ရန်ကုန်မှာ နေရာကွက်ကြား အချိန်ပိုင်းမီးပျက်မယ်

ရန်ကုန်မြို့လယ်က ပလက်ဖောင်းတွေပေါ်မှာ မီးစက်ကြီးတွေကို တပ်ဆင်ထားတဲ့ မြင်ကွင်းက အထူးအဆန်း မဟုတ်ပါ။ မီးပျက်ပြီ ဆိုရင် အထက်ပါ လုပ်ငန်းသုံး မီးစက်တွေဖွင့်ကြပါတယ် (ဓာတ်ပုံ -  ဧရာဝတီ) 

ရန်ကုန်မှာ လာမယ့်စနေ တနင်္ဂနွေ အချိန်ပိုင်း မီးပျက်တဲ့နေရာတွေရှိမယ်လို့ ဒီကနေ့ထုတ် အစိုးရသတင်းစာ မြန်မာ့အလင်း စာမျက်နှာ ၁၀ က ပန်ကြားချက်မှာ တွေ့ရပါမယ်။

မနက်ဖြန် စနေနေ့မှာတော့ ...  မြို့နယ်အများအပြားရဲ့ တချို့ရပ်ကွက်တွေမှာ၊ စက်မှုဇုန်တချို့မှာ မနက် ၉ နဲ့ နေ့လယ် ၃ နာရီအတွင်း အချိန်ပိုင်း မီးပျက်မယ် တဲ့။
ဂျာနယ်တိုက်အများအပြားတည်ရှိရာ ပုဇွန်တောင်လည်း ပါဝင်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ မီးပျက်မယ့်မြို့နယ်ပေါင်း ၁၁ ခု ရှိပါတယ်။ အချိန်ကတော့ စနေလိုပါပဲ။ ထမင်းချက်ချိန်တွေကနေ ကင်းလွတ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။

ပေါ်ပေါက်လာမယ့် အခက်အခဲများကြောင့် အနူးညွတ် တောင်းပန်ကြောင်းလည်း ပန်ကြားချက်မှာ တွေ့ရပါတယ်။

မီးပျက်မယ့်ထဲ ကိုယ့်မြို့နယ် ပါခြင်း မပါခြင်း သိရှိနိုင်ဖို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ပန်ကြားချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။



The Irrawaddy

အပြည့်အစုံသို့ »

၅ ယောက် ၁ ဖက် ဘောလုံးပြိုင်ပွဲ မြန်မာနှင့် ထိုင်း ဒီနေ့ ယှဉ်ပြိုင်မည်


အမြင်အာရုံ မသန်စွမ်းသူတွေရဲ့ ၅ ယောက် ၁ ဖက် ဘောလုံးပြိုင်ပွဲ မြန်မာနဲ့ ထိုင်းအသင်းတို့ ဇန်န၀ါရီ ၁၇ ရက် ဒီနေ့ ညနေ ၃ နာရီ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားရွာရှိ ဖူဆယ်ပြိုင်ပွဲရုံမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မြန်မာနဲ့ ထိုင်းပွဲစဉ်နဲ့ ပတ်သက်ပြီး ဆက်ဆံရေးအရာရှိဖြစ်တဲ့ ဦးကျော်သက်ဇော်က “ကျနော်တို့ မြန်မာအသင်းအနေနဲ့ အားနည်းချက်က အတွေ့အကြုံနဲ့ လေ့ကျင့်ချိန်ပါ။ ကျန်တဲ့အသင်းတွေက အတွေ့အကြုံနဲ့ လေ့ကျင့်ချိန် တော်တော် ရှိထားတယ်။ မြန်မာက အခုမှ ပထမဆုံး စကစားတာပါ” လို့ ပြောပါတယ်။

