စန္ဒီ ၁၅၀၀ ကွယ်လွန်....




R.I. P

အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။စန္ဒီရဲ့မိခင်က´´
သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။နည်းနည်းလေးကောင်းလိုက်ပြန်
ထလိုက်ဖြစ်နေတာ။အဲဒီအချိန်မှာအသားဝါ ၀င်တာနှစ်ပတ်လောက်ရှိသွား
ုပြီ။ဒီမနက်တော့ ဆုံးသွားတာပါ´´လို့ပြောပြပါတယ်။စန္ဒီရဲ့ရုပ်အလောင်းကို
သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။သူမ
ဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်
ဆင်လျက်ရှိကာ သီချင်း ၈ ပုဒ်ခန့်ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါ
တယ်။စန္ဒီရဲ့ မိသားစုနဲ့ထပ်တူ၊ပရိသတ်တွေနဲ့ထပ်တူ Sunday journal ကလည်းဝမ်းနည်းမိပါတယ်....။ ။

Sunday Journal


အပြည့်အစုံသို့ »

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မန္တလေးတိုင်းအတွင်းမှ ခရိုင်သုံးခု တညီတညွတ်တည်း သဘောတူ



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို မန္တလေးတိုင်း ခရိုင်သုံးခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #NLD မှ ဦးဆောင်ကာ ပါတီဝင်များ၏ သဘောထားအမြင်များကို ဆွေးနွေးရာ တက်ရောက်လာသည့် ခရိုင်သုံးခုမှ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံကို ပြင်ဆင်ရန် တညီတညွတ်တည်း သဘောတူလိုက်ကြသည်။

မန္တလေးခရိုင်၊ ကျောက်ဆည်၊ ပြင်ဦးလွင်စသည့် ခရိုင်သုံးခုမှ NLD ပါတီဝင်တို့ အောက်တိုဘာ ၁၄ ရက်က ဆွေးနွေးကာ သဘောထားကောက်ယူမှုများ ပြုလုပ်ရာ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် သဘောတူညီခဲ့ကြ ခြင်းဖြစ်သည်။

“ခရိုင်တွေအနေနဲ့ကတော့ ပြင်ဆင်ရေးကို သဘောတူလိုက်ပါပြီ၊ သုံးခရိုင် လုပ်တဲ့ပွဲမှာ ပြင်မယ်လို့ ဆုံးဖြတ်လိုက်တယ်”ဟု မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးကိုလေးက မဇ္ဈိမကို ပြောသည်။

မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ကျောက်ဆည်၊ ပြင်ဦးလွင်ခရိုင်တို့မှ ပါတီဝင် ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး အဓိကအားဖြင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ တပ်မတော်၏ အခန်းကဏ္ဍနှင့် သမ္မတအရည်အချင်းတွင် စစ်ရေးအမြင်ရှိရမည်ဆိုသည့် အချက်အတော်များများကို ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တွင် ပါတီဝင်များ၏ သဘောထားကို အပြီးသတ် ရယူသွားမည်ဟုလည်း ဦးကိုလေးက မဇ္ဈိမကို ပြောသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထားများကို ကချင်ပြည်နယ်၊ ချင်းပြည် နယ်တို့သို့လည်း ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲတာဝန်ခံ ဦးအောင်သိန်းက သွားရောက်ရှင်းလင်းကာ သဘောထားများ ဆက်လက် ကောက်ယူမည်ဖြစ်သည်။

“ခရိုင်တွေက ရပ်ကျေးတွေ၊ မြို့နယ်တွေကို ဆင့်ပွား ရှင်းလင်းပွဲတွေ လုပ်ရပါမယ်။ ဦးအောင်သိန်း တင်ပြတဲ့ ဥပဒေအချက်တွေကို ပြန်ရှင်းလင်းပေးမယ်။ အဲဒီအပေါ်မှာ ပြင်မလား၊ အသစ်ရေးမလားဆိုတဲ့ သဘောထားကို ယူသွားမှာဖြစ်တယ်”ဟု ဦးကိုလေးက ပြောသည်။

ရန်ကုန်တိုင်းအတွင်းမှာလည်း အောက်တိုဘာ ၁၂ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထားများ ကောက်ယူရာတွင် ပြင်ဆင်လိုသူ ၉၀ ရာခိုင်နှုန်းခန့် ရှိနေသည်ဟု NLD ပါတီမှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ
ပြင်ဆင်ရေးကော်မတီဝင် ဦးကိုနီက အောက်တိုဘာ ၁၃ရက်တွင် မဇ္ဈိမကို ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အခြေခံဥပဒေနှင့် ပတ်သက်သည့် ဟောပြောမှုများ၊ သဘောထား ကောက်ခံမှုများကို အောက်တိုဘာလမှ စတင်ကာ တစ်နိုင်ငံလုံး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်မတိုင်ခင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြရမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပွဲများကို NLD မှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှ ခေါင်းဆောင်ခုနစ်ဦးက ပြည်နယ်နှင့်တိုင်းနှစ်ခုစီ တာဝန်ခွဲယူကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး
နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။ ယင်းအပြင် အချို့ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။
Mizzima - News in Burmese

အပြည့်အစုံသို့ »

Mental Health စိတ်ကျန်းမာရေး




“စိတ်လှုပ်ရှားမှု ကောင်းမွန်လျက် စိတ်ရောဂါ ကင်းရှင်းနေလျင် စိတ်ကျန်းမာသည်” ဟု ခေါ်သည်။ ဘဝတွင် အပြုသဘောဆောင်၊ အပေါင်းလက္ခဏာ အမြင်ရှိရန်၊ အခက်အခဲပြဿနာများကို ရင်ဆိုင်ကျော်လွှားရာတွင် အလျော့အတင်းရှိပြီး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ခြင်းပင်ဖြစ်သည်။ လူတဦးအနေနှင့် လူ့ အဖွဲ့ အစည်းအား ကောင်းကျိုးချမ်းသာ ဖြစ်စေရန် ပြုမူ-နေထိုင်တတ်ရန် ဟုလည်း ဆိုနိုင်သည်။ စိတ်ကျန်းမာရေး ပြဿနာသည် ကမ္ဘာ့ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကြီးတရပ် ဖြစ်နေသည်။ ရောဂါပေါင်းစုံ၏ ၁၄% ရှိသည်။ ကူးစက်ရောဂါများမှအပဆိုလျင် ၂၈% ရှိသည်။ ကမ္ဘာ့လူဦးရေ၏ ၃ဝ% သည် စိတ်ရောဂါ တမျိုးမျိုးရှိနေကြသည်။

အများဆုံးဖြစ်သည့် စိတ်ရောဂါများမှာ -
၁။ စိတ်ကျရောဂါ။
၂။ အရက်စွဲရောဂါ။
၃။ စကီဇိုဖရီးနီးယားရောဂါ၊
၎။ ဒီမင်းရှားရောဂါတို့ ဖြစ်ကြသည်။

