Showing posts sorted by relevance for query MOI Webportal Myanmar. Sort by date Show all posts
Showing posts sorted by relevance for query MOI Webportal Myanmar. Sort by date Show all posts

Mobile Water Purification system ဖြင့် ဒလမြို့နယ်တွင် ကန်ရေများအား သောက်သုံးရေအဖြစ်ပြောင်းလဲလှူဒါန်း




ရန်ကုန် မတ်လ ၂၆

သောက်သုံးရေရှားပါးမှု နှစ်စဉ်ကြုံတွေ့လေ့ရှိသော ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် Trendy Myanmar Co.,Ltd နှင့်ဂျပန်နိုင်ငံတိုကျိုမြို့ Metawater Co.,Ltd တို့ပူးပေါင်းလျက် ရွေ့လျားရေသန့်စင်စက်ဖြင့် ကန်ရေများအားသောက်သုံးရေအဖြစ် ပြောင်းလဲလှူဒါန်းခြင်းကို မတ်လ ၂၆ရက်နေ့တွင် အဆိုပါနေ့မနက် (၉း၀၀)နာရီမှ စတင်ကာလုပ်ဆောင်ခဲ့သည်။ အဆိုပါကားသည် သောက်သုံးရန်မသင့်လျော်သော ကန်ရေ အနောက်များကို သောက်သုံးနိုင်သောအဆင့်ထိရောက်အောင်သန့်စင်နိုင်ကြောင်း ပြည်သူများရှေ့တွင် စွမ်းရည် ပြသခြင်း၊ ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေစေလျက် ယုံကြည်လက်ခံနိုင်မှုကို တိုင်းတာခြင်းများ ပြုလုပ်ရန် ဒလမြို့နယ်ရှိ ဗိုလ်ရန်ပြေရပ်ကွက်၊ မြိုနယ်ထွေအုပ်ရုံးရှေ့ရှိ ရေကန်တွင်လည်းကောင်း၊ ရာဇသင်္ကြန် ရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်များတွင်လည်းကောင်း ပြုလုပ်ကြသည်။ အဆိုပါ Mobile Water Purification system ကားနှင့်စက်၏တန်ဖိုးမှာ ကျပ်သိန်း သုံးထောင်ဝန်းကျင်ရှိပြီး မည်သည့်အဖွဲ့အစည်းမဆိုဝယ်ယူ၍ ရေလှူဒါန်းခြင်းများဆောင်ရွက်နိုင်ကြောင်း Trendy Myanmar Co.,Ltdမှ မန်နေဂျာ ဦးနိုင်လင်းဇော်မှ ပြောသည်။ ၄င်းတို့၏စမ်းသပ်သန့်စင်ချက်တွင်ရေ PHအဆင့် 8မှ PH အဆင့် 7.4 အထိပြောင်းလဲသန့်စင် သွားသည်ကိုတွေ့ရသည်။ အချိန်ကြာကြာသန့်စင်ပါက ပိုမိုကောင်းမွန်ကြောင်း သိရှိရသည်။

MOI Webportal Myanmar 

အပြည့်အစုံသို့ »

ကြိုးတုပ်ရိုက်သည့် ပွဲစားကို ဖမ်းဆီးပြီး လူကုန်ကူးခံရသူ မြန်မာအလုပ်သမား သုံးဦးကို ကယ်တင်


ဗန်ကောက် မေ ၁၅

ထိုင်းနိုင်ငံမြို့တော် ဗန်ကောက် အနီးရှိ နကပထုန်နယ်မြေ အုန်းယိုင် Big C ကုန်တိုက်အနီး ခစ်စဖန် ၅ လမ်းတွင်ရှိသော ရေခဲ အရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများအား ကြိုးတုပ်၍ ရိုက်နှက်ကာ အဓမ္မအလုပ်ခိုင်းစေခဲ့သည့် မြန်မာပွဲစားကို ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် အဆိုပါ လူကုန်ကူးခံနေရသည့် မြန်မာ အလုပ်သမား သုံးဦးအား ပူးပေါင်း အဖွဲ့တို့က မေ ၁၂ ရက်က ကယ်တင် လိုက်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (Myanmar Associationin Thailand) မှ ဆက်သွယ်ပြောချက်အရ သိရသည်။

အဆိုပါ အဓမ္မအလုပ်ခိုင်းခံ နေရသည့် မွန်ပြည်နယ် သိမ်ဇရပ်မှ မျိုးမင်းအောင်(၂၀နှစ်)၊ ဝေဇင်ထက် (၁၉ နှစ်) နှင့် ကျော်ဇင်ထိုက် (၁၈ နှစ်) တို့သုံးဦးကို တစ်ဦးလျှင် ဘတ်ငွေ ၈၅၀၀ သာ ပေးဆပ်ရမည်ဟု ဆိုကာ ပွဲစား ချစ်ပိုလင်းဆိုသူက ပြောခဲ့ကြောင်းနှင့် ယောက္ခမဖြစ်သူ ဒေါ်ဌေးဌေးကို ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ခိုင်းစေခဲ့ပြီး တစ်ရပ်ကွက်တည်း နေထိုင်ကြသည့် အဆိုပါ သုံးဦးနှင့်အတူ အခြားသုံးဦး စုစုပေါင်း ခြောက်ဦးတို့ကို ထိုင်းနိုင်ငံသို့ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းဖြင့် အလုပ်သမားများက ပြောခဲ့သည်။

ရေခဲအရောင်းဆိုင်တွင် နှစ်လခွဲကျော်ကြာ အလုပ်လုပ်နေစဉ် ကာလအတွင်း နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှ ထကြရပြီး ပွဲစားက နှိုး၍ ချက်ချင်းအိပ်ရာမှ မထပါက အိမ်သာထဲမှ ရေခပ်၍ မျက်နှာများကိုလောင်း၍ နှိုးသည်ဟု ဆိုသည်။ ထို့အပြင်နံနက်စာ တစ်စုံတစ်ခု မစားရဘဲ တောက်လျှောက် ရေခဲကြိတ်ခွဲ၊ သယ်/ပို့ အလုပ်လုပ်ခဲ့ကြရပြီး မွန်းလွဲ ၁ နာရီမှသာ နံနက်စာ ထမင်းစားကြရကာ ည ၇ နာရီကျော် အလုပ်သိမ်းပြီး နောက်ပိုင်းမှ ညစာထမင်း စားကြရသည်ဟု အလုပ်သမားများက ပြောခဲ့သည်။ မူလက အလုပ်သမားတစ်ဦးကို လုပ်ခလစာ တစ်လလျှင် ဘတ်ငွေ ၈၅၀၀ ပေးမည်ဟုပြောဆို၍ ခေါ်ယူခဲ့သော်လည်း လမ်းစရိတ် ဘတ်ငွေ၂၅၀၀၀ ပေးရမည်ဟု ပွဲစားက ပြောဆိုထားကြောင်း အလုပ်သမားများက ပြောသည်။
ပြီးခဲ့သည့် မေ ၈ ရက် ညနေပိုင်းက အဆိုပါအလုပ်သမားများထဲမှ မျိုးအောင်ဆိုသည့် အလုပ်သမား ငယ်တစ်ဦးက ပွဲစား ချစ်ပိုလင်း နှိပ်စက်မှုကို မခံနိုင်တော့သဖြင့် ဗန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူညီ တောင်းခံလာခဲ့ခြင်းလည်း ဖြစ်သည်။

MAT အဖွဲ့မှ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင် ဒေးရှင်း FED နှင့် ညှိနှိုင်း၍ လူကုန် ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့AHTD နှင့်အတူ သွားရောက်ကယ် ထုတ်ပြီးနောက် နကပထုန် လ၀က ရုံးတွင် လိုအပ်သည့်စစ်ဆေးချက် များကို ယူခဲ့ကြကြောင်း မေ ၁၂ ရက် မွန်းလွဲပိုင်းတွင် တရားရုံးမှ ဖမ်းဝရမ်း ရရှိပြီးနောက် ပွဲစား ချစ်ပိုလင်းကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသော ပွဲစား ချစ်ပိုလင်း သည် အဓမ္မခိုင်းစေခံရသည့် မြန်မာ အလုပ်သမားများထဲမှ ဝေဇင်ထက် (၁၉ နှစ်)၏ ဘယ်ဘက် လက်ကောက် ဝတ်ကို ပြတင်းပေါက်တွင် ကြိုးချည်ပြီးနောက် ယာလက်ကောက်ဝတ်ကို ၀ရန်တာတွင် ကြိုးစည်းကာ ဓာတ်ကြိုးဖြင့် ရိုက်နှက်ခြင်း၊ နံစောင်းအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ မျက်နှာကိုလက်သီးဖြင့် ထိုးနှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညှဉ်းပန်း နှိပ်စက်ခံရသော မြန်မာအလုပ်သမား ဝေဇင်ထက်က “ကျွန်တော်ခုထိ စကားမပြောနိုင်ဘူး ဖြစ်နေတယ်။ လက်တွေလည်း နာနေတယ်။ ဘာပစ္စည်းမှ ကိုင်လို့မရဘူး ဖြစ်နေပါတယ်။ ပါးစပ်ကလည်း အောင့်နေပါတယ်။ ကျွန်တော့်ကို မြန်မြန်အိမ်ပြန်ပို့ပေးကြပါခင်ဗျာ” ဟု ပူးပေါင်းအဖွဲ့များအား ငိုယိုပြောခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ပွဲစားသည် အခြားနှစ်ဦးကိုလည်း လက်သီးဖြင့် ထိုးခဲ့ဖူးကြောင်း၊ အချိုရည်ပုလင်းများဖြင့် မကြာမကြာ ပစ်ပေါက်လေ့ရှိတတ်ကြောင်း၊ ထမင်းကျွေးလျှင်လည်း မျိုဆို့ဟူ၍ ဆဲဆိုကြောင်း အလုပ်သမားများက ပြောခဲ့သည်။

အဓမ္မခိုင်းစေခံခဲ့ရသူ မြန်မာအလုပ်သမား သုံးဦးအား မြို့နယ်အတွင်းရှိ ထိုင်းနိုင်ငံ အလုပ်သမား ဦးစီးဌာနမှ ၇၅ ရက်စာ လုပ်အားခအတွက် စားစရိတ်နုတ်ကာ ရှင်းပေးခဲ့ပြီးနောက် တရားရုံးတွင် သက်သေထွက်ဆိုရန်အတွက် ပထုန်ဌာနီ ကယ်ဆယ်ရေးစခန်းထဲသို့ ပို့ဆောင်လိုက်ကြောင်းသိရပြီး အကြမ်းဖက်ရိုက်နှက်သည့် ပွဲစားကိုမူ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှုတို့ဖြင့် ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း AHTD က ပြောခဲ့သည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းအကျိုးစီးပွား အတွက်လုပ်ပေးတဲ့ ပွဲစားတွေကို ထိုင်းလုပ်ငန်းရှင်က အပြည့်အဝ ကာကွယ်ပေးတယ်၊ ထိုင်းဥပဒေကလည်း လူကုန်ကူးတဲ့သူတို့၊ အဓမ္မခိုင်း စေသူတို့နဲ့ အကြမ်းဖက်သူတွေကို အရေးယူဆောင်ရွက်ဖို့ ဥပဒေကအလွန် ပျော့လွန်းနေတယ်။ ကျွန်တော်တို့ အလုပ်လုပ်ရတာ အတော်ပဲ ခက်ခဲပင်ပန်းရပါတယ်” ဟု ပြောကြားခဲ့သည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

မဟာမုနိ ရုပ်ရှင်တော်မြတ် ပရိဝုဏ်အတွင်း အင်တာနက် အခမဲ့အသုံးပြုနိုင်


မန္တလေး မေ ၅

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမုနိရုပ်ရှင်တော်မြတ်ပရိဝုဏ် အတွင်း အင်တာနက်အခမဲ့ သုံးစွဲနိုင်ရန် Red Link Communication Co., Ltd. က ဧပြီ ၃၀ ရက်က တပ်ဆင်လှူဒါန်းခဲ့ကြောင်း သိရသည်။ Red Link ကုမ္ပဏီအနေဖြင့် မန္တလေးမြို့တွင် ပထမဆုံးတပ်ဆင်လှူဒါန်း ခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူ ၅၀၀ အထိ တစ်ပြိုင်နက်အသုံးပြုနိုင်ကာ လူတစ်ဦးချင်း 512 GB အထိ သုံးစွဲနိုင်သည်။ မဟာမုနိဘုရား ရင်ပြင်၊ လိပ်ကန် ဝန်းကျင်အထိ wifi free zone အဖြစ် အသုံးပြုနိုင်သည်။ Red Link ကုမ္ပဏီ အနေဖြင့် မန္တလေးတက္ကသိုလ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ တွင်လည်း ဆက်လက်တပ်ဆင်ပေးသွားရန်ရှိကြောင်း သိရသည်။

မဟာမုနိဘုရားကြီးအတွင်း အင်တာနက်ဝိုင်ဖိုင် အခမဲ့သုံးစွဲနိုင်ရန် Myanmar Crystal Shine က ၂၀၁၃ ခုနှစ်က လှူဒါန်းခဲ့ဖူးပြီး Red Link ကုမ္ပဏီက ဒုတိယမြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar 

