ဦးပိန်တံတားပေါ်၌ ဧည့်သည်များကို နှောင့်ယှက်သူများအား အရေးယူ



မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်အတွင်းရှိ ဦးပိန်တံတားပေါ် တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ နှင့် ပြည်တွင်းမှ လာရောက် အနားယူ သူများကို စိတ်အနှောင့်အယှက်ဖြစ်စေ ရန်
ပြုမူပြောဆိုနေသူနှစ်ဦးအား တာဝန်ရှိသူများက ယခုလ ၂၃ ရက်နေ့ က အရေးယူဆောင်ရွက်ခဲ့ရကြောင်းသိရသည်။

"အခုလို အရေးယူဆောင်ရွက်ရတာ ပထမဦးဆုံးအကြိမ်ပါပဲ။ ဧည့်သည်တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြု မူပြောဆိုနေတဲ့ အတွက် ထိန်း သိမ်းပြီး သက်ဆိုင်ရာ ရဲစခန်းကို လွှဲ ပြောင်းပေးသွားမှာပါ။ ဧပြီလ ၁ ရက် နေ့ကတည်းက တာဝန်ကျပြီး နိုင်ငံ ခြားဧည့်သည်တွေရဲ့ လိုအပ်ချက်တွေ ကို ဆောင်ရွက်ပေးနေတာပါ" ဟု ဦးပိန် တံတားတွင် နိုင်ငံခြားသားဧည့်သည် များစောင့်ရှောက်ရန် တာဝန်ကျသူ ရဲတပ်ကြပ်ကြီး ထူးထူးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဦးပိန်တံတားတွင် နိုင်ငံခြားသားဧည်သည်များ စောင့်ရှောက်ရေးအတွက် ရဲအရာရှိနှင့် တပ်ဖွဲ့ဝင်ခုနှစ်ဦး ထိထားရှိပြီး နေ့စဉ် နံနက်ပိုင်းမှ ညပိုင်း အထိ တာဝန်ယူထားရကြောင်း သိရ သည်။

"ကျွန်တော်တို့က အေးအေးဆေး ဆေးပဲ လာအနားယူကြတာပါ။ ဘေး နားလေးကနေ ကပ်ပြီးတော့ ဘာတွေပြောနေလဲမသိဘူး။ အင်္ဂလိပ်လိုတွေ ဟုတ်တာတွေရော၊မဟုတ်တာတွေရော လျှောက်ပြောနေတာ။နောက်က နေလိုက်ပြီးတော့လည်း နှောင့်ယှက်တယ်။ အနီးနားက တာဝန်ကျရဲတွေ ကို အကြောင်းကြားပြီး ပြောလိုက်လို့ အခုလို အရေးယူ ဆောင်ရွက်သွားတာ ပါ"ဟု ဦးပိန်တံတားပေါ်တွင် စိတ် အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခံရသူ ၁၉ နှစ်အရွယ်ရှိ ကျောင်းသား တစ်ဦးကပြောသည်။

မန္တလေးမြို့သို့ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်များသည် ဦးပိန် တံတားသို့ မဖြစ်မနေလာရောက် အနားယူကြပြီး နေ၀င်ဆည်းဆာ အလှ များကို ဓာတ်ပုံရိုက်ရန်လည်း အပါ အ၀င်ဖြစ်သည်။

ယခုကဲ့သို့ ၀ါဆို၊ ၀ါခေါင်လများတွင် ဦးပိန်တံတားတည် ရှိရာ တောင်သမန်အင်းမှာ ရေများ တိုးလာသည့်အတွက် ပြည်တွင်းဧည့် သည်များပင် လာရောက် အပန်းဖြေအနားယူကြသည့်အတွက်
အထူးပင် စည်ကားလျက်ရှိသည်။

စည်သူလွင် (မြန်မာတိုင်းမ်)

အပြည့်အစုံသို့ »

