မြန်မာပြည်တွင် စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း





မြန်မာပြည်မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ ကို တင်ပြပေးလိုက် ရပါတယ်။

ကူညီထောက်ပံ့မည့်သူ မရှိခြင်း

ကူညီထောက်ပံ့တယ်ဆိုတာ Entrepreneur များအတွက် မရှိမဖြစ်လို အပ်ပါတယ်။ တစ်နည်းပြောရင် ရင်းနှီးမြှုပ်နှံသူလို့လည်း နားလည်နိုင် ပါတယ်။ နိုင်ငံတကာမှာဆိုရင် Product တစ်ခုကောင်းကောင်း ထုတ်ဖို့ ရေး ဆွဲထားတဲ့ Project ကို ထုတ်ပြပြီး Private Investor ကိုပြရင်ပြမယ်။ သူမှမရလည်း အစိုးရ ဘဏ်တွေဆီ တိုက်ရိုက်သွားပြီး ရှင်းပြတဲ့အခါ အကြောင်းအချက်ခိုင်လုံ ရင် ငွေထုတ်ချေး ပါတယ်။ မြန်မာပြည်မှာလည်း မချေးဘူး မဟုတ်ဘူး။ ချေးပါတယ်။ အစိုးရဘဏ်မှ ငွေတိုးနဲ့ချေးနိုင်ပေမယ့် အဲ့ဒီလို ချေးနိုင်ဖို့ အတွက် အိမ်ဂရန် အပေါင်ထားတာတို့၊ ဟိုလူကပ်၊ ဒီလူကပ် လုပ်ရတာတို့၊ လမ်းကြောင်းရှာရတာတို့ အစရှိသဖြင့် အခက်အခဲ များစွာကြောင့် ကိုယ်တိုင်လည်း အရင်းမထုတ်နိုင်၊ အရင်းထုတ်နိုင် သူကိုလည်း ရှာမတွေ့ ၊ ဘယ်ကနေမှ လည်း ငွေချေး မရနဲ့ နောက်ဆုံးတော့ ဘာမှမလုပ်တော့ပဲ နေလိုက်ကြ ပါတယ်။


အကြံတူ နောက်လူ အသာစောင့်ခြင်း

ရန်ကုန်မှာဆိုရင်ပေါ့။ ရပ်ကွက်တစ်ခုထဲမှာပဲ တစ်ယောက် အင်တာနက် ဆိုင်ဖွင့်တယ်။ တစ်နာရီ ၄၀၀ ကျပ်။ ဆိုင် အင်မတန် ဝင်ငွေကောင်း တာတွေ့တောင် နောက်လူကလည်း မနီးမနားနေရာမှာ အင်တာနက်ဆိုင် လိုက်ဖွင့် တစ်နာရီ ၃၀၀ ကျပ်၊ အဲယားကွန်းအေးအေးဆက်ဆက်လေး လည်း ရှိတော့ ၃၀၀ တန်ဆိုင်ကို သွားကြလေရော။ Web Service ကုမ္မဏီတစ်ခု ဝဘ်ဆိုဒ် တစ်ခုကို ၁၀ သိန်းနဲ့လုပ်တယ်။ အရောင်း အဝယ်ဖြစ်၊ အောင်မြင်တာတွေ့တော့ Website တစ်ခု ၅ သိန်းနဲ့ အခြားသော ဝန်ဆောင်မှုပါ တွဲပေးလိုက်တယ်။ နယ်မြို့ လေးမှာ ဘိလိယက်ခုံဖွင့်တော့ လူလာများပြီး အောင်မြင်တယ်။ နောက်လူက အဲ့ဆိုင်လူစည်တာကြည့်ပြီး အဲယားကွန်းခန်း ဘိလိယက်ခုံဆိုပြီးတော့ ဖွင့်၊ အေးတဲ့နေရာကို လူပိုသွား။ ရွှေဇလပ် အမည်နဲ့ နေကြာစိ ထုတ်။ နောက်ကုမ္မဏီတစ်ခုက ငွေဇလပ် သို့မဟုတ်ရွှေဇလယ် အမည်နဲ့ နေကြာစိ ထုတ်။ အသံတူ ကြောင်းကွဲ လုပ်ပြီး ဈေးလည်း သက်သက်သာသာ လုပ်တော့ သူ ပိုအောင်မြင်တာပေါ့။


