Showing posts sorted by relevance for query Yangon Police. Sort by date Show all posts
Showing posts sorted by relevance for query Yangon Police. Sort by date Show all posts

လှိုင်သာယာမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားခဲ့သည့် CCTV မှတ်တမ်း Video file အား လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြလာခဲ့ရာ ၎င်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှဆောင်ရွက် ထားရှိမှုအားသိရှိစေရန်နှင့် နောင်တွင် အလားတူ မှတ်တမ်းများကို ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံခြင်း



ရန်ကုန်၊ သြဂုတ် ၎

၉.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်အော်ကျော်လမ်း
ရှိ လ္ဘက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၎င်းဆိုင်ရှိ CCTV မှ မှတ်တမ်း Video file အား လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြခဲ့
သဖြင့် ပြန့်နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၎င်းခိုက်ရန်ဖြစ်ပွားမှုတွင် ကိုသန်းဇော်ဦးမှာ ဓါးဖြင့်ထိုးခံရ၍သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင် ပေါက်ပြဲဖူးရောင် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှု
ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်း (ပ)၈၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်
ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သော လှိုင်သာယာမြို့နယ်နေ ဖြိုးကိုကို၊(၁၈)နှစ်၊ (ဘ)ဦးခင်သန်း၊ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊(၁၈)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ မျိုးဇော်၊ (၂၄)နှစ်၊(ဘ)ဦးတင်ဝင်း၊ အရှည်ကြီး(ခ)နိုင်လင်းထွန်း၊(၁၇)နှစ်၊(ဘ)ဦးတရုတ်ကြီး၊
တင်မောင်မျိုး၊ (၁၃)နှစ်၊ (ဘ)ဦးမျိုးတင့်တို့(၅)ဦးအား ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် အခင်းဖြစ်ပွားပြီး (၅)နာရီ အတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီးဖြစ်
ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း ၁၀.၆.၂၀၁၄ ရက်နေ့တွင် Yangon Police လူမှုကွန်ယက် စာမျက်နှာမှ သတင်းထုတ်ပြန်ပေးခဲ့ပါသည်။

အမှုမှဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများအားစစ်ဆေးရာ ခိုက်ရန်ဖြစ်ပွားစဉ် ငြိမ်းချမ်း(ခ) သက်မောင်မောင်မှ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်လူများမှ ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါတ်ဘူး၊ ပန်းကန်လုံးများဖြင့် ရိုက်နှက်၊ ပစ်ပေါက်ခဲ့ကြ
ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးပေါ်ပေါက်ချက်များအရ မြောက်ပိုင်းခရိုင်ဥပဒေရုံးသို့ ဥပဒေ
အကြံပြုချက်တောင်းခံခဲ့ပြီး အကြံပြုချက်နှင့်အညီ ပြစ်မှုပုဒ်မ-၃၀၂/၃၂၃/၁၁၄
ဖြင့် ၁၈.၇.၂၀၁၄ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊ မျိုးဇော်နှင့် ဖြိုးကိုကိုတို့(၃)ဦးအား ရဲစခန်းစွဲချက်အမှတ် (၇၉၉/၂၀၁၄) ဖြင့်
မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ပြစ်မှုကြီးအမှတ်(၁၂၁/၂၀၁၄)
ဖြင့်လည်းကောင်း၊ ကလေးသူငယ်များဖြစ်သည့် ပြစ်မှုကျူးလွန်သူ တင်မောင်မျိုး
နှင့် အရှည်ကြီး(ခ) နိုင်လင်းထွန်းတို့(၂)ဦးအား ရဲစခန်းစွဲချက်အမှတ်-၇၉၉(က)/၂၀၁၄ ဖြင့် လှိုင်သာယာမြို့နယ်တရားရုံး သို့ တရားစွဲတင်ပို့ခဲ့ရာ ကလေးသူငယ်ပြစ်မှုကြီးအမှတ်(၁၈/၂၀၁၄) ဖြင့်လည်းကောင်း လက်ခံစစ်ဆေး လျက်ရှိပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် အခင်းဖြစ်လ္ဘက်ရည်ဆိုင်ရှိ CCTV Camera မှတ်တမ်း video file အား တစ်ဦးတစ်ယောက်မှ လူမှုကွန်ယက်စာမျက်နှာတွင်
ဖော်ပြခဲ့သည့်အတွက် ကြည့်ရှုသူ ပြည်သူများအနေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်းများဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ်သော
ပြဿ နာများဖြစ်ပွားလာနိုင်ပြီး တစ်ဦးတစ်ယောက်၏လုံခြုံရေးကို ထိခိုက်နိုင်ဖွယ်
ရှိသဖြင့် အလားတူ video file များအား နောင်တွင်ဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။

Yangon Police

အပြည့်အစုံသို့ »

မိုးရေစိုနေသည့် တီဗွီအင်တာနာတိုင်အား လှည့်၍ချိန်သူ အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဇူလိုင် ၎

၃.၇.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် တွံတေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တွံတေးပြည်သူ့ဆေးရုံသို့ အမျိုးသားတစ်ဦးဓါတ်လိုက်ခံရသဖြင့် သေဆုံးရောက်ရှိ
နေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ တွံတေးမြို့နယ်
နေ ဖိုးထွား(ခ)ထွန်းအောင် (၂၄)နှစ်ဖြစ်ပြီး ၎င်း၌ ရင်ဘတ် မီးလောင်ဒဏ်ရာများ
ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၃၃၀ အချိန်ခန့်က ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌
တီဗွီကြည်နေစဉ် နေအိမ်ခေါင်းရင်းရှိ မိုးရေများစိုနေသည့်တီဗီအင်တာနာတိုင်အား
လက်ဖြင့်ကိုင်ကာလှည့်ချိန်ရာမှ ဓါတ်လိုက်ခံရကာ လဲကျခဲ့သဖြင့် ဆေးရုံသို့
ပို့ဆောင်စဉ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တွံတေးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်
(၁၆/၂၀၁၄)ဖြင့် ရေဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ရေစိုနေသည့် AIR CON အားကိုင်မိရာမှ ဓါတ်လိုက်သေဆုံး



