ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအား ရန်ကုန်တိုင်း၊ ရဲတပ်ဖွဲ့များနှင့် နယ်မြေခံရဲများက ကြည့်ရှု့


သာကေတမြို့နယ် (၃)ရပ်ကွက် ယမုံနာလမ်းပေါ်ရှိ မာန်ပြေကားမှတ်တိုင်နှင့် အခွန်လွတ်ဈေးအနီးတွင် ယနေ့ညနေ ၅နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအား ရန်ကုန်တိုင်း၊ ရဲတပ်ဖွဲ့များနှင့် နယ်မြေခံရဲများက ကြည့်ရှုနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၁၄နှစ်အရွယ် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက ပြောသည်။
Mizzima - News in Burmese

အပြည့်အစုံသို့ »

ကေအိုင်အို ကိုယ်စားလှယ်များ၏ အပြန်ခရီး ဒေသခံ ထောင်ပေါင်းများစွာ ပို့ဆောင်နှုတ်ဆက်


မြစ်ကြီးနား အောက်တိုဘာ ၁၂

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားမှ လိုင်ဇာသို့ အပြန်ခရီးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒေသခံ ကချင်လူမျိုး ထောင်ပေါင်းများစွာတို့က ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာအထိ တိုင်အောင် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ကေအိုင်အို ကိုယ်စားလှယ်များ ပြန်လည် ထွက်ခွာမည့် ယင်းနေ့ နံနက် ၆ နာရီ ခန့်မှစတင်ကာ မြစ်ကြီးနား ဒေသခံများက မနောကွင်းရှေ့တွင် စုရုံး စောင့်ဆိုင်းနေခဲ့ပြီး နံနက် ၇ နာရီခန့်အချိန် ကိုယ်စားလှယ်များ မြစ်ကြီးနားမှ စတင်ထွက်ခွာခဲ့ရာ ယာဉ်တန်းနှင့်အတူ မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့သွားရာ လမ်းတစ်လျှောက်ရှိ ဒေသခံများနှင့် စစ်ရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကလည်း စောင့်ဆိုင်း နှုတ်ဆက် ခဲ့ကြပြီး ကချင် အနုပညာရှင်များက တေးဂီတများ တီးခတ် ဖျော်ဖြေလျက် မော်တော်ယာဉ်များဖြင့် ကိုယ်စားလှယ်များကို လမ်းတစ်လျှောက် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
“ကျွန်တော်တို့ ကတော့ အောင်မြေ ၂ ထိပဲ လိုက်ပို့ခဲ့တယ်။ ကားနဲ့ လူတွေကတော့ နမ်ဆန်ယန်ထိ လိုက်ပို့ကြမယ်လို့ ပြောတယ်” ဟု ကိုယ်စားလှယ်များကို ပို့ဆောင် နှုတ်ဆက်ခဲ့သူ မြစ်ကြီးနားမြို့မှ ကိုမရန်က ဆိုသည်။

ကေအိုင်အို ကိုယ်စားလှယ်များ၏ မေလ ဆွေးနွေးပွဲအပြီး အပြန်ခရီးတွင်လည်း ဒေသခံများက ယခုကဲ့သို့ လိုက်လံပို့ဆောင်ခဲ့ပြီး ဝိုင်းမော်မြို့နယ်ရှိ ရှမ်းလူမျိုးများက ကေအိုင်အို ကိုယ်စားလှယ်များကို ဆန္ဒပြခဲ့ကြသည်။
The Voice Weekly

အပြည့်အစုံသို့ »

နိုင်ငံကြီးများကို အလဲထိုးသည့် ကျောင်းဆရာတစ်ဖြစ်လဲ စစ်ပါရဂူ


(ေဇယ်သူ)

၂၀ ရာစု၏ အတောက်ပြောင်ဆုံး စစ်သူကြီး တစ်ဦးဖြစ်သည့် ဗီယက်နမ် လွတ်လပ်ရေး သူရဲကောင်း ဗိုငွင်ဇပ် အသက် ၁၀၂ နှစ်တွင် ဆုံးပါးသွားပြီ။ ထိုသတင်းကို ဆုံးလျှင်ဆုံးချင်း အောက်တိုဘာ ၄ ရက် နေ့က ဗီယက်နမ် သူငယ်ချင်း တစ်ယောက်က Facebook ပေါ်တွင် ဝေမျှသည့်အတွက် ဦးဦးဖျားဖျား သိခွင့်ရလိုက်သည်။