နာမည်ကျော် ဒတ်ခ်ျ ပန်းချီဆရာကြီး (ဗင်းဆင့်-ဗန်ဂိုး) သည် စိတ်ကျရောဂါရှိပြီး ထိုစဉ်က ကုသနည်း မရှိသေးသဖြင့် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ရသည်။

အခြားသော စိတ်ရောဂါရှိသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ
1. ဂီတပညာရှင် ဗီသိုဘင်၊
2. ဗြိတိသျှဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊
3. သဘာဝသိပ္ပံညာရှင် ချားလ်ဒါဝင်၊
4. တီထွင်သူ အယ်ဒီဆင်၊
5. စာရေးဆရာ အားနက်စ် ဟယ်မင်ဝေး၊
6. ကဗျာဆရာ ဗစ်တာဟူးဂိုး၊
7. အမေရိကန်သမတ ဂျက်ဖါဆင်၊
8. အမေရိကန်သမတ လင်ကွန်း၊
9. ပိသုကာ မိုက်ကယ်အိန်ဂျယ်လို၊
10. မီးအိမ်ရှင်မ ဖလောရင့် နိုက်တင်ဂေး
11. သိပ္ပံပညာရှင် နူတန်

စိတ်ကျန်းမာရေး ကျား-မ ရွေးသည်
စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေကို ဆန်းစစ်လိုက်ရင် ယောက်ျားတွေမှာ ဖြစ်ကြရတာနဲ့ မိန်းမတွေမှာ ဖြစ်ကြရတာ မတူပါ။

"အမျိုးသမီးများမှာ စိုးရိမ်စိတ်လွန်ကဲတာ နဲ့ စိတ်ဓါတ်ကျဆင်းတာ အဖြစ်များတယ်။ ယောက်ျားတွေကတော့ မူးယစ်-ဆေးဝါးစွဲတာနဲ့ လူနေမှုအသိုင်းအဝိုင်းနဲ့ အဆင်မပြေတာတွေ အဖြစ်များတယ်" လို့ အမေရိကန် စိတ်ပညာအသင်းကနေ ထုတ်ပြန်လိုက်ပါတယ်။ မူမှန်မဟုတ်တဲ့ စိတ်ပညာ ဂျာနယ်ထဲမှာ လူတွေ အများဆုံး ဖြစ်တတ်တဲ့ စိတ်ရောဂါတွေနဲ့ ကျား-မ ခွဲခြား လေ့လာချက်ကို ဖေါ်ပြလိုက်ပါတယ်။ အမျိုးသမီးတွေဟာ စိုးရိမ်စိတ် လွန်ကဲမှုတွေကနေ အတွင်းဘက် ဦးတည်တဲ့ စိတ်လှုတ်ရှားမှုတွေ ဖြစ်စေတာများတယ်။ ဒါတွေက ဆုတ်ခွါ-ကင်းပြတ်မှု၊ အထီးကျန်မှု၊ စိတ်ဓါတ်ကျခြင်းတွေကနေ ဆက်လာတာတွေ ဖြစ်တယ်။

ယောက်ျားတွေဟာ စိတ်လှုတ်ရှားမှုတွေကို အပြင်ဘက်ဆီ ဦးတည်ကြတယ်။ ဒါ့ကြောင့် ကြမ်းတမ်းမှု၊ ယာယီ-တုံ့ပြန်မှု၊ သွေးဆောင်မှု နဲ့ လုပ်သင့်တာကို မလုပ်ခြင်း ဆိုတာတွေကို ရွေးချယ်တတ်တယ်။ လိင်ခြားနားမှုဟာ အတွင်းဘက် ဦးတည်ခြင်း နဲ့ အပြင်ဘက်ဆီ ဦးတည်ခြင်းတွေပါ ခြားနားကြတာ ဖြစ်တယ်။

၂ဝဝ၁-၂ဝဝ၁ အတွင်းက National Institutes of Health မှာရှိတဲ့ ကိန်းဂဏန်းတွေကို လေ့လာခဲ့တယ်။ အသက် ၁၈ နှစ်အထက် လူပေါင်း ၄၃ဝ၉၃ ယောက်ကို လေ့လာတာ ဖြစ်တယ်။ အဲဒီအထဲမှာ အမျိုးသား = ၄၃%၊ အမျိုးသမီး = ၅၇% (အဖြူ = ၅၆့၉%၊ အသားဝါ-ညို = ၁၉့၃%၊ အမဲ = ၁၉့၁%၊ အာရှ၊ ဟဝိုင်ယီနဲ့ ပင်လယ်နေ = ၃့၁%၊ ဌာနေလူနီ နဲ့ အလာစကာ = ၁့၆%၊) ပါတယ်။

အရင် လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ စိတ်ဓါတ်ကျတာ ပိုဖြစ်တယ်။ ဘာလို့လဲဆိုတော့ ယောက်ျားတွေထက် ပိုပြီး ထပ်ခါထပ်ခါ လုပ်တတ်ကြတယ်။ ပြသနာဖြေရှင်းရေးထက် အနုတ်သဘော စိတ်ခံစားမှုကို ထပ်ခါထပ်ခါ လုပ်လေ့များကြလို့ဘဲ။ ဒီတွေ့ရှိချက်ကနေ စိတ်ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးမှာ လိင်ခွဲခြား ဆောင်ရွက်ရမယ်လို့ သိလာစေပါတယ်။

အတိတ်က လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ စိတ်ရောဂါအဆင့် မရောက်ခင်မှာ စိတ်မတည်ငြိမ်-စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။ ဘေးပါတ်ဝန်းကျင်ကနေ ဖိစီးမှုတွေကို အတွင်းဘက်ဆီ သွင်းယူတတ်ကြတယ်။

စိတ်ကျနေကြတဲ့ စိုးရိမ်စိတ်ကဲနေကြတဲ့ အမျိုးသမီးတွေကို ထပ်ခါထပ်ခါ ဖြစ်မလာစေအောင် လုပ်ရပါမယ်။ ယောက်ျားတွေဆိုရင် ဘာတွေလုပ်ပါဆိုတဲ့ အစီစဉ်ချပေးတာနဲ့ ကြမ်းတမ်စိတ်ကနေ ဖျက်ဆီးချင်စိတ် မဟုတ်တဲ့ဆီ ဦးတည်ပေးဘို့ ဖြစ်ပါတယ်။

စိတ်ရောဂါ အမျိုးအစားပေါင်း ၅၃ မျိုးခွဲထားသည်။ (ဘာသာမပြန်တော့ပါ)
1. Adjustment disorder

Anxiety disorders
2. Acute Stress Disorder
3. Panic Disorder
4. Agoraphobia w/o history of Panic Disorder
5. Social Phobia
6. Specific Phobia
7. Obsessive-Compulsive Disorder
8. Post-traumatic Stress Disorder
9. General Anxiety Disorder

Childhood Disorder
10. Attention-Deficit Hyperactive Disorder
11. Asperger’s Disorder
12. Autistic Disorder
13. Conduct Disorder
14. Oppositional Defiant Disorder
15. Separation Anxiety Disorder
16. Tourette’s Disorder

