စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့်ကို အွန်လိုင်းမှတစ်ဆင့် တင်နိုင်အောင် ဆောင်ရွက်သွားမည်

နန်းမြင့် | သောကြာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၄၃ မိနစ်

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်များအတွက် ပုံစံတင်ရာတွင် အွန်လိုင်းမှ တစ်ဆင့် e Application Form ပုံစံဖြင့်တင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ မရမ်းကုန်းမြို့နယ်၌ ပြည်သူများနှင့် တွေ့ဆုံပွဲတွင်ဖြစ်ပြီး မည်သည့်အချိန်တွင် ယင်းသို့ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်ကိုမူ အတိအကျ သိရှိရခြင်း မရှိသေးပေ။ လက်ရှိအချိန် တွင် စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းနှင့် ပတ်သက်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရခြင်း ဖြစ်သည်။ ယင်းကြောင့် နောက်ပိုင်းတွင် ပိုမိုလွယ်ကူစေရန်အတွက် မြို့နယ်မှတစ်ဆင့် e Application Form နှင့် လျှောက်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

သို့သော် မြေယာပိုင်ဆိုင်မှု အထောက်အထားများနှင့် ပတ်သက်၍မူ ရုံးသို့ လာရောက်ရဦးမည် ဖြစ်သည်ဟုလည်း ဌာနမှူးက ဆိုသည်။

၎င်းက “နောင်ဆိုရင် မြို့နယ်မှာရှိတဲ့ စည်ပင်သာယာ အုပ်ချုပ်မှုရုံးတွေကနေ လျှောက်လွှာ e Application Form ပို့လို့ရမယ်။ သို့သော်လည်း အဆောက်အအုံ ဆောက်လုပ်တဲ့နေရာမှာ အဓိက အရေးကြီးဆုံး အချက်က မြေယာ ပိုင်ဆိုင်မှုပဲဖြစ်တယ်။ အဲဒါကြောင့် မြေပိုင်ဆိုင်မှု အထောက်အထားတွေကိုကျတော့ e (အီလက်ထရောနစ်စနစ်)နဲ့ ပို့လို့မရတဲ့အတွက်ကြောင့် တစ်ချိန်တစ်ခါ (သို့မဟုတ်) နှစ်ကြိမ် နှစ်ခါတော့ ရုံးမှာလာပြီး မူရင်းတွေ တိုက်ဆိုင် စစ်ဆေးပေးဖို့အတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

အဆောက်အအုံဆောက်လုပ်ခွင့်မှာ မြေမှာ ဂရမ်အမည်ပေါက်ဆိုပါက သတ်မှတ်ထားသော အမြင့်များအတိုင်း ဆောက်နိုင်ပြီး မြေဂရမ်ပိုင်ဆိုင်မှု အဆင့်ဆင့်လွှဲပြောင်းလာသည့် အရပ်စာချုပ်ဆိုလျှင် ပြဿနာရှိနိုင်သည့်အတွက် အထပ်နိမ့်သာ ခွင့်ပြုသည်ဟုလည်း စည်ပင်မှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လက်အောက်တွင် မြို့နယ် ၃၃ မြို့နယ်ရှိသည့်အနက် ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှု အများဆုံးမြို့နယ်မှာ သင်္ဃန်းကျွန်းဖြစ်ပြီး တရားစွဲထားသော အမှု ၅၀၅ မှု ရှိသည်။ ဒုတိယအများဆုံးမှာ လှိုင်မြို့နယ်ဖြစ်ပြီး ၂၂၈ မှုနှင့် တတိယအများဆုံး မရမ်းကုန်းတွင် ၁၂၈ မှု ရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် မည်သူမှ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ခြံစည်းရိုးခတ်ခြင်းများ မပြုလုပ်ရဟု တားမြစ်ထားသည်။
Mizzima - News in Burmese

အပြည့်အစုံသို့ »

