ဆေးဘယ်လိုသောက်ကြမလဲ

နေမကောင်းလို့  အရပ်ထဲကဆေးခန်း ဒါမှမဟုတ် အထူးကုဆေးခန်းမှာဘဲဖြစ်ဖြစ် သွားပြတဲ့အခါ များသောအားဖြင့် သောက်ဆေး/စားဆေးတွေ ပေးလေ့ရှိပါတယ်။ သက်ဆိုင်ရာ ဆရာဝန်/ ဆေးဝါးကျွမ်းကျင်သူ/ ဆရာမလေးတွေက ဆေးသောက်ပုံသောက်နည်းကိုရှင်းလင်းမှာကြားလိုက်သော်လည်း လူနာအချို့ က နားမလည်လို့ ဖြစ်စေ ရှင်းလင်းမှာကြားတဲ့သူကို ပြန်မေးရမှာ အားနာလို့ ဖြစ်စေ ဆေးသောက်ရာမှာ နည်းလမ်း လွဲချော်နေတာလေးတွေတွေ့ ရပါတယ်။

The biggest mistake by most human beings:
Listening Half
Understanding Quarter
Telling Double

လူအတော်များများက
တစ်ဝက်ဘဲနားထောင်၊ လေးပုံတစ်ပုံဘဲနားလည်ပြီး၊
ပြောတော့ နှစ်ဆ(ချဲ့ ကား) ပြောတတ်ကြတာမို့ လို့ ပါ

လိုရင်းကိုဆက်ပြောပါ့မယ်။ ဆေးသောက်တဲ့အခါမှာ
- အစာမစားမှီ (before meal)
- အစာစားပြီး (after meal) နဲ့ 
- ဆေးပတ်လည်အောင်သောက်ရန် (to complete the course)
-နံနက်/ညနေ/ ညအိပ်ယာဝင်သောက်ရန် စသဖြင့် ညွှန်ကြားလေ့ရှိပါတယ်။

ဒီနေရာမှာ before meal နဲ့  after meal ကအရေးကြီးလာပါပြီ။
- အစာမစားမှီ (before meal) ဆိုတာ အစာမစားခင် မိနစ် (၃၀) အလိုကိုပြောတာပါ။ အစားမစားခင် (၂) မိနစ်အလိုကိုပြောတာမဟုတ်ပါဘူး။
ဘာကြောင့် တချို့ ဆေးတွေကို အစာမစားခင်သောက်ခိုင်းတာလဲဆိုတော့ အစာရှိနေရင် ဆေးရဲ့  အာနိသင်ဆုံးရှုံးတတ်လို့ ပါ။

- အစာစားပြီး (after meal) ဆိုတာကတော့ အစာစားပြီး (၅) မိနစ်ကနေ (၁၀) မိနစ်အတွင်းဆေးသောက်ရမှာဖြစ်ပါတယ်။
တချို့ ဆေးတွေကို အစာမရှိဘဲသောက်တဲ့အခါ အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။
အစာစားပြီးမှသောက်တဲ့အခါမှာ အစာအိမ်ထိခိုက်ခြင်းမှ ကင်းဝေးစေပါတယ်

ဆေးပတ်လည်အောင်သောက်ဖို့  (to complete the course) ကတော့ နေကောင်းသွားရင်တောင်မှ ကျန်ရှိနေတဲ့ဆေးတွေကိုကုန်အောင် သောက်ဖို့ အရေးကြီးပါတယ် ဥပမာ ပဋိဇီဝပိုးသတ်ဆေးများ (antibiotics) ဆရာဝန်ပေးထားတဲ့ ဆေးတွေကို ကုန်အောင်မသောက်ဘဲ ထားမယ်ဆိုရင် ကိုယ်ခန္ဓာတွင်းမှာ ကျန်ရစ်နေတဲ့ ပိုးမွှားများကြီးထွားလာပြီး ဆေးအစွမ်းမထက်တော့ ဘဲ ဆေးယဉ်ပါးမှု/ ဆေးမတိုးမှုတွေဖြစ်လာနိုင်ပါတယ်။

အားဆေးတွေ (Vitamin Supplements) သောက်တော့မယ်ဆိုရင် နေ့ ခင်းအချိန်ပိုင်း အစာစားပြီးမှပဲ သောက်သင့်ပါတယ်
အားဆေးများကို အစာမခံပဲ သောက်တဲ့အလေ့အထကိုရှောင်ကျဉ်ရပါမယ် နို့ မို့ ဆိုရင် မိမိသောက်ထားတဲ့အားဆေးတွေ ဆီးထဲကိုအလျင်အမြန်ရောက်သွားပြီး ဆေးအာနိသင်ဆုံးရှုံးနိုင်ပါတယ်

ဆေးပညာဆိုင်ရာဆောင်းပါးများ

အပြည့်အစုံသို့ »

နေ့စဉ်သုံး အီဒီယမ်များ အပိုင်း - (၂၈)

