟင်းမှာ ကြက်သားဘူးချို ဟင်းရည်ကျဲနှင့် ငရုတ်သီးကြော် ဖြစ်သည်။ အားလုံး စားသောက်ပြီးနောက် ကိုယ်ပိုင် တေးစီးရီးခွေ ထုတ်တော့မည့် မကွေးမြို့မှ ဂီတပညာရှင် လူငယ်က သီချင်းဖြင့် ဖျော်ဖြေပေးသည်။ ပန်းချီဆရာ ဦးမျိုးညွန့်ကမူ ပုံတူပန်းချီ ဆွဲပေးလေသည်။ ယင်းကဲ့သို့ အနုပညာရှင်များ တွေ့ဆုံပွဲကို ၁၉၉၂ ခုနှစ်ကတိုင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ရာ နောင်သုံးနှစ်တွင် ငွေရတု တိုင်တော့မည် ဖြစ်သည်။ ငွေရတုနှစ်တွင် ပိုမိုခမ်းနားအောင် လုပ်ရမည်ဟု အချင်းချင်းဆော်သြ ထားကြသည်။

အနုပညာ တွေ့ဆုံပြီးသောအခါ အငှားလှေသမား နှစ်ဦးက ဧည့်ပရိသတ်များကို အစုလိုက် အစုလိုက်ခွဲကာ လှေငယ်လေးဖြင့် လှော်ခတ်ပို့ပေးသည်။ ကျွန်းမကြီး ကမ်းစပ်မှ ဧရာဝတီမြစ်ကို ဖြတ်လှော်ကာ မင်းဘူးမြို့ကမ်းစပ်သို့ ကပ်ရသည်။ မင်းဘူးကမ်းကို ရောက်မှသာ ဧည့်သည်များမှာ မိမိ မြို့၊ မိမိဒေသကို ခရီးဆက်ရခြင်း ဖြစ်ပေသည်။ ကျွန်တော်တို့အဖွဲ့ကို တင်ဆောင်လာသော လှေငယ်လေး မင်းဘူးကမ်းစပ် ကပ်လေသောအခါ ကျွန်းမကြီး ကမ်းစပ်ကို ပြန်ငေးမိသည်။ ကျွန်းကလေးမှာ စိမ်းစိမ်းစိုစို ကျန်ရစ်ခဲ့လေပြီ။ ၂၀၁၅ မှ ပြန်ဆုံကြဦးမည်၊ ချစ်လှစွာသော အညာကပါရီ။

thevoicemyanmar

အပြည့်အစုံသို့ »

အမှောင်ထဲ ငိုရှိုက်နေရတဲ့ အမေ့ခံ ပုံရိပ်များ



ဥရောပက လိင်လုပ်သားတွေ ကျက်စားရာ နေရာတခု

မြန်မာ နိုင်ငံမှာ ၁၇၈၅ ခုနှစ် ကုန်းဘောင်ခေတ် အစောပိုင်း ကတည်းက ပြည့်တန်ဆာ လုပ်ငန်းကို တရားမဝင်ကြောင်း တားမြစ်ထားတာ ဖြစ်ပါတယ်။

အခုခေတ်မှာတော့ တချို့ နိုင်ငံတွေမှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် လုပ်ကိုင်ခွင့် ပေးထားသလို မြန်မာ နိုင်ငံမှာတော့ လွှတ်တော် အတွင်းမှာကော ပြင်ပ လူ့အဖွဲ့အစည်းမှာပါ ဒီလုပ်ငန်းကို တရားဝင် ပြုရေး မပြုရေး အပေါ် ဆွေးနွေး နေကြဆဲပါ။

ဒါပေမယ့် ခန္ဓာကိုယ်ကို ရင်းပြီး အရှက်နဲ့ သိက္ခကို စတေးလို့ မိသားစု ဘဝ ရပ်တည်ရေး လိုအပ်ချက်အရ ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေရတဲ့ ဝါသနာ အရ ဒီလောကထဲ ရောက်လာကြသူတွေ မဟုတ်တဲ့ လိင်လုပ်သား တွေကို ရဲတွေက နည်းမျိုးစုံနဲ့ အနိုင်ကျင့်တဲ့ အကြောင်း အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ တင်ဆက် ထားပါတယ်။
BBC Burmese

အပြည့်အစုံသို့ »

ငွေလေးထောင် လက်ခံသူ အမျိုးသမီး ပြည့်တန်ဆာပုဒ်မဖြင့် တရားစွဲခံရဟုဆို



ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်မြို့လယ်ကောင် မြို့တော်ခန်းမရှေ့တွင် အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးက ငွေကျပ်လေးထောင် လာရောက်ပေးမှုကို လက်ခံခဲ့သည့် အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပြည့်တန်ဆာ ပုဒ်မဖြင့် ဖမ်းဆီးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း အဆိုပါ အမျိုးသမီးကြီး၏ သမီးဖြစ်သူ မအေးမြလင်းက ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်အေးအေးမြင့်သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ဆူးလေဘုရား ဂေါပကအဖွဲ့ဝင် (အစ်ကိုဝမ်းကွဲ တော်စပ်သူ) ဦးဟုတ်ကြည်ထံ လစဉ် မုန့်ဖိုးကို လာရောက် တောင်းခံစဉ် အစ်ကိုမှာ အလုပ် မအားသေးသဖြင့် စောင့်နေခဲ့ကြောင်း၊ ယင်းနောက် ဖရဲသီး စားချင်သောကြောင့် ဘုရားပေါ်မှဆင်းပြီး လမ်းလျှောက်ခဲ့ရာ မြို့တော်ခန်းမရှေ့တွင် လူငယ်တစ်ဦး ရောက်ရှိလာပြီး ငွေလေးထောင်ကျပ် ကို လာပေးခဲ့ကြောင်း၊ အစ်ကိုဖြစ်သူက ပေးခိုင်းသည်ဟု တွေးထင်ကာ လက်ခံခဲ့ပြီးနောက် အိမ်ပြန်ရန် ဆူးလေကားဂိတ်သို့ လာစဉ် ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းက ရှင်းပြသည်။

ကားဂိတ်သို့ ပြန်လာစဉ် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကားပေါ်တင်ကာ စခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် (ပ)၃၇၃/၁၃၊ ပြည့်တန်ဆာပုဒ်မ ၃(က) (ခ) ဖြင့် အမှုဖွင့်ကာ ကျောက်တံတားမြို့နယ် တရားရုံးတွင် စစ်ဆေးလျက်ရှိပြီး အင်းစိန် အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားကြောင်း ၎င်းကထပ်မံပြောကြားသည်။
“အရင်က သူကကြက်သားရောင်းတယ်။ ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တယ်။ အသိတွေ ဆေးရုံတက်ရင် လူနာစောင့် လိုက်ပေးတယ်။ ရပ်ကွက်ထဲ သူနေထိုင်ခဲ့တဲ့ တစ်လျှောက် ပြစ်မှု တစ်စုံတစ်ခု မရှိခဲ့ဘူး။ အခုဒီလို ပြည့်တန်ဆာပုဒ်မနဲ့ ဖမ်းခံရတယ်ဆိုတော့ ယုံတောင် မယုံနိုင်ဘူး” ဟု အဖမ်းခံရသူ အမျိုးသမီးနှင့် တစ်အိမ်တည်း ငှားရမ်းနေထိုင်သူ ဒေါ်ဇာနည်ထွန်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ် မြို့မရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ရဲကျင့်ထုံး အက်ဥပဒေ ပြဋ္ဌာန်းချက်များ အရ ပြစ်မှုကျူးလွန်သူဟု သတင်းရရှိသူကို ဖမ်းဆီးအရေးယူရာတွင် သက်သေခံပစ္စည်းနှင့် သက်သေခံလူများ ခိုင်လုံစွာ ပါရှိမှသာ အမှုဖွင့် ဆောင်ရွက်နိုင်ကြောင်း၊ ယခုပြည့်တန်ဆာ ပုဒ်မဖြင့် အဖမ်းခံရသူ အမျိုးသမီးမှာ ကျောက်တံတားမြို့နယ်အတွင်း ပြည့်တန်ဆာ လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ရှာဖွေ စစ်ဆေးခဲ့ပြီး သက်သေ ခိုင်လုံသောကြောင့် တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းမြင့်ကြိုင်က ပြောကြားသည်။
“သတင်းရရှိမှုကြောင့် တာဝန်အရ ရှာဖွေစစ်ဆေးပေမယ့် သက်သေ မခိုင်လုံဘူးဆိုရင် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူပိုင်ခွင့် မရှိပါဘူး။ ဒီအမှုကိစ္စကတော့ ကျွန်တော်တို့ ကျောက်တံတား ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးခြင်း မဟုတ်ပါဘူး။ သက်သေ အထောက်အထား အခိုင်အလုံ ရှိပါတယ်” ဟု ယင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားပေါ်တွင် ပြည့်တန်ဆာများက ဘုရားဖူးပုံစံဖြင့် ပျော်ပါးရန် ဆွဲဆောင်မှုများကို ပြုလုပ်လျက် ရှိကြောင်း၊ တိုင်ကြားမှုများ ရရှိပြီး ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် ၃၀ ဦးခန့် ဖမ်းဆီးအရေးယူပြီး ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းထံမှ သိရှိ ရသည်။

ပြည့်တန်ဆာ လုပ်ကိုင်သူကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များက သက်သေ အထောက်အထား ရယူရန် ငွေစက္ကူများကို ကြိုတင် မှတ်တမ်းတင်ထားပြီးနောက် သက်သေအဖြစ် ဆောင်ရွက်မည့် အမျိုးသားမှတစ်ဆင့် ပြည့်တန်ဆာကိုပေးကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

thevoiceweekly

အပြည့်အစုံသို့ »

