သူရိယအလင်း ဂျာနယ်တိုက်ရှိ ကွန်ပျူတာများသိမ်းယူသူသည် ဂျာနယ်ထုတ်ဝေသူကိုယ်တိုင်ဖြစ်ဟုဆို


အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် သူရိယအလင်း ဂျာနယ်တိုက်အတွင်းရှိ ကွန်ပျူတာများအား အောက်တိုဘာ ၁၈ ရက် ညသန်းခေါင်ယံအချိန်က လာရောက် သိမ်းယူသူသည် ထိုဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင်ဖြစ်ကြောင်း ၎င်းက အောက်တိုဘာ ၂၀ တွင် မဇ္ဈိမကို ပြောသည်။

“ကျွန်တော်ကိုယ်တိုင် ကွန်ပျူတာ လာသိမ်းတာ။ ဆောင်းပါးတွေက ပုဂ်္ဂိုလ်ရေးတွေပါတယ်။ တားနေတဲ့ ကြားထဲက လုပ်လို့ သိမ်းလိုက်တာ။ အဲဒီနေ့က ကျွန်တော့်မွေးနေ့ဖြစ်တယ်။ မွေးနေ့ပွဲပြီးတော့ ရုံးကို လာပြီး ကွန်ပျူတာသိမ်းလိုက်တာ။ နောက်ထပ် လုပ်မှာစိုးလို့ပါ။ CCTV ကတော့ မသိဘူး။ မွေးနေ့ပွဲပြီးလို့ ကျွန်တော်နဲ့အတူ ကိုသူရိန်ပါတယ်။ ဖိုးလပြည့်မပါဘူး”ဟု ဦးယုနိုင်က ရှင်းပြသည်။

သူရိယအလင်း ဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ ရက် ည ၁၂ နာရီခန့်က စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်နှင့်အတူ လူတစ်စုက ၀င်ရောက်ကာ ကွန်ပျူတာ ၁၄ လုံးနှင့် CCTV ကင်မရာကို ၀င်ရောက် သိမ်းဆည်းသွားကြောင်း၊ ဂျာနယ်တိုက်အပြင်တွင် ဖိုးလပြည့်လည်း ရှိနေကြောင်း ထိုဂျာနယ်၏ CEO ဦးမိုးဟိန်းက အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် စွပ်စွဲပြောဆိုခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲအား မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သူရိယအလင်း ဂျာနယ်တိုက်တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့ခြင်းဖြစ်ပြီး CCTV မှတ်တမ်းများ ထားရှိသည့် ကွန်ပျူတာကိုလည်း ယူသွားသည်ဟု ဦးမိုးဟိန်းက ဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်က ပြန်လည် ရှင်းလင်းခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၉ရက်ထုတ် အတွဲ(၁) အမှတ်(၁၂) မျက်နှာဖုံးတွင် ရေးသားထားသော ပြင်ပဆောင်းပါးရှင် စစ်သူရဲ ဗလမင်းထင်ဆိုသူ၏ “မော်စကိုမှာသာမယ့်လ”၊ “ရုရှမယ်စကြ၀ဠာပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ” နှင့် “န.၀.တ အကျဉ်းသား” ၊ ထောင်သူရဲဘအုပ် ရေးသားသော “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” (သို့မဟုတ်) “ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ” စသော ဆောင်းပါးများကို ရေးသားဖော်ပြခဲ့ပြီး ထိုဂျာနယ်အား တစ်ရက်ကြိုကာ အောက်တိုဘာလ ၁၈ ရက်က ဖြန့်ဝေခဲ့သည်။

ယင်းဆောင်ပါးများအား ထည့်သွင်းဖော်ပြခြင်းကို အယ်ဒီတာအဖွဲ့ဘက်မှ ကန့်ကွက်ခဲ့သော်လည်း အမှုဆောင်အရာရှိချုပ်၏ လုပ်ပိုင်ခွင့်ကို အကြောင်းပြကာ ဦးမိုးဟိန်း၏ ဆန္ဒအလျောက် အယ်ဒီတာအဖွဲ့၏ လုပ်ပိုင်ခွင့်အား ကျော်လွန်ကာ ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သူရိယအလင်းဂျာနယ် အယ်ဒီတာများ၏ အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည့် သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် သူရိယအလင်းဂျာနယ်အား ထုတ်ဝေခြင်းကိုလည်း ရပ်နားမည်ဖြစ်ပြီး ထိုဂျာနယ်တိုက်ကို ပိုင်သော ရှယ်ယာဝင် သုံးဦးအားလည်း ရှယ်ယာများ ပြန်လည် ခွဲဝေပေးမည်ဟု ဦးယုနိုင်က ပြောသည်။