ရန်ကုန်၊ ဇူလိုင် ၂

၁.၇.၂၀၁၄ ရက်နေ့ ၁၄၀၅ အချိန် ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင်အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးရောက်ရှိနေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ ပန်းရံအလုပ်လုပ်ကိုင်သူ မောင်ဝေလင်းအောင်ဖြစ်ပြီး ၀ဲလက်ဖ၀ါးနှင့်
ဝဲလက်သန်းတို့တွင်အရေပြားပွန်းစုတ်ဒဏ်ရာ၊ ယာခြေသန်းတွင်ညိုမဲဒဏ်ရာများ ရရှိ ထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်ရှိ နေအိမ်
တစ်အိမ်တွင် ရေချိုးခန်းအိမ်သာ ပြုပြင်ဆောက်လုပ်နေသော ပန်းရံအဖွဲ့တွင် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ၁၃၀၅ အချိန်ခန့်က အဆိုပါ နေအိမ်ရှိရေချိုးခန်းတွင်
ပြူတင်းပေါက်တပ်ဆင်ရန်အတွက် ဆောက်ရွက်နေစဉ် ၎င်း၏နောက် ဘက်ရှိနံရံတွင်တပ်ဆင်ထားသော မိုးရေစိုနေသည့် AIR CON အား လက်ဖြင့်ကိုင်မိရာမှ ဓါတ်လိုက် ကာ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ဓာတ်လိုက်နေသူကို အသက်သေခံပြီး တွန်းထုတ်ကယ်တင်ခဲ့တဲ့ ဒဂုံမြို့သစ်က လေးစားဖွယ် စိတ်ဓာတ်ပိုင်ရှင်


ရန်ကုန်၊ ဇူလိုင် ၁

၃၀.၆.၂၀၁၄ရက်နေ့ ၁၃၄၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း
မှတပ်ဖွဲ့ဝင်များသည်သင်္ဃန်းကျွန်းစံပြဆေးရုံတွင်အမျိုးသားတစ်ဦးဓါတ်လိုက်ခံ
ရ၍သေဆုံးရောက်ရှိနေကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့ရာသေဆုံးသူမှာဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေ သံချည်သံကွေး လုပ်သားဖြစ်သူ ကိုလမင်းထွန်း (၂၇)နှစ်ဖြစ်ပြီး ၎င်းတွင် နဖူးထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်ခြေဖ ၀ါးပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ ရရှိထားသည်ကို တွေ့ရှိခဲ့ရ
ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာသင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ၊(က)ရပ်ကွက်ရှိဆောက်လက်စ
ကန်ထရိုက် တိုက်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးနှင့်သံပိုက်
ထောက်တိုင်တို့ထိမိပြီး သံပိုက်ထောက် တိုင်သို့လျှပ်စစ်စီးဝင်နေကြောင်း၊ ၎င်းထောက်တိုင်အား သံချည်သံကွေး အလုပ်လုပ်ကိုင်သူ ကိုနိုင်ဝင်း (၄၇)နှစ်မှကိုင်မိပြီး ဓါတ်လိုက်ခံနေရစဉ် သေဆုံးသူမှ တွန်းဖယ်ပေးခဲ့ရာ
၎င်းကိုပါ ဓါတ်လိုက်ခံရပြီး ဒဏ်ရာရရှိသေဆုံးခြင်းဖြစ်ကြောင်းနှင့်ကိုနိုင်ဝင်းမှာ
ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သုဝဏ္ဏနယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့် ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

အပြည့်အစုံသို့ »

ဗောတံတားတွင်ရပ်တန့်ထားသောယာဉ်ကို အရက်မူးနေသူမှ တက်ရောက် မောင်းနှင်သဖြင့် အရှိန်လွန်ကာ မြစ်ထဲသို့ကျသွားခဲ့ပြီး ဒဏ်ရာရ



၂၉.၆.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင် အမှတ်(၅)ဗောတံတား ပေါ်မှ ယာဉ်တစ်စီး ရန်ကုန်မြစ်အတွင်းပြုတ်ကျခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့အလုပ်သမားဖြစ်သူ ကျော်ဇင်(ခ)
ကျော်ဇင်စိုးသည် ပြုပြင်ဆဲ ဆူဇူကီးအမျိုးအစား မီးခိုးရောင်ယာဉ်အားမောင်းနှင်
လာပြီး အဆိုပါဗောတံတားတွင်ရပ်တန့်ကာ အပန်းဖြေနေစဉ် အနီးရှိအရက်မူး
နေသူ သာကေတမြို့နယ်နေ သန်းဇော်ဦး၊(၂၁)နှစ်မှ ၎င်းယာဉ်ကို တက်ရောက်
မောင်းနှင်းခဲ့သဖြင့် အရှိန်လွန်၍ မြစ်အတွင်းသို့ ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ မြစ်အတွင်းကျသွားခဲ့သဖြင့် ယာဉ်အနည်းငယ်ပျက်စီးပြီး သန်းဇော်ဦးတွင်
ပွန်းပဲ့နာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံတွင် အတွင်းလူနာ
(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် သန့်ဇော်ဦးအား ဆိပ်ကမ်းမြို့မရဲစခန်းယာဉ်
(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

