အရင်တုန်းက ဦးသိန်းစိန် လေသံ (တစ်မိနစ်စာ ရုပ်/သံ)





အပြည့်အစုံသို့ »

ပုသိမ်တွင် လက်ပံတောင်းအရေး လှုပ်ရှားသူ ၃ ဦး တရားစွဲခံရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် ဆန္ဒပြ တောင်းဆို သူများကို ဒီဇင်ဘာ ၁၀ ရက်နေ့က ပုသိမ်မြို့တွင် တွေ့ရစဉ်(ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ လှုပ်ရှားခဲ့သည့် ပုသိမ်မြို့မှ တက်ကြွလှုပ်ရှားသူ ၃ ဦးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဖြင့် ရဲက တရားလိုပြုလုပ်ကာ ရုံးတင်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များနှင့် လူထုအား မီးလောင်ဒဏ်ရာ ရသည်အထိ ဖြိုခွင်းခဲ့သည့် အစိုးရ၏လုပ်ရပ်အား ရှုတ်ချပွဲနှင့် စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုပွဲကို ပုသိမ်မြို့ရှိ တက်ကြွလှုပ်ရှားသူများက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့ အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ယင်းဆန္ဒပြပွဲကို ဦးဆောင်သူ ၃ ဦးဖြစ်သည့် တက်ကြွလှုပ်ရှားသူ ကိုကျော်စွာ၊ ဦးဇင်းနိုင်ကြီးနှင့် ကိုမြင့်အောင်တို့အား ပုသိမ်မြို့ အသည်ကြီးရဲစခန်း စခန်းမှူး ရဲအုပ် တင်မောင်သက်က တရားလို ပြုလုပ်ကာ ပုဒ်မ ၁၈ ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက အမှုဖွင့်ထားခဲ့ပြီး ၇ လအကြာ ဇူလိုင်လ ၁၅ ရက် နေ့တွင် ပုသိမ်မြို့နယ်တရားရုံး၌ ရုံးတင် တရားစွဲဆိုခြင်း ဖြစ်သည်။

“ကျနော်တို့က ဥပဒေဘောင်ထဲက စာတင်ပြီး လုပ်ခဲ့တယ်။ သူတို့ ခွင့်မပြုတာတော့ မတတ်နိုင်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအရ ဥပဒေဘောင်ထဲက လုပ်တယ်လို့ပဲ ခံယူတယ်။ ဒါကြောင့် ကျနော်တို့မှာ အပြစ်မရှိဘူးလို့ပဲ ခံယူတယ်” ဟု တရားစွဲဆိုခြင်း ခံထားရသည့် ကိုကျော်စွာက ဧရာဝတီသို့ ပြောသည်။

ဇူလိုင် ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် တရားခွင်သို့ တရားလိုဖြစ်သည့် ရဲအုပ် တင်မောင်သက် လာရောက်ခြင်းမရှိဘဲ ၎င်းအစား အသည်ကြီး ရဲစခန်းမှ ဒု ရဲအုပ် မောင်မောင်ရွှေ လာရောက်ခဲ့ပြီး မည်သည့်ကြားနာမှုမှ မပြုလုပ်ခဲ့ဘဲ စွပ်စွဲခံထားရသူ ၃ ဦးက အာမခံယူကာ ပြန်လာခဲ့ကြသည်။ ၎င်းတို့အား ဇူလိုင်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်မည်ဟု သိရသည်။

တရားစွဲသည့်ကိစ္စနှင့် ပတ်သတ်၍ ပုသိမ်မြို့ အသည်ကြီး ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက“ ကျနော်တို့ဆီမှာ
အမှုတွဲတွေ ကျန်နေတဲ့အတွက် ကိုယ့်လုပ်ဆောင်ရမယ့် တာဝန်ရှိတဲ့အတိုင်း ဥပဒေအကြံပေးတောင်းပြီး တရားရုံး တင်တဲ့သဘောပါ။ ကျန်တဲ့ ပုဒ်မ ၁၈ အမှုတွေလည်း ဥပဒေအကြံပေး တောင်းထားပါတယ်။ ကျလာရင် ရုံးတင်မှာပါ” ဟု ပြောသည်။

