မလေးရှားနိုင်ငံတွင် တရားဝင်စာရင်းများအရ မြန်မာလူမျိုးများ ၃ သိန်းမှ ၅ သိန်းအထိ ရှိနေသည်ဟု ဆိုသော်လည်း ခန့်မှန်းမှုများအရ မလေးရှား၌ မြန်မာလူမျိုး ၂ သန်းအထိ ရှိနိုင်ကြောင်း သိရသည်။
Eleven media မှ ပြန်လည် ကူးယူဖော်ပြသည်။
အပြည့်အစုံသို့ »
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဒီနေ့ကစပြီး တာဝန်ထမ်းဆောင်တော့မယ့် ဒု ဥက္ကဋ္ဌဟောင်း ဦးလူမင်း (အကယ်ဒမီ လူမင်း) က သူ့ပရိသတ်ကို သူ အလုပ်များမှာဖြစ်ပေမယ့် အနုပညာပိုင်းမှာ လျော့သွားမှာကို မစိုးရိမ်ကြပါနဲ့လို့ ဧရာဝတီက တဆင့် ပြောလိုက်ပါတယ်။
“ပရိသတ်ကို ဟြေချင်တာက ကျနော် အလုပ်တာဝန်တွေ များလာတဲ့အတွက် အနုပညာ ဖန်တီးမှုတွေမှာ လျော့သွားမှာ မစိုးရိမ်ပါနဲ့၊ ကျနော် အရည်အသွေးကို နှစ်ဆ ဂရုစိုက်မယ်၊ အရေအတွက်ကို လျှော့ပြီး အရည်အချင်းကို နှစ်ဆဖြစ်အောင် တဘက်က ကြိုးစားမှာပါ” လို့ ဦးလူမင်းက ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဦးလူမင်းက ဥက္ကဋ္ဌ တာဝန်ကို ယူလိုက်ပြီ ဖြစ်ကြောင်း ဒီနေ့ ရုပ်ရှင်အစည်းအရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာခဲ့တာပါ။
အကယ်ဒမီလူမင်းက “ကျနော် ဒီနေ့ကစပြီး တာဝန် စထမ်းဆောင်မှာပါ၊ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း လုပ်လက်စ အလုပ်တာဝန်တွေကို ကျနော် ဆက်လုပ်ရမှာပေါ့၊ ကျနော် ဥက္ကဋ္ဌ တာဝန်ယူဖို့က အစည်းအရုံးရဲ့ Rule and Regulation အရ ဥက္ကဋ္ဌ အနားယူရင် ဒု ဥက္ကဋ္ဌက တာဝန်ထမ်းဆောင်ရမယ် ဆိုတာလည်း ရှိတယ်၊ အမှုဆောင် အဖွဲ့ဝင် နာယကကြီးတွေ ကလည်း အတည်ပြု ရွေးချယ်ပေးကြတယ်။ ဦးဇင်ဝိုင်းက နိုင်ငံခြားခရီးစဉ် ပြန်လာပြီးကတည်းက ဆေးရုံနှစ်ကြိမ် တက်ရတယ်၊ အခုအချိန်မှာ သူက ခါးလည်း မကောင်းဘူး၊ ဆီးအိမ်လည်း မကောင်းဘူး၊ အလိုလိုနေရင်းနဲ့လည်း ဆီးတွေထွက်ကျ နေတာမျိုး၊ လမ်းလျှောက်ရင်း နဲ့လည်း ခဏခဏလဲကျတယ်၊ မြို့ထဲမှာလည်း ကားပေါ်က ဆင်းလိုက်တာ ခါးမထိန်းနိုင်ဘဲ အရှေ့ကိုစိုက်ပြီး ကားတိုက် မိမလိုတောင် ဖြစ်သွားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။>
အခုနောက်ပိုင်းမှာ ဦးဇင်ဝိုင်းအနေနဲ့ အာရုံစူးစိုက်လို့ မရတာတွေဖြစ်လာတော့ သူ တာဝန်မကျေမှာ စိုးရိမ်တဲ့အတွက် ကျန်းမာရေးအရ အနားယူတာပါလို့ ဦးလူမင်းက ရှင်းပြပါတယ်။ ဥက္ကဋ္ဌ တာဝန်နဲ့ အနုပညာ လှုပ်ရှားမှုတွေ ဘယ်လိုလုပ်မယ်ဆိုတဲ့ အကြောင်းကိုတော့ ဦးလူမင်းက ဥက္ကဋ္ဌနေရာက တာဝန် ကြီးတဲ့အတွက် ဒီအလုပ်နှစ်ခုကို အဆင်ပြေအောင် အဓိကက Balance ညှိပြီး လုပ်ရမယ်လို့ ဆိုပါတယ်။ “ကိုယ့်ရဲ့ အချိန်တွေကို ညီညီမျှမျှ ခွဲဝေပြီးတော့ နှစ်ဆ လုပ်ရမှာပေါ့” လို့ ဦးလူမင်းက ပြောပါတယ်။ သူ့ရဲ့ ဥက္ကဋ္ဌ သက်တမ်းမှာ ရုပ်ရှင်နဲ့ ဗီဒီယို ဈေးကွက်ကို ပိုတိုးတက်အောင် လုပ်ဖို့ ကိစ္စတွေလည်း စီစဉ်ထားတယ် ဆိုတဲ့ အကြောင်း၊ လုပ်ရပ်တခုမှာ ရလဒ်က ပိုအရေးကြီးတဲ့အတွက် လုပ်မယ် ဟြေပြီးတော့ ဖြစ်မလာခဲ့ရင် မကောင်းဘူးဆိုတဲ့ အကြောင်း ဦးလူမင်းက ဆိုပါတယ်။