အမြင်အာရုံ မသန်စွမ်းသူတွေရဲ့ ၅ ယောက် ၁ ဖက် အားကစားနည်းတွင် အိမ်ရှင် မြန်မာ၊ ထိုင်းနဲ့ မလေးရှားအသင်းတို့ ၃ သင်းပတ်လည် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းများနဲ့ ပတ်သက်ပြီး မြန်မာအသင်းရဲ့ နည်းပြဖြစ်သူ ဦးဖြိုးဇော်အောင်က “တဘက်အသင်းကတော့ အရမ်းကောင်းပါတယ်။ မြန်မာအသင်းအနေနဲ့ ကတော ပထမဆုံး အတွေအကြုံဆိုတော့ အကောင်းဆုံး ကစားနိုင်မှာပါလို့တော့ မျှော်လင့်ပါတယ်။”လို့ ပြောပါတယ်။

ထိုင်းအသင်းဟာ ဇန်န၀ါရီ ၁၆ ရက်နေ့ ပထမဆုံးပွဲစဉ်မှာ မလေးရှားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဆုတံဆိပ်ဆု ရရှိနိုင်မှုအခြေအနေနဲ့ပတ်သက်လို့ ဆက်ဆံရေးအရာရှိဖြစ်တဲ့ ဦးကျော်သက်ဇော်က “ထိုင်းကို နိုင်ရင်တော့ မျှော်လင့်လို့ ရတယ်။ ဖြစ်နိုင်ချေတော့ နည်းတယ်။ နောက်ပွဲစဉ်ဖြစ်တဲ့ မလေးရှားကို နိုင်ရင် ငွေဆိုတာ သေချာမယ်။ ၂ ပွဲလုံး နိုင်ရင်တော့ ရွှေကတော့ သေချာပါတယ်”လို့ ပြောပါတယ်။

ပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရွာမှာ အားကစားနည်း ၁၂ မျိုးကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံမှာ မသန်စွမ်း အားကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။
DVB

အပြည့်အစုံသို့ »

လူတွေလည်း ငါးတွေလို ရေထဲမှာ အသက်ရှုနိုင်တော့မယ်

ဓာတ်ပုံ- dailymail.co.uk

လူတွေလည်း ငါးတွေလို ရေထဲမှာ အသက်ရှုလို့ရပါတော့မယ်။ တောင်ကိုရိးယား ဒီဇိုင်နာ တဦးဖြစ်တဲ့ Jeabyun Yeon ဟာ ရေထဲမှာ ငါးတကောင်လို ရေထဲက အောက်စီဂျင်ကို ရှုရှိုက်နိုင်တဲ့ ကိရိယာတခုကို တီထွင်လိုက်ပါတယ်။

လက် ၂ ဖက်နဲ့ ရေထဲမှာ ကူးခတ်နေချိန်မှာအပေါက် ၂ ပေါက်ပါတဲ့ အဲဒီ ကိရိယာက ငါး တွေရဲ့ ပါးဟက်လို ဖန်တီးထားပြီး ရေထဲက အောက်ဆီဂျင်ကို ရှုရှိုက် နိုင်စေမှာဖြစ်သလို ရေကို ပြန်ထုတ်တာမျိုးဖြစ် တယ်လို့် ဆိုပါတယ်။

အဲဒီ ကိရိယာကိုတော့ ဘက်ထရီစွမ်းအင်နဲ့ အသုံးပြုရမှာလည်းဖြစ်ပြီး သုံးတဲ့ ဘက်ထရီကလည်း သာမန် ဘက်ထရီ တလုံးထက် အဆ ၃၀ လောက် သေးငယ်တဲ့ မိုက်ခရို ဘက်ထရီမျိုးဖြစ်တယ်လို့ ဆိုပါတယ်။


ဒီကိရိယားဟာ ဂျိမ်းစ်ဘွန်းကားထဲကလို ဂျိမ်းစ်ဘွန်းရဲ့ အသုံးအဆောင်မျိုး တကယ့်လက်တွေ့ မှာ ဖြစ် လာ ပြီ လို့လည်း ရေးသားထားပါတယ်။


တောင်ကိုရီယား ဒီဇိုင်နာရဲ့ ဖန်တီးမှုက လူတွေကို ငါးတွေလို ရေထဲနေနိုင်အောင် လုပ်လိုက်တဲ့ Device
ဖြစ်ပြီး ရေလုံအောင် ဖန်တီထားတဲ့ ပစ္စည်းလည်းဖြစ်ပါတယ်တဲ့။