to let up : လျော့နည်းလာသည်၊ အပန်းဖြေသည်၊ လွယ်
ကူသည်။
- If the rain doesn’t let up soon, we won’t be
able to have our picnic.
မိုး မစဲရင်တော့၊ ကျွန်တော်တို့ ပျော်ပွဲစားထွက်နိုင်တော့မှာ
မဟုတ်ဘူး။
- When Jane is working, she never lets up for a
moment.
ဂျိန်းက အလုပ်လုပ်နေရင် ခဏလေးတောင်မှ မနားဘူး။
to lay off : ရှောင်ကြည်သည်၊ လျော့ချသည်၊
- If you’re trying to lose weight, you should lay
off sweet things.
မင်း ဝိတ်ချဖို့ ကြိုးစားနေရင် အချိုတွေကို ရှောင်သင့်တယ်။
- If business continues to be slow, we will have
to lay off some workers.
စီးပွာရေးက ဆက်ပြီးတာ အရှိန်လျော့နေမယ်ဆိုရင် အလုပ်
သမားတစ်ချို့ကို လျော့ချရမယ်။
to bring out : မိတ်ဆက်သည်၊ ယူလာသည်။
- Most automobile companies bring out new
models each year.
မော်တော်ကား ကုမ္ပဏီအများစုသည် နှစ်စဉ် မော်ဒယ် အသ
စ်များကို မိတ်ဆက်ကြသည်။
- My mother brought some snacks out for my
friends and me.
အမေက ကျွန်တော်နဲ့ သူငယ်ချင်းတွေအတွက် သရေစာမုန်
့တွေ ယူလာတယ်။
to bring back : ပြန်ပေးသည်။ ပြန်အပ်သည်။ (to take
back ကိုလည်း သုံးနိုင်သည်။)
- You can borrow my car if you promise to bring
it back by six o’clock.
မင်း ၆-နာရီမှာ ကားကိုပြန်ပေးဖို့ ကတိပေးရင် ငါ့ကားကို ငှ
ားသွားလို့ရတယ်။
- I have to take this book back to the library
today.
ကျွန်တော် ဒီစာအုပ်ကို ဒီနေ့ပဲ စာကြည့်တိုက်ကို ပြန်အပ်ရ
မယ်။
to wait up for : မအိပ်ဘဲ စောင့်သည်။ to wait until
late at night without going to bed
- Don’t wait up for me. I may be back after
midnight.
ငါ့ကို (မအိပ်ဘဲ) စောင့်မနေနဲ့၊ သန်းခေါင်လောက်မှ ပြန်လ
ာဖြစ်မယ်။
to leave ( someone or something) alone: (တစ်စုံတစ်
ယောက်၊ တစ်စုံတစ်ခုကို) သူ့ဟာသူနေစေသည်။ သူဟာသူ
ထားသည်။ (to let alone ဟုလည်း သုံးနိုင်သည်။)
- Leave the baby alone for a while and she may
go to sleep.
ကလေးအိပ်နေတဲ့အချိန်မှာ သူဟာသူနေပါစေ။
- After the cat had scratched Peter twice, he let
it alone.
ပီတာကို ကြောင်က ၂-ခါ ကုတ်ပြီတော့၊ ပီတာက ကြောင်
ကို သူဟာသူနေစေတယ်။
to break off : အဆုံးသတ်သည်။ to terminate, to
discontinue (S)
- After war began, the two countries broke off
diplomatic relations.
စစ်ပွဲစတင်ပြီးတဲ့နောက်မှာတော့ နိုင်ငံနှစ်နိုင်ငံကြား သံတမ
န်ဆက်ဆံရေး အဆုံးသတ်သွားတယ်။
- Mary and Bob were once engaged, but they
have already broken it off.
မေရီ နဲ့ ဘော့(ဘ်)က တစ်ခါတုန်းက စေ့စပ်ခဲ့ကြပေမယ့် သူ
တို့ နှစ်ယောက် ပြတ်စဲသွားကြပြီ။
အောင်ကိုဦး (UMK)
Be the Best !

မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

အပြည့်အစုံသို့ »

ဆေးရုံ၏ အမှားကြောင့် လူချမ်းသာဖြစ်ရမည့်အစား ဘ၀ကိုဆင်းရဲစွာ ဖြတ်သန်းခဲ့ရသူ အသက်၆၀နီးပါးရောက်မှ အဖြစ်မှန်သိရ

ဂျပန်နိုင်ငံမှ အသက်၆၀အရွယ်အမျိုးသားကြီးတစ်ဦးသည် ဖြစ်နိုင်လျှင် သူမွေးဖွားသည့် အချိန်သို့ ပြန်ရောက်ချင်သည်ဟု ဆိုခဲ့သည်။ အမည်ဖော်ပြခြင်းမရှိသည် ယင်းအမျိုးသားသည် မွေးဖွားစဉ်က ဆေးရုံက မိဘများကို ကလေးမှားယွင်း ပေးအပ်ခဲ့သဖြင့် ချမ်းသာကြွယ်ဝသော မိသားစုမှ အကြီးဆုံးသားတစ်ဦး ဖြစ်လာရမည့်အစား ဆင်းရဲသော မိသားစုတွင် ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည်။

အိမ်ထောင်မရှိသော ကုန်ကားမောင်း ဒရိုက်ဘာ ဖြစ်နေရသည့် ယင်းအမျိုးသားသည် သူနှင့် သွေးမတော်သားမစပ်သော မိခင်ထံ၏ အုပ်ထိန်းမှုအောက်တွင် နေ့တွင်အလုပ်သွား၊ ညတွင်ကျောင်းတက်ကာ ပညာရှာခဲ့ရသည်။ ရေဒီယိုတစ်လုံးသာ ရှိသော တိုက်ခန်းအတွင်း ညီဖြစ်သူ (လေဖြတ်နေသူ)ကိုလည်း ပြုစုစောင့်ရှောက်ပေးခဲ့ရသည်။

ယင်းအမျိုးသားမွေးဖွားပြီးနောက် ၁၃မိနစ်အကြာတွင် မွေးဖွားခဲ့သူမှာ သူကြွယ်မိသားစုတွင် မောင်နှမလေးယောက်အနက် အကိုကြီးဘ၀ဖြင့် ရှင်သန်ခဲ့သည်။ သူ့အောက်မှ ကလေး သုံးယောက်သည် မိဘနှစ်ပါး သေဆုံးပြီးနောက်ပိုင်း သူတို့နှင့် အသွင်မတူသည် အကိုကြီး၏ ဘ၀မှန်ကို သိရန် ဒီအင်အေ စစ်ဆေးကြည့်သောအခါ သူတို့နှင့် ကွဲပြားနေသော သူစိမ်းတစ်ယောက် ဖြစ်သည်ကို တွေ့ခဲ့ကြသည်။

ထိုသုံးယောက်သည် ဆေးရုံသို့သွားကာ ထိုနေ့က မွေးဖွားခဲ့သူများ၏ စာရင်းပြုစုပြီး ဒီအင်အေ လိုက်စစ်သည့် အခါမှ သူတို့၏ အစ်ကိုကြီး အစစ်အမှန်ကို တွေ့ခဲ့ကြခြင်းဖြစ်သည်။

၁၉၅၃ခုနှစ်က ကလေးမှားယွင်းမှုအတွက် ဆေးရုံသည် လျှော်ကြေးငွေ ယန်း၃၈သန်း (အမေရိကန် ဒေါ်လာ ၃၇၄၀၀၀) ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ အသက် ၆၀အရွယ် အမျိုးသားသည် သူ၏ဘ၀မှန်ကို သိပြီနောက်ပိုင်း ဆေးရုံအပေါ် အကြီးအကျယ် အမျက်ဒေါသထွက်ခဲ့ပြီး ရက်ကာလအတော်ကြာသည်အထိ အော်ဟစ် ကြိမ်းမောင်းနေ ခဲ့သည်။

