မိကျောင်းကန် မြေသိမ်းခံရသူများနဲ့ လွှတ်တော်အမတ်များ တွေ့ဆုံ


လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က မြေသိမ်းခံရသူတွေကို ခေါ်ယူတွေ့ဆုံပြီး လိုအပ်တဲ့အချက်အလက်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ၊ ဦးအောင်သိန်းလင်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ကြောင်း မိကျောင်းကန်ရပ်ကွက်သား မြေဆုံးရှုံးသူတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းက ပြောပါတယ်။

“ကျနော်တို့ မိချောင်းကန်ကနေ တင်ပြထားတာရှိပါတယ်၊ မြေယာကော်မတီအနေနဲ့ မြေသိမ်းဥပဒေနဲ့ မညီညွှတ်တဲ့ သိမ်းထားတဲ့မြေတွေကို လုပ်ငန်းဆောင်ရွက်တဲ့ကိစ္စတွေအပေါ်မှာ အစိုးရအဖွဲ့ကနေပြီးတော့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် လွှတ်တော်ကော်မတီနဲ့ ကျနော်တို့ မိချောင်းကန်ပြည်သူတွေပူးပေါင်းပြီး မိချောင်းကန်ပြည်သူတွေဘက်ကလည်း လုပ်ရမယ့်ကမ်ပိန်းတွေကိုလည်းလုပ်ပါမယ်၊ လွှတ်တော်ကော်မတီကလည်း အကောင်းဆုံးနည်းနဲ့ အစိုးရဘက်ကို ထိတွေ့ဆက်ဆံပြီးတော့၊ မြေယာတွေကို မြေသိမ်းဥပဒေနဲ့အညီပြန်ပေးဖို့ တောင်းဆိုမှုတွေနဲ့ တင်ပြချက်တွေကိုလည်း လုပ်သွားပါမယ်ဆိုတဲ့အကြောင်း ကျနော်တို့ကို ကတိပေးထားပါတယ်”

မိကျောင်းကန်ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ တို့ကို လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်လောက်က တပ်မ ၂၂ က သိမ်းယူခဲ့ပြီး အဲဒီရပ်ကွက်ကဒေသခံတွေကို တခြားနေရာတွေကို ရွှေ့ပြောင်းစေခဲ့တာပါ။

အခုဆိုရင် ရပ်ကွက် ၁ မှာ အဆောက်အဦးတွေရှိနေပြီး ရပ်ကွက် ၂ နဲ့ ၃ မှာလည်း ခြံစည်းရိုးခတ်တာတွေရှိနေတဲ့အတွက် အဲဒီလိုလုပ်ဆောင်နေတာကို ရပ်တန့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

မိကျောင်းကန်ရပ်ကွက်ကမြေတွေကို ပြန်ပေးဖို့အတွက် မိကျောင်းကန်သားတွေဟာ သင်္ဃန်းကျွန်းမြို့နယ်နဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွေမှာ ၇ ကြိမ်တိုင်တိုင် ဆန္ဒပြတောင်းဆိုခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာလက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၄ ရက်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

ပွင့်ဦးပရိဘောဂစက်ရုံ လေးနာရီကျော်ကြာ မီးလောင်


ရန်ကုန်၊ နိုဝင်ဘာ ၆

ဒဂုံ(အရှေ့)ပိုင်းမြို့နယ် ဒဂုံ(အရှေ့)စက်မှုဇုန်အတွင်းရှိ ပွင့်ဦးပရိဘောဂစက်ရုံသည် ယနေ့နံနက်တွင် ၀ါယာရှော့မှစတင်ပြီး လေးနာရီကျော်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း မီးငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပွင့်ဦး ပရိဘောဂနှင့် မွေ့ယာစက်ရုံသည် နံနက် ၆နာရီမိနစ်၃၀မှ စတင်လောင်ကျွမ်းနေပြီး နံနက် ၁၀နာရီကျော်ထိ မီးမငြိမ်းဘဲ တငွေ့ငွေ့လောင်ကျွမ်းနေကြောင်း၊ ယင်း မီးလောင်ကျွမ်းမှုကြောင့် ပွင့်ဦး စက်ရုံတစ်ရုံလုံး မီးလောင်ကျွမ်းပြီး အဆိုပါ မီးကို ငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇေယျက ပြောကြားသည်။