ရေထဲဆင်းသွားတဲ့အခါ ပလပ်စတင် အကောင်းစားနဲ့ ဖန်တီးထားတဲ့ ပစ္စည်း ကို ပါးစပ်က ကိုက်ပြီး ဆင်းသွားရမှာ ဖြစ်လို့ ရေငုတ်ဝတ်စုံဝတ်တဲ့အခါ သုံးတဲ့ အသက်ရှုကိရိယာလို အသုံးပြုရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုတီထွင်မယ့် ပစ္စည်းဟာ အနာဂတ်မှာ ရေငုတ်ဝတ်စုံတွေမှာ အစားထို အသုံးပြုလို့ရတော့မှာ
ဖြစ်တယ်လို့ ဆိုထား ပါတယ်။






အိမ့်သံစဉ်
The Irrawaddy

အပြည့်အစုံသို့ »

မြန်မာ-တရုတ်ဆက်ဆံရေးကြောင့် ဒေသတွင်းပြေလည်နိုင်


မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အပြည့်အ၀တာဝန်ယူနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်နဲ့လည်း ဒေသတွင်း ပြဿနာရပ်တွေ အပေါ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒရပ်တည်ချက်အတိုင်း ဘတ်မလိုက်ပဲ ညှိနှိုင်းအဖြေရှာနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ပုဂံ အာဆီယံ အစည်းအဝေးအတွင်း နန်းမြင့်မျှော်စင်မှာပြုလုပ်သွားတဲ့ ပြန်ကြားရေး ဒု ၀န်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့တော့ ပုဂံမြို့ရောက်နေတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအစည်းအဝေး ဒေသတွင်းအစည်းအဝေးတွေ လက်ခံကျင်းပဖို့ ၀န်ဆောင်မှုအတွက် အခြေခံအဆောက်အအုံတွေကအစ  ဒေသတွင်းပြဿနာရပ်တွေကို ဦးဆောင်ဖြေရှင်းပေးနိုင်မယ့် အနေအထားရှိပ့ါမလားဆိုတဲ့ သံသယတွေ တွေ့ရပါတယ်။ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အားနည်းချက်အချို့ရှိနိုင်ပေမယ့် အာဆီယံဥက္ကဋ္ဌတာဝန်ယူနိုင်ဖို့ သုံးနှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့ အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံကျင်းပမယ်ဆိုတုန်းကလည်း လူတွေက ဒီလိုပဲ ထင်နေကြတယ်။ သို့သော် ဘာပဲပြောပြော တကယ်လုပ်တဲ့အခါကျတော့ လူပေါင်း ထောင်ချီလုပ်တဲ့အခမ်းအနားတစ်ခုမှာ သာမန်ပေါ်လေ့ပေါ်ထရှိတဲ့ သာမန်ပြဿနာမျိုးကလွဲရင် ကျနော်တို့ ပြဿနာကြီးကြီးမားမားမျိုး မဖြစ်ခဲ့ပါဘူး။ တကယ်တော့ ဒီ အာဆီယံဥက္ကဋ္ဌရာထူးဆိုတာကလည်း ၂၀၁၁ ခုမှာ စပြီးတော့ ဆုံးဖြတ်တယ်။ အဲဒီအချိန်ကတည်းက သုံးနှစ်တိတိ ကျနော်တို့ ပြင်ဆင်ခဲ့တယ်။”

အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာအနေနဲ့ ဒေသတွင်းပြဿနာရပ်တွေကိုလည်း ဦးဆောင်ဖြေရှင်းရတဲ့နေရာမှာ ဘက်လိုက်မှုမရှိဘဲ ညှိနှိုင်းဖြေရှင်းရေးကို ဦးတည်ဆောင်ရွက်သွားမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ အထူးသဖြင့် မြန်မာနဲ့နီးစပ်မှုရှိတဲ့ တရုတ်နဲ့ အာဆီယံဆက်ဆံရေး ပိုပြီး အားဖြစ်လာစေမယ် မျှော်လင့်တဲ့သဘောလည်း ဦးရဲထွဋ်က ပြောသွားပါတယ်။

