ရခိုင် တိုင်းရင်းသူလေးရဲ့ အနုပညာစကား၊ ငြိမ်းချမ်းရေး စကား


မော်ဒယ်လ် သရုပ်ဆောင် ဖြူထိပ်ထား | မိတ်ကပ် – မေစပယ်ညို၊ ၀တ်စုံဒီဇိုင်း – အောင်မြတ်သူ (Aroma) | (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဖြူထိပ်ထား ဆိုတာ ရတနာဖြူဖြူအောင် ဆိုတဲ့ နာမည်နဲ့ အရင်ကပြိုင်ပွဲများစွာ ၀င်ပြိုင်ခဲ့ပြီး ဆုများစွာရခဲ့တဲ့ ရခိုင်တိုင်းရင်းသူ မော်ဒယ်လ် တယောက် ဖြစ်ပါတယ်။ ဇာတ်ကားတွေမှာလည်း သူ့ရဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရပါတယ်။ အခုတော့ အနုပညာ အလုပ်ကို မိဘတွေက အားပေးတဲ့အတွက် မိဘတွေ ကိုယ်ပိုင် ထုတ်လုပ်ရေးလုပ်၊ သူ့ကို အနုပညာ နာမည် ဖြူထိပ်ထားလို့ ပြောင်းလိုက်ပြီး နေတိုး၊ သက်မွန်မြင့်တို့နဲ့ နက္ခတ်မှားတဲ့ တိုက်ပွဲ ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် ခဲ့တယ်လို့ သူက ပြောပြပါတယ်။ လတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှုနဲ့ ဓာတ်ပုံ၊ ပြက္ခဒိန် ရိုက်ကူးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဖြူထိပ်ထားနဲ့ ပတ်သက်တဲ့ အနုပညာကိစ္စတချို့၊ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို ဧရာဝတီက မေးမြန်းစုံစမ်းပြီး ဖော်ပြပေးလိုက်ပါတယ်။

“ညီမ အခု လတ်တလောမှာ မဂ္ဂဇင်း၊ ဂျာနယ်၊ ပြက္ခဒိန်တွေ ရိုက်ဖြစ်ပါတယ်။ ၁၁ လပိုင်း ကျရင်တော့ ကိုမြင့်မြတ်နဲ့ ဇာတ်ကားရိုက်ဖို့ ရှိပါတယ်။ ညီမ မိဘတွေက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီထောင်ပြီး ညီမကို မင်းသမီး ထည့်ရိုက်တာပါ၊ မင်းသားတွေကို စာချုပ်ချုပ်ပြီး ရိုက်ကူးရေးတွေ လုပ်ပါတယ်” လို့ ဖြူထိပ်ထားက ဟြေပါတယ်။

သူက နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ဇာတ်ကား ရိုက်ရတဲ့အတွက် ကိုယ့်ဘက်က အမှားတွေ ဖြစ်မှာစိုးရိမ်လို့ အရမ်း ဂရုစိုက်ရကြောင်း၊ ကိုယ့် သရုပ်ဆောင်မှုတွေ အတွက် သူတို့ကို အားနာရကြောင်း၊ ၀ါရင့် သရုပ်ဆောင်တွေဆီက အတုယူ စရာတွေ အများကြီးရကြောင်းလည်း ဆက်ဟြေပါတယ်။

“ညီမ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ရိုက်တဲ့အခါမှာ အရမ်း စိုးရိမ်မိပါတယ်။ ကိုယ့်အမှားတွေကြောင့် သူတို့ကို အနှောင့်အယှက် ဖြစ်မှာစိုးတယ်။ သူတို့ဆီက အတုယူစရာ၊ အားကျစရာတွေ မှန်သမျှကို ညီမ လေ့လာပါတယ်။ သူတို့ဆီက ပညာတွေလည်း ရသလို၊ သူတို့ကို ကြောက်တဲ့ ဖိစီးမှုတွေလည်း ရှိတယ်။ စစရိုက်ချင်းတုန်းကပေါ့၊ အခုတော့ အဆင် ပြေသလောက် ရှိနေပါပြီ” လို့ သူက ဆိုပါတယ်။

သူက ရခိုင်တိုင်းရင်းသူ တယောက် ဖြစ်တဲ့အတွက် ရခိုင်ရိုးရာ ၀တ်စုံကို ၀တ်ဆင်ပြီး ဓာတ်ပုံရိုက်ရတဲ့ ခံစားချက်ကိုလည်း ဧရာဝတီက မေးမြန်းခဲ့ပါတယ်။

“ညီမက ရခိုင်တိုင်းရင်းသူတယောက် ဖြစ်တဲ့အတွက် ကိုယ့်မြတ်နိုးတဲ့ ရိုးရာဝတ်စုံလေးကို ၀တ်ပြီး ဓာတ်ပုံရိုက်ရတာ အရမ်းကို ပီတိ ဖြစ်ပါတယ်။ ၀တ်စုံလေးကလည်း အရမ်းလှတယ်၊ ကိုယ့်ရိုးရာ ၀တ်စုံကို ၀တ်ပြီး ဓာတ်ပုံ ရိုက်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်” လို့ ဖြူထိပ်ထားက ဟြေပါတယ်။

ဖြူထိပ်ထားက သူ့အနေနဲ့ ရခိုင်တိုင်းရင်းသူ တယောက် ဖြစ်ရတဲ့အတွက် ကျေနပ်တယ်လို့လည်း ဆိုပါတယ်။

“ရခိုင် အမျိုးသမီး တယောက်အဖြစ် မွေးဖွားလာတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတယ်၊ ဂုဏ်လည်းယူတယ်၊ ၀မ်းသာ ပီတိလည်း ဖြစ်ပါတယ်။ ရခိုင် ဆိုတာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာလူမျိုးပါ” လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်နေခဲ့တုန်းက သူတို့ တိုင်းရင်းသားတွေ ထိခိုက်တာ ကြားသိရတဲ့အတွက် ရင်ထဲကနေ နာကျင် ခံစားရကြောင်း၊ အရမ်းကို ၀မ်းနည်း စိတ်မကောင်းဖြစ်ပြီး ခံစားခဲ့ရကြောင်း၊ အဲဒီလို ဒုက္ခတွေ မဖြစ်စေချင်ကြောင်း၊ နောက်ထပ် ထပ်မဖြစ်အောင်လည်း သူက ဘုရားမှာ ဆုတောင်း မေတ္တာပို့တယ် ဆိုတဲ့အကြောင်းလည်း ဖြူထိပ်ထားက ဟြေပါတယ်။

“ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်တုန်းကဆို ညီမတို့ လူမျိုးတွေအတွက် နာကျင်ခံစားရတယ်၊ ၀မ်းနည်းမှုတွေခံစားရတယ်။ ဒီလို ဘေးဒုက္ခတွေကို ကိုယ့်လူမျိုးတွေကိုရော၊ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေ ချင်တယ်။ ကိုယ့်လူမျိုးတွေ အေးအေးချမ်းချမ်း ဖြစ်နေတာကိုပဲ ညီမမြင်တွေ့ ချင်ပါတယ်။ ညီမ ငယ်ငယ် တုန်းကတော့ ရခိုင်ပြည်နယ်က အ၀ကျွန်းမှာ နေခဲ့ဖူးပါတယ်။ ညီမရဲ့ အဖိုးတွေ၊ အဖွားတွေက ကျောက်ဖြူ ဇာတိပါ၊ ညီမကို အ၀ကျွန်းမှာ မွေးခဲ့တာပါ။ ကိုယ့်လူမျိုးတွေ မငြိမ်းမချမ်း ဖြစ်တော့ အရမ်းဝမ်းနည်းပြီး စိတ်မကောင်းလည်း တော်တော်ဖြစ်ခဲ့ရပါတယ်။ ကိုယ်ကိုယ်တိုင် ခံစားရသလို ဖြစ်မိပါတယ်။ အားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေနိုင်အောင် ညီမ ဘုရားမှာ အမြဲတမ်း ဆုတောင်းပါတယ်၊ မေတ္တာပို့ပေးပါတယ်။ မငြိမ်းမချမ်း ဖြစ်နေတဲ့ အချိန်တုန်းကလည်း ကိုယ့်ရခိုင် လူမျိုးမှ မဟုတ်ပါဘူး၊ အားလုံးကို မနက်တိုင်း ညီမ မေတ္တာပို့ ဆုတောင်းပေးပါတယ်။ အားလုံးကို ငြိမ်းချမ်း စေချင်ပါတယ်” လို့ ဖြူထိပ်ထားက ဆိုပါတယ်။

သူတို့ ရခိုင်တိုင်းရင်းသားတွေ ထဲမှာ အနုပညာရှင်တွေ ရှိနေတဲ့ အတွက်လည်း သူက ဂုဏ်ယူတယ်လို့ ပြောပါတယ်။

“ညီမတို့ ရခိုင်လူ တိုင်းရင်းသားတွေထဲက ထူးခြားတဲ့၊ ထူးချွန်တဲ့ အနုပညာရှင်တွေ ပေါ်ထွက်လာတဲ့ အတွက်လည်း အရမ်း ချီးကျူးမိသလို၊ ဂုဏ်လည်း ယူပါတယ်၊ အနုပညာရှင် တယောက်ဖြစ်ဖို့၊ ထူးချွန်တဲ့ လူတယောက် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အနုပညာမှာ ကိုယ့်လူမျိုးတွေထဲက ထူးချွန်တဲ့သူတွေ ပေါ်ထွက်လာတဲ့အတွက် အရမ်းလည်း ဂုဏ်ယူပါတယ်” လို့ သူက ဟြေပါတယ်။

သူကိုယ်တိုင်လည်း အနုပညာကို သူ ခွန်အားရှိသရွေ့၊ တတ်နိုင်သမျှ ကြိုးစားမယ်လို့လည်း ဖြူထိပ်ထားက ဟြေပါတယ်၊၊

“ညိမကိုယ်တိုင်လည်း ဝါသနာပါတဲ့ အနုပညာအလုပ်ကို အစွမ်းကုန် ကြိုးစားမှာပါ။ အကောင်းဆုံး ဖြစ်အောင် ကြိုးစား လုပ်ဆောင်မှာပါ။ ထူးချွန်တဲ့ သူတယောက်အဖြစ် အသတ်မှတ် မခံရရင်တောင် ညီမရဲ့ အနုပညာ အလုပ်ကို အကောင်းဆုံးတော့ လုပ်သွားမှာပါ။ အနုပညာ ခရီးက ကြမ်းချင်လည်း ကြမ်းပါစေ၊ ညီမ ကြံ့ကြံ့ခံပြီး ဆက်လျှောက်မှာပါ။ မိဘတွေက ညီမကို မင်းသမီး တင်ရိုက်တဲ့အတွက် ပိုပြီး တာဝန်ကြီးသွားပါတယ်။ ကိုယ့်မိဘတွေရဲ့ လုပ်ငန်းလည်း ဖြစ်တဲ့အတွက် နှစ်ဆပိုပြီး တာဝန်ကြီးပါတယ်။ မိဘတွေရဲ့ ယုံကြည်မှုကိုလည်း အလွဲသုံးစား မလုပ်ချင်ပါဘူး။ ပရိသတ်တွေ ကလည်း ညီမရဲ့ အနုပညာကို ကြည့်ပြီး ဝေဖန်ပေးပါ၊ အကြံပေးပါ၊ ပရိသတ်တွေ ဘယ်လို ဝေဖန်မယ် ဆိုတာကို စိတ်လှုပ်ရှား နေပါတယ်။ ညီမ ခေါင်းဆောင် ရိုက်ထားတဲ့ ကားတွေ ထွက်လာရင်လည်း ဝေဖန်ပေးပါ” လို့ ဖြူထိပ်ထားက ဧရာဝတီက တဆင့် ဟြေလိုက်ပါတယ်။

ဧရာဝတီ

အပြည့်အစုံသို့ »

