ဖုန်းမရှိပဲ သင်နေနိုင်လား


ဖြေရခက်တဲ့ မေးခွန်းတစ်ခုလိုမျိုး ဖြစ်နေတာ ဖွံ့ဖြိုးပြီး နိုင်ငံမှာပါ။ ယခု မြန်မာပြည်ကိုလည်း ကူးဆက်လာပါပြီ။ နယ်တော့ မသိ။ ရန်ကုန်မြို့ ကြီးတွေမှာတော့ စမတ်ဖုန်း တကားကားနဲ့ ဘယ်နေရာမှာ ပဲ ဖြစ်ဖြစ် မြင်တွေ့နေရပါပြီ။

Technical Gadget များက Life Style များကို ပြုပြင်ပြောင်းလဲပေး တာတော့ အမှန်ပါပဲ။ ယင်းပြုပြင်ပြောင်းလဲပေးမှုထဲမှာ Promote လုပ်တာ လည်း ပါသလို၊ Demote ဖြစ်သွားတာတွေလည်း ပါဝင်ပါတယ်။ Promote ကတော့ လူတိုင်း သိမှာပါ။ ဆက်သွယ်ရေးအတွက် အဆင်ပြေဆုံး အခြေ အနေ တစ်ခု အထိ ဖြစ်လာပြီး သွားလေရာ အသုံးတည့်တဲ့ Portable Computing Device တစ်ခုဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒီတော့ ကောင်း ကျိုးဖြစ်ထွန်းလာမှုမှာ အပြစ်ပြောစရာ မရှိပါဘူး။

နောက်တစ်ခုက Demote ဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုမှုကြောင့် Real Life နဲ့ Exposure (ထိတွေ့မှု) ကနေ Virtaul World ဘက်ကို ပြောင်း လဲသွားပြီး Activity (လုပ်ဆောင်ချက်) တိုင်းမှာ စမတ်ဖုန်းရဲ့ နေရာယူမှုက အင်မတန် များပြားလာပါတယ်။ ဥပမာ သူငယ်ချင်းများနဲ့ တွေ့ဆုံနေ ချိန်မှာတောင် ဖုန်းနဲ့ ဂိမ်းဆော့ခြင်း၊ စာပို့ခြင်း တို့ပြုလုပ်တာတို့၊ ပွဲလှမ်း သဘင်ရောက်လဲ စမတ်ဖုန်း ကင်မရာနဲ့ မှတ်တမ်းတင်မှုသာ အလေးပေးပြီး Real Life Pleasure လျော့နည်းသွားတာတို့၊ ခရီးသွားပေမယ့် စမတ်ဖုန်းနဲ့ အမျှင် အပြတ်နိုင်တာတို့ အစရှိသဖြင့် အများကြီးမှ အများကြီးပါ။

ဒီတော့ လူတွေရဲ့  ခံစားမှု ပျော်ရွှင်မှု အစစ်အမှန်ဟာ Outside Environment မှာ မရှိတော့ပဲ တဖြည်းဖြည်း Online, On phone ဖြစ် လာပါတယ်။ စိတ်အာဟာရ ရရှိဖို့အတွက် All The Things can be come from Smarphone ဆိုတဲ့အတိုင်း တကယ်ဖြစ်လို့နေပါပြီ။ ဒါဟာ ကောင်းတဲ့ လက္ခဏ မဟုတ်ပါဘူး။ ဆိုးတဲ့ လက္ခဏာလို့လည်း အတိအကျ ပြော လို့မရ ပါဘူး။ ဒါတွေကို ခွဲခြားနိုင်ဖို့အတွက် မိမိကိုယ်ကို သုံးသပ်ဖို့ လိုပါ တယ်။ အောက်ပါ ပညာပေး မိနစ်ပိုင်းကြာ ဗီဒီယိုလေးကို ကြည့်ရှုခြင်းဖြင့် လည်း သိမြင် လာနိုင်ပါတယ်။
.
http://youtu.be/OINa46HeWg8

