၈၈၈၈ - အမှတ်တရ သြဂုတ်လ ၏ မြင်ကွင်းတစ်ခု


ယနေ့ လူငယ်များသည် ၈၈၈၈- နှင့် ပတ်သက်၍ တိတိပပ မသိနိုင် ခဲ့ကြ။ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဖိနှိပ်၊ တားဆီးပိတ်ပင်ဟန့်တား မှုများကြောင့် အတိတ်သမိုင်းသည်ပင် မှိန်ပျပျ။ကျောင်းသားခေါင်းဆောင် များ၏ လှုပ် ရှားမှုပုံရိပ်များသည်လည်း ဝိုးတိုးဝါးတား။ အကြောင်းမူကား သူတို့ဘဝ မျက်စိပိတ် နားပိတ်ဖြစ်ခဲ့ရသည် မဟုတ်လား။

စင်စစ် ၈၈၈၈- အရေးတော်ပုံကြီး ဖြစ်ပေါ်လာရန် ၂၈-၇-၈၈ နေ့မှ စကာ ဝါဆိုလပြည့်နေ့တွင် ကျောင်းသားများ ဦးဆောင်၍ ရွှေတိဂုံ ဘုရားပေါ်တွင် တရားဟောသည်။ ပိုစတာများကပ် သည်။ ၂၉-၇-၈၈ နေ့တွင် ဦးအောင် ကြီး၊ ဦးစိန်ဝင်း အပါအဝင် ၁ဝ ဦး
ထိန်းသိမ်းခံခဲ့ရသည်။

၃-၈-၈၈ နေ့တွင် မွန်းလွဲ ၁ နာရီ မှစ၍ ရန်ကုန်မြို့တွင်းတွင် ကျောင်း သားများ လှည့်လည်ဆန္ဒပြကြသည်။ ထိုနေ့တွင် အာဏာပိုင်များက စစ်အုပ် ချုပ်ရေးကြေညာခဲ့သည်။

၎-၈-၈၈ နေ့တွင် ရန်ကုန်မြို့တွင်း တွင် ဆန္ဒပြမှုများ ဆက်လက်ပြု လုပ် သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက် လံဖမ်းဆီးရာ ကျောင်း သားအချို့အဖမ်း ခံခဲ့ရသည်။ ပဲခူးမြို့တွင် ကျောင်းသား များဦးဆောင်၍ ချီတက်ဆန္ဒပြကြသည်။ ဟောပြောပွဲများပြုလုပ်သည်။

၅-၈-၈၈ နေ့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ တိုးချဲ့ချထားကာ ၆-၈-၈၈ နေ့ တွင် ရေနံချောင်း၊ ပဲခူး၊ သနပ်ပင်မြို့များ တွင် ပုဒ်မ ၁၄၄- ထုတ်ပြန်ခဲ့သည်။ ၇-၈-၈၈ နေ့သည် ငြိမ်သက်နေသည်။ လမ်းမကို ထက်ခြမ်းခြမ်း၍ တစ်ခြမ်းကို လုံခြုံရေးကားများ သွားလာရန် သတ် မှတ်ထားသည်။ ၈-၈-၈၈နေ့တွင် ကျောင်းသားများဦးဆောင်သည့် အထွေ ထွေသပိတ်ကြီးဖြစ်မြောက်သည်။ နံနက် ခင်းကတည်းက ချီတက်ဆန္ဒပြသူများ ဖြင့် လမ်းမကြီးတစ်ခုလုံး ပြည့်လျက်ရှိ သည်။ လူ နှစ်သိန်းကျော်သည် တစ်နေ့ လုံးငြိမ်းချမ်းစွာမြို့တွင်းလှည့်လည် ဆန္ဒ ပြကြသည်။ ဆန္ဒပြသူများအား ရပ်ကွက် များက အစားအသောက် များ၊ ရေခဲ ရေများ၊ ဆေးလိပ်များကမ်း၍ အားပေး ခဲ့ကြသည်။ ဆန္ဒပြသူများသည် ပြုံးပျော် နေကြသည်။ အကြမ်းဖက်မှုလုံးဝမရှိ။

ညနေခင်းတွင် ဆန္ဒပြသူများသည် မြို့တော်ခန်းမရှေ့ ကားလမ်းမ၌ စခန်း ချကြသည်။ သပိတ်တပ်အားလုံး မြို့ တော်ခန်းမသို့ စုဝေးကြ၍ အနီးရှိ ရပ် ကွက်များက ရိက္ခာများ ပေးပို့ကြသည်။