တောဆင်ရိုင်းမှနှာမောင်း ဖြင့်ရစ်ပတ်ကာ ကိုင်ပေါက်ခံရ၍ အမျိုးသမီး(၁)ဦး သေဆုံး


၂၇.၆.၂၀၁၄ ရက်နေ့ ၀၆၀၀ အချိန် တိုက်ကြီးမြို့နယ်၊ ဥက္ကံရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်
 တိုက်ကြီး မြို့နယ်၊ ချောင်းစောက်ကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာရှိ ကျွန်းစိုက်
ခင်းတောစပ်လျှိုအနီးတွင် အမျိုးသမီးတစ်ဦးကိုတောဆင်ရိုင်း(၁)ကောင်မှ နှာမောင်းဖြင့်ရစ်ပတ်ကာ ကိုင်ပေါက်ခံရကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ကျွန်းစိုက်ခင်းခြံစောင့်ဖြစ်သူ ချောင်းစောက် ကျေးရွာနေ ဦးအောင်ဒင်၏ဇနီး ဒေါ်သေးတင်၊ (၆၁)နှစ်မှာ ၀မ်းဗိုက်ပေါက်ထွက်၊ ခါးရိုးကျိုး၊ ၀ဲလက်ကျိုးဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၆.၆.၂၀၁၄ရက်နေ့၁၈၃၀အချိန်ခန့်တွင် သေဆုံးသူနှင့် ခင်ပွန်းဖြစ်သူ တို့မှာ အဆိုပါတောထဲရှိသစ်ပင်ပေါ်၌ပြုလုပ်ထားသော လင့်စင်ပေါ်တွင်ရှိနေစဉ် တောဆင်ရိုင်း(၁)ကောင်ရောက်ရှိလာပြီးလင့်စင်ထိုးထားသည့် သစ်ကိုင်းကိုဆွဲချသဖြင့် သေဆုံးသူနှင့်ခင်ပွန်း ဖြစ်သူတို့မှာ အောက်သို့ပြုတ်ကျသွားခဲ့ကြောင်း၊

 တောဆင်ရိုင်းမှသေဆုံးသူအား နှာမောင်းဖြင့် ရစ်ပတ်ကာ
ကိုင်ပေါက်ခဲ့ကြောင်း၊

ခင်ပွန်းဖြစ်သူဦးအောင်ဒင်မှာ လွတ်မြောက်သွားခဲ့ပြီး ၎င်းတွင်လည်း လင့်စင်ပေါ်မှပြုတ်ကျခဲ့သည့်အတွက် ရင်ပတ်နှင့်ညှပ်ရိုးပွန်းဒဏ်ရာ ယာဘက်နံရိုးနှင့်ပေါင်တို့တွင် နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း
သိရှိရပါသည်။

ယင်းသို့ ဒေါ်သေးတင် သေဆုံးခဲ့ရသည့်အတွက်ဥက္ကံနယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ခရီးသည်အမျိုးသား(၂)ဦးမှ အငှားယာဉ်မောင်း၏ငွေများကို လုယက်မှုဖြစ်


ရန်ကုန်၊ ဇွန် ၂၆

၂၅.၆.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ညောင်တုန်း
ကားလမ်း၊ အစုကြီးကျေးရွာအနီးတွင်အငှားယာဉ်မောင်းထံမှငွေများအားခရီးသည်
အမျိုးသား(၂)ဦးမှ လုယက်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ဦးမိုးအောင်ဇော်၊ (၄၀)နှစ်
သည် ၎င်း၏အငှားယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးဝင်းရှေ့၌ ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသားလူငယ်(၂)ဦးမှ ထန်းတပင်မြို့နယ်သို့
ငွေကျပ်(၅၀၀၀)ဖြင့်ငှားရမ်းခဲ့၍ လိုက်ပို့ပေးခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ ရန်ကုန် -ညောင်တုန်းလမ်း၊ အစုကြီးကျေးရွာထိပ်အနီးအရောက် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူလူငယ်မှ အပေါ့သွားမည်ပြောသဖြင့် ယာဉ်အားခေတ္တရပ်ပေးခဲ့ပြီး ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ ဓါတ်တိုင်(၂)တိုင်ခန့်အရောက်တွင် ယာဉ်
ရှေ့ခန်းရှိလူငယ်မှလည်း အပေါ့သွားလိုကြောင်းပြောသဖြင့် ယာဉ်အားရပ်ပေး
ခဲ့ပြီး ပြန်တက်လာစဉ် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့်လူငယ်မှ ၎င်း၏
လည်ပင်းအား သိုင်းဖက်၍ချုပ်ထားကာ ယာဉ်ရှေ့ခန်းရှိလူငယ်မှ ၎င်း၏လက်အား ဆွဲကိုက်ခဲ့ကြောင်း၊ ၎င်းမှရုန်းကန်စဉ် ယာဉ်နောက်ခန်းရှိလူငယ်မှအိတ်ကပ်
အတွင်းရှိ ငွေ(၂၁၀၀၀)ကျပ်အားလုယူခဲ့၍ သံတုတ်ဖြင့်ရိုက်မည်ပြုရာ လူငယ်
(၂)ဦးမှာ ယာဉ်ပေါ်မှဆင်းပြေးသွားခဲ့ပါသည်။

ထို့နောက် ဦးမိုးအောင်ဇော်မှ ဒဂုံ-ဧရာအဝေးပြေးဂိတ်ရှိ သူငယ်ချင်းများအား သွားရောက်ခေါ်ဆောင်ပြီး တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဆိုပါလူငယ်(၂)ဦးအားလိုက်လံရှာဖွေရာ ယာဉ်ရှေ့ခန်းတွင်လိုက်ပါခဲ့သူ လူငယ်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ လှိုင်သာယာမြို့နယ်၊
(၈)ရပ်ကွက်နေ ပိုင်မင်းလွင်၊ (၁၈)နှစ်၊ (ဘ)ဦးသိန်းစိုးဖြစ်ကြောင်းသိရှိရပြီး ထွက်ပြေးသွားသူမှာ ၎င်းနှင့် ယောက္ဖတော်စပ်သူ ကောင်းခန့်ဇော်၊ (၂၅)နှစ်
ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းတို့(၂)ဦးအား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၈၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူကာ ထွက်ပြေးတိမ်းရှောင်သွားသူ
ကောင်းခန့်ဇော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

