့ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ချိန် ပြည်ပရောက် မြန်မာတွေ ပြန်စရာမလို


ဒီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ (UPWC) တို့ ဒုတိယ အကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲမှာ အမှာစကားပြောနေတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ကျော်ခ/ ဧရာဝတီ)
အစိုးရက ၂၀၁၄ ခု ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံချိန်မှာ ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အမိနိုင်ငံ ကို ပြန်လာပြီး သန်းခေါင်စာရင်းပေးစရာ မလိုအောင် စီစဉ်ထားတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လ၀က) ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ပြောပါတယ်။

ဒီလ ၈ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ ဒုတိယ အကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲမှာ အစိုးရ အဖွဲ့နဲ့အတူ တက်ရောက်လာတဲ့ ဝန်ကြီး ဦးခင်ရီကို ဧရာဝတီက မေးမြန်းတဲ့အခါမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

“နိုင်ငံခြားမှာ တရားဝင်ရောက်ရှိနေတဲ့ လူတွေအားလုံးက သံရုံးမှာ အခွန်ဆောင်တာ ရှိတယ်လေ၊ တချို့ကြတော့လည်း တရား မဝင် လာတာလည်း ရှိရင်ရှိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျနော်တို့က သက်ဆိုင်ရာ အိမ်ထောင်စုမှာ ကောက်တာကိုး၊ ဆိုပါစို့ ကျနော့် သားကတော့ ယိုးဒယားရောက်နေတယ်၊ ဘယ်ရောက်နေတယ် စသဖြင့် ဒီဥစ္စာသည် သူ့ရဲ့ နောက်ကြောင်း ရာဇဝတ်မှုနဲ့ ဘာမှလဲ မဆိုင်ဘူး၊ တရားဥပဒေအရ (တခြားနိုင်ငံ) ခိုးသွားလည်း ဘာမှ အရေးယူမှာ မဟုတ်ဘူး၊ ကျနော်တို့က ကိုယ့်လူတွေကို ဘယ်နိုင်ငံ မှာ ရှိသလဲလို့ပဲ ကောက်တာ”လို့ ဦးခင်ရီက ဆိုပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် ရက်ကိုတော့ ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ၁၁ ရက်အကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး ကောက်မှာ ဖြစ်ပြီး တော့ တိုင်းရင်းသား စာရင်းထဲမှာ မပါဝင်တဲ့ သူတွေကတော့ အမျိုးအစားအလိုက် အခြားစာရင်းတွေမှာ ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူတဲ့ အခါ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသက ဘင်္ဂါလီ(မွတ်စလင်)လူမျိုးတွေကိုပါ ထည့်သွင်း ကောက်ယူသွားမှာ ဖြစ်ပေမယ့် နိုင်ငံသားဖြစ်၊ မဖြစ်ကတော့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့သာ သက်ဆိုင်တယ်လို့ ဝန်ကြီး ဦးခင်ရီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၈ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်မှာ ပြုလုပ်တဲ့ ၂၀၁၃ ခုနှစ် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ဖူးပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက မြို့နယ် ၂၀ ကိုရွေးပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်းအကြို စမ်းသပ်ကောက်ယူမှုအဖြစ် ဒီနှစ် မတ် လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီလိုပြုလုပ်ရာမှာ အများစုက ထိုင်းနိုင်ငံကို သွားရောက် ကြပြီး အမေရိကန် အပါအဝင် နိုင်ငံအရပ်ရပ်မှာလည်း သွားရောက်နေကြသူတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

“တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ မြို့နယ် ၂၀ ရွေးပြီးတော့ ကောက်လိုက်တယ်၊ ကောက်တဲ့ အခါမှာ ဘာသွားပေါ်လဲဆိုတော့ ကောက်တဲ့ ၂၀ မှာပေါ့၊ ကျုပ်တို့ဆီမှာ ရှိတဲ့ လူအများစုမှာ အများစုက ယိုးဒယားကို သွားတယ်၊ အနည်းစုက အမေရိကားကို သွားတယ်၊ ယောက်ျားနဲ့ မိန်းကလေးမှာ ယောက်ျားလေး တော်တော်များများသွားတယ်၊ အဲဒီအချက်တွေ ပေါ်လာတယ်”လို့ ဝန်ကြီး ဦးခင်ရီက ရှင်းပြပါတယ်။

ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသား တချို့ကတော့ ၂၀၁၄ မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ခံ တဲ့ အချိန် မြန်မာနိုင်ငံကို ကိုယ်တိုင်ပြန်ပြီး စာရင်းပေးစရာ မလိုဘူး ဆိုတဲ့အတွက် ဒီသတင်းကို ကြိုဆိုကြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက ဆီအုန်းခြံ တခုမှာ အလုပ်လုပ်နေတဲ့ ပဲခူးဇာတိ ကိုဝင်းမြင့်က “အရင် ဒီသတင်းကို စပြီး ကြားတုန်းက ပြန် ရ မယ်ထင်တာ၊ မပြန်ရဘူးဆိုတော့ ကောင်းတာပေါ့၊ မြန်မာပြည်တခါပြန်ရင် ကုန်ကျစရိတ်က သိန်းချီပြီးကုန်တာ ကျနော်တို့ ကြ တော့ ပိုက်ဆံလာရှာတာလေ၊ ဒီမှာနေထိုင်ခွင့် စာအုပ်ဖိုးတင် ကုန်တာမနည်းဘူး၊ အဲဒီလို ပြန်ရမယ်ဆိုရင်လည်း ပိုက်ဆံကကျန်မှာမဟုတ်ဘူးလေ”လို့ ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံတွင်း သန်းခေါင်စာရင်း ကောက်ခံဖို့ မြို့နယ်ပေါင်း ၃၃၀ ၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၈ အုပ်စု၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၁၁ သန်း ရှိကြောင်း လ၀က ဌာန စာရင်းတွေအရ သိရပါတယ်။

စာရင်း ကောက်ခံရေးအတွက် ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းခံထားပြီး သဘောတူညီမှု ရထားတဲ့ အတွက် တနိုင်ငံ လုံးမှာ ရှိတဲ့ ပညာရေးဝန်ထမ်း ၁ သိန်းကျော်က တအိမ်တက်ဆင်း ပုံစံနဲ့ ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ခံရေးအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ဝန်းကျင် ကုန်ကျနိုင်တယ်လို့ အစိုးရဘက်က ခန့်မှန်းထားပြီး ကုလသမဂ္ဂက ဒေါ်လာ ၅ သန်း ထည့်ဝင်ဖို့ သဘောတူထားတယ်လို့လည်း သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ခံရေးအတွက် ၀န်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ ဗဟို သန်းခေါင်စာရင်း ကော်မတီ ဖွဲ့စည်းထားပြီး နာယကမှာ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပထမ နှစ်ဝက်မှာ လူဦးရေ သန်းခေါင်စာရင်းကို အပြီးသတ် စာရင်း ထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၁၉၇၃ နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့ဖူးပြီး ၁၉၇၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၈ သန်းဝန်းကျင် ရှိကြောင်း၊ ၁၉၈၃ ခုနှစ်မှာတော့ ၃၈ ရှိသန်း ရှိလာကြောင်း လေ့လာ သိရှိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေကတော့ ၆၀.၉၈ သန်းရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနရဲ့ မှတ်တမ်းများ အရ သိရပါတယ်။

ဧရာဝတီ

အပြည့်အစုံသို့ »

အမည်မသိအမျိုးသားမှ ဈေးဆိုင်အတွင်းဝင်ရောက်ကာ ချွန်ထက်သောအရာဖြင့် ထိုး၍ ဒဏ်ရာရ

၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူ
နေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ်
မြန်မာအမျိုးသားပုံသဏ္ဍာန်၊ အသက်(၅၀)နှစ်ခန့်ရှိ လူတစ်ဦး
ရောက်ရှိလာပြီးအချိုရည်ဗူးနှင့်ကလေးကစားစရာအရုပ်ဝယ်ယူလိုကြောင်း
ပြောဆိုသဖြင့်ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ်
အဆိုပါအမျိုးသားမှကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ
ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်
ပတ်ထားသည့် ချွန်ထက်သောအရာဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း၊
ဒေါ်ခိုင်သဇင်မျိုးမှ သူခိုးဟုအော်ပြီးနောက်မှလိုက်စဉ် ဆိုပါသူမှာ
ခေါင်းရင်း(၃)အိမ်ကျော်ခန့်၌ရပ်ထားသည့် အမှတ်မသိ
ဗင်အဖြူရောင်ယာဉ်ပေါ်သို့တက်ကာမောင်းနှင်ထွက်ပြေးသွားကြောင်း၊
အစ်မဖြစ်သူဒေါ်မြင့်မြင့်ရှိန်တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ၀ဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့
ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေရသောကြောင့် ဒေါ်ခိုင်သဇင်မျိုးမှ
စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း
(ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်
ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အပြည့်အစုံသို့ »