လက်ရှိတွင် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သတ်၍ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ပြင်ဆင် ချုပ်ဆိုခဲ့သည့် စာချုပ်အသစ်အား ဒေသခံ ပြည်သူများထံ ရှင်းလင်းပြောဆိုရန်၊ ဖမ်းထားသူများ ပြန်လွှတ်ပေးရန်၊ ဖမ်းဝရမ်းထုတ်ထားမူများ ရုတ်သိမ်းပေးရန် လက်ပံတောင်း ဒေသခံများက ဇူလိုင်လ ၂၁ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။

လက်ပံတောင်းအရေး လုပ်ဆောင်နေသည့် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးကို ရွှေဘိုခရိုင်တရားရုံးက ပုဒ်မ ၁၄ ခုနှင့် ထောင်ဒဏ် ၁၁ နှစ်ခွဲ၊ ဒေသခံ လယ်သမား ကိုစိုးသူနှင့် ကိုမောင်ဆန်းတို့ကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ထားသည်။

“အခု ကျနော်တို့ကို တရားစွဲတဲ့ကိစ္စက ဟိုလက်ပံတောင်းတောင် ဒေသမှာ ဖိအားပေးခံရတော့ တခြားဒေသမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိအားလိုက်ပေးတာလို့ မြင်မိတယ်” ဟု ကိုကျော်စွာက ပြောသည်။

လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ ၃ ဦး တရားရင်ဆိုင် နေရစဉ်မှာပင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပုသိမ်မြို့မှ ကချင်လွပ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ချီတက်လမ်းလျှောက်ရန ကြိုးပမ်းခဲ့သူ ၅ ဦးအား အသည်ကြီး ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီး  ရုံးတင်တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ချီတက်လမ်းလျှောက်ရန် ကြိုးစားခဲ့သည့် ပုသိမ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘိုးတော် ၀င်းနိုင်၊ ဦးကျော့မောင်၊ ဦးဇင်းနိုင်ကြီး၊ ဦးမြင့်အောင်နှင့် ဦးလှမြင့်တို့အား အသည်ကြီးစခန်းမှူး ရဲအုပ် တင်မောင်သက်ကပင်တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း အမှုဖွင့် ခံထားရသည့် ဘိုးတော် ၀င်းနိုင်က ပြောသည်။

“ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးကို အလိုရှိတယ်။ ပြည်သူလူထု အေးအေးချမ်းချမ်းနဲ့ နေတာကို မြင်ချင်တယ်။ ဒါကြောင့် ကျနော်တို့တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရပြီး အေးချမ်းစေလိုတဲ့သဘောနဲ့ လမ်းလျှောက်ဖို့စီစဉ်တာပါ။ ခုလို ငြိမ်းချမ်းရေးအတွက် လုပ်တဲ့ကိစ္စကို အမှုဖွင့် အရေးယူတယ်ဆိုတော့ ဒါဟာ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို မလိုလားဘူးလို့ပဲ ယူဆပါတယ်” ဟု သူက ပြောသည်။

ချီတက်လမ်းလျှောက်မည့် အဖွဲ့သည် ပုသိမ်မှ ရန်ကုန်၊ ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ မြစ်ကြီးနား၊ မြစ်ကြီးနားမှတဆင့် လိုင်ဇာသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ကျနော်တို့က လမ်းလျှောက်ဖို့ အစီအစဉ်နဲ့ တကောင်းဘုရားမှာ စုဝေးနေတုန်း အစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေး ဆွေးနွေးတော့မယ် ဆိုတဲ့အကြောင်း၊ နောက်ဆုံးသတင်းပေါ့နော်၊ မိတ်ဆွေတယောက်က လာပြောတယ်။ အဲဒါနဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီး ဘုရားရှေ့ကနေပဲ အိမ်ပြန်လာခဲ့တယ်။ အဲသလို လမ်းမလျှောက်ဖြစ်တဲ့ ဟာကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတာ” ဟု ဘိုးတော် ၀င်းနိုင်က ပြောသည်။

