ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ ထပ်မံသတိပေးခံရ


ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။

ရှေ့လာမယ့် မတ်လ ကလေးတွေ စာမေးပွဲပြီးဆုံး မှ ပြောင်းရွှေ့ခွင့်ပေးဖို့ အောင်သိဒ္ဓိ ကျောင်း တိုက်ဆရာတော် ဦးအဂ္ဂဓမ္မက တိုင်းဒေသကြီး အစိုးရဆီ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့ အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ကိုဝင်းစိုးက ပြောပါတယ်။

“အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကနေပြီးတော့ မနေ့က နောက်ဆုံးထားပြောင်းပေးဖို့ စာတွေလာကမ်းထားတယ်၊ ကျနော်တို့က ပြောင်းစရာနေရာလည်း မရှိတဲ့အတွက် ကျတော်တို့ ဘုန်းကြီးကျောင်းမှာပဲ ဆက်နေတယ်၊ မနေ့က အောင်သိဒ္ဓိ ဆရာတော်က ကျောင်းသားလေးတွေရဲ့ ပညာရေးကို ရှေ့ရှုပြီးတော့ပေါ့နော် ဒုက္ခသည်တွေကို နေခွင့်ပြုဖို့ သနားခံစာ သွားတင်ထားတယ်”

လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ နေထိုင်သူတွေကို တပ်ပိုင်မြေနေရာနဲ့ မလွတ်ကင်းလို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက် အာရုံတက်ချိန်လောက်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်က အဲဒီရွာက အိမ်ခြေ ၄၀၀ နီးပါးလောက်ကို ၀င်ရောက်ဖျက်ဆီးခဲ့ပြီး အဲဒီရွာက ပြောင်းရွှေ့သူတွေဟာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။

မနေ့ကတုန်းက အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူးဆန်းအောင်က လာရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီဒုက္ခသည်တွေကို ကရင်ပြည်နယ်ခေါ်သွား ဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ တင်ပြရာမှာ ၀န်ကြီး ဦးအောင်မင်းက လက်မခံပဲ  ပြန်လည်နေရာချပေး နိုင်ရေးအတွက် စဉ်းစားပေးမယ်လို့ပြောကြောင်း ကျောင်းတိုက်ဆရာတော်က မိန့်ပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

တာချီလိတ်မြို့ လောင်းကစားရုံမှာ ထိုင်း ၆ ဦး မြန်မာ ၁၃ ဦး အဖမ်းခံရ


ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ တရားမ၀င် ဖွင့်လှစ်ထားတဲ့ Las Vegas Hotel က ကာစီနို လောင်းကစားရုံကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေဖမ်းဆီးရာ လောင်းကစားပစ္စည်းတွေ နဲ့အတူ ထိုင်းနိုင်ငံသား ၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃  ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကျိုင်းတုံအခြေစိုက် ပြည်နယ်ရဲမှူးကြီး မျိုးလွင်အောင် ဦးစီးတဲ့ ရဲတပ်ဖွဲ့ကနေပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ မနေ့မနက် ၁၀ နာရီခန့်က သတင်းအရ ၀င်ရောက် ရှာဖွေခဲ့ရာ အမျိုးသား ၁၀ ယောက် အမျိုးသမီး ၉  ယောက်နဲ့အတူ ထိုင်းဘတ်ငွေ ၁၉၂၈၆၀၀ နဲ့ညီမျှတဲ့ ငွေအစား ကစားတဲ့ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးရမိတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောပေမယ့် အသေးစိတ်ပြောဆိုဖို့အတွက် ငြင်းဆိုခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေဖက်က အတိအကျ မသိရသေးဘူးလို့လည်း ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံသား ၆ ယောက်ကိုတော့ အာမခံနဲ့ မြန်မာအာဏာပိုင်တွေက ပြန်လွတ်ပေးထားပေမယ့် ထိုင်းနိုင်ငံဘက်ခြမ်းကို ပြန်လာလို့ မရသေးကြောင်း၊ မြန်မာအာဏာပိုင်တွေက ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး  အမှုထင်ရှားလို့ ပြစ်ဒဏ်ကျခံရမယ်ဆိုရင် အနည်းဆုံး ၆ လ ကနေ တစ်နှစ်အထိ ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။