Aung Kham (TSJ team)

အပြည့်အစုံသို့ »

ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်



ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသားများ ကျောက်မျက် အတုများ ရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်းအတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားသည်။

“အသင်းသားတွေ ပါမပါတော့ မသိဘူး။ အသင်းသားတွေထဲမှာလဲ ဒီလိုမျိုးတစ်ခါမှတော့ မလုပ်ဖူးပါဘူး။ ဒါက သတိပေး ပြောဆိုတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောက်မျက်အတု ရောနှောရောင်းချသူများကို ကွင်းဆင်း စစ်ဆေးမည်ဟု ကနဦး စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်မှာ အကောင်အထည် မဖော်နိုင်သေးကြောင်း ဦးကျော်ဌေးက ပြောဆိုသည်။

“စစ်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးက ဆိုင်တွေအကုန်လုံးကို စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အသင်းသားထဲက လုပ်တယ်ဆိုရင်တော့ အသင်းက ထုတ်မှာပါ။ ဒါကအသင်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်” ဟု ယင်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောကြားသည်။

အဆိုပါ ကျောက်မျက်ဈေးကွက်အတွင်း အတုများ ရောနှောရောင်းချမှုသည် ကျောက်မျက်ဈေးကွက်အတွင်း ၂၀ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ဦးကျော်ဌေးက သုံးသပ်ပြောကြားသည်။

ယင်းသို့ ရောင်းချမှုများသည် ဆက်တိုက် မဖြစ်သော်လည်း ရံဖန်ရံခါ ဖြစ်တတ်သော အမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းကို ၂၀၀၉ ခုနှစ်မှစ၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိ အသင်းသားဦးရေ ၆၀၀၀ ခန့် ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

The Voice

အပြည့်အစုံသို့ »

မျိုးစောင့်ဥပဒေကို ရန်ကုန်တိုင်းက ထောက်ခံသူ အနည်းဆုံး

မျိုးစောင့်ဥပဒေအား အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ယင်းဥပဒေ ကို ထောက်ခံသော ပြည်သူလူထု သုံးသန်းကျော် ၏ ထောက် ခံလက်မှတ်များကိုရရှိထားပြီး ယင်းလက်မှတ်များဖြင့် ဥပဒေအား လွှတ်တော်သို့တင်ပြသွားမည်ဟု ထေရဝါဒဓမ္မကွန်ရက်သြဝါဒါစရိယ ရွှေရတုတိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မော်ကျွန်း ဆရာတော်ကြီး ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက သြဂုတ် ၂၅ ရက် တွင် ပြုလုပ်သော (၅၂)နှစ်မြောက် နိုင်ငံတော် ဘာသာနေ့အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ကြားသည်။
ရန်ကုန်အနည်းဆုံး-
အဆိုပါ ထောက်ခံလက်မှတ် သုံးသန်းကျော်တွင် မန္တလေးတိုင်း ဒေသကြီးမှ ငါးသိန်းရှစ်သောင်းကျော်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှငါးသိန်းကျော်၊ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သုံးသိန်းကျော်စီဖြင့် အသီးသီးထောက်ခံခဲ့ကြသည်။ ထောက်ခံလက်မှတ်များအနက် ရန်ကုန် တိုင်းဒေသကြီးမှာ လက်မှတ် တစ်သိန်းတစ်သောင်းကျော်ခန့်ဖြင့် အနည်းဆုံးဖြစ်သည်ဟု ဆရာတော်ကမိန့်ကြားသည်။