အမျိုးသားကြီးက သူ၏ မိဘအရင်း၏ ဓာတ်ပုံကိုတွေ့ရသည့်အခါတိုင်း မျက်ရည်ဝိုင်းရကြောင်း၊ မိဘနှစ်ပါးကို သက်ရှိ ထင်ရှား မြင်တွေ့လိုစိတ် ပြင်းပြခဲ့ကြောင်း သတင်းထောက်များကို ရင်ဖွင့်ခဲ့သည်။ ယခုပြန်လည် တွေ့ဆုံကြသည့် မွေးချင်းသုံးယောက်အနက် တစ်ယောက်က သူတို့၏ ပျောက်ဆုံးခဲ့သော ဘ၀များအတွက် နှစ်ပေါင်း ၂၀ခန့် ပျော်ရွင်စွာ ဖြတ်သန်းနိုင်လိမ့်ဦးမည်ဟု နှစ်သိမ့်ကြောင်း ပြောပြခဲ့သည်။

Ref: AFP
The Myanma Age

အပြည့်အစုံသို့ »

ထိုင်း ဆန္ဒပြသူတွေ ဆက်သွယ်ရေးရုံးကို စီးဖို့ ကြိုးစား

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူနေသူတွေက အစိုးရပြုတ်ကျရေး ကြိုးပမ်းမှုတွေထဲက နောက်ဆုံးလုပ်ရပ်တခုအဖြစ် နိုင်ငံပိုင် တယ်လီဖုန်း ဆက်သွယ်ရေးရုံးတွေဘက်ဆီ ခရီးဆက်လာနေချိန်မှာပဲ ရဲကလည်း Bangkok မြို့တော်မှာ လုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။

ဆန္ဒပြသူနေသူတွေဟာ ရဲတပ်ဖွဲ့ဌာနချုပ်တွေ၊ ဝန်ကြီးချုပ်ရုံးနဲ့ တိရစ္ဆာန်ရုံ ကိုတောင် ဝိုင်းဖို့ အစီအစဉ်ရှိတယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။
အစိုးရဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြသူတဦးက အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိတဦးနားကပ်ပြီး ဝစီမှုတ်နေစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)အစိုးရဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြသူတဦးက အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိတဦးနားကပ်ပြီး ဝစီမှုတ်နေစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)

ဝန်ကြီးချုပ် Yingluck Shinawatra အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုမှာ စစ်တပ်လည်းပါဝင်အောင် စည်းရုံးတဲ့အနေနဲ့ ဆန္ဒပြသူ တထောင်ကျော်က စစ်ရုံးချုပ်ကို သောကြာနေ့က ဝင်ရောက်ခဲ့ကြတာပါ။ နောက်၂ နာရီအကြာ မှာတော့ သူတို့ အေးအေးဆေးဆေးပဲ ပြန်ထွက်ခွာသွားကြပါတယ်။ ကြည်းတပ် တပ်မှူးချုပ် Prayuth Chan-ocha ကတော့ စစ်တပ်ကို ဘက်လိုက်ဖို့ အတင်းမစည်းရုံးပါနဲ့လို့ တိုက်တွန်းပါတယ်။

ဆန္ဒပြသူနေသူတွေအတွက် တနင်္ဂနွေနေ့ဟာ အောင်မြင်မှုရတဲ့နေ့ ဖြစ်လိမ့်မယ်လို့ အတိုက်အခံခေါင်းဆောင်တွေကပြောပြီး ဝန်ကြီးချုပ်ရုံးကို ဝင်သိမ်းဖို့ နှိုးဆော်ထားပါတယ်။ ဝန်ကြီးချုပ် Yingluck မနှုတ်ထွက်မချင်း ဝန်ကြီးဌာနတွေကို တခုချင်းသိမ်းသွားမယ်လို့ သူတို့က သံန္နိဌာန်ချထားတာပါ။

မစ္စ် Yingluck ဟာ ကြာသပတေးနေ့ကတော့ လွှတ်တော်ထဲမှာ သူ့အပေါ် အယုံအကြည်ရှိ မရှိ မဲခွဲဆုံးဖြတ်တာမှာ သူ့ဘက်ကို ထောက်ခံမှုရခဲ့ပါတယ်။ သူက ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေပြီး ဒီအခြေအနေကနေ ပြေလည်အောင် ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းနေတာပါ။ သူက ဆန္ဒပြပွဲတွေကို အင်အားသုံး မရပ်ခိုင်းပါဘူးလို့ ကတိပြုထားပါတယ်။

( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

အပြည့်အစုံသို့ »

ဦးနှောက်ကို အကြီးဆုံး လိင်အင်္ဂါလို့ တင်စား ကြပါတယ်။ ဦးနှောက်က လိင်မှု ကိစ္စမှာ ဘယ်လို ကြိုးကိုင် ထားတယ် ဆို တာ ဖတ်ကြည့် ကြရ အောင်လား။

ဦးနှောက်ကို အကြီးဆုံး လိင်အင်္ဂါလို့ တင်စား ကြပါတယ်။ ဦးနှောက်က လိင်မှု ကိစ္စမှာ ဘယ်လို ကြိုးကိုင် ထားတယ် ဆို တာ ဖတ်ကြည့် ကြရ အောင်လား။
ဦးနှောက်ဟာ လူတွေရဲ့ အမူအကျင့်၊ ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေ အသိတရား တွေကို ထိန်းချုပ် နေတဲ့ ဗဟို ဌာနချုပ် ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။  ဦးနှောက်မှာ ရှိတဲ့ သာယာမှု ဖြစ်စေတဲ့ နေရာ (Pleasure center) ရဲ့ကျေးဇူးကြောင့် အတွေ့အကြုံ တစ်ခုဟာ ပျော် ရွှင်ဖွယ် ဟုတ်မဟုတ် လူတွေကို သိရှိစေ ပါတယ်။ ဆန္ဓတွေ၊ ခံစားချက် တွေဟာ ဦးနှောတ်ဆဲလ် တွေထဲက ဓာတု ပစ္စည်းတွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက် မှုကြောင့် ဖြစ်ပေါ်လာ ရတာကို သိရှိပြီး ဖြစ်တာ ကြာခဲ့ပါပြီ။