အပြည့်အစုံသို့ »

ဈေးဝယ်နေသူ အမျိုးသမီး၏စလင်းဘက်အိတ်အတွင်းမှ ငွေများနှိုက်ယူနေသည့် ခါးပိုက်နှိုက် အမျိုးသမီးတစ်ဦးဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များဖမ်းဆီးအရေးယူနိုင်ရေးအတွက်
၂၁.၆.၂၀၁၄ ရက်နေ့တွင် လသာမြို့နယ်၊ (ဂ) ရပ်ကွက်၊ သိမ်ကြီးဈေး(ဒီ)ရုံရှေ့၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စောင့်ကြည့်နေစဉ် ၁၀၁၀ အချိန်ခန့်၌ သိမ်ကြီးဈေး(ဒီ)ရုံရှေ့
မုန့်ဆိုင်တန်းဝင်ပေါက်အနီးတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး
မြို့နယ်နေ မစန်းအေး၊ (၃၈)နှစ်၊ (ဘ)ဦးကျော်သောင်းမှ ဈေးဝယ်နေသူ အမျိုးသမီးတစ်ဦးလွယ်ထားသော စလင်းဘက်အိတ်အားဇစ်ဖွင့်၍ အတွင်းမှငွေကျပ် (၂၂၀၀၀)ကို နှိုက်ယူနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိသဖြင့် ၎င်းအား လသာမြို့မရဲစခန်း(ပ)၁၉၁/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ကလေးငယ်တစ်ဦး ဆော့ကစားရာမှ ရေမြောင်းအတွင်းကျပြီး ရေနစ်သေဆုံး


ရန်ကုန်၊ ဇွန် ၁၉

၁၈.၆.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၁၆၃၀ အချိန်ခန့်က ၎င်းကလေးငယ်၏မိခင်သည် တစ်ရပ်ကွက်တည်းနေ အဒေါ်ဖြစ်သူ၏နေအိမ်သို့ ကလေးငယ်နှင့်အတူသွားရောက်ခဲ့ပြီး လူကြီးများမှာ စကားပြောနေခဲ့ကြောင်း၊ ထိုစဉ် ကလေးငယ်မှာခြံဝင်းအတွင်း၌ဆော့ကစားနေ
ခဲ့ကြောင်း၊ ခဏအကြာတွင် ကလေးငယ်အားမတွေ့ရှိသဖြင့် လိုက်လံရှာဖွေရာမှ ၎င်းနေအိမ်ရှေ့ရှိ အကျယ်(၈)ပေ၊ အနက်(၄)ပေခန့်ရှိသော ရေမြောင်းအတွင်းသို့
ကျနေသည်ကို တွေ့ရှိရ၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့အပ်စဉ်
သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းမိန်းကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

လင်မယားချင်းစကားများနေသည်ကို တစ်လမ်းတည်းနေသူမှ ဆူညံသည်ဟု ပြောဆိုသဖြင့် ခိုက်ရန်ဖြစ်ပွားစဉ် ဓါးဖြင့်ထိုးခဲ့၍ ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ




ရန်ကုန်၊ ဇွန် ၁၇

၁၆.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး
ကျေးရွာနေ ဆယ်အိမ်မှူး ဦးမြင့်လွင်သည် မင်္ဂလာဒုံမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်
များနှင့်အတူလှည့်ကင်းလိုက်ပါဆောင်ရွက်နေစဉ် သင်္ဃန်းကျွန်းကြီးကျေးရွာ၊
အောင်မင်္ဂလာ(၁)လမ်း၌ ဓါးထိုးမှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်
စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ အဆိုပါလမ်းမပေါ်တွင် သင်္ဃန်းကျွန်းကြီးကျေးရွာ
နေ ဒေါ်မြင့်မြင့်စိုး(၃၁)နှစ်အား ကျောကုန်းယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာမျက်ခုံးပွန်းခြစ်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးစောမင်း(၅၆)နှစ်တွင် ၀ဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်နံစောင်း
ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်မြင့်မြင့်စိုးအားမေးမြန်းရာ ၂၂၀၀ အချိန်ခန့်က
၎င်းတို့လင်မယား(၂)ဦး နေအိမ်၌ စကားများနေစဉ် တစ်လမ်းတည်းနေ
ရဲလေး(ခ)ရဲလင်းအောင်(၂၀)နှစ်၊ (ဘ)ဦးဌေးအောင်မှာ နေအိမ်ရှေ့သို့
ရောက်ရှိလာကာ ဆူညံသည်ပြောဆိုရာမှ ခင်ပွန်းဖြစ်သူနှင့် စကားများခဲ့
ကြောင်း၊ ခင်းပွန်းဖြစ်သူမှ နေအိမ်ရှေ့သို့ တုတ်ဖြင့်ထွက်ရိုက်ခဲ့ရာ ရဲလေး
(ခ)ရဲလင်းအောင်မှ အသင့်ယူဆောင်လာသော အရိုးအသွား(၈)လက်မ
ခန့်ရှိဓါးဖြင့် ခင်ပွန်းဖြစ်သူအားထိုးခဲ့၍ ၎င်းမှ ၀င်ရောက်တားမြစ်ခဲ့ကြောင်း၊ ထိုကဲ့သို့ဝင်ရောက်တားမြစ်စဉ် ရဲလင်းအောင်မှ ၎င်းကိုလည်းဓါးဖြင့်ထိုးခဲ့၍
ဒဏ်ရာများရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ရဲလေး(ခ)ရဲလင်းအောင်အား အရေးယူပေးပါရန်
ဆယ်အိမ်မှူး ဦးမြင့်လွင်မှ တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)
၂၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