ဥပဒေပညာရှင်များရေးဆွဲ-ယင်းဥပဒေကိုဆရာတော်၊သံဃာတော်များက ရေးဆွဲထားခြင်းမဟုတ်ဘဲဥပဒေပညာရှင်များကသာ
ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ဆရာတော်၊ သံဃာတော်များက ယင်းဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက်သာ ဦးဆောင်ပါဝင်နေကြခြင်းဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။လွန်ခဲ့သော ၅၂ နှစ်ကျော်ကာလကလည်း ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းပေးရန် ယခုကဲ့သို့ပင် ဆရာတော်၊ သံဃာတော်များကကြိုးစားခဲ့ရသည်ဟု ဆရာတော်က မိန့်ကြားသည်။

မြတ်သူအောင်(၂၅-၈-၂ဝ၁၃)

----------------------------------------------------------------
သြဂုတ် ၂၆ ရက်ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊

အတွဲ(၂)၊ အမှတ်(၀၄၂)

အပြည့်အစုံသို့ »

အရွယ် မရောက်သေးသူအား ကားသမားသုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး၊ ကျန်ရှိသူအား စုံစမ်းနေ


ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက် ရှုခင်းသာပတ် လမ်းတွင် နေထိုင်သော အသက်(၁၅)နှစ်ခန့် အမျိုးသမီးငယ် တစ်ဦးအား အိမ်နီးနားချင်းပါ သုံးဦးမှ ခေါ်ဆောင်သွားပြီးကားသမား သုံး ဦးဖြင့်ကာ မစပ်ယှက်ခိုင်းသဖြင့် မိခင်ဖြစ်သူက သမီးဖြစ်သူအား သွေးဆောင်၍ အခကြေးငွေဖြင့် ကာမစပ်ယှက်ခိုင်းသူများအား အရေးယူပေးရန် တိုင်တန်းထားသဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ နှစ်ဦးအား ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော ဒေါ်သီတာချို၊ ဆိုင်ကယ်မောင်း တစ်ဦးနှင့် အရွှေဝတ်မှုံတို့ သုံးဦးသည် အရွယ် မရောက်သေးသော အသက်(၁၅)ခန့်ရှိအမျိုးသမီးငယ် တစ်ဦးအား သြဂုတ်လ ၂၃ရက်နေ့က ခေါ်ဆောင်သွားကာ ပဲ ခူးမြစ်ကမ်း၊ ကနောင်ကွေ့မှတ်တိုင် အနီးတွင် ရပ်ထားသော နောက်တွဲမပါ ကွန်တိန်နာတင်ယာဉ် ခေါင်းခန်း အတွင်းသို့ပို့ဆောင် ခဲ့ပြီး ယာဉ်မောင်း သုံးဦးဖြင့် ကာမစပ်ယှက်ရန် ထားခဲ့ကြောင်း (၂၄)ရက်နေ့ တွင် ပြန်ရောက်လာသော အဆိုပါ မိန်းကလေး ထံမှ မိခင်ဖြစ်သူက သိရှိခဲ့ပြီး ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တန်းများ အရ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၂၉၁/၁၃၊ ပြစ်မှုပုဒ်မ ၃၆၆-က ဖြင့် ယမန်နေ့ က အမှုဖွင့်ခဲ့ပြီး အမှုစစ် ဒုရဲအုပ် ဝဏ္ဏမောင်မောင်မှ ဒေါ်သီတာချိုနှင့်တစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းဆီးရမိရေး စုံးစမ်းလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

အပြည့်အစုံသို့ »

