ခင်ဝင့်ဝါကို vote ရင် ၁၀ မဲကို 5 $ ပေးရမယ်



ထိုင်ကမဲပေါင်း ၂၁၀ နဲ့ ဦးဆောင်နေပါတယ်..

ခင်ဝင့်ဝါလေးကတော့ ၁၁၀ နဲ့ နောက်ကလိုက်နေပါတယ်.. ထူးခြားတာက တခြားနိုင်ငံတွေက ပေးတာမတွေ့ရသေးတာပါပဲ...

မသိသေးတာလဲ ဖြစ်နိုင်ပါတယ်.. သူတို့က ပေးချင်သလောက် ပေးလို့ရတာကိုး...

ခင်ဝင့်ဝါ ဘယ်လိုအကျိုးတွေ ဖြစ်ပေါ်လာအောင်သွားပြိုင်ရတယ်ဆိုတာ အများကြီး ကြည့်စရာမလိုပါဘူး...

ထိုင်းလိုနေရာမှာတောင် ခရတ်ဒစ် သုံးလို့ရနေပြီ.. မြန်မာနိုင်ငံက ထိုင်းနဲ့ ယှဉ်လိုက်ရော Online Payment မှာ တောဇနပုဒ် အဆင့်ပဲရှိတော့တယ်...

နောက်တချက်က အင်မတန်မှ သနားစရာပါ... Official Site ကနေ ဓါတ်ပုံပေါင်းရာနဲ့ချီ တင်ပေးနေပေမယ့် ခင်ဝင့်ဝါပုံ ၁၀၀ မှာ ၁ ပုံလို့တောင် ပြောရပါမယ်.. မရှိသလောက်ပါပဲ...

ဓါတ်ပုံဆရာကပဲ မြန်မာနိုင်ငံသူဆိုပြီး သတိမမူမိတာလား .. ကမ္ဘာ့မြေပုံမှာ မြန်မာ ဆိုတာ ရှိတယ်လို့ကို မသိတာလား .. တခုခုပေါ့...

အားပေးကြပါဦးဗျာ... ခင်ဝင့်ဝါတော့ မသိဘူး... ကျွန်တော်တောင် အွန်လိုင်းကနေ ငွေပေးမှ ရမယ်ဆိုတာလဲ သိရော ကျလိုက်တဲ့ စိတ်ဓါတ်ဗျာ..

ဘာမှ မှ လုပ်မရတော့တာကိုး... ဒီကလေးမဆို ဘယ်လိုနေရှာမလဲ ...

ဘာမျှော်လင့်ချက်မှ မရှိတော့သလောက်ပါပဲ...

နိုင်ငံတကာက မြန်မာနိုင်ငံသားတွေကို အားပေးကြပါဦးလို့ ...

သူ့ရဲ့ အင်တာဗျူးမှာ >> ဒိုင်တွေကဘာလို့ ဆုရချင်တာလဲလို့ မေးခဲ့တဲ့အခါ ခင်ဝင့်ဝါက မြန်မာလူမျိုးတွေကို ကူညီပေးနိုင်ဖို့ 
Golden Land မြန်မာပြည်ကြီးကို ကြိုးစား မြှင့်တင်ပေးချင်လို့  ပြန်ဖြေခဲ့ပါတယ်။
ဒိုင်တွေက လက်ခုပ်တီးအားပေးခဲ့ကြပြီး သူတို့ ကလည်း မင်းကိုယုံကြည်ပါတယ်။ ဘာလို့ လည်းဆိုတော့ မင်းကိုချစ်တဲ့ အားပေးနေကြတဲ့ ပရိသတ်တွေဘယ်လောက်တောင်များတယ်ဆိုတာ ငါတို့ သိနေလို့ ပဲ ဆိုပြီး ပြန်လည်မှတ်ချက်ပေးခဲ့ကြပါတယ်။ <<

ကျေးဇူးပါ..


အပြည့်အစုံသို့ »

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးနေရ


ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း အစိုးရတပ်မတော် ခလရ ၁၃၇ နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၆၅ ယောက်ဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအခြေအနေမှာတော့ တည်ငြိမ်နေပြီလို့ မချမ်းဘောမြို့ခံတစ်ဦးက ဒီကနေ့ RFAကို ပြောပြပါတယ်။

လောလောဆယ်မှာ လုံခြုံရေးအခြေအနေအရ တိုက်ပွဲဖြစ်ပွားတဲ အဲ့ဒီရွာနားတစ်ဝိုက်ကို သွားလာလို့မရသေးပေမဲ့ ပူတာအိုနဲ့ မချမ်းဘောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီမှုတွေပေးနေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် သြဂုတ်လ ၁၇ ရက်နေ့တုန်းက ပန်ဝါဒေသမှာတစ်ကြိမ်၊ သြဂုတ်လ၂၈ ရက်နေ့တုန်းက မချမ်းဘောဒေသဘက်မှာတစ်ကြိမ် အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
RFA Burmese

အပြည့်အစုံသို့ »