ဆီးဂိမ်းနဲ့ အာဆီယံဥက္ကဋ္ဌနီးလာတော့ ငြိမ်းချမ်းရေးကို အဖြစ်သဘောနဲ့ လုပ်ချင်လာတယ်လို့ ခံစားရတယ်


ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်နှင့်တွေ့ဆုံခြင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်နိုင်ရန် အစိုးရနှင့် ကေအိုင်အိုအလုပ်အဖွဲ့(TAT) အချင်းချင်း စက်တင်ဘာလအတွင်း ဆက်တိုက်တွေ့ဆုံသွားမည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်များက ပြောကြားနေချိန်မှာပင် ကချင်ပြည်နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ကုလအထူးအကြံပေး မစ္စတာဗီဂျေနမ်ဘီးယား လိုင်ဇာတွင် ကေအိုင်အိုထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့်နေ့မှာပင် ညပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သော မချမ်းဘောမြို့နယ် အင်ခါဂါကျေးရွာ ဒေသခံတစ်ရာကျော်မှာလည်း တောထဲသို့ တိမ်းရှောင်နေရပြီး စက်တင်ဘာ ပထမပတ်အထိ အကူအညီပေးရေးအဖွဲ့များ သွားရောက်ခေါ်ယူခွင့် မရသေးပေ။ ကချင်အရေးနှင့်စပ်လျဉ်း၍ စစ်ဘေးရှောင်ဒုက္ခသည်များအား စောင့်ရှောက်နေသော ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် ရန်ကုန်မြို့သို့ရောက်ရှိနေခိုက် 7 Day News မှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး-ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာတွေနဲ့ပတ်သက်ပြီး ဆရာ့အမြင်ပြောပြပေးပါဦး။ ဒီလထဲမှာ အလုပ်အဖွဲ့(TAT) အချင်းချင်း ဆက်တိုက်တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
ဖြေ- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာချိန်မှာလည်း ထူးခြားတာမတွေ့ရဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိပုံလည်းမရဘူး။ ပြောပုံအရ ဆုံးဖြတ်ခွင့်မရှိတာလား၊ တစ်ခုခုကြိုးကိုင်မှုအောက်မှာ သွားနေတဲ့ပုံစံမျိုးပဲတွေ့ရတယ်။ အောက်တိုဘာလမှာ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်ဖို့ ပြောတယ်။ ဖြစ်မလို၊ ဖြစ်မလိုနဲ့ KIO ကတော့ TAT က စနစ်တကျ ဘာပြီးရင်ဘာလုပ်မလဲ။ မူဝါဒချပြီး တိတိကျကျလုပ်ပြီး ဖွဲ့စည်းရတယ်။ အဲဒီလိုအစီအစဉ်မချနိုင်သရွေ့ အောက်တိုဘာလမှာ တစ်ပြည်လုံး အပစ်အခတ်ရပ် လက်မှတ်ထိုးဖြစ်ရင်လည်း ကေအိုင်အိုပါမယ်မထင်ဘူး။ ဘာကြောင့်လဲဆိုရင် ကေအိုင်အိုကလည်း အမြဲတမ်းပြောနေတာပဲ။ ဒီကြားထဲမှာ ပီပီပြင်ပြင်ဆွေးနွေးဖို့ ဘာမှမရှိသေးတဲ့ အခြေအနေမျိုး။ အပစ်အခတ်ရပ်စဲရေးထိုးရုံနဲ့ ပီပြင်ပြီဆိုတာ မဟုတ်သေးဘူးပေါ့။ ဆီးဂိမ်းနဲ့ အာဆီယံဥက္ကဋ္ဌ နီးလာပြီဆိုတော့ အဖြစ်သဘောနဲ့ လုပ်ချင်တဲ့ သဘောရှိတယ်လို့ ခံစားရတယ်။ အဆီအနှစ်တော့ရှိမယ်မထင်ဘူး။ လေးလေးနက်နက် စနစ်တကျဖြစ်ဖို့ လိုအပ်တယ်။ ပြီးရင် အစိုးရက နှုတ်နဲ့အလွတ်သဘောမျိုး ကမ်းလှမ်းတာများတယ်။ ကေအိုင်အိုကစာနဲ့ လေးလေးနက်နက်မျိုး တရားဝင်လိုချင်တယ်။ ဒီလိုအခြေအနေမျိုး။ ဒီတော့ တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်သလိုမျိုး မှားတာနဲ့ဖြစ်ပြီ နှစ်ဖက်အကြောင်းပြချက်က ဒီလိုဖြစ်နေတာ။ တစ်ခုရှိတာ တိုင်းရင်းသားတွေလိုချင်တဲ့ အခွင့်အရေးပေးတယ်ဆိုရင် ဒီနေ့လည်း ဖြစ်နိုင်တယ်။ တစ်ရက်၊ တစ်မိနစ်အတွင်း ဖြစ်နိုင်တယ်။ မဟုတ်ဘဲ ပေါ်လစီအရလုပ်ရင် ဦးအောင်မင်းတို့ရဲ့လိုချင်တဲ့ ဆန္ဒပဲဖြစ်လိမ့်မယ်။ KIO က လေးလေးနက်နက်စဉ်းစားပြီးမှ ပါဝင်မယ်မြင်တယ်။