ကိုယ့်အလုပ်ကိုယ်လုပ်ခွင့်ပေးပါ


ကျွန်တော်ဟာ မကြာခဏ Facebook ထဲကို ဝင်တတ်တဲ့ Facebook ဖောက်သည်တစ်ဦး ဖြစ်ကြောင်း ဦးစွာ ဝန်ခံလိုပါတယ်။ အင်တာနက်ထဲမှာ တစ်ဖက်က ကိုယ်သိချင်တာတွေ ရှာတတ်သလို၊ တစ်ဖက် ကလည်း Facebook ကိုဖွင့်ပြီး ဘာတွေ ဖြစ်နေသလဲဆိုတာ စူးစမ်းမိပါတယ်။ ‘ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ကျန်းမာရေးဦးစီးဌာန လက်ထောက် ဆရာဝန်များရာထူး ရေးဖြေစာမေးပွဲ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးခွန်းကို ဓာတ်ပုံရိုက်ပြီး တင်ထားတာ တွေ့လိုက်ရလို့ စိတ်ဝင်စားပြီး ဖတ်ကြည့်လိုက်မှ တစ်ခုခုတော့ လွဲနေပြီထင်ပြီး ဒီစာကို ရေးဖြစ်သွားပါတယ်။
ကျွန်တော့် သူငယ်ချင်းတစ်ယောက် မူလတန်းပြကနေ မူလတန်းကျောင်းအုပ် ရာထူးတိုး စာမေးပွဲဖြေတော့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးနဲ့ အထက်တန်း ကျောင်းအုပ်ကြီးတွေက အင်တာဗျူးပါသတဲ့။ ပညာရေးမှူးက ကျွန်တော့် သူငယ်ချင်းကို ‘ဒို့တာဝန် အရေးသုံးပါး’ ရွတ်ပြစမ်းကွာလို့ ပြောသတဲ့။ ကျွန်တော့် သူငယ်ချင်းကလည်း ဆရာကြီးတို့ ကျွန်တော့်ကို သင်ကြားရေးနဲ့ ပတ်သက်ပြီး ကြိုက်တာမေးပါ။ ကျွန်တော် အဲဒါတွေ စိတ်မဝင်စားပါဘူးလို့ ပြောလိုက်လို့ ရာထူးခန့်တဲ့ အထဲမှာမပါဘဲ လွဲခဲ့ရဖူးတယ်လို့ ပြောပြတာကို သတိရမိတယ်။
ခုလည်း ကျန်းမာရေးဝန်ကြီးဌာနက လက်ထောက်ဆရာဝန် ရာထူးအတွက် မေးတဲ့မေးခွန်းကို စာဖတ်ပရိသတ်တွေ ဗဟုသုတ ဖြစ်အောင် ဖော်ပြပေးချင်ပါတယ်။
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောကြားသော အဖွင့်အမှာစကားပါ အချက်များ။
၂။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ စိုင်းမောက်ခမ်း၏ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ပြောကြားသော အမှာစကားပါ အချက်များ။
၃။ ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တတစ်ပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တတစ်ပတ် ဆောင်ရွက် လှုပ်ရှားမှုများကို ခြုံငုံဖြေဆိုပါ။
၎။ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီ အောင်မြင်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ဖြေဆိုပါ။
၅။ အောက်ပါ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအကြောင်း မှတ်စုရေးပါ။
(၁) ဒဲရစ်မစ်ချယ်လ်၊ (၂) ဆမ်ဒက်ဟွန်ဆန် ၊ (၃) WHO၊ (၅) UNESCO ၆။ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကို ဆွေးနွေးပါ။
၇။ အာဆီယံအသင်းကြီး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဖြေဆိုပါ။
၈။ ကမ္ဘာနှင့်အဝန်း မိုးလွန်ကဲစွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ဖြေဆိုပါ။
အဲဒီရှစ်ပုဒ်ထဲက လေးပုဒ်ရွေးချယ် ဖြေဆိုရမှာ ဖြစ်ပြီးတော့ တစ်ပုဒ်ကို ၂၅ မှတ်နဲ့ အမှတ် ၁၀၀ ဖိုးမေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ ရွေးချယ်ရာမှာလည်း ၁ နဲ့ ၂ ထဲက ကြိုက်ရာတစ်ပုဒ်၊ ၃ နဲ့ ၄ ထဲက ကြိုက်ရာ၊ တစ်ပုဒ်၊ ၅ နဲ့ ၆ ထဲက ကြိုက်ရာတစ်ပုဒ်၊ ၇ နဲ့ ၈ ထဲက ကြိုက်ရာတစ်ပုဒ်ကို ရွေးပြီး ဖြေဆိုနိုင်အောင် အပိုင်းလိုက် ခွဲပေးထားတာ တွေ့ရတယ်။
ဒီတော့ အဲဒီမေးခွန်းတွေကို ပြန်လည် သုံးသပ်ကြည့်ရင် ဆရာဝန်လောင်း ခန့်ဖို့ဟာကို သမိုင်းနဲ့ အထွေထွေ ဗဟုသုတတွေမေးပြီး ဖြေခိုင်းနေတာလို့ ရိုးရိုးလေး သုံးသပ်လို့ရပါတယ်။ ဆရာဝန် လုပ်မယ့်သူတွေက နိုင်ငံတော်သမ္မတနှစ်ဦးရဲ့ မိန့်ခွန်းတွေကို ဘာကြောင့် သိဖို့လိုတာလဲ။ ကပ်ပြော ရင်တော့ ရတာပေါ့ဗျာ။ နိုင်ငံတော်က ဘာမူဝါဒ၊ ညာမူဝါဒတွေနဲ့ သွားနေတာ။ ဒါတွေကိုသိဖို့ မလိုဘူးလားပေါ့။ ကျွန်တော့် အမြင်တော့ မလိုဘူးထင်ပါတယ်။ ဆရာဝန် တစ်ယောက်ဟာ ဆရာဝန်နဲ့ ပတ်သက်တာကိုပဲသိရင် ပိုကောင်းတာပေါ့။ ခုတော့ ဆိုရှယ်လစ်ရနံ့၊ စစ်အစိုးရ ခေတ်ရနံ့တွေကို ပျောက်ကုန်မှာ စိုးရိမ်တာနဲ့ ဘူးလေးနဲ့ ထည့်ထားပြီး အချိန်ရရင် ဘူးဖွင့်ပြီး ပြန်ရှူခိုင်းချင်နေတာတော့ မသင့်ဘူး ထင်ပါတယ်။