ပုသိမ်မြို့ရှိ လက်ပံတောင်းအရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားသူများအပြင် လယ်သမားအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများလည်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူခံထားရသည်။

ပုသိမ်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လယ်သမားများ ဆန္ဒပြပွဲကို ဦးဆောင်မှုဖြင့် လယ်သမားအရေး ကူညီပေးနေသူ ကိုထွန်းထွန်းဦးနှင့် အမျိုးသားဒီမိုကရေစီ ကွန်ရက် (NDN) မှ ဦးသန်းဝင်းတို့အား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်။

“ပုဒ်မ ၁၈ ဆိုတာ ကျနော်တို့ ခေတ်အခါနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး။ ကျားသနားမှ နွားချမ်းသာမယ့် ဒီမိုကရေစီမျိုးဆိုတာ ပုဒ်မ ၁၈ က ဖော်ပြနေပါတယ်။ ပြည်သူတွေ ငတ်မွတ်နေတဲ့ ဒီမိုကရေစီကို အဲဒီပုဒ်မ ၁၈ က ပါးစပ်ထဲရောက်မယ့် ထမင်းလုပ်ကို ပုတ်ချသလို ဖြစ်နေတယ်။ ကျနော်တို့တော့ အမှုဖွင့်ရုံမက ဖမ်းပြီးထောင်ချလည်း လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးတွေက ဆက်လုပ်နေမှာပါပဲ” ဟု ဦးသန်းဝင်းက ပြောသည်။

ဧရာဝတီ

အပြည့်အစုံသို့ »

ပြည်သူ့စကား နားထောင်တယ်



အပြည့်အစုံသို့ »

မိသားစုအရေး စိတ်ဖိစီးမှုများ၍ ကလေးသုံးဦးမိခင်ဖြစ်သူ မိမိကိုယ်ကို ကြိုးဆွဲချသေ


ကယားပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာမှ ကလေးသုံးဦးမိခင်ဖြစ်သူ ဒေါ်ခင်ချိုသင်း ဆိုသူသည် မိသားစုအရေး စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ များလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့တယ်လို့ နွားလ၀ိုးကျေးလက် ကျန်းမာရေးဌါနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။

ဖြစ်စဉ်မှာ လင်မယားနှစ်ဦး အမြဲတမ်း ရန်တွေ့ စကားများကြ၍ တစ်အိမ်ထဲ အတူနေသော်လည်း အခန်းခွဲနေကြတာဖြစ်ပြီး မိသားစု အားလုံး အိပ်မောကျနေချိန်မှာ မိခင်ဖြစ်သူက ၁၂ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“သူကတော့ သူ့အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ တော်တော့်ကို စိတ်ဆင်းရဲနေတာပေါ့နော်။ ကျန်တဲ့အကြောင်းအရာကတော့ ဘာမှမရှိပါဘူး။ သူအိမ်ထောင်ရေးမသာယာတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူ့တစ်ယောက်ထဲ ရုန်းကန်ရတာများတော့ ဘ၀ကိုလေ။ ရုန်းကန်ရတာများလာတဲ့ အခါကျတော့ ကြာတော့ သူ့ရဲ့စိတ်က မခံနိုင်တော့ဘူး" လို့ ကျေးလက်သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။

ဒေါ်ခင်ချိုသင်း၏ အမျိုးသားဖြစ်သူမှာ အမြဲတမ်း အရက်သောက် မူးယစ်ကာ မယားဖြစ်သူကို အနိုင်ကျင့် နှိမ့်စက်လျက်ရှိကြောင်း၊ မိသားစုဝမ်းရေးအတွက် သားသမီး သုံးဦးကို မိခင်ဖြစ်သူ တဦးတည်းသာ ကြုံရာကျပန်းလုပ်ငန်းဖြင့် လုပ်ကျွေးပြုစုနေရတာဖြစ်တယ်လို့ သိရပါတယ်။