တာချီလိတ်မြို့က ဟော်တယ်အများစုဟာ ထိုင်းနိုင်ငံက ချမ်းသာတဲ့ ထိုင်းလူမျိုးတွေက နှစ်အလိုက် ပုတ်ပြတ်ငှားရမ်းပြီး အခုလို တရားမ၀င် လောင်းကစားရုံတွေ ဖွင့်လှစ်ထားတာ အများအပြား ရှိနေကြတယ်လို့လည်း သိရပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

လေးပွင့်ဆိုင် တွေ့ဆုံရေး အကောင်ထည်ဖော်ပေးရန် သန်လျင်တွင် ဆန္ဒထုတ်ဖော်


သန်လျင်မြို့နယ်တွင် အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် လေးပွင့်ဆိုင် တွေ့ဆုံပွဲ အကောင်အထည် ဖော်ပေးရန် သန်လျင်မြို့ ဒေသခံများနှင့် ကျောင်းသား သမဂ္ဂတို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၆ရက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ကိုကျော်သူ)

ကြယ်ပြာ| တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၆ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ဖေဖော်ဝါရီ ၁၆ရက်က လူအင်အား ၅၀၀ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

၎င်းက "ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချူပ်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို ကျွန်တော်တို့က ဖြစ်စေချင်တာ၊ ပြီးတော့ ပြည်သူတွေ သဘောမတူတဲ့ ပုဒ်မတွေ အားလုံးကိုပါ ဖျက်သိမ်းပေးဖို့ပေါ့ ဒီအချက်၃ချက်ကိုပဲ
တောင်းဆိုတာပါ” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့် တင်ရာတွင် လူအင်အား ၁၀၀၀ ခွင့်ပြုရန် တင်ပြခဲ့သော်လည်း လူ၃၀၀ဖြင့်သာ ပြသရန် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၁ရက်နေ့က ခွင့်ပြုခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၁၆ရက် နေ့လည် ၁၀နာရီမှ ၁၂နာရီအထိ ပြုလုပ်ခဲ့ပြီး သန်လျင်မြို့ ဒေသခံများနှင့်အတူ တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂလည်း ပူပေါင်းပါဝင်ခဲ့သည်။

Mizzima Burmese

အပြည့်အစုံသို့ »

မွေးကင်းစ စွန့်ပစ်ဌာနတွေ တရုတ်မှာဖွင့်

တရုတ်ပြည် ကလေး မွေးနှုန်း တင်းကျပ်

တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေကို မလိုချင်တဲ့ မိဘတွေက လာစွန့်ပစ်နိုင်တဲ့ နေရာ ၂၅ ခုကို အစိုးရက နိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား ပါတယ်။

ကလေး စွန့်ပစ်မှုတွေ တိုးလာအောင် အားပေး နေတာလို့ ဝေဖန်မှု တွေ ရှိနေပေမယ့် ဒီလို ကလေး လက်ခံ ဌာနတွေ နောက်ထပ် အများကြီး ဖွင့်ဖို့ စီစဉ် နေတယ်လို့ တရုတ် အာဏာပိုင် တွေက ပြောပါတယ်။

အနွေးဓာတ်ပေးတဲ့ ဖန်အုပ်ဆောင်း တခုထဲကို ကလေးကို ဘယ်သူမှ မသိဘဲ လာထားနိုင်မှု၊ နောက် မိဘတွေ ထွက်သွားပြီး ၁ဝ မိနစ် နေမှ အချက်ပေးတဲ့ စနစ် တပ်ဆင်ထားတဲ့ ဒီစွန့်ပစ်ဌာနတွေဟာ ကလေးရဲ့ အသက်ရှင် ကျန်ရစ်မှုကို သိသိသာသာ တိုးမြင့်စေတယ်လို့ သိရပါတယ်။