“နောက်မှ မေးပါ ကျွန်မအပူသောကရောက်နေလို့ပါ”ဟု ပွင့်ဦးပရိဘောဂ စက်ရုံပိုင်ရှင်တစ်ဦးဖြစ်သည့် အသက် အရွယ် ၃၀ကျော်အရွယ် တရုတ်အမျိုးသမီးတစ်ဦးက ငိုလျှက်ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ်အစီး ၅၀ကျော် လာရောက်ငြိမ်းသတ်နေပြီိး တငွေ့ငွေ့လောင်ကျွမ်းနေမှုကို နံနက် ၁၁နာရီ ၄၀ထိ ငြိမ်းသတ်နေကြောင်း ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် Nတင်ဝင်းက ဆိုသည်။

ပွင့်ဦးစက်ရုံမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမည်မျှရှိသည်ကို မတွက်ရသေးကြောင်း၊ ယင်းစက်ရုံကို ကမ္ဘောဇဘဏ်တွင် အာမခံထားထားကြောင်း ယင်းစက်ရုံထံမှ သိရသည်။

ကြည်ပြာ

People power

အပြည့်အစုံသို့ »

စစ်သားတစ်ဦး၏ အလောင်းတစ်လောင်းအား ကြံစိုက်ခင်းအနီးမှ တွေ့ရှိ


နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကြံစိုက်ပျိုးရေးတပ်ပိုင် စိုက်ခင်းအနီးတွင် ယခုလ ၅ ရက်နေ့မနက် ၇ နာရီခွဲအချိန်ခန့်က စစ်သားတစ်ယောက်၏ အလောင်းအား တွေ့ရှိရကြောင်း ဇီးကုန်းနယ်မြေ ရဲစခန်း၏ မှုခင်းဆိုင်ရာ မှတ်တမ်းများ၌ ဖော်ပြထား သည်ဟု သိရသည်။

ထိုသို့ ဖော်ပြထားရခြင်းမှာ ကြံစိုက်ပျိုးရေးတပ်တွင် ဒု - တပ်ရင်းမှူး တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူး မျိုးမြင့်ဦး ဆိုသူမှ နယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားချက်များအရ ဖော်ပြထားရခြင်းဖြစ်ကြောင်း အဆိုပါ ဒေသရှိ ရဲဝန်ထမ်းတစ်ဦးက အတည်ပြုပြောကြားသည်။

ဗိုလ်မှူး မျိုးမြင့်ဦးမှ ဖုန်းဆက်သွယ်ခဲ့ပြီးနောက် ဇီးကုန်းနယ်မြေရဲစခန်းရှိ တာဝန်မှူး ဒုရဲအုပ် ကီးနိန်ကီးနှင့်အဖွဲ့မှ ကြံစိုက်ပျိုး ရေးတပ်ပိုင် ကြံစိုက်ခင်းရှိရာ အရပ်သို့သွားရောက်ခဲ့ကြသည်။ ထိုအရပ်သို့ရောက်သောအခါ ကြံစိုက်ခင်းအနီး ရေထဲ၌ လူတစ်ဦး မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သေဆုံးနေသူမှာ ကိုယ်ပိုင်အမှတ် တ/ ၂၀၈၈၀၅ တပ်သား ဖုန်းဝေ အသက်(၃၂)နှစ်ဆိုသူဖြစ်ကြောင်း သိရသည်။ ထိုသူသည် တပ်မတော်သား တစ်ဦးဖြစ်ကြောင်း အဆိုပါ ကြံစိုက်ပျိုးရေး တပ်မှ အတည်ပြုပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ကြံစိုက်ခင်းအနီး စစ်သားတစ်ဦးသေဆုံးနေခြင်းအား ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ဇီးကုန်းနယ်မြေရဲစ ခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၃ အရ အမှုရေးဖွင့်ခဲ့သည်။ ထိုအမှုကိုလည်း စခန်းမှူး ရဲအုပ် ၀င်းမြင့်မှ စစ်ဆေး လျက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)

အပြည့်အစုံသို့ »

