လျှို့ဝှက် ကင်မရာကာကွယ်ရေး


အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Myanmar Express
အပြည့်အစုံသို့ »

ကိုယ်ဝန်လွယ်ထားပြီး လက်ထပ်ခါနီးစုံတွဲ မိဘချင်းပေးတွေ့မှ မောင်နှမဖြစ်နေမှန်း သိလိုက်ရ


လောကကြီးဟာ ဆန်းကြယ်လွန်းတယ်... မရည်ရွယ်ပေမယ့်လည်း လူသားတွေကို အပြစ်တွေကျူးလွန်မိစေတယ်။ တိုက်ဆိုင်မှုတွေကလည်း တခါတလေမှာ ထူးဆန်းလွန်းလှပါတယ်။
ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ စုံတွဲဟာ တခြား သာမန် လူတွေလိုပါပဲ... တက္ကသိုလ်မှာ ကျောင်းတက်ရင်း နှစ်ဦးသားတွေ့ခဲ့ရာကနေ ချစ်ကြိုက်မိပြီး ငါးနှစ်ကြာ အတူနေထိုင်ခဲ့ပါတယ်။ ကောင်မလေးက ကိုယ်ဝန်လွယ်ထားတာ နောက်လထဲ မွေးဖွားရတော့မယ့် အခြေအနေမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး သူတို့ဆီက ထုံးစံအတိုင်း မိဘချင်းပေးတွေ့ပြီး လက်ထပ်ကိစ္စစီစဉ်ဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြတဲ့ မောင်နှမတွေမှန်း သိခဲ့ကြရပါတယ်။

သူတို့နှစ်ဦးစလုံးကို ယခုချိန်ထိ မိဘတစ်ဦးစီက ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး ကောင်လေးက သူ့တို့အဖေနဲ့ ကောင်မလေးက သူတို့အမေနဲ့ ကြီးပြင်းခဲ့ကြတာပါ။ သူတို့ အဖေနဲ့ အမေဟာ ကောင်လေး အသက် ၂နှစ်ခန့်အရွယ်၊ ကောင်မလေး အသက် ၈လအရွယ်ခန့်မှာ အငြင်းပွားဖွယ် လင်မယားကွဲကွာခဲ့ကြပြီး အဲဒီတုန်းက အဖေဖြစ်သူက အမေဖြစ်သူကို သူ့အပေါ်လိမ်ညာနေတယ်လို့ ပြောပြီး ၁၉၈၃ခုနှစ်ကတည်းက သူမကိုစွန့်ခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်လုံး သူတို့မှာ မောင်နှမရှိခဲ့ကြမှန်း လုံးဝ မသိခဲ့ပါဘူး...

သူတို့နှစ်ယောက်လုံး အခုချိန်ထိ အံ့သြပြီး ရှော့ခ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ... ကောင်မလေးက ရှင်းပြရာမှာ ကျွန်မတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာပါ။ အဲအချိန်ကစပြီး ကျွန်မတို့ ရှေ့ရေးအတွက်ပဲ စဉ်းစားခဲ့ကြပြီး ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့ မစဉ်းစားခဲ့ကြပါဘူး.. ကျွန်မတို့ ကလေးတွေ အများကြီးယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုကို ဖန်တီးဖို့ ရိုးရိုးလေးပဲ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အခုဒါကို သိလိုက်ရတဲ့အချိန်မှာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခံစားရပါတယ်။ ကောင်လေးကတော့ ကွဲကွာနေတဲ့ မိသားစုနှစ်ခုနဲ့ ဒီပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ထပ်ဖို့ကိစ္စကို လုံးဝ ဖျက်ပစ်လိုက်ကြပါပြီး...

