ကမ်းနားလမ်းသစ်တွင် ယာဉ်တိုက်မှုဖြစ်ပွား




စက်တင်ဘာ၂၈ ရက်နေ့ နေ့လယ် ၂ခွဲ ခန့်က ကျောက်တံတားမြို့နယ်၊ကမ်းနားလမ်းသစ်တွင် ကွန်တိန်နာ နောက်တွဲယာဉ်နှင့် ကန်တာယာဉ်တစ်စင်း တို့ မျက်နှာချင်းဆိုင် ယာဉ်တိုမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကွန်တိန်နာနောက်တွဲယာဉ်မှ တုစ်ဖက်ယာဉ်ကြောအတွင်းလမ်းကြောင်းမှားဝင်ရောက်ရာမှ တစ်ဖက်မှ ကန်တာနှင့်မျက်နှာချင်းဆိုင်တိုက်မိခဲ့ဖြစ်ပြီး၊ကန်တာယာဉ်မောင်းမှာ ခြေတောက်တစ်ဖက်ကျေသွားခဲ့ပြီးရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

သူရမင်းဇော်(NewsWatch)
ဓါတ်ပုံ(နေမင်းခ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြည့်အစုံသို့ »

နည်းပညာကို အလွန်အကျွံသုံးစားခြင်း


နေ့စဉ် လူနေမှုဘဝ ပတ်ဝန်းကျင်ကို ကြည့်လိုက်တိုင်း နည်းပညာကို မသုံးစားသူ မရှိသလောက်ဖြစ်သည်။ ဆဲလ်ဖုန်းတွေ သုံးနေကြသည်။ ကွန်ပျူတာ၊ တက်ဘလက်တွေနှင့် အလုပ်ရှုပ်နေကြသည်။ ကားမောင်းရင်းလည်း သုံးသည်။ လမ်းလျှောက်ရင်းလည်း သုံးသည်။ လူတို့၏ နေ့စဉ် လူနေမှုဘဝတွင် နည်းပညာက မသုံးရမနေနိုင်၊ မရှိမဖြစ်အသွင် ဆောင်လာသည်။ နည်းပညာကို သုံးစားရုံမက နည်းပညာဖြင့် မထိတွေ့ရလျှင် မနေနိုင်မထိုင်နိုင် ဖြစ်သည်အထိ စွဲသူတွေပင် ရှိလာသည်။ နည်းပညာကို ဝန်းရံထားခြင်းဖြင့် ဘဝကို တည်ဆောက်လာကြသည့် ခေတ်သစ်လူနေမှု ဟူ၍ပင် ဆိုရမည်ဖြစ်သည်။
နည်းပညာသည် လူသားကို အထောက်အကူ ပြုသည်။ ပျော်စရာကောင်းစေရန် ဖန်တီးပေးသည်။ စိတ်ကြည်နူးချမ်းသာစေရန် ဖျော်ဖြေမှု ပေးနိုင်သည်။ လုပ်ငန်းပရောဂျက် များကို အမြန်ဆုံး ပြီးစီးနိုင်စေရန်၊ နေ့စဉ်လူတို့ဘဝ လုပ်ငန်းဆောင်တာများကို ပိုပြီး ထိရောက်စေရန် နည်းပညာကို မဖြစ်မနေ အကူအညီ ယူကြရသည်။ သို့သော် နည်းပညာ၏အထောက်အကူ ယူခြင်းကြောင့် လူနေမှုဘဝအတွက် အပျက်သဘောဆောင်သော ထိခိုက်မှုများလည်း ဖြစ်စေနိုင်သည်။ နည်းပညာကို မည်မျှသော အတိုင်းအတာအထိသာ သုံးသင့်ကြောင်း ပြန်လည်ဆန်းစစ်ရမည့် အချိန်ရောက် လာပြီထင်သည်။

လွန်ကျူးခြင်း ဆိုသည်မှာ မည်သည့်နေရာတွင် မဆို အကောင်းထက် အဆိုးကိုသာ ဖြစ်စေနိုင်ကြောင်း သဘောပေါက်မည် ထင်ပါသည်။ နည်းပညာကြောင့် ဖြစ်ပေါ်လာစေသည့် အဆိုးတရား တစ်ခုတွင် ထင်ရှားသည်မှာ ခေတ်သစ်လူတို့၏ စိတ်မရှည်တတ်ခြင်း ဖြစ်သည်။ ထို့ပြင် လူသားတို့ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံမှုနှင့် ဂါရဝတရား နည်းပါလာခြင်းကိုပါ ထင်ရှား သည့် လက္ခဏာတစ်ရပ် အနေဖြင့် တွေ့မြင်လာရသည်။

တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံပြောခြင်းထက် လင်မယားချင်း၊ သားသမီးများကိုပင် ဖုန်းဖြင့် ခေါ်ပြောမှုများသည် သူစိမ်းအသွင် ဆောင်လာခြင်းကို ဖြစ်စေသည်။ နောက်ပိုင်းတွင် စကားပြောဆိုရ မည်ကိုပင် စိတ်မပါသဖြင့် စာ (Message) များပို့ကာ "ထမင်းစားပြီးပြီလား"၊ "နေကောင်းလား" လုပ်လာကြသည်။ လေကို ချွေတာလေ၊ အနေကွာလေ ဖြစ်သည်ကို သတိ မမူကြခြင်းဖြစ်သည်။