မြေပဲ လက်တစ်ဆုပ် စားခြင်းက ဝမ်းဗိုက် အဆီကျစေ


နေ့စဉ် မြေပဲ လက်တစ်ဆုပ် စားခြင်းက ဆာလောင်မှု မဖြစ်အောင် တားဆီး နိုင်ပြီး ဝမ်းဗိုက်မှ အဆီများ ချပေးရန် အထောက်အကူ ပြုကြောင်း ပညာရှင် များက ပြောကြား လိုက်သည်။
ယခု တွေ့ရှိချက်သည် မြေပဲစားခြင်းနှင့် ဆီရိုတိုနင် ဟော်မုန်း မြင့်မားခြင်းတို့ အကြားရှိ ဆက်နွှယ်ချက်ကို ပထမဆုံး အကြိမ်အဖြစ် ဖော်ထုတ် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဆီရိုတိုနင်သည် အစာစားလိုစိတ်ကို လျှော့ချ ပေးနိုင်ပြီး ပျော်ရွှင်မှု ခံစားချက်ကို မြှင့်တင် ပေးကာ နှလုံး ကျန်းမာရေးကိုလည်း တိုးတက်စေကြောင်း တွေ့ရှိခဲ့ သည်။

စပိန်နိုင်ငံ ဘာစီလိုနာ တက္ကသိုလ်မှ သုတေသန ပညာများသည် အပေါ်ယံ အလွှာ မနွှာထားသော သစ်ကြားသီး၊ ဗာဒံစေ့နှင့် ဟေဇယ်သီး အစေ့ တို့သည် လည်း အလားတူ ကျန်းမာရေး အတွက် ကောင်းမွန်သော အာနိသင်များ ရှိသည်ဟု ဆိုသည်။

နှင်းဆီဖူးလေးများ- Love BUDS

အပြည့်အစုံသို့ »

မိုင်လီဆိုင်းရပ်(စ်) ၏ သရုပ်ပျက် ဖျော်ဖြေမှု များမှာ စိတ်ပျက်ဖွယ် ကောင်းကြောင်း ဘရွတ်ရှီး ဆို


သြဂုတ် ၂၅ ရက်က ကျင်းပခဲ့သည့် MTV Music Award ဆုပေးပွဲ ၌ မိုင်လီ ဆိုင်းရပ်(စ်)၏ ဖျော်ဖြေ တင်ဆက်မှုကို အံ့သြ တုန်လှုပ်ရသူများထဲ ၌ ဟောလီးဝုဒ် မင်းသမီး ဘရွတ်ရှီး လည်း ပါဝင်သည်။

Hannah Montana ဇာတ်ကား၌ ဇာတ်ဆောင်၏ မိခင်နေရာမှ သရုပ်ဆောင်သူ ဘရွတ်ရှီးသည် မိုင်လီ၏ အဝတ်ဗလာနီးပါး သရုပ်ပျက် ဖျော်ဖြေမှုများကို ကြည့်ရှု ရသည်မှာ စိတ်ပျက်ဖွယ် ကောင်းကြောင်း ပြောကြားခဲ့သည်။

”ဒီလို ဖျော်ဖြေဖို့ သူ့ကို ဘယ်သူများ အကြံပေးလိုက်လဲ မသိပါဘူး။ အဲဒီ လောက်ထိ လုပ်ဖို့ လိုအပ်လို့လား။ လေဒီ ဂါဂါကို လိုက်တုနေသလားပဲ။ ဂါဂါက တော့ ဒီလို ဖျော်ဖြေမှုတွေမှာ ဆရာကြီး လေ”ဟု ဘရွတ်ရှီး က ပြောကြားသည်။

၎င်းဆုပေးပွဲ၌ မိုင်လီ၏ ဖျော်ဖြေ မှုများမှာ ဂါဂါ၏ ရူးသွပ်မှု ပုံစံလမ်း ကြောင်းပင်ဖြစ်ကြောင်း အများက လက် ခံထားကြသည်။