တရားမဝင်ဒေါ်လာရောင်းဝယ်သူ ရှစ်ဦး ကျောက်တံတားတွင် ဖမ်း



ကျောက် တံတားမြို့နယ်တွင် တရားမဝင် ဒေါ်လာရောင်းဝယ်သူရှစ်ဦးကို နှစ်ရက်အတွင်း ဖမ်းဆီးခဲ့သည် ဟု ကျောက်တံတားမြို့နယ်ရဲစခန်း မှူး ဦးမျိုးမြင့်ကြိုင်က ပြောသည်။
ဩဂုတ်၂ဝရက်နှင့် ၂၁ရက် က ကျောက်တံတားတွင်ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး ယင်းရှစ်ဦးကို တရား မဝင် ဒေါ်လာရောင်းဝယ်မှုများ ဖြင့် ကျောက်တံတားရဲစခန်းနယ် ထိန်းနှင့်အဖွဲ့ကဖမ်းဆီးခဲ့ပြီး ခြေ ချုပ်ဖြင့် ဖမ်းဆီးထားကာ သက် သေခံပစ္စည်းများနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းမှ စခန်း မှူး ဦးမျိုးမြင့်ကြိုင်က ''တရား မဝင် ဒေါ်လာရောင်းဝယ်မှုတွေ ကို ပပျောက်စေချင်လို့ဆောင် ရွက်တာပါ။ ကျောက်တံတားမှာက ဒီလိုရောင်းဝယ်တဲ့သူတွေ အများ ကြီးပဲ။ ဒလဘက်ကမ်းက ဒေါ် လာဝယ်ရောင်းလုပ်မယ့်သူတွေ လဲ နေ့စဉ်နဲ့အမျှလာကြတာတွေ ရှိတယ်။ အဲဒီထဲမှာမှ မသမာသူ တွေက နိုင်ငံခြားသားတွေအပါ အဝင် ဒေါ်လာလဲတဲ့သူတွေကို လိမ်ပြီး ရောင်းဝယ်တာတွေလဲရှိ တယ်''ဟု ပြောသည်။

ရန်ကုန်တွင် တရားဝင်နိုင်ငံ ခြားငွေ လဲလှယ်သည့်နေရာများ ရှိသော်လည်း ယင်းနေရာများသည် တရားမဝင် ဒေါ်လာဝယ်ရောင်း ဈေးကွက်နှင့်ယှဉ်လျှင် ဈေးနှုန်း အနည်းငယ် ကွာဟမှုများကြောင့် တချို့နိုင်ငံခြားသားများနှင့် ပြည် သူများအနေဖြင့် ပြင်ပတရားမဝင် ငွေကြေးလဲလှယ်သူများဖြင့် ဒေါ် လာဝယ်ရောင်းမှုများ ပြုလုပ်ကြ ကြောင်း သိရသည်။ လှည်းတန်းဈေးအနီးရှိ တရားဝင် နိုင်ငံခြားငွေလဲလှယ်ပေး နေသည့်ဆိုင်မှ တာဝန်ခံအမျိုး သမီးတစ်ဦးက ''ဒီမှာက နိုင်ငံခြား ငွေမျိုးစုံလဲလို့ရတယ်။ ပေါက်ဈေး ကိုလဲဖော်ပြပြီးသား။ ဒီမှာနိုင်ငံ ခြားငွေလဲရင် ငွေမပြည့်တာတို့၊ လိမ်တာတို့မရှိဘူး။ တချို့က ဈေး နည်းနည်းကွာတာနဲ့ အပြင်မှာလဲ ကြတယ်။ အလိမ်ခံရတာတွေတစ် ပုံကြီးပဲ''ဟု ပြောသည်။ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်ငွေကြေးလဲလှယ်သည့် နေရာများကို နိုင်ငံတော်မှ တရား ဝင်ရောင်းဝယ်ခွင့် ပြုထားပေးပြီး ဖြစ်သည်။
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

အပြည့်အစုံသို့ »

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်မှတစ်ဆင့် သတင်းစာ သုံးစောင်တွင် ဖော်ပြခဲ့သော မြိတ်မြို့နယ်၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦး ဖမ်းမိပြီ ဆိုခြင်းမှာ မမှန်ကန်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငြင်းဆို


မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအား တွေ့ရစဉ်
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောပြသည်။
အဆိုပါ မြစ်မခ မီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးထားသည်ဟု သတင်းကို သြဂုတ် ၂၅ ရက်တွင် ဖော်ပြခဲ့ပြီးနောက် သြဂုတ် ၂၆ ရက်တွင် ထုတ်သည့် ပြည်တွင်းပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများဖြစ်သော စံတော်ချိန် နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာနှင့် ပြည်မြန်မာ နေ့စဉ်သတင်းစာတို့တွင် ရေးသား ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တစ်ဆင့် အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်ရရှိခဲ့ပြီးနောက် အကြမ်းဖက် သမားဟု သံသယ ဖြစ်ဖွယ်ရှိသော လူသုံးဦးအား သြဂုတ် ၂၂ ရက်က မြိတ်ကျွန်းစုအနီး တံငါရွာတွင် ဖမ်းဆီးမိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက် အဖွဲ့အစည်းများမှ နိုင်ငံတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက်သမားများ စေလွှတ်ထားသည့် သတင်းများ ရရှိထားပြီး လုံခြုံရေး အထူးမြှင့်တင် ဆောင်ရွက်ထားချိန်တွင် အဆိုပါ အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် သုံးဦးအား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ''သုံးယောက် ဖမ်းမိထားတယ် လို့တော့ ကြားတယ်။ ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ။ ကျွန်တော်တို့ တနင်္သာရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေဆက်စပ်နေတော့ ကုန်းကြောင်းရော၊ ရေကြောင်းကပါ ၀င်လာနိုင်တယ်။ လုံခြုံရေးကိုတော့ အရင်ကထက် တိုးပြီးချထားတာ တွေ့ရတယ်။ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတင်းရရချင်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေကို ချက်ချင်း သတင်းပို့ သင့်ပါတယ်'' ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။
အဆိုပါ သုံးဦးအနက် နှစ်ဦးမှာ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသား ဖြစ်ကြောင်း သိရသည်။ အဆိုပါ သုံးဦးစလုံးမှာ မြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူများ ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားသည်။
အထက်ပါကဲ့သို့ ဖော်ပြထားသည့် သတင်းတွင် သက်ဆိုင်ရာ သတင်းရင်းမြစ် လုံးဝမပါရှိဘဲ ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်ဟုသာ ရေးသားဖော်ပြ ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
အမှန်တကယ်သာ ဖမ်းမိခဲ့တယ် ဆိုရင်တော့ ကျွန်တော့်ဆီကို တရားဝင် သတင်းရောက်ရှိလာမှာ ဖြစ်တယ်။ အခု အကြမ်းဖက်သမား သုံးယောက်ကို ဖမ်းမိတယ် ဆိုပြီးတော့ ၀က်ဘ်ဆိုက်တွေမှာရော၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ အချို့တွေမှာလည်း သတင်းအတိအကျကြီး ရေးထားတာ တွေ့ရတော့ ကျွန်တော် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းက သတင်းအမှားကြီး ဖြစ်ပါတယ်...