သိပ္ပံနည်းကျ ဆန္ဓဖြစ်စဉ်
လေ့လာမှု တစ်ခုအရ ဓာတ်ပုံထဲက လူတစ်ယောက် ကြည့်ကောင်း၊ မကောင်းကို ဆုံးဖြတ်ဖို့ တစ်စက္ကန့်ရဲ့ လေးပုံ တစ်ပုံသာ ကြာတယ်လို့ သိ ရပါတယ်။ ဒီသတင်း အချက်အလက် တွေကို ခွဲခြမ်း စိတ်ဖြာဖို့ မတူညီတဲ့ ဦးနှောက် အစိတ်အပိုင်း တွေက အလုပ်လုပ် ကြရတာပါ။ ပထ မဦးဆုံး နားလည် နိုင်စွမ်း (Understanding) နဲ့ကိုယ့်ကိုယ်ကို သိနားလည် နိုင်စွမ်း (Self-awareness) ကိုဖြစ်စေတဲ့ ဦးနှောက် အစိတ်အ ပိုင်းတွေ လှုံ့ဆွခံ ရပါတယ်။ အဆင့်မြင့် အလုပ် တွေကို လုပ်ပေးတဲ့ နေရာ တွေကနေ အမြင် စွမ်းအားကို သိရှိစေတဲ့ နေရာကို တချို့ သတင်း အချက်အလက် တွေကို ပိုမိုသိသာ နိုင်စေဖို့ ကြိုတင် တပ်လှန့် ထားပေး နိုင်ပါတယ်။ ဒါက သတင်း အချက်အလက် အပေါ်ကနေ အောက် ကို စီးဆင်းတဲ့ ပုံစံ (Top down) ပါ။ အမြင်အာရုံကို သိစေတဲ့ နေရာနဲ့ စိတ်ခံစားမှုကို ဖြစ်စေတဲ့ နေရာတွေ ကနေလည်း အဆင့်မြင့် လုပ်ငန်း တွေ လုပ်တဲ့ နေရာ တွေဆီကို သတင်း အချက်အလက်တွေ စီးဆင်း နိုင်ပါတယ်။ ဒါက အောက်ကနေ အပေါ်ကို စီးဆင်းတဲ့ ပုံစံ (Bottom up) ပါ။

ဦးနှောက်နှင့် လိင်မှုကိစ္စ
လိင်စိတ် ဖြစ်ပေါ်လာပြီး အထွဋ်အထိပ်ရောက် ပြီးမြောက်ချိန်အထိ ပါဝင် ပတ်သက်နေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း တွေကို သိပ္ပံ ပညာ ရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ Hippocampus ကမှတ်ဉာဏ်နဲ့ ပတ်သက်ပြီး လုပ်ဆောင် ပေးတဲ့ နေရာ ဖြစ်ပါတယ်။ အရင်က လိင်မှု ကိစ္စ အတွေ့အကြုံ တွေကနေ ဖြစ်ပေါ် လာတဲ့ အမြင်အာရုံ၊ အနံ့ခံ အာရုံတွေကို ပြန်ဆက်စပ် မိတဲ့အခါ hippocampus ကိုလှုံ့ဆွ ပေးတာ ပါ။ ဦးနှောတ်ငယ် (Cerebellum) ကတော့ ကြွက်သား တွေကို ထိန်းချုပ် ထားပြီး လှုပ်ရှားမှု တစ်ခု ချောမွေ့အောင် ထိန်းပေးတဲ့ နေရာ ဖြစ်ပါ တယ်။ Amygdala ကတော့ စိတ်ခံစားမှု တွေကို စုစည်း ထိန်းချုပ် ပေးတဲ့ အစိတ်အပိုင်းပါ။ Anterior insula ဆိုတဲ့ နေရာ ကတော့ မိမိ ကိုယ် ခန္ဓာရဲ့ ပကတိ အခြေအနေကို ပြန်သုံးသပ် ပေးပါတယ်။ Nucleus accumbens နဲ့ Ventral tegmental area နေရာတွေ ကတော့ စိတ် ပျော်ရွှင်မှုနဲ့ ကြည်နူးမှုကို ဖြစ်စေတဲ့ dopamine ကိုထုတ်လွှတ် ပေးတဲ့ နေရာတွေပါ။ Pituitary gland ကတော့ နာကျင်မှုကို သက်သာ စေပြီး ယုံကြည်မှုနဲ့ သံယောဇဉ် တွေကို တိုးပွားစေတဲ့ ဓာတု ပစ္စည်းတွေကို ထုတ်ပေး ပါတယ်။

ကျား/မ ကွာခြားချက်များ
လိင်မှုကိစ္စနဲ့ ပတ်သက်လို့ ကျားနဲ့မ ဦးနှောက်မှာ ကွာခြားချက် မများလှ ပါဘူး။ အမျိုးသားရော အမျိုးသမီး တွေမှာပါ လိင်ကိစ္စ အထွဋ်အထိပ် ရောက် ပြီးမြောက် တဲ့အချိန်မှာ ဘယ်ဘက် မျက်လုံး နောက်ဘက်နဲ့ မျက်လုံး အိမ်အနီး ဦးနှောက် ရှေ့ပိုင်းနေရာ (Orbitofrontal cortex) တွေ အလုပ် မလုပ်ဘဲ ရပ်တန့် သွားပါတယ်။ ဒီလိုအချိန်မှာ ဦးနှောက်ရဲ့ အခြေအနေဟာ ဘိန်းအရှိန်နဲ့ မှိန်းနေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက် အခြေအနေနဲ့ ၉၅ရာခိုင်နှုန်း လောက် တူနေတာကို တွေ့ရပါတယ်။ လိင်ဆက်ဆံ နေချိန် မှာတော့ အမျိုးသမီး များရဲ့ ဦးနှောက်က အနည်း ငယ် ကွာခြားပါတယ်။ အမျိုးသမီး တွေမှာ periaqueductal gray လို့ခေါ်တဲ့ ခြင်ဆီရည်တွေ ပြည့်နေတဲ့ ဦးနှောက်ရဲ့ အခန်းသုံးနဲ့ လေးကို ဆက်ထားတဲ့ ပြွန်ချောင်း ပတ်ဝန်းကျင် နေရာက ဆဲလ်တွေ လှုံ့ဆွခံရပြီး စိတ်လှုပ်ရှား လွန်းရင် ဖြစ်တတ်တဲ့ ထွက်ပြေး မလား၊ ပြန်ခုခံ မလား ဆိုတဲ့ စိတ်အခြေအနေမျိုး ("fight or flight" response) ဖြစ်ပေါ်လာ စေပါတယ်။ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှု တွေကို ကိုင်တွယ် ပေးတဲ့ amyg dala နဲ့ hippocampus တို့ရဲ့ လှုပ်ရှားမှုတွေ လျော့ကျ သွားပါတယ်။ နာကျင်မှု ဝေဒနာနဲ့ ပတ်သက် နေတဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုပ်ရှား စေပါတယ်။

