ဂြိုဟ် ၆ လုံး၏လှုပ်ရှားမှုအားတိကျစွာဖော်ပြပေးနိုင်မည့် သိန်းနှစ်ထောင်ကျော်နာရီ


Tuesday, February 11, 014

Van Cleef & Arpels ဟုအမည်ပေးထားသော စိန်ရွှေရတနာနှင့် ရေမွှေး Company သည် ၁၉၇၀ မှစတင်ခဲ့ကာ နာရီထုတ်လုပ်ခြင်းတွင် အတွေ့အကြုံများစွာရှိသော ဒက်ခ်ျနာရီ Company တစ်ခုဖြစ်သည့် Christiaan Van Der Klaauw နှင့်ချိတ်ဆက်ကာ Midnight Planetarium ဟု အမည်ပေးထားသော နာရီကိုထုတ်လုပ်ခဲ့ကြပါသည်။ အဆိုပါနာရီသည် ကျွန်ုပ်တို့ နေအဖွဲ့အစည်းတွင် ပါဝင်သော ဂြိုဟ် ၆ လုံး၏ လှည့်ပတ်နေမှုကို တိကျစွာဖော်ပြပေးနိုင်သည်ဟု သိရပါသည်။

Midnight Planetarium နာရီသည် ဒီဇိုင်းပိုင်းဆိုင်ရာနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာတို့ ပေါင်းစပ်၍ အံသြဖွယ်ကောင်းပြီး လှပသေသပ်စွာဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ နာရီတွင် အဖိုးတန် ကျောက်တုံးပေါင်း ၃၉၆ တုံးပါဝင်ပြီး ၄င်းတို့ကို နာရီမျက်နှာပြင်ပေါ်တွင် ထည့်သွင်းမြုပ်နှံထားပါသည်။ သို့သော် နာရီအနေဖြင့် ဂြိုဟ် ၆ လုံးကိုသာ ဖော်ပြထားနိုင်ပြီး ၄င်းတို့မှာ မာကျူရီ၊ဗီးနပ်စ်၊ကမ္ဘာ၊မားစ်၊ဂျူပီတာနှင့် စေတန်ဂြိုဟ်တို့ ဖြစ်ကြပါသည်။

ဂြိုဟ်တစ်ခုချင်းစီကို ကျောက်တုံးတစ်တုံးစီဖြင့် ဖော်ပြရာတွင် အရောင်များဖြင့် ခွဲခြား ဖော်ပြထားပါသည်။ အခြားသောဂြိုဟ်နှစ်ခုဖြစ်သော Uranus နှင့် Neptune ဂြိုဟ်တို့အား ၄င်းတို့၏ ရှည်လျားသော ပတ်လမ်းများကြောင့် နာရီတွင် ထည့်သွင်းဖော်ပြရန်မဖြစ်နိုင်ခြင်းကြောင့် ချန်လှပ်ထားခဲ့ခြင်း ဖြစ်ပါသည်။

နာရီပြုလုပ်သူများအနေဖြင့် ယခုကဲ့သို့ ထွက်ရှိလာရန် ၃ နှစ်ခန့်အချိန်ယူခဲ့ရပြီး နာရီ၏ ဈေနှုန်းမှာ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ 245000 ဖြစ်ပါသည်။

TechSpace Journal

အပြည့်အစုံသို့ »

အဲလ်ဂျီးရီးယား လေယာဉ်ပျက်ကျ၊ လူ ၁၀၃ ဦးသေ

Hercules C - 130 အမျိုးအစား ဖြစ်တယ်လို့ ယုံကြည်ရ

အဲလ်ဂျီးရီးယား စစ်ဖက်ဆိုင်ရာ လေယာဉ် တစင်း နိုင်ငံ အရှေ့မြောက် ဘက်ပိုင်းမှာ ပျက်သွားရာ လေယာဉ်ပေါ်ပါ ခရီးသည် ၁၀၃ ဦး စလုံး သေဆုံးသွား ပါတယ်။

ဒီလေယာဉ်ဟာ Hercules C - 130 အမျိုးအစား ဖြစ်တယ်လို့ ယုံကြည်ရပြီး၊ Oum al - Bouaghi ပြည်နယ် တောင်ထူ ထပ်တဲ့ ဒေသ ဘက်မှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပါတယ်လို့ သတင်းတွေက ဆိုပါတယ်။

ရာသီဥတု ဆိုးဝါးပြီး လေပြင်းတွေ အရမ်းတိုက်တဲ့အတွက် အခုလို လေယာဉ်ပျက်ကျတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ရကြောင်း စစ်တပ် ထိပ်တန်း အရာရှိ တဦးက ပြောပါတယ်။

BBC Burmese

အပြည့်အစုံသို့ »

လွှတ်တော်သိက္ခာ ကျဆင်းစေမှု တိုင်တန်းဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း