ထိုသို့ ဖော်ပြထားကြသော သတင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''အမှန်တကယ်သာ ဖမ်းမိခဲ့တယ် ဆိုရင်တော့ ကျွန်တော့်ဆီကို တရားဝင် သတင်းရောက်ရှိလာမှာ ဖြစ်တယ်။ အခု အကြမ်းဖက်သမား သုံးယောက်ကို ဖမ်းမိတယ် ဆိုပြီးတော့ ၀က်ဘ်ဆိုက်တွေမှာရော၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ အချို့တွေမှာလည်း သတင်းအတိအကျကြီး ရေးထားတာ တွေ့ရတော့ ကျွန်တော် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းက သတင်းအမှားကြီး ဖြစ်ပါတယ်'' ဟု သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် သုံးသပ်ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကြည်လင်းက ''ဒီသတင်း ဖော်ပြမှုက လုံးဝ မှားယွင်းပါတယ်။ ကောလာဟလ သတင်းပါပဲ။ အကြမ်းဖက်သမား သုံးယောက် မြိတ်မြို့ထဲကို ရောက်ရှိနေတယ် ဆိုတာလည်း မှန်ကန်မှု မရှိသေးဘူး။ ဒါပေမဲ့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းထဲမှာတော့ လုံခြုံရေးကို အရင်ကထက် ပိုမိုချထားပြီးတော့ ရဲလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်'' ဟု သြဂုတ် ၂၆ ရက် ညနေပိုင်းက The Daily Eleven သို့ ပြောကြားသည်။
''ဖောက်ခွဲရေးသမား သုံးဦးမိတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီသတင်းက ဘယ်ကလာတာလဲ မသိပါဘူး။ ဖမ်းမိပြီဆိုတာနဲ့ ကျွန်တော်တို့ သတင်းထုတ်ပြန် ပေးပါ့မယ်။ မသေချာတာရှိရင် ကျွန်တော်တို့ကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်'' ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမား သုံးဦးမှာ ကော့သောင်း-ဘုတ်ပြင်း ဘက်မှ ရေလမ်းခရီးကို အသုံးပြုပြီး ၀င်ရောက်လာ နိုင်သည်ဆိုသည့် သတင်းများကြောင့် မြိတ်မြို့နှင့် ပတ်ဝန်းကျင်ကျွန်းများ၊ ကျေးရွာများတွင် လူဝင်လူထွက် သေချာစွာ စစ်ဆေးခဲ့ပြီး ဧည့်သည် အ၀င်အထွက်များအတွက် ဧည့်စာရင်း စစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ဖောက်ခွဲရေးသမား သုံးဦးမိတယ်ဆိုတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လယ်ထဲမှာ လှေတစ်စင်းကို တခြားအမှုနဲ့ ဖမ်းတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေတဲ့ လူတွေရှိပါတယ်။ ဒီသတင်းက ဖောက်ခွဲရေးသမား သတင်းနဲ့ မဆိုင်ပါဘူး။ တခြားအမှုပါ။ ဖောက်ခွဲရေး သမားတွေကို မမိသေးပါဘူး'' ဟု မြိတ်ခရိုင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
''ကျွန်တော်တို့ ကျွန်းစုမြို့နယ်အတွင်း မှာရှိတဲ့ ပါတီဝင်တွေကို ဆက်သွယ် မေးမြန်းထားပြီးပါပြီ။ ကျွန်းတွေပေါ်မှာရှိတဲ့ ရွာတွေကို လက်လှမ်းမီသမျှ အကုန်မေးထား ပြီးပါပြီ။ ဒီသတင်း မှားနေပါတယ်။ ဒေသခံတွေတောင် ဘာမှမကြားရပါဘူး။ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်တင်ရီလည်း ဒီသတင်းကို သေသေချာချာ စုံစမ်းခိုင်းထားပါတယ်။ ဖောက်ခွဲရေး သမားတွေ မိတယ်ဆိုတာ မဟုတ်ပါဘူး'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးက ပြောကြားသည်။
မြိတ်မြို့မ ရဲစခန်းမှလည်း အဆိုပါ သတင်းမှာ မဟုတ်မမှန်ကြောင်း၊ ဖောက်ခွဲရေး သမားများ ဖမ်းမိထားခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင်သတင်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံ စုံစမ်းမေးမြန်းသော်လည်း ဖောက်ခွဲရေး သမားများကို ဖမ်းမိသည်မှာ မဟုတ်ကြောင်း၊ သတင်းမှားယွင်း နေကြောင်း အတည်ပြု ပြောကြားခဲ့ သည်။ မြိတ်မြို့နယ် အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းမိပြီဟု သတင်းဖော်ပြခဲ့သည့် မြစ်မခ အွန်လိုင်း မီဒီယာသည် သတင်းအေဂျင်စီ တစ်ခုအဖြစ် သတင်းများ ပြန်လည် ရောင်းချကြောင်း သိရသည်။