ကျန်းမာရေးနဲ့ ဆိုင်တာဆိုလို့ တိုက်ရိုက်ပတ်သက်တာ မေးခွန်း ၃ နဲ့ ၄ လောက်ပဲရှိတယ်။ အဲဒီမေးခွန်း နှစ်ခုကလည်း တကယ်တမ်းပြောရရင် သူ့သက်ဆိုင်နယ်ပယ်က လူတွေလောက်ပဲ စိတ်ဝင်စား သိနိုင်တဲ့ ကိစ္စတွေကို ရေးကြီးခွင်ကျယ် လုပ်ပြီး မေးသလို ဖြစ်နေတယ် ထင်ပါတယ်။ အဆိုးဆုံးကတော့ ဆရာဝန်လောင်းတွေကို ဆီးရီးယား စစ်အကြောင်းနဲ့ မိုးလွန်ကဲစွာ ရွာသွန်းတဲ့ ဆိုးကျိုးတွေကို မေးထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဆရာတွေဝန်ပါဗျာ။ မစ္စတာ Know-it-all တွေ မဟုတ်ပါဘူး။ ဒါမှမဟုတ် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်ဆိုတာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ရေးအစရှိတဲ့ ဘက်စုံတော်နေပြီးသားတွေ ဖြစ်ရမယ်ဆိုပြီ မူဝါဒများချကာ စစ်ဆေးနေသလား ထင်ရပါတယ်။
နိုင်ငံခြားမှာ ပရိုဂရမ်မာခန့်တဲ့ အတွေ့အကြုံလေးကို ဖောက်သည် ချချင်ပါတယ်။ ပရိုဂရမ်မာ လျှောက်တယ်။ ဘယ်နေ့ လာတွေ့ပါလို့ အကြောင်းပြန်တယ်။ အဲဒီနေ့မှာ ကုမ္ပဏီကို သွားတွေ့တယ်။ မင်းဘာလုပ်တတ်သလဲလို့ မေးတယ်။ ကျွန်တော် ဒါတွေကို လုပ်ဆောင်တတ်ကြောင်း ပြောတယ်။ အခန်းတစ်ခန်းထဲ ခေါ်သွားတယ်။ စားပွဲပေါ်မှာ ကွန်ပျူတာတစ်လုံး တင်ထားတယ်။ ငါ့ကို အဲဒါလေး လုပ်ပြကွာဆိုပြီး တစ်ယောက်တည်းထား ပြန်ထွက်သွားတယ်။ ကွန်ပျူတာဖွင့်ပြီး တတ်ထားသမျှ တွေနဲ့ အစွမ်းကုန် ရေးပြရတော့တာပေါ့။ လုပ်ဆောင်မှု ပြီးပြီဆိုတော့ သွားပြီး သတင်းပို့လိုက်တယ်။ လုပ်ဆောင်ထားခဲ့တာကို ပြောပြလိုက်တယ်။ မင်းပြန်လို့ရပြီ။ မနက်ဖြန် အကြောင်းပြန်မယ်တဲ့။
နောက်တစ်နေ့မှာ ဖုန်းလက်ခံရတယ်။ မင်းကို ငါတို့ ကုမ္ပဏီမှာ ပရိုဂရမ်မာအဖြစ် ခန့်လိုက်ပြီတဲ့။
အဲဒါ မြန်မာနိုင်ငံကနေ နိုင်ငံခြား နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုမှာ တကယ့် လစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံက ပရိုဂရမ်မာ တစ်ယောက်ရဲ့ လက်တွေ့ အဖြစ်အပျက် တစ်ခုဖြစ်ပါတယ်။ သူတို့နိုင်ငံက ဝန်ကြီးချုပ် အကြောင်းလည်း မမေးဘူး။ အာဆီယံ အကြောင်းလည်း မသိချင်ဘူး။ သူတို့ သိချင်တာက ဘာတွေလုပ်တတ်သလဲ၊ ဘယ်လောက် လုပ်ပြနိုင်သလဲ ဆိုတာတွေနဲ့ ပိုင်းဖြတ်ပြီး လက်တွေ့အမှတ်ပေး ခန့်ကြတာပါ။
မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ခေတ်ရဲ့ အမှတ်ပေးစနစ်တွေ၊ ခေါင်းဆောင်ကြီးတွေကို အလေးအမြတ်ထားကာ တင်စားတတ်တဲ့ ကွန်မြူနစ်မှိုင်းတွေ၊ လူကြီးအကြိုက် လိုက်ပြီး ဖော်ဆောင်တတ်တာတွေ၊ ယခင်မေးခွန်းကို ယခုမေးခွန်းမှာ Version လေး ပြောင်းလိုက်ပြီး ရက်စွဲပြင် မေးတတ်တာမျိုးတွေ၊ ခေတ်စနစ် လက်တွေ့ဘဝနဲ့ ကင်းကွာပြီး အလုပ်သဘော မဆန်တဲ့ စစ်ဆေးမှုမျိုးတွေကို ပြင်ဆင်သင့်ပြီလို့ ထင်ပါတယ်။
ကျောင်းဆရာကို ဒို့တာဝန်အရေးသုံးပါး မသိသင့်ဘူးလားလို့မေးရင် သိသင့်ပါတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဒို့တာဝန်အရေးသုံးပါးကို ကျောင်းဆရာထက် နိုင်ငံအုပ်ချုပ်တဲ့သူတွေက ဂဃနဏ သိထားပြီး တိုင်းပြည်ကို အုပ်ချုပ်ရင် ပိုကောင်းမှာပါ။ ကျောင်းဆရာကလည်း ကျောင်းသားတွေ စာဘယ်လိုတတ်အောင် သင်ရမယ်ဆိုတာနဲ့၊ ဆရာဝန်တွေကလည်း ဆေးပညာလောက တိုးတက်အောင်နဲ့ ကုသရေးအတွက် ဘယ်လိုစွမ်းဆောင်ချက်တွေ ပေးနိုင်အောင် ဗဟုသုတတွေနဲ့ လေ့လာမှုမျိုးတွေရှိရင် သမ္မတ ဘာပြောသွားတယ်ဆိုတဲ့ အချက်တွေထက် တန်ဖိုးရှိမယ် ထင်ပါတယ်။ လောကမှာ ကိုယ့်အလုပ်ကိုယ်လုပ်ကြရင်၊ လုပ်ခွင့်ရမယ်ဆိုရင် ပိုကောင်းပါတယ်။
ကျော်ဗလ