ရထားတွဲအားလုံးမှာ အဲကွန်းပါတဲ့ အထူးအမြန်ရထားကို စနေနေ့မှာ စဆွဲမယ်


ရထားတွဲအားလုံးမှာ အဲကွန်းပါတဲ့ အထူးအမြန်ရထားကို စနေနေ့မှာ ရန်ကုန်-ကျိုက်ထို ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ ဦးစည်သူဇေယျ သတင်းပေးပို့ထားပါတယ်။

DVB TV News

အပြည့်အစုံသို့ »

ဒုရဲအုပ်က ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်


မန္တလေး၊ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနတွင် စက်တင်ဘာ ၂ ရက်နေ့ ည ၁၁ နာရီခန့်က တာဝန်ချိန်အတွင်း ပျက်ကွက်သည့် ဒုရဲအုပ်တစ်ဦးကို ရဲအုပ်က ပြောဆိုနေစဉ် အဆိုပါဒုရဲအုပ်က ရဲအုပ်ကို ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်ရာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း အဆိုပါရဲအုပ် မိသားစုဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်သူ အဆိုပါ ဒုရဲအုပ် သိန်းသန်းစိုးသည် တာဝန်ချိန်တွင်း တာဝန်ထမ်းဆောင်ရန် ပျက်ကွက်သဖြင့် ရဲအုပ်မောင်တင့်က ၄င်းကို ရုံးခန်းထဲတွင် စကားပြောဆိုနေစဉ် ယင်းကဲ့သို့ ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းထိမှန်ဒဏ်ရာရ ရဲအုပ်မောင်တင့်ကို မန္တလေးပြည်သူ့ဆေး ရုံကြီးသို့ တင်ပို့ခဲ့ရာ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"နှစ်ယောက်လုံးက အနေအေးသူ တွေချည်းပဲ။ ဒီလိုဖြစ်သွားတာကို နားလည်လို့ကို မရဘူး" ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မျိုးမင်းက ဆိုသည်။

တာဝန်မှူး တာဝန်ကျသူများသည် မှုခင်းအကူဌာနတွင် နေ့စဉ်ဖမ်းဆီးရမိသည့် အမှုဖြစ်စဉ်များ စစ်ဆေးခြင်း၊ စစ်ပြေးနှင့် တရားခံပြေးများကို စစ်ဆေးရခြင်း၊ ညပိုင်း လုံခြုံရေးအတွက် ညလှည့်ကင်းတာဝန်ကို ဆောင်ရွက်ရခြင်းများရှိပြီး အဆိုပါတာဝန် ပျက်ကွက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်း ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်တစ်ဦးက ပြောကြားသည်။

"ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိဘူး။ ည ၁၂ နာရီလောက်မှ သေနတ်နဲ့ ပစ်ခံရတယ်လို့ ဖုန်းဆက်ပြောလို့ သိရတာ၊ သူ့အမျိုးသမီးနဲ့ သမီးနှစ်ယောက်က ဆိုရင် သေသွားတယ်လို့ ယုံတောင်မယုံကြဘူး" ဟု သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသူ ရဲအုပ်မောင်တင့်နှင့် ညီမတော်စပ်သူ ဒေါ်သီတာဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်း တွင် ဒုရဲအုပ် သိန်းသန်းစိုးကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


အပြည့်အစုံသို့ »

အရေပြား ကင်ဆာ ဖြစ်စေတဲ့ Silver Nitro Oxide တွေ ပါ


အမေရိကန် နိုင်ငံမှ Dr. Brian Berry ဟာ Silver Nitro Oxide ကြောင့် ဖြစ်တဲ့ ကင်ဆာ ရောဂါ တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်...

သင်ဟာ ဖုန်းငွေဖြည့် ကဒ်ကို ဘယ်တော့မှ လက်သည်းနဲ့ မခြစ်မိပါစေနဲ့..

အဲ့ဒီမှာ အရေပြား ကင်ဆာ ဖြစ်စေတဲ့ Silver Nitro Oxide တွေ ပါပါတယ်လို့ ဆိုပါတယ်... ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက်

၁. ဖုန်းပြောတဲ့ အခါ ဘယ်ဘက်နားနဲ့ ပြောပါ

၂. ဆေးတွေကို ရေခဲရေနဲ့ တွဲမသောက်ပါနဲ့

၃. ညနေ ၅ နာရီနောက်ပိုင်း အစာများများ မစားပါနဲ့

၎. မနက်ပိုင်းမှာ ရေများများ သောက်ပြီး ညဘက်မှာ လျော့သောက်ပါ

၅. ည၁၀ နာရီမှ မနက် ၄ နာရီ အတွင်းဟာ အိပ်စက်ဖို့ အကောင်းဆုံး အချိန်ပါ

၆. ဆေးသောက်ပီး သို့မဟုတ် အစာစား ပီးပီးချင်း ရုတ်တရက် လှဲချခြင်းမျိုး ရှောင်ပါ

၇. ဖုန်းရဲ့ ဘက်ထရီ နောက်ဆုံး ကုန်ခါနီး ကျသွားခဲ့ရင် ဖုန်းမဆက် ပါတော့နှင့်

(( radiation အဆ ၁၀၀၀ လောက် ပိုပြင်းထန် ပါတယ်))