သတင်းပြန်ပို့ အာရုံ ကြောစနစ်
ကျောရိုး အာရုံ ကြောမကြီး (spinal cord) နဲ့ဦးနှောက်သို့ သတင်း ပြန်ပို့ပေးတဲ့ အာရုံကြောတွေ မရှိရင်လည်း လိင်ကိစ္စ ပြီးတဲ့ ခံစားချက် (orgasm) ကိုမရရှိ နိုင်ပါဘူး။ အမျိုးသမီး တွေမှာ သားအိမ် (uterus) နဲ့သားအိမ် လည်တံ (cervix)၊ အမျိုးသား တွေမှာ ဆီးကျိတ် (prostate) ကနေ ခံစားမှု အာရုံတွေကို hypogastric nerve ကတဆင့် ပို့ပေးပါတယ်။ Pelvic nerve တွေကတော့ အမျိုးသမီး တွေမှာဆို မွေးလမ်း ကြောင်း (vagina) နဲ့သားအိမ် လည်တံ၊ ကျားမ နှစ်ယောက် စလုံးမှာ စအို အပေါ်ဘက် အစာဟောင်းအိမ် (rectum) ကခံစားမှု အာရုံတွေ ကို ပြန်ပို့ အစီရင်ခံ ပေးတာပါ။ Pudendal nerve ကတော့ အမျိုးသမီး တွေရဲ့ လိင်တံငယ် (clitoris) နဲ့အမျိုးသား များမှာ ကပ္ပာယ်အိပ် (scro tum) နဲ့လိင်တံ (penis) တွေကနေ ခံစားမှု အာရုံတွေကို ပေးပို့ပါတယ်။ Vagus nerve ကတော့ သားအိမ် လည်တံ၊ သားအိမ်နဲ့ မွေးလမ်း ကြောင်း တို့က ခံစားမှု တွေကို ပို့ပေးတာ ဖြစ်ပါတယ်။

Brain - The Largest Sex Organ

အခြေခံ ဆန္ဓနဲ့ ဒုတိယ တန်းစား ဆန္ဓ (Desire: Primary vs. Secondary)
အခြေခံ ကျတဲ့ ပင်မဆန္ဓတွေ ဆိုတာ ကတော့ မျိုးနွယ်စုတစ်ခု ရှင်သန် နေထိုင်ဖို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက် တပ်မက် ခြင်း၊ မျိုးဆက် ပွားဖို့ လိင်ကိစ္စ တပ်မက်ခြင်းနဲ့ စားဝတ်နေရေး အခြေခံ လိုအပ်ချက် များကို တပ်မက်ခြင်းတို့ ဖြစ်ကြပြီး ဒုတိယ တန်းစား တ ဆင့်ခံ ဆန္ဓတွေ ကတော့ ငွေကြေး၊ အာဏာ၊ ရုပ်မြင်သံကြား၊ ဂိမ်းကစားခြင်း တွေလို ဆန္ဓတွေ ဖြစ်ပါတယ်။ ဆန္ဒတွေ အားလုံးဟာ ဦးနှောက် ကို လှုံ့ဆော်ပုံခြင်း မတူကြပါ။ ပြင်သစ် သုတေသီ များဟာ လိင်စိတ် ကြွစေတဲ့ ပုံရိပ်တွေလို အခြေခံ ကျတဲ့ ပင်မဆန္ဓ တွေက ဦးနှောက်ရဲ့ မျက်လုံး အိမ်နား ဦးနှောက်ရှေ့ပိုင်း (orbitofrontal cortex) ကိုလှုံ့ဆွ ပေးပြီး ငွေကြေး၊ အာဏာစတဲ့ အဓိက မကျတဲ့ တစ်ဆင့်ခံ ဆန္ဓတွေနဲ့ ကွာခြားတာကို လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။

ထူးထူးခြားခြား ဝေဒနာများ
လိင်စိတ်ကို ကြိုးကိုင်တဲ့ ဦးနှောက် အစိတ်အပိုင်း တွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ရောဂါ တွေလည်း ရှိခဲ့ဖူး ပါတယ်။ ၁၉၄၄ ခုနှစ်မှာ Mrs. C. W. ဟာတစ်ညမှာ လိင်ဆက်ဆံ နေသလို ခံစားမှုမျိုးနဲ့ တရေးနိုးလို့ လာပါတယ်။ ပြီးတော့ တက်သွား ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန် တွေက ဦးနှောက် သားကို ဖိနေတဲ့ အကျိတ်ကို တွေ့ရှိခဲ့ ကြပါတယ်။ အကျိတ်ကို ထုတ်လိုက် တာနဲ့ သူမ နေပြန်ကောင်း သွားပါ တော့တယ်။ ၁၉၆၉ တုန်းကလည်း လူနာ တစ်ယောက်ဟာ စိတ်ကြည်နူး တာမျိုး ခံစားနေ ရတတ်ပြီး လိင်ဆက်ဆံ ပြီးနောက် တစ်ခါတစ်ရံ တက်တတ် ပါတယ်။ ဆရာဝန် တွေက အတက် ရောဂါလို့ နာမည် တပ်လိုက် ကြပြီး ဆစ်ဖလစ် ရောဂါကြောင့် ဦးနှောက် တစ်နေရာ ပျက်စီးသွား ရတာလို့ ကောက်ချက်ချ ခဲ့ကြပါတယ်။ ၂၀၀၄ မှာတော့ ထိုင်ဝမ် နိုင်ငံသူ တစ်ယောက်ဟာ သွားတိုက်တိုင်း လိင်စိတ် အထွဋ်အထိပ် ရောက်သလို ခံ စားမှုမျိုး ရရှိပြီး သတိလစ် သွားတာမို့ ဆရာဝန် ပြကြည့်တော့ အတက် ရောဂါလို့ နာမည် တပ်ပြီး ဦးနှောက် တစ်နေရာ ချို့ယွင်း သွားလို့ ဖြစ် ရတာ ပါလို့ သတ်မှတ်ခဲ့ ဖူးပါတယ်။ ဦးနှောက်ဟာ သိပ္ပံပညာနဲ့ မဖော်ထုတ်၊ နားမလည် နိုင်သေးတဲ့ လျှို့ဝှက်ချက် တွေနဲ့ ပြည့်နှက် နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး လိင်စိတ် ကိုလည်း ကြိုးကိုင် စွမ်းဆောင် နိုင်ကြောင်း လေ့လာ သိရှိနိုင် ကြပါတယ်။