နောက်ဆုံးတော့ အကြံတူပေမယ့် နောက်လူက သာသာလို့ သွားပါတယ်။ သာရခြင်း အကြောင်းက ကနဦး တီထွင်ကြံစသူဟာ အိုင်ဒီယာ ဆက်မထုတ်နိုင်ခြင်း နဲ့ Investment ထပ်မထုတ်နိုင်ခြင်း နှစ်ခုပါ။ Idea ထပ်မထွက်တာကတော့ ကိုယ့်အပြစ်မို့ ပြောစရာမရှိပေမယ့် ၁၀ ယောက်စာ Customer အတွက်ပဲ ဝန်ဆောင်မှု ပေးနိုင်သူဟာ အယောက် ၁၀၀ အတွက် မစွမ်းသာသေးပါဘူး။ ဒီတော့ စွမ်းသာတဲ့ လုပ်ငန်းစုတစ်ဖွဲ့က ဆင်တူတွေ လိုက်လုပ်တော့ စွန့်ဦးတီထွင်သူဆိုတာ ပျောက်ခြင်း မလှပျောက်ကုန်၊မွဲကုန် ကြ ပါတယ်။


ခိုင်မာသင့်လျော်သော နည်းဥပဒေ မရှိခြင်း

လုပ်တုန်းကတော့ အဖွဲ့နဲ့ သေချာ တိုင်ပင်ပြီး လုပ်ကြတယ်။ စိတ်ဝမ်းလည်း ကွဲကြရော၊ ပြဲကြရော လူတစ်လူ ငါတစ်မင်းဖြစ်တဲ့အခါ ငွေကြေး အရှုပ် အရှင်းတွေ၊ ထုတ်ကုန်အရှုပ်အရှင်းတွေ၊ အမည်အရှုပ်အရှင်းတွေ အားလုံး ရှင်းရတော့မယ်။ နည်းပဒေများစွာ ရှိပေမယ့် ငွေများသူဘက်က အမြဲနိုင် တဲ့ခေတ်ကို မကျော်လွှားနိုင်သေးတော့ စွန့်ဦးတီထွင်ဖို့ရာ ခက်ခဲ နေ ပါသေးတယ်။ မူပိုင်ခွင့် ပြဿနာ က အကြံတူခြင်း၊ ထောက်ပံ့သူ ရှိမရှိ ပြဿနာအပြင် နည်းဥပဒေ ခေါင်းစဉ်အောက်မှာလည်း အကြုံးဝင်ပါတယ်။ စာရေးဆရာ တစ်ယောက် သူ ကလောင်ထက်လို့ စာအုပ်ထုတ်မယ်ဆိုရင်တောင် အုပ်ရေ ၂၀၀၀ အတွက် သိန်း ၂၀။ ဒါကိုမတတ်နိုင်တော့ ထုတ်ဝေသူရှာ၊ ဒီလိုနဲ့ ဟိုရှာဒီရှာလုပ်ရင်း စာအုပ်သာ ထွက်သွားပေမယ့် အိင်္ကျီသစ်တစ်ထည် မရလိုက်ဘူး။ ထုတ်ကုန်ကောင်းကောင်း ရှိလို့ ကုမ္မဏီထောင်ချင်ပြီ မီဒီယာလား၊ ထုတ်ကုန်သွင်းကုန်လား၊ အစုအဖွဲ့လား ကုမ္မဏီမှတ်ပုံတင်ကြေး၊ အမည်ကြေး၊ ခွင့်ပြုချက်အမိန့် တစ်ဆင့်ပြီးတစ်ဆင့် ကုန်ကျစရိတ်ကလည်း များတော့ စွန့်ဦးတီထွင်သူတို့ ခေါင်းအစားမခံပဲ ထမင်းပဲ ဆက်စားကြ ပါတော့တယ်။ အစိုးရက Entrepreneur များကို မြေတောင်မြောက်ပေးတဲ့ ဥပဒေမျိုးတွေ ချမှတ် ပေးဖို့ လိုအပ်နေပါပြီ။


