ဖခင်ဖြစ်သူ စသုံးလုံးအရာရှိဟောင်းအရှိန်အ၀ါကိုသုံး၍ ခြိမ်းခြောက်

အရှေ့ ဒဂုံတက္ကသိုလ်ဆေးရုံတွင် ဆေးရုံအုပ်တစ်ဦးလစ်ဟာသွားသဖြင့်
ယင်းနေရာခန့်ထားပေးရေးကိစ္စနှင့်ပါတ်သက်၍ ပြောဆိုရာမှအစ
ဆေးရုံမှဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ----- က ဖခင်ဖြစ်သူ
စသုံးလုံးအရာရှိဟောင်းအရှိန်အ၀ါကိုသုံး၍
အခြားလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ
အပေါ်မချေမငံဆက်ဆံရိုင်းပျစော်ကားသောအပြုအမူများ
ပြုလုပ်ချိန်းခြောက်ခဲ့ကြောင်းသိရသည်။

ပေးပို့သူ၊
ဆေးရုံဝန်ထမ်းတဦး
ဒဂုံမြန်မာ
Myanmar CNN ၏ မေးလ်သို့ ပို့လာသော သတင်းဖြစ်ပါသည်။ ဓာတ်ပုံမပါသောကြောင့် သတင်း မှန်၊ မမှန် အတည်မပြုနိုင်၍ ဒေါက်တာ၏ နာမည်ကို ထိမ်ချန်ခဲ့ရပါသည်။

အပြည့်အစုံသို့ »

နယ်ဘက်များတွင် စစ်သားများမှ ကလေး၊ လူကြီး၊ ဗိုက်ကြီးသည်ပါမချန် အဓမ္မကျင့်နေတာ ထိန်းသိမ်းပေးစေလို



မြန်မာနိုင်ငံ နယ်ဘက်များတွင် ပြည်တွင်းစစ်များ ဖြစ်ပေါ်လျက်ရှိနေသလို၊ စစ်သားများမှလည်း အချိန်မရွေး ကလေး၊ လူကြီး၊ ဗိုက်ကြီးသည်များပင်မချန် အနိုင်ကျင့် စော်ကားလျှက်ရှိနေကြောင်း၊ ထိုအခြင်းအရာများကို ထိန်းသိမ်းပေးစေလိုကြောင်း အထက်ပါ video တွင် အသေးစိတ် ဖော်ပြထားပါတယ်။
Myanmar CNN
ref: Kayan time

အပြည့်အစုံသို့ »

သူများ မိန်းမ ကြာခိုလို့ အဝှာ ပြန်ထုတ်လို့ မရသူ (video)




ကင်ညာမြို့က ယောက်ျားတစ်ယောက်ဟာ သူ့မိန်းမ ဖောက်ပြန်နေတယ်ဆိုတာကို သံသယရှိလို့ အောက်လမ်းဆရာမ တစ်ယောက်ကို ခေါ်ပြီးတော့ သူ့မိန်းမကို သူ့မိန်းမမသိအောင် အောက်လမ်းနဲ့ လုပ်ထားလိုက်ပါတယ်။ နောက်တစ်နေ့ သူ့မိန်းမ ဖောက်ပြန်တဲ့အချိန်မှာပဲ သူ့မိန်းမနဲ့ ဖောက်ပြန်တဲ့ ယောက်ျားက ဆက်ဆံနေရင်းက အဝှာကို ပြန်ထုတ်လို့မရတော့ပါဘူး၊ ရဲတွေကလည်း အဲလိုဖြစ်နေတာ တစ်နာရီလောက် ကြာတဲ့ထိအောင် မကယ်တင်ပေးနိုင်ပဲ ဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ ဖောက်ပြန်တဲ့ ယောက်ျားဟာ ထိုမိန်းမရဲ့ ယောက်ျားကို နစ်နာကြေးအဖြစ် သျှီလင် နှစ်သောင်း (၂၀ ၀၀၀) ပေးဖို့ သဘောတူလိုက်ပါတယ်။ အဲဒီလို သဘောတူလိုက်မှပဲ ထုတ်လို့မရတဲ့ဟာက အလွယ်တကူပဲ ထွက်သွားခဲ့ပါတယ်။ Myanmar CNN ပြောရတာတောင် မယုံနိုင်စရာပဲဗျာ၊ ပြောရလည်း တော်တော်ခက်တဲ့ သတင်း၊ ကျန်တာတော့ ကိုယ်တိုင်ပဲ video မှာ ကြည့်လိုက်ပါတော့။

အပြည့်အစုံသို့ »

အနုပညာလုပ်ငန်းကို စွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် ဘ၀ကိုဖြတ်သန်းတော့မည့် ချမ်းချမ်း