ပြီးတော့ ကောလာဟလတွေနဲ့ ပတ်သက်လို့ ဦးလူမင်းကို ဧရာဝတီက မေးကြည့်ရာမှာ ကိုယ့်လုပ်ရပ်အတွက် ဒီကောလာဟလတွေကို မကြားရ၊ မမြင်ရ၊ မသိရတဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလို၏လို့ သူက ဆုတောင်းတယ်လို့ သူက ရှင်းပြပါတယ်။“ဒါပေမယ့်လည်း ဒီဆုတောင်းက ဘယ်တော့မှ ပြည့်မှာ မဟုတ်တဲ့ ဆုတောင်းပါ၊ ဖြစ်လာရင်လည်း ရင်ဆိုင်ရမှာပဲပေါ့။ လူသားရယ်လို့ ဖြစ်လာရင် ခံစားတတ်တဲ့ နှလုံးသား ရှိတယ်၊ စဉ်းစားဆုံးဖြတ်နိုင်တဲ့ ဦးနှောက်ရှိတယ်၊ မြင်နိုင်တဲ့ မျက်လုံး၊ ကြားနိုင်တဲ့နား၊ ဟြေနိုင်တဲ့ ပါးစပ်၊ အာရုံခံနိုင်တဲ့ အရာတွေရှိတယ်။ သူ့မှာ အင်အားလက်နက် ကိရိယာတွေ အလုံအလောက် ပါပြီးသားပါ၊ ရင်ဆိုင်ရမှာပေါ့” လို့ ဟြေခဲ့ပါတယ်။
ဒီနေ့ ဇွန်လ ၇ ရက်နေ့ကနေ စပြီး ကျန်းမာရေး အခြေအနေကြောင့် ဦးဇင်ဝိုင်းဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကနေ အနားယူပြီးတော့ အင်တာဗျူးတွေလည်း မဖြေတော့ဘူးလို့ ဧရာဝတီကို ပြောလာပါတယ်။
“ကျနော် ကျန်းမာရေး အခြေအနေကြောင့် အင်တာဗျူး မဖြေတော့ပါဘူး၊ အလုပ်တွေလည်း ရှုပ်နေလို့ပါ။ အဲဒါကြောင့် စာနယ်ဇင်းတွေ အတွက် အဲဒီအကြောင်းကို အစည်းအရုံးမှာ သတင်းထုတ်ပြန် ကြေညာမှာပါ” လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။
ဦးဇင်ဝိုင်းဟာ နိုင်ငံခြားခရီးစဉ်က ပြန်လာပြီး ဆေးရုံနှစ်ကြိမ် တက်ခဲ့ရကြောင်း၊ ခါးနာရောဂါနဲ့ ဆီးရောဂါကို ခံစား နေရတဲ့အတွက် ကျန်းမာရေး အခြေအနေကြောင့် တာဝန်လစ်ဟင်းမှာ စိုးရိမ်တဲ့အတွက် အနားယူရခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီပလော့မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။မြန်မာ့ အာမခံ လုပ်ငန်းကို အစိုးရက နှစ်ပေါင်း ၅၀ ခန့် လုပ်ကိုင်ခဲ့ရာ မေ ၂၅ ရက်က ပုဂ္ဂလိက ကုမ္ပဏီ များသို့ လုပ်ကိုင်ခွင့် ချထား ပေးလိုက်ပြီ ဖြစ်သည်။ လုပ်ကိုင်ခွင့် ရရှိသော အာမခံ ကုမ္ပဏီများ အနေဖြင့် ဇွန်လကုန်တွင် လုပ်ငန်း ဆောင်ရွက်မှု မရှိပါက လုပ်ကိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းမည် ဖြစ်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ သိရသည်။ အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့်ကို လျှောက်ထားသော ကုမ္ပဏီပေါင်း ၁၂ ခုရှိပြီး ကုမ္ပဏီ ငါးခုမှာ မတည် ရင်းနှီးငွေ ပေးသွင်းပြီး ဖြစ်သောကြောင့် လုပ်ကိုင်ခွင့် လိုင်စင် ချထား ပေးခဲ့ကြောင်း သိရသည်။ ပြည်တွင်း အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိ ခဲ့ကြသော ကုမ္ပဏီများ အနက်မှ လေးခုမှာ အောင်သစ္စာဦး ကုမ္ပဏီ လီမိတက်၊ အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီ၊ နိုင်ငံသား စီးပွားရေး အာမခံ အများပိုင် ကုမ္ပဏီနှင့် IKBZ အာမခံ အများပိုင် ကုမ္ပဏီ လီမိတက်တို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ များက အသက် အာမခံ လုပ်ငန်း၊ မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ သံမဏိနှင့် ငွေသား လုံခြုံမှု အာမခံ၊ ငွေရေးကြေးရေး အာမခံများ ပါဝင်သော အထွေထွေ အာမခံ လုပ်ငန်းများကို