ကယ်ရာမဲ့ဘဝမှ ကယ်တင်ရှင်ဖြစ်လာသူ



ထိုစကားကို ပြောလိုက်သူမှာ အမျိုးသမီးတစ်ယောက် ဖြစ်ပါသည်။ သူမ၏စကားတွေက ဒေါသသံတွေ လွှမ်းနေသဖြင့် ဒေါသသင့်သော စကားများဟု ဆိုနိုင်သည်။ တစ်နည်းဆိုရလျှင် သူမ၏ စကားတွေက တရားမျှတမှုကို တောင်းဆိုနေသည်။ မီဒီယာ၏ လစ်ဟာချက်များကို ထောက်ပြနေသည်။ လူ့ဘောင် အဖွဲ့အစည်း၏ စိတ်ပျက်စရာများကို ဖော်ထုတ်ပြသလို ဖြစ်နေသည်။
ထိုဒေါသ စကားများကို ပြောကြားသည့်သူမှာ ဆူနီသာခရစ်ရှနန် ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ခေတ် အစားဆုံး မုဒိမ်းကျင့်မှုကို ကိုယ်တွေ့ခံစားခဲ့ရသူ ဖြစ်သည်။ သူတို့လူ့ဘောင်တွင် မုဒိမ်းအကျင့်ခံရသူ တစ်ယောက်ကို အသိုင်းအဝိုင်းက ဖယ်ကြဉ်ထားလေ့ ရှိသဖြင့် ထိုဒုက္ခကို ခံစားရသော်လည်း ဘဝကို အရှုံးမပေးခဲ့သူ တစ်ယောက် ဖြစ်သည်။

သူမကို ယောက်ျားကြီးရှစ်ဦးက အဓမ္မ ဝိုင်းကျင့်စဉ်က အသက် ၁၅ နှစ်အရွယ်သာ ရှိသေးသည်။ အရွယ်နှင့်မမျှ အဓမ္မဒဏ်ကို ခံလိုက်ရသော်လည်း သူ့လိုဘဝမျိုး ရောက်သူများအတွက် ပြန်လည် ထူထောင်ရန် ခိုကိုးစရာ နေရာများ ဖန်တီးပေးသည်။ ဆင်းရဲခြင်းဒဏ်နှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် လူကုန်ကူးခြင်း ခံနေရသည့် အိန္ဒိယရှိ အမျိုးသမီးများ ဘဝကို လိုက်လံ ကယ်တင်ပေးခြင်း ပြုနေသည့် ရှားပါးသော အိန္ဒိယ အမျိုးသမီးတစ်ဦး ဖြစ်သည်။

ဆူနီသာ ခရစ်ရှနန်းကို ၁၉၇၂ ခုနှစ်တွင် ဘန်ဂါလိုတွင် မွေးဖွားခဲ့သည်။ အသက် ၁၅ နှစ်သမီး အရွယ်တွင် ယောက်ျားရှစ်ဦး၏ အဓမ္မကျင့်ခြင်းကို ခံရပြီးနောက် ကူကယ်ရာမဲ့နေသော အမျိုးသမီးများ ဘဝကို ကယ်တင်ရန် စိတ်ဓာတ်ခွန်အား ဖြစ်လာခဲ့သည်။ B.Sc.ဘွဲ့ကို (Environment Science) ဘာသာရပ်ဖြင့် ရအောင် ယူခဲ့သည်။ Ph.D ဘွဲ့ကိုလည်း (Social Work) ဖြင့် ရခဲ့သောကြောင့် ဒေါက်တာဆူနီသာခရစ်ရှနန်းဟူ၍လည်း လူသိများသည်။
နောက်ပိုင်းတွင် လူမှုရေး လှုပ်ရှားမှုများ၌ ဘဝကို နှစ်မြှုပ်ထားပြီး Prajwala ဆိုသည့် လူမှုရေး အဖွဲ့အစည်းတစ်ခုကို ထူထောင်ထားသည်။ သူမထူထောင်ထားသည့် အဖွဲ့သည် လူကုန်ကူးခြင်းမှ ကယ်တင်ခြင်း ခံလာရသူများနှင့် အခြေအနေမဲ့ အမျိုးသမီးလေးများ၏ ခိုကိုးစရာ နေရာဖြစ်လာသည်။

Prajwala အဖွဲ့သည် ဟိုက်ဒရာဘတ်မြို့တွင် HIV/ AIDS ဝေဒနာ ခံစားနေရသည့် ကလေးငယ် ပေါင်း ၅၀၀၀ ကျော်ကို ပညာသင်ကြားရေးအတွက် အကူအညီ ပေးနေသည့် နေရာဌာနကြီးလည်း ဖြစ်သည်။ ထို့ပြင် ‘ဒုတိယမျိုးဆက်’ ဟု အမည်ပေးထားသည့် စီမံချက်ဖြင့် ပြည့်တန်ဆာဘဝ ရောက်နေကြသည့် မိခင်များထံမှ ကလေးထောင်ပေါင်း များစွာကို ပြန်လည် ထူထောင်ရေးစခန်း ၁၇ ခုဖွင့်ပြီး ကယ်တင်ပေးနေသည်။ သူမလှုပ်ရှားမှု အားလုံးသည် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း NGO အနေဖြင့်သာ လှုပ်ရှားနေခြင်း ဖြစ်သည်။ ကလေးများကို ပညာသင်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလိုက်ခြင်းသည် သူတို့မိခင်များကို မကောင်းမှုဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေခြင်းကလည်း ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ပြီး ဗျူဟာမြောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ခရစ်ရှနန်းတွင် လက်သမား၊ ဂဟေဆော်၊ ပုံနှိပ်၊ ပန်းရန်၊ အိမ်တွင်းမှု လုပ်ငန်းများကို သင်ကြားပေးနိုင်သည့် ဝန်ထမ်းပေါင်းများစွာကို ခေါ်ထားပြီး ကလေးများကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနေသည်။

သူမသည် ရာဂျေးရှ်တာ့ရှ်ရီဗာဆိုသည့် ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး ဆရာတစ်ဦးနှင့် လက်ထပ် ခဲ့သည်။ ခင်ပွန်းသည်နှင့်အတူ “Touchdriver-Ente" ဆိုသည့်ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုဇာတ်ကားသည် လိင်ကျွန်ဘ၀ရောက်နေကြရသည့် အိန္ဒိယ အမျိုးသမီးတို့ဘဝကို ဖော်ကျူးထားသည့်ရုပ်ရှင် ဖြစ်သည်။

အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားတွင် လိင်ကျေးကျွန်အဖြစ် လုပ်ဆောင်နေရသော အမျိုးသမီးပေါင်း သုံးသန်းခန့် ရှိသည်။ အများစုမှာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ ဖြစ်နေသည်။

သူတို့ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားသည် စီးပွားရေးအရ မအောင်မြင်ခဲ့ပေ။ သို့သော် ဝေဖန် ဆွေးနွေးစရာ လှုပ်ခတ်သွားခဲ့သည်။ ကူရာကယ်ရာမဲ့နေသည့် အမျိုးသမီးများနှင့် ကလေးများဘဝကို မီးမောင်းထိုး ပြနိုင်သည်။ သူတို့က ကယ်တင်ရှင် သူရဲကောင်းများဖြင့် ရုပ်ရှင်ကို အများအကြိုက်လိုက်ပြီး မရိုက်နိုင်သောကြောင့် မအောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု ခရစ်ရှနန်းက ဆိုသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလက နယူးဒေလီတွင် ဆေးကျောင်းသူလေးတစ်ယောက်ကို ယောက်ျား လေးဦးက အဓမ္မဝိုင်းကျင့်ပြီး အသက်ပါ ဆုံးရှုံးစေခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

“ဘယ်လောက်ရှက်စရာ ကောင်းသလဲ။ ပြီးခဲ့ တဲ့နှစ် ဒီဇင်ဘာက တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ ကျင်းပ ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ရတယ်။ ဒီနှစ်ထဲမှာလည်း အသက်လေးနှစ်သမီးလေးကို အဓမ္မကျင့်တာနဲ့ ကြုံခဲ့ ရသေးတယ်။ ကျွန်မ အဲဒီကလေး အသက်ပြန်ရှင်ဖို့ ကြိုးပမ်းပေးခဲ့တယ်” ဟု ယခုအခါ အသက် ၄၁ နှစ် အရွယ်ရှိနေပြီ ဖြစ်သော ခရစ်ရှနန်းက ပြောသည်။

အိန္ဒိယနိုင်ငံတွင် ၂၂ မိနစ်လျှင် မုဒိမ်းမှုတစ်မှုနှုန်း ဖြစ်ပွားနေသည်။ ၂၀၁၁ ခုနှစ်တွင် မုဒိမ်းမှု ဖြစ်ပွားသမျှ ၁၇ ရာခိုင်နှုန်းလောက်ကိုသာ ရုံးတင်နိုင်သည်။ ရုံးတင်သမျှ အမှုများ၏ ၂၅ ရာခိုင်နှုန်းခန့်ကိုသာ အပြစ်ပေးနိုင်သည်။
အိန္ဒိယအမျိုးသား ရာဇဝတ်မှု မှတ်တမ်းအဖွဲ့ (NCRB) ၏ ထုတ်ပြန်ချက်အရ ယမန်နှစ်အထိ အမျိုးသမီးများကို ကျူးလွန်ခဲ့သော အဓမ္မမှုပေါင်း ၂၄၄,၂၇၀ မှု ရှိကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်တွင် ၂၂၈,၆၅၀ မှု ရှိသည်ဆိုသဖြင့် ဖြစ်ပွားမှုနှုန်းမှ လျော့ကျသွားခြင်း မရှိသေးကြောင်း သိသာသည်။

အမျိုးသမီးများကို အတင်းအကျပ် ပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ လိင်ကျေးကျွန်ဘဝ ရောက်စေရန် အဓမ္မ ဇာတ်သွင်းခြင်း၊ အိမ်ထောင်သည်ဘဝ အဓမ္မကျင့်ခြင်း၊ အကြမ်းဖက် အဓမ္မကျင့်ခြင်းများသည် အထင်ရှားဆုံး ကျူးလွန်နေကြသည့် ပြစ်မှုများ ဖြစ်ကြသည်။

