ပေ၄၀အနက်ချောက်ကမ်းပါးသို့ကားဖြင့်ကျသော်လည်းမသေခဲ့သူ

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှ အမျိုး သားတစ်ဦးသည်မော်တော်ယာဉ် မောင်းနှင် ရင်း စန်တီယေဂိုရှိ ပေ ၄၀ အမြင့်တောင်ကမ်းပါးယံမှ ပင်လယ်ကွေ့ငယ်အတွင်းသို့ကျ ရောက်သွား ခဲ့သဖြင့် ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း စန်တီယေဂိုမီးသတ်ဌာနမှအေဘီစီ သတင်း ဌာန သို့ပြောကြား လိုက် သည်။

ထိုသူတွင်အသေးစားဒဏ်ရာ များသာရရှိသွားခဲ့ကြောင်း မီးသတ်ကယ်ဆယ်ရေးဌာန၏ လူထုဆက် သွယ်ရေး အ ရာရှိ မောရစ်လူကွီကပြောကြားလိုက် သည်။

အာဏာပိုင်များက ထိုသူ၏ အမည်နာမအားထုတ်ဖော်ပြောကြား ခြင်းမရှိဘဲအေဘီစီသတင်းဌာနက လည်းထိုသူ၏လက်ရှိအခြေအနေ နှင့် ဒဏ်ရာအခြေအနေများကို ဆေးရုံမှရရှိနိုင်ခြင်းမရှိခဲ့ပေ။
နံနက် ၅ နာရီ ၄၅ မိနစ် တွင်မီးသတ်ကယ်ဆယ်ရေးဌာနသို့ ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုပြီး ကား တစ်စီး သည်တောင်ကမ်းပါးယံမှ ကျ၍ပင်လယ်ကမ်းခြေသို့ရောက် ရှိသွားကြောင်း သတင်းပေးပို့မှုရ ရှိခဲ့သဖြင့် မီးသတ် ကယ်ဆယ်ရေး ဌာနသည်ကမ်းခြေသို့ဆေးအကူအညီ ပေးရေးအဖွဲ့တစ်ဖွဲ့ကို ချက်ချင်း စေလွှတ် ခဲ့ကြောင်း လူကွီကပြော ကြားသည်။

ပထမတွင်ထိုသူမှာစေလွှတ် လိုက်သောကယ်ဆယ်ရေးအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိဘဲ ရန်လို လျက် ရှိကြောင်း၊ ထိုနောက်တွင်မှ ကယ်ဆယ်ရေး အဖွဲ့က ထိုသူအားထိန်းချုပ်နိုင်ပြီး ဆေးရုံသို့ ပို့ဆောင်နိုင် ခဲ့ကြောင်း လူကွီကဆက်လက်ပြောကြား သည်။

စန်တီယေဂိုရဲတပ်ဖွဲ့ကမူ ထိုသူသည် နောက် ၄၈ နာရီ အတွင်းပြန်လည်ရရှိမည်ဟုမျှော်လင့် ရသော ပုံမှန်သွေး လည်ပတ်မှု မရရှိမီအတွင်းမူးယစ်နေဦးမည်လား ဟူသည်ကို မပြောနိုင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။ စန်တီယေဂိုရဲတပ်ဖွဲ့သည် ထို ဖြစ်စဉ်နှင့် ပတ်သက်၍စုံစမ်းစစ် ဆေးမှုများလည်း ပြုလုပ်လျက်ရှိ သည်။

Source:ABCNewsဥက္ကာအောင်
From: Hot News

အပြည့်အစုံသို့ »

စစ်တွေ ဘောဒူဘဒုက္ခသည်စခန်း ပဋိပက္ခဖြစ်ပွား မွတ်စလင်လေးဦး သေနတ်ဒဏ်ရာရ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဘောဒူဘ ဒုက္ခသည်စခန်းအနီးမှာ ဒီကနေ့ မနက်ပိုင်းက လုံခြုံရေး ဝန်ထမ်းတွေနဲ့ မွတ်စလင် ဒုက္ခသည်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ လုံခြုံရေးဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် မွတ်စလင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက အုန်းတောကြီးချောင်းအဝင်ဝမှာတွေ့ရှိရတဲ့ မွတ်စလင်အမျိုးသမီး အလောင်းတစ်လောင်းကို သက်ဆိုင်ရာ နယ်မြေခံရဲအရာရှိတွေက သွားရောက်စစ်ဆေးရာမှာ အဲဒီအမျိုးသမီးအလောင်းကိုပြန်ပေးဖို့ ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေကဝိုင်းအုံတောင်းဆိုခဲ့ကြပြီး အခြေအနေတွေကို မထိန်းနိုင်တော့တဲ့အတွက် ရဲကသေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။