ကိုယ်ဝန်ဆောင်မိခင်များ လက်ဖက်စိမ်း သောက်သုံးရန် မသင့်


ကိုယ်ဝန်ဆောင်စဉ်အချိန်၌ လက်ဖက်စိမ်းသောက်ခြင်းသည် အနည်းငယ်မျှဖြစ်ပါက အန္တရာယ်မရှိ နိုင်သော်လည်း အလွန်အကျွံ သောက်သုံးခြင်းက ဘေးဥပဒ်ဖြစ်စေနိုင်သည်။ ရိုးရိုးလက်ဖက်ရည်ထက် ယင်းတွင် ကဖိန်းအနည်းငယ်ပါဝင်သည်။

သို့ဖြစ်၍ ကော်ဖီ၊ အအေး စွမ်းအားဖြည့် အချိုရည်၊ ချောကလက်၊ cake များသည် အလားတူ ဖြစ်သဖြင့် ချင့်ချိန်သောက်ရမည်။ လက်ဖက်စိမ်း သည် သာမန်လူများအတွက် အင်တီအောက်စီးဒင့်ပါဝင်သဖြင့် အရွယ်အိုမင်းမှုကို ဟန့်တားစေပြီး သောက်ရန် သင့်တော်သည်။

သို့သော် လက်ဖက်စိမ်းသည် ကိုယ်ဝန်ဆောင်များတွင် လိုအပ်သော “ဖောလစ်အက်ဆစ်”ကို လျော့နည်းသွားစေသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနှင့် ပထမ (၁၂)ပတ်တွင် အရေးကြီးသောအာဟာရအဖြစ် “ဖောလစ်အက်ဆစ်”ကို လိုအပ်သည်။

ထိုမျှမက လက်ဖက်စိမ်းကဲ့သို့သော အခြားသောလက်ဖက်ရည်များသည် အစာအာဟာရထဲမှ သံဓာတ်ကို စုပ်ယူသဖြင့် လက်ဖက်စိမ်းကို မိမိ၏အစာနှင့်အတူ သောက်သုံးရန်မသင့်ချေ။

Health Updates Journal

အပြည့်အစုံသို့ »

သင်လုံးဝသတိမထားမိဘဲ သင့်ကို အ၀လွန်စေသောအချက်များ


(၁) စိတ်ဖိစီးမှု
စိတ်ဖိစီးမှု များခြင်းကတော့ သင်ဘာလို့ လွယ်လွယ်နဲ့ အလေးချိန် မကျတာလဲဆိုတဲ့ အကြောင်းထဲမှာ တစ်ခုအပါအ၀င်ပါပဲ။ စိတ်ဖိစီးမှုများခြင်းအားဖြင့် အစာစားချင်စိတ်ကို ပိုဖြစ်ရုံသာမက Cortisol  လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထွက်စေပြီး ယင်းက ၀မ်းဗိုက်တစ်ဝိုက်မှာ အဆီပိုတွေ ပိုမိုစုဆောင်းမိစေနိုင်ပါတယ်။

(၂) အပြင်းအထန် အစားအသောက်လျော့ချခြင်း
ကိုယ်အလေးချိန်ကျဖို့အတွက် အပြင်းအထန် အစားအသောက် လျော့ချတာက အဆီသာမက ကြွက်သားတွေနဲ့တစ်သျှူးတွေပါ လျော့ကျသွားပါတယ်။ ရလာဒ်ကတော့ ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်စဉ် နှေးကွေးသွားပြီး သင့်အစားလျော့ချမှုကို ရပ်လိုက်တဲ့အခါမှာ ဇီဝရုပ်ဖြစ်စဉ် နှေးကွေးနေတဲ့အတွက် အလေးချိန် သိသာစွာတိုးလာနိုင်ပါတယ်။

ဘာလုပ်ကြမလဲ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားမှုအလေ့အကျင့်ကို တဖြည်း ဖြည်းကျင့်ယူပါ။ ခန္ဓာကိုယ်က ဖြည်း ဖြည်းနှေးနှေးပြောင်းလဲမှုကို ပိုပြီး ကောင်းကောင်းမွန်မွန် တုံ့ပြန်ပါ တယ်။