Eating Disorder
17. Anorexia Nervosa
18. Bulimia Nervosa Mood Disorder
19. Major Depressive Disorder
20. Bipolar Disorder (Manic Depression)
21. Cyclothymic Disorder
22. Dysthymic Disorder

Cognitive Disorders (Delirium, Dementia, Amnestic Disorders)
23. Delirium
24. Multi-Infarct Dementia
25. Dementia Associated with Alcoholism
26. Dementia of the Alzheimer Type
27. Dementia Personality Disorders
28. Paranoid Personality Disorder
29. Schinoid Personality Disorder
30. Schizotypial Personality Disorder
31. Antisocial Personality Disorder
32. Borderline Personality Disorder
33. Histrionic Personality Disorder
34. Narcissistic Personality Disorder
35. Dependant Personality Disorder
36. Avoidant Personality Disorder
37. Obsessive-Compulsive Personality Disorder

Schizophrenic and other Psychotic Disorders
38. Schizophrenia
39. Delusional Disorder
40. Brief Psychotic Disorder
41. Schizophreniform Disorder
42. Schizoaffective Disorder
43. Shared Psychotic Disorder

Substance-Related Disorders
44. Alcohol Dependence
45. Amphetamine Dependence
46. Cannabis Dependence
47. Cocaine Dependence
48. Hallucinogen Dependence
49. Inhalant Dependence
50. Nicotine Dependence
51. Upload Dependence
52. Phencyclidine Dependence
53. Sedative Dependence

ဖတ်ရှုရန်စာများ -
Bipolar Disorder စိတ်အခြေနှစ်ခွရောဂါ
Depression (1) စိတ်ကျရောဂါ
Depression (2) ပုထုဇ္ဇနော
Depression (3) စိတ်ကျခြင်း
Depression (4) စိတ်ကျရောဂါ ကမ္ဘာမှာ

ဒေါက်တာတင့်ဆွေ

အပြည့်အစုံသို့ »

ထရိတ်ဒါးစ် ဗုံးကွဲမှု ၃ ယောက်ကို ဖမ်းဆီး


ဒဏ်ရာရသူ အမေရိကန် အမျိုးသမီးကို ဆေးရုံကြီးသို့ ပို့ဆောင်စဉ်။

ထရိတ်ဒါးစ် ဟိုတယ် ဗုံးကွဲမှုနဲ့ ဆက်နွယ်ပြီး မသင်္ကာသူ ၃ ယောက်ကို ရဲက ဖမ်းဆီး လိုက်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အခန်းက အမေရိကန် အမျိုးသမီး ဧည့်သည် တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှုတွေဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေရဲ့ ဂုဏ်ပုဒ်ကို ထိခိုက် ပျက်ပြားအောင် လူတစ်စုက လုပ်နေတာ ဖြစ်ကြောင်း မြန်မာ အစိုးရက ထုတ်ပြန်ပါတယ်။

ဒီလုပ်ရပ်တွေကြောင့် လူထုကြား ထိတ်လန့် ချောက်ချားအောင် လုပ်နေတာ လို့လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

အပြစ်ရှိသူမို့ ခွင့်လွှတ်ပါ


ချစ်စရာကောင်းတဲ့ မြန်မာတို့ရဲ့ ယဉ်ကျေးမှုလေးတစ်ခု။ ငယ်သူနှင့်ကြီးသူ၊ ဆရာနှင့်တပည့်၊  သား သမီးနှင့်မိဘ၊ ထိုသူတို့အကြား အပြစ်တစုံတရာ ရှိနေခဲ့လျှင် ၀န်ချတောင်းပန်တဲ့ အလေ့အထ။

ထိုအလေ့အထကို မြန်မာတို့ ဘယ်ကရခဲ့သလဲလို့ဆိုရင် ဗုဒ္ဓစာပေမှ ရခဲ့ခြင်းပါ။ ဗုဒ္ဓစာပေမှာ တစ်စုံ တစ်ယောက်သောသူရဲ့အပေါ်မှာ အပြစ်ပြုထားခဲ့လျှင် (သို့မဟုတ် တစ်စုံတစ်ခုကို ပြုလုပ်ထားလျှင်) ထိုအပြစ် ပြုသူမှာ အပြစ်တွေဖြစ်နေတတ်ခြင်းပါ။ ထိုကဲ့သို့အပြစ်တွေဖြစ်လာရာ၌ အပြစ်သေးခြင်း၊ အပြစ်ကြီးခြင်းဆိုတာ ရှိလာစမြဲပါ။ အပြစ်သေးခြင်း၊ အပြစ်ကြီးခြင်းကို တိုင်းတာရာ၌ အပြစ်အပြုခံရသူ၏ ဂုဏ်သိက္ခာနှင့် ပြုသူ၏ (အကုသိုလ်)စေတနာကို မှီ်၍ ပြောဆိုနိုင်ခြင်းပါ။ ဥပမာ၊ ရဟန္တာကဲ့သို့သော ဂုဏ် (သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်) သိက္ခာကြီးမားသူကို ပြစ်မှားကျူးလွန်ရာ၌ အပြစ်သည် ကြီးလေးနေတတ်ပြီး၊ ပုထုဇဉ်ကဲ့သို့ ဂုဏ်သိက္ခာနည်းသူများကို ပြစ်မှားကျူး လွန်ရာ၌မူ အပြစ်သည် သေးငယ်နိုင်ခြင်းပါ။

သို့သော် အပြစ်က ကြီးနေလျှင် မဂ်ကျိုး၊ ဖိုလ်ကျိုးများကိုပင် တားဆီးနိုင်၍ ထိုအတားအဆီးများကို ဖယ်ရှားနိုင်ရန်၊ စိတ်စေတနာဖြင့် လွန်ကျုးထားသောအပြစ်၊ စိတ်စေတနာမပါဘဲ လွန်ကျုးထားသော အပြစ်များရှိနေခဲ့လျှင် ထိုအပြစ်များ ပပျောက်နိုင်စေရန် “သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါ စေခြင်းအကျိုးငှာ” ဆိုပြီး မြန်မာတို့ရဲ့ဓလေ့၌ ၀န်ချတောင်းပန်လေ့ရှိခြင်းပါ။

ဗုဒ္ဓဘာသာတရားအရ အပြစ်ရှိရင် တောင်းပန်ရမယ်၊ သို့မဟုတ် တောင်းပန်သင့်တယ်ဆိုတော့ “အပြစ်↔ဆိုတာ ဘာလဲ။ ဦစွာပထမ သဲကွဲစွာ သိဖို့တော့ လိုတယ်။ အများလက်ခံထားတဲ့ အပြစ်ဆိုတာ ဘယ်လဲဆိုတာကို သဲသဲကွဲကွဲ သိနိုင်ဖို့ လူအတော်များများကို မေးကြည့်ဖူးတယ်။ တချို့က ဖြေတယ်။ အပြစ် ဆိုတာ မကောင်းမှုကို ပြုလုပ်ခြင်းတဲ့။ တချို့ကတော့ အပြစ်ဆိုတာ တပါးသူအား ပြစ်မှားကျူးလွန်ခြင်းတဲ့။ တချို့ကြတော့လဲ အပြစ်ဆိုတာ ကံသုံးပါးထဲက တစ်ပါးပါးဖြင့် သူတပါးအား စော်ကားခြင်း၊ ပြစ်မှား ကျူးလွန် ခြင်းတဲ့။ အဖြေတွေက စုံနေတယ်။ ဘယ်အဖြေက အကောင်းဆုံးဆိုတာ ပြောဖို့ခက်တယ်။ ဘာကြောင့်လဲ ဆိုရင် အားလုံးက သူ့နည်းနဲ့သူ မှန်နေတာချည်းဖြစ်လို့ပါ။