အဆိုပါဂျာနယ်ကို ထုတ်ဝေသူ ဦးယုနိုင်၊ စီအီးအို ဦးမိုးဟိန်း၊ အယ်ဒီတာချုပ် အောင်စည်ဟိန်း၊ ဥပဒေအကြံပေး ဦးဇော်လင်းနှင့် အယ်ဒီတာအဖွဲ့ဝင် ရှစ်ဦးက လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်။

Mizzima - News in Burmese

အပြည့်အစုံသို့ »

သတင်းစာတွေ နိဂုံးချုပ်တော့မည်လား


Time သတင်းမဂ္ဂဇင်းကြီး၏  ‘ထောင်စုနှစ်၏ အရေးအကြီးဆုံးဖြစ်ရပ် ၁ဝဝ’ တွင် ကမ္ဘာ့ပထမဆုံး သတင်းစာအဖြစ် ဂျာမနီနိုင်ငံ Strassburg မြို့ တွင် ၁၆ဝ၉ ခုနှစ်က စတင် ထုတ်ဝေ သောဆက်ဆံရေးသတင်းစာ Relation ကို မှတ်တမ်းတင်ခဲ့သည်။ ‘ဒီမိုကရေစီ စနစ်၏ သမ္မာကျမ်းစာ’ ဆောင်းပါး ၄ မျက်နှာ၊ ဂယ်လီလီယို၏ နက္ခတ်ကြည့်  မှန်ပြောင်းသတင်း၊ လူမှုရေးသတင်း အချို့ ပါဝင်လေသည်။သတင်းစာတွင် ခေါင်းကြီး၊ ကြော် ငြာ၊ ကာတွန်း၊ ထင်မြင်ချက်တို့ မပါဝင် သော်လည်း ကမ္ဘာ့ပထမဆုံး သတင်း စာ အဖြစ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သည်။  အများပြည်သူ အများစု ဖတ်ရှုခွင့်ရ သော သာမန်ပြည်သူတို့ကြားထဲ ထိုး ဖောက်ဝင်ရောက်သော သတင်းစာကား ၁၈၃၃ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ထုတ်ဝေသော ‘တစ်ပဲနိ’သတင်းစာ ဖြစ် သည်။ ယနေ့ခေတ် ဖတ်ရှုနေကြရသော သတင်းစာ၏ ရှေ့ပြေးသတင်းစာပင် ဖြစ်တော့သည်။
ဤတစ်ပဲနိသတင်းစာသည် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သတင်းစာမဟုတ်ပေ။ အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံးထုတ်ဝေ သော သတင်းစာမှာ ၁၆၉ဝ ပြည့်နှစ် ထုတ် ‘ဘော်စတွန်နေ့စဉ်သတင်းစာ’ ဖြစ်သည်။ ၁၈၄၈ ခုနှစ်တွင် အမေရိကန် သတင်းစာလုပ်ငန်း၌ ကြေးနန်း သတင်း စာများ စတင် အသုံးပြုလာခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် သတင်းဓာတ်ပုံများ၊ ၁၉၁၄ ခုနှစ်တွင်အမေရိကန်သတင်းစာ လောက၌ အော့ဖ်ဆက်စာပုံနှိပ်စနစ်ကို စတင် အသုံးပြုလာခဲ့သည်။ သတင်းစာများ လူထု အတွင်း ရောက်ရှိလေလေ သတင်းစာလွတ်လပ် ခွင့်များ ပိုမိုတောင်းဆိုလာကြလေ ဖြစ် ပြီး အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ချက် ဥပဒေအမှတ် (၁) တွင် ကွန်ဂရက်လွှတ်တော်သည် လွတ် လပ်စွာ ရေးသားထုတ်ဝေခြင်းအား ချုပ် ချယ်တားမြစ်သော ဥပဒေကို မပြဋ္ဌာန်း ရ ဟု ရှင်းရှင်းလင်း လင်း ရေးဆွဲ အတည် ပြု ထားလေသည်။
သတင်းစာရှိသော ကမ္ဘာ
၁၉ ရာစု အလယ်ပိုင်းလောက် မှစ၍ နှစ်ဆယ်ရာစု အကုန်ထိကား သတင်းစာသည် ဒီမိုကရေစီ၏ ပြယုဂ်၊ မကောင်ဆိုးဝါးတို့ အတွက် နှင်တံ၊ ပြည် သူတွေအ တွက် တံ ခွန်ဖြစ်လေသည်။ ပထမပြင်ဆင်ချက် ဥပဒေပါ ပြဋ္ဌာန်း ချက်များအတိုင်း ဒီမိုကရေစီနိုင်ငံကြီး တစ်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသည် တစ်ဆံခြည်မျှင်မျှ မတိမ်း မစောင်း ဘဲ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့လေသည်။ အမေရိကန်ပြည်ထောင်စုအတွင်း ဖြစ်ပွား ပေါ်ပေါက်ခဲ့သော အမှုအခင်းများကို ကြည့်လျှင် သိသာလှပါသည်။
၁၉၃၁ -နီးရားသတင်းစာ နှင့် အစိုးရ (မင်နီဆိုးတားပြည်နယ်)