ပဲခူးသပိတ်တပ်ချီလာမည်ဆို၍ ရန်ကုန် လူထုကမျှော်လင့်နေကြသည် ။ညဥ့်သန်း ခေါင်ယံ ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဘရင်းကယ်ရီယာနှစ်စီး၊ စစ်ကား ခုနစ် စီး မြို့တော်ခန်းမသို့ ဆူးလေဘုရား လမ်းအတိုင်းမောင်းနှင် လာပြီး ငြိမ်းချမ်း စွာဆန္ဒပြနေသူများကို ပထမလူစုခွဲရန် ပြောသည်။ လူစုမခွဲကြဘဲ မတ်တတ် ရပ်၍ အမျိုးသားသီချင်း သံပြိုင်သီဆိုနေ ကြစဉ် သီချင်းမဆုံးမီ စတင်ပစ်ခတ် သည်။ ကျောင်းသူ၊ ကျောင်းသား၊ ရ ဟန်းရှင်လူပြည်သူအများအပြား အသက် ပေးခဲ့ရသည်။ မျက်မြင်သက်သေ အဆို အရ အလံကိုင်ကျောင်းသားငယ်တစ်ဦး သည် ကျည်ဆန်များ ကြားတွင် အလံ မလှဲ အံကိုခဲရင်း ကျဆုံးခဲ့ရှာသည်ဟုဆို ၏။ မြန်မာပြည်အနှံ့အပြားတွင် ဆန္ဒပြ မှုများဖြစ်ခဲ့သည်။

၉-၈-၈၈ နေ့ ရန်ကုန်နေရာ အနှံ့ အပြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆန္ဒပြသူများကို ပစ်ခတ်လူစုခွဲသဖြင့် ကျောင်းသား၊ သံဃာပြည်သူ ရာပေါင်း များစွာ ကျဆုံးခဲ့ရသည်။ လှိုင်မြို့နယ်မှ အထက်တန်းကျောင်း သူ၊ ကျောင်းသား တစ်ထောင်ခန့် ကမာရွတ်သို့ ချီတက် ဆန္ဒပြကြ သည်။ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခံရသည်။ အာဏာပိုင်များက ရန် ကုန်တွင် ညမထွက်ရ အမိန့်ထုတ်သည်။ တစ်နိုင်ငံလုံးရှိ ကျောင်း များအားလုံးကို ပိတ်လိုက်သည်။ လစာနှုန်းများအနည်း ငယ်တိုးပေးခဲ့သည်။ အထွေထွေသပိတ် သည် နယ်မြို့များတိုး၍ပါဝင်လာကြသည်။

၁ဝ-၈-၈၈ နေ့တွင် မြောက်ဥက္က လာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှ င့် သာကေတမြို့နယ်များတွင် လုံခြုံရေး တပ်ဖွဲ့များက ပိုမိုပစ်ခတ်တိုက်ခိုက် ခဲ့ သည်။ ရပ်ကွက်များက လုံခြုံရေးတပ်ဖွဲ့ များ ဝင်ရောက်မလာနိုင်ရန် ပိတ်ဆို့မှု များ ပြုလုပ်ခဲ့ကြသည်။ ရဲစခန်းများ၊ အိမ်ထောင်သည်လိုင်းများ မီးရှို့ဖျက်ဆီး ခံရသည်။ ရဲသုံးဦး ခေါင်းဖြတ်ခံရသည်။ စသည် စသည်...။

ဤသို့အပြင်တွင် အထွေထွေ သပိတ်ကြီး ဆင်နွှဲနေသကဲ့သို့ မြန် မာ နိုင်ငံတစ်ဝန်းလုံးတွင် အကျဉ်းထောင် များအတွင်း ဆူပူမှုများ ဖြစ်ပွား လာရာ သြဂုတ် ၃၁ ရက်နေ့အထိ ဆူပူမှု ဖြစ် ပွားသော အကျဉ်းထောင် ၉ ခုရှိသွားပြီ ဖြစ်၏။ အင်းစိန်ထောင်တွင်လည်း ဆူ ပူမှုဖြစ်ရာ အကျဉ်းသား တစ်သောင်းနီး ပါးလွှတ်ပေးလိုက်၏။ အင်းစိန်ထောင် ဆူပူမှုမှာ သြဂုတ်လ ၂၆ ရက် သောကြာ နေ့တွင် စတင်ခဲ့သည်။ ၂၅ ရက်နေ့ ညနေပိုင်းတွင် ထောင်အပြင်ဘက်မှဆန္ဒ ပြသူများ၏ ကြွေးကြော်သံများကိုထောင် တွင်းမှ စတင်ကြားကြရပြီး အကျဉ်းသား များအော်ဟစ် ဆန္ဒပြကြခြင်း ဖြစ်သည်။

၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အဆောင် (၁) နှင့် တိုးချဲ့ဆောင်မှ အကျဉ်းသားများကို ဖယ်ရှားစေပြီး ဆူပူ သူ အကျဉ်းသားများ က ပုဆိုးစုတ်၊ အဝတ်စုတ်များကို လောင်စာအဖြစ် သုံးကာ မီးစတင်ရှို့ကြ၏။ ထို့နောက် အဆောင်မှူးရုံးခန်းကို ရှို့ကြပြန်၏။

မီးများတဝုန်းဝုန်း တောက်လောင် နေချိန်တွင် အကျဉ်းထောင် အုတ်ရိုးပေါ် ရှိ မျှော်စင်များပေါ်မှနေ၍ ထောင်အမှု ထမ်းများက ပစ်ခတ်လူစုခွဲရန် ကြိုးပမ်း ကြ၏။ ခေါင်းတိုင်ပုံ ဗဟိုမျှော်စင်ပေါ်မှ လည်း ပစ်ခတ်သည်။ အဆောင်အပြင် ရောက်နေသော ကျောင်းသားအများစု မှာ အဆောင်ကို ပတ်၍ ပြေးလွှားနေကြ သည်။ သေနတ်ထိမှန်သေဆုံးသူများ၊ ဒဏ်ရာဖြင့် လဲကျနေသူများ၊ ပြန့်ကျဲနေ သည်။ ထိုအချိန်တွင် နာလန်ထ လူနာ များထားရာ အဆောင် ၅ ကိုလည်း နာ လန်ထလူနာအကျဉ်း သားများက မီးရှို့ ကြပြန်၏။

နံနက် ၁၁ နာရီခန့်တွင် အကျဉ်း ထောင်တပ်ဖွဲ့ဝင်များ က ထောင်ကို ပြန် လည်ထိန်းသိမ်းအုပ်စီးနိုင်ခဲ့သည်။ မျက် မြင်အကျဉ်းသားများအဆိုအရ သေသူ ၃ဝ ခန့်၊ ဒဏ်ရာရသူ ၈ဝ ခန့်ရှိသည် ဆို၏။ ထောင်မှူးတစ်ဦးက မျှော်စင်ပေါ် မှနေ၍ ''အပြင်က
ဆန္ဒပြတာ မင်းတို့နဲ့ မဆိုင်ဘူး။ မင်းတို့အေးအေးဆေးဆေး နေကြ။ မင်းတို့ကို လွှတ်ပေးလို့မရဘူး''ဟု အော်ဟစ်သတိပေးသည်။ ထိုအချိန် တွင် ထောင်ဆူပူမှု အတန်ငယ် ငြိမ်ကျ သွား၏။

၂၆ ရက်နေ့ ညနေ ၆ နာရီခန့် တွင် ထောင်ဆရာဝန်နှင့် ဝန်ထမ်း များ ထောင်တွင်းမှ ထွက်သွားကြ၏။ ထိုည တစ်ညလုံး သေနတ်သံကို ကြားနေကြရ ၏။ ဆက်တိုက်ပစ်ခတ်ခြင်းတော့ မဟုတ်ချေ။ ၂၇ ရက်နေ့ နံနက်စော စောတွင် အကျဉ်းကျသူများ၏ ဆွေမျိုး သားချင်း များ ထောင်အနီးသို့ ရောက် လာကာ သတင်းမေးစုံစမ်းကြရာထောင် အပြင်ဘက်တွင် လူများစုဝေးမိလာ သည်။ အခြေအနေတင်းမာလာသော အခြေအနေတွင် ဘုန်းတော်ကြီး ဦးဝဏ္ဏ ခေါင်းဆောင်သော သံဃာတော်များ၊ ကျောင်းသားများနှင့် အရပ်သားများက ထောင် အာဏာပိုင်များထံ သွားရောက် ၍ စေ့စပ်ဆွေးနွေးကြသည်။ေ စ့စပ်ဆွေး နွေးရာတွင် အကျဉ်းသားများဘက်မှ ကိုယ်စားလှယ် ငါးဦးလည်း ပါသည်ဟု ဆိုသည်။

အပစ်အခတ် ရပ်စဲသွားပြီး အကျဉ်းသားများ သွားလာရေး ကိစ္စ အဝဝကို သံဃာတော်များ၊ ကျောင်း သားများက တာဝန်ယူပါမည် ကတိပေး လိုက်၏။ အကျဉ်းသားများ ထောင်နှင့် ချီ၍ သေဆုံးသည်ဆိုသော ပြင်ပ သတင်းမှာ မမှန်ကြောင်း ထောင်ဆရာဝန်များက ရှင်းပြ၏။ စေ့စပ်ေ ဆွးနွေးပြီး နောက် အကျဉ်းသားများကို စတင် လွှတ်ပေး၏။ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ အင်းစိန်မြို့နယ်သူ၊ မြို့နယ်သား များက အကျဉ်းသားများကို ကျွေးမွေးပြုစုကြသည်။ အမှတ် ၈ ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်ခေါ် သွားရာ အလှူရှင်များက ထမင်းထုပ် များဖြင့် ကျွေးမွေးကြသည်။