ပြည်ထောင်စု လွှတ်တော်က ချထားပေးတဲ့ ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် သိန်းတစ်ထောင်နဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လွှတ်တော်အတွက် သိက္ခာကျစရာတွေတွေ့ရှိခဲ့ရင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော် မတီကို တင်ပြဖို့ ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အောက်ခြေမှာ ပူးပေါင်းဆောင်ရွက်တဲ့ လူမှုအထောက် အကူပြုအဖွဲ့တွေက ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ ဒီနေ့ လွှတ်တော်ကို လာရောက်လေ့လာတဲ့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေထဲက တချို့ကတင်ပြရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြော လိုက်တာပါ။

“ရပ်ကွက်က လူတွေကနေပြီးတော့ လူသွားလမ်းကို ကားသွားလမ်းလေး ဖြစ်စေချင်လို့ လိုလိုလားလားနဲ့ အလှူငွေထည့်ရင်တော့ တမျိုးပေါ့နော်၊ မထည့်မနေရ လုပ်တာမျိုးဆိုရင် အဲဒါကတော့ မဖြစ်သင့်ဘူး၊ ဒီဖွံ့ဖြိုးရေး ရန်ပုံငွေဟာ လွှတ်တော်ကနေပြီးတော့ ချထားပေးတဲ့ ရန်ပုံငွေဖြစ်တဲ့အတွက် လွှတ်တော်အတွက် သိက္ခာကျတဲ့ကိစ္စမျိုး မဖြစ်စေချင်ဘူး၊ ပြည်သူတွေ နစ်နာလို့ရှိရင် လွှတ်တော်အတွက် သိက္ခာကျစရာဖြစ်မယ်၊ အဲဒါကြောင့်မို့ သေသေချာချာ အစီရင်ခံစာတင်ပြပါ”

မကြာသေးခင်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်းတစ်ထောင်နဲ့ ပတ်သတ်ပြီး မဟုတ်မမှန်တာတွေ လုပ်ခဲ့တာရှိရင် အရေးယူဖို့ ပြောကြားခဲ့ပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

ချားလ်စ် မင်းသား ဘီဘီစီ မြန်မာဌာန နဲ့တွေ့


ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ် မင်းသားနဲ့ ကြင်ယာတော် တို့ သတင်းခန်းမှာ လေ့လာ
ဗြိတိန်နိုင်ငံရဲ့ အိမ်ရှေ့စံ ချားလ်စ် မင်းသားကြီးနဲ့ သူ့ရဲ့ ကြင်ယာတော် Cornwall မြို့စား Camila တို့က လန်ဒန်မြို့ လယ်မှာ ရှိတဲ့ New Broadcasting House ဘီဘီစီ ရုံးသစ်ကြီးကို ဖေဖော်ဝါရီလ ၁၁ ရက် အင်္ဂါနေ့ မနက်က လာရောက် လေ့လာခဲ့ ပါတယ်။

ကမ္ဘာ့သတင်းခန်း အပါအဝင် မြန်မာဌာနနဲ့ အခြား ဘာသာစကား ဌာနတွေကိုလည်း ဝင်ရောက် ကြည့်ရှုရင်းနဲ့ မြန်မာ ဝန်ထမ်းတွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါတယ်။

ဘီဘီစီ မြန်မာ ဌာနရဲ့ ရုပ်မြင်သံကြား အစမ်း ထုတ်လွှင့်ဖို့ ပြင်ဆင်နေတဲ့ စတူဒီယိုထဲ အထိ ဝင်လာပြီး မြန်မာ ဌာနက ဘာတွေ ထုတ်လွှင့် သလဲ၊ လက်ရှိ နိုင်ငံရေး အရ ပြောင်းလဲလာတဲ့ အချိန်မှာ မြန်မာ ဌာန အနေနဲ့ ဘာတွေ ထုတ်လွှင့် နိုင်သလဲ စသဖြင့် သူသိချင်တာတွေကို မေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်နိုင်ရေး အလားအလာနဲ့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ တွေကိုလည်း စိတ်ဝင်တစား မေးမြန်းခဲ့ ပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားလည်ချင် ကြောင်းလည်း ထုတ်ဖေါ်ပြောခဲ့ ပါတယ်။

BBC Burmese

အပြည့်အစုံသို့ »

ဗဟန်းမြို့မရဲစခန်းလူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူအား သတင်းပေးကြပါရန် မေတ္တာရပ်ခံခြင်း


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

၈.၂.၂၀၁၄ရက်နေ့ ၂၂၀၀အချိန် ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသားတစ်ဦးဓါးထိုးခံရကာ သေဆုံးရောက်ရှိ
နေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အရှေ့ရပ်ကွက်နေ ကိုဆန်းမင်းသူဖြစ်ပြီး ၀ဲရင်အုံ တွင်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ မေးစေ့ဝဲဘက်ပွန်းစုတ်ဒဏ်ရာ (၁)ချက်တို့ရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဗဟန်းမြို့နယ်၊ စက်မှု(၁)လမ်းတွင်
အမျိုးသားတစ်ဦးနှင့်စကားများရန်ဖြစ်စဉ် အဆိုပါအမျိုးသားမှ ဓါးဖြင့်ထိုး သွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဗဟန်းမြို့မရဲစခန်း (ပ)၆၃/၂၀၁၄၊
ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ် ခဲ့ပါသည်။