”ဒီလို ပုံစံ ဖျော်ဖြေဖို့ မလိုအပ်ပါ ဘူး။ ကသိ ကအောက်နိုင်တယ်။ နောက် ပြီး လျှာပြီး ထုတ်ထုတ်ပြတယ်။ ထင် ရာစိုင်းပြီး လျှောက်လုပ်တယ်လို့ ထင် ပါတယ်”ဟု ၄င်းက ထပ်လောင်း ဆို သည်။

သိင်္ဂီဝင်း

Ref: E! Online

အပြည့်အစုံသို့ »

အမျိုးသမီး ညအိပ်ဝတ်စုံနှင့် ပူတင်၏ပုံ ပန်းချီကားကို ပြသခွင့် ပိတ်ပင်


သမ္မတ ဗလာဒီမာ ပူတင်၏ ပုံတူကို အမျိုးသမီး ညအိပ် ဝတ်စုံနှင့် တွဲဖက်၍ ရေးဆွဲထားသည့် ပန်းချီကား တစ်ချပ်ကို ပြခန်းတစ်ခုအတွင်း ပြသထားရာမှ ရုရှားရဲတပ်ဖွဲ့က ဖယ်ရှားစေခဲ့ကြောင်း သိရှိရသည်။ စိန့်ပီတာစဘာ့ဂ်မြို့ရှိ ပြခန်းထဲတွင် ပြသထားသော အဆိုပါ ပန်းချီကားကို ရဲများက ဆက်လက် ပြသခွင့် ပိတ်ပင်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။ အဆိုပါ ပန်းချီကားထဲတွင် အမျိုးသမီး ညအိပ် အတွင်းခံ အဝတ်အထည်များ ဝတ်ဆင်ထားသည့် ပူတင်သည် ဝန်ကြီးချုပ်ဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ်ကို ဆံပင်ဖြီးပေးနေသည့်ဟန် ပုံဖော်ရေးဆွဲထားသည်။ ထို့အပြင် အငြင်းပွားလောက်စရာ Gayဆန့်ကျင်ရေး ဥပဒေများအတွက် ဦးဆောင် စည်းရုံးခဲ့သည့် ရုရှား ကွန်ဆာဗေးတစ် နိုင်ငံရေးသမား အချို့ကို သရော်ရေးဆွဲထားသည့် အခြားပန်းချီကား နှစ်ချပ်ကိုပါ ရဲများက သိမ်းယူခဲ့သည်။

စတုတ္ထ ပန်းချီကားတွင်မူ ရုရှား အော်သိုဒေါ့စ် ဘုရားကျောင်းတော် အကြီးအကဲ၏ ပုံကို ဆေးမင်ကြောင်များ ထည့်သွင်းရေးဆွဲထားပြီး ယင်းကိုလည်း အာဏာပိုင်များက တိတိကျကျ မဖော်ပြသည့် အကြောင်းပြချက်များဖြင့် ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။ ပန်းချီပြခန်းပိုင်ရှင် အလက်ဇန္ဒား ဒွန်စကွိုင်းက ယင်းပိတ်ပင်မှု မတိုင်မီ မိမိကို မည်သည့် အကြောင်းကြားမှုမျှ မပြုလုပ်ခဲ့သလို အကြိုဝရမ်း အသိပေးချက်မျိုး မရှိခဲ့ကြောင်း ဝေဖန် ပြောဆိုခဲ့သည်။ ဖယ်ရှားခံရသည့် စာရင်းတွင် အာကန်ဂီလက်ခ်မြို့သား ပန်းချီဆရာ ရေးဆွဲပြီး အုပ်စိုးသူများဟု အမည်ပေးထားသည့် ပန်းချီကားလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ပူတင်၏ သရုပ်ဖော်ပုံတွင် သမ္မတသည် ညဝတ် အမျိုးသမီး အတွင်းခံ ဝတ်စုံနှင့် ရှိနေပြီး မက်ဗီဒက်ဗ်၏ နောက်ဘက်တွင် ရပ်ကာ ဆံပင်ကို ဖြီးသင်ပေးနေသည့်ဟန် ရေးဆွဲထားသည်။ ဝန်ကြီးချုပ် မက်ဗီဒက်ဗ်သည်လည်း အမျိုးသမီး အတွင်းခံ အဝတ်အထည်များ ဝတ်ထားသည့် အမျိုးသမီး ခန္ဓာကိုယ်မျိုး တပ်ဆင်ခြင်း ခံထားရကြောင်း သတင်းများက ဖော်ပြသွားသည်။