အပြည့်အစုံသို့ »

ငါးဖမ်းလှေတွင် ရှစ်လကြာ ရောင်းစားခံထားကြရသည့် မြန်မာခြောက်ဦးအား ကယ်ထုတ်နိုင်ခဲ့


ဗန်ကောက် မေ ၎

ငါးဖမ်းလှေပေါ်တွင် ရှစ်လကြာရောင်းစားခံခဲ့ရသည့် မြန်မာအလုပ်သမားသုံးဦးအပါအဝင် အလုပ်သမား ခြောက်ဦးတို့အား မေ ၁ ရက် ညနေပိုင်းက ကယ်ထုတ်လိုက်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (Myanmar Associationin Thailand) မှ ဆက်သွယ်ပြောပြချက်အရ သိရ သည်။

အဆိုပါ ရှစ်လကြာရောင်းစားခံရသည့် မြန်မာအလုပ်သမားသုံးဦးအပါအဝင် အလုပ်သမားခြောက်ဦးတို့အား ဗန်ကောက်မြို့အခြေစိုက် MAT အဖွဲ့၊ ဖန်ငအခြေစိုက် ပညာရေးဖောင်ဒေးရှင်း FED တို့မှ ချောင်းစမေးစံ ရွာလူကြီး အကူအညီဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့သည် ဘန်ကောက်မြို့ တောင်ဘက်ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီခရိုင်၊ချောင်းစမေးစံငွေလာစင် တံတားမှလှေအမှတ် YC12 ပေါ် တွင် ရောင်းစားခံခဲ့ရသူများဖြစ်ကြသည်။ ပြန်လည်လွတ်မြောက်လာကြသူများမှာရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်
မှသုံးဦး၊ ဖျာပုံမှတစ်ဦးနှင့် ပဲခူးမှ နှစ်ဦး တို့ဖြစ်ကြောင်း ၄င်းတို့အတွင်း ငါးဖမ်းလှေပေါ် တွင် အများဆုံးရှစ်လ ရောင်းစားခံထားကြရသူများရှိသလို အချို့အနည်းဆုံး ၁၀ရက်ကျော်အထိ အလုပ်လုပ်ခဲ့ကြရသူများလည်း ရှိနေကြ သည်။

လွတ်မြောက်လာကြသူများအတွင်းပါဝင်သည့် ရခိုင်အလုပ်သမားသုံးဦးတို့မှာ ပြီးခဲ့သော ဧပြီ ၂၅ ရက်က ဗန်ကောက်မြို့တွင် လေးရက်နှင့်သုံးည အခန်းပိတ်လှောင်ခံခဲ့ ရသည့် ရခိုင်အလုပ်သမ၏ ခင်ပွန်းနှင့် ခဲအိုတို့ပါဝင်နေကြောင်း သိရသည်။ ၄င်းတို့ သုံးဦးအား တစ်ဦးလျင် ဘတ်ငွေ ၁၆၀၀၀ ဖြင့် ဗန်ကောက်မှ ပွဲစား အမျိုးသမီး တစ်ဦးကရောင်းစားခဲ့ခြင်းဖြစ်သည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “လူကုန်ကူးခံနေရသူတွေနဲ့ အချိတ်အဆက်ရအောင် ဆက်သွယ် ရတာ အတော်ခက်ခဲပါ တယ်။ငါးဖမ်းလှေပေါ်က မြန်မာအလုပ်သမားတွေ လွတ်မြောက်ဖို့ ခက်ခဲအောင် ထိုင်းငါးဖမ်းလုပ်ငန်းရှင် တွေနဲ့မြန်မာပွဲစားတွေက စနစ်တကျစီစဉ်ထားကြတာ၊ ငါးဖမ်းလှေ ကိုမြန်မာ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် ရောင်းစားဖို့ လွယ်ကူပေမယ့်လှေပေါ်က မြန်မာတစ်ယောက်ကို ကျွန်တော်တို့ ခေါ်တင်နိုင်ဖို့အတော်ခက်ခဲပါတယ်။ လူကုန်ကူးတဲ့ ယန္တရားကကြီးမားပြီး ကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးကို နှစ်နိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် နေတာဖြစ်ပေမယ့် အထူးသတိထားလုပ်ကိုင်နေရပါတယ်” ဟုပြောကြားခဲ့သည်။

ပြန်လည်လွတ်မြောက်လာသူဖြစ်သော ဖျာပုံမှကိုဌေးနိုင်က “ကျွန်တော်ဖုန်းနှစ်လုံးဝယ်ထားတယ်။ ကျွန်တော် အလိမ်ခံနေရတာ လှေပေါ်မှာ ရှစ်လကျော်ပြီ၊ ရခိုင်အမျိုးသား သုံးဦးရောက်လာမှ ဦးကျော်သောင်းနဲ့ အဆက်အသွယ်ရခဲ့တာပါ။ သူ့ဆီကို ဖုန်းကင်မရာနဲ့ လိုအပ်တာတွေကိုရိုက်ပြီးပို့ပေးတယ်။ ပိုက်ဆရာတွေ မသိအောင် အချက်အလက်တွေကိုလှမ်းပြောပါတယ်။ မေ ၂ ရက်ညနေက ကျွန်တော်တို့ကမ်းကို ကပ်လာ တယ်။

ပစ္စည်းတင်ပြီးတာနဲ့ချက်ချင်းလှေပြန်ထွက်မှာဖြစ်တယ်။သူဌေးမန်နေဂျာက မလွှတ်ဘူး။ တစ်ဦးကို ဘတ် ၁၆၀၀၀ ပေးမှပြန်သွားရမယ်လို့ပြောတယ်။

MAT ဦးစိုင်းအေးနဲ့လည်း အချေအတင်ဖြစ်ကြ တယ်။ ကင်မရာပါ တဲ့ ကျွန်တော့်ဖုန်း ကိုလည်း မန်နေဂျာက သိမ်းယူသွားတယ်။ နောက်ထပ်ဝှက်ထားတဲ့ဖုန်းနဲ့ နောက်ဆုံး အခြေအနေတွေကို ဦးကျော်သောင်းကို ကျွန်တော်သတင်း ပို့နေခဲ့ပါတယ်။

မွန်ပွဲစား၊လှေဆိပ်က ထိုင်းရဲတွေနဲ့ လှေပိုင်ရှင်တွေကတော့ ကျွန်တော်တို့ ကိုစားမတတ်၊ ဝါးမတတ်ပါပဲ။ ကယ်တင်ပေးတဲ့ သူတွေ အားလုံး ကို ကျေးဇူးတင် ပါတယ်ဗျာ” ဟုပြောသည်။

ဗန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ထိုင်းတောင်ပိုင်းဖန်င အခြေစိုက် FED နှင့်အတူ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးခံရသူပေါင်း ၅၀ ၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦးနှင့် ၂၀၁၃ ခုနှစ် တွင် ၂၆၄ ဦးတို့အား ကယ်တင်နိုင်ခဲ့ပြီး ၂၀၁၄ခုနှစ် ဇန်နဝါရီလမှစ၍ ယခုအမှုကိစ္စအပါအဝင် လေးလ အတွင်း လူကုန်ကူးခံရ သည့် မြန်မာအလုပ်သမားပေါင်း ၈၁ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဗြွှ မှတ်တမ်း များအရ သိရသည်။

စိုးဝင်း(SP)

MOI Webportal Myanmar

အပြည့်အစုံသို့ »

ကမ္ဘာလှည့်ခရီးသည်၏ မေ့ကျန်ပစ္စည်း ပြန်လည်ပေးအပ်


ရန်ကုန် ဧပြီ ၁၄

ရန်ကုန်အပြည်ပြည်ဆိုင်ရာသီလ ဝါဆိပ်ကမ်း MITT သို့ ဧပြီ ၇ ရက် ကရောက်ရှိလာသော M.V Nautica အပျော်စီးသင်္ဘောပေါ်မှ ကမ္ဘာလှည့် ခရီးသည်ဂျာမနီနိုင်ငံသူ Mrs. Maier သည် ဧပြီ ၈ ရက် နံနက် ၁၀ နာရီခွဲ
က TAXI ဖြင့် ဗိုလ်ချုပ်ဈေးမှရွှေတိဂုံ ဘုရားသို့သွားစဉ် iPad နှင့် အသုံး အဆောင်ပစ္စည်းများပါအိတ်တို့ မေ့ ကျန်ခဲ့သဖြင့်ရွှေတိဂုံစေတီဘုရား အခြေ ပြု Tourist Police တပ်ဖွဲ့သို့ တိုင် ကြားခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စုံစမ်းရှာဖွေမှုကြောင့် အငှားယာဉ်မောင်း ဦးတင်ညွန့်နှင့် ဆက်သွယ်နိုင်ပြီး မေ့ကျန်ပစ္စည်းများကို ပြန်လည် ပေးအပ်ရေးစီစဉ်နိုင်ခဲ့သည်။

“ ဒီပစ္စည်းတွေ ပြန်ရပြီဆိုတာကို ကပ္ပတိန်ကတစ်ဆင့် အကြောင်း ကြားထားပြီးပြီ၊ ပစ္စည်းပြန်ရတဲ့သတင်း စကားကြားလို့ သူပျော်နေတယ်၊ ရိုးသားစွာ ပြန်လည်ပေးအပ်ခဲ့တဲ့ ယာဉ် မောင်းဦးတင်ညွန့်နဲ့ ကူညီရှာဖွေ ပေးတဲ့သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်တဲ့။ မြန်မာလူမျိုး တို့ရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်ကိုသူက ချီးကျူးကြောင်း ပြန်အကြောင်းကြားတယ်။ ကျွန်တော်တို့က သူစီး သွားတဲ့ သင်္ဘောနောက် ကပ်မယ့်မွမ်ဘိုင်းဆိပ်ကမ်းအရောက် အမြန် ချောပို့ DHL နဲ့ ပို့ပေးမယ်၊ Mrs. Maier နဲ့ ခင်ပွန်းတို့က သင်္ဘောကြီးနဲ့ လိုက်လာတာမှန်တယ်၊ ကျွန်တော်တို့ ကုမ္ပဏီအစီအစဉ်နဲ့ သွားတာ မဟုတ်ဘူး၊ သူတို့စိတ် ကြိုက်သွားတဲ့ ခရီးစဉ်မှာဖြစ်ပေါ်သွားတဲ့ ကိစ္စပါ” ဟု သင်္ဘောခရီးစဉ် စီစဉ်သည့် Myanmar Voyages ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။

ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု ရန်ကုန်တပ်ဖွဲ့စုမှူး ဒုတိယရဲအုပ် သန်းမြင့်ဇော်က “အခုလို နိုင်ငံခြား သားတွေ TAXI ပေါ်မှာ ပစ္စည်းမေ့ ကျန်ခဲ့တဲ့အဖြစ်တွေ ခုလို လိုက်စုံစမ်း တာ ခြောက်မှုတော့ရှိတယ်၊ ပြီးခဲ့တဲ့ ရှစ်ရက်ကလည်း တူရကီနိုင်ငံသား Mr. Zeynop ရွှေတိဂုံဘုရားသို့ TAXI နဲ့အလာမှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့တယ်။ ကင်မရာကို ပြန်အပ် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနရဲ့ ဆောင်ရွက်ချက် တွေ အောင်မြင်အောင် ပြည်သူလူထု တွေ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်။ Community Polician ဆိုတာ ပြည်သူလူထုကို အခြေ ပြုပြီး ဆောင်ရွက်နေတဲ့အခါမှာ ယာဉ်မောင်းတွေကလည်း ရိုးသားစွာနဲ့ ပူး ပေါင်းဆောင်ရွက်နေတဲ့အတွက် သူတို့ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်” ဟု ပြောပြသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မြန်မာအလုပ်သမားများအား အသိပေး


မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မလေးရှားကုမ္ပဏီတစ်ခုနှင့် စပ်လျဉ်း၍ မြန်မာအလုပ်သမားများအား အသိပေး ကြေညာထားကြောင်း မလေးရှားရောက် မြန်မာများ၏ ဆက်သွယ်ပြောချက်အရ သိရသည်။

အဆိုပါ မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မြန်မာအလုပ်သမားများအား အသိပေးကြေညာထားချက်အရ မလေးရှားနိုင်ငံ၌ လာရောက်အလုပ် လုပ်ကိုင်နေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား တရားမဝင် အလုပ် သမားများအား တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည့် လက်ဗွေနှိပ်၍ မှတ်ပုံတင်ခြင်းအစီအစဉ် Cooperation in Registration, Legalization and Deportation of Undocumented Myanmar Workers in Malaysia) ကို ဆောင်ရွက်ရန် နှစ်နိုင်ငံအစိုးရမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိနေကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆဲ ကာလဖြစ်သည့်အတွက် ယခင်က မလေးရှားကုမ္ပဏီဖြစ်သော Seroja Anggerik Company ကို ဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ပေးထားမှုကို ဖေဖော်ဝါရီ ၂၅ ရက်ကပင် တရားဝင်ရပ်ဆိုင်းထားခဲ့ပြီး ဖြစ် ကြောင်းနှင့် ယင်းသို့ ရပ်ဆိုင်းထားပြီးဖြစ်ကြောင်းကိုလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသို့လည်း တရားဝင်အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် Seroja Anggerik Company မှ OSC အမည်ဖြင့် One Stop Service ဖွင့်လှစ်ကာ မြန်မာ နိုင်ငံသားများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နေခြင်းမှာ မြန်မာသံရုံး နှင့်ပတ်သက်ခြင်း မရှိပါကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