“ယောက်ျားတွေကို မြင့်မြတ်တယ်ဆိုပြီး ကိုးကွယ်ရမလို ဖြစ်နေတဲ့ လူ့ဘောင် အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေဟာ အနှိမ်ခံတွေဘဝနဲ့ နေကြရတယ်။ အမျိုးသမီးဆိုတာ အမျိုးသားတွေအတွက် စိတ်ကျေနပ်အောင် ဖျော်ဖြေပေးရတဲ့ ရုပ်ဝတ္ထုပစ္စည်း တစ်ခုလို ဖြစ်နေတယ်။ အဲဒီမြင့်မြတ်တယ်လို့ သတ်မှတ်ချက်တွေက ပြဿနာကို စတင်စေခဲ့တာပဲ။ လူတွေက အဲဒီလို ရက်စက်ယုတ်မာတာတွေ ဘာကြောင့် ဖြစ်လာရတယ် ဆိုတာကို ဆန်းစစ်ဖို့ထက်၊ မုဒိမ်းမှုတစ်ခု ဖြစ်လိုက်ပြီ ဆိုရင် ဘယ်ကောင်လဲ၊ အဲဒီကောင် ဘာလုပ်သလဲ ဆိုတာလောက်ပဲ ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြတယ်” ဟု ခရစ်ရှနန်းက ရှင်းပြသည်။

သူမအနေဖြင့် အသက် ၁၆ နှစ်သမီးလောက် ကတည်းက မခံချင်စိတ်များဖြင့် ကြိုးစားရုန်းကန်ကာ ဘဝကို ရပ်တည်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဘန်ဂါလို၌ မယ်စကြဝဠာပြိုင်ပွဲကို ကန့်ကွက်သဖြင့် အဖမ်းခံရသည်။ ထောင်ဒဏ် နှစ်လအချခံခဲ့ရသည်။ ထောင်ကလွတ်သောအခါ ဘန်ဂါလိုတွင် မနေတော့ဘဲ ဟိုင်ဒရာဘတ်သို့ ပြောင်းလာခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဟိုင်ဒရာဘတ်ရှိ မီးအိမ်နီ ရပ်ကွက်ဟု လူသိများသည့် ပြည့်တန်ဆာ ရပ်ကွက်တစ်ခု ဖြစ်သော မာဘွတ်ကီမီဟန်ဒီ ရပ်ကွက်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။ ထိုရပ်ကွက်များတွင် နေထိုင်သည့် ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးသူများ အချို့လည်း ဖမ်းဆီးခံရပြီး အချို့လည်း အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကုန်သည်။
ထိုအချိန်တွင် ခရစ်ယန်ဘုန်းတော်ကြီး ဂျိုဆေဗက်တီကာတီလ်၏ အကူအညီဖြင့် ခရစ်ရှနန်းသည် ပြန်လည် ပြုပြင်ရေး ကျောင်းလေးတစ်ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများက မွေးဖွားလာသော သားသမီးများအတွက် ပညာရေးနှင့် နေထိုင်ရေးတို့ကို သူမက အကူအညီပေးကာ လူကုန်ကူးမှု မခံရရေး၊ သူတို့မိခင်များကဲ့သို့ ဘဝမပျက်ရေးအတွက် ဝိုင်းဝန်း ကူညီပေးခဲ့ခြင်း ဖြစ်သည်။
သူတို့က မိခင်များ၏ သောကကို ကူညီဖြေရှင်း ပေးခဲ့သဖြင့် အစပိုင်းတွင် နားမလည်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမကို အားကိုးမှုများ ပြုလာကြသည်။ ယင်းသည် Prajwala ဆိုသည့် ဂေဟာပေါ်ပေါက်လာစေမည့် အခြေခံ အကြောင်းတရား ဖြစ်သည်။

ယနေ့ Prajwala သည် အန်ဒရာပရာဒက်ရှ်၌ ဌာနခွဲပေါင်း ၁၇ ခုကို ဖွင့်လှစ်နိုင်သည်အထိ ကြီးကျယ် လာခဲ့သည်။ အထူးသဖြင့် ပြည့်တန်ဆာအဖြစ် အသက်မွေးနေရသူများ၏ သားသမီးများ ပညာရေးအတွက် ထိုဌာနများက တာဝန်ယူပေးနေသည်။ သူမ၏ ဒုတိယမျိုးဆက် ကယ်တင်စောင့်ရှောက်ရေး အစီအစဉ်ကြောင့် ကလေးပေါင်း ၅၀၀၀ ကျော်ကို ပညာတတ်တွေ ဖြစ်စေရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးများ အကြမ်းဖက်ခြင်း ခံရမှုပေါင်း ၂၅၀၀ ကျော်ကို သတင်း အချက်အလက်များ ရှာပေးခြင်း၊ သက်သေခံများ ဖော်ထုတ်ပေးခြင်း၊ ရဲတို့၏ ကြားဝင် စွက်ဖက်ကာ အမှုကို ချေဖျက်သည့်ဘေးမှ အကာအကွယ်ပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ Prajwala တွင် အိန္ဒိယနိုင်ငံအတွင်း ဝန်ထမ်း ၈၀ ရှိပြီး၊ နိုင်ငံခြားတွင် တာဝန် ထမ်းဆောင်ပေးနေသူ ၂၅ ဦးရှိသည်။

လူမှုရေး အဖွဲ့အစည်းများ အနေဖြင့် ထူထောင်သည့် အခြားအဖွဲ့အစည်းများနှင့် မတူသည့်အချက်မှာ Prajwala သည် ပရောဂျက် လုပ်ငန်းတစ်ခု မဟုတ်ပေ။ သို့ဖြစ်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကြမ်းဖက်မှုများ ကင်းစင်သည့် နေ့ရောက်မှသာ မိမိထူထောင်ထားသော အဖွဲ့အစည်းကို ရပ်ဆိုင်းမည်ဟု ခရစ်ရှနန်းက ဆိုသည်။

ယခုအခါ ပြန်လည် ထူထောင်ရေး အစီအစဉ်ဖြင့် ကယ်တင်ပေးပြီး ဘဝသစ်ကို စတင်စေခဲ့သော အမျိုးသမီးပေါင်း ၁၅၀၀ ခန့်ရှိပြီ ဖြစ်သည်။ သူတို့က ပြည့်တန်ဆာဘဝ ကျရောက်ရတော့မည့် အမျိုးသမီးများကို ကယ်တင်ပြီး ငွေကြေး ပုံမှန်ရသည့် သမာအာဇီဝ ကျကျ လုပ်ကိုင်စားသောက်နိုင်သော လုပ်ငန်းခွင်များအတွင်း သွင်းပေးနိုင်ခဲ့သည်။

ခရစ်ရှနန်းကို အထောက်အကူ အများဆုံးပေးခဲ့သူမှာ သူမ၏ ခင်ပွန်း ရာဂျေ့ရှ် ဖြစ်သည်။ နိုင်ငံတကာကို လှုပ်ခတ်စေခဲ့သော In the Name of Buddha ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာလည်း ဖြစ်သည်။ သူက Prajwala နှင့် ပတ်သက်သော ဇာတ်လမ်းတို ရုပ်ရှင်ကားလေးများကို ရိုက်ကူးပေးသည်။ သူရိုက်ကူးခဲ့သော Anamika (အမည်မသိ) ဆိုသည့် ရုပ်ရှင် ဇာတ်ကားကို အန်ဒရာပရာဒက်ရှ် ရဲကျောင်းနှင့် နိုင်ငံတော်ရဲတပ်ဖွဲ့ သင်တန်းများတွင် သင်ရိုးညွှန်းတမ်းတစ်ခု အနေဖြင့် ပြဋ္ဌာန်းရန် သတ်မှတ်ထားသည်။

Ref: http://www.thehindu.com/, http://www.aljazeera.com
thevoicemyanmar

အပြည့်အစုံသို့ »

ကလေးတွေ ပြည့်တန်ဆာ အဖြစ် အသုံးချခံနေရတာကိုFBIနှိမ်နင်း


အမေရိကန် ပြည်ထောင်စုမှာ ကလေးတွေ ပြည့်တန်ဆာ အဖြစ် အတင်း အဓမ္မ ရောင်းစားခံနေရတာတွေကို နှိမ်နင်းတဲ့ သူတို့အဆိုအရ အကြီးဆုံး စစ်ဆင်ရေး တခု ဆင်နွှဲခဲ့တယ်လို့ ဆိုပြီး ကလေး တရာကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အက်ဖ်ဘီအိုင် FBI ထောက်လှမ်းရေး အဖွဲ့ကြီးက ပြောပါတယ်။

အများအားဖြင့် မိုတယ် တည်းခိုခန်းတွေ ၊ လောင်းကစားဝိုင်းတွေနဲ့ ကုန်တင်ကား ရပ်နားရေးစခန်း တွေက ပြည့်တန်ဆာခေါင်း အယောက် ၁၅ဝ ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ဆိုပါတယ်။

သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ၊ လူကုန်ကူးမှုတွေနဲ့ ဗဟို အစိုးရ ၊ ပြည်နယ် အစိုးရ ဆိုင်ရာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အက်ဖ်ဘီအိုင် အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးရဲ့ အပြောအရ ကလေးတွေကို ပြည့်တန်ဆာ အဖြစ်အသုံးချမှုဟာ အမေရိကန် တလွှားက ကလေးတွေကို ဆက်လက် ခြိမ်းခြောက် အန္တရာယ် ပေးနေတယ်လို့ ဆိုပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

အပြည့်အစုံသို့ »

တိရိစ္ဆာန်နှင့် လူ မေထုံမှီဝဲမှုကို ဗြိတိန် အစိုးရက တရားဝင်ခွင့်ပြုချက် ချမှတ်လိုက်သည်ဟုဆို


