Showing posts sorted by relevance for query dvb. Sort by date Show all posts
Showing posts sorted by relevance for query dvb. Sort by date Show all posts

ခြံပိုင်ဆိုင်ခွင့်အတွက် သက်သေနှင့် မှတ်တမ်းအတုများ အသုံးပြု၍ တရားစီရင်ရေးစနစ်အတွင်းလုပ်ဆောင်ပုံ အကြောင်းအရာများကို DVB က မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုအား ရှင်းလင်း


ဘိန်းဘုရင်အဖြစ် နာမည်ကျော်ခဲ့သူ လော်စစ်ဟန်၏ တူတော်စပ်သူဟုဆိုသည့် လီယွန်းကျင်ဆိုသူ ၀ယ်ယူခဲ့သည့် ကျပ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိသည့် လှည်းကူးမြို့နယ်၊
ကျွန်းကလေးကျေးရွာရှိ ခြံကွက် နှစ်ကွက်အား ဒေါ်လျောင်ငုတ်လင်(ခ) ဒေါ်စန်းစန်းရီဆိုသူက သက်သေနှင့် အထောက်အထားအတုများကို အသုံးပြု၍ ပိုင်ဆိုင်မှုရရန် လုပ်ဆောင်သည့်အကြောင်းအရာများကို ရိုက်ကူးထားသည့် “တရားမကြီး အမှုအမှတ် ၄၁၆ နှင့် ၄၁၇” စုံစမ်းထုတ်ဖော် ဗီဒီယိုမှတ်တမ်းအကြောင်း သတင်းစာရှင်းလင်းပွဲအား မေ ၈ ရက်က တာမွေမြို့နယ် နှင်းဆီလမ်းရှိ မြန်မာနိုင်ငံအခြေစိုက် DVB သတင်းဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းအား ရိုက်ကူးနိုင်ရန် DVB သတင်းဌာနက လေးလကျော် အချိန်ယူ ရိုက်ကူးခဲ့ကြောင်း သိရသည်။ DVB သတင်းဌာနက ရိုက်ကူးထားသည့် မှတ်တမ်းတွင် လီယွန်းကျင်ဆိုသူသည် ကိုးကန့် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ကိုးကန့်နယ်မြေအတွင်း အကြီးဆုံးဘိန်းချက် စက်ရုံအား တည်ဆောက်ခဲ့သူဖြစ်ကြောင်း စသည့်အချက်များအား လီယွန်းကျင်က ခန့်အပ်ခဲ့သည့် ခြံစောင့် ဦးဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရိုက်ကူးတင်ပြထားသည်။

လီယွန်းကျင်က ခြံနှစ်ခြံအား အခြားသူ၏ မှတ်ပုံတင်ဖြင့် ၀ယ်ယူခဲ့ကြောင်း အထောက်အထားများအပါအ၀င် DVB သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုအရ လီယွန်းကျင်ဆိုသူသည် လော်စစ်ဟန်၏ ကိုးကန့် လက်နက်ကိုင်တပ် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ၏ ဦးစီးကော်မတီဝင် ဖြစ်ကြောင်း ကိုးကန့်နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရယူထားစဉ် မှတ်ပုံတင်အတုဖြင့် ရန်ကုန်မြို့သို့ လာရောက်၍ ၁၉၉၇ ခုနှစ်က အဆိုပါ ၅ ဧကကျော်ရှိ ယင်းခြံကွက် နှစ်ကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် ကိုးကန့်အကြား ၂၀၀၈-၂၀၀၉ ခုနှစ်တွင်း ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ဟန်ရှိကြောင်း စသည့်အချက်အလက်များအား ရိုက်ကူးတင်ပြထားသည်။

အဆိုပါ ခြံနှစ်ခြံအား အမည်ပြောင်းရန် နှင့် ခြံစောင့် ဦးဝင်းထွန်းအား ထွက်သွားပေးရန် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ DVB သတင်းဌာနက ဒေါ်လျောင်ငုတ်လင်အား တွေ့ ဆုံကာ ဒေါ်လျောင်ငုတ်လင် တင်ပြသည့် အချက်များဖြစ်သည့် လီယွန်းကျင်နှင့် လက်ထပ်ပေါင်းသင်းခဲ့သည့် လက်ထပ်ကျမ်းကျိန်လွှာ၊ သေစာရင်း၊ ၁၉၇၈ ခုနှစ်တွင် လက်ထပ်ခဲ့သည်ဆိုသည့် ဖိတ်စာ၊ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံများ စသည့် အချက်အလက်များ မှန်ကန်မှုရှိ မရှိအား DVB သတင်းဌာနက စုံစမ်းဖော်ထုတ်ရာတွင် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီသည် အိမ်ထောင်မရှိသူ အပျိုကြီးတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ရိုက်ကူးဖော်ပြထားသည်။

DVB သတင်းဌာနက သေစာရင်း ထုတ်ပေးခဲ့သည့် စင်ကာပူနိုင်ငံရှိ ဆေးရုံ နှင့် စင်ကာပူနိုင်ငံလိပ်စာပါ လူနာနေအိမ်သို့ သွားရောက်မေးမြန်းရာ ဒေါ်လျောင်ငုတ်လင်(ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် သေစာရင်းမှာ လွဲမှားနေသည့် အချက်အလက်များစွာ ပါဝင်နေကြောင်း ရိုက်ကူးတင်ပြထားသည်။

ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် အချက်အလက်များမှာ မှတ်တမ်းအတုများသာဖြစ်ကြောင်း လီယွန်းကျင် ခြံဝယ်ယူရန် လာရောက်စဉ်က ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီမှာ စကားပြန်အဖြစ်သာ ပါဝင်ခဲ့ကြောင်း ပြောဆိုသည့် ကျွန်းကလေးကျေးရွာမှ တာဝန်ရှိသူ အပါအ၀င် ဒေါ်လျောင်ငုတ်လင်နှင့် သူမ၏ရှေ့နေများ၊ နေရာဌာနများစွာသို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကိုလည်း ရိုက်ကူးတင်ပြထားကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် တစ်ဖက်သတ် စီရင်ချက်အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဒေါ်လေးလေးမွန်သည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖြစ်နေကြောင်းနှင့် တရားလိုဘက်က တင်ပြထားသည့် သက်သေအထောက်အထားများနှင့် မှတ်တမ်းအတုများအပေါ် အခြေခံကာ တရားလိုကို တစ်ဖက်သတ် အနိုင်ဒီဂရီချပေးခဲ့ကြောင်း၊ သက်သေ အထောက်အထားများ မှန်ကန်မှုရှိ မရှိကို အလွယ်တကူလုပ်နိုင်သည့် စိစစ်မှုမျိုး လုပ်ရန်ကိုပင် တရားရုံးက ပျက်ကွက်ခဲ့ကြောင်း၊ အမှုစစ်ဆေးနေစဉ်ကာလအတွင်း တရားလိုတင်ပြသော အချက်အလက်များကို တန်ပြန်ချေပသူ မရှိဘဲဖြစ်ခဲ့ရကြောင်း DVB နှင့်သီးသန့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းတို့ကို DVB သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရားသူကြီး ဒေါ်လေးလေးမွန် နှင့်တွေ့ဆုံခဲ့သည်များကိုလည်း မှတ်တမ်း ဗီဒီယိုတွင် ဖော်ပြထားသည်။

DVB သတင်းဌာနအနေဖြင့် အဆိုပါအမှုအား ဖော်ထုတ်ရာတွင် တာဝန်ရှိသူအသီးသီးက ဖြေဆိုရန် ငြင်းပယ်ခြင်းများ ကြုံ တွေ့ခဲ့ရသည့်အတွက် မှတ်တမ်းဗီဒီယိုအား ခိုးပြီးရိုက်ကူးမှုများ ပြုလုပ်ခဲ့ရကြောင်း အများပြည်သူအကျိုးအတွက် အဆိုပါမတရားမှုအား ဖော်ထုတ်ရခြင်းဖြစ်ကြောင်းနှင့် ယခုဖော်ထုတ်သည့် အမှုတွဲမှာ တရားရုံးက အနိုင်ဒီဂရီ ချမှတ်ပြီးသည့် တရားစွဲမှုနှစ်ခုဖြစ်သော ၄၁၆ နှင့် ၄၁၇ ကိုသာ ဝေဖန်ခြင်းဖြစ်ကြောင်း ယခုအမှုမှာလည်း ပြီးပြတ်ခြင်းမရှိသေးဘဲ တရားမကြီးအမှု အမှတ် ၁၇ ဖြင့် ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ကြောင်း စသည့်အချက်များအား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဦးခင်မောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ တရားစီရင်ရေးစနစ်၏ လွဲမှားချွတ်ချော်မှုအား ထောက်ပြရခြင်းမှာ DVB သတင်းဌာန၏ မကွေးသတင်းထောက် ကိုဇော်ဖေ ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် မသက်ဆိုင်ကြောင်း ကိုဇော်ဖေ၏အမှုမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က တရားစွဲဆိုခံရခြင်းဖြစ်ပြီး ယခုခြံနှစ်ကွက်အမှုမှာ အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံရသည့် DVB သတင်းထောက် ကိုဇော်ဖေ စီရင်ချက်မချမီ ၂၀၁၃ ဒီဇင်ဘာလက စတင်စုံစမ်းဖော်ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း DVB သတင်းဌာနသည် Professional ပီသသည့် သတင်းဌာန တစ်ခုသာဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

ခြံစောင့်ဦးဝင်းထွန်းကလည်း အဆိုပါ ခြံကွက်နှစ်ကွက်၏ မူလပိုင်ရှင်ဖြစ်သူ လီယွန်းကျင်သည် လက်ရှိကာလအထိ သေသည်ရှင်သည်ဆိုသည့် အခြေအနေတစ်ခုခုအား သိရှိမှုမရှိကြောင်း ထိုသို့သော အခြေအနေတွင် တာဝန်ပေးအပ်ထားသည့် အလုပ်တာဝန်တစ်ခုအား ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လီယွန်းကျင်သည် ဘိန်းဘုရင် လော်စစ်ဟန်၏ တူဖြစ်သူဆိုခြင်း၊ လီယွန်းကျင် ပိုင်ဆိုင်သည့် မြေကွက်နှစ်ခုအား ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက ပိုင်ဆိုင်ရန် လုပ်ဆောင်နေခြင်းအပေါ် လော်စစ်ဟန်တို့ဘက်က တုန့်ပြန်မှုရှိ မရှိ စသည့် အချက်များအပေါ် EMG က မေးမြန်းရာတွင် လီယွန်းကျင်သည် လော်စစ်ဟန်၏ တူဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားများ၊ ယုံကြည်ရသည့် အထောက်အထားများ ရှိသည့်အတွက် DVB က ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ် စန်းစန်းရီက ခြံကွက်နှစ်ကွက်အား ပိုင်ဆိုင်ရန် လုပ်ဆောင်နေမှုအား လော်စစ်ဟန် ပြောနိုင်ခွင့်ရှိသည့် အနေအထားမဟုတ်၍ ၀င်ရောက်စွက်ဖက်မရကြောင်း ထို့ပြင် လီယွန်းကျင်က ခြံဝယ်ယူစဉ်ကလည်း မှတ်ပုံတင်အတုဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်နေကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ရှင်းလင်း ပြောကြားသည်။

ထိုသို့ ဖြစ်နေသည့် အနေအထားတစ်ခုတွင် သမ္မာန်စာဆင့်ဆိုသည့် အနေအထားများ၊ လင်မယားဖြစ်ကြောင်း ခိုင်လုံအောင် တင်ပြရန်လိုအပ်သည့် အနေအထားများ အချိန်ငါးလကျော်အတွင်း စစ်ဆေးခဲ့သည့် ၄၁၆ နှင့် ၄၁၇ အတွက် အမှန်တရားနှင့် ဝေးကွာသည့် အနေအထားတစ်ခု ဖြစ်နေကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ ဥပဒေပညာရှင် ဦးမောင်မောင်ဝင်း၏ ပြောကြားချက်များအရ သိရသည်။

(တရားလိုတင်ပြသည့် သေစာရင်းနှင့် DVB မှ ရရှိထားသည့် သေစာရင်းနှစ်ခု ကွဲလွဲနေပုံအား DVB ၏ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်)

Eleven Media Group
အပြည့်အစုံသို့ »

ခြံပိုင်ဆိုင်ခွင့်အတွက် သက်သေနှင့် မှတ်တမ်းအတုများ အသုံးပြု၍ တရားစီရင်ရေးစနစ်အတွင်းလုပ်ဆောင်ပုံ အကြောင်းအရာများကို DVB က မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုအား ရှင်းလင်း


တရားလိုတင်ပြသည့် သေစာရင်းနှင့် DVB မှ ရရှိထားသည့် သေစာရင်းနှစ်ခု ကွဲလွဲနေပုံအား DVB ၏ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်
ဘိန်းဘုရင်အဖြစ် နာမည်ကျော်ခဲ့သူ လော်စစ်ဟန်၏ တူတော်စပ်သူဟုဆိုသည့်  လီယွန်းကျင်ဆိုသူ ၀ယ်ယူခဲ့သည့် ကျပ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိသည့် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ ခြံကွက် နှစ်ကွက်အား ဒေါ်လျောင်ငုတ်လင်(ခ) ဒေါ်စန်းစန်းရီဆိုသူက သက်သေနှင့် အထောက်အထားအတုများကို အသုံးပြု၍ ပိုင်ဆိုင်မှုရရန် လုပ်ဆောင်သည့်အကြောင်းအရာများကို ရိုက်ကူးထားသည့် “တရားမကြီး အမှုအမှတ် ၄၁၆ နှင့် ၄၁၇” စုံစမ်းထုတ်ဖော် ဗီဒီယိုမှတ်တမ်းအကြောင်း သတင်းစာရှင်းလင်းပွဲအား မေ ၈ ရက်က တာမွေမြို့နယ် နှင်းဆီလမ်းရှိ မြန်မာနိုင်ငံအခြေစိုက် DVB သတင်းဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းအား ရိုက်ကူးနိုင်ရန် DVB သတင်းဌာနက လေးလကျော် အချိန်ယူ ရိုက်ကူးခဲ့ကြောင်း သိရသည်။ DVB သတင်းဌာနက ရိုက်ကူးထားသည့် မှတ်တမ်းတွင် လီယွန်းကျင်ဆိုသူသည် ကိုးကန့် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ကိုးကန့်နယ်မြေအတွင်း အကြီးဆုံးဘိန်းချက် စက်ရုံအား တည်ဆောက်ခဲ့သူဖြစ်ကြောင်း စသည့်အချက်များအား လီယွန်းကျင်က ခန့်အပ်ခဲ့သည့် ခြံစောင့် ဦးဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရိုက်ကူးတင်ပြထားသည်။

လီယွန်းကျင်က ခြံနှစ်ခြံအား အခြားသူ၏ မှတ်ပုံတင်ဖြင့် ၀ယ်ယူခဲ့ကြောင်း အထောက်အထားများအပါအ၀င် DVB သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုအရ လီယွန်းကျင်ဆိုသူသည် လော်စစ်ဟန်၏ ကိုးကန့် လက်နက်ကိုင်တပ် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ၏ ဦးစီးကော်မတီဝင် ဖြစ်ကြောင်း ကိုးကန့်နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရယူထားစဉ် မှတ်ပုံတင်အတုဖြင့် ရန်ကုန်မြို့သို့ လာရောက်၍ ၁၉၉၇ ခုနှစ်က အဆိုပါ ၅ ဧကကျော်ရှိ ယင်းခြံကွက် နှစ်ကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် ကိုးကန့်အကြား ၂၀၀၈-၂၀၀၉ ခုနှစ်တွင်း ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ဟန်ရှိကြောင်း စသည့်အချက်အလက်များအား ရိုက်ကူးတင်ပြထားသည်။

အဆိုပါ ခြံနှစ်ခြံအား အမည်ပြောင်းရန် နှင့် ခြံစောင့် ဦးဝင်းထွန်းအား ထွက်သွားပေးရန် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ DVB သတင်းဌာနက ဒေါ်လျောင်ငုတ်လင်အား တွေ့ ဆုံကာ ဒေါ်လျောင်ငုတ်လင် တင်ပြသည့် အချက်များဖြစ်သည့် လီယွန်းကျင်နှင့် လက်ထပ်ပေါင်းသင်းခဲ့သည့် လက်ထပ်ကျမ်းကျိန်လွှာ၊ သေစာရင်း၊ ၁၉၇၈ ခုနှစ်တွင် လက်ထပ်ခဲ့သည်ဆိုသည့် ဖိတ်စာ၊ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံများ စသည့် အချက်အလက်များ မှန်ကန်မှုရှိ မရှိအား DVB သတင်းဌာနက စုံစမ်းဖော်ထုတ်ရာတွင် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီသည် အိမ်ထောင်မရှိသူ အပျိုကြီးတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ရိုက်ကူးဖော်ပြထားသည်။