၁၉၇၁ – ဝါရှင်တန်ပို့စ်သတင်းစာ နှင့် အစိုးရ (ပင်တဂွန်စစ်ဌာနချုပ်)
၁၉၇၂ – ဝါရှင်တန်ပို့စ်သတင်းစာ နှင့် အစိုးရ (ဝါးတားဂိတ်ရုံးချုပ်)
၁၉၇၉ – တိုးတက်ရေးသတင်းစာ နှင့် အစိုးရ (ကာကွယ်ရေးဝန်ကြီးဌာန)
ဤအမှုအခင်းအားလုံးတွင် တရား လွှတ်တော်ချုပ်က အစိုးရကိုပြစ်တင် ရှုတ်ချပြီး သတင်းစာများကိုအနိုင်ပေးခဲ့ သည်ချည်း ဖြစ်သည်။ ‘ဝါရှင်တန်ပို့စ် သတင်းစာ-ဝါးတား ဂိတ်အရေးအခင်း’ သည် ကမ္ဘာကျော်အရေးအခင်း ဖြစ်ပြီး သမ္မတနစ်ဆင် နုတ်ထွက်ပေးလိုက်ရ သည်။ ထို့အတူပင် ပင်တဂွန် လျှို့ဝှက် စာတမ်းများ သတင်းစာများ၌ ပုံနှိပ် ဖော်ပြခြင်းကို ကန့်ကွက်တားဆီးပေး ရန် အမေရိကန်အစိုးရ၏ အဆိုပြုချက် မှာလည်း အရေးနိမ့်ခဲ့ရလေသည်။ တရားလွှတ်တော်ချုပ်က လွတ် လပ်စွာ ရေး သား ထုတ်ဝေခွင့်၏ မဟာ ရည်မှန်းချက်မှာ ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းကို ကန့်ကွက်တားဆီးခြင်း မပြု ရန်ပင် ဖြစ်သည်…ဟု ဆုံးဖြတ် ခဲ့ခြင်း ဖြစ်လေ သည်။ ဤကား လွတ် လပ်သော သတင်း စာရှိသော နိုင်ငံတစ်နိုင်ငံ၏ ရွှေရောင် ဝင်းပခဲ့သော ကာလတစ်ခု ဖြစ်သည်။ ယနေ့အချိန်အထိလည်း သတင်းစာ၏ ဂုဏ်သရေေ လျာ့ ပါးခြင်း မရှိေ သး..။ သို့သော်…။
သတင်းစာအပေါ်အမြင်များ
၂ဝ ရာစု တစ်ခေတ်လုံး ရေပန်း အစားဆုံး အထိရောက်ဆုံး၊ အလေးဂရု အပြုခံရဆုံး မီဒီယာမှာ သတင်းစာပင်  ဖြစ်သည်။ မနက်မိုးလင်း၍ မျက်နှာသစ် ပြီး သည်နှင့် ကော်ဖီနှင့်အတူ သတင်း စာဖတ်ရှုရခြင်းသည် လူအများစုကြီး၏ အစွဲလန်းဆုံး အလေ့အထ ဖြစ်လာ သည်။ ပန်းခြံထဲမှာ၊ ကော်ဖီဆိုင်မှာ၊ မီး ရထားပေါ်မှာ သက်သောင့်   သက်သာ နှင့် သတင်းစာမှ မဖတ်ရလျှင် မပြည့်စုံ သလိုလို၊ နေမထိထိုင်မသာ မနက်ခင်း ဖြစ်တော့သည်။ သို့သော် သတင်းစာတွေ အပေါ် ထားသော သဘောထားကရော ထပ်တူကျပါရဲ့လား။
သတင်းထောက်တွေ စုဝေးအလုပ် လုပ်ကိုင်ရာနေရာဟာ အဲ့ဒီနယ်မြေနိုင်ငံ တည်တံ့ရှင်သန်ရေးအတွက် အရေးကြီး တဲ့ စတုတ္ထမဏ္ဍိုင် စိုက်ထူရာနေရာ ဖြစ်တယ်။
(သောမတ်မက္ကောလေး)
အကယ်၍ သတင်းစာမရှိတဲ့ အစိုးရနှင့် အစိုးရမရှိတဲ့ သတင်းစာ နှစ်မျိုးအနက် တစ်ခုခုကို ရွေးချယ် ဆုံးဖြတ်ပါဆိုရင် ဒုတိယကိုပဲ ကျွန်တော် ရွေးမယ်။
(သောမတ်ဂျက်ဖာဆင်)
သတင်းစာဆိုတာ မရှိမဖြစ်လိုအပ် တဲ့ မကောင်းဆိုးရွားပဲ ဖြစ်တယ်။
သမ္မတဟောင်း ဂျော့ခ်ျဘုရှ်(အကြီး)
ဒီမိုကရေစီကျင့်သုံးသော နိုင်ငံတို့ တွင် သတင်းစာသည် လွတ်လပ်မှု အပေါင်း၏ အလံ ဖြစ်သည်။ သတင်းစာ ကြောင့် လူထုထောက်ခံမှုတွေ ဒီရေလို တိုးမြင့်လာနိုင်သလို သတင်းစာကြောင့် ပင် မြောင်းထဲရောက်သွားသူတွေ မရေ တွက်နိုင်တော့။ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် သက်ဆိုင်ရာ ပါတီက ရွေးချယ်အမည်စာရင်း တင် သွင်း ပြီးကာမှ အတိတ်က အရိပ်မည်းကြီးတွေ ကြောင့် အမည်စာရင်းကို ပြန်လည် ရုပ် သိမ်းခဲ့ရတာတွေလည်း အနမတဂ္ဂပင်။ဘာပဲဖြစ်ဖြစ် သတင်းစာတွေသည် ကမ္ဘာ တစ်လွှားမှ နေ့စဉ်ဖြစ်ပျက်ပြောင်း လဲနေတာတွေကို တစ်ထိုင်တည်း တစ် နေရာတည်းက ကြားသိနေနိုင်ခြင်းက သတင်းစာ၏နေရာကို ပြဋ္ဌာန်းပေး ထားခြင်း ဖြစ် သည်။ အမှန်တရားကို လိုလားမြတ်နိုးသူတွေအတွက် သတင်း စာသည် သစ္စာဘက်တော်သား ဖြစ်သည်။သို့သော်…ဒါတွေသည် မနေ့ တစ်နေ့က ဖြစ်သည်။ ဂလိုဘယ် လိုက် ဇေးရှင်း ခေတ်ဦးကာလအထိ ဖြစ်သည်။ သည်ကနေ့ မဟုတ်တော့။