ရပ်ဝေး အကျဉ်းသားများကို သင်္ဘောဆိပ်များ၊ ဘူတာရုံများသို့ ကား များဖြင့် ပို့ဆောင်ပေးကြသည်။ ကိစ္စအ ဝဝကို သံဃာတော်များ၊ ကျောင်း သား များကပင် ဦးစီးကြပ်မတ်ဆောင်ရွက်ပေး ခဲ့ကြ၏။ တပ်မတော်(ရေ)နှင့် တပ်မ တော်(ကြည်း)မှ အကျဉ်းသားများကိုမူ ကားများဖြင့် လာရောက်ခေါ်ဆောင် သွားကြသည်။ ထိုင်းလူမျိုးနှင့် ထိုင်ဝမ် အကျဉ်းသားများလည်း ရှိရာ သက်ဆိုင် ရာ သံရုံးက၄င်းတို့အစီအစဉ်ဖြင့်ပင် လာရောက်ခေါ်ဆောင်သွားကြသည်။

လောလောဆယ် အနေအထား တွင် ရထားသွားလာမှုများ ရပ်ဆိုင်းနေ သဖြင့် ရန်ကုန်ဘူတာကြီးနှင့် ကြည့်မြင် တိုင်ဘူတာတို့တွင် ယာယီကွပ်ကဲရေး စခန်းများဖွင့်ကာ အကျဉ်းသားများကို စောင့်ရှောက် ထားရသည်။ ရန်ကုန်ဘူ တာကြီးတွင် အကျဉ်းသား ၃ဝဝ ခန့် အား သံဃာတော်များက ထိန်းသိမ်း စောင့်ရှောက်ထားပြီး အလှူရှင်များက ငွေကြေး၊ အကျွေးအမွေးများဖြင့် ထောက်ပံ့ပေးခဲ့သည်။

သြဂုတ်လ ၃၁ ရက် သတင်းအရ ရန်ကုန်ဘူတာကြီးတွင် ခိုလှုံနေ ကြသော အကျဉ်းသားများအား မီးရထားရိပ်သာ 'ဒေဝသာဂရသိမ်ကုန်းေ ကျာင်းတိုက်' မှ သံဃာတော်များနှင့် သိမ်ဖြူကျောင်း တိုက်မှ သံဃာအပါး ၅ဝ ခန့်က စောင့် ရှောက်ပေးခဲ့ရသည်။ ညတွင် သံဃာ အပါး ၃ဝ က အလှည့်ကျ ကင်းလှည့် စောင့်ရှောက်ပေးခဲ့ကာ စေတနာရှင် ဆရာဝန် ၃ ဦးကလည်း ဖျားနာသော အကျဉ်းသားများကို ဆေးဝါးကုသပေး ခဲ့သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မှ စေတနာရှင်များ၊ အခြားမြို့နယ်ပေါင်းစုံ မှ စေတနာရှင်များကလည်း ငွေ၊ ဆေး ဝါး၊ ထမင်းထုပ်စသည် ပံ့ပိုးလှူဒါန်း သွားကြသည်။ ၃၁ ရက် နံနက်ပိုင်းတွင် ကပလမှ ဒုဦးစီးမှူး ဦးကျော်သာ ဦးစီး ၍ ရခိုင်ပြည်နယ်၊ မကွေး၊ တောင်ကြီးမြို့ များသို့ သွားမည့် အကျဉ်းသားများအား တီအီးကားကြီးခြောက်စီးဖြင့် ပို့ဆောင် ပေးရန် စီစဉ်ပေးခဲ့သည်။ သံဃာတော် အပါး ၂ဝကလည်း ဝိုင်းဝန်းကြပ်မတ် ကူညီခဲ့သည်။

၈၈၈၈ ဒိုင်ယာရီကို ကြည့်လျှင် ပြင်ပတွင် အထွေထွေသပိတ်ကြီး ဆင်နွှဲ နေသကဲ့သို့ ထောင်တွင်း၌ နေရသော် လည်း တစ်သွေးတည်း တစ်သားတည်း စိတ်ဖြင့် အေးအတူပူအမျှ ဘဝကို ဖော်ကျူးခဲ့ သည့် ပြယုဂ်တစ်ခုအဖြစ် နောင် မျိုးဆက်သစ်များ သိရှိရန်
ရှာဖွေရေး သားလိုက်ရပါသည်။