DVB သတင်းဌာနက သေစာရင်း ထုတ်ပေးခဲ့သည့် စင်ကာပူနိုင်ငံရှိ ဆေးရုံ နှင့် စင်ကာပူနိုင်ငံလိပ်စာပါ လူနာနေအိမ်သို့ သွားရောက်မေးမြန်းရာ ဒေါ်လျောင်ငုတ်လင်(ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် သေစာရင်းမှာ လွဲမှားနေသည့် အချက်အလက်များစွာ ပါဝင်နေကြောင်း ရိုက်ကူးတင်ပြထားသည်။

ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် အချက်အလက်များမှာ မှတ်တမ်းအတုများသာဖြစ်ကြောင်း လီယွန်းကျင်  ခြံဝယ်ယူရန် လာရောက်စဉ်က ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီမှာ စကားပြန်အဖြစ်သာ ပါဝင်ခဲ့ကြောင်း ပြောဆိုသည့် ကျွန်းကလေးကျေးရွာမှ တာဝန်ရှိသူ အပါအ၀င် ဒေါ်လျောင်ငုတ်လင်နှင့် သူမ၏ရှေ့နေများ၊ နေရာဌာနများစွာသို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကိုလည်း ရိုက်ကူးတင်ပြထားကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် တစ်ဖက်သတ် စီရင်ချက်အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဒေါ်လေးလေးမွန်သည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖြစ်နေကြောင်းနှင့် တရားလိုဘက်က တင်ပြထားသည့် သက်သေအထောက်အထားများနှင့် မှတ်တမ်းအတုများအပေါ် အခြေခံကာ တရားလိုကို တစ်ဖက်သတ် အနိုင်ဒီဂရီချပေးခဲ့ကြောင်း၊ သက်သေ အထောက်အထားများ မှန်ကန်မှုရှိ မရှိကို အလွယ်တကူလုပ်နိုင်သည့် စိစစ်မှုမျိုး လုပ်ရန်ကိုပင် တရားရုံးက ပျက်ကွက်ခဲ့ကြောင်း၊ အမှုစစ်ဆေးနေစဉ်ကာလအတွင်း တရားလိုတင်ပြသော အချက်အလက်များကို တန်ပြန်ချေပသူ မရှိဘဲဖြစ်ခဲ့ရကြောင်း DVB  နှင့်သီးသန့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းတို့ကို DVB သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရားသူကြီး ဒေါ်လေးလေးမွန် နှင့်တွေ့ဆုံခဲ့သည်များကိုလည်း မှတ်တမ်း ဗီဒီယိုတွင် ဖော်ပြထားသည်။

DVB သတင်းဌာနအနေဖြင့် အဆိုပါအမှုအား ဖော်ထုတ်ရာတွင် တာဝန်ရှိသူအသီးသီးက ဖြေဆိုရန် ငြင်းပယ်ခြင်းများ ကြုံ တွေ့ခဲ့ရသည့်အတွက် မှတ်တမ်းဗီဒီယိုအား ခိုးပြီးရိုက်ကူးမှုများ ပြုလုပ်ခဲ့ရကြောင်း အများပြည်သူအကျိုးအတွက် အဆိုပါမတရားမှုအား ဖော်ထုတ်ရခြင်းဖြစ်ကြောင်းနှင့် ယခုဖော်ထုတ်သည့် အမှုတွဲမှာ တရားရုံးက အနိုင်ဒီဂရီ ချမှတ်ပြီးသည့် တရားစွဲမှုနှစ်ခုဖြစ်သော ၄၁၆ နှင့် ၄၁၇ ကိုသာ ဝေဖန်ခြင်းဖြစ်ကြောင်း ယခုအမှုမှာလည်း ပြီးပြတ်ခြင်းမရှိသေးဘဲ တရားမကြီးအမှု အမှတ် ၁၇ ဖြင့် ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ကြောင်း စသည့်အချက်များအား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဦးခင်မောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ တရားစီရင်ရေးစနစ်၏ လွဲမှားချွတ်ချော်မှုအား ထောက်ပြရခြင်းမှာ DVB သတင်းဌာန၏ မကွေးသတင်းထောက် ကိုဇော်ဖေ ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် မသက်ဆိုင်ကြောင်း ကိုဇော်ဖေ၏အမှုမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က တရားစွဲဆိုခံရခြင်းဖြစ်ပြီး ယခုခြံနှစ်ကွက်အမှုမှာ အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံရသည့် DVB သတင်းထောက် ကိုဇော်ဖေ စီရင်ချက်မချမီ ၂၀၁၃ ဒီဇင်ဘာလက စတင်စုံစမ်းဖော်ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း DVB သတင်းဌာနသည် Professional ပီသသည့် သတင်းဌာန တစ်ခုသာဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

ခြံစောင့်ဦးဝင်းထွန်းကလည်း အဆိုပါ ခြံကွက်နှစ်ကွက်၏ မူလပိုင်ရှင်ဖြစ်သူ လီယွန်းကျင်သည် လက်ရှိကာလအထိ သေသည်ရှင်သည်ဆိုသည့် အခြေအနေတစ်ခုခုအား သိရှိမှုမရှိကြောင်း ထိုသို့သော အခြေအနေတွင် တာဝန်ပေးအပ်ထားသည့် အလုပ်တာဝန်တစ်ခုအား ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လီယွန်းကျင်သည် ဘိန်းဘုရင် လော်စစ်ဟန်၏ တူဖြစ်သူဆိုခြင်း၊ လီယွန်းကျင် ပိုင်ဆိုင်သည့် မြေကွက်နှစ်ခုအား ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက ပိုင်ဆိုင်ရန် လုပ်ဆောင်နေခြင်းအပေါ် လော်စစ်ဟန်တို့ဘက်က တုန့်ပြန်မှုရှိ မရှိ စသည့် အချက်များအပေါ်  EMG က မေးမြန်းရာတွင် လီယွန်းကျင်သည် လော်စစ်ဟန်၏ တူဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားများ၊ ယုံကြည်ရသည့် အထောက်အထားများ ရှိသည့်အတွက် DVB  က ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ် စန်းစန်းရီက ခြံကွက်နှစ်ကွက်အား ပိုင်ဆိုင်ရန် လုပ်ဆောင်နေမှုအား လော်စစ်ဟန် ပြောနိုင်ခွင့်ရှိသည့် အနေအထားမဟုတ်၍ ၀င်ရောက်စွက်ဖက်မရကြောင်း ထို့ပြင် လီယွန်းကျင်က ခြံဝယ်ယူစဉ်ကလည်း မှတ်ပုံတင်အတုဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်နေကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ရှင်းလင်း ပြောကြားသည်။

ထိုသို့ ဖြစ်နေသည့် အနေအထားတစ်ခုတွင် သမ္မာန်စာဆင့်ဆိုသည့် အနေအထားများ၊ လင်မယားဖြစ်ကြောင်း ခိုင်လုံအောင် တင်ပြရန်လိုအပ်သည့် အနေအထားများ အချိန်ငါးလကျော်အတွင်း စစ်ဆေးခဲ့သည့် ၄၁၆ နှင့် ၄၁၇ အတွက် အမှန်တရားနှင့် ဝေးကွာသည့် အနေအထားတစ်ခု ဖြစ်နေကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ ဥပဒေပညာရှင် ဦးမောင်မောင်ဝင်း၏ ပြောကြားချက်များအရ သိရသည်။

News Eleven
အပြည့်အစုံသို့ »

DVBသတင်းထောက်ကို မကွေးတရားရုံးက ထောင်တစ်နှစ်ချမှတ်


အေးမြင့်စန်း

ရန်ကုန်၊ မဇ္ဈိမ။ ။ DVB(Democratic Voice of Burma)၏ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)ကို ပိုင်နက်ကျူးလွန်မှု၊ ဝတ်တရားနှောက်ယှက်မှုများဖြင့် စွဲဆိုကာ ဧပြီလ ၇ရက်တွင် မကွေးတိုင်း တရားရုံးက ပုဒ်မနှစ်ခုပေါင်း ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်ဟု DVBသတင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မဇ္ဈိမကိုပြောသည်။

"အခုအပြစ်ပေးလိုက်တဲ့ ပုဒ်မနှစ်ခုက မတရားဘူးလို့ ယူဆတယ်လေ။ အစိုးရ၀န်ထမ်းတစ်ယောက်ကို နည်းမျိုးစုံနဲ့ ဟန့်တားတာကို ၀တ္တရားနှောင့်ယှက်တယ်လို့ ယူဆတယ်၊ အခုက အစိုးရ၀န်ထမ်းတစ်ယောက်ကို သတင်းသွားမေးတာပဲ ၀တ္တရားနှောင့်ယှက်မှုလို့ သတ်မှတ်လို့မရဘူး၊ အိမ်ကျော်နင်းမှုဆိုတာက ပုဂ္ဂလိကနဲ့ပဲဆိုင်တယ်လို့ ယုံကြည်တယ်။ ပညာရေးမှူးရုံးဆိုတာက Publicဧရိယာ ရုံးချိန်အတွင်း လူတိုင်းဝင်ထွက်ခွင့်ရှိတဲ့ကိစ္စမျိုး အိမ်ကျော်နင်းမှုနဲ့ တရားစွဲဆိုထောင်ချတယ်ဆိုတာ တရားသူကြီးတွေက ဥပဒေကို တစ်လွဲအသုံးချတယ်လို့ သတ်မှတ်ပါတယ်၊၊ အယူခံတင်မှာပဲ" ဟု ဦးခင်မောင်ဝင်းက ပြောသည်။

DVBသတင်းထောက် ကိုဇော်ဖေကို မကွေးမြို့ ပညာရေးဌာနက တရားလိုပြုကာ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ကိုဝင်းမြင့်လှိုင်ကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပညာရေးမှူးရုံးအတွင်း ဝင်ရောက် သတင်းယူသည့်အတွက် ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂၀၁၂ခုနှစ်ကလည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဧပြီ ၇ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကိုဇော်ဖေကို ထောင်ဒဏ်တစ်နှစ် အမိန့်ချခဲ့ခြင်းကို DVBမြန်မာပိုင်းတာဝန်ခံ ကိုတိုးဇော်လတ်က မကွေးခရိုင် တရားရုံးသို့ အယူခံဆက်လက်ဝင်သွားမည်ဟု ဦးခင်မောင်ဝင်းက ပြောသည်။

သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)သည် ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာန မှတစ်ဆင့် ရယူခဲ့ခြင်းသည် သတင်းထောက်တစ်ယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု DVB သတင်းဌာနက ယုံကြည်သည့်အတွက် ၎င်းအား ပြစ်ဒဏ်ချမှတ်မှုကို DVBသတင်းဌာနအနေဖြင့် လုံးဝကန့်ကွက် ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဧပြီလ ၇ရက်တွင် DVBသတင်းဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Mizzima Burmese
အပြည့်အစုံသို့ »

DVB သတင်းထောက် ထောင်ဒဏ် ချခံရခြင်းအတွက် မော်လမြိုင်တွင် သတင်းသမားများ ဆန္ဒဖော်ထုတ်မည်


ရန်ကုန်၊ မဇ္ဈိမ။             ။ DVB (Democratic Voice of Burma) သတင်းထောက်ကို ဇော်ဖေ (သူရသက်တင်)ကို မကွေးတိုင်း တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ခြင်းအတွက် မော်လမြိုင်မြို့တွင် သတင်း သမားများက ဆန္ဒပြကန့်ကွက်သွားမည် ဟု  မော်လမြိုင် သတင်းစာဆရာများ အသင်း (MJA) ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ဧပြီ ၂၀ရက်တွင် မဇ္ဈိမကို ပြောသည်။

DVB သတင်းထောက် ကိုဇော်ဖေ ပြန်လည်လွှတ်မြောက်ရေး၊ လွတ်လပ်စွာသတင်းရယူခွင့်ရရှိရေး တို့အတွက် ဧပြီ ၂၅ရက် နံနက် ၈ နာရီခွဲတွင် အင်အား ၁၀၀ခန့်ဖြင့် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးသိန်းလှိုင်က “မော်လမြိုင်ရဲစခန်းကို ဧပြီ၂၀ရက်မှာ ခွင့်ပြုချက်သွားတင်မှာပါ။ အရပ်ဖက်အဖွဲ့စည်း တွေနဲ့အခြားပြည်နယ်နဲ့ တိုင်းက သတင်းသမားတွေလဲ ပါဝင်လို့ရအောင် အင်အားကို ၁၀၀ခန့်အထိ တင်မှာပါ"ဟုပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် မော်လမြိုင် အမှတ်(၄) တံတားအနီးတွင် စုရပ်အဖြစ် စတင်မည် ဖြစ်ပြီး မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ် ကွန်ယက် (SMJN)နှင့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း(မော်လမြိုင်) တို့ပူးပေါင်းကာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။ ယင်းအပြင် သတင်းလွတ်လပ်ခွင့်ကို လိုလားသည့် ပြည်သူများ၊ လူမှုရေးအဖွဲ့စည်းများကို ပါဝင်ခွင့်ပြုသွားမည်ဖြစ်သည်။

မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက် (SMJN) မှ ကိုဥာဏ်စိုးဝင်းက “SMJN ကသတင်းသမား ၃၀ ကျော်လောက်ပါမယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က အဖွဲ့ဝင် သတင်းသမား အချို့ပါဝင်မယ်။ ကိုဖော်ဖေကို ပိုက်နက်ကျူးကျော်မှုနဲ့ အရေးယူလိုက်တာ သတင်းထောက်တွေကို  ခြိမ်းခြောက်သလိုဖြစ်နေတယ်။ တစ်နိုင်ငံ လုံးမှာသတင်းလွတ်လပ်ခွင့်လိုချင်တယ်။"ဟုပြောသည်။

DVB သတင်းထောက်ကိုဇော်ဖေကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ၃၅၃၊ ပညာရေးမှူးရုံးအတွင်း ဝင်ရောက် သတင်းယူသည့်အတွက် ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂၀၁၂ခုနှစ်ကတည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဧပြီ ၇ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း
ဖြစ်သည်။

ယင်းအပြင် ပြည်မြို့နယ်ရှိ သတင်းသမားများကလည်း ဧပြီလ ၂၅ရက်၌ပင် ဆန္ဒဖော်ထုတ်သွားရန်ရှိပြီး တနသာင်္ရီတိုင်းရှိ သတင်းသမားများကလည်း ကန့်ကွက်ကြောင်း ကမ်ပိန်းများပြုလုပ်သွားမည်ဖြစ်သည်။

ဂျပန်နိုင်ငံ ကိုအိဇုမိ ဖောင်ဒေးရှင်း၏ ပညာသင်ဆု ရွေးချယ်မှုနှင့် ပတ်သက်၍ သတင်းရယူရန် မကွေးတိုင်း ပညာရေး ဦးစီးမှုး ရုံးအတွင်း သတင်းဝင်ယူခြင်းကြောင့် ကိုဇော်ဖေနှင့် ကျောင်းသား မိဘ တစ်ဦးဖြစ်သူ ဦးဝင်းမြင့်လှိုင်တို့ကို  ပညာရေးမှုးက တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကိုဇော်ဖေအတွက် အယူခံ တင်သွင်းခြင်းကို မကွေးခရိုင် တရားရုံးက ဧပြီ ၉ ရက်က ပယ်ချခဲ့သေးသည်။

သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)သည် ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ် ပညာရေးဌာန မှတစ်ဆင့် ရယူခဲ့ခြင်း သည် သတင်းထောက်တစ်ယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု DVB သတင်းဌာနက ယုံကြည်သည့် အတွက် ၎င်းအား ပြစ်ဒဏ်ချမှတ်မှုကို DVB သတင်းဌာနအနေဖြင့် လုံးဝကန့်ကွက် ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဧပြီ  ၇ ရက်တွင် DVB သတင်းဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Mizzima Burmese
အပြည့်အစုံသို့ »

ပြန်ကြားရေးဝန်ကြီးဌာနမှ DVB T2 Set Top Box အခမဲ့တပ်ဆင်ပေး


နေပြည်တော် ဒီဇင်ဘာ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ပြည်သူများ အသိဥာဏ် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့အပြား ဒေသမရွေး DVB T2 Set Top Box များ တပ်ဆင်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်း က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် တောင်ပေါ်အရှေ့ခြမ်း သစ်တွန်အုပ်စု ဖလောင်ကျေးရွာ သွေးသောက်စာကြည့်တိုက်သို့ ကွင်းဆင်း၍ DVB T2 Set Top Box အခမဲ့တပ်ဆင်ပေးရာ ဖလောင်ကျေးရွာ မှ ဒေသခံများ အနေဖြင့် နေပြည်တော်နှင့် အခြား ဒေသများတွင် ကျင်းပလျက်ရှိသော အရှေ့တောင်အာရှ အားကစားပွဲတော်ကို တိုက်ရိုက် live ကြည့်ရှု့ခွင့် ရရှိကြသည်။