စာရေးသူ သဘောကျလက်ခံထားတဲ့ အပြစ်ဆိုတာ - “လုပ်ဆိုတဲ့အရာကို မလုပ်ရင် အပြစ်၊ မလုပ်နဲ့ ဆိုတဲ့ အရာကို လုပ်ရင် အပြစ်↔လို့ဆိုရမှာပါ။ အဲဒီမှာလဲ “လုပ်ရမယ်↔ “လုပ်သင့်တယ်↔ “လုပ်ထိုက်တယ်↔ ဆိုတဲ့ အခြေအနေကို မူတည်ပြီးတော့ အပြစ်ရဲ့ ခြားနားမှုဒီဂရီကို ခွဲခြားနားလည်နိုင်ခြင်းပါ။

တစ်စုံတစ်ယောက်သောသူက တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုကို ပြုလုပ်ခဲ့တဲ့အတွက် ပြုသူမှာ “အပြစ်ရှိတယ်↔လို့ တစ်စုံတစ်ယောက်က ပြောလာခဲ့ရင် “၀ိနည်းပြစ်↔လား၊ “အဘိဓမ္မာ↔ ပြစ်လား၊ “သုတ္တန်ပြစ်↔လားဆိုတာကိုတော့ ခွဲခြားစိစစ်နိုင်ဖို့ လိုမယ်ထင်တယ်။ ဘာကြောင့်လဲဆိုရင် ပိဋကတ်သုံးပုံမှာ အပြစ်ကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ ဒေသနာတစ်နှင့်တစ်ခု တခါတရံမှာ ကွဲပြားခြားနားနေတတ်လို့ပါ။

“၀ိနည်းပြစ်↔ဆိုတာ ဘာလဲ။ “၀ိနည်းပြစ်↔ဆိုသည်မှာ ၀ိနည်းပိဋကတ်တော်နှင့်အညီ ဆုံးဖြတ်ထားတဲ့ ၀ိနည်းပြစ်(၀ိနည်းဥပဒေ)မျိုးကို ဆိုခြင်းပါ။ ဥပမာ၊ ရဟန်းတစ်ပါး ညစာစားရင် အပြစ်ဖြစ်တယ်။ လူတစ်ယောက် ညစာစားရင် အပြစ် မဖြစ်ဘူး။ ဘာကြောင့်ရဟန်းမှာ အပြစ်ဖြစ်ပြီး လူမှာကြတော့ အပြစ်မဖြစ်လဲဆိုရင် ၀ိနည်းဒေသနာတော်အရ ရဟန်းမှာ “မလုပ်နဲ့ ဆိုတဲ့အရာကို လုပ်လို့ ↔ အပြစ်ဖြစ်ရတာ။ အဖြောင့်ပြောတော့ စောင့်ထိန်းရမဲ့ သိက္ခာပုဒ်ကို ချိုးဖေါက်လို့ အပြစ်ဖြစ်ရတာ။

ဝိနည်းမကျွမ်းကျင်တဲ့ လူအများဟာ တခါတရံမှာ ရဟန်းတော်များကို ၀ိနည်းသိက္ခာပုဒ်များနှင့် ထောက်ပြပြီး ဝေဖန်ပြောဆိုတတ်ကြတယ်။ ဘယ်ရဟန်းမျိုးမဆို ၀ိနည်းတော်နှင့်အညီ နေထိုင်ရင် ကြည်ညိုနေ မှာလို့ ခပ်လွယ်လွယ်လည်း ပြောတတ်ကြတယ်။ ညစာစားတဲ့ ရဟန်းကိုတွေ့ရင် အလွန်အမင်း ကဲ့ရဲ့တတ်ပြီး၊ မျက်ဖြတ် (မျက်ရိပ်) နေတဲ့ရဟန်းကိုတွေ့ရင် ချီးမွမ်းသွားတတ်ကြတယ်။ ၀ိနည်းဒေသနာကံအရ ညစာစားတာနှင့် မျက်ဖြတ်တာ၊ အရက်သောက်တာနှင့် မျက်ဖြတ်တာ အပြစ်ဖြစ်နေတာခြင်း တူနေသော်လည်း ၀ိနည်းနားမလည်တော့ အပြစ်နှစ်ခုက လုံးဝကို ကွာခြားနေသလို ဖြစ်သွားခြင်းပါ။

ဝိနည်းဒေသနာတော်မှာ ကံသုံးပါး (ကာယကံ၊ ၀စီကံ၊ မနောကံ) ရှိရာ (မနောဒွါရေ အာပတ္တိနာမ နတ္ထိ ဆိုတဲ့အတိုင်း) ရဟန်းတော်များသည် မနောကံကြောင့် အာပတ်မသင့်နိုင်ခြင်းဆိုတဲ့ အချက်ပါ။ ဆိုလိုတာက ရဟန်းတစ်ပါးဟာ စိတ်ထဲကနေ ရောက်တတ်ရာရာ တောင်ကြံ၊ မြောက်ကြံ (တရားတာတွေရော၊ မတရားတွေပါ) ကြံချင်တိုင်းကြံနေသော်လည်း အာပတ်မသင့်နိုင်ခြင်းပါ။

နောက်တစ်မျိုးက ရဟန်းလောက၊ လူလောကမှာ ပြောလေ့ပြေထရှိနေတာက - “၀ိနည်းတတ် ကြက်သတ်↔ဆိုတဲ့ အဆိုအမိန့်ပါ။ ၀ိနည်းကျွမ်းကျင်တဲ့ ရဟန်းတစ်ပါးဟာ လူတစ်ယောက်ကို သတ်ဖို့စေခိုင်း သော်လည်း ထိုသတ်ခိုင်းသောရဟန်းအား တခါတရံမှာ အာပတ်မသင့်ရောက်နိုင်ခြင်းဆိုတဲ့ အချက်ပါ။