နေ့စဉ်လူနေမှုဘဝ တွင်လည်း လူတို့၏ နေထိုင်မှု စရိုက်များ ပြောင်းလဲလာသည်။ စာဖတ်ခြင်း ဓလေ့ထက်၊ တီဗီကြည့်ခြင်းကို ပိုပြီးအချိန်ပေးလာသည်။ သူငယ်ချင်း အချင်းချင်း ကော်ဖီဆိုင်ထိုင်ပြီး ရင်းနှီးခင်မင်စွာ စကားပြောခြင်းထက် အွန်လိုင်းပေါ်တက်ပြီး ချက်တင်လုပ်ကြသည်။ ဂျီမေးလ်ဖြင့် ဆက်သွယ် ပြောဆိုကြသည်။ Facebook နှင့် Twitter စသည့် လူမှုကွန်ရက်ဖြင့် ဖြတ်လမ်းဆက်သွယ်မှု များကို သုံးပြီး ပျော်မွေ့ကြသည်။ ထို့ကြောင့် နေ့စဉ် လူမှုလောကတွင် လူတို့သည် စိတ်မရှည်ခြင်း၊ စိတ်တိုခြင်း၊ သည်းခံစိတ်နည်းပါးခြင်း တို့မှာ နည်းပညာကို အခြေခံပြီး ပေါ်ပေါက်လာသော ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး ထိစပ်တွေ့ဆုံစရာ မလိုခြင်းသည် အထီးကျန်ခြင်းကို ဖြစ်စေသည်။ အဓိက ဆဲလ်ဖုန်း နှင့် Facebook သည် လူနှင့်လူချင်း လူစိတ်ကင်းစေရန် ဖန်တီးသည့် အကြောက်တရားကို ဖြစ်စေသော တရားခံ များဖြစ်သည်။ အထူးသဖြင့် မျိုးဆက်သစ်တို့ လူတော မတိုးရဲကြခြင်းမှာ လူချင်းတွေ့ဆုံစရာ မလိုသော၊ တွေ့ဆုံ ခွင့်မပေးသော နည်းပညာကြောင့်သာ ဖြစ်သည်။

နည်းပညာသည် လူသားချင်း ဆက်သွယ်မှု ကောင်းစေရန် တီထွင်ဖန်တီးထားခြင်းဖြစ်သည်။ မိုင် ထောင်သောင်းဝေးကွာ နေသော်လည်း ဆက်သွယ် ပြောဆိုနိုင်ခြင်းသည် နည်းပညာ၏ အောင်မြင်မှုဟုလည်း ဆိုနိုင်ပါလိမ့်မည်။ ချစ်သောသူများနှင့် ရုပ်လေး မတွေ့ရလျှင်တောင်မှ အသံလေးကြားပြီး ဖြေသိမ့်ခွင့် ရနိုင်သည်။ ခေတ်သစ်တွင် အမေရိကန်ရောက် ဆွေမျိုးများကို အသံသာမက၊ ရုပ်ကိုပါ တွေ့မြင်ပြီး ရုပ်သံကြားပြောဆို ခွင့်ရသည်။ သို့သော် လူတို့ တစ်ဦးနှင့်တစ်ဦး စိတ်ကို မရကြ။ တစ်ဦးစိတ်ကို တစ်ဦးပိုင်ဆိုင်ခွင့်၊ သိမ်းပိုက်ခွင့်၊ နွေးထွေးစွာ ထွေးပိုက်ခွင့်များ မရကြပေ။

ယနေ့ခေတ်သည် မိုးလင်းသည်နှင့် အီးမေးလ် စစ်မည်။ စာတို စာရှည်တွေ ရှာမည်။ အွန်လိုင်းကို ရှော့ပင်ထွက်မည်။ Facebook ကို အငမ်းမရစွာဖြင့် စားသုံးမည်။ ကိုယ့် Status ကို Update ဖြစ်အောင် လုပ်မည်။ YouTube ကတစ်ဆင့် ဗီဒီယိုဖိုင်တွေ ရှာကြည့်မည်။ သိချင်တာတွေ အင်တာနက်မှ မွှေနှောက်မည်။ တစ်နေ့လုံး မည်သူ့ကိုမျှ စကားတစ်လုံးပြောစရာ မလိုဘဲ အခန်းကျဉ်းလေးထဲတွင် အချိန်ကုန်သွား နိုင်သည်။ အဖေ၊ အမေကို ထွက်တွေ့စရာမလို။ သူငယ်ချင်း များနှင့် ကစားစရာမလို။