မယ်စကြာဝဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖန်ခံရ


October 11, 2013

မယ်စကြာဝဠာ မြန်မာ မိုးစက်ဝိုင်ဟာ တရုတ်သတင်းစာတွေမှာ မြန်မာ ကိုယ်စားပြု တရုတ်အမျိုးသမီး သွားပြိုင်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာ တဲ့အတွက် ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

နှစ်ပေါင်းငါးဆယ်ကြာ မယ်စကြာဝဠာ ပြိုင်ပွဲနဲ့ ကင်းဝေးခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မှစပြီး ပြန်လည်ပြိုင်ပွဲဝင်ဖို့ လူရွေးချယ်တဲ့အခါ ဒီလ သုံးရကပ်နေ့က မိုးစက်ဝိုင်ကို နိုင်ငံကိုယ်စားပြုပြိုင်ဖို့ မယ်စကြာဝဠာ မြန်မာ အဖြစ် ရွေးချယ် ခဲ့တာပါ။

မယ်စကြာဝဠာ မြန်မာဖြစ်ပြီး သီတင်းတပတ်မပြည့်သေးခင်မှာ ဦးနေရွေသွေးအောင် ဖိတ်ကြားတဲ့ ပွဲတခုမှာ တက်ရောက်ခဲ့ပြီး အင်တာနက်စာမျက်နှာတွေကနေ ၀ိုင်းဝန်းဝေဖန်တာ ခံခဲ့ရပါတယ်။

ဒါကြောင့် မယ်စကြာဝဠာမြန်မာ မိုးစက်ဝိုင်ဟာ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ဦးနေရွေသွေးအောင်နဲ့ ဘာမှ မပတ်သက်ကြောင်း မီဒီယာတွေရဲ့ အမေးကို အဓိကထား ဖြေဆိုခဲ့ရတာပါ။

ဒီတကြိမ်ကတော့ သူဟာ Miss Chinese International 2009 ဒုတိယဆုရှင်ဖြစ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အ တွက် မြန်မာပြည် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မှုအပေါ် ဝေဖန်မှုတွေ ဖြစ်ခဲ့တာပါ။

တရုတ်သတင်းစာတွေမှာ မိုးစက်ဝိုင်ကို တရုတ်အမျိုးသမီး Yang Xinrong(ရန်ဆင့်ရုံ) အဖြစ် ဖော်ပြထားပြီး သူဟာ လာမယ့်နိုဝင်ဘာ ရုရှားမှာကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်မယ်လို့ ရေးသားကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ မယ်စကြာဝဠာ မိုးစက်ဝိုင်ကို ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ မယ်စကြာဝဠာ ပြိုင်ပွဲဝင်ရောက်ဖို့အတွက် ကြိုတင်ပြင်ဆင် မှု လေ့ကျင့်လုပ်ဆောင်နေလို့ မအားပါဘူးလို့ ပွဲဦးဆောင်ကျင်းပခဲ့တဲ့ Hello Madam မှ တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။

“သူက အခုအချိန်မှာ အင်တာဗျူးတွေ ဖြေဖို့ အစီအစဉ်မရှိပါဘူး။ ဟိုနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မီဒီယာအားလုံးနဲ့ ဖြေပြီးပြီဆိုတော့ ပြန် လာမှပဲ ဖြေပေးမယ်လို့ ညီမတို့ကို ပြောထားလို့ပါ။”

အဲဒီအေဂျင်စီက မီဒီယာကို ဖြေဆိုဖို့ တာဝန်ရှိသူ ဦးချမ်းလင်းသူကတော့ မိုးစက်ဝိုင်ရရှိတယ်ဆိုတဲ့ ဆုဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ဆုမဟုတ် ဘဲ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ပွဲကနေ ပေးတဲ့ ဆုသာဖြစ်တယ်လို့ ဖြေပါတယ်။