သူတို့လူမှုအဖွဲ့အစည်းမှာတော့ သွေးနီးချင်း နှီးနှောတာကို လုံးဝလက်မခံတတ်ပါဘူး... ဒါဟာ စဉ်းတောင်မစဉ်းစားသင့်တဲ့ ကိစ္စလို့ ယုံကြည်ထားတဲ့ လူတွေဖြစ်ပါတယ်။ ဗြိတိန်က ဆေးဂျာနယ်ရဲ့ သုတသနမှာတော့ ဒီလိုကိစ္စဟာ မောင်နှမအရင်း၊ တစ်ဝမ်း နှစ်ဝမ်းကွဲမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ကြီးလာမှ ပြန်တွေ့ကြတဲ့အခါ ကာမရာဂနဲ့ ချစ်ကြိုက်မိတဲ့ စိတ်တွေ ဖြစ်ပေါ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို မောင်နှမနဲ့ ၀မ်းကွဲအချင်းချင်း အတူကြီးပြင်းခဲ့ရင်တော့ ဒီစိတ်တွေဟာ သွေးချင်းနှီးနှောလို့ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကာမရာဂစိတ်တွေကို တွန်းလှန်ပြီးသား ဖြစ်သွားတယ်လို့ ဒီသုတေသနက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါကို သူတို့က Genetic Sexual Attraction (GSA) လို့ အမည်ပေးထားပါတယ်။ အောက်မှ အသေးစိတ် ရှင်းပြထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူး... သတင်းဖတ်ပြီး ကိုယ်တိုင်လည်း အင်မတန်မှ ရှော့ခ်ရပြီး ကြောက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ်တွေ ဗုဒ္ဓဘာသာအမြင်နဲ့ဆိုရင် ၀ဋ်ကြွေးလို့ပဲ ပြောရမလားပါပဲ။

THE POWER OF GENETIC SEXUAL ATTRACTION

Genetic Sexual Attraction (GSA) is a term that describes the phenomenon of sexual attraction between close relatives, such as siblings, first and second cousins or a parent and offspring who first meet as adults.

It is not the same as incest, though this is what it is called if a sexual relationship is then entered into.

The term GSA was coined 30 years ago by American Barbara Gonyo. She wrote a book about the lust she felt for the adult son she had given up for adoption 26 years earlier.

She never acted on her feelings.

GSA is rare between people raised together in early childhood due to a reverse sexual imprinting known as the Westermarck effect, which desensitizes them from sexual attraction.

Experts believe that this effect evolved to prevent inbreeding.

News Source:
http://www.dailymail.co.uk/news/article-2057081/Engaged-couple-disc...

သတင်းကိုဖတ်ပြီးတော့စိတ်မကောင်းပါဘူး

Myanmar Express
အပြည့်အစုံသို့ »

သုံးလေးရက် အတွင်း အင်တာနက် လိုင်းများ ပြန်ကောင်းမည်ဟုဆို

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းရှိ ချို့ယွင်းနေသောအစိတ်အပိုင်း အား အစားထိုးလဲလှယ်နေပြီး ပြန်လည်ချိတ်ဆက်နေကြောင်း အဆင်ပြေပါက အင်တာနက်လိုင်းများ သုံးလေးရက် အတွင်းအရင် မြန်နှုန်းအတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ပြောသည်။

အခြားချို့ယွင်းမှုများကိုလည်း ကေဘယ်ကြိုးတစ်လျှောက် လိုက်လံစစ်ဆေးနေပြီးပြဿနာ တစ်စုံတရာ မတွေ့ပါက သုံးလေးရက်အတွင်း ပြင်ဆင်မှုလုပ်ငန်းများပြီးစီးမည်ဟု အင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်းက ရှင်းပြသည်။ ကေဘယ်ကြိုးပေါက်ပြီး ပါဝါကျသွားခြင်းဖြစ်ကြောင်းနှင့် မည်သည့်အ တွက်ကြောင့် ဖြစ်ရသည်ကို အတိအကျမသိရကြောင်း ၎င်းကပြောသည်။