ပူးပေါင်းလုပ်ကိုင်မှု မရှိခြင်း

သိပ်အဝေးကြီး ရှာတွေးနေစရာ မလိုပါဘူး။ အနီးအနား တိုင်ပြည်များ ကိုပဲ လေ့လာ ကြည့်နိုင်ပါတယ်။ Product တစ်ခုရဖို့အတွက် Unplug မဟုတ်တော့ပဲ Team Work ကောင်းကောင်း တစ်ခု Build လုပ်လို့ ပူးပေါင်း ဆောင်ရွက် သွားကြပါတယ်။ ငွေရှိရင် လုပ်ငန်းတစ်ခုစမယ်။ လိုအပ်တဲ့လူတွေကို ပိုက်ဆံပေးခန့်မယ်ဆိုတဲ့ ငွေရှိသူအချို့ ကြောင့် သူတို့ ကိုယ်တိုင်လည်း Entrepreneur ဖြစ်မသွားသလို သူတို့လက်အောက်မှာ လုပ်တဲ့ သူတွေကလည်း Entrepreneur ဖြစ်မသွားပါဘူး။ လုပ်ငန်းရှင်နဲ့ လုပ်သား ဆက်ဆံရေး level တစ်ခုသာ ဖြစ်သွားပြီး စိတ်ဝမ်းကွဲမှု များကြောင့် စွန့်ဦးတီထွင်မှုတွေ ပျောက်ဆုံး သွားပါတယ်။ အလုပ် တစ်ခုကို ရပြီဆိုရင်လည်း အဖွဲ့လိုက် ဝိုင်းလုပ်တာထပ် တစ်ယောက်တည်း လက်စွမ်းပြမယ်ဆိုတဲ့ အတွေးရှိသူ များကလည်း ခရီးပန်းတိုင်တစ်ခု ကို တော်တော်နဲ့ မရောက်ပါဘူး။ စည်းစည်းလုံးလုံး ပူးပေါင်း လုပ်ကိုင်မှု မရှိခြင်း ကလည်း Entrepreneur များကို ပျောက်ကွယ် စေပါတယ်။


စွန့်စားလိုစိတ် မရှိခြင်း

ဒါကတော့ ကာယကံရှင်ကိုပဲ အပြစ်တင်လို့ မရပါဘူး။ မြန်မာပြည်မှာ က တော်ရုံငွေမရှိတဲ့အခြေအနေကနေ ချေးငွေယူလို့ စီးပွားဖြစ်အောင် ဖန်တီးမယ်ဆိုရင်တောင် အောင်မြင်ဖို့၊ ကျရှုံးဖို့က ၅၀:၅၀ ပါ။ အောင်မြင်ပြီး သား ကွန်ရက်တစ်ခုက အောင်မြင်ဖို့ ရည်ရွယ်ပြီး အခုမှ စတဲ့ Starter တွေ ကို သူတို့ Network ထဲ ပေးဝင်လိုစိတ် မရှိပါဘူး။ (အားလုံးကိုမဆိုလိုပါ) ဒီတော့ ကြိုးစားပန်းစားသာ မလုပ်ကိုင်ရင် ကြိမ်းသေ ကျရှုံးမှာပါ။ သို့ပေမယ့် ဒီနေရာမှာ ဘုရင့်နောင်ဖောင်နောက်ပြန်မလှည့် ကြိုးစားသူ အချို့ ကတော့ အောင်မြင် ပါတယ်။ အဓိကကတော့ စွန့်စား (Adventure) ချင်တဲ့ စိတ်ဓာတ်တစ်ခု ရှိနေဖို့ ဖြစ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်စိတ်ကြီုးစိုးနေသေး ရင်တော့ ဘယ်တော့မှ လုပ်ငန်းရှင် ဖြစ်မလာပါဘူး။ အကြောင်းပြချက် တစ်ခုချင်းစီကို ဖတ်လို့ အားငယ်၊ စိတ်ပျက်နေမယ့်အစား တကယ် အောင်မြင်သော Entrepreneur ဖြစ်လိုသူ တစ်ယောက်က ဒီဘောင်အတွင်းကနေ ဘယ်လိုဖောက်ထွက်ကြိုးစားရမယ်ဆိုတာကို စဉ်းစားနေပါပြီ။