နှစ်စဉ် လမ်းပေါ်မှာ အစွန့်ပစ် ခံရတဲ့ ကလေး အများစုမှာ ကျန်းမာရေး ချို့ယွင်းမှု နဲ့ ရောဂါ ကြီးကြီးမားမား တွေ ပါလာတတ်တာကို တွေ့ရကြောင်း ၊ မိဘတွေကလည်း သူတို့ မမွေးနိုင် မကြည့်နိုင်လို့ ဒီကလေးတွေကို စွန့်ခဲ့ရတယ် ဆိုတဲ့ စာလေးတွေ ထားခဲ့တာ တွေ့ရကြောင်း တရုတ် အရာရှိ တွေက ဆိုပါတယ်။

BBC Burmese

အပြည့်အစုံသို့ »

ဝန်ကြီးကို ရာထူးက ထွက်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြ


မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောဆိုခဲ့တဲ့အပေါ် ၀န်ကြီးကိုရာထူးက ရပ်စဲပေးဖို့ သပိတ်ကျင်းဒေသခံ ဦးအေးသိန်းက မန္တလေးမှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။

တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဦးအေးသိန်းက ဝန်ကြီး ဦးအုန်းမြင့်ကို တာဝန်ကရပ်စဲစေပြီး ဥပဒေပုဒ်မ တစ်ချို့နဲ့ပါ အရေးယူပေးဖို့ တောင်းဆိုကြောင်း အခုလို ပြောပါတယ်။

ဦးအေးသိန်းဟာ မန္တလေးမြို့ မြို့တော်ဥယျာဉ် ကနေ ဈေးချိုအထိ လမ်းလျှောက်ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် စပြီးထွက်ချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တာကြောင့် အဲဒီအတားခံရတဲ့ နေရာမှာပဲ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သစ်ရာကောက်ရွာသားတွေက ၀န်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြဖို့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တင်ပြရာမှာ ပယ်ချခံခဲ့ရတဲ့အတွက် သစ်ရာကောက်ရွာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အစိုးရနဲ့ ပြည်သူအကြား နားလည်မှုတွေ လွဲနိုင်တာကြောင့် ခွင့်မပြုတာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောကြောင်း သစ်ရာကောက်ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်သူထွန်းက ပြောပါတယ်။

ဒေသခံတွေဟာ ၀န်ကြီး ဦးအုန်းမြင့်ကို ဒီလထဲမှာ ဆန္ဒပြခွင့်ရရေးအတွက် ထပ်မံ တင်ပြသွားမယ်လို့ လည်း ပြောပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှုကျူးလွန်



ဇွဲကပင်နှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ MNL ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