“အဲဒီပွဲက တရုတ်ပြည်ကပွဲ မဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ စီဒိုးနားဟော်တယ်မှာ ပြုလုပ်တဲ့ပွဲပါ။ နိုင်ငံတကာ ကုန်သည်ကြီးများအသင်းရဲ့ နှစ်ပတ်လည်ပွဲပါ။ ကျနော်တို့ နာမည်နဲ့ ဂုဏ်သိက္ခာက လူနည်းစုကြောင့် ထိခိုက်ပါတယ်။”

သူတို့ဟာ မယ်စကြာဝဠာမြန်မာဆုရွေးချယ်ပွဲကို မယ်စကြာဝဠာအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့တာလို့ ဖြည့် စွက်ပြောဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက နာမည်ကြီး မော်ဒယ်အေဂျင်စီတခုဖြစ်တဲ့ စတားအေဂျင်စီက ဦးဂျွန်လွင်ကတော့ မယ်စကြာဝဠာမြန်မာဆုရွေးချယ်ပွဲနဲ့ ပတ်သက်လို့ အမှတ်ပေးပုံအပေါ် ဝေဖန်ပြောဆိုပါတယ်။

“ပွဲမစခင်မှာ ကန့်သွင်းတဲ့အချိန်မှာ အမှတ် ၇၀ ပေးတယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က အမှတ် ၃၀။ ဖုန်းပြောရင် အမှတ်လျော့တယ်၊ အိပ်ရာထ နောက်ကျရင်လည်း အမှတ်လျော့တယ်တဲ့။ စည်းကမ်းဘောင်ကလည်း စည်းကမ်းပေါ့နော်။ စည်းကမ်းထက် တကယ်ဖြစ်နိုင်တာလား။ ဖြစ်သင့်တာလား။ ဖြစ်စေချင်တဲ့လူလား။ အဲဒီလိုမျိုး စဉ်းစားပြီးမှ ဆုံးဖြတ်သင့်တယ်။ အမှတ် ၇၀ ကို ဆုံးဖြတ်တယ်ဆိုတာ သူတို့ Miss Universe အမှတ်ပေး စည်းမျဉ်းကိုလည်း မသိဘူးလေ။ သူတို့ လုပ်ချင်တိုင်းလုပ်လို့ရအောင် စင်နောက်မှာ လုပ်ထားတဲ့အတွက်ကြောင့် သူတို့ပေးချင်တဲ့သူကို လက်သိမ့်ထိုးပြီး ပေးလို့ရအောင် ဖန်တီးထားတယ်လို့ပဲ မြင်တယ်။ ”

ရုရှားနိုင်ငံမှာ လာမယ့်နိုဝင်ဘာ ၉ ရက်နေ့ကျရင် နိုင်ငံပေါင်းစုံ မယ်စကြာဝဠာပြိုင်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

(ဒီဗွီဘီ)

အပြည့်အစုံသို့ »

ပျောက်ဆုံးနေသူ လူငယ် (၂) ဦး အလောင်းကို သံတွဲတွင် ရှာဖွေတွေ့ရှိ


Thursday, October 10, 2013

အောက်တိုဘာလ ၁ ရက်နေ့က တောင်ကုတ်မှ သံတွဲသို့ သုံးဘီး တက္ကစီဖြင့် အသွား အကြမ်းဖက် အုပ်စု တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံရ၍ သေဆုံးသွားသူ လူငယ် (၂) ဦး၏ အလောင်းကို မနေ့က ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်ဟု သံတွဲ လူမူ ကွန်ယက် ဥက္ကဌ ကိုစိန်ချစ်က ပြောသည်။

သေဆုံးသွားသူ လူငယ် (၂) ဦးမှာ ဖိုးတာ (ခေါ်) မောင်မောင် ၀င်း(၂၀) နှစ်
နှင့် ရာဇာ (ခေါ်) မင်းခိုင်ရွှေ (၂၉) နှစ်တို့ ဖြစ်ကြပြီး သူတို့မှာ ရခိုင် ဗုဒ္ဓဘာသာများ ဖြစ်ကြသည်ဟု သူက ဆိုသည်။