အဆိုပါ ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃) ရက်နေ့ ညနေ (၀၅:၀၀)နာရီခန့်တွင်ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ဤဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသော အင်တာနက် နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားကြောင်း မြန်မာ့ဆက်သွယ်ရေး ၀ဘ် ဆိုက်တွင်ဖော်ပြခဲ့ပြီး အင်တာနက် သုံးစွဲနေသူများ အကြားအတော်လှုပ်ခတ်သွားသော သတင်း တစ် ပုဒ်ဖြစ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်အတွင်း အင်တာနက်ဆိုင်ဖွင့်ထားသူတစ်ဦးမှ “ကျွန်တော်တို့အနေနဲ့ ဒီလို အင်တာနက် လိုင်းတွေနှေးကွေးသွားတာ စီးပွားရေး ကိုအတော်ထိခိုက်ပါတယ်။ အသုံးပြုသူတွေလည်း အရင်ထက် အများကြီးနည်းသွားတယ်” သူကြုံတွေ့ရသည့် အခက်အခဲ ကိုပြောပြသည်။ အင်တာနက်လိုင်းများ ပြန် လည်ပြင်ဆင်ပြီးပါကလည်း အရင်ကထက် အင်တာနက်မြန်နှုန်းမြင့်စေချင် သည်ဟု ၎င်းကဆိုသည်။

Yangon Press International
အပြည့်အစုံသို့ »

ဝိုင်းစုခိုင်သိန်း၏ အာဘွားစီးရီး အောက်တိုဘာလတွင် ထွက်မည်


မက်လောက်စရာ၊ မျက်လှည့်စတဲ့ စီးရီးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းက သူ့ရဲ့တတိယမြောက် တစ်ကိုယ်တော်စီးရီး အာဘွားကို အောက်တိုဘာလမှာ ဖြန့်ချိပေးတော့ မှာပါလို့ The Voice ကိုပြောပါတယ်။

အဲ့ဒီစီးရီးနဲ့ ပတ်သက်ပြီး “ဒီစီးရီးထဲက သီချင်းစာသားတွေ၊ ပုံစံတွေကို ရှေ့မှာထွက်ခဲ့တဲ့ ခွေတွေနဲ့ မတူအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ တေးရေးတွေကတော့ ရွှေဂျော်ဂျော်၊ မိုးမိုး၊ ဇဝါ၊ စံပီး၊ ညီမင်းခိုင်၊ ဆောင်းဦးလှိုင်၊ ဖိုးကာတို့ရေးတဲ့ သီချင်းတွေပါမယ်။ စီးရီးခေါင်းစဉ်ကို အာဘွားလို့ ပေးဖြစ်တာကတော့ ဝိုင်းစုက ရှိုးပွဲတစ်ခုဆိုပြီးတိုင်း ပရိသတ်တွေကို အာဘွားလို့ နှုတ်ဆက်လေ့ရှိတယ်။ အဲ့ဒီအကြောင်းလေးကို အခြေတည်ပြီး ရေးထားတဲ့ သီချင်းလေးပါ။ ငယ်ငယ်တုန်းက အဖေ၊ အမေတွေက အာဘွားပေးတယ်။ ကြီးလာတော့ ချစ်သူက အသည်းယားလို့ အာဘွားပေးတယ်ဆိုတဲ့ ပုံစံမျိုးလေး ရေးထားတာပါ။ သီချင်းတွေက အားလုံးပြီးနေပါပြီ။ အောက်တိုဘာလလောက်မှာတော့ ထွက်နိုင်အောင် ကြိုးစားနေပါတယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေသလို တေးသံရှင် ဆောင်းဦးလှိုင်နဲ့ စုံတွဲတေးစီးရီးတစ်ခွေ၊ တေးသံရှင်
R ဇာနည်၊ ဟန်ထွန်း၊ ဆိုတေး၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ဟဲလေး၊ Snare၊ မိုးမိုး၊ နေတိုး၊ စည်သူလွင်တို့နဲ့ စုံတွဲတေးစီးရီးတစ်ခွေ စီစဉ်နေပြီး အမေရိက ဖျော်ဖြေရေးခရီးတစ်ခုလည်း သွားဖို့ရှိတယ်လို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။
The Voice Weekly
အပြည့်အစုံသို့ »

