မှတ်ကရော ...


အာဏာရှင် ခေတ်ကဖြစ်သည်။ တောရွာမ အဘွားအို သည် အာဏာရှင် ဦးသန်းရွှေ ၏ လုပ်ရပ်များကို အလွန်မုန်းသည်။ ထိုကြောင့် သူ တစ်ခုခုအဆင်မပြေဖြစ်တိုင်း

``သန်းရွှေ သေပါစေ´´ဟုေ၇ရွတ်တတ်သည်။ ထိုရေရွတ်သံကြားပြီး သူမွေူးထားသော ကြက်တူေ၇ွးက သံယောင်လိုက်ကာ ``သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´´ဟု အားတိုင်းေ၇ရွတ်နေတတ်သည်။

တရက်မှာတော့ ဦး သန်းရွှေ နှင့် စစ်သားများ ၄င်းရွာသို့ ချီတက်လာ၏။ စစ်တပ်ကြီးကိုမြင်သည်နှင့် ကြက်တူေ၇ွးက သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ ဟုထအော်သည်။စစ်တပ်ကြီးရပ်သွားပြီးး ဗိုလ်တစ်ဦး အိမ်ထဲဝင်လာကာ

``အဘွားကြီး ဒါခင်ဗျား ကြက်တူေ၇ွးလား?´´

``ဟုတ်ပါတယ် ဗိုလ်ကြီးရယ် နောင်မဖြစ်စေရပါဘူး အမေ တောင်းပန်ပါတယ်…´´

``အေး မနက်ဖြန် လာစစ်မယ်၊ မနက်ဖန်မှာ အဲဒီသောက်ကြက်တူရွေး အဲဒီစကားပြောရင် ခင်ဗျားကြီးရော အဲဒီကြက်တူရွေးကော နုတ်နုတ်ဆင်းပစ်မယ်…´´

စစ်တပ်သည် ပြောပြီး ဆက်လက်ချီတက်သွားသည်။ ကြံရာမရသည့်သနားစရာ အမယ်အိုက ရွာဘုန်းကြီးထံပြေးပြီး အကူအညီတောင်းသည်။ ရွာဘုန်းကြီးက သူမွေးထားသော ကြက်တူရွေးနှင့်လဲထားရန် အကြံပေးသည်။ အဘွားအိုက ကြက်တူေ၇ွးချင်းလဲထားမှာ စိတ်ချ လက်ချ နေနိုင်တော့သည်။

နာဇီတပ်နောက်တနေ့တွင်ပြန်ေ၇ာက်လာသည်။ စစ်သားများက အဘွားအို၏ အိမ်သို့ ၀င်ပြီး ကြက်တူရွေးအခြေအနေ ကို ကြည့်သည်။ ယနေ့ ကြက်တူရွေးက တဆိတ် အိနြေ္ဒရလွန်းနေသည် ။ စစ်သားများက ဆွပေးကြသည်။

``ဟေ့ကောင်ကြီး ပြောဦးလေကွာ၊ သန်းရွှေ ဘာဖြစ်တယ်ဆိုလား´´
ကြက်တူရွေးက ငဲ့စောင်းတောင်မကြည့်။

``ဟေ့ကြက်တူေ၇ွး ပြောဦးလေ၊ သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´

ထိုသို့မှ ကြက်တူေ၇ွးက မျက်လွှာချကာအိနြေ္ဒနှင့် ခပ်အေးအေးပြောသည်။

``တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ချစ်သား….´´

Credit - Original Writer

အပြည့်အစုံသို့ »

အဲမှာ စတွေ့ တာပဲလေ. ..


အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး ၄င်း၏ယောင်္ကျားဖောက်ပြန်
နေကြောင်း လာရောက်တိုင်ကြားသည်။

“ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုးတစ်ယောက်ပါ”
“အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ” ဟုဆို၍ သူမယောင်္ကျားထံမှ ရရှိထားသော အမျိုးသမီးအတွင်းခံ
ဘောင်းဘီတစ်ထည်ကိုထုတ်ပြသည်။

“ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီးမေးကြည့်ပေးမယ်”
ထိုသို့ ကတိပေးပြီးနောက် အတွင်းရေးမှုးသည် ဘောင်းဘီထုပ်ကို အံဆွဲထဲထည့်ထားလိုက်သည်။
ထို့နောက် ကော်မတီဝင်များ လာရောက်မည်ဟု သတင်းရသဖြင့် ၄င်းအထုပ်ကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။ ထိုနေ့က အစည်းအဝေးများဖြင့် ပင်ပန်းခဲ့သောအတွင်းရေးမှုးသည် ၄င်းလက်ဆွဲအိတ်ကိုဆွဲ၍
အိမ်ပြန်လေသည်။ အိမ်သို့ရောက်သောအခါ သားဖြစ်သူက ရုပ်ရှင်သွားကြည့်ပါရစေဟု ပူစာလေသည်။
“ဖေဖေ့လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံရှိတယ်။ မင်းအမေကို ယူခိုင်းလိုက်”
အတွင်းရေးမှုး၏မိန်းမသည် သားအတွက် ပိုက်ဆံယူရန် အတွင်းရေးမှုး၏လက်ဆွဲအိတ်ကို ဖွင့်လိုက်လေသည်။
အိတ်အတွင်းမှ အထုပ်တစ်ထုပ်ကိုတွေ့၍ ဖွင့်ကြည့်ရာ အတွင်းခံဘောင်းဘီဖြစ်နေသည်ကိုတွေ့ရလေသည်။
အတွင်းရေးမှုး၏ဇနီးသည် ၀မ်းသာအားရလေသံဖြင့်