အာဇာနည်ခေါင်းဆောင်ကြီးများအား လာရောက်ဂါရဝပြုစဉ် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ကိုရီးယားလူမျိုးများအတွက် အထိမ်းအမှတ်နေရာကို အာနည်ဗိမာန် ပရိဝုဏ်အတွင်းမှာ မဟုတ်ဘဲ ဆောက်လုပ် ခွင့်ပြုခြင်းမှာ မြန်မာတို့၏ စာနာထောက်ထားမှုကို ပြသခြင်းဖြစ်


ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် အတွင်း ၁၉၈၃ခုနှစ်တွင် ကိုရီးယား သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ က ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည် ခေါင်းဆောင်ကြီးများအား ရောက်ရှိ ဂါရ၀ပြုစဉ် ဗုံးဖောက်ခွဲတိုက်ခိုက်ခံရသဖြင့် သေဆုံးသူများရှိခဲ့သည်။
မကြာမီက အဆိုပါသေဆုံးခဲ့သည့် ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ အတွက် အထိမ်းအမှတ်တစ်ခုကို မြန်မာနိုင်ငံ က ဆောက်လုပ်ခွင့်ပြုခဲ့သည့် သတင်းနှင့် ထိုသို့ဆောက်လုပ် ခွင့်ပြုမှုနှင့် ပတ်သက်၍ ကန့်ကွက်မှု များရှိ ခဲ့ကြောင်း သတင်းအချို့ကိုကြားသိခဲ့ရသည်။

သို့ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်အား မတ် ၅ ရက် တွင် မြန်မာ့သတင်းစဉ် သတင်းအဖွဲ့က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်

မေး။ ၁၉၈၃ ခုနှစ်က အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့ရတဲ့ ကိုရီးယား လူမျိုးတွေအတွက် အထိမ်းအမှတ်တစ်ခုကို ကိုရီးယားသမ္မတနိုင်ငံကိုဆောက်လုပ်ခွင့်ပြုခဲ့တဲ့ အကြောင်း အရင်းလေးကို အရင်ဦးဆုံးပြောပြပေးစေလိုပါတယ်ခင်ဗျာ။

ဖြေ။ အခုလို အထိမ်းအမှတ်ဆောက်လုပ်ခွင့် ပြုရခြင်းဟာ ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခဲ့တဲ့ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ
ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများကို လာရောက်ဂါရ၀ပြုစဉ် မှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ မြန်မာဘက်က ဖိတ်ကြားလို့ ကိုရီးယားသမ္မတနိုင်ငံက သမ္မတနဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းဖြစ်ပါ တယ်။ အဲဒီ သေဆုံးခဲ့တဲ့သူတွေအတွက် အထိမ်းအမှတ်တစ်ခုဆောက်လုပ်ခွင့်ပြုဖို့ ကိုရီးယား သမ္မတနိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံကို မေတ္တာရပ်ခံလာခဲ့ပါတယ်။
ဒါကြောင့် သေဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် စာနာ ထောက်ထားတဲ့အနေနဲ့ ဆောက် လုပ်ခွင့်ပြုဖို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ၃၁ ရက်နေ့မှာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကိုရီးယားကိုယ်စား လှယ်အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ကို မြန်မာတို့ရဲ့စာနာထောက်ထား မှုကို ပြသပေးခြင်းလို့ ပြောလို့ရပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို လာရောက်တဲ့ ချစ်ကြည်ရေးခရီးစဉ် အတွင်းမှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရတာဖြစ်တာမို့ အိမ်ရှင်နိုင်ငံအနေနဲ့ အခုလို စီစဉ်ပေးခြင်းဟာ ကြောင်း ကျိုးခိုင်လုံမှု ရှိတယ်လို့ တင်ပြလိုပါတယ်။
အခုလိုခွင့်ပြုခြင်းဟာ နှစ်နိုင်ငံပြည်သူချင်းဆက်ဆံရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးအတွက် များစွာ အထောက်အကူပြုမယ်လို့ ကျွန်တော် ဖြည့်စွက်တင်ပြလိုပါတယ်။ မြန်မာ နိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ဟာ ၁၉၇၅ ခုနှစ်မှာ သံတမန်ဆက်သွယ်မှုစတင်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ တိုးတက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ ဆတက်ထမ်းပိုးတိုးတက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။၂၀၁၂ ခုနှစ် မေလမှာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာအီမြောင်ဘတ်ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး လာရောက်ခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ကိုရီးယား သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ် အတွင်းမှာ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို တရားဝင်ဖွံ့ဖြိုးမှုအကူအညီနဲ့ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း
ဆောင်ရွက်ရေး ရန်ပုံငွေတို့ကိုပြန်လည်ပေးအပ်ဖို့ သဘောတူညီခဲ့ပါတယ်။ Korean Development Institute (KDI) လိုမျိုး မြန်မာနိုင်ငံမှာ Myanmar Development Institute (MDI) ဖွင့်လှစ်ရေး အတွက် သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးအဆင့်၊ ဒုတိယဝန်ကြီးအဆင့် ဆွေးနွေးမှု တွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (KOICA) က တစ်ဆင့် အကူအညီပေးမှုတွေ၊ဖောင်ကြီးနဲ့ လှည်းကူးမြို့တို့မှာ ဆမ်မားအွန်ဒုံးလို့ခေါ်တဲ့ စံပြကျေးရွာ တည်ထောင်မှုတွေစတဲ့ ထောက်ပံ့မှုတွေ၊ ကူညီမှုတွေ များစွာ ပေးခဲ့ပါတယ်။

မေး။ အခု ဆောက်လုပ်ခွင့်ပြုတဲ့ အထိမ်းအမှတ် နေရာဟာ အာဇာနည်ဗိမာန် ပရဝဏ်အတွင်း ကျရောက်နေတယ်ဆိုပြီး ပြောဆို ကန့်ကွက်မှုတွေကို ကျွန်တော်တို့ ကြားသိရပါတယ်။ အဲဒါ ဟုတ်ပါ သလား။ မဟုတ်ဘူးဆိုရင်လည်း အမှန်တကယ် တည်ဆောက်မယ့် နေရာက ဘယ်နေရာမှာလဲဆိုတာ သိလိုပါတယ် ခင်ဗျာ။

ဖြေ။ အခု ဆောက်လုပ်ခွင့်ပြုတဲ့ အထိမ်းအမှတ် နေရာက အာဇာနည်ဗိမာန် ပရဝဏ်အတွင်း မှာ မရှိပါဘူး။ ပရဝဏ်အတွင်းမဟုတ်ပါဘူး။ တည်နေရာအမှန်က သွေးဆေးကန်လမ်းဘေး၊ ရွှေတိဂုံ စေတီတော်ကြီးရဲ့ မြောက်ဘက်မုခ်အရှေ့၊ ယာဉ်ရပ်နားကွင်းနဲ့ လုံခြုံရေး အဆောက်အအုံကြားမှာဖြစ်ပါ တယ်။

မေး။ အခု ဆောက်လုပ်မယ့်အထိမ်းအမှတ်က ဘယ်လို ပုံစံရှိပါသလဲခင်ဗျာ။ အဆောက် အအုံအနေနဲ့ ဆောက်လုပ်မှာလား။ဘယ်လိုပုံစံနဲ့ ဆောက်လုပ်မှာလဲ ဆိုတာ ပြောပြပေးစေလိုပါတယ်ခင်ဗျာ။

ဖြေ။ သူတို့ ဆောက်လုပ်မယ့် အထိမ်းအမှတ်က အဆောက်အအုံမဟုတ်ပါဘူး။ တိုင် မပါ၊ အမိုးမပါ၊ အမြင့်ငါးပေသာရှိတဲ့နံရံ တစ်ခုသာ ဖြစ်ပါတယ်။ အထိမ်အမှတ်နံရံရဲ့ အတိုင်းအတာအတိ အကျကတော့ အမြင့် ၁ ဒသမ ၅ မီတာ၊ အလျား ၉ မီတာ၊ အနံ ၁ မီတာ ဖြစ်ပါတယ်။ အဲဒီနံရံပေါ်မှာ သေဆုံးခဲ့ရတဲ့ ကိုရီးယားကိုယ်စား လှယ်အဖွဲ့ဝင် ၁၇ ဦးရဲ့ အမည်ကို ရေးသားထားမှာဖြစ်ပါတယ်။

မေး။ အခု ဆောက်လုပ်မယ့်အထိမ်းအမှတ်ကြောင့် အခုအခါ နှစ်စဉ်ကျင်းပနေတဲ့ အာဇာနည်နေ့ အခမ်းအနားကို
အနှောင့်အယှက် ဖြစ်နိုင်မလား။ မဖြစ်ဘူးလားဆိုတာ သိလိုပါတယ်ခင်ဗျာ။

ဖြေ။ အနှောင့်အယှက် မဖြစ် ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တည်နေရာက တခြားစီ ဖြစ်ပါတယ်။ အာဇာနည်ဗိမာန်ကို မြင်ကွင်းအရလည်း အတားအဆီး မဖြစ်ပါဘူး။ ဒါကြောင့် အာဇာနည် နေ့အခမ်းအနား ကျင်းပမှုကို လုံးဝ အနှောင့်အယှက် မဖြစ်စေပါကြောင်း ဖြေကြားလိုပါတယ်။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

MOI Webportal Myanmar

အပြည့်အစုံသို့ »

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ကြမည့် မြန်မာအမျိုးသမီးများ ရောင်းစားမခံရရေးအတွက် အသိ၊ သတိရှိရန် လိုအပ်


ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် အိမ်ဖော်အဖြစ် ၁၀ နှစ်ကြာ ရောင်း စားခံနေခဲ့ရသည့် မြန်မာအလုပ် သမ အမျိုးသမီး တစ်ဦးအား မြို့တော် ဗန်ကောက်ရှိ မြန်မာသံရုံးမှ တာဝန် ရှိသူများက ၂၀၁၂ ခုနှစ် အောက်တို ဘာ ၅ ရက်က ၎င်း၏နေရပ်မိဘ များထံ ပြန်လည်ပို့ဆောင်ပေးလိုက်နိုင် ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာ အမျိုးသမီးများအား အသိ၊ သတိ အမြဲတစေရှိကြရန် လိုအပ်ကြောင်းဖြင့် ဖေဖော်ဝါရီ ၁၁ ရက်က ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Myanmar Association in Thailand) ၏ ပြောချက်အရ သိရသည်။
အဆိုပါ အိမ်ဖော်အဖြစ် ၁၀ နှစ် ကြာ ရောင်းစားခံခဲ့ရသည့် မြန်မာအလုပ်သမား အမျိုးသမီး မတင်နီလာ ဝင်းမှာ ကရင်ပြည်နယ် ဘားအံမြို့မှ ဖြစ်ကာ ၎င်းသည် ငယ်ရွယ်စဉ်ကလေး ဘ၀ အရွယ်ကတည်းက ရောင်းစားခံ ခဲ့ရ သည်။
မြန်မာအမျိုးသမီး မတင်နီလာ ဝင်းက “သမီးက အားလပ်တဲ့ အချိန်တွေ TV ကြည့်ပါတယ်။ ထိုင်းနိုင်ငံ ရဲတွေ ကလည်း သမီးတို့လို အပြင်ထွက် ခွင့်မရှိတဲ့ ရောင်းစားခံနေရသူတွေကို ကူညီပေးပါတယ်။ ထိုင်းရဲတွေက သူတို့ကို ဆက်သွယ်လို့ ရနိုင်မယ့် ဖုန်းကိုလည်း ကြေညာ အသိပေးထားပါတယ်၊ အလုပ်ရှင် သူဌေးမရှိတဲ့ အချိန် သူတို့ကြေညာတဲ့ ဖုန်းကို သမီးဆက် ကြည့်တယ်။ သမီးကို နှိပ်စက်ခံရလား လို့မေးတယ်။ သမီးက အိမ်ရှင် မနှိပ်စက်ဘူး။ ဒါပေမယ့် သမီးမြန်မာပြည် ပြန်ချင်တယ်။ ပြန်ပို့ပါလို့ပြောတော့ မရဘူးဆိုပြီး ဖုန်းချ သွားတယ်။ ဒါပေမယ့် သမီး စိတ်ဓာတ်မကျဘူး။ သမီး လွတ်မြောက်နိုင်မယ့် အနေအထား တွေကို အမြဲ စောင့်နေခဲ့ပါတယ်” ဟု ပြောခဲ့သည်။
ပြီးခဲ့သော ၂၀၁၂ ခုနှစ်ဇူလိုင် ၁၆ ရက်တွင် မတင်နီလာဝင်းသည် နေ့စဉ် လုပ်ဆောင်နေရသော ကားရေဆေး၊ အိမ်သန့်ရှင်းရေးများ ပြုလုပ်ပြီးနောက် အိမ်ရှင်ထိုင်းတရုတ် အလုပ်ရှင်သူဌေး အလစ်တွင် အမှိုက်ပစ်ရင်း ထိုင်းအိမ် တစ်အိမ်ကို ၎င်းအား နီးစပ်ရာရဲစခန်း သို့ လိုက်လံ ပို့ဆောင်ပေးပါရန် အကူအညီ တောင်းခံခဲ့ ကြောင်း သိရပြီး ယင်း အိမ်မှ အကူအညီ မရသဖြင့် နောက် ထပ်အိမ်တစ်အိမ်ကို ဆက်လက်အကူ အညီ တောင်းခံခဲ့ရာ အဆိုပါထိုင်း အိမ်က ကျောက်ဖရာ နခွန်ဘန် ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုရဲစခန်းမှ တစ်ဆင့် မြန်မာသံရုံးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အဆိုပါ ကာလက ထိုင်း၊ မြန်မာသံရုံးတွင် တာဝန်ဆောင် ရွက်လျက်ရှိနေသော မြန်မာသံမှူး ဦးနိုင်ထွန်းက ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားများ၏ အရေးကိစ္စများကို အစဉ်မပြတ် စောင့်ကြည့် လျက်ရှိ သည့် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ဝင် ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမား များအဖွဲ့ MAT နှင့် လိုအပ်သည်များကို စုဆောင်းပြင်ဆင်ပြီးနောက် ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ တစ်ဆင့် မတင်နီလာဝင်း အလုပ်လုပ် ကိုင်ခဲ့သည့် အိမ်ရှင်သူဌေးအား ခေါ်ယူ ညှိနှိုင်းဖြေရှင်းခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးမှ သံမှူးဦးနိုင် ထွန်းက “မတင်နီလာဝင်း လုပ်အားခကို လုပ်ငန်းရှင်က အမြဲပေးတယ် ဆိုတာ အထောက်အထား ပြနိုင်ပါတယ်။ ပွဲစားကို ကျွန်တော်တို့ ဖော်ထုတ်လို့ မရလိုက်ပါဘူး။ အကူအညီလည်း တောင်းနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာသံမှူး ဦးနိုင်ထွန်း၏ တာဝန်ပေးချက် အရ MAT အဖွဲ့သည် မတင်နီလာဝင်းအား ယင်းအချိန်က အငှားယာဉ်တစ်စီးနှင့် ခေါ်ယူပြီး သူမ လက်ညိုးထိုးရာ အရာများသို့ လိုက် လံရှာဖွေခဲ့ရကြောင်းလည်း သိရ သည်။
MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက “မတင်နီလာဝင်းက ကလေးဘ၀ ကတည်းက ရောင်းစားခံ လာရတာဆိုတော့ အလွန်ကြောက်ရွံ့ နေပါတယ်။ သူမ မကြာမကြာရောက်ဖူး တယ်ဆိုတဲ့ PATA ပင်ကောက် ကုန်တိုက်ကို အရင်သွားကြပါတယ်။ သူက ဆေးရုံတစ်ရုံကိုတော့ မှတ်မိပါတယ်။ ဆေးရုံသုံးခုလောက် ကျွန်တော်တို့ပြ လိုက်ရတယ်။ ဒီလိုနဲ့ အချိန်အတန်ကြာမှ သူနောက်ဆုံးခြောက်နှစ်နဲ့ ခုနစ်လတိုင် တိုင်လုပ်နေခဲ့တဲ့ Charoen Nakhon ၁၀လမ်းထဲက အလုပ်ရှင် သူဌေးအိမ်ကို သွားတွေ့တာပါ” ဟု ပြောသည်။
မတင်နီလာဝင်းသည်၂၀၀၃ ခုနှစ်တွင် အဒေါ် တော်စပ်သူတစ်ဦးနှင့်အတူ ဗန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ပြီး ပထမအိမ်တွင် နှစ်နှစ်၊ ဒုတိယ အိမ်တွင် ငါးလ အိမ်အကူ အလုပ်ကိုလုပ် ကိုင်ခဲ့ရကြောင်း၊ နောက်ဆုံးအိမ်တွင် ခြောက်နှစ်နှင့် ခုနစ်လတိုင်တိုင် နေ့စဉ်နှင့်အမျှ နံနက် ၅ နာရီအိပ်ရာထရကာ ညနေပိုင်းအိမ်ရှင်သူဌေး မအိပ် သေးသရွေ့ ခိုင်းစေသမျှ လုပ်ကိုင်ခဲ့ရကြောင်းနှင့် ၎င်းထွက်ပြေးလာစဉ်က ရွှေတစ်မတ်သား လက်ပတ် ကြိုးတစ်ခု နှင့် ထိုင်းနိုင်ငံဘတ်ငွေ ၅၀၀၀ ပါလာ ခဲ့ကြောင်း MAT က ပြောခဲ့သည်။
မတင်နီလာဝင်းသည် ပအိုဝ်းတိုင်းရင်းသူတစ်ဦး ဖြစ်သော်လည်း မိခင်ဘာသာစကားကို လုံးဝမပြော နိုင်တော့ သည့် အပြင် မိဘများကို မြင်သည့်တိုင်အောင် မှတ်မိရန် မလွယ် ကူနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ အမျိုးသမီးများ လာရောက်အလုပ် လုပ်ကိုင်ကြမည်ဆိုပါက လူလိမ်ပွဲစား များအား သတိထားကြရန်လိုအပ် ကြောင်း၊ မတင်နီလာဝင်း၏ ဖြစ်စဉ်ကို နမူနာထား လေ့လာကြရန်လည်း လိုအပ် ကြောင်း၊ နိုင်ငံခြား တွင်ရှိနေသော မိမိတို့၏အရင်းခံ ဆွေမျိုးများကိုပင် ယုံကြည်သင့်မှ ယုံကြည်ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ စုံစမ်း သိရသည်။


MOI Webportal Myanmar

အပြည့်အစုံသို့ »

လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားလေးဦး MAT အဖွဲ့ကယ်တင်

ဓါတ်ပုံ- အင်တာနက်


ဗန်ကောက် ဖေဖော်ဝါရီ ၉

ဗန်ကောက်မြို့တောင်ဘက် ကီလို မီတာ ၁၀၀ အကွာတွင်ရှိသော ခြုံဘူရီ ခရိုင် အချောင်ငါးဖမ်းလှေဆိပ်တွင်
ရှစ်လကြာ ရောင်းစားခံခဲ့ရသည့် မြန်မာ လေးဦးအား MATအဖွဲ့နှင့်ပူးပေါင်း အဖွဲ့တို့က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Myanmar Association in Thailand) ၏ ပြောပြချက်အရ သိရ သည်။

အချောင်ငါးဖမ်းလှေဆိပ် ဝေတာ စင်တံတား ငါးမန်းလှေအမှတ်(၅) ပေါ်တွင် ရှစ်လကြာ ရောင်းစားခံခဲ့ ရပြီး လွတ်မြောက်လာကြသူများမှာ တနင်္သာရီတိုင်းဒေသကြီး ရေးမြို့မှ ကရင်လူငယ် အယ်မိုင်မိုင်(၁၇နှစ်)၊ အမောင်မွန်ချမ်း(၁၇)နှစ်၊ ဦးသံလုံး (၆၀နှစ်)နှင့်မော်လမြိုင်မြို့မှ ကျော်ဝင်း ထွန်း (၁၅ နှစ်) တို့ဖြစ်ကြကြောင်း သိရပြီး မော်လမြိုင်မြို့မှ အသက် ၁၇ နှစ် အရွယ်ရှိ အောင်ကိုမင်းကိုမူ ပိုက် ဆရာများက ရှောင်တခင်ဖျောက်ဖျက် နိုင်ခဲ့မှုကြောင့် မကယ်ထုတ်နိုင်ခဲ့ရကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၇ ရက် ထိုင်းနိုင်ငံ စံတော်ချိန် ညနေ ၅ နာရီခန့်က ဗန်ကောက်မြို့ ဖက်ခနုန်အရပ်မှ မသဲငယ် ဆိုသည့် အမျိုးသမီးတစ်ဦးက ဗန် ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သို့ အကူအညီတောင်းခဲ့ကြောင်း သိရပြီး MAT အဖွဲ့ကလည်း ပူးပေါင်း ဆောင်ရွက်နေကြသည့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး ထောက်လှမ်းရေးတပ်ဖွဲ့ DSI ၊ ထိုင်း တောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း FFD ဒါရိုက်တာ ဦးထူးချစ်တို့နှင့် ညှိနှိုင်းတိုင်ပင်ကာ အချိန်မီ စီစဉ်ပြင်ဆင်ခဲ့ကြခြင်းဖြစ် သည်ဟု ဆိုသည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းမှာ လူကုန်ကူးမှုက လျော့နည်းမသွားပါဘူး။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းက ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေ အပါအဝင်MATတို့နဲ့ပူးပေါင်း လုပ် ကိုင်မှ လုပ်လို့ရတဲ့အလုပ်ဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးကို ဒီမူအတိုင်း လုပ်နေကြလို့ ကတော့ ဒီထက်မက အခြေအနေ ဆိုးရွားလာဖို့ပဲရှိပါတယ်။ ထိုင်းငါးဖမ်း လှေတိုင်းမှာ ကျွန်တော်တို့မြန်မာ အလုပ်သမား တွေ ရောင်းစားခံနေရတာပါ။ မြန်မာတွေအတွက်တော့ ကျွန်တော်တို့အလွန်ပဲ စိတ်ထိခိုက်ရပါ တယ်။ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေ လူကုန်ကူးခံနေရမှုဟာစိုးရိမ်မှတ်မှာ ရှိနေပါတယ်။ အခြေအနေဆိုးနေပါ တယ်” ဟု ပြောခဲ့သည်။
MAT အဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်က အဆိုပါလှေဆိပ်မှ မြန်မာနှစ်ဦး ကို ကယ်တင်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်က မြ၀တီမြို့ရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲအပ် နိုင်ခဲ့ကြောင်း သိရပြီးMATအဖွဲ့ သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း လူကုန်ကူးမှုပေါင်း ၄၁ ကြိမ် နှိမ်နင်း ဆောင်ရွက်ခဲ့ရာ အလုပ်သမားပေါင်း ၂၆၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar 

အပြည့်အစုံသို့ »

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၀ဝ ကျော်အနက် ရိုဟင်ဂျာဆိုသည့် လူမျိုးစုမည်သည့်အခါကမှမရှိခဲ့


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ၌ ကျင်းပသည့် (၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေဆထွညီလာခံ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ပြောကြား

(၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၏ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊ အီရန်နှင့် မြောက်ကို ရီးယား နိုင်ငံတို့၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းများကို အရေးယူဆုံးဖြတ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံဖြတ်ချက်အချို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်က ကန့်ကွက်ပြောကြားမှု များပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ အဆိုမူကြမ်းများကို အရေးယူဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂသတင်းဌာနမှ နိုဝင်ဘာ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့်အစည်းအဝေးသတင်းမှတ်တမ်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေတိုး တက်ကောင်းမွန်လာမှုကို ကိုယ်စားလှယ်အဖွဲ့က တခဲနက်ကြိုဆိုခဲ့ကြပါကြောင်း "DELEGATES HAIL HUMAN RIGHTS IMPROVEMENTS IN MYANMAR AS THIRD COMMITTEE APPROVES 8 DRAFT RESOLUTIONS, INCLUDING 4 COUNTRY- SPECIFIC TEXTS" ခေါင်းစီးဖြင့် အလေးပေးဖော် ပြထားသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းနှင့်ပတ်သက်၍ တတိယကော်မတီ၌ အရေးယူ ဆုံးဖြတ်သည့် အချိန်တွင် ပါဝင်ဆွေးနွေးပြောကြားသူအချို့က မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် စီးပွား ရေးနှင့်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုကြိုဆိုခဲ့ကြပြီး အနာဂတ်တွင် မြန်မာနိုင်ငံအတွက် အလားတူအဆိုမူကြမ်းအား တတိယကော်မတီတွင် တင်သွင်းမှုကို အဆုံးသတ်ကြရန် တောင်းဆိုခဲ့ကြကြောင်း လည်းသိရသည်။ အဆိုမူကြမ်းကို ကော်မတီကမဲမခွဲဘဲ အတည်ပြုချမှတ်ပြီးနောက် ယင်းဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲ တမ်းကိုယ်စားလှယ် ဦးကျော်တင်က ဆုံးဖြတ်ချက်တွင်ပါရှိသည့် ရိုဟင်ဂျာလူနည်းစုဟူသည့် စကားအသုံးအနှုန်းကို ယခင်ကာ လများအတိုင်း ဆန့်ကျင်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသားလူမျိုးစု ၁၀ဝ ကျော် နက် ထိုကဲ့သို့သော လူမျိုးစုတစ်စု မည်သည့်အခါကမျှ မရှိခဲ့ပါကြောင်း။ အကြမ်းဖက်မှုများပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်ရန်နှင့် ပြစ်မှုကျူးလွန်သူများအား လူမျိုးဘာသာမခွဲ ခြားဘဲ အရေးယူဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ကို အရေးကြီးဆုံးအချက် အဖြစ် တင်ပြလိုပါကြောင်း၊ မကြာခင်က မြန်မာနိုင်ငံသို့ အိုအိုင်စီအဖွဲ့၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရန်၊ ပြည်သူလူထု အကာအကွယ်ပေးရန်နှင့် လူ့အခွင့် အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား အပြည့်အဝ လေးစားလိုက် နာစေရေး ဆောင်ရွက်ရန်တို့အတွက် အာမခံကြောင်း ကို နိုင်ငံတော်အစိုးရက ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း။ ကိုးကွယ်ယုံကြည်မှု မတူညီသူအချင်းချင်း စေ့စပ်ဆွေးနွေးမှုများ အားပေးမြှင့်တင်ရန်နှင့် လူသားချင်းစာ နာထောက်ထားမှု အထောက်အပံ့များ ကို ပေးအပ်ရေးတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတော်အစိုးရ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အိုအိုင်စီအဖွဲ့လာရောက် ခွင့်ပြုခြင်းမှာ မြန်မာနိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှု အခြေအနေအရပ်ရပ်ကို ယခုထက် ပိုမိုကောင်းမွန်လာစေ ရန် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ဆက်ဆံရေးအတွက် အသင့်ရှိသည်ကိုမြန်မာ နိုင်ငံက ပြသ ခဲ့ခြင်းဖြစ်ပါကြောင်း။