thevoicemyanmar

အပြည့်အစုံသို့ »

မလေးရှားရောက်မြန်မာအမျိုးသမီးတစ်ဦး ရက်စက်စွာတိုက်ခိုက်ခံရ (အကူအညီအထူးလိုအပ်)



17.10.2013 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အမ်ပန်းဆေးရုံကြီးအနောက်ဘက် ၊ ပန်းဒန်းမယ်ဝ တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သည့် မဝေမာလင်း နှင့် အခြားအမျိုးသမီးတစ်ဦးလုပ်ငန်းခွင် အတွင်းစကားအခြေအတင်များကြရာမှ အခြားအမျိုးသမီးတစ်ဦးမှမကြေမနပ်ဖြစ်ကာ အမျိုးသား ၅ ဦးအား အကြမ်းဖက်တိုက်ခိုက်ရန် စေခိုင်းခဲ့ပြီး 18.10.2013 နေ့တွင် မဝေမာလင်း နှင့် သူမ၏ အမျိုးသားအလုပ်မှအပြန် စောင့်ဆိုင်းကာ အကြမ်းဖက်တိုက်ခံစေခဲ့ကြောင်းသိရပါသည် ။

ထိုသို့အခြားအမျိုးသမီးတစ်ဦးဖြစ်သူမှ စေခိုင်းမှုကြောင့် မဝေမာလင်းနှင့် သူမ၏အမျိုးသား မောင်အောင်ဇော်ဝင်း တို့မှာ လူ ၅ ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ကြပါသည် ။

ထို့အတူ အဆိုပါ မှုခင်းဖြစ်မှု့အတွက် မလေးရှား ရဲမှ ဓားဖြင့်ခုတ်သူထဲမှ တစ်ဦးအပါအဝင် ခုတ်ရန်စေခိုင်းသူ နှင့်ပါဝင်ပတ်သက်သူ တရားခံအချို့ကို ဖမ်းဆီးထားခဲ့ပြီးဖြစ်ကြောင်းသိရသည် ။ ကျန်ရှိသူများကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်းသိရသည် ။

ထို့အတူ မြန်မာသံရုံးမှတာဝန်ရှိသူများ မှာထိုဖြစ်ရပ် အတွက်ဆောင်ရွက်လျှက်ရှိပြီး အမ်ပန်းဆေးရုံးသို့သွားကာ မဝေမာလင်း နှင့်မောင်အောင်ဇော်ဝင်းတို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်းသိရသည် ။

တိုက်ခံခိုက်ရသူ မဝေမာလင်းမှာ လက် တစ်ဘက်လုံးဝပြတ်ထွက် ၊ အခြားလက်တစ်ဘက် ၉၀% ပြတ်ထွက် (ပြန်ချုပ်ပြီး) ၊ ဦးခေါင်း တွင် ဓားဖြင့် ၂ ချက် အခုတ်ခံရ (ချုပ်ချက်များစွာ) ၊ ပါး ၂ ဘက်ဓားဖြင့်ခုတ်ခံရ ဒဏ်ရာကြီးမား (မေးရိုးပြုတ်ထွက် အလူမီနီယံအစားထိုးရမည်) ကာဆိုးဝါးစွာဒဏ်ရာရရှိခဲ့ပါသည် ။

မောင်အောင်ဇော်ဝင်းမှာမူ ပြန်လည်ခုခံ သောကြောင့် တင်ပါးတွင် ဒဏ်ရာရရှိသည်မှလွဲပြီး ကြီးမားသော ဒဏ်ရာမရရှိခဲ့ပါ ။

မဝေမာလင်း ၊ မောင်အောင်ဇင်ဝင်း ၂ ဦးလုံး ကွာလာလမ်ပူ ၊ အမ်ပန်းဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိပြီး မဝေမာလင်းအတွက် အရေးပေါ်အနေဖြင့် မေးရိုးဆက်ရန် အလှူမီနီယံ အစားထိုးရမည်ဖြစ်ပြီး မလေးငွေအများအပြား ကုန်ကျခံရမည်ဖြစ်သည် ။

လောလောဆယ် မေးရိုး အစားထိုးရန်အတွက် တစ်ဘက်လျှင် ရင်းဂစ် ၂၀၀၀ ကျော် ၂ ဘက်စာ အတွက် ၄၀၀၀ ကျော်အား မပေးနိုင်ပဲရှိနေပါတယ် ။ မဝေမာလင်းအတွက် အလှူငွေလိုအပ်လျှက်ရှိသည် ။

သို့ပါသောကြောင့် မလေးရှားရောက် မြန်မာများအနေဖြင့် တစ်သက်စာ လူကောင်းပြန်မဖြစ်နိုင်တော့မည့် မဝေမာလင်းအား တတ်နိုင်သလို တတ်အားသရွေ့ ကူညီနိုင်ပေးကြပါရန် မဝေမာလင်း ကိုယ်စား ကျွန်တော်တို့ မလေးရှားရောက် မြန်မာများမှ အထူးအကူအညီတောင်းခံအပ်ပါသည်။

အလှူခံမည့်သူအနေဖြင့် တင်ပါးဓားခုတ်ခံရသော မဝေမာလင်း၏ ဇနီး မောင်အောင်ဇော်ဝင်း ဖုန်း - 0103610554 သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြပါရန် ကာယကံရှင်ကိုယ်စား အကူအညီအထူးတောင်းခံအပ်ပါသည်ခင်ဗျာ ။

ကာယကံရှင်များ၏ အချက်လက်များ

မဝေမာလင်း - M984478
မြန်မာပြည်လိပ်စာ - အမှတ် 93 သန္တာလမ်း ၊ ၅/၆ ရပ်ကွက် ၊ ရွှေပြည်သာ ။

မောင်အောင်ဇော်ဝင်း - (ကားဆေးမှုတ်)
ရှမ်းစု ၊ လက်ပံတော ၊ သုံးဆယ်မြို့ ၊ သာယာဝတီခရိုင် ။
Ph - 0103610554

ရဲရင့်ငယ်

အပြည့်အစုံသို့ »

အလုပ်အမြန်ရစေသောနည်း


အခုတလော ကျွန်တော့်ဗေဒင် ဟောခန်းထဲကို ရောက်လာတဲ့ လူတော်တော်များများ အလုပ် အဆင်မပြေကြတဲ့ လူတွေများတယ်။ အလုပ်ရှာမရတာ - အလုပ်မကောင်းတာ -  အလုပ်ပြောင်းချင်တာ - နောက်အလုပ်ပြောင်းရင် ကောင်းမကောင်း သိချင်တာ အစုံပါပဲ။

နောက် မနက်ပိုင်း လဘက်ရည်ဆိုင် မနက်စာ သွားစားတဲ့ အချိန်မှာလဲ တွေ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သား တော်တော်များများရဲ့ စကားသံကို နားစွန့်ကြည့်တာ အလုပ်အကိုင် ရှားပါးတဲ့ အကြောင်း အလုပ်တစ်ခု ရဖို့ တော်တော်ခက်ခဲ နေကြောင်း မည်သည့် အလုပ်ရုံကမျှ အလုပ်သမား အသစ် မခေါ်ကြောင်း စသော အလုပ်ကိစ္စ ခက်ခဲကြောင်းများကိုသာ ကြားနေရတယ်။