မေး-ပန်ဝါ၊ မချမ်းဘောဘက်မှာ ပြန်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေပေါ်ရော ဘယ်လိုထင်မြင်ယူဆမိပါသလဲ။
ဖြေ- NDAK တို့ ပြည်သူ့စစ်တို့နဲ့ တိုက်ပွဲပြန်ဖြစ်တယ်။ အချင်းချင်း ပြန်တိုက်သလိုဖြစ်နေတယ်။ ဒါကို ရှောင်ကြမယ်ထင်တယ်။ အခုကြားရတာ ကေအိုင်အေနေရာကို တပ်ကထိုးစစ်ဝင်လို့ ဖြစ်ရတဲ့ အခြေအနေလို့ သိရတယ်။ နောက်မှာ အစိုးရပါတယ်။ အချင်းချင်းပြန်ဖြစ်စေတဲ့ သဘောပဲ။ ဆွေးနွေးပွဲဆိုပေမယ့် တိုက်ပွဲတွေဖြစ်နေတယ်။ ဘယ်ပြည်သူယုံမလဲ။ ဒီအခြေအနေမှာ ကေအိုင်အိုက သွားဆွေးနွေးရင် ပြည်သူတွေကဆဲမှာ။ ဒီလောက် ထွက်ပြေးဒုက္ခရောက်နေကြတာ။ မင်းတို့က ငြိမ်းချမ်းရေးသွားပြောနေတယ်ဆိုပြီး ဆဲကြမှာပေါ့။ မေလက တပ်ပိုင်းဆိုင်ရာ သီးသန့်ဆွေးနွေးခဲ့ကြတယ်။ အပစ်အခတ်လျှော့ချရေး သဘောတူညီချက်ပေါ့။ ကေအိုင်အိုက အလွတ်သဘောတွေ့ချိန်မှာ တပ်တွေဆုတ်ပေးဖို့ စာရင်းပေးတယ်။ ဒါပေမဲ့ အခုထိ အကောင်အထည်မဖော်ဘူး။ ဒါ့အပြင် တပ်တွေထပ်တိုးတာ ပြည်သူကတွေ့တယ်။ ပြည်သူတွေတွေ့တာက အင်အားတိုးချဲ့နေတာပဲ။ ဒီတော့ယုံကြည်မှုအားနည်းစေတယ်။

