ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်အား စကေဘာဖြင့်ထိုးကာထွက်ပြေးတိမ်းရှောင် နေရာမှ ၎င်းကိုယ်တိုင်လာရောက်အဖမ်းခံ


၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊
တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/----ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့သည်ကို ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၅၃၀အချိန်တွင် ပြန်လည်ရောက်ရှိလာပြီး အသင့်ယူဆောင် လာသော
စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက်သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သားလွင်မျိုးအောင်တွင် ၀ဲဘက်ခါးထိုးသွင်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးမှ ခင်မောင်ဌေးအား အရေးယူပေးရန်တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း
(ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်
ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ခင်မောင်ဌေး(ဘ)ဦးမောင်မောင်၊(၇၁)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၁၂.၉.၂၀၁၃ ရက်နေ့ ၁၁၀၀အချိန်
တွင် ၎င်းကိုယ်တိုင် ဒဂုံတောင်မြို့မရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတဆင့် တာမွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်
ခဲ့၍ အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အပြည့်အစုံသို့ »

New Worth Myanmar web and mobile development မှ Android Developer ၃ ဦး ခေါ်ယူပါသည်။

Newworth Company မှ အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီသော ဝန်ထမ်းများကို ခေါ်ဆောင်လျှက်ရှိပါသည်။ လိုအပ်သော အရည်အချင်းများမှာ -

Key responsibilities for an Android Developer Java/ Android apps / OOP include developing and building apps for global brands. As part of a larger development team, you will be a key member of the team to build a portfolio of apps in the Android Market.

As an Android Developer Java/ Android apps / OOP, you will have the following skill set:
- Excellent Java skills with good knowledge of the Android SDK
- above one year experience in commercial and demonstrable experience in developing Android apps
- Good understanding of algorithms & algorithmic complexity analysis, and data structures
- Object-oriented programming / OOP
- Has a clear understanding of the technical delivery lifecycle

how to apply
Interest candidate may apply to our email ([email protected]) attached with your CV file before 30/Sept/2013
Note: describe your expected salary.
WEBSITE : Newworth Myanmar Web and Mobile Development


အပြည့်အစုံသို့ »

ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတ်ာတဲ့။




ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
ဇတ်လမ်းက ဒီမှာစတော့တာ
ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေတုန်း တရားနာနေတဲ့ ရှေ့ဆုံးက
အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့
မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။ အမျိုးသမီးကြီးဟာ ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ်တိုက်ဆွဲပြီး
အပြင်ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။
တရားဟောနေတဲ့ ဆရာတော်က နင်ဘယ်သူတုန်း၊ ဒီဘက်ကိုလှည့်စမ်း ဆိုလည်း မျက်နှာကိုလုံးဝမပြတော့ဘူးတဲ့၊ အပေါက်ဝဘက်ကိုဘဲ သွားဖို့ကြိုးစားနေတယ်တဲ့။
ဆရာတော်က အသံမာမာနဲ့ဟိန်းဟောက်ပြောတော့မှ ဆရာတော်ဘက်ကိုလည့်လာ
တယ်တဲ့။မျက်နှာကိုတော့ လုံးဝမပြဘူးတဲ့။ဆရာတော်က နင်ဘယ်သူတုန်း၊
နင်ဘာဖြစ်နေတာတုန်းလို့မေးတော့မှ ဘလုံးဗထွေးလေသံနဲ့ ဈေးမှာနေတဲ့
သူရဲမပါ။သူတို့မှာနေစရာမရှိလို့နေစရာပေးပါ။ ဒီဈေးမှာသူတို့ခြောက်ယောက်
ရှိတယ်။သူတို့ကိုအုပ်ချုပ်တဲ့သူရဲကြီးက နေစရာမပေးလို့သွားစရာမရှိပါဘူး။
နေစရာပေးပါ၊ လူတွေကို ဘာမှမလုပ်ပါဘူးလို့ပြောတယ်တဲ့၊
ဆရာတော်က ဒါဆို အပေါ်ဆုံးထပ်ခုနှစ်လွှာမှာနေဆိုပြီး နေရာပေးလိုက်တယ်တဲ့။ ခုနှစ်လွှာကတော့ လူမနေပါဘူး၊ ပစ္စည်းတွေထားတဲ့ ဂိုတောင်တွေဘဲရှိတာပါ။
ကြားရတာ တမျိုးကြီးဘဲဗျာ ဒီခေတ်ကြီးထဲမှာ ဒီလိုတွေရှိနေတယ်ဆိုတာ
မယုံချင်ပေမယ့် အခုအဖြစ်အပျက်ကြီးက ဒီနေ့ဒါကယ်ဖြစ်တာဆိုတော့ ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး......။