ယင်းပွဲပထမပိုင်းတွင် ဇွဲကပင်အသင်းမှာ (၁)ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပယ်နယ်တီ(၂)ဂိုး ပြန်ပေးခဲ့ရပြီး ပွဲအပြီးတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယင်းပွဲကို တာဝန်ယူကိုင်တွယ်နေသော ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များကို ကျေနပ်မှုမရှိသောကြောင့် ဇွဲကပင်အသင်းပိုင်ရှင်က ပွဲကြည့်စင်မှ ကွင်းအတွင်းသို့ဆင်း၍ ပွဲအပြီးကွင်းပြင်ပသို့ ပြန်ထွက်လာသည့် ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‘ဒီဖြစ်ရပ်ဟာ ပွဲချိန်အတွင်းမှာဖြစ်တာ မဟုတ်ပါဘူး။ ပွဲပြီးမှဖြစ်တာပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို သီးခြားအစီရင်ခံစာရေးပြီး တင်ပြသွားမှာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူမလဲ ဆိုတာကတော့ တာဝန်ရှိသူတွေ ဆုံးဖြတ်သွားမှာပါ’ ဟု ယင်းပွဲကို တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်က ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဒိုင်လူကြီးများ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးထွန်းလှအောင်ကလည်း ယင်းပွဲတွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဇွဲကပင်အသင်း ကစားသမားများမှာ စောဒကတက်မှုများ မရှိခဲ့ကြောင်း၊ သို့သော် ပွဲပြီးမှသာ ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို တင်ပြ၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားခဲသည်။ ဦးထွန်းလှအောင်က ‘ဒီပွဲမှာပေးခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်တွေက အငြင်းပွားစရာဖြစ်လောက်အောင် မရှင်းလင်းတာ မရှိပါဘူး။ ပယ်နယ်တီပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ ဇွဲကပင်ကစားသမားတွေ ကိုယ်တိုင်ကလည်း ထူးပြီးစောဒက မတက်ခဲ့ကြပါဘူး။ ပွဲအပြီး ကွင်းလယ်ဒိုင် ထွက်လာချိန်မှာ ဖြစ်သွားတာပါ။ ကာယကံရှင် (ကွင်းလယ်ဒိုင်)က လက်ဆွဲနှုတ်ဆက်မယ်ထင်နေတုန်း ရိုက်လိုက်တာပါ။ ဒီအဖြစ်အပျက်ကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆီ တင်ပြသွားပါမယ်။ ပွဲပြီးပြီးချင်းလည်း MFF ဥက္ကဋ္ဌဆီ ဖုန်းဆက်အကြောင်းကြားပြီးပါပြီ’ ဟု ပြောကြားခဲ့သည်။

eleven media group

အပြည့်အစုံသို့ »

ယူကရိန်း ဆန္ဒပြသူတွေ ထွက်ပေး

ကီးယက်ဗ်မှာ နောက်ထပ် ချီတက် ဆန္ဒပြနေပြီ

ကီးယက်ဗ် မြို့တော် ခန်းမကို ဒီဇင်ဘာလ ထဲက ဝင်စီး ထားတဲ့ ဆန္ဒပြသူ တွေ ထွက်ခွာ သွားပြီ လို့ ယူကရိန်း အတိုက်အခံ တွေက ပြောကြား လိုက်ပါတယ်။

အစိုးရနဲ့ ညှိနှိုင်း သဘောတူညီမှု အရ မြို့လယ်မှာ ဆန္ဒပြသူတွေ ပိတ်ဆို့ ထားတဲ့ အတားအဆီး တချို့ကိုလည်း ပြန်ဖယ်ရှား ပေးခဲ့ပါတယ်။

ယူကရိန်း အစိုးရ ဘက်ကလည်း သူတို့ သဘောတူညီချက် အတိုင်း နိုင်ငံရေး လှုပ်ရှားသူ တချို့ကို အရင်ပတ်က ပြန်လွှတ်ပေးခဲ့ပါတယ်။

တဘက်နဲ့ တဘက် အပြန်အလှန် ညှိနှိုင်း အလျှော့ပေးမှု တွေကြောင့် ဒီလို စေ့စပ် နိုင်ခဲ့ကြောင်း ယူကရိန်းက ဆွစ်ဇာလန် သံအမတ် CHRISTIAN SCHOENENBERGER က ပြောပါတယ်။

ကီးယက်ဗ် မြို့ပြင်က အစိုးရ အဆောက်အဦ ၄ ခုက လည်း ဆန္ဒပြသူ တွေ ထွက်ခွာပေးကြ ပါတယ်။

ကီးယက်ဗ် မြို့လယ်မှာတော့ နောက်ထပ်ချီတက် ဆန္ဒပြပွဲတခု စဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။

BBC Burmese

အပြည့်အစုံသို့ »