သင်လွတ်အောင် မပြေးနိုင်ပါဘူး
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့် ၂ဝဝဝ ပြည့်နှစ်လောက်မှစ၍ ကမ္ဘာ့ သတင်းစာတိုက်ကြီးများက သတင်းစာ လုပ်ငန်းကြီး တဖြည်းဖြည်း ဆုတ်ယုတ် ကျဆင်းနေပြီဟု ဖွင့်ဟဝန်ခံခဲ့ကြသည်။ သတင်းစာများ၏ အဓိက ဝင်ငွေအများ စုကို ကြော်ငြာကဏ္ဍများမှ ရရှိနေကြ ခြင်း ဖြစ်သည်။ သတင်းစာ စောင်ရေ အလိုက် ကြော်ြ ငာခနှုန်း ထားများကို သတ်မှတ်လေ့ရှိသည်။ ယခုအခါမှာ တော့ သတင်းစာဖတ်သူ ဦးရေ တဖြည်း ဖြည်း လျော့နည်းကျဆင်းနေလျက် ရှိပြီး ပြန်လည် ဦးမော့လာစရာ အြေ ကာင်း ကလည်း သိပ်မမြင်တော့။ နာမည်ကျော် ကမ္ဘာ့ သတင်းစာတိုက်ကြီး တချို့ ရောင်းသူရောင်း၊ ပိတ်သူပိတ်၊ လုပ်ငန်း ချုံ့သူချုံ့နှင့် အတော်လေး ဖရိုဖရဲ ဖြ စ်နေကြပြီ။ စီးပွားရေးလုပ်ငန်းများ ကျဆင်း၊ သတင်းစာဖတ်သူ အရေ အတွက် ကျဆင်း။ သတင်းစာစီးပွားရေး လုပ်ငန်း မှာ နာလန်မထူတော့။အခြားတစ်ဖက်တွင်ကား သတင်း များကို အင်တာနက်ပေါ်တွင် ဖတ်ရှု လာနိုင်ခြင်းက သတင်းစာကို အလဲထိုး လိုက်ခြင်းပင် ဖြစ်သည်။ သတင်းစာများ တွင် သတင်းများ၊ ဆောင်းပါးများ ထည့် သွင်းဖော်ပြဖို့ ကုန်ကျစရိတ်ရှိသည်။ ပုံ နှိပ်ဖို့အချိန်လိုသည်။ ကြော်ငြာကဏ္ဍမှရ သောဝင်ငွေမှာလည်းယခင်ကလို သတင်း စာတစ်စောင်၏ စရိတ်ကို ထောက်ကူ မပေးနိုင်တော့။ အဆိုးဆုံးအချက်ကား အင်တာနက်ပေါ်တွင် အခမဲ့ ဖတ်နေရ သောသတင်းများအတွက် မည်သူက ငွေပေး၍ ဖတ်ချင်မည်နည်း။
အခုလောလောဆယ် လုပ်နေကြ ရသည်ကား သတင်းစာ၏ လိုအပ်ချက် နှင့် သတင်းစာဖတ်သူတို့၏ လိုအပ်ချက် ကို ထိန်းညှိရင်း သတင်းစာဖတ်သူဦး ရေ ဦးစိုက်ကျ ဆင်း မသွားစေရန် အလိုက်သင့်ပြောင်းလဲ ထိန်းကျောင်းရုံ သာ ဖြစ်သည်။
CNN ကတော့ ကြော်ငြာနိုင်ရက်သည်။
CNN ကလွတ်အောင် သင်မပြေး နိုင်ပါဘူး’…။
အိုဘားမားကလည်း တမှောင့်
ပြီးခဲ့သောလက အင်တာဗျူးတစ်ခုတွင် အိုဘားမားက ဤသို့ မိန့်မြွက်ခဲ့လေပြီ။ အမေဇုန်အွန်လိုင်းမှ တစ်ဆင့်ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံရဲ့ သတင်း စာ လုပ်ငန်းဟာ မှေးမှိန်ပြီး အကျဘက်သို့ ရှေးရှုနေပါပြီ။ မီဒီယာလောကမှာ ယထာဘူတ လက်တွေ့ကျမှုနဲ့ လက်ရှိအချိန်တွင် အားချင်းပြိုင်နေပြီး သတင်းမီဒီ ယာများ ရဲ့ သတင်းထုတ်ဝေမှု လက်လီဖြန့်ဝေ ရောင်းချမှု ကဏ္ဍတို့ရဲ့ လမ်းစဉ်ဟောင်း ကြီးမှာ ထာဝရချုပ်ငြိမ်းသွားဖွယ် ဦးတည်နေပါပြီ။ အင်တာနက်ရဲ့ လွှမ်းမိုးနိုင် မှု၊ ခေတ် ရဲ့ တောင်းဆိုမှုကို သတင်းစာ မီ ဒီယာက ကျားကုပ်ကျားခဲ ခုခံနေရတဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ ကာလတစ်ခုပါပဲ..။..တဲ့။ သတင်းစာတွေအတွက် သတင်း ဆိုးတစ်ပုဒ်ပင်။
မောင်ခိုင်လတ်