မေး-စစ်ဘေးရှောင်ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီးတော့လည်း သုံးသပ်ပေးပါဦး။ အခု ဒုက္ခသည်အရေအတွက် ဘယ်လောက်ရှိမလဲ။ မေလသဘောတူညီချက်မှာလည်း ပြန်လည်နေရာချထားဖို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မယ်လို့ ပါပါတယ်။
ဖြေ-အားလုံး တစ်သိန်းကျော်ရှိတယ်။ စခန်း ၁၂၀ ကျော်တယ်။ လျော့သွားတာက ဖားကန့်မှာပဲရှိတယ်။ အခုမချမ်းဘောဘက်မှာဆိုရင် အရေအတွက်နည်းပေမယ့် သူတို့ဒေသရဲ့ ခံစားရတာတွေက အများကြီးပဲ။ ပြန်နေရာချထားဖို့လည်း ညှိနှိုင်းဆောင်ရွက်တာမရှိဘူး။ ပထမတစ်ကြိမ် မြစ်ကြီးနားမှာနေရာချဖို့ တန်ဖိုးနည်းအိမ်ရာတွေမှာပေါ့။ ဒီအတွက် ကိုယ့်နေရပ်တွေကို အပြီးစွန့်ခွာကြောင်း လက်မှတ်ထိုးခိုင်းတယ်။ တန်ဖိုးနည်းအိမ်တွေလိုချင်ကြောင်း လက်မှတ်ထိုးရတယ်။ အိုင်ဒီပီတွေက ဘယ်သူမှသွားမနေဘူး။ အခုတစ်ခါ ၃၅ သိန်းတန် အိမ်ရာတဲ့ လုပ်ပြန်ပြီ။ ဘာတွေဖြစ်ဦးမလဲ မသိဘူး။ အိုင်ဒီပီတွေ ဆန္ဒမပါဘဲဆိုရင် သိန်း ၁၀၀ တန်ပေးလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ အိုင်ဒီပီတွေက ကိုယ့်နေရပ်ပဲပြန်ချင်ကြတာ။ ပြီးရင် သူတို့က လိုင်ဇာဘက်က အိုင်ဒီပီတွေကိုကြည့်နေတာ။ ဟိုဘက်ကမလှုပ်ရင် သူတို့လည်းမလှုပ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် စိတ်မချလို့၊ မယုံသေးလို့။ အခြေအနေကို နှစ်ဖက်မညှိနှိုင်းဘဲတော့ မဖြစ်နိုင်ဘူး။ ပြီးရင်နေရပ်တွေကိုပြန်။ အခြေချဖို့ အချိန်ယူရမယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ကချင်တွေက စုစုစည်းစည်းနဲ့ ၀ိုင်းလုပ်တတ်ကြတော့ သူတို့ကို နေရပ်တွေမှာ ပြန်အခြေကျအောင် လုပ်ပေးနိုင်ဖို့က တကယ်တော့ သိပ်တော့မကြာနိုင်ပါဘူး။

မေး-ဒီနေ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လွှတ်တော်ရဲ့ပါဝင်တဲ့အခန်းကဏ္ဍကိုရော ဘယ်လိုမြင်မိပါသလဲ။
ဖြေ-လွှတ်တော်ထဲရောက်နေတဲ့ အမတ်တွေက ပါတီနိုင်ငံရေးပဲ ဦးစားပေးတဲ့သဘော။ အားလုံးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ခုထိပြောတာမရှိသေးဘူး။ IDPS အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြောတာနည်းနည်းပါးပါးပဲ ကြားရတယ်။ လိုလိုလားလားနဲ့ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ပြောဆိုတာမတွေ့ရသေးဘူး။

မေး-ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်မှုအခန်းကဏ္ဍနဲ့ပတ်သက်လို့ ဘာများမှတ်ချက်ပြုလိုပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ဖိတ်ခေါ်လို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်သွားမယ်လို့ ပြောထားပါတယ်။
ဖြေ-တိုင်းရင်းသားတွေအတွက် ၀မ်းနည်းစရာပေါ့။ အားလုံးမျှော်လင့်ထားကြတဲ့ ခေါင်းဆောင်တစ်ယောက်က လွှတ်တော်ထဲဝင်မှ လွှတ်တော်စကားပဲပြောတော့တယ်။ အရင်ကလို ရဲရဲတောက် အမှန်တရားတွေ မပြောတော့ဘူး။ တိုင်းရင်းသားအရေးသက်သက် ပြောဆိုတာမရှိတော့ဘူး။ ယေဘုယျခြုံပြောတာပဲရှိတယ်။ လွှတ်တော်ရဲ့လူပဲဖြစ်သွားတယ်။ တိုင်းရင်းသားတွေက မခံစားနိုင်ကြဘူး။

