သူခိုးလက်ခံရှိမှ သူခိုးဆိုတာဖြစ်လာရတယ်


တခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဥာဏ်အမြော်အမြင်နဲ့ပြည့်စုံတဲ့ဘုရင်ကြီးတစ်ဦးရှိတယ် ။ သူခိုးတွေ ထကြွသောင်းကြမ်းတဲ့သူ့တိုင်းပြည်မှာ ဘုရင်ကြီးက ဥပဒေတစ်ရပ်ထုတ်ထားတယ် ။ အဲဒါကတော့ ခိုးတဲ့လူတွေကို ဖမ်းမိရင် ပြန်လွှတ်ပေးပြီး ခိုးရာပါ ပစ္စည်းလက်ခံတဲ့သူကိုဖမ်းမိရင် သတ်ပစ်ခြင်းပဲဖြစ်ပါတယ် ။

ဒီတော့ တိုင်းသူပြည်သားတွေက ဘုရင်ကြီးကို အပြစ်တကယ်ရှိတဲ့သူခိုးကိုသာ သေဒါဏ်ပေးသင့်ပါတယ်ဆိုပြီး အသနားခံလျှောက်ထားကြသတဲ့ ။ ဘုရင်ကြီးက တစ်နေ့တော့ တိုင်းသူပြည်သားအားလုံးကို စုဝေးစေလိုက်တယ် ။ ပြီးတော့ ကြွက်တွေကို လယ်ကွင်းပြင်ဆီသယ်လာခိုင်းပါတယ် ။

ကြွက်တွေရှေ့မှာ အစားအစာတွေချပေးလိုက်တယ် ။ ဒီတော့ ကြွက်တွေဟာ အစာတွေကို အလုအယက်ပဲ ယူဆောင်ပြီး သူတို့ တွင်းရှိဘက်ကို ပြေးသွားကြပါတော့တယ် ။ ဒီလိုနဲ့နောက်တစ်ရက်မှာလည်း ဘုရင်ကြီးက လူတွေကိုစုစည်းစေပြီး မနေ့ကအတိုင်းကြွက်တွေကိုလွင်ပြင်မှာ လာချခိုင်းပါတယ် ။ အစားအစာတွေကိုလည်းမနေ့ကလိုပဲ ကြွက်တွေရှေ့မှာ ချထားခိုင်းပါတယ် ။

ဒါပေမယ့် ကြွက်တွင်းတွေကိုတော့ ပိတ်ထားစေပါတယ် ။ ကြွက်တွေဟာ ထုံးစံအတိုင်းအစာတွေကို အလုအယက်ကိုက်ချီပြီး ကြွက်တွင်းတွေဆီပြေးကြတယ် ။ ဒါပေမယ့် တွင်းတွေပိတ်ထားတာတွေ့တော့ သူတို့ယူသွားတဲ့အစာတွေကို ပြန်သယ်ဆောင်လာကြတာကိုတွေ့လိုက်ရတယ် ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

သူခိုးလက်ခံရှိမှ သူခိုးဆိုတာဖြစ်လာရတယ်
ကောင်းမှုမကောင်းမှုဆိုတာကလည်းလက်ခံနိုင်စွမ်းရှိတဲ့အသိဥာဏ်ပေါ်မှာပဲမူတည်ပါတယ်

သင်လက်ခံနိုင်သလောက် သင့်ဆီကို ကောင်းတာရော မကောင်းတာရော လာနေမှာပါ
သင်က ဘယ်ဝင်ပေါက်ကို ပိတ်ထားမလဲဆိုတာကသာအရေးကြီးပါတယ်

သက်တန့်ချို
Ref : Thinking Concepts

အပြည့်အစုံသို့ »

သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခြင်း




၂၁.၁၀.၂၀၁၃ ရက်နေ့ ၁၂၁၅ အချိန် သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အောင်ဆုပန်ရပ်ကွက်၊ အား/ကာ ၀န်ထမ်းအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ စောဝင်း(ဘ)ဦးသောင်းရွှေ၏ နေအိမ် အိပ်ခန်းအတွင်း ၂၁.၁၀.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်ခြင်ဆေးခွေ
ထွန်းထားခဲ့ပြီး အပြင်သို့ထွက်သွားခဲ့စဉ် ၁၂၀၀ အချိန်ခန့်
ခြင်ဆေးခွေမှတစ်ဆင့် အနီးတွင်ရှိနေသော အ၀တ်အစားတို့အား မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် အုပ်ချုပ်မှု ယာဉ်(၄)စီး၊ မီးသတ်ယာဉ်(၂၄)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ၁၂၄၀ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၅)သိန်းခန့် ဆုံးရှုံးခဲ့သဖြင့်
မီးပေါ့ဆစွာသုံးစွဲသူစောဝင်းအား သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၃၁၉/၂၀၁၃၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