စုံစမ်းဖော်ထုတ်ချက်များအရ အဆိုပါပြစ်မှုအားကျူးလွန်သူများမှာ ညီဇင်ဦး (ခ)ညီဇင်(ခ)သူရလင်းနှင့် အဖိုးကြီး(ခ)အောင်ကျော်သူတို့ဖြစ်ကြောင်း
ပေါ်ပေါက်သဖြင့် ညီဇင်ဦး(ခ)ညီဇင်(ခ)သူရလင်းအား ဖမ်းဆီးရမိစစ်ဆေး လျက်ရှိပါသည်။

အမှုမှကျန်ပြစ်မှုကျူးလွန်သူ အဖိုးကြီး(ခ)အောင်ကျော်သူ၊(၄၂)နှစ်၊
(ဘ)ဦးမောင်မောင်လွင်၊ ၁၂/ရကတ(နိုင်)၀၆၂၇၅၈၊ အခန်း(၄၀၁)၊ တိုက်အမှတ်(၃၀)၊ စီ(၁၄)လမ်း၊ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်နေသူမှာ အခင်းဖြစ်ပွားပြီးနောက်ထွက်ပြေးတိမ်းရှောင်
နေခဲ့၍ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ၎င်းနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီ သတင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၁-၃၇၆၁၆၆(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၄၅၅၉၅(ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၅၄၆၃၀(ဗဟန်းမြို့မရဲစခန်း)။

Yangon Police

အပြည့်အစုံသို့ »

Download Flappy Bird for Android apk v1.3


ဒီဂိမ်းကတော့ တော်တော်ကကျိုးကကြောင် နိုင်တဲ့ဂိမ်း၊ ဒါပေမယ့်နာမည်ကြီးဆိုပဲ .. သူ့အကြောင်းအသေးစိတ်သိချင်ရင်တော့ http://www.myanmarcnn.com/2014/02/flappy-bird.html မှာ ရေးထားတယ်။ အခုကတော့ download လုပ်ပြီး ကိုယ်တိုင်ဆော့ဖို့ပေးတာ။ အောက်မှာ ယူလိုက်

Download လုပ်ရန်



အပြည့်အစုံသို့ »

Flappy Bird မိုဘိုင်းဂိမ်း တစ်ရက်လျှင် ဒေါ်လာ ၅၀,၀၀၀ ရရှိနေ


စမတ်ဖုန်းဂိမ်းများထဲမှ Flappy Bird ဟုအမည်ရသည့် ဂိမ်းအသစ်သည် တစ်ရက်လျှင် ဝင်ငွေဒေါ်လာ ၅၀,၀၀၀ ခန့်ရရှိနေကြောင်း ဗီယက်နမ်နိုင်ငံသား developer Dong Nguyen ကပြောကြားသွားခဲ့သည်။ အဆိုပါ ဂိမ်းကို ၂၀၁၃ ခုနှစ် မေလတွင် စတင်လွှင့်တင်ခဲ့ပြီး စက်တင်ဘာလတွင် update ပြုလုပ်ခဲ့ကြောင်း သိရသည်။

Flappy Bird သည်ကြော်ငြာများဖြင့် အဓိကရပ်တည်နေကာ မိမိအနေဖြင့် ယခုအတိုင်းသာ ဆက်လက်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း Nguyen ကပြောကြားခဲ့သည်။ Flappy Bird အနေဖြင့် တစ်ခုခုထည့်သွင်းပေါင်းစပ် လိုက်မည်ဆိုပါက ဂိမ်းအကြီးအကျယ် ပျက်စီးသွားနိုင်ဖွယ်ရှိပြီး မိမိအနေဖြင့် ယခုအတိုင်းအတာသာ ထားစေလိုကြောင်း၊ မိမိအနေဖြင့် နောက်ဂိမ်းအဆက်များ ထုတ်ရန်စဉ်းစားဖွယ်ရှိပြီး Timeline ကိုမူပြောင်းလဲမည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။


Flappy Bird ဂိမ်းကို download ပြုလုပ်သည့်အကြိမ် သန်း ၅၀ ခန့်ရှိပြီး App store တွင် reviewများ ၄၇,၀၀၀ ရရှိထားပြီဖြစ်ကာ ရရှိထားသည့် review အများစုမှာ ကြယ်ငါးပွင့် သတ်မှတ်ချက်များဖြစ်ကြောင်းသိရသည်။


-စိုးထက်
Ref: CNET
Internet Journal

အပြည့်အစုံသို့ »