DVB T2 Set Top Box များ တပ်ဆင်ပေးမှုနှင့် ပတ်သက်၍ ဖလောင်ကျေးရွာမှ ဦးကျော်မြင့်က “ ယခုလို ပြန်ကြားရေးဝန်ကြီးဌာနက DVB T2 Set Top Box များ အခမဲ့ တပ်ဆင်ပေးတော့မှ မြန်မာ့ရုပ်မြင်သံကြားကို သေသေချာချာ ကြည့်ရှု့ရ၍ အားကစားနှင့် ဗဟုသုတဆိုင်ရာ လိုင်းပေါင်းစုံအပြင် ဆီးဂိမ်း အားကစား ပွဲတွေကိုပါ တိုက်ရိုက်ကြည့်ရှု့ခွင့်ရလို့ ရွာသရွာသားတွေ အားလုံး က ပြန်ကြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အပိုင်းက ဒီလိုဆောင်ရွက်ပေး တဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြား ခဲ့သည်။ ပြန်ကြားရေး ဝန်ကြီး ဌာနအနေဖြင့် ဆက်လက်ပြီး အမြို့မြို့ အနယ်နယ်ရှိ ဆေးရုံ၊ ဆေးခန်း၊ စာသင်ခန်းများ ဘိုးဘွား ရိပ်သာနှင့် စာကြည့် တိုက်တို့ကိုလည်း Set Top Box များ အခမဲ့ ဖြန့်ဝေမည် ဖြစ်ကြောင်း သိရသည်။

ကိုကြီးကျော် ( ပျဉ်းမနား)
MOI Webportal Myanmar
အပြည့်အစုံသို့ »

DVB Debate : ယဉ်ကျေးမှု ဓလေ့ပြောင်းလဲလာခြင်းကို ထိမ်းသိမ်းသင့်လား

Dvb Debate:Should we control culture shift? (Part A)
----------------------------------------------------------------
"MTV မှာနှုတ်ခမ်းချင်းနမ်းရှုတ်တဲ့ ဇတ်ဝင်ခန်းထည့်ရိုက်တာ ကျွန်တော့်ခံစားမှုနဲ့ကျွန်တော်လုပ်တာ၊ ယဉ်ကျေးမှုကိုထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မပါဘူး"




Dvb Debate:Should we control culture shift? (Part B)
----------------------------------------------------------------
“ယဉ်ကျေးမှုအရွေ့ကို အဆိုးဘက်ကမြင်ပါတယ်..ဘာလို့လဲဆိုတော့ တချို့စကားလုံးတွေကအနက်အဓိပ္ပါယ်တွေရှိပြီးသားကို တလွဲသုံးနေ
ကြတယ်..”




Dvb Debate:Should we control culture shift? (Part C)
----------------------------------------------------------------
“ယုံကြည်မှုမရှိလို့ပါ..သူတို့အနုပညာအပေါ် သူတို့ယုံကြည်မှုမရှိလို့ သူတို့ဒါမျိုးလုပ်တာပါ”





DVB TV News
အပြည့်အစုံသို့ »

DVB သတင်းထောက် ကိုဇော်ဖေ (ခ) သူရသက်တင် မတရားဖမ်းဆီး ထောင်ချခံရခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)က ကြေညာချက်ထုတ်ပြန်ကန့်ကွက်


DVB သတင်းထောက် ကိုဇော်ဖေ (ခ) သူရသက်တင် မတရားဖမ်းဆီး ထောင်ချခံရခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders) က သောကြာနေ့တွင် ၎င်းတို့၏ တရားဝင် အင်တာနက် စာမျက်နှာပေါ်၌ ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။

"DVB သတင်းထောက် ကိုဇော်ဖေ(ခ) သူရသက်တင်အား ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ဧပြီ ၇ ရက်တွင် မကွေးတရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ် လိုက်ခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့အနေဖြင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ် ရပါသည်" ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

DVB သတင်းထောက် ကိုဇော်ဖေသည် ၂၀၁၂ခုနှစ် သြဂုတ်လအတွင်းက ကျောင်းသား မိဘတစ်ဦးနှင့်အတူ ဂျပန်နိုင်ငံအကူအညီဖြင့် ပေးအပ်သည့် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်နှင့် ပတ်သက်၍ ပညာရေး အရာရှိတစ်ဦးအား တွေ့ဆုံမေးမြန်း နိုင်ရန်အတွက် မကွေးခရိုင် ပညာရေးရုံးသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါအရာရှိက ကိုဇော်ဖေနှင့် ကျောင်းသားမိဘအား ၀တ္တရားနှောင့်ယှက်မှု၊ ပိုင်နက်ကျူးလွန် မှုများနှင့် တရားစွဲဆိုခဲ့ပြီး ယခုအခါ ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့ နှစ်ဦးသည် ထောင်ဒဏ်တစ်နှစ်စီ အပြစ်ပေးခံခဲ့ရသည်။

ထိုကဲ့သို့ မတရားဖမ်းဆီး ထောင်ချခံရခြင်းအတွက် DVB သတင်းစာက စီရင်ချက်အား ပြင်းထန်စွာဝေဖန်ခဲ့ပြီး ကိုဇော်ဖေသည် ဂျာနယ်လစ်တစ်ဦး အနေဖြင့် အများပြည်သူနှင့်ဆိုင်သည့် အကြောင်းအရာ တစ်ခုကို စုံစမ်းခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ကိုဇော်ဖေဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေဦးသိန်းထွန်းက ဖြစ်စဉ်နှင့် အမိန့်ချမှတ်မှုတွင် အချိန်ကြာမြင့် နေရခြင်းသည် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဒေသဆိုင်ရာ အာဏာပိုင်များက ၀င်ရောက်စွက်ဖက် နေခြင်းကြောင့်ဖြစ်ပြီး ကိုဇော်ဖေနှင့် ကိုဝင်းမြင့်လှိုင်တို့ နှစ်ဦးအား နမူနာပြအနေဖြင့် သင်ခန်းစာပေးလိုသည့် သဘောဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့သို့ ပြောဆိုခဲ့သည်ဟု သိရသည်။

"ဒီအရေးယူ အပြစ်ပေးမှုကြောင့် လွတ်လပ်စွာ သတင်းစီးဆင်းမှုအပေါ်ကို ထိပါးတာ တစ်ခုတည်းကိုပဲ ကျွန်တော်တို့ စိုးရိမ်နေတာ မဟုတ်ပါဘူး။ ဒီအရေးယူမှုက ဖော်ပြလိုက်တဲ့ မြန်မာနိုင်ငံတွင်းမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုပါ စိုးရိမ်မိပါတယ်" ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ အာရှ-ပစိဖိတ် အကြီးအကဲ ဘန်ဂျမင်အစ္စမေးလ်က ပြောဆိုခဲ့သည်။

"ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ သတင်းထောက် တစ်ယောက်ရဲ့ အလုပ်ကို တားဆီးပိုင်ခွင့်ရှိနေပြီး သူတို့ကို နှောင့်ယှက်တယ်လို့ ထင်မြင်ယူဆတာလေး တစ်ခုနဲ့ သတင်းထောက်တစ်ယောက်ကို ထောင်ချတယ်ဆိုတာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ ကိုဇော်ဖေကို လွှတ်ပေးဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုပါတယ်။ ပြီးတော့ အစိုးရ အနေနဲ့လည်း ရန်ကုန်နဲ့ အခြားနေရာတွေရယ်လို့ ကွဲမနေစေဘဲ နေရာတိုင်းမှာ တန်းတူညီမျှ သတင်းလွတ်လပ်ခွင့် ရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်" ဟု သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၎င်းကဆက်လက် ပြောဆိုခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် သတင်းလွတ်လပ်ခွင့် အဆင့်အတန်းတွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အတွက် မြန်မာနိုင်ငံကအဆင့် ၁၄၅ ရရှိခဲ့သည်ဟု သိရသည်။

Eleven Media Group
အပြည့်အစုံသို့ »

မဇ္ဈိမသတင်းထောက် ကိုရေခဲအား ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သောကြောင့် မြို့မစခန်းမှူးဦးမျိုးမြင့်က တရားစွဲ


ရန်ကုန်၊ဧပြီ ၂၆။

DVB သတင်းထောက်ကိုဇော်ဖေအား ပြန်လည်လွတ်ပေးရန် ပြည်မြို့တွင် ဧပြီ ၂၅ရက်က ခွင့်ပြုမိန့်မရရှိဘဲ
ဆန္ဒပြခဲ့သော မဇ္ဈိမသတင်းထောက် ကိုရေခဲအား ပနံပါတ် ၂၂၁/၁၄ ပုဒ်မ ၁၈ဖြင့် မြို့မစခန်းမှူး ဦးမျိုးမြင့်မှ တရားလိုလုပ်ကာ
ဧပြီ ၂၆ရက်က တရားစွဲဆိုခဲ့ကြောင်း DVB မှ ကိုသန်းထိုက်အောင် က ပြောသည်။

“ကျွန်တော်တို့ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်းတာကိုမြို့နယ်ရဲတပ်ဖွဲ့မှူးခွင့်ပြု မပြုသူဆုံးဖြတ်ခွင့်မရှိဘူးထင်တယ်။ခုတော့သူတို့ဆုံးဖြတ်တယ်။
နောက်တော့ ရဲကလိုက်ပါဆောင်ရွက်ရတယ် အရေးယူဆောင်ရွက်ရတယ်။ ရဲနဲ့ပြည်သူကိုအဆင်မပြေအောင်လုပ်တဲ့ဥပဒေမျိုးကို
ကျွန်တော်တို့အလိုမရှိဘူး၊မြို့နယ်အုပ်ချုပ်ရေးမှူးကသူကဘေးကနေ ကြည့်နေတယ်။ဒါကြောင့်(ပုဒ်မ ၁၈ ကိုဖျက်သိမ်းစေချင်တယ်)” ဟု
DVB မှ ကိုသန်းထိုက်အောင်ကပြောသည်။

၎င်းဖြစ်စဉ်မှ ဧပြီ ၂၅ရက်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် သတင်းထောက် ၂၀ ဝန်းကျင်နှင့် ပြည်သူအင်အား ၈၀ ဝန်းကျင်ဖြင့်
DVB သတင်းထောက် ကိုဇော်ဖေအား ပြန်လည်လွတ်ပေးရန်အတွက် မဇ္ဈိမသတင်းထောက် ကိုရေခဲမှ ဦးဆောင်ဆန္ဒပြခဲ့ရာ  ဧပြီ ၂၆ရက်တွင်
ပြည်မြို့ မြို့မစခန်းမှူး ဦးမျိုးမြင့်သည် ပနံပါတ် ၂၂၁/၁၄ ပုဒ်မ ၁၈ဖြင့် တရားလိုလုပ်ကာ တရားစွဲဆိုခဲ့သောကြောင့် မဇ္ဈိမသတင်းထောက်
ကိုရေခဲနှင့် DVBသတင်းထောက် ကိုသန်းထိုက်အောင်တို့သည် ယနေ့ မနက် ၁၀ နာရီတိတိအချိန်၌ မြို့မရဲစခန်းကိုသွားရောက်
အဖမ်းခံခဲ့သော်လည်း မြို့မစခန်းမှ ၎င်းတို့ကိုယ်တိုင်ခံဝန်ကတိလက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ ကြောင်း၎င်းကပြောသည်။

ပြည်မြို့နယ်တွင် ပြီးခဲ့သည့်လက ခရိုင်လယ်သမားများသပိတ်မှောက် ဆန္ဒပြခဲ့ရာ ပုဒ်မ ၁၈ ဖြင့်တရားစွဲခဲ့ပြီး ကိုဇော်ဖေအား ဖမ်းဆီးခြင်းနှင့်
ပတ်သက်၍ ကိုဝင်းလှိုင်ကလည်း တစ်ကိုယ်တော်ဆန္ဒပြခဲ့ရာ ပုဒ်မ ၁၈ဖြင့်ပင် ထပ်မံ တရားစွဲဆိုခဲ့သလို လက်ပံတောင်းတောင်ကိစ္စအား
ကိုကျော်ဆွေမှ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့စဉ် ယင်းပုဒ်မဖြင့်ပင် ထပ်မံတရားစွဲခဲ့သောကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုပေါင်း ၂၀
ဝန်းကျင်ရှိပြီး၊ ယခု မဇ္ဈိမသတင်းထောက် ကိုရေခဲအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းသည် ၂၁ မှုမြောက်ဖြစ်ကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanma Age 
အပြည့်အစုံသို့ »

ကြက်ခြေနီ အရာရှိတစ်ဦးအား ဆဲဆိုခဲ့သည့် DVB မှ သတင်းထောက် လေးလေးမွန်အား DVB သတင်းဌာနမှ ပြင်းထန်စွာ သတိပေးခဲ့


အာဇာနည်နေ့က လုံခြုံရေးကဒ်မပါ၍ စစ်ဆေးမေးမြန်းခဲ့သော ကြက်ခြေနီတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဝေဠကျော်အား DVB သတင်းထောက် လေးလေးမွန်မှ ၄င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့မှုကြောင့် ပြည်သူအများက ပြစ်တင်ဝေဖန်ခဲ့ကြပြီး ယခုအခါ ၄င်း၏ သတင်းဌာနဖြစ်သော

DVB သတင်းဌာနကပါ ထိုကဲ့သို မပြုလုပ်ရန်နှင့် ၄င်းရေးသားခဲ့သည်များကို ပြန်လည်ဖျက်ပစ်ရန် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
photo>> Nulled Byte
MMDailyStar
အပြည့်အစုံသို့ »

အစပိုင်းမှာ အစိုးရက အများကြီး လိုက်လျောတယ် …. ကြောက်တာကိုးးး … အဲဒီမှာ ဖြည်းဖြည်းချင်း ရေကို စမ်းရင်းစမ်းရင်းနဲ့ အတိမ်အနက်ကို သိသွားပြီ၊ ကျွန်တော်တို့က တိမ်တိမ်လေးဆိုတာ သိသွားတဲ့အခါမှာ သူလုပ်ရဲကိုင်ရဲရှိလာတယ် (ရုပ်သံ)


“ဥပဒေတွေပြဌာန်းပြီးတော့ ပြန်ပြီးထိမ်းကွပ်မှာလား…အဲဒီလိုဆိုရင်တော့ တစ်ဖက်ကလွှတ်ပေးပြီးတစ်ဖက်ကပြန်ချုပ်ထိမ်းထားသလိုတော့
ဖြစ်လာနိုင်ပါတယ်”
Dvb Debate:How free and reliable is media? (Part A)



“တရားရေးမဏ္ဍိုင်ကစွတ်ဖက်မှုကင်းကင်းနဲ့ ဖြောင့်မတ်မှန်ကန်စွာတရား
စီရင်ပေးမှ လွတ်လပ်ခွင့်ဆိုတာ ရှိလာမှာပါ”
Dvb Debate:How free and reliable is media? (Part B)




“အစပိုင်းမှာ အစိုးရကအများကြီးလိုက်လျောတယ် …. ကြောက်တာကိုးးး…
အဲဒီမှာ ဖြည်းဖြည်းချင်းရေကိုစမ်းရင်းစမ်းရင်းနဲ့ အတိမ်အနက်ကို
သိသွားပြီ၊ ကျွန်တော်တို့က တိမ်တိမ်လေးဆိုတာသိသွားတဲ့အခါမှာ
သူလုပ်ရဲကိုင်ရဲရှိလာတယ်”
Dvb Debate:How free and reliable is media? (Part C)



DVB TV News


အပြည့်အစုံသို့ »

ဒုချီးရားတန်းရွာ မီးရှို့မူ ရဲတွေ ပါဝင်ပတ်သက်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် စွပ်စွဲ


(နိရဉ္စရာ- ၃၁ ဇန်န၀ါရီ ၂၀၁၄)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာမှာ ဒီလ ၂၈ ရက်နေ့ ညနေက မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၆ ဆောင် မီးထဲပါသွားခဲ့ပါတယ်။

ဒီမီးရှို့မူဟာ ရွာကို ရဲတွေ ကိုယ်တိုင် ထိန်းချုပ်ထားတဲ့ အတွက် အပြင်လူ ၀င်လာစရာမရှိတာကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ဒီမိုကရက်တစ် မြန်မာအသံ DVB နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ စွပ်စွဲ ပြောကြားပါတယ်။

