New Light of Myanmar သတင်းစာ (၁၈-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အပြည့်အစုံသို့ »

မြန်မာ့အလင်း သတင်းစာ (၁၈-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အပြည့်အစုံသို့ »

ကြေးမုံသတင်းစာ (၁၈-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အပြည့်အစုံသို့ »

ဘန်ကောက်ဆန္ဒပြသူများ ဗုံးထိမှန်ဒဏ်ရာရသူများရှိနေ

ဗုံးထိမှန်သူများကို သယ်ဆောင်လာစဉ် (Internet) 

မင်းလုံး – လတ်တလောထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bangkok Shutdown ယနေ့မွန်းလွဲပိုင်း အစိုးရဆန့်ကျင်ဆန္ဒပြပွဲတစ်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ဆန္ဒပြသူ ၃၆ ဦးဒဏ်ရာရှိခဲ့သည်ဟု ထိုင်းမီဒီယာများက ဖေါ်ပြကြသည်။

ထိုင်းအစိုးရဆန္ဒပြခေါင်းဆောင် မစ္စတာစူထစ် လာရောက်ရာ Banthat Thong Road လမ်းဆုံအနီး၌ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့နေ ကိုသက်ခိုင်က “ခုဆိုသွေးထွက်သံယိုမှုတွေဖြစ်လာပြီ၊ အရင်ဆန္ဒပြပွဲတွေဆိုရင်လည်း လူအုပ်ထဲ M-79 ပစ်ထည့်တဲ့အထိ ဖြစ်ပေါ်ခဲ့တာဆိုတော့ နောက်ရက်ပိုင်းတွေမှာ ဒီထက်မကပိုဆိုးလာနိုင်တယ်” ဟု ပြောသည်။

ယခုလ ဒုတိယအပတ်တွင်လည်း စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား သေနတ်မှန်ပြီး ဆေးရုံတင်ထားကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအား အကူအညီပေးနေသူ ဆရာတော်ဦးဇောတိက မိန့်ဆိုသည်။
ဆရာတော်က “ဆန္ဒပြနေကြတဲ့လမ်းတစ်လျှောက်မှ သူတို့သူဌေးကညပိုင်းစားသောက်ဆိုင်ဖွင့်ထားတယ်၊ ဆူ ဆူညံညံဖြစ်လာတော့ အလုပ်သမားတွေက ဆိုင်သိမ်းဖို့သူဌေးကိုပြောတယ်၊ ဆိုင်သိမ်းနေရင်းနဲ့ပဲ နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြတဲ့အချိန်မှာ သူတို့ကိုလာထိတာပေါ့၊ သူနဲ့အတူတူ မြန်မာနိုင်ငံသားတစ်ယောက်နဲ့ ထိုင်းနှစ်ယောက်ပါတယ်၊ ထိုင်းနှစ်ယောက်က ပွဲချင်းပြီး သေသွားတယ်၊ သူတို့နှစ်ယောက်ကိုတော့ ဆေးရုံ တင်ထားရတာပေါ့၊ နောက်တစ်ယောက်က အများအပြားထိခိုက်မှု မရှိတာကြောင့် ဆေးရုံကနေဆင်းသွားပါ ပြီး”ဟုပြောသည်။

ထိုသေနတ်မှန်ထားသည့်သူမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကျုံပကိုးကျေးရွာသား ကိုမျိုးမင်း(အသက် ၂၇ နှစ်) သည် ပေါင်တွင်တစ်ချက်၊ လက်မောင်းတွင် တစ်ချက်၊ ဗိုက်တွင်တစ်ချက် စုစုပေါင်း ၃ ချက်မှန်ပြီး ဘန်ကောက်မြို့ရှိ လာမားဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအကူအညီပေးနေသူ မင်းဘခက်ကလည်း “သူသေနတ်မှန်ထားတာသူမသိဘူး၊ သူထိပြီးတော့ပြေးလို့နိုင်သေးတယ်၊ နောက်တော့ သေနတ်မှန်တယ်လို့သိတော့ ထိုင်းအဖွဲ့အစည်းတစ်ခုက သူ့ကိုဆေးရုံတင်ပေးလိုက်တယ်၊ ဆေးဖိုးဝါးခတွေတော့မကုန်ဘူးပေါ့၊ အဲဒီအဖွဲ့အစည်းက လိုရင်သုံးဖို့ ဘတ်ငွေတွေလည်းပေးခဲ့တယ်” ဟု ပြောသည်။