ဥပမာ၊ ၀ိနည်းကျွမ်းကျင်သော ရဟန်းတစ်ပါးက လူတစ်ယောက်ကို သတ်လို၍ အနီးနေရဟန်း တစ်ပါးအား သို့မဟုတ် ယောက်ျားတစ်ယောက်အား အသတ်ခိုင်းတယ်ဆိုပါတော့။ သတ်ရန်အချိန်ကိုပါ သတ်မှတ်ပေးလိုက်တယ်။ “မင်း ဒီယောက်ျားကို ဒီနေ့ ဒီရက် (၁၂)နာရီ၊ (၁၂)မိနစ်၊ (၁၂)စက္ကန့်အချိန်မှာ သတ်လိုက်ပါ↔ဟု စေခိုင်းလိုက်ခြင်းပါ။ သို့သော် သတ်သောရဟန်းသည် သို့မဟုတ် သတ်သောယောက်ျား သည် ထိုရဟန်းညွှန်းကြားသော ထိုနေ့ ထိုရက် (၁၂)နာရီ၊ (၁၂)မိနစ်၊ (၁၂)စက္ကန့်အချိန်မှာ ထိုယောက်ျားကို မသတ်နိုင်ဘဲ (၁၂)နာရီ၊ (၁၂)မိနစ်၊ (၁၃)စက္ကန့်အချိန်ကျမှ ထိုယောက်ျးကို သတ်နိုင်ခဲ့တယ်ဆိုပါတော့ … ။ ထိုလူသတ်မှု၌ စေခိုင်းသောရဟန်းသည် (၀ိနည်းဒေသနာကံအရ အပြစ်မဖြစ်ဘဲ) သတ်သောရဟန်း (သို့မဟုတ်) သတ်သောယောက်ျားမှာသာ အပြစ်ဖြစ်နေခြင်းပါ။ အဘယ်ကြောင့်ဆိုသော် စေခိုင်းသည့်အတိုင်း သတ်မှတ်ပေးထားသော အချိန်၌ မသတ်ဘဲ လွဲမှားသောအချိန်၌ သတ်ခဲ့သောကြောင့်ဖြစ်တယ်။ (သို့သော် တရားဥပဒေကြောင်းအရမူ သတ်ခိုင်းသူ၊ သတ်သူအားလုံးမှာ အပြစ်ရှိနေကြောင်း သိရခြင်းပါ။ လူသတ်မှု ကြောင့် ဖြစ်ပေါ်လာသော တရားဥပဒေအပြစ်ကိုမူ ထိုသူတို့အားလုံး ခံယူကြရမည်ဖြစ်၏။)

အချိန်အခါကို သတ်မှတ်ပေး၍ တစ်စုံတစ်ယောက်သူအား ၀ိနည်းပြစ်မဖြစ်အောင် အသတ်ခိုင်းနိုင် သလို၊ တည်နေရာ-စသည်ကို သတ်မှတ်ပေး၍ ၀ိနည်းပြစ်မဖြစ်အောင် သတ်ခိုင်းနည်းများကိုလည်း အလားတူ သိနိုင်ခြင်းပါ။ ဒါမျိုးကို ရည်ရွယ်၍ “၀ိနည်းတတ် ကြက်သတ်↔ဟု အဆိုအမိန့်ပြုထားခြင်း ဖြစ်နိုင်ပါတယ်။

ထိုလူသတ်မှုတွင် ၀ိနည်းကျွမ်းကျင်၍ လူတစ်ယောက်ကို သတ်ခိုင်းစေမှု၌ ၀ိနည်းဒေသနာကံအရ ၀ိနည်းပြစ် မဖြစ်ခဲ့သော်လည်း၊ အဘိဓမ္မာဒေသနာတော်အရ အပြစ်ကို ရှောင်တိမ်း၍ မရနိုင်ပေ။ အဘယ် ကြောင့်ဆိုသော် ၀ိနည်းကျွမ်းကျင်၍ ၀ိနည်းကို ရှောင်နိုင်တိမ်းနိုင်သော်လည်း အဘိဓမ္မာဒေသနာတော်အရ ထိုရဟန်း၏စိတ်သည် လောဘ ဒေါသ မောဟစသော အကုသိုလ်စိတ် စေတသိက်များနှင့် ယှဉ်ထားသော ကြောင့် (အတူယှဉ်တွဲဖြစ်နေသောကြောင့်) သတ်လိုစိတ်များ တဖွားဖွားဖြစ်နေသော ထိုရဟန်း၏ မစင်ကြယ် သောစိတ်အစဉ်သည် အဘိဓမ္မာအပြစ်များ သင့်ရောက်နေခြင်းဖြစ်တယ်။ လူသတ်မှုကြောင့် တရားဥပဒေ အပြစ်ကို ခံယူရမည်ဖြစ်သလို၊ သူတပါးအား သေစေလိုသောစိတ်သည် (အဘိဓမ္မာဒေသနာတော်အရ) အပြစ်များဖြစ်နေပြီး ထိုအပြစ်ကြောင့် ထိုရဟန်းသည် အပါယ်သို့ ကျရောက်နိုင်ခြင်းပါ။

“အဘိဓမ္မာပြစ်↔ဆိုသည်မှာ လောဘ ဒေါသ မောဟ မာန်မာန စသော ကိလေသာတရားများကို ဖြစ်ခွင့်ပေးထားခြင်းကြောင့် ဖြစ်ပေါ်လာသော အပြစ်မျိုးပါ။ ထိုတရားများသည် တစုံတစ်ယောက်သော သူ၏စိတ်၌ ဖြစ်ပွားနေခဲ့သော် ထိုသူ၏စိတ် (စေတသိက်) တို့သည် မစင်ကြယ်နိုင်တော့ဘဲ အပြစ်များ ဆိုက်တိုက်ဖြစ်နေခြင်းပါ။ ထိုအပြစ်များသည် ဖြစ်ပေါ်နေသော ဒီဂရီအလိုက် တခါတရံ၌ အပါယ်သို့ပင် ကျသွားနိုင်ခြင်းပါ။ ထိုကြောင့် အဘိဓမ္မာဒေသနာတော်အရ မစင်ကြယ်သောစိတ်များကို (အပြစ်ဖြစ်နေသော စိတ်စေတသိက်များကို) စင်ကြယ်အောင်၊ ဆိုလိုတာက လောဘ ဒေါသ မောဟစသော အပြစ်များ မိမိစိတ်၌ ကင်းစင်အောင် တရားဘာဝနာများကို အာထုတ်ရခြင်းပါ။