ဆက်တိုက်ဆိုသလို အခြားဗီယက်နမ် သူငယ်ချင်းများကလည်း ဗိုငွင်ဇပ် ဆုံးသည့်သတင်းကို သူ့ထက်ငါ တင်လာကြသည်။ လူချစ်လူခင် များလှသည့် သူရဲကောင်းကြီးကို ဗီယက်နမ်သူ ဗီယက်နမ်သားတို့ အင်တာနက်ပေါ်တွင် လွမ်းဆွေး တမ်းတကြသည်။ ဗိုငွင်ဇပ် တစ်ယောက် ဆုံးပါးသောကြောင့် စိတ်မကောင်း ဖြစ်ကြသူများတွင် ဗီယက်နမ်စစ်ကို မမီလိုက်သူ ဗီယက်နမ် လူငယ်များစွာတို့ အပါအဝင် ဖြစ်သည့်အတွက် ဗီယက်နမ်တို့ သူ့ကိုလေးစားမှုအား မြင်နိုင်သည်။ ဗိုလ်ချုပ်ကြီး ဗိုငွင်ဇပ်သည် ခေတ်သစ် ဗီယက်နမ်ကို ထူထောင်သူ ရဲဘော်တစ်စု အနက်မှ နောက်ဆုံး ကျန်ရစ်သူ ဖြစ်သည်။ ဗီယက်နမ်၏ ဖခင်ကြီး ဟိုချီမင်းပြီးလျှင် အလေးစားခံရဆုံး ဗီယက်နမ် သူရဲကောင်း ဗိုငွင်ဇပ်သည် ဟိုချီမင်း၏ ညာလက်ရုံးလည်း ဖြစ်သည်။

ဗိုငွင်ဇပ်အကြောင်း မြန်မာပြန်ထားသော စာအုပ်ကို ငယ်စဉ်က ဖတ်မိကတည်းက သူ့ကို လေးစား မိသည်။ သူ့ကို လေးစားရင်း သူကိုယ်စားပြုသော ဗီယက်နမ်တို့၏ အနိုင်မခံ အရှုံးမပေး အလံမလှဲသော စိတ်ဓာတ်ကို မြတ်နိုးတတ်လာသည်။ နောင်ပြည်ပတွင် ကျောင်းသွားတက်၊ စာတမ်းသွားဖတ်၊ လေ့လာရေး ခရီးသွားရင်း ခင်လာသည့် ဗီယက်နမ် သူငယ်ချင်း အများစုသည်လည်း စိတ်ဓာတ် ပြင်းပြကြသည်။ မတော်သော ဗီယက်နမ်သာ တွေ့ဖူးသည်၊ မကြိုးစားသော ဗီယက်နမ် ကျွန်တော်မကြုံဖူးခဲ့။ ဗီယက်နမ်နိုင်ငံသည် ရုန်းကန်ရသော နိုင်ငံဖြစ်သည်။ သူ၏ ရပ်တည်မှုကို ခြိမ်းခြောက်သည့် နိုင်ငံများမှာ ထိတ်ထိတ်ကြဲတွေချည်း။ အိမ်နီးချင်း တရုတ်နှင့် နှစ်ထောင်ချီကာ တဂျိမ်းဂျိမ်း တိုက်ကြရသည်။ ရှုံးလိုက် နိုင်လိုက်၊ တရုတ်က စိုးမိုးထားချိန်များ လည်းရှိသည်။ သို့သော် ဗီယက်နမ်သည် တရုတ် ဖြစ်မသွား၊ ဗီယက်နမ်က ဗီယက်နမ်သာ။ နောက်ပိုင်းတွင် ပြင်သစ်လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားရပြန်သည်။ ပြင်သစ်လက်မှ ကျွတ်သောအခါ မဟာအင်အားကြီး အမေရိကန်ပြည်ထောင်စုနှင့် ရင်ဆိုင် ရပြန်သည်။ ဗိုငွင်ဇပ်သည် ဗီယက်နမ် တပ်မတော်ကို ဦးဆောင်ပြီး ပြင်သစ်ရော အမေရိကန်ပြည်ထောင်စုကိုပါ အနိုင်တိုက်ခဲ့သည့် ခေတ်သစ် ဗီယက်နမ် သူရဲကောင်းကြီး ဖြစ်သည်။