အပြည့်အစုံသို့ »

ဖုန်းဆိုင်အတွင်းမှ ပစ္စည်းများဝင်ရောက်ခိုးယူခဲ့သူများကို စုံစမ်းဖော်ထုတ် အရေးယူ



ရန်ကုန်၊ ဇွန် ၁၆

၁၂.၆.၂၀၁၄ ရက်နေ့ ၀၆၄၅ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ
ကိုရဲဇော်အောင်သည် ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်
တွင်ဖွင့်လှစ်ထားသော ၎င်းပိုင် မိုဘိုင်းဖုန်းဆိုင်၏တံခါးပွင့်နေကြောင်း
ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ မှန်ဗီရိုအတွင်းမှ ဟန်းဆက်မျိုးစုံ
အလုံး(၂၀)၊ တက်ဘလက်(၂)လုံး၊ ငွေဖြည့်ကတ်များနှင့် ဆင်းကတ်(၃)ကတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၇၀၉၅၀၀)မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မရဲစခန်း
(ပ)၃၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ခိုးမှုပြစ်ချက်ဟောင်းရှိသူ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်နေ မောင်ချစ်(ခ)
မောင်မာင်ချစ်၊ (၂၀)နှစ်၊ (ဘ)ဦးလှဝင်းနှင့် ဇင်ကိုဦး၊ (၂၅)နှစ်၊ (ဘ)ဦးမျိုးမြင့်တို့
(၂)ဦးမှာ ဟန်းဆက်များနှင့် ငွေဖြည့်ကတ်များလိုက်လံရောင်းချ နေပြီး ခိုးမှု
ကျူးလွန်ထားကြောင်း မသင်္ကာဖွယ်သတင်းအရစုံစမ်းခဲ့ရာ ၁၃.၆.၂၀၁၄ ရက်နေ့
၁၉၀၀ အချိန်တွင် ၎င်းတို့(၂)ဦးကို အင်းစိန်မြို့နယ်၊ ပိတောက်(၁)လမ်းပေါ်တွင်
တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးရာ ပိုင်ပိုင်၊ အာနိုးဆိုသူတို့နှင့်(၄)ဦးအတူ ၁၂.၆.၂၀၁၄
ရက်နေ့ ၀၂၀၀ အချိန်ခန့်က အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းအတိုင်း
လမ်းလျှောက်လာစဉ် မိုးရွာသဖြင့် အခင်းဖြစ်ဖုန်းဆိုင်ရှေ့၌ မိုးခိုခဲ့ကြပြီး ဆိုင်အတွင်းမှပစ္စည်းများခိုးယူရန်တိုင်ပင်ခဲ့ကြကာ ဆိုင်ရှေ့သစ်သားတံခါးမကြီး
အားဖွင့်၍ အမှုမှပျောက်ဆုံးပစ္စည်းများအား ၀င်ရောက်ခိုးယူခဲ့ကြကြောင်း
ပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့ထံမှ အမှုမှပါဆုံးသွားသော ပစ္စည်းအချို့အားပြန်လည်သိမ်းဆည်းရမိ
ခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ပိုင်ပိုင်နှင့် အာနိုးတို့အား ဖမ်းဆီးရမိရေး စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

ယာဉ်တိုက်မှုကြောင့် ယာဉ်(၇)စီးပျက်စီးပြီး လူ (၇)ဦးဒဏ်ရာရ


ရန်ကုန်၊ ဇွန် ၁၅

၁၄.၆.၂၀၁၄ ရက်နေ့ ၁၇၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း အတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၄က/----

အပြည့်အစုံသို့ »

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဘိုးပိုင်တွင်းထဲသို့ဖိနပ်ကျသွား သဖြင့် ဆင်းကောက်ရာမှ ဘားကပ်နှင့်ရိုက်မိခဲ့၍ ဒဏ်ရာရသေဆုံး


၁၃.၆.၂၀၁၄ရက်နေ့၁၅၀၀အချိန် ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသားတစ်ဦး သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
အောင်သီဟ (၂၁)နှစ်၊ ကျုံပျော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူ
ဖြစ်ပြီး ၎င်းတွင် ဝဲခါးရိုးဖူးရောင်ဒဏ်ရာရရှိကာ ထားသည်ကိုတွေ့ရှိ
ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၀)ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်
နေစဉ် ၎င်းစီးထားသောဖိနပ်မှာ တူးလက်စ ဘိုးပိုင်တွင်းထဲသို့ကျသွား
ခဲ့သဖြင့် ဆင်းကောက်ပြီး ပြန်အတက်တွင် ၎င်း၏ခါးအား ဘိုးပိုင်စက်မှ
ဘားကပ်(တွင်းတူးကိရိယာ)နှင့် ရိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့၍ ရန်ကုန်
ဆေးရုံကြီးသို့ပို့အပ်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄) ဖြင့်ရေး ဖွင့်စစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