မြေယာပိုင်ဆိုင်မှုအခွင့်အရေး သို့မဟုတ် လွတ်လပ်စွာ သွားလာလှုပ်ရှားမှု သို့မဟုတ် ရပိုင်ခွင့်များ ရယူ အသုံးပြုမှုကဲ့သို့သော တည်ဆဲဥပဒေအောက်တွင်ရှိသည့် လုံခြုံရေးအခြေအနေများနှင့်အညီ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ထည့်သွင်းစဉ်းစားသွား မည်ဖြစ်ပါကြောင်း။ နိုင်ငံတစ်နိုင်ငံတည်းကို ရွေးချယ်၍ ညီလာခံတွင် တရားဝင်တင်ပြပြီးဆုံးဖြတ်ချက်ချမှတ်မှုကို ကန့်ကွက် ပါကြောင်း၊ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစောင့်ကြည့်ရေး အစီရင်ခံစာအဖွဲ့(UPR) သည်သာ နိုင်ငံတိုင်း တွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အခြေအနေများကို မျှတစွာဖြေရှင်းရမည့် တစ်ခုတည်းသော စောင့် ကြည့်သည့် ယန္တရားဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ လူ့အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် အားပေး မြှင့်တင်ခြင်းလုပ်ငန်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားအတိုင်း လိုက်နာဆောင်ရွက်ပြီး အဖွဲ့ ဝင်နိုင်ငံများ၏ ဆောင်ရွက်မှုစွမ်းရည် ခိုင်မာအားကောင်းလာစေရန် စစ်မှန်သော စေ့စပ်ဆွေးနွေးမှုနှင့် ပူး ပေါင်းဆောင်ရွက်မှု အခြေခံများပေါ်တွင် အခြေခံသင့်သည်ဟုလည်း မိမိတို့ယုံကြည်ပါကြောင်း။ ကော်မတီ ဆုံးဖြတ်ချက်မူကြမ်း ပါ မြန်မာတစ်နိုင်ငံတည်း၏ အရေးကိစ္စကို တင်ပြခြင်းအား ကုလသမဂ္ဂ၏ စုံစမ်း စစ်ဆေးမှုအောက်တွင် ဆက်လက်ထားရှိခြင်းမပြုသင့်ပါကြောင်း၊ ကုလသမဂ္ဂအထူးသံတမန်၏ တရားဝင်လေ့လာ စုံစမ်းမှုကို အဆုံးသတ်ရန်အချိန်ကျရောက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ အနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ လူ့အခွင့်အရေးမြှင့်တင် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအပါအဝင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီဖော်ဆောင် မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်သို့ ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်း ကတိကဝတ် ပြုထားမှုကို ကြိုဆိုသည်ဟု ဖော်ပြထားသည်။
MOI Webportal Myanmar

အပြည့်အစုံသို့ »

ကွန်ပျူတာနှင့်မျက်စိ


အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ရန်ကုန်၊ မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။

ကွန်ပျူတာ အသုံးများတာကြောင့် မျက်စိယားတာ၊ မျက်စိညောင်းညာတာတို့ ဖြစ်တတ်ပါသလား ဆရာ။

ကွန်ပျူတာ အသုံးများလို့ မျက်စိယားတာတော့ မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ အသုံးများတဲ့သူတွေမှာ အများဆုံး ဖြစ်တာက မျက်စိဝန်ပိပြီး ညောင်းတာ(Eye Strain) ပဲဖြစ်ပါတယ်။

မျက်စိညောင်းတာမှာ အဓိက နားလည်ဖို့လိုတာက ကွန်ပျူတာမော်နီတာဆိုတာ မျက်လုံးကကြည့်လိုက်ရင် အပေါင်း ၆၀ ဒီဂရီရှိတဲ့ မှန်ဘီလူးတစ်ခုပဲ။ ဒါကြောင့် မှန်ဘီလူးဆိုတဲ့အတွက် Focus ကျနေဖို့ လိုပါတယ်။ Focus ကျနေရင် ကြည့်လို့ကောင်းတယ်။ ထိုင်ကတည်းက ထိုင်ခုံကိုလိုသလို ရှေ့တိုး နောက်ဆုတ်လုပ်ပြီး ကွန်ပျူတာကို ကြည့်သင့်ပါတယ်။ စာလုံးအရွယ်အစား ကြီးသွားရင် ကြီးသွားသလို၊ စာလုံးအရွယ်အစား သေးရင် သေးသွားသလို၊ အဖြူအမည်းဖြစ်ရင်ဖြစ်သလိုမျိုး အဆင်ပြေအောင် လိုသလို ညှိကြည့်ရမယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ တွဲသုံးတဲ့ ထိုင်ခုံတွေက လိုသလို ညှိလို့ရတဲ့ ထိုင်ခုံမျိုးကို ကုမ္ပဏီ အများစုကထားလေ့ ရှိပါတယ်။ အဲဒီလို ထိုင်ခုံမျိုးကိုပဲ ထားသင့်ပါတယ်။

မျက်စိညောင်းတာ မဖြစ်အောင် ကွန်ပျူတာသုံးရင် အချိန်ဘယ်လောက်ကြာကြာ သုံးသင့်ပါသလဲ ဆရာ။

မျက်စိက အဝေးကိုကြည့်ရင် သက်သာပါတယ်။ အနီးကို ကြည့်တဲ့အခါမှာ စုပြီးကြည့်ရတယ်။ မျက်စိက စုကြည့်နိုင်တဲ့ အစွမ်း(Convergence Power)က ၂၀မိနစ်ပဲရှိပါတယ်။ ဒါကြောင့် AAo( American Academy Of Ophthalmology) က စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။၂၀-၂၀-၂၀(၂၀,၂၀,၂၀) ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ဆိုလိုတာက အချိန်မိနစ်၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးပါလို့ ပြောတာ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက ကျွန်တော်သုံးနေတဲ့ ကွန်ပျူတာအခန်းက ငါးပေပဲ ရှိတော့ ဘယ်လိုလုပ်ပြီး ပေ ၂၀အကွာကို ကြည့်ရမလဲ ဆိုပြီး မေးစရာရှိပါတယ်။ အဲဒီလိုဖြစ်နေရင်လည်း အကွာအဝေး ပေ ၂၀ကို ကာထားတဲ့ အုတ်နံရံဖောက်ပြီး မှန်ကြည့်ရပါမယ်။ ကွန်ပျူတာသုံးရင်း မိနစ် ၂၀ကြာတိုင်း ဒီလိုနားပေးတာက တကယ်တမ်းပြောရရင် ကျိုက်ထီးရိုးတောင်ကို တက်သလိုပါပဲ။ တောင်ခြေကနေ အပေါ်ကိုရောက်ဖို့ နားနားပြီး တက်ရသလိုပါပဲ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တဲ့အခါမှာလည်း နားနားပြီး လုပ်ပေးရပါမယ်။ ဒါကို Intermittent Relaxationလို့ ခေါ်ပါတယ်။

ကွန်ပျူတာသုံးရင် မျက်စိမညောင်းအောင် တခြားဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နိုင်ပါသေးသလဲ ဆရာ။

ဆရာတို့ စာဖတ်တဲ့အခါ စာရွက်ကဘာမှ အလင်းမပြန်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာသုံးတဲ့အခါ အလင်းပြန်ပါတယ်။ ဒီလိုအလင်းပြန်တာကြောင့် မျက်စိညောင်းရတဲ့အတွက် အလင်းပြန်တာကို ရှောင်လွှဲနိုင်ဖို့ သင့်တော်တဲ့နေရာမှာ Light Source တစ်ခုကို တပ်ထားပေးရပါမယ်။ ဒါဆိုရင် ကွန်ပျူတာသမားတွေ မျက်စိညောင်းတဲ့ ဒဏ်မရှိနိုင်တော့ပါဘူး။

ကွန်ပျူတာ အသုံးများရာက မျက်စိဝေဒနာရပြီး လာပြတဲ့ လူနာတွေများပါသလားဆရာ။

အခုဆိုရင် ညနေပိုင်းလောက်မှာ လူနာလာပြတဲ့အခါ လက်တော့ပ်အိတ်လေးကိုင်ထားတယ်ဆိုရင် ဒါက ကွန်ပျူတာ အသုံးများပြီး မျက်စိညောင်းလို့ လာပြတယ်ဆိုတာ ဆရာတို့သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ်။

သူတို့က ဘာပြောတတ်သလဲဆိုရင် ‘ မျက်မှန်တပ်ချင်တယ်’ ဆိုတာပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အကာအကွယ် မျက်မှန်လေး တပ်လိုက်ရင် ကွန်ပျူတာ သုံးတဲ့အခါ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ထင်နေကြပါတယ်။ ဆရာတို့ မျက်စိဆရာဝန်တွေ အများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ဆေးမျက်မှန်ဆိုတာ ဘာမှ မဟုတ်ဘူး။ စီးပွားရေးသမားတွေ ညာပြီး ရောင်းနေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ မျက်စိညောင်းလို့ မျက်စိစမ်းသပ်လိုက်ရင် ပါဝါပါတဲ့ မျက်မှန်လေးရတဲ့အခါ ခဏတော့ ကျေနပ်သွားကြတယ်။ နောက်တော့ ပါဝါမကိုက်လို့ ပြန်ပြောင်းလိုက်၊ ကျေနပ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်လောက်လည်းကြာရော မျက်မှန်လည်းချွတ်လို့မရတော့ဘူး။ မျက်မှန်တပ်မှ မြင်ရသလိုလို ဖြစ်လာပါတယ်။ တကယ်တော့လည်း မျက်မှန်ပါဝါရှိတာ မဟုတ်ပါဘူး။

ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရသလဲ ဆရာ။

မျက်စိစမ်းသပ်မှုမှာ လူနာအများစုက မျက်မှန်ပါဝါကိုပါ စမ်းသပ်ပြီး မျက်မှန်ပေးလိုက်မှ ကျေနပ်ကြတာ များပါတယ်။ မုန့်ဟင်းခါးစားရင် ဟင်းရည်အဆစ်တောင်းလိုက်ရမှ ကျေနပ်သလိုမျိုးပါပဲ။ ဆရာတို့ကလည်း မျက်မှန်မလိုပဲနဲ့ မပေးချင်ပါဘူး။ မျက်မှန်လို မလိုဆိုတာ စမ်းသပ်လိုက်ရင် သိပါတယ်။ မလိုမှန်း သိရက်နဲ့ မျက်မှန်ကို မပေးချင်ပါဘူး။ဒါပေမယ့် လူနာတွေက မကျေနပ်ကြဘူး။ မျက်မှန်မလိုဘူး ဆိုပေမယ့် ကျွန်တော့်မျက်စိက ညောင်းတုန်းပဲလို့ ဆရာတို့ကို ပြန်မေးတာ ကြုံဖူးပါတယ်။ တကယ်တော့ လူနာအများစုရဲ့ စိတ်ထဲမှာ ကွန်ပျူတာကို မနားဘဲသုံးလို့ မျက်စိညောင်းတာကို မျက်မှန်လိုတယ်လို့ပဲ ထင်နေကြတာပါ။ တကယ်က မျက်မှန်တပ်စရာမလိုပါဘူး။ ဆရာ စောစောကပြောသလို အချိန် မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးလိုက်ရင် မျက်စိညောင်းတာ သက်သာသွားမှာ ဖြစ်ပါတယ်။