ယင်းအငြင်းပွားဖွယ်ရာကိစ္စနဲ့  စပ်လျဉ်းပြီး ညဥ့်အတော်နက်သည်အထိ ဆွေးနွေးငြင်းခုန်
ခဲ့ကြပြီးတဲ့နောက် ဗြိတိန် အစိုးရက လူနဲ့ တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင် ခွင့်ပြုချက်
ကို ထုတ်ပြန်ရန် ဗြိတိန် အစိုးရက မဲဆန္ဒပေးခဲ့ကြောင်း သိရှိရပါတယ်။

ပါလီမန်လွှတ်တော် အမတ် အယောက် ၈၀ကျော်က ဗြိတိန် မှာ လူနှင့် တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင်ခွင့်ပြုတဲ့ ပြဌာန်းချက်ကို ထောက်ခံခဲ့တဲ့ သမိုင်းတွင်မယ့် မဲပေးပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။။ ပါလီမန် အမတ်များဟာ ကန့် ကွက်မဲ ၇ မဲနဲ့ ထောက်ခံမဲ ၇၈ မဲနဲ့  ယင်းပြဌာန်းချက်ကို မဲပေးခဲ့ကြပါတယ်။

မဲပေးဆုံးဖြတ်ချက်မတိုင်ခင်ထိ ယင်းကဲ့သို့ တိရိစ္ဆာန်နှင့် မေထုံမှီဝဲ မှုဟာ တရားမ၀င်ခဲ့ပါဘူး။သို့ သော် လူအများအပြားက ယင်းလုပ်ဆောင်ချက်ကို ဗြိတိန်မှာ တရားဝင်စေဖို့ အတွက် လူထုစည်းရုံးလှုံဆော်ပွဲတွေ လုပ်ဆောင်လာကြတဲ့အတွက် ဗြိတိန်အစိုးရက ယင်းနဲ့ ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့  မဲပေးဆုံးဖြတ်ခဲ့တာပါ။



တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှုဟာ သူတို့ ကို သတ်ဖြတ်တာနဲ့  ဘာမှမခြားဘူးလို့ ဆို-

လူနဲ့ တိရိစ္ဆာန် လိင်ဆက်ဆံမှုကို ဆန့်ကျင်တဲ့ အဆိုတစ်ရပ်ကတော့ တိရိစ္ဆာန်များဟာ လိင်ဆက်ဆံဖို့  သဘောတူညီချက် မပေးနိုင်တဲ့အတွက် ဒါဟာ တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်ဆက်မှု တစ်ရပ်ပါပဲ လို့ ဆိုပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ ပြည့်တန်ဆာ နဲ့ လိင်ဆက်ဆံတာထက် ပိုပြီးလုံခြုံစိတ်ချရသည်ဟုဆို

-တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာကို ထောက်ခံချက်တစ်ရပ်ကတော့ သင်ဟာ ယင်းသတ္တ၀ါများနဲ့ လိင်ဆက်ဆံရာကနေ STD(လိင်ဆက်ဆံမှုမှတဆင့် ကူစက်သောရောဂါများ) ရောဂါမျိုးတွေ မရနိုင်တဲ့အတွက်ကြောင့် ပိုမိုဘေးကင်းစိတ်ချရတယ်လို့  ဆိုပြန်ပါတယ်။ သို့သော်လည်း အခြားကူးစက်နိုင်တဲ့ ရောဂါမျိုးတွေတော့ ရှိပြီး ပဋိဇီဝဆေးများနဲ့ ကုသလို့ တော့ရတယ်လို့  ဆိုပါတယ်။ တိရိစ္ဆာန်တွေနဲ့ လိင်ဆက်ဆံတဲ့ ဖြစ်ရက်အတောတွင်းမှာ သင့်ကို တိုက်ခိုက်နိုင်တဲ့ အန္တရာယ် တော့ ရှိပါတယ်။ အလားတူ သင့်ကို လူသား ပြည့်တန်ဆာ တစ်ဦးကလည်း သူစိတ်ဆိုးနေတဲ့ အခါ သင့်ကို တိုက်ခိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။

ယင်းပြဌာန်းချက်ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့  လူကုန်ကူးမှုကို လျှော့ချပေးလိမ့်မယ်လို့ ဆို

 နောက်ထပ် ထောက်ခံချက်တစ်ရပ်ကတော့ လူတွေဟာ လိင်ဆက်ဆံဖို့ တိရိစ္ဆာန်တွေဆီ ကူးကြတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းတွေမှာ သုံးဖို့ လူကုန်ကူးမှုတွေကို လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ တိရိစ္ဆာန် တွေကို လက်ဆက်ဆံဖို့ အတွက် တရားမ၀င် ကုန်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ နိုင်ငံအများစုမှာ တရားမ၀င် ဖြစ်နေတုန်းဆိုပေမယ့် အောက်ပါနိုင်ငံများမှာတော့ သင် တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံခွင့်ကို တရားဝင် ရရှိနိုင်ပါတယ်။ ယင်းနိုင်ငံများက ကမ္ဘောဒီယား၊ဒိန်းမတ်၊ဖင်လန်၊ဟန်ဂေရီ၊ ဂျပန်၊ မက္ကဆီကို၊ဆွီဒင်၊ထိုင်း၊ အမေရိကန်တွင် ၁၆ ပြည်နယ် ၁၆ ခု နဲ့ ယခု ဗြိတိန် တို့ ပဲဖြစ်ပါတယ်။


Ref:shockingtimes.co.uk
Treand Myanmar

အပြည့်အစုံသို့ »

လူမှုကွန်ရက်ကို အသုံးပြုပြီး ပြည့်တန်ဆာ ဈေးကွက်ရှာဖွေမှု အွန်လိုင်းပေါ်မှာကျယ်ပြန့်လာ


လူမှုကွန်ရက် စာမျက်နှာများကို အသုံးချပြီး အွန်လိုင်းပေါ်တွင် ပြည့်တန် ဆာဈေးကွက် ရှာဖွေမှုကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ Facebook စာမျက်နှာများပေါ် တွင် လိင်ဝန်ဆောင်မှု၊ လိင် ဖျော်ဖြေရေး ဆိုသောခေါင်းစဉ်များ အောက်မှနေပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဈေးကွက်ရှာဖွေမှုများလုပ်ဆောင်နေကြောင်း ရန်ကုန်အခြေစိုက် ဘလော့်ဂါတစ်ဦး ဖြစ်သော ကိုမောင်မျိုးက News Watch ဂျာနယ်သို့ ပြောသည်။

”အခုနောက်ပိုင်း အတော်လေးများ လာပါတယ်။ လိင်နဲ့ပတ်သက်တဲ့ ခေါင်းစဉ် တွေကိုတပ်ပြီးတော့ ပုံစံအမျိုးးမျိုးးနဲ့ အွန်လိုင်းပေါ်မှာ တင်လာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ အရင် အစောပိုင်းကာလက ဒီစာမျက်နှာတွေမှာ အလုပ်လုပ်ကြတဲ့ မိန်းကလေးတွေရဲ့ ဓာတ်ပုံကို တင်တယ်။ ပြီးတော့ နံပါတ် ပါပေးတယ်။ နောက်ပိုင်းမှာတော့ သူတို့ ဘယ်လိုပြဿနာတွေ တက်လဲမသိဘူး။ ဓာတ်ပုံတွေပဲ ပေးတယ်။ ဖုန်းနံပါတ်တွေ ကိုတော့ Message Box ကပဲ ပေးတယ် လို့ သိရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ လိင်ဖျော်ဖြေရေး၊ လိင် ၀န်ဆောင်မှု အစရှိသည့် စာမျက်နှာများ ပေါ်မှ ဖုန်းနံပါတ်တောင်းယူပြီး ဆက်သွယ်ခဲ့သည့် မန္တလေးမြို့နေ ကိုသော်တာက ”မန္တလေးက လူတွေအတွက် ဘာညာ ဆိုပြီး ရှယ်လာတော့ ကျွန်တော်လည်း ဆက်ကြည့်လိုက်တယ်။ တကယ် ဖုန်းကိုင် ပါတယ်။ ပြီးတော့ ၀န်ဆောင်ခကလည်း သူတို့တင်ထားတဲ့အတိုင်းနဲ့ အိုကေ သွားတယ်”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ လူမှုကွန်ရက် စာမျက်နှာ များပေါ်တွင် အမျိုးသမီးငယ်လေးများ၏ ဓာတ်ပုံနှင့်တကွ လိင်ဝန်ဆောင်မှုဟု ခေါင်းစဉ်တပ်ထားခြင်းမှာ အတုအယောင် ဓာတ်ပုံများလည်းပါရှိကြောင်း ရန်ကုန်နေ မသီတာက ပြောသည်။

”တကယ်တော့ ပြောသာပြောနေ တာပါ။ အချို့ပုံတွေဆို အတုအယောင် တွေပါ။ ကျွန်မ အစ်မတစ်ယောက်ရဲ့ သူငယ်ချင်းတစ်ယောက်ပုံကို ဘယ်ကနေ ဘယ်လိုယူပြီး တင်လိုက်လဲ မသိပါဘူး။ အဲဒီကိစ္စကို ကျွန်မတို့တော့ ဆိုင်ရာကနေ ရှင်းမယ်ဆိုပြီး message box က ပြောတော့ မှဖြုတ်ပေး လိုက်တယ်လေ။ အချို့ကိစ္စတွေက လုပ်တဲ့ လူတွေကိုယ်တိုင်က ယုတ်မာကြတာတွေ လည်း ရှိပါတယ်”ဟု သူမက ပြောသည်။

“လိင် ဖျော်ဖြေရေး”ဆိုသော စာမျက်နှာတွင် ရန်ကုန်မြို့၏ မည်သည့် နေရာတွင် လိင်ဖျော်ဖြေရေး နေရာများရှိ သည်ကို တည်နေရာနှင့် အတိအကျရေး သားထားသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံမှာ တရားဝင် ပြည်တန် ဆာလုပ်ငန်းကို ခွင့်ပြုထားခြင်းမရှိသည့် အတွက် အယခုကဲ့သို့ အွန်လိုင်းပေါ်တွင် လိင်ဝန်ဆောင်မှု ကျယ်ပြန့်အောင် ဖန်တီးနေခြင်းသည် တစ်နည်းအားဖြင့် ဆွယ်သည့် အဓိပ္ပာယ်သက်ရောက်သဖြင့် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောသည်။