From: Kokyaw Swarwin
Myawady News

အပြည့်အစုံသို့ »

သမီး ရေချိုးတာကို ဖုန်းနဲ့ ဗီဒီယို ခိုးရိုက်တဲ့ ပထွေး


စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ်အရွယ် မယားပါသမီး ရေချိုးနေတာကို လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ခိုးရိုက်ကူးထားခဲ့ကာ ထိုဖုန်းမှတဆင့် thumbdrive ထဲကို အသက်(၃၄)နှစ်အရွယ် ပထွေးတော်စပ်သူ ထိုအမျိုးသားက download လုပ်ခဲ့ပါတယ်။


တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး၏မိခင်)က အကြောင်းကြောင်းဖြင့် ထို thumbdrive ကို ဖွင့်ကြည့် မိရာမှ ထိုထဲမှာရှိနေသည့် သမီးဖြစ်သူ၏ ရေချိုးခန်းမှတ်တမ်းကို တအံ့တသြ မြင်လိုက်ရ သည့် အတွက် တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ၏ အကြံပေးချက်အတိုင်း ယင်း အဖြစ်ကို ရဲတိုင် ခဲ့တာဖြစ်ကြောင်း သိရသည်။


၂၀၁၀ ခုနှစ် အောက်တိုဘာလက ကျူးလွန်ခဲ့သော ထိုပြစ်မှုအတွက် ပထွေးဖြစ်သူအား ထောင်သုံးလကျခံ စေရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


From : .... New Myanmar News

အပြည့်အစုံသို့ »

ဒေသခံများကို ဖိလစ်ပိုင်မွတ်ဆလင်သူပုန်များ လူသားဒိုင်း အကာအကွယ်ယူ



ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပြင်းထန်သောတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်က သူပုန်များကို ရင်ဆိုင်ရန် နေရာယူထားစဉ် သူပုန်များက ဒေသခံ ၁၈၀ ကို လူသားဒိုင်းအဖြစ် ကာကွယ် အသုံးပြုထားကြောင်း အစိုးရအရာရှိများကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။

သူပုန်အင်အားစုများမှာ မိုရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး (MNLF) အဖွဲ့ ဖြစ်ပြီး မြို့တော်ဇမ်ဘိုအန်ဂါ၏ လမ်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖိလစ်ပိုင်ကမ်းတက် တပ်ဖွဲ့များက ပြန်လည်နှိမ်နင်းနေရသည်။

"ကျွန်တော်တို့ စိုးရိမ်ကြောက်လန့် မိပါတယ်။ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း ပြန်လုပ်နိုင်အောင် ဒီပြဿနာကြီး မြန်မြန်ပြီးသွားဖို့ လိုပါတယ်" ဟု ဒေသခံ တစ်ဦးဖြစ်သူ အက်ဒ်လာဂွါတန်က ဆိုသည်။
"မြို့ကိုတက်လာတဲ့ သူပုန်တွေကို တွေ့လိုက်ပါတယ်။ သူတို့ပုံက အသေခံပြီး တိုက်တော့မယ့်ပုံမျိုးပါ" ဟု ၄င်းဒေသခံက ပြန်လည်ပြောပြသည်။

