ပေါက်တောမြို့နယ်မှ အသက် (၅) နှစ်အရွယ် ကလေးမ သတ်မူ ၅ ဦး အဖမ်းခံရ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စောမဲကျီ ခမီးရွာတွင် အသက် (၅) နှစ်အရွယ် မဇလပ်ဝါ အသတ်ခံရမူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၅) ဦးကို ရဲက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးခံရသူများမှာ စောမဲကျီရွာတွင် နေထိုင်သူ (၁) ကိုအောင်နိုင်စိုး (၂) မောင်ကာလု (၃) ခင်ထွန်းမောင် (၄) ကိုရင်မောင် နှင့် (၅) ကိုဦးကျော်ဝင်တို့ ဖြစ်ကြပြီး ငါးယောက်စလုံးမှာ ခမီးအမျိုးသားများ ဖြစ်ကြသည်ဟု စောမဲကျီရွာမှ လူကြီး တစ်ဦးက ပြောသည်။

“ သူတို့ကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မနေ့က ပေါက်တော ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။ အခု ပေါက်တော ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေပါတယ်” ဟု ယင်းက ဆိုသည်။

ပေါက်တောရဲစခန်းသို့ ဆက်သွယ်ရာ ဖုံးအဆက်အသွယ် မရရှိခဲ့ပါ။

မဇလပ်ဝါ (၅) နှစ်သည် ခမီး လူမျိုး ဦးရွှေမိ၊ ဒေါ်ဝါ၀ါဦးတို့၏ သမီးဖြစ်ပြီး နိုဝင်္ဘာလ ၁၇ ရက်နေ့ ညနေက ရွာထဲတွင် အခြား အပေါင်းဖေါ်များနှင့် ကစားနေစဉ် ပျောက်ဆုံးသွားပြီးနောက် သတ်ဖြတ်ခံခဲ့ရသည်။

သူမ၏ အလောင်းအား နောက်တစ်နေ့ နံနက်တွင် မြုပ်နှံထားရာ မြေထဲမှ တူးဖေါ် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ပေါက်တော အခြေစိုက် ဗျုဟာမှ ဗျူဟာမှူးလည်း အခင်း ဖြစ်ပွားရာ စောမဲကျီ ကျေးရွာသို့ ရောက်ရှိလာပြီး စုံစမ်း စစ်ဆေးမေးမြန်းမူများ ပြုလုပ်သွားကြောင်း၊ ယင်းအပြင် နီးစပ်ရာ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းမှ လူအချို့ကိုလည်း စစ်ဆေးမူများ ရှိနေကြောင်း သိရသည်။
(နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)

အပြည့်အစုံသို့ »

မြန်မာအမျိုးသမီးများကို အဓိကထားပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်အစိုးရ အဖွဲ့ထံအကြောင်းကြား

ရွှေလီဘက်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေး မိတ်ဆက် လက်ကမ်းစာစောင်အား တွေ့ရစဉ်

မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော မိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရုတ်အစိုးရထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ယင်းမြန်မာအမျိုးသမီးများကို အဓိကထား လုပ်ဆောင်နေသည့် မိတ်ဆက် လက်ကမ်းစာစောင်များမှာ ယခုလပိုင်းအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်နယ်စပ်တွင် ကျယ်ကျယ်ပြန်ပြန့် ဖြစ်ပေါ်နေကြောင်းလည်း မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"အဓိကကတော့ မြန်မာဘက်ခြမ်းကိုတော့ အဲဒီလက်ကမ်း ကြေညာစာစောင်တွေ မ၀င်လာရဲဘူး။ ဒါပေမဲ့ ရွှေလီဘက်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ သူတို့တွေက အဓိကဖြန့်နေတာ ဈေးတွေထဲမှာလို့တော့ သိရတယ်။ အဲဒီအတွက်လည်း တရုတ်အစိုးရကို အကြောင်းကြားစာ ပို့ထားပြီးပြီ။ အဲဒါကိုလည်း သူတို့ရဲတပ်ဖွဲ့ကလည်း ကျွန်တော်တို့နဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါပြီ"ဟု မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် ယင်းအိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များကို ဖြန့်ဝေသူများအား ဖမ်းဆီးသတိပေးရန် လုပ်ဆောင်ရာ မှုအပိုင်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အခု ဒီမြန်မာ မိန်းကလေးတစ်ယောက်ကို ဘယ်လောက်ပေးမယ်တို့။ ကြားပွဲစားကို ဘယ်လောက်ပေးမယ်တို့ပါရှိတဲ့ လက်ကမ်းစာစောင်ထဲက ဖုန်းနံပါတ်ကိုဆက်ပြီး လိုက်နေတယ်။ ဒါပေမဲ့ ဖုန်းက ဘယ်လိုမှ ဆက်သွယ်မရဘူး။ အဲဒီအတွက် ဖြစ်စဉ်ဖြစ်နိုင်မယ့် နေရာတွေမှာ တရုတ်နယ်ထိန်းတွေက စောင့်ကြည့်နေ စုံစမ်းနေပါတယ်" ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

လတ်တလော ထွက်ပေါ်နေသော အဆိုပါ လက်ကမ်းစာစောင်များမှာ တရုတ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားချက်အရ "အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း" တရုတ်ပြည်မကြီးတွင် အိမ်ထောင်ပြုလျှင်သာလွန်မှု-အဖေ၊ မိဘ၊ ညီအစ်ကိုမောင်နှမတို့ တရုတ်ပြည်မကြီး အတွင်းသို့ ဆွေမျိုးသားချင်းများ တွေ့ဆုံနိုင်ခြင်း၊ အလုပ်လုပ်နိုင်ခြင်း၊ တရုတ်ပြည်မကြီးတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ စက်ရုံများပြားသည်။ အမျိုးသမီ လစာငွေသည် ယွမ် ၂၅၀၀၊ ယောက်ျားလေး လစာငွေသည် ယွမ် ၄၅၀၀ရှိသည်။ အကယ်၍ သင့်တွင် ဆွေမျိုးပေါက်ဖော် မိတ်ဆွေသူငယ်ချင်းများ တရုတ်ပြည်တွင် အိမ်ထောင်ပြုချင်လျှင် ကျွန်တော်နှင့် ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျေးဇူးတင်ငွေ ယွမ် ၃၀၀၀ ပေးမည်။တရုတ်ပြည်တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ်ရယူနိုင်သည်ဟု ပါရှိသည်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေးကပ် ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရခြင်းတို့မှာ လူကုန်းကူးခံရမှု ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းအရာဖြစ်ပြီး လူကုန်းကူမှု အမှုအရေအတွက်အရ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါး အထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။

Eleven Media Group

အပြည့်အစုံသို့ »

ပျက်သွားတဲ့ Data တွေဘယ်လိုပြန်ယူကြမလဲ


21.11.2013

ကွန်ပျူတာသုံးရင်း မမျော်လင့်ပဲ ဖျက်မိတဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ ဖျက်မိတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ ဒီအတွက် ပျက်ဆီးသွား တဲ့ အချက်အလက် ဓာတ်ပုံများကို ပြန်ယူလို့ရတဲ့ ဆော့ဖ်ဝဲများ ကိုလည်း သိထားမယ်ထင်ပါတယ်။