အပြည့်အစုံသို့ »

Skype တွင် သုံးဖက်မြင် ဗီဒီယိုချက် ရတော့မည်



တကယ်ရမှာပါ။ Skype မှ Developer များ တီထွင်အောင်မြင်သွားပြီ ဖြစ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ယင်း နည်းပညာ အရ Skype နေ 3D Video Call ပြုလုပ်နိုင်မှာ ဖြစ်ကြေင်း သိရပါတယ်။

ဒီအတွက် နည်းပညာသစ်ကြိုးစားဖန်တီးထားတာပါ။ နေရာဒသတိုင်းမှာ ရရှိဖို့တော့ မသေချာ သေးပါဘူး။ စမ်းသပ်မှုအနေနဲ့ အမေရိကန်မှာ စတင်မှာ ဖြစ်ပါတယ်။ ၃ ဘက်မြင် ရုပ်ကြွ ဗီဒီယိုဖိုင်များကို Server မှတစ်ဆင့် တစ်ဖက်မှ တစ်ဖက်သို့ပေးပို့တာအဆင်ပြေပေမယ့် မျက်နှာပြင်ပေါ်မှာ ပေါ်လာဖို့ကျတော့ ဘယ်လို နည်းပညာ အသုံးပြုထား သလဲ မသိသေးပါဘူး။ 3D ဆိုတော့ မျက်မှန်တပ်ပြီးချက်ရမှာလား သို့မဟုတ် သူ့ပါသူ Ramdering ဖြစ်နေပြီး ရုပ်ကြွနေမလားဆိုတာ ခန့်မှန်းစဉ်းစားစရာ ပါ။ ၂ ဖက်စလုံးက မျက်မှန် ကာလာတွေနဲ့ ဆိုရင်တော့ အဆင်မပြေပါဘူး။ ဘာရောင်မှ မပါတဲ့ 3D မျက်မှန်ဖြူတွေလည်း ရှိပါတယ်။

ဒီတော့ မျက်မှန်တပ်ပြီးချက်ချင်သူ ချက်လို့ရမယ်။ မဟုတ်လည်း 2D ဗားရှင်း ပဲ ချက်မယ် အစရှိသဖြင့် Option ရွေးလို့ရမယ် ထင်ပါတယ်။ Skype မှ ဖန်တီးထားတဲ့ 3D Video Call စနစ်ကို မကြာမီ မိတ်ဆက် ပြသ သွားဖို့ ရှိကြောင်း သိရပါတယ်။
.
Ref:pocketlint
Aung Kham (TSJ team)

အပြည့်အစုံသို့ »

ဘောင်းဘီချွတ်ပြသည့် စင်္ကာပူမှ ကျောင်းသူတစ်ဦး


စင်္ကာပူနိုင်ငံရှိ ကောလိပ် ကျောင်းသူ တစ်ဦးသည် သူမ အသုံးပြုပြီးသား အတွင်းခံများကို စင်္ကာပူ ၄၅ ဒေါ်လာ (၁၀၄ ရင်းဂစ်) ဖြင့် ရောင်းချနေကြောင်း စင်ချုးနေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည်။

အတွင်းခံဘောင်းဘီ (၂) ထည် ၀ယ်ယူသူအတွက် အပိုဆု အဖြစ် အသက် ၁၉ နှစ်အရွယ် မိန်းကလေးမှ အတွင်းခံ ဘောင်းဘီအား ချွတ်ပြသည့် ဗီဒီယိုဖိုင်အား အခမဲ့ကြည့်ရမည်ဖြစ်ပြီး သူမ၏ မျက်နှာကို မူ ပြသထားခြင်း မရှိပေ။