သံတော်ဆင့် ဂျာနယ်တွင် ဖော်ပြခဲ့သည့် နည်းပညာ တက္ကသိုလ်မှ မဖွယ်မရာ ဗီဒီယိုဖိုင်ကိစ္စနှင့် ပတ်သက်၍ (သန်လျင်)နည်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း

အတွဲ (၂)၊ အမှတ် (၁၉၊ ၂၀) ၊ ဇူလိုင်လ အတွင်းက ထုတ်ဝေခဲ့သည့် သံတော်ဆင့် ဂျာနယ်တွင် ဖော်ပြထားသော အိတ်ဖွင့်ပေးစာနှင့် နည်းပညာ တက္ကသိုလ်(သန်လျင်)မှ မဖွယ်မရာ ဗီဒီယိုဖိုင်ကိစ္စ သတင်းတွင် ပါဝင်သည့် လူမှုရေးကိစ္စနှင့် ပတ်သက်၍ အချက်အလက်များမှာ မှားယွင်းနေကြောင်း ဇူလိုင် ၂၈ ရက်တွင် နည်းပညာတက္ကသိုလ် (သန်လျင်)ရှိ ကျောင်းသားသမဂ္ဂက ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အင်တာာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သော ကျောင်းသားကျောင်းသူ နှစ်ဦး၏ မဖွယ်မရာ ပြုမှုကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အား ပါမောက္ခချုပ်မှ ကျောင်းသူ၊ ကျောင်းသားများရှေ့တွင် ပရိုဂျက်တာဖြင့် ပြသသောကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ယင်းပါမောက္ခချုပ်ကို နုတ်ထွက်ခိုင်းသည်ဟု မြန်မာသံတော်ဆင့် ဂျာနယ်တွင် ရေးသားခြင်းနှင့် အရေးပေါ် အိတ်ဖွင့်ပေးစာတွင် ပါရှိသည့် ဗီဒီယို ရိုက်ကူးရာတွင် ဆရာတစ်ဦး ပါဝင်သည် ဟူသော စသည့်အချက်များမှာ မှားယွင်းနေ၍ ကျောင်းသားများက ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ဇွန် ၂၆ ရက်က ကျွန်တော်တို့ တက္ကသိုလ်မှာ ချစ်သူနှစ်ဦး မဖွယ်မရာ ဖြစ်ပွားခဲ့တယ် ဆိုတာအမှန်ပါ။ အဲဒါကို ကျောင်းသား အချို့ကတွေ့ပြီး လူငယ်ပီပီ ဗီဒီယိုဖိုင်တွေ ဖြန့်ခဲ့တာကနေ အွန်လိုင်းပေါ်ရောက်ပြီး ပြည်သူတွေ သိကုန်ကြတာပါ။ အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံပေမယ့် သံတော်ဆင့် ဂျာနယ်က ကျွန်တော်တို့ ကျောင်းသားတွေကို ဖေးမကူညီမှု မရှိဘဲ ရေနစ်သူကို ၀ါးကူထိုးသလို ဖြစ်နေပါတယ်'' ဟု ကျောင်းသားသမဂ္ဂမှ ကိုကျော်ဇင်ထက်က ဆိုသည်။
''ပါမောက္ခချုပ် ဆိုတာက ပညာရေးမှာကော အဘက်ဘက်မှာတော်လို့ ထူးချွန်လို့ ပါမောက္ခချုပ် ဖြစ်လာတာပါ။ စဉ်းစားဥာဏ်မဲ့စွာနဲ့ ဒီဗီဒီယိုဖိုင်ကို ကျောင်းသား၊ ကျောင်းသူတွေရှေ့မှာ ပရိုဂျက်တာနဲ့ ပြသမှာ မဟုတ်ဘူးဆိုတာ စဉ်းစားကြည့်ရင် သိနိုင်မှာပါ။ အရေးပေါ် အိတ်ဖွင့်ပေးစာမှာ သန်လျင်မှာရှိတဲ့ တည်းခိုခန်းတွေမှာ GTC(TU) ၀တ်စုံ အပြည့်နဲ့ အခန်းတိုင်းအပြည့် ကျောင်းသူ၊ ကျောင်းသားတွေ ရှိတယ်လို့ ရေးသားတာဟာ ပါးစပ်သတင်းများကို သက်ဆိုင်ရာကို အတည်ပြု မေးမြန်းခြင်း မရှိဘဲ ရေးသားထား တဲ့အတွက် ကျောင်းသားထုကိုယ်စား ရှုတ်ချပါတယ်'' ဟု ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသူမသန္တာ၏ ပြောကြားချက်အရ သိရသည်။
''နည်းပညာ တက္ကသိုလ်ဆိုတာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့က သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန လက်အောက်မှာ ရှိတာပါ။ ပညာရေး ၀န်ကြီးဌာနနဲ့လည်း မဆိုင်ပါဘူး။ ကျွန်တော်တို့ ကျောင်းက သ.ပ.န လက်အောက်မှာ ရှိတာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၀ိဇ္ဇာနဲ့သိပ္ပံ ကျောင်းတွေ ဆိုရင်တော့ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတာပါ'' ဟု ကိုကျော်ဇင်ထက်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ကျွန်တော်တို့နဲ့လည်း မဆိုင်ပါဘူး။ ဒီဘက်က နုတ်ထွက်ခိုင်းတာ မဟုတ်သလို အဲဒီကိစ္စနဲ့ ပတ်သက်လို့ မသိပါဘူး'' ဟု ဆိုသည်။
''ဒီဗီဒီယိုဖိုင်ကို ကျွန်တော်တို့ သေသေချာချာ စစ်ဆေးပြီးပါပြီ။ အသံတွေကိုလည်း သေချာနားထောင်ပြီးပြီ။ ကျောင်းသား အသံတွေပါ။ ဆရာတစ်ယောက်မှ မပါပါဘူး'' ဟု BE(Civil) မှ ကိုပြည့်စုံအောင်က ပြောကြားသည်။
ယခုကဲ့သို့ မီဒီယာများအား ခေါ်ယူ၍ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ ပါဝင်မှု မရှိသော်လည်း အဆိုပါ ရှင်းလင်းပွဲ ပြုလုပ်ရန် ကျောင်းသား၊ ကျောင်းသူများအား ဖိအားပေး လုပ်ဆောင်ခိုင်းခြင်း မရှိကြောင်း သိရသည်။