တော်တော်များများက ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး အခမဲ့ ရတာ ရှားပါတယ်။ ယခုပေးမယ့် Link ကတော့ အခမဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။
မိမိ Delete လုပ်လိုက်ခြင်းသော်လည်းကောင်၊ မမျော်လင့်ပဲ ပျက်သွားခြင်း ကြောင့်သော်လည်းကောင် ယင်း အချက်အလက်၊ Data များဟာ အမှန်တကယ် မပျက်ဆီးသွားပါဘူး။ နေရာယူမှု အနည်းဆုံးနိုင်ဆုံး နည်းနဲ့ ကွန်ပျူတာ Storage ရဲ့ တစ်နေရာရာမှာ ကျန်ရှိနေတတ်ပါတယ်။ ဒါကို ပြန်ယူ recover လုပ်ပေးမယ့် နည်းလမ်း ဖြစ်ပါတယ်။
အောက်ပါ လခ့်မှာ ဆော့ဖ်ဝဲ ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်။

http://www.filehippo.com/download_recuva
(download latest version ဆိုတာနှိပ်ပြီး ဒေါင်းလိုက်ပါ)

ဒေါင်းလုပ်ခ်ဆွဲပြီးပြီဆိုရင် ထုံးစံအတိုင်းပဲ Install လုပ်အသုံးပြုလို့ ရပါပြီ။ ကွန်ပျူတာမှာ စတင်ဝယ်ပြီး အသုံးပြုကတည်းက ဖျက်ထားသမျှ အချက်အလက်အားလုံး ပြန်ပေါ်လာမှာ ဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် Recover လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို၊ App အစရှိသဖြင့် ရွေးခိုင်းပါသေးတယ်။ တစ်ခါ အသုံးပြုရင် တစ်မျိုးပဲ ရှာလို့ရတဲ့ သဘော ရှိပါတယ်။
Recover လုပ်တဲ့အချိန် အနည်းငယ်ကြာတတ်ပြီး အားလုံး ပြန်ရမှာ ဖြစ်ပါ တယ်။ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

နည်းပညာအတိုအစများ

အပြည့်အစုံသို့ »

ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ရခိုင်ပြည်နယ် ရပ်မိရပ်ဖနှင့် အာဏာပိုင် များကို အမေရိကန်သံရုံး တိုက်တွန်း


ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ် အတွင်းရှိ လူမှု အဖွဲ့အစည်းများအကြား ပဋိပက္ခ အသစ်များ ထပ်မံ မဖြစ်ပွားစေရန် စောင့်ကြည့် ကြပ်မတ်ရေးကို ရခိုင်ပြည်နယ်ရှိ ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် များကို အလေးထား ဆောင်ရွက်ရန် အမေရိကန် သံရုံးက တိုက်တွန်းကြောင်း နိုဝင်ဘာ ၂၀ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ဗလီတစ်ခု ဖျက်ဆီးခံရခြင်းနှင့် ပဋိပက္ခကြောင့် ယာယီ ရွှေ့ပြောင်း နေထိုင်ရသူများအပေါ် တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ အပါအဝင် ယင်းဒေသရှိ လူမှု အဖွဲ့အစည်းများအကြား အကြမ်းဖက်မှု ထပ်မံဖြစ်ပွားလာမည့် အရိပ်အယောင် များကို အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ များတွင် ကျောက်တော်မြို့နှင့် ပေါက်တောမြို့တို့၌ အသက်ခြောက်နှစ် ဝန်းကျင်ရှိ မိန်းကလေးငယ် နှစ်ဦး နေအိမ်မှ ပျောက်ဆုံးပြီးနောက် ဒဏ်ရာများဖြင့် သေဆုံးလျက်သာ ပြန်လည် တွေ့ရှိရပြီး ကလေးငယ် တစ်ဦးမှာ အဓမ္မပြုကျင့် ခံရသည့် လက္ခဏာ များ တွေ့ရှိရသဖြင့် ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများအကြား အခြေအနေ တင်းမာမှုများ ရှိကြောင်း အဆိုပါ ဒေသခံများက ပြောဆိုသည်။

ယင်းဖြစ်စဉ် များကြောင့် ရခိုင်ဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ မပေါ်ပေါက်ရန်နှင့် လူ့အသိုင်းအဝန်း နှစ်ခုအကြား အပြန်အလှန် နားလည် လေးစားမှုနှင့် ငြိမ်းချမ်းစွာ လက်တွဲ နေထိုင်နိုင်ရန် သက်ဆိုင်ရာ ဘာသာရေးနှင့် လူမှု အဖွဲ့အစည်း ခေါင်းဆောင်များကို အမေရိကန် သံရုံးက ကြေညာချက်တွင် ထပ်မံ တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ် အတွင်းရှိ အခြေအနေ အရပ်ရပ်ကို အမေရိကန် သံရုံးက အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly

အပြည့်အစုံသို့ »

ကြာညိုပြင်ရွာမှ ၆ နှစ် အရွယ် ကလေးမ သတ်ဖြတ်မူ သံသယ ဖြစ်ခံရသူ ၇ ဦးအား ဖမ်းဆီး စစ်ဆေး



ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ် သတ်ဖြတ်မူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၇) ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

သံသယဖြင့် ဖမ်းဆီးခံသူများမှာ ရခိုင် လူမျိုး (၄) ဦးနှင့် မွတ်ဆလင် (၃) ဦးတို့ ဖြစ်ကြောင်း ကျောက်တော် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ သဲလွန်စတွေတော့ ပေါ်လာပါပြီ။ မကြာမီ ဖေါ်ထုတ်နိုင်ပါလိမ့်မယ်။ အခုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ ရခိုင် (၄) ဦးမှာ အခင်းဖြစ်ပွားရာ ကြာညိုပြင် ကျေးရွာမှ ဖြစ်ကြောင်းနှင့် တခြား မွတ်ဆလင် (၃) ဦးမှာ အနီးအနားရွာက ဖြစ်ကြောင်း ရဲတာဝန်ရှိသူမှ ပြောကြားသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရသည်မှာ တန်ဆောင်မုန်း လပြည့်ကျော် (၁) ရက် နိုဝင်္ဘာလ ၁၈ ရက်နေ့ ညနေတွင် ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာတွင် ရွာသားများ အုပ်စုဖွဲ့ပြီး ကိုယ့်အဖွဲ့နှင့်ကိုယ် ထမင်းချက်စားကြကြောင်း၊ ဆောင်းဘောက်နှင့် သီချင်းများ ဖွင့်ပြီး ထမင်း ချက်စားကြသဖြင့် ၁၂ နာရီကျော်လောက်အထိ ရွာထဲတွင် လူသွားလူလာများ ရှိခဲ့ကြောင်း၊ သေဆုံးသွားသူ ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီး မိမိငယ် (၆) နှစ်မှာ ည ၁၀ နာရီ ကျော်လောက်အထိ အိမ်တွင် ရှိနေခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း ည ၁၁ နာရီလောက်တွင် ပျောက်သွားခဲ့ကြောင်း၊ ၎င်းကလေးမလေးအား နောက်တစ်နေ့ ၁၉ ရက်နေ့ နံနက် စောစောပိုင်း ညဥ့် ၂ နာရီခန့်တွင် ရွာ အနောက်ဖက် ကိုက် ၁၅၀ အကွာ လယ်ကွင်းတွင် သေဆုံး၍ တွေ့ရှိခဲ့ရသည်ဟု သိရသည်။

မမိမိငယ်၏ အလောင်းအား အပေါက်ဝ တိုက်နယ် ဆေးရုံတွင် ဆေးစစ်ခဲ့ရာ သူမ၏ ဦးခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ မျက်လုံးညိုမဲ ဒဏ်ရာ ၁ ချက်နှင့် မိန်းမ အင်္ဂါစပ်တွင် သွေးယိုစီးနေသည်ကို ဆေးစစ်ချက်မှာ ရေးထားကြောင်း ဆေးရုံ ၀န်ထမ်း တစ်ဦးက ပြောသည်။
Narinjara
(နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)

ဆက်စပ်သတင်းများ
ရခိုင်ပြည်၌ အသက် ၆ နှစ်အရွယ် မ မိငယ်ကို မုဒိမ်းကျင့်မှု သတင်းအမှန်
ရခိုင်ပြည်နယ် ကျောက်တော်တွင် ခြောက်နှစ်အရွယ် သမီးငယ် သေဆုံးမှုကို သိရ၍ ထိုင်းနိုင်ငံရောက် မိခင်ဖြစ်သူ နေရပ်သို့ ပြန်လာ