လှော်ကားဘူတာဈေးအနီးတွင် အမျိုးသားတစ်ဦးရိုက်နှက်ခံရ သဖြင့် သေဆုံး


ရန်ကုန်၊ ဇွန် ၁၄

၁၃.၆.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်ကွက်၊
လှော်ကားဘူတာဈေးအနီး မြို့ပတ်လမ်းဘေးတွင် အမျိုးသား
တစ်ဦးမှာ ရိုက်နှက်ခံရ ကြောင်း သတင်းအရသွားရောက်စစ်ဆေး
ခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ မြို့ပတ်လမ်းနှင့်ကိုက်(၅၀)ခန့်
အကွာရှိ ရေကန်ဘောင်ပေါ်တွင် အသက်(၃၀)နှစ်ခန့်ရှိ အမည်မသိ
အမျိုးသားတစ်ဦးမှာ ဦးခေါင်းယာဘက်ပေါက်ပြဲ၊ ၀ဲမျက်ခမ်းပေါက်ပြဲ
ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူအား အမျိုးသား(၂)ဦးမှ ၀ိုင်းဝန်း
ရိုက်နှက်ခဲ့ကြပြီး အနီးရှိ ရေကန်ဘောင် ပေါ်သို့တွဲခေါ်သွားကာ ပစ်ချထားခဲ့ကြောင်းသိရှိရသဖြင့် ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ
ရိုက်နှက်သူ အမျိုးသား(၂)ဦးမှာရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့်
ကျော်နိုင်ညွန့်(ဘ)ဦးမောင်ညွန့်နှင့် ကျားကြီး (ဘ)ဦးသန်းဝင်းတို့
ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းအမျိုးသားသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်၊ လှော်ကား
နယ်မြေရဲစခန်း (ပ)၁၆၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်
ကာ ပြစ်မှုကျူးလွန်သူ ကျော်နိုင်ညွန့်နှင့် ကျားကြီးတို့(၂)ဦးကို ဖမ်းဆီး
ရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

စည်းကမ်းမဲ့မော်တော်ယာဉ် တိုင်ကြားသူ၏ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဟု ဆို



(ရန်ကုန် ဇွန် ၁၄)

စည်းကမ်းမဲ့မော်တော်ယာဉ် အားဖေစ့်ဘုတ် ၀က်ဘ်ဆိုဒ် မှ တိုင်ကြားရာတွင်
တိုင်ကြားသူ၏ လုံခြုံရေးအတွက် ကိုယ်ရေး အချက်အလက် များကို လျှို့ဝှက်ပေးထားမည်ဟု အမှတ်(၂)ယာဉ်ထိန်းရဲ ရုံးမှဒုရဲမှုးကြီး ဦးလင်းထွဋ် ကပြော သည်။

“တိုင်ကြားသူအတွက် လုံခြုံရေးကိုတာဝန်ယူမှာပါ၊ ဒီလိုသတင်းပေးတဲ့ လူ ရဲ့ နာမည်(သို့) အကောင့် ကိုပေါက်ကြား သွားမယ်ဆိုရင် အကိုတို့ မှာ တာဝန် ရှိပါတယ်”ဟုဒုရဲမှူးကြီးဦးလင်းထွဋ်ကပြောသည်။

ထို့ ပြင် အဆိုပါ တိုင်ကြားသူ၏ သတင်းပေးမှုမှာ မှန်မှန်ကန်ကန်ဖြစ်ပြီး သတင်းပေးမှု များလာပါက ဆုချီးမြှင့်ရန် တင်ပြထားကြောင်း ၄င်းက ထပ်ပြောသည်။

လက်ရှိတွင် အဆိုပါ စည်းကမ်းမဲ့ မောင်းနှင်သောယာဉ် များအား တိုင်ကြားမှု မှာ နည်းနေပြီးပြည်သူများ မပူးပေါင်းပါ ၀င် ကူညီပေးပါက စည်းကမ်းမဲ့ ယာဉ်များကို ပိုမိုအရေးယူနိုင်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

စည်းကမ်းမဲ့ မော်တော်ယာဉ် များအားယာဉ်ထိန်း ရဲတပ်ဖွဲ့ ၏ ၀က်ဘ်ဆိုဒ်ဖြစ် သည့် Yangon Traffic Police ဆိုဒ်မှ တိုင်ကြားပေးရန်ကြေငြာ ထားပြီး အဆိုပါ တိုင်ကြားသူ၏ ဖေစ့်ဘုတ်ကဲ့သို့ သော လူမှုဆက်ဆံရေး ဆိုဒ် များ၏ လုံခြုံ ရေးအတွက် အမှတ်(၂) ယာဉ်ထိန်းရဲ ရုံးမှတာဝန် ယူမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

စည်းကမ်းမဲ့ ယာဉ်များ အား တိုင်ကြားရာတွင် တိုင်ကြားမှုအား စစ်ဆေးပြီး မှန်ကန်ပါက အမြန်ဆုံး အရေးယူသွားမည် ဟုဒုရဲမှုးကြီး ဦးလင်းထွဋ် ကပြောသည်။

ဇေဝေယံ
popular myanmar


အပြည့်အစုံသို့ »

စည်းကမ်းမဲ့ယာဉ်များအား Facebook မှ တစ်ဆင့် တိုင်ကြားနိုင်ပြီ



မြန်မာတစ်နိုင်ငံလုံးရှိ စည်းကမ်းမဲ့ယာဉ်များအား လူမှုကွန်ရက် facebook  မှတစ်ဆင့်တိုင်ကြားနိုင်ပြီး တစ်လအတွင်း အရေးယူပေးသွားမည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးလင်းထွတ်က ပြောသည်။ အဆိုပါ တိုင်ကြားမှုကို ယခုလမှ စတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ Yangon Traffic Police ဖေ့စ်ဘွတ် စာမျက်နှာတွင် ဝင်ေ ရာက် တိုင်ကြားနိုင်ကြောင်း ၎င်းကပြောသည်။