ရည်ညွှန်း-၄.၉.၈၈ နေ့ထုတ် ဝရဇိန် သတင်းစာ

ခင်မောင်ဌေး(ပညာရေး)

အပြည့်အစုံသို့ »

ကမ္ဘာ့အချမ်းသာဆုံး Fortune 500 တို့အများစု Facebook မသုံးကြ


Facebook တစ်ခုတည်းမဟုတ်ပါဘူး။ Twitter, Google+, LinkedIn အစရှိသဖြင့် ရှိသမျှ Social Media အားလုံးကို အသုံးမပြုတာ ဖြစ်ပါတယ်။

CEO.com က ဖော်ပြတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀၀ (Fortune 500) မှာ -

စာရင်းအတိအကျတွက်လိုက်ရင် Facebook ပေါ်မှာ ၃၅ ဦး

Twitter ပေါ်မှာ ၂၈ ဦး တို့သာ ရှိပြီး LinkedIn ပေါ်မှာလည်း လက်ချိုးရေရ လောက်အောင်နည်းပါတယ်။

ဒီတော့ ရှိရှိသမျှ Social Media တွေအားလုံးပေါင်းလိုက်ပြီးမှ ရလာတဲ့ ရလဒ်ကတော့ ၃၀ ရာခိုင်နှုန်းသော Fortune 500 သာ Social Media ကို အသုံးပြုကြကြောင်း သိရပါတယ်။ Warren Buffett ဆိုရင်လည်း Twitter စသုံးတာ မကြာသေးပါဘူး။

ပြီးတောလဲ ယင်း ပုဂ္ဂိုလ်များက အကောင့်ဖွင့်ထားပေမယ့် တကယ် အသုံးပြုသူ သို့မဟုတ်ပုံမှန် အသုံးပြုမှုအချိန်က အင်မတန် နည်းပါးကြောင်း ဆိုပါတယ်။ အချို့ ဆိုရင် အကောင့်ဖွင့်ထားပြီး လုံးဝ မသုံးပဲ ထားတဲ့အထိ ဖြစ်ပါတယ်။ အချို့ ဆိုရင် ရက် ၁၀၀ နေမှ Status Update တစ်ခု တင်ကြောင်း ဆိုပါတယ်။

သို့ပေမယ့် အနာဂတ်မှာ ယင်းပုဂ္ဂိုလ်တို့ Social Media အသုံးပြုမှု အရေအတွက် တိုးလာရန် အလားအလာ ရှိကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)

အပြည့်အစုံသို့ »

၁၅၀၀ တန်ဆင်းကတ် ထပ်ဆင့်ရောင်းချမှု အရေးယူမည်မဟုတ်


ရန်ကုန်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် အချိုးကျ ရောင်းချပေးနေသည့် မိုဘိုင်းလ်ဆင်းကတ်များကို ပြင်ပဈေးကွက် တွင် ကျပ်သိန်းဂဏန်းဖြင့် ထပ်ဆင့် ရောင်းချနေမှုကို အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

ကျပ် ၁၅၀၀ နှုန်းဖြင့် ချထားပေးသည့် GSM မိုဘိုင်းလ်ဖုန်းများကို အမှန်တကယ် အသုံးပြုရန် လိုအပ်သူများက မူရင်းဈေးနှုန်းထက် အဆရာချီ ပိုမိုကာ ငွေကျပ်သိန်းဂဏန်းအထိ ပေးချေဝယ်ယူနေရခြင်းကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ရန်ရှိ မရှိ The Voice ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

GSM ဖုန်းများရောင်းချခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် မဲနှိုက်ခွဲဝေမှုကို ထင်သာ မြင်သာရှိစွာ မျှမျှတတ ဆောင်ရွက်ပေးနေကြောင်း၊ မဲပေါက်သူများက ထပ်ဆင့် ပြန်လည် ရောင်းချနေခြင်းမှာ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်၍ ကြားဝင်ဆောင်ရွက်ပေး၍ မရကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ နှုန်းဖြင့် ဖြန့်ချိပေးနေသည့် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်းအထိရှိကာ အမှန်တကယ် အသုံးပြုလိုသူ အများစုမှာ ယင်းပြင်ပဈေးနှုန်းဖြင့် ပြန်လည် ဝယ်ယူနေရကြောင်း ဖုန်းသုံးစွဲလိုသူများက တညီတညွတ်တည်း ပြောကြားသည်။