သူတို့ နှစ်ဦးသည် တခြားသူ ၄ ဦးနှင့် အတူ အောက်တိုဘာလ ၁ ရက်နေ့က ဆိုင်ကယ် တက္ကစီနှင့် တောင်ကုတ်မှ သံတွဲအလာတွင် လင်းသီ မူဆလင်ရွာသားများ၏ ၀ိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ယင်းနောက်ပိုင်းကတည်းက သူတို့ နှစ်ဦးမှာ ပျောက်ဆုံးသွားခဲ့သည်ဟု သူက ပြောသည်။

ကျန် ၄ ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေး လွှတ်မြှောက်ခဲ့ပြီး ဒဏ်ရာ ပြင်း ထန်သဖြင့် သံတွဲဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

“ သူတို့ အလောင်းကို မနေ့က မူဆလင်သချိုင်္င်းမှာ မြုပ်နှံထားတာကို ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျနော်တို့ကတော့ ဥပဒေအတိုင်း ထိရောက်စွာ ဆောင်ရွက်ပေးဖို့ပါဘဲ။ ဒါလောက်ဘဲ ပြောချင်ပါတယ်” ဟု ကိုစိန်ချစ်က ပြောသည်။

ယခုအခါ အဆိုပါ လူသတ် တိုက်ခိုက်မူနှင့် ပတ်သက်သူ လင်းသီ ရွာသား မူဆလင် (၁၀) ယောက်ခန့်ကို သံတွဲရဲက ဖမ်းဆီး ထားပြီး စစ်ဆေး မေးမြန်းနေသည်ဟု သိရသည်။

သံတွဲရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ အဆိုပါ အမူကို ရွှေလှေ ရဲစခန်းက ကိုင်ထားသဖြင့် အဆိုပါ စခန်းသို့ တိုက်ရိုက် မေးမြန်းပါဟု ဆိုကာ ဖုံးချသွားခဲ့သည်။

သံတွဲ ဖြစ်စဉ်တွင် လူ (၇) ဦးသေဆုံးခဲ့ရပြီး ထိုအထဲတွင် ယခု အလောင်းရသူ ကိုဖိုးတာနှင့် ကိုရာဇာတို့ အပါအ၀င် ဖြစ်သည်။

(နိရဉ္စရာ- ၁၀ အောက်တိုဘာ ၂၀၁၃)


အပြည့်အစုံသို့ »

နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရဖို့ ကုလကိုယ်စားလှယ် တောင်းဆို


မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၅၆ ယောက်ကို မြန်မာအစိုးရသစ်က အင်္ဂါနေ့က ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း၊ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်တွေနေရာမှာ ခံဝန်ချက် နှောင်ကြိုးတွေပါနေတာ၊ နောက်ထပ် အဖမ်းအဆီးတွေ ရှိနေသေးတာတွေကြောင့် စိုးရိမ်ကြောင်း မစ္စတာ Quintana က ပြောကြားပါတယ်။

အခု နောက်ဆုံးပြန်လွှတ်လိုက်သူတွေဟာ အရင် စစ်အစိုးရလက်ထက်က မတရား ဖမ်းဆီးခံထားရသူတွေဖြစ်ကြောင်း၊ အခုလို ပြန်လွှတ်ပေးတာဟာ သူတို့နဲ့ သူတို့မိသားစုတွေအတွက်သာမက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက်ပါ အရေးကြီးကြောင်း၊ ပြန်လွှတ်ပေးသူတွေကို နေရာပြောင်းရွေ့နေထိုင်ခွင့်မပြုတာ၊ အစိုးရ၀န်ထမ်း လုပ်ခွင့်မရတာ၊ မှတ်ပုံတင်နဲ့ သက်မွေးဝမ်းကျောင်းလိုင်စင်တွေ သိမ်းယူထားတာစတဲ့ ကန့်သတ်ချုပ်ချယ်ထားတာတွေ ရုတ်သိမ်းပေးဖို့လိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Quintana က တိုက်တွန်းခဲ့ပါတယ်။
RFA Burmese