“ဒါဟာ ကျနော်တို့ရဲ့အစဉ်အလာ၊ တသက်လုံးကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ - ဒီလိုဖြေရှင်းမှုမျိုးမှာ အားလုံးရဲ့ယုံကြည်မှုကို ရစေမယ်လို့ ကျနော်တို့ထင်တယ်။ နောက်တခုက တရုတ်နိုင်ငံနဲ့ ကျနော်တို့နဲ့ရှိနေတဲ့ အပြန်အလှန်နားလည်မှု၊ ကောင်းမွန်တဲ့ဆက်ဆံရေးသည် အာဆီယံဥက္ကဋ္ဌရာထူးဖြစ်လို့ ဒေသတွင်း ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အနှောင့်အယှက်အတားအဆီးတစ်ခုမဖြစ်ဘဲ အင်အားဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အာဆီယံဥက္ကဋ္ဌတာဝန် ရာထူး ယူနေတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး DOC လို့ခေါ်တဲ့ Document on Code of Conduct ဆိုတဲ့ သဘောတူချက်တစ်ခုရဖို့အတွက် ပထမအဆင့်အနေနဲ့ ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမယ်။ ဒီလိုဆောင်ရွက်တာမှာ အခုနက ကျနော်ပြောသလိုပဲ ဒီပြဿနာမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတိုင်းဟာ အချင်းချင်းငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကနေပြီးတော့ပဲ ဒါကို လုပ်နိုင်မယ်လို့၊ ဒီလိုပဲ ယုံကြည်တယ်။ ဒီအတိုင်းပဲ ကျနော်ထောက်ခံတယ်။ တကယ်လို့ DOC အဆင်ပြေသွားမယ်ဆိုရင် အဲဒီကတဆင့်တက်ပြီးတော့မှ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတိုင်းက လိုက်နာကျင့်သုံးရမယ့် Code of Conduct – COC ပေါ်ပေါက်ဖို့ ကျနော်တို့ကဆက်ပြီး ဆောင်ရွက်သွားမယ်။”

အာဆီယံ ဥက္ကဋ္ဌရာထူးတာဝန်ယူတဲ့ကာလအတွင်းမှာ မြန်မာအစိုးရအတွက်ရော မြန်မာပြည်သူတွေအတွက်ပါ အခွင့်အခါကောင်းတွေရရှိဖို့ ဖြစ်စေမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောသွားပါသေးတယ်။

“နှစ်ပေါင်းများစွာ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်ဆက်ဆံမှု လျော့နည်းခဲ့တော့ အခုလိုမျိုး နိုင်ငံတကာ အဖွဲ့ကြီးတစ်ခုကို ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရော၊ နိုင်ငံတကာကရော ထောက်ခံခြင်းသည် ကျနော်တို့ လုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှု အပေါ်မှာ ပိုပြီးတော့မှ ယုံကြည်မှုရစေတဲ့ အခွင့်အလမ်းမျိုး ရှိပါတယ်။ ကျန်တာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ဆက်သွယ်မှု များလာတဲ့အတွက်ကြောင့်မို့လို့ အစိုးရအနေနဲ့ရော၊ ပြည်သူအနေနဲ့ရော ပိုမိုပြီးတော့မှ ပွင့်လင်းမြင်သာမှုရှိလာမယ်၊ နိုင်ငံတကာစံတွေကို ပိုပြီးတော့ နားလည်လာမယ်၊ လုပ်ထုံးလုပ်နည်းတွေကို ပိုသိလာမယ်။ နောက်တခါ ဟိုတယ်လ်နဲ့ခရီးသွားလို လုပ်ငန်းတွေမှာ၊ နောက် စီးပွားရေးလုပ်ငန်းတွေမှာ အာဆီယံစီးပွားရေးအသိုင်းအဝိုင်းနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အခွင့်အရေးတွေ ရလာနိုင်တယ်။ ဒါကတော့ ကျနော်တို့ ယေဘုယျပြောမယ်ဆိုရင် ပေါ်ပေါက်လာနိုင်တဲ့အခွင့်အလမ်းတွေပါပဲ။”