“ကျွန်မအတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။
ရှင်က လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး”

Credit - Original Writer

အပြည့်အစုံသို့ »

ယောက်ျား Vs မိန်းမ


နေ့လည်စာ ထွက်စားခြင်း

Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။ ( ကျနော့်ကိုတော့ နာမည်ပြောင် လီမင်ဟို လို့ ခေါ်ကြတယ်ဗျ )
Female- သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။ ( တခါတလေ ဆို သဲ တို့ ချစ်တို့ တောင် ခေါ်သေးတယ် )

ပိုက်ဆံရှင်းချိန်
ကျား - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
မ - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
ကျား - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
မ - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။

ရေချိုးခန်း
ကျား - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
မ - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။ ( Cosmetic တွေ က အများသားကိုး )

အချစ်
ကျား - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
မ - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။

လက်ထပ်ခြင်း
ကျား - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
မ - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။

အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
ကျား - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
မ - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ ဖေ့ဘုတ်ပေါ် ဓာတ်ပုံတင်ချိန် ၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်

ကလေးများ
ကျား - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
မ - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။

နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။

Credit - Original Writer

အပြည့်အစုံသို့ »

အချဉ်လေးနဲ့ကျတော့ အရသာရှိတာပေါ့စ်


ဖုန်စုပ်စက် အရောင်း/မာကတ်တင်း တစ်ဦးဟာ အိမ်တစ်အိမ်ရဲ့  တံခါး ပေါက်ကို သွားခေါက်ပါတယ်။
အိမ်ရှင်မ အမျိုးသမီးက တံခါးပေါက်ဖွင့်ပေးရုံပဲ ရှိသေးတယ်။ အရောင်း အမျိုးသားက အိမ်ထဲ တန်းဝင်လာပြီး ဧည့်ခန်း အလယ်တည့်တည့်မှာပဲ အသင့်ပါလာတဲ့ နွားချေးထုပ် ကို ဖြေလို့ သွန်ချ လိုက်ပါတယ်။ ပြီးတော့ အောက်ပါအတိုင်း စကားဆိုပါတယ်။

အရောင်းဝန်ထမ်း - အစ်မကြီး မျက်စိရှေ့ မှာ မြင်နေရတဲ့ ဒီနွားချေးကို ဒီဖုန်စုပ်စက်နဲ့ ၃ မိနစ်အတွင်း ကျနော်ရှင်းမယ်။ မရှင်းနိုင်ရင်၊ မပြောင်ရင် ကျန်တဲ့နွားချေးကော၊ ရှင်းပြီးသားကော ကျနော်အကုန်စားမယ်။

အိမ်ရှင်မ - အင်း. အချဉ်ရည် ယူဦးမလား.။

အရောင်းဝန်ထမ်း - ဘာဖြစ်လို့လဲ အစ်မကြီးရဲ့  ။

အိမ်ရှင်မ - ကျမအိမ်မှာ အခုချိန်ထိ မီးမလာတာ ၂ ရက်ရှိပြီ။

cr >> original writer

အပြည့်အစုံသို့ »