“’ဒီကိစ္စကို အစိုးရက တရားဝင်မှ ခွင့်မပြုထားတာဘဲဗျ။ ဒီလို နည်းပညာကိုအသုံးပြုပြီးတော့ အွန်လိုင်းမှာ ၀န်ဆောင်မှုအသွင်လုပ်နေတာကို ထောင် ချလို့ရပါတယ်။ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေနဲ့ဖမ်းလို့ရပါတယ်။ ဒါပေမဲ့ ခက်တာက ဘယ်သူလုပ်နေတယ်ဆိုတာကို အစိုးရက အစ ဖော်နိုင်တဲ့နည်းပညာ အကူအညီ မရှိတဲ့ အချက်ပဲ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ လိင်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဖွင့်ထားသော စာမျက်နှာများတွင် လူမှုကွန်ရက် အသုံးပြုသူ ထောင်ဂဏန်းနီးပါး Like လုပ်ထားခြင်းများ ရှိနေသည်ကိုလည်း မြင်တွေ့ရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြည့်အစုံသို့ »

အသက်အကြီးဆုံး ပြည့်တန်ဆာ အဖြစ် ၈၅ နှစ်အရွယ် အဘွားအို သတ်မှတ်ခံရ


အသက် (၈၅)နှစ်ရှိပြီဖြစ်တဲ့ ရှီလာ အမည်ရ အဘွားအိုဟာ ဗြိတိန်ရဲ့ အသက် အကြီးဆုံး ပြည့်တန်ဆာအဖြစ် သတ်မှတ်ခြင်းခံခဲ့ ရတယ်လို့ သိရပါတယ်။ ရှီလာရဲ့ မြေးဖြစ်သူဟာ မော်ဒယ် တစ်ဦး ဖြစ်ပြီး ရုပ်သံ အစီအစဉ်တစ်ခုမှာ ပါဝင် ခဲ့ဖူးပါတယ်။ ရှီလာရဲ့ ခင်ပွန်း ဖြစ်သူဟာ အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ် ကွယ်လွန်သွားခဲ့ပါတယ်။ ရှီလာဟာ အသက် (၈၁)နှစ် အရွယ်မှာ ပြည့်တန်ဆာအလုပ်ကို စတင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရှီလာဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီး တဲ့နောက် အထီးကျန်မှုကို ခံစားခဲ့ရပြီး ပြည့်တန်ဆာ ဖြစ်လာဖို့ တွန်အားတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ရှီလာဟာ တစ်ပတ်ကို ဧည့်သည် ဆယ်ဦးနဲ့ တွေ့ဆုံလေ့ရှိပြီး ခွဲစိတ် ကုသမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ရှီလာဟာ အသက်ကြီးမှ ပြည့်တန်ဆာတစ်ဦးဖြစ်လာခဲ့လို့ မိသားစုဝင်တွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ ရှီလာဟာ သူ့ရဲ့အမူအကျင့်ကို ဘယ်တော့မှ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ရှီလာဟာ သူ့ဆီ လာတဲ့ဖောက်သည်တွေဟာ ထူးခြားတဲ့ အတွေ့အကြုံကို ရရှိသွားကြောင်း၊ မိမိသည် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ရှီလာမှာ ကလေး သုံးဦး၊ မြေး သုံးဦး၊ မြစ် နှစ်ဦးရှိပြီး မွေးထားတဲ့ ကလေး တွေထဲမှာ တစ်ဦးကပဲ စကားပြောဆို ဆက်ဆံမှုရှိတယ်လို့ သိရပါတယ်။ ရှီလာဟာ ဧည့်သည် တစ်ဦးနဲ့ တစ်နာရီ တွေ့ဆုံရာမှာ ပေါင် (၂၅၀) ရလေ့ရှိပါတယ်။

ရှီလာက ကျွန်မရဲ့ အပြုအမူကို လူသတ်မှုတစ်ခု ကျူးလွန်တဲ့ပုံစံမျိုး ထင်နေကြ ပါတယ်။ ကျွန်မကို ဘယ်သူမှ မယုံကြဘူး။ ကျွန်မ ဘာ တွေလုပ်နေသလဲဆိုတာ လူတွေရဲ့ ထင်မြင်ပုံက ကွဲပြားခြားနားနေပါတယ်။ ကျွန်မကို ဒီလိုမျိုး နောက်တစ်ခါ မလုပ်ပါဘူး ဆိုတဲ့ ကတိလိုချင်ကြပါတယ်။ ကျွန်မကတော့ ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး လို့ ပြော သွားခဲ့ပါတယ်။ ရှီလာရဲ့သမီးဖြစ်သူဂျိုဆီကကျွန်မတို့ကဒီလိုမျိုးမလုပ်ဖို့ အမြဲတမ်း တိုက်တွန်း နေပေမယ့် ပြောလို့မရပါဘူး။ ဒီလို လုပ်တာကို ကျေနပ်နေတာမို့ ဘယ်လိုမှ တားဆီးလို့ မရပါဘူး လို့ ပြောသွားခဲ့ပါတယ်။
The Messenger

အပြည့်အစုံသို့ »

AIDS နှင့် မြန်မာ (၅)


အမေရိကန်ပြည် အနောက်ဘက်ကမ်းရိုးရှိ နာမည်ကြီး အမေရိကန်မြို့တော် ဆန်ဖရန်ဆစ္စကိုမြို့ကြီးရဲ့ အလယ် ဒုစရိုက်တွေ များလှပါတယ်ဆိုတဲ့ အဲလစ်လမ်း ညအချိန် မှောင်ရိပ်ကျတဲ့ နေရာမှာ အမျိုးသမီးငယ်တစ်ဦးကို အရပ်ဝတ်ရဲက ရပ်မေးပြီး “လူသွားပလက်ဖောင်း ပိတ်ဆို့မှု” ဆိုကာ စွဲချက်ပြုလိုက်တယ်။ သူရဲ့ ရာဇဝတ်မှု မှတ်တမ်းကတော့ ထူးခြားတယ်လို့ ခေါ်ရမှာပါ။ သူ့အသက်က ၃၄ နှစ်၊ အမည်က “စစ်(လ)ဗားနား” ၅ နှစ်အတွင်း ၃၂ ကြိမ် အဖမ်းခံထား ရတယ်။ ခိုးမှု၊ ဓားပြမှုပါတယ်။ ဒီနေရာကို “ကျွမ်းပြီး” လုပ်ရည်ဝနေသူ ရဲအနေနဲ့တော့ သူ့ကို ကြည့်လိုက်တာနဲ့ သူ့လက်မှာ အညိုမည်းစက် အပ်ရာကလေးတွေ တွေ့လိုက်တယ်။ သူ့ကို ဆေးရုံခေါ်သွားပြီး ရဲတွေက AIDS ရှိမရှိ စစ်ပါလို့ ဆိုတယ်။ အဲဒီတုန်းက AIDS စစ်နည်း အခွင့် လိုက်စင်မရသေးလို့ စစ်ပေးလို့ မရသေးဘူးလို့ ဆေးရုံက ပြောတယ်။

ဒါနဲ့ပဲ သူ့ကို ပြန်လွတ်လိုက်ရတယ်။ သူရဲ့ အဖော်ယောက်ျားလည်းဖြစ်၊ အထိန်းလည်း ဖြစ်တဲ့ “တိုနီ”ဆီ ပြန်သွားတယ်။ သူ ဒီဘဝကို ဘယ်လို ရောက်လာသလဲ၊ သူဟာ ဆန်ဖရန်ဆစ္စကို ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ မိကောင်းဖကောင်း မျိုးနွယ်ဖြစ်တဲ့ အီတာလျံ မိသားစုက သမီးငယ်ဖြစ်တယ်။ ၁၉၆၈ ခုနှစ် “ကာတိုလစ်” အထက်တန်းကျောင်းက အထက်တန်းအောင်ခဲ့တယ်။ အဲဒီအခါတုန်းကတော့ ဒီလို အရွယ်သူတွေ ထုံးစံအတိုင်း ငယ်ရွယ်သူပီပီ သူ့ရဲ့ရှေ့ရေးနဲ့ ကမ္ဘာကြီး တစ်ခုလုံးအပေါ် မျှော်လင့်ချက် အားထားချက်ကြီးတွေ အပြည်နဲ့ ဖြစ်တယ်။ ကိုယ့်အပေါ်ကိုယ် ယုံကြည်မှုတွေ သိပ်ထားခဲ့တဲ့ အချိန်ပေါ့။ ငါ လူကြီးဘဝကို ဝင်နေပြီ၊ လွတ်လပ်စွာ ငါ့ဘဝ ငါဖန်တီးလို့ ရတော့မယ်ဆိုပြီး စိတ်မာန်တက်နေချိန်၊ သာယာတဲ့ ရှေ့ဘဝကို မျှော်လင့်နေတာ။