ထိုအလောင်းကို ရဲ၊ ဆရာဝန် များ စစ်ဆေးချက်အရ သေဆုံးသူမှာ မိမိကိုယ်ကို သေကြောင်းကြံခြင်း ခိုင်လှုံကြောင်း ဆိုပါတယ်။

သေဆုံးသူမှာ အရင်က မိမိကိုယ်ကို သေကြောင်းကြံဖူးခဲ့တယ်လို့ ၎င်းနီးစပ်ရာ အိမ်နီးနားချင်းမှ ဒေသခံတွေက ပြောပါတယ်။

နွားလ၀ိုးကျေးရွာနေ အိမ်အမှတ် န/၂၀ တွင်နေထိုင်တဲ့ သေဆုံးသူ ဒေါ်ခင်ချိုသင်းမှာ အသက် (၃၁) နှစ်ရှိပြီး အမျိုးသားဖြစ်သူမှာ ဦးဝေဖြိုး အသက် (၃၈) ရှိသူဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရစ်သူသားသမီးသုံးဦးမှာ သမီးကြီး ဝေနှင်းဖြူ အသက်(၉)နှစ် စတုတ္ထတန်း၊ သား အောင်မင်းဝေ (၆) နှစ် ပထမတန်း နှင့် (၂)နှစ် သမီး ချမ်းဇာဖြူတို့ ဖြစ်ကြပါတယ်။

ဖြိုးဝေအောင် - ကန္တရ၀တီတိုင်းမ်

အပြည့်အစုံသို့ »

မိုးကောင်းမြို့ မှာ သံဃာအတုအယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မိုးကောင်း ဘူတာတွင် (22.7.2013) ည(113း0) အချိန်၌
သံဃာအတု အယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း သတင်းရရှိပါသည်။

မိုးကောင်းမြို့ သံဃာ့ စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့နှင့် မိုးကောင်း ရဲတပ်ဖွဲ့(စခန်းမှူး/နယ်ထိန်း) ဘူတာ မီးရထား ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆေးရာ ဦးမာဓ၀ (ဦးမျိုးသန့်)အသက်(၄၀)နှစ် ၅/စကန(သ)၀၀၇၉၂၅ အဘဦးချစ်စိန်၊ အမိ-ဒေါ်ဝင်းကြည်၊ ဦးသူရိယ (ကိုသန်းအောင်) အသက်(၃၅)နှစ်
၅/စကန(သ)၀၀၆၇၈၃ အဖ-ဦးတိုးရီ အမိဒေါ်စန်း တို့ ကို မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးမိခြင်း ဖြစ်သည်။

ထိုသံဃာနှစ်ပါးကို စစ်ဆေးရာ မူးယစ် စိတ်ကိုပြောင်းလဲ စေတတ်သော ဘိန်းဖြူဟု ယူဆရသော တိုက်ငါးလုံး တံဆိပ် အိတ်များကို မက်ကလောင် ဆေးဘူး(၄)ဘူးတွင် ထည့်ပြီး ယူဆောင်လာခြင်း ဖြစ်သည်။

အဆိုပါ သံဃာတု နှစ်ပါးအား မူးယစ် ဥပဒေနှင့် အရေးယူရန် မိုးကောင်းမြို့ မ ရဲစခန်းမှ ဆက်လက် ဆောင်ရွက်နေ ကြောင်း သိရသည်။

နယ်သားလေး

by Myanmar News Now

အပြည့်အစုံသို့ »

ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု မသင်္ကာသူများကို စစ်ဆေး


မန္တလေး၊ ဇူလိုင်၂၂

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၂၁ ရက်နေ့ညက မျိုးစောင့်ဥပဒေ ဦးဆောင် ရေးဆွဲသည့် ဦးဝီရသူ တရားဟောကြားသည့် တရားပွဲအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် မသင်္ကာဖွယ်ရာ အခြေအနေ ရှိသူများကို စုံစမ်း စစ်ဆေးလျက်ရှိပြီး စစ်ဆေးနေသည့် လူအရေအတွက် ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး စိုးငြိမ်းက ပြောကြားသည်။