ဖိလစ်ပိုင်ကမ်းတက်တပ်ဖွဲ့က မိုရိုသူပုန်ကိုးဦးကို တန်ပြန်စစ်ဆင်ရေးတွင် အသေဖမ်းမိခဲ့ကြောင်း ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်မှူးကြီး ဂရီဂိုရီဖာဗစ်က AFP ကို ပြောကြားခဲ့သည်။

လူအင်အားနှစ်ရာနီးပါးရှိသော မိုရိုသူပုန်များကို ဖိလစ်ပိုင်အထူးတပ်ဖွဲ့ဝင် ၁၅၀၀ခန့်က ဝိုင်းထားပြီးဖြစ်ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်သူ ဗိုလ်မှူးကြီးရာမွန် ဇာဂါလာက အတည်ပြုပေးထားသည်။

သူပုန်များဘက်ကလည်း တန်ပြန်ခုခံရန် အဆင်သင့်ရှိပါကြောင်း မိုရိုသူပုန် ပြောခွင့်ရပုဂ္ဂိုလ်က ပြည်တွင်းသတင်း ရေဒီယိုတစ်ခုကို ဖြေကြားခဲ့သည်။

အာဏာပိုင်များအနေနှင့် သူပုန်များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားကြောင်း ပြည်ထဲရေးဝန်ကြီး ရိုဆက်က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

ဒေသခံ ၁၈၀ ခန့်ကို သူပုန်များက ဓားစာခံများကို မနုဿဒိုင်းအဖြစ် ကာထားပြီး အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကို ကာကွယ်ထားသည် ဟုလည်း ၄င်းကဆိုသည်။

မိုရိုမွတ်ဆလင်သူပုန် များသည် ကက်သလစ်ဘာသာဝင် များသော ဖိလစ်ပိုင် နိုင်ငံတွင် တောင်ပိုင်းဒေသကို လွတ်လပ်ရေး ပေးရန်အတွက် ရည်ရွယ်ပြီး လက်နက်ကိုင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
The Voice Weekly

အပြည့်အစုံသို့ »

ရွှေမြင့်မိုရ် စတိုးဆိုင်တွင် ဈေးဝယ်ဟန်ဆောင်၍ ဆိုင်ရှင်ကို ဓားဖြင့်ထိုး

တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းမပေါ်ရှိ ရွှေမြင့်မိုရ် စတိုးဆိုင်တွင် မျက်နှာစိမ်း အမျိုးသားတစ်ဦးက ဈေးဝယ်ဟန်ဆောင်၍ အသက် ၅၀ အရွယ် ဆိုင်ရှင်အမျိုးသမီးကို ဓားထိုးထွက်ပြေးမှု စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဓားထိုးခံရသူ၏ မိသားစုဝင်များထံမှ သိရှိရသည်။

ဒေါ်မြင့်မြင့်ရှိန်နှင့် ဒေါ်ခိုင်သဇင်မျိုးတို့ ညီအစ်မနှစ်ဦး ဖွင့်လှစ်ထားသော ရွှေမြင့်မိုရ် စတိုးဆိုင်သို့ စက်တင်ဘာ ၁၀ ရက်နေ့ည ၉ နာရီခန့်က အသက် ၅၀ ခန့်အရွယ် မျက်နှာစိမ်း အမျိုးသားတစ်ဦးက ရောက်ရှိလာပြီး ကျွဲရိုင်း အချိုရည်နှစ်ဘူးနှင့် ကလေးကစားစရာအရုပ် ဝယ်ယူချင်သည်ဟု ပြောဆိုသောကြောင့် ဒေါ်ခိုင်သဇင်မျိုးက အရုပ်ထားသည့် အခန်းကို မီးဖွင့်ပေးမည်ဟုဆိုကာ ၎င်းက အခန်းတွင်းရှိ ကျွဲရိုင်း အချိုရည်ဘူးကို သွားယူစဉ် အရောင်းကောင်တာတွင် ထိုင်နေသူ ဒေါ်မြင့်မြင့်ရှိန်ကို ယူလာသော ဓားဖြင့်ထိုးခဲ့ကြောင်း ၎င်း၏ မိသားစုများထံမှ စုံစမ်းသိရှိရသည်။