အပြည့်အစုံသို့ »

iPhone ၀ယ်ရန် အကြံနှင့် သမီးငယ်ကိုရောင်းသော တရုတ်စုံတွဲ


ရှန်ဟိုင်းရုံးတော်က တရုတ်လင်းမယားကို မိမိ၏ ရင်သွေးအား အွန်လိုင်းမှတဆင့်ရောင်းချသဖြင့် လူကုန်ကူးမှု ဥပဒေအရ ဖမ်းဆီးလိုက်ကြောင်း ရှန်ဟိုင်းနေ့စဉ်ထုတ် Jiefang သတင်းစာတွင် ရေးသားထားသည်။

အောက်တိုဘာ ၁၈ရက် ရက်စွဲဖြင့် ထုတ်ဝေသည့် ယင်းသတင်းစာတွင် Mr. Teng နှင့် Ms. Zhang  ဟု အမည်ပါသော ထိုတရုတ်လင်မယားသည် iPhone အပါအ၀င် အခြားပစ္စည်းများ ၀ယ်ယူရန် သူတို့၏ သမီးငယ်ကို ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သူတို့က ငွေကြေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ ကလေးငယ်၏ အနာဂတ် ပိုမိုတည်ငြိမ်ရန် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြန်လည်ချေပလျှက် ရှိသည်။

သို့သော်လည်း  စစ်ဆေးသည့်အခါ iPhone နှင့် ဈေးကြီးသည့် ဖိနပ်များ ၀ယ်ယူထားသည့် စာရင်းများ ထွက်လာခဲ့သည်။ သူတို့ ဈေးဝယ်ထွက်ခဲ့သည့် ကုန်ကျစရိတ်ကို ကြည့်သောအခါ ဒေါ်လာ ၄၉၀၀ မှ ဒေါ် ၈၀၀၀ ကြားသုံးစွဲထားသည်ကို တွေ့ရပြန်၏။ ထိုမျှမက သူတို့၏ အိမ်နီးချင်းများကိုလည်း ကိုယ်ဝန်အကြောင်းကို လျှို့ဝှက်ထားကာ မေးသည့်အခါတိုင်း Ms . Zhang ၏ ဗိုက်တွင် အကြိတ်လုံး တစ်လုံး ရှိနေသည်ဟုသာ လိမ်ညာပြောဆိုခဲ့ကြသည်။ သူတို့တွင် ကလေးနှစ်ယောက် ၇ှိနေပြီး ယခုကလေးသည် တတိယမြောက် ရင်သွေးဖြစ်သည်။

Mr. Teng နှင့် Ms. Zhang  တို့သည် ကလေးမွေးပြီး အချိန်တိုအတွင်း ဈေးဝယ်ထွက်ကြခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည် ဟု ဆိုသည်။ မည်သို့ ပြစ်ဒဏ်ချမှတ်သည်ကိုမူ ယင်းသတင်းစာတွေ မဖော်ပြသေးပါ။

Ref: AFP

အပြည့်အစုံသို့ »

ထိုင်းနိုင်ငံနာမည်ကြီး CARABAO အဖွဲ့ ဆီးဂိမ်းရန်ပုံငွေဖျော်ဖြေပွဲ










ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
The Irrawaddy (Burmese Version)

အပြည့်အစုံသို့ »

အင်တာနက်ကို ဘယ်အချိန်တွေ အများဆုံးသုံးဖြစ်လဲ Vote လုပ်ပေးပါ။


ကျွန်တော်တို့ Myanmar CNN က fan များ အတွက် Myanmar CNN website ကို ကောင်းသထက်ကောင်းအောင်လုပ်နေတာမို့လို့  အင်တာနက်ကို ဘယ်အချိန်တွေမှာ အများဆုံး သုံးဖြစ်သလဲဆိုတာ သိပါရစေခင်ဗျ။ အောက်ပါ link မှာ ဝင်ပြီး vote လုပ်ပေးစေချင်ပါတယ်။
Vote ကာလက ၂၈ရက် ၁၀လ ၂၀၁၃ခုနှစ် ထိပါပဲခင်ဗျ။ ကျေးဇူးတင်စွာဖြင့် ..

Vote လုပ်ရန် ==> http://goo.gl/AAX4VB

အပြည့်အစုံသို့ »

လေးဖြူ၏ “ဒိုင်ယာရီ” သီချင်းသစ်ကို အွန်လိုင်းမှ ရောင်းချမည်

လေးဖြူ၏ “ဒိုင်ယာရီ” တေးသီချင်းသစ်ကို #Myanmar Music Store ၌ အောက်တိုဘာ ၂၇ ရက်တွင် စတင်ရောင်းချ မည်ဖြစ်သည်။ ယင်းသီချင်းအား Myanmar Music Store ၏ ဖွင့်ပွဲအနေဖြင့် ရောင်းချခြင်းလည်းဖြစ်သည်။