Eleven
အပြည့်အစုံသို့ »

အရပ်မြင့်ခြင်းနှင့် ကင်ဆာ ဆက်စပ်ဟုဆို

အရပ်မြင့်သည့် အမျိုးသမီးများသည် ကင်ဆာဖြစ်နိုင်သည့် ရာခိုင်နှုန်း များကြောင်း၊ အရပ်မြင့်လေ ကင်ဆာဖြစ်နိုင်ခြေ ပိုများလေ ဖြစ်ကြောင်း Cancer Epidemiology, Biomarkers & Prevention ဂျာနယ်တွင် ဖော်ပြ ထားသည်။

Women's Health Initiative (WHI) အဖွဲ့က အသက် ၅၀ နှစ်မှ ၇၉ နှစ် အတွင်း အမျိုးသမီး ၂၀,၉၀၀ ဦးကို လေ့လာ စမ်းသပ်ကြည့်ရာတွင် ထိုရလဒ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီးများကို အုပ်စု ငါးစု ခွဲပြီး လေ့လာရာ၌ အရပ် ၅ ပေ ၁ လက်မနှင့် အထက် အမျိုးသမီးများ တွင် ကင်ဆာ ဖြစ်ပွားမှုနှုန်း ပိုများသည်ကို တွေ့ရှိခဲ့ ရသည်။ ၅ ပေ ၁ လက်မနှင့် အထက် အရပ် တစ်စင်တီမီတာ မြင့်သွားတိုင်း ကင်ဆာ ဖြစ်ပွားနှုန်းမှာ ၁၃ ရာခိုင်နှုန်း တိုးသွားနိုင်သည်ဟု ယင်းဂျာနယ် တွင် ရေးသားထားသည်။
The Voice Weekly
အပြည့်အစုံသို့ »