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့သူ


ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင် ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်း ကို ပြောချင်ပါ တယ်။သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်းသူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက် တယ်။သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ…ဘယ်လိုလဲ သင့်မှာရော “ဒူးမထောက် လက်မမြှောက်တဲ့စိတ်” ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်လိုက်ပါဦးလား။

~~~~~~~~~~ဆာလာအိတ်~~~~~~~~~~

အပြည့်အစုံသို့ »

သစ်ထုတ်လုပ်မှုလျှော့ချလျှင် သစ်ဆွဲဆင်များ ဒုက္ခရောက်ဖွယ်ရှိ


မြန်မာနိုင်ငံက သစ်ထုတ်လုပ်မှုကို လာမည့်နှစ်မှစ၍ တန်ချိန် ရှစ်သောင်းခန့်အထိ လျှော့ချလိုက်မည်ဖြစ်သည့်အတွက် သစ်ထုတ်လုပ်ရေးတွင် အဓိကအသုံးပြုနေသော ဆင်များအနေဖြင့် အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခရောက်နိုင်ဖွယ်ရှိကြောင်း အယ်လ်ဂျာဇီးယား ရုပ်သံသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသစ်ထုတ်လုပ်မှုကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်သည့်အနေဖြင့် လာမည့်   ၂၀၁၄ ခုနှစ်   ဧပြီလမှစ၍ သစ်အလုံးလိုက်တင်ပို့မှုနှင့် သစ်ထုတ်လုပ်မှုကို လျှော့ချသွားမည်ဟု မြန်မာအစိုးရက ကြေညာထားသည်။

လက်ရှိ မြန်မာ့သစ်ထုတ်လုပ်ရေးတွင် ဆင်ကောင်ရေ ၅၀၀၀ ခန့်ကို အသုံးပြုနေပြီး ဆင်များသည် စက်ကိရိယာများထက် သစ်တောပျက်စီးမှုနည်းပါးစေသည်။ ဆင်ကောင်ရေ ထက်ဝက်ကျော်ကျော်လောက်ကို အစိုးရ၏ မြန်မာ့သစ်လုပ်ငန်းက ပိုင်ဆိုင်ပြီး ကျန်ဆင်များကို ပုဂ္ဂလိက ဆင်ပိုင်ရှင်များက အစိုးရထံ  ငှားရမ်းထားခြင်းဖြစ်ပါသည်။

အစိုးရထံတွင် သစ်ဆွဲလုပ်ငန်းများကို ဆင်ကောင်ရေ ၂၀ ဖြင့် လုပ်ကိုင်နေသော ဆင်သမားတစ်ဦးက သစ်လုပ်ငန်းများ လျှော့ချသည့်အတွက် သစ်ဆွဲဆင်များ အလုပ်မရှိလျှင် သူပိုင်ဆင်များကို ရောင်းချမည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနအား ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဆင်များ၏ အခြေအနေမှာ ယခင်ကကဲ့သို့ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်သူမရှိဘဲ ဒုက္ခရောက်သွားနိုင်စရာရှိသည်ဟု ဆင်ပိုင်ရှင်များနှင့် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက် ရေးသမားများက ပြောကြားသည်။

မြန်မာနိုင်ငံသည် အာရှတွင် ဆင်ကောင်ရေအများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက ဆင်ကို သစ်ထုတ်လုပ်ငန်းတွင် အသုံးပြုခိုင်းစေသည့် နိုင်ငံဖြစ်ပါသည်။

7DAY DAILY

အပြည့်အစုံသို့ »

ရန်ကုန်တွင် တစ်ရက်တည်း လူငါးဦး ရေနစ်သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်မြို့တော်တွင် နိုဝင်ဘာလ ၂ ရက်နေ့ တစ်ရက်တည်းတွင် ရေနစ်သေဆုံးမှုပေါင်း ငါးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက်၊ ဂန္ထဝင်လမ်းတွင် နေထိုင်သူ ဦးဝင်းမြင့်စိုး ဆိုသူသည် ယင်းလမ်းရှိ အကျယ်လေးပေ၊ အနက်နှစ်ပေရှိ ရေမြောင်းထဲတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က သေဆုံးခဲ့ကြောင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် နံနက် ၉ နာရီခန့်က ဦးထွန်းလင်းမြတ် (ခ) ကြက်ဖကြီး (ခ) ဆံရှည် ဆိုသူမှာ ဝေဘာဂီမြို့သစ် ၄ ရပ်ကွက် မလိခလမ်း အတွင်းရှိ လမ်းဘေးရေအိုင် အတွင်းတွင် သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးစလုံး အရက်သောက်သုံး ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကျန်ရေနစ် သေဆုံးမှုမှာ ပြည်လမ်းရှိ အင်းလျားကန်ထဲတွင် နံနက် ၁၁ နာရီ ဝန်းကျင်က အသက် ၅၅ နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသေဆုံးနေသည်ကို တံတားဖြူ မှတ်တိုင်အနီး ကန်ဘောင်ပေါ် ရောက်ရှိနေသူ များက တွေ့မြင်ခဲ့ကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စတုတ္ထမြောက် ဖြစ်စဉ်သည် တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာ ဦးမောင်ဇော် အုတ်ကွင်းတွင် နေထိုင်သူ အသက် ၁၀ နှစ်အရွယ် မောင်စန်းမောင်မောင် နံနက် ၁၀ နာရီကျော်က အုတ်တူးသည့် ကျင်းဟောင်းရှိ ရေကန်ဘေးတွင် ငါးမျှားနေစဉ် ရေကန် အတွင်းသို့ ပြုတ်ကျ သေဆုံးခဲ့မှု ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ငါးယောက်မြောက် ရေနစ် သေဆုံးမှုမှာ ရွာမအနောက်ရပ်ကွက် ‘အောင်ဖြိုးကျော်’ သဲကွင်း အလုပ်သမား တန်းလျားတွင် နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ က ဖြစ်ပွားခဲ့ပြီး အသက်လေးနှစ်အရွယ် မစိမ့်စိမ့်သူသည် မိခင်ဖြစ်သူ ဈေးဝယ်သွားစဉ် နေအိမ်အနောက်ဘက် ပေ ၂၀ ခန့်အကွာရှိ လှိုင်မြစ်လက်တက် ချောင်းအတွင်း ရေနစ်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

အပြည့်အစုံသို့ »