popularmyanmar

အပြည့်အစုံသို့ »

ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုများ ဖြစ်ပွားခဲ့သော်လည်း သီတင်းကျွတ် လပြည့်နေတွင် ရန်ကုန်မြို့ရှိ ဘုရားစေတီများသို့ ဘုရားဖူးလာသူ ယခင်နှစ်ကဲ့သို့ စည်ကား



(သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံစေတီတော်အား ဖူးတွေ့ရစဉ်)
ပြည်တွင်း၌ ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုများ ဖြစ်ပွားခဲ့သော်လည်း အောက်တိုဘာ ၁၉ ရက် တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ စွယ်တော်မြတ်စေတီတော်၊ ကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင် စေတီတော်၊ အဘယလာဘ မုနိရုပ်ပွားတော်(ကျောက်တော်ကြီးဘုရား) စသည့် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီများသို့ ဘုရားဖူး လာရောက်သူ ယခင်နှစ်ကဲ့သို့ စည်ကားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားစေတီများတွင်လည်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုများကြောင့် လုံခြုံရေးအင်အားကို ဘုရားဂေါပကအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းပြီး ယခင်နှစ်ကထက် လုံခြုံရေးအင်အားနှင့် လုံခြုံရေး အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် လူစည်းကားသည့် ဘုရားစေတီများတွင် အတွင်းစည်း အပြင်စည်း လုံခြုံရေးနှစ်ဆင့်ဖြင့် လုံခြုံရေး ဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့နှင့် လုံခြုံရေး အဖွဲ့အစည်းများထံမှ သိရသည်။ "မရမ်းကုန်း ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် လေးယောက်ရယ်၊ ရဲတပ်ရင်း (၇) က ရဲတပ်သားတွေရယ် ဘုရားလုံခြုံရေး တာဝန်ရှိသူတွေရယ် ပူးပေါင်းပြီး ပြည်သူတွေအတွက် လုံခြုံရေး ဆောင်ရွက်နေပါတယ်"ဟု ကမ္ဘာအေး စေတီတော်တွင် တာဝန် ထမ်းဆောင်နေသည့် မရမ်းကုန်းရဲစခန်းမှ လုံခြုံရေး တာဝန်ကျ ရဲတပ်သားတစ်ဦးက ပြောကြားသည်။