အလုပ်အသစ်တစ်ခု အမြန်အလိုရှိနေတဲ့ ကျွန်တော့် ဗေဒင် မိတ်ဆွေတွေ ကျွန်တော့်ဆီမှာ အကူအညီ လာတောင်းတိုင်း ကျွန်တော် ဒီအောက်က ယတြာလေးကိုလဲ ညွန်ပြပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ရတာလဲ လွယ်တယ် မဟုတ်လား။ ငွေကုန်ကြေးကျ များတာလဲ မဟုတ်ဘဲနဲ့လေ။ အလုပ်တစ်ခု အမြန်လိုချင်နေသော မည်သူမဆို ဆောင်ရွက်လို့ ရပါတယ်။ မည်သည့်နိုင်ငံတွင် ရောက်ရှိနေသော သူမဆို ဆောင်ရွက်နိုင်ပါကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါတယ်။

အလုပ်အမြန်ရစေသောယတြာ

အာလူးတစ်လုံးတွင် ယတြာချေရာတွင် အသုံးပြုသော သာသနာ့အလံ  (၁၄) လက် စိုက်ပါ။ ထို့နောက် ဘုရားကို လှူပြီး အလုပ်အမြန် ရအောင် လေးလေးနက်နက် ဆုတောင်းပါလေ....။ လ-နှင့်ချီပြီး အလုပ်မရကြ ကုန်သော သူများ အထက်ပါ နည်းအတိုင်း ဆောင်ရွက်ကြရာ (၁၄) ရက်အတွင်း ထူးခြားကြ ပါကြောင်း....

နိုင်ငံတကာမှ မြန်မာပြည်သားများအားလုံး အလုပ်ကိစ္စ အခက်အခဲများမှ လွတ်မြောက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကျန်းမာရေးလေးလဲ ဂရုစိုက်ကြဦးဗျို့။ ကျွန်တော်တော့ တော်တော်လေး နေမကောင်းဖြစ်နေလို့ ဆေးခန်းသွားနေရတယ်။ ဆေးတွေ သောက်နေရ တယ်။ အီးမေးလ်ကနေ ဗေဒင်မေးထားသူများ စာပြန်နောက်ကျတာလေးတွေကိုတော့ နည်းနည်း နားလည် ခွင့်လွှတ်ပေးကြပါဦးဗျာ...

ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

ဆရာဟိန်းတင့်ဇော်ရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။

ဧရာဝတီ

အပြည့်အစုံသို့ »

ဂျပန်လူငယ်တွေ လိင်ဆက်ဆံမှုမရှိကြတော့တာ ဘာကြောင့်လဲ


အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စားကြတော့ဘူး တဲ့။

ဒါကတော့ ဂါးဒီးယန်း အွန်လိုင်းမှာ ရေးထားတဲ့ ဆောင်းပါး ကောက်နုတ်ချက်ပါ။


အပြည့်အစုံကို http://www.theguardian.com/world/2013/oct/20/young-people-japan-stopped-having-sex  မှာ ဖတ်နိုင်ပါတယိ။

ဂျပန်လူငယ်တွေ လိင်ဆက်ဆံခြင်း မရှိတော့တာ ဘာကြောင့်များလဲ Why have young people in Japan stopped having sex? လို့ ဆောင်းပါးကို ခေါင်းစည်းပေးထားပါတယ်။

ဆောင်းပါးရဲ့ အဆိုအရ ... အသည်းကွဲလို့မဟုတ်ပေမယ့် အချစ်ကို နောက်ဆုံး ဦးစားပေးအဆင့်မှာတောင် မထားတော့တဲ့သဘော ဖြစ်လာကြသူတွေ ရှိနေပါပြီ။
Ai Aoyama ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ချစ်မှုရေးရာ ပြဿနာတွေကို ကုထုံးရှာပေးသူက သူ့ဆီ ရောက်လာတဲ့ ကိုကိုမောင်မောင်တွေရော မမမီးမီးတွေပါ အချစ်ရဲ့ အရေးပါပုံကို မသိကြတော့ဘူး၊
ထိတွေ့ရင်းနှီးမှုဆိုတာဟာလည်း ခဲရာခဲဆစ်ဖြစ်လာကြတယ် တဲ့။

ဆောင်းပါးမှာ ဒီပညာရှင်ရဲ့ ပြောစကား အတော်များများကို ကိုးကားထားတာပါ။
ဒါ့အပြင် စစ်တမ်းတချို့ကိုလည်း ကိုးကားပါတယ်။

ဂငယ်တွေ ဒီလိုဖြစ်နေပြီလား။
အာဒမ်နဲ့ ဧဝတို့ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ အရေးကြီးတဲ့အစဉ်အလာကို သူတို့ တကယ်ပဲ ရပ်တန့်လိုက်ပြီလား။
ဆောင်းပါးမှာ ရေးထားသလို (ရာခိုင်နှုန်း နည်းပေမယ့်) လူငယ်တချို့က သဘာဝကို ကလန်ကဆန် လုပ်နေပြီလား။

မီဒီယာမှာ ဖတ်ရ တွေ့ရသမျှကိုလည်း အရမ်းကာရော ယုံလို့ မဖြစ်ဘူး။
ဒီဆောင်းပါးက စစ်တမ်းတချို့ကို ကိုးကားထားတယ် ဆိုပေမယ့် စစ်တမ်းတွေကလည်း ပေါက်ကရအဖြေတွေ ထွက်တတ်တာကိုလည်း သတိချပ်ရပါမယ်။
ဂျပန်မှာလည်း ရွှေတွေ အများကြီးရှိတာပဲ။
ကြုံကြိုက်တဲ့အခါ ဒီအကြောင်း  လှမ်းမေးကြည့်သင့်ပါတယ်။
 ဂျပန်မှာ အိမ်ထောင်သားမွေးကိစ္စကို ရှောင်ရှားလိုတာဟာ စားဝတ်နေရေးအတွက် စရိတ် ကြီး၊ ကလေးပြုစုပျိုးထောင်ရတာလည်း စရိတ်ကြီးတာနဲ့ တခြားအချက် အများအပြားရှိကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။