သတင်းစာဆရာ၊ ကျောင်းဆရာ ဖြစ်သည့် ဗိုငွင်ဇပ်သည် စစ်ပညာကို ကိုယ့်ဘာသာကိုယ် လေ့လာ တတ်မြောက်ခဲ့သူ ဖြစ်သည်။ လူ ၃၄ ယောက်၊ အိုမင်းဟောင်းနွမ်း လက်နက်ငယ်များဖြင့် ပြောက်ကျားတပ် တစ်တပ်ကို ဗီယက်နမ်မြောက်ပိုင်း တောတွင်း၌ ၁၉၄၄ တွင် သူဖွဲ့စည်းခဲ့သည်။ ဗီယက်နမ်ကို တိုင်းတစ်ပါးသားတို့ လက်အောက်မှ လွတ်မြောက်အောင် သေသည်အထိ တိုက်ပွဲဝင်သွားရန် ကျိန်ဆိုခဲ့ကြသည့် ထိုလူ ၃၄ ယောက်သည် တပ်မတော် တစ်ရပ်အဖြစ် ကြီးထွားလာကာ ပြင်သစ် နယ်ချဲ့အင်ပါယာကို ပြိုကွဲစေခဲ့ပြီး နှစ်ခြမ်းကွဲနေသည့် ဗီယက်နမ်ကို ပေါင်းစည်းစေခဲ့သည်။ Red Napoleon ကွန်မြူနစ် နပိုလီယံဟု ပြင်သစ် စစ်သူကြီး နပိုလီယံနှင့် တင်စားခံရသော ဗိုငွင်ဇပ်သည် ပြောက်ကျား စစ်ပါရဂူဟု သူ၏ ပြိုင်ဘက်များရော စစ်ရေး ပညာရှင်များကပါ သတ်မှတ်ခြင်းခံရသည်။ သူ၏ ပြောက်ကျား နည်းစနစ်များကို ကမ္ဘာတစ်ဝန်း နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲများတွင် အတုယူ လက်ဆင့်ကမ်း သုံးစွဲခဲ့ကြသည်။

ကိုလိုနီအရှင်သခင် ပြင်သစ်တပ်များကို အငိုက်ဖမ်း အလဲထိုးကာ လွတ်လပ်ရေး အရယူနိုင်ခဲ့သည့် ဒိန်ဗင်ဖူး တိုက်ပွဲတွင် ဗိုငွင်ဇပ်၏ သမားရိုးကျ စစ်ပွဲတိုက်နိုင် စွမ်းအားကို အားလုံးက မျက်ဝါးထင်ထင် တွေ့မြင်ရသည်။ ဗိုငွင်ဇပ်သည် အမြောက်များကို ပြင်သစ်တို့ မသိအောင် အစိတ်အပိုင်းများအဖြစ် ဖြုတ်ပြီး စက်ဘီးနှင့်တင်ကာ တောကြီးမျက်မည်းနှင့် တောင်များကို ဖြတ်ပြီး ဗီယက်နမ်တပ်များ ချထားရာသို့ အရောက်ပို့သည်။ ဗီယက်နမ် အမြောက်များက တရစပ် စတင်ပစ်ခတ်သော အခါတွင် ပြင်သစ်တို့ အငိုက်မိပြီး ဗီယက်နမ်တို့ တိုက်အားကြောင့် နောက်ဆုံးတွင် လက်နက် ချလိုက်ရသည်။ ထိုအောင်ပွဲ အပြီးတွင် ဗိုငွင်ဇပ်သည် တစ်ဟုန်ထိုး နာမည်ကျော်ကြားသွားသည်။ ဒိန်ဗင်ဖူး တိုက်ပွဲအပြီးတွင် ဆွေးနွေးပွဲ စကားဝိုင်းသို့ ဗီယက်နမ် ရောက်ခဲ့သော်လည်း တောင်ဗီယက်နမ်နှင့် မြောက်ဗီယက်နမ်ဟု နှစ်ခြမ်းကွဲသည်။ တောင်ဗီယက်နမ်သည် အမေရိကန်၏ ရုပ်သေးဟုထင်သည့် မြောက်ဗီယက်နမ်နှင့် တောင်ဗီယက် နမ်တင်းမာမှု မြင့်သထက် မြင့်လာပြီး စစ်ဖြစ်သည်။ တောင်ဗီယက်နမ် ကျသွားလျှင် မီးခိုးကြွက်လျှောက် လိုက်ပြီး ဒေသတွင်း အခြားနိုင်ငံများပါ ကွန်မြူနစ်တို့ လက်အောက်ကျသွားမည် စိုးသဖြင့် တောင်ဗီယက်နမ်ကို အမေရိကန်ပြည်ထောင်စုက ပံ့ပိုးအားပေးသည်။ လက်နက်ရိက္ခာ ထောက်ပံ့ရာမှ ဗီယက်နမ် စစ်ရှိန် တက်လာချိန်တွင် စစ်ထဲသို့ အမေရိကန် ကိုယ်တိုင် ပါဝင်တိုက်ခိုက်သည်။