အလားတူ ယခုလ ၈ ရက်နေ့တွင် ဆန္ဒပြပွဲအနီးရှိ မုန့်ဆိုင်တစ်ဆိုင်မှ မြန်မာနိုင်ငံသားကိုထွန်းထွန်းဦးကလည်း ထိုနည်းတူ သေနတ်ပစ်ခတ်ခံလိုက်ရသဖြင့် ဘန်ကောက်မြို့ဆေးရုံတစ်ရုံ၌ အရေးပေါ်ကုသခံခဲ့ရသည်ဟု သိရသည်။

ထိုသို့ ဆန္ဒပြလူစုဝေးခြင်းတွင်မြန်မာနိုင်ငံသားများပါဝင်ပတ်သက်မှုမရှိရန်နှင့် ဆန္ဒပြပြုလုပ်မည့်နေရာများ သိရှိနိုင်ရန်အတွက် ဒေသဆိုင်ရာသတင်းမီဒီယာများအား မပြတ်လေ့လာကြရန်လည်း ဘန်ကောက်မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်တိုက်တွန်းနှိုးဆော်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ဆုံးပတ် ထိုင်းဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃၅ ဦး အပါအဝင် လူ ၁၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင်ဖေါ်ပြသည်။
လွတ်လပ်သော မွန်သတင်းအေဂျင်စီ

အပြည့်အစုံသို့ »

ဖုန်းလိုင်းများ ဆက်လက် နှေးကွေး နေဦးမည်

ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တဆိုင် (ဓာတ်ပုံ – Reuters)

တရုတ် နည်းပညာ ကုမ္ပဏီများ ဖြစ်သော ZTE နှင့် HUAWEI ၏ ဖုန်းလိုင်း ချိတ်ဆက်မှုများ အသစ်ပြန်လည် တပ်ဆင်နေသောကြောင့် ယခုလကုန်ပိုင်း အထိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းများ နှေးနေဦးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။

“အခုက Network နှစ်ခု ဖြစ်နေတော့ လိုင်းချိတ်တဲ့ အခါမှာ အခက်အခဲလေး ရှိတယ်။ အခု မြန်မာပြည် အောက်ပိုင်းကို ZTE Network အစား HUAWEI နဲ့ အစားထိုးဖို့ လုပ်နေတယ်။ အဲဒီကာလမှာ ဖုန်းလိုင်း ပြဿနာ ရှိနိုင်တယ်”ဟု ဦးမျိုးဆွေက ဆိုသည်။

မြန်မာပြည် အထက်ပိုင်းတွင် ZTE Netwok နှင့် မြန်မာပြည် အောက်ပိုင်းတွင် HUAEWI Netwok တို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းလိုင်း ဆက်သွယ်မှုနှင့် ပတ်သက်ပြီး အဆင်မပြေမှုများ ရှိပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

ဖုန်းသုံးစွဲသူများ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ပြီး ဖုန်းလိုင်း တပ်ဆင်မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်း အချက်အလက်များကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြော ဆိုသည်။

“ဒီတလလုံး မိုဘိုင်းဖုန်း လိုင်းတွေက စက်တွေလဲနေတယ်ဆိုပြီး ပြောလိုက် မကြားလိုက်၊ ကျသွားလိုက်နဲ့။ ဒီလို အားနည်းချက် အတွက်လည်း ဘာမှ အလျော်အစား မရှိဘူး”ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူ တဦးက ပြောသည်။

ယခုလပိုင်း အတွင်း မိုဘိုင်းဖုန်း ဆက်သွယ်မှုလိုင်းများ နှေးခြင်း၊ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေခြင်း၊ ဖုန်း မက်ဆေ့ခ်ျများ အ၀င်အထွက် ခက်ခဲနေခြင်းများ ရင်ဆိုင်နေရသည်ဟု ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း သုံးစွဲသူများက ဧရာဝတီသို့ ပြောသည်။

ဖုန်း ဖွင့်ထားသော်လည်း တဖက်မှ ဖုန်းခေါ်ဆိုသည့် အခါ ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေသည်ဟု ပြောဆိုခြင်း၊ ဖုန်းခေါ်ဆို ရာတွင် တိုက်ရိုက် လိုင်းမ၀င်ဘဲ စက္ကန့် ၄၀ ခန့်အထိ ခေါ်ဆိုရပြီး နောက်ပိုင်းတွင် ဖုန်းလိုင်း ကျသွားခြင်း၊ ထပ်ခါ တလဲလဲ ခေါ်ဆိုရခြင်းများကြောင့် မိုဘိုင်းဖုန်း သုံးစွဲမှုကို စိတ်ပျက်မိကြောင်း မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူ ကိုဘိုဘိုက ပြောပြသည်။