(၃) ဘုံဘိုင်ရေ
အင်္ဂလန်မှာတော့ ဘုံဘိုင်ရေ အားလုံးရဲ့ ၁၀% ခန့်ဟာ ဖလိုရိုက်ခတ်ထားပြီး ယင်းက သင့်သွားကျန်းမာရေးအတွက် အဆင်ပြေသော်လည်း ကိုယ်အလေးချိန်ကျဖို့ အတွက်တော့ အဆင်မပြေပါဘူး။ အကြောင်းကတော့ ဖလိုရိုက်က ခန္ဓာကိုယ်ကနေ ဘိုင်အိုဒင်းမစုပ်ယူနိုင်အောင် တားထားတဲ့အတွက် သိုင်းရွိုက်ဟော်မုန်းထုတ်မှုအား လျော့ကျစေပြီး  ရလဒ်အနေနဲ့ ဇီဝရုပ်ဖြစ်စဉ် နှေးကွေးသွားတာပါပဲ။

ဘာလုပ်ကြမလဲ
ဖလိုရိုက်ခတ်ထားတဲ့ရေအစား သဘာဝရေသန့်ကို ပြောင်းသောက်ပါ။

(၄) allergy   (ဓာတ်မတည့်မှု)
အလာဂျီရှိတတ်တဲ့သူတွေဟာ ဓာတ်မတည့်မှု သက်သာစေဖို့အတွက်  (antihistamine)  ဆေးတွေသုံးလေ့ရှိပြီး ယင်းဆေးတွေက အစား အသောက်စားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။

ဘာလုပ်ကြမလဲ
ဓာတ်မတည့်မှု သက်သာဖို့ ဆေးသောက်မယ့်အစား   သဘာဝနည်းနဲ့ရင်ဆိုင်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

(၅)အိပ်စက်ချိန်မလုံလောက်ခြင်း
အိပ်စက်ချိန်မလုံလောက်ခြင်းကလည်း သင့်ရဲ့ဇီဝရုပ်ဖြစ်စဉ်ကို နှေးကွေးစေပြီး ကယ်လိုရီလောင်ကျွမ်းမှု နည်းစေကာ ပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်စေပြီး ယင်းကိုသက်သာစေရန်အတွက် အချိုဓာတ် ပိုမိုစားမိစေကာ ကိုယ်အလေးချိန်ပိုတိုးစေပါတယ်။

ဘာလုပ်ကြမလဲ
တစ်ရက်ကို ၇ နာရီမှ ၈ နာရီထိ အိပ်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

အပိန်လေး
ref:Netdoctor.co.uk

အပြည့်အစုံသို့ »

ဆောင်းရာသီ အသားခြောက်၊ ကွဲခြင်းအတွက်


(၁) အသားအရေ၊ ခြောက်သွေ့မှု အတွက် ဒိန်ချဉ်ခွက်(၁)၀က်နှင့် သင်္ဘောသီး စားပွဲဇွန်း (၃)ဇွန်းကို ခြေ၍ရောလိမ်းပါ။

(၂) မျက်နှာနှင့် ခန္ဓာကိုယ်အသား ခြောက်ခြင်းအတွက် ဖရုံသီးအင်ဇိုင်း နှင့် သစ်ဂျပိုးခေါက်အမှုန့် စားပွဲဇွန်း တစ်ဝက်ကိုရော၍ (၅)မိနစ်မှ (၁၅)မိနစ်အထိလိမ်းပါ။

(၃) လက်နှင့်ခြေထောက်အတွက် စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီ၊ ဘလူးဘယ်ရီသီးကို ဂျုံစပါး၊ ခွက် တစ်ဝက်နှင့် သစ်သီးဖျော်ရည်စက် တွင် ရောကြိတ်ပြီးလိမ်းပါ။

(၄) နှုတ်ခမ်းကွဲခြင်းအတွက် ပျားရည် ကို နံနက်အိပ်ယာမှနိုးသည့် အချိန် တွင်လိမ်းပေးပါ။ နှုတ်ခမ်းအပြင် ဖနောင့်နှင့် တံတောင်ဆစ်တို့ တွင်ပါ လိမ်းပေးနိုင်ပါသည်။

(၅)ချေးချွတ်ရန်အတွက် သကြားနှင့် မည်သည့်ဆီအမျိုးအစားနှင့် မဆိုဆ တူရောပြီး ပွတ်၍ချေးချွတ်နိုင်သည်။ ပို၍ထိရောက်သော ဗီတာမင်ကို ရရှိ စေလိုလျှင် ပျားရည်စား ပွဲဇွန်း (၂)ဇွန်း၊ သံပရာရည်ကို ရောလိမ်းပေး ပါ။