Entrepreneur များ မပေါ်ထွန်းအောင် တားဆီးတဲ့ အချက်များစွာ ရှိနေတာကို အုပ်ချုပ်ရေး နဲ့ ဥပဒေ ပြုရေးတို့က ပြင်ဆင်သတ်မှတ်ပေး မယ်၊ အတားအဆီး၊ အခက်အခဲ၊ ပြဿနာများကို ဖြေရှင်းပေးမယ်၊ ပြီးတော့ Entrepreneur များကလည်း စွမ်းစွမ်းတမံ ကြိုးစားမယ် ဆိုရင် မြန်မာပြည်ရဲ့  ရွှေရောင်လင်းလက်တဲ့ အနာဂတ်က တကယ်မဝေးတော့ပါဘူး။
အောင်ခမ်း ( TSJ team )

အပြည့်အစုံသို့ »

မအိပ်ဘဲနေခြင်းက မစားဘဲနေတာထက် ပိုသေဆုံးနိုင်


လူတစ်ယောက်ဟာ အစားလုံးဝ မစားပဲ ရေသောက်ပြီးနေရင် ပျှမ်းမျှ အားဖြင့် ၁လ မှ ၂ ကြား အသက်ရှင်နိုင် တယ်လို့ လေ့လာတွေ့ရှိချက် များက ဆိုပါတယ်။ သို့ပေမယ့် လူတစ်ယောက်ဟာ ရက်ပိုင်းအတွင်းသာ မအိပ်ပဲ နေရင် သေနိုင်ကြောင်း သိရပါတယ်။

ဂင်းနစ်စံချိန်များအရ လူတစ်ယောက် မအိပ်ပဲ အနေနိုင်ဆုံးက ၂၆၄ နာရီပဲ ရှိပါတယ်။ သို့ပေမယ့် ယင်းစံချိန်တင်ပြီး သူ့ရဲ့  စိတ်ရော၊ ကိုယ်ပါ သာမန်လို မဟုတ်ပဲ ကျန်းမာရေးချို့ ယွင်းချက်ပေါင်း များစွာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အိပ်စက် အနားယူမှုက လူတစ်ယောက်အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အစားမစားပေမယ့် ရေချည်းသောက်ပြီးနေတော့ ရက်ပိုင်းလောက်အတွင်း ထူးထူးခြားခြားပြောင်းလဲမှု မရှိပါဘူး။ သို့ပေမယ့် ဒါက တစ်ဦးချင်းစီရဲ့  အာဟာရ၊ ကျန်းမာရေး အခြေအနေ၊ ကိုယ်ခံစွမ်းအားများ နဲ့လည်း သက်ဆိုင် ပါသေးတယ်။ သို့ပေမယ့် မိပ်ပဲနေရင်တော့ ဘယ်လောက်ပဲ ကျန်းမာရေး ကျန်းမာရေး ဘယ်လောက်ပဲ ကောင်းကောင်း ဆိုးရွားတဲ့ ကျန်းမာရေး ရလဒ်များသာ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

From : .... New Myanmar News

အပြည့်အစုံသို့ »