ရဲတွေကိုယ်တိုင် ပါဝင် ပတ်သက်နေတဲ့ အကြောင်း ဥင်္ီးရွှေမောင်က ခုလို ပြောဆိုပါတယ်။

“ ရဲကထိမ်းချုပ်ထားတဲ့အတွက် အပြင်လူဝင်လာနိုင်စရာ အကြောင်းမရှိဘူး။ အပြင်လူဝင်ပီးမှ မီးရှို့ရင်လည်း ဒါကို ရဲကမိမှာပေါ့။ ဒါတစ်ချက်။ နောက်တချက်က အဲဒီ အနီးပတ်ဝန်းကျင်က လူတွေက ကျွန်တော့်ကို ဖုန်းဖြင့် သေချာခိုင်မာတိကျစွာ သတင်းပို့တာကတော့ အဲဒီ ရဲတွေကိုယ်တိုင် မီးရှို့နေတာကို သူတို့ကိုယ်တိုင်မြင် တယ်တဲ့။ ဒါက ဒီသတင်းစာရှင်းပွဲရှိလို့ တိုက်ဆိုင်ပီးမှ လုပ်နေတာလို့ သုံးသပ်မလား။ သို့မဟုတ် ကျွန်တော်ပြောတဲ့ ဟာကိုလည်း သုံးသပ်ပြီးမှ၊ ဒါ ဖြစ်နိုင်ခြေရှိတဲ့  ဒီလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ သူတို့ကိုယ်တိုင် မရှို့ရင်တောင်မှ သူတို့ရဲ့ပေါ့ဆမှု။ မဟုတ်ရင် သူတို့ပူးပေါင်းဆောင်ရွက်မှု၊ သို့မဟုတ် အခြားရွာအပြင်ကလာတဲ့ သူတွေကိုမှ သူတို့က မသိသလိုနေပြီး တော့ မီးရှို့မှုတွေဖြစ်သွားပြီးတော့ ပြဿနာကို ရှုပ်သထက် ရှုပ်ထွေးအောင် ဖန်တီးတာဘဲလို့ ကျွန်တော်က အဲလိုဘဲ ပြောချင်တယ်။”

ဒီသတင်းကို DVB သတင်းထောက် ဒေါ် ခင်ရူပါကနေ DVB TV ကနေ ဒီလ ၂၉ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး  video ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။



ခုလို မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ဆုံး လွှတ်တော်မှာ ဥပဒေပြုနေတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တရား ဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတဲ့ နိုင်ငံဝန်ထမ်း ရဲတပ်ဖွဲ့ဝင်တွေကို ခုလို ပြည်သူပိုင် အိမ်ယာတွေကို မီးရှို့တယ်လို့ လူသိရှင်ကြား စွပ်စွဲလိုက်တဲ့ အတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ အများပြည်သူတွေက အထူး စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

Narinjara နိရဉ္စရာ
အပြည့်အစုံသို့ »

DVB - အိန္ဒိယ ရထား၂စင်းတိုက် လူ၄၀သေဆုံး ၁၅၀ကျော်ဒဏ်ရာရ (ရုပ်သံ)



အိန္ဒိယ နိုင်ငံ လူနေ အသိပ်သည်းဆုံး ပြည်နယ်ဖြစ်တဲ့ ဥထြာပရာဒတ် ပြည်နယ်ထဲမှာ ခရီးသည်တင် ရထားတစင်းနဲ့ ကုန်တင်ရထားတစင်း ၀င်တိုက်မိမှုဖြစ်တဲ့ မတော်တဆမှုအတွင်း လူ ၄၀ သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရတယ်လို့ ရဲအဖွဲ့နဲ့ ရထားအရာရှိတွေက ပြောပါတယ်။ DVB TV - 26.05.2014

DVB TV



အပြည့်အစုံသို့ »

ဒုတိယ အကြိမ် ပြည်တော်ပြန်ခရီးစဉ် (၉)



ထက်အောင်ကျော် (၃၁-၀၁-၂၀၁၄)

ထူးခြားတာက ဒီဖက်မှာစပါးကို ဘယ်လိုစိုက်သလဲမသိပါ။ ကျနော်တို့ ထားဝယ်ဖက်မှာတော့ လယ် ကွက်ဆိုတာ ရေပြင်ညီဖြစ်နေမှ။ မိုးရွာတဲ့အခါရေခံပြီး လယ်ထွန်စိုက်ရတဲ့ အမျိုး။ ဒီမှာတော့ လယ် ကွက်တွေက ဥရောပက ဂျုံခင်းတွေလိုပါပဲ။ မညီမညာ တောင်စောင်းမှာ စပါးငုတ်တို ရိုးပြတ်တွေကို တွေ့ရပါတယ်။ လယ်တောအလွန်မှာတော့ လိမ်မော်ခြံကြီးတွေ။ ဒီရွာတွေက ပင်းတယမြို့နယ်ထဲ ရောက်နေပြီလို့ ကားဆရာကပြောပါတယ်။


(အောင်ပန်းမြို့က လမ်းဘေးဈေးတန်းတခု)

အဲဒီရွာတွေကိုလွန်တော့ အောင်ပန်းမြို့နယ်ထဲဝင်လာပါတယ်။ မြေကပိုပြန့်လာပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ အတော်များများမြင်လာရပါတယ်။ အောင်ပန်းမြို့လယ်က ဆိုင်တခုမှာကားရပ်ပြီး လဖက် ရည်သောက်ကြပါတယ်။ ဆိုင်ရှေ့မှာတော့ ဒေသထွက်သီးနှံတွေဖြစ်တဲ့ လိမ္မော်သီးနဲ့ထောပတ်သီး အကြီး ကြီးတွေရောင်းတဲ့ဈေးတန်း။ တောင်ပေါ်ဒေသဆိုပေမဲ့ မြင်းလှည်းတွေ၊ နွားလှည်းတွေကိုလဲ အောင်ပန်း မှာမြင်ခဲ့ရပါတယ်။

ပြီးတော့ ကားတွေကလဲ တ၀ီဝီ။ တကယ်ဆိုရင် အောင်ပန်းက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ကြားမှာ အချက်ချာကျတဲ့နေရာတခုပါ။ ရှေ့မှာကျနော်သွားခွင့်မကြုံလိုက်ရတဲ့ ကျောက်ဆည်၊ ၀မ်းတွင်း၊ သာ စည်၊ ကလောဖက်ကနေလာရင်လဲ ဒီအောင်ပန်းကိုပဲဝင်ပါတယ်။ ဒါတွေကို ကျနော်ကကြိုမသိ။ ကျ နော်အောင်ပန်းကိုသိတာက ငြိမ်းချမ်းရေးကဗျာဆရာကြီး ဒဂုံတာရာ နေထိုင်တဲ့မြို့။ အာဏာရှင် ဦးနေ ၀င်းနဲ့ဝေးရာအရပ်မှာနေချင်လို့ သူ့ကိုယ်သူမဲဇာပို့တဲ့အနေနဲ့ အောင်ပန်းမှာနေတယ်ဆိုတော့ အောင် ပန်းဟာ အတော်ခေါင်တဲ့နေရာလို့ ကျနော်က ထင်ထားခဲ့တာပါ။

အခုတကယ်တွေ့နေရတဲ့ အောင်ပန်းက ဆရာပြောသလောက်မခေါင်လှပါ။ ဒါပေမဲ့ ရန်ကုန်၊ မန္တလေး နဲ့တော့ မိုင်ပေါင်းများစွာဝေးကွာတာပေါ့လေ။ ဒီလို ရာသီဥတုသာယာလှတဲ့၊ လူမျိုးလဲစုံလှတဲ့ မြို့လေး မှာ ဆရာကြီးဒဂုံတာရာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကမှ ကွယ်လွန် သွားတာပါ။ DVB မှာ တာဝန်ထမ်းစဉ်က တယ်လီဖုန်းခဏခဏခေါ်ပြီး ဆရာကြီးကို အင်တာဗျုးလုပ် ဖူးတဲ့ကျနော် အခုလူကိုယ်တိုင် အောင်ပန်းရောက်တဲ့အခါကျတော့ ဆရာကြီးရဲ့နေအိမ်ကိုသွားဖို့ အ ချိန်မရခဲ့ပါ။ ဒီလို ငြိမ်းချမ်းတဲ့မြို့လေးမှာနေခွင့်ရလို့ ငြိမ်းချမ်းတဲ့စာပေတွေ ဖန်တီးနိုင်ခဲ့လေသလားလို့ စဉ်းစားနေမိပါတယ်။  

အောင်ပန်းကနေ ထွက်လာတော့ နေ့လည်ပိုင်းဖြစ်နေပြီ။ ဒါပေမဲ့ လေတဖြူးဖြူးတိုက်နေတဲ့အတွက် သိပ်မပူပါ။ ရှမ်းပြည်နယ်ထဲရောက်လာကတည်းက အပူချိန်က တဖြေးဖြေးနဲ့ ကျလာသလိုခံစားရပါ တယ်။ ရွာစဉ်တန်းတွေ၊ သစ်တောတွေ၊ တောင်တန်းတွေကိုကျော်ပြီးတဲ့နောက် ချိုင့်ဝှမ်းထဲမှာ လွင်ပြင် ကြီးတခုကို မြင်လိုက်ရပါတယ်။ အဲဒါ ဟဲဟိုးမြို့နယ်ထဲရောက်လာပြီလို့ ကားဆရာကပြောပါတယ်။ ''ဟိုး တောင်ပေါ်မှာမြင်နေရတာ တောင်ကြီးပဲလေ'' လို့လဲ သူကလက်ညှိုးထိုးပြပါတယ်။  

ကျယ်ပြန့်လှတဲ့ ဟဲဟိုးချိုင့်ဝှမ်းကြီး။ စိုက်ခင်းတွေက အောင်ပန်းထက်တောင် ပိုများလာသလိုပဲ။ လမ်း ကလဲ ပိုကျယ်ပိုကောင်းလာတယ်လို့ထင်ပါတယ်။ ကောင်းဆို ဒီလမ်းက ကုပ္ပဏီတွေက ကန်ထရိုက်ယူ လုပ်ပေးထားတာလို့သိရပါတယ်။ ဒီတော့ ထုံးစံအတိုင်း Toll ဂိတ်အကောက်တွေရှိပါတယ်။ ရှေ့မှာ ပြောခဲ့တဲ့ ကျောက်ဆည်-ကလောလမ်းမှာလဲ ဒီလို Toll ဂိတ်တွေရှိတယ်လို့ဆိုပါတယ်။ ကျနော်တို့ဖြတ် လာတဲ့ ရွာငံလမ်းမှာတော့ Toll ဂိတ်မရှိတဲ့အတွက် မြို့ဝင်ကျေး ၃၀၀ ကျပ်စီပဲပေးတာကိုသာ မြင်ခဲ့ရပါ တယ်။

အခု ဒီဂိတ်မှာတော့ ၃၀၀ နဲ့ရပုံမပေါ်ပါ။ ကွန်ပြူတာစနစ်နဲ့အသေချာထိမ်းချုပ်ထားတဲ့ တောင်ကြီးမြို့ ၀င်ခါနီး ပုဂ္ဂလိကပိုင် Toll ဂိတ်ဆိုတော့ အများကြီးပေးရမှာပေါ့။ ''ဟာ အကိုကြီးကလဲ အချင်းချင်းတွေ ကို ပစ်ဆံလာပေးနေပြန်ပြီ။ ပြန်လာမှာ မုန့်ဝယ်လာခဲ့လေ'' လို့ Toll ဂိတ်ကောင်တာ ကွန်ပြူတာရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးက ပြန်ပြောသံကြားရတော့ ကျနော်အတော်အံသြသွားပါတယ်။

ကိုယ့်နားကိုယ်မယုံလို့ ကောင်မလေးရှေ့က ကွန်ပြူတာကိုအသေချာလှမ်းကြည့်ပါတယ်။ ဒါပေမဲ့ နဲနဲ လှမ်းနေတော့ ကောင်းကောင်းမမြင်ရ။ ကြည့်ရတာ ဒီကကွန်ပြူတာစနစ်က ဖြတ်သွားတဲ့ကားတွေကို Auto Record လုပ်ထားပုံမရ။ Record ရှိရင် ဒီလိုမုန်ဝယ်ကျွေးခိုင်းလို့ ဘယ်ဖြစ်မလဲ။

ဒီ Toll ဂိတ်ကအတော်ထူးပါတယ်။ ရှေ့မှာဖေါ်ပြခဲ့တဲ့ စစ်ကိုင်းတံတားပေါ်ကဂိတ်နဲ့မတူ။ ကျနော်တို့ ကားက ၀န်ထမ်းကားလဲမဟုတ်တော့ ဘာလို့အလကားလွတ်ပေးရမှာလဲ။ အင်း...Toll ဂိတ်စနစ်နဲ့ အ ကောက်ဝန်ထမ်းတွေ၊ ကားသမားတွေတွေရဲ့တာဝန်ယူမှု၊ ကိုယ်ကျင့်တရားတွေက ဘယ်လိုမျိုးကြီးလဲ။ ဒါပေမဲ့ ဒါကို လွဲချော်ခြင်းတခု။ ကိုယ်ကျင့်တရားခြစားခြင်းတခု။ လာဘ်စားမှုတခု ဖြစ်တယ်လို့ ကားသ မားရော၊ Toll ဂိတ်ဝန်ထမ်းတွေကပါ ရှုမြင်ထားပုံမရပါဘူး။

အရာရာကိုသတင်းသမားအမြင်နဲ့ လိုက်ကြည်မိတဲ့ ကျနော်ရဲ့အမှားလိုပဲဆိုရတော့မလား။ ထားလိုက် တော့။ ဒီမိုကရေစီစနစ်က အခုမှအစပြုကာစဆိုတော့ တဖြေးဖြေး ဖြစ်လာမှာပါလို့ပဲ မျော်ရဦးမယ် ထင် ပါတယ်။  ဟဲဟိုးကနေ ထွက်လာတော့ ရွှေညောင်၊ ကျနော်က ရွှေညောင်နဲ့ညောင်ရွှေကိုသိပ်မကွဲလှ။ အခုလိုမြင်ရတော့မှပဲ ရွှေညောင်ကလမ်းပေါ်မှာ။ ညောင်ရွှေက အင်လေးကန်ဘေးမှာဆိုတာကို သိခွင့် ရခဲ့ပါတယ်။

ရွှေညောင်ကိုလွန်တော့ အေးသာယာ။ ဒီမြို့ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်၊ စစ်အစိုးရခေတ်မှာမှ ပေါ်လာတဲ့မြို့ သစ်တခုပေါ့။ ဂေါက်ကွင်းတွေရှိတယ်၊ ၀ိုင်စက်ရုံတွေရှိတယ်လို့ နာမည်ကြီးပါတယ်။ ပြီးတော့ အဝေး ပြေးကားတွေအားလုံးလဲ ဒီမြို့မှာပဲ ဂိတ်ထိုးရပြီး တောင်ကြီးမြို့ပေါ်တက်ခွင့်မရှိဘူးလို့ ကားဆရာကပြော ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကားက ဗင်ကားဆိုတော့ အေးဆေးပဲ။ တည်းတဲ့အိမ်အထိ၊ ဟိုတယ်အထိ လိုက်ပို့ ပေးမယ်လို့ဆိုပါတယ်။

အေးသာယာကိုကျော်လာတော့ တောင်တက်လမ်းကိုစတွေ့ရပြီး တချို့နေရာတွေမှာ အသွားတလမ်း၊ အပြန်တလမ်း စနစ်တကျ လုပ်ထားတာတွေ့ရပါတယ်။ တောင်ကြီးမြို့ဝင်ခါနီးလေ လမ်းကပိုကောင်း လာလေပါပဲ။ တောင်တက်လမ်းကအတော်စောက်ပြီး သစ်တောတွေကလဲ ထူထဲလှပါတယ်။ ပြီးတော့ သစ်တောသစ်ပင် တို့ချစ်ခင်။ ဥတုရာသီတောကိုမှီ။ သစ်တပင်ကောင်း ငှက်တသောင်း စသဖြင့် သစ် တော ပညာပေးပိုစတာပေါင်းများစွာကိုလဲ လမ်းဘေးတလျောက်မှာစိုက်ထူထားတာတွေ့ရပါတယ်။\




(တောင်ကြီးမြို့က စကားလုံးတစ္ဆေ ဆိုင်းဘုတ်ခု)

၁၅ မီနစ်လောက် တောင်တက်ပြီးတဲ့နောက်မှာတော့ ''လှိုက်လှဲစွာ ကြိုဆိုပါ၏၊ တောင်ကြီမြိှု့'' ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုတွေ့ရပါတယ်။ တောင်ထိပ်နားရောက်ခါနီးတော့ ''မြို့ရွာများအမြန် ခေတ်မီဖွံ့ဖြိုး တိုး တက်ရမည်'' ဆိုတဲ့ကြွေးကြော်သံလား၊ ဆုတောင်းစာလား သိပ်မကွဲပြားလှတဲ့ဆိုင်းဘုတ်ကိုမြင်ရပါ တယ်။ တောင်ပေါ်မြို့ဆိုတော့ အတော်သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ ကြော်ငြာဆိုင်းဘုတ်အကြီးကြီးတွေ ကိုလဲ တွေ့ရပါတယ်။