Credit to MYMC

အပြည့်အစုံသို့ »

ထိုင်း သင်ခန်းစာ

ထိုင်းသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဖြစ်ပြီး ဆင်တူသော ယဉ်ကျေးမှု ရှိသည်။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြခြင်းလည်း တူသည်။ လူဦးရေအားဖြင့် အလယ်အလတ်တန်းနိုင်ငံ ဖြစ်ခြင်းလည်း တူသည်။ တပ်မတော် သြဇာကြီးသည်ချင်းလည်း တူပြန်သည်။ မတူသော အရာတော့ ရှိသည်။ ယင်းမှာ ထိုင်းသည် ကိုလိုနီအဖြစ် ပြင်ပ အင်အားကြီးနိုင်ငံ တစ်နိုင်ငံက စနစ်တကျ ကြီးစိုး အုပ်ချုပ်မခံ ခဲ့ရဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် ပဒေသရာဇ် စနစ်သည် ၁၉၃၀ ကျော်ကာလ များအထိ အခြေမပျက် ရှိနေခဲ့သည်။ ၁၉၃၀ ကျော်တွင် စစ်တပ်က အာဏာသိမ်းခဲ့ သော်လည်း စည်းမျဉ်းခံ ဘုရင်စနစ် အဖြစ် နိုင်ငံ့ အဆောင်အယောင် သဘောထားခဲ့သည်။ လက်ရှိဘုရင် ဘူမိဘော လက်ထက်တွင် ပြည်သူ ပြည်သားတို့၏ အရေးအရာများကို ကူညီခဲ့သဖြင့် ပြည်သူတို့၏ ကိုးကွယ်ခြင်း ခံရပြီး သြဇာ ကြီးမားလာသည်။ နိုင်ငံရေး အင်အားစု အချင်းချင်း အငြင်းပွားလျှင် ဒိုင်လူကြီးနေရာက ဝင်ရှင်းပေးသည်မှာ နန်းတော် ဖြစ်သည်။ နန်းတော် ဆိုသည်ထက် ဘုရင် ဘူမိဘောဟု ဆိုလျှင် ပိုမှန်သည်။

Establishment ဟု ခေါ်သော အစဉ်အလာအရ သြဇာကြီးသူများသာ လွှမ်းမိုးထားသည့် ထိုင်း နိုင်ငံရေးသည် သက်ဆင် ဝင်ရောက်လာသောအခါ တော်လှန် ပြောင်းလဲသွားသည်။ သက်ဆင်သည် Establishment မှ မဟုတ်ဘဲ စည်းအပြင်မှလူ ဖြစ်သည်။ ရဲတစ်ဖြစ်လဲ စီးပွားရေး လုပ်ငန်းရှင်ကြီး သက်ဆင်သည် နိုင်ငံရေးတွင်း ဝင်ရောက်လာပြီး ခပ်မြန်မြန် သွက်သွက် လှုပ်ရှား၊ ပါတီထောင်၊ ရွေးကောက်ပွဲနိုင်ကာ ဝန်ကြီးချုပ် ဖြစ်လာသည်။ သူသည် ထိုင်းနိုင်ငံ၏ အစဉ်အလာ နိုင်ငံရေးသမားတို့ လျစ်လျူရှုထားသော ကျေးလက်နေတို့ နှစ်သက်မည့် မူဝါဒများ ချမှတ်သည်။ လူပြိန်းကြိုက် မူဝါဒများ Populist Policies များသည် အများပြည်သူ ထောက်ခံမှု အကြီးအကျယ်ရသည့် မူဝါဒများ ဖြစ်သည်။ တစ်သက်တစ်ကိုယ် ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဟု သဘောပေါက်ခဲ့သော ထိုင်း ဆင်းရဲသူတို့သည် သူတို့ဘက်မှ ရပ်သည့် လူထူးလူဆန်း သက်ဆင်ကို ကြည်ညိုသွားကြသည်။ ပြည်သူတို့ အားကိုးကြောင်းကို မဲပုံးများက သက်သေတည်ကြရာ သက်ဆင်သည် ထိုင်းနိုင်ငံ သမိုင်းတွင် သက်တမ်းပြည့် ပထမဆုံးအကြိမ် တာဝန် ထမ်းဆောင်သည့် ပထမဦးဆုံးသော ဝန်ကြီးချုပ် ဖြစ်လာသည်။

အာဏာကို သုံးစွဲပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများမှ တစ်ဆင့် ကိုယ့်အိတ်ကပ်ထဲ ကိုယ်ထည့်သည်ဟု မြင်သော မြို့နေလူတန်းစားက သက်ဆင်ကို သဘောမကျ။ အပြင်လူ ဝင်လာခြယ်လှယ်သည်ဟု ဆိုကာ အစဉ်အလာ သြဇာကြီးသူ များကလည်း သက်ဆင်ကို မကျေနပ်။ ထိုင်းနိုင်ငံတွင် ဘုရင်ကို စော်ကားသည့် ပြစ်ဒဏ် Lese majeste law မှာ အာဏာအပြင်းဆုံး ဖြစ်ပြီး ဘုရင်ကို ပြိုင်ရန် ကြံသူတို့ အမုန်းခံရမြဲ ဖြစ်သည့်အတွက် သက်ဆင်ကို ဘုရင်နှင့် လှည့်တိုက်ကြသည်။ သက်ဆင် ကုလသမဂ္ဂ အစည်းအဝေး တက်ရန် ၂၀၀၆ ခုနှစ်တွင် ပြင်ပသို့ ရောက်နေချိန်တွင် ထိုင်း တပ်မတော်က အာဏာသိမ်းသည်။ သက်ဆင်သည် ဝရမ်းပြေး ဖြစ်ပြီး နိုင်ငံတကာတွင် လှည့်လည် နေထိုင်သည်။ သက်ဆင် အာဏာရစေခဲ့သော အခြေခံဥပဒေကို ပြန်ပြင်သည်။ သက်ဆင့်လူများကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်သည်။

ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပသော်လည်း သက်ဆင့်လူများပင် နိုင်ပြန်သည်။ သက်ဆင့်လူများ တက်သောအခါ အစဉ်အလာ သမားများ၊ မြို့သားများက ဆန္ဒ အကြီးအကျယ် ပြကြရာ အစိုးရ ပြုတ်ကျပြန်သည်။ အမျိုးမျိုးပြင်ရင်း ပိတ်ရင်း နောက်ဆုံး ဒီမိုကရက်ပါတီ နိုင်ပြီး အဘီဆစ် တက်လာသည်။

အဘီဆစ်ကို သက်ဆင်ဘက်သားများက ဆန္ဒ သဲသဲမဲမဲ ပြကြပြန်သည်။ နှစ်ဖက် ဆန္ဒပြသမားများ၏ တူညီသော ဗျူဟာမှာ မြို့တွင်း အဓိက နေရာများကို ပိတ်ဆို့ ဆန္ဒပြကြခြင်း ဖြစ်သည်။ သက်ဆင် ဆန့်ကျင်ရေး သမားများက ဘုရင့်အရောင် ဖြစ်သည့် အဝါရောင်အဝတ်များ ဝတ်ဆင်ကြရာ ရှပ်ဝါများဟု ခေါ်တွင်ကြသည်။ သက်ဆင်ဘက်သား များက အနီရောင် ဆင်မြန်းကြရာ ရှပ်နီများဟု နာမည်တွင်သည်။ ရှပ်ဝါများက ရှပ်နီများကို ‘လူအ’ များ၊ သက်ဆင် လှည့်တိုင်း ရသူများဟု အထင်သေးကြသည်။ ရှပ်နီများကလည်း ရှပ်ဝါများသည် ဒီမိုကရေစီကို ဆန့်ကျင်သူများ၊ အာဏာကို ခွဲမပေးလိုသူများဟု စွပ်စွဲကြသည်။

ယခု နောက်ဆုံးအကြိမ်တွင် သက်ဆင်၏ ညီမငယ် မိန်းမချော ယင်းလပ်က ကိုလူချော အဘီဆစ်ကို နိုင်ပြီး ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်နေသည်။ရာဇဝတ်ကောင် အဖြစ် အမိန့်ထုတ် ခံထားရသည့် အစ်ကို သက်ဆင် အပါအဝင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် စသည်တို့ပါ လွတ်ငြိမ်းချမ်းသာခွင့် ရစေမည့် Amnesty Bill ဥပဒေကြမ်းကို ယင်းလပ်က တင်သွင်းရာမှ ယခုကဲ့သို့ အခင်းဖြစ်ပွားခြင်း ဖြစ်သည်။ သည်တစ်ပွဲလည်း တော်ရုံနှင့် မပြီးဟု အကဲခတ်များက သုံးသပ်ကြသည်။

ထိုင်းသည် အဆိုးကျော့ သံသရာအတွင်း နစ်နေပြီး တစ်ဖွဲ့အာဏာရလိုက် နောက်တစ်ဖွဲ့က ဖြုတ်ချလိုက်ဖြင့်သာ ဂျာအေးသူ့အမေရိုက် နေသည်ဟု ပြည်တွင်းပြည်ပက မြင်လာကြသည်။ ရွေးကောက်ပွဲဖြင့် တက်လာသူကို လေဆိပ် ပိတ်ဆို့ ဆန္ဒပြခြင်း၊ စီးပွားရေးအတွက် အဓိကကျသည့် နေရာများကို ပိတ်ဆို့ ဆန္ဒပြခြင်း၊ စစ်တပ်က အာဏာသိမ်းခြင်း နည်းတို့ဖြင့် ဖြုတ်ချကြသည်။

Populist Policies များသည် သက်ဆိုင်သူတို့ကို အောင်ပွဲခံစေသည်။ ထိုသို့ လူပြိန်းကြိုက် မူဝါဒများသည် ရေရှည်အတွက် ကောင်း၊ မကောင်း မသေချာ သော်လည်း လက်ခုပ်သံ ရသည်။ ထိုမူဝါဒများကို အကောင်အထည် ဖော်ရန် ငွေကုန်ကြေးကျတို့ကို ပြည်သူ့ဘဏ္ဍာ ထဲမှသာ နှိုက်ယူ သုံးစွဲကြရာ အကျိုးမရှိလျှင် ပြည်သူသာ နာပေသည်။ သက်ဆင် လက်ထက်က Populist Policies များကို ဝေဖန် ရှုတ်ချခဲ့သော ဒီမိုကရက်ပါတီက နိုင်ငံဘတ်ဂျက် ပြဋ္ဌာန်းသောအခါ သက်ဆင်၏ လူပြိန်းကြိုက် မူဝါဒများထက်ပင် လူပြိန်းကြိုက် ပိုဆန်သည်ဟု အကဲခတ်များက ဝေဖန်ကြသည်။ ရန်သူလုပ်သည့် နည်းအတိုင်း လိုက်လံ ကျင့်သုံးကာ မဲရယူရန် ကြိုးစားခြင်း ဖြစ်သည်။

နိုင်ငံရေးသမား မှန်လျှင် အာဏာရရန် ကြိုးစားသည်မှာ ဓမ္မတာ ဖြစ်သော်လည်း အာဏာ လွန်ဆွဲပွဲတိုင်းသည် နိုင်ငံကို အကျိုးမပြုကြောင်း ထိုင်း သင်ခန်းစာက သက်သေပြသည်။