"ဘုရားဖူး ပြည်သူတွေ ကောင်းကောင်းမွန်မွန် ဘုရားဖူးလို့ရအောင်နဲ့ အနှောင့်အယှက်မရှိအောင် နေပါတယ်။ ဘုရားဂေါပက အဖွဲ့ကလည်း ရှစ်ဆယ်လောက်ရှိပါတယ်။အင်းစိန် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဆယ်နဲ့ လုံခြုံရေး ဆောင်ရွက်ပေးပါတယ်။ ရပ်ကွက် တာဝန်ရှိသူတွေလည်း ပူးပေါင်း ဆောင်ရွက်ကြပါတယ်" ဟု အဘယလာဘ မုနိရုပ်ပွားတော်မြတ်(ကျောက်တော်ကြီးဘုရား) လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဦးအောင်ကြီးက ပြောကြားသည်။

ဘုရားစေတီများသို့ ဘုရားဖူး လာကြသူများအား စေတနာရှင် ပြည်သူများက စတုဒီသာ အလှူကျွေးမွေးခြင်းများ၊ ကုသိုလ်ဖြစ် ငါးစားကျွေးခြင်းများ၊ ငါးလွှတ်ခြင်း၊ ငှက်များ လွှတ်ခြင်းတို့လည်း ရှိခဲ့ကြောင်း သိရသည်။

"သူငယ်ချင်းတွေ လူငယ်တွေစုပြီး အခါကြီး ရက်ကြီးတွေရောက်တိုင်း ရွှေတိဂုံစေတီတော်တို့၊ စွယ်တော်တို့၊ ကမ္ဘာအေးတို့စတဲ့ ဘုရားတွေမှာ စတုဒီသာ အလှူပေးတာပါ"ဟု ကမ္ဘာအေး စေတီတော်သို့ ဘုရားဖူး လာသူများအား အအေး စတုဒီသာ လှူဒါန်းနေသည့် Nine Youth 's Volunteer မှ ကိုစည်သူဖြိုးက ပြောပြပါသည်။

မှော်ဘီမြို့နယ်မှ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး လာရောက်သော ဦးတင်မြင့်က "ဗုံးတွေပေါက်တဲ့ သတင်းကတော့ ကြားထားပါတယ်။ ဒါပေမဲ့ အစိုးရက လုပ်ဆောင်နေတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အေးအေးဆေးဆေးပဲ ဘုရားဖူးနိုင်ခဲ့ပါတယ်"ဟု ပြောကြားသည်။

"ဒီလိုနေ့မျိုးကိုမှ ဘုရားမဖူးနိုင်လောက်ရအောင် အခြေအနေ ဆိုးလိမ့်မယ်လို့တော့ မထင်တဲ့အတွက် ဘုရားထွက်ဖူး ဖြစ်တာပါ။ အေးအေးဆေးဆေးပါပဲ။ အရင်နှစ်တုန်းက ရွှေတိဂုံစေတီတော်အတိုင်းပဲ စည်းကားတယ်။ အခြား ကမ္ဘာအေး ဘုရားဘက်လည်း ရောက်ဖြစ်တယ် ဒီအတိုင်းပါပဲ"ဟု ဒေါ်မိုးမိုးက ပြောကြားသည်။


Eleven Media Group

အပြည့်အစုံသို့ »

လူနာအခြေအနေကို အွန်လိုင်းကနေ စောင့်ကြည့်မယ်

ကမ္ဘာပေါ်မှာ လူနာ အမျိုးမျိုး ရှိပါတယ်။
ကျန်းမာရေး ဒေါင်ဒေါင်မြည် မဟုတ်ဘူး ဆိုရင် ကိုယ်ဟာ ဘယ်လိုလူနာမျိုး ဖြစ်မလဲ။

သွေးပေါင်ချိန်၊ သွေးချို၊ သွေးခုန်နှုန်း အစရှိတာတွေ အဆက်မပြတ် တိုင်းနေရပြီး ထူးခြားတာနဲ့ အထူးကုဆီကို ပြေးရမယ့် လူနာမျိုးလား။  

လူနာရဲ့ အခြေအနေကို မိသားစုဝင်တွေ၊ သက်ဆိုင်ရာ ဆရာဝန်တွေ ချက်ချင်း သိနိုင်ရင် ထိရောက်တဲ့ ကုသမှုပေးဖို့ စီစဉ်နိုင်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မြို့ အိုင်တီပြပွဲတခုမှာ အဲဒီလိုလူနာမျိုးအတွက် လက်ကိုင်ဖုန်းကတဆင့် မိသားစုဝင်တွေ၊ သက်ဆိုင်ရာ ဆရာဝန်တွေ ချက်ချင်း သိနိုင်ရေးအတွက် ကွန်ရက်ချိန်ဆက်ထားတဲ့ Intelligent Mobile Health ဆိုတဲ့ ဝန်ဆောင်မှုတခုကို တွေ့ရပါတယ်။