ကွန်ပျူတာအသုံးများတဲ့သူတွေကို ဘာပညာပေးလိုပါသလဲ ဆရာ။

ကွန်ပျူတာ အသုံးများလို့ မျက်စိညောင်းတယ်ဆိုတာ ဥပမာပြောရရင် လူတွေ လမ်းလျှောက်တာများရင် ခြေထောက်ညောင်းရော… လမ်းလျှောက်တာကို ရပ်နားလိုက်မှ သက်သာတယ်။ အဲဒီသဘောပါပဲ။ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ မျက်စိကို ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် လက်ညောင်းလာသလိုမျိုးပေါ့။ မျက်စိက အိပ်ရာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလုပ်တွေလုပ်နေရတာပါပဲ။ ကွန်ပျူတာသုံးတာလို မျက်စိအတွက် ကြီးတဲ့တာဝန်(Heavy Duty) တွေ မလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ်(Light Duty) ကိုတော့ မျက်စိဖွင့်လိုက်ပြီ ဆိုကတည်းက လုပ်နေရတာပါပဲ။ အဲဒီတော့ ကွန်ပျူတာသုံးသူတွေအနေနဲ့ မျက်စိညောင်းညာတာ မဖြစ်အောင် လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာငေးကြည့်တဲ့နည်းနဲ့ ပုံမှန်အနားပေးပါလို့ အကြံပြုလိုပါတယ်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ သြဂုတ်လထုတ် အာရောဂျံမဂ္ဂဇင်း အမှတ်(၂၆၅) မှ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)ရေးသားသော ပါမောက္ခ ဦးတင်ဝင်း မျက်စိအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

MOI Webportal Myanmar

အပြည့်အစုံသို့ »

မှတ်မှတ်သားသား ဗိုလ်ချုပ်စကား


ဇူလိုင် ၁၉ ရက်နေ့သည်ကား မြန်မာပြည်သူတစ်ရပ်လုံး၏ မမေ့နိုင်သော၊ မမေ့အပ်သော နေ့တစ်နေ့ဖြစ်ပါသည်။ ဤနေ့သည်ကား မြန်မာပြည်သူတစ်ရပ်လုံး၏ ဝမ်းနည်းကြေကွဲဖွယ်ရာ အာဇာနည် နေ့ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွာ အာဇာနည်ခေါင်းဆောင် ကြီးများအား ထိုနေ့ရောက်တိုင်း သတိတရရှိနေဆဲ ဖြစ်ပါသည်။ အမှတ်ရနေဆဲဖြစ်ပါသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော စကားများကို မှတ်မှတ်သားသားရှိနေဆဲ ဖြစ်ပါသည်။
ယနေ့အချိန်အခါသည် ကျွန်ုပ်တို့နိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက် အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဖြစ်ပါသည်။

ဒီမိုကရေစီနှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် မေ ၁၉ ရက် ပဏာမ ညီလာခံတွင် “ဒီမိုကရေစီဆိုတာ ဘယ်လိုအင်္ဂါရပ်မျိုးနဲ့ ညီညွတ်ရ မလဲ။ အဲဒီလို ကျပ်ပြည့်တင်းပြည့် ဒီမိုကရေစီမျိုးကို ကျုပ်တို့ ဘယ်လိုတည်ဆောက်ရမလဲ။ ချက်ချင်းဖြစ်မလား။ ဘယ်လောက် ကြာမလဲ။ ဘယ်နည်းအကောင်းဆုံးလဲဆိုတာတွေကို အခုကျုပ်တို့ တိုင်းပြည် တည်ဆောက်ရမယ့်အခါ အထူးစဉ်းစားရမယ့် အချက်တွေပဲ။ နိုင်ငံရေးဟာ စီးပွားရေးအခြေခံပေါ်မှာ တည်တယ်။ နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကလည်း စီးပွားရေး သဘော တရားတွေနှင့် ကင်းလို့မဖြစ်နိုင်ဘူး” ဟူ၍ မိန့်ကြားခဲ့ပါသည်။

တစ်ဖန် လွတ်လပ်ရေးနှင့်ပတ်သက်ပြီး အကျိုးရှိရှိအသုံးချ တတ်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဧပြီ ၅ရက် အသံလွှင့်မိန့်ခွန်းတွင် “လွတ်လပ်ရေးရအောင် ကျွန်တော်တို့ကြိုးပမ်းနေကြတာဟာ မြန်မာတွေ လွတ်လပ်ပြီဟေ့လို့ ပြောကောင်းရုံလေးအတွက် ကြိုးပမ်းခဲ့ကြတာ မဟုတ်ပါဘူး။ ခပ်တိုတိုပြောရရင် မြန်မာတွေ လူတန်းစေ့စေ့ နေနိုင်အောင်လုပ်ပေးဖို့ လွတ်လပ်ရေး အတွက်ကြိုးပမ်းနေကြတာ၊ အဲဒီတော့ မြန်မာတွေ လွတ်လပ်ပြီးတဲ့နောက် လူတန်းစေ့စေ့နေနိုင်ဖို့ အလုပ်တွေကိုမလုပ်ရဘဲ၊ ကဖျက်ယဖျက်သမားတွေနဲ့ နှောင့်ယှက်မှုတွေကို တုံ့ပြန်နေရတာနဲ့ အချိန်ကုန်နေကြရမယ်ဆိုရင် လွတ်လပ်ရေးရတာဟာ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး” ဟူ၍လည်း ပြောကြားခဲ့လေသည်။

မှန်ပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိပါသည်။ ထိုအချိန်တွင် ပူးပေါင်းလုပ်ဆောင်နေရမည့်အစား ဝေဖန်မှု၊ တိုက်ခိုက်မှု၊ တစ်ဦးနှင့်တစ်ဦး အပြစ်ပြော အပုပ်ချနေမှုတို့ဖြင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်မဟုတ်ပါ။

ထို့အပြင် “လွတ်လပ်မှုနှင့်စည်းကမ်း” နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည်မှာ မှတ်သားစရာပင် ဖြစ်ပါသည်။ “လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်က ဘာလဲ၊ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦး တစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ”ဟု ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် ရန်ကုန်မြို့ မြို့တော်ခန်းမကြီး၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည်။ ဆက်လက်၍လည်း “ ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ဘူး၊ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာဖြစ်နိုင်တယ်”ဟူ၍ မိန့်ကြားခဲ့လေသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်များသည်ကား မှတ်သားစရာများစွာ ရှိပါသည်။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိန့်မှာချက်များကို လေးစားလိုက်နာခြင်းဖြင့် ဂုဏ်ပြုလေးစားရာ ရောက်ပါသည်။ အလေးပြုရာလည်း ရောက် ပါသည်။ ဤအာဇာနည်နေ့မှသည် ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များအား ဂုဏ်ပြုသောအားဖြင့် ၎င်းတို့ချမှတ်ခဲ့သော မိန့်မှာချက်များကို ပြည်သူတစ်ရပ်လုံးက လေးစားလိုက်နာအပ်ပေကြောင်း။ ။

MOI Webportal Myanmar

အပြည့်အစုံသို့ »

သားမယားအဖြစ်နေထိုင်ပုံများကို အင်တာနက်တင်သူ မကွေးမြို့နယ်တရားရုံးက ထောင်နှစ်နှစ်ချမှတ်



မကွေး ဇူလိုင် ၁၀

မကွေးမြို့တွင် နာမည်ကြီး (SHOPPING MALL) စတိုးဆိုင်တွင် လွန်ခဲ့သော ကိုးနှစ်ခန့်ကတည်းက အလုပ်လုပ်ကိုင်နေသည့် တရားလိုမိန်းကလေးသည် အဆိုပါ ဆိုင်မှပစ္စည်းဝယ်ယူဖောက်သည်ဖြစ်သည့် ဦး...အသက်(၄၂)နှစ် ကန်သာရပ်ကွက်နေသူနှင့် ခင်မင်ရင်းနှီးကာ စတိုးဆိုင်ပိတ်ချိန် နောက်ပိုင်းတွင် တီဗွီအောက်စက် ပြုပြင်သည့် ပညာသွားရောက်သင်ယူခဲ့စဉ် ငြိစွန်းခဲ့ပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် ထိုသူတွင် အိမ်ထောင်ရှိ ကြောင်းသိရသဖြင့် တရားလိုမိန်းကလေးက ရှောင်တိမ်းနေစဉ် ရက်မမှတ်မိ ည ၇ နာရီချိန် ထိုသူရောက်ရှိလာပြီး ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်သို့ အတင်းအကျပ် ခေါ်ဆောင် သွားသဖြင့် လိုက်သွားခဲ့ရာ ၎င်းကသားမယားအဖြစ် နေထိုင်ရန်ပြောကြားခဲ့ရာ ငြင်းဆန်ခဲ့သဖြင့် မိန်းကလေး၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ခန္ဓာကိုယ်အား ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ထို့နောက် သားမယားအဖြစ် နေထိုင်သည့် ပုံများကို အင်တာနက်တင်မည်ဟု ခြိမ်းခြောက်ကာ အခွေများအား မိန်းကလေး ထံလာရောက်ပေးသဖြင့် တရားလို မိန်းကလေးက ရှက်သဖြင့် မန္တလေးသို့ နှစ်ပတ်ကြာထွက်သွားခဲ့သည်။

ထို့နောက် မကွေးမြို့သို့ ပြန်လည်ရောက်ရှိပြီး မိမိအလုပ်လုပ်ကိုင်ခဲ့သည့် စတိုးဆိုင်တွင် ပြန်လည်အလုပ်လုပ် ကိုင်နေစဉ် ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ၎င်းအလုပ်လုပ်ကိုင်နေသည့် ဆိုင်မှဝန်ထမ်းအမျိုးသားက တရားလို မိန်းကလေးနှင့် သားမယားအဖြစ်နေထိုင်သည့် ဗွီဒီယိုအား အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုတွင် ကြည့်ရှုရ ကြောင်းပြောကြားရာ သိရှိခဲ့သဖြင့် ဦး...အား အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့သော အမှုဖြစ်သည်။ မကွေးမြို့မရဲစခန်းမှ ဦး...အား (ပ) ၁၃၇/၂၀၁၃ ပုဒ်မ ၃၇၆/၅၀၀/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး အဆိုပါ အမှုအား ခိုင်မာစွာတည်ဆောက်၍ မကွေးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မကွေးမြို့နယ် တရားရုံးကဇူလိုင် ၄ ရက်တွင် တရားခံ ဦး...အား ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။

MOI Webportal Myanmar

https://www.facebook.com/MOIWebportalMyanmar?fref=nf

အပြည့်အစုံသို့ »

ဥပုသ်ဟူသည်


အဋ္ဌင်္ဂီက ရှစ်ပါးသီလကို ကမ္ဘာစဉ်ဆက် ဘုရားရှင်လက်ထပ်ကစပြီး သာသနာတွင်း၊ သာသနာပ နှစ်ဌာနတို့မှာ သူတော်ကောင်းတို့သီလစောင့်ခြင်း၊ ညစာရှောင်ခြင်း၊ ရတနာ(၃)ပါးတို့၌ ဆည်းကပ်ခြင်းဖြင့် ကျင့်ကြံအပ်တာဖြစ်လို့ ဥပုသ်ရယ်လို့ ခေါ်ရခြင်းဖြစ်တဲ့အကြောင်းကို သီလက္ခန် အဋ္ဌကထာ သာမည ဖလသုတ် အဖွင့်မှာ ဖော်ပြထားတယ်။

ဥပုသ်စောင့်ရာမှာ ဥပုသ်(၃)မျိုး ရှိတယ်။

၁။ နိဂဏ္ဍ- တိတ္ထိတို့စောင့်သော ဥပုသ်- ယူဇနာတစ်ရာအတွင်းမှာရှိတဲ့ သတ္တ၀ါတွေကိုသာ မသတ်ရလို့ သိက္ခာပုဒ် ဆောက်တည်ပြီး စောင့်တဲ့ဥပုသ်ဖြစ်တယ်။

၂။ ဂေါပါလဥပုသ်- သီလဥပုသ်ခံယူပြီး ရတနာသုံးပါးရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကို မအောက်မမေ့ဘဲ၊ မပွားများဘဲ ၀တ်ရေး စားရေး အစုစုတို့ကိုသာ ကြံစည်အောက်မေ့ပြီး ဆောက်တည်တဲ့ဥပုသ်ဖြစ်တယ်။

၃။ အရိယဥပုသ်- ဥပုသ်ဆောက်တည်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘတရားတွေကို ဆင်ခြင်စဉ်းစားခြင်း၊ ရတနာသုံးပါး၏ ဂုဏ်တော်တရားတွေကို အောက်မေ့ပွားများခြင်းဖြင့် ဆောက်တည်တဲ့ဥပုသ်ဖြစ်တယ်။

ဥပုသ်စောင့်တဲ့ နေ့လနှစ်တွေနဲ့ ပတ်သတ်ပြီး စတုက္ကနိပါတ် အင်္ဂုတ္တရပါဠိတော်မှာ (၄)မျိုး ဖော်ပြထားတယ်။