“တစ်သိန်းခွဲတန် GSM ဟန်းဆက်တစ်လုံး အစ်ကိုက လက်ဆောင်ပေးထားတာ ဆင်းကတ်မဝယ်နိုင်သေးတော့ သီချင်းနားထောင်ဖို့အတွက်ပဲ သုံးနေရတယ်” ဟု ရေနံချောင်း ဒီဂရီကောလိပ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် GSM ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ နယ်ဒေသများ၌ပင် ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးပေါက်နေ၍ ဖုန်းလျှောက်ထားသူ အဆမတန် များပြားလာခြင်းကြောင့် ဆက်သွယ်ရေး ဝန်ထမ်းများ စီမံခန့်ခွဲမှု အခက်တွေ့စေကြောင်း၊ အမှန်အတိုင်း ဆောင်ရွက်ခြင်းကိုပင် မယုံကြည်ဘဲ ပြစ်တင်စွပ်စွဲခံရ ကြောင်း မကွေးတိုင်းဒေသကြီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံအရာရှိတစ်ဦးက ဆိုသည်။

ဧပြီလမှစတင်၍ မိုဘိုင်းလ် ဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် စတင်ဖြန့်ချိရာတွင် ထပ်ဆင့်ရောင်းချခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ဆင်းကတ် သက်တမ်းသတ်မှတ်ခြင်း၊ လစဉ်အသုံးပြုရမည့် ငွေပမာဏသတ်မှတ်ခြင်း စသဖြင့် ဆောင်ရွက်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA ဆင်းကတ်များ စတင်ဖြန့်ချိသည့်နေ့၌ပင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်းအထိ မြင့်တက်ခဲ့သည်။
The Voice Weekly

အပြည့်အစုံသို့ »

လူကိုကိုက်သတ်သည့် ခွေး၏ပိုင်ရှင် ထောင်တစ်သက်ကျဖွယ်ရှိ

အောင်မင်းဘာသာပြန်သည်

လူတစ်ဦးကို ကိုက်သတ်ခဲ့သည့် ခွေး၏ပိုင်ရှင်မှာ လက်ရှိကာလတွင် ပြောင်းလဲလိုက်သည့် ဗြိတိန်နိုင်ငံ၏ ပြစ်ဒဏ်ချမှတ်မှု စနစ်သစ်ကြောင့် ထောင်ဒဏ်နှစ်နှစ်မှ တစ်သက်တစ်ကျွန်းသို့ တိုးမြှင့်ကျခံရမည့် အရေး နှင့်ရင်ဆိုင်နိုင်ရသည်။

မိမိတို့၏ ခွေးအားလူတစ်ဦးတစ်ယောက်အား တိုက်ခိုက်ခွင့်ပြုသည့် ခွေးပိုင်ရှင်များအနေဖြင့် ပြင်းထန် သည့်ပြစ်ဒဏ်များချမှတ်မှုတွင် အမြင်သဘောထားရယူရေးအတွက် ဗြိတိန်အစိုးရကလည်း စိတ်ပျက်နေလျက်ရှိသည်။

ခွေးက လူတစ်စုံတစ်ဦးကို ပြင်းထန်စွာတိုက်ခိုက်လျှင် ခွေးပိုင်ရှင်ကိုပြစ်ဒဏ်မည်မျှ ပေးသင့်သနည်းဆို သည့်အရေးနှင့် ပတ်သက်၍ ဗြိတိန်လူထုကြား အချေအတင်အငြင်းပွားနေကြသည်။

ဗြိတိန်တွင် ဆိုးသွမ်းသည့်ခွေးများ၏ အကိုက်ခံရသဖြင့် ၂၀၀၅ ခုနှစ်မှ ယခုနှစ်အထိ လူ ၁၆ ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်။

သူငယ်ချင်း အိမ်အလည်သွားသည့် ၁၄ နှစ်အရွယ် ကလေးတစ်ဦးကို ခွေးလေးကောင် ၀ိုင်းကိုက်သဖြင့် သေဆုံးသွားခဲ့ရသည့် အဖြစ်အပျက်ပင် ဖြစ်ပွားခဲ့ဖူးသည်။

ပြည်သူများ အငြင်းပွားနေသည့် ဆိုးသွမ်းသည့် ခွေးများ၏ ပိုင်ရှင်အပေါ်ချမည့် အရေးနှင့် ပတ်သက်၍ တိရစ္ဆာန်ရေးရာဝန်ကြီး လော့ဒ်မိုလေးက “ခွေးတွေရဲ့တိုက်ခိုက်မှုဟာ ကြောက်စရာကောင်းပါတယ်။ ဒါကြောင့်ခွေးတွေကို ထိန်းသိမ်းခြင်းမရှိဘဲနဲ့ အခြားသူတွေကို ကိုက်ခွင့်ပေးတဲ့ ပိုင်ရှင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လိုပါတယ်” ဟု မှတ်ချက်ပြုသည်။