ဗိုငွင်ဇပ်သည် တောင်ဗီယက်နမ်ကို နှစ်သစ်ကူး တက်ပွဲတော်တွင် ထိုးစစ်ကြီး ဆင်သည်။ စစ်ရေးအရ အောင်မြင်သည်ဟု ပြောရခက်သော်လည်း နှစ်ဖက် အကျအဆုံး များလှသဖြင့် စစ်ကို လွယ်လွယ်ဖြင့် အဆုံးသတ်နိုင်မည်ဟု ထင်နေကြသော အမေရိကန် မူဝါဒ ချမှတ်သူများနှင့် သာမန်ပြည်သူများကို မျက်လုံး ပွင့်သွားစေသည်။ တီဗီ၊ သတင်းစာများတွင် တွေ့ရသော စစ်၏ အနိဋ္ဌာရုံများကြောင့် အမေရိကန်တွင် စစ်ဆန့်ကျင်ရေးများ ပေါ်ပေါက်လာသလို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သမ္မတတို့ကိုလည်း စစ်ဆက် လက်ဆင်နွှဲလိုစိတ် ကုန်ခန်းစေခဲ့သည်။ ဗိုငွင်ဇပ်သည် ဗီယက်နမ်စစ်ကို အမေရိကန်ပြည်ထောင်စု ဧည့်ခန်းများ အတွင်းသို့ အရောက်ပို့ခဲ့ခြင်းကြောင့် သမ္မတနစ်ဆင် လက်ထက်တွင် အမေရိကန်တို့ စတင်ဆုတ်ခွာပြီး ၁၉၇၃ တွင် တပ်များ အပြီးရုပ်သိမ်းသည်။ ၁၉၇၅ တွင် တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ (ယခု ဟိုချီမင်းစီးတီး) ကျသည်။ အမေရိကန်တို့ ပထမဆုံး ရှုံးနိမ့်သည့် ဗီယက်နမ်စစ်တွင် အမေရိကန် ငါးသောင်းရှစ်ထောင် သေဆုံးပြီး ထိုစစ်၏ ရိုက်ခတ်မှုများသည် ယနေ့ထက်တိုင် ရှိနေဆဲ။