“ကျနော်တို့က ပိုက်ဆံ ပေးထားရဲ့သားနဲ့ ၀န်ဆောင်မှု ကောင်းကောင်း ပြန်မပေးဘူး။ ထိုက်တန်တဲ့ ၀န်ဆောင်မှု ပြန်မပေးတာဟာ ပိုက်ဆံတွေ အခိုးခံရသလိုပဲ”ဟု ကိုဘိုဘိုက ပြောသည်။

ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်းတွင် နေထိုင်သူ ဦးမြင့်ကျော်က “ကျနော်တို့ လစဉ် အသုံးစရိတ်ထဲက ရာခိုင်နှုန်း အတော်များများ ပေးလိုက်ရတာ တယ်လီဖုန်း ပြောခတွေပဲ။ တလကို ကျပ် ၁ သောင်း ကနေ ၂ သောင်း အထိ ကုန်ပြီး ၀န်ဆောင်မှုကျတော့ ညံ့ လိုက် တာ နှိုင်းစရာ မရှိလောက်အောင်ပဲ။ ၀င်ငွေနိမ့်တဲ့ တိုင်းပြည်မှာ ဖုန်းပြောခက ဖွံ့ဖြိုးပြီးနိုင်ငံတွေ နီးပါး ပေးနေရတာ အတော် ကို မတရားတဲ့ ကိစ္စပါ။ အခု ဂျပန် ကုမ္ပဏီနဲ့ ပေါင်းလုပ်မယ်။ ကော်ပိုရေးရှင်း ပြောင်းမယ်၊ အများပိုင်ပြောင်းမယ် ဆိုပြီး အမျိုးမျိုး ပြောနေတယ်။ တကယ်တော့ ပုဂ္ဂလိက ပေးလိုက်တဲ့ နည်းကလွဲပြီး တခြားဘာမှမရှိဘူး”ဟု ပြောဆိုသည်။

ယခုအခါ အစိုးရက ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း MEC ဖုန်း လိုင်းကတ်များကို အကန့်အသတ်မရှိ ဆက်တိုက် ချထားပေးမှုများကြောင့် ဖုန်းလိုင်း ကျပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုမှုများမှာ မမှန်ကြောင်း ဆက်သွယ်ရေး လုပ်ငန်းမှ ဦးမျိုးဆွေက ငြင်းဆို သည်။

“ကျနော်တို့ ဖုန်းလိုင်းတွေ ထပ်ချပေးတာနဲ့ အညီ ဖုန်းတိုင်တွေ ထပ်တိုးချဲ့ပါတယ်။ အခုနှစ်မှာ ဖိုင်းလိုင်း ၁.၄ သန်းကျော် ထပ်ချဲ့ထားပါတယ်။ အဲဒီ ထပ်ချဲ့တဲ့ အထဲက ပေးနေတာပါ ”ဟု ဦးမျိုးဆွေက ဆိုသည်။

တရုတ် နည်းပညာ ကုမ္ပဏီများ ဖြစ်သော ZTE နှင့် HUAWEI ၏ ဖုန်းလိုင်းများကို မြန်မာနိုင်ငံ အတွင်း ၂၀၀၃ ခုနှစ်ခန့်က စတင် တပ်ဆင် အသုံးပြုခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဖုန်းလိုင်း ၄ သန်း စီမံချက်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် ဖုန်းလိုင်းများ နှေးနေသကဲ့သို့ အင်တာနက် ၀န်ဆောင်မှု လိုင်းများမှာလည်း မြန်ဆန်မှု မရှိသေးဘဲ နှေးကွေးမြဲ ဖြစ် ကြောင်း အင်တာနက် အသုံးပြုသူများက ပြောဆိုလျက် ရှိသည်။
ဧရာဝတီ

အပြည့်အစုံသို့ »

မန္တလေးတိုင်း မ.ဘ.သ အဖွဲ့ရဲ့ ပထမဆုံး ကြေညာချက်

အထက်မြန်မာပြည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (သာသန ဝံသပါလ) ကို မန္တလေးမြို့မှာ ဖွဲ့ စည်းဖွဲ့ စည်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၅ က မန္တလေးမြို့၊ မဟာအတုလဝေယန် (အတုမရှိ)  ကျောင်းတော်ကြီးမှာ ကျင်းပခဲ့စဉ် 

