အေးချမ်းတဲ့ ဒီဇင်ဘာ ခရစ္စမတ်ကာလဟာ ပျော်ရွှင်စရာအချိန်၊ မိသားစုတွေ ပြန်လည် ဆုံစည်းကြတဲ့ အားလပ်ရက် အချိန်အဖြစ် ကမ္ဘာတဝန်း သတ်မှတ်လေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံရေး ဖိနှိပ်မှုတွေနဲ့ ပြည်တွင်းစစ် ဒဏ်တို့ကြောင့် ရေခြားမြေခြားနဲ့၊ ဒုက္ခသည်စခန်းတွေ၊ စစ်ရှောင်စခန်းတွေမှာ နေနေရဆဲ လူတွေ သိန်းနဲ့ချီပြီး ရှိနေဆဲ ဖြစ်ပါတယ်။
သူတို့တွေ အိမ်ပြန်လာနိုင်ဖို့၊ မိသားစုဝင်တွေနဲ့အတူ ပြန်နေနိုင်ဖို့ အစိုးရအပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေဘက်က ဘာတွေ လုပ်ပေးသင့်တယ်လို့ ထင်ပါသလဲ။
ကိုယ့်ရဲ့ အမြင်အတွေးတွေကို ဒီဇင်ဘာလ ၂၁ ရက် စနေနေ့မှာ တင်ဆက်မယ့် ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ဖုန်းနံပါတ် ၀၀၄၄ ၂၀၃ ၆၁၄၄ ၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk အီးမေးလ်ကို ဖြစ်စေ ဆက်သွယ်ပြီး ကိုယ့်ရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ နိုင်ငံနဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာ အကျဉ်းကို ပြောခဲ့ရင် ဘီဘီစီက ဖုန်းပြန်ခေါ်ပေးပါမယ်။
BBC Burmese Facebook ရဲ့ Message ကနေလည်း ဆက်သွယ်နိုင်ပါတယ်။
http://www.bbc.co.uk/
BBC Burmese
အပြည့်အစုံသို့ »