မြန်မာအနေနဲ့ ဒေသတွင်း ပြဿနာတွေကို ဦးဆောင်ဖြေရှင်းရာမှာ ဘက်မလိုက်ပဲ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ကြိုးပမ်းပေးသွားမယ်လို့ ပြောပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာ လတ်တလော ကြုံရတဲ့ ပြဿနာရပ်ဖြစ်တဲ့ မွတ်ဆလင်လူနည်းစုကိစ္စရပ်တွေကတော့ ပြည်တွင်းရော သဘောဖြစ်တယ်လို့ ဦးရဲထွဋ်က သတင်းထောက်တွေ မေးမြန်းချက်ကို တုန့်ပြန်ပါတယ်။ မြန်မာနိုင်ငံ အနောက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာလူနည်းစုတွေကိစ္စရပ်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို သူတို့အစိုးရအနေနဲ့ အသိအမှတ်မပြုကြောင်းနဲ့ ဒီပြဿနာရပ်ကို လူမှောင်ခိုကူးမှုလို အခြားရှုဒေါင့်ကနေ ကိုင်တွယ် ဖြေရှင်း သွားလိုတယ်လို့ ပြောပါတယ်။

“ဒီပြဿနာတွေက ကျနော်တို့ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့  မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာပြည်သူတွေကပဲ ဖြေရှင်းမှာဖြစ်ပါတယ်။ သို့သော် တခြားနိုင်ငံတွေမှာ ဒီလိုမျိုး လူ့အသိုင်းအဝိုင်းကြားမှာဖြစ်တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့အတွေ့အကြုံတွေကို ပြောပြမယ်ဆိုရင်တော့ ကျနော်တို့ နားထောင်ပြီးတော့မှ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတယ်ဆိုရင်တော့ ကျင့်သုံးကောင်း ကျင့်သုံးမယ်။ သို့သော် ကျနော်တို့ရဲ့ပြည်တွင်းကိစ္စကိုတော့ ဘယ်သူကမှလာပြီးတော့ ဒီလိုလုပ်ပါ-ဘာညာလို့ ပြောဖို့ အကြောင်းမရှိဘူး။ တကယ်လို့ လုပ်မယ်ဆိုလည်း ကျနော်တို့အစိုးရအဖွဲ့ရယ်၊ ဥပဒေပြုအဖွဲ့အစည်းတွေနဲ့  ပြည်ထောင်စုလွှတ်တော်ရယ်၊ ပါဝင်ပတ်သက်နေတဲ့လူ့အသိုင်းအဝိုင်းတွေရယ်၊ မြန်မာပြည်သူတွေရယ် ဒါတွေကပဲ စဉ်းစားဆုံဖြတ်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကပဲ ဆောင်ရွက်သွားဖို့ရှိတယ်။”

မြန်မာသမ္မတ ပြောခွင့်ရသူလည်းဖြစ်၊ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က သတင်းထောက်တွေကို ဖြေကြား ပြောဆို သွားတာတွေပါ။ ဒီကနေ့ အာဆီယံအစည်းအဝေးအတွင်းမှာတော့ ဒီကနေ့ မနက်ပိုင်းမှာ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ကြပါတယ်။ ဒီနောက်တော့ အာဆီယံ အဆင့်မြင့်အရာရှိကြီများအစည်းအဝေးကို ကျင်းပပါတယ်။ အာဆီယံ နိုင်ငံရေးနဲ့ လုံခြုံရေးအသိုက်အ၀န်း အကောင်အထည်ဖော်ရေးကိစ္စ၊ ဥက္ကဋ္ဌ တာဝန်ယူစဉ်မှာ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်ကိစ္စ၊ ၂၀၁၅ အလွန် အာဆီယံ အသိုက်အ၀န်းအတွက် မျှော်မှန်းချက်တွေချမှတ်ရေး အာဆီယံ ပြင်ပဆက်ဆံရေးဆိုင်ရာ လမ်းညွှန်းချက် ချမှတ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ပါတယ်။ အသေးစိတ် ဘာတွေလဲ ဆိုတာကိုတော့ ရှင်းလင်းထားတာမရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ဒီကနေ ညနေပိုင်းကစပြီး စတင်ရောက်ရှိနေကြပါပြီ။ မနက်ဖြန်မနက်ပိုင်းမှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ စတင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)