လမ်းဘေးကားပါကင်များပေါ်ကဈေးသည်များကိုစတင်အရေးယူ


ရန်ကုန်မြို့တွင်းရှိ လမ်းဘေးကားပါင်များပေါ်တွင် ရောင်းချလျက်ရှိသော လမ်းဘေးဈေးသည်များကို အချိန်အကန့်အသတ်မရှိ ရောင်းချခွင့် မပြုတော့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး
ကော်မတီက ထုတ်ပြန်ထားခဲ့ပြီးနောက် စတင်ကာ အရေးယူမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ကျောက်တံမြို့နယ်အတွင်းရှိ အနော်ရထာလမ်းမဘေးတွင် ရောင်းချလျက်ရှိသော လမ်းဘေး ဈေးသည်များအားယနေ့မှ စတင်ကာ လိုက်လံအသိပေးထားကြောင်း၊ ဆက်လက်၍ ရောင်းချခြင်းများကို ပြုလုပ်နေပါက စည်ပင်သာယာရေး ကော်မတီ၏ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီဥပဒေကို ၂၀၀၄ ခုနှစ် ကတည်းက ထုတ်ပြန်ခဲ့တာပါ။ တကယ်အရေးမယူ ဖြစ်သေးတာပါ။ ခုကလမ်းတွေ ဘယ်လိုမှ ရှင်းမရလို့ ထုတ်ပြန်ထားတဲ့ အမိန့်ကြေငြာစာက အမှတ် ၁၁/၃၉ ပါ။ အချိန်ကတော့ကန့်သတ်ချက်မရှိပါဘူး”ဟု အထက်ပါပုဂ္ဂိုက ပြောသည်။
အနော်ရထာလမ်းမပေါ်တွင် ကုန်စိမ်းရောင်းချလျက်ရှိသော မသန်းမေကလည်း “ကျွန်မတို့က ဒီနေရာမှာဘဲ အရောင်းအ၀ယ်က လုပ်လို့ဖြစ်တာပါ။ တခြားမှာလည်း ရောင်းလို့ အဆင်မပြေတာတွေ ရှိပါတယ်။
ဝယ်သူရှိတဲ့ နေရာမှာဘဲ လိုက်ရောင်းရတာပါ”ဟု ၎င်း၏ ဆန္ဒကို ပြောသည်။
ကျောက်တံတားမြို့နယ် အတွင်းရှိ ၃၈လမ်းနှင့် အနော်ရထာလမ်းမပေါ်တွင် ညနေ ၃ နာရီ နောက်ပိုင်း ဈေးသည်များ အထူးစည်ကားချိန်တွင် လူသွားလမ်းများ မရှိတော့ဘဲဈေးသည်များ ပြည့်ကျပ်နေသဖြင့် ကားလမ်းမပေါ်တွင် ခရီးသွားပြည်သူများ ဆင်း၍သွားရကြောင်း သိရသည်။
မြန်မာ့ခေတ်

အပြည့်အစုံသို့ »

ပညာရေးပြုပြင်ပြောင်းလဲမှု ဆန္ဒပြသည့် မက္ကဆီကိုကျောင်းဆရာ များနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်



ပညာရေးပြုပြင်ပြောင်းလဲမှုကို ကန့်ကွက် ဆန္ဒပြတောင်းဆို နေကြသော မက္ကဆီကိုဆရာ၊ ဆရာမများကို ရဲတပ်ဖွဲ့က တားဆီးရန် ကြိုးစားခဲ့ကြရာမှ နှစ်ဖက် အပြန်အလှန် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ယင်းသို့ ဆရာ၊ ဆရာမများသပိတ် ကြောင့် မြို့တော် မက္ကဆီကိုစီးတီး တွင် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ခဲ့သည်ဟု ယင်းသတင်းက ဆိုသည်။
မက္ကဆီကိုသမ္မတ အင်းနရစ်ပီနာနီတိုက ပြုပြင်ပြောင်းလဲရေး စီမံချက်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးနောက် ဖော်ပြပါ ဆန္ဒပြပွဲများ နိုင်ငံလုံးအနှံ့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပေသည်။

ပညာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ဆရာ၊ ဆရာမ သမဂ္ဂများက ဆန့်ကျင်ကန့်ကွက်ကြပြီး လပေါင်းများစွာ အလိုကတည်းက ဆန္ဒပြပွဲများ ဆင်နွှဲနေကြခြင်း ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှု များတွင် ဆရာ များအား စာသင်ခန်း စွမ်းဆောင်ရည် ဆက်စပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းလည်း ပါဝင်သည်။