ဗိုငွင်ဇပ်သည် နှစ်ဆယ်ရာစုအတွင်း အကြီးမြတ်ဆုံး စစ်သူကြီးများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး အောင်ပွဲများ အလီလီရသော်လည်း သူ့တပ်များသည် အကျအဆုံး များသဖြင့် ဝေဖန်သူတို့က သူသည် လူ့အသက်ကို ဖက်ရွက်မျှ မမှတ်ဟု ဆိုကြသည်။ ‘ကမ္ဘာပေါ်တွင် တစ်နေ့တစ်နေ့ ရောဂါဖြင့်၊ အခြား အကြောင်းဖြင့် သေသောသူများနှင့် နှိုင်းယှဉ်လျှင် တိုက်ပွဲများတွင် သေရသူများမှာ အနည်းငယ်သာ’ ဟု သူက တုံ့ပြန်သည်။ သို့သော် သူ့တပ်များထက် ခေတ်မီသော လက်နက်များ တပ်ဆင်ထား၊ ပိုပြီးလည်း ဝဝလင်လင် စားသောက်ရ၊ အထောက်အပံ့များလည်း ပိုကောင်းသည့် တပ်မတော်များကိုသာ သူ ရင်ဆိုင်ခဲ့ရသည်။ သူသည် ဗီယက်နမ် ရှေးသူရဲကောင်းများကို အားကျပြီး သူတို့၏ ဗျူဟာများကို ဖတ်ရှုလေ့လာသည်။ တရုတ်ခေါင်းဆောင် မော်စီတုန်း၏ စစ်ဗျူဟာများကို လည်း လေ့လာပြီး လက်တွေ့အသုံးချသည်။ မည်သည့် နှုန်းစံနှင့်ပင် ကြည့်ကြည့် ဗိုငွင်ဇပ်သည် ရန်သူများက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသော စစ်ပါရဂူ ဂုရုကြီး ဖြစ်သည်။ ‘People should not be overawed by the power of modern weapons’ ‘ခေတ်မီ လက်နက်များ၏ စွမ်းအားကို အလေးစားမလွန်ဖို့ လိုသည်’ ဟု သူက ရေးသားသည်။ ‘လူသားတွေရဲ့ တန်ဖိုးကသာ အောင်မြင်မှုကို ဆုံးဖြတ်လိမ့်မယ်’ ဟုလည်း ဆိုသည်။
စစ်မြေပြင်တွင် သူ၏ အောင်မြင်မှုများကြောင့် အမိမြေတွင် ရန်သူများ ပွားစေခဲ့သည်ဟု ဆိုရမည်လော မသိ။ အာဏာလုပွဲများ အကြားတွင် ဗိုငွင်ဇပ်သည် တဖြည်းဖြည်း ဘေးရောက်သည်။ ဗီယက်နမ်စစ်ပွဲ အပြီးတွင် သူသည် အရာမှကျပြီး ပေါ်လစ်ဗျူရိုမှ ထွက်လိုက်ရသည်။ ဒုဝန်ကြီးချုပ် အဖြစ်ဖြင့် သိပ္ပံနှင့် ပညာရေးဝန်ကြီးဌာနကို တာဝန်ယူရပြီး တစ်ကြိမ်တွင် ကလေးမွေးဖွားမှုနှုန်း ထိန်းချုပ်ရေးကို ဆောင်ရွက်ရသည်ဟု ဆိုသည်။ နာမည်ကျော်ကြီး ဖြစ်သောကြောင့် အလွယ်တကူ ပမထုတ်လိုက်သော်လည်း တကယ့်အာဏာမူ မရှိတော့။ ဗီယက်နမ်သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ထိပ်တန်း ဧည့်သည်တော်များကို ဧည့်ခံသူအဖြစ်နှင့် လည်းကောင်း၊ စာပေများ လေ့လာဖတ်ရှုခြင်းဖြင့် လည်းကောင်း ဘဝနေဝင်ချိန်ကို ကုန်ဆုံးစေခဲ့သည်။

ဗိုငွင်ဇပ် အနိုင်တိုက်ခဲ့သော အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်သည် ယခုအခါတွင် ရွှေလမ်းငွေလမ်း ပြန်ဖောက်နေကြပြီ။ ဗိုငွင်ဇပ် ကိုယ်တိုင်လည်း သူနှင့် ဗီယက်နမ်စစ်အတွင်း ရင်ဆိုင် ယှဉ်ပြိုင်ခဲ့သည့် ရန်သူဟောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် မက္ကနာမားရားနှင့် ၁၉၉၅ ခုနှစ်က ချစ်ကြည်ရင်းနှီးစွာ ပြန်လည် တွေ့ဆုံခဲ့သည်။ “အရင်ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ရန်သူဟာ ကျူးကျော်သူတွေပဲ။ ဒါကြောင့် စစ်တွေ တိုက်ခဲ့ကြရတယ်” ဟု ဗိုငွင်ဇပ်က ဆိုသည်။