အပြည့်အစုံသို့ »

ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန့် ပြန်ပေးမည်


ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်စတဲ့ မြို့နယ် ၁ဝ ခုလောက်မှာ တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း တစ်သောင်းနီးပါးခန့်ကို တောင်သူတွေလက်ထဲ မကြာခင်ပြန်လည်ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ တပ်မတော်အဆင့်မြင့်အရာရှိ အသိုင်းအဝိုင်းက RFA ကို ဒီကနေ့အတည်ပြုပြော ဆိုပါတယ်။

တပ်မတော်အနေနဲ့ ပြည်နယ်အစိုးရကတဆင့် တောင်သူတွေဆီ မကြာခင်လက်ရောက်ပေးအပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျေးရွာကော်မတီ ၅ ဦးတို့ရဲ့ မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက်တွေကိုယူနေကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက RFA ကိုပြောပါတယ်။

အခုပေးအပ်မယ့် လယ်ယာမြေတွေထဲမှာ တချိန်က တောင်သူတွေရဲ့ ဦးပိုင်အမည်ပေါက်နဲ့ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာတွေအပြင်၊ တောရိုင်းမြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေ အများဆုံးပါဝင်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမပုံမှန်အစည်းအဝေးမှာ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁၊ ၂ နဲ့ ပတ်သက်ပြီး ဆွေးနွေးချက်အပေါ်မှာ တပ်ဧရိယာပြင်ပ စိုက်ပျိုးမြေတွေကနေ ပိုင်ဆိုင်မှုအလိုက်စိစစ်ပြီး ပြည်ထဲရေးအမိန့် (လန-၃၉) ရရှိပြီး မြေယာတွေကို ပြန်လည်ပေးအပ်ဖို့ စီစဉ်နေတာလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း သုံးသောင်းခုနစ်ထောင်လောက်ရှိနေပြီး ရခိုင်ပြည်နယ်တောင်ပိုင်းဖြစ်တဲ့ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွစတဲ့မြို့နယ်တွေက သိမ်းဆည်းခံထားရတဲ့ မြေယာတွေပြန်လည်ရရှိရေးအတွက် လာမယ့်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်လို့ လည်းသိရပါတယ်။
RFA Burmese

အပြည့်အစုံသို့ »

မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ဖမ်းဆီးရမိ


မန္တလေးမြို့၊ ချမ်းမြသာစည် မြို့သစ် Panasonic ကုမ္ပဏီ၏ ဂိုဒေါင်ဝင်းအတွင်း အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှု တရားခံနှစ်ဦးဖြစ်သော မောင်သောင်းစုဇင် အသက်-၂၀ နှစ်၊ အဖ-ဦးကြံတင်၊ ဗန်းမော်နှင့် မောင်အောင်ကျော် ဟိန်း(ခ) အောင်ကျော်၊ အသက်-၁၉ နှစ် တို့ကို မန္တလေးတိုင်းဒေသကြီး မှူခင်းအကူဌာနမှ (CID ) ရဲအုပ်-မျိုးညွှန့်လွင်နှင့် မန်းရဲအုပ်-ရဲမြင့်တို့မှ (၇)ရက်အတွင်း ဖမ်းဆီးဖေါ်ထုတ်နိုင်ခဲ့တယ်လို့ မန္တလေးမြို့အမှတ်(၁၁) ရဲစခန်းမှ စုံစမ်းသိရှိရသည်။