လူနာရဲ့ အခြေအနေကို မိသားစုဝင်တွေက အွန်လိုင်းကနေ ကြည့်နိုင်မယ်၊ ကျန်းမာရေးဌာနဝန်ထမ်းများနဲ့ဆရာဝန်တို့ကလည်း သိနိုင်မယ် ဆိုပါစို့။

လူနာကိုယ်တိုင် သို့မဟုတ် ဘေးမှာရှိတဲ့တယောက်ယောက်က သွေးပေါင်ချိန်၊ သွေးချို၊ သွေးခုန်နှုန်း အစရှိတာတွေ တိုင်းတာပြီး တယ်လီဖုန်းထဲ အချက်အလက် ထည့်သွင်းနေဖို့တော့ လိုပါလိမ့်မယ်။

ဒီလိုဝန်ဆောင်မှုမျိုးဟာ အခုနောက်ပိုင်း လူပြောများလာနေတဲ့ ကျန်းမာရေးခရီးသွားလုပ်ငန်းရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

ဒီလိုဝန်ဆောင်မှုမျိုးအတွက် တတ်နိုင်တဲ့သူ၊ အကုန်အကျခံနိုင်တဲ့သူတွေ ရှိပါတယ်။

ရှိလို့လည်း ဒီလုပ်ငန်းကြီးတွေ လုပ်နေကြတာမဟုတ်လား။

ဒါကတော့ ... ရန်ကုန်မြို့ အိုင်တီပြပွဲတခုမှာ လာရောက်ပြသတဲ့ မလေးရှားနိုင်ငံ Petaling Jaya, Selangor အခြေစိုက် Ming Medical Services Sdn. Bhd. လုပ်ငန်းရဲ့ ၀န်ဆောင်မှုပါ။

မြန်မာပြည်မှာတော့ ဒီလုပ်ငန်းကို ဆက်စပ်လုပ်ကိုင်နေတဲ့ ကုမ္မဏီဌာနတခုကတော့ Blue Ocean operating management ဖြစ်ပါတယ် တဲ့။
(Blue Ocean  ဆိုတာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဘီဘီစီမြန်မာပိုင်းအသံလွှင့်ဌာနနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ကုမ္မဏီ ဖြစ်ပါလိမ့်မယ်။ ဘီဘီစီ မြန်မာပိုင်း သတင်းတိုတွေကို  မိုဘိုင်းဖုန်းကတဆင့် တရက် ကျပ် ၆၀ နှုန်းနဲ့ နားဆင်နိုင်အောင် ၀န်ဆောင်မှု ပေးခဲ့တဲ့ ကုမ္မဏီလို့ ယူဆရပါတယ်။)

Intelligent Mobile Health ၀န်ဆောင်မှုကနေ ရနိုင်မယ့် အကျိုးကျေးဇူးတွေ၊ ဒီဝန်ဆောင်မှုအတွက် သင့်တော်တဲ့ လူနာ အမျိုးအစားတွေအကြောင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။

irrawaddy

အပြည့်အစုံသို့ »

သိမ်ကြီးဈေး ဒီရုံမီးလောင်




ရန်ကုန်မြို့၊ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် ၂၄လမ်းကြားရှိ
သိမ်ကြီးဈေး ဒီရုံ၊ လေးလွှာ ကားပါးကင်ရှိ ကတ္ထူစက္ကူပုံးများ
ထည့်ထားသော စတိုခန်းတစ်ခု မီးလောင်မှု ယနေ့ည ၉နာရီခန့်က
ဖြစ်ပွားခဲ့သည်။

“မီးလောင်တာကတော့ ခန့်မှန်း ကိုးနာရီလောက်ကပါ။ လူလည်း
မနေဘူး ဆိုတော့ ဘယ်ကနေ စဖြစ်လဲ ဆိုတာ အဖြေရှာနေတုန်းပါ။
အထဲမှာတော့ ဘာမှ မရှိပါဘူး ကတ္ထူစက္ကူပုံးတွေပဲ ထည့်ထားတာပါ။
အဆုံးအရှုံးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ ကတ္ထူပုံးတွေပဲ လောင်
နေတာပါ”ဟု စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိ တစ်ဦးက
ပြောသည်။