၁။ ပကတိဥပုသ်- (၈)ရက် လပြည့်လကွယ် ဥပုဒ်မျိုးဖြစ်တယ်။

၂။ ပတိဇာဂရဥပုသ်- အကြိုအပို့စောင့်တဲ့ ဥပုသ်မျိုးဖြစ်တယ်။

၃။ အဓိဋ္ဌာန်ဥပုသ်- ရက်လနှစ် ပိုင်းခြားပြီး တည်ဆောက်တဲ့ ဥပုသ်မျိုးဖြစ်တယ်။

၎။ ပါဋိဟာရိယဥပုသ်- အထွက်တစ်ရက်နေ့မှာစောင့်တဲ့ ဥပုသ်ဖြစ်တယ်။

ဥပုသ်နေ့မှာ ရှောင်ကြဉ်ရမည့် အချက်များ

ဘုရားရှင်လက်ထပ်တော်ကတည်းက ရဟန်းတော်တွေကို အခါအခွင့်နဲ့ ပိုင်းခြားပြီး အကပ်ခံရပုံနဲ့ ဘယ်လိုဝတ္ထုကို ဘယ်အချိန်အခါအထိသာ သုံးဆောင်နိုင်ကြောင်းကို ပညတ်တော်မူခဲ့တယ်။ အဲဒီပညတ်ချက်(၄)ပါးဟာ ဥပုသ်သည်တွေနဲ့လည်း သက်ဆိုင်တယ်။

၁။ ယာဝကာလိက- စပါးမျိုး၊ ပဲမျိုး၊ အသီးကြီးကိုးမျိုး စတဲ့ အာဟာရကိစ္စကို ပြီးစေနိုင်တဲ့ ၀တ္ထုဟူသမျှကို အရုဏ်တက်ချိန်က မွန်းတည့်အထိသာ အကပ်ခံကောင်းတယ်။ သုံးဆောင်ကောင်းတယ်လို့ ပညတ်တော်မူတယ်။

၂။ ယာမကာလိက- ဘုရားခွင့်ပြုတော်မူတဲ့ အဖျော်ရှစ်ပါးနဲ့ အနုလောမ အဖျော်တွေကို နေအရုဏ်တက်မှ နောက်အရုဏ်တက်အထိတစ်ယာမ်အတွင်း သုံးဆောင်ကောင်းတယ်။ အကပ်ခံကောင်းတယ်လို့ ပညတ်တော်မူတယ်။

၃။ သတ္တာဟကာလိက- ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်လဲ၊ သကြား၊ ကြံသကာ၊ ဆေးငါးပါးတို့ကို တစ်ခါအကပ်ခံထားရင် ခုနှစ်ရက်အထိ သုံးဆောင်ကောင်းတယ်လို့ ပညတ်တော်မူတယ်။

၎။ ယာဝဇိဝိတ- ပြခဲ့ပြီးတဲ့ ကာလိက သုံးပါးနဲ့ ကာလိကမှလွတ်တဲ့ ရေ၊ တံပူကို ချန်ထားပြီး ကြွင်းတဲ့ ဇီးဖြူ၊ ရှိရှား၊ သဖန်းခါးစတဲ့ အာဟာရကိစ္စကို မပြီးစေနိုင်တဲ့ ဆေးဘက်ဝင် အမြစ် အရွက် အသီး အခေါက် စသည်တို့ကို တစ်ခါအကပ်ခံထားရင် အသက်ရှင်နေသမျှ သုံးဆောင်နိုင်တယ်လို့ ပညတ်တော်မူတယ်။

ရေ၊ တံပူတို့ကတော့ ကာလိကလေးပါးလွတ်တယ်။ အကပ်ခံဖွယ်မရှိပါ။ ဥပုသ်သည်တွေအနေနဲ့ကတော့ ယာဝကာလိကကို နေ့လွဲကစပြီး မစားရပါ။ ကျန်သုံးပါး စားနိုင်ပါတယ်။

ဥပုသ်သီလဆောက်တည်ရာမှာ အပိုင်း(၄)ပိုင်းရှိတယ်။

၁။ ဘုရားရှိခိုးတဲ့အပိုင်း

၂။ သရဏဂုဏ် ဆောက်တည်တဲ့အပိုင်း

၃။ သီလတောင်းတဲ့အပိုင်း

၎။ သီလသိက္ခာပုဒ်ကို ဆောက်တည်ပွားများတဲ့အပိုင်းတို့ ဖြစ်တယ်။

သီလကို အဓိဋ္ဌာန်ပြီးလည်း ဆောက်တည်နိုင်သလို ဘုရားရှေ့မှာဖြစ်ဖြစ်၊ ရဟန်းသာမဏေရှေ့မှာဖြစ်ဖြစ်၊ သီလရှိသူ ပုဂ္ဂိုလ်တို့ ရှေ့မှာဖြစ်ဖြစ် ခံယူဆောက်တည်နိုင်တယ်။

သီလကို ဆောက်တည်တဲ့နေရာမှာ အာရုံခြောက်ပါးရှိတဲ့အနက် ဘာပဲမြင်မြင်၊ မြင်သိစိတ်ပေါ်တိုင်းပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ဘာပဲကြားကြား ကြားသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ဘာအနံ့ပဲရရ နံသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

လျှာရဲ့အရသာ ဘာပဲရရ အရသာသိစိတ်ပေါ်တိုင်း ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

ကိုယ်နဲ့အတွေ့ ဘယ်လိုပဲထိထိ ထိသိစိတ်ပေါ်တိုင်းပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

စိတ်ရဲ့အတွေးအကြံ ဘယ်လိုပဲရှိရှိ တွေးတောကြံစည်စိတ်ပေါ်တိုင်း ဆောက်တည်ထားတဲ့သီလ ကျိုး၊ ပေါက်၊ ပျောက်၊ ကျား ဖြစ်မသွားဖို့ အပ္ပမာဒ ရှိရတယ်။

အ၀တ်အထည်အနားတွေ စုတ်ပြတ်သလို သီလအစ သိက္ခာပုဒ်အဆုံး ပျက်စိးခြင်းဟာ သီလကျိုးပြတ်တယ် မည်တယ်။

အ၀တ်အထည်အလယ်ပေါက်သလို သီလအလယ် သိက္ခာပုဒ် ပျက်စီးခြင်းဟာ သီလပေါက်တယ် မည်တယ်။ နွားပြောက်ကွက်လိုမျိုး ပထမသိက္ခာပုဒ်လုံခြုံ၊ ဒုတိယသိက္ခာပုဒ်ပျက်စီး စသဖြင့် လုံလိုက်၊ ပျက်လိုက် ဆက်တိုက်ဖြစ်နေမှုဟာ သီလပြောက်ကွက်တယ် မည်တယ်။

နွားကြောင်များလို သိက္ခာပုဒ် အစဉ်အတိုင်း နှစ်ခု သုံးခု ပျက်ရင် သီလပြောက်ကျားတယ်မည်ပါတယ်။

(မှတ်ချက်။ ဦးကျော်ဇေယျရေးသားသော ဥပုသ်ကုသိုလ်စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)
MOI Webportal Myanmar

အပြည့်အစုံသို့ »

အိပ်နေသော မိန်းကလေးများကို ဓားဖြင့် ထိုးထွက်ပြေး


 စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာနေ ဦးအောင်ဝင်း(ဈေးရောင်း)သည်ဇူလိုင် ၃ရက် ညသန်းခေါင် ကျော် တစ်နာရီခန့်တွင် နေအိမ်အောက်ထပ်တွင်ဇနီးဖြစ်သူ မကြည်မြင့်နှင့် သားဖြစ်သူ မောင်ချမ်းသာ၊ နေအိမ် အပေါ်ထပ်တွင်သမီးဖြစ်သူ မနီနီအောင်၊ မသန်းသန်းစိုးတို့ အိပ်နေကြစဉ် အပေါ်ထပ်မှ ဝုန်းဝုန်းဟု အသံကြား ရသဖြင့် လန့်နိုးပြီး သားဖြစ်သူ မောင်ချမ်းသာက အိမ်ပေါ်သို့ တက်သွားပြီး အဖေလူ လူဟုပြော၍ ဦးအောင်ဝင်း က တက်ကြည့်ရာ အမည်မသိ လူတစ်ဦး နေအိမ်အပေါ်ထပ်ဝရန်တာမှ ခုန်ချထွက်ပြေး သွားသည် ကိုမြင်တွေ့ ရသဖြင့် သမီးဖြစ်သူ မနီနီအောင်နှင့် မသန်းသန်းစိုး တို့အား မေးမြန်းရာ အမည်မသိတစ်ဦးသည် ၎င်းတို့အိပ်သည့် အခန်းထဲရောက် လာပြီး သမီးဖြစ်သူမသန်းသန်းစိုး၏ လည်ပင်းကို ကိုင်လိုက်စဉ် လန့်နိုးပြီးအော် မည်ပြုစဉ် ပါးစပ်ကိုလက်နှင့်ပိတ်ထား၍ မအော်နိုင်သဖြင့် ဘေးတွင်အိပ်နေသော အစ်မဖြစ်သူ မနီနီအောင်ကို လက်ဖြင့်နှိုးရာ နိုးလာပြီးထလိုက်စဉ် အမည် မသိလူက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားကြောင်း သိရသည်။

မနီနီအောင်နှင့် မသန်းသန်းစိုးတို့တွင် ဒဏ်ရာများရရှိ ထားသည် ကိုတွေ့ရ၍ ဆေးကုသမှုခံယူရန် စစ်ကိုင်း ပြည်သူ့ ဆေးရုံသို့ ပေးပို့ လိုက်ရသည်။ သို့ဖြစ်ပါ၍ သမီးနှစ်ဦးအားနေအိမ်ပေါ်သို့ တက်ရောက်ပြီး ဒဏ်ရာ ရရှိအောင် ဓားဖြင့်ထိုးသူအား စုံစမ်းဖော်ထုတ်ပေးပါရန် ဖခင်ဖြစ်သူ ဦးအောင်ဝင်းက စစ်ကိုင်းမြို့မ ရဲစခန်းသို့ လာရောက်တိုင် တန်းသဖြင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

စားသောက်ဆိုင်မှ စာရင်းကိုင် နိုင်ငံခြားသူအား အဓမ္မပြုရန် ကြံစည်သူကို ဖမ်းဆီးမိ




မေ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်ရှိ VK ဗီယက်နမ် Coffee +
 Fast Food စားသောက်ဆိုင်တွင် ဆိုင်စာရင်းကိုင် နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးကို အမျိုးသား
တစ်ဦးက အဓမ္မ ကြံစည်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ယင်းနေ့၌ ဆိုင်ရှိ စာရင်းကိုင် နိုင်ငံခြားသူကို ဆိုင်တာဝန်ခံ ကိုယ်စားလှယ်က လေအေးစက် ပြုပြင်မည့်သူ ရောက်လာပါက လေအေးစက်များကို ပြသပေးရန် မှာထားမှုကြောင့် ကြားဖြတ် ရောက်လာသူ အမျိုးသားကို လေအေးစက် ပြုပြင်သူဟု ထင်မှတ်ပြီး ဒုတိယ အထပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

၎င်းအမျိုးသားမှာ အမှန်တကယ် ပြုပြင်သူ မဟုတ်ကြောင်း သိလိုက်ရသည့် အတွက် မြေညီထပ်သို့ ပြန်ခေါ်လာစဉ် ထိုအမျိုးသားက နိုင်ငံခြားသူကို နီးရာ အခန်းအတွင်းသို့ တွန်းထိုး ခေါ်ဆောင် သွားခဲ့သည်ဟု သိရသည်။

အမျိုးသမီးက ရုန်းကန်မှုကြောင့် ထိုသူက အနီးရှိကြိတ်သား လျှပ်စစ်မီးဖိုဖြင့် ထုရိုက်ခဲ့ရာ အမျိုးသမီးက ပြန်လည် ခုခံခဲ့သည့် အတွက် အမျိုးသားမှာ ဒဏ်ရာဖြင့် စားသောက်ဆိုင် အတွင်းမှ ထွက်ပြေးသွားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရန်ကုန် အနောက်ပိုင်းခရိုင် ရဲမှူးကြီး ဝင်းကြည်၊ ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသင်၊ မြို့မစခန်းမှူး ဒုတိယရဲမှူး တိုးရွှေနှင့်အဖွဲ့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိနိုင်ရေး အတွက် ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့နှင့်အတူ တာဝန်သိ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အဓမ္မကြံစည်ရန် ကြိုးပမ်းခဲ့သူ လှိုင်သာယာမြို့နယ်နေ ကျော်ကျော်ဦး အသက် (၃၃နှစ်)ကို အင်းစိန်မြို့နယ် အောင်ဆန်း ရပ်ကွက် ကံဦး ဘုန်းတော်ကြီးကျောင်း အနောက်ဘက် ရထားလမ်းပေါ်၌ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ရဲအုပ် အောင်ကိုကိုနှင့် အဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

၎င်းအား ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရန် အတွက် ကြည့်မြင်တိုင်မြို့မ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

နေ့ခင်း ကြောင်တောင် လော့ကက်မျိုးစုံ ၁၃၀ ကျော် ခိုးယူမှု ဖြစ်ပွား


ကော့ကရိတ် ဇူလိုင် ၅

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်တွင် ဇူလိုင် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက အမှတ် (၆)ရပ်ကွက် ဈေးကြီးလမ်းရှိ ရွှေလင်းယုန် ရွှေဆိုင်၌ ရွှေထည်ပစ္စည်းများ ခိုးယူခံရကြောင်း သတင်းရရှိသဖြင့် စခန်းမှူး ဒုရဲမှူး မြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် မွန်းတည့် ၁၂ နာရီတွင် မရှုရီ(ခ) မီးမီးသည် မိသားစုပိုင် ရွှေလင်းယုန်ရွှေဆိုင်တွင် ရွှေထည် ပစ္စည်းများ ရောင်းချနေရာ အရပ်မြင့် ခန္ဓာကိုယ်ပိန်ပါး ဆံပင်ရှည် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ဆွဲကြိုး လုပ်မည်ဟု ပြောရာ မရှုရီက ဆွဲကြိုး အမျိုးအစားများကို ပြသခဲ့သည်။ ၎င်းအမည်မသိ အမျိုးသမီးက နားကပ်ကို ပေါင်နှံလိုကြောင်း ပြောသဖြင့် မရှုရီက အပေါင်ခံပြီး ငွေကျပ် ၃ဝဝဝဝ ပေးလိုက်ရာ ၎င်းအမျိုးသမီး ပြန်သွားခဲ့သည်။

ယင်း အမျိုးသမီး ပြန်သွားပြီးနောက် မရှုရီက ၎င်းခင်းကျင်းထားသည့် ရွှေထည် ပစ္စည်းများကို စစ်ဆေးရာ ရွှေထည် ပစ္စည်းများ ထည့်ထားသည့် ကော်ဘူး အဖြူရောင်မှာ ပျောက်ဆုံးနေသဖြင့် ကော့ကရိတ် မြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်အောင်နှင့်အဖွဲ့က လိုက်လံစုံစမ်း ဖော်ထုတ်ခဲ့ရာ နှင်းဆီအေး(ခ)လစီဒါ (၂၇နှစ်) ဘုရင့်နောင်လမ်း အမှတ်(၃) ရပ်ကွက်နေသူ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းနေအိမ် ခြံဝန်းကို ရှာဖွေခဲ့ရာ နေအိမ်အောက် လွှစာမှုန့်ထဲတွင် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် အဝတ်ထုပ်ကို ရှာဖွေတွေ့ရှိပြီး ၎င်းအ၀တ်ထုတ်ထဲတွင် ဒေါ်ရှုရီ ပျောက်ဆုံး သွားသော ရွှေထည် ပစ္စည်းများ ဖြစ်သည့် လော့ကက် ဆိုက်စုံ ၂၈ စုံ ၂၀ ကျပ်သား ခြောက်ပဲခွဲ (တန်ဖိုးငွေကျပ် ၁၄၃၀၀၀၀)၊ လော့ကက် ပန်းခက်စုံ ၂၂ ခု နှစ်ကျပ် ၁၀ ပဲ (တန်ဖိုးငွေကျပ် ၁၅၇၅၀၀၀)၊ အသည်းပုံ ဆိုက်စုံ ၃၇ ခုနှစ်ကျပ် နှစ်ပဲ လေးရွေး (တန်ဖိုးငွေကျပ် ၁၂၉၃၀၀၀)၊ ကျောက်ဆူးဝါးပုံ လေးထောင့်ပုံ ဆိုက်စုံ ၁၉ ခု တစ်ကျပ် ခြောက်ပဲတစ်ရွေး (တန်ဖိုးငွေကျပ် ၈၃၀၀၀၀)၊ လော့ကက်ထုဝိုင်း ကြီး/ သေး ခြောက်ခု ၁၄ ပဲ ငါးရွေး (တန်ဖိုးငွေကျပ် ၅၅၀၀၀၀)၊ လော့ကက်ကြုတ် ဆိုက်စုံ ၁၄ ခု တစ်ကျပ်သား ရှစ်ပဲခြောက်ရွေး (တန်ဖိုးငွေကျပ် ၉၃၀၀၀၀)၊ လော့ကတ် ကျောက်စုံ ဆွဲပြား ၁၂ ခု နှစ်ကျပ်သား ငါးပဲသုံးရွေး (တန်ဖိုးငွေကျပ် ၁၄၀၀၀၀၀) စုစုပေါင်း ငွေကျပ် ရှစ်ဆယ့်ရှစ်သိန်းနှင့် ရှစ်ထောင် ကျပ်ဖိုးကို သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် ဆက်လက် ရှာဖွေခဲ့ရာ ရွှေထည် ပစ္စည်းများ ထည့်ထားသည့် ကော်ဘူး အဖြူရောင်အခွံကို နှင်းဆီအေး၏ အိမ်နောက်ဖေး ရေစပ်တွင် တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

အရှိန်မထိန်းနိုင်ဘဲ ယာဉ်နှစ်စီးချိတ်မိရာမှ ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား


ကျောက်တံခါး ဇွန် ၂၇

 ဇွန် ၂၀ ရက် နံနက် ၂ နာရီ ၃၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်၊ ရန်ကုန် မန္တလေး ပုံမှန်လမ်း၊ မိုင်တိုင် ၁၁၉/၁ နှင့် ၂ ကြား ကျောက်တံခါး မြို့နယ်၊ ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ သံချောင်းများ တင်ဆောင်လျက် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၂၂ ဘီး အနက်ရောင် ယာဉ်မှာ လမ်းဘေးတွင် ရပ်ထားခဲ့စဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ် (စုံစမ်းဆဲ) စားအုန်းဆီပီပါများ တင်ဆောင်လာသည့် ၂၂ ဘီး အဖြူရောင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ဘေးမှဝင်ရောက် ချိတ်မိခဲ့၍ ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ယာဉ်မောင်းနှစ်ဦးမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ ပြီးခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မနရမှူး (ကျောက်တံခါး) ရဲမှူး၊ကျောက် တံခါးမြို့မရဲစခန်းမှ စခန်းမှူး၊ ဦးစီးတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူး နှင့်မီးသတ် တပ်ဖွဲ့ဝင် ၁၄ ဦး၊ မီးသတ်ယာဉ်သုံးစီးနှင့် ရွာသူ၊ ရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

လူ၊ တိရစ္ဆာန်များထိခိုက် သေဆုံးမှုမရှိဘဲ မီးလောင်မှုကြောင့် အနက်ရောင်ယာဉ်မှာ ကိုယ်ထည်အင်ဂျင်နှင့် သံချောင်းများသာ ကျန်ရှိပြီး ယာဉ်၏ကျန် အစိတ်အပိုင်း အားလုံး မီးလောင်ဆုံးရှုံးခဲ့၍ ခန့်မှန်းကျပ်ငွေသိန်း ၁၅၀ ခန့်ရှိပြီး စားသုံးဆီပါများ တင်ဆောင်လာသော၂၂ ဘီး အဖြူရောင် ယာဉ်မှာ လည်းဘော်ဒီ၊ ဖရိန်နှင့် အင်ဂျင်သံထည်များသာ ကျန်ရှိပြီးယာဉ်ပေါ်ပါစား သုံးဆီများနှင့် ကျန်ယာဉ် အစိတ်အပိုင်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ခန့်မှန်းငွေကျပ် သိန်း၂၅၀ ခန့်ရှိကာ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးစလုံးအား အရေးယူ ပေးရန် ရဲအုပ်သန်းဝင်းအောင်မှ တရားလိုပြုတိုင်တန်းသဖြင့် ဇွန် ၂၁ ရက်နံနက် ၅ နာရီ ၁၅မိနစ်က ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၁၄ ပြစ်မှု ပုဒ်မ၂၈၅/၂၇၉/၂၀၂ ဖြင့်အမှုဖွင့် ဆောင်ရွက်ကာအမှုအား ရဲအုပ်သန်းဝင်းအောင်မှ စစ်ဆေး၍ တရားခံယာဉ်မောင်းနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

အရက်အတူသောက်ရာမှ စားခုတ်မှုဖြစ် သေဆုံး


မင်းတုန်း၊ ဇွန် ၂၇

 မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မြို့ဟောင်းကျေးရွာ၏ အနောက် မြောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ ၁၆ လုံးတဲတိုက်တွင် ဇွန် ၂၁ ရက်နေ့ညက အမျိုးသားတစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသတင်းအရ အလယ်ချောင်းနယ်မြေရဲစခန်းမှ ရဲအုပ်သိန်းလွင်နှင့် အဖွဲ့သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူ ၁၆ လုံးတဲတိုက်နေ မြင့်ဌေး(ခေါ်)ညီပုတွင် နောက်ကျောပြတ်ရှ ဒဏ်ရာလေးချက်၊ ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် ၎င်းတဲပေါ်တွင်သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါနေ့ည ၇ နာရီက ၁၆ လုံး တဲတိုက်နေ မြင့်ဌေး(ခေါ်)ညီပုသည် နေအိမ်တဲတိုက်တွင် ကျော်စိုးမင်း(ခေါ်) ဖိုးတဲနှင့်အတူ အရက်သောက်စားရာမှ စကားများရန်ဖြစ်စဉ် ကျော်စိုးမင်းမှ ဓားမရှည်ဖြင့် ခုတ်ခဲ့သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဓားဖြင့်ခုတ်သူ ကျော်စိုးမင်းအား အရေးယူပေးရန် ရဲအုပ်သိန်းလွင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အလယ် ချောင်းနယ်မြေ ရဲစခန်းမှ (ပ)၂/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူ အသက်ဆုံးရှုံး



မြောင် ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မြောင် မြို့နယ် အုတ်နှဲဘုတ်ကျေးရွာတွင် တစ်ရွာတည်းသားချင်း စကားများရန်ဖြစ်ပြီး ဓားရှည်ဖြင့် လိုက်ခုတ်ရာ ကျန်အခြားတစ်ဦးမှာ တိမ်းရှောင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ထွက်ပြေးသူ၏ဇနီးကို ဓားကိုင်ဆောင်သူက ရက်စက်စွာသတ်ခဲ့ခြင်း၊ဒဏ်ရာ များရရှိပြီး အခင်းဖြစ်ပွားသည့် နေရာ တွင် လဲကျသေဆုံးခဲ့ခြင်းကြောင့် အရေးယူထားကြောင်း သိရသည်။

စုံစမ်းသိရှိရသည်မှာ ဇွန် ၁၄ ရက် ညနေ ၇ နာရီခွဲက မြောင်မြို့နယ် အုတ်နှဲဘုတ်ကျေးရွာနေ ကိုကျော်ရွှေ (၃၈ နှစ်) ကျပန်းနှင့် ငလင်း(ခ) ဝေလင်းထွန်း (၂၅ နှစ်) ကျပန်းတို့ နှစ်ဦးစကားများရန်ဖြစ်ခဲ့ရာ ငလင်း (ခ)ဝေလင်းထွန်းက အသင့် ကိုင်ဆောင်လာသည့် ဓားရှည်ဖြင့် ခုတ်ရာ ကိုကျော်ရွှေမှာ တိမ်းရှောင် ထွက်ခဲ့သော်လည်း ၎င်းကျေးရွာနေ ဦးကံရှိန်၏အိမ်ရှေ့တွင် ကိုကျော် ရွှေ၏ဇနီးဖြစ်သူ မမိုးဝေနှင့် ငလင်း (ခ)ဝေလင်းထွန်းနှင့်ထပ်မံတွေ့ရှိပြီး စကားများရာမှ အသင့်ကိုင်ဆောင် လာသည့် ဓားဖြင့်ခုတ်ရာ မမိုးဝေ မှာ ဒဏ်ရာဖြင့် လဲကျသေဆုံးသွားခဲ့ သည်။ သို့ဖြစ်ပါ၍ ငလင်း(ခ)ဝေလင်း ထွန်းအား တရားဥပဒေအရ အရေးယူ ပေးပါရန် ခင်ပွန်းဖြစ်သူက တရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် မြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးတင်လှိုင်က ကျေးရွာ သို့ သွားရောက်ပြီး အခင်းဖြစ်ပွား သည့် နေရာကို မြေပုံကြမ်းရေးဆွဲ၍ သေဆုံး သူအား မြို့နယ်ဆေးရုံသို့ပို့ပြီး ပြစ်မှု ကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးနိုင် ရေး စီမံဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ မှာ မန္တလေးတိုင်းဒေသကြီး သပိတ် ကျင်းမြို့နယ် လိပ်ကျကျေးရွာတွင် တိမ်းရှောင်ခိုအောင်းနေထိုင်သည့် သတင်း ကိုရရှိသဖြင့် ဇွန် ၁၆ ရက် တွင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသောင်း ငွေ ကြီးကြပ်ဦးဆောင်သော အဖွဲ့နှင့် အုတ်နှဲဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေတို့ လိပ်ကျကျေးရွာသို့ သွားရောက်၍ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားလျက်ရှိကြောင်း သိ ရသည်။

တင်ကိုကို


MOI Webportal Myanmar 

အပြည့်အစုံသို့ »