လုပ်ကိုင် သွားကြမည် ဖြစ်သည်။ IKBZ ကုမ္ပဏီသည် ဇွန် ၈ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး အာမခံ ထားသောငွေကို မြန်မာနိုင်ငံ အာမခံ လုပ်ငန်း ကော်မတီ၏ သတ်မှတ်နှုန်းထား အတိုင်းသာ ပေးရ မည် ဖြစ်သည်။ အကောင်းဆုံး ၀န်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း IKBZ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်-နေပြည်တော် အမြန်ကားလမ်း၏ မိုင်တိုင် ၁၈ဝ/၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ကားနှစ်စီး ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားပြီး လမ်းဘေးထိုးကျခဲ့သဖြင့် ကားနှစ်စီးပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးကြောင်း အမြန်လမ်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖြစ်ပွားမှုမှာ ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က အမြန်လမ်း မိုင်တိုင် ၁၈ဝ/ ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ လိုက်ပါလာသော ၁င/---- ဗင်ကား အဖြူရောင်ကို ၉င/---- ပါရာဒိုအမျိုးအစားကားက ကျော်တက်ရာမှ ယာဉ်မတော်တဆ ဖြစ်ပွားကာ လမ်းဘေးထိုးကျခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ယာဉ်နှစ်စီး မတော်တဆ ဖြစ်ပွားမှုကြောင့် ၁င/---- AD Van အမျိုးအစားကားမှ ဒေါ်သင်းသင်းခိုင် (၅ဝနှစ်) နှင့် ဒေါ်ကြည် (၇၅နှစ်) တို့ သေဆုံးခဲ့သည်။ ထို့အတူ ၉င/---- ပါရာဒို အမျိုးအစား ကားမှ ဆွစ်ဇာလန်နိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ပါရာဒိုကားတွင် အင်္ဂလန်နိုင်ငံသား အမျိုးသား တစ်ဦး၊ ဆွစ်ဇာလန်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အပြင် ယာဉ်မောင်း အမျိုးသားတစ်ဦး တို့ လိုက်ပါလာခြင်းဖြစ်ပြီး ၄င်းတို့အနက် ဆွစ်ဇာလန်နိုင်ငံသားမှာ သေဆုံးသွားခြင်း ဖြစ်သည်။ ပါရာဒိုကားတွင် လိုက်ပါလာသော အမျိုးသမီးမှာ ဒဏ်ရာအနည်းငယ် ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေလျက်ရှိရာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိသည်။
ထို့အတူ ၄င်းပါရာဒိုကားတွင် လိုက်ပါလာသည့် အင်္ဂလန်နိုင်ငံသား တစ်ဦးကိုလည်း ခုတင် ၁ဝဝဝ ဆေးရုံ၌ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မည်သည့်ထိခိုက်မှုမျှမရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ အခင်းဖြစ်ပွားပြီး ခုနစ်မိနစ်အတွင်း အနီးရှိ အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမှ တာဝန်ရှိသူများ ချက်ချင်းရောက်ရှိလာကာ ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ပေးခဲ့ကြသည်။ အမြန်လမ်းပေါ်တွင် မောင်းနှင်သွားလာနေကြသော ယာဉ်မောင်းများ အနေဖြင့် မိုးရာသီ ရောက်ရှိလာပြီဖြစ်ရာ မိုးရေများကြောင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရန် ထိန်းထိန်းသိမ်းသိမ်း မောင်းနှင်ကြရန် အမြန်လမ်း တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ထားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။