(၆) လက်သည်းပန်းကုံး၊ လက်၊ တံ တောင်ဆစ်တို့ ချေးချွတ်ရာ၌ဖြစ်စေ၊ မိတ်ကပ်ဖျက်ရာတွင်ဖြစ်စေ၊ ခန္ဓာ ကိုယ်တစ်ခုလုံး ယားယံသလိုဖြစ် သည့်အခါတွင်ဖြစ်စေ သံလွင်ဆီကို လိမ်းပေးပါ။

နှင်း

Health Updates Journal No. 90

အပြည့်အစုံသို့ »

သွားနာခြင်းကိုပျောက်စေမည့် နည်းလမ်းအသွယ်သွယ်


အနာမျိုး (၉၆)ပါးထဲမှာ ခံစားရ ခက်ခဲတဲ့ သွားရောဂါဝေဒနာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ သွားပိုးစား၍ သွားကိုက်တာမျိုးမဟုတ်ဘဲ အပူကန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွားဖုံးနာခြင်း၊ သွားဖုံး ပြည်ယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားနဲ့ ခြင်း၊ မှက္ခရုနာများ၊ ရေခဲတုံး (သို့မဟုတ်) အစာမာမာ ဖိကိုက်မိခြင်းစတဲ့ ခံတွင်း ရောဂါအမျိုးမျိုးတို့ကြောင့် သွားနာရောဂါ ဖြစ်တတ်ပေရာ အောက်ပါရိုးရှင်းလွယ်ကူ တဲ့ အိမ်တွင်းကုထုံးလေးများဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

(၁) ရေနွေးနွေးလေးထဲမှာ ဆားနည်း နည်းခပ်၊TeaTree Oil (ခေါ်) လက်ဖက် စိမ်းရွက်အဆီထည့်ပြီး အာလုတ်နာနာ ကျင်းပေးပါ။ (Tea Tree Oil ကို City Mart ဆိုင်တွေမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါတယ်) လက်ဖက်ခြောက် ရေ နွေးကြမ်း ငုံပေးခြင်းကလည်း သွားနာ၍ ထုံကျဉ်ခြင်းကို သက်သာလာစေပါတယ်။

(၂) ကြက်သွန်ဖြူနဲ့ လေးညှင်းပွင့်များ ကလည်း သွားနာခြင်းကို သက်သာစေပါ တယ်။ ကြက်သွန်ဖြူကို ညက်ညက် ထောင်း၍ နာနေတဲ့သွားပေါ်အုံပေးပါ (သို့မဟုတ်) လေးညှင်းပွင့်ငုံထားပါ။

(၃) နာနေတဲ့သွားရဲ့ပါးပြင်ကို အပေါ် ကနေ ရေခဲအိတ်ကပ်ပေးပါ။ ဒီနည်းက သွားနာခြင်းကို သက်သာစေတဲ့အပြင် ရောင်ကိုင်းမှုကိုပါ ပြေလျော့စေပါတယ်။

(၄) သစ်ကြံပိုးခေါက်နဲ့ မုန့်ဖုတ်ဆော်ဒါ တွေကလည်း သွားနာခြင်းအတွက် ဆေး ကောင်းလေးတွေပါပဲ။

(၅) ၁၉၉၃-၁၉၉၄ ခုနှစ်ကာလများမှာ တိုင်းရင်းဆေးသုတေသနဌာနခွဲနဲ့ သွား ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့ပူးပေါင်း သုတေသနတွေ့ရှိချက်အရ ဒန္တသုခပြုတ် ရည် ၁ ရာခိုင်နှုန်းငုံဆေးရည်ရဲ့ အကျိုး အာနိသင်ဟာ ဝ ဒသမ ဝ၂ ရာခိုင်နှုန်း Chlorhexidine Gluconate ငုံဆေးရည်နဲ့ အကျိုးအာနိသင်တူညီကြောင်း တွေ့ရှိပြီး ဖြစ်ပါတယ်။ ၄င်းပြုတ်ရည်ကို ငုံထွေး ခြင်းဖြင့် သွားကျောက်တည်ခြင်း၊ သွားဖုံး ရောင်ခြင်းကိုပါ သက်သာပျောက်ကင်း နိုင်ပါတယ်တဲ့။ ဒါ့အပြင် သွားနာခြင်းစတဲ့ သွားရောဂါအမျိုးမျိုးတို့အတွက် ဒန္တသုခ အရွက်သတ္တုရည်ညှစ်၍ လိမ်းပေးပါ (သို့မဟုတ်) အရွက်/အကိုင်း/အခြောက် ခံကာ ရေနွေးကြမ်းကဲ့သို့ သောက်ပေးပါ။