အဆိုပါ အခန်းတွင် ဝါယာရှော့ဖြစ်ဖွယ်ရာရှိသော ဝါယာကြိုးများ
သွယ်တန်းထားမှုလည်း မတွေ့ရကြောင်း အဆိုပါ ကားပါကင်ရှိ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ကြားတာကတော့ လမ်းကြားထဲကသူတွေပြောတာပဲ။
မီးရှူး ဖောက်တဲ့ဟာက အဲဒီထဲ ဝင်သွားပြီး လောင်တာလို့ ပြောနေကြတယ်”ဟု ၂၄လမ်းထိပ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံးစမ်းစစ်ဆေးနေဆဲ ဖြစ်၍ အတည်မပြုနိုင်သေးကြောင်းလည်း ရဲအရာရှိက မျက်နှာချင်းဆိုင်တိုက်ရှိ မိသားစုများကို မေးနေစဉ် ဖြေကြားသည်။ ၎င်းသိမ်ကြီးဈေး မီးလောင်နေစဉ်အတွင်း ရွှေတောင်တန်းလမ်း အောက်ဘလောက်ရှိ
တိုက်အမှတ် ၅၈တွင်လည်း လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားခဲ့သေးသည်။

The Myanma Age


အပြည့်အစုံသို့ »

ကွမ်းစားခြင်းအန္တရာယ် သတိပေးနှိုးဆော်ချက်



- ကွမ်းယာကို အမြဲမပြတ် စားခြင်း၊ ဝါးနေခြင်း၊ ငုံခြင်း၊

- ကွမ်းယာထဲတွင် ဆေးရွက်ကြီးထည့်၍ စားခြင်း၊

- ကွမ်းယာထဲတွင် ဆေးရွက်ကြီးကို အမျိုးမျိုးပြုပြင်ထားသော ဆေးပေါင်း၊ နှပ်ဆေးထည့်၍ စားခြင်းတို့ကြောင့်

နှလုံးရောဂါ၊ သွေးတိုးရောဂါကဲ့သို့သော မကူးစက်နိုင်သော နာတာရှည်ရောဂါများ၊ ခံတွင်းကင်ဆာ၊ ပါးစောင် ကင်ဆာ၊ အသံအိုးကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် ကင်ဆာရောဂါအမျိုးမျိုးတို့ ဖြစ်ပွားစေနိုင်ပါသည်။

ထို့ကြောင့် ကွမ်းစားခြင်းကို လုံးဝရှောင်ကြဉ်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်အပ် ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

အပြည့်အစုံသို့ »

မိုးစက်ဝိုင်နဲ့ မြန်မာ့စောင်း

မန်မာနိုင်ငံကိုယ်စားပြု မယ်စင်္ကြာဝဠပြိုင်ပွဲဝင်ဖို့ ရုရှားနိုင်ငံ မော်စကို ကို ရောက်နေတဲ့ Miss Universe Myanmar 2013 သရဖူ ရှင် မိုးစက်ဝိုင်ဟာ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ မြန်မာ့စောင်းနဲ့ အတူ ဓာတ်ပုံကို သူ့
ဖေ့စ်ဘုတ်မှာ တင်လိုက်ပါတယ်။


 မိုးစက်ဝိုင်နဲ့ မြန်မာ့စောင်း၊ ဓာတ်ပုံ- Miss Myanmar Universe
ရိုးရာ တူရိယာ စောင်းကို မြင်လိုက်တာနဲ့  မြန်မာဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်ပါတယ်။

မြန်မာ့ တူရိယာ စောင်းကောက် ဆိုတာ တေးဂီတ သံစဉ်တွေကို ဖော်ကျူးဖို့ ပြုလုပ်ထားတဲ့ ကြိုးတပ် တူရိယာ တမျိုးပဲ ဖြစ်ပါတယ်။

“စောင်း”ဟာ မြန်မာတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ မြန်မာ့ ဂီတ အနုပညာ တူရိယာ ပစ္စည်းလည်း ဖြစ် သလို ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဆိုတဲ့ ကမ္ဘာ့ ဂီတ တီးမှုတ်မှု အနုပညာ အနွယ်ဝင် တမျိုး လည်း ဖြစ်ပါတယ်။

မြန်မာ့တူရိယာစောင်း ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာပါ ကြားခံပစ္စည်းတခု ဖြစ်လာတာ သတိထား မိပါတယ်။

ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ကိုစိုးရေးသားတင်ပြထားတဲ့ ထိုင်း-မြန်မာဆက်ဆံရေး နဲ့ မြန်မာ့စောင်း (http://burma.irrawaddy.org/opinion/viewpoint/2013/10/13/49423.html) ဆို တာမှာလည်း ဖတ်နိုင်ပါတယ်။

မိုးစက်ဝိုင်ကတော့ မယ်စင်္ကြာဝဠာပြိုင်ပွဲမှာ စောင်းတီးပြီး ပြိုင်ပွဲဝင်မယ့်အခန်းတခု ပါမယ်လို့ ပြောထား ဖူးပါတယ်။



အိမ့်သံစဉ် ~
irrawaddy

အပြည့်အစုံသို့ »