စတန်းဖို့ဒ်တက္ကသိုလ်၏ စစ်တမ်းတစ်ခုတွင် အင်တာနက် အသုံးများလေ သူငယ်ချင်းများနှင့် တွေ့ဆုံ ချိန်နည်းလေဖြစ်ပြီး၊ နောက်ဆုံး လူ့ဘောင်လောကနှင့် ကင်းကွာလေဖြစ်သည်ဟု ဆိုသည်။ သို့သော် အင်တာနက် သုံးသူတွေကလည်း တစ်နေ့တခြား တိုးပွားပြီးရင်း တိုးပွားနေသည်။ ရုံးမှ အိမ်ပြန်လာသော ဖခင်ကလည်း ရုံးအလုပ်တွေကို အိမ်ရောက်သည်အထိ မရပ်မနား လုပ်နေသည်။ ကွန်ပျူတာနှင့်မျက်နှာ မခွာနိုင်သော လင်ယောက်ျားကို ဇနီးသည်က ထမင်းစားမခေါ်ဝံ့။ သား သမီးတွေကလည်း ချွဲနွဲ့ခွင့်မရ။ နောက်ဆုံး မိသားစု၏ သာယာသောဘဝလေး ပျောက်ဆုံးသွားသည်။
မိခင်ဖခင်တို့နှင့် အိမ်ထောင်ရေးလစ်ဟာချက် များကို သားသမီးတွေက အတုမြင် အတတ်သင်ကြသည်။ မည်သို့ နေနေရသည်ဆိုသည့် လူ့အဖွဲ့အစည်းအတွင်း လူဖြစ်လာကြရသော လူငယ်တို့ကလည်း နောင် အနာဂတ်တွင် အထီးကျန် တိတ်ဆိတ်သော လူ့ဘောင် တစ်ခုကို မိဘတွေပုံစံအတိုင်း တည်ဆောက်ကြလိမ့်မည်။ သို့ဖြစ်ရာ အနာဂတ် အိမ်ထောင်သည်ဘဝသည် တွေးဆစရာများ ဖြစ်လာလိမ့်မည်။

လူတစ်ယောက်တွင် လူမှုရေးနှင့် ခံစားချက်များကို မျှဝေပိုင်ခွင့်မရှိလျှင် သို့မဟုတ် မျှဝေခံစားမှု များကို လုပ်ချင်စိတ်မရှိလျှင် အထီးကျန်ခြင်းဝေဒနာကို ခံစားလာရမည်သာ ဖြစ်သည်။ ထိုဝေဒနာသည် စိတ်ဓာတ်ကျခြင်း (Depression) ၏ အခြေခံဖြစ်သည်။ ယနေ့ခေတ် လူနေမှုဘဝတွင် စိတ်ကျဝေဒနာသည်များ တိုးပွားလာခြင်းသည် အထီးတည်း နေထိုင်၍ ရလာခြင်း၊ အထီးတည်းနေထိုင် ရလာစေရန် နည်းပညာများက ပံ့ပိုး ကူညီနေခြင်းများကြောင့်သာ ဖြစ်သည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ရုပ်ဝတ္ထုပိုင်းတွင် ပြောစရာ မလိုသော်လည်း စိတ်ဓာတ်ရေးရာများ ချွတ်ခြုံကျလာခြင်းမှာ ဆင်ခြင်စဉ်းစားစရာ ဖြစ်သည်။

နည်းပညာကြောင့် ကျန်းမာရေးကောင်းစေရန် မည်မျှ စွမ်းဆောင်နိုင်သည်ဆိုစေ၊ နည်းပညာကြောင့် ချွတ်ယွင်းလာသော မကျန်းမာမှုများကလည်း အတိုင်း အဆမရှိဖြစ်လာကြောင်းကို သတိပြုသင့်သည်။ ဆဲလ် ဖုန်းသုံးခြင်းကြောင့် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်သည် ဆိုသော သတင်းများကို ကြားနေရသော်လည်း အကောင်အထည်ပြနိုင်မှု နည်းသဖြင့် သုံးစွဲသူများ ပိုပြီး တိုးတက်နေသည်။

လူတိုင်း အီထရွန်နစ် သံလိုက်စက်ကွင်းများနှင့် ရေဒီယိုဓာတ်ရောင်ခြည် များကို တစ်နည်းမဟုတ် တစ်နည်း ခံစားရနိုင်သည်။ ထိုဓာတ်သတ္တိများ ထုတ်နိုင်သည့် ပစ္စည်းတွေကိုလည်း နေရာအနှံ့ သုံးစွဲနေကြသည်။ နည်းပညာအရ ဖန်တီးထားသည့် ပစ္စည်းတစ်ခုခုကို လုပ်ငန်းခွင်၊ အိမ်၊ ကျောင်းပတ်ဝန်းကျင် အနှံ့ သုံးစွဲနေကြသည်။ ဥပမာ Wi-Fi ဆက်သွယ်ရေးလှိုင်းများ၊ လျှပ်စစ်ပါဝါ လိုင်းကြိုးများ၊ ဆဲလ်ဖုန်းတို့က ထုတ်လွှတ်သည့် ဖရီကွင်စီ လှိုင်းများ၊ ဂြိုဟ်တုတီဗီများက ထုတ်လွှတ်သည့် လှိုင်းများ၊ ပေါင်မုန့်ကင်စက်၊ အဝတ်လျှော်စက်၊ ဆံပင်အခြောက်ခံစက်၊ မိုက်ခရိုဝေ့ဗ် မီးဖိုစသည့် ပစ္စည်းများကြားတွင် လူသားတွေက လှုပ်ရှားကျင်လည်နေ ကြရသည်။ သို့ဖြစ်ရာ ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖရီကွင်စီ လှိုင်းများကြားတွင် လူသားသည် ခံနိုင်ရည်ရှိသလောက် သာ ရှင်သန်ခွင့်ရကြသည်။

နည်းပညာဖရီကွင်စီ များက လူသား၏ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုများကို အမှည့်ခြွေသလို ခြွေနေသည်။ သို့သော် နှလုံးရောဂါ၊ ကင်ဆာစသည့် အကောင်အထည် ပြနိုင်သော အမည်သတ်မှတ်လိုက်သည့် ရောဂါများဖြင့် လူတွေနေ့စဉ် သေနေကြရ သည်ကိုသာ သတိမူကြပြီး အဘယ်ကြောင့် ထိုဝေဒနာများ ဖြစ်ရသည် ဆိုခြင်းကိုမူ သတိမမူမိကြပေ။