ရန်ကုန် အနှံ့အပြား ဓာတ်ငွေ့ပိုက်ယိုစိမ့်

ရန်ကုန် ၊ ဇူလိုင် - ၂၈ ။ ။ဓာတ်ငွေ့ ပိုက်လိုင်းယိုစိမ့်မှုများ ရန်ကုန်မြို့ အနှံ့တွင် ဖြစ်ပွားလျက်ရှိကြောင်း ရွှေပြည်သာ သဘာဝဓာတ်ငွေ့ ထိန်းသိမ်းရေးနှင့် ဖြန့်ဖြူးရေးစ ခန်းမှ သိရသည်။

ရန်ကုန်မြို့ရှိ ဓာတ်ငွေ့ပိုက် လိုင်းဖြတ်သန်းသွားရာမြို့နယ် အချို့တွင် ဓာတ်ငွေ့ပိုက်လိုင်းအ သေးစားယိုစိမ့်မှုများ ဖြစ်ပေါ် လျက်ရှိနေ သည့်အတွက် တာဝန်ရှိသူများ အ နေဖြင့် ဓာတ်ငွေ့ယိုစိမ့်သည့်နေ ရာများအနက် အန္တရာယ်ရှိနိုင် သောနေရာများကို ဦးစားပေးပြင် ဆင်လျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာသဘာဝဓာတ် ငွေ့ထိန်းသိမ်းရေးနှင့် ဖြန့်ဖြူးရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက ''ဓာတ် ငွေ့ပိုက်လိုင်းတွေက သံပိုက်တွေ ဖြစ် တယ်။ မြေကြီးထဲ မြှုပ်ထား တာနှစ်ပေါင်း ၂ဝလောက်ကြာ လာပြီဆိုတော့ သံချေးတက်ပြီး ချိုင့်ခွက်လေးတွေဖြစ်ရာကနေ ဓာတ်ငွေ့ယိုစိမ့်လာတာပေါ့။ အ များစုကတော့ အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ဦးစားပေးပြီးပြင်ဆင်ရ တဲ့နေရာရှိသလို ပေါက်တယ်ဆို ရင် ပြင်ဆင်ရတာပဲ''ဟု ပြောသည်။
အဆိုပါဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပေါ်လျက်ရှိသောနေရာများ တွင်နေထိုင်သော ပြည်သူများအ နေဖြင့် မီးဘေးအန္တရာယ်ကို အထူး သတိထားရန် လိုအပ်ကြောင်း အမှတ်(၂)တိုင်းဒေသကြီးနှင့် ပြည်နယ် မီးသတ်ဦးစီးရုံးများ ကွပ် ကဲမှုဌာနခွဲ ညွှန်ကြားရေးမှူး ရဲသူ ရိန်သင်းဌေးရွှေကရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

''ဂက်စ်ထွက်နေတဲ့အနေ အထားပေါ်မူတည်ပြီး အန္တရာယ် ရှိနိုင်ပါတယ်။ တကယ်လို့ ဂက်စ် တွေ ပြန့်နေတယ်ဆိုရင် အဲဒီနား မှာ ကားစက်တောင် နှိုးလို့မရဘူး။ ဖယောင်းတိုင်းတို့ မီးခြစ်မီးတို့ကို အထူးသတိထားသင့်တယ်။ ဖြစ် တဲ့နေရာကို သက်ဆိုင်ရာက လာ မပြင်နိုင်သေးတဲ့အချိန်မှာ ပြည် သူတွေအနေနဲ့ အဲဒီအနားမှာ မီး သုံးစွဲမှုကို တော်တော်လေး ဂရု စိုက်ရမယ်။ မီးဘေးအန္တရာယ်ကို စိုးရိမ်ရတယ်''ဟု ယင်းကသုံးသပ် ပြောသည်။