“အခုတော့ ကျွန်တော်တို့ဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်နေပြီ။ ပြန်လည် ပေါင်းစည်းမိကြပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကြီးဆုံး ရန်သူဖြစ်တဲ့ ဆင်းရဲ မွဲတေခြင်းနဲ့ စီးပွားရေး ခေတ်နောက်ကျနေတာကို တိုက်ဖို့ အချိန်ရောက်ပြီ” ဟု တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် စစ်သားဟောင်းကြီးက ပြောဆိုခဲ့သည်။

စစ်ပွဲကြီးများ၊ မဟာရန်သူကြီးများကို အနိုင်တိုက်ခဲ့သော ဗိုငွင်ဇပ်တစ်ယောက် သေမင်းနှင့် ခင်းရသော စစ်ပွဲတွင်တော့ အရှုံးပေးရပြီ။ သူ၏ နောက်ဆုံးခရီးကို နိုင်ငံတော်ဈာပန အဖြစ်ဖြင့် ကျင်းပပြီး နှစ်ရက်ကြာ အောက်မေ့လွမ်းဆွတ် ဂုဏ်ပြုကြသည်။ မိခင်နိုင်ငံ ဗီယက်နမ် သတင်းစာများရော ရန်သူဟောင်း အမေရိကန် သတင်းစာများကပါ သူ့အကြောင်းကို ချီးကျူး ရေးသားကြသည်။

သူ့ဘဝနှင့် ရင်းပြီး ချစ်ခဲ့ရသော ဗီယက်နမ်သည် အောင်မြင် ခေတ်မီသော လမ်းကြောင်းပေါ်တွင် ရောက်နေပြီ ဖြစ်သည့်အတွက် ကျောင်းဆရာ တစ်ဖြစ်လဲ စစ်ပါရဂူကြီး အသေဖြောင့်ပါ လိမ့်မည်။
The Voice Weekly

အပြည့်အစုံသို့ »

ဖြူးတွင် ဒုတိယအကြိမ် ခေါင်းဖြတ် လူသတ်မှု တစ်ခုဖြစ်ပွား


ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူး ကျေးရွာတွင် မနေ့ ညနေ ပိုင်း (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။

ကျွဲမကူးကျေးရွာ၏ အနောက်ဘက် (၁)ဖာလုံခန့် အကွာ ဒေါ်သန်းသန်းလွင်၊(၄၉)နှစ်၊(ဘ)ဦးစိုးမြင့်၊ ဈေးရပ်ကွက်(၂)လမ်း၊ မြို့မအနောက်ရပ်ကွက်၊ ဖြူးမြို့နေသူ၏ ပျဉ်းကတိုး စိုက်ခင်းတွင် အစောင့် လုပ်ကိုင်နေသော ဦးဇော်မင်း၊(၅၆)နှစ်၊(ဘ) ဦးဇသန်းဘဟာဒူး၊ဂေါ်တဂါး/ဗုဒ္ဓ၊နှင့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်တင်ရွှေ ၊(၅၅)နှစ်၊တို့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။

အဆိုပါ လင်မယား ပြန်မလာသဖြင့် ကိုဝင်းလှိုင် နှင့် ကိုအေးနိုင်တို့ စိုက်ကွင်းအတွင်းသို့ သွား ရောက်ကြည့်ရှုရာ တဲအတွင်းရှိ မြေကြီးပေါ်၌ ဦးဇော်မင်းမှာ လည်ပင်းပြတ်၊ ခေါင်းရှာမတွေ့၊ ယာရင်အုံထိုးသွင်းဒ ဏ်ရာတစ်ချက်၊၄င်း၏ဇနီး ဒေါ်တင်ရွှေ မှာ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးသည်ကို တွေ့ရှိရတာပါ။