ဂျပန် ဆိုရိုးစကားတခုကလည်း "အိမ်ထောင်ပြုခြင်းဟာ အမျိုးသမီးတယောက်ရဲ့ ဂူသင်္ချိုင်းဖြစ်တယ်" လို့ ဆိုထားပါတယ်။
အမျိုးသမီးဝန်ထမ်းတယောက် အိမ်ထောင်ပြုလိုက်ရင် ရာထူးမတိုးတော့ဘူး၊ မကြာခင် ဗိုက်ကြီးတော့မယ်လို့ အလုပ်ရှင်တွေက ယူဆတယ်၊ ကလေးရပြီ
ဆိုရင် ကလေးနဲ့အလုပ်ကြား စီမံခန့်ခွဲရေးလုပ်ဆောင်ရတာ မလွယ်တော့ဘူး။ ဒါနဲ့ပဲ အိမ်ထောင်ရှင်မဘ၀ ပြန်ရောက်၊ မီးဖိုဆောင်ကို ပြန်စိုးမိုးတဲ့ဘဝ
ပြန်ရောက်တယ်၊ ကိုယ်ပိုင် ၀င်ငွေလည်း  မရှိတော့ဘူး။
ဂျပန်အမျိုးသမီးတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ပထမကလေး ရပြီးတိုင်း အလုပ်ထွက်ကြတယ် တဲ့။

ဒါဆိုရင် အလုပ်ခေါ်စာတွေဟာ သူတို့ဆီမှာလည်း မြန်မာပြည်နဲ့ တူမယ် ထင်ပါတယ်၊ ၀န်ထမ်းအလိုရှိသည်၊ အမျိုးသမီး ဖြစ်ရမည်၊ အိမ်ထောင်မရှိသူ ဖြစ်ရမည် စသဖြင့်။

အစိုးရထုတ်ပြန်ချက်စာရင်းတွေအရ ဆိုရင် ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက် ကလေးမွေးနှုန်း ကျဆင်းနေတယ် တဲ့။
အိမ်ထောင်ပြုနှုန်း နည်းလာ၊ ပြုပြန်ရင်လည်း သားဆက် လုံးဝ ဖြတ်တောက်ထားတဲ့သဘောပေါ့။
အစိုးရ လူဦးရေ ဌာနရဲ့ အဆိုအရ ကနေ့ခေတ် အသက် ၂၀ ကျော် ဂျပန်အမျိုးသမီးတွေထဲက လေးပုံတပုံဟာ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး လို့
သဘောထားပေးကြတယ်၊ အိမ်ထောင်ပြုမယ် ဆိုရင်တောင် ကလေးမယူဘူးကွ ဆိုတဲ့ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းနီးနီး ရှိပါသတဲ့။

အဲ ... ဒီဆောင်းပါးရဲ့ ဆိုလိုရင်းက အိမ်ထောင်သားမွေးခြင်း မဟုတ်ပါဘူး၊ လိင်စိတ် ကင်းမဲ့လာခြင်းပါ။

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စားကြတော့ဘူး ဆိုတော့ ၄၀ အထက် ဂျပန်တွေကရော ဘယ်လိုလဲ။
ဒီအကြောင်းတော့ ထည့်ရေးမထားပါဘူး။ ဒီဆောင်းပါးက ၄၀ အောက် များအကြောင်းကိုပဲ သီးသန့် စုံစမ်းထောက်လှမ်း ရေးသားခဲ့ဟန်တူပါရဲ့။

 လိင်စိတ် သားစိတ် အိမ်ထောင်ပြုလိုစိတ် မရှိတဲ့၊ ရည်းစားတောင် မထားချင်တဲ့ အရေအတွက်ဟာ ခေတ်လူငယ်တွေကြားထဲ အတွေ့ရများလာပါပြီ တဲ့။
Emi Kuwahata ဆိုတဲ့ ၂၃ နှစ်အရွယ် ကလေးမက သူ့ထက် ၁၃ နှစ် အသက်ကြီးတဲ့သူတယောက်နဲ့ အဆက်အဆံ ရှိပါတယ်၊ သို့သော်လည်း တပတ်တကြိမ် ကလပ်သွားဖို့ပါ ဆိုပဲ။
ပုံမှန် ရည်းစားတယောက်လောက်ထားဖို့ အချိန်မပေးနိုင်ဘူး လို့ ဖက်ရှင်ဒီဇိုင်နာဖြစ်လိုတဲ့ အဲဒီ သူငယ်မက ဆိုတယ်။
သူ့သူငယ်ချင်း  Eri Asada ဆိုတဲ့ ၂၂ နှစ်အရွက် ကလေးမကလည်း စုံတွဲခုတ်တဲ့ကိစ္စ စွန့်လွှတ်ခဲ့တာ သုံးနှစ်သုံးမိုး ရှိပါပြီ တဲ့။
ဘဲအဟောင်းတွေရော လိင်မှုရေးရာတွေကိုပါ တမ်းတမနေပါဘူး၊ ခုဆိုရင် လက်ကလေးကိုဆုတ်ကိုင်ချင်တယ် ဆိုတာမျိုးတောင် မကြိုက်ချင်တော့ဘူး ဆိုပဲ။

အာသဝေါကင်းသလိုလို ဖြစ်လာကြတာဟာ စမတ်ဖုန်းလိုပစ္စည်းမျိုးတွေကို ရူးသွပ်မှုကြောင့်များလား။
ဒါလည်း တစိတ်တပိုင်း သက်ဆိုင်သလို ဆောင်းပါးနောက်ဆုံးပိုင်းမှာ ရေးထားတာ တွေ့ရမှာပါ။
အင်တာနက်သုံးပြီး လူမှုကွန်ရက်ထဲက မိတ်ဆွေများနဲ့ ထွေရာလေးပါးပြောတာကို ပိုမို အချိန်ပေးလာ၊ နှစ်သက်လာနေကြပါတယ်။
စမတ်ဖုန်းရဲ့ ထိတွေ့မျက်နှာပြင်ကိုလည်း ပွတ်သပ်၊ ကိုယ့်ချစ်သူကိုလည်း ပွတ်သပ်သင့်တယ် မဟုတ်ဘူးလား။

 တကယ်ပဲ ၄၀ အောက်တွေထဲက တချို့ဟာ ဧကစာရီကျင့်ကြပြီလား ဆိုတာကို
ဂျပန်ရောက် ရွှေတွေကို လှမ်းမေးကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။

ဧရာဝတီblog

အပြည့်အစုံသို့ »