“ဓားက ဘယ်လက်မောင်းကနေ ဂျိုင်းအောက်ကို ဝင်သွားတာ၊ ရင်ဘတ်ကနေ ပြန်ထွက်လာပြီး ရင်အုံကို ပြန်ဖောက်ဝင်သွားတယ်။ ဆရာဝန်တွေက အင်မတန် ကံကောင်းတယ်လို့ ပြောတယ်” ဟု ပြောကြောင်း ဓားဖြင့်အထိုးခံခဲ့ရသူ အသက် ၅၀ အရွယ် ဒေါ်မြင့်မြင့်ရှိန်က ၎င်းတွေ့ကြုံခဲ့ရပုံကို The Voice သို့ ပြန်လည် ပြောကြားသည်။

အဆိုပါ စတိုးဆိုင်ကို ည ၉ နာရီတိုင်း ဆိုင်ပိတ်လေ့ ရှိသော်လည်း တူဖြစ်သူမှာ အဆိုပါ အပေါ်ထပ်တွင် စာသင်ကြားနေသောကြောင့် ဆိုင်ဖွင့်ကာ စောင့်ဆိုင်းနေစဉ် ဓားထိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ထိုးသူက ဆိုင်နှင့် သုံးအိမ်ကျော် အကွာတွင် ရပ်နားထားသော အဖြူရောင် ဗင်ကာတစ်စီးပေါ်တက်ကာ ထွက်ပြေးခဲ့ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ဓားထိုးမှုကို (ပ) ၃၃၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

အပြည့်အစုံသို့ »

တပ်မတော်နှင့် ကေအိုင်အေ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲပြန်ဖြစ်

တိုက်ပွဲများ ရပ်တန့်ထားကာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေသည့် ကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း ဒေသခံများက The Voice သို့ ဆက်သွယ် ပြောကြားသည်။

ယင်းတိုက်ပွဲမှာ တပ်မတော် ခမရ ၅၀၀၅ နှင့် ကေအိုင်အေ တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ် နန်လင်းပါနှင့် မုန်ဒင်ကြား နန်ဖန်ချောင်းအနီးတွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကေအိုင်အို ဘက်က ပြောကြားသည်။

“မနေ့ကတည်းက တိုက်ပွဲဖြစ်နေတာ။ သေနတ်သံတွေ ကြားရတယ်။ တစ်နေကုန်ပဲ။ ဒီနေ့လည်း ပစ်နေတုန်းပဲ” ဟု နန်လင်းပါ ဒုက္ခသည်စခန်းမှ သင်းအုပ်ဆရာ ဦးလဖိုင်လဂျာက ပြောကြားသည်။

ယင်းတိုက်ပွဲ အခြေအနေနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိ မရှိ ကိုမူ ကေအိုင်အေနှင့် တပ်မတော် နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို၏ Technical Team တို့သည် စက်တင်ဘာလအတွင်း တွေ့ဆုံဆွေနွေး ရန် နှစ်ဦးနှစ်ဖက်က ပြောဆိုထားသည်။

ပြီးခဲ့သည် ရက်သတ္တတစ်ပတ် အတွင်းကလည်း ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့ အနီးတွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကမူ တိုင်းရင်းသားများအားလုံး ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို မကြာမီ အချိန်အတွင်း ပြုလုပ်မည်ဟု ၎င်း၏ လစဉ်မိန့်ခွန်များတွင် ထည့်သွင်း ပြောဆိုထားသည်။
The Voice Weekly

အပြည့်အစုံသို့ »