ကချင်ဆို ပြောစရာအများကြီးရှိတယ်။ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်းက ကချင်မှာစည်းရုံးပြီး ကချင်ဦးထုပ်ဆောင်းပြီး ကချင်စလွယ်နဲ့ စည်းလုံးရေးဓာတ်ပုံရိုက်ခဲ့တယ်။ ကချင်ပါဝင်လာလို့ ပြည်ထောင်စုရှိလာတဲ့သဘော ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်က ကချင်ကို တော်တော်ဦးစားပေးတယ်။ တခြားကိုသွားရင်လည်း သက်သက်ပေါ့။ ကချင်မှာတော့ ဗိုလ်ချုပ်က ဒီဂရီအဆုံးစည်းရုံးနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုကချင်အရေးကို ဘာမှမဟုတ်သလို လျစ်လျူရှုထားတာ တိုင်းရင်းသားတွေ ၀မ်းနည်းမှု၊ သူရဲ့ကျဆုံးမှုလို့ပဲ ထင်မြင်မိတယ်။ သူ့ကို ၈၈ ကနေ ရဲရဲ့ဝံ့ဝံ့အာဏာရှင်ကို တော်လှန်ရဲတဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့တာ မြန်မာကိုကယ်တင်မယ့် ဒီမိုကရေစီကို ဦးဆောင်မယ့် ခေါင်းဆောင်လို့ ယုံကြည်ခဲ့တာ။ သူမြစ်ကြီးနား ရောက်ချိန်မှာလည်း တစ်စားပွဲတည်းထမင်းစားချိန်မှာ မေးဖူးတယ်။ တိုင်းရင်းသားအရေးကို ဘယ်လိုမြင်လဲပေါ့။ သူက ကျွန်မအနေနဲ့ စောသေးတယ်ပြောတယ်။ နောက် သူက IDPS နဲ့ ပတ်သက်လို့ အလှူငွေတော့လှူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တွေးမျှော်လင့်တာက ပိုက်ဆံမဟုတ်ဘူး။ ကိုယ်တိုင်ဒုက္ခသည်တွေကို အားပေးတာမျိုးလိုချင်တာ။ သူမလုပ်ခဲ့ဘူး။ အခုလည်း သူ့ရဲ့တိတ်ဆိတ်နေမှုများလာတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ပျက်ကွက်နေသလိုခံစားရတယ်။ နိုဗယ်ဆုဘယ်လောက်ပေးပေး။ အပြင်က လူတွေအထဲမှာ ဖြစ်နေတာ မမြင်ရဘဲပေးတာ။ အထဲကလူတွေခံစားချက်က သူကငြိမ်းချမ်းရေးကို ပြည်တွင်းမှာ မလုပ်နိုင်တော့ဘူးလို့ ခံစားမိလာရတယ်။ ရခိုင်၊ ကချင်၊ လက်ပံတောင်းမှာ သူရဲ့ရဲရဲတောက်ကဏ္ဍ မရှိတော့ဘူး။ ပြီးရင်တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့လည်း ဘာမှမလုပ်နိုင်သေးဘူးဆိုတာ တွေ့ရတယ်။ ကချင်မှာ ဘရန်ရှောင်ကိစ္စကိုပဲကြည့်။ တရားဥပဒေ စိုးမိုးမှုလုံးဝမရှိတာ သက်သေပဲ။ တပ်က တရားဥပဒေအပေါ်မှာ ရှိနေတယ်ဆိုတဲ့ အထောက်အထားပဲ။ ဒါတွေကြည့်ရင် သူကငြိမ်းချမ်းရေးကိုရော ပီပီပြင်ပြင်မလုပ်နိုင်တော့ဘူးလို့ ထင်မိတယ်။

မေး-ငြိမ်းချမ်းရေးအမြန်ရရှိဖို့ အစိုးရကိုရော ဘာများအကြံပြုတိုက်တွန်း ပြောချင်ပါသလဲ။
ဖြေ-မြန်မာ့ဒီမိုကရေစီရေးမှာ တိုင်းရင်းသားအရေးမပါဘဲ မပြီးနိုင်ဘူး။ အခုလက်နက်စွဲကိုင်နေတာ။ အားလုံးတိုင်းရင်းသားတွေပဲ။ တိုင်းရင်းသားတွေက မရှိတာကို တောင်းနေတာမဟုတ်ဘူး။ ရှိပြီးသားကိုတောင်းတာ။ စိတ်သဘောထားကြီးစွာ လိုက်လျောလိုက်ရင် ပြေလည်သွားနိုင်တယ်။ အစိုးရအနေနဲ့လည်း တိုင်းရင်းသားတွေကို ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့မဟုတ်ဘဲ စုံစုံညီညီတွေ့ဆုံပြီးမှ မင်းတို့လိုချင်တာ ဒါပဲဆိုရင် ပြီးသွားမှာ။ အခုက ကချင်ဝန်ကြီးချုပ်က ကချင်။ ဒါပေမဲ့ ပြည်သူဆန္ဒနဲ့ မဲပေးထားတဲ့ ခေါင်းဆောင်မဟုတ်ဘူး။ အစိုးရက တိုင်းရင်းသားတွေ တောင်းနေတဲ့ မူလအခွင့်အရေးတွေပေးရင် ရိုးရိုးသားသားဉာဏ်နီဉာဏ်နက်မပါဘဲ သဘောထားကြီးကြီးနဲ့ Power Sharing လုပ်လိုက်ရင် ပြည်ထောင်စုကြီး ငြိမ်းချမ်းမယ်လို့ ယုံကြည်တယ်။ ဒီလိုပဲ တိုက်တွန်းချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- အောင်ခိုင်
7Day News Journal