မြို့ထဲဝင်လာတော့ ရပခ လို့ခေါ်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရင်ဆုံးတွေ့ရပါတယ်။ ပြီးတော့ မြို့မဈေး။ အဲဒီဈေးရှေ့က ဆိုင်းဘုတ်ကတော့ ဘာကိုဆိုလိုမှန်းမသိ။ ''ဥပဒေကို မသိနားမလည်ဟု ဆို ကာမျှဖြင့် ဥပဒေကသင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်'' တဲ့။ ဈေးကိုလွန်လာတော့ ပြည်နယ်လွှတ် တော်ရုံးခန်း။ အဲဒီရှေ့မှာတော့ ပြည်သူ့သဘောထားဆိုတဲ့ အနီရောင်ဆိုင်းဘုတ်ကြီး ထောင်ထားပါ တယ်။

တကယ်ဆို ''ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ'' ဆိုတဲ့ စာသားအပါဝင် ရန် လိုတဲ့ကြွေးကြော်သံတွေဟာ အရင်အစိုးရဟောင်းခေတ်က ထုတ်ထားတာဆိုတော့ အခုအစိုးရသစ် ခေတ်မှာ အကြုံးမ၀င်တော့ဘူးလို့ ကျနော်ကထင်ထားတာပါ။ ဒါပေမဲ့ အဟောင်းအသစ်ပြောင်းလဲမှုဖြစ် စဉ်က ဒီအရပ်မှာ သိပ်ကွဲကွဲပြားပြားရှိပုံမရသေးပါ။ စစ်ယူနီဖောင်းနေရာမှာ အရပ်ဝတ်ပြောင်းလိုက်ပေ မဲ့ Mindset တွေ၊ ကြွေးကြော်သံတွေကတော့ အရင်တိုင်း သူတို့စိတ်ထဲ ရှိနေဆဲနဲ့တူပါတယ်။

မြို့လယ်လမ်းမကြိးအတိုင်း တပတ်ပတ်ပြီးတဲ့နောက် မြို့မဈေးနားက ဈေးပေါတဲ့တည်းခိုခန်းတခုမှာ ၀င် တည်းပါတယ်။ နိုင်ငံခြားသားဆိုတော့ တသောင်းခွဲတန်အခန်းကို သုံးသောင်းပေးလိုက်ရပြန်ပါတယ်။ မြို့လယ်ကနာရီစင်မှာပြထားတဲ့ အပူချိန်ကိုမကြည့်ဖြစ်ပေမဲ့ တောင်ကြီးအပူချိန်က ၁၀ ဒီဂရီစင်တီဂရိတ် အောက်တောင်ရောက်နေမလားပဲ။ ပြီးတော့တောင်ပေါ်ဆိုတော့ လေကလဲတိုက်နေပါတယ်။ နော်ဝေး ကလာတဲ့ ဧည့်သည်လဲ တောင်ကြိးဆောင်းလေအေးကို အတော်ဖြုံသွားပါတယ်။

တောင်ကြီးမှာကျနော်တို့အရင်ရောက်နေတဲ့ အော်စလိုသားတဦးက ''နတ်စိမ်းမြေမှသည်'' From the Land of Green Ghosts စာအုပ်ကိုရေးသားခဲ့သူ ပါစကယ်ခူးသွယ်။ အင်းလေးကန်ဆီသွားဖို့အတွက် သူနဲ့ညှိပြီးတဲ့နောက် မနက် ၉ နာရီလောက်မှာ တောင်ကြီးကနေ အင်းလေးကန်ရှိတဲ့ ညောင်ရွှေမြို့ဆီ လိုင်းကားစီးပြီးထွက်လာပါတယ်။ စင်းလုံးဖြတ်ကားငှားရင်တသောင်းကျော် နှစ်သောင်းနီးပါး။ ဒါပေမဲ့ လိုင်းကားစီးရင် တယောက်မှ ၁၀၀၀ (တထောင်) ပဲပေးရပါတယ်။

မနေ့ကတက်လာတဲ့ အေးသာယာ၊ ရွှေညောင်ကိုဖြတ်ပြီးတဲ့နောက် ညောင်ရွှေလမ်းခွဲထဲ ကားက၀င် လာပါတယ်။ တောင်ပေါ်ကနေ ပင်လယ်ကမ်းစပ်ကိုရောက်သွားသလိုပါပဲ။ သဘာဝအခင်းအကျင်းက လုံးဝပြောင်းသွားပါတယ်။ စပါးခင်းတွေ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ၊ အင်း အိုင် ချောင်းမြောင်းတွေ ကိုမြင်လာရပါတယ်။ ပြီးတော့ ''စပယ်ရှယ် ငါးကင်ရမည်'' ဆိုတဲ့ စားသောက်ဆိုင်လေးတွေကို ရေကန် လေးတွေဘေးမှာတွေ့ရပါတယ်။

ရေကန်ခပ်ကြီးကြီးတခုအဆုံးမှာတော့ ညောင်ရွှေမြို့ကိုတွေ့ရပါတယ်။ အဲဒီမှာ ခဏနား၊ နေ့လည်စာစား ပါတယ်။ ''ဟိုမှာမြင်နေရတဲ့ အစွယ်ချွန်ချွန်လေးကိုတွေ့လား၊ အဲဒါ ဦးဟန် (ညောင်ရွှေ) တို့ရဲ့ ဟော်နန်း ပဲလေ'' လို့ ကိုပါစကယ်ကပြောပါတယ်။ တိုင်းရင်းသားအရေးဆောင်ရွက်နေတဲ့ EU Burma ရုံးရဲ့ ညွန် မှုး။ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) မှာလဲ ညွန်မှုးတာဝန်ထမ်းခဲ့ဖူးတဲ့ ဦးဟန်ညောင်ရွှေကို ကျနော် တို့ပြည်ပရောက်နေသူအတော်များများက ဦးဟန်လို့ခေါ်ကြပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ရဲ့သား တဦးပေါ့။


(မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ညောင်ရွှေဟော်နန်း)

အင်းထဲမဆင်းခင် အဲဒီဟော်နန်းကိုတော့ ရောက်အောင်သွားကြည့်ဦးမှဆိုပြီး ကျနော်တို့အုပ်စု လမ်း လျောက်ချီတက်လာပါတယ်။ ဈေးတန်းအလွန် ဒီဖက်ရောက်တော့ သားနားလှပတဲ့ ဟိုတယ်တလုံး။ ပြီးတော့ စက်ဘီး၊ ဆိုင်ကယ်၊ ကား အငှားဆိုင်တွေ။ အဲဒီဆိုင်တွေအလွန်မှာတော့ ကုက္ကူပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ခြံဝင်းကြီးတခု၊ အဲဒီခြံထဲမှာတော့ ဘုန်းကြီးကျောင်းနဲ့ခပ်ဆင်ဆင်တူတဲ့ ရှေးဟောင်း နှစ် ထပ်အဆောက်ဦကြီးတခုကိုမြင်ရပါတယ်။

''အဲဒါ ညောင်ရွှေဟော်နန်းပဲလေ'' လို့ ကိုပါစကယ်ကပြောပါတယ်။ ဒါပေမဲ့ ၀င်ပေါက်ကဆိုင်းဘုတ်မှာ တော့ အဲဒီလိုရေးမထားပါ။ ''ယဉ်ကျေးမှုပြတိုက် (ညောင်ရွှေ)'' လို့သာ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးထားပါတယ်။ ပြတိုက်ဖွင့်ချိန် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ၊ လူကြီး ၂၀၀ ကျပ်။ နိုင်ငံခြား သား ၂ ဒေါ်လာလို့လဲ ရေးထားပါတယ်။ ခြံဝင်းတံတိုင်းကိုပြုပင်နေဆဲဖြစ်ပြီး အလုပ်သမားတချို့ အလုပ် ရှုပ်နေကြပါတယ်။

ခြံဝင်းထဲဝင်သွားတော့ ဟော်နန်းရှေ့က အလံတိုင်းမှာ ရှမ်းအလံတလူလူလွင့်နေတာတွေ့ရပါတယ်။ ဟော်နန်းကိုလက်ဝဲရစ်ပတ်လိုက်တော့ အမြောက်ဟောင်းတလက်ထောင်ထားတဲ့ဖက်ကို အရင်ရောက် ပါတယ်။ ဟိုဖက်တောအုပ်ထဲမှာတော့ ဟော်နန်းလုံခြုံရေးအစောင့်နေခဲ့ဖူးတဲ့ အဆောင်ဟောင်းတခုကို တွေ့ရပါတယ်။ ကွန်ကရစ် လူသွားလမ်းမှအပ ကျန်တဲ့တောအုပ်ကို မကြာသေးခင်ကမှ ခုတ်ထွင်ရှင်း လင်းထားတဲ့ပုံစံမျိုး။

(မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ညောင်ရွှေဟော်နန်း)

အနောက်ဖက်မှာတော့ ပြိုပျက်စပြုနေတဲ့သစ်သားလှေကားထစ်တွေကို အပြင်ကနေ လှမ်းမြင်နေရပါ တယ်။ အဲဒီလှေကားပျက်ရဲ့မျက်စောင်းထိုးမှာတော့ ဟော်နန်း (အခု ယဉ်ကျေးမှုပြတိုက်) ရဲ့ အထွေ ထွေလုပ်သားတွေနေပုံရတဲ့ တန်းလျားငယ်တခု။ ကလေးငယ် နှစ်ဦး ဆော့ကစားနေတာတွေ့ရပါတယ်။ ဒီဖက်မျက်နှာစာမှာတော့ ဟော်နန်းရဲ့လေသာဆောင်။ အားလုံးသစ်သားတွေနဲ့လုပ်ထားတာတွေ့ရပါ တယ်။ အဲဒီလေသာဆောင်ရဲ့အောက်ထပ်မှာတော့ သံတိုင်တွေကာရံထားတဲ့အခန်းတခု။

ဒီဖက်ကိုထွက်လိုက်တော့ ဟော်နန်းရဲ့ အရှေ့ဖက်မျက်နှာစာနဲ့ ဟော်နန်း (ပြတိုက်) ထဲ ၀င်တဲ့အပေါက်။ အထဲကိုဝင်မှ ၂ ဒေါ်လာပေးရမှာဖြစ်ပြီး အပြင်ကလျောက်ကြည့်ရင် ဘာမှပေးစရာမလိုတဲ့သဘော။ ကျ နော်တို့အုပ်စုလမ်းလျောက်ပြီး ဓာတ်ပုံရိုက်နေတာကိုလဲ ပြတိုက်တာဝန်ရှိသူတွေက ဘာမှလာမပြော၊ ဘာမှလာမေးခြင်းမရှိပါ။ အချိန်မရတဲ့အတွက် ဟော်နန်းထဲကိုတော့ ကျနော်တို့ မ၀င်ဖြစ်လိုက်ပါ။

အိုဟောင်းပြီး လက်ရာမြောက်လှတဲ့ ဟော်နန်းကိုကြည့်ပြီး အတိတ်ကိုလွမ်းသလိုလို၊ သမိုင်းကိုပြန်လေ့ လာချင်သလိုလို စိတ်ထဲမှာဖြစ်လာပါတယ်။ ပြီးတော့ တခြားဒေသက ဟော်နန်းတွေလဲ ဒီလိုပဲ ပြတိုက် ဖြစ်ကုန်ကြပြီလားလို့ တွေးမိပါတယ်။ ဘာဖြစ်ဖြစ် ဒီနေရာဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ နေထိုင် ခဲ့တဲ့နေရာဆိုတော့ အင်းလေးကိုသွားသူတိုင်း ၀င်ရောက်လေ့လာသင့်တဲ့နေရာတခုပေါ့။ ဒါပေမဲ့ ပြ တိုက်ထဲမှာ သမ္မတစပ်ရွှေသိုက်နဲ့ ဒီဟော်နန်းရဲ့ရာဇ၀င်ကို ရှင်းပြထားခြင်းရှိ မရှိတော့ ကျနော်မသိပါ။

ဟော်နန်းကနေပြန်ထွက်လာတော့ နေ့လည် တနာရီလောက်ရှိနေပြီ။ မြို့အစွန်ဖက်ကနေ လမ်းလျောက် လာတော့ ကောင်းမွန်သန့်ပြန်လှတဲ့ဟိုတယ်တွေ၊ တည်းခိုခန်းတွေအတော်များများကိုတွေ့ရပါတယ်။ ''ဟိုမှာမြင်နေရတာက NLD က ဦးအုန်းမောင်ပိုင်တဲ့ အိမ်ပဲလေ၊ အခု အဲဒီမှာ NGO တခုရုံးခန်းဖွင့်ထား ပြီး အင်္ဂလိပ်စာသင်ပေးနေတယ်'' လို့ ကိုပါစကယ်ကပြောပါတယ်။ ဦးအုန်းမောင်ဆိုတာ ကျနော်တို့ DVB မှာတာဝန်ထမ်းစဉ်က မကြာခဏဖုန်းခေါ်ပြီး အင်တာဗျုးလုပ်ဖူးသူ။ ဒီကိစ္စတွေကြောင့်ပဲ ထောင်ချ ခံခဲ့ရဖူးသူပေါ့။


(မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ညောင်ရွှေဟော်နန်း)

အဲဒီရုံးထဲဝင်လိုက်တော့ အနောက်တိုင်းသားတချို့ တီဗွီ ကင်မရာတွေနဲ့အလုပ်ရှုပ်နေပြီး တယောက် ယောက်ကို အင်တာဗျုးဖို့စောင့်နေတဲ့ပုံမျိုး။ အဲဒီအချိန်မှာ ပင်နီရောင် ရှမ်းဘောင်းဘီ၊ ရှမ်းအကျီ ၀မ်း ဆက်ကိုဝတ်ပြီး ပိန်ပိန်ပါးပါး အသားဖြူဖြူ အသက် ၆၀ ၀န်းကျင်လူတဦးဝင်လာပါတယ်။ အဲဒါ ဦးအုန်း မောင်ပါပဲ။ ကျနော်တို့ရောက်လာတယ်ဆိုတော့ သူအတော်အံ့သြနေပါတယ်။ ဒါပေမဲ့ တီဗွီ အင်တာဗျုး က အဆင့်သင့်စောင့်နေတာမို့ စကားပြောချိန်သိပ်မရလိုက်ပါ။

ကျနော်တို့ အင်းထဲဆင်းဖို့ပြင်တော့ ၂ နာရီနီးနေပြီ။ ဘယ်လှေငှားငှား ၁၈၀၀၀ (တသောင်းရှစ်ထောင်) ပေးရပ်တယ်။ ခရီးသွားအများစုဟာ ကမ္ဘာလှည့်ခရီးသည်တွေဖြစ်ပြီး တချို့ကအုပ်စုလိုက်၊ တချို့က နှစ် ဦးတည်း Honeymoon ။ တချို့ကတော့ တကိုယ်တော်။ အနောက်တိုင်းသားတွေကြားမှာ ထိုင်းတွေ ကိုလဲ အတော်များများတွေ့ရပါတယ်။ လှေမောင်းတဲ့လူက အင်းသား။

''ဖဲမျိုး နို့နွန်၊ နေကွန်းဘဲလား''။ (ဘယ်လိုလဲ အကို၊ နေကောင်းကျမ်းမာတယ်မို့လား) ဆိုပြိး ထားဝယ် လိုနဲ့နှုတ်ဆက်တော့ သူကသဘောတွေကျပြီး အင်းလေသံနဲ့ပြန်ဖြေပါတယ်။ လေသံက ထပ်တူမကျပေ မဲ့ အပြန်အလှန်နားလည်ကြပါတယ်။ ဒါကြောင့် အင်းသားတွေကို တောင်ပေါ်ထားဝယ်တွေလို့ တင်စား ခေါ်ဝေါ်ကြတာဖြစ်မယ်ထင်ပါတယ်။    ။

thithtoolwin
အပြည့်အစုံသို့ »

သတင်းသွားမေးသော DVB သတင်းထောက်အား ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုများဖြင့် မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်၊ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းသည် သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိ



သတင်းအယ်ဒီတာအဖွဲ့

ဧပြီ ၇ ရက်တွင် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခြင်းခံခဲ့ရသည့် ဒီဗွီဘီသတင်းထောက် ဦးသူရသက်တင်နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့ကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့် အားပေးကူညီမှုတို့ဖြင့် တရားစွဲဆိုထားသော ဒီဗွီဘီသတင်းထောက် ဦးသူရသက်တင် (ခ) ဦးဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ထောင်ဒဏ်တစ်နှစ်စီကျခံရန် မကွေးမြို့နယ်တရားရုံးက ဧပြီ ၇ ရက်က အမိန့်ချမှတ်ခဲ့သည်။

ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင်နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၃ အရ ထောင်ဒဏ်တစ်နှစ်၊ ပုဒ်မ ၄၄၈ အရ ထောင်ဒဏ်တစ်နှစ်၊ အဆိုပါပြစ်ဒဏ်များအား တစ်နှစ်တပေါင်းတည်းကျခံရန် အမိန့်ချမှတ်ခဲ့သည်ဟု ကိုသူရသက်တင်၏ ရှေ့နေဖြစ်သူဦးသိန်းထွန်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် သြဂုတ် ၂၄ ရက်က ကျောင်းသားမိဘနှင့်အတူ ဒီဗွီဘီသတင်းထောက်တို့သည် ဂျပန်နိုင်ငံသို့ KIZUNA ပရောဂျက်ဖြင့် လေ့လာရေးစေလွှတ်မည့် ကျောင်းသားကျောင်းသူများ၏ အရည်အချင်းသတ်မှတ်ချက်များအား ပညာရေးမှူးရုံးသို့ သွားရောက်မေးမြန်းမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် သြဂုတ် ၂၅ ရက်က မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူး ဦးမောင်ငွေက တရားလိုပြုလုပ်၍ ၎င်းတို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်က တရားစွဲဆိုခံရသူနှစ်ဦး၏ နောက်ဆုံးလျှောက်လဲချက်အား ကြားနာခဲ့ကာ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အမှုစစ်ဆေးချိန်အတွင်း စွဲချက်ချသည့်အမိန့်ကို ဗဟိုတရားရုံးချုပ်အဆင့်အထိ အယူခံဝင်ခဲ့သော်လည်း ပလပ်ခြင်းခံခဲ့ရကြောင်း သိရသည်။

"ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်အမှုသည်မှာ အပြစ်မရှိဘူးလို့ မြင်ပါတယ်။ ကျွန်တော့်အနေနဲ့ ခရိုင်၊ တိုင်းအဆင့်ကနေ ဗဟိုအဆင့်အထိ ဆက်လက်အယူခံဝင်သွားမှာပါ" ဟု ရှေ့နေဦးသိန်းထွန်းက ပြောကြားသည်။

ဧပြီ ၇ ရက်တွင် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခြင်းခံခဲ့ရသည့် DVB သတင်းထောက် ဦးသူရသက်တင်နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား တွေ့ရစဉ်

ထိုသို့အမိန့်ချမှတ်ခဲ့မှုအပေါ် ဒီဗွီဘီသတင်းထောက် ဦးသူရသက်တင်က "ကျွန်တော် သတင်းထောက်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာ လုပ်ခဲ့တာပါ။ အခုလိုတရားစွဲဆိုပြီး ထောင်ချခဲ့တာဟာ တရားဥပဒေ စိုးမိုးမှုမရှိဘူးလို့ ပြောချင်ပါတယ်။ ဒါဟာမီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရှိတယ် သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီဖော်ဆောင်မှု ဘယ်လောက်ရောက်နေပြီလဲဆိုတာကို ဖော်ပြလိုက်တာပါပဲ။
ကျွန်တော့်အနေနဲ့ကတော့ အမှုဖြစ်စဉ်တစ်လျှောက်လုံးကို ဥပဒေနဲ့အညီပဲ ရင်ဆိုင်ခဲ့ပါတယ်။ တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အောက်မှာရှိနေလား၊ သီးခြားလွတ်လပ်စွာရှိနေလားဆိုတာ ကျွန်တော့်ကိုချမှတ်တဲ့အမိန့်က ပေါ်လွင်သွားပါပြီ။ ဒီဖြစ်စဉ်ကိုလည်း ပြည်သူလူထုကိုအပ်ပါတယ်။ လူထုကမှားတယ်လို့ ဆုံးဖြတ်တယ်ဆိုရင် ဒီသတင်းလောကကနေ အပြီးသတ်ထွက်သွားလိုက်ပါမယ်" ဟုပြောကြားသည်။

ကျောင်းသားမိဘဖြစ်သူ ဦးဝင်းမြင့်လှိုင်ကလည်း "အခုလိုထောင်ချမှတ်ခဲ့တဲ့အတွက် ဌာနဆိုင်ရာတွေနဲ့ ပတ်သက်လာရင် ပြည်သူလူထုဟာ အကြောက်တရားနဲ့ နေနေတော့မှာပါ" ဟုပြောကြားသည်။

ထိုသို့အမိန့်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမိန့်ချမှတ်ပြီးသည့်အချိန်တွင် The Daily Eleven အနေဖြင့် မြို့နယ်တရားသူကြီး ဒေါ်မန်ဟောက်နျန်ထံသို့ ရုံးစာရေးမှတစ်ဆင့် တွေ့ဆုံမေးမြန်းခွင့် တောင်းဆိုခဲ့ရာတွင် တွေ့ဆုံရန်ငြင်းပယ်ခဲ့သည်။

ထို့အပြင် မြို့နယ်တရားသူကြီး ဒေါ်မန်ဟောက်နျန်အနေဖြင့် စီရင်ချက်အမိန့်ဖတ်ကြားရာတွင် ခေါင်းငုံ့ကာဖတ်ကြားပြီး အသံတိုးလွန်းသဖြင့် မည်သည့်အတွက်ကြောင့် ထောင်ဒဏ်မည်မျှချမှတ်သည်ကို ကောင်းစွာကြားသိခဲ့ရခြင်းမရှိကြောင်း တရားခံနှစ်ဦးနှင့် ၎င်းတို့၏ ရှေ့နေအပါအ၀င် တရားခွင်အတွင်း ၀င်ရောက်နားထောင်သူများက ပြောကြားသည်။

ယခုကဲ့သို့ သတင်းထောက်နှင့် ကျောင်းသားမိဘအပေါ် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းသည် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၏ အမိန့်အာဏာသက်ရောက်မှု မကင်းနိုင်ကြောင်း ဒေသခံသတင်းထောက်များက သုံးသပ်ပြောကြားသည်။

၎င်း၏လက်ထက်တွင် သတင်းမီဒီယာသမားများအား ဖမ်းဆီးမှုများရှိခဲ့ပြီး Eleven Media Group မှ မကွေးမြို့ခံ သတင်းထောက်နှစ်ဦးအား သတင်းဓာတ်ပုံနှင့်ဆက်စပ်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသည်။ မကြာသေးမီကလည်း မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ လက်နက်စက်ရုံ သတင်းဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး ယူနတီသတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးမှာ ပခုက္ကူခရိုင်တရားရုံး၌ တရားရင်ဆိုင်နေရလျက်ရှိသည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦးက နိုင်ငံတော်သမ္မတ ရုံးညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းလက်မှတ်ရေးထိုးလျက် ၎င်းအားတရားလိုအဖြစ် အမှုဖွင့်ဆောင်ရွက်သွားရန် တာဝန်ပေးသည့်စာကို လက်ခံရရှိခဲ့ပြီး ပေါက်မြို့မရဲစခန်း၌ စာဖြင့်ရေးသားပြီး အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

သမ္မတရုံးမှတာဝန်ပေးသည့် စာတွင် (၁) ၂၅-၁-၂၀၁၄ ရက်ထုတ် ယူနတီနိုင်ငံရေးနှင့် တိုင်းရင်းသားသတင်းဂျာနယ်တွင် "ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ" ခေါင်းစဉ်ပါဆောင်းပါး၌ မိမိနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများက အထင်အမြင်လွဲမှားစေနိုင်သည့် ကာကွယ်ရေး၊ လုံခြုံရေးနှင့်သက်ဆိုင်သော နိုင်ငံတော်လျှို့ဝှက်ချက်ဓာတ်ပုံများ ဆောင်းပါးအချက်အလက်များ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ (၂) အဆိုပါအမှုကိစ္စတွင် ဥပဒေချိုးဖောက်ကြောင်း၊ သံသယရှိသူများအား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေအရ အရေးယူနိုင်ရန်အတွက် "ကြည်း ၂၈၂၉၉၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ဌာနမှူး၊ စစ်ဆေးရေးဌာန အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ" က တရားလိုအဖြစ် အမှုဖွင့်လှစ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အားပေးပို့ပါသည်ဟု ပါရှိသည်။

ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင်သည် ယခင်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ် မေလအတွင်းက နတ်မောက်မြို့နယ် သမုန်းပင်ကျေးရွာ၌ သောက်သုံးရေရှားပါးမှုသတင်းအတွက် ရုပ်သံရိုက်ကူးမှုနှင့် ပတ်သက်၍ လိုင်စင်မဲ့ဗီဒီယိုရိုက်ကူးမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရကာ ၂၀၁၂ ခုနှစ်အတွင်းက ပြန်လည်လွတ်မြောက်ခဲ့သူလည်း ဖြစ်သည်။

"ကျွန်တော်တို့သတင်းထောက်ကို ထောင်ချလိုက်တဲ့နေရာမှာ ကိုးကားထားတဲ့ ပုဒ်မတွေက ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ-၄၄၈ နဲ့ဖြစ်တယ်။ အဲ့ဒီနေရာမှာ ပုဒ်မ-၃၅၃ ၀တ္တရားနှောင့်ယှက်တယ်လို့ပြောတယ်။ ကျွန်တော်တို့သတင်းထောက်က အများပြည်သူနဲ့ဆိုင်တဲ့ရုံးမှာ အစိုးရ၀န်ထမ်းတစ်ယောက်ကို အများပြည်သူသိသင့်တဲ့ သတင်းအချက်အလက်ကိုသွားမေးတာ ၀တ္တရားနှောက်ယှက်မှု လုံးဝမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ တာဝန်ဝတ္တရားနှောင့်ယှက်မှုဆိုတာ အကြမ်းဖက်မှု ခြိမ်းခြောက်မှု ဒါမျိုးတွေပါမှ အဲဒီပြစ်မှုမြောက်တယ်။ အခုကျွန်တော်တို့ သတင်းထောက်က ကင်မရာပဲပါတယ်။ ဗီဒီယိုမှတ်တမ်းရိုက်တာပဲရှိတယ်။ ပြီးတော့ သတင်းမေးတာပဲရှိတယ်။ ဒါဟာဝတ္တရားနှောက်ယှက်မှုမြောက်လောက်တဲ့ ပြစ်မှုမဟုတ်ဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်။ နောက်ပုဒ်မတစ်ခုက ပုဒ်မ ၄၄၈၊ အဲဒီပုဒ်မက ပိုင်နက်ကျူးလွန်မှု။ ပုဒ်မ ၄၄၈ နဲ့ ပတ်သက်ပြီး ပြစ်မှုမြောက်မမြောက်ကို ကျွန်တော်တို့ရှေ့နေနဲ့ တိုင်ပင်ကြည့်ပါတယ်။ အဲဒါက ပုဂ္ဂလိကပိုင်ဆိုင်မှုတွေထဲကို ကျူးကျော်ဝင်ရောက်တဲ့ ပြစ်မှုဖြစ်ပါတယ်။
ခုဟာက အများပြည်သူနဲ့သက်ဆိုင်တဲ့ ရုံးထဲကို ရုံးချိန်အတွင်းမှာ သတင်းထောက်က ၀င်ရောက်သတင်းမေးမြန်းခြင်းဖြစ်ပါတယ်။ ဒီဟာကလည်း ပိုင်နက်ကျူးလွန်မှုမမြောက်ဘူးလို့ ယုံကြည်ပါတယ်။
အစိုးရသစ်လက်ထက်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နေတယ်။ ပြီးတော့ သတင်းလွတ်လပ်ခွင့်ကို ပေးတယ်လို့ပြောတယ်။ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိတယ်လို့ ကျွန်တော်တို့အသိအမှတ်ပြုပါတယ်။ သို့သော် ခေတ်မမီတော့တဲ့ ရာဇသတ်ကြီးဥပဒေတွေ၊ ကျင့်ထုံးဥပဒေတွေကိုအသုံးချပြီး သတင်းမီဒီယာလောကသားတွေကို ဖိနှိပ်ပြီး အရေးယူနေတာကတော့ သူတို့ပြောနေတဲ့ သွားနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လုံးဝဆန့်ကျင်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ ထောက်ပြပါတယ်" ဟု ဒီဗွီဘီသတင်းဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

ဒီဗွီဘီသတင်းထောက် ကိုသူရသက်တင်သည် အသက် ၄၁ နှစ်အရွယ်ရှိပြီး မကွေးမြို့ ကန်သာရပ်တွင် နေထိုင်ကာ ဇနီးနှင့် အသက်နှစ်နှစ်အရွယ် သားတစ်ဦးရှိကြောင်း သိရသည်။
ယခုကဲ့သို့၎င်းအား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းသည် မကြာသေးမီက ပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်းလည်း ပြောဆိုမှုများရှိနေသည်။

ပြီးခဲ့သော မတ် ၁၄ ရက်က ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည့် သတင်းမီဒီယာဥပဒေတွင် နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်ကျင့်ဝတ် သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်ကြောင်း သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ တွင် ပြဋ္ဌာန်းထားပြီး ကောင်စီ၏ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ကြောင်း သတင်းမီဒီယာဥပဒေပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

"သတင်းမီဒီယာဥပဒေမှာက သတင်းမီဒီယာသမားတစ်ဦးက တာဝန်နဲ့ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ရင် ရှေးဦးစွာ သတင်းမီဒီယာကောင်စီကို တိုင်ကြားနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဥပဒေအရ ဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီကို မဖွဲ့ရသေးဘူးဆိုပေမယ့် လက်ရှိမှာဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)ဆိုတာ ရှိပါတယ်။ ကောင်စီရှေ့မှောက်မှာ ညှိနှိုင်းဖြေရှင်းရာမှာ ပြေလည်မှုမရှိရင်တော့ ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒီဖြစ်စဉ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကသာ မီဒီယာတွေကို မဖိနှိပ်ချင်ဘူး။ မီဒီယာလွတ်လပ်ခွင့်ကို အသိအမှတ်ပြုချင်တယ်ဆိုရင် ဒီဥပဒေအရကောင်စီမှာ အရင်ညှိနှိုင်းသင့်တယ်။ ကောင်စီကိုလည်း အသိမပေး။ ညှိလည်းမညှိနှိုင်းဘဲ ထောင်ဒဏ်အမိန့်ချမှတ်တာဟာ သတင်းမီဒီယာဥပဒေနဲ့ မကိုက်ညီသလို ဖြစ်နေပါတယ်" ဟု ဥပဒေပညာရှင်တစ်ဦးကဆိုသည်။

လက်ရှိသတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက် (ယခု ဒီဗွီဘီသတင်းထောက်အား အမိန့်မချမီ) က ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်သောကြောင့် ဒီဗွီဘီသတင်းထောက်ဖြစ်စဉ်အား အမိန့်မချမီ သတင်းမီဒီယာဥပဒေကို ထည့်တွက်စဉ်းစားခြင်းမရှိသည်မှာ သတင်းမီဒီယာဥပဒေနှင့် မကိုက်ညီဘဲဖြစ်နေကြောင်း သတင်းမီဒီယာဥပဒေပြဋ္ဌာန်း ချက်များအရ သိရသည်။

"ဘာမဟုတ်တဲ့ကိစ္စ ထောင်မချသင့်တဲ့ကိစ္စကို ထောင်ချတယ်။ ဘာမှမကြီးကျယ်တဲ့ ပြစ်မှုတစ်ခုကို ထောင်တစ်နှစ်က ပြင်းလွန်းတယ်။ တိုင်းပြည်တစ်ပြည်လုံးကို ရောင်းစားလာဘ်ပေးလာဘ်ယူကို အကြီးအကျယ် ကျူးလွန်တဲ့သူတွေကိုကျတော့ နယ်ပြောင်းရုံလောက် ရာထူးအနားပေးရုံလောက်နဲ့ တရားတောင်မစွဲဘူး။ အဲဒီတော့ လက်ရှိအခြေအနေကိုကြည့်ရင် မြန်မာနိုင်ငံမှာ သတင်းမီဒီယာကို သွယ်ဝိုက်တဲ့နည်းနဲ့ချုပ်ကိုင်ဖို့ လုပ်တာတွေ ကြီးထွားလာတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ မြန်မာနိုင်ငံမှာအားလုံးလိုလားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် မျှော်လင့်ချက်တွေ မှေးမိန်လာပြီဆိုတာ လူထုသဘောပေါက်ဖို့လိုပါတယ်။
အစိုးရကို ပြင်းပြင်းထန်ထန်တောင်းဆိုဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း တိုက်တွန်းရမယ်။ အစိုးရရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့ ဒီမိုကရေစီစံနှုန်းတွေအတွက် ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုဖိအားပေးမလဲဆိုတာ စဉ်းစားသင့်ပြီ" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ လာမည့်သောကြာနေ့(၁၁-၄- ၂၀၁၄) နေ့တွင် Eleven Media Group မှ ထုတ်ဝေမည့် The Daily Eleven သတင်းစာနှင့် Premier Eleven Sports ဂျာနယ်မျက်နှာဖုံးများတွင် Black Cover အဖြစ်ပြုလုပ်၍ ကန့်ကွက်သွားမည်ဖြစ်ပါသည်။



DVB သတင်းထောက်အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ်အမြင်များ

ဆရာဖိုးသောကြာ(ခေတ်မိုး)(ရွှေနိုင်ငံသစ်သတင်းစာ အယ်ဒီတာချုပ်)