အဘိဓမ္မာဒေသနာတော်အရ လူတစ်ယောက်၏ဘ၀၌ ကုသိုလ်ဖြစ်ရေးသည် အရေးကြီးသလို၊ အကုသိုလ်မဖြစ်ရေးသည် အရေးကြီးခြင်းပါ။ သို့သော် တခါတရံ၌ ဖြစ်တတ်သည်မှာ ကုသိုလ်စိတ်ကြောင့် လည်း အကုသိုလ်တရားများ ဖြစ်ပွားတတ်ပြီး၊ အကုသိုလ်စိတ်ကြောင့်လည်း ကုသိုလ်တရားများ ဖြစ်ပွားနေ တတ်ခြင်းပါ။ ဥပမာ၊ အလှူကြီးပေးလို၍ ရင်အုပ်သားချည်းပါသော ကြက်သားဒဏ်ပေါက် ပွဲတစ်ထောင်ကို မှာယူသော အလှူရှင်၏စိတ်၌ ကုသိုလ်စိတ်ကိုမှီ၍ အကုသိုလ်အပြစ်များဖြစ်နေခြင်းကို တွေ့မြင်းနိုင်ခြင်းပါ။ နောက်ထပ် ဥပမာတစ်ခုမှာ ငယ်ငယ်ရွယ်ရွယ်နှင့်  သေဆုံးသွားခဲ့သော လင်တော်မောင်ကို လွမ်းတသသ ဖြစ်နေရှာသော အမျိုးကောင်းသမီးသည် သွားလေသူအပေါ်မှာ သံယောဇဉ်မကုန်နိုင်ဘဲ သူကို သတိရတိုင်း သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ပုတီးစိတ်ခြင်း၊ တရားထိုင်ခြင်း၊ အမျှပေးဝေခြင်းစသော ကုသိုလ်အလုပ် များကို လုပ်နေခြင်းမျိုးပါ။ ဤဖြစ်စဉ်ကို ကောက်ချက်ချကြည့်လျှင် သံယောဇဉ်က အကုသိုလ်တရား (အပြစ် ရှိသောတရား)၊ ဆွမ်းကပ်ခြင်း၊ ပုတီးစိတ်ခြင်း၊ တရားထိုင်ခြင်းက ကုသိုလ်တရား (အပြစ်ကင်းစင်သော တရား)။ ဒီဖြစ်စဉ်များကို ထောက်ရှု၍ ကုသိုလ်တရားက အကုသိုလ်တရားကို ဖြစ်ခွင့်ရအောင် ကျေးဇူးပြုပေးနိုင်သလို၊ အကုသိုလ်တရားကလည်း ကုသိုလ်တရားများကို ဖြစ်ခွင့်ရအောင် ကျေးဇူးပြုပေးခြင်းပါ။

လူအတော်များများဟာ ၀ိနည်းပြစ်နှင့် အဘိဓမ္မာပြစ်ဆိုတာကို နားလည်သဘောပေါက်နိုင်ကြပေမဲ့ သုတ္တန်ပြစ်ကိုမူ သတိမထားမိသူတွေက များနေခြင်းပါ။ အပြစ်ဆိုတာ “လုပ်သင့်တဲ့အရာကို မလုပ်ရင်၊ မလုပ်သင့်တဲ့အရာကို လုပ်ရင် အပြစ်ဖြစ်တယ်↔လို့ ပြောခဲ့ပြီးသားပါ။ ဒီသီအိုရီအရဆိုရင် လူအတော် များများဟာ အပြစ်မကင်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သုတ္တန်ဒေသနာတော်မှာ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သား (သမီး) တို့တာ↔တဲ့။ သိင်္ဂါလောဝါဒသုတ္တန်ဒေသနာတော်အရ သားသမီးများပြုရမဲ့ တာဝန်ဝတ္တရားက ငါးပါးရှိနေခြင်းပါ။ ဆိုလိုတာက သားသမီးများ ပြုရမဲ့ အလုပ်ပါ။ ဒီသုတ္တန်ဒေသနာတော်အရ သားသမီးများသည် မိဘများကို လုပ်ကျွေးဖို့ တာဝန်ရှိသလို၊ မျိုးနွယ်ကိုလည်း စောင့်ထိန်းဖို့ တာဝန်ရှိနေခြင်းပါ။ လုပ်ထိုက်တဲ့တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေခဲ့မယ်ဆိုရင် သုတ္တန်ဒေသနာတော်အရ အပြစ်ဖြစ်နိုင်ခြင်းပါ။

နောက်တစ်မျိုး သုတ္တန်ဒေသနာတော်မှာ ဆိုထားတာက - “အနာဂတံ ဘာရံ အာဝဟတိ၊ အာဂတံ ဘာရံ န အာဝဟတိ - မကျရောက်တဲ့တာဝန်ကို ဆောင်ရွက်ရင်၊ ကျရောက်လာတဲ့ တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ရင် (ရှောင်လွှဲနေရင်) အပြစ်ဖြစ်တတ်တယ်↔ဆိုတဲ့အဆုံးအမမျိုးပါ။ ထိုတာဝန်နှစ်ရပ်ကို ဆောင်ရွက်ဖို့ ပျက်ကွက်ရင် ဗာလ(လူမိုက်)အထိပါ ဖြစ်သွားနိုင်ခြင်းပါ။ ဒီနေ့ တိုင်းပြည်တွင်းမှာ အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရတဲ့ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးကိစ္စများ၊ ထိုကိစ္စများကို အမျိုးသားရေးစိတ်ဓာတ်နှင့် စောင့်ထိန်းဖို့တာဝန်ဟာ ဘယ်သူ့တွေရဲ့တာဝန်လဲဆိုတာ လေးလေးနက်နက် စဉ်းစားနိုင်ကြဖို့ပါ။ “စောင့်လေမျိုးနွယ်↔လို့  သုတ္တန်ဒေသနာတော်မှာ အတိအလင်း ဆိုထားတာကြောင့် ကျရောက်နေတဲ့တာဝန်ကို မဆောင်ရွက်ရင် သို့မဟုတ် ကိုယ်နှင့်မဆိုင်သလို သဘောထာပြီး မဆောင်ရွက် နိုင်ရင် တိုင်းပြည်ရဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအပေါ်မှာ အပြစ်တွေ ကျရောက်လာနိုင်ခြင်းပါ။ ဒီအပြစ်မျိုးကြတော့ ကျူးလွန်လို့ဖြစ်တဲ့ အပြစ်မျိုးမဟုတ်ဘဲ၊ လုပ်သင့်၊ လုပ်ထိုက်တာကို မလုပ်လို့ သင့်ရောက်တဲ့ အပြစ်မျိုးပါ။ ဒါမျိုးကို သုတ္တန်ပြစ်လို့ ပြောလိုတာပါ။

နောက်တစ်မျိုးက သုတ္တန်ဒေသနာတော်မှာ - “အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ၊ ဘူတံ ဘူတတော ပဋိဇာနိတဗ္ဗံ - ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တို့ကို ပြောဆိုနေသောသူတို့အား သင်တို့ ပြောနေသော ရတနာသုံးပါး၏ဂုဏ်ကျေးဇူးမဲ့တို့သည် မဟုတ်မှန်ကြောင်း၊ ဟုတ်မှန်စွာ ပြောဆိုနေသော သူများကိုမူ သင်တို့ပြောနေသော ရတနာသုံးပါး ဂုဏ်ကျေးဇူးများသည် ဟုတ်မှန်စွာ ပြောဆိုနေကြောင်း ၀န်ခံပြောဆိုနိုင်ရမည်↔ဟု သုတ္တန်ပိဋကတ်တော်၌ ဟောကြားထား၍ လုပ်သင့်လုပ်ထိုက်သည်ကို ဗုဒ္ဓဘာသာ ၀င်များက ပြုလုပ်ရန် ပျက်ကွက်နေခဲ့သော် သုတ္တန်ဒေသနာတော်နည်းအရ အပြစ်များဖြစ်နေခြင်းကို သတိမူ နိုင်ကြဖို့ပါ။ ဒီနေရာ၌ ဘုရားလောင်း၏ စိတ်နေစိတ်ထားများကို အားကျအတုယူသင့်ခြင်းပါ။ ဘုရားလောင်း၏ စိတ်ဓာတ်က - အမျိုးသားရေးအတွက်ဆိုရင် ကိုယ်တိုင်က ကျူးကျော်ရန်စသူမျိုးမဖြစ်အောင် စောင့်ထိန်း ခြင်းပါ။ တဖက်သားက ကျူးကျော်ရန်စလာပြီဆိုရင်တော့ “လူဖြစ်ရင် လူမျိုးမတုံးရေး၊ မျောက်ဖြစ်ရင် မျောက်မျိုး မတုံးရေး၊ ခွေးဖြစ်ရင် ခွေးမျိုးမတုံးရေး↔ဆိုတဲ့ စိတ်ဓာတ်နှင့် အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်ခြင်းပါ။