မကြာသေးမီက အိမ်ထောင်ရှင်မ ဘ၀သို့ ရောက်ရှိသွားခဲ့ပြီးနောက် “တကယ်ဆိုရင် အချစ်ပဲလိုတယ်။ အရမ်းချစ်တယ်အရမ်းမုန်းတယ်” တေးစီးရီးခွေဖြင့် ပရိသတ်အားပေးလက်ခံမှုများစွာကို ရရှိပိုင်ဆိုင်ထားသည့် အဆိုတော်
ချမ်းချမ်းက ၂၀၁၄-၂၀၁၅ နှစ်တွင် အနုပညာလုပ်ငန်းများကို စွန့်လွှတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် ဘ၀ကိုဖြတ်သန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချမ်းချမ်းက “၂၀၁၄-၂၀၁၅ ရောက်ရင် အနုပညာ အလုပ်တွေ မလုပ်တော့ဘဲ အစ်မ၀ါသနာပါတဲ့ စားသောက်ဆိုင်ဒါမှမဟုတ် စတူဒီယိုတစ်ခုဖွင့်ဖို့ စဉ်းစားထားတယ်။ အစ်မ အသက်အရွယ် အချိန်အခါနဲ့ အစ်မလုပ်နိုင်မယ့်
အနေအထား နှစ်တစ်ခုအဖြစ် ၂၀၁၄-၂၀၁၅ ကို သတ်မှတ်ထားတယ်။ နောက်တက်လာမယ့် မျိုးဆက်သစ်
တွေကိုလည်း ဦးစားပေးရမယ်လို့ ထင်တဲ့အတွက် ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အခြေကျအောင် လုပ်ပြီး
အနုပညာ အလုပ်ကိုတော့ မလုပ်တော့ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် အဆိုတော် အဆိုတော် ချမ်းချမ်းက သူ၏ တတိယစီးရီးခွေကို ယခုနှစ် ၁၀ လပိုင်းတွင်း ထွက်ရှိနိုင်ရန်စီစဉ်နေကြောင်း တတိယမြောက်စီးရီးခွေတွင် သီချင်း ၁၄ ပုဒ် ပါဝင်ပြီး အဆိုတော် ဟန်ထွန်း၊ ဇော်ပိုင်၊ ဂျီလတ်တို့က တွဲဖက်သီဆိုထားသည်။ ချမ်းချမ်း၏ တတိယမြောက် စီးရီးခွေကို Audio CD အနေဖြင့် ထွက်ရှိသွားမည်။ဖြစ်ကြောင်း တတိယမြောက် စီးရီးခွေသစ်၏ အမည်ကို သူမက “မိန်းကလေးမဆန်ဘဲနဲ့ အနုပညာဘက်ပေါက်တဲ့နာမည်တစ်ခုပေးဖို့ စီစဉ်ထားပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

ပြည်မြန်မာသတင်းစာ

အပြည့်အစုံသို့ »

မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအနေအရ လက်နက်ကိုင် ရဲအစောင့်များဖြင့် တရားရုံးထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆) လမ်းတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ် လူသတ်မှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိရာ သြဂုတ်လ ၂၇ ရက် ရုံးချိန်းတွင် လက်နက်ကိုင် ရဲအစောင့်များဖြင့် ရုံးထုတ်ခဲ့ရကြောင်း အင်းစိန်မြို့နယ် မြို့မ ရဲစခန်းမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ ၂၃ ဦးနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် ယခင် တရားလိုပြ သက်သေများ စစ်ဆေးစဉ် အချုပ်သားများ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်၂၀ ခန့်ကိုသာ အသုံးပြုခဲ့ရာမှ သြဂုတ်လ၂၇ ရက်နေ့က အမှု၏ အရေးကြီး အဆင့်ဖြစ်သော နှစ်ဖက် လျှောက်လဲချက် တင်သည့် အခြေအနေတွင် ရဲတပ်ဖွဲ့ဝင် ၃၀ ဦးအပြင် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကိုပါ ထပ်တိုး ချထားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ပြောကြားသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် အဆိုပါ တရားရုံး နှစ်ဖက် လျှောက်လဲချက် တင်ရန် ချိန်းဆိုခဲ့သော်လည်း နှစ်ဖက်စလုံးတွင် အဆင်သင့် မဖြစ်သောကြောင့် သြဂုတ်လ ၂၇ ရက်နေ့သို့ ပြောင်းလဲ ချိန်းဆိုခဲ့ရာ ယင်းနေ့တွင် တရားခွင်၌ နှစ်ဖက် လျှောက်လဲချက် တင်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် စွဲချက် အမိန့်ချရန် ချိန်းဆိုခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ သိရှိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီခန့်က မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီ (၆) လမ်းထိပ်ရှိ စားသောက်ဆိုင်တွင် နံပါတ်ပြားကို ဖျက်ထားသည့် လိုက်ထရပ်ကားဖြင့် လူခြောက်ဦးခန့် ရောက်ရှိလာပြီး ဆိုင်တွင်းသို့ သုံးဦး ဝင်ရောက်ကာ ဦးကျော်မင်းကို ဓားဖြင့် ဝိုင်းခုတ်သဖြင့် အပြင်သို့ ထွက်ပြေးစဉ် ဆိုင် ပြင်ပတွင် အသင့် စောင့်နေသည့် လူ တစ်စုက ဓားဖြင့် ထပ်မံ ထိုးခုတ်ခဲ့ကြသဖြင့် သေဆုံးခဲ့သည်။