"ဒါလုံးဝမတရားပါဘူး။ သတင်းမေးရုံနဲ့ ၀တ္တရားနှောင့်ယှက်မှုမဖြစ်ပါဘူး။ အမှန်ကတော့ တရားစီရင်တဲ့ သဘောကပဲကြည့်ကြည့် အုပ်ချုပ်ရေးသဘောကပဲကြည့်ကြည့် သူကတကယ်ပဲ သတင်းလိုချင်တယ်။ လိုချင်ရတာကလည်း သူ့အတွက်မဟုတ်ဘူး။ တိုင်းပြည်နဲ့လူမျိုးကို တင်ပြချင်တဲ့သတင်းထောက်။ ထောင်ကိုမချသင့်ပါဘူး။ အဲဒီလိုမျိုးလုပ်လိုက်တာက မီဒီယာကို နှိပ်ကွပ်တဲ့သဘောရောက်ပါတယ်။ ရှင်းရှင်းပြောရရင် နောက်မလုပ်ရဲအောင် လုပ်လိုက်တာပါပဲ။ ဆိုလိုတာက မိဘကသားသမီးကို နောက်မလုပ်ရဲအောင် လုပ်တာကတစ်မျိုး၊ ဆရာကကျောင်းသားကို နောက်နောင်မလုပ်ရဲအောင် သင်ခန်းစာပေး ဆုံးမတာက တစ်မျိုးပေါ့ဗျာ။ သတင်းထောက်ဆိုတာက ပြည်သူရဲ့သားသမီးဗျ။ သတင်းထောက်ကို အဲဒီလိုမလုပ်သင့်ပါဘူး"

ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

"အစိုးရသစ်တက်ပြီး ဒုတိယအကြိမ်လွှတ်တော်ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။ သတင်းမီဒီယာတွေကို ကာကွယ်မယ့် ဥပဒေတို့၊ ဖိနှိပ်တဲ့ဥပဒေတွေကို ပြင်ဆင်တဲ့ဥပဒေတို့ လုပ်ရမယ်ဆိုတာကိုပါ။ အဲဒီနှစ်ခုကိုမလုပ်ရင် အယ်ဒီတာချုပ်တွေအပါအ၀င် သတင်းထောက်တွေဟာ စာရေးစားပွဲကနေ အင်းစိန်အကျဉ်းထောင်ထဲ အချိန်မရွေးရောက်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ အခုသတင်းမီဒီယာဥပဒေကို ထုတ်ပြန်ပြီး နည်းဥပဒေရေးဆွဲနေတဲ့အချိန်မှာ မီဒီယာသမားတွေကိုထောင်ချမယ့် ကိစ္စတွေကို စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းသင့်ပါတယ်။ အခုလို မီဒီယာသမားတွေကို ထောင်ချပြီး အရေးယူဖြေရှင်းနေတယ်ဆိုတာ အခုလို ဒီမိုကရေစီကူးပြောင်းနေတဲ့အချိန်မှာ စတုတ္ထမဏ္ဍိုင်အရေးကြီးတယ်လို့ ပြောနေကြတဲ့အချိန်မှာ အင်မတန် ရုပ်ဆိုးအကျည်းတန်တဲ့ကိစ္စဖြစ်တယ်လို့ ပြောပါရစေ"

ဦးသီဟစော (စာနယ်ဇင်းကောင်စီ(ယာယီ))

"တကယ်တမ်းပြောရရင် ပုဒ်မတွေက နဂိုကတည်းက ရေးထားပြီးသား။ ဘယ်ဟာက ထောင်ဒဏ်ခြောက်လ၊ ဘယ်ဟာက ထောင်ဒဏ်တစ်နှစ်ဆိုတာ သတ်မှတ်ပြီးသား။ အဲဒါကိုနည်းတယ်။ များတယ်လို့တော့ ပြောလို့မရဘူး။ ဖြစ်ပြီဆိုရင် စာနယ်ဇင်းကောင်စီ၊ ပြန်ကြားရေးကော်မတီတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်စေချင်တယ်။ အဲဒီလိုလုပ်လိုက်ရင် တရားစွဲတာတွေ သိပ်မရှိတော့ဘူး။ အခုနောက်ပိုင်းတွေမှာဆိုလို့ရှိရင် သက်ဆိုင်ရာအာဏာပိုင်၊ ရဲတွေနဲ့အမှုဆင်ပြီးတော့ ချက်ချင်းအရေးယူဖြစ်တယ်။ အဲဒီလိုပြဿ နာတွေက နိုင်ငံတိုင်းမှာရှိတယ်။ သတင်းထောက်တွေမှာ စွန့်စားရတာတွေ၊ အန္တရာယ်ရှိတာတွေက ရှိပြီးသား။ ဥပဒေထဲမှာ ထည့်ရေးထားတာရှိတယ်။ သတင်းထောက်ကခွင့်တောင်းပြီး မေးတယ်ဆိုရင် ဖြေဖို့တာဝန်ရှိတယ်။ မဖြေဘူးဆိုရင် သက်ဆိုင်ရာဌာနကနေ အရေးယူဖို့ပါတယ်။ အဲဒါတွေက မလာသေးတဲ့အတွက် ထစ်ကနဲရှိရင် သတင်းထောက်ကို အနီးကပ်ဆုံးဥပဒေနဲ့ဖမ်းတာ၊ ထောင်ချတာတွေလုပ်နေတယ်။ ပြစ်ဒဏ်များတယ်၊ နည်းတယ်ဆိုတာကိုတော့ မပြောချင်ဘူး အဲဒီကိစ္စတွေက ဖြစ်ကိုမဖြစ်သင့်တဲ့ကိစ္စတွေ နှစ်ဦးနှစ်ဖက်ပြေလည်အောင် ဆွေးနွေးမှုပြုလုပ်သင့်တဲ့အရာတွေဖြစ်တယ်"

ဦးရဲမြင့်ဖေ (စံတော်ချိန်သတင်းစာအယ်ဒီတာချုပ်)

"ဒါဟာ သတင်းထောက်တွေကိုဖိနှိပ်တာဘဲ။ ကျန်တဲ့သတင်းထောက်တွေကို အဲဒီလိုမလုပ်ရဲအောင်လုပ်တာဘဲ။ ဒါဟန့်တားတာဘဲ။ သတင်းမီဒီယာသမားတွေကို အဲဒီလိုထောင်ချလိုက်တာကို ကျွန်တော်တို့အနေနဲ့ လက်မခံပါဘူး။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချလိုက်တာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ အလားအလာမကောင်းပါဘူး။ သတင်းမီဒီယာသမားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လာပြီ။ တရာဥပဒေစိုးမိုးမှုကလည်း ပုံမှန်အခြေအနေမဟုတ်ပါဘူး။ ဖိနှိပ်တာတွေ၊ မတရားတာတွေကလည်း အများကြီးပါ။ ကျွန်တော်တို့တင်မဟုတ်ပါဘူး။ အောက်ခြေပြည်သူတွေလည်း အများကြီးခံနေကြရပါတယ်"

ဦးကိုနီ(တရားလွှတ်တော်ရှေ့နေ)

သတင်းမီဒီယာတွေကို တရားစွဲတာ ထောင်ဒဏ်ချမှတ်တာတွေက ရှိနေဦးမှာပဲဖြစ်ပါတယ်။ လူတွေသိပ်မသိကြလို့ပါ။ အရင်တုန်းကလည်း ရှိခဲ့ပါတယ်။ အခုလည်းဆက်ရှိနေဦးမှာပါပဲ။ သတင်းထောက်ကလည်း သတင်းထောက်အခွင့်အရေးအရ လွတ်လပ်ခွင့်အရဆိုပြီး သတင်းရယူသလို တရားစွဲအဖွဲ့အစည်းကလည်း သူတို့အခွင့်အရေးအရ တရားစွဲမှာပါပဲ။ ဒါပေမဲ့ ဝေဖန်ချင်စရာတစ်ခုကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ သတင်းမီဒီယာနဲ့ ငြိလာရင်တော့ တရားရေးက အကာအကွယ်ပေးထားတဲ့သဘောမျိုးတွေ ရှိနေပါတယ်"

ဦးခိုင်မောင်ရည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်/အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

"တကယ်တော့ မီဒီယာနဲ့ပတ်သက်ပြီး ဖိနှိပ်မှုတွေ ဆက်တိုက်တွေ့နေရတယ်။ အရင်တုန်းက မီဒီယာနဲ့ပတ်သက်ပြီး အရေးယူတာတွေ ရှိခဲ့ပါတယ်။ The Voice ၊ ဦးမြတ်ခိုင်တို့ကို တရားစွဲခဲ့တယ်။ အဲဒီအမှုတွေက ဖြေလျော့ပေးခဲ့တယ်လို့ ယူဆပါတယ်။ အခု Eleven ကမခိုင်၊ Unity ကသတင်းထောက်တွေကို ဖိနှိပ်တဲ့ပုံစံနဲ့ ဆောင်ရွက်ခဲ့တယ်။ လှိုင်သာယာမှာ ကျူးကျော်သူတွေ တော်တော်များများကို ဒီပုဒ်မနဲ့ဆွဲကြပါတယ်။ ထောင်ကျတယ်ဆိုတာ ရှားပါတယ်။ ပိုင်နက်ကျူးလွန်မှုဆိုတဲ့ပုံစံမျိုးနဲ့ မီဒီယာကို ထောင်ချတယ်ဆိုတာ အံသြဖို့ကောင်းတယ်။ အခုလို မီဒီယာဖြေလျှော့မှုတွေ ပြုလုပ်ရမယ့်အချိန်မှာ ဖိနှိပ်တာဖြစ်နေတယ်။ ဒီအချက်ကို အုပ်ချုပ်ရေးအကြီးအကဲ၊ လွှတ်တော်အကြီးအကဲတွေနဲ့ တရားရေးအကြီးအကဲတွေ အလေးထားစဉ်းစားဖို့လိုပြီလို့ ပြောချင်ပါတယ်"

ဦးမြင့်ကျော် (မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး)

"အခုချမှတ်လိုက်တဲ့ပြစ်ဒဏ်ကို ပြောရမယ်ဆိုရင်တော့ အရမ်းပြင်းထန်လွန်းတယ်။ အဓိပ္ပါယ်မရှိဘူး။ ဖြစ်တဲ့အဖြစ်အပျက်က ကျွန်တော်တို့ သေချာသိပြီးသား။ သူသတင်းမေးဖို့ ကြိုးစားတာမရတော့ ဗီဒီယိုခဏလေး ရိုက်လိုက်တယ်။ အဲဒီဗီဒီယိုက ဖော်ပြဖို့လည်းမဟုတ်ဘူး။ မှတ်တမ်းတင်တဲ့အနေနဲ့ ခဏလေးရိုက်လိုက်တာ။ တချို့ဒေသန္တရအစိုးရက သူတို့သြဇာအာဏာကို လိုတာထက်ပိုပြီးတော့သုံးချင်တယ် မီဒီယာကိုရော၊ လူတွေကိုရော အကြောက်တရားရအောင် လုပ်ချင်တယ်။ ဒီကိစ္စတော့ ဘယ်လို့မှမျှတတဲ့ဟာလည်းမဟုတ်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာလည်း မဟုတ်ဘူး"

ဦးမင်းသူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်/အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

" နိုင်ငံတော်ရဲ့ တရားစီရင်ရေးမူမှာလည်းရှိတယ်။ နိုင်ငံသားတွေကို အပြစ်ပေးရေးထက် ပြုပြင်ရေးကိုဦးတည်ပြီး ဆောင်ရွက်ရမယ်ဆိုတာဖြစ်ပါတယ်။ အဲဒီအခါမှာ သတင်းထောက်တွေဆိုတာ နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်ကို အားပြုနေတဲ့သူတွေအပေါ်မှာ အခုလိုနှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ခြင်းဟာ လုံးမဖြစ်သင့်တဲ့ကိစ္စလို့ အဓိကထားပြောချင်တယ်။ အားလုံးပြောပြောနေတဲ့ ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေးဥပဒေမျိုးတွေကိုတောင် လွှတ်တော်မှာ ပြစ်ဒဏ်တွေလျော့ပေါ့ပေးခဲ့ပြီးပြီ။ ဒီအချိန်မှာ ဒီလိုပြစ်ဒဏ်ပေးမှုဟာ လုံးဝမမျှတဘူး။ ၀တ္တရားနှောက်ယှက်မှုဆိုတာ တကယ်တမ်းကျတော့ တရားရုံးပြင်ပမှာ နှစ်ဦးနှစ်ဖက်ကျေအေးလို့ရတယ်။ အဲဒါအပေါ်မှာ အာဏာပိုင်တွေနဲ့ တရားသူကြီးတွေရဲ့ဆောင်ရွက်ချက်ဟာ ပုဂ္ဂိုလ်ရေးမုန်းတီးမှု ဆောင်ရွက်ချက်တွေပါနေသလားလို့ မေးခွန်းထုတ်ရမယ်။ နိုင်ငံတည်ဆောက်နေတဲ့အချိန်မှာ အင်အားတစ်ချို့ကို ဖွင့်လှစ်ပေးပြီးမှ ပြန်လည်ဆုံးရှုံးမှုတွေ ဖြစ်နေတဲ့အပြင် နိုင်ငံတော်တစ်ခုလုံးသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူကိုလည်း လုံးဝထိခိုက်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒေသအလိုက်ခွဲပြောမယ်ဆိုရင် မကွေးတိုင်းဒေသမှာ ချမှတ်လိုက်တဲ့ပြစ်မှုက ဒါဟာအုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်းကို လွှမ်းမိုးနေတယ်ဆိုတာ ထင်ရှားတယ်ဆိုတာ ပြလိုက်တာပါပဲ။ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။ အခြေခံဥပဒေကို ချိုးဖောက်နေတယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ချို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုတွေ အရမ်းလိုအပ်နေတယ်ဆိုတာ အထင်အရှားပြလိုက်ခြင်းဖြစ်တယ်လို့ သုံးသပ်ချင်ပါတယ်"

EMG
အပြည့်အစုံသို့ »

ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ အမြန်ဆုံးထုတ်ပြန်မည်



Photo: ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ အမြန်ဆုံးထုတ်ပြန်မည် Thursday, December 19, 2013  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် အစီရင်ခံ ၁ စောင် အမြန်ဆုံး ထုတ်ပြန်မယ်လို့ ကျောင်းသားတပ်မတော်က ပြောပါတယ်။  အေဘီအက်စ်ဒီအက်ဖ်ရဲ့ အစီရင်ခံစာအတွက် အပိုင်း ၃ ပိုင်းခွဲပြီး လုပ်ဆောင်ရာမှာ အချိန်ယူ အချက်အလက် ကောက်ယူတဲ့ ပထမအပိုင်း ပြီးဆုံးသွားပြီ ဖြစ်သလို ဒုတိယပိုင်းအနေနဲ့ အချက်အလက်တွေကို ပြန်လည်သုံးသပ်တဲ့အပိုင်း စတင်နေပြီး နောက်ဆုံးပိုင်းအနေနဲ့ အစီရင်ခံစာကို အချောသတ် ရေးသားဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။  မူလက အစီရင်ခံစာကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်မယ်လို့ ထုတ်ပြန်ထားပေမယ့် အခက်အခဲတွေ ရှိနေတဲ့အတွက် သတ်မှတ်ထားတာထက် ပိုပြီး ကြာမြင့်သွားတယ်လို့ ဆိုပါတယ်။  အစီရင်ခံစာ ထုတ်ပြန်မယ့်အချိန်ကိုတော့ အတိအကျ ပြောဆိုဖို့ ခက်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။  “အခက်အခဲကတော့ မျိုးစုံပဲဗျ။ လူတွေက အနှစ် ၂၀ ကျော်ကြာမှ ဒီအကြောင်းအရာတွေ ပြန်ပြောရတဲ့အခါကြတော့ အချက်အလက်အားဖြင့် မပြည့်စုံတာတွေလည်း တွေ့ရတယ်။ အဓိက က ရက်နဲ့ ခုနှစ်နဲ့ ပြောကြတဲ့အခါတွေမှာ အချို့ တော်တော်များများမေ့နေကြပြီ။ နောက်တခုက လူတွေက နေရာဒေသ အနှံ့အပြားမှာ ပြန့်ကျဲနေတော့ လိုက်ရှာရတာ တော်တော်ခက်တယ်။ တချို့ဆို ဘယ်မှ ရှာမရတဲ့သူတွေလည်း ရှိတယ်။''  ၁၉၉၁-၉၂ ခုနှစ်ကာလက ကချင်ပြည်နယ်မှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း အဖွဲ့အတွင်း စစ်ထောက်လှမ်းရေး သူလျှိုတွေ ဖမ်းဆီးရမိတယ်ဆိုပြီး ညှဉ်းပန်း သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားရဲဘော်တွေ အသတ်ခံခဲ့ရပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး သတ်ဖြတ်ခံခဲ့ရသူတွေအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့ ၂၀၁၂ ခုနှစ် မတ်လမှာ ကျောင်းသားတပ်မတော်က အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပြီး အစီရင်ခံစာ ရေးသားပြုစုနေတာလည်း ဖြစ်ပါတယ်။  ဒီအစီရင်ခံစာဟာ ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေကို ပြန်လည်ဖော်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘာတွေဖြစ်ခဲ့သလဲ၊ ဒီချိုးဖောက်မှုတွေအပေါ်မှာ ဘယ်သူတွေက တာဝန်ရှိသလဲဆိုတာနဲ့ ဘယ်သူတွေက ခံခဲ့ရသလဲဆိုတာတွေကို တင်ပြသွားမှာ ဖြစ်သလို အစီရင်ခံပြီး နောက်ပိုင်းမှာလည်း ကော်မတီရဲ့ တွေ့ရှိ အကြံပြုချက်တွေ ထည့်သွင်းထားတယ်လို့ ကျောင်းသားတပ်မတော်ရဲ့ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့က ပြောပါတယ်။  DVB
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ကချင်ပြည် နယ် ပါဂျောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် အစီရင်ခံ ၁ စောင် အမြန်ဆုံး ထုတ်ပြန်မယ်လို့ ကျောင်းသားတပ်မတော်က ပြောပါတယ်။