အပြည့်အစုံသို့ »

ရခိုင်ပြည်နယ် ကျောက်တော်တွင် ခြောက်နှစ်အရွယ် သမီးငယ် သေဆုံးမှုကို သိရ၍ ထိုင်းနိုင်ငံရောက် မိခင်ဖြစ်သူ နေရပ်သို့ ပြန်လာ


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြာညိုပြင် ကျေးရွာ၌ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီခန့်က ခြောက်နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ပြီး နောက်တစ်နေ့နံနက်တွင် အလောင်းအား ရွာပြင် စပါးခင်း၌ တွေ့ရှိခဲ့ရာ အဆိုပါကလေးငယ်၏ မိခင်ဖြစ်သူ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်နေသော ဒေါ်မိုးမိုးစံသည် မြန်မာနိုင်ငံသို့ အမြန်ပြန် လာခဲ့ကြောင်း သိရသည်။

ဒေါ်မိုးမိုးစံသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် သူမ၏သမီး သေဆုံးကြောင်းသိရသဖြင့် ကော့သောင်း လေဆိပ်မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ ကြာညိုပြင်ရွာသို့သွားရန် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ဒေါ်မိုးမိုးစံ၏ ညီမဖြစ်သူ ဒေါ်လှလှရီက "အစ်မက သူ့ရဲ့သမီးကို ကျောင်းထားဖို့ဆိုပြီး အမေတွေဆီပို့ထားတာ သိပ်မကြာသေးပါဘူး။ သမီးလေး ခြောက်လအရွယ်လောက်ကတည်းက သူ့အဖေနဲ့ သဘောထားချင်း မတိုက်ဆိုင်တော့လို့ ကလေးကို သူ့မိခင်က ထိုင်းနိုင်ငံကို ခေါ်သွားပြီး အလုပ်လုပ်ခဲ့တာပါ"ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

"အဘိုးအဘွားတွေဆီကို ကျောင်းနေအရွယ်ရောက်လို့ ပြန်ပို့ထားတာ ခုနစ်လပဲ ရှိပါသေးတယ်။ သတင်းကြားကြားချင်း သူ့အမေနဲ့ အဆက်အသွယ်ရတာနဲ့ အမြန်ဆုံး လာခဲ့တာပါ" ဟု ဒေါ်လှလှရီက ဆက်လက် ပြောကြားသည်။
Eleven Media Group

ဆက်စပ်သတင်း --- ရခိုင်ပြည်၌ အသက် ၆ နှစ်အရွယ် မ မိငယ်ကို မုဒိမ်းကျင့်မှု သတင်းအမှန်

အပြည့်အစုံသို့ »

ဗဟန်းမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၂၁

၂၀.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ စက်မှု(၁)လမ်းရှိ AURORA BUSSINESS TOWER ဆောက်လုပ်ရေး
လုပ်ငန်းခွင်ရှေ့တွင် ကွန်ကရစ်လောင်းနေသော ပန်းရံလုပ်သားဖြစ်သူ
မောင်ဇော် (ဘ)ဦးနီ၊ မန္တလေးလမ်း၊ ကုလားကြီးစုကျေးရွာ၊ လှိုင်သာယာ
မြို့နယ်နေသူသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကွန်ကရစ်လောင်းနေစဉ် မြေပြင်သို့ချကာသွယ်တန်းထားသော လျပ်စစ်ဝါယာကြိုးအား ခြေဖြင့်နင်းမိစဉ် ဓါတ်လိုက်၍
လဲကျသွားပြီး ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာနှင့်အဖွဲ့မှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် ဗဟန်းမြို့မ ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁၇/၂၀၁၃)ဖြင့် ရေးဖွင့်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အပြည့်အစုံသို့ »