အပြည့်အစုံသို့ »

ကမ္ဘာကို စိုးရိမ်မှူပေးလိုက်တဲ့ ဘေဂျင်း ၂၀၀၈ ပန်းချီကား


တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။

ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်းရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။
ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။

မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကိုဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။

ရွှေသတင်းသစ်


အပြည့်အစုံသို့ »

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်သည့် Day Club အား စစ်ဆေးကာပိတ်သိမ်း

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၁၅)တွင် (Black & White)အမည်ဖြင့် Day Club ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက်အရွယ် ကျား/မ လူငယ်များ အရက်သေစာ
သောက်စားကာ ဆူညံစွာကခုန်လျက်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများစိတ် အနှောက်အယှက်ဖြစ်ရကြောင်း၊
Club မှထွက်လာသည့် လူငယ်များသည် မူးယစ်နေကြ၍ ယာဉ်များအား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း သတင်းရရှိသဖြင့် ၉.၉.၂၀၁၃ ရက်နေ့
၁၆၀၀ အချိန်တွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်နှင့်ပတ်သက်သည့် ယစ်မျိုးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ဗီဒီယိုလိုင်စင်များ မရှိသဖြင့် ၁၀.၉.၂၀၁၃ရက်နေ့
၁၀၀၀ အချိန် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်
ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင်အားခေါ်ယူ၍ ယစ်မျိုးရောင်းချခြင်း၊
Day & Night Club ဖွင့်လှစ်ခြင်းတို့မပြုရန်၊ ဆိုင်အားပိတ်ထားရန် ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အပြည့်အစုံသို့ »

မချမ်းဘောက လခရ ၁၃၇ အင်အား ၁၄ ယောက် ကို KIA အင်အား အယောက် ၃၀ ကျော် လောက်က ဆွဲမိုင်းနဲ့ ဆွဲ ပြီးတော့ တိုက်ခိုက်


ပူတာအို ခရိုင် ထဲမှာ KIA က ဆက်ကြေးကောက် တာကို သတင်းရ လို့ မချမ်းဘောက လခရ ၁၃၇ လိုက် သွား တဲ့ တပ်မှ အင်အား ၁၄ ယောက် ကို KIA အင်အား အယောက် ၃၀ ကျော် လောက်က ဆွဲမိုင်းနဲ့ ဆွဲ ပြီးတော့ တိုက်ခိုက် ခဲ့ကြ ပါတယ်...

ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲ က ၂ ခါဖြစ် ခဲ့ပြီး နေ့ခင်းဘက် မှာ ၃ ယောက် ကျဆုံး သွားခဲ့ကာ ညဘက် အ နီး ကပ် ထပ်ဖြစ် တဲ့ တိုက်ပွဲ မှာတော့ လိုက်သွား ခဲ့တဲ့ စစ်တပ် ဘက်မှ လူစုတွေ ကွဲသွားခဲ့ပြီး... လူ စု ကွဲ သွားတဲ့ အရာရှိ ကို KIA မှ ဖမ်းမိ သွား ခဲ့ ပါတယ်... အဖမ်းခံ ခဲ့ရတဲ့ အရာရှိ ( ဗိုလ်ဇော်မျိုး ထက် ) ကို ဒဏ်ရာ ရနေတဲ့ အဖမ်းခံ ထားရတဲ့ ရဲဘော် တွေရှေ့မှာ ဗိုက်ခွဲ ခေါင်းဖြတ် ကာ ဗိုက် ထဲ ခေါင်းထည့်ပြ ပြီးတော့ ရဲဘော်တွေ ကိုပါ သတ်ခဲ့ ပါတယ်...

တိုက်ပွဲမှာ ကျဆုံး သွားတဲ့ အရာရှိ ကတော့ အပတ်စဉ် ၅၂ မှ ဖြစ်ပြီး မိဘများ ကတော့ ရန်ကုန်က ပါ .. အခု သား ကို ရိုးရိုးတိုက်ပွဲ ကျသွားတယ် လို့ပဲ သိရှိထားတဲ့ မိဘတွေကတော့ တပ်ကို လိုက် သွား ကြပြီ လို့ သိရှိရပါတယ်...