Felicia ဆိုသူ ကျောင်းသူသည် သူမ၏ ဘလော့(ဂ်)မှတဆင့် ယခုကဲ့သို့ လိင်စိတ်နိုးကြွစေသည့် အတွင်းခံ ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ တစ်လခန့် ကြာခဲ့ပြီဖြစ်သည်။

ပထမပိုင်းတွင် ဘောင်းဘီတစ်ထည်လျှင် စင်္ကာပူဒေါ်လာ ၃၀ ဖြင့် ရောင်းခဲ့ပြီး ယခုလမှ စတင်ကာ ဈေးနှုန်းမြှင့်တင် ရောင်းချခဲ့ကာ စုစုပေါင်း အတွင်း ခံ (၁၆) ထည် ရောင်းထားပြီး ဖြစ်ကြောင်း သိရ သည်။
သူမနှင့် အင်တာဗျူးလုပ်ရန် ကမ်းလှမ်းမှုများကိုလည်း ငြင်း ဆိုခဲ့ပြီး အခမဲ့ ကြည့်ရှုခွင့်ပေးသည့် ဗီဒီယိုဖိုင် ကိုလည်း ပိတ်သိမ်းခဲ့သည်။

သူမသည် ဘောင်းဘီများကို မရောင်းချခင် ၁၂ နာရီကြာ ၀တ်ဆင်ခဲ့ သည်ဟု သိရပြီး ယခုကဲ့သို့ စွန့်စားလုပ် ကိုင်ရခြင်းမှာ ကျောင်းလခ ပေးရန် အတွက် ဖြစ်သည်ဟု ဆိုသည်။

သူမက "ကျွန်မ ဘယ်သူဘယ်ဝါဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး" ဟုလည်း ပြောဆို ထားခဲ့သည်။

ထူးထွေဆန်းပြား သတင်းများ

အပြည့်အစုံသို့ »

အသက် ၂၅ နှစ်အောက်လူငယ်များ၌ လိင်မှတစ်ဆင့် ရောဂါကူးစက်မှုများလာ


ဗြိတိန်နိုင်ငံတွင် အသက် ၂၅ နှစ်အောက်လူငယ်များ၌ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ရရှိမှုမှာ ဆယ်စုနှစ်ကာလအတွင်း ၅၀ရာခိုင်နှုန်း တိုးပွားလာကြောင်း အင်္ဂလန်ပြည်သူ့ ကျန်းမာရေးဌာန၏ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၂ ခုနှစ်မှတ်တမ်းများကို အခြေခံသော အဆိုပါထုတ်ပြန်ချက်အရ အဆိုပါနှစ်အတွင်း လိင်မှ တစ်ဆင့် ကူးစက်သော ဆီးပူညောင်းကျရောဂါ၊ ရေယုန်နှင့် လိင်အင်္ဂါတွင်ဖြစ်ပွားသော ကြွက်နို့များ ကူးစက်ခံရသူ ၄၄၈ယ၄၂၂ ဦးရှိပြီး အများစုမှာ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

ကူးစက်ခံရသူအရေအတွက်မှာ ၂၀၁၁ ခုနှစ်ကထက် ၅ ရာခိုင်နှုန်း တိုးပွားလာပြီး၊ စစ်တမ်းအတွက် မှတ်တမ်း စတင်ပြုလုပ်သည့် ၂၀၀၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ရောဂါကူးစက်ခံရသူ အရေအတွက် ၄၆ ရာခိုင်နှုန်းတိုးတက်လာခြင်း ဖြစ်သည်။

ထိုသို့ရောဂါကူးစက်မှုတိုးပွားလာရခြင်းမှာ အပျော်တွဲသူများနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဓလေ့ ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်ကြောင်း၊ အဖြစ်များသူများမှာ လိင်တူဆက်ဆံသည့်အမျိုးသားများနှင့် အသက် ၂၅ နှစ်အောက်အရွယ် လူငယ်များတွင်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက် ကဆိုသည်။

မေးအွန်လိုင်း
သက်လှိုင် ဘာသာပြန်သည်။ (မြန်မာတိုင်းမ်)

အပြည့်အစုံသို့ »