အေဘီအက်စ်ဒီအက်ဖ်ရဲ့ အစီရင်ခံစာအတွက် အပိုင်း ၃ ပိုင်းခွဲပြီး လုပ်ဆောင်ရာမှာ အချိန်ယူ အချက် အလက် ကောက်ယူတဲ့ ပထမအပိုင်း ပြီးဆုံးသွားပြီ ဖြစ်သလို ဒုတိယပိုင်းအနေနဲ့ အချက်အလက်တွေ ကို ပြန်လည်သုံးသပ်တဲ့အပိုင်း စတင်နေပြီး နောက်ဆုံးပိုင်းအနေနဲ့ အစီရင်ခံစာကို အချောသတ် ရေးသားဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

မူလက အစီရင်ခံစာကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်မယ်လို့ ထုတ်ပြန်ထားပေမယ့် အခက်အခဲတွေ ရှိနေတဲ့အတွက် သတ်မှတ်ထားတာထက် ပိုပြီး ကြာမြင့်သွားတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာ ထုတ်ပြန်မယ့်အချိန်ကိုတော့ အတိအကျ ပြောဆိုဖို့ ခက်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော်လင်းက ဒီဗွီဘီကို ပြော ပါတယ်။

“အခက်အခဲကတော့ မျိုးစုံပဲဗျ။ လူတွေက အနှစ် ၂၀ ကျော်ကြာမှ ဒီအကြောင်းအရာတွေ ပြန်ပြောရတဲ့ အခါကြတော့ အချက်အလက်အားဖြင့် မပြည့်စုံတာတွေလည်း တွေ့ရတယ်။ အဓိက က ရက်နဲ့ ခုနှစ်နဲ့ ပြောကြတဲ့အခါတွေမှာ အချို့ တော်တော်များများမေ့နေကြပြီ။ နောက်တခုက လူတွေက နေရာဒေသ အနှံ့အပြားမှာ ပြန့်ကျဲနေတော့ လိုက်ရှာရတာ တော်တော်ခက်တယ်။ တချို့ဆို ဘယ်မှ ရှာမရတဲ့ သူတွေ လည်း ရှိတယ်။''

၁၉၉၁-၉၂ ခုနှစ်ကာလက ကချင်ပြည်နယ်မှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း အဖွဲ့အတွင်း စစ်ထောက်လှမ်းရေး သူလျှိုတွေ ဖမ်းဆီးရမိတယ်ဆိုပြီး ညှဉ်းပန်း သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရာ မှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားရဲဘော်တွေ အသတ်ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတ်ဖြတ်ခံခဲ့ရသူတွေအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့ ၂၀၁၂ ခုနှစ် မတ်လမှာ ကျောင်းသားတပ်မတော်က အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့ ကို ဖွဲ့စည်းပြီး အစီရင်ခံစာ ရေးသားပြုစုနေတာလည်း ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေကို ပြန်လည်ဖော်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘာတွေဖြစ်ခဲ့ သလဲ၊ ဒီချိုးဖောက်မှုတွေအပေါ်မှာ ဘယ်သူတွေက တာဝန်ရှိသလဲဆိုတာနဲ့ ဘယ်သူတွေက ခံခဲ့ရသလဲဆိုတာတွေကို တင်ပြသွားမှာ ဖြစ်သလို အစီရင်ခံပြီး နောက်ပိုင်းမှာလည်း ကော်မတီရဲ့ တွေ့ရှိ အကြံပြုချက်တွေ ထည့်သွင်းထားတယ်လို့ ကျောင်းသားတပ်မတော်ရဲ့ အမှန်တရားနဲ့ တရားမျှတမှု ဖော် ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့က ပြောပါတယ်။

DVB Burmese
အပြည့်အစုံသို့ »

ထိုင်းအအေးခန်းစက်ရုံမှ လျှော့ချခံရသည့် မြန်မာအလုပ်သမား ၁,၂၀၀ နီးပါး အလုပ်ပြန်ရမည်ဟုဆို


ထိုင်းနိုင်ငံရှိ ငါးပုစွန်အအေးခန်းစကရုံမှ အလုပ်ရပ်စဲခံရသော မြန်မာအလုပ်သမား ၁,၂၀၀ နီးပါးကို မြန်မာ နိုင်ငံသို့ ပြန်ပို့မည်မဟုတ်ဘဲ လုပ်ငန်းခွင်အစားထိုး ၀င်ရောက်လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်သည်ဟု ထိုင်း နိုင်ငံအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်က မဇ်္ဈိမ ကိုပြောသည်။

ထိုင်းနိုင်ငံ၊ ဆမွတ်ဆခွန် (Samut Sakhon) ပြည်နယ်ရှိ Charoen Pokphand Foods ပုစွန်အအေးခန်း စက်ရုံသည် စက်ရုံအတွင်း ပုစွန်ကုန်ကြမ်းများ ကူးစက်ရောဂါပိုးကျနေသဖြင့် လုပ်ငန်းရပ်စဲလိုက်ခြင်း ဖြစ် သည်။ စက်ရုံရှိ အလုပ်သမားများ လျှော့ချဆောင်ရွက်ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

ဦးကျော်ကျော်လွင်က “လျှော့ချခံရတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်ပို့မှာ မဟုတ်ဘူး။ တခြားအအေးခန်းရုံမှာ အလုပ်ပြန်ပေးသွားမှာပါ။ လျှော့ချရတဲ့အကြောင်းကတော့ ပုစွန်ကူးစက်ရောဂါ ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံဥပဒေအရ လျော်ကြေးပေးရ မှာစိုးတာကြောင့် လျော့ချ လိုက်တာပါ။ ဒါပေမဲ့ သူတို့ကို တခြား အလုပ်ရုံတစ်ခုခုမှာ အလုပ်ရအောင် လုပ်ပေးမှာပါ” ဟု မဇ်္ဈိမ၏ ဆက်သွယ်မေးမြန်းမှု အပေါ် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ အလုပ်သမား၏ အလုပ်အစား ထိုးရွှေ့ပြောင်းခြင်းကိုမူ Charoen Pokp hand Foods ကုမ္ပဏီစု ပိုင်ဖြစ်သော အခြားစက်ရုံသို့ရွှေ့ပြောင်းပေးသွားမည်ဖြစ်သည်ဟု ဦးကျော်ကျော်လွင်က ဆက်လက်ပြော သည်။

ယခု ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ရာပေါင်းများစွာသည် နစ်နာ ကြေးတစ်စုံ တစ်ရာမရရှိဘဲ အလုပ်ရပ်စဲခြင်းများ ခံခဲ့ရသဖြင့် ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမား ကာ ကွယ်ရေးအဖွဲ့ချုပ်မှ အလုပ်သမားများကိုယ်စား တိုင်တန်းမှုများရှိခဲ့သည်ဟု DBV သတင်းဌာနတွင် ဖော်ပြ ထားသည်။

ထိုအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “အစောပိုင်းတုန်းက ရပ်ဆိုင်းခံရတဲ့ အလုပ်သမားတွေကိုတော့ ကျွန်တော်တို့ ကာကွယ်ပေးလို့ မရဘူး။ ဒါပေမဲ့ သူတို့ အလုပ်မရတော့ဘူးဆိုရင်တော့ ကျွန်တော် တို့ကို ဆက်သွယ်နိုင်ပါတယ်” ဟု DVB သတင်းဌာနကို ပြောထားသည်။

ထိုင်းနိုင်ငံရှိ ငါးပုစွန်အအေးခန်းစက်ရုံများ၏ နှစ်စဉ်ပို့ကုန် တန်ဖိုးခန့်မှန်းခြေ အမြတ်ငွေမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိပြီး အလုပ်သမား ၆၅၀,၀၀၀ ဖြင့် လုပ်ကိုင်လျက်ရှိခြင်း ဖြစ်သည်။ အဆိုပါ အလုပ်သမားများအနက် မြန်မာအလုပ်သမားအများစုပါပြီး တရားဥပဒေအရကာကွယ်ထားမှု နည်း လှသည်ဟု မတ်လ ၂၈ ရက် က ထုတ်ပြန်သော DVB သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ထိုင်း နိုင်ငံဥပဒေအရ သတ်မှတ်ထားသော တစ်နေ့လုပ်အားခ ထိုင်းဘတ် ၃၀၀ ကို နည်းလမ်းအမျိုးမျိုးဖြင့် အပြည့်အ၀မရရှိခြင်း၊ လုပ်အားခမပေးဘဲ အလုပ်ရှင်များ၏ မောင်းထုတ်ခံ ရခြင်း၊ ကိုယ်ပိုင် အထောက်အထားများကို သိမ်းဆည်းထားခံရခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ များရပါက အလုပ်ရှင်များအနေဖြင့် လျော်ကြေးပေးရန် ပျက်ကွက်ခြင်းတို့ကို ကြုံတွေ့နေရသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

Mizzima Burmese
အပြည့်အစုံသို့ »

DVB - မီဒီယာဥပဒေအတည်မဖြစ်ခင် ကာကွယ်မပေးနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးပြော



မီဒီယာ ဥပဒေ အတည်မဖြစ်သေးခင် ဒီဗီဘီ ကိုဇော်ဖေ တရားစွဲ ခံရတာ ဖြစ်တဲ့အတွက် ဥပဒေအရ အကာအကွယ် မပေးနိုင်တာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည် ပြောပါတယ်။ ဦးမြင့်နိုင်က သတင်းပေးပို့ထားပါတယ်။

DVB TV


အပြည့်အစုံသို့ »

DVB - သင်္ကြန်တွင်း ယာဉ်မောင်းတွေ အရက်မူးတိုင်းစစ်ဆေးမည်


သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ ယာဉ်မောင်းတွေကို အရက်မူးတိုင်း ကိရိယာနဲ့ စစ်ဆေးမယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ပြောပါတယ်။ ဦးညီငယ်က ပေးပို့ထားပါတယ်။



DVB TV - 31.03.2014
အပြည့်အစုံသို့ »

ရဲတပ်ဖွဲ့ကို စွပ်စွဲမှုဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား စစ်ဆေး


ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က DVB သတင်းဌာနသို့ ပြောကြားခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ရယူကာ ဦးရွှေမောင်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။
“မေးတာက နှစ်ခုပဲ ရှိတယ်။ ရဲတွေ မီးရှို့တယ်လို့ ပြောတာက ဘယ်အထောက်အထားနဲ့ ပြောတာလဲ။ နှစ်က အဲလိုပြောဆိုမှုတွေကြောင့် ကျန်တဲ့နေရာတွေမှာ တင်းမာမှုတွေ ဖြစ်တယ်ဆိုတာကို သူသဘောပေါက်လား မေးတဲ့သဘောပါပဲ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

အဆိုပါ စွပ်စွဲပြောဆိုမှုနှင့် ပတ်သက်၍ စစ်ဆေးရရှိသည့် အခြေအနေပေါ် မူတည်ပြီး အရေးယူ မယူကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်းကျေးရွာ မီးရှို့မှုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ နေရာသည် ရဲတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နေရာဖြစ်သဖြင့် အပြင်လူ မဝင်နိုင်သည့်အပြင် ဝင်ရောက် မီးရှို့ပါကလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိမည် ဖြစ်ကြောင်း ဦးရွှေမောင်က DVB သတင်းဌာနကို ပြောဆိုထားသည်။
“နောက်တစ်ချက်က အဲဒီအနီး ပတ်ဝန်းကျင်က ရွာတွေက လူတွေ တယ်လီဖုန်းနဲ့ သေချာတိကျခိုင်မာတဲ့ သတင်းပို့တာကတော့ ရဲတွေကိုယ်တိုင် မီးရှို့နေတာကို သူတို့မြင်တယ်လို့ ပြောတယ်” ဟု ဦးရွှေမောင်က ပြောဆိုထားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်၍ ဦးရွှေမောင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ တယ်လီဖုန်း ပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပေ။

ဒုချီးရားတန်း အနောက်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးရှို့မှု၌ မီးရှို့ရန် အသင့်ပြင်ဆင်ထားသည်ကို တွေ့ရပြီး ယင်းမီးလောင်မှု စတင်ဖြစ်ပွားသည့် နေအိမ်ကို မီးငြှိမ်းသတ်နေစဉ် နောက်ထပ် နေရာနှစ်ခုတွင် ဆက်တိုက် မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း၊ တောင်ဘက်တွင် မီးလောင်နေသည့် နေအိမ် မီးငြှိမ်းရန် သွားရောက်စဉ် ဘင်္ဂါလီ အမျိုးသား ငါးဦး ထွက်ပြေးသွားပြီး မီးလောင်မှု ဖြစ်ပွားသည့် ကျေးရွာအနီးတစ်ဝိုက် ကျေးရွာများမှာ ဘင်္ဂါလီများသာ နေထိုင်သည့် ကျေးရွာဖြစ်သဖြင့် တိုင်းရင်းသားများ လာရောက် မီးရှို့ခြင်း မဖြစ်နိုင်ဘဲ ဘင်္ဂါလီများ ကိုယ်တိုင် ရှို့သည့် ရှို့မီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly
အပြည့်အစုံသို့ »

လစဉ်ကြေး ပေးစရာမလိုဘဲ ရုပ်သံလိုင်း(၁၅)လိုင်း ဖမ်းယူကြည့်ရှုနိုင်ပြီး




ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ယခုလက်ရှိအချိန်တွင် ဒီဂျစ်တယ်နည်းပညာဖြင့် ရုပ်မြင်သံကြားအစီအစဉ်များကို ထုတ်လွှင့်လျက်ရှိသည်။ အဆိုပါ ရုပ်မြင် သံကြားအစီအစဉ်များကို ပြည်သူများ ကြည့်ရှုနိုင်စေရန်နှင့် ယခုကျင်းပ လျက်ရှိ သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ကျင်းပနေမှုများကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်စေရန် တို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက DVB –T2 Set Top Box ရုပ်မြင် သံကြား ဖမ်းစက်များကို လက်ရှိဖမ်းယူရရှိနိုင်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် DVB –T2 Set Top Box ရုပ်မြင်သံကြားဖမ်းစက်များကို ရုပ်မြင်သံကြားပြစက်ရှိပြီး တစ်လမိသားစုဝင်ငွေကျပ် ၁၅၀၀၀၀ အောက်ရရှိ၍ ဝါးအိမ်၊ သစ်သားအိမ်များဖြင့် နေထိုင်ကြသည့် အိမ်ထောင်စုများအတွက် ၁၀၄လုံး၊ စီးပွားဖြစ်မဟုတ်သောဆေးရုံ၊ဆေးခန်းများအတွက် (၉)လုံး၊ စီးပွားဖြစ် မဟုတ်သော စာသင်ကျောင်းအတွက် (၅၈)လုံး၊ မိဘမဲ့၊လူအိုရုံ၊ မသန်စွမ်းကျောင်းများ အတွက် (၅)လုံး၊ သိပ္ပံကောလိပ်နှင့် တက္ကသိုလ်များ အတွက် (၃)လုံး၊ စီးပွားဖြစ်မဟုတ်သော အများပြည်သူ ကြည့်ရှုရန် နေရာများအတွက် (၁၅)လုံး၊ ပြည်သူ့စာကြည့်တိုက်များ အတွက်(၁၁)လုံးနှင့် သာရေးနာရေး လူမှုရေး အသင်းများအတွက် (၁၅)လုံး စုစုပေါင်း စက်အလုံးရေ (၂၂၀)လုံးတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါရုပ်မြင်သံကြားဖမ်းစက်နှင့် ကြည့်ရှုမည်ဆိုပါက လစဉ်ကြေး ပေးစရာမလိုဘဲ ရုပ်သံလိုင်း(၁၅)လိုင်း ဖမ်းယူကြည့်ရှုနိုင်ပြီး အရုပ် အသံကြည်လင်ပြတ်သားစွာ ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
အပြည့်အစုံသို့ »