”နှစ်ကုန်မှ အရေးယူတဲ့စနစ်မျိုး မဖြစ်ရအောင် တစ်လတစ်ခါ လုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း သက်ဆိုင်ရာဌာနတွေ CNG ဆိုင်တွေ ပူးပေါင်းေ ဆာင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ CNG ဆိုင်များနှင့် ညှိနှိုင်းမှုတွင် CNG  လာရောက်ထည့်မည့် ကားများသည် ရဲမှုခင်းကင်းရှင်းပြီးမှသာ CNG ထည့် ခွင့်ပြု မည့်စနစ်ကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စည်းကမ်းမဲ့ မဆင်မခြင်မောင်းနှင်မှုများကိုလည်း ယာဉ်စည်းကမ်းပုဒ်မ အပြင် သက်သေ ခိုင်လုံမှု ရှိပါ က ထောင်ကျနိုင်သည့်ပုဒ်မများဖြင့် တရားစွဲဆိုအရေး ယူနိုင်ခြင်းမျိုး ဖြစ်အောင် လုပ်ဆောင် ရန်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

”ရိုးရိုး ယာဉ်စည်းကမ်းပုဒ်မအရဆိုရင်တော့ ဒဏ်ငွေ ၁၅ဝဝ လောက်နဲ့ ပြီးမှာပါ။ မဆင်မခြင် မောင်းတဲ့အမှုဆိုရင်တော့ ပုဒ်မ ၂၇၉ စတဲ့ လူသက်သေ၊ ပစ္စည်း သက်သေ နဲ့ ထောင်ဒဏ် တစ်နှစ်လောက်အထိ ကျသွားနိုင်ပါတယ်” ဟု အရေးယူမှုနှင့် ပတ်သက်၍ ၎င်းက ပြောသည်။ အဆိုပါ စည်းကမ်းမဲ့ မောင်းနှင်မှု၊ ရပ်နားမှုပြု သည့် ယာဉ်များ အား တိုင် ကြားနိုင်သည့်ဆိုဒ်တွင် စည်းကမ်းနှင့် ပတ်သက်သည့် ဆောင်ပုဒ်များ၊ ယာဉ် တိုက်မှုဖြစ်စဉ်များ၊ မဆင်မခြင် မောင်း နှင် မှုကြောင့် ဖြစ်ပွားခဲ့ သည့် ဖြစ်ရပ်များ၊ သ တင်းများ၊ အရေးယူမှုများကို CCTV မှတ်တမ်းဖြင့် ရိုက်ကူးထားမှုများကို ဖော်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့မှ သိရသည်။

PN-052

popular Journal

အပြည့်အစုံသို့ »

ကားပေါ်တက် ဆန္ဒပြသည်ဆိုသော အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်


ဓာတ်ပုံ- Yangon Traffic Police




ယမန်နေ့က ပြည်လမ်း အေဒီမီးပွိုင့်တွင် ကားများပိတ်ဆို့နေစဉ် ကားတစ်စီးခေါင်မိုးပေါ်သို့တက်ကာ ဆန္ဒပြသည်ဆိုသော အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး ကားများပိတ်ဆို့နေစဉ် ယင်းအမျိုးသမီးသည် သူကိုယ်တိုင်မောင်းနှင်လာသည့် မော်တော်ယာဉ်ကို မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ် အေဒီမီးပွိုင့်ထိပ်တွင်ရပ်ကာ လမ်းပိတ်ရပ်ထားခဲ့ကြောင်း၊ ထို့အပြင် အခြားယာဉ်များ၏ ဝိုက်ဘာအား ဆွဲလှန်ခြင်း၊ ကားတံခါးများအား လက်ဖြင့်ပုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး မီးနီတွင်ရပ်နေသည့် အနက်ရောင်ယာဉ်ပေါ်သို့တက်ခြင်း၊ ယာဉ်အတွင်းသို့ တံခါးဆွဲဖွင့်ဝင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓါတ်ပုံ ဟန်နီမောင်မောင်

အဆိုပါအမျိုးသမီးကို မရမ်းကုန်းရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာ စကားပြောဆိုခြင်းမရှိ၍ ၎င်း၏ဖခင်အား ခေါ်ယူမေးမြန်းရာတွင် လှိုင်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး စိတ်ကြွ/စိတ်ကျရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သူမ၏ဆရာဝန်နှင့် ဖခင်တို့၏ပြောကြားချက်များကို ကိုးကားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးရေထဲတွင် ကားခေါင်မိုးပေါ်၌ တက်ရောက်နေထိုင်သည့် ယင်းအမျိုးသမီး၏ ဓာတ်ပုံများသည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုသူများအကြား ဇွန်လ ၁၂ ရက်တွင် ရေပန်းအစားဆုံးပုံ ဖြစ်ခဲ့သည်။ ၎င်းကို ယာဉ်ကြောပိတ်သောကြောင့် ဆန္ဒပြသောသူဟု အများစုက ယူဆခဲ့ကြသည်။


7day daily

အပြည့်အစုံသို့ »

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်




၁၂.၆.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့ရှိ နေအိမ်များ၊ အဆောက်အဦများ၊ ကျောင်းများနှင့် လမ်းမများတွင် ရေလွှမ်းမိုးမှုများ
ဖြစ်ပွားခဲ့ပါသည်။

ယင်းကဲ့သို့ ရေလွှမ်းမိုးမှုများကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၆)ရပ်ကွက်တွင် ရေအနက်(၄)ပေခန့်ထိ မြင့်တက်ခဲ့ရာ ၎င်းရပ်ကွက်ရှိ နေအိမ်(၅၀)လုံးမှာ ကြမ်းခင်းများနစ်မြုပ်ခဲ့ကြောင်း၊ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်တွင် ရေအမြင့်(၂)ပေခန့်ထိ
မြင့်တက်ခဲ့ရာ အိမ်ခြေ(၁၈၀)လုံးမှာ ရေ၀င်နစ်မြုပ်ခဲ့ကြောင်းနှင့် ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများမှ ရေစီးရေလာ
ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