ဒါပေမယ့် သူမက်ခဲ့တဲ့ အိမ်မက်ကြီးဟာ တကယ်ဖြစ်မလာဘူး။ အလုပ်လည်း ရုတ်တရက်မရဘူး။ ဒီအချိန်မှာ “တိုနီ” နဲ့ စတွေ့ပြီး ဆေးတေါ စလုပ်တော့တာပဲ။ တိုနီနဲ့ ကလေး တစ်ယောက်ရတယ်။ စားဝတ်နေရေးကလည်း ကြပ်တည်း၊ အထူးသဖြင့် ကတော့ ဟီးရိုးအင်း (ဆေး) အတွက် ငွေလိုနေတော့ နောက်ဆုံး အလွယ်ငွေရှာနည်းဘက်ကို စစ်(လ)ဗားနား လှည့်တော့တာပဲ။ တိုနီကလည်း အားပေးတယ်။ ငွေကလည်း ရပါတယ်။ ဒီလိုနေရာကနေ AIDS အကြောင်း ကြားလာတယ်။ ဆေးထိုးအပ်တစ်ချောင်းတည်းကို အတူတူ တစ်လှည့်စီသုံးရင် ရနိုင်ကြောင်း သိလာရတယ်။ ဒါပေမယ့် နောက်ကျသွားပြီ၊ တိုနီမှာ AIDS ရောဂါ စနေပြီ။ သူဒါနဲ့ပဲ ဆေးရုံတက်ရတယ်။ ဒါပေမယ့် သူ့နေမှုစရိုက်ကိုတော့ တိုနီက မပြောင်းဘူး။ ပြောင်းလို့လည်း မရတော့ဘူး၊ ဆေးကစွဲနေပြီကိုး။

သူ့ရဲ့ “မိတ်ဆွေကောင်းကြီး” တွေကလည်း တိုနီကို ဆေးခိုးယူလာပြီး ပေးကြတယ်။ အားလုံး အပ်အတူတူ သုံးကြသေးတယ်။ အခုလည်း တိုနီ နေလို့မကောင်းဘူး၊ သူတို့ ၂ ယောက်နေတဲ့ ခပ်စုတ်စုတ် ဟိုတယ်ခန်းထဲက အိပ်ယာထဲမှာ လဲနေတယ်။ ဒီတော့ စစ်(လ)ဗားနား ဘာလုပ်မလဲ။ ရှည်ရှည်ဝေးဝေးတော့ အတွေးနိုင်သေးဘူး။ ဒီညအတွက် ပြောရမယ်ဆိုရင်တော့ သူ “အလုပ်” ထွက် လုပ်ရမှာပဲ။ တိုနီကမှ အလုပ်မလုပ်နိုင်တာ၊ တိုနီကလည်း စစ်(လ)ဗားနားကို အလုပ်ဆက်လုပ်နေစေ ချင်တာပဲ။ ဒါမှ သူဟီးရိုးအင်းအတွက် ငွေရမှာကိုး။ “ဟုတ်တယ် သူတို့ တီဗွီမှာပြောတာ မှန်တယ်။

ဒီဆေးစွဲတယ်ဆိုတဲ့ ကိစ္စဟာ ဝင်လို့တော့ ရတယ်။ ထွက်လို့မရတဲ့ ကိစ္စ”လို့ စစ်(လ)ဗားနားက စိတ်ပျက်စွာနဲ့ မှတ်ချက်ချလိုက်တယ်။ သူလည်း AIDS ရောဂါ ပြန့်ပွားမှာ စိုးပါတယ်၊ မလိုလားပါဘူး။ အဲဒီအချိန်မှာ သူ့ဂလင်းအကြိတ်တွေ ကြီးနေပြီ။ ညအိပ်ရင်လည်း ချွေးတွေထွက်ထွက်နေလို့ အိပ်ကောင်းခြင်း မအိပ်ရဘူး။ တစ်နေ့လုံး အချိန်မပြတ် နုံးချည့်ချည့်နဲ့ မောနေတယ်။ သူ့မှာ AIDS အစပျိုးနေပြီ။ ဒါဖြင့် ဘာကြောင့် ဒီည ဒီအလုပ်လုပ်ဦးမှာလဲ။ သူ့အတွက် အခြားငွေရှာတဲ့နည်း မရှိဘူး၊ မသိဘူး၊ ဒါကြောင့်ပဲ။

ဒီမှာ စဉ်းစားစရာက လူတွေဟာ ပြည့်တန်ဆာတွေအပေါ် ဘယ်လိုမြင်သလဲ။ အများကတော့ ဒုစရိုက်ကောင်တွေ၊ ယုတ်မာသူတွေ၊ “လူကောင်း”တွေကို ဖျက်ဆီးနေသူတွေလို့ ဆိုကြတတ်တယ်။ ဒါဟာ တကယ်ပဲလား။ ဖြောင့်မတ် မှန်ကန်တဲ့ ဖြစ်ရပ်မှန်လို့ ယုံကြည်သလား။ အကြောင်းအရာ တစ်ခုပေါ်မှာ ထင်မြင်ယူဆချက်ကို အတည်တကျ အဆုံးအဖြတ် မပေးခင် ဒီအကြောင်းအရာရဲ့ အရင်းခံ သဘောသဘာဝ ကုန်စင်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ အပေါ်ယံသာ မြင်ပြီး ကောက်ချက်ချလိုက်ရင် မမှန်တတ်ပါဘူး။ ပြည့်တန်ဆာ ဘဝကို နှစ်ခြိုက်လို့ သူတို့ကိုယ်တိုင် သဘောအလျောက်ရွေးပြီး လုပ်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် အခု ကမ္ဘာပေါ်ရှိ ပြည့်တန်ဆာအများစု ကတော့ ဆင်းရဲခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အရင်းအနှီး မရှိခြင်း စသည့် ဘယချို့တဲ့မှုကို အရင်းခံပြီး ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်ပြတ်ဘေးကို ရင်ဆိုင်နေရတာကြောင့် သူတကာ စက်ဆုပ်လှတဲ့ နိမ့်ကျလွန်းတဲ့ ဘဝကို ရောက်ကြရတာပါ။

အခြားအလုပ်သာ ရှိရင် လူ့အဖွဲ့အစည်းကလည်း ဖေးဖေးမမနဲ့ သူတို့အပေါ် ကရုဏာသက်မှု နားလည်မှုနဲ့ ဆက်ဆံမည်ဆိုရင် ဒီပြည့်တန်ဆာတွေ အများကြီး ရှိပါတယ်။ သိကြတဲ့အတိုင်း ဒီအလုပ်လုပ်တဲ့ ကာယကံရှင်တွေရတဲ့ ဝင်ငွေဟာ သူတို့ကို ထိန်းချုပ်ထားပြီး ခေါင်းပုံဖြတ် မတရားလုပ်နေသူတွေရတာနဲ့ မမျှတပါဘူး။ ဒါကြောင့် အချို့တိုင်းပြည်တွေမှာ ဒီအလုပ် မလုပ်ရအောင် သူတို့အတွက် အခြားအလုပ်တွေ ဖန်တီးပေးပါလို့ တောင်းဆိုလာတာတွေ ရှိနေပြီ။ ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ဆန္ဒပြကြစဉ်က အစိုးရတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေ ထိုင်းကို လာချင်အောင် မြှူဆွယ်ရေးအတွက် သုံးတဲ့ငွေရဲ့ ၂၀ ပုံ ၁ ပုံသာ AIDS ကာကွယ်ရေးအတွက် သုံးတယ်လို့ စွပ်စွဲကြတယ်။ ထိုင်းနိုင်ငံလောက် ပြည့်တန်ဆာ ပြဿနာ မတတ်သေးတဲ့ မြန်မာအတွက် မှတ်သားလေ့လာနာယူဖွယ် သင်ခန်းစာတွေလို့ ဆိုရင် မမှားဘူး ထင်တယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV Information for Myanmar

အပြည့်အစုံသို့ »

သံဖြူဇရပ်မြို့တွင် ပြည်တန်ဆာများ ဖမ်းဆီးအရေးယူ


ဖေဖေါ်ဝါရီလ ၂၅ရက်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်ကျော်ဆန်းသည် ၂၃:၅၅ အချိန် သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည်ဟု သတင်းရရှိသဖြင့် မိမိ၏အမာခံတစ်ဦးဖြစ်သူ ကိုညီညီလွင်အား သက်သေများဖြစ်သည့် ဦးအောင်ကိုလတ်၊ဦးစိုမိုးတို့ရှေ့၌ ကြိုတင်မှတ်ယူထားသည့် တစ်ထောင်ကျပ်တန် (၃၅)ရွက်အား ပေး၍ အသွင်ယူပျော်ပါးစေရန် ပြည်တန်ဆာတစ်ဦးအား ဌာရမ်းစေပြီး ဗိုလ်နေဝင်းလမ်း ဝဲသွန်ချောင်ကျေးရွာရှိ အခန်းနံပါတ် (၉)မြတ်မိခင်တည်ခိုးခန်းတို့ခေါ်ဆောင်စေခဲ့ပါသည်၊ ၂၆ရက် ၀၀း၅၅ အချိန်တွင် ဒုရဲအုပ်ကျော်ဆန်း၏တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ  ဝင်ရောက်ဖမ်းဆီးရာ အသွင်ယူပျော်နေသည့် မိမိ၏အမာခံနှင့်အတူ ပြည်တန်ဆာဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ မတင်တင်အေး (သ)(၁၉)နှစ် အားသက်သေများနှင့်အတူ ဖမ်ဆီးရမိခဲ့သည်၊