ယင်းအပြင် မန္တလေးမြို့ အဝင်၊ အထွက် ထူးခြားမှုများကိုလည်း စောင့်ကြည့် လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အနောက် ရပ်ကွက်တွင် ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က ဆရာတော် ဝီရသူ တရားဟောနေစဉ် သံကြွပ်စ ထည့်သွင်း ပြုလုပ်ထားသည့် လက်လုပ် ဗုံး ပေါက်ကွဲခဲ့မှုကြောင့် ငါးဦး ဒဏ်ရာရခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဘာသာရေးအသွင်ဆန်ဆန် အကြမ်းဖက်မှုများ မဖြစ်ပွားစေလိုကြောင်း မန္တလေးမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ကာကွယ် တားဆီးရေး လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်နေသူ တစ်ဦးက ပြောကြား သည်။

“ည ၈ နာရီခွဲ ကျော်ကျော်လောက်မှာ တရားဟောနေတဲ့ ပလ္လင်အောက် ကနေ မီးခိုးတွေနဲ့ အသံ ထွက်လာတာ။ ဗုံးပေါက်ပြီးစတုန်းက မူးသွားတာ။ အခုဗုံးစ ခွဲထုတ်ရမှာ။ နောက်မှ အရိုးဆေးရုံကြီးကို ပြောင်းရမှာ” ဟု ယင်းဗုံးပေါက်ကွဲမှုကြောင့် ဝဲဘက် ခြေသလုံးတွင် ဒဏ်ရာ ရရှိသဖြင့် မန္တလေး ဆေးရုံကြီး ပြင်ပလူနာ ဌာန၌ တက်ရောက် ကုသနေသော ဒေါ်အေးအေးခင်က ပြောကြားသည်။

ဗုံးကွဲမှုကြောင့် ဒဏ်ရာရသူများကို ဝီရသူက တစ်ဦးလျှင် ကျပ်ငါးသောင်း ထောက်ပံ့ပေးခဲ့ကြောင်း ဆရာတော် ဝီရသူက မိန့်ကြား သည်။

မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ (၈၄ x ၈၅) လမ်းကြား၊ အေးမေတ္တာ ဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာ တင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က ဗြောက်အိုး ကွဲသံကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ယာဘက် ဘီးတို့ ဘီးပေါက်ခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး မှတ်တမ်းများအရ သိရသည်။

အထက်ပါ ယာဉ်အနီးမှ သံကြွပ်စငယ် လေးခု၊ ယာဉ်၏ ယာဘက် နောက် တံခါးတွင် အစငယ်အချို့ ထိမှန်ထားသော အရာ လေးချက်ခန့် တွေ့ရှိရပြီး အစ ထိမှန်ခြင်းကြောင့် ယာဉ်အောက်ရှိ ဆီတိုင်ကီ အနည်းငယ်ပေါက်ကာ ဆီယိုစိမ့်ခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာ အနီးတွင် ရှိနေသူများက ဆိုသည်။

“ပေါက်သံ ကြားလိုက်တော့မှ ထွက်ကြည့်တာ။ မီးခိုးငွေ့တွေ မြင်ရတယ်။ လူတွေ စိတ်ပူမှာစိုးလို့ ကား ဘီးပေါက်တယ်လို့ ပြောရတယ်” ဟု ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်က ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု နေရာနှင့် ကိုက် ၂၀ အကွာတွင် ပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ကျင်းပသည့် တရားပွဲတွင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူသည် ည ၈ နာရီ ၄၅ မိနစ်တွင် စ၍ တရား ဟောကြားခဲ့ပြီး ည ၁၀ နာရီ အချိန်တွင် ပြီးဆုံးခဲ့သည်။

ဦးဝီရသူသည် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် တစ်ပါးဖြစ်ပြီး ၂၀၁၃ ဇူလိုင်လ ၁ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းက ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးကို ဦးဝီရသူ မျက်နှာဖုံး ပုံတင်၍ The Face of Buddhist Terror ဟု ဖော်ပြခြင်းခံရသည့် သံဃာတစ်ပါး ဖြစ်သည်။ ယင်းသို့ ဖော်ပြခြင်းအတွက် နိုင်ငံတော် သမ္မတရုံး အပါအဝင် ပြည်တွင်း ဘာသာရေး အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များက တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ခဲ့ကြသည်။

ဇူလိုင်လ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာ၌ ဗုံးကိုးလုံး ဆက်တိုက် ပေါက်ကွဲမှု ကြောင့် မြန်မာ သံဃာ တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိပြီး နောက်ပိုင်း ရန်ကုန်နှင့် မန္တလေးမြို့ရှိ လူအများအပြား လာရောက်သည့် ဘုရား စေတီများတွင် လုံခြုံရေး အစီအစဉ်များ တိုးမြှင့်ပြီး ယင်းနေရာများ အပါအဝင် လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားသည်။

The Voice Weekly

အပြည့်အစုံသို့ »

ထမင်းဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ ပြည့်တန်ဆာအဖြစ် စေခိုင်းသူများအား ဖမ်းဆီး


စစ်တွေ   ဇူလိုင်   ၂၂

ဇူလိုင် ၁ဝရက် ညနေ ၆နာရီက စစ်တွေမြို့မရဲစခန်းသို့ ဧရာဝတီတိုင်းဒေသ ကြီး ကျောင်းကုန်းမြို့နယ်နေ မ... (၂ဝ နှစ်)ရောက်ရှိလာပြီး ၎င်းအား မတ် ၂၅ ရက် ညနေက  ပိန်းခရမ်းကျေးရွာနေ  စန်းစန်း(ခ) ညိုညိုစန်း(၃၅နှစ်)က စစ်တွေမြို့ရှိ ထမင်းဆိုင်တွင် တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ် ၅ဝဝဝဝ ရမည် ဟုခေါ်သဖြင့် မတ် ၂၈ရက်တွင် စန်းစန်း(ခ) ညိုညိုစန်းနှင့် လိုက်ပါခဲ့ကြောင်း၊ စစ်တွေမြို့သို့ရောက်ရှိစဉ် ထမင်းဆိုင်သို့ ခေါ်မသွားဘဲ အဝေးပြေးကားဂိတ်အနီးရှိ ကန်တော်ကြီးရပ်ကွက်နေ  တင်စိုးဝင်း (၄၃ နှစ်)နှင့်  ဇနီးဖြစ်သူ  ဝေဝေနိုင်  တို့နှင့်တွေ့ဆုံပြီး ၄င်းကို နေအိမ်အပေါ်ထပ်တွင် လှောင်ပိတ်ကာ အမျိုးသားများ နှင့်ပျော်ပါးရန်  အတင်းအဓမ္မခိုင်းခဲ့ကြောင်း၊  ၄င်းကို လိုက်ပါပို့ဆောင်သူ စန်းစန်းသည် ပွဲစားခငွေကျပ် ၅ဝဝဝဝ ယူပြီး  ပြန်သွားခဲ့ကြောင်း၊ ၄င်းမှာ ပြည့်တန်ဆာအဖြစ် သုံးလခန့်လုပ်ကိုင်ခဲ့ရကြောင်း၊ အဆိုပါ အိမ်တွင် ၄င်းကဲ့သို့ အမျိုးသမီးခြောက်ဦးသည်လည်း ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရကြောင်း နှင့် အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ် ပိန်းခရမ်းကျေးရွာနေ စန်းစန်း(ခ)ညိုညိုစန်း၊ စစ်တွေမြို့ ကန်တော်ကြီး ရပ်ကွက်နေ တင်စိုးဝင်းနှင့်  ဝေဝေနိုင်တို့ သုံးဦးကို  စစ်တွေမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း  သိရသည်။                

ကိုကိုရူပ (မြန်မာ့အလင်း)

အပြည့်အစုံသို့ »