အလားတူ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ အမက
(၁၇)ကျောင်း၊ ၃/ရန်ပြေရပ်ကွက်ရှိ အမက(၃၉)ကျောင်း၊
လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်ရှိ အလက(၈)ကျောင်းနှင့်
အမှတ်(၁၈)ရပ်ကွက်ရှိ အလက(၁၂)ကျောင်းများတွင် စာသင်ခန်း
များအတွင်းသို့ ရေအနည်းငယ်ဝင်ရောက်ခဲ့သဖြင့် စာသင်ချိန်
နေ့တစ်ဝက်ခန့်သင်ကြားခဲ့ပြီး အချိန်စော၍ကျောင်းဆင်းပေးခဲ့
ကြောင်း သိရှိရပါသည်။

ထို့ပြင် ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ခြောက်ထပ်ကြီး
ရွှေသာလျောင်းဘုရား အရှေ့ဘက် မုခ်စင်္ကြန်လမ်း အလျားပေ(၄၀)၊ အနံ(၁၇)ပေ၊ အမြင့်(၁၂)ပေရှိ အင်္ဂတေလျှောက်လမ်းမှာ မြေသား အိကျသွားမှုကြောင့် ကွဲအက်သွားခဲ့ပြီး စင်္ကြန်လမ်းအနီးရှိ ကွန်ပျူတာဆိုင်နောက်ကျောနံရံမှာ ပြိုကျခဲ့ကြောင်း၊ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ သရဖီလမ်းနှင့် စံပယ်လမ်းထောင့်ရှိ နေအိမ်ရှေ့တွင်
ကာရံထားသော အရှည်ပေ(၅၀)၊ အမြင့်(၆)ပေခန့်ရှိ ခြံစည်းရိုး
အုတ်တံတိုင်းမှာ ခြံဝင်းအတွင်းဘက်သို့ ပြိုကျသွားခဲ့ကြောင်း၊ ယင်းသို့ပြိုကျခဲ့မှုများကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

လမ်းလျှောက်နေသူ အမျိုးသမီး၏ ငွေအိတ်အား လုယူထွက်ပြေးသူကို ဖမ်းဆီးရမိ


၁၀.၆.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် မဇင်မာလင်းသည် ရိုးမဘဏ်တံဆိပ်ပါ ကြွပ်ကြွပ်အိတ် အတွင်းငွေကျပ် (၁၀)သိန်း ထည့်ကာ မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ငုဝါလမ်း အတိုင်းလမ်းလျှောက်နေစဉ် ၎င်း၏လက်တွင်ဆွဲလာသော ငွေအိတ်အား အမျိုးသားတစ်ဦးမှ လုယူထွက်ပြေးသွားခဲ့ ပါသည်။

ထိုသို့လုယူထွက်ပြေးသွားသူကို ပတ်ဝန်းကျင်ရှိပြည်သူများနှင့် ဘုရင့်နောင်ရဲစခန်းမှလှည့်ကင်းတပ်ဖွဲ့ဝင်တို့မှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ လုယူသွားသောငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ နဂေးမီးယား(ခ)မုန်တိုင်း (၄၃)နှစ်၊ ကျိုက်လတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူဖြစ်ကြောင်းသိရှိရပါသည်။

ထိုသို့ပြစ်မှုကျူးလွန်သူ နဂေးမီးယား(ခ)မုန်တိုင်းအား မရမ်းကုန်း မြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၂၁၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

အပြည့်အစုံသို့ »

ဇနီးဖြစ်သူအား ကိုယ်ထိလက်ရောက်ရန်ပြုသူကို ခင်ပွန်းဖြစ်သူမှ ထိုးကြိတ်ခဲ့သဖြင့် သေဆုံး



ရန်ကုန်၊ ဇွန် ၁၀

၉.၆.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန် လသာမြို့နယ်နေ ကိုနန္ဒကျော်
သည် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးတွင် မဆုပြည့်ဝင်း
အား မူးယစ်ပြီးကိုယ်ထိလက်ရောက်စော်ကားရန်ပြုခဲ့ကြောင်း၊ ထိုသို့ရန်ပြုသည်ကို မဆုပြည့်ဝင်း၏ ခင်ပွန်း ဖြစ်သူ နိုင်ကိုကို မှမကျေနပ်သဖြင့် ကိုနန္ဒကျော်အား ရင်ဘတ်ဆောင့်တွန်းကာ
ထိုးကြိတ်ခဲ့သောကြောင့် ကိုနန္ဒကျော်တွင် နှာခေါင်းသွေးထွက်၊ အပေါ်နှုတ်ခမ်းဖူးရောင်၊ ၀ဲဒူးပွန်း ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်
ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ်ကုသကာ ၂၂၀၀ အချိန်တွင်
နေအိမ်သို့ ပြန်လာခဲ့ကြောင်းသိရှိရပါသည်။

နေအိမ်သို့ရောက်ရှိပြီး ပက်လက်ကုလားထိုင်ပေါ်တွင်အိပ်ပျော်
နေ၍လှုပ်နှိုးရာ မရသဖြင့် ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ထပ်မံတင်ပို့ခဲ့ကြောင်း၊ ဆေးရုံအရောက်တွင် ကိုနန္ဒကျော်မှာ သေဆုံးနေသည်ကိုသိရှိရသဖြင့် နိုင်ကိုကိုအား
အရေးယူပေးရန် ကိုနန္ဒကျော်၏အစ်မဖြစ်သူ ဒေါ်လီလီမှ တိုင်တန်း
လာခဲ့ပါသည်။

တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူ နိုင်ကိုကို၊ (၂၃)နှစ်၊
(ဘ)ဦးမျိုးညွန့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၃၆၉/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »