LG က Smart Phone လောကမှာ ဖုံးတွ ထုတ်ခဲ့ပေမဲ့ High End တွေကြိုက်တဲ့ Customer တွေကို ဆွဲဆောင်နိုင်လောက်တဲ့ ဒိတ်ဒိတ်ကြဲ ဖုံးမျိုး ပြိုင်ဘက်တွေထပ် နှာတစ်ဖျားမက သာတဲ့ Top Level ဖုံး မရှိသေးဘူးလို့ ထင်ပါတယ်။ အောချရလောက်တဲ့ Spec မျိုးနဲ့ ခပ်ကောင်းကောင်း ဖုံးမရှိသေးခဲ့တာကို အခု G2 က ပြောင်းပြန်လှန်လိုက်ပြီလို့ ဆိုချင်ပါတယ်။
ယနေ့ည နာရီပိုင်းအတွင်းမှာပဲ တရားဝင် ကြေငြာခဲ့တဲ့ G2 ရဲ့ Spec တွေကို ကြည့်ကြည့်ပါဦး၊ လက်ရှိ ပြိုင်ဘက်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်နေပါပြီလား..
ဒါမှမဟုတ် ပြိုင်ဘက်တွေထက် နှာတစ်ဖျားလောက် သာသွားပြီလို့ ပြောရင် စာဖတ်သူ လက်ခံပါသလား...
ဒါမှမဟုတ် စာဖတ်သူရော LG G2 ကို ချက်ခြင်းပြေးဝယ်ဖို့ လုံလောက်တဲ့ Specification တွေတွေ့ရပြီလား...
Official specifications
Display 5.2-inch IPS LCD, Full HD (1920 x 1080), 424 ppi, 2.65mm bezel
Processor Qualcomm Snapdragon 800 MSM8974 quad-core Krait 400 @ 2.26GHz (အလျင်မြန်ဆုံး Speed ကို ရသွားတာ ကတော့ သေချာပါတယ်)
Adreno 330 GPU
RAM 2GB, Graphic RAM (ဒါဟာလည်း Top ဖြစ်စေမဲ့အချက် တစ်ခု)
Storage 16GB/32GB expandable microSDXC
Battery 3000 mAh non-removable (အံ့မခန်း စွမ်းအင်ပါ)
Cameras 13 MP rear, OIS, autofocus, LED flash, sapphire glass
2.1 MP front (LG Phone Camera မှာ အကောင်းဆုံးပေါ့)
Networks LTE, LTE-A, HSDPA, GSM
Connectivity NFC, A-GPS, GLONASS, microUSB, Wi-Fi a/b/g/n/ac, Bluetooth 4.0 LE
Operating System Android 4.2.2, Optimus UI
Dimensions 138.5 x 70.9 x 8.9mm 140g
Colors Black/White
THA: AMMG
Ref: Android Authority
Stuff Myanmar Magazine
အပြည့်အစုံသို့ »
India နဲ့ Pakistan နှစ်နိုင်ငံ ကွဲပြားနေကြတာ နှစ်ပေါင်း ၆၆နှစ်နဲ့ အတော်ကြာခဲ့ပါပြီ။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ နီးရက်နဲ့ ဝေးကွာနေကြတာကို ပေါင်းစည်းပေးနိုင်ဖို့ CoCa Cola ရဲ့ Small World Campaign က နည်းပညာကို အသုံးပြုပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ တကယ်တန်း ကြည့်မယ်ဆိုရင်တော့ မားကတ်တင်း Technique တစ်ခုပါပဲ။
နှစ်နိုင်ငံမှာ ရှိနေတဲ့ သူတွေ တစ်ယောက်ကိုတစ်ယောက် ကင်မရာ ကနေတစ်ဆင့် ထိတွေ့ပေါင်းစည်း လက်ပြနှုတ်ဆက် အတူတကွ လုပ်ဆောင်မှုတွေကတစ်ဆင့် Free Coca Cola တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။
နေရာနှစ်ခုမှာရှိတဲ့ လူတွေကို ထိတွေ့ ပေါင်းစည်းနိုင်အောင် ဆောင်ရွက်ပေးတဲ့ သူတို့ရဲ့ မားကတ်တင်း နည်းပညာကတော့ Emotional ဖြစ်စေမှာတော့ အမှန်ပါပဲ။
Free Cola သောက်ရတာက အဓိက မဟုတ်ပေမဲ့ စည်းခြားထားတဲ့ တံတိုင်းတွေကို ချိုးဖျက်ပြီး ပေါင်းစည်းမှုခံစားချက်ကို ရရှိစေတာက အဓိက ဖြစ်မယ်လို့ထင်ပါတယ်။
Video ကတော့ အောက်မှာ ကြည့်ရှုကြည့်နိုင်ပါတယ်။ Creative Marketing Campaign တစ်ခုအဖြစ် မြင်တွေ့နိုင်ပါတယ်။
http://youtu.be/ts_4vOUDImE
THA: TSJ Tech Team
အပြည့်အစုံသို့ »
မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အပိုင် ( ၆ ) တွင် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က အသက် ၂၁ နှစ်အရွယ် ကိုဇေယျာထွန်းသည် ၄င်း၏ချစ်သူ ဆိုသူ အဆိပ်သောက် သေဆုံးသွားပြီးနောက် အမြင့် ၁၀ ပေခန့်ရှိ နေအိမ် ထုတ်တန်းတွင် လျှပ်စစ်မီးပူသုံး ဝါယာကြိုးဖြင့် လည်ပင်းကို ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်မြို့မ ရဲစခန်းထံမှ သိရှိ ရသည်။
ကိုဇေယျာထွန်း၏ ချစ်သူဆိုသူသည် လွန်ခဲ့သည့် ၁၃ ရက်ခန့်က ၄င်းနေထိုင်သည့် တိုက်ကြီးမြို့နယ် နေအိမ်၌ပင် အဆိပ်သောက် သေဆုံးခဲ့ပြီး ကိုဇေယျာထွန်းက သေချင်သည်ဟု မိဘများကို မကြာခဏ ထုတ်ဖော်ပြောလေ့ ရှိသည်ဟု စုံစမ်းသိရှိရပြီး အခင်းဖြစ်ရပ်ကို သေမှုသေခင်း အမှတ်စဉ် ၂၅/၁၃ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
"သူကြိုက်တဲ့သူ (မိန်းမစိတ်ပေါက်သူ) က ပြီးခဲ့တဲ့ တစ်ပတ်က အဆိပ် သောက်သေသွားတာကြောင့် သူလည်း စိတ်မကောင်းဖြစ်ပြီး ကြိုးဆွဲချသေတာ ဖြစ်နိုင်တယ်" ဟု ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို သက်ဆိုင်ရာ ရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်၍ စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ယင်းနေ့မတိုင်မီက ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခြား ကြိုးဆွဲချ သေဆုံး မှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းသည် ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့် ရပ်ကွက်၊ အင်းကြင်းလမ်းရှိ နေအိမ်တွင် သြဂုတ်လ ၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ ခန့် က အသက် ၄၅ နှစ်အရွယ် ဦးမြင့်နိုင်က နေအိမ်နံဘေး ထုတ်တန်းတွင် ပုဆိုးဖြင့် လည်ပင်းကိုစွပ်ကာ ဒူးကွေးလျက် သေဆုံး ခဲ့သည့် အမှုဖြစ်ကြောင်း ကြည့်မြင်တိုင် စက်ဆန်းနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။
မြ၀တီ
အပြည့်အစုံသို့ »
အမည် အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင် ပါတယ်။ မိဘဆင်းရဲ တာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တတ်နိုင်ခဲ့ပြီး တက္ကသိုလ်ဆက်မတတ် နိုင်ခဲ့ပါဘူး။
ဒါကြောင့် မနီလာမြို့ ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီက သူ့ကိုလက်မခံပါဘူး။ အထက်တန်း ကျောင်း ပြီး တစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့ အလုပ်ရနိုင်တယ်ဆိုတာ ကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး။
ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အလုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့ တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရတာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။ သူက အိုင်တီမှာ လေ့ လာ ချင်စိတ်လေး ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့ လာ ရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ ပါတယ်။ နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာပါတယ်။
အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။
ဒီအတွက် Quezon City က Informatics College မှာ သွားတက်
ရမှာပါ။ သူနေတဲ့ မြို့  Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။
အသွားကော၊ အပြန်မှာပါ။ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။ အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီး သွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့  အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့ မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့  ကြိုးစားမှု ကြောင့်လည်း လက်ရှိ ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလို့ ပညာသင်ရင်း တစ်ဖက် အသက်မွေးဝမ်းကျောင်း လျက်ရှိတယ်လို့ သိရပါတယ်။
Ref: dyknow
International news for myanmar
အပြည့်အစုံသို့ »
ကျွန်တော်တို့ရဲ့ ကျောက်ကပ်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆားဓာတ်၊ အဆိပ်အတောက်၊ ခန္ဓာကိုယ်အတွက် မလိုအပ်တာတွေကို အချိန်နဲ့အမျှ စစ်ကာထုတ်နေရတယ်ဆိုတာ သင်သိပါသလား။ အဲဒီလို စစ်ကာထုတ်နေရတဲ့ သင့်ရဲ့ ကျောက်ကပ်ကို ပြန်လည်သန့်ရှင်းလာဖို့ သင်ဘယ်လိုလုပ်မလည်း။
ဒါက လွယ်ပါတယ်။ နံနံပင် တစ်စည်းလောက် ၀ယ်လိုက်ရုံပါပဲ။ နံနံပင်လေးနဲ့ဆိုတော့ မအံသြသွားနဲ့ပေါ့။ တစ်ကယ်တော့ နံနံပင်ဟာ ပင်ပန်းနွမ်းနွယ်နေတဲ့ သင့်ရဲ့ကျောက်ကပ်အတွက် အကောင်းဆုံးဖြစ်နေလို့ပါ့ပဲ။ ၀ယ်လာတဲ့ နံနံပင်တွေကို ရေသေချာဆေးပါ။ အပိုင်းလေးတွေဖြစ်အောင် လှီး၊ ပြီးရင် အိုးတစ်လုံးထဲ ထည့်ပြီး ရေသန့်သန့်လေးလောင်းလိုက်ရပါမယ်။ အပူပေးပြီး ၁၀ မိနစ်ခန့် ဆူပွက်အောင်ထားရပါမယ်။ ပြီးတာနဲ့ ပြန်လည်အအေးခံလိုက်ပါ။ ပြီးရင် ရေစစ်နဲ့ စစ်ထုတ်ပြီး ပုလင်းထဲထည့်ထား၊ အဲဒီ ပုလင်းကိုတော့ အချိန်မရွေး သောက်သုံးနိုင်အောင် ရေခဲသေတ္တာထဲသိမ်းဆည်းထားရပါမယ်။
တစ်နေ့ တစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ဆီးသွားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ရှိတဲ့ မလိုလားအပ်တဲ့ အဆိပ်အတောက်တွေ၊ ဆားဓာတ်တွေကို ခန္ဓာကိုယ်က စွန့်ထုတ်သွားပါလိမ့်မည်။ ပြီးတော့လည်း နေလို့ထိုင်လို့ကောင်းလာပါလိမ့်မည်။
Credit: General Knowledge facebook
အပြည့်အစုံသို့ »
ပါတီပျော် မိန်းကလေး တစ်ဦးအဖြစ် လူသိများသော ရီဟန်နာတစ်ယောက် သူမ၏ လူစည်စည်ကားကား ပွဲလမ်းသဘင်များကို နှစ်သက်တတ်သည့် ဗီဇကို မွေးရပ်ဇာတိမြေတွင် အပြည့်အဝ ပြသခဲ့သည်။ အသက်(၂၅)နှစ်ရှိ R&B ဂီတစတား အဆိုတော်သည် သူမ၏ မွေးရပ်မြေဖြစ်သော ဘာဘေးဒိုးစ်တွင် ကျင်းပသည့် ကာနေဗယ်လ် ပွဲတော်တွင် ပါဝင် နွှဲပျော်ခဲ့သည်။ သူမသည် အဖြူရောင် ဘီကနီကဲ့သို့ ပွင့်လင်းသည့် ဖက်ရှင်တွင် အလှဆင်ကျောက်များ စီခြယ်ထားသည့် ကာနေဗယ်လ် ဝတ်စုံကို ရွေးချယ်ခဲ့သည်။
စနေနေ့က Diamondစတား အဆိုတော်သည် အရင်းနှီးဆုံး သူငယ်ချင်း အချို့နှင့်အတူ (၈)ရက်ကြာ ပြုလုပ်သော ပွဲတော်၌ ပါဝင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ သူမသည် ယခင်နှစ်များကလည်း အဆိုပါ ကာနေဗယ်လ် ပွဲတော်တွင် ပျော်မြူးခဲ့ဖူးသည်။ သူမ၏ ဝတ်စုံတွင် တောက်ပလှပသည့် ကျောက်များ စီခြယ်ထားသလို လိုက်ဖက်သည့် လည်ဆွဲကိုလည်း ဆင်မြန်းထားသေးသည်။ ကာနေဗယ်လ် ပွဲတော်တွင် အမျိုးသမီးများ အလှပြ ဝတ်ဆင်လေ့ရှိသည့် ဖက်ရှင်အတိုင်း ငှက်တောင်များဖြင့်လည်း ထိုးထိုးထောင်ထောင် ဒီဇိုင်းထွင်ထားသေးသည်။

ထူးခြားမှုမှာ ခြေထောက်တွင် စီးထားသည့် ဖိနပ်ဖြစ်ပြီး အလှဆင် ဖက်ရှင်မျိုး မဟုတ်ဘဲ အဖြူရောင် Adidas အားကစားဖိနပ် တစ်ရံသာ ဖြစ်နေခဲ့သည်။ သူမသည် အပြာဘက်သမ်းသည့် နေကာမျက်မှန်ကိုလည်း ယူဆောင်လာခဲ့သေးသည်။ ရီဟန်နာသည် သောကြာနေ့က ဘာဘေးဒိုးစ်မြို့တော် ဘရစ်ဂ်ျတောင်းသို့ ရောက်ရှိလာခဲ့သည်။ ရီဟန်နာနှင့်အတူ သူမ၏ အချစ်ဆုံး သူငယ်ချင်း မယ်လီဆာဖော့ဒ်လည်း လိုက်ပါလာပြီး Umbrellaစတား အဆိုတော်သည် ညနက်သန်းခေါင်ထိ ပါတီပွဲများ ကျင်းပခဲ့သေးကြောင်းလည်း သိရသည်။
သူမ၏ တာဝန်ကျေသော သက်တော်စောင့်များသည် ရီဟန်နာ စိတ်ကြိုက် ပျော်မြူးသမျှ မျက်စိဒေါက်ထောက် လိုက်လံ စောင့်ကြပ်နေခဲ့ရကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ကာနေဗယ်လ် ပွဲတော်တွင် ရီဟန်နာ၏ မိသားစုများလည်း ပါဝင်ဆင်နွှဲခဲ့ရာ သူမသည် အဖိုးဖြစ်သူကို ယုယုယယ ပွေ့ဖက် နှုတ်ဆက်နေသည်ကိုလည်း တွေ့ရသည်။ ရီဟန်နာသည် လတ်တလောတွင် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်များမှ (၂)လကြာ အနားယူထားသည်။ သူမသည် ဥရောပမှ လော့စ်အန်ဂျလိစ်သို့ ပြန်လာပြီး ထိုမှတစ်ဆင့် ဘာဘေးဒိုးစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ရီဟန်နာသည် လာမည့်လပိုင်းတွင် အာရှတိုက်သို့ ခြေဆန့်ပြီး မကာအို၊ မနီလာနှင့် စကာင်္ပူတို့တွင် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဟု သိရှိရသည်။
Planet
စနေနေ့က Diamondစတား အဆိုတော်သည် အရင်းနှီးဆုံး သူငယ်ချင်း အချို့နှင့်အတူ (၈)ရက်ကြာ ပြုလုပ်သော ပွဲတော်၌ ပါဝင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ သူမသည် ယခင်နှစ်များကလည်း အဆိုပါ ကာနေဗယ်လ် ပွဲတော်တွင် ပျော်မြူးခဲ့ဖူးသည်။ သူမ၏ ဝတ်စုံတွင် တောက်ပလှပသည့် ကျောက်များ စီခြယ်ထားသလို လိုက်ဖက်သည့် လည်ဆွဲကိုလည်း ဆင်မြန်းထားသေးသည်။ ကာနေဗယ်လ် ပွဲတော်တွင် အမျိုးသမီးများ အလှပြ ဝတ်ဆင်လေ့ရှိသည့် ဖက်ရှင်အတိုင်း ငှက်တောင်များဖြင့်လည်း ထိုးထိုးထောင်ထောင် ဒီဇိုင်းထွင်ထားသေးသည်။

ထူးခြားမှုမှာ ခြေထောက်တွင် စီးထားသည့် ဖိနပ်ဖြစ်ပြီး အလှဆင် ဖက်ရှင်မျိုး မဟုတ်ဘဲ အဖြူရောင် Adidas အားကစားဖိနပ် တစ်ရံသာ ဖြစ်နေခဲ့သည်။ သူမသည် အပြာဘက်သမ်းသည့် နေကာမျက်မှန်ကိုလည်း ယူဆောင်လာခဲ့သေးသည်။ ရီဟန်နာသည် သောကြာနေ့က ဘာဘေးဒိုးစ်မြို့တော် ဘရစ်ဂ်ျတောင်းသို့ ရောက်ရှိလာခဲ့သည်။ ရီဟန်နာနှင့်အတူ သူမ၏ အချစ်ဆုံး သူငယ်ချင်း မယ်လီဆာဖော့ဒ်လည်း လိုက်ပါလာပြီး Umbrellaစတား အဆိုတော်သည် ညနက်သန်းခေါင်ထိ ပါတီပွဲများ ကျင်းပခဲ့သေးကြောင်းလည်း သိရသည်။
သူမ၏ တာဝန်ကျေသော သက်တော်စောင့်များသည် ရီဟန်နာ စိတ်ကြိုက် ပျော်မြူးသမျှ မျက်စိဒေါက်ထောက် လိုက်လံ စောင့်ကြပ်နေခဲ့ရကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ကာနေဗယ်လ် ပွဲတော်တွင် ရီဟန်နာ၏ မိသားစုများလည်း ပါဝင်ဆင်နွှဲခဲ့ရာ သူမသည် အဖိုးဖြစ်သူကို ယုယုယယ ပွေ့ဖက် နှုတ်ဆက်နေသည်ကိုလည်း တွေ့ရသည်။ ရီဟန်နာသည် လတ်တလောတွင် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်များမှ (၂)လကြာ အနားယူထားသည်။ သူမသည် ဥရောပမှ လော့စ်အန်ဂျလိစ်သို့ ပြန်လာပြီး ထိုမှတစ်ဆင့် ဘာဘေးဒိုးစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ရီဟန်နာသည် လာမည့်လပိုင်းတွင် အာရှတိုက်သို့ ခြေဆန့်ပြီး မကာအို၊ မနီလာနှင့် စကာင်္ပူတို့တွင် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဟု သိရှိရသည်။
Planet
အပြည့်အစုံသို့ »
Subscribe to:
Posts (Atom)