ထိုင်းတွင် အာဏာ သိမ်းသည့်အကြိမ် ဆယ့်ရှစ်ကြိမ် ရှိပြီ။ အခြေခံဥပဒေလည်း ဆယ့်ရှစ်ခု ရှိပြီ။ ထိုမျှနှင့်ပင် ရပ်မည် မဟုတ်ဟု ထင်ရသည်။ အခြေခံဥပဒေ ရေးဆွဲရာတွင် ဝါအရင့်ဆုံးမှာ ထိုင်းတို့ ဖြစ်သည်ဟုပင် ပြက်လုံး ထုတ်ရမတတ်။ အခြေခံဥပဒေ တို့သည် နိုင်ငံရေး စနစ်ကို အခြေတည်ရာ ဖြစ်သော်လည်း တကယ် ဖြစ်ပျက်နေသည့် အာဏာ အခင်းအကျင်းကို မထင်ဟပ်လျှင် ရေရှည်မခံပါ။

ထိုင်းသည် ပုဂ္ဂိုလ်အခြေပြု နိုင်ငံရေး ဖြစ်နေသေးသည်။ ထိုင်းကို အာရှတွင် ရင့်ကျက်လာသည့် ဒီမိုကရေစီဟု ထောမနာ ပြုမှုများသည် ၂၀၀၆ နောက်ပိုင်းတွင် ဟာသသဖွယ် ဖြစ်လာခဲ့သည်။ ထိုင်းတွင် Institution များ သည် ခိုင်မာသယောင်ယောင်နှင့် ခိုင်မာမှု မရှိသေး။ ထိုင်း နိုင်ငံရေးတွင် အဓိကကျသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ သက်ဆင်နှင့် ဘုရင်တို့သာ ဖြစ်နေသည်။ သက်ဆင် မွှေလိုက်တိုင်း တိုင်းပြည်သည် ခါယမ်းသွားလေ့ရှိခြင်း၊ လက်ရှိဘုရင် နတ်ရွာစံလျှင် တိုင်းပြည် တည်ငြိမ်မှု ပျက်မည်ဟု ထိုင်း အများစုက ယုံကြည်နေခြင်းတို့က ထိုင်းနိုင်ငံတွင် Institution များ (အဖွဲ့အစည်းများ၊ စည်းမျဉ်း စည်းကမ်းများ) သည် အိပ်ရာပေါ် လဲနေသော ဘုရင်နှင့် ဝရမ်းပြေး သက်ဆင်တို့လောက်မှ အားမရှိဟူသော သဘောကို ဆောင်သည်။

ထိုင်းတို့ မှားတိုင်း မြန်မာတို့ လိုက်မှားရန် မလိုသော်လည်း ထိုင်းတို့ မှန်သွားသည့် အတိုင်း လိုက်မှန်နိုင် ပါသည်။ ထိုင်း အတွေ့အကြုံသည် မြန်မာတို့ အတွက် ယူတတ်လျှင် သင်ခန်းစာကောင်းပင် ဖြစ်သည်။

ဇေယျသူ
thevoicemyanmar

အပြည့်အစုံသို့ »

မိန်းမတို့ လော်လည် ဖောက်ပြန် ပျက်စီးကြောင်း (၁၃)ပါး

၁။ ကိစ္စ လုပ်ငန်းတိုင်း၌ ကိုယ်တိုင် စိုးမိုး လုပ်ကိုင် အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း ။

၂။ ဖခင်၏ အုပ်ထိန်းမှု လက်အောက်၌သာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရခြင်း ။

၃။ အထူးထူးသော ပွဲလမ်းသဘင်တို့၌ ကိုယ်တိုင် ပါဝင် ဆင်နွှဲကာ နေတတ်ခြင်း ။

၎။ ယောက်ျားလေး အပေါင်းအသင်းတို့ နှင့် ဝိုင်းဖွဲ့ကာ တသောသော ရယ်မောနေထိုင်တတ်ခြင်း ။

၅။ အိမ်တကာ လျှောက်လည်လေ့ရှိပြီး အလည်အပတ်များခြင်း ။

၆။ ညအိပ် ညဥ့်နေ ဖြစ်သော အရပ်တပါး ခရီးဝေးကို အဖော်မပါ တစ်ယောက်တည်း သွားလာတတ်ခြင်း ။

၇။ သော့သွမ်း လော်လည်သော မိန်းမတို့ နှင့် ပေါင်းသင်း ဆက်ဆံခြင်း ။

၈။ အသက်မွေးဝမ်းကျောင်း အလုပ်ကို အတည်တကျမရှိဘဲ ခဏခဏ ပြောင်းပြီး လုပ်ကိုင်ခြင်း ။

၉။ အသက်အရွယ်ကြီးရင့်သော ယောက်ျား နှင့် အိမ်ထောင်ပြုခြင်း ။

၁၀။ မိမိလင်ယောက်ျားဖြစ်သူက အမြောင်မယားထားရှိခြင်း ။

၁၁။ မိမိလင်ယောက်ျား နှင့် သုံးလ လေးလ စသည်ဖြင့် အချိန်ကြာမြင့်စွာ ကွေကွင်းနေရခြင်း ။

၁၂။ သေရည် သေရက် သောက်သုံးတတ်ခြင်း ။

၁၃။ အခြားယောက်ျားတပါး နှင့် ပျော်ပါး ပေါင်းဖက်ရသည်-ဟု အိပ်မက် မကြာခဏ မက်တတ်ခြင်း ။

ဘဝတစ်ခုကို အတည်တကျ နေထိုင်သွားလိုသော မိန်းမကောင်း မိန်းမမြတ်သည် အထက်ဖော်ပြပါ တစ်ဆယ့်သုံးချက်တို့ကို အထူးသတိပြု ဆင်ခြင်ပြီး ဘဝတစ်ခုကို လေးနက်စွာ ကျင့်သုံးဆောက်တည်ရာ၏ ။
( ဟိတောပဒေသ )

ဘဝတစ်ခုကို တန်ဖိုးထား ဆောက်တည်သော မိန်းမကောင်း မိန်းမမြတ်များ ဖြစ်နိုင်ကြပါစေ ။

Credit to ဝသုန္ဓရေ ဤမြေပံသု သိလာထုလည်း

မြ၀တီ

အပြည့်အစုံသို့ »