မရမ်းကုန်းမြို့နယ် သမိုင်း ဘူတာအနီး မြရတနာဈေးအတွင်း ဓာတ်ငွေ့ယိုစိမ့်သောနေရာတွင် ရှိနေသည့် လက်ဖက်ရည်ဆိုင်မှ ဦးမျိုးမင်းက ''ဒီမှာဓာတ်ငွေ့ယို တာ လွန်ခဲ့တဲ့တစ်နှစ်လောက်က တည်းက။ အခုလဲ သုံးလေးလ လောက်က လာပြင်တယ်။ တစ်လ လောက်ကြာတော့ ပြန်ဖြစ်တယ်။ဖြစ်တဲ့နေရာကများတော့ တချို့ နေရာတွေတော့ လာပြင်ကြတယ်။ ဖြစ်တဲ့နေရာက ကွမ်းယာဆိုင်ဆို ရင် မီးခြစ်တောင် မဆောင်ထား ဘူး။ လက်ဖက်ရည်ဆိုင်မှာဆို ဓာတ် ငွေ့ယိုတဲ့နေရာနဲ့နီးတဲ့ နေရာမှာ မီးဖိုမဖိုရဲဘူး''ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး ဦးသိန်းလှိုင်က ''အင်းစိန်သမိုင်း ဘူတာဘေးခုံးတံတားအောက် က ရွာမ-သမိုင်းဓာတ်ငွေ့ပိုက်လိုင်း မှာဆိုရင် ပြင်ဆင်ရတယ်။ အဲဒီ မှာက ဈေးရှိတော့ ဈေးကလူတွေ က ဓာတ်ငွေ့ပိုက်လိုင်းအပေါ်မှာ ကွန်ကရစ်လမ်းတွေ ခင်းတယ်။ အရင်ပိုက်လိုင်းစခင်းတုန်း နေရာ လွတ်တွေကို သူတို့က မကြောက် မရွံ့ ကျူးကျော်လာတာလို့ ဆိုနိုင် တယ်။ အန္တရာယ်တော့မရှိပါဘူး'' ဟု ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးသိန်း လှိုင်က ''ဓာတ်ငွေ့ယိုတဲ့နေရာက တော့ မရေတွက်နိုင်အောင် ယို နေတာပဲ။ နေ့စဉ်နဲ့အမျှ ပြင်နေ ရတယ်။ သမိုင်းဘူတာဘေးက အ ရေးကြီးတဲ့နေရာပြင်ဆင်ပြီး ဈေး ထဲက သိပ်အရေးမကြီးလို့ ရွှေ ပေါက်ကံက အရေးကြီးတဲ့နေရာ သွားပြင်နေတာ။ အရေးကြီးတာ ဦးစားပေးပြင်ပြီး အန္တရာယ်မရှိ တာ ခဏာထားပြီး ပြင်ဆင်ရတယ်။ ဖြစ်တဲ့နေရာတိုင်းတော့ ပြင်ဆင် ပါတယ်''ဟု ပြောသည်။

မကြာမီရက်ပိုင်းအတွင်း က ယင်းကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်ပေါ် ခဲ့သည့် မရမ်းကုန်းမြို့နယ် (၂)ရပ် ကွက်မှ ရာအိမ်မှူး ဦးမြင့်အောင် က ''အခု ဇူလိုင် ပထမပတ်လောက် က သမိုင်းဘူတာဘေး ရထားလမ်းခုံး ကျော်တံတားအောက် မှာ ဓာတ် ငွေ့တွေယိုလို့ ဌာနဆိုင်ရာကို အ ကြောင်းကြားခဲ့တယ်။ နှစ်ရက် လောက်ကြာတော့ လာပြင်ကြ တယ်။ ပိုက်အသစ်တွေ လဲပေးသွား တယ်'' ဟု ပြောသည်။
အဆိုပါဖြစ်စဉ်များမှာ ယခု အခါရန်ကုန်မြို့အနှံ့ တွင် ဖြစ်ပေါ် နေသည့်အတွက် တာဝန် ရှိသူများ သည် ယခုအခါ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံတွင် ဖြစ်ပေါ် နေသည် ဓာတ်ငွေ့ယိုစိမ့်မှုကို ပြု ပြင်လျက်ရှိကြောင်း သိရသည်။

Yangon Media Group
အပြည့်အစုံသို့ »