အဆိုပါ လူသတ်မှုအား ဦးဇော်နိုင်ဦး(၃၆)နှစ်၊ (ဘ)ဦးလှမြင့်မှ တရားလိုပြုလုပ်၍ ဖြူးမြို့မစခန်းသို့ တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၃၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူထားပြီး တရားခံအား အပူတပြင်းလိုက်လံ ဖမ်းဆီး ဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ကိုသန့် ဇင်

by Myanmar News Now

အပြည့်အစုံသို့ »

ရန်ကုန်မြို့တွင် တစ်နေ့တည်း ဗုံးကွဲမှု နှစ်ကြိမ်ဖြစ်ပွား





ရန်ကုန်၊ အောက်တိုဘာ ၁၃။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် သာကေတမြို့နယ်
တို့တွင် အောက်တိုဘာလ ၁၃ရက်နေ့တွင် အသေးစား ဗုံးပေါက်ကွဲမှု
နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ သိရသည်။

အောက်တိုဘာလ ၁၂ရက်နေ့ ညသန်းခေါင်ကျော် ၁၃ရက်နေ့
အစောပိုင်းတွင် ဖြစ်ပွားခဲ့သော အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း
ဘတ်စ်ကားမှတ်တိုင်မှ ပေါက်ကွဲမှုသည် လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာ
ရရှိမှု မရှိသော်လည်း ခရီးသည် နားနေဆောင် အတွင်းရှိ Natural Clay
ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ် ဆယ်ပေခန့်နှင့် ခရီးသည်
နားနေဆောင် ထိုင်ခုံပျက်စီးသွားသည်။ ယင်းဗုံးပေါက်ကွဲပြီးနောက်
ဆက်လက်ရှာဖွေရာ စည်ပင် အမှိုက်ပုံး အနီးတွင်လည်း ကြွပ်ကြွပ်အိတ်
အနက်ရောင်ဖြင့် ထည့်ထားသော ချိန်ကိုက် မိုင်းတစ်လုံးကို ထပ်မံတွေရှိ
ခဲ့သေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင်
ဖော်ပြထားသည်။

ညနေပိုင်း ၅နာရီ မိနစ်၄၀တွင် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊
ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့၌ အသေးစား ပေါက်ကွဲမှုတစ်ခု ဆက်လက်
ဖြစ်ပွားရာ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း ရပ်ကွက်နေသူများ ဖြစ်သည့်
ထက်အောင်နိုင်တွင် ယာလက်ချောင်း၊ လက်မောင်း၊ ၀ဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင် သွေးထွက်ဒဏ်ရာ ရရှိပြီး ၀င်းမင်းထွေး၏
ယာခြေသလုံးတွင် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းဖြစ်စဉ်
အနီးတွင် ရှိနေကြသော မျက်မြင် တွေ့ရှိသူများက ပြောကြသည်။

“ဗုံးပေါက်တယ်သာ ပြောတာပါ။ ကျွန်တော်တို့ ဒီနားမှာ ခြင်းခတ်နေတာပဲ
ကားဘီး ပေါက်တယ်ပဲ ထင်တာ။ ရဲတွေ ရောက်လာတော့မှ ဗုံးပေါက်တယ်
ဆိုတာ သိရတာ”ဟု ၎င်းဗုံးပေါက်ကွဲရာ ယမင်း အီလက်ထရောနစ် ဆိုင်အနီးတွင် ခြင်းခတ်နေသည် ဆိုသူက ပြောသည်။

အောက်တိုဘာလ ၁၂ရက်နေ့တွင်လည်း တောင်ငူမြို့ ၁၇ ရပ်ကွက်
ကန်လမ်းရှိ ချမ်းမြေ့ဧည့်ဂေဟာ အပေါ်ထပ် အခန်းအမှတ် ၆ တွင်လည်း
ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ၎င်းအခန်းတွင် တည်းခိုနေသူ နှစ်ဦးအနက်
တစ်ဦးသည် ဒဏ်ရာ အပြင်အထန် ရရှိ၍ ဆေးရုံ၌ သေဆုံးခဲ့ပြီး နောက်
တစ်ဦးသည် ယင်းဆေးရုံတွင် စိုးရိမ်စရာ မရှိ အခြေအနေဖြင့် ဆေးကုသ
ခံယူလျက်ရှိကြောင်း သိရသည်။ ၎င်းအခန်းနှင့် ကပ်လျက် အခန်းတွင်
တည်းခိုနေသူ တောင်ငူမြန်မာ့ မီးရထား တပ်ခွဲ(၁၀)မှ ရဲတပ်သား တစ်ဦးသည် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံး
ခဲ့ကြောင်းလည်း ရဲမှတ်တမ်းများအရ ဆက်လက် သိရသည်။