အထက်ပါ သုံးသပ်ချက်များကို ပြန်လှန်သုံးသပ်ရလျှင် စာရေးသူမှာ “၀ိနည်းပြစ်↔ဆိုတာလဲ မကင်း နိုင်သေးပါ။ “အဘိဓမ္မာပြစ်↔ဆိုတာလဲ မကွာနိုင်သေးပါ။ “သုတ္တန်ပြစ်↔ဆိုတာလဲ မကျော်နိုင်သေးပါ။ ထိုကြောင့် ဂရိ ဖီလိုဆိုဖာကြီး ဆိုကရေးတီးစ် ပြောခဲ့တဲ့ စကားတစ်ခွန်းကို အမှတ်ရမိခြင်းပါ။ “လောကမှာ ကျွန်ုပ်သိတာက တစ်ခုတည်းရှိတယ်။ အဲဒါကတော့ ကျွန်ုပ်မသိတဲ့အရာတွေ အများကြီးရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုပါ↔တဲ့။ စာရေးသူလဲ သူ့လိုပဲ ပြောလိုက်ချင်ပါတယ်။ “လောကမှာ ကျွန်ုပ်သိတာက တစ်ခုတည်း ရှိတယ်။ အဲဒါကတော့ ကျွန်ုပ်မှာ အပြစ်တွေ မျာစွာရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုပါ↔။ ဒီတော့ ဒီကမ္ဘာမှာ (ပုထုဇဉ်တို့ရဲ့ကမ္ဘာမှာ) ဒီအပြစ်သုံးမျိုးလုံး ကင်းနိုင်သူဟာ သင်ကလွှဲရင် မရှိနိုင်ဘူးလို့ ပြောခဲ့ရင် သင်က လက်ခံမှာလား။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)
myanmarupdates


အပြည့်အစုံသို့ »

မိုဘိုင်းနည်းပညာနှင့် ပတ်သက်၍ Ooredoo မှ ပထမဦးဆုံးသော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြန်မာဘာသာဖြင့် လက်ကိုင်ဖုန်းများ ထုတ်လုပ်ရန် စိတ်ဝင်စားနေသော Ooredoo ကုမ္ပဏီသည် Myanmar Blogger Society (MBS) နှင့် ပူးပေါင်း၍ မိုဘိုင်းနည်းပညာနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



Brain Stroming ခေါင်းစဉ်ဖြင့် မိုဘိုင်းနည်းပညာအကြောင်းအရာများကို ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း ၊ အဆိုပါဆွေးနွေးပွဲသို့ Ooredoo ကုမ္ပဏီမှ မိုဘိုင်းနည်းပညာ ကျွမ်းကျင်သူများ တက်ရောက်မည်ဖြစ်ကြောင်း MBS အနေဖြင့် သတင်းထုတ်ပြန်ခဲ့သည်။



အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မြန်မာအင်ဖိုတက်ခ် အခန်း၂၀၅ တွင် ကျင်းပမည်ဖြစ်သော အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် Ooredoo အနေဖြင့် လူမှုဆိုင်ရာအဖွဲ့အစည်းများနှင့် ပထမဦးဆုံးအကြိမ် လက်တွဲဆောင်ရွက်သော အလုပ်ရုံဆွေးနွေးပွဲဖြစ်သည်ဟု သိရသည်။



အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းမှ Mobile Developerများ၊ Mobile Application ရေးသားသူများ၊ နည်းပညာဆိုင်ရာအဖွဲ့အစည်းများ၊ ဘဏ်လုပ်ငန်းများ၊ နည်းပညာနယ်ပယ်မှ Freelance များနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ Ooredoo ဆိုသည်မှာ ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာအစိုးရမှ နိုင်ငံအတါင်း ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် ရွေးချယ်ထားသော ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည်။ ၎င်းသည်နိုင်ငံအတွင်း၌ မိုဘိုင်းဆင်းကတ်အရောင်းစင်တာ ၂ သိန်းခွဲနီးပါး ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာလုပ်သားအများဆုံး ခန့်အပ်သွားမည်ဟု ကတိပေးထားသူ ဖြစ်သည်။



မြင့်ကျော်လှိုင်
myanmarinternetjournal

အပြည့်အစုံသို့ »

ဗုံးပေါက်ကွဲမှုများအတွက် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေ မသင်္ကာသူခြောက်ဦးအား ဖမ်းဆီးထား


ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူတို့တွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် မသင်္ကာသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သက်ဆိုင်ရာ ရဲတပ်မှူးရုံးများက စုံစမ်းသိ ရှိရသည်။

    ရန်ကုန်မြို့တွင် အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်များက စော်ဘွားကြီးကုန်း၊ သာကေတ၊အလုံမြို့နယ်ရှိ Western Park 2 နှင့် ကုန်သည်ကြီးများဟိုတယ်တို့တွင် ပေါက်ကွဲမှုများနှင့်စပ်လျဉ်း၍ သံသယရှိ သူတစ်ဦးအား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်တလင်း ကားလမ်းပေါ်တွင် အောက်တိုဘာ လ ၁၅ ရက် နံနက် ၆ နာရီက ဖမ်းဆီးခဲ့သည်။

    “ကျွန်တော်တို့လည်း ဘီလင်းမြို့ရဲ့အပြင်ဘက် နတ်ကြီးသွားတဲ့လမ်းမှာ ကျွန်တော်တို့ ထွက်စောင့်တာပေါ့။ စောင့်နေတုန်း သူက ဆိုင်ကယ်နဲ့လာတာကို တွေ့လိုက်ပါတယ်။ အဲ့မှာ သူက ကျော်သွားတော့ ကျွန်တော်တို့က လိုက်တာပေါ့။ လိုက်တော့ သိပ်မကြာလိုက်ပါဘူး။ ဓာတ်တိုင်တစ်တိုင်လောက်မှာပဲ မိတာပေါ့”ဟု ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ်ပန်းဦးက မဇ္ဈိမကို ပြောသည်။

    ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဦးစီး (၂) ဌာနခွဲမှူး ရဲမှူးမြင့်ထွေးက “အခုလောလောဆယ်တော့ ဒီပေါက်ကွဲမှုတွေမှာ မင်္သကာစရာဆိုပြီး ဖမ်းထားတာ သုံးယောက်ရှိတယ်။ သူတို့ကို စစ်ဆေးနေတယ်။ တရားခံလို့ ယူဆရသူ တစ်ယောက်ကို ဖမ်းထားတယ်၊ သူတို့နဲ့ပတ်သတ်တဲ့အချက်တွေ နာမည်တွေကိုတော့ မပြောပြနိုင်သေးဘူး။ ကွင်းဆက် ပျောက်သွားမှာစိုးလို့ပါ။ ထပ်ပြီးလည်း ဆောင်ရွက်နေတယ်။ အဆင့်ဆင့် အဆက်မပြတ်သွားအောင်လည်း လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။

    ထို့အပြင် မန္တလေးမြို့၌လည်း အောက်တိုဘာလ ၁၄ ရက်က ရွှေဘဲစားသောက်ဆိုင်တွင် အမေရိကန်လုပ် လက်ပစ်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပြီး ဆိုင်သို့ လာရောက်စားသောက်ခဲ့သော မသင်္ကာသူနှစ်ဦးအား CCTV မှတ်တမ်းပုံရိပ်မှ ရယူခဲ့သည်။

    ထိုမသင်္ကာသူနှစ်ဦးအား မန္တလေးမြို့ အထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ထိုနေ့ ညနေ ၆ နာရီတွင် အမရပူရမြို့နယ် ဦးပိန်တံတားအနီးတွင် ဆလွန်းအနက်ရောင် တက္ကဆီနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

    ထိုနှစ်ဦးသည် မလေးရှားနိုင်ငံရှိ CHL Foam ဖော့စက်ရုံတွင် လုပ်ကိုင်ခဲ့သူ အောင်အောင်(ခေါ်) မိုအာ မက်ဆာလေးနှင့် မလေးရှားနိုင်ငံသူ Mrs.Nikol (ခေါ်) Chin Suet Yin တို့ကို အောင်မြေသာစံမြို့နယ် မြို့မရဲစခန်းတွင် ဒု-ရဲမှူးအောင်မြင့်က တရားလိုအဖြစ်လုပ်ကာ (ပ)၅၅၉/၂၀၁၃ ပေါက်ကွဲ ၃ အရ အမှု ဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

    ထို့အပြင် စစ်ကိုင်းတိုင်း မင်းလမ်းရပ်ကွက်ရှိ “ရွှေပြည့်စုံ”ဟိုတယ် စားသောက်ခန်းတွင် အောက်တိုဘာ လ ၁၅ ရက် နံနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်တွင် တည်းခိုနေသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူး သိန်းဆွေက မဇ္ဈိမကို ပြောသည်။

    ညစာစားပြီးအချိန်၌ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းက စားသောက်ခန်းသို့ သန့်ရှင်းရေးလုပ်နေစဉ်တွင် ထိုသံသယရှိသူ သုံးဦးသည် စားသောက်ခန်းထဲတွင် နောက်ဆုံး ကျန်ရှိနေသောကြောင့် သံသယရှိခြင်းဖြစ်ကြောင်း ဒု-ရဲမှူးက ပြောသည်။

    လက်ရှိတွင် ဟိုတယ်တွင် တည်းခိုနေသော သံသယရှိသူ သုံးဦး အပါအ၀င် အမျိုးသား၂၄ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် ကလေးသုံးဦး၊ စုစုပေါင်း ၄၄ ဦးကို ဟိုတယ်မှ ထွက်ခွင့်မပြုဘဲ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဟိုတယ်မန်နေဂျာကိုလည်း ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ပြီး လိုအပ်ပါက ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း ရွှေပြည့်စုံဟိုတယ်မန်နေဂျာ ကိုစိုးထက်အောင်က မဇ္ဈိမကို ပြောသည်။

    အောက်တိုဘာလ ၁၅ ရက် နံနက် ၃ နာရီ ၄၅ မိနစ်က စစ်ကိုင်းမြို့ “ရွှေပြည့်စုံ” ဟိုတယ်၊ အပေါ်ဆုံးထပ်ရှိ စားသောက်ခန်းတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဟိုတယ်မန်နေဂျာ ကိုစိုးထက်အောင်က “မနက် ၃ နာရီ ၄၅ မှာ ၀ုန်းဆိုပြီး အသံကြားလို့ မိန်းတွေ ချပစ်လိုက်တယ်။ လျှပ်စစ်ရှော့ဖြစ်ပြီး ပေါက်ကွဲတယ်ထင်လို့ပါ။ တံခါးဖွင့်လိုက်တော့ မီးခိုးလုံးတွေ ထွက်လာတယ်။ ကျွန်တော်လည်း လန့်သွားတယ်။ ချက်ချင်းပဲ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ ကျွန်တော်တို့လည်း ဘာမှ မပြောပြတတ်တော့ဘူး”ဟု ဖြစ်စဉ်ကို ရှင်းပြသည်။

    ပေါက်ကွဲခဲ့သော ဗုံးအမျိုးအစားနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးသိန်းဆွေက “ဒေသန္တရ လက်လုပ်ဗုံးပါ။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ စစ်ဆေးမှုတွေ လုပ်နေတယ်။ သံသယနဲ့တော့ အဖြေ မပြောချင်သေးဘူး”ဟု မဇ္ဈိမကို ပြောကြားသည်။

    ထိုနေ့တွင်ပင် နံနက် ၅ နာရီအချိန်က စစ်ကိုင်းတိုင်း ဆွမ်းဦးပုညရှင် ဘုရားရင်ပြင်တော် မြောက်ဘက်ရှိ ကားပါကင်နေရာတွင်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ရဲအုပ်မင်းလွင်ထွန်းက ပြောသည်။

    စစ်ကိုင်းတိုင်းတွင် လုံခြုံရေးအတွက် မြို့ပေါ်နှင့် မြို့အ၀င်အထွက်နေရာများတွင် လုံခြုံရေး တင်းကျပ်စွာ တိုးမြှင့်ချထားကြောင်း သိရသည်။

    ပဲခူးတိုင်း တောင်ငူမြို့တွင်လည်း အောက်တိုဘာလ ၈ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ၏ အမည်ကို ဖော်ထုတ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဒု-၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

    ဗုံးပေါက်ကွဲမှုများသည် အောက်တိုဘာလထဲ၌ပင် ၁၃ ရက်က ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် သာကေတမြို့နယ်တွင် မာန်ပြေမှတ်တိုင်အနီးတွင် ထပ်မံပေါက်ကွဲခဲ့ကာ ၁၄ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

    ထို့အပြင် အောက်တိုဘာလ ၁၄ရက်ကလည်း ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Western Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၄ ရက် ညပိုင်းက ထရိတ်ဒါးဟိုတယ်တွင် လူနေခန်းထဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး အမေရိကန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

    ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့်လည်း ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာစရာ အထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်း သတင်းပေးပို့ကြရန်လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 မင်းမင်း၊ နန်းလွင်နှင်းပွင့်၊ အောင်ကိုဦး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၂၈ မိနစ်
Mizzima - News in Burmese

အပြည့်အစုံသို့ »