Eleven

အပြည့်အစုံသို့ »

ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်၏ နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိသည်ဟု ဒေသခံများဆို


ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်စဉ်ကို နောက်ကွယ်၌ ကြိုးကိုင်လှုံ့ဆော် ဖန်တီးသူ ရှိသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
ထို့ပြင် ယခုကိစ္စတွင် နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိ-မရှိကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က သြဂုတ် ၂၆ ရက် နံနက်က ပြောကြားသည်။
အဆိုပါ အကြမ်းဖက်ဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူ ၁၁ ဦးကို ဖမ်းဆီးထားပြီး စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ကို သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် အမျိုးသား တစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ အစပြု၍ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာန တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင် က ''အခုလက်ရှိ အချိန်ထိတော့ ကျူးလွန်တယ်လို့ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားတယ်။ အဲဒီ ၁၁ ဦးထဲက ကိုယ်တိုင်ပါဝင်သူ မဟုတ်တာတွေလည်း ရှိတယ်။ ဒါကြောင့် အဲဒီအထဲက အစပြုခဲ့တဲ့ ကျူးလွန်သူတွေကို စစ်ဆေးမယ်။ ပြီးတော့ ဒီဖြစ်စဉ်ကို နောက်ကွယ်က ဖန်တီးသူ ရှိမရှိ ဆိုတာကိုလည်း စုံစမ်းသွားမယ်။ အခုအချိန်အထိ နောက်ကွယ်က ရှိနေတယ် ဆိုတာတော့ မကြားသေးဘူး'' ဟု သြဂုတ် ၂၆ ရက် နံနက်က ပြောသည်။
ထန်းကုန်းကျေးရွာရှိ မီးလောင်ဖျက်ဆီးခံရသော အိမ်တစ်အိမ်အား သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
ယင်းအကြမ်းဖက် ဖြစ်စဉ်မှာ ဖန်တီးသူ ရှိသည်ဟု ဒေသခံများက သုံးသပ်နေကြကြောင်း သိရသည်။
''သတင်းထွက်ပေါ်ခဲ့တာ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်ခဲ့တယ်။ နောက်သိပ်မကြာဘူး။ တစ်နာရီခွဲလောက်မှာ မြို့နယ်ဆက်စပ်တဲ့ ကျေးရွာတွေက လူတွေ အုပ်စုလိုက် ရောက်လာပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကို ကျွန်တော်တို့ ဒေသခံတွေက ဒီဖြစ်စဉ်ကြီးကို ကြိုတင်ရည်ရွယ် ခဲ့တယ်လို့တောင် သုံးသပ်လို့ ရပါတယ်'' ဒေသခံ တစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး သတင်းရဲတပ်ဖွဲ့မှ ရဲမှူးစိုးအောင်က ''အခုချိန်အထိတော့ သေဆုံးခဲ့တဲ့လူ မရှိပါဘူး။ ပျက်စီးခဲ့တဲ့ အိမ်အရေအတွက်က ၄၀ နီးပါး ရှိတယ်။ ဒီဖြစ်စဉ်ကို ကြိုတင်ဖန်တီးခဲ့တယ် ဆိုတာကိုတော့ အခုချိန်မှာ မသိသေးပါဘူး'' ဟု ပြောပါသည်။
ဒုတိယရဲမှူးကြီး မင်းအောင်က ''အခု လက်ရှိအချိန်မှာတော့ အခြေအနေ အားလုံးကို ထိန်းနိုင်ခဲ့ပါပြီ။ ကန့်ဘလူမြို့ နယ် အနီးနားမှာတော့ ရဲတပ်ရင်းတွေ ရှိတဲ့အတွက် တိုင်းဒေသကြီးက ရဲတပ်ရင်းတွေကို စေလွှတ်ထားပါတယ်'' ဟု ပြောကြားသည်။

Eleven

အပြည့်အစုံသို့ »