မြ၀တီ

အပြည့်အစုံသို့ »

သံတွဲတွင် ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆဲရေးတိုင်းထွာသူ ဘင်္ဂလီတစ်ဦး အား ထောင်ဒဏ်ချမှတ်


ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၌် ဗုဒ္ဓဘုရားရှင်အပေါ် ဆဲဆိုသူ ဘင်္ဂလီ မူဆလင် တစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် မြို့နယ် တရားရုံးက စက်တင်ဘာလ ၃ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

 အမှုဖြစ်စဉ်မှာ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ၂၈ရက်နေ့က နတ်မော်ကျေးရွာအုပ်စု၊သပြုချိုင်ရွာနေ(ဘ) ဦးကျော် မောင် ၏သားအောင်ကျော်မိုး(၂၉-နှစ်)မှာအရက်သေစာသောက်စားမူးယစ်ကာဗုဒ္ဓဘုရားရှင်အပေါ် ရိုင်းပြ ပြင်းထန်စွာ ဆဲရေးတိုင်းထွာခဲ့သဖြင့် နယ်မြေရွှေလှေရဲစခန်းမှ(ပ)၄၈/၂၀၁၂၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကအရ ၄င်းအား အမှုဖွင့် အရေးယူခဲ့သည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ် တင်မောင်လွင် တရားလိုပြု၍ ထိုအမှုအား သံတွဲမြို့နယ်တရားရုံး၌ တရားစွဲဆို ရာတွင်တရားရုံး၏လုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေးချက်၊တရားခံ၏၀န်ခံချက်တို့အရပြစ်မှုကျူး လွန်ထား ကြောင်းမှာထင်ရှားသည်ဖြစ်၍ ဥပဒေပုဒ်မ၂၉၅(သာသနာကိုအကြည်ညိုပျက်စေမှု) အရ မြို့နယ်တရားရုံးက တရားခံအောင်ကျော်မိုးအား အလုပ်နှင့် ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 စီရင်ချက်ချသည့်နေ့တွင် တရားခွင်သို့ ရောက်ခဲ့သူ သံတွဲမြို့ခံတစ်ဦးက “စီရင်ချက်မှာ တရားခံက မင်းဘုရားက ငါ့(xxx)ပဲ။မင်းတို့ကငါ့(xxx)ကို ကိုးကွယ်နေကြတာပဲ။ မင်းတို့ဘုရားက ကုလားပဲ ဆိုတဲ့ ယုတ်ညံ့တဲ့ဆဲဆိုမှုတွေ ကိုထပ်ခါတလဲလဲလုပ်ခဲ့တယ်၊ တရားခံ ကိုယ်တိုင်ကလည်း ၀န်ခံထားတယ်လို့ မြို့နယ်တရားသူကြီးက ဆိုတယ်”ဟု ပြန်ပြော ပြသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သံတွဲမြို့စည်းကမ်းထိန်း သိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးကောသလ္လက “ပြဿနာဖြစ်လိုက်တိုင်း ဖြစ်ရတဲ့အကြောင်းရင်းကိုကြည့်ရင် သူတို့ ဘက်ကစတာပဲတွေ့ရလိမ့်မယ်။ ဒါဟာ စနစ်တကျ လေ့ကျင့်ထားတဲ့စစ်ဆင်ရေးတစ်ရပ်လိုဖြစ်နေတာမို့ ဗုဒ္ဓဘာ သာဝင် တွေ အထူးကရုစိုက်ဖို့ လိုနေပြီလို့ပဲ သတိပေးချင်ပါတယ်”ဟု မိန့်ကြားခဲ့သည်။

 သံတွဲမြို့တွင်ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့်ဘင်္ဂလီမူဆလင်များအနီးကပ်နေထိုင်လျက်ရှိကြသည်ကြောင့် မတူညီ သော လူမျိုးစုနှစ်ခုကြား တင်းမာမှုများ ရှိနေပြီး၊ ဤအတောအတွင်းဒေသ မငြိမ်မသက်မှုများကြောင့် ဇွန်လ၃၀ ရက်မှ စ၍ ပုဒ်မ ၁၄၄ အမိန့်ကို ထပ်မံထုတ်ဆင့်ထား ရဆဲဖြစ် သည်။

RSV 

အပြည့်အစုံသို့ »

ဆင်ဆာမဲ့ဗီဒီယိုခွေနှင့်ညစ်ညမ်းခွေများဖျက်ဆီးခြင်းအခမ်းအနား





ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရရှိသော ဆင်ဆာမဲ့ဗီဒီယိုခွေနှင့် ညစ်ညမ်းခွေများဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၄ ရက်နေ့၊ မနက် ၉ နာရီက မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်တွင် ပြုလုပ်ခဲ့သည်။

အပြည့်အစုံသို့ »