EMF (Electromagnetic Frenquencies) များသည် သက်ရှိတို့၏ ခန္ဓာကိုယ်မှ ဆဲလ်များကို ဖျက်ဆီး တတ်ပါသည်။ EMF ဖရီကွင်စီကို အလွန်နိမ့်သောနှုန်း 16Hz ခန့် ကြက်သားပေါက်များအနီးတွင် ထုတ်လွှင့်ကြည့်ရာ ထိုကြက်ကလေးများ ဦးနှောက်အတွင်း ကယ်လ်စီယမ် အိုင်ယွန်ဓာတ်များ ကျေပျက်သွားကြောင်း တွေ့ရသည်။ ထိုဓာတ်သည် သက်ရှိတို့၏ ဦးနှောက်အတွင်းရှိ အမြှေးပါးများ တစ်ခုနှင့်တစ်ခု တွယ်ကပ်နေစေရန် အားပေးသည့်ဓာတ်များ ဖြစ်သည်။ သို့ဖြစ်ရာ လူသားတို့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများ အဘယ်ကြောင့် ခံစားနေရကြောင်းကိုလည်း ဆန်းစစ်ရန် လိုလာပါသည်။

အခြားလေ့လာမှု တစ်ခုတွင် ကိုယ်ဝန်ဆောင်စဉ် ဆဲလ်ဖုန်းကို အသုံးပြုသောမိခင်က မွေးဖွားလာသည့် ကလေးတစ်ဦးနှင့် အသက် ၇ နှစ်သား အရွယ်ခန့်တွင် ဆဲလ်ဖုန်းကို ပေးသုံးသည့် ကလေးတစ်ယောက် တို့တွင် ဖြစ်ပွားသော စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်ချက်နှင့် ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာ များသည် ၈၀ ရာခိုင်နှုန်းခန့် တူညီနေကြောင်း တွေ့ရသည်။

အခြားသတိမူသင့်သည့် ရောဂါဝေဒနာ တစ်ခုမှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ် ခန့်လောက်ကတည်းက စတင်ပြီး အဝလွန်သူများ တိုးပွားလာခြင်း ဖြစ်သည်။ နည်းပညာကို အလွန်အကျွံ စားသုံးလာခြင်းနှင့် အဝလွန်ခြင်းတို့ ဖြစ်ပွားလာသည့် ခုနှစ်များ ထပ်တူကျနေခြင်းကို တိုက်ဆိုင်မှုဟု မဆိုနိုင်ပေ။ ၂၀၁၁ ခုနှစ်ထုတ် အမေရိကန် သိပ္ပံမဂ္ဂဇင်းတွင် ၁၉၇၀ ပြည့်နှစ်လောက် ကတည်းက အဝလွန်သူများ တိုးပွားလာခြင်းကို အင်တာနက်နှင့် နည်းပညာ သုံးစွဲမှုများနှင့် ဂရပ်မျဉ်းဆွဲကာ နှိုင်းယှဉ် ပြသထားမှုမှာ စိတ်ဝင်စားစရာဖြစ်သည်။ ပညာရှင်တို့ လေ့လာတွေ့ရှိချက်တွင် အထိုင်များခြင်း၊ လေ့ကျင့်ခန်း နည်းခြင်း၊ အသွားအလာနည်းခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အစားအသောက် အနေအထိုင်ပုံစံများ ပြောင်းလဲလာခြင်း တို့က အဝလွန်ခြင်းကို ဖြစ်စေသည်။ အဝလွန်ခြင်း၏ နောက်ကွယ်တွင် ခံစားရမည့် ဝေဒနာတွေက များလှသည်။ ယနေ့ခေတ် လူသားအားလုံး ထိုနောက်ဆက်တွဲဝေဒနာ များကို တစ်နည်းမဟုတ် တစ်နည်း ခံစားနေကြရသူများ ဖြစ်သည်။

နာမည်ကျော် အမေရိကန်စာရေးဆရာ၊ ကဗျာ ဆရာ၊ ဒဿနဆရာ၊ သဘာဝဗေဒပညာရှင် ဒေးဗစ် သောရိုး၏ အယူအဆတစ်ခုကို ဖော်ပြလိုပါသည်။ သောရိုးက -
"လူသားတွင် ဇိမ်ခံခြင်းနှင့် သက်သောင့် သက်သာဖြစ်စေရန် ကြံဆောင်ခြင်းတို့သည် မရှိမဖြစ် လိုအပ်ချက်မဟုတ်ပေ။ ယင်းအချက်များသည် လူသား သဘာဝကို ဖျက်လိုဖျက်ဆီး လုပ်မည့် အနှောင့်အယှက် အတားအဆီးများသာ ဖြစ်သည်" ဟု ဆိုခဲ့ပါသည်။

သောရိုးသည် လူ့သဘာဝ၊ လူ့ပတ်ဝန်းကျင်၏ တီထွင်ဆန်းသစ်ချက်များကို မနှစ်သက်။ ထို့ကြောင့် တောထဲတွင် တစ်ဦးတည်း သွားနေပြီး သဘာဝတွင် လူသားသည် မည်သည့်ဆန်းသစ်တီထွင်မှုမျှ မပါဘဲ ရိုးသားစွာ နေထိုင်နိုင်ကြောင်းကို လက်တွေ့ပြသနိုင် ခဲ့သူဖြစ်သည်။