(၆) သွားဖုံးရောင်၍ သွားနာခြင်းအတွက် နနွင်းမှုန့်နှင့် ရေနွေးဖျော်၍ငုံပေးခြင်း၊ နနွင်းမှုန့်ထည့်၊ ဆားထည့်၍သောက်ပေး ခြင်း၊ သွားအောက်ခြေတွင် နနွင်းမှုန့်သိပ် ပေးခြင်း စသည်ဖြင့်ပြုလုပ်နိုင်ပါတယ်။

(၇) သွားနဲ့သွားဖုံးရောဂါအမျိုးမျိုးတို့ အတွက် ဖန်ခါးသီးရေအေးစိမ်ပြီး ငုံထွေး ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ (ရေခဲရည်မဟုတ်ပါ)

(၈) တမာရွက်ခြောက်မှုန့်ကို သိန္ဓောဆား ဆတူကြိတ်ပြီး နံနက်တိုင်းသွားတိုက်ပေး ခြင်းဖြင့် သွားနာ၊ သွားကိုက်၊ သွားပိုး စား၊ သွားဖုံးရောင်၊ ခံတွင်းပုပ်ရောဂါစတဲ့ ခံတွင်းရောဂါများအပြင် နှုတ်မမြိန်သော ရောဂါတို့ကိုပါ ပျောက်ကင်းစေပါတယ်။

(၉) သွားနာ၊ သွားဖုံးရောင်၊ သွားဖုံးပြည် ယို ရောဂါများကို မာလကာခေါင်ပြုတ် ရည်ငုံပေးခြင်း(သို့မဟုတ်) မာလကာသီး အစေ့မှုန့်ကို သွားအောက်ခြေ(သွားခြေ) တွင် သိပ်ပေးခြင်းဖြင့် သက်သာပျောက် ကင်းစေပါတယ်။

(၁ဝ) သွားဖုံးသွေးထွက်တတ်သူများ သံပရာရည်ကို နေ့စဉ်သောက်ပေးပါ။

(၁၁) သင်္ဘောသီး(အစေး)များက သွား နာ၊ သွားကိုက်ရောဂါအတွက် ဆေးဖက် ဝင်လှပါတယ်။

(၁၂) ကြိတ်မှန်ရွက်ကို အမှုန့်ထောင်း၍ ရလာသောအမှုန့် လက်ဖက်ရည်ဇွန်းတစ် ဇွန်းစာကို နွားနို့တစ်ခွက်ဖြင့် ညအိပ်ရာ ဝင်ခါနီးတိုင်း တစ်လကြာအောင်သောက် ပေးခြင်းဖြင့် ယိုင်နဲ့နေသောသွားများကို ခိုင်မာလာစေပါတယ်။

(၁၃) နတ်ဆေးဂမုန်းကိုလှီး၍ အခြောက် ခံပါ။ သွားကိုက်၊ သွားနာ၊ သွားနဲ့၊ သွားဖုံးရောင်ခြင်းတို့အတွက် အိပ်ရာဝင် ခါနီးတိုင်း ထိုနတ်ဆေးဂမုန်းအခြောက် ကို ကွမ်းဝါးသကဲ့သို့ ငုံထားပါ။ ၄င်းနတ် ဆေးဂမုန်းအပင်မြစ်ကိုလည်း ကျကျပြုတ် ၍ ငုံပေးပါ။ နံနက်အိပ်ရာထတဲ့အခါ နာကျင်ခြင်းဝေဒနာများ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

(၁၄) သွားဖုံးရောင်ခြင်းနဲ့ သွားရောဂါ အမျိုးမျိုးတို့အတွက် ပူဒီနာရွက်သတ္တုရည် ကို ပါးစပ်ထဲထည့်ပေးပါ။

(၁၅) ပျဉ်းတော်သိမ်အရွက်၊ အခေါက် တို့ကို ဆားအနည်းငယ်ထည့်၍ ပြုတ် သောက်ပေးခြင်းဖြင့် သွားနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

The Union Daily

အပြည့်အစုံသို့ »