မန္တလေးမြို့က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ အစည်းအဝေးအပြီး မနေ့က ထွက်ပေါ်လာတဲ့ ပထမဆုံး ကြေညာချက် တစောင်ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး သာသန၀ံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ကြေညာချက် အမှတ် (၁/ ၂၀၁၄)

ရက်စွဲ။   ။၁၃၇၅-ခု ပြာသိုလပြည့်ကျော် ၂-ရက် (၁၇- ၁ - ၂၀၁၄) သောကြာနေ့

မန္တလေးတိုင်းဒေသကြီး အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ အတုမရှိ သံဃာ့ညီလာခံကြီး၌ မန္တလေးမြို့ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် အရှင် ဣန္ဒပါလ ၏ ပြောကြားချက်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ အမိန့်ကြေညာချက် အမှတ် (၁) ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။

မန္တလေးမြို့ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် အရှင် ဣန္ဒပါလ သည် အတုမရှိ သံဃာ့ညီလာခံကြီး၌ မူဝါဒသဘောထားစာတမ်း မဖတ်ကြားမီ သီတဂူ ဆရာတော်ဘုရားကြီးနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍လည်းကောင်း ပုဂ္ဂိုလ်ရေးရာ စကားများကို ပြောခဲ့ပါသည်။

ထိုဆရာတော်၏ ပုဂ္ဂိုလ်ရေးရာပြောကြားချက်များသည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ မူဝါဒ၊ လမ်းစဉ်နှင့် ဆန့်ကျင်နေပါသည်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည် သာသနာ့ ဦးသျှောင် ဆရာတော်ကြီးများ၏ သြ၀ါဒကို ခံယူလျက် အမှီအခိုကင်းသော လွပ်လပ်သည့် အဖွဲ့အစည်းကြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်ပါသည်။

 အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ မူဝါဒမှာ-

၁။ ပြည်ထောင်စုကြီး တစ်စုတစ်စည်းတည်း အမြဲတည်ရှိစေရေး၊
၂။ တိုင်းရင်းသားအကျိုးစီးပွားများ လုံးဝ မဆုံးရှုံးစေရေး၊
၃။ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါသည်။

ထိုမူဝါဒကို အကောင်အထည်ဖေါ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာ စောင့်
ရှောက် ရေး အဖွဲ့က အတုမရှိသံဃာ့ ညီလာခံကြီးကို ကျင်းပခြင်းဖြစ်ပါသည်။

ထိုသံဃာ့ညီလာခံကြီး၌ ရဟန်းသံဃာပေါင်း (၃၀၀၀၀) သုံးသောင်းကျော် တက်ရောက်ခဲ့ပါသည်။ လူ ပရိသတ်လည်း (၂၀၀၀၀) နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပါသည်။

ထိုသံဃာ့ညီလာခံကြီး၌ သီတဂူ ဆရာတော်ကြီးသည် သံဃာတော်များအနေဖြင့် မလိုလားသူများက မည် သို့ပင် နှောက်ယှက်နှောက်ယှက် သည်းခံရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ကြီးကုန်ကြီး ကုန်သော သူတို့ ကို ငယ်ကုန်ငယ်ကုန် သောသူတို့က လေးစားရမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ပညာသင်ကြားရေးလုပ်ငန်း များသည်လည်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အလုပ်များပင်ဖြစ်ကြောင်းကိုလည်းကောင်း ခန္တီ၊ မေတ္တာ၊ ဂါရ၀၊ ပရဟိတတို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူခဲ့ပါသည်။

ဆရာတော်ကြီး၏ သြ၀ါဒမိန့်ခွန်း၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားများ မပါဝင်သကဲ့သို့ သီးခြားမိန့်ကြားသော အလွတ်သဘောသြ၀ါဒ၌လည်း မည်သူ့ကို ထောက်ခံသည်၊ မည်သူ့ကို ကန့်ကွက်သည်ဟူ၍ အရိပ်အမြွက်မျှ မပါဝင်ခဲ့ပါ။

သီတဂူဆရာတော်ကြီးသည် အချင်းချင်း စိတ်ဝမ်းကွဲပြားမည့် အလုပ်မျိုးကို ရှောင်ကြဉ်ပြီး နိုင်ငံသားအားလုံး အကျိုး ရှိမည့် အလုပ်မျိုးကိုသာ တက်ညီလက်ညီ ပြုလုပ် ဆောင်ရွက်ကြဖို့ မိန့်ကြားတော်မူခဲ့ပါသည်။

