လူနာနှင့် ဆရာဝန်အကြားက သံသယကို ဖြေရှင်းမည့် ကြားခံအဖွဲ့ ဖွဲ့တော့မည်


လူနာနှင့်ဆရာဝန်အကြား ဖြစ်ပေါ်လျှက်ရှိသော သံသယများကို ညှိနှိုင်းပေးမည့်ကြားခံ ဆရာဝန်အဖွဲ့ ဖွဲ့စည်း သွားမည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း စီမံခန့်ခွဲမှုဌာန အတွင်းရေးမှူး ဒေါက်တာမြင့်ဦးက ဇွန် ၁၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ရန်ကုန်ရှိ မြန်မာနိုင်ငံဆရာဝန်များအသင်း အဆောက်အအုံတွင် ပြုလုပ်သည့် ''ဆေးလောကစီမံခန့်ခွဲမှုနှင့် လူသားဆန်သော ဆေးပညာ၊ ဆေးလောက၌ ကျင့်သုံးရေး'' ဟု အမည်ရသည့် ဖိုရမ်တက်ရောက်နေစဉ် ၎င်းက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

''(လူနာတွေက) သူတို့ကို ကုသတဲ့ ဆရာဝန်အပေါ်မှာ သူတို့ရဲ့ထင်မြင်မှုတွေ၊ ဆေးရုံနဲ့ပတ်သက်ပြီး သူတို့ရဲ့ ခံစားမှုတွေကအစနာက်ဆုံး သူတို့ဘဝဒဏ်ရာဒဏ်ချက်တွေကို နားလည်ပြီး နှစ်သိမ့်နိုင်တဲ့အထိ လုပ်သွားမှာပါ။ ဒီကနေ ဆရာဝန်တွေအားလုံး လူသားဆန်တဲ့ကုသမှုတွေ ကျင့်သုံးလာမယ်ဆိုရင် အခုဖြစ်နေတဲ့ လူနာနဲ့ ဆရာဝန်ကြားက မယုံကြည်မှုတွေကို ပြန်ပြီး တိုက်ဖျက်နိုင်မယ်'' ဟုလည်း ဒေါက်တာမြင့်ဦးက ပြောသည်။

ဆရာဝန် ၁ဝဝ ကျော် တက်ရောက်ပြီး သုံးရက်ကြာပြုလုပ်သည့် ယခုဖိုရမ်သည် ဇွန် ၁၉ တွင် ပြီးဆုံးပြီဖြစ်ပြီး ဖိုရမ်ပြီးသည်နှင့် အဆိုပါ ကြားခံဆရာဝန်အဖွဲ့ကို ဖွဲ့]့စည်းရန် အမြန်ဆုံးဆောင်ရွက်တော့မည်ဖြစ်သည်ဟု သူက ဆိုသည်။

ထိုအဖွဲ့ဝင် ဆရာဝန်များက ပုဂ္ဂလိက ဆေးရုံအုပ်များထံခွင့်တောင်းပြီး လူနာများကို တွေ့ဆုံဆွေးနွေးသွားမည်
ဖြစ်သလို အစိုးရဆေးရုံများက ဖိတ်ခေါ်ပါကလည်း ဆောင်ရွက်ပေးသွားမည်ဟု သူက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ ကုသမှုနှင့်ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်မှုများရှိနေသလို၊ မီဒီယာများ ကလည်း ထောက်ပြမှုများ ဆောင်ရွက်လာပြီးနောက်တွင် ဆရာဝန်များအသင်းက ထိုကိစ္စကို ပြေလည်စေရေး အတွက် ယခုလိုကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

မိသားစုကျန်းမာရေးစောင့်ရှောက်မှု အတိုင်ပင်ခံဆရာဝန်ကြီး သီတဂူ ဒေါက်တာ စိုးမြင့်ကလည်း ကျွန်တော်တို့ လုပ်မှာက ဘယ်ဆရာဝန်မဆို လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက လူနာရဲ့စိတ်ပိုင်းဆိုင်ရာကိုပါ သိရှိဖို့
ဆေးထိုးပြီးပိုက်ဆံယူယုံမကဘဲ လူနာရဲ့ လူသားဆန်တဲ့ခံစားမှုတွေကိုပါ ကုသနိုင်တဲ့ ဆရာဝန်တွေဖြစ်လာအောင် ကျွန်တော်တို့ မျှော်မှန်းတာပါ'' ဟု မဇ္ဈိမကိုပြောသည်။

၂ဝဝ၉ ခုနှစ် အောက်တိုဘာက ဖြစ်ပွားခဲ့သော ဆယ်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်ကို ဆရာဝန်ကြီးတစ်ဦးက ကုသပြီးနောက် သေဆုံးသွားခဲ့သဖြင့် ထိုဖြစ်ရပ်နောက်ပိုင်း မြန်မာနိုင်ငံမှဆရာဝန်များ၏ ကုသမှုများနှင့် ပတ်သက်၍ ပြည်သူများနှင့် မီဒီယာများတွင် ဝေဖန်မှုများဖြစ်လာခဲ့သည်။

ထို့ပြင် ယခုနှစ် မေ ၁၆ ရက်ကလည်း ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးရုံတစ်ရုံတွင်မီးဖွားသည့် အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်ထဲတွင် ချုပ်ကြိုးကျန်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သဖြင့် ဝေဖန်မှုများ ထပ်ဖြစ်လာခဲ့ပြီး ထိုခွဲစိတ်မှုကို တာဝန်ယူသည့် ဆရာဝန်ကို စုံစမ်းမှုများဆောင်ရွက်နေသည်။

အတိုင်ပင်ခံဆရာဝန်ကြီး သီတဂူ ဒေါက်တာ စိုးမြင့်က မြန်မာနိုင်ငံဆရာဝန်သင်းသည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကတည်းက ကမ္ဘာ့ဆရာဝန်များအဖွဲ့ဝင် ဖြစ်ခဲ့ပြီဖြစ်သဖြင့် မြန်မာနိုင်ငံဆေးလောကတွင် လူအခွင့်အရေးနှင့် လူသားဆန်သော ဆေးကုသမှုများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း၊ ဆရာဝန်များ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ
မြှင့်တင်ရန်လိုအပ်ကြောင်း မှတ်ချက်ပြုသည်။

mizzimaburmese

အပြည့်အစုံသို့ »

ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးကို ခုတုံးလုပ်ကာ နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌဆို


ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းမှာ ခုတုံးလုပ် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဇွန် ၁၈ ရက်က မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းတွင် ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းမှာ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး အမှန်ပပျောက်ေ လေိုသည့် ရည်ရွယ်ချက်သာ ဖြစ်ကြောင်းနှင့် ထာဝငြိမ်းချမ်ရေးအတွက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် လက်တွဲဆောင်ရွက်၍ရသော အရာများမှစ၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် မည်သည့်အကြောင်းများကြောင့် ထိရောက်မှု မရှိပါသနည်းဟူသော မေးခွန်းကို "တပ်မတော်ပိုင်း ခေါင်းဆောင်တွေက ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်လိုတဲ့ ရည်မှန်းချက်ကို အမြင်သဘောထား ကွဲလွဲနေလို့ပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြန်လည်ဖြေကြားသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင် လာဘ်စားမှုများနှင့် ပတ်သက်၍ "ကျွန်တော်တို့မှာ သက်သေမရှိလို့ မပြောနိုင်ပါဘူး" ဟု ပြန်လည်ဖြေကြားသည်။
ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး စိုက်ပျိုးရန် ထောက်ပံ့မှုများ မရှိသဖြင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်များပြား လာသည်ဟု မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်မွန်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
RCSS/SSA အဖွဲ့ အနေဖြင့် လက်ရှိတွင် နိုင်ငံရေးပါတီ ဖွဲ့မည်မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်၍ ထွက်ပေါ်လာသော ရလဒ်များအပေါ် မူတည်ကာ ပါတီဖွဲ့စည်းရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
RCSS/SSA အဖွဲ့အနေဖြင့် သမ္မတနှင့် တွေ့ဆုံအပြီး အပြန်တွင် မန္တလေးရှိ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသား ၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အပြည့်အစုံသို့ »

မလေးရောက် မြန်မာများသို့ ဖုန်းခေါ်ဆိုခွင့် ယခုလကုန်အထိ အခမဲ့ပေးမည်


မလေးရောက် မြန်မာများကို ဖုန်း ဆက်သွယ်လိုပါက ယခုလကုန်အထိ အခမဲ့ ခေါ်ဆိုခွင့်ပေးမည်ဟု VMG TELECOMS ကုမ္ပဏီမှ သိရသည်။အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို Y-Talk Calling Center များမှ တစ်ဆင့်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို မလေးရှားမှ မြန်မာများအား နေ့စဉ် နံနက် ၉ နာရီမှ ည ၁ဝ နာရီအထိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။”အကြောင်းအမျိုးမျိုးကြောင့် မလေးမှာ ရှိတဲ့မြန်မာတွေ သူတို့ မိသား စုနဲ့ ဖုန်းပြောဆိုနိုင်ဖို့အတွက် အလှူ သဘောမျိုးနဲ့ ကူညီပေးတာပါ။ ဒီအစီ အစဉ်က လုပ်ပေးတာ ၃ ရက်လောက်ပဲ ရှိပါသေးတယ်”ဟု VMG TELECOMS မှ မဖြိုးမီမီရှိန်က ပြောသည်။အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့်နေရာ များမှာ ဗဟန်းမြို့နယ်ရေတာရှည်လမ်းသစ်ရှိ့ Y-Talk Calling Center နှင့် ကျောက်မြောင်း သတိပဌာန်လမ်းရှိ့  Y-Talk Calling Center တို့ ဖြစ်သည်။
”ဖုန်း ခေါ်ဆိုဖို့အတွက် ဆိုင်က ဝန်ထမ်းတွေ ဆောင်ရွက်ပေးမှာပါ။ ဆိုင် တစ်ဆိုင်မှာဖုန်း ၁ဝ လုံး အခန်း ၁ဝ ခန်း ထားပေးထားတယ်။ နှစ်ဆိုင်ပေါင်း အလုံး ၂ဝ ရှိပါတယ်။
ကြိုက်သလောက် ဖုန်းပြောနိုင်ပါတယ်” ဟု ၎င်းက ဆက် ပြောသည်။Y-Talk စနစ်တွင် ပုံမှန်ကောက် ခံသည့် နိုင်ငံခြားခေါ်ဆိုခမှာ မလေးရှား နိုင်ငံဆိုလျှင် တစ်မိနစ် ၅၁ ကျပ် ကောက် ခံကြောင်း သိရသည်။VMG TELCOMS Y-Talk ဖုန်းခေါ်ဆိုသည့် စနစ်ကို မြန်မာ့ဆက် သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်းဝန်ဆောင်မှု ပေးခြင်း ဖြစ်ပြီး လက်ရှိတွင် Y-Talk စနစ်ကို ရတနာပုံတယ်လီပို့ ဝက်ဘ်ပို့တယ်နှင့် မိုဘိုင်းဖုန်း၊ ကိုယ်ပိုင်ကွန်ပျူတာများတွင် ငွေဖြည့်ကတ်ဝယ်၍ အသုံးပြုနိုင်ကြောင်း သိရသည်။
Popular Myanmar

အပြည့်အစုံသို့ »

အမျိုးသမီးပရိသတ်တွေကြား ရေပန်းစားနေတဲ့အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း


မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှာကတည်းက ပရိသတ် အားပေးမှုရရှိခဲ့တဲ့ တေးသံရှင်အိုင်ရင်းဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်းတို့နဲ့ စုပေါင်းထွက်ရှိထားတဲ့ စီးရီး အတွဲခွေထဲက “နှလုံးသားအရင်းအနှီး” သီချင်းဟာ အမျိုးသမီးပရိသတ်တွေကြားထဲမှာ ရေပန်းစားနေပါတယ်။ ဒီသီချင်းနဲ့ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က “နှလုံးသားအရင်းအနှီး” သီချင်းကို ကိုဖိုးတုရေးပေးတာ အိုင်ရင်းက အဲဒီသီချင်းလေးကောင်းတယ်။ အိုင်ရင်း ဆိုရင်ကောင်းမလားမသိဘူးလို့။ ဒီတော့ အဲဒီသီချင်းကို အကြမ်းဆိုဖို့ပေးတော့ အကုန်လုံးက ကောင်းတယ်။ အိုင်ရင်းအသံနဲ့ လိုက်ဖက်မှု ရှိတယ်ဆိုလို့ အဲဒီသီချင်းကိုဆိုဖြစ် သွားတာ။ အဲဒီလောက်ထိ အောင်မြင်မယ်လို့ လုံးဝမထင် ထားခဲ့ဘူး။ ရွေးချယ်မှုလည်း မှန်ခဲ့တာပေါ့နော်။ အဲဒီသီချင်းက အမှတ်တမဲ့ကနေ ဘဝမှတ်တိုင်တစ်ခုထိဖြစ်စေခဲ့ပါတယ်။ နယ်တွေသွားရင် အိုင်ရင်းဇင်မာမြင့် ဆိုတာနဲ့ “နှလုံးသား အရင်းအနှီး” သီချင်းကို အလုအ ယက်တောင်းဆိုကြတယ်”  လို့ ပြောပါတယ်။
အိုင်ရင်းဇင်မာမြင့်က “ယိမ်းလိုက်” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုထွက်ရှိထားသူဖြစ်ပြီး “ယိမ်းလိုက်” အခွေမှာ အားစိုက်ထားပုံကို ” အိုင်ရင်းစိတ်ကြိုက်လုပ်ထားတာ။ အကောင်းဆုံးဖြစ်အောင် လုပ်ထားတာ။ ဒီအခွေကို ပရိသတ်လက်ခံအားပေးတယ်လို့ ကြားရတော့ ကြိုးစားရကျိုးနပ်ပါတယ်။ အမှန်တော့ ပရိသတ်က အိုင်ရင်းကို အသိအမှတ်ပြုစေချင်ရုံသက်သက်ပါ။
ပထမဆုံးတစ်ကိုယ်တော်ခွေမှာ ပေါက်မြောက်အောင်မြင်ဖို့ဆိုတာ နည်းတဲ့အကြောင်းတရားမဟုတ်ဘူးလေ။ တော်တော်ခက်ခဲပါတယ်။ အိုင်ရင်းကံကောင်း တယ်လို့ ပြောရမယ်။ မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ တစ်မြို့လုံးလိုလိုမှာ ဖွင့်နားထောင်ကြတယ်ဆိုတဲ့ အသံကြား တော့အတိုင်း ထက်မသိဝမ်းသာ ရတယ်။ အိုင်ရင်းကအခု ဒုတိယ အခွေအတွက်ပြင်ဆင်နေတယ်။ ပထမအခွေ “ယိမ်းလိုက်” အောင်မြင်သလို ဒုတိယအခွေကိုလည်း ဒီ့ထက်အောင်မြင်စေချင်တယ်။ သီချင်းတွေထပ်ပြီး အိုင်မသွားချင်ဘူး။ တချို့ပထမခွေမှာအောင်မြင်သလောက် ဒုတိယခွေမှာ ငုပ်သွားတာ တွေရှိတယ်။ အဲဒါကိုတော့အိုင်ရင်းကြောက်တာ အမှန်ပဲ။ လာမယ့် ၂ဝ၁၄ လောက်မှာ ထွက်နိုင်အောင် ကြိုးစားမယ်။ အခုက အတွဲခွေအနေနဲ့ အိုင်ရင်းရယ်၊ ဇမ်နူးရယ်၊ ချမ်းချမ်းရယ် သုံးယောက်ပေါင်း အတွဲခွေအတွက် လည်း ပြင်ဆင်နေတယ်။ ဒီ့ပြင် Group ခွေအနေနဲ့ အမျိုးသမီးများနေ့အတွက် ရည်ရွယ်တဲ့အခွေထဲမှာလည်း ပါဝင်သီဆိုထားတယ်”လို့ပြောတဲ့ အိုင်ရင်းဇင် မာမြင့် က ရော့ခ်ဂီတဘက်ကို ကြိုက်တာပိုအား သန်လာတယ်လို့လည်းဆိုပါတယ်။
Pop, R & B ကိုလည်း ကြိုက်တယ်။ ရော့ခ်ဂီတဘက်ကို ပိုအားသန်လာတာက အခုမှမဟုတ်ပါဘူး။ကြာပါပြီ။ အခုလိုမျိုး IC နဲ့တွဲ ပြီး ဆိုရတဲ့အခါ ပိုပြီးစိတ်ဝင်စား လာတယ်။ အတွေ့အကြုံပိုရလာတယ်။ IC အဖွဲ့သားတွေကလည်းသင်ပြပေးပါတယ်။ ဝမ်းသာအားရကြိုဆိုကြတယ်။ ဒီအတွက်ပိုလို့ အားရှိလာခဲ့တယ်။ ပရိသတ် လက်ခံအားပေးတဲ့ အဆိုတော်တစ်ယောက်ဖြစ် အောင်ဥာဏ်စွမ်းရှိသလောက် ကြိုးစားသွားမယ်။ ပရိသတ်တွေလည်း အိုင်ရင်းရဲ့ နောက်ထွက် လာမယ့်အခွေတွေ ကို စောင့် ပြီးအားပေးပါဦး။ ပရိသတ်ရဲ့အသံကို အမြဲနားစွင့်နေပါတယ်” လို့ယိမ်းလိုက်အခွေပိုင်ရှင် အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်။
M ဘွယ်
ပေါ်ပြူလာ မြန်မာ

အပြည့်အစုံသို့ »

အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူး


Video



အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူးသူတွေကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး - ကိုဂျိုး

အပြည့်အစုံသို့ »

ဂဏန်းမပါ ကြိုတင်ငွေဖြည့် ကတ်များ E-lite ဆိုင်များတွင် လဲလှယ်နိုင်



မိုဘိုင်း ကြိုတင်ငွေဖြည့်ကတ် အချို့တွင် ငွေဖြည့်သွင်းမည့် ဂဏန်းများ မပါရှိက E-lite ဆိုင်များမှ ဖြေရှင်း ပေးမည်ဟု ယင်းကုမ္ပဏီမှ သိရ သည်။

လက်ရှိတွင် MPTတံဆိပ်ဖြင့် ဈေးကွက်ထဲ၌ ရောင်းချလက်ရှိသည့် ကြိုတင်ငွေဖြည့်ကတ်အချို့တွင် ငွေ ဖြည့်သွင်းရမည့် ခဲခြစ်ရာ နေရာများတွင် မည်သည့်ဂဏန်းမှ ပါဝင်ခြင်း မရှိဘဲ MPT စလုံးများသာ ပါရှိပြီး
ငွေဖြည့် သွင်း မရသည့် ပြဿနာများ ပေါ်ပေါက် လျက်ရှိသည်။

''တစ်သောင်းတန် ဂျီငွေဖြည့်ကတ် ဝယ်လိုက်တာပါ။ ငွေဖြည့်မလို့ ခဲခြစ် တော့ ဘာမှ မပါဘူး။
ဝယ်တဲ့ဆိုင်ကို သွားပြောတော့ ကျွန်မတို့နဲ့ မဆိုင်ဘူး။ ကုမ္ပဏီကို သွားပြောပါ။ လိပ်စာပေးမယ် ပြောတယ်။
ကုမ္ပဏီက ဘယ်မှာရှိမှန်း တောင်မသိဘူး''ဟု အင်းတကော်မြို့နယ် မှ ကိုမင်းထွန်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ငွေဖြည့်ကတ်များ ထုတ်လုပ်သည့် E-lite Tech ကုမ္ပဏီမှ ကိုဒေးဗစ်က ငွေဖြည့်ကတ်များ ထုတ်ရာတွင် ကတ် တွင် ပါရှိသည့် ဂဏန်းများအား ခဲအုပ်ရ ကြောင်း၊ ယင်းနောက် MPT Seal တံ ဆိပ်ရိုက် ရကြောင်း ယခုဖြစ်နေသည့် ကတ်များ၌ ငွေဖြည့်သွင်းမည့် ဂဏန်း
များ မပါရှိခြင်းမှာ မူလခဲအုပ်ထားသည့် နေရာအား ဒုတိယအကြိမ် ခဲထပ်မံအုပ် ခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ၄င်းက ၄င်းငွေဖြည့် ကတ်များမှာ ငွေဖြည့်သွင်းနိုင်သေးသည်ဟုဆိုကာ သုံးစွဲသူ ပြုလုပ်ပါက ပျက်စီးသွားနိုင်ကြောင်းပြောသည်

လဲလှယ်လိုသူများအနေဖြင့် မင်းဓမ္မလမ်းရှိ E-lite ရုံးသို့ သွား
ရောက်အကြောင်းကြားလျှင် လဲလှယ်မှု ပြုလုပ်နိုင်ကြောင်း ၄င်းက ပြောသည်။

အောင်ဇော်

Popular Myanmar News Journal

အပြည့်အစုံသို့ »

ခြေချောင်းလေးများ ဖြူဖွေး လှပ စေချင်လား


ခြေချောင်းလေးများ ဖြူဖွေး လှပနေစေမည့် အိမ်တွင်း ဂရုစိုက်မှု နည်းလမ်းများ
ခြေထောက်ဆေးပါ
ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ်ထားပြီး ဆေးကြော ပေးတာဟာ သက်သောင့်သက်သာ ရှိသလို ပင်ပန်းမှုတွေလည်း ပြေစေကာ၊
ရေလောင်းပြီး ခြေထောက် ဆေးတာထက် ပိုပြီး ခြေထောက်ကို သန့်စင် စေနိုင်ပါတယ်။ ပြီးရင် Foot Cream တစ်မျိုးကို လိမ်းပေးပါ။ ဒါဟာ ခြေထောက် ခြောက်သွေ့ အက်ကွဲတာနဲ့ အရေပြား ပွန်းပဲ့မှုတွေကို သက်သာ စေပါတယ်။ အလုပ်က ပြန်လာပြီး ညစာစားပြီးလို့ တီဗီကြည့်ရင်း အပန်းဖြေနေချိန်မှာ ခြေထောက် စိမ်ထားပေးလို့ ရပါတယ်။

ခြေချောင်းကြား ကြေးချွတ်ပါ

ရေချိုးချိန်မှာ ခြေချောင်း ကြားလေးတွေကို ကြေးချွတ် သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ခြေထောက်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်မျိုးတွေစီးပြီး အမြဲတမ်း အပြင်ထွက်ရတဲ့ အခါမျိုးမှာ သင့်ခြေချောင်း ကြားထဲမှာ ချွေး၊ သဲ၊ မြေမှုန့်တွေကြောင့် အညစ်အကြေးတွေ ရှိနေ တတ်ပါတယ်။ တစ်မိနစ်လောက် ဘရပ်ရှ်နဲ့ခပ်ဖွဖွ ပွတ်တိုက် ကြေးချွတ် ပေးသင့်ပါတယ်။ ဒါဟာ ခြေထောက် အနံ့ထွက်တာနဲ့ ခြေထောက်ကြားမှာ ဖြစ်တတ်တဲ့ အရေပြား ရောဂါတချို့ကို သက်သာ စေနိုင်ပါတယ်။

ဖိနပ်ဝယ်တဲ့အချိန် မှန်ပါစေ

ဖိနပ်ဝယ်တော့မယ် ဆိုရင် ညနေခင်းပိုင်းမှာ ဝယ်ပါ။ ဖိနပ်ကို စီးကြည့်လိုက်လို့ သက်သောင့်သက်သာ ရှိပြီး လမ်းလျှောက်ရတာ အဆင်ပြေမယ် ဆိုရင်တော့ သင့်အတွက် ဖိနပ်ကောင်း တစ်ရန်ပါပဲ။

နေရောင်ကာခရင်မ်ကို သုံးပါ

သင့်ခြေထောက်ဟာ တခြား ခန္ဓာကိုယ် အစိတ်အပိုင်း တွေထက် နေရောင်ခြည်ရဲ့ထိခိုက်မှုကို ခံရလေ့ ရှိပါတယ်။ ခြေစွပ်ဝတ်ရတဲ့ ဖိနပ်မျိုးနဲ့၊ ဖိနပ် အပိတ်တွေကို ဝတ်ဆင်သူ ဆိုရင်တော့ ပြဿနာ မရှိပေမယ့်၊ ဖိနပ်အပွင့်မျိုးတွေ စီးသူဆိုရင်တော့ နေရောင်ကာတဲ့ ခရင်မ်တစ်မျိုး လိမ်းပေးဖို့ လိုပါတယ်။

ကြေးချွတ်သန့်စင်ပါ

ဈေးကွက်ထဲမှာ အရေပြားကြေးချွတ် သန့်စင်တဲ့ ပစ္စည်းတွေ စုံလို့ပါပဲ။ သင့်အသားအရေ၊ အရေပြားနဲ့ သင့်တော်တဲ့ ပစ္စည်းတစ်မျိုးကို သုံးပြီး ပုံမှန်ခြေ ဖနောင့်၊ ခြေချောင်းတွေနဲ့ ခြေသ လုံး နေရာတွေ အထိ ကြေးချွတ်ပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှား ပေးနိုင်တဲ့ အပြင် အရေပြား ကိုလည်း ချောမွေ့နေစေပါတယ်။

ခြေသည်းကို ဂရုစိုက်ပါ

အရမ်းရှည်လွန်းတဲ့ လက်သည်းဟာ သိပ်ပြဿနာ မရှိပေမယ့် ခြေသည်း ကတော့ အရမ်း ရှည်လွန်းရင် ပိုထိခိုက် လွယ်ပါတယ်။ ဒါကြောင့် ပုံမှန်ညှပ်ပေးဖို့ လိုပါတယ်။ ခြေသည်းထောင့် နေရာတွေကို မှန်မှန်ညှပ်ပြီး ကြေးတွေထုတ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ရေချိုးပြီးချိန်နဲ့ ခြေထောက် ဆေးကြောသန့်စင်ပြီးချိန်မှာ ခြေသည်းညှပ်ပါ။

ကျန်းမာပါစေ

လှပပြီး ကျန်းမာတဲ့ ခြေထောက် ဖြစ်ဖို့ကတော့ လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုပါတယ်။ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း ကတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးပါ။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာ သုံးတဲ့ ဖိနပ်ကလည်း အရမ်းကျပ်လွန်း၊ ချောင်လွန်းတာမျိုး မဟုတ်ဘဲ ခြေဖဝါး၊ ခြေချောင်း လေးတွေနဲ့ ဖိနပ်ကြားမှာလေဝင်၊ လေထွက်ရအောင်တော့ ချောင်နေသင့်ပါတယ်။

Foot Spray သုံးပါ

ခြေထောက်ကိုဖျန်းတဲ့ စပရေးကို သုံးပေးတာဟာ ဖိနပ်ပေါက်တာနဲ့ ခြေထောက် ချွေးနံ့ကို သက်သာ စေပါတယ်။ ခြေထောက်အပိတ် ဖိနပ်တွေကိုပြင်ပ လေဝင်လေထွက် ကောင်းတဲ့ နေရာမျိုးမှာ သိမ်းဆည်းပေးပါ။ သံလွင်၊ လီမွန်စတာ တွေပါဝင်တဲ့ Foot Spray မျိုးဟာ အရေပြား ထဲကို စိမ့်ဝင်မှုအား ပိုကောင်းပါတယ်။

သန့်ရှင်းစေပါ

ခြေထောက် ညစ်ပေနေတိုင်း ဆပ်ပြာသုံးပြီး ခြေချောင်းနဲ့ ခြေသည်းကြားတွေကို ပွတ်တိုက် သန့်စင်ပေးပါ။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်တော့ ပုံမှန် သန့်စင်ပေးပါ။