နည်းပညာသည် ဆန့်ကျင်ရန်မဟုတ်ပါ။ နည်းပညာသည် မြတ်နိုးစရာ ကောင်းသော်လည်း အလွန်အကျွံ မှီခိုသုံးစားခြင်းကိုမူ ရှောင်ရှားသင့်ပါသည်။ နည်းပညာသည် မာယာများလှသည်။ ဆွဲဆောင်အား ကလည်း ကောင်းလှသည်။ နည်းပညာနှင့် လွတ်ကင်းစွာ မည်မျှ နေထိုင်နိုင်သည် ဆိုခြင်းမှာ အနာဂတ်အတွက် အသက်ရှည်ရာ၊ အနာမဲ့ကြောင်း၊ ဆေးဝါးကောင်းတစ်ခု ဖြစ်လာနိုင်မည် ထင်ပါသည်။
thevoicemyanmar

အပြည့်အစုံသို့ »

ကမ္ဘာအချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး၏သား အမွေ ၉.၆ ဘီလီယံကိုစွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူ




အတော်ကိုလေးစားထိုက်သူတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့မိဘချမ်းသာ ကြွယ်ဝမှုအပေါ်မပျော်မွေ့လိုတော့တာကြောင့် သံသရာကိုပါနိုင်မယ့် အလုပ်
ဖြစ်တဲ့ ထေရ၀ါရ ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူလိုက်သူတစ်ယောက်ပါ။

နာမည်ကတော့ Ajahn Siripanno ဖြစ်ပြီး အဖေလုပ်သူ Ananda Krishnan သူဌေးကြီးဆီကချမ်းသာကြွယ်ဝမှုတွေအမွေတွေကိုမယူတော့ပဲ ရာသက်ပန်ဘုန်းကြီးဝတ်လိုက်သူတစ်ဦးဖြစ်ပါတယ်။

Siripanno ဟာ အင်္ဂလန်နိုင်ငံမှာ ကျောင်းပြီးထားသူတစ်ဦးဖြစ်ပြီး ဘာသာ စကားပေါင်း ၈မျိုးကိုတတ်ကျွမ်းသူတစ်ဦးလည်းဖြစ်ပါတယ်။

ဖခင် Krishnan မှာလည်းမလေးရှားနိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံး သူတစ်ယောက်ဖြစ်တဲ့ အပြင် ၂၀၁၂ ခုနှစ်မှာထုတ်ဝေခဲ့ပြီးကမ္ဘာအချမ်းသာ ဆုံး သူဌေးတွေရဲ့ စာရင်း ကိုဖော်ပြပေးတဲ့ Frobes မဂ္ဂဇင်းရဲ့ အချမ်းသာ ဆုံး အဆင့် ၈၉ ရှိတဲ့ သူဌေး တစ်ယောက်ဖြစ်ပါတယ်။

Krishnan ရဲ့ချမ်းသာမှုဟာ ဒေါ်လာ၉.၆သန်းရှိပြီး သားဖြစ်သူ Siripanno အတွက် အမွေလည်းဖြစ်ပါတယ်။ Siripanno ရဲ့အမေဖြစ်သူမှာထိုင်းလူမျိုး
ဖြစ်ပြီး မွေးချင်းသုံးယောက်ရှိပါတယ်။

Siripanno ဟာ မိခင်ဖြစ်သူရဲ့မွေးရပ် မှာရာသက်ပန်ရဟန်းအဖြစ်ခံယူပြီး ထိုင်းနိုင်ငံရဲ့တောစပ်မှာရှိတဲ့ ဘုန်း ကြီးကျောင်းတစ်ခုမှာ သတင်းသုံးလျက်ရှိပါတယ်။

Ref: HubPages
Shan Htet (SJ Admin Team)
Posted From Smart Pro Journal

အပြည့်အစုံသို့ »

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွတ်ရေး အေဂျင်စီ(JICA)တို့ ရန်ကုန်မြို့တော် ရေပေးဝေရေး အလျင်အမြန် တိုးတတ်ကောင်းမွန်စေရေးစီမံကိန်း သဘောတူလက်မှတ်ရေးထိုးပွဲ


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွတ်ရေး အေဂျင်စီ(JICA)တို့ ရန်ကုန်မြို့တော် ရေပေးဝေရေး အလျင်အမြန် တိုးတတ်ကောင်းမွန်စေရေးစီမံကိန်း သဘောတူလက်မှတ်ရေးထိုးပွဲကို ယနေ့(၂၈-၀၉-၂၀၁၃) ရက်နေ့ မွန်းလွဲပိုင်း YCDC ခန်းမ ၄ တွင်ပြုလုပ်ခဲ့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပြည့်အစုံသို့ »

တရုတ်ပြည်မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ စိုင်းစိုင်း

တရုတ်နိုင်ငံ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်ကို သွားရောက်ခဲ့တဲ့ မြန်မာပြည်က သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က မြန်မာတွေရဲ့ ချမ်းသာတဲ့ ရိုးသားမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။