( ကျန်ရစ်သူ မိသားစု များနှင့် ထပ်တူ ၀မ်းနည်းကျေကွဲလျှက် )

သွေးသစ္စာ

( မှတ်ချက် - ပုံ ကတော့ ကချင်ပြည်နယ် ရှေ့တန်း တစ်နေရာမှာ ကျဆုံး သွားကြတဲ့ တပ်မတော် သား ၂ ယောက် ရဲ့ပုံပါ )

Golden Land Myanmar

အပြည့်အစုံသို့ »

တရားမဝင်ကုန်သွယ်မှုများ ထိန်းချုပ်ခြင်းသည် အခွန်ရရှိဖို့သာဖြစ် ကုန်သည်များအား ဖိနှိပ်ရန်မဟုတ်


တရား မဝင်ကုန်သွယ်မှုများ တားဆီးထိန်း ချုပ်ခြင်းမှာ ဘဏ္ဍာအခွန်ရရှိဖို့ သာဖြစ်ပြီး ကုန်သည်များအား ဖိနှိပ်တားမြစ်ရန်မဟုတ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာဦးစီးဌာနမှ သိရသည်။
''မှောင်ခိုပပျောက်အောင် လုပ်တာပဲ ဘယ်လိုလူမျိုး၊ ဘယ် လိုတင်သွင်းမှုမျိုးကိုမဆို မမှန် မကန်လုပ်ရင် ဖမ်းဆီးဖို့ လုပ်သွား မှာပါ''ဟု ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ကာကွယ် ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးဦးတင်ရဲဝင်းက ပြောသည်။
ပြည်တွင်းရှိ အခွန်နှုန်းထား များအား သက်ဆိုင်ရာဌာနဆိုင်ရာ များမှ ရာခိုင်နှုန်း ၁၀ဝတွင် ငါး ရာခိုင်နှုန်းသာ ကောက်ခံထားပြီး အကောက်ခွန်နှုန်းထားများ မြင့် နေသော ကုန်ပစ္စည်းများရှိပါက တရားဝင်ပြောကြားနိုင်ကြောင်း ယင်းက ပြောသည်။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ ပြု လုပ်ခွင့်ရသည်များကို လုပ်ထုံး လုပ်နည်းများအရ လုပ်ဆောင် သွားပါက ပြည်တွင်းရှိ တရားဝင် ကုန်သွယ်မှုလုပ်ကိုင်နေသော ကုန် သည်များအတွက် အကာအကွယ် ပေးနိုင်ကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းမြိုင် က ပြောသည်။
ယင်းက ''ကိုယ့်လုပ်ခွင့်ရ တဲ့ တစ်ပဲသားကိုပဲ ပိုင်ပိုင်နိုင်နိုင် လုပ်မယ်ဆိုရင် နိုင်ငံတကာနဲ့ ကုန် သွယ်မှုတွေပြုလုပ်တဲ့အခါမှာ လဲ အကျိုးရှိနိုင်တယ်''ဟု ပြော သည်။
မြန်မာနိုင်ငံအတွင်း တရား မဝင် ကုန်ပစ္စည်းများအား တား ဆီးထိန်းချုပ်မှုများ ပြုလုပ်နေ သော်လည်း ပြည်တွင်း၌ မှောင်ခို ဈေးကွက်မှာ လျော့ကျသွားရန်အ တွက် အကောက်ခွန်နှုန်းထားများ လျှော့ချပေးသင့်ကြောင်း သွင်း ကုန်ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူ ဦးမျိုးလှိုင်ဆွေက ပြောသည်။
ယင်းက ''ကုန်သည်တွေက အခွန်မတတ်နိုင်လို့ မှောင်ခိုသွင်း ကြတာ၊ ကုန်သည်တွေကိုဖမ်းဖို့ ထက် အခွန်လျှော့ပေးလိုက်ရင် မှောင်ခိုမရှိနိုင်တော့ဘူး''ဟု ပြော သည်။
တရားမဝင်ကုန်သွယ်မှု များကို စက်တင်ဘာ ၁၆ရက်တွင် ပို့ကုန်သွင်းကုန်ဥပဒေ ၂၀၁၂နှင့် တခြားတည်ဆဲဥပဒေများဖြင့် ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ပြီး ကန့်သတ်တားမြစ်ထား သည့် ကုန်ပစ္စည်းများ၊ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို သွင်းကုန်ပို့ ကုန်ဥပဒေ ၂၀၁၂ဖြင့် အရေးယူ ၍ ကျန်သည့်ပို့ကုန်၊ သွင်းကုန် အလွဲ၊ အမှား၊ အပိုများကို ပင် လယ်ရေကြောင်းအကောက်ခွန် ဥပဒေနှင့် အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။
Yangon Media Group

အပြည့်အစုံသို့ »