အပြည့်အစုံသို့ »

နေ့တိုင်း ဘီယာနှစ်ခွက်ထက် ပိုသောက်ရင် မှတ်ဉာဏ်ဆုံးရှုံးနိုင်


နေ့တိုင်း ဘီယာနှစ်ခွက်ထက် ပိုသောက်တဲ့ သက်လတ်ပိုင်း အမျိုးသားတွေမှာ မှတ်ဉာဏ်ဆုံးရှုံးနိုင်မှု အန္တရာယ်မြင့်တယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနရပ်က ဆိုပါတယ်။

လန်ဒန်ကောလိပ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ဗြိတိန်နိုင်ငံသား အမျိုးသား ၅၀၀၀ ကျော်နဲ့ နှစ် ၂၀ ကြာအောင် လေ့လာမှုပြုခဲ့ရာ ဘီယာအရမ်းသောက်တဲ့ သက်လတ်ပိုင်းအမျိုးသားတွေမှာ မှတ်ဉာဏ် ထိခိုက်မှုအန္တရာယ် မြင့်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

လန်ဒန်ကောလိပ်တက္ကသိုလ်

တော်ရုံတန်ရုံ အရက်သောက်ရင်၊ ဘီယာနှစ်ခွက်အောက် နည်းသောက်ရင် ပြဿနာဖြေရှင်းနိုင်မှုနဲ့ ချင့်ချိန်နိုင်စွမ်းစတဲ့ မှတ်ဉာဏ်ပိုင်းကို မထိခိုက်နိုင်ပါဘူး။

နေ့စဉ်ဘီယာ ၂ခွက်ထက်ပို သောက်လာတဲ့ သတ်လက်ပိုင်း အမျိုးသားတွေရဲ့ မှတ်ဉာဏ်ပြန်ခေါ်နိုင်စွမ်းဟာ နှစ်၂၀ကျော်လာတဲ့အခါ မဖြစ်ထွန်းတော့တာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ ဒီ့အပြင် အသက် ၆နှစ် ပိုကြီးရင့်မှု၊ အာရုံစိုက်နိုင်စွမ်း နဲ့ သုံးသပ်ဆင်ခြင်နိုင်စွမ်း လျော့နည်းလာမှု တွေကိုလည်း တွေ့ရှိရပါတယ်။

ဒီလေ့လာမှုမှာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ၁၉၉၀ပြည့်လွန်နှစ်တွေက လူပေါင်း ၅၀၅၄ယောက်ရဲ့ အသောက်အစား အလေ့အကျင့်တွေကိုပါ ခြေရာကောက်ထားချက်တွေလည်း ပါတယ်လို့ သိရပါတယ်။

Ref:Americanlivewire
Trend Myanmar

အပြည့်အစုံသို့ »