မက္ကဆီကို ဆရာသမဂ္ဂများသည် အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်းနှင့် အလုပ်နေရာ ခွဲဝေမှုကို လက်ဝါးကြီး အုပ်ထားကြောင်း ဝေဖန်သူများက ထောက်ပြထားကြသည်။

ဆန္ဒပြ ကျောင်းဆရာ၊ ဆရာမ များက လေဆိပ်ကို ချီတက်သွားစဉ် ရဲတပ်ဖွဲ့ဝင်များက လမ်းမှ ပိတ်ထားသောကြောင့် ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခများ ဖြစ်ပွားခြင်း ဖြစ်ပေသည်။ ပညာရေးဝန်ထမ်း များသည် သမ္မတအိမ်တော်အထိ ချီတက် ဆန္ဒပြကြပြီး ရုံးအရာရှိများ ကသာ လက်ခံတွေ့ဆုံခဲ့သည်။ ထို့ကြောင့် ဒေါသထွက်လာသော ဆန္ဒပြဝန်ထမ်းများက အဓိကလမ်းမကြီး နှစ်ခုကို ပိတ်ပြီး ဆန္ဒပြ ခဲ့သောကြောင့် မော်တော်ယာဉ်များ သွားလာမှု ပိတ်ဆို့ကုန်ပြီး ရဲများက လာရောက်လူစုခွဲရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

ဆရာ၊ ဆရာမအလုပ်ကို ဆရာများ သမဂ္ဂက ထိန်းချုပ်ထားပြီး အရည်အချင်း မရှိသော ဝန်ထမ်းများကို ရာထူးတိုးပေး ခြင်းများနှင့် အကျင့်ပျက်မှုများ ရှိနေကြောင်း အစိုးရက ပြောဆိုထားသည်။
The Voice Weekly

အပြည့်အစုံသို့ »

ဧရာဝတီမြစ်ရေမြင့်တက် မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိ


ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေပြီး မြို့ပတ်ကမ်းနားလမ်းတစ်လျှောက်နေရာအချို့ကို သဲအိတ်တွေကာရံချထားတာ၊ ရေကင်းလုံခြုံရေးချထာ.တာတွေ ယခုလ ၁၂ ရက်ကစပြီးပြုလုပ်နေရပါတယ်။
အောင်မြေသာစံမြို့နယ်အတွင်း ၂၂ လမ်း ကနေ မြောက်ဘက် ညောင်ကွဲရပ်ကွက် အထိ မြို့ပတ်ကမ်းနားလမ်းတစ်လျှောက် ရေစိမ့်ဝင်နိုင်တဲ့နေရာတွေကို မန္တလေး စည်ပင်က သဲအိတ်တွေ လိုက်လံချထားပေးနေတာဖြစ်ပါတယ်။
မြို့ပတ်ကမ်းနားလမ်းဟာ ဖို့မြေပေါ်မှာ ဖောက်လုပ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၇ နှစ်ခန့်က ရေများပြီး ဖောက်လုပ်ဆဲလမ်းရေတိုက်စားတာခံခဲ့ရဘူးပါတယ်။
The Modern News Journal

အပြည့်အစုံသို့ »

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သားအိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ် လျှော့ချနိုင်