မြန်မာ့ခေတ်

အပြည့်အစုံသို့ »

မိုးစက်ကရှမ်းမြန်မာတရုတ်ပါ


SUNDAY, OCTOBER 13, 2013

မြန်မာပြည်ကို ကိုယ်စားပြုပြီး ဒီနှစ်အတွက် မယ်စကြာဝဠာသရဖူ ရယူဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်က သူ ဘာလူမျိုးလဲ ဆိုတာကို သူ့ဖေ့စ်ဘုတ်မှာ မနေ့က ကြေညာလိုက်ပါတယ်။

သူဟာ မြန်မာပြည်သားစစ်စစ်ဖြစ်တယ်၊ ရန်ကုန်သူ၊ လူမျိုးကတော့ "ရှမ်းမြန်မာတရုတ်" လို့ ဆိုပါတယ်။

အပြည့်အစုံကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။


မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်... အားလုံး သိချင်နေကြတဲ့အကြောင်းလေးတစ်ခုကို မိုးစက်ရှင်းပြပါရစေ, မိုးစက်ကရှမ်းမြန်မာတရုတ်ပါ.. မိုးစက်မိဘများက ရှမ်းပြည်မှာမွေးတာပါ... မိုးစက်က ရန်ကုန်မှာမွေးတာပါ...ထို့အတွက်ကြောင့် မိုးစက်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်... တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ.. ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့် အထိမ်းအမှတ်အတွက်Trader hotel တွင် ကျင်းပတဲ့ပွဲတစ်ခုတည်းသာပါဝင်ဖူးပါသည်။ မိဘပြည်သူများကို မိုးစက်အနေဖြစ်ဤမျှသာ ရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသော မိဘပြည်သူများအားလုံး အားရကျေနပ်နိုင်မည်ဟုမျှော်လင့်ပါသည်....
ကျေးဇူးတင်ပါတယ်ရှင်
မိုးစက်ဝိုင်



ဒီပုံက မနေ့တုန်းက ရိုက်ကူးထားတာဖြစ်တယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

အပေါ်ဆုံးကပုံကတော့ မယ်စကြာဝဠာပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ ၀က်ဆိုက်မှာ ဒီကနေ့ တက်လာတဲ့ပုံ ဖြစ်ပါတယ်။

အပြည့်အစုံသို့ »

သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်း အနီး ပေါက်ကွဲမှုဖြစ်ပွား


ရန်ကုန်၊ အောက်တိုဘာ ၁၃

၁၃.၁၀.၂၀၁၃ရက်နေ့ ၁၇၄၀နာရီအချိန် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရှိ သစ်လုံးတင်ယာဉ် (ကားဘော်ဒီ ကားခေါင်းမပါ)၏အောက်တွင် အမဲရောင်ကြွပ်ကြွပ်အိတ်နှင့်
ထည့်ထားသော အထုပ် (၁)ထုပ်အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း
ရပ်ကွက်နေသူများဖြစ်သည့် ထက်အောင်နိုင်(၁၄)နှစ်၊(ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး(၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်းတွင် ပါရှိသော အနီရောင်စားပွဲတင်နာရီ၏
လက်တံအားလှည့်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထက်အောင်နိုင်တွင် ယာလက်ချောင်း၊ ယာလက်မောင်း၊ ၀ဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင်
သွေးထွက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့်ဝင်းမင်းထွေးတွင် ယာခြေသလုံး
သွေးထွက်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်အေး၊ အမှတ် (၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်မှူး မျိုးဟိန်းစိုးအပါအ၀င် တပ်ဖွဲ့ဝင်များ၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police

အပြည့်အစုံသို့ »