ယင်းအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် စတင်၍ ရုံးတင် စစ်ဆေးခဲ့သော် လည်း တရားပြိုင်များမှ တရားလိုပြ သက်သေများက ထွက်ချက်ပေးစဉ် တရားစွဲဆိုခံရသူများက ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ကြိုးစားမှု များကြောင့် ၂၀၁၂ ခုနှစ် အကုန်တွင် လုံခြုံရေးအရ အင်းစိန် အကျဉ်းထောင် အနီးရှိ မြောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

The Voice

အပြည့်အစုံသို့ »

မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသော နိုင်ငံခြားသားများကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့်ပြု

မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း များကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့် ပြုထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မွေးဖွားပြီး ပြည်ပ နိုင်ငံသား ခံယူထားသည့် နိုင်ငံခြားသား များနှင့် မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ ပြည်ပ နိုင်ငံသား များသည် လူမှုရေး ပြည်ဝင် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်နိုင်ပြီး အချိန် ကြာမြင့်စွာ နေထိုင်လိုပါက လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တိုင်း ဦးစီးဌာနမှူး ရုံးထံ နေထိုင်ခွင့် သက်တမ်း အကြိမ်ကြိမ် တိုးမြှင့် နေထိုင်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံသားနှင့် အိမ်ထောင်ပြုထားသည့် နိုင်ငံခြားသား ဇနီး၊ ခင်ပွန်းသည် (လူမှုရေး) ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်လာပြီး မြန်မာနိုင်ငံ တွင် နေခွင့်သက်တမ်း တိုးမြှင့်လိုပါက မည်သည့်ဌာန အကြီးအကဲ၏ သဘော တူညီချက်ကိုမျှ ရယူရန် မလိုဘဲ ဆန္ဒရှိသရွေ့ အကြိမ်ကြိမ် တိုးမြှင့် နေထိုင်ခွင့် ပြုပေးနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

“တခြား နိုင်ငံသား ခံထားတဲ့ မြန်မာတွေလည်း အလုပ် အခြေအနေအရ ဆိုတော့ အကြာကြီး မနေနိုင်ပါဘူး။ မြန်မာနိုင်ငံသားနဲ့ ယူထားတဲ့ သူကတော့ ပြည်တွင်းမှာ သူတို့အလုပ်ကိစ္စရှိတဲ့ အခါမျိုးဆို ကြာကြာနေ တာပါ” ဟု စင်ကာပူ နိုင်ငံသား ခံယူထားသူ မြန်မာပြည်ဖွား အိုင်တီ အင်ဂျင်နီယာ တစ်ဦးက ဆိုသည်။

အဆိုပါ ပြည်ပ နိုင်ငံသားများ နေထိုင်ခွင့် သက်တမ်းအတွက် ဗီဇာ ခွင့်ပြုစဉ် က ၂၈ ရက်နှင့် ပထမအကြိမ် နေခွင့် သက်တမ်း သုံးလအတွက် အမေရိကန် ဒေါ်လာ ၃၆ ဒေါ်လာ ကောက်ခံပြီး ဒုတိယအကြိမ် နေခွင့် သက်တမ်း တိုးချိန်မှ စ၍ တစ်ကြိမ်လျှင် နေခွင့် ခြောက်လအတွက် ဒေါ်လာ ၉၀ ဖြင့် အကြိမ်ကြိမ် သက်တမ်းတိုးနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice

အပြည့်အစုံသို့ »