အေးခဲ အမဲသား ပိဿာ ၁ သိန်းကျော် ဖမ်းဆီးရမိ



အခုနှစ် နှစ်စကေန စက်တင်ဘာအထိ နယ်စပ်ကို တရားမ၀င် တင်ပို့ဖို့ ကြိုးစားတဲ့ အေးခဲ အမဲသား ပိဿာ  ၁ သိန်း ၃ သောင်းကျော်နဲ့ ကျွဲနွားကောင်ရေ ၄ ထောင်ကျော် ဖမ်းဆီး ရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအေ၀းမှာ မန္တေလးတိုင်း ချမ်းမြသာစည်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်က ကျွဲ၊ နွားနဲ့ အသားတွေ နယ်စပ်ကေန တရားမ၀င် တင်ပို့နေတာကြောင့် လယ်ယာလုပ်ငန်းသုံး ကျွဲနွား ရှားပါးလာတဲ့အြပင် ပြည်တွင်း အမဲသားဈေးနှုန်းတွေလည်း မြင့်တက်လာနေတာကြောင့် အဲဒါကို ဘယ်လို အေရးယူဆောင်ရွက်နေသလဲ မေးခွန်းထုတ်တာကို  ပြည်ထောင်စုဒုဝန်ကြီးက ဖြေခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ကို ကျွဲ၊ နွား တရားမ၀င်ပို့တဲ့ အမှုနဲ့ ပတ်သက်လို့ လူ ၁ ထောင်ကျော်ကို အေရးယူထားပြီး လက်ရှိ အေကာက်ခွန်ဥပေဒနဲ့ပဲ အေရးယူနေပမယ့် နောက်ပိုင်း ပို့ကုန်သွင်းကုန် ဥပေဒ နဲ့ပါ ထိထိရောက်ရောက် အေရးယူမယ်လို့ သူက ရှင်းပြပါတယ်။

ပြည်ထောင်စုဒုဝန်ကြီးက ကျွဲနွားကောင်ရေ ၄ ထောင်ကျော် ဖမ်းဆီးမိတယ်လို့ ပြောပေမယ့် တကယ် ကုန်ကူးပြီး နယ်စပ်ကေန ရောင်းနေတဲ့ ပမာဏဟာ နှစ်စဉ် သောင်းဂဏန်း မက ရှိနိုင်တယ်လို့ မန္တေလးမြို့ခံ ကုန်သည် ဦးမောင်မောင်က ပြောပါတယ်။

DVB

အပြည့်အစုံသို့ »

ဆယ်တန်းကျောင်းသားတစ်ဦးကို ပါးရိုက်ပြီး စည်ပင်ဘီးခွန်ကောက်ခံမှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့မဈေးကြီးရှေ့သို့ ဆိုင်ကယ်စီးနင်း၍ ဈေးဝယ်ရောက်ရှိသူ ဆယ်တန်းကျောင်းသား တစ်ဦးထံ စည်ပင်ဘီးခွန်ကောက်ခံသည့် အမျိုးသမီးတစ်ဦးက ဘီးခွန်ကောက်ခံခဲ့ရာ အဆင်မပြေဖြစ်သည့်အတွက် ပါးရိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သီးခြားသတင်းအတည်ပြုချက်ရရှိနိုင်ရန် မြို့မိ၊မြို့ဖတစ်ဦးထံ ဆက်သွယ် မေးမြန်း ခဲ့ရာတွင် ယခုလ ၁၈ ရက်က “ခိုင်” အမည်ရှိ စတိုးဈေးဆိုင်အနီးတွင် ဖြစ်ပွားခဲ့သည်ဟု ထိုသူမှ အတည်ပြု တုန့်ပြန်ပြောကြားခဲ့သည်။ စည်ပင်ဘီးခွန်ကော်ခံရာမှ ပါးရိုက်ခံရသည်ဟုဆိုသော လူငယ်မှာ ယခုနှစ် ဆယ်တန်း စာမေးပွဲ ဖြေဆိုနိုင်ရန် ယင်းမာပင်မြို့ပေါ်ရှိ ဘော်ဒါဆောင်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။

စည်ပင် ဘီးခွန်ကောက်ခံသည့် အမျိုးသမီးတစ်ဦးမှ ပါးရိုက်လိုက်သည့်အတွက် ပါးရိုက်ခံ၇သူ ကျောင်းသားလူငယ်
လေးသည် ယင်းမာပင်မြို့မရဲစခန်းသို့သွားရောက်၍အမှုအရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။ ၎င်းတိုင်တန်းချက်များအရ ရဲစခန်းမှလည်း တိုင်တန်းလာသည့် ကျောင်းသားလေးအား ရဲဆေးစာပေး၍ ကျန်းမာရေး
စောင့်ရှောက်မှုများကို ရဲလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း ရဲဝန်ထမ်း တစ်ဦးမှ ပြောပြသည်။

ယင်းမာပင် မြို့နယ်တရားရုံးသို့ ဆက်လက်၍ ဦးတိုက်လျှောက်ထားခဲ့ရာ ထိုတရားရုံးမှ အမှုကို လက်ခံခဲ့သည်။ ထို့နောက် ပါးရိုက်ခြင်းခံရသည့် ကျောင်းသားလေးသည် ၎င်းနေထိုင်ရာ ကျေးရွာသို့ တယ်လီဖုန်း မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ ကျေးရွာရှိ ဆွေမျိုးသားချင်းများမှ စိုးရိမ်ပြီး ယင်းမာပင်မြို့ ပေါ်သို့ လူပေါင်း (၂၀)
ကျော်ခန့်ဖြင့် လိုက်လာခဲ့ကြသည်။

ထိုသို့ လိုက်လာသူများသည် ယင်းမာမြို့နယ်၊ ဖိုလ်ဝင်တောင်ဒေသ၊ မင်စုကျေးရွာမှဖြစ်ကြောင်း ထိုသူများနှင့် ရင်းနှီးကျွမ်းဝင်သည့် ယင်းမာပင်မြို့ခံတစ်ဦးမှ အတည်ပြု ပြောကြားသည်။

ယင်းကဲသို့ လူအင်အားဖြင့် မြို့ပေါ်သို့ လိုက်ပါလာသည့်အတွက် မလိုလားအပ်သော နောက်ဆက်တွဲ ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်စေရန် မြို့နယ်တာဝန်ရှိ သက်ဆိုင်ရာလူကြီးများမှ ဖြစ်စဉ်မှန်အား ထိုသူတို့ကို ရှင်းပြခဲ့ပြီး
နောက် ကျေးရွာသို့ ပြန်လည်သွားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြသည်။

ထိုသတင်းနှင့်ပတ်သက်၍ ယင်းမာပင်မြို့နယ် စည်ပင်သာယာရေးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း “အခုအချိန်ဟာ ရှုပ်ထွေးနေသည့်အတွက် နောက်မှပြန်လည် ဖြေကြားမယ်” ဟုဆိုကာ ဖြေကြားခဲ့ခြင်း မရှိပေ။

Mizzima - News in Burmese

အပြည့်အစုံသို့ »