အသွင်ယူပျော်ပါစေတဲ့ မိမိရဲ့အမာခံနှင့် မတင်တင်အေးအား စစ်ဆေးမေးမြန်ရာ နံပါတ်မှတ်သားသည့် ငွေကျပ်၃၅၀၀၀ကျပ်နှင့်အတူ မိမိရဲ့ငွေ ၅၀၀၀ကျပ် ၊ စုစုပေါင်း ၄၀၀၀၀ကျပ် အား သံဖြူဇရပ်မြို့ အောင်သာယာရပ်ရှိ ဦးခင်မောင်ဝင်း (သ) (၅၂)နှစ် အား ပေးခဲ့သည်ဟု သိရှိရသဖြင့်  ၀၀:၃၀ အချိန်တွင် အောင်သာယာရပ်ရှိ ဦးခင်မောင်အိမ်အား သွားရောက်ဖမ်းဆီးရာ ဦးခင်မောင်ဝင်းနှင့်အတူ မအေးမိစံ(ခ) မွန်မ၊မအငယ်လေး(ခ)ကမ္ဘာပု၊ဇော်မင်းနှင့်ရဲညွန့်နိုင်(ခ)ခေါ်ကြီး တို့အား ၄င်းနေအိမ်၌ တွေ့ရှိပြီး သက်သေများအရှေ့တွင် ရှာဖွေရာ ဦးခင်မောင်ဝင်းအိပ်ကပ် အတွင်းမှ ၅၀၀၀ကျပ် တန် (၄)ရွှက်၊ ၁၀၀၀ကျပ် တန် ၃၂ရွှက်အားတွေ့ရှိပြီး၊နံပါတ်မှတ်သားသည့် ၁၀၀၀ကျပ် တန် ၂၂ရွှက်အားတွေ့ရှိ သိမ်းဆည်းရမိသဖြင့် ၊ဦးခင်မောင်ဝင်းအား စစ်ဆေးရာ ပြည့်တန်ဆာ ကိစ္စအလိုဌာ ပျော်ပါးရန် ရောက်ရှိနေသူ မအေးမိစံ(ခ)မွန်မ (သ)(၂၆)နှစ်၊မအငယ်လေး(ခ)ကမ္ဘာပု (သ)(၂၃)နှစ်၊ ပြည့်တန်ဆာဖြင့် အသက်ဝမ်းကြောင်းပြုကာ ပြည့်တန်ဆာအား နေအိမ်မှလိုက်လံပို့ဆောင်ပေးသူ  ဇော်မင်း (၂၃)နှစ်၊ရဲညွှန့်နိုင်(ခ) ခေါ်ကြီး အား ဖမ်းဆီး ရမိခဲ့ပါသည်၊

သံဖြူဇရပ်မြို့ မြို့မရဲစခမ်းက ဖမ်းဆီးရမိသည့် မတင်တင်အေး အား ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ၃(က) အရ၄င်း၊ကြီးကြပ်လုပ်ကိုသူ ဦးခင်မောင်ဝင်းအား ပုဒ်မ၅(၁) အရ၄င်း၊ပြည့်တန်ဆာဖြင့် အသက်ဝမ်းကြောင်းပြုသူ ဇော်မင်းအား ပုဒ်မ ၅(၂)အရ၄င်း၊ အားပေးကူညီ အသက်မွေးဝမ်းကြောင်းပြုသူ ရဲညွှန့်နိုင်(ခ)ခေါ်ကြီးအား ပုဒ်မ ၅(၂)အရ၄င်း၊ပြည်တန်ဆာ အလို့ငှာ ပူပေါင်း ဆောင်ရွှက် အသက်မွှေးဝမ်းကြောင်းပြုသူ  မအေးမိစံ(ခ)မွန်မ အား ပုဒ်မ၅(၂) အရ၄င်း၊ကူညီအားပေး အသက်မွေးဝမ်းကြောင်ပြုသူ အငယ်လေး(ခ)ကမ္ဘာပုအား ပုဒ်မ၅(၂) အရ၄င်း၊အမှုဖွင့်လှစ် ထားရှိကြောင်း သတင်းရရှိပါသည်၊၊


thanbyuzayat watch မှ ပေးပို့လာပါသည်။
Myanmar CNN မှ တင်ဆက်သည်။

အပြည့်အစုံသို့ »

AIDS နှင့် မြန်မာ (၃)


အဓိကတာဝန်ကတော့ ကျန်းမာရေး ပညာပေးလုပ်သူတွေ အပေါ်မှာ ရှိတယ်။ AIDS ရောဂါအတွက် ပြောရရင်တော့ ကျန်းမာရေး ပညာပေးမှုဟာလည်း တာဝန်သိသူ လူတိုင်းရဲ့ တာဝန်ပါ။ အချို့နေရာ အချိန်ကာလမှာ ဆိုရင် ဆရာဝန် စသည့် ကျန်းမာရေးဝန်ထမ်များ မသုံးပါ။ ရိုးရိုးလူတန်စားထဲက လူတွေကို သုံးတာ ကျန်းမာရေး အသိပေးမှုမှာ ပိုထိရောက်ပါတယ်။ ကာယခံရှင်များဖြစ်တဲ့ AIDS ရောဂါရှိသူ HIV ပိုး ရှိပြီးသူများနဲ့ မူးယစ်ဆေး စွဲသူများကို ချဉ်းကပ်ပြီး အသိပေးရာမှာ ဘဝတူ သာမနလူတို့ရဲ့ တင်ပြချက်များကို ပိုမိုလက်ခံတာကို စိတ်ဓာတ်စစ်ဆင်းရေးဆိုင်ရာ လေ့လာစူးစမ်းမှုတွေမှာ တွေ့ထားရတယ်။

ဒီပညာပေးမှုဟာလည်း လူ၊ ငွေ၊ အချိန် အလွန်တရာမှ လိုမည်ဖြစ်တော့ အဘက်ဘက်က ဝိုင်းပြီးလုပ်ကြရမှာသာ များများလုပ်လေ ကောင်းလေပဲ။ AIDS အကြောင်း သိကောင်းစရာတေါကိုလည်း နည်းမျိုးစုံသုံးပြီး များများနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမှာပဲ။ ကျန်းမာရေးဌာနမှ လုပ်ရမယ်ဆိုတဲ့ အယူဝါဒကို စွန့်ရလိမ့်မယ်။ ဒီတော့ အစိုးရပိုင်း ဆိုရာဌာနတွေကိုချည်း အားမကိုးဘဲ ပြင်ပ အဖွဲ့အစည်းများ၊ ပြင်ပ စေတနာ့ဝန်ထမ်း အသင်းအပင်းများရဲ့ ကူညီပံ့ပိုးမှုကို ရယူဖို့ သိပ်လိုပါတယ်။ ၁၉၉၃ မှာဆိုရင် မြန်မာမှာ AIDS ပြဿနာဟာ အလွန်တရာမှ ကြီးမားနေပါပြီ၊ ပေါ့သေးသေး မဟုတ်ပါ။ စုစည်း ဆွဲဆောင်လို့ရတဲ့ အင်အားစု အားလုံးကို သုံးရမယ့် အခြေအနေပါ။

မြန်မာမှာ AIDS ပြန့်ပွားမှုကတော့ အခုလောလောဆယ် “ပွင့်” ပြီး ဖွံ့ဖြိုးလာတဲ့ ကချင်ပြည်နယ်နဲ့ အခြားစီးပွားရေး မြို့များ (သပမာ မိုးကောင်း၊ မန္တလေး၊ မိုင်းရှူး) မှာ ပိုဆိးမှာ ဖြစ်တယ်။ ဒီနေရာတွေမှာ ပြည့်တန်ဆာဦးရေဟာ တိုးနေပါတယ်။ တိုးတာမှ ဒီရေလှိုင်းပမာလို့တောင် ဆိုရမှာ။ တည်းခိုခန်းတွေ ဝင်စီးလိုက်လို့ ပြည့်တန်ဆာ ဘယ်နှစ်ယောက်နဲ့ “ခေါင်း” ဘယ်နှစ်ယောက် ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေဟာ စိတ်ညစ်စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ခဏခဏ ပါနေပါတယ်။ ပြည်ပ အိမ်နီးချင်းနိုင်ငံ (ဥပမာ မလေးရှား) မှာဆိုလည်း ခိုးဝင်သူ မြန်မာ ပြည့်တန်ဆာ ဘယ်ရွေ့ဘယ်မျှတွေ့ပြီး၊ ဘယ်နှစ်ယောက် HIV ပိုး ရှိနေပြီဆိုတာ သူတို့ သတင်းစာတွေ ထဲမှာ ခေါင်းစဉ်စာလုံးမည်းကြီးတွေနဲ့ ပါနေပါပြီ။

အထက်တစ်နေရာမှာ ဖော်ပြတဲ့အတိုင်း မြန်မာဟာ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံကို အမီလိုက်နေတယ်လို့ ဆိုရမှာပါ။ မီလည်း မီလုမီခင် ဖြစ်နေပါပြီ။ ဒါပေမယ့် ကာကွယ်ရေး ပညာပေးကိစ္စရပ်မှာတော့ “ထိုင်း” နဲ့ မယှဉ်လောက်အောင် နှေးကွေး အားနည်းနေပါတယ်။ ဒီအတိုင်းသာဆိုရင် နောက် ၅ နှစ်နဲ့ ၁၀ နှစ်လောက်မှာ မြန်မာမှာ AIDS ရောဂါရှင်တွေ ထင်ရှားပေါ်လွင်စွာ များပြားပြီး ကုသမှု ဆိုင်ရာမှာပင် အကြပ်တွေ့ရပါလိမ့်မယ်။ လူညွန့်တုံး မျိုးဆက်ကို ညှိုးနွမ်းစေတဲ့ အန္တရာယ်ကြီးမို့ ယခု လုပ်နေကြတဲ့ ကြိုးပမ်းမှုထက် အဆများစွာ လုပ်ဖို့ လိုပါမယ်။ လူတိုင်းလူတိုင်းရဲ့ ကူညီမှုကိ မရအရ ယူရမယ့် အခြေအနေပါ။ လက်ပိုက်ပြီး ကြည့်နေမယ်၊ ခပ်ပေါ့ပေါ့ အရှိန်နှေးနှေးနဲ့ လုပ်နေရင်တော့ ကြေကွဲဝမ်းနည်း ယူကြုံးမရ ဖြစ်ရမှာပါ။ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး အခြေအနေ ဘယ်လောက် တိုးတက်လာပေမယ့် ဒီတိုးတက်မှုတွေကို AIDS က အဟောသိကံဖြစ်အောင် လုပ်သွားမှာပါ။