ရန်ကုန်မှာလည်း လုံခြုံရေး တိုးမြှင့်ထား




ပဋိပက္ခတွေ မဖြစ်အောင် လုံခြုံရေးတွေ ပိုချထား
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ် ထန်းကုန်း ရွာမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း အခြေအနေ တွေ တည်ငြိမ် နေပေမယ့် တခြား ဒေသတွေမှာ နောက်ထပ် ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အခြေအနေ တချို့ ထပ်ပြီး ပေါ်ပေါက် ခဲ့တာမို့ အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေကို တနေရာပြီး တနေရာ မကြာခဏ ဆိုသလို ကြုံလာခဲ့တာ နှစ်နဲ့ချီ ကြာလာ ပြီးတဲ့နောက် လူ့အဖွဲ့အစည်း နှစ်ခု အကြားမှာ သံသယ နဲ့မခံချင်စိတ်တွေ ဆက်ရှိနေ ကြပြီး အချိန်မရွေး ပြဿနာ ပြန်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။
တနင်္လာနေ့ တုန်းက ဧရာဝတီတိုင်း ပန်းတနော် မြို့မှာ ဖြစ်ခဲ့တဲ့ အချင်းပွားမှုကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ရပ်ရွာမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ပြဿနာ ပြေလည်သွား ပေမယ့် ဒေသခံ မူဆလင် အတော်များများ ကြောက်လန့်ပြီး တိမ်းရှောင် နေကြပါတယ်။ အဓိက ကတော့ ကောလဟာလ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြို့ခံမူဆလင် တဦးက ဆိုပါတယ်။
ပန်းတနော်မှာ အခုလို အခြေအနေ ကြုံရသလို၊ ရန်ကုန် တောင်ဥက္ကလာ ၁၀ ရပ်ကွက် မှာလည်း ဆိုက်ကား စီးပြီး ကလေး ကျောင်းသွားကြိုတဲ့ ဗုဒ္ဓဘာသာ အမျိုးသမီး တဦးကို လူနှစ်ဦးက ဘလိတ်ဒါးလိုမျိုး အသွား ထက်တဲ့အရာ တခုနဲ့ မျက်နှာကို လှီးခဲ့တဲ့ ရာဇဝတ်မှု တခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။
တိုက်ခိုက်တဲ့ သူတွေဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရသေး ပေမယ့် လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ လုပ်ရပ် ဖြစ်နိုင်တယ် ဆိုတဲ့ သံသယ တွေကြောင့် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထား နေပါတယ်။
အခု ဖြစ်ရပ်တွေဟာ သီးခြား ဖြစ်စဉ် တွေလို ဖြစ်နေပေမယ့် မကြာသေးခင် ကာလတွေ အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေ အနေ တွေကြောင့် နောက်ထပ် ပြဿနာတွေ မကြီးထွား လာအောင် အာဏာပိုင်တွေက လုံခြုံရေးကို ဂရုစိုက်ပြီး ဆောင်ရွက် နေတာ တွေ့ရပါတယ်။
ဒါပေမယ့် ပြဿနာရဲ့ အရင်းအမြစ် ဖြစ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြား စိတ်ဝမ်းကွဲမှု တွေကို ဖြေရှင်းဖို့ ကတော့ အစိုးရအဖို့ ကြီးမားတဲ့ အခက်အခဲ အဖြစ်ရှိနေ ပါတယ်။
အခုလို ပြဿနာတွေ၊ ပဋိပက္ခတွေ ကြိုကြား ကြိုကြား ဖြစ်လာနေတဲ့ အချိန်မှာပဲ မန္တလေးမြို့ မှာတော့ ဒါတွေ မကြုံရစေဖို့ ပဋိပက္ခ များ ဖန်တီးမှုကို ကြိုတင် တားဆီး ကာကွယ်ရေး အဖွဲ့ကနေ သီတဂူ ဆရာတော်ကြီး ဦးဉာဏိဿရရဲ့ ငြိမ်းချမ်းရေး ဓမ္မသဘင် တရားပွဲကြီးကို ကျင်းပကြပါတယ်။
အဲဒီအဖွဲ့ဟာ မန္တလေး မြို့ပေါ်မှာ အဲဒီလို ပဋိပက္ခတွေ မဖြစ်ရအောင် ၄ ကြိမ်လောက် တားဆီး ကာကွယ် နိုင်ခဲ့ပြီး ဖြစ်သလို ပြဿနာ ဖြစ်တဲ့ ဒေသတွေကိုလည်း သွားရောက် ပြီး ပဋိပက္ခများ မဖြစ်အောင် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ အတွက်ကိုလည်း အကြံပြု နေတာ ဖြစ်ပါတယ်။
အခုလည်း ထန်းကုန်း ရွာအထိ လည်း သွားရောက် ခဲ့ပြီး ပဋိပက္ခ ကြိုတင် တားဆီးရေး အဖွဲ့တွေတောင် ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါ်ဝင်းမြမြက ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။

BBC News

အပြည့်အစုံသို့ »