မည်သည့်ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်းကိုမျှ သာစေနာစေဟူသော စိတ်ထားမျိုး မရှိ သကဲ့သို့ လူမျိုးရေး၊ ဘာသာရေးတို့နှင့်ပတ်သက်၍လည်း ကျဉ်းမြောင်းသည့် အမြင် မရှိပါ။

ထိုသို့ဖြစ်ပါလျက် တိပိဋကဓရ ရမ္မာဝတီ ဆရာတော် အရှင်ဣန္ဒပါလက အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ မူဝါဒလမ်းစဉ်မှ သွေဖည်၍ ပုဂ္ဂိုလ်ရေးရာစကားများကို သူ့သဘောနှင့်သူ ပြောကြားခဲ့ပါသည်။

ထိုပြောကြားချက်များ သည် သီတဂူဆရာတော်ဘုရားကြီး၏ မူဝါဒ၊ လမ်းစဉ် မဟုတ်သကဲ့သို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ မူဝါဒ၊ လမ်းစဉ်လည်း မဟုတ်ပါကြောင်း မန္တလေးတိုင်း ဒေသကြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။

အရှင်ဣန္ဒာစက္ကာဘိဝံသ
ဦးဆောင်ဆရာတော်
အတုမရှိသံဃာ့ညီလာခံကျင်းပရေးကော်မတီ
နိရုတ္တိ နယူပဒေသကျောင်း မစိုးရိမ်တိုက်၊

မဟာအောင်မြေမြို့နယ် မန္တလေးမြို့။(09.91024795)

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဗဟိုဦးဆောင်ဆရာတော်
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့။ (09.8616226)


 ဦးဝိရသူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ  ကူးယူဖော်ပြသည်။



The Irrawaddy

အပြည့်အစုံသို့ »

Justin Bieberကို ဒေါသထိန်းချုပ်ရေး သင်တန်းတက်ဖို့ တိုက်တွန်းခဲ့တဲ့ Selena Gomez


Selena Gomezဟာ Justin Bieberကို ဒေါသ ထိန်းချုပ်ရေး သင်တန်းတွေ သွားတက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ အသက်၂၁နှစ်အရွယ် အလှပဂေး Selena Gomezဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အဆိုတော် Justin Bieber နဲ့ မကြာသေးမီကမှ ပြန်ပေါင်းထုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အပတ်က အိမ်နီးချင်းအိမ်ကို ကြက်ဥနဲ့ပေါက်ခဲ့တာ အပါအ၀င် အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ Justin Bieberရဲ့ အပြုအမူဆိုးတွေ ပြုခဲ့သူဖြစ်ပါတယ်။

“အပြုအမူတွေ တိုးတက်မလာရင်တော့ ချစ်စိတ်ကူးယဉ်ဆန်စရာတွေလဲ  ရှိတော့မှာမဟုတ်ဘူး။” လို့ Selena Gomez က Justin Bieberကိုပြောခဲ့ပြီး ဒေါသထိန်းချုပ်ရေး သင်တန်းတက်ဖို့ တိုက်တွန်းခဲ့တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ “Selena က Texasကလာတဲ့ ရှေးဆန်တဲ့မိန်းကလေး၊ အပြုအမူကောင်း၊ အကျင့်ကောင်းတွေကို ယုံကြည်တယ်။ သူတို့စုံတွဲကြား တစ်ယောက်နဲ့တစ်ယောက် အရင်လိုပုံမှန်အတိုင်း အမြင်ပြန်ကြည်ဖို့ Justin Bieberရဲ့ လုပ်ပုံကိုင်ပုံတွေ ပြုပြင်ကို ပြုပြင်ရမယ်လို့လဲ Selena ကပြောခဲ့သေးတယ်။” လို့ အဲ့ဒီ့အမည်မဖော်လိုသူက ဆက်ပြောပါတယ်။
ကန်ဒေါ်လာ ၂၀၀၀၀ ပျက်စီးဆုံးရှုံးသွားမှုနဲ့ Justin Bieberရဲ့အိမ်မှာ  ဇန်န၀ါရီလ ၁၄ရက်နေ့က ရဲတွေ ၀င်ရောက်စီးနင်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။




Ref:starpulse
Trend Myanmar

အပြည့်အစုံသို့ »