ရုပ်နိုင်ငံ၊ ရွှေကြက်ဖ ရုပ်ရှင် ပွဲတော် ပိတ်ပွဲတွင်တွေ့ရတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့်၊ 
(ဓာတ်ပုံ- Thet Mon Myint's Facebook)
အဖြစ်ကတော့ တရုတ်ပြည် ရုပ်ရှင်ပြပွဲက အပြန် လေယာဉ်စရိတ် ဒေါ်လာ ၄၂၀၀ ထုတ်ပေးခဲ့တာမှာ တကယ်ကျသင့်စရိတ်က ဒေါ်လာ ၂၁၀၀ ပဲ ရှိတာမို့ အခုလို ၂ ဆ ပိုပေးလာတာ နားမလည်လို့ သွားမေး၊ ရှင်းပြ ပြီး ဒေါ်လာ ၂၁၀၀ ကို ပြန်ပေးလိုက်တယ်တဲ့။

စိုင်းစိုင်းခမ်းလှိုင်က ဒီကိစ္စကို သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးထားပါတယ်။


"တရုတ်ရုပ်ရှင်ပွဲတော်ကျင်းပရေးကော်မတီက လေယာဉ်လက်မှတ်ဖိုး US.4200$ ပြန်ပေးတယ် တကယ်တမ်းကျတာက2100$ 
ညကဘာဖြစ်လို့ပေးမှန်းမသိဘူး 
မနက်ကျတော့ ရှင်းပြပြီး ပြန်ပေးလိုက်တယ် 
သူတို့က အံ့ဩတယ် You Guys are really honest တဲ့ 
ဟုတ်ကဲ့ ကျနော်တို့မှာ ဒါတော့ချမ်းသာတယ်"



အိမ့်သံစဉ် ~ 
ဧရာဝတီ

ဆက်စပ်သတင်း 



အပြည့်အစုံသို့ »

မန္တလေးဈေးချိုကို ရှောင်တခင် ဝင်စစ်မည်

မန္တလေး ဈေးချို (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

မန္တလေးမြို့တွင်းရှိ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်များနှင့် အရောင်းဆိုင်များကို အောက်တိုဘာလမှ စတင်ပြီး ရှောင်တခင် ၀င်ရောက် စစ်ဆေး ဖမ်းဆီးတော့မည် ဖြစ်ကြောင်း သိရသည်။

ဈေးချိုအပါအ၀င် စားသောက်ဆိုင်များ၊ စတိုးဆိုင်ကြီးများ၊ စားသောက်ဆိုင်များ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်စ္စည်းများမှာ တရားဝင်သော ကုန်ပစ္စည်းများ ဟုတ်၊ မဟုတ်ကို စစ်ဆေးကာ တရားဝင် သယ်ဆောင်သည့် ကုန်ပစ္စည်းများ မဟုတ်ပါက သိမ်းဆည်းထားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ပြောသည်။

“မန္တလေးမြို့မှာ တရားမ၀င် ကုန်သွယ်မှု ပပျောက်ဖို့အတွက် Mobile Team အဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့စည်းတွေက မန္တလေးမြို့မှာ ရှိတဲ့ လက်ကား အရောင်းဆိုင်ကြီးတွေ၊ ကုန်ပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်တွေ၊ စတိုးဆိုင်နဲ့ ဈေးဝယ်စင်တာတွေမှာ ၀င်ရောက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မန္တလေးတွင် ဖွဲ့စည်းမည့် Mobile Team အဖွဲ့တွင် ဌာန ၆ ခု ပါဝင်မည် ဖြစ်ပြီး ယင်းဌာနတွင် မီဒီယာဌာနလည်း ပါဝင်သည်။ ဌာန ၆ ခုတွင် စီးပွားကူးသန်းဌာန၊ အကောက်ခွန် ဦးစီးဌာန၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရဲတပ်ဖွဲ့၊ စည်ပင်ယာရေး ဦးစီးဌာနနှင့် မီဒီယာတို့ ပါဝင်မည် ဖြစ်သည်။

မန္တလေးမြို့သို့ တရုတ်နိုင်ငံမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်လျှက် ရှိပြီး အဓိက ၀င်လမ်း လေးလမ်း ကိုလည်း ယင်းအဖွဲ့မှ ကြပ်မတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း စီးပွား ကူးသန်း ၀န်ကြီးဌာန ကုန်သွယ်မြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးသူက ပြောသည်။

“မူဆယ်ဘက်နဲ့ လားရှိုးဘက်တွေမှာ ကျနော်တို့ အဖွဲ့တွေ ထားပြီး ကြပ်မတ် စစ်ဆေးတာတွေ လုပ်နေပါတယ်။ အခုတော့ စစ်ဆေးရေး အဖွဲ့တွေကို သင်တန်းပေးနေတာ တပတ်လောက် ရှိပါပြီ။ သူတို့ သင်တန်းပေးပြီးရင်တော့ ကွင်းဆင်း စစ်ဆေးတာတွေ လုပ်ဆောင်သွားမှာပါ” ဟု သူက ဆိုသည်။

တရုတ်ပြည်ဘက်ရှိ အရည်အသွေး ညံ့သော ကုန်ပစ္စည်းများကို အခွန်မဲ့ သယ်ဆောင်လာသည့် အတွက် စားသုံးသူများ ဘေးအန္တရာယ် ကျရောက်လျှက် ရှိသည်။