ခွေးဆိုးများ၏ တိုက်ခိုက်မှုကို တစ်နှစ်လျှင်အကြိမ် ၅၀၀၀ ခန့် ကြုံတွေ့ရလေ့ရှိသည့် စာပို့သမားများနှင့် တယ်လီဖုန်းဆက်သွယ်ရေး ဆက်သွယ်ရေး အင်ဂျင်နီယာများ ပါဝင်သည့် သမဂ္ဂများက ကိုက်တတ်သော ခွေးများ၏ ပိုင်ရှင်များကို ပြင်းထန်စွာ အပြစ်ပေးမည့် စနစ်သစ်ကို ကြိုဆိုလိုက်သည်။

ယခင်က ခွေးကိုက်လျှင် ခွေးပိုင်ရှင်ကို ထောင်နှစ်နှစ်သာ ချမှတ်နိုင်သော်လည်း စနစ်သစ်အရ ထောင်ဒဏ် ၁၀ နှစ်မှသည် ထောင်တစ်သက်ပင် အပြစ်ပေးနိုင်သည်။

၂၀၀၉ ခုနှစ်က ခွေးကိုက်သတ်သဖြင့် သေဆုံးသွားခဲ့ရသည့် ကလေးငယ်တစ်ဦး၏ မိဘများနှင့် သူ့ သူငယ်ချင်း၏ မိဘများက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ထံသို့ပင်ခွေးများ ထိုသို့ကိုက်နေမှုကို ကာကွယ်ပေးရန် အသနားခံစာ တင်ခဲ့သည်။
Mizzima - News in Burmese

အပြည့်အစုံသို့ »

မြို့ပတ်အထူးတွဲပေါ်မှ စုံတွဲအချို့၏ မဖွယ်မရာသတင်း တရားဝင် တိုင်ကြားခြင်း မရှိသေး


မြို့ပတ်ရထားအထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြား သိရသော်လည်း တရားဝင်တိုင်ကြားမှု များမရှိသေး ဟု မြန်မာ့မီးရထားမှ ရန် ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ သူ တို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင်တယ်။ သိပ်ကြီးလွန်လွန် ကဲကဲ ဖြစ်လာ ရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့'' ဟု ၄င်းက ပြောသည်။

မြို့ပတ်အထူးတွဲများပေါ်၌ ရထား ရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက် မှတ်သိမ်းဝန်ထမ်းများပါရှိကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။

''အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ''ဟု အထက် ပါ အရာရှိက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ ကာအထူးတွဲ ချိတ်ဆက်ပြီးစီးမှုမှာ ၁၁ ဆိုင်းရှိပြီ ဟု သိရသည်။

မြို့ပတ်ရထားသည် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်၍ ထွက်ခွာပြီး ယင်း တွင်လည်း အထူးတွဲပါရှိကြောင်းညပိုင်း တွင် နောက်ဆုံးထွက် ရထားမှာ ၉ နာရီ ၄၅ မိနစ်ဖြစ်ပြီး အထူးတွဲပါရှိသည့် နောက်ဆုံးတွဲမှာ ၉ နာရီ မိနစ်၂ဝ တွင် ဘူတာကြီးမှစတင်ထွက်သည်ဟု မြန်မာ မီးရထားမှ သိရသည်။

''မနက်အစောပိုင်း နေ့ခင်းလူနည်း ချိန် ညပိုင်းတွေမှာ အဲလိုကိစ္စတွေ ပိုရှိ နိုင်တာပေါ့''ဟု အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။

ဝေမာထွန်း
Popular Myanmar News Journal

အပြည့်အစုံသို့ »

Novotel ရန်ကုန်ဟိုတယ် ဝန်ထမ်း ၆၀၀ ခန့် ခေါ်မည်ဟုဆို


ရန်ကုန်၊ သြဂုတ် ၇

လာမည့်နှစ်တွင် ဖွင့်လှစ်မည့် Novotel ရန်ကုန်ဟိုတယ်တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း ၆၀၀ ခန့် ခေါ်ယူမည် ဖြစ်ကြောင်း အဆိုပါဟိုတယ်ကို တာဝန်ယူ တည်ဆောက်နေသည့် မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝန်ထမ်း ၅၆၀ မှ ၆၀၀ အထိ ခေါ်ယူမည်ဖြစ်ပြီး အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအပိုင်းအတွက် အရာရှိများကိုမူ ကြိုတင်ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဝန်ထမ်းတွေကို သုံးလလောက် စောခေါ်ဖို့ စီစဉ်ထားတယ်။ Training ပေးတာတွေ ဘာတွေနဲ့ ကွက်တိလောက် ဖြစ်အောင်” ဟု ၎င်းကဆိုသည်။