သားအိမ်ကင်ဆာဖြစ်ပွား မှုအန္တရာယ်ကို လေ့ကျင့်ခန်းလုပ် ခြင်း၊ အစားအစာရွေးချယ်စား သုံးခြင်းနှင့် ကော်ဖီသောက်သုံး ခြင်းတို့ဖြင့် လျှော့ချနိုင်ကြောင်း သုတေသနတစ်ခုတွင် ဖော်ပြထား သည်။
ယူကေတွင် တစ်နှစ်လျှင် သားအိမ်ကင်ဆာဖြစ်ပွားမှုအ ရေအတွက်အားလုံး၏ထက်ဝက် ခန့် ၃၇၀ဝကို သွယ်လျတက်ကြွ အောင်နေထိုင်ခြင်းဖြင့် တားဆီး နိုင်ကြောင်း အချက်အလက်များ ကို သုံးသပ်ရာမှ တွေ့ရှိခဲ့သည်။ အမျိုးသမီးများသည် နေ့စဉ်ကာ ယလေ့ကျင့်ခန်းအနည်းဆုံး မိနစ် ၃ဝကြာပြုလုပ်ခြင်း၊ ကျန်းမာရေး နှင့်ညီညွတ်သောကိုယ်အလေး ချိန်ကိုထိန်းသိမ်းခြင်းဖြင့် သား အိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ် ကိုလျှော့ချနိုင်သည်ဟု လန်ဒန် ရှိ Imperial College မှ သုတေ သီများက ပြောကြားခဲ့သည်။

ကော်ဖီသည်လည်း အဆို ပါ ကင်ဆာအန္တရာယ်ကို လျှော့ ချနိုင်သည်ဟု World Cancer Research Fund အဖွဲ့က အစီ ရင်ခံခဲ့သည်။ သို့သော်လည်း ကော် ဖီသောက်ခြင်းက ရောဂါကိုကာ ကွယ်နိုင်သည်ဟု ထောက်ခံချက် ပေးရန်အထိ လုံလောက်သောအ ထောက်အထားမရှိသေးဟု ကျွမ်း ကျင်သူများက ပြောကြားခဲ့သည်။
သားအိမ်အနားစွန်းကင် ဆာသည် ယူကေ၌ အမျိုးသမီး များတွင်ဖြစ်ပွားသော ကင်ဆာ အားလုံးတွင် စတုတ္ထမြောက်အ ဖြစ်များဆုံးဖြစ်သည်။
၂၀၀ရ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင် ရာလေ့လာမှုတွင် Imperial College မှ သုတေသီများသည် အ ချက်အလက်များစုစည်း၍ အဆို ပါကင်ဆာဆိုင်ရာသုတေသန ကို သုံးသပ်ခဲ့ကြပြီး အစားအစာ၊ ကာယလှုပ်ရှားမှုနှင့် ကိုယ်အလေး ချိန်တို့နှင့် ဆက်စပ်ကြည့်ခဲ့သည်။ အမျိုးသမီးများသည် တစ်နေ့ လျှင် ၃၈ မိနစ်ခန့် သွက်လက် တက်ကြွစွာ ကိုယ်လက်လှုပ်ရှား ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ က သားအိမ်ကင်ဆာရောဂါ ၃၇၀၀ ကို ကြိုတင်ကာကွယ်နိုင် ကြောင်း လေ့လာမှုက အထောက် အထားများတွေ့ရှိခဲ့သည်။
ယူကေတွင် အမျိုးသမီးများ ၏ ၅၆ ရာခိုင်နှုန်းက တစ်ပတ် လျှင် ငါးရက်၊ တစ်နေ့လျှင် ကိုယ် လက်လှုပ်ရှားမှုအနည်းဆုံးမိနစ် ၃ဝလုပ်ရန် ထောက်ခံညွှန်ကြား ချက်များကို လိုက်နာပြီး ၃၉ရာ ခိုင်နှုန်းသာ ကျန်းမာရေးနှင့်ညီ ညွတ်သောကိုယ်အလေးချိန်ရှိ ကြသည်။ ''ရှင့်မှာ ကာယပိုင်းသွက် လက်တက်ကြွပြီး ကိုယ်အလေး ချိန်လဲ မပိုဘူးဆိုရင် သားအိမ် ကင်ဆာအန္တရာယ်ကို လျှော့ချနိုင် ပြီး အထွေထွေကျန်းမာရေးလဲ တိုးတက်နိုင်ပါတယ်''ဟု ဦးဆောင် စာတမ်းရေးသားသူ ထရေဇာနို ရက်က ဘီဘီစီသို့ ပြောကြားခဲ့ သည်။
Yangon Media Group

အပြည့်အစုံသို့ »