“ကုန်ပစ္စည်းတခု တရားဝင်တယ်၊ မ၀င်ဘူးဆိုတာ သူတို့ ဖြတ်ခဲ့တဲ့ အခွန်စာရွက်ကို ကြည့်မှာပါ။ အခွန်မဆောင်ဘဲ ဖြတ်သန်းတယ် ဆိုရင် ဒါဟာ တရားဝင်တဲ့ ကုန်ပစ္စည်း သယ်ဆောင်တာမျိုး မဟုတ်ပါဘူး။ တရုတ်ပြည်ဘက်မှာ တရားဝင် ထားတဲ့ ကုန်ပစ္စည်း တော်တော်များများက အခွန်ဆောင်ကြပါတယ်။ တရုတ်ပြည်ဘက်ကနေ တရားမ၀င်တဲ့ ကုန်ပစ္စည်းတွေ၊အရည်အသွေး ညံ့နေတဲ့ ပစ္စည်းတွေကို ဒီဘက် တင်သွင်းလာမှာကို လက်မခံနိုင်တဲ့ အတွက် စားသုံးသူ ကာကွယ်ရေးအတွက် ကျနော်တို့က ခုလို အဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ဦးမျိုးက ဆိုသည်။

အကောက်အခွန်မဲ့ ပစ္စည်းများ စစ်ဆေးခြင်းကို ဈေးချိုနှင့် စတိုးဆိုင်ကြီးများမှ ရောင်းဝယ်သူများက လက်ခံကြိုဆိုလျှက် ရှိနေပြီး ယင်းသို့ လုပ်ဆောင်ခဲ့လျှင် စားသုံးသူများအတွက် ကျန်းမာရေး စိတ်ချရနိုင်ကြောင်း သိရသည်။

“လာစစ်ဆေးတာကို လက်ခံပါတယ်။ စစ်ဆေးတဲ့ အချိန်မှာလည်း ပစ္စည်းအရည်သွေးကို နေရာတင် စစ်ပြီး ချက်ခြင်း အဖြေထွက်တာမျိုးကို လိုချင်ပါတယ်။ ဒါမှ ဒီပစ္စည်းတွေက အရည်သွေးမမှီဘူးဆိုရင် ချက်ခြင်း သိမ်းဆည်းရမှာ။ အရင်ကလည်း သူတို့က လာစစ်ပါတယ်။ ဒါပေမယ့် စစ်တဲ့ပစ္စည်းတွေကို ၂ လကြာမှ အဖြေသိရတော့ လက်ထဲမှာ အဲဒီပစ္စည်းတွေက ရောင်းပြီးကုန်ပြီလေ။ အဲဒီလိုမျိုး မဖြစ်စေချင်ပါဘူး” ဟု ဈေးချိုတော်ရုံ တွဲဘက်အတွင်းရေးမှူး ကိုအောင်ကျော်ဦးက ပြောသည်။

စစ်ဆေးသည့် စက်ကိရိယာများ အနေဖြင့် ခေတ်မီကိရိယာများကိုသာ သုံးသွားမည် ဖြစ်ပြီး ယင်းကိရိယာ များအတွက်လည်း ပြည်ပမှ မှာယူတင်သွင်း ပြီးသွားပြီ ဖြစ်ကြောင်း၊ စစ်ဆေးမှုများ၏ ဖြစ်စဉ်များကိုလည်း အွန်လိုင်း တပ်ဆင်မှုများဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စစ်ဆေးမည့်အဖွဲ့များကိုလည်း စနစ်တကျ သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်ဇံက ပြောသည်။

ကုန်ပစ္စည်းများကို ယင်းကဲ့သို့ လုပ်ဆောင်မည်ဆိုလျှင် ကုန်ဈေးနှုန်းများလည်း တက်သွားမည် ဖြစ်ပြီး ကျန်းမာရေး ဆုံးရှုံးမှုထက်စာလျှင် ကုန်ဈေးနှုန်းတက်သည်က လက်ခံနိုင်ဖွယ်ရှိကြောင်း စားသုံးသူများက ပြောဆိုလျှက် ရှိကြသည်။

Mobile Team အဖွဲ့ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပညာပေး ကာလများ သတ်မှတ်ကာ ဆောင်ရွက်ခဲ့သေးသည်။

မန္တလေးမြို့သို့ တရုတ်ပြည်ဘက်မှ ကုန်ပစ္စည်းများ အများဆုံး ၀င်ရောက်လျှက် ရှိပြီး အကောက်ခွန်မဲ့ ပစ္စည်းများမှာ အီလက်ထရွန်းနစ် ပစ္စည်းများ၊ အရက်ဘီယာ၊ ကလေးငယ်များ စားသုံးနေသည့် အသင့် ထုတ်ပိုးထားသော မုန့်ပဲသရေစာများနှင့် မိုဘိုင်းဖုန်းများ အများဆုံး တင်သွင်းကြကြောင်း သိရသည်။
irrawaddy

အပြည့်အစုံသို့ »

ကျွန်တော်နဲ့ ဦးအောင်မင်း ၊ ဦးခင်ရီ တို့ကို လာတိုက်ခိုက်ရင် အဲဒီသူတွေဟာ ဟတ်လိုင်နာ သွားချင်တဲ့သူတွေလို့ ပြောချင်တယ်ဟု ဝန်ကြီးဦးစိုးသိန်းတုံ့ပြန်


ပုဂ္ဂိုလ် ရေးဆိုင်ရာ တိုက်ခိုက်မှုများသည် ဒီမိုကရေစီမလိုလားသူများ၏အောက်တန်းစားနိုင်ငံရေး လုပ် ခြင်းသာဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဝေဖန်ပြောကြားသည်။  စက်တင်ဘာ ၂၇ ရက်က  နိုင်ငံခြားဘဏ်များတွင် အပ်နှံ ထားသည့် ၁၁ဘီလီယံနှင့်ပတ် သက်သောကိစ္စရပ်များတွင် ဝန် ကြီး ဦးစိုးသိန်းပါဝင်သည်ဟူသော ပြောဆိုမှုများအပေါ် ရန်ကုန် တိုင်းမ်နှင့် ယနေ့တွေ့ဆုံရာတွင်  ယင်းကဲ့သို့ ဝေဖန်ပြော ကြားလိုက် ခြင်းဖြစ်သည်။