အဆိုပါဟိုတယ်ကို မူလက ယခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသော်လည်း မိုးတွင်းကာလ အခက်အခဲများကြောင့် ၂၀၁၄ ခုနှစ် မတ်လရောက်မှသာ ဖွင့်လှစ်မည် ဖြစ်ကြောင်း မက်စ်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ Novotel Yangon ဟိုတယ်၏ လုပ်ငန်းစီမံခန့်ခွဲမှုပိုင်းကို ပြင်သစ် အခြေစိုက် ACCOR Hospitality က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟိုတယ်၏ အဆောက်အအုံ ဒီဇိုင်းကို စင်ကာပူနိုင်ငံမှ IIDA (International Interior Design Association) က ရေးဆွဲကာ အတွင်းပိုင်း အပြင်အဆင်ကို ဗီယက်နမ်အခြေစိုက် AA Corporation က ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွင် အခန်းစုစုပေါင်း ၃၆၆ ခန်း ပါဝင်မည်ဖြစ်ပြီး Presidential Suite၊ Penthouse၊ General Ball Room၊ Meeting Room၊ Conference Rooms၊ ကော်ဖီဘား၊ ဝိုင်ဘား၊ ပြင်သစ်စားသောက်ဆိုင်၊ ရေကူးကန်၊ အားကစားခန်းမနှင့် တင်းနစ်ကွင်းများ ပါရှိမည် ဖြစ်ကြောင်း မက်စ်မြန်မာက ဆိုသည်။

“အဆင့်မြင့်ဟိုတယ်တွေ ဖွင့်လာကြတော့ ဟိုတယ်ဝန်ထမ်းတွေအတွက် အခွင့်အလမ်းကောင်းတွေ များလာတယ်။ ကျွန်တော်တို့ ဟိုတယ်ဆိုရင် သင်တန်းတွေဘာတွေ တက်ခွင့်ပေးတာမျိုး၊ လစာတိုးတာ မျိုးလုပ်ပြီး ဝန်ထမ်းတွေ ထွက်မသွားအောင် လုပ်နေတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ ကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသော Tourism Master Plan အရ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား အရေအတွက် ခုနစ်သန်းခန့် ဝင်ရောက်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဝင်ငွေ အမရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရရှိနိုင်မည်ဖြစ်ကာ ယင်းနှင့်ဆက်စပ်၍ အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြား ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
The Voice Weekly

အပြည့်အစုံသို့ »

ပေ ၂၀ အရှည်ရှိ မိကျောင်းကိုက်၍ ကိုရင်သေဆုံး


ပုသိမ်၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာတွင် သြဂုတ်လ ၄ ရက်နေ့က ပေ ၂၀ အရှည်ရှိ မိကျောင်း ခေါင်းရှည်တစ်ကောင် ကိုက်သောကြောင့် ချောင်းအတွင်း ရေဆင်းချိုးနေသော အသက် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကြိမ်ချောင်းကြီးကျေးရွာ သာသနပါလ ကျောင်းတိုက်မှ ကိုရင်ရှင်ဝါယမသည် ဆတ်ကျွန်းချောင်းအတွင်း ယင်းနေ့ နေ့လယ်ပိုင်းက ရေဆင်းချိုးရာမှ အရှည်ပေ ၂၀၊ လုံးပတ် ခုနစ်ပေခန့်ရှိ မိကျောင်း အထီးတစ်ကောင် ကိုက်ဆွဲသွားသဖြင့် ရွာသား ၃၀၀ ခန့်က ဝိုင်းဝန်းရှာဖွေရာ အဆိုပါ ကျောင်းတိုက်နှင့် ကိုက် ၁၀၀ ခန့်အကွာ ချောင်းအတွင်း မိကျောင်းကို တွေ့ရှိ၍ မှိန်းဖြင့် ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါမိကျောင်းကို ကြိမ်ချောင်းကြီးရွာ မိန်းမလှကျွန်း ဘေးမဲ့တောရှိ သစ်တောထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်အပ်နှံခဲ့ပြီး တောအုပ်ကြီး၊ ကြိမ်ချောင်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘိုကလေး ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ကြပ် ထိန်ဝင်းမောင်နှင့် အသိသက်သေများ ရှေ့မှောက်တွင် မိကျောင်းကို ရင်ခွဲစစ်ဆေးရာ ကိုရင်ဝါယမ အလောင်းကို မတွေ့ရှိရသောကြောင့် ဆက်လက်ရှာဖွေရာ သြဂုတ်လ ၅ ရက်နေ့တွင် ကျောင်းတိုက်နှင့် ကိုက် ၈၀၀ ခန့်အကွာ ဆတ်ကျွန်းချောင်းအတွင်းမှ ကိုရင်ဝါယမ အလောင်းကို မိကျောင်းကိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောဆိုသည်။
The Voice Weekly

အပြည့်အစုံသို့ »