ရေဓာတ်ဖြည့်ပါ

ရေဓာတ် (Moisturize) ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို သင့်လက်ဖဝါးနဲ့ ခြေဖဝါးတွေကို ပုံမှန် လိမ်းပေးပါ။ ခရင်မ် မလိမ်းခင် အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးရင် ရေဓာတ် စိမ့်ဝင်မှု ပိုပြီး ကောင်းမွန် စေပါတယ်။

ပြန်လည် လန်းဆန်းပါစေ

ပုံမှန် ရေနွေးနွေးနဲ့ မသန့်စင်နိုင်ရင်တောင် တစ်ပတ် တစ်ကြိမ်လောက်တော့ ရေနွေးနွေးနဲ့ စိမ်ပေးပြီး သွေးလည်ပတ်မှု အတိုင်း နှိပ်နယ်ပေးပါ။ တစ်လလုံး ခြေသည်းနီး ဆိုးတာမျိုး မလုပ်ဘဲ တစ်လမှာ ရက်အနည်းငယ် လောက်တော့ ခြေသည်းကို အားဖြည့်ပေးတဲ့ ခြေသည်းနီ မျိုးတွေ ဆိုးပေးပါ။ မြက်ခင်းနဲ့ သဲပြင်လို နေရာမျိုးတွေမှာ ဖိနပ်မစီးဘဲ လမ်းလျှောက် ပေးတာဟာ သင့်ခြေဖဝါးတွေကို သက်သောင့် သက်သာ ဖြစ်စေပါတယ်။

ဖိနပ်အမြင့်ကြီးတွေ ရှောင်ပါ

ဒေါက်ဖိနပ် တွေက သင့်ကို အရပ်ပိုမြင့်စေပြီး စမတ်ကျ စေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ လမ်းအများကြီး လျှောက်ရမယ်ဆိုရင်တော့ နှစ်လက်မဒေါက်လောက်ပဲ စီးသင့် ပါတယ်။ ကြာရင် သင့်ခြေထောက်ကို သာမကဘဲ ခါးကိုပါ ထိခိုက် စေနိုင်တာကြောင့်ပါ။

လက်သည်းဖျက်ဆေး ကောင်းကောင်း သုံးပါ

အရက်ပြန် တစ်မျိုးတည်း ပါဝင်တဲ့ လက်သည်း ဖျက်ဆေးမျိုးကို မသုံးပါနဲ့။ ဒါဟာ လက်သည်းအရောင် တောက်ပမှုနဲ့ သဘာဝ လက်သည်း အရောင်ကို မွဲခြောက် သွားစေပါတယ်။ ဒါကြောင့် အကောင်းဆုံး Nail Polish Remover ကို ရွေးချယ်ပါ။

နှိပ်နယ်ပေးပါ

ပုံမှန်ခြေထောက် နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ခြေထောက် ရောင်ရမ်းမှု တွေကို သက်သာ စေပါတယ်။

ခြေသည်းအလှပြင်ပါ

ပုံမှန် ညှပ်ပေးတာကတော့ ပုံမှန် သန့်စင်မှုတွေပါပဲ။ ပိုပြီး တောက်ပြောင်ပြီး ဆွဲဆောင်မှုရှိတဲ့ ခြေသည်း အရောင်လေး ဖြစ်နေဖို့ကတော့ ခြေသည်းကို အလှဆင်ပေးဖို့ လိုပါတယ်။ ခြေထောက် သန့်စင်ပြီးချိန်မှာ ကြိုက်နှစ်သက်တဲ့ အရောင်လေး ဆိုးပေးနိုင်သလို ပုံစံဒီဇိုင်းမျိုး ပုံဖော်ပြီး အလှဆင်ပေးပါ။ ဖော်ပြပါအချက်တွေကို ပုံမှန်ပြုလုပ်ပေးရင်း ကျန်းမာတဲ့ ခြေထောက် လှလှလေးကို ပိုင်ဆိုင် နိုင်ကြပါစေ။

နန္ဒာမ( By လမင်းလေး Good Healthy )
မြ၀တီ

အပြည့်အစုံသို့ »