ဝန်ကြီးဦးစိုးသိန်းက ''၁၁ ဘီလီယံနဲ့ပတ်သက်ပြီး ကမ္ဘာ့ ဘဏ်ကကြေညာပြီးပြီပဲ။ အဲဒီ မှာ ကျွန်တော့်ကိုဆွဲထည့်တာက ကျွန်တော့်ကို နိုင်ငံရေးအရသတ် တာပေါ့ဗျာ၊ သတ်လို့ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်က သမ္မတ လဲဝင်မရွေးဘူး။ ဝန်ကြီး လဲဝင် ရွေးမှာမဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်လဲ လုပ်မှာမဟုတ် ဘူး။ နောက်အစိုးရမှာ အခုတိုင်း ပြည်ကောင်းအောင် ကျွန်တော် ကျရာနေရာက လုပ်ပေးနေတာ'' ဟု ပြောသည်။ ယင်းအပြင် ဝန်ကြီးအနေ  ဖြင့် ပိုက်ဆံမ ရှိကြောင်း၊ လက်ရှိ ရွှေနံ့သာရှိ သစ်ခွခြံတွင်နေထိုင် ကြောင်း၊ ကျန်ရှိသောသူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိရှိ နိုင်မည်ဖြစ်ကြောင်း၊ ပိုက်ဆံရှိ ပါက ကချင်ပြည်နယ်ရှိစစ်ပွဲများ၊ ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများ ကိုလှူဒါန်းသွားမည်ဟု ထပ်မံ ပြောသည်။

ဝန်ကြီးက''ဒီအစိုးရလက် ထက်မှာဝန်ကြီးဖြစ်ကတည်းက သမ္မတကြီးကို ပိုင်ဆိုင်မှုတွေပုံစံ တွေပေးထားရတယ်။ စိန်၊ ရွှေ ဘယ်လောက်ရှိတယ်။ ကား ဘယ် လောက်ရှိတယ်။ မြေဘယ်လောက် ရှိတယ် အားလုံးပေးထားရတယ်။ အိတ်ပိတ် ပြီး၊ အဲဒီ စာအိတ်ကို ဖွင့်ပြီးကြည့်လိုက် အရေးယူလို့ ရတယ်။ မဟုတ်တာတွေလာပြော တော့ ကျွန်တော်ကရယ်ချင်တယ်'' ဟု ပြောသည်။ ယင်းကဲ့သို့ဖြစ်ခြင်းမှာ မြန် မာများ၏ ဒီမိုကရေစီမရင့်ကျက် မှုနှင့် အောက်တန်းစားနိုင်ငံရေး လုပ်ခြင်း သာဖြစ်ကြောင်း ထပ်မံ ပြောသည်။

ဝန်ကြီးက''ပုဂ္ဂိုလ်ရေးတိုက် ခိုက်မှုတွေနဲ့ ဒီမိုကရေစီမရနိုင် ဘူး။ ကျွန်တော်တို့ တစ်ချိန်တုန်း က ဆန့်ကျင်ဘက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ တွေပေါ့။ ကျွန်တော် ပုဂ္ဂိုလ်ရေး ဘာမှမရှိဘူး။ အားလုံးတိုင်းပြည် ကောင်းဖို့ပဲလုပ်နေတာ။ ဒေါ် အောင်ဆန်းစုကြည် ကျွန်တော် တို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမရှိဘူး။ ပုဂ္ဂိုလ်ရေးနဲ့မပြိုင်ဘူး။ လုပ်မှုကိုင် မှုနဲ့ပဲပြိုင်မယ်။ ဝမ်းနည်းဖို့ကောင်း တာက ခင်ဗျားတို့ ဒီမိုကရေစီလို ချင်တာလား။ ကျွန်တော့်ကိုတိုက် ခိုက်ချင် တာလား။ ကျွန်တော့်ကို တိုက်ခိုက်ရင် ကျွန်တော် ယုံကြည် တယ်။ ကျွန်တော်နဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့ကို လာတိုက်ခိုက်ရင် ခင်ဗျားတို့က ဟတ်လိုင်နာသွား ချင်တဲ့သူတွေ ဒီမိုကရေစီသွား ချင်တဲ့သူတွေ မဟုတ်ဘူးလို့ပြော ချင်တယ်။ တချို့က အုပ်စုရှိလား ဆိုတော့ ရှိတာပေါ့။ အကြီးကြီး ပေါ့ဗျာ။ ကျွန်တော်မပြောချင် သေးလို့ အချိန်မတန်သေးလို့''ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဒီမို ကရေစီကိုမကြိုက်သည့် ယခင် စနစ်ကို နောက်ပြန်သွားချင်သူ များရှိနေကြောင်း၊ ယခုကြိုးပမ်း မှုများသည် နောင်လာနောင်သား များအတွက် ဒီမိုကရေစီအနှစ် သာရများကို ခံစားနိုင်ရန်အတွက် ဖြစ်ကြောင်း ပြောသည်။

သန်းနိုင်ဦး ၊ မောင်ပိုင်
yangonmedia

အပြည့်အစုံသို့ »