လူသတ်မှုကျူးလွန်သည့် မောင်သောင်းစုဇင်နှင့် မောင်အောင်ကျော်ဟိန်းတို့သည် ၀န်းယမ်း (၅၀)ကျော်ရှိသော ထို Panasonic ကုမ္ပဏီ၏ ၀န်းထမ်းများ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ညက ကုမ္ပဏီ၏ မီးခံသေတ္တာဖောက်ဖို့ သွားရာ လုံခြုံရေးဝန်များဖြစ်သော (အမရပူရမြို နယ်နေ) ဦးဟန်သောင်း၊ ဦးတင်လှိုင်၊ ဒေါ်ကြည်ကြည် ဟန်(ခ) ဒေါ်ခင်ခင်ဝင်း တို့ကိုတွေ့ပြီး သတ်ဖြတ်ရာမှ သုံးလောင်ပြိုင် လူသတ်မှု ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

CID ရဲအုပ်- မျိုးညွှန့်လွင်နှင့် မန်းရဲအုပ်-ရဲမြင့်တို့သည် ကုမ္ပဏီမန်နေ ဂျာ နှစ်ဦး၏အကူအညီဖြင့် ၀န်ထမ်းများကို မေးမြန်းစစ်ဆေးရာက အမူအရာပျက်နေသော တရားခံ ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို သတိထားမိပြီး ထိုတရားခံနှစ်ဦး၏ လှုပ်ရှားမှုများ၊ အခင်းဖြစ်ပျက်စဉ်က လှုပ်ရှားမှု ကွင်းဆက်များနှင့် သဲလွန်စများကို စောင့်ကြည့်စစ်ဆေး စုံစမ်း မေးမြန် ရှာဖွေရာမှ အမှုကိုဖေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သုံးလောင်ပြိုင် လူသတ်မှု တရားခံများဖြစ်ကြသည် မောင်သောင်း စုဇင်နှင့် မောင်အောင်ကျော်ဟိန်းတို့ကို မန္တလေးမြို့ အမှတ် (၁၁) ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂နှင့် (ပ) ၄၉၈/၂၀၁၃ တို့ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။



by Myanmar News Now

အပြည့်အစုံသို့ »

ဂျက်စတင်ဘီဘာ G-Dragon နှင့် Psy တို့ Instagram တွင် ဓာတ်ပုံများ ထုတ်ဖော် ပြသ


ဆိုးလ်  အောက်တိုဘာ  ၉
ကနေဒါပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာသည်  ဘန်ဂီ-ဒေါင်အိုလံပစ် ပန်းခြံ (၁၀)နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲအတွက် ကိုရီးယား နိုင်ငံသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲသည် ကိုရီးယား နိုင်ငံတွင် ပြုလုပ်သည့် ဘီဘာ၏ ပထမဆုံး ဖျော်ဖြေပွဲဖြစ်သည်။
ဂျက်စတင်ဘီဘာသည် Psy နှင့် G-Dragon တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး ဘီဘာနှင့် Psy ၏ မန်နေဂျာ စကူတာဘန်တို့သည် ၎င်းတို့၏ ရင်းနှီးမှုကို သက်သေပြရန်အတွက် Instagram တွင် ဓာတ်ပုံများကို ထုတ်ဖော် ပြသခဲ့သည်။

ယင်းဓာတ်ပုံများတွင် ဂျက်စတင်ဘီဘာ၊ Psy နှင့် G-Dragon တို့သည် သူငယ်ချင်း ဟောင်း များကဲ့သို့ ရိုက်ကူးထားပြီး   G-Dragon ၏ နောက်ဆုံး ထွက်ရှိထားသော  တေးအယ်လ်ဘမ် ''Coup D'etat" ကိုလည်း ဖော်ပြထားသည့်အပြင် စကူတာဘန်က မိမိလေးစားရသော သူငယ်ချင်း G-Dragon အတွက် လက်ဆောင်အဖြစ် ထည့်သွင်း ဖော်ပြထားသည်ဟု ရေးသား ထားကြောင်း သိရသည်။
Myawaddy
Written by  ရွှေကူ

အပြည့်အစုံသို့ »