ယင်းသီချင်းကို တေးရေးအသစ် ဟန်ဆိုင်းက ရေးဖွဲ့ခဲ့ပြီး Slow Rock အမျိုးအစားတေးသီချင်းဖြစ်ကာ PTL စတူဒီယို တွင် အသံသွင်းယူထားခြင်းဖြစ်သည်။ ယင်းသီချင်းနှင့်ပတ်သက်ပြီး Myanmar Music Store မှ ဒေါက်တာကိုကိုလွင် (Iron Cross တေးထုတ်လုပ်ရေး)က “လေးဖြူ သီချင်းကို Myanmar Music Store ဖွင့်ပွဲအနေနဲ့ ပထမဆုံးရောင်းတာပါ။ လေးဖြူထွက်လာမယ့် အခွေထဲက တစ်ပုဒ်ကို ရောင်းချတာပါ။ Download ဆွဲရင် မြန်မာနိုင်ငံအတွက်ဆိုရင် မြန်မာငွေ ကျပ် ၃၀၀ သတ်မှတ်ထားတယ်။ ပြည်ပဆိုရင် အမေရိကန်ဒေါ်လာ ၄၉ ပြားနှုန်း သတ်မှတ်ထားတယ်။ အဓိက,ကတော့ အဆိုတော်ကြီး တစ်ယောက်ရဲ့ သီချင်းကိုပရိသတ်တွေ နားဆင်နိုင်အောင် ဖွင့်လှစ်ပေးတဲ့သဘောပါ”ဟု ဆိုသည်။

ယင်းသီချင်းကို Iron Cross တီးဝိုင်းဖြင့် တီးခတ်ထားပြီး ချစ်စမ်းမောင်က Music Arrangement လုပ်ထားသည်။ ၀ယ်ယူလိုသူများသည် www.myan-marmusicstore.com မှ ၀ယ်ယူနိုင်မည်ဖြစ်ပြီး ကျသင့်ငွေကို မိမိ၏ ဖုန်းဘီလ်ထဲမှ ဖြတ်တောက်သွားမည်ဖြစ်သည်။ အဆိုပါနေ့တွင် ၀ိုင်းစုခိုင်သိန်း၏ “အာဘွား” တေးသီချင်းကိုလည်း ရောင်းချမည်ဖြစ်သည်။

Mizzima - News in Burmese

အပြည့်အစုံသို့ »

စီရော်နယ်ဒိုလည်း တစ်စီးပိုင်သော Ferrari LaFerrari





LaFerrari အမည်ပေးထားတဲ့ အီတလီ Ferrari ရဲ့  ပထမဆုံး ဟိုင်းဘရစ်ပြိုင်ကာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦး ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ယင်း ပြိုင်ကားကို ပိုင်ဆိုင်သူ လူဦးရေ နည်းထဲက တစ်ဦး ဖြစ်လာမှာပါ။

အကြောင်းကတော့ ၄၉၉ စီးထဲ ထုတ်တဲ့ ယင်းပြိုင်ကားကို လူတိုင်း ဝယ်ယူခွင့် ပေးမထားသေးလို့ ဖြစ်ပါတယ်။ လက်ရှိ အီတလီ Ferrari ရဲ့  မော်ဒယ် မတူ ပြိုင်ကား ၅ စီးအနည်းဆုံး ပိုင်ဆိုင်ထားသူများသာ ဝယ်ယူ ခွင့် ပေး မယ့်ကား ဖြစ်ပါတယ်။ ဒီအထဲမှာ စီရော်နယ်ဒိုတစ်ယောက် ပါဝင်လာပြီဆိုတော့ သူ့ဆီမှာ Ferrari ပြိုင်ကား အစီးရေ များများ ပိုင်ထားတယ်လို့ ပြောလိုက်တဲ့ အတူတူပါပဲ။ Laferrir ဟာ ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၈၃၀၀၀၀ နဲ့ ရောင်းချတဲ့ ကား ဖြစ်ပါ တယ်။

ဒီဇီုင်းကတော့ Ferrari တွေထဲမှာ ခေတ်ရှေ့ အပြေးဆုံးပါပဲ။ အင်ဂျင် ပါဝါ ၆၆၀၀ စီစီ၊ လျှပ်စစ်မော်တာ ၁၇၀ ကီလိုဝပ်ထုတ်လုပ်နိုင်ပြီး ပါဝါ နှစ်မျိုးပေါင်း မောင်းတဲ့အခါ တစ်နာရီ ၂၁၇ မိုင်တောင် ပြေးနိုင်ပါတယ်။ ၃ စက္ကန့်မပြည့်ခင်မှာတင် တစ်နာရီ ၆၂ မိုင်နှုန်းမြင့်အောင် Start Acceleration ကောင်းတဲ့ ကားတစ်စီးပါ။ ၄၉၉ စီးကို စီရော်နယ်ဒိုအပြင် အခြားနာမည်ကြီး အားကစားသမားများလည်း မှာယူလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( TSJ Team )
TechSpace Journal

အပြည့်အစုံသို့ »