တန်ဘိုးကျပ်(၂၃၇)သိန်းရှိ လက်ဝတ်ရတနာများခိုးယူခံရမှုမှ တရားခံအား ဖေါ်ထုတ်ဖမ်းဆီးရမိ



၎.၉.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင်တာမွေမြို့နယ်နေဒေါ်ညိုသည်
၎င်းပိုင်ရွှေဆွဲကြိုးအလေးချိန်(၅)ကျပ်သား(၁)ကုံး၊တန်ဘိုးကျပ်(၃၄)သိန်း
ရွှေပုလဲအားစိန်ကွပ်ထားသောဆွဲသီး(၁)ခု၊တန်ဘိုး (၃)သိန်း နှင့်
ကျောက်စိမ်းဘယက်(၁)ကုံး၊ တန်ဘိုးကျပ်သိန်း(၂၀၀)၊ စုစုပေါင်းတန်ဘိုး
ငွေကျပ်(၂၃၇) သိန်းတို့အား အိပ်ယာဘေးတွင် အမြဲထားလေ့ရှိသော စလင်းဘတ်အိတ်အတွင်း၌ထည့်ထားခဲ့ပါသည်။

၈.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင် ဒေါ်ညိုသည် မိတ်ဆွေအလှူသို့
သွားရန်အတွက် စလင်းဘတ် အိတ်အတွင်းမှ လက်ဝတ်ရတနာများအား
ကြည့်ရှု့ရာပျောက်ဆုံး နေကြောင်းသိရှိရသဖြင့် ၉.၉.၂၀၁၃ ရက်နေ့တွင် သားဖြစ်သူမှတရားလိုပြုလုပ်ကာစုံစမ်းအရေးယူပေးပါရန် တိုင်တန်းသဖြင့် တာမွေမြို့မရဲစခန်း (ပ)၃၉၁/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍
စုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါနေအိမ်သို့ ၀င်/ထွက်သွားလာဘူးသည့် ခန့်ဇော်ဦး(ခ)ကိုခန့်၊ (ဘ)ဦးအေးလွင်၊ ဝေဘာဂီမြို့သစ်၊
မြောက်ဥက္ကလာပမြို့နယ်နေသူမှာ မန္တလေးမြို့သို့ သွားရောက်ကာ
ငွေကြေးများ သုံးဖြုန်းနေကြောင်း မသင်္ကာဖွယ်သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်မြေရဲစခန်းနှင့် ချိတ်ဆက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၀.၉.၂၀၁၃ရက်နေ့ ၁၉၀၀အချိန်တွင် မန္တလေးမြို့၊ တိမ်ဖြူဟိုတယ်၌ ခန့်ဇော်ဦး(ခ)ကိုခန့်အား သူငယ်ချင်းများ
နှင့်အတူ ရောက်ရှိတည်းခိုနေထိုင်စဉ် သက်သေခံပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အမှုမှတရားခံ ခန့်ဇော်ဦး(ခ)ကိုခန့်အား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်မြေရဲစခန်းမှ လွှဲပြောင်းခေါ်ယူ၍ စစ်ဆေးခဲ့ရာ ၄င်းသည် ၃.၉.၂၀၁၃ရက်နေ့တွင် ဖခင်၊ မိခင်၊ အစ်မဖြစ်သူတို့ နှင့်အတူ ခင်မင်ရင်းနှီးသည့် အခင်းဖြစ်နေအိမ်သို့ သွားရောက်တည်းခိုနေထိုင်စဉ် ၅.၉.၂၀၁၃ရက်နေ့ ၁၁၀၀အချိန်ခန့်တွင် အိမ်ရှင်ဒေါ်ညို၏ အိပ်ယာ
ဘေးစလင်းဘတ်အိတ်အတွင်းမှ ရွှေထည်ပစ္စည်း များကို ခိုးယူခဲ့ပြီး ပစ္စည်းအချို့အားရောင်းချကာ မန္တလေးမြို့သို့တိမ်းရှောင်နေခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် အမှုမှသက်သေခံပစ္စည်းများအား
ပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အပြည့်အစုံသို့ »