အခုဘယ်လို လုပ်နေကြလဲ၊ ပထမဦးဆုံး ဘယ်သူ ဘယ်အုပ်စုဟာ ဒီလို ပညာပေးသတင်းတွေ အလိုဆုံးလဲ၊ တစ်နည်းဆိုရင် AIDS ရနိုင်ဖို့ရာ အကောင်းဆုံးသော အုပ်စုဟာ ဘယ်သူတွေလဲ။ ဒီသူတွေကို ဦးစားပေးပြီး လိုအပ်တဲ့ ပညာကို ပေးရမယ်။ (ဥပမာ အကာအကွယ် ကွန်ဒွန် သုံးရန်) နောက်တစ်ဆင့်က ဘယ်နေရာမှာ ဘယ်နည်းကိုသုံးပြီး ပညာပေးမလဲ။ လူပုံလယ်မှာ ဆွေးနွေးလို့တော့ မရပေမယ့် AIDS ကာကွယ်မှုအတွက်တော့ အရေကြီးတဲ့ ကိစ္စတွေကို ပြောပြရအောင်အတွက် အုတ်အော်သောင်းတင်း မဖြစ်စေဘဲ ပြောပြနိုင်တဲ့ အချိန်အခါနဲ့ နေရာကို ရွေးရမယ်။

ဒါကြောင့် AIDS ရောဂါ ပညာပေးမှုကို ဦးစားပေးပြီး လုပ်ရမယ့် အုပ်စုကတော့ “ကာလသားရောဂါ ဌာန” က လူနာများနဲ့ မူးယစ်ဆေးထိုးသူများလို့ သတ်မှတ်လိုက်တယ်။ ဒါကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီး ၂ မြို့မှာ စလုပ်တယ်။ ကွန်ဒွန် သံးဖို့ရာ နှိုးဆော်အားပေးမှုကိုတော့ ကာလသားရောဂါဌာန လာသူတွေနဲ့ မူယစ်ဆေးထိုးသူများရဲ့ ပြန်လည်ထူထောင်ရေး စခန်းများမှာ လုပ်နေကြတယ်။

AIDS ကာကွယ်ရေး အတွက်တော့ မြန်မာမှာလည်း အခြားနိင်ငံများနည်းတူ AIDS အတွက် စီမံကိန်းတွေရေးဆွဲပြီး လုပ်ကိုင်နေကြပါတယ်။ ကမ္ဘာရှိ AIDS စီမံချက်တွေ အားလုံးရဲ့ ဦးတည်ချက်တွေကတော့ AIDS ရောဂါအကြောင်း သိသင့်စရာတွေကို သိစေပြီး ပညာပေးခြင်း၊ AIDS မရအောင် ကိုယ်ကိုယ်တိုင် ဘယ်လိုကာကွယ်ဆောင်ရွက်နိုင်တယ် ဆိုတာတွေနဲ့ အခြားသူများကို AIDS ဘယ်လို ကာကွယ်ရမယ်ဆိုတာတွေကို ထပ်ဆင့် ပညာပွားပေးဖို့ပဲ ဖြစ်တယ်။ အပြည်ပြည်ရှိ ဒီ AIDS စီမံချက်အားလုံးဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ “ကမ္ဘာလုံးဆိုင်ရာ AIDS ရောဂါစီမံချက်” (Golbal Programme on AIDS) နဲ့ ဆက်သွယ်ပြီး လုပ်ကြတယ်။

ဒီကမ္ဘာ့အဖွဲ့ကြီးကလည်း AIDS တိုက်ဖျက်ရေး စနစ်များ၊ နည်းပရိယာယ်များနဲ့ လမ်းညွှန်မှုများ ပေးပြီး တစ်ကမ္ဘာလုံးရှိ AIDS ကာကွယ်ရေး ကြိုပမ်းမှုများ ပြေလည် ချောမွေ့စေရန်အတွက် ညှိနှိုင်းမှုများ လုပ်ပေးတယ်။ ဒီလိုလုပ်ရတာကလည်း AIDS ဟာ ကမ္ဘာကြီး တစ်ခုလုံးရဲ့ ပြဿနာဖြစ်နေတာကြောင့်ပဲ။ AIDS ပပျောက်ဖို့ အတွက်က တိုင်းပြည်တစ်ပြည်ထဲမှာ ပျောက်သွားလို့ ပြီးတာမှ မဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးမှာ ပျောက်မှသာ ဖြစ်မှာ။

မြန်မာမှာ ၁၉၈၉ ဖေဖော်ဝါရီလထဲမှာ AIDS အတွက် စီမံချက် စတင်ချမှတ်ပြီး နောက်တစ်ဆင့် ၁၉၉၀ ခုနှစ်မှာ “တာလတ်” စီမံချက် ဆွဲခဲ့တယ်။ ဇောက်ချပြီးလုပ်တဲ့ လုပ်ဆာင်ချက်တွေကတော့ ရောဂါအကြောင်း ပညာပေးရေးပဲ။ ဒါကိုလည်း အထူးအန္တရာယ်ရှိတဲ့ အုပ်စုဖြစ်တဲ့ မူးယစ်ဆေးထိုးသူများနဲ့ ကာလသားရောဂါသည်များကို အထူးအသားပေးပြီး လုပ်ကြမယ်။ ရောဂါထိန်းထားရေးအတွက် လိုအပ်တဲ့ ကွင်းဆင်းလေ့လာ စစ်ဆေးမှုများကိုလည်း စန်စ်တကျလုပ်ဖို့ စီစဉ်ထားတယ်။ ဆေးထိုးအပ်နဲ့ အခြားခွဲစိတ်ကိရိယာများ ပိုးစင်မှုကို အလေးပေးပြီး ဆောင်ရွက်ပြီး မလိုဘဲနဲ့ ဆေးထိုးမှု မလုပ်ရန် လှုံ့ဆော်ခြင်းများကိုလည်း လုပ်ကြမယ်။ ဒီလုပ်ငန်းတွေကို ထိရောက်စွာ လုပ်နိုင်ဖို့အတွက် ကျန်းမာရေးလုပ်သားနဲ့ အခြားသူတွေကို လေ့ကျင့်ပေးမှုကို ပြည်တွင်းပြည်ပမှာ လုပ်ဖို့ရာ အစီအစဉ်များ ရှိပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIM

အပြည့်အစုံသို့ »

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို ဖမ်းဆီး


ဇန်န၀ါရီ ၂၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

ပဲခူးတိုင်းမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အတင်းအဓမ္မ ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေသဖြင့် နေပြည်တော်ရှိ မနေခြည်အေးဆိုသူ အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ဖမ်း ဆီးအရေးယူလိုက်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇန်န၀ါရီ ၁၈ တွင် မဇ္ဈိမကို ပြောသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင်တစ်ထောင် ဆေးရုံတွင် အမျိုးသမီးငယ်တစ်ဦး ရောက်ရှိနေ သည်ဟု အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၏ အကြောင်းကြားချက်အရ လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(နေပြည်တော်)က သွားရောက်တွေ့ဆုံခဲ့ရာမှတစ်ဆင့် အတင်းအဓမ္မစေခိုင်းသူကိုသိရှိ ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မိသားစု စီးပွားရေး အဆင်မပြေခြင်း၊ ပထွေး၏ ဆဲဆိုရိုက်နှက်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ် သင်္ကြန်မတိုင်ခင်က ပဲခူးတိုင်းရှိနေအိမ်မှ နေပြည် တော်သို့ ကုန်တင်ကားဖြင့်လိုက်ပါထွက်ပြေးခဲ့ရာ နေခြည်အေးဆိုသူအမျိုးသမီးတစ်ဦးနှင့် တွေ့ရှိပြီး လိုက်ပါသွားခဲ့သည်။

ထို့နောက် တစ်လခန့်အကြာတွင် ပြည့်တန်ဆာလုပ်ရန်အတွက် ကားတစ်စီးပေါ်သို့ ထည့်ပေးလိုက်ပြီး နောက်ပိုင်းနေပြည်တော် သပြေကုန်း၊ ညဈေးတန်းတွင်နေထိုင်ရကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ရာနေရာ များသို့ နေခြည်အေးက ထည့်ပေးတတ်သည်ဟု အမျိုးသမီးငယ်က လူကုန်ကူးအဖွဲ့ကို ပြောပြသည်။

ပဲခူးတိုင်းဒေသကြီးမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဘ၀ရပ်တည်ရန် ခက်ခဲသည့်အခြေ အနေကို အလွဲသုံးစားပြု၍ နေအိမ်တွင်ထားရှိကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေသူအား ၂၀၁၄ခုနှစ် ဇန်န ၀ါရီလ ၁၈ ရက်တွင် နေပြည်တော် ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ လူကုန်ကူးမှု ဖြင့် အရေးယူထားကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းပေး ပို့ချက်ရ သိရသည်။

အမျိုးသမီးငယ်သည် ပြည့်တန်ဆာ မလုပ်ချင်ကြောင်း အကြိမ်ကြိမ်ငြင်းဆိုသော်လည်း နေခြည်အေးက အတင်းအဓမ္မလုပ်ခိုင်းစေခဲ့ပြီး နောက်ဆုံးတွင် ပရုတ်လုံးကြီး နှစ်လုံးကို ကြိတ်ကာ ရေဖြင့်သောက်ခဲ့ကာ သန္ဓေတားဆေးကိုပါ သောက်ခဲ့သည့်အတွက် လေးရက်ခန့်မေ့မြောနေရာမှ ဇန်န၀ါရီ ၁၇ ရက်တွင်မှ ဆေးရုံပေါ်တွင်ပြန်လည်သတိရလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသမီးငယ်ကို အတင်းအဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းသူ မနေခြည်အေး၊ (၂၇)နှစ်၊ ပန်းလှိုင်(၂)လမ်း၊ သာယာကုန်းကွက်သစ်၊ ဇမ္ဗူသီရိမြို့နယ် နေသူအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် ဇန်န၀ါရီလ ၁၈ ရက်တွင် အမှတ်(၁)မြို့မရဲစခန်းမှ (ပ) ၁၁/၂၀၁၄၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

လူကုန်ကူးခံရသူ အမျိုးသမီးငယ် ကျန်းမာရေးကောင်းမွန်လာပါက ၎င်း၏မိဘများထံ တာဝန်ရှိသူများမှ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်သည်။

ရဲလင်းထွဋ်
Mizzima Burmese

အပြည့်အစုံသို့ »