“မနက် ၁ဝ နာရီကျော်ကျော်လောက်ပေါ့၊ အဲဒီမှာ အုန်းတောကြီးချောင်းဝမှာ လူသေအမျိုးသမီး အလောင်းတစ်လောင်းတွေ့တော့ ရဲကလုပ်ထုံးလုပ်နည်းအရ စစ်ဖို့ဆိုပြီးသွားသယ်တယ်၊ မွတ်စလင်တွေက အဲဒီအလောင်းကို သူတို့ကိုပေးရမယ်ဆိုပြီး ရဲဆီကိုတောင်းတယ်၊ သူတို့လူအုပ်က တစ်ထောင်လောက်ဖြစ်လာပြီ၊ အဲဒီအတွက်ရဲက ပထမမိုးပေါ်ထောင်ပစ်တယ်၊ သူတို့လူအုပ်ပိုများလာပြီး အတင်းတိုးလာတဲ့အတွက် လောလောဆယ် ၃၊ ၄ ယောက် ဒဏ်ရာရတယ်လို့သိရတယ်”

အဲသည်လို လုံခြုံရေးရဲတွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူစုကွဲသွားခဲ့ပေမဲ့ အဲဒီလူစုဟာ ဘောဒူဘဒုက္ခသည်စခန်းအနီးက နယ်မြေခံရဲစခန်းတစ်ခုအပါအဝင် နယ်စပ်ဒေသ လူဝင်မှုကွပ်ကဲရေး ဌာနချုပ် (နစက) ဝန်ထမ်းတွေနေထိုင်ခဲ့တဲ့ တဲလေးလုံးကိုပါ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

ဒါ့အပြင် ဘောဒူဘနဲ့ အုန်းတောကြီးဒုက္ခသည်စခန်းတွေကို လုံခြုံရေးကားတွေ အလွယ်တကူမဝင်ရောက်နိုင်အောင် ကားလမ်းတွေကို အတားအဆီးတွေလုပ်ပြီး ပိတ်ဆို့ထားတယ်လို့လည်း ပြောပါတယ်။

အခုလက်ရှိမှာ ဘောဒူဘ မွတ်စလင်ဒုက္ခသည်စခန်းဘက်မှာ အခြေအနေတွေ တင်းမာလျှက်ရှိနေပြီး နယ်စပ်လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းခေါင်းဆောင်တွေက မွတ်စလင် ခေါင်းဆောင်အချို့နဲ့ သွားရောက်ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။
RFA Burmese 

အပြည့်အစုံသို့ »

HTC One မဟုတ်သော Phablet ဖုန်း HTC Max

HTC လည်း အရွယ်ကြီးဖုန်းထုတ်တော့မှာ ဖြစ်ပါတယ်။ တရားဝင် ကြေညာ ချက် မဟုတ်သေးပေမယ့် HTC Max ရဲ့  ဓာတ်ပုံပါဆိုပြီး နေရာတိုင်း မှာ ပြန့်နှံ့ နေပြီ ဖြစ်ပါတယ်။

Sony Xperia Z Ultra, Huawei Ascend Mate, Samsung Galaxy Mega တို့ကို ယှဉ်ပြိုင်လာမယ့် စမတ်ဖုန်းလို့ ယုံကြည်ထားကြပြီး မကြာမီ Samsung တို့ မိတ်ဆက်မယ့် Samsung Galaxy Note 3 ရဲ့  ပြိုင်ဘက် ဖြစ် လာမယ်လို့လည်း ယုံကြည် ထားကြ ပါတယ်။ အရွယ်အစား အားဖြင့် ၅.၉ လက်မ ရှိပြီး 1080p screen, e 2.3GHz quad-core Snapdragon 800 processor တို့လို အရည်အသွေးကောင်း နည်းပညာမြင့် ပစ္စည်းများကို အသုံးပြုမှာ ဖြစ်ကြောင်း ဖော်ပြ နေကြ ပါတယ်။

အရွယ်အစားကြီး Tablet နဲ့ ဖုန်းပေါင်း Phablet ဈေးကွက်ကို HTC တို့ ဝင်ရောက်ရန် စတင်လာခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ Samsung က ထိပ်တန်း ဦးဆောင်နေပြီး Sony နဲ့ Huawei မှလည်း Phablet ရောင်း အား မြင့်တက် နေပါတယ်။ ဒါကြောင့် ထိုင်ဝမ် အခြေဆိုက် HTC တင်မက Nokia နဲ့ အခြားသော စမတ်ဖုန်း ကုမ္မဏီများကလည်း Phablet ဈေးကွက် သို့ ဝင်ရောက် လာဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Stuff UK

Aung Kham (Stuff Myanmar)