ဆိုင်ကယ်ခိုးမှု တွင် ပါဝင်သူ သုံးထပ်တိုက်ပေါ်မှ ခုန်ချသော်လည်း အသက်မသေ


မန္တလေး၊ ဇန်န၀ါရီ ၁၆

ဆိုင်ကယ်ခိုး ယူရာတွင်ပါဝင်သူ တစ်ဦး သုံးထပ်တိုက်ပေါ်မှ ခုန်ချသော်လည်း အသက်သေဆုံးမှု မရှိ ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗောဓိကုန်းဘုရားဝင်းအတွင်း ဆိုင်ကယ် တစ်စီးပျောက် ဆုံးသွားကြောင်း သတင်းရရှိသဖြင့် တရားခံအား ဖမ်းဆီးရမိရေး အသွင် ယူဆောင်ရွက်ရာတွင် ကျူးလွန်ထားကြောင်း သတင်းရရှိသူ ကို-----၁၉နှစ်၊ ဂေါဝိန်၊ စိန်ပန်းရပ်နှင့် တစ်ရပ်ကွက် ထဲနေ ကို----(၂၃)နှစ်မှာ Dayang 125 ဆိုင်ကယ်အား သော့မပါဘဲ ဗောဓိကုန်းဘုရား အနောက်ဘက် ပေါက်သို့ တွန်းလာခဲ့ပြီး နှစ်ဦးသား စီးနှင်းမောင်းထွက်သွားကြောင်း သတင်းရရှိသဖြင့် အမှုစစ်ဆေးရန် အနောက်မှ လိုက်ခဲ့ကြောင်း ထို့နောက် ဆိုင်ကယ်မောင်းနှင် သူတစ်ဦးသာ တွေ့ရှိရ်ျ မေးမြန်းရာ ဗောဓိကုန်း ဘုရားဝန်းအတွင်းမှ ခိုးယူကြောင်းဝန်ခံခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်းသအားစစ်ဆေးနေစဉ် ၈၁လမ်း၊ ၂၈-၂၉လမ်းကြားတွင် နေအိမ် သုံးထပ် တိုက်ပေါ်မှ အမျိုးသားတစ်ဦးခုန်ချကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ ဘုရားဝန်းအတွင်းမှ ဆိုင် ကယ်ခိုးယူခဲ့သူ နှစ်ဦးအနက် တစ်ဦးဖြစ်နေကြာင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါခုန်ချသူမှ အသက်မသေဘဲ ရင်ဘက်/ကျောအောင့်၊ ယာလက်/ဒူးနာ ဒဏ်ရာများရရှိရ်ျ မန္တလေးဆေးရုံးကြီးသို့ ပို့ဆောင်ကုသလျှက်ရှိပြီး အဆိုပါတရားခံနှစ်ဦးအား မဟာအောင်မြေမြို့နယ်ရဲစခန်းမှ (ပ)၂၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၇၉/၅၄အရအမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ဖိုးလပြည့်

Popular Myanmar News Journal

အပြည့်အစုံသို့ »

မင်းကွတ်သီး နှင့် ကျန်းမာရေး


Anti Bacteria- ဘက်တီးရီးယားတွေကို ဆန့်ကျင်တိုက်ဖျက်ပါတယ်

Lowering Blood Sugar Levels သွေး ထဲက သကြားဓာတ်ကို လျှော့ချပေးတယ်။

Lowering Total Blood Cholesterol သွေး ထဲက ကော်လက်စထရောကိုလည်း လျှော့ကျစေပါတယ်။

Preventing Heart Disease- နှလုံး ရောဂါ ဖြစ်မှုကို ကာကွယ်ပေးတယ်။

Preventing Aging- ရင့်ရော် အိုမင်းမှုကို တားဆီးထားနိုင်တယ်။

Overcoming Tumor and Cancer အကြိတ် အဖု နဲ့ ကင်ဆာ ရောဂါကို သက်သာစေပါတယ်။

Overcoming Gout ဂေါက်ရော ဂါ အဆစ်မြစ် ယောင်တာ နာတာ ကို လည်းသက်သာစေပါတယ်။

Overcome Thyroid Disorders သိုင်းရိုက် ပုံမှန် မဖြစ်တာကိုလည်းသက်သာစေပါတယ်။

Hemorrhoid remedy အူကျ တဲ့ရောဂါကိုလည်း သက်သာစေပါတယ်

Essential for fatigue ပင်ပန်းနွမ်းနယ် မှုအတွက် လိုအပ် တဲ့အဟာရ ခွန်အားကို ပေးစွမ်းပါတယ်

မင်းဂွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံရှိ လူအများပင် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းကွတ်သီးကို စားသုံးလေ့ရှိကြသည်။

မင်းကွတ်သီးအခွံ၊ အခေါက်နှင့် အရွက်နုများကို ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် အသုံးပြုကြသည်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။

မင်းကွတ်သီး အရည်ဟာ နှလုံးသွေးကြော မာကျော ကျဉ်းမြောင်းတာ၊ သွေးတိုးတာနဲ့ သွေးခဲပိတ်တာ အပါအဝင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ထိထိရောက်ရောက် ကုသမှု ပေးနိုင် ပါတယ်။

မင်းကွတ်သီးမှာ ကင်ဆာ ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ Garcinone E လို့ ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေလို့ပါ။ ဒီဒြပ်ပေါင်းဟာ မင်းကွတ်သီး တစ်မျိုးထဲ မှာပဲ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။

Credit